← Chapters

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

အခန်း 406

“ဒါက လွယ်လောက်မယ်”

ဆုပိုင်က သူ၏အရှေ့မှ တိရစ္ဆာန်အပိုင်းအစမောလ်ကို ကြည့်ပြီး တွေးတောသည်။

သားပိုက်ကောင်တာဝန်က ပိုခက်လောက်သည်။

ယခုအခါ ပန်ဒါအပေါက်များအတွက် ဝံပုလွေနို့ကို ပေးနေသော ဝံပုလွေမကလွဲပြီး တိရစ္ဆာန်ရုံတွင် တခြားသော တိရစ္ဆာန်လေးများ မရှိသေးပေ။

သို့သော်

အရေးကြီးဆုံးအချက်ကမှု ဝံပုလွေပေါက်လေးများက သိပ်မကြာခင်တွင် နို့ပြတ်တော့ပေမည်။

“ဒီကောင် ယူရအောင်”

ဆုပိုင်က တိုက်ရိုက်ပင် တစ်ခုကို ရွေးလိုက်သည်။ ထို သိုးက ဆိတ်အမျိုးအစား တစ်မျိုးလည်း ဖြစ်ပြီး အသားသိုးမျိုး ဖြစ်သော်လည်း နို့ညှစ်လို့တော့ ရလောက်မှာပါ။

နောက်ထပ် တိရစ္ဆာန်တစ်ကောင်ကို မွေးနိုင်သည့်အပြင် သိုးမွှေးလည်း ရသည်။ သူ စိုးရိမ်သည့်မှာ ယခု တရုတ်နိုင်ငံတွင်လည်း ဒါက ကျော်ကြားသွားလောက်၏။

“စနစ်က တာဝန်ကို စတင်ပြီ”

သူဟာ အသံတိုးတိုးနှင့် ပြောသည်။

ဆုပိုင်က ကျောပိုးအိတ်ကို တင်းတင်းကြပ်ကြပ် ဖက်ပြီး ရုံးခန်းထဲမှ ပျောက်သွားသည်။

ဘန်း

သူဟာ မြေပြင်ပေါ် ခပ်ကြမ်းကြမ်း ပြုတ်ကျသည်။ သူဟာ မြေပြင်မှ ရယ်မောရင်း ကုန်းထပြီးနောက် ဘေးဘီကို ကြည့်သည်။ သူ၏အရှေ့တွင်လည်း မက်စောက်သော တောင်ပေါ်တွင် ပေါက်ရောက်နေသော မြက်ခင်းပြင်ကြီး ဖြစ်သည်။ အဝေးတွင် သေးငယ်သော မြို့လေး ရှိနေသည်။

“မြှီး မြှီး မြှီး”

နှာခေါင်းမည်း သိုးတစ်အုပ်က ခေါင်းကို ငုံရင်း မြက်များကို ကြိတ်စားနေပြီး မကြာခဏဆိုသပင် ရုတ်တရက် သူ၏ရှေ့တွင် ပေါ်လာသော လူသားကို မော့ကြည့်လိုက်သည်။ ဒါဟာ သူတို့ မြင်နေကြ သိုးကျောင်းသားများနှင့် ခြားနားသည်။

“အနက်ရောင် ဆံပင်တွေနဲ့”

“တင့်တုန့်”

ခေါင်းဆောင် နှာခေါင်းမည်း သိုးက လည်ပင်းမှ ခေါင်းလောင်းကို တစ်ချက်ခါပြီး သူရှေ့တွင်ရှိသော လူ ဆုပိုင်ဆီသို့ သိချင်စိတ် ပြင်းပြစွာ လျှောက်လာသည်။

“ဒါက ဘယ်လို တိရစ္ဆာန်လဲ။ မျက်နှာက ဘယ်မှာလဲ။ ဘာလို့ မျက်နှာကို မမြင်ရတာလဲ”

“ဟားဟား အရမ်းကို ကိုးရိုးကားရား ဖြစ်နေပါလား။ အယ်လ်ဖာဂါ သိုးထက်တောင် ကိုးရိုးကားရား ဖြစ်နေသေးတယ်”

“သူရဲ့ မျက်နှာက မည်းနေတာလား။ ဟုတ်တယ်မှတ်လား။ ဒါပေမဲ့ အရမ်းကို ချစ်စရာကောင်းနေသလို့ပဲ ဟုတ်လား။ ခန္ဓာကိုယ်ကလည်း အဖြူရောင် အမွှေးတွေချည်းပဲ။ အား အား အရမ်း ချစ်ဖို့ကောင်းတာပဲ”

“ဒါက နှာခေါင်းမည်း သိုးအမျိုးအစားလို့ ခေါ်တယ်။ … အဲ စာကြည်တိုက်မှုး မင်း ဒီတိရစ္ဆာန်ကို မသိဘူးထင်တယ်။ မင်း ဒီနာမည်ကိုတောင် မကြားဖူးဘူးမှတ်လား”

“နှာခေါင်းမည်း သိုး။ သူရဲ့နာမည်နဲ့ ထိုက်တန်ပါပေတယ်။ ဒါပေမဲ့ တကယ်ကို မည်းလွန်းတယ်။ မျက်နှာကို တောင် မမြင်ရတော့ဘူးနော်။ တကယ်လို့ ညဘက်သာဆိုရင် … ဟစ် … တွေးကြည့်ရုံနဲ့တင် ကြောက်ကမန်းသီးလီလီ ကြောက်စရာကောင်းတယ်”

“လာ … လာ … ဟိုကောင် လာနေပြီ။ ဒါရိုက်တာ ဆုပိုင်က အနီးကပ် ကြည့်လို့ရအောင် လုပ်ပေးလို့ ရမလား။ ငါ ကြည့်ချင်လို့ပါ”

406 02

…

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ပရိသတ်များကလည်း သူတို့၏ အရှေ့မှ ထူးဆန်းသော ပုံသဏ္ဌာန်နှင့် သိုးတစ်အုပ်ကို ကြည့်ရင်း မျက်လုံး ပြူးနေကြသည်။

အယ်လ်ဖာဂါ၏ ပုံသဏ္ဌာန်ကလည်း လုံလောက်အောင် ထူးဆန်းနေပြီဟု ထင်နေကြခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူတစ်ယောက်က တစ်ကိုယ်လုံးတွင် အမွှေးများ ပြည့်နှက်နေလေသည်။

ထိုသို့ဖြင့် အမျိုးမျိုးသော စာများ ရေးကာ မေးခွန်းများ မေးကြသည်။

“မှီး”

ခေါင်းလောင်းဆွဲထားသော နှာခေါင်းမည်း သိုးက ဆုပိုင်၏ အရှေ့တွင် လာရပ်ပြီး တစ်ချက် မော့ကြည့်သည်။ ထိုလူသားနှင့် ပတ်သက်ပြီး ဘာမှ ထူးခြားနေခြင်း မရှိကြောင်း မြင်သောအခါ သူဟာ ဒေါသတကြီး ပြန်ထွက်သွားသည်။

ဆုပိုင်က ပြုံးပြီး မြက်ခင်းပေါ်တွင် ထိုင်သည်။

သူသည်ပင် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။

ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကို လှမ်းယူကြည့်သည်။ နောက်ဆုံးတွင် ပုံမှန် တာဝန်တစ်ခုကို တွေ့ရလေပြီ။

ဒီနှာခေါင်းမည်းသိုး၏ အဖွဲ့က ဒီနေရာတွင် ခပ်အေးအေး နေနိုင်သည်။ ဒီတာဝန်ကလည်း တခြားသော လူများနှင့် တိုက်ခိုက်ရန် မလိုအပ်လောက်ပေ။ သူသည် ကောမန့်များကို တစ်ချက်ကြည့်လိုက်သည်။

“အားလုံးပဲ မစိုးရိမ်ကြနဲ့”

ဆုပိုင်က ကင်မရာကို နှာခေါင်းမည်း သိုးအုပ်ဘက်သို့ ညွှန်ပြပြီး အပြုံးနှင့် ပြောသည်။

“ဒီနှာခေါင်းမည်း သိုး အမျိုးအစားတွေက ရေခဲဆောင် ဆိတ် အမျိုးအစား တစ်မျိုးပဲ။ အဝေးက တောင်ထိပ်တွေမှာ အရည်မပျော်သေးတဲ့ ရေခဲပြင် နှင်းတွေကို မြင်နိုင်တယ်မှတ်လား။ ဒါပေမဲ့ ဒီလိုအမျိုးအစားတွေက နည်းပညာကို သုံးပြီး သားဖောက်လို့တော့ မရဘူး။ ဒီအတိုင်းကို မွေးလာတာ”

“အဝေးကနေ ကြည့်မယ်ဆိုရင်တောင်မှ ဒီသိုးရဲ့ မျက်နှာကို မြင်ရမှာ မဟုတ်ဘူး”

“ဒါပေမဲ့ သူတို့မှာ ပြင်းထန်တဲ့ လိုက်လျော ညီထွေ ဖြစ်နိုင်တဲ့ စွမ်းရည် ရှိတယ်။ နောက်ပြီး အရမ်းကို ကြီးထွားနိုင် စွမ်းရည် မြင့်ကြတယ်။ ဒါကြောင့် အလုံးအရင်းနဲ့ မျိုးတုန်း ပျောက်ကွယ်ခြင်း ကာလ မတိုင်ခင်က ဆိုရင် ဒီနေရာက လူတိုင်းနီးပါးကလည်း ဒီလို ဆိတ်မျိုးကို မွေးပြီး ရှင်သန်ကြတာ”

“သူတို့ရဲ့ အသားရော အမွှေးကပါ တန်ကြေး အရမ်းမြင့်တာလေ။ သူတို့ရဲ့ အမွှေးတွေ ကြီးထွားနှုန်းကလည်း အရမ်းကို မြန်တာ။ နှာခေါင်းမည်း သိုးတစ်ကောင်က တစ်နှစ်ကို ဆိတ်မွှေး ၈ ကီလိုဂရမ်လောက် ထုတ်ပေးနိုင်တယ်”

