အခန်း (၄၀၃-၄၀၅)
Vol. 27 Ch. 403-405
403 01
အခန်း 403
“ကူး ကူး”
“ဒါရိုက်တာဆုပိုင် မတုံ့ပြန်တော့ဘူးလား”
လုံယီက စားပွဲပေါ်တွင် တက်ရပ်နေရင်း အရှေ့မှ ခေါင်းငိုက်စိုက်ချထားသော ကောင်လေးကို ငုံ့ကြည့်သည်။ သူတို့ဟာ မည်မျှပင် ကြိုးစားကြိုးစား သူ၏အာရုံကို မဆွဲဆောင်နိုင်ခဲ့ပေ။ သူတို့က အော်ဟစ်သည့်တိုင်အောင် ကောင်လေးက မော့မကြည့်လာပေ။
“အား”
တံခါးအပြင်ဘက်မှ ဒေါက်တာ ကျိုးကလည်း ထိုမြင်ကွင်းကို မြင်ပြီး သက်ပြင်းကို ချသည်။
“ကြည့်ရတာ တိရစ္ဆာန်လေးတွေက အနုစားစိတ်ရောဂါ ခံစားနေရတဲ့ ကလေးတွေအတွက်ပဲ အသုံးဝင်မယ်ထင်တယ်။ ရောဂါက အရမ်းပြင်းသွားတဲ့အခါတော့ အခြေအနေ မကောင်းလောက်ဘူး”
“အား”
ဆရာဝန်အများစုက သက်ပြင်းချကြသည်။ သူတို့သည်လည်း အာရုံကိုပင် မဆွဲဆောင်နိုင်ပေ။ ထိုကလေးက တစ်ဘဝလုံး မသက်သာလောက်တော့ချေ။ ထိုကလေးသည် အသက် ၆ နှစ်ပင် မရှိသေးပေ။ သူသည် တစ်ဘဝလုံးတွင် ခရီးအရှည်ကြီးကို ပိုင်ဆိုင်ထားသေးသည်။
ဒါက
လူတိုင်းက စားပွဲတွင် ပတ်ပတ်လည်ဝိုင်းနေသော တိရစ္ဆာန်လေးများကို ကြည့်ပြီး အလွန်အမင်း မသက်မသာ ဖြစ်သွားကြသည်။ ထိုတိရစ္ဆာန်လေးများသည်လည်း သူ၏အာရုံကို ဆွဲဆောင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေကြသည်။ သို့သော် သူတို့သည် ကျရှုံးသွားသည်။
“ဟူး”
ဆုပိုင်ကလည်း စားပွဲ၏နံဘေးတွင် ညှင်သာစွာဖြင့် ဝင်ထိုင်လိုက်ပြီး အမျိုးမျိုးသော အရောင်ရှိသော ပေါင်မုန့်အတုံးလေးများကို ထုတ်လိုက်ကာ စားပွဲပေါ်တွင် ညှင်သာစွာ ချပေးလိုက်သည်။
ရှဉ့်လေးများက အပြေးလာကြသည်။ သူတို့သည်လည်း ထိုပေါင်မုန့်တုံးလေးများကို ကိုက်ပြီး ရှောင်မုန့်ဆီသို့ သွားသည်။
“ကူး ကူး”
“ဒီမှာ ဒီမှာ ငါ မင်းကို တစ်ကိုက် ပေးကိုက်မယ်။ ဒါပေမဲ့ တစ်ကိုက်ပဲနော်”
လုံယီက အရင်ထရပ်လိုက်ပြီးနောက် သူ၏ရှဉ့်လက်လေးနှစ်ဖက်ဖြင့် ပေါင်မုန့်လေးကို ကိုင်ကာ အတတ်နိုင်ဆုံး မြှောက်ပြီး အရှေ့မှ ကောင်လေး၏ အာရုံကို ဆွဲဆောင်ရန် အတတ်နိုင်ဆုံး ကြိုးစားသည်။
သို့သော် …
သူဟာ မည်မျှပင် ခန္တာကိုယ်ကို ရမ်းခါနေစေကာမှု မည်မျှပင် အော်ဟစ်နေစေကာမှု ကောင်လေးက ဘယ်သောအခါမှ ခေါင်းမမော့လာပေ။
“ဒါရိုက်တာ ဆုပိုင်ကို ထွက်လာခိုင်းလိုက်ပါတော့။ ဒီအတိုင်း ရောဂါအခြေအနေနုတဲ့ ကလေးတွေကိုပဲ စမ်းသပ်ခိုင်းလိုက်ရအောင်။ ဒါက…”
တံခါးအပြင်ဘက်မှ လူအိုကြီးက လေးနက်သော အသံနှင့် ပြောသည်။
“ဒီကလေးကို ၂၄ လုံး စောင့်ကြည့်ထားဖို့ သူနာပြုတွေလည်း ပို့လွှတ်ထားလိုက်။ သူ ဘာမှ မဖြစ်အောင် သတိထားရမယ်”
“အွန်း ရောဂါက အရမ်းပြင်းထန်လွန်းတယ်လေ။ သူ မသက်သာမှာကို ကြောက်ရတယ်”
“တကယ်လို့ အလုပ်မဖြစ်ဘူးဆိုတော့ မိဘမဲ့ဂေဟာကိုပဲ ပြန်ပို့ရမယ်ထင်တယ်”
“ဒီကလေးက ၆ နှစ်ပဲ ရှိသေးတာ။ တကယ်ကို သနားဖို့ ကောင်းပါတယ်”
403 02
ဒေါက်တာကျိုးက ဆေးရုံခန်းတံခါးကိုပင် တွန်းဖွင့်ပြီး ဒါရိုက်တာ ဆုပိုင်ကို ထွက်လာခိုင်းတော့မည်အချိန်တွင် ရုတ်တရက် အတွင်းထဲမှ ကလေးဆန်သော အသံကို ကြားရသည်။
“ငါ… ငါ မစားချင်ဘူး”
ကျွီ
သူ သူ စကားပြောတယ်။
ရှောင်… ရှောင်မုန့်ဆိုတဲ့ ကလေးက စကားပြောလိုက်တယ်။
ဒေါက်တာ ကျိုးကပင် နေရာတွင် မှင်သက်သွားပြီး တစ်ဖက်သို့ လှည့်ကာ မယုံနိုင်သလို ပြန်လည်ကြည့်သည်။
“ရှုး”
“အသံတွေကို မထွက်နဲ့။ အလုပ်လုပ်တယ်”
လူအိုကြီးက ဒေါက်တာကျိုးကို ခပ်မြန်မြန် ပြန်ဆွဲပြီးနောက် ဆေးရုံခန်းထဲမှ ပြန်ဆွဲထုတ်သည်။
“အလုပ်ဖြစ်တယ်။ အလုပ်ဖြစ်တယ်”
“သူ တကယ်ကို စကားစပြောပြီ။ ဆိုတာက ရှောင်မုန့်က မော့မကြည့်ဘူးဆိုပေမဲ့လည်း သူက အဲဒီရှဉ့်လေးတွေရဲ့ လှုပ်ရှားမှုကို သတိထားနေတယ်ဆိုတဲ့ သဘောပဲ။ ဆိုလိုတာက သူအာရုံစိုက်တယ်ပေါ့”
“ဒီကလေးတွေကို ကယ်တင်လို့ ရပြီ။ ဒီကလေးတွေကို ကယ်တင်လို့ ရပြီ”
