← Chapters

အခန်း (၄၀၉-၄၁၁)

Vol. 28 Ch. 409-411

အခန်း (၄၀၉-၄၁၁)

Vol. 28 Ch. 409-411

အခန်း409

“ဟစ် …”

“ဟစ် ဟစ်”

“စစ် … စစ် … စစ်”

ညနက်ပိုင်းတွင်

မီးဖိုခန်းထဲတွင် အမှောင်ပုံရိပ်တစ်ခုက ဆောင့်ကြောင့်ထိုင်နေပြီး လက်ထဲတွင် ချွန်ထက်သော ဓားရှည်ကို ကိုင်၍ ကျောက်တုံးတွင် ပွတ်နေလေသည်။

“ဟူး”

ဖီဗန်က ဓားသွားပေါ်သို့ လေကို မှုတ်ထုတ်လိုက်ပြီး လက်ချောင်းများဖြင့် ညင်သာစွာ ထိကြည့်သေးသည်။

“ဟစ်”

တဖြည်းဖြည်း ထွက်လာသော သွေးများကို ကြည့်ပြီး သူမ မှင်သက်ရှိုက်သည်။

“အဖေ ဘာလို့ ဒီလောက်အထိ သတိမဲ့ရတာလဲ။ ဓားသွေးတဲ့ အချိန်တိုင်းလိုလို လက်ချောင်းက ထိထိမိနေတာပဲ”

“ဟုတ်တယ်။ ကလေးက ရှင့်ကို အကြိမ်ပေါင်းများစွာ ပြောနေပြီ။ ဘာလို့ မမှတ်မိတာလဲ ဟမ်”

“ဒီအတိုင်း ဓားက ချွန်မချွန်ဆိုတာ စစ်ဖို့ပဲလေ”

မတူညီသော အသံ သုံးသံက ဖီဗန်၏ ပါးစပ်ထဲမှ ထွက်နေသည်။

သူမက လက်ကို ပါးစပ်ထဲထည့်ကာ တစ်ခဏခန့် စုပ်ပြီးနောက်တွင် ဖီဗန်က တဖြည်းဖြည်း ထရပ်ကာ မီးခိုခန်းထဲမှ တစ်လှမ်ချင်းစီ ထွက်ပြီး ဒုတိယအထပ်ဆီသို့ စလျှောက်သည်။ ထိုနောက် အခန်းတစ်ခု၏ အရှေ့တွင် ရပ်သည်။

သူမက လက်ကို မြှောက်ကာ တံခါးခေါက်တော့မည်အချိန်တွင်ပင်

“ဖီဗန် ဒီလောက် ညနက်နေပြီ။ ဧည့်သည်ကို နှောင့်ယှက်မလို့လား”

အသက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီး တစ်ယောက်၏ အသံက ထွက်လာသည်။ သူမက ဓားကို ကိုင်ထားရင်း တခြားတစ်ဖက်သို့ လှည့်ကာ အောက်ထပ် ပြန်ဆင်း၏။ ထိုနောက် တံခါးကို တဖြည်းဖြည်း တွန်းဖွင့်ကာ သိုးခင်းထံသို့ သွားသည်။

“အဖေ ငါ မင်းနဲ့ပဲ လွှဲထားလိုက်တော့မယ်”

“ဟီး ဟီး မစိုးရိမ်ပါနဲ့။ ငါတို့ မနက်ဖြန် ဧည့်သည်ကို ဧည့်ခံရအုန်းမယ်။ သိုးတစ်ကောင်ပဲ သတ်လိုက်ရအောင်။ ဝင်မလာနဲ့ ဝင်မလာနဲ့ ငါ့ဘာသာငါ သွားမယ်”

သူမက နံဘေးရှိ လေကို ပြောလိုက်သေးသည်။ ဖီဗန်သည်လည်း လက်ထဲတွင် ဓားရှည်ကြီးကို တင်းတင်းကြပ်ကြပ် ကိုင်ပြီး ထိုသိုးအုပ်ထံသို့ တစ်လှမ်းချင်းစီ သွားသည်။

လရောင်၏ အကူအညီကတစ်ဆင့် သူမက သိုးတစ်ကောင်ကို အာရုံကျသွားသည်။

“နင်ပဲ”