“နောက်ပြီး သူတို့ကလည်း ဒီနေရာက လူသားအမြောက်အများကို ကျွေးမွေးထားတယ်လို့ ပြောရမှာပဲ”

“တင်ဆက်သူက မင်းတို့ကို အနီးကပ်ကြည့်ဖို့ ခေါ်သွားပေးမယ်။ ဒီနှာခေါင်းမည်း သိုးကလေ အရမ်းကို ယဉ်ပါးတာ။ ဒေါသ အလွယ်တကူ မထွက်တတ်ဘူး”

ဆုပိုင်က ထိုသို့ပြောပြီး မြေပင်မှ ကုန်းထလိုက်ကာ ထိုသိုးအုပ်ထဲသို့ တစ်လှမ်းခြင်းစီ သွားသည်။

ဒီနေရာတွင် နှာခေါင်းမည်း သိုးများက အနီးကပ် ပိတ်လှောင်ထားခြင်း မဟုတ်ကြောင်း မြင်နိုင်သည်။ အနားတွင်လည်း မည်သည့် ဆိတ်ကျောင်းသားကိုမှ မတွေ့ရပေ။

“တင့်တုန့်”

အဝေးမှ လူသားက အနားလာနေကြောင်း မြင်သောအခါ ခေါင်းလောင်းနှင့် နှာခေါင်းမည်း သိုးက ခေါင်းကို ထပ်မော့လာပြန်ပြီး တစ်လှမ်းခြင်းစီ လာနေသော လူကို ကြည့်သည်။

“ပါး”

“ဘာလုပ်တာလဲ”

သူဟာ သိချင်စိတ် ပြင်းပြစွာဖြင့် လှမ်းမေးသည်။

ဆုပိုင်က သူ၏နဖူးမှ နူးညံ့သော အမွှေးကို အသာတို့ပြီး ဆောင့်ကြောင့် ထိုင်လိုက်သည်။

406 03

အရှေ့ဘက်မှ အကောင်က မမျှော်လင့်ထားစွာပင် သူနှင့် ဆက်သွယ်လာသည်။ ထိုနှာခေါင်းမည်း သိုးက သူ ပြန်ခေါ်သွားရမည့် တစ်ကောင် ဖြစ်လောက်သည်။

သူသည်လည်း အရှေ့မှ မြက်စားနေသော နှာခေါင်းမည်း သိုးကို ကြည့်နေရင်း ဆုပိုင်က ရုတ်တရက် စိတ်မကောင်းဖြစ်သွားသည်။ သူတို့သည်လည်း သူတို့၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်နိုင်သော စွမ်းရည်ကြောင့် ရှင်သန်နိုင်ကြသော်လည်း အလုံးအရင်းနှင့် မျိုးတုန်း ပျောက်ကွယ် သွားခဲ့ပြီးနောက် ထိုချစ်စရာ အကောင်လေးများက မျိုးတုန်းသွားပေလိမ့်မည်။

“မင်းတို့အားလုံးက အတူတူလား”

ဆုပိုင်က နှာခေါင်းမည်း သိုးကို တစ်ချက်ကြည့်ပြီး လေသံတိုးတိုးနှင့် မေးသည်။

“မှီး”

“ဒါပေါ့ အတူတူပေါ့”

ဘန်း

ရုတ်တရက် အနောက်ဘက်မှ ပြင်းထန်သော အားက လာပြီး ဆုပိုင်ကို မြေပြင်ပေါ်သို့ ကန်ထုတ်ခံရသည်။

“မှီး”

“ငါ့မှာ မျက်နှာ မရှိဘူး။ ကြောက်လား”

ဆုပိုင်က ခါးကို တစ်ချက်ပွတ်ပြီး မြေပြင်မှ ကုန်းထသည်။ ထိုနောက် အရှေ့မှ အကောင်ကို ပြန်ကြည့်ပြီး နှာခေါင်းက တွန့်သွားသည်။

မျက်နှာ မမြင်ရတာတော့ အမှန်ပဲ။ ဒါပေမဲ့

“ဖြန်း”

ဆုပိုင်က ထိုအကောင်၏ နဖူးကို ခပ်ကြမ်းကြမ်း ရိုက်ချပြီးနောက် မျက်နှာ တစ်ခုကို လုပ်ပြသည်။

“ဝိုး”

“မှီး”

“အား”

သိုးက ဟီသည်။ ထိုနောက် ခေါင်းကို လှည့်ပြီး သိုးအုပ်ထဲသို့ ပြန်ဝင်သွားကာ သိုးတစ်ကောင်၏ အနောက်ဘက်သို့ သွားပုန်းရင်း ဆုပိုင်ကို ကြောက်လန့်တကြား ပြန်ကြည့်သည်။

ကြောက်စရာ ကောင်းလိုက်တာ။

သူက ငါ့ကို မကြောက်ဘူး။ ဘယ်လို ဖြစ်နိုင်မှာလဲ။

ဒီမြို့ငယ်လေးမှာ သူ့ကြောင့် ကြောက်လန့်ပြီး မျက်ရည်မထွက်တဲ့ လူ ဘယ်သူရှိလို့လဲ။ ဘယ်လိုတောင် သူက

ငါ့ကို ပြန်ခြောက်တာလဲ။

“ဟားဟား”

ဆုပိုင်က နှာခေါင်းမည်း သိုးကိုကြည့်ပြီး ရယ်သည်။

“ဝိုး”

သူဟာ နောက်ထပ် အသံကြီး ထုတ်သည်။

“ကလုံ”

သိုး၏ခြေထောက်က နူးညံ့စွာ မြေပြင်ပေါ်တွင် ဒူးထောက်ကျသည်။ သူသည် ထပ်မရယ်နိုင်တော့ပေ။

ကြည့်ရတာ ဒီကောင်လေးက ဒီတာဝန်ရဲ့ အဓိက ဇာတ်လိုက် ထင်တယ်။

စိတ်ဝင်စား စရာပဲ။

406 04

“ဘယ်သူလဲ”

ရုတ်တရက် အဝေးမှ အော်သံထွက်လာသည်။

တစ်ကိုယ်လုံး လေးလံသည့် ကုတ်တစ်ထည်ကို ဝတ်ထားသော မိန်းမငယ်လေးတစ်ယောက်က လက်ထဲတွင် ကြာပွတ်ကိုင်ကာ အပြေးလာသည်။ သူမက ဆုပိုင်ကို မျက်မှောင်ကြုတ်ပြီး ကြည့်ကာ မေးသည်။

“နင်က ငါတို့မြို့က မဟုတ်ဘူး။ … ဘာလို့ ငါ့သိုးကို သွားထိတာလဲ”

“အား”

ဆုပိုင်က ခေါင်းကို ကုတ်ပြီးနောက် မေးစေ့ကို ကိုင်ကာ ပြောသည်။

“ငါက ဒီအနီးအနားကို ခရီးထွက်ပြီး လာတာလေ။ ပြီးနောက် မသိလိုက်မိဘဲ ငါ လမ်းပျောက်သွားလို့။ နောက်ပြီး ဒီကောင်လေးတွေက စိတ်ဝင်စားစရာ ကောင်းတယ်လို့ ထင်လို့လေ။ ဒါကြောင့် မနေနိုင်ပဲ ဝင်လာတာ”

“အိုး”

ဖီဗန်က ခေါင်းကို အသာငြိမ့်ပြီးနောက် ဆုပိုင်ကို သေချာကြည့်သည်။ သူက တောင်တက်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောပိုးအိတ် လွယ်ထားကြောင်း မြင်လိုက်သည့်နှင့် ဒီနေရာကို ယခင်က လာဖူးသော ခရီးသွားများနှင့် တူကြောင်း သိလိုက်သည်။ ထိုနောက် ပြောလိုက်၏။

“ရတယ်လေ။ ဒါပေမဲ့ နင် ဒီနေရာက ထွက်သွားချင်ရင်တော့ နင် မနက်ဖြန်မှာမှ သွားလို့ ရမယ် ထင်တယ်”

“ခဏနေရင် နေဝင်တော့မှာ ငါတို့ရဲ့ မိသားစုက နင့်ကို တစ်ညတာတော့ ခေါ်ထားပေးနိုင်ပါတယ်။ ဒါပေမဲ့ နင် ငါ့ကို ကူညီပြီး သိုးပြန်ကျောင်းပေးရမယ်”

ဆုပိုင် အလျင်စလို ထရပ်ကာ ပြုံးရင်း လက်ထဲမှ ကြာပွတ်ကို လှမ်းယူသည်။ ထိုနောက် ကြာပွတ်ကို ခပ်ကြမ်းကြမ်း ရိုက်သည်။

“ဖြောင်း”

“အိမ်ပြန်တော့”

သူဟာ အော်လိုက်သည်။ ဖီဗန်က အရှေ့မှ လူငယ်ကို သဘောတကျ ကြည့်၏။ ထိုသိုးများသည် သူ့ကို မသိပေ။ ထိုကြောင့် ယခုမျိုး နာခံလျှင်ပင် ခက်ခဲပေလိမ့်မည်။ သို့သော်

“ဘယ်လိုဖြစ်နိုင်မှာလဲ”

နှာခေါင်မည်း သိုးများအားလုံးကလည်း လူငယ်ပြောတဲ့ စကားကို နားလည်နေပုံရသည်။ သူတို့ဟာ တစ်ဖက်ပြန်လှည့်ကာ တစ်ချိန်တည်း ပြန်ဝင်သည်။

အဆိုးသွမ်းဆုံးအသင်းမှ သိုးကပင် အမြန်ဆုံး ပြေးသွားသူ ဖြစ်သည်။

ဒီကောင်က ပုံမှန်အားဖြင့် ဒုက္ခအပေးဆုံး။

သူက မြက်ခင်းပြင်ပေါ်မှာ အမြဲတမ်းနေပြီး မထွက်သွားတတ်ဘူး။ ဒီတစ်ကြိမ် ဘယ်လိုဖြစ်ပြီး

သိုးတွေက ဒီလူငယ်ပြောတာကို နားလည်တာလား။

ထိုသံသယနှင့်အတူ ဖီဗန်က ဆုပိုင်၏ အနောက်မှ လိုက်လာကာ သိုးအုပ်ရှိရာဘက်သို့ တစ်လှမ်းချင်းစီ ဝင်လာသည်။