သူက ထိုသို့ ပြောလိုက်သည့်နှင့် လူအိုကြီးက သူ၏ လက်ကို ထိုတံခါးဘောင်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး အတွင်းမှ ရှောင်မုန့်၏ လှုပ်ရှားမှုတိုင်းကို ကြည့်ကာ နောက်ဆုံးတွင် သူ၏နှလုံးသားက နဂိုနေရာသို့ ပြန်ကျသွားသည်။
တိရစ္ဆာန်များသည် နောက်ဆုံးမျှော်လင့်ချက် ဖြစ်သည်။ သို့မဟုတ်ပါက ပြင်းထန်သော ရောဂါနှင့် ထိုကလေးများသည် ဆေးကိုသာ မှီခို နေရပေလိမ့်မည်။ ထိုအပြင် သူတို့သည် အခန်းတွင်သာ ထာဝရ နေရလောက်သည်။ သူတို့၏ တစ်ဘဝလုံး မည်သူနှင့်မှ အဆက်အဆံ မလုပ်နိုင်လောက်ပေ။
ကျောင်းသွားပြီး အလုပ်လုပ်ရန် မဆိုထားဘိ။ သာမန်လူအတွက် သာမန်ကျဆုံးအရာများကပင် သူတို့အတွက် ဇိမ်ရလောက်မည် အကြောင်းအရာမျိုး ဖြစ်နေနိုင်သည်။
သို့သော်…
ယခုမှာ အောင်မြင်သွားသည်။ လုံးဝ အောင်မြင်သွားသည်။
“ကောင်းလိုက်တာ။ ကြည့်ရတာ ဒီတိရစ္ဆာန်လေးတွေက စိတ်ရောဂါကို ကုသတဲ့အချိန်မှာ ဆေးတွေထက်တောင် အကျိုးသက်ရောက်မှု ရှိသေးတာပဲ။ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး”
“ဟုတ်တယ်။ ဟုတ်တယ်။ ဒီနေ့က တကယ်ကို မျက်စိပွင့် နားပွင့်ပဲ။ တိရစ္ဆာန်လေးတွေက တကယ်ကို ဒီလောက်အထိ လုပ်နိုင်လိမ့်မယ်လို့ ငါမထင်ထားဘူး”
“ကံကောင်းစွာနဲ့ ငါတို့ရဲ့ တရုတ်နိုင်ငံက တိရစ္ဆာန်တွေကို ပြန်လည် ကယ်တင်ထားနိုင်တယ်။ အနာဂတ်မှာလည်း ငါတို့ရဲ့ ဆေးရုံတစ်ခုလုံးက လူနာတွေ အားလုံးအတွက် မျှော်လင့်ချက်ရှိပြီ”
“ဟစ်”
ဆရာဝန်အားလုံးက လေသံတိုးတိုးနှင့် ပြောနေကြသည်။ ထိုအချိန်တွင် ရှောင်မုန့်က ခေါင်းကို တဖြည်းဖြည်း မော့လာပြီး စားပွဲပေါ်မှ ရှဉ့်လေးများကို စိုက်ကြည့်ကြောင်း မြင်လိုက်ရသည်။ အနောက်ဘက်တွင် ရပ်နေသော သူနာပြုအများစုသည် မှင်သက်သွားကြသည်။ သူတို့၏မျက်လုံးများမှ မျက်ရည်များကိုပင် သုတ်နေကြပြီး သူတို့သည်လည်း ထိုကလေးများနှင့် နေ့ရော ညပါ နေထိုင်နေရသူများ ဖြစ်သည်။ သူတို့သည် ကလေးများ၏ နာကျင်မှုများကို နေ့ရော ညပါ မြင်နေရသည်။ သူတို့၏နှလုံးသားကလည်း ပို၍တောင် နာကျင်ရသည်။ ယခုတွင်မှု ဖြေရှင်းချက် ရှိလာလေပြီ။
အနာဂတ်တွင် ဖျားနာသော ကလေးများ မည်မျှရှိနေစေကာမှုူ စိုးရိမ်ရန် မလိုအပ်တော့ပါပေ။
403 03
နောက်ဆုံးတွင် ကုသသည့် နည်းလမ်းကို ရှာတွေ့သွားသည်။
“မြန်မြန်လေး အခုချက်ချင်း အမိန့်ထုတ်လိုက်တော့။ မနက်ဖြန်ကနေ စပြီး ဒီကလေးတွေကို ကောင်းကင်ပြာတိရစ္ဆာန်ရုံကို အသုတ်လိုက် ပို့ကြမယ်”
လူအိုကြီးက အသက်ပြင်းပြင်း ရှုပြီးသည့်နှင့် ခေါင်းကို လှည့်ကာ ခပ်တိုးတိုး ပြောသည်။
“ဒါပေမဲ့ ငါတို့ ကောင်းကင်ပြာ တိရစ္ဆာန်ရုံထဲက သာမန်ခရီးသွားတွေရဲ့ ကစားတဲ့ အခြေအနေကိုတော့ မသက်ရောက်စေသင့်ဘူး။ အွန်း ဒီခရီးသွားတွေ မရောက်ခင် နေ့အစောပိုင်းမှာပဲ ကလေးတွေကို ကုခိုင်းတာ ကောင်းမယ်ထင်တယ်”
“ဟုတ်တယ်။ နောက်ပြီးတော့ တိရစ္ဆာန်လေးတွေ အနေနဲ့လည်း ဒီကလေးတွေကို ကူပြီး ရောဂါတွေကို ကုပေးရတာကလည်း ပင်ပန်းလောက်သေးတယ်”
“ငါတို့ရဲ့ ဆေးရုံက ကောင်းကင်ပြာ တိရစ္ဆာန်ရုံကိုလည်း ဆေးကုသစရိတ် ငွေကြေးအမြောက်အများ လှူဒါန်းပြီးတော့ ဒီကလေးတွေရဲ့ အစားအသောက်တွေကို တိုးတက်အောင် လုပ်ပေးရမယ်”
“ဒါက ရေရှည်ဖြစ်စဉ်နော်။ နောက်ပြီး အကြိမ်တိုင်းလိုလို လူ ၅ ယောက်က အဖော်ပြုပေးနေရမယ်။ ဒါပေမဲ့ ငါ သေချာ ထပ်ပြောမယ်နော်။ တိရစ္ဆာန်တွေကို မထိခိုက်စေနဲ့။ ဒီလို တိရစ္ဆာန်လေးတွေက ငါတို့ကို ဒီလို ကိုယ်ကျိုးဆောင်မှု ကင်းမဲ့စွာနဲ့ ကူညီပေးနေတာ ဘယ်လောက် ရှားပါးလိုက်သလဲ။ ဘယ်သူရဲ့ ကလေးတွေဖြစ်ဖြစ် အဖော်ပြုပေးနေတဲ့ ဝန်ထမ်းတွေဖြစ်ဖြစ် ဒီလို ထိခိုက်အောင် လုပ်ခွင့် လုံးဝ ပြုလို့ မရဘူး”
“နောက်ပြီး အခုလေးတင် ငါမြင်လိုက်ပါသေးတယ်။ အဲဒီရှဉ့်လေးတွေက ရှောင်မုန့်ရဲ့ အာရုံကို ဆွဲဆောင်ဖို့ တော်တော်လေးကို ကြိုးစားပေးထားတာ”