“နင့်ကို သုံးပြီး ဧည့််သည်ကို ဧည့်ခံလိုက်မယ်။ အချစ်လေး မအော်နဲ့နော်”

ဩရှသော အသံနှင့် ဖီဗန်က သိုးထံ တစ်လှမ်းချင်းစီ သွားသည်။

သိုးဂျိုကြီးကို လှမ်းကိုင်လိုက်ပြီးနောက် သူမက တဖြည်းဖြည်း ဆွဲမသေးသည်။

“ပါး”

သိုးက ကြောက်လန့်တကြား အော်သည်။ သူက မော့ကြည့်လိုက်သောအခါ သခင်မလေးက လက်ထဲတွင် ဓားရှည်ကြီး ကိုင်ထားကြောင်း မြင်ရသည်။

ဘာဖြစ်တာလဲ။

သူ့ကို သတ်တော့မှာလား။

409 02

ဒီလောက် မြန်တယ်။

ထိုအချိန်တွင်ပင် သိုးတစ်ကောင်ပြီး တစ်ကောင် နိုးလာကြသည်။ ဖီဗန်ဖြစ်ကြောင်း မြင်လိုက်သည့်နှင့် သူတို့အားလုံးက ကြောက်လန့်တကြား အတူစုဝေးနေကြကာ လက်ထဲက သိုးကို လှမ်းကြည့်သည်။

“နေအုန်း”

ရုတ်တရက် အနောက်ဘက်မှ အသံထွက်လာသည်။

ဆုပိုင်က အပြေးလာပြီးသည့်နှင့် ဖီဗန်၏လက်ထဲမှ ဓားရှည်ကို လုယူကာ သူမအား အအေးစက်သော အသံနှင့် မေးသည်။

“မင်း ညသန်းခေါင်ကြီး ဘာလာလုပ်နေတာလဲ”

“ဘာလို့ သိုးကို သတ်မှာလဲ”

“လူငယ်လေး ငါတို့ မနက်ဖြန် ဧည့်သည်ကို ဧည့်ခံရမယ်လေ။ ငါ့ကို ဓားပြန်ပေး”

ဖီဗန်က ဩရှသော အသံနှင့် ပြောသည်။

“ဟစ်”

ဆုပိုင်က လေအေးများကို ရှုရှိုက်သွင်းသည်။ ယခုအခါ ဖီဗန့်အဖေ၏ အကျင့်စရိုက်က ခန္ဓာကိုယ်ကို ထိန်းချုပ်နေခြင်း ဖြစ်သည်။ သို့သော် ဖီဗန်က တံခါးဝတွင် လာရပ်ကတည်းက ဆုပိုင်က သတိထားမိခဲ့ခြင်း ဖြစ်သည်။

ဆုပိုင်သည် အခန်းထဲသို့ ဝင်ပြီးချိန်ကတည်းက အိပ်မပျော်ခဲ့ချေ။ သူသည် ယခုလို ကိုးရိုးကားရားနိုင်သော မိသားစုမျိုးနှင့် လာတွေ့နေသည်။ ထိုကြောင့် ညဘက် မအိပ်ရဲတော့ချေ။

တံခါးဝတွင် လူတစ်ယောက် လာရပ်ကြောင်း သိလိုက်သည့်နှင့် အထူးသဖြင့် ချွန်ထက်သော ဓားရှည်ကြီးကို ကိုင်ထားကြောင်း မြင်လိုက်သည့်နှင့် ဆုပိုင်၏ နှလုံးသားက ခုန်ထွက်လုနီးပါး ဖြစ်သွားသေးသည်။

သူသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ဘာမှ မစိုးရိမ်ခဲ့ဖူးသော်လည်း သူ ပထမဦးဆုံးအကြိမ်အဖြစ် ဆိုးရွားဖွယ် ကောင်းသော အရာကို ကြုံ့တွေ့ဖူးခြင်း ဖြစ်သည်။ သူမသည် အသက် ၁၈ နှစ်သာ ရှိသေးသည်။ သို့သော် ခန္ဓာကိုယ်ကို စိတ်နေသဘောထား သုံးခုက ထိန်းချုပ်ထားသည်။