…

“ဖီဗန် ဘာလို့ ဒီနေ့ အစောကြီး ပြန်လာတာလဲ”

လမ်းဘေးမှ ဒေါ်လေးများကလည်း သိုးအုပ်နောက်မှ ဖီဗန်ကို မြင်ပြီး လက်ရမ်း နှုတ်ဆက်ပြကာ ပြုံးကာ မေးကြသည်။

“ဟုတ်ကဲ့ အဘွားအိုင်နာ”

ဖီဗန်က လက်ကို ရမ်းပြပြီး ပြန်လည် နှုတ်ဆက်သည်။

“ဒါက ဘယ်သူလဲ”

အိုင်နာ ဖီဗန်နှင့်အတူ ရပ်နေသော လူငယ်ကို မြင်သောအခါ ထူးဆန်းသော အမှုအရာမျိုးနှင့် မေးသည်။

“သူရဲ့ နာမည်က ဆုပိုင်တဲ့။ သူက ငါတို့ရဲ့ မြို့ကို ခရီးထွက်လာတာ။ ငါတို့ရဲ့ မိသားစုက သူ့ကို တစ်ညလောက် တည်းဖို့ ခေါ်ထားပေးမလို့လေ။ မားနဲ့ ပါးကလည်း ဒီအကြောင်းအရာကိုသာ သိရင် ပျော်ကြမှာ”

“ဟယ်လို”

ဆုပိုင်က ထိုအဒေါ်ကြီးများကို ခေါင်းငြိမ့် နှုတ်ဆက်လိုက်ပြီးနောက် ဖီဗန်၏ အနောက်မှ လိုက်ကာ မြို့ထဲသို့ ပြန်ဝင်သည်။

လမ်းထဲသို့ ကွေ့လိုက်သည့်နှင့် အဒေါ်ကြီးများက ကြောက်စရာကောင်းလောက်အောင် သုန်မှုန်သော မျက်နှာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်ကြသည်။

“ငါတို့ ဒီလူငယ်ကို သတိပေးသင့်လား”

အိုင်နာက သူမ၏ အေးစက်သော ပုခုံးကို ပွတ်ပြီး ခပ်တိုးတိုး ပြောသည်။

“ဖီဗန်ရဲ့ အခြေအနေက ဆိုးသထက် ဆိုးလာပြီ ထင်တယ်။ ဘာမှတော့ မဖြစ်လောက်ပါဘူး။ ဟုတ်တယ်မှတ်လား”

406 05

“ဒါမှမဟုတ် ငါတို့ နည်းနည်းလောက် စောင့်သင့်လား။ ဘာပဲ ဖြစ်ဖြစ် တစ်ညတည်းပဲလေ။ နောက်ပြီး လုံခြုံရေးဌာနာကလည်း မြို့အပြင်မှာ။ နောက်ပြီး မှောင်လည်း မှောင်တော့မှာ။ ငါတို့က လုံခြုံရေးဌာနဆီ သွားပြောမယ်ဆိုရင်တောင်မှ သူတို့ ဒီနေ့ မလာနိုင်လောက်ဘူး”

စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် အဘွားအိုကြီးတစ်ယောက်လည်း ရှိသေးသည်။

“ဘာမှတော့ မဖြစ်လောက်ပါဘူး။ ညစာမစားခင်လောက် ဖီဗန်ရဲ့အိမ်ကို သွားပြီး ဒီလူငယ်ကို သတိပေးကြတာပေါ့။ ဘာမှတော့ မဖြစ်လောက်ပါဘူး”

“ငါလည်း ဒါကတော့ ကောင်းတယ်ထင်တာပဲ”

“ဒါပေမဲ့ ငါတို့ စောစော သွားသင့်တယ်။ ဖီဗန်ရဲ့အိမ်က ညဘက်ဆို တကယ် …”

“အား နောက်ဆုံးတစ်ခေါက်က … ငါ လဝက်လောက် မအိပ်နိုင်ခဲ့ဘူး။ တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်”

“ကောင်းပြီ။ ကောင်းပြီ။ ငါတို့ ညစာမစားခင် သွားပြီး ဒီကောင်လေးကို သတိပေးကြမယ်”

အိုင်နာက ခေါင်းကို လေးလံစွာ ငြိမ့်ပြီးနောက် နည်းနည်း ဝမ်းနည်းနေသည်။

“ဖီဗန်ကတော့ သနားစရာကောင်းတဲ့ ကလေးမလေးပါ။ အား”

“ဒါပေမဲ့ သူမတစ်ယောက်တည်း သိုးတွေအများကြီးကို ကျွေးနေရတာလေ။ နောက်ပြီး တစ်မိသားစုလုံးကိုလည်း …”

“အား သူမ သိပ်မကြာခင် ကံကောင်းလာဖို့ မျှော်လင့်ပါတယ်”

အားလုံးက တစ်ပြိုင်တည်း သက်ပြင်းချပြီး ခေါင်းကို ခါနေကြသည်။ ထိုနောက် သူတို့သည်လည်း ညစာမစားခင် ဖီဗန်၏ အိမ်သို့ သွားရန် သဘောတူလိုက်ပြီးနောက် လမ်းထောင့်တစ်နေရာတွင် လူစုခွဲလိုက်ကြသည်။

…

“ဖြောင်း”

ဆုပိုင်က ကြာပွတ်ကို တစ်ချက်ရိုက်ပြီးနောက် သိုးများ အားလုံးကို မောင်းသွင်းသည်။ ထိုနောက် ခြံစည်းရိုးကို ပိတ်ရန် ကူညီပေးလေသည်။ သို့ရာတွင် သူသည်လည်း လမ်းတောက်လျှောက် နည်းနည်း ထူးဆန်းသလို ခံစားရသည်။

ဖီဗန်ဆိုတဲ့ ကောင်မလေးက အရမ်းကို သတိပေါ့ပါးလွန်းသည်။ သို့မဟုတ် ဒီနေရာက လူများက ထိုသို့သာ ဖြစ်နေသည်လည်း ဖြစ်လောက်သည်။ သူမသည် ခုခံမှုပင် မရှိပေ။ ဒီထဲရောက်ပြီးမှ ဒါဟာ သူတို့ ပထမဦးဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်သည်။ သူမက သူ့ကို တိုက်ရိုက်ပင် အိမ်ထဲသို့ ဖိတ်ခေါ်သေး၏။

သို့သော် ဖီဗန်၏ မိသားစုအကြောင်းကို ပြန်တွေးမိသောအခါ ဆုပိုင်က ကိုယ့်ကိုကိုယ်ပင် ရယ်လိုက်သည်။ သူသည် စိုးရိမ်လွန်နေခြင်း ဖြစ်သည်။

သူမကဲ့သို့ မိသားစုတစ်ခုအနေဖြင့် လူဆိုးကောင်ကိုသာ ဝင်လာခဲ့လျှင်ပင် ကိုင်တွယ်စရာ နည်းလမ်း ရှိပေလိမ့်မည်။

ထိုအပြင် ဆုပိုင်ကလည်း လူဆိုးကောင် မဟုတ်ပါပေ။

“အား ဒီကောင်မလေးက အရမ်းလှတယ်နော်။ အရုပ်လေးလိုပဲ”

“ဆက်သွယ်ရမဲ့ အချက်အလက်ကို ပိုက်ဆံအမြောက်အများ ပေးပြီး လဲပါ့မယ်။ ဒါရိုက်တာ ဆုပိုင် ဘယ်နေရာကနေ အရံတွေ ရှာထားတာလဲ။ ငါရဲ့ မိသားစုက ရုပ်ရှင်နဲ့ ထုတ်လုပ်ရေး ကုမ္မဏီတစ်ခု ဖွင့်ထားတာလေ။ ဖီဗန်ကသာ ငါတို့ရဲ့ ကုမ္မဏီကို လာမယ်ဆိုရင် သေချာပေါက် ကျော်ကြားမှာ”

“အပေါ်က တစ်ယောက် မေ့လိုက်တော့။ စီမံ့ရေးဌာနက ဘယ်မှာလဲ။ သူ့ကို မြန်မြန်လေး ကန်ထုတ်လိုက် ဟမ်။ အရင်တစ်ခေါက်ကလည်း သူရဲ့မိသားစုက အွန်လိုင်းဝတ္ထု ဝက်ဆိုဒ် ထောင်ထားတယ်လို့ ပြောပြီး တောင်ကြားလေးလို့ ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ကိုတောင် ခေါ်သွားသေးတယ်။ အဲဒီနောက် သတင်းတွေ မကြားရတော့ဘူး။ ဒီလူက လူကုန်ကူးသူလို့တောင် သံသယရှိတယ်”

“ဘယ်က တောင်ကြားလေးလဲ။ နောက်ပြီး ဒီသူငယ်ချင်းက ဝတ္ထု ဝက်ဆိုဒ် တစ်ခုပေါ်မှာ ဝတ္ထုတစ်ပုဒ် ရေးပြီးတဲ့နောက်မှာ ပျောက်သွားပြီး ဘယ်တော့မှ ပြန်မပေါ်လာတာ ငါ သတိထားမိတယ်”

“ဖက်စ့် ငါ့ကို မခြောက်နဲ့နော်။ မင်းပြောတာ အရမ်း ကြောက်ဖို့ ကောင်းတာပဲ။ ငါ အဲဒီကို သွားဖို့ စီစဉ်နေတာ”

406 06

“မင်းတို့တွေ အကြောင်းအရာ လွဲသွားပြီထင်တယ်။ ဒါရိုက်တာ ဆုပိုင်က အိမ်ထဲ ဝင်သွားပြီ”

…

ဆုပိုင်က သူ၏အနောက်မှ လိုက်ကာ အိမ်ထဲ ဝင်သွားသည်။ သူသည် ဖီဗန်ကို မတွေ့ရပေ။ သို့သော် မီးဖိုခန်းထဲမှ အလုပ်များနေသော အသံများကို ကြားရသည်။ သူသည်လည်း ပျင်းတိပျင်းရွဲ့ ဖြစ်ကာ ဧည့်ခန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