“ဒါတွေ အားလုံးက … ကြင်နာမှုပဲ”
“ဟုတ်ကဲ့”
ဆရာဝန်များ သူနာပြုများအားလုံးက တည်ငြိမ်စွာ ခေါင်းညိတ်ကြသည်။ သူတို့သည်လည်း အရာအားလုံးကို မြင်သည်။ ထိုအတွင်းမှ တိရစ္ဆာန်လေးများကလည်း အလွန် ချစ်ရာကောင်းသည်။ သူတို့က ဘယ်လိုများ ဒီလို ကလေးလေးတွေကို ထိခိုက်အောင် လုပ်ရက်မှာလဲ။
…
++++++
404 01
အခန်း 404
နောက်တစ်ရက်တွင်
“ကူး ကူး ကူး”
“အား ငါ အရမ်း အိပ်ချင်တာပဲ။ ငါ တစ်ညလုံး ပြေးနေရတာ ပြန်အိပ်တော့မယ်”
“ဟုတ်တယ်။ ဟုတ်တယ်။ လုံယီ မင်း ငါ့ကိုအိပ်ဖို့ နေရာကောင်းလေး ကူရှာပေးလို့ ရမလား”
“ငါ ဒီလှည်းကို တွန်းတာ ဘယ်လောက်ကြာမှာလဲ”
…
ရှဉ့်တစ်အုပ်က သူတို့အတွက် အထူးသီးသန့် ပြင်ဆင်ပေးထားသော ဈေးဝယ်တွန်းလှည်းလေးများကို တွန်းပြီး မြက်ခင်းပြင်ပေါ်တွင် ခက်ခက်ခဲခဲ သွားနေခြင်းဖြစ်သည်။
ထိုတွန်းလှည်းလေးများတွင် အမျိုးမျိုးသော အရောင်များရှိသည့် ပေါင်မုန့်တုံးလေးများ ရှိနေသည်။ ဒါဟာ သူတို့၏ စစ်ဆင်ရေးသာ ဖြစ်သည်။
“ခဏနေရင် ရောက်တော့မှာပါ။ ဒါရိုက်တာ ဆုပိုင်က ငါတို့ နေဖို့ နေရာ စီစဉ်ပေးထားတယ် မှတ်လား”
လုံယီက မျက်တောင် တဖြတ်ဖြတ် လှုပ်ပြီး သူ့ကိုယ်သူ တက်တက်ကြွကြွ ဖြစ်အောင် လုပ်ရသည်။ သူတို့ဟာ အနီးမှုန့်သော ရှဉ့်တစ်အုပ်ဖြစ်သည်။ သို့သော် ဒီတိရစ္ဆာန်ရုံတစ်ခုလုံးတွင် ဖေးလ်မြေခွေးကလွဲပြီး ကျန်သောသူတိုင်းက သီးသန့်နေတတ်ကြသည်။ သူတို့သည် နေ့တိုင်းလိုလို ကျင့်သားရအောင် လုပ်လေသည်။ သို့သော် ကျင့်သားမရနိုင်ပေ။ ထိုအပြင် … သူတို့သည် မနက်ခင်းတိုင်းလိုလို စားစရာကိုလည်း ကိုယ်တိုင်သွားယူရသည်။ ဒါပေမဲ့ ဒါရိုက်တာ ဆုပိုင်က အရမ်းကို စဉ်းစားဆင်ခြေပေးတတ်တာပဲ။
“ဟူး”
လုံယီကလည်း သူ၏အရှေ့မှ တွန်းလှည့်များကို ကြည့်ပြီး သက်ပြင်းကို ချသည်။
ထိုလှည်းများကြောင့်သာ မဟုတ်ပါက သူတို့သည်လည်း ထိုပစ္စည်းများကို ပြန်သယ်ရန် အကြိမ်ပေါင်းများစွာ ပြေးနေရလောက်သည်။
“ဟေး အဲဒီကောင် ဘာလုပ်နေတာလဲ”
ရုတ်တရက် ရှဉ့်တစ်ကောင်က သစ်ပင်အနောက်ဘက်မှ ခန္ခာကိုယ်ကို မတ်အောင် နေနေသော ဟက်စကီးကို ကြည့်ကာ သိချင်စိတ် ပြင်းပြစွာ မေးသည်။
အနောက်မှ တွန်းလှည့်များကို တွန်းလာသော အဖွဲ့ကလည်း ထိုနေရာသို့ သိချင်စိတ် ပြင်းပြစွာ သွားကြည့်ကြသည်။
“အားဝူး”
“မင်း ဘာလို့ မလာသေးတာလဲ”
သစ်ပင်နားတွင် ပုန်းနေသော အာဟကလည်း ခေါင်းကို ဆက်တိုက် ထုတ်နေပြီး ဝံပုလွေမ၏ အသိုက်ရှိရာဘက်သို့ ကြည့်နေသည်။ သူသည် ခေါင်းကို မော့လိုက်ပြီးနောက် အဝေးတွင် ပုန်းနေသော တပိင်နှင့် တိရစ္ဆာန်များကို ကြည့်သေး၏။ အာဟ၏ မျက်လုံးက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ညီအစ်ကိုကောင်းတွေပဲ။
အားလုံးက ညီအစ်ကိုကောင်းတွေ။
သူတို့အားလုံးက ဝံပုလွေမကို ပိုးပန်းတဲ့ နေရာမှာတောင် ကူညီပေးချင်စိတ် ရှိကြမယ်လို့ မထင်ထားဘူး။ နောက်ပြီး သူရဲ့ လုပ်ဆောင်မှုတွေကိုတောင် ပူးပေါင်းချင်ကြသေးတယ်။
“အား ဝူး ဝူး”
“ငါ မင်းတို့ရဲ့အသိုက်ကို ဘယ်တော့မှ မဖြဲတော့ပါဘူး။ ကတိပေးတယ်”
အာဟက အံ့ကို ကြိတ်သည်။
ငှက်တော၏ ဖျောင်းဖျမှုကတစ်ဆင့် တိရစ္ဆာန်များအားလုံးက လက်ခံသွားကြသည်။ ထိုမနက်ခင်းတွင်ပင် မိခင်ဝံပုလွေမ၏ အရှေ့တွင် သူသည် သန်မာသော ဘက်ခြမ်းကို ပြရန် ဖြစ်လာသည်။
“ကူး ကူး”
“မင်း ဘာလုပ်နေတာလဲ”
ရုတ်တရက် အောက်ဘက်မှ အသံသေးသေးကို ကြားရသည်။ သူဟာ ငုံ့ကြည့်လိုက်သော အခါ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ရောက်လာသော အကောင်သေးသေးလေးများ ဖြစ်ကြောင်း မြင်လိုက်ရသည်။ တစ်ကောင်ချင်းစီတိုင်းက လန်မင်ကြွက်များထက် အနည်းငယ်သာ ပိုကြီးသည်။
404 02
အာဟကလည်း တစ်ချက်သာ ကြည့်ပြီးနောက် အာရုံမစိုက်တော့ပေ။
ဟွန်း ဒီကောင်လေးတွေက သူရဲ့ နေရာကို ခြိမ်းခြောက်နိုင်မှာလား။
“သွား သွား သွား။ လမ်းကဖယ်”
သူဟာ ခေါင်းကို ငုံ့ပြီး ဆူလိုက်သေးသည်။
ဝံပုလွေမက ချက်ချင်း ထွက်လာတော့မည် ဖြစ်သည်။ သူမကိုလည်း ထိုအကောင်ငယ်လေးများက သူ၏ကောင်းမှုကိစ္စကို ဖျက်စီးသည့်အား မြင်ခွင့်ပြု၍ မရပေ။
“ရှီ”
“လုံယီ သူငါတို့ကို ဆူလိုက်တာ”
“ဒါဆိုရင် ငါတို့ ဘယ်လို လုပ်ကြမလဲ။ သူက တအားကြီးတာ ငါတို့ နိုင်ရဲ့လား”
“ဒါပေါ့ မနိုင်ဘူးပေါ့။ ငါတို့ ဘယ်လို လုပ်ကြမလဲ”
“ဟုတ်တယ် လုံယီ။ မင်း ဖြေရှင်းချက်ကို စဉ်းစားအုန်း”
“…”
“ဝေါင်း”
အာဟကလည်း ထိုအရူးလေးတစ်အုပ်၏ ဆွေးနွေးသံကို ကြားပြီးနောက် ထအော်သည်။
“ဖြန်း”
သူသည်လည်း တွန်းလှည်းကို သူ၏လက်သည်းဖြင့် ရိုက်လိုက်ကာ အတွင်းမှ ပေါင်မုန့်များအားလုံးကို ကြမ်းပြင်အနှံ့ ပြုတ်ကျသွားစေသည်။
ရှဉ့်တစ်အုပ်က မှင်သက်သွားသည်။ သူတို့သည် ပါးစပ်ကို ဟ၍ အရှေ့မှ အာဟကို ကြည့်သည်။
ဒါ အရမ်းဆိုးတယ်။ ဒါက သူတို့ရဲ့ နေ့စဉ် ရိက္ခာ။
“ဝူး ဝူး မင်း ငါ့ကို စိုက်ကြည့်ရဲတယ် ဟုတ်လား”
အာဟက ရူးကြောင်ကြောင်နှင့် ချစ်စရာကောင်းသာ ပုံစံလေးများရှိသော ထိုအကောင်လေးများတစ်အုပ်ကို ကြည့်လိုက်ပြီး အထင်သေးသော မျက်နှာမျိုးဖြင့် ဒေါသထွက်သော အမှုအရာကို ပြသည်။
နောက်ပြန်လှည့်ကြည့်လိုက်သောအခါ အဝေးမှ ဝံပုလွေမက ထွက်လာသေးခြင်း မရှိပေ။ ထိုကြောင့် သူသည်လည်း အရှေ့မှ ရှဉ့် ၁၀ကောင်ကို ကြည့်သည်။ သူ၏အကြည့်က သုန်မှုန်နေ၏။
ယုန်များက ယုန်များနှင့် မတူပေ။ ကြွက်များနှင့်လည်း မတူပြန်ပေ။ ဒါက ဘာလဲ။
ဒီအတိုင်း လေ့ကျင့်ဖို့ အချိန်ကိုက်ပဲ ထင်တယ်။ ဟွန်း ငါ အလျင်မလိုဘူး။ ထိုအချက်ကို တွေးမိသော အာဟ၏ မျက်နှာက ပီတီတီအပြုံးကြီး ပေါ်လာပြီးနောက် ခေါင်းကို တဖြည်းဖြည်း ငုံ့သည်။ သူ၏အပြာရောင် မျက်ဝန်းတစ်စုံက ခေါင်းဆောင်ဟု ထင်ရသော မီးခိုရောင် ရှဉ့်ကို ကြည့်သည်။
“ဟွန်း”
သူဟာ ကြမ်းတမ်းသည့် အော်သံကို ထုတ်သည်။
သူဟာ ပါးစပ်ကို ဟပြီးနောက် ချွန်ထက်သော အစွယ်ကြီးက ဖြဲထွက်လာပြီး ရှဉ့်တစ်ကောင်ကို ကောက်ယူကာ ခေါင်းကို မော့၍ ကောက်ပစ်လိုက်သည်။
ဒါက အရင်တစ်ခေါက်က ထရိုက်နိုဆောရပ်စ့်က သူ့ကို ကောက်ပစ်တဲ့ ပုံစံပဲ။
ဒီတစ်ကြိမ်မှာတော့ တခြားသူတွေကလည်း မြည်းစမ်းရမယ်။
“ရှီ ရှီ”
404 03
“အား လုံယီက ကောင်းကင်မှာ”
“ပြေးတော့”
ထိုအခြေအနေကို မြင်သောအခါ ရှဉ့်တစ်အုပ်က ကြောက်လန့်တကြား အော်ဟစ်သည်။
သူတို့သည် အနောက်သို့ပင် ပြန်လှည့်ကာ လှည်းကိုပင် ဂရုမစိုက်တော့ဘဲ ပြေးသည်။
“အား ဝူး ဝူး”
ထိုအချိန်တွင် အနောက်ဘက်မှ ခပ်တိုးတိုး အော်သံကို ကြားရသည်။ အာဟသည်လည်း ခြောက်ခြားဖွယ်ကောင်းသော အသံကို ကြားပြီး ခေါင်းကို ချက်ချင်း လှည့်ကြည့်လိုက်သည်။ မည်သည့်အချိန်ကမှန်း မသိ ဝံပုလွေမက အနောက်ဘက်တွင် ရပ်နေသည်။
ဝံပုလွေလေး သုံးကောင်ကလည်း အတူ ခွေနေရင်း ခြောက်လှန့််မှု အပြည့်နှင့် ကြည့်သည်။
ဟားဟားဟား
ဝံပုလွေလေးများက အနည်းငယ် ကြောက်နေကတည်းက ဝံပုလွေမက သူ့ကို လက်ခံမည့် လက္ခဏာ သိပ်မကြာလောက်ပေ။
အာဟက ခေါင်းကို ခါပြီးနောက် ကြမ်းတမ်းသော အမှုအရာကို ထုတ်ပြရန် ကြိုးစားသည်။ သူသည်လည်း အဝေးမှ တပိင်နှင့် အဖွဲ့ကို မျက်လုံးမှိတ်ပြသည်။
အစ်ကိုကြီး လာတော့ လာတော့ ငါ ဒီမှာ ကြွားပြတော့မယ်။
“ငါတို့ သဘောတူထားတာပဲ မစိုးရိမ်ပါနဲ့။ ရှောင်ပိုင်က ကြီးထွားတာ မြန်တယ်ဆိုပေ့မဲ့ သူက အရမ်း ကြောက်တတ်တာ။ မျောက်တောင်မှ သူ့ကို အနိုင်ကျင့်နိုင်တယ်။ အမ်း ဒါက ဝက်ဝံတစ်ကောင်အတွက် ရှက်စရာပေါ့”
တပိင်က ခန္ဓာကိုယ်ကို လှုပ်ရှားရင်း အမှုအရာကို ပြောင်းသည်။
“လာပြီ လာပြီ”
အာဟကလည်း အဝေးမှ ကြမ်းတမ်းလွန်းသော အမှုအရာဖြင့် ပြေးထွက်လာသော ပိုလာဝက်ဝံကို ကြည့်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တုန်လှုပ်သွားသည်။
“အား ဝူး”