နံရံပေါ်ရှိ ဓာတ်ပုံပေါ်တွင် ဖီဗန်ကို ဖက်ထားသော စုံတွဲကို မြင်ရသည်။ သူတို့က ပျော်ရွှင်စွာ ပြုံးနေသည်။

“ကြည့်ရတာ ငါ ဒီမိသားစုကို ဒုက္ခပေးမိပြီ ထင်တယ်”

ဆုပိုင်က တစ်ချက် ငြီးထွားရင်း အင်္ကျီလက်များကို လိမ့်တင်ကာ မီးဖိုခန်းထဲသို့ ဝင်သွားသည်။

“နင် ဝင်လာဖို့ မလိုပါဘူး။ စားစရာတွေက ပြီးတော့မှာ”

“အမေနဲ့ အဖေက မှောင်လာတာနဲ့ ပြန်လာလိမ့်မယ်”

ဖီဗန်က တံခါးနားတွင် ရပ်နေသော ဆုပိုင်ကို ကြည့်ပြီး ပြုံးကာ ပြောကာ မီးဖိုခန်းတံခါးကို ပိတ်သည်။

“အား”

“ကောင်းပြီလေ”

ဆုပိုင်ကလည်း ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်ပြီးနောက် သူသည် စနစ်၏ ဇယားကို ဖွင့်ကြည့်သည်။

သိပ်မကြာခင် အချိန်မှာတင် ထမင်းစား စားပွဲပေါ်သို့ အရသာရှိသော စားစရာများ အပြည့် တင်ထားပြီးသား ဖြစ်သွားသည်။ အလယ်တွင်ပင် ကင်ထားသည့် သိုးခြေထောက်ကြီးကို မြင်ရ၏။

ဆုပိုင်က ထမင်းစား စားပွဲတွင် ထိုင်နေပြီး အဖက်ဖက်မှ ရှင်းလင်းနေသော ခုံများကို ကြည့်ကာ ပဟေဠိ ဖြစ်သွားသလို မေးသည်။

“သူတို့ကို စောင့်မယ်လေ”

ဖီဗန်သည်လည်း ယခုလေးတင် ထမင်းစားရန် အချိန်ကျကြောင်း ပြောထားသည်။ ရှင်းလင်းစွာပင် မိဘများက သိပ်မကြာခင် ပြန်လာမည် ဖြစ်သည်။

“ဟီး ဟီး”

ဖီဗန်က ညင်သာစွာ ပြုံးရယ်လိုက်ပြီးနောက် လက်ထဲမှ ဓားကို ကောက်ကိုင်သည်။ သူမက သူမ၏အရှေ့ သိုးခြေထောက်ကို ညင်သာစွာ လှီးဖြတ်ပြီးနောက် ညင်သာသော အတုံးများကို တုံးကာ ဘေးဘက်ရှိ ပန်းကန်ပြားပေါ်သို့ တင်သည်။ ထိုနောက် ဝိုင်နီကို ကောက်ယူကာ ဝိုင်နီဖြင့် ဆမ်းသည်။

“ဟမ်း အရမ်း သိတတ်တာပဲ”

ဆုပိုင်ကလည်း သူမက သိုးခြေထောက်ကို အဆင့်ဆင့် ပိုင်းဖြတ်ပြီး တဖြည်းဖြည်း လှီးဖြတ်နေပြီး ပန်းကန်တစ်ခုစီအနှံ့ ခွဲဝေပေးနေသည်အား ကြည့်လိုက်သည်။ ဝိုင်နီကိုပင် လောင်းချသေးသည်။

သူကိုယ်တိုင်ကပင် စိတ်ထဲတွင် လေးစားသွားသည်။

ဒါဟာ သူမြင်ဖူးသမျှထဲတွင် အသိတတ်ဆုံး ကောင်မလေး ဖြစ်လောက်သည်။ သူမနှင့် သိကျွမ်းပြီးနောက် ထိုကောင်မလေးက အသက် ၁၈ နှစ်သာ ရှိသေးကြောင်း သိရသည်။ အသက် ၁၈ နှစ်အရွယ်တွင် သူမက နေ့အချိန်တွင်ပင် သိုးကျောင်းပြီး ညအချိန်တွင်လည်း ပြန်မောင်းလာရသေးသည်။ မိဘများ ပြန်မလာသေးခင်လည်း အရသာရှိသော စားစရာများကို စားပွဲအပြည့် ပြင်ဆင်သေး၏။ သူမက အရမ်းကို စဉ်းစားဆင်ခြေ ပေးတတ်ပြီး စားစရာကိုပင် ပြင်ဆင်ပေးတတ်သည်။

ဒါ …

မီးအိမ်ဖြင့်တောင် ထွန်းရှာလို့ မရတဲ့ မိန်းမကောင်းလေးပဲ။

“ဟား ဟား ကျေးဇူးတင်ပါတယ်”

ဆုပိုင်က ပန်းကန်ကို ယူပြီး ညင်သာစွာ ပြုံးသည်။ သူဟာ ထိုင်ခုံပေါ်တွင် ခပ်မတ်မတ် ထိုင်ပြီးနောက် ဖီဗန်၏ မိဘများကို တိတ်တဆိတ် စောင့်သည်။ သို့သော်

ထိုအချိန်တွင် စားစရာများကို ခွဲဝေပြီးသော ဖီဗန်က ရုတ်တရက် ခေါင်းမော့၍ ချိုမြိန်စွာ ပြောသည်။

“အဖေ … အဖေ ဒီနေ့ ဝိုင်လျော့ သောက်သင့်တယ်”

“အမေ ဒီနေ့ အိမ်နီးချင်းတွေက ဆွယ်တာတွေ လာတောင်းမယ် ထင်တယ်”

“စားရအောင်”

“ဟွန့် လူဘယ်မှာလဲ”

ဆုပိုင်က သူ၏ နံဘေးမှ ရှင်းလင်းသော ခုံအလွှတ်များကို ကြည့်ပြီး ဖီဗန်၏ ပုံမှန်ပုံစံကို ပြန်ကြည့်သည်။

ကလန်

လက်ထဲမှ ခရင်းက ပြုတ်ကျသွားသည်။ ဘယ်သူမှ မရှိဘူး။ ဆိုတော့ ဒါက…

******

407 01

အခန်း 407

“ဂလု”

ဆုပိုင်က လက်ကို ဆန့်ထုတ်၍ နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ကိုယ်ကို ငုံ့ကိုင်းကာ ပြုတ်သွားသော ခရင်းကို ပြန်ကောက်သည်။ သူသည် စားပွဲအောက်ကိုပင် ကြည့်လိုက်သေးသည်။ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဖီဗန်သာ ရှိနေ၏။ နှစ်ဖက်လုံးမှ ခုံများက လွှတ်နေသည်။ ဆိုတော့ …

ဘာဖြစ်တာလဲ။

“ဟူး”

ဆုပိုင်က အသက်ကို ပြင်းပြင်းရှုလိုက်ပြီး ခေါင်းကို ငုံ့ကာ စားနေသော ဖီဗန်ကို ကြည့်ပြီး စကားပြောတော့မည့်အချိန်တွင်ပင်

“တင်တုံ့”

ဧည့်ခန်းထဲမှ တံခါးဘဲက မြည်လာသည်။

“အမေ မသွားနဲ့။ ငါ သွားလိုက်မယ်”

ဆုပိုင်က ထရပ်တော့မည့်အချိန်တွင် ဖီဗန်က ခေါင်းကို လှည့်၍ ဘယ်ဘက်လက်ကို တစ်ချက်ရမ်းကာ ပြုံးရင်း ပြောလာကြောင်း မြင်ရသည်။

“ဟစ်”

“ငါ သွားမယ်။ ငါ သွားမယ်။ မင်းတို့တွေ စားကြပါ။ မင်းတို့တွေ စားကြပါ”

ဆုပိုင်က လေအေးများကို ရှိုက်သွင်းလိုက်ပြီးနောက် မျက်နှာပေါ်မှ ချွေးများကို တစ်ချက်သုတ်ကာ တံခါးဆီသို့ လျှောက်သွားသည်။ ထိုအချိန်တွင် ကွန်ပြူတာဖန်သားပြင်အရှေ့မှ ကြည့်ရှုသူများသည်လည်း ဖီဗန်၏ပုံစံကို မြင်ပြီး သူတို့၏ဆံပင်မွှေးများက ထောင်တက်သွားကာ သူတို့၏ နဖူးတွင်လည်း ချွေးများ စထွက်လာသည်။

“ဘာဖြစ်တာလဲ။ ငါ့ကို ငါ့ထက် ဦးနှောက် ပိုကောင်းတဲ့ တစ်ယောက်ယောက်ကများ ရှင်းပြပေးလို့ ရမလား။ ငါ နည်းနည်း ကြောက်လာပြီ”

“ဒီကောင်မလေးရဲ့ မျက်နှာ အမူအရာက လုံးဝကို စစ်မှန်တာနော်။ ဖြစ်နိုင်တာက … ဒီအိမ်ထဲမှာ သရဲရှိလို့လား”

“ဟစ် တော်တော့ ပေါက်ကရတွေ မပြောနဲ့။ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒါပေမဲ့ … ဒါပေမဲ့ အဲဒီခုံနှစ်ခုံမှာ တကယ်ကို ဘယ်သူမှ မရှိဘူးနော်။ ဘယ်လိုဖြစ်ပြီး …”

“ဂရုစိုက် တွေးကြည့်စမ်းပါ။ ဒီနေရာက နည်းနည်း ကိုးရိုးကားရား ဖြစ်နေသလိုပဲ။ အထူးသဖြင့် ကောင်မလေးလေ။ သူမက သူမရဲ့ မိဘတွေကို စောင့်မယ်လို့ ပြောတာကို ဒီလိုမျိုးကြီး ဖြစ်လာတယ်”

“ငါ့အထင် ဒါရိုက်တာ ဆုပိုင်တောင်မှ မသိလောက်ဘူး”

“ဖီဗန်က စိတ်ရောဂါ ရှိနေတာလား။ ဒါမှ မဟုတ် …”