“ဘေးဖယ် ဘေးဖယ် ငါ မင်း သူတို့ကို ထိခိုက်အောင် လုပ်ခွင့် မပြုနိုင်ဘူး”
သူဟာ တစ်ချက်အော်ပြီးနောက် ဝံပုလွေမ၏ အရှေ့တွင် တိုက်ရိုက်ခုန်ဝင်သည်။ ထိုနောက် တစ်ဖက်သို့ လှည့်ကာ ညှင်သာစွာ ပြောသည်။
“မကြောက်နဲ့နော် မကြောက်နဲ့ ငါ ဒီမှာ ရှိတယ်”
သူဟာ ထိုသို့ ပြောပြီးသည့်နှင့် အမြှီးက ချက်ချင်းဆိုသလို အပေါ်သို့ ထောင်တက်သွားကာ ခန္ဓာကိုယ်ကို ကုန်းလိုက်ပြီး ပိုလာဝက်ဝံကို ကြမ်းတမ်းစွာ ကြည့်သည်။
“ဝေါင်း”
ရှောင်ပိုင်က ရုတ်တရက် ထရပ်သည်။ လက်သည်းနှစ်ဖက်ကို ခပ်ကြမ်းကြမ်း ရမ်းရင်း ပါးစပ်ကြီးကို ဖြဲကာ အော်သည်။
လသားလေးသာ ဖြစ်သည့် ရှောင်ပိုင်ကလည်း အရင်ကလောက် ချစ်စရာ မကောင်းတော့ပေ။ သူ၏ ပါးစပ်ထဲမှ ချွန်ထက်သော ဝက်ဝံအစွယ်ကြီးက ထွက်နေပြီ ဖြစ်သည်။ အဖေပိုင်၏ ညွှန်ကြားချက်က သူ၏စိတ်ထဲ ဝင်လာ၏။ သူသည် ပထမဦးဆုံးအရင် ပြေးသွားကာ ဝံပုလွေမကို ခြောက်ရမည်ဖြစ်သည်။ ထိုနောက် အာဟက ပေါ်လာမည် ဖြစ်သည်။ သူ၏ အတတ်နိုင်ဆုံးသော ဝမ်းနည်းစရာကောင်းသော ပုံစံလုပ်ပြီး အလန့်တကြား ထွက်ပြေးရပေမည်။
ဟုတ်တယ်။ အဲဒီလို ဟုတ်လောက်တယ်။
ထိုအကြောင်းအရာကို တွေးနေရင်းမှ ရှောင်ပိုင်က ခေါင်းကို တဖြည်းဖြည်း ညိတ်သည်။ သူသည် ခန္ဓာကိုယ်ကို ရမ်းရင်း အာဟကို ရင်ဆိုင်ရန် ကြိုးစားသည်။
******
405 01
အခန်း 405
“ဘာလို့ တစ်ခုခု မှားနေသလို ခံစားနေရတာလဲ”
“ဘာလို့ ဒီကောင်က မြေပြင်မှာ ခပ်မြန်မြန် မလဲသေးတာလဲ။ သူ ငါနဲ့ ကစားမလို့လား”
အာဟက ပိုလာဝက်ဝံ၏ပုံစံကို ကြည့်ပြီးနောက် မနေနိုင်ဘဲ ရင်ထဲက ကလစ်ခနဲဖြစ်သွားသည်။
ဘာလို့ ဇာတ်ညွှန်းမှားနေတာလဲ။
သူသည် ခေါင်းကို တစ်ဖက်လှည့်၍ အဝေးမှ ပန်ဒါကြီးကို ကြည့်သေးသည်။ ထိုနောက် အားလုံးက ခေါင်းညိတ်ပြကြတာကို မြင်ရသည်။ အာဟက ပို၍ စိတ်ရှုပ်သွားသည်။
ဘာကို ဆိုလိုတာလဲ။
ဝေါင်း
ထိုအချိန်တွင် အရှေ့မှ ပိုလာဝက်ဝံက အော်သည်။ သူက မတ်တပ်ထရပ်ပြီး မြေပြင်ကို ဝုန်းကနဲ ရိုက်ချလိုက်ကာ သူ့ကို ခုန်အုပ်သည်။
“အား ဝူး ဝူး”
“အား တိုက်ခိုက်ရအောင်”
အာဟကလည်း ထိုအကောင်က သူ့ကို တိုက်ရိုက်ခုန်အုပ်တာကို မြင်လိုက်သည့်နှင့် သူသည် အလိုအလျှောက်ပင် နောက်ဆုတ်ချင်သေးသည်။ သို့သော် ဝံပုလွေမကို ပြန်တွေးမိလိုက်၏။ ထိုကြောင့် အံ့ကို ကြိတ်လိုက်ပြီးနောက် လည်ပင်းကို ဘေးဘက်သို့ စောင်းကာ အော်သည်။
သူသည် အရှေ့ဘက်သို့ အကြောက်အလန့် ကင်းမဲ့စွာ ဝင်သွားသည်။
“ဖြန်း”
သူဟာ ပါးစပ်ဟတော့မည်အချိန်တွင် ရုတ်တရက် သူ၏နဖူးကို အရိုက်ခံရသည်။ ရုတ်တရက် မူးဝေမှုက ရစ်ဆိုင်းလာ၏။ သူ၏ခန္ဓာကိုယ်က ညှင်သာစွာ လှုပ်ခါသွားပြီးနောက် မြေပြင်ပေါ်သို့ တိုက်ရိုက်ပြုတ်ကျသည်။
“အွန်း”
ဒီအချိန်တွင် ရှောင်ပိုင်ဘက်က အံ့ဩရမည့်အလှည့် ဖြစ်သည်။
“ဘုရားရေ ငါ အားလည်း မသုံးထားပါဘူး။ သေစမ်း ဘယ်လိုဖြစ်ပြီး ရုတ်တရက် လဲသွားတာလဲ”
“ငါ ဘာလို့ တစ်ခုခု မှားတယ်လို့ ခံစားမိနေတာလဲ။ ပိုလာဝက်ဝံက အားလည်း မသုံးထားပါဘူး။ အာဟက တိုက်ရိုက် လဲချလိုက်တယ်”
တပိုင်ကလည်း ၃စက္ကန့်အတွင်း အဆုံးသတ်သွားသော တိုက်ပွဲကို ကြည့်ပြီးနောက် ရုတ်တရက် စိတ်ရှုပ်ထွေးသွားသည်။
“ဟစ်”
ရုတ်တရက် နံဘေးမှ ငှက်တောက လေအေးများကို ရှိုက်သွင်းသည်။
“သွားပြီ”
“အာဟကို ငါတို့ရဲ့ နောက်ဆုံးအကြံကို မပြောထားရသေးဘူး”
“သွားပြီ သွားပြီ သွားပြီ။ အဲဒီနေ့က ဆရာမ ဖူကာဒါနဲ့ အရမ်းတူတဲ့ အမျိုးသမီးတစ်ယောက်ကို ငါမြင်လိုက်လို့ ငါ မေ့သွားတာ”
“အစ်ကိုပိုင် ငါတို့ ဘယ်လို လုပ်ကြမလဲ”
“ဝေါင်း”
တပိုင်က အသက်ကို ပြင်းပြင်းရှု၍ ငှက်တောကို ကြမ်းတမ်းစွာ ကြည့်သည်။
“ငါတော့ ဒါရိုက်တာဆုပိုင်ကို တိုက်ရိုက်အကြံပေးပြီး မင်းကို တိုက်ရိုက်သင်းခိုင်းသင့်တယ် ထင်တယ်။ မင်းက အချိန်လာဖြုန်းနေတာ”