…

ကင်မရာ၏ နောက်မှတစ်ဆင့် ဒီလူများသည်လည်း တံခါးလာခေါက်သော သူများက လမ်းပေါ်မှအဒေါ်ကြီးများ ဖြစ်ကြောင်း မြင်ရသည်။

“မင်း”

407 02

“လူငယ်လေး ငါတို့ မင်းကို ပြောပြမယ်။ … ညဘက်ကျရင် သတိထားနော်”

အိုင်နာက ထမင်းစား စားပွဲတွင် ထိုင်နေသော ဖီဗန်ကို ကြောက်လန့်တကြား ကြည့်ပြီး ဆုပိုင်ကို ဘေးဘက်သို့ ဆွဲယူကာ လေသံ တိုးတိုးနှင့်ပြောသည်။

“ဒီကောင်မလေး ဖီဗန်ကလေ …”

“အိုး နင်တို့ ဘာလို့ ရောက်လာတာလဲ။ စားပြီးကြပြီလား”

ထိုအချိန်တွင် ထမင်းစား စားပွဲထံမှ အသက်လတ်ပိုင်း အရွယ် အမျိုးသမီးတစ်ယောက်၏ အသံက ထွက်လာသည်။ ဆုပိုင်က တစ်လှမ်းချင်းစီ လျှောက်လာသော ဖီဗန်ကို ကြည့်ပြီးနောက် အလိုအလျောက်ပင် နောက်ဆုတ်လိုက်မိသည်။

“ဆွယ်တာက ထိုးလို့ မပြီးသေးဘူး။ မနက်ဖြန်ခါမှ ပြန်လာခဲ့ ဟုတ်ပြီလား”

ထိုအချိန်တွင် ဖီဗန်က အိမ်ရှင်မ တစ်ယောက်နှင့်တူသည်။ သူမက ချိုမြိန်စွာ ပြုံးနေ၏။

“ဟားဟား ငါတို့ ဒီအတိုင်း လာမေးကြည့်တာပါ။ နင်တို့ ဆက်စားနေကြလေ”

အိုင်နာက ဖီဗန်၏ပုံစံကို ကြည့်ပြီးနောက် သူမ၏ကျောဘက်မှ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်ပြီး မဝံ့မရဲသော မျက်နှာနှင့် ပြောသည်။

“ငါတို့ အိမ်က စားစရာတွေကလည်း အသင့် ဖြစ်တော့မှာ”

“ဒါဆိုရင် ငါတို့ ထွက်သွားတော့မယ်နော်”

“မြန်မြန်နော်”

သူမက ထိုသို့ ရေရွတ်ပြီးသည့်နှင့် အပေါင်းအဖော်နှစ်ယောက်ကို ခေါ်ကာ ခပ်မြန်မြန် ထွက်သွားသည်။

မထွက်သွားသေးခင် ဆုပိုင်ကို တစ်ချက် လှမ်းကြည့်ပြီး ခေါင်းကို ညင်သာစွာ ခါပြသွားသေးသည်။

ကလစ်

ပြန်ပိတ်သွားသော တံခါးကို ကြည့်နေသော ဆုပိုင်က ဖီဗန်ကို ငေးယိုင်ကာ ကြည့်လိုက်သည်။

“လာစမ်းပါ ကလေး … စားစရာတွေက သိပ်မကြာခင် အေးတော့မယ်”

အသက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီး တစ်ယောက်၏ အသံ ဖြစ်နေလေသည်။

“အိုး … ကောင်းပြီလေ”

ဆုပိုင်က အသက်ကို ပြင်းပြင်း ရှုပြီးသည့်နှင့် ထမင်းစား စားပွဲရှိရာဆီသို့ လျှောက်လာသည်။ ထိုအချိန်တွင် ဖီဗန်က သူမ၏ ထိုင်ခုံတွင် မထိုင်ဘဲ ဘယ်ဘက်ခြမ်းတွင် ထိုင်သည်။

“စား … အိမ်နီးချင်းတွေ အခုလေးတင် လာသွားတာ။ ငါ သူတို့ကို ဆွယ်တာ နည်းနည်းလောက် ထိုးပေးဖို့ ကတိပေးထားတာလေ။ ငါ ဒီညတော့ ညည်းနက်တဲ့အထိ နေရမယ်ထင်တယ်။ တခြားသူတွေကို ကတိပေးထားတဲ့အရာတွေကို အမြန်ဆုံး ပြီးမြောက်အောင် လုပ်ရမယ်လေ”

ဖီဗန်က သူမ၏ အရှေ့မှ ခင်ပွန်းနှင့် သမီးကို ကြည့်သည်။

သိုးသားကို စားနေရင်းမှ သူမက မိသားစုတစ်ခုကဲ့သို့ စကားပြောသည်။

407 03

“ဟားဟားဟား ငါတော့ အိုင်နာရဲ့ အိမ်က နှာခေါင်းမည်း သိုးက မနေ့က ရေထဲကျသွားတယ်လို့ ကြားတယ်။ အိုင်နာက တော်တော်လေး စိုးရိမ်နေတော့မှာ။ ကံကောင်းစွာနဲ့ ငါတို့ မွေးထားတဲ့ သိုးတွေက တော်တော်လေး လိမ္မာတာပဲ … အဲဒီလိုမှ မဟုတ်ရင် ဒုက္ခရောက်တော့မှာပဲ”

“ဖီဗန် ဒီနေ့ ကျောင်းက ဘယ်လိုနေလဲ။ အိမ်စာတွေ ပြီးသွားပြီလား။ စာတမ်းအတွက် ပြင်ဆင်တာက ဘယ်လိုနေလဲ။ နေ့တိုင်းလိုလို အဲဒီနှာခေါင်းမည်း သိုးတွေနဲ့ တစ်ချိန်လုံး မကစားနေနဲ့နော်။ စာတွေ များများဖတ် ဟုတ်ပြီလား”

“သိုးခြေထောက် ဒီနေ့ ကောင်းကောင်း ကင်ထားတာပဲ။ ကြည့်ရတာ ငါရဲ့ ဟင်းချက်လက်ရာက အခုတလော တိုးတက်လာတယ်လို့ ထင်တယ်။ ဆုပိုင် ဟုတ်တယ်မှတ်လား။ နင် ဘယ်လို ထင်လဲ။ ငါ ကြားတာတော့ ခရီးသွားတွေက အရမ်း အန္တာရာယ်များတယ်လေ။ ဟုတ်တယ်မှတ်လား”

“ဂလု”

ဆုပိုင်က သူ့ကို ကြည့်နေသော ဖီဗန်ကို ကြည့်ပြီး ပါးစပ်ထဲမှ သိုးသားကို ခက်ခက်ခဲခဲ မျိုချလိုက်ကာ ခေါင်းကို ခပ်မြန်မြန် ညိတ်သည်။

“အရသာရှိတယ်။ … ငါ ဒီလောက် အရသာရှိတဲ့ သိုးမျိုး မစားဖူးဘူး။ ဟားဟား”

ဆုပိုင်က ကိုးရိုးကားရား ဖြစ်သလို ပြုံးလိုက်ရင်း ခေါင်းကို ပြန်ညိတ်လိုက်သည်။

ယခုအချိန်တွင် ဆုပိုင်သည်လည်း ဖီဗန်က ပြင်းထန်သော စိတ်ရောဂါကို ခံစားနေရလောက်ကြောင်း နားလည်သွားပြီ ဖြစ်သည်။ လူအများက ထိုကိစ္စကို ကိုယ်ခွဲ စိတ်ရောဂါဟု ခေါ်ကြသည်။

အကြောင်းမှုကာ ဖီဗန်တွင် အနည်းဆုံး ကိုယ်ခွဲနှစ်ခုလောက် ရှိနေလောက်ပြီး သူမကိုယ်တိုင်က တစ်ယောက်၊ သူမမိခင်ဖြစ်သူက တစ်ယောက် ဖြစ်နေလောက်သည်။ သို့သော် …

ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ဒီလိုရောဂါမျိုးရှိရလောက်အောင် ဘယ်လောက်တောင် ဒုက္ခခံခဲ့ရလို့လဲ။

“အိုး ဒီသိုးခြေထောက်က နည်းနည်းလေး အေးနေပြီ။ ဧည့်သည်တွေရှေ့မှာ ထားရတာ နည်းနည်းလေး ရိုင်းတယ်။ ငါ သွားနွေးလိုက်မယ်။ နင်တို့တွေ ဆက်စားကြ”

ဖီဗန်က သိုးခြေထောက် ပန်းကန်နဲ့ အတူ စားပွဲမှ ထသွားသည့်ကို ကြည့်လိုက်ရင်း သူက အသက်ကို ပြင်ပြင်းရှုကာ သက်ပြင်းချသည်။

ဆုပိုင်က စိတ်အေးသွားရသည်။

“ဖက်စ့် ဒါက တော်တော်လေးကို ကြောက်ဖို့ကောင်းတာ”

သူက ရေရွတ်သည်။ သူသည်ပင် စနစ်က ဒီတစ်ခေါက် သူ့ကို မည်သည့်အရာကို လုပ်စေချင်မှန်း မသိသေးပေ။ သူ စိုးရိမ်သည့်မှာ နှာခေါင်း သိုးတင် မကဘဲ ထိုဖျားနေသော ဖီဗန်ကိုပင် ကယ်တင်ရလောက်သည်။

သို့သော် …

ဒါပေမဲ့ ဒီရောဂါကို ဘယ်လိုကုရမှာလဲ။

“အဟွ့န်အဟွန့်”

ထိုအချိန်တွင် အနောက်ဘက်မှ ပြင်းထန်သော ချောင်းဆိုးသံက ထွက်ပေါ်လာသည်။

ဖြန်း

ပုခုံးက လေးလံစွာ အရိုက်ခံလိုက်ရသည်။

407 04

“မင်းက အရမ်း ပိန်တယ်။ ခရီးသွားဖြစ်ဖို့ အရည်အချင်း မပြည့်မှီဘူး”