“ငါတို့ ဘယ်လိုလုပ်ကြမလဲ။ မြန်မြန်လေး အာဟကို သတိပေးလိုက်လေ။ ငါတို့ အားလုံးသွားပြီး ပူးပေါင်းလိုက်ကြမယ်။ သူရဲ့ ညွှန်ကြားချက်အတိုင်း လုပ်တာပေါ့”
အနားမှ လူများကလည်း မြေပြင်မှ ခပ်မြန်မြန် ကုန်းထကြပြီးနောက် အာဟဆီ ပြေးလာသည်။
“အား ဝူး”
“ဒါ ရူးတာ”
ဝံပုလွေမက မြေပြင်တွင် လဲနေသော အာဟကို ကြည့်ပြီး မျက်မှောင် အနည်းငယ် ကျုံ့သည်။ သူမသည်လည်း ဝံပုလွေလေးများကို မြက်ခင်းပြင်ပေါ်တွင် ကစားရန် ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအရူးနှင့် ဆုံသည်။
ဒီတိရစ္ဆာန်ရုံထဲမှာ သာမန်တိရစ္ဆာန်တွေ ရှိသေးရဲ့လား။
“အား ဝူး”
“မား ဒီကောင်က နင် အဲဒီနေ့က နင် အစာသွားကျွေးတဲ့ တစ်ကောင်မှတ်လား”
သူမက လက်သည်းလေးကို ဆန့်ထုတ်ကာ ဝံပုလွေအကောင်ပေါက်လေး၏ ခေါင်းထိပ်ကလေးကို ညှင်သာစွာ ပုတ်လိုက်သည်။ ဝံပုလွေမက တစ်ဖက်ကို ပြန်လှည့်လိုက်ပြီးနောက် ထိုကလေးလေးများနှင့်အတူ ပြန်ထွက်သွားသည်။
“ဟုတ်တယ်။ ဟုတ်တယ်။ အနာဂတ်မှာ အစာစိမ်းစားဖို့ သတိရနေနော်။ ငါတို့က ဝံပုလွေတွေ ခွေးတွေလို မဟုတ်ဘူး”
“ဝိုး သိပြီ။ သူက အသုံးမကျတာ မအံ့ဩတော့ပါဘူး”
“ဟုတ်တယ်။ ဟုတ်တယ်။ ဒီလို အနိုင်ကျင့်တဲ့ ကောင်တွေကပဲ အရွယ်အစားသေးတဲ့ ကောင်လေးတွေကိုပဲ အနိုင်ကျင့်တာ။ သူက အင်အားလည်း မကြီးဘူး”
“နောက်ဆုံးတစ်ခေါက်ကလည်း ဖေးလ်မြေခွေး။ ဒီတစ်ခေါက်လည်း ယုန်တွေကိုတောင် အနိုင်ကျင့်သေးတယ်။ အရမ်း လွန်တာပဲ”
…
ယခုလေးတင် ရောက်လာသော တိရစ္ဆာန်တစ်အုပ်သည်လည်း ဝံပုလွေမက ဝံပုလွေအုပ်ကို ဦးဆောင်ကာ ပြန်ထွက်သွားကြောင်း မြင်လိုက်ပြီး မှင်သက်သွားသည်။
သွားပြီ။
ရှိုးကတောင် မစသေးဘူး။ ကြည့်ရှုသူ မရှိတော့ဘူး။ ဘယ်လိုလုပ်ကြမလဲ။
405 02
ငါတို့ ဘယ်လိုလုပ်ကြမလဲ။
“ဝူး ဝူး ဝူး တပိုင် အဖေပိုင် ငါ ဘာအင်အားမှ မသုံးထားပါဘူး။ သူက သူ့ဘာသူ လှဲသွားတာ”
ပိုလာဝက်ဝံကလည်း အဝေးမှ တပိုင်ရောက်လာသည့်ကို မြင်သည့်နှင့် အပြေးအလွှား သွားပြီး ယူကျုံး မရဖြစ်သလို ပြောသည်။
“မင်း.. မင်း… မင်း ဘာလုပ်နေတာလဲ”
“ငါအော်လိုက်တာနဲ့ မင်းက မြေပြင်မှာ လဲချရမယ်ဆိုပြီး သဘောတူထားတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး မင်းက ငါ့ကို လာရိုက်တာလဲ။ မင်း ဘာလုပ်ချင်တာလဲ”
“အား ငါ ဘယ်လိုလုပ်သင့်လဲ။ ဝံပုလွေမကလည်း စိတ်ပျက်သွားမှာပဲ။ ဝူး ဝူး ငါ့အချစ်”
“မင်းတို့ အရမ်းလွန်တာပဲ”
တပိုင်: မျက်မှိတ်ကာ ပုခုံးတွန့်ထားသော အမှုအရာ။
ရှောင်ပိုင်: ငိုနေသော အမှုအရာ။
ငှက်တော: မျက်လုံးပြူးပြီး ယူကျုံးမရဖြစ်နေသော အမှုအရာ။
ခေါင်းပြားတကော: အိပ်ငိုက်နေသော အမှုအရာ။
ထိုအကောင်လေးတစ်အုပ်က မြေပြင်တွင် လဲကာ ဆိုးရွားစွာ ငိုနေသော အာဟကို ကြည့်ပြီး ရုတ်တရက် ကို့ယို့ကားယား ဖြစ်သွားကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်သည်။
“ကူး ကူး ကူး”
“အား အား အား ငါ့ကို အနိုင်ကျင့်နေတယ်”
ထိုအချိန်တွင် အဝေးမှ ဒေါသကြီးကြီး အသံထွက်လာသည်။ ထရိုင်နိုဆောရပ်စ့်သေးသေးလေး၏ နဖူးပေါ်တွင် လဲနေသော ရှဉ့်လေးက မြေပြင်မှ အာဟကို လက်ညိုးထိုးပြီး အော်နေကြောင်း မြင်ရသည်။
“သူက ငါရဲ့ မျက်မှန်ကို ခွဲလိုက်တာ”
“ဝေါင်း”
“နဂါးအမေ”
ထရိုင်နိုဆောရပ်စ့်လေးကလည်း အာဟကို မြင်လိုက်သည့်နှင့် ချက်ချင်းဆိုသလို အော်သည်။ ဒီကောင်ပဲ ထပ်ဖြစ်ပြန်ပြီ ဟမ်။ သူက အနိုင်ကျင့်ရုံတင် မကသေးဘူး။ သူရဲ့ညီအစ်ကိုတောင် အနိုင်ကျင့်ရဲတယ်။
သူတို့ရဲ့ နာမည်တွေ အကုန်လုံးမှာ နဂါးပါနေတာ မသိဘူးလား။ ဘယ်လိုကြောင့်များ ဒီလို အနိုင်ကျင့်ရဲတာလဲ။
ကြည့်ရသည့်မှာ နဂါးအမေက အရင်တစ်ခေါက်က အလွန် ကြင်နာခဲ့ပုံရသည်။ ထိုကောင်က ပြဿနာပင် လာရှာရဲသည်။
ဝေါင်း
အာဟက ရင်းနှီး ကျွမ်းဝင်သော အော်သံကို ကြားလိုက်ပြီး မြေပြင်မှ အထိတ်တလန့် ကုန်းထသည်။ ထိုနောက် ရူးသွပ်လွန်းစွာ ပြေးသည်။