“ငါ ဖီဗန်အမေကို မသိခင်က အပြင်ဘက်က နှင်းတောင်တစ်လုံးကိုလေ ကုန်းတက်ခဲ့တာ ဒါပေမဲ့ အခု ငါ အသက်ကြီးနေပြီဆိုတော့ နေ့တိုင်းလိုလို ဒီသိုးအုပ်ကိုပဲ ကျောင်းနေရတယ်လေ။ ငါ တကယ်ကို လွမ်းမိတယ်”

နည်းနည်း ဩရှသော အသက်လတ်ပိုင်းအရွယ် လူကြီး၏ အသံတစ်သံက ထွက်လာသည်။

စိတ်သုံးမျိုးလား။

ဆုပိုင်ကပင် နှုတ်ခမ်းကို တစ်ချက်သပ်ပြီး ခေါင်းကို လှည့်ကာ ခေါင်းညိတ်ပြသည်။

“ဟုတ်တယ်။ ဦးလေး ပြောတာ မှန်ပါတယ်။ များများစားဖို့ ကြိုးစားကြည့်မယ်။ … ဒေါ်လေးရဲ့ သိုးခြေထောက်ကင်က တကယ် အရသာရှိတာလေ။ ငါ … ငါ ပြီးသွားပြီလား သွားကြည့်လိုက်အုန်းမယ်”

သူဟာ ထိုင်ခုံမှ ထရပ်ကာ မီးခိုခန်းထဲသို့ အပြေးသွားသည်။ မီးဖိုခန်းထဲသို့ ဝင်လိုက်သည့်နှင့် အကင်စက်ပေါ်တွင် တိတ်တဆိတ် ကင်ထားသော သိုးခြေထောက်ကို မြင်ရသည်။ အောက်ဘက်မှ မီးတောက်ကိုလည်း မပိတ်ရသေးချေ။

“အား”

ဆုပိုင်က သက်ပြင်းချသည်။ ကြည့်ရသည်မှာ ထိုကောင်မလေးက တစ်စုံတစ်ရာကို ကြုံ့တွေ့ခဲ့ရလောက်သည်။ သို့မဟုတ်ပါက လူတစ်ယောက်တည်းတွင် မိသားစု သုံးယောက်၏ ကဏ္ဏာကို ခွဲကာ သရုပ်ဆောင်နိုင်မည် မဟုတ်ပေ။

သူ ဘယ်လိုနေမှာလဲ။

နောက်ပြီး

အခုချိန်အထိ မိသားစုမှ လူကြီးတစ်ယောက်မှ ပြန်မလာသေးပေ။ ထိုကြောင်းကို တွေးမိပြီး ဆုပိုင်က မကောင်းသော ခံစားချက်ရလာသည်။ သူ စိုးရိမ်သည်မှာ …

ဒီမိသားစုထဲတွင် ဖီဗန်တစ်ယောက်တည်းသာ ကျန်ခဲ့ရလောက်သည်။ သို့မဟုတ်ပါက အခုလို ဖြစ်နေမည် မဟုတ်ပေ။

မီးကို လှမ်းပိတ်ပြီးသည့်နှင့် ဆုပိုင်က သိုးခြေထောက်ပန်းကန်ကို ယူကာ ထမင်းစား စားပွဲဆီ ပြန်လာကာ စားပွဲတွင် ညင်သာစွာ ပြန်ချသည်။

ထိုအချိန်တွင် ဖီဗန်က နဂိုနေရာတွင် ပြန်ထိုင်နေသည်။

“အမေ ဘာလို့ ကိုယ်တိုင် သွားမယူတာလဲ။ ဧည့်သည်ကို လွှတ်ရတာလဲ”

“ဆုပိုင် မြန်မြန်စား။ နင် စားလို့ ပြီးသွားတာနဲ့ ငါ နင်ရဲ့အခန်းကို လိုက်ပို့ပေးမယ်။ နင် ဒုတိယအထပ်က ထောင့်နားမှာ နေလေ”

“ဟေး”

ဆုပိုင်က ခေါင်းကို ညင်သာစွာ ညိတ်သည်။

…

“ဟားဟားဟား ငါတို့ အထဲဝင်လို့ ရလား မား”

“ဒါက နောက်ဆုံးပေါ် သရဲအိမ်လေ။ ငါတို့ ဝင်ကြည့်လို့ ရတယ်မှတ်လား”

“ယောက်ျား မဝင်နဲ့။ အရမ်း ကြောက်ဖို့ကောင်းတယ်”

407 05

ချင်းတုရှိ အပန်းဖြေပန်းခြံ။

အာဟက အဝေးရှိ မြက်ခင်းထဲတွင် တိတ်တဆိတ် လဲနေရင်း သူ၏အရှေ့မှ လူအုပ်ကို ကြည့်ကာ သူတို့၏ ပြောစကားကို နားထောင်သည်။ တခြားသူပင် ခေါင်းမှ ငှက်တော၏ ဆူသံကိုလည်း နားထောင်ရသေးသည်။

“အား… အာဟ မင်း … မင်း မျိုးမစစ်။ ငါ့ကို လိမ်ရဲတယ်”

“တီချာ ဖူကာဒါက ဘယ်မှာလဲ။ ဘာမှ မရှိဘူး။ ငါ ပြန်တော့မယ်”

“ငါ မင်းပြောတဲ့ စကားကို တစ်လုံးမှ မယုံတော့ဘူး။ မင်း မျိုးမစစ်ကောင် ငါက ကူညီပြီး ဝံပုလွေမကို ပိုးပန်းနိုင်အောင် လုပ်ပေးတယ်။ ဒါပေမဲ့ မင်းက ငါ့ကို ဒီလို ဆက်ဆံတယ်။ ဒါရိုက်တာ ဆုပိုင်ကသာ သိသွားရင် … ငါ မင်းကို တိုင်မယ်”

ငှက်တောက အာဟ၏ ခေါင်းပေါ်တွင် ရပ်ပြီး ခုန်ပေါက်နေသည်။ သူသည်လည်း လုံးဝ မမျှော်လင့်ထားပဲ အရာအားလုံးက အတုအယောင် ဖြစ်နေသည်။

ဘာကို ဆရာမ ဖူကာဒါလဲ။

ဘာကို ဆရာမ တာကာဟာရှိလဲ။

ဘာကို ဆရာမ စဲကိုလဲ။

အားလုံးက အတုအယောင်တွေပဲ။

ဒီခွေးသေကောင်က အားလုံး ဖန်တီးထားတာ။

သူသည် ဆိုးဆိုးရွားရွား လှည့်စားခံလိုက်ရလေသည်။ ယခုအခါ ပြန်ပြေး၍လည်း မရတော့ချေ။ အကြောင်းမှုကာ သူတို့သည် အပြင်သို့ ရောက်နေသည်မှာ ငါးရက်နီးပါး ကြာနေပြီ ဖြစ်သည်။

ဒါရိုက်တာ ဆုပိုင်ကသာ သိသွားခဲ့လျှင် သူသည် သေချာပေါက် အချိန်ကောင်းကို မပိုင်ဆိုင်လောက်တော့ပေ။

အောက်ဘက်မှ အာဟကလည်း ရေနွေးပူကိုပင် မကြောက်သော ဝက်တစ်ကောင်အလား ပြုမှုနေသည်။ သို့သော် သူကမှု ခြားနား၏။ သူ၏ အမွှေးက နှစ်ကြိမ်အထက် အနှုတ်ခံရဖူးလေသည်။ ဤသို့ ထပ်ဖြစ်လာခဲ့သော်

သူရဲ့ နှလုံးသားသေးသေးလေးက တောင့်မခံနိုင်လောက်ဘူး။

“အားဝူးးး”

“မအော်နဲ့”

အာဟက သူ၏လက်သည်းတွင် ချိတ်ထားသော ကြိုးကို တစ်ချက်ကြည့်ပြီး အော်သည်။

“ငါတို့ ဒီည ဒီမှာ နေမယ်။ ငါ တော်တော်လေး စောင့်ကြည့်နေတာ ကြာပြီ။ အဲဒီမှာ ငါတို့ ဝင်လို့ရတဲ့ အပေါက်တစ်ပေါက် အနောက်ဘက်မှာ ရှိတယ်”

“နောက်ပြီး … ဒါက လူအနည်းဆုံး အခန်းလေ။ ငါတို့ ထောင့်တစ်နေရာကို ရှာပြီး ပုန်းနေလိုက်မယ်ဆိုရင် ဘယ်သူကမှ ရှာမတွေ့ပါဘူး။ ဟုတ်တယ်မှတ်လား”

“အိုး မအော်စမ်းပါနဲ့။ မင်း ထပ်အော်မယ်ဆိုရင် မင်းရဲ့အမွှေးကို အခုပဲ နှုတ်တော့မယ်”

သေချာစွာပင် ထိုစကား ထွက်လာသည့်နှင့် ငှက်တောက ချက်ချင်းဆိုသလို တိတ်သွားသည်။ သို့ရာတွင် သူက မော့ကြည့်လိုက်သည့်နှင့်

“ဝိုး အလှလေး”

သူက တအံ့တဩ အော်သည်။

အာဟကလည်း မျက်မှောင်ကြုတ်ပြီး လှမ်းကြည့်လိုက်သောအခါ အနက်ရောင် လည်သာအင်္ကျီကို ဝတ်ဆင်ထားသော ခပ်လန်းလန်း ခန္ဓာကိုယ်နှင့် အမျိုးသမီး တစ်ယောက်က အိမ်ရှေ့တွင် ရပ်နေကြောင်း မြင်ရသည်။ သူမ၏ အနောက်ဘက်တွင်လည်း အမျိုးမျိုးသော ထူးဆန်းသည့် ပစ္စည်းများကို ကိုင်သော လူများ ရှိနေသည်။

“လာ သွားရအောင် မြန်မြန် ဝင်ရမယ်။ အထဲက အလှလေးကို ကောင်းကောင်း ကြည့်ရမယ်”

အာဟက တစ်ချက် တွေးတောပြီး နောက်ဆုံးတွင် ချုံ့ပုတ်ထဲမှပင် တဖြည်းဖြည်း ကုန်းတက်၍ တစ်ဖက်သို့ ပြန်လှည့်ကာ ဘေးဘက်ရှိ မြေကြီး တွင်းပေါက်ထဲမှ တိုးဝင်သည်။