“ငါနဲ့ မဆိုင်ဘူးနော်”
“နဂါးအမေ ငါ ပြောမယ်နော်။ မင်း ဒီလို ထပ်လုပ်ရင် ငါ ဒေါသထွက်တော့မှာ”
“ကယ်ကြပါ။ ကယ်ကြပါ။ အား ဝူး”
“တင်းတင်းကြပ်ကြပ် ပတ်ပေး”
“ဘယ်လိုခံစားရလဲ”
ဆုပိုင်က အာဟ၏ခြေထောက်တွင် ပတ်ထားသော သစ်သားဘုတ်ပြားကို အတတ်နိုင်ဆုံး ချည်ပေးရန် ကြိုးစားနေရင်း ကူကယ်ရာမဲ့သလို ပြောသည်။
“တော်တော်လေး ကြာပြီ။ ငါ မင်းရဲ့ တိုးတက်မှုတွေ ဘာမှကို မမြင်ရဘူး ဟမ်။ အရိုးကျိုးတာ မနာဘူးလို့ထင်ရင် ဘာလို့ မစမ်းကြည့်တာလဲ”
“ဝုတ်”
“ဝူး ဝူး ဝူး မင်းက လူဟုတ်သေးရဲ့လား ဟမ်။ ငါက ဒီလို ဖြစ်နေတာတောင် မင်းက ငါ့ကို အဲဒီလို လုပ်ချင်သေးတယ်။ ဝူး ဝူး ဝူး”
အာဟက ဆေးရုံကုတင်ပေါ်တွင် လဲနေရင်း ဆုပိုင်၏ နှစ်သိမ့်မှုကို နားထောင်နေကာ မျက်ရည်များ ကျလာသည်။ ခက်ခဲလိုက်တာ။ တိရစ္ဆာန်ရုံက အဆိပ်ပြင်းတယ်။ အချစ်လည်း မရှိတော့ဘူး။
ရန်သူတွေကလည်း နေရာတိုင်းမှာ။ အခု ဒါရိုက်တာဆုပိုင်ကတောင်မှ သူ့ကို သင်းချင်နေတယ်။
သူ ဘယ်လိုများ အသက်ရှင်ရမလဲ။ မဟုတ်သေးဘူး။ သူ အိမ်ကနေ ထွက်ပြေးရမယ်။ ဒီလူတွေကိုလည်း သူဟက်စကီးက မင်းတို့ မရှိရင်တောင် ကောင်းကောင်း ရှင်သန်နိုင်တယ်ဆိုတာကို ပြရမယ်။
ငါ လှပတဲ့အမျိုးသမီးတစ်ယောက်ကို ရှာပြီး ငါ့ကို ထောက်ပံ့ခိုင်းတာ ကောင်းမယ် ထင်တယ်။
“ကောင်းပြီ။ ပတ်တီး စည်းပြီးသွားပြီ”
405 03
ဆုပိုင်က ထိုအကောင်၏ နဖူးကို ညှင်သာစွာ ပုတ်လိုက်ပြီး မြေပြင်ပေါ်တွင် ပြန်ချပေးကာ ပစ္စည်းကိရိယာများနှင့်အတူ ထွက်သွားသည်။
ဒုက္ခများလိုက်တာ။
ငါ မနက်ပိုင်း နိုးလာရုံပဲ ရှိသေးတယ်။ ဒီကောင်က သစ်ပင်ပေါ်မှာ တွဲလောင်းကြီး အော်နေတယ်။ သူ့ကို အောက်ဖြုတ်ချလိုက်တော့ ဒဏ်ရာက ထပ်ရသွားပြန်ပြီ။ အရင်တစ်ခေါက်က ထပ်တောင် ပြင်းသေးတယ်။
ဂရုတစိုက် စစ်မေးပြီးနောက်တွင် သူ့ကို နဂါးအမေက ထပ်ရိုက်လိုက်ပြန်ကြောင်း သိရသည်။ သို့ရာတွင်
ထိုအကောင်က အရိုက်ခံရသင့်သည်။ သူသည် ရှဉ့်များကို အနိုင်ကျင့်သည်။
“အား ဝူး ဝူး”
“ဟေး စောင့်နေစမ်းပါ။ ငါ အာဟက အိမ်ကနေ သေချာပေါက် ထွက်ပြေးမှာ”
အာဟက အံ့ကို ကြိတ်ပြီး အော်ကာ မြက်ခင်းထဲသို့ ခုန်သွားသည်။
ခွေး၏ အင်အားက အကန့်အသတ်နှင့် ဖြစ်သည်။ ထိုလူများကလည်း သူထွက်သွားသည်ကို အလေးအနက် မထားလောက်ပေ။
ဒါပေမဲ့…
သူသာ အကောင်နည်းနည်းကို ခေါ်သွားမယ်ဆိုရင်တော့ အဲဒီ မင်းမှုလွန်းတဲ့ ဒါရိုက်တာက သေအောင် စိုးရိမ်နေမှာပဲ။
“သား သား အဖေက အရမ်း ဝမ်းနည်းနေတာ”
မိနစ်အနည်းငယ်ကြာပြီးနောက် အာဟက မြက်ခင်းပြင်ပေါ်တွင် လှဲ၍ ဖေးလ်မြေခွေးကို ဖက်ပြီး ငိုသည်။
“အားလုံးက ငါ့ကို ပစ်ပယ်ထားတယ်။ ငါ ဒီတိရစ္ဆာန်ရုံမှာ မနေချင်တော့ဘူး”
“အဖေ ဒီကနေ ထွက်ပြေးတော့မယ်။ မင်း …”
“ကျွီ”
“အာ”
ဖေးလ်မြေခွေးက ဝေးဝါးသော မျက်လုံးကို ပွတ်ရင်း ပြောသည်။
“ဒါဆိုရင် … အဖေ… အဖေက ဘယ်သွားမှာလဲ။ အွန်း ငါ တိရစ္ဆာန်ရုံရဲ့ ဝင်ပေါက်ကို လိုက်ပို့ပေးရင် ဘယ်လိုလဲ။"
"ဒါပေ့မယ် ညဘက်တော့ ထွက်လို့ မရဘူးနော်”
“အားဟား”
“…”
“မင်းက အဖေဟနဲ့ မလိုက်ဘူးလား”
အာဟက သုန်မှုန်သော မျက်နှာဖြင့် မေးသည်။ သူဟာ တစ်ဖက်သူကို စိုက်ကြည့်နေသည်။
ငါရဲ့မွေးစားသားတောင်မှ ငါ့နောက်ကို မလိုက်ဘူးတဲ့။ ဒါ… ဒါ… ဒါ…
“အိုး… ငါ အခုတော့ သွားလို့ မရဘူးလေ။ ငါက ရှဉ့်လေးတွေကို အခုတလော ကူညီပေးနေတာ။ ငါ သွားလို့ မရဘူး”
“အဖေသာ တခြားလုပ်စရာ မရှိဘူးဆိုရင် ငါပြန်ပြီး အိပ်တော့မယ်နော်။ ငါ ညဘက်ဆို အရမ်း လုပ်များနေတာ”
ဖေးလ်မြေခွေးက သူ၏ပါးကို လက်သည်းဖြင့် ပွတ်ပြီး တစ်ဖက်ကို လှည့်ကာ ဂူထဲသို့ ဝင်သွားသည်။
“အား အား အား”
အာဟက အော်သည်။ သူ၏လက်သည်းကို ဆန့်ထုတ်ကာ အရှေ့မှ မြက်ခင်းကို ကြမ်းကြမ်းတူးပြီး အနားမှ အပေါက်ကို ပိတ်ပစ်လိုက်သည်။
“ဟင်း မင်း မထွက်သွားစေနဲ့ ဂူထဲမှာပဲ ထာဝရ နေတော့”