++++++

408 01

အခန်း 408

“ဟယ်လို အားလုံးပဲ ဒီနေ့ ရှောင်ချန်းချန်းက ဒီနေရာမှာ အသစ်ဖွင့်ထားတဲ့ သရဲအိမ်ကို စိန်ခေါ်ဖို့ ဖိတ်ကြားခံထားရပါတယ်။ ဒီသရဲအိမ်က လူပေါင်းများစွာကို မျက်ရည်ထွက်တဲ့အထိ ခြောက်နိုင်ခဲ့တယ်တဲ့”

ယွင်ချန်းကလည်း သရဲအိမ်ကြီး၏ အရှေ့ဘက်တွင် ရပ်နေရင်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများကို ပြောပြသည်။

“တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပေးတာကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒီသရဲအိမ်က ဘယ်လောက်အထိ ကြောက်ဖို့ကောင်းမှာ မို့လို့လဲ။ လူတွေကို မျက်ရည်ထွက်အောင် ခြောက်နိုင်လို့လား”

“ဒီနေ့ ရှောင်ချန်းချန်းကလည်း အားလုံးကို အတူတူ တွေ့ကြုံ့နိုင်အောင် ခေါ်သွားပေးမှာပါ”

“တကယ်လို့ followမလုပ်ထားဘူးဆိုရင်လည်း followလုပ်လိုက်ကြပါအုန်း။ ဒီတင်ဆက်သူက ဒီနေ့သာ မျက်ရည်ထွက်တဲ့အထိ ကြောက်သွားခဲ့မယ်ဆိုရင်တော့ … ကံကောင်းတဲ့ ကြည့်ရှုသူ သုံးယောက်ကိုလည်း ကြုံ့ရာကျပန်း ရွေးချယ်လိုက်ပြီး ရှောင်ချန်းရဲ့ သီးသန့်ဓာတ်ပုံတွေကို အလကားပေးမှာပါ”

“အားလုံးပဲ သွားရအောင်”

ထိုသို့ ပြောပြီးသည့်နှင့် ယွင်ချန်းက ချို့တို့ကျဲတဲဖြစ်နေသော ကောမန့်များကို ကြည့်ကာ ပျက်ယွင်းသော မျက်နှာဖြင့် ပြောသည်။

ဒါရိုက်တာဆုပိုင်သည် သူတို့၏ ပလက်ဖောင်းတွင် စတင်ကာ တိုက်ရိုက်ထုတ်လွှင့်နေကတည်းက တခြားသော လူများအတွက် ရှင်သန်ရန် နည်းလမ်း မရှိတော့ပေ။ သို့သော် သူမသည် အမျိုးမျိုးသော ထိတ်လန့်သည်းဖို နေရာများကို တစ်ယောက်တည်း သွားခြင်းဖြင့် စိန်ခေါ်ကာ ကျော်ကြားသည်။ သို့သော် ထိုအမျိုးသားက စတင်ကာ တိုက်ရိုက်ထုတ်လွှင့်နေကတည်းက … တိုက်ရိုက်ထုတ်လွှင့်နေချိန် မဟုတ်မှသာ အဆင်ပြေနိုင်သည်။ သို့မဟုတ်ပါက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူအများစုကလည်း အကောင်သေးသေးလေးများနှင့် အကောင်ကြီးများအားလုံးကို သုံးကာ ဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ သွားနေကြသည်။ သို့ရာတွင်

တိုက်ရိုက်ထုတ်လွှင့်မှု၏ ဒီနေ့လက်ခံထားသော တာဝန်မှ ဆုလဒ်ကလည်း မနိမ့်ချေ။ စာရင်းမှ သူဌေးကြီးကလည်း သူမကို ပိုက်ဆံအများကြီး ပေးထားပြီး ဒီနေ့ လာရောက် စိန်ခေါ်ခိုင်းခြင်း ဖြစ်သည်။

နောက်ဆုံးအနေနှင့် ယွင်ချန်းက ရဲရင့်သော မျက်နှာဖြင့် လာရောက်ခြင်း ဖြစ်သည်။

“အား”

“ဒီလို သရဲအိမ်သေးသေးလေးက လူ‌တွေကို မျက်ရည်ထွက်အောင် ခြောက်နိုင်တယ်တဲ့။ လွန်ကဲလိုက်တာ”

သူမက သက်ပြင်းချပြီးနောက်တွင် အနောက်ဘက်မှ ဝန်ထမ်းကို လက်ရမ်းပြကာ ဆက်ဖီးလ်စတစ်ကို ယူပြီး အထဲသို့ တဖြည်းဖြည်း ဝင်လာခဲ့သည်။

“ခဏလောက် နားရအောင်။ ကြည့်ရတာ ယွင်ချန်းက ငါးမိနစ်လောက် နေရင် ထွက်လာလိမ့်မယ်”

“ငါတော့ ဒီအချိန်မှာ စီးကရက် သောက်လို့ ရမယ်ထင်တယ်။ ယွင်ချန်းက ရှေးဟောင်းဂူတစ်ခုကို စိန်ခေါ်ဖူးတာကို မမေ့နဲ့အုန်း။ ဒီသရဲအိမ်လောက်က စိန်ခေါ်မှု မရှိလောက်ပါဘူး”

လက်ထောက်နှစ်ယောက်ကလည်း တံခါးနားရှိ ထိုင်ခုံများပေါ်တွင် အသီးသီး ထိုင်ချလိုက်ကြပြီး သရဲအိမ်၏ အနည်းနှင့်အများ ကြောက်စရာကောင်းသော ပုံစံကို အထင်တသေး ကြည့်ကာ ပြုံးနေကြသည်။

ယွင်ချန်းကဲ့သို့ မရေမတွက်နိုင်သော ထိတ်လန့်သည်းဖိုဆန်လွန်းသော အရာများကို စိန်ခေါ်ခဲ့ဖူးသော သူမျိုးအတွက် အနည်းငယ်ပင် မခြောက်ခြားလောက်ပါပေ။

“တစ် တစ် တစ်”

ယွင်ချန်းက မည်းမှောင်သော လမ်းကြောင်းတွင် လျှောက်နေသည်။ ဘေးဘက်မှ နီရဲသော သွေးများ စီးကျနေသည့် နံရံကို တစ်ချက်ကြည့်သည်။

“ဟား ဟား ဒီပုံစံကတော့ စိတ်ဝင်စားစရာပဲ။ အရှေ့မှာသာ ဖုတ်ကောင် ရှိတယ်ဆိုရင်တော့ ပိုပြီး ကောင်းလောက်မှာ”

408 02

သူမက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို တိတ်တဆိတ် အတွန့်တက်သေးသည်။ ခြေလှမ်း သုံးလှမ်းလောက် လျှောက်ပြီးသည့်နောက်တွင် အဝေးရှိ နံရံပေါ်မှ ရုပ်ထုများကိုလည်း မြင်ရသည်။ မရေမတွက်နိုင်သော အရိုးခြောက်များကိုလည်း ပုံထား၏။

အထက်မှ မီးလင်းက တဖြည်းဖြည်း မှိန်သွားသည်။

“ဝေါင်း”

စူးရှသော အော်သံက ထွက်လာ၏။ ယွင်ချန်း၏ နှုတ်ခမ်းများကလည်း နည်းနည်း ကော့တက်သွားပြီး ဘာကိုမှ ဂရုမစိုက်ဘဲ ထိုလုံးဝိုင်းသော စင်မြှင့်ဆီသို့ စတင်ကာ လျှောက်သည်။

ဘန်း

ခေါင်းအထက်မှ မီးက ရုတ်တရက် ပိတ်သွားသည်။ မိုဘိုင်းဖုန်းမှ မီးကို ပြန်ဖွင့်လိုက်ပြီးနောက်တွင် ယွင်ချန်းက ဖွင့်နေသော အခေါင်းတစ်ခေါင်းကို တစ်ချက်ကြည့်၍ လျှာကို သပ်သည်။

“ဒီမြင်ကွင်းကတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။ သာမန်လူတွေကတော့ သေချာပေါက် ကြောက်နေလောက်မယ်။ ဒါပေမဲ့ တင်ဆက်သူအတွက်ကတော့ မလုံလောက်သေးဘူး”

သူက အခေါင်းနားသို့ တစ်လှမ်းချင်းစီ လျှောက်သွားပြီး ငုံ့ကြည့်သည်။ အတွင်းတွင် သွေးသံရဲရဲနှင့် အရိုးခြောက်တစ်ခုက လှဲနေသည်။ သို့သော် ပစ္စည်းများက သိသာစွာပင် အတုအယောင် ဖြစ်ပြီး ထူလွန်းနေသည်။

“ဒီအရိုးက လုံးဝကို ရှုံးနိမ့်တာပဲ။ အဝါရောင် ဒါမှ မဟုတ် အနက်ရောင် ဆိုရင်တော့ ပိုပြီး ကြောက်စရာ ကောင်းမှာ”

“ဒါပေမဲ့ နေရာကျဉ်းကျဉ်းလေးက လူတွေအတွက်ကတော့ သရဲအိမ်ကြီးရဲ့ အရည်အသွေးကတော့ တော်တော်လေး ကောင်းနေပြီ”

“ဒီထက်သာ စစ်မှန်တဲ့ လူတွေရှိမယ်ဆိုရင် …”

ဖလုတ် ဖလုတ် ဖလုတ်

ရုတ်တရက် သူမ့စကားက မဆုံးသေးခင် ခေါင်းအထက်မှ လေပြင်းက လှုပ်ခတ်သွားသည်။ ယွင်ချန်းက မျက်မှောင်အနည်းငယ် ကျုံ့ပြီး ဖုန်း၏ မီးအလင်းရောင်ကို မြောက်ကာ တစ်ချက်ကြည့်သည်။

ထိုနေရာတွင် လေတိုက်ခတ်လာအောင် လုပ်ထားသော စက်မျိုးလည်း မရှိပေ။ ဆိုတော့ ဘယ်နေရာကနေ လေသံထွက်လာတာလဲ။ စပီကာကလား။

“ဟီး ဟီး”

ထိုအချိန်တွင်ပင် သူမ၏ မျက်ခုံးက လေးလံသွားသည်။ သူမ၏ မျက်နှာကို ပူပြင်းသော လေက လာရောက် ရိုက်ခတ်၏။ ထိုနောက် ဆိုးယုတ်သော ရယ်သံက ထွက်လာ၏။

“နာမည် ဘယ်လိုခေါ်လဲ”

“ဒီလို မည်းမှောင်တဲ့ နေရာကို တစ်ယောက်တည်း လာတာ မကြောက်ဘူးလား”

“ငါ့ကို အဖော်ပြုစေချင်လား”

အသံက အလွန် ရှင်းလင်းသည်။ သူမ၏ အနားကပ်ရက်ကနေ ထွက်လာခြင်း ဖြစ်သည်။ ယွင်ချန်းသည်လည်း ထွက်လာသော စကားလုံး တစ်လုံးချင်းစီတိုင်းကြောင့် လေတိုက်ခတ်မှုကိုပင် ခံစားမိသည်။

“ဟူး”

408 03

သူမက အသက်ပြင်းပြင်း ရှုပြီး တစ်ချက် မော့ကြည့်သည်။

“အား”

နှုတ်ခမ်းကောက်ကောက်နှင့် ခေါင်းကြီး လှုပ်ခါနေပြီး ပုခုံးပေါ်တွင် ရပ်နေသော အရာကြီးကို မြင်လိုက်ရသည်။ ထိုအရာ၏ ချွန်ထက်နေသော နှုတ်သီးက သူမ၏ အရေပြားကို ဆိတ်တော့ပေမည်။

“ဟီး ဟီး မကြောက်ပါနဲ့”

“လာလေ ငါက အဖော်ပြုပေးရင် ဘယ်လိုလဲ”

“ဝုတ်”

ထိုအချိန်တွင် အခေါင်းထဲမှ အေးစိမ့်ဖွယ်ကောင်းသော အော်သံကထွက်လာသည်။ အနက်ရောင် အရာကြီး တစ်ခုက ပြေးထွက်လာ၏။

ခရက်စ့်

ယွင်ချန်း၏ အရှေ့ဘက်တွင် ချွန်ထက်သော သွားများက အတန်းလိုက် ပေါ်လာသည်။ ခြေထောက်အရိုးကြီးက ကွဲကြွေသွားသည်။

ဖူး

အနက်ရောင်အရိပ်၏ ပါးစပ်ထဲမှ တစ်စုံတစ်ရာ ကွဲကြေသလို အသံမျိုးက ထွက်လာပြီးနောက် သူဟာ ခေါင်းကို တဖြည်းဖြည်း ပြန်မော့သည်။

ယွင်ချန်းက ပင့်သက်ရှိုက်လိုက်ပြီး တစ်ခဏခန့် နောက်ဆုတ်သည်။ ထိုအစိမ်းရင့်ရောင် မျက်ဝန်းတစ်စုံက တစ္ဆေမီးတောက်နှင့် တစ်ထေရာတည်း တူသည်။

“ငါ မင်းကို မစားပါနဲ့လို့ ပြောသားပဲ။ ဒါပေမဲ့ မင်းက အတင်းကို စားတာ”

ထိုအချိန်တွင် သူမ၏ နားထဲမှ အသံတစ်သံက ထွက်လာပြန်သည်။

“ဂလု”

ယွင်ချန်းက တဖြည်းဖြည်း ချဉ်းကပ်လာသော အနက်ရောင် အရိပ်ကို ကြည့်ပြီး တံတွေးများကို ခက်ခက်ခဲခဲ မျိုချသည်။

ဒါက … ဒါက လုံးဝကို လူလုပ်တာ မဟုတ်ဘူး။

ဒါဆိုရင် …

ဒါ … ဒါတွေက ဘာလဲ။

“ဝေါင်း”

အာဟက အော်ဟစ်လိုက်ပြီးနောက် တစ်ချက် လျှာသပ်သည်။ သူ၏ ပါးစပ်ထဲမှ လျှာအရှည်ကြီးက ထွက်လာကာ အမွှေးကို ငုံ့ကြည့်ပြီး ခေါင်းကို ညင်သာစွာ ခါသည်။

သောက်ငရဲလိုပဲ ဒီအိမ်ကို ဘယ်လို ဆောက်ထားတာလဲ။ အထဲက အရိုးတွေကလည်း အားလုံး အတုတွေ။ သူကိုက်လိုက်တော့ သူရဲ့ လျှာထဲမှာတောင် အမှုန့်တွေပဲ။

သူ တစ်နေရာကို ရှာပြီး ယက်ရမယ်။၊

သူက အရှေ့မှ အရပ်ရှည်ရှည်နဲ့ အမျိုးသမီးကို ကြည့်ပြီး အာဟ၏ မျက်လုံးက တစ်ချက်လန်သွားကာ အပြေးလာသည်။

ဘန်း

408 04

ထိုနောက် သူ၏ အသားများသော လက်တစ်စုံက ထိုအမျိုးသမီး၏ ခြေထောက်ပေါ် တိုက်ရိုက်တင်သည်။

ထိုနောက် လျှာကလည်း အမျိုးသမီး၏ လက်ခုံကို ယက်သည်။

“ဖက်စ့် မင်း အသက်ရှင်ရတာ ပင်ပန်းနေပြီလား ဟမ်။ ငါ မင်းကို လုပ်ဖို့ ပြောလို့လား။ ဘယ်လိုတောင် ပါးစပ်ကို လှုပ်ရဲတာလဲ”

“အား”

နားထဲမှ ဆူပူသံကို နားထောင်နေရသလို အေးစက်သော လက်ဖဝါးဒဏ်ကိုလည်း ခံစားမိနေပြီး စေးကပ်သော အရည်ကလည်း လက်ခုံကို လာထိနေကြောင်း သိလိုက်ရသည့်နှင့် ယွင်ချန်းက အော်သည်။ ထိုနောက် လက်ထဲမှ ဖုန်းကိုပင် လွှတ်ပစ်လိုက်ပြီး ချက်ချင်းပြန်လှည့်ကာ အပြင်သို့ ပြေးထွက်သွားလေသည်။

ငါ သရဲအိမ်တွေ အများကြီး ရောက်ဖူးပါတယ်။ ဒါက ဒီလောက် ကြောက်ဖို့ကောင်းတာ မမြင်ဖူးဘူး။

အဲဒီ လက်တစ်ဖဝါးစာလောက်လေးပဲ ရှိတဲ့ သရဲက လူစကားတောင် ပြောနိုင်တယ်။

နောက်ပြီး အောက်က အဲဒီ သရဲကြီးကလည်း ပိုပြီး ကြောက်ဖို့ ကောင်းသေးတယ်။ သူရဲ့ လျှာအရှည်ကြီးက လူလျှာနဲ့ကို မတူဘူး။

ဒါက … ဒါက ဘယ်လို သရဲအိမ်လဲ။

“ဟေး ဒီနေ့ ပုံမှန်ထက် နည်းနည်း နောက်ကျတာပဲ”

လက်ထောက်နှစ်ယောက်က သရဲအိမ်ထဲမှ ပြေးထွက်လာသော ယွင်ချန်းကို ကြည့်ပြီး ခပ်မြန်မြန် ထရပ်ကာ နှုတ်ဆက်သည်။ သို့သော်

“ဝူး ဝူး ဝူး”

“ငါ ဒီသရဲအိမ်နဲ့ ပတ်သက်ပြီး အတွန့်တက်ချင်တယ်။ ငါ့အတွက် သူဌေးကို သွားရှာပေး။ ဘယ်မှာလဲ။ အရမ်း ကြောက်ဖို့ကောင်းတယ်”

“ငါ သေအောင် ကြောက်နေပြီ”

လက်ထောက်နှစ်ယောက်က မြေပြင်တွင် ဆောင့်ကြောင့် ထိုင်ကာ မျက်နှာကို လက်အုပ်ပြီး ငိုနေသော ယွင်ချန်းကို ကြည့်သည်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး‌နောက် ခေါင်းကို ကိုးရိုးကားရား ကုတ်သည်။၊

တကယ် မျက်ရည်ထွက်လောက်အောင် ကြောက်စရာကောင်းလို့လား။

ဒီသရဲအိမ်က ယွင်ချန်းကို ဘယ်လိုကြောင့်များ မျက်ရည်ထွက်လောက်အောင် ခြောက်နိုင်တာလဲ။

“ယွင်ချန်း ဒါဆိုလည်း သူဌေးကို သွားရှာရအောင်။ ဒါပေမဲ့ … ငါတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ ပစ္စည်းက ဘယ်မှာလဲ"

လက်ထောက်က သူမကို မြေပြင်မှ ကူကာ ထူမပေးပြီးနောက် ခပ်တိုးတိုး မေးသည်။

“သူဌေးကလည်း အစစ်အမှန် လူကို သုံးပြီး ကစားထားတာ ဖြစ်လိမ့်မယ်။ အဲဒီလိုပဲ နေမှာပါ။ သူ ငါတို့ကို ကြိုတောင် မပြောထားဘူး။ လာ လာ လာ သူ့ကို အတွန့်တက်ကြမယ်”

“ဟုတ်တယ် ဟုတ်တယ် ယွင်ချန်း ခဏနေအုန်း ငါ သူဌေးကို သွားရှာမယ်”

“အစစ်အမှန် လူတွေက ကစားနေတာဆိုရင် ငါတို့ သေချာပေါက် သူဌေးကို အတွန့်တက် ရမယ်။ ဒါက ဒီအသိုင်းအဝိုင်းထဲက စည်းမျဉ်းပဲလေ ဟုတ်တယ်မှတ်လား။ ကံကောင်းစွာနဲ့ ငါတို့ရဲ့ ယွင်ချန်း ဖြစ်နေလို့ တခြားတစ်ယောက်သာဆိုရင် သေအောင် ကြောက်သွားမှာ”

အဓိက ကစားသမားနှစ်ယောက်က ထိုသို့ ဆူပူပြီးသည့်နှင့် လက်မှတ် ပြတင်းပေါက်နားထံသို့ အပြေးအလွှား သွားလိုက်သည်။

******

All Chapters