ဖေးလ်မြေခွေးက မလိုက်နိုင်ကတည်းက … တိရစ္ဆာန်ရုံထဲမှာ သူနဲ့ ဆက်ဆံရေးကောင်းတာ ဘာရှိသေးလဲ။
ခေါင်းပြားတကောလား။
မဖြစ်နိုင်ဘူး။ ဒီကောင်က ငါ့ကို ၄၉ ကြိမ်တောင် ရိုက်ထားတာ။ ဆက်ဆံရေးက လုံးဝ မကောင်းဘူး။
တပိုင်လား။
အွန်း မဖြစ်ဘူး။ ဒီကောင်မှာ ကလေးရှိတယ်။ သူ ငါ့ကို ၂၅ ကြိမ်တောင် ရိုက်ထားတာဆိုတော့ ဆက်ဆံရေးက ပုံမှန်ပဲ။
အယ်လ်ဖာဂါ။
၈ ကြိမ်တောင်။
ရွှေမြွေ။
၃ ကြိမ်။
ထရိုင်နိုဆောရပ်စ့်။
၈၄ ကြိမ် အား… သေဖော်သေဖက် ရန်သူ။
405 04
အချိန်တွေ ကြာအောင် တွေးတောပြီး နောက်ဆုံးတွင် အာဟက တိရစ္ဆာန်ရုံ၏ ဝင်ပေါက်သို့သာ တစ်လှမ်းချင်းစီ သွားသည်။
အခု ငှက်တောပဲ ရှိတော့တယ်။
ပို၍ ဆိုးသည့်မှာ ထိုအကောင်က လူစကား ပြောတတ်သည်။ ထိုနည်းအားဖြင့် အပြင်ကို ထွက်ပြီးသည့်နှင့် လူများနှင့် ဆက်သွယ်နိုင်လောက်သည်။ ထိုကြောင့် အိမ်က ထွက်ပြေးရန် အကောင်းဆုံး အဖော်ဖြစ်လေသည်။ အရေးကြီးဆုံး အချက်ကမှု ငှက်တောတွင် တည်ငြိမ်သော နှလုံးသား ရှိသည်။ သို့ရာတွင် အိမ်မှ ထွက်ပြေးသည့်ဟုလည်း ပြော၍ မရနိုင်ပေ။ ထိုအကောင်ကို ထွက်လာအောင် သေချာပေါက် ချော့ရပေမည်။ ထိုအချိန်တွင်
ဟီး ဟီး မင်း မလွတ်ပါဘူး။
မင်းတို့က ဒီကောင်တွေကို မနိုင်ဘူးဆိုရင် ငှက်တစ်ကောင်ကို ဘာလို့ မနိုင်ရမှာလဲ။
အချိန်တွေကြာပြီးနောက် တိရစ္ဆာန်ရုံက ပွင့်သွားသည့်အချိန်တွင်ပင် တိရစ္ဆာန်ရုံ၏ ဝင်ပေါက်နားတွင် အကောင်လေး နှစ်ကောင်က ရပ်နေပြီး ဧည့်သည်ပေါင်းများစွာကို ဆွဲဆောင်ကာ နှုတ်ဆက်ရင်း တစ်လှမ်းချင်းစီ ရွေ့လာသည်။
“မင်း အမှန်တိုင်း ပြောနေတာလား”
ငှက်တောက အာဟ၏ နဖူးပေါ်တွင် နားနေရင်း လေသံတိုးတိုးနှင့် မေးသည်။
“မင်း ငါ့ကို မလိမ်တာ သေချာလား”
“မစိုးရိမ်ပါနဲ့ လုံးဝ သေချာတယ်။ ငါ အရင်တစ်ခေါက် ဒါရိုက်တာဆုပိုင်နဲ့ ထွက်ဖူးတာလေ။ မင်း သိပါတယ်။ ဟုတ်တယ် မှတ်လား။ အဲဒီနေရာကို သွားရမှာ။ အား ငါ မင်းကို ပြောပြမယ်။ အဲဒီမိန်းမက … မင်းပြောတဲ့ ဆရာမ ဖူကာဒါနဲ့ အရမ်းတူတာ”
“လုံးဝ မမှားနိုင်ဘူး”
အာဟက တည်ငြိမ်သော မျက်နှာဖြင့် ပြောသည်။
“ဒါပေမဲ့ ငါတို့ ဒီလိုမျိုး ပြေးလို့ အဆင်ပြေပါ့မလား”
ငှက်တောကပင် နည်းနည်း စိုးရိမ်နေသေးသည်။
ဒါရိုက်တာဆုပိုင်ကသာ အခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်ရုံကနေ ထွက်ပြေးတာ သိသွားခဲ့ပါက သူတို့ ပြန်လာချိန်တွင် အရိုက်ခံရပေလိမ့်မည်။
“အား ဝူး ဝူး”
“မင်းက ဘာကို ကြောက်တာလဲ။ ငါတို့က တစ်ရက်လောက်လေးပဲ ထွက်ပြေးပြီး မမှောင်ခင် ပြန်လာမှာလေ။ နောက်ပြီး … ဒါရိုက်တာဆုပိုင်က တာဝန်သွားလုပ်မှာ ထင်တယ်။ ဒီမှာ မရှိလောက်ဘူး”
အာဟက ငှက်တောကို ဆက်တိုက် ဖျောင်းဖျနေသည်။
“လောင်ကျိုးကလည်း ငါတို့ကို မဆူရက်ပါဘူး။ နောက်ပြီး မင်း တကယ် သွားမကြည့်ချင်ဘူးလား”
“တကယ်တူတာနော်”
“ဟစ်”
ငှက်တောက အသက်ကို ပြင်းပြင်းရှုပြီးနောက် ခေါင်းကို လေးလံစွာ ညိတ်သည်။
“အဆိုးဆုံးမှ ငါရဲ့အမွှေးတွေ အနှုတ်ခံရရုံပေါ့။ ကိစ္စမရှိဘူး။ အမွှေးက ပြန်ပေါက်မှာ။ သွားမယ်”
သူဟာ စိတ်ကို ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် တောင်ပံကို ရမ်းသည်။ အဝေးရှိ တောအုပ်ထံသို့ ပျံသွားသည်။
“အား ဝူး ဝူး”
“ငါ့ကို စောင့်အုန်းလေ။ ဒီသစ်သားဘုတ်က အရမ်းကို အချိန်ဆွဲတာ”
အာဟက အနောက်မှ ခုန်ပေါက်ကာ လိုက်ရင်း တိရစ္ဆာန်ရုံ၏ ဝင်ပေါက်ဘက်သို့ ပြန်လှည့်ကြည့်သည်။
ဟွန်း
ဒီလူတွေက မနက်ဖြန် သေအောင် ကြောက်နေရတော့မှာ။
ငါ မင်းတို့ကို ငါ့ကို ထပ်ပြီး အနိုင်ကျင့်ခိုင်းမယ်။ မင်းတို့ သေချာပေါက် နောင်တ ရစေရမယ်။
ငါက အိမ်ကနေ ထွက်ပြေးသွားတဲ့ အချိန်မှာ သုံးရက်လောက်တော့ နေရမယ်။ မဟုတ်ဘူး။ ငါးရက်နေမှ ပြန်လာမယ်။
ဒါရိုက်တာဆုပိုင်ကတော့ ငါ့ကို သေချာပေါက် စိုးရိမ်နေရမှာပဲ။
******