ဘန်း

ဖီဗန်က ဓားရှည်ကို လှမ်းလုကြောင်း မြင်သည့်နှင့် ဆုပိုင်က လက်စောင်းဖြင့် သူမ၏ လည်ပင်းကို ခုတ်ချလိုက်သည်။ သူမက မြေပြင်တွင် လဲကျသွားကြောင်း မြင်လိုက်သည့်နှင့် ခေါင်းကို ငုံ့ပြီး အရှေ့မှ သိုးအုပ်ကို ပြန်ကြည့်သည်။

ဒီမိသားစုက ဘာတွေ ဖြစ်နေတာလဲ။

ဒီကောင်တွေကတော့ သိမှာပဲ။

“ဒီကို လာအုန်း”

ဆုပိုင်က ခေါင်းလောင်းပါသော နှာခေါင်း မည်းသိုးတစ်ကောင်ကို လက်ရမ်းပြပြီးနောက် လေးနက်သော အသံနှင့် မေးသည်။

“ဒီမိသားစုက လူကြီးတွေ ဘယ်ရောက်ကုန်လဲ သိလား”

“မင်း သူမနဲ့ နေနေတာ ဘယ်လောက်ကြာပြီလဲ”

“မြှီး”

“မသိဘူး”

နှာခေါင်းမည်း သိုးက ခေါင်းကို ခပ်ပြင်းပြင်း ခါပြီးနောက် တုန်ယင်သော အသံနှင့် ပြောသည်။

“သခင် နှစ်ယောက် သေသွားတာ … သူတို့က ချောက်ကမ်းပါးအောက်ကို ကျသွားတာလေ”

“အဲဒီနေ့က သိုးတစ်ကောင်က ချောက်ကမ်းပါးရဲ့ အစွန်းနားကို ခုန်ချသွားတယ်။ အမျိုးသားသခင်က သူ့ကို သွားကယ်ဖို့ လုပ်ရင်းနဲ့ ခြေချော်ကျသွားတာ”

409 04

“သခင်မကတော့ ဘေးမှာ ကပ်ရက် ရှိနေတာ။ သခင်ကြီး ကျသွားတာ သူရဲ့ ကိုယ်ပိုင် မျက်လုံးနဲ့ မြင်လိုက်တော့ သိပ်မကြာဘူး ထင်တယ် သေသွားတာပဲ”

“သခင်မလေးကလည်း အဲဒီလို ဖြစ်သွားတာပဲ”

“သူတို့က နေ့တိုင်းလိုလို သိုးတစ်ကောင်စီ သတ်တယ်။ ငါတို့ …”

“ဟူး”

ဆုပိုင်က အသက်ကို ပြင်းပြင်းရှူသည်။ ဆိုလိုသည်မှာ ဖီဗန်က ယခုလို ဖြစ်နေသည်မှာ မကြာရှည်သေးချေ။ သို့သော် သိသာစွာပင် ဖီဗန်သည်လည်း ပြင်းထန်လွန်းသော ထင်ယောင်ထင်မှား ဝေဒနာကို ခံစားနေရသည်။ နေ့တိုင်းလိုလို မတူညီသော မိသားစုဝင် အဖွဲ့များအဖြစ် သရုပ်ဆောင်ပြီး တစ်မိသားစုလုံးမှ အလုပ်များကို လုပ်နေရခြင်း ဖြစ်သည်။

“အရမ်း အန္တာရာယ် များတယ်”

ဆုပိုင်က မျက်မှောင်ကို ခပ်တင်းတင်း ကြုတ်သည်။

ထိုအတိုင်း ဆက်ဖြစ်နေခဲ့လျှင် ဆုပိုင်သည်ပင် သူမဟာ သိပ်မကြာခင် နောက်ထပ် ထင်ယောင်ထင်မှားအသစ်များ ထပ်မြင်နိုင်ကြောင်း သိနေသည်။ ထိုရောဂါကို ခံစားနေရသော ဝေဒနာရှင် အများစုသည် အဆုံးသတ်တွင် ကိုယ့်ကိုယ်ကိုယ် ဖျက်စီးရင်း သေဆုံးသွားတတ်၏။

ပိုပြီး ပြတ်ပြတ်သားသား ပြောရသော် ဖီဗန်က ယခုအခါ သူမ ကြာရှည်စွာ ရက်လုပ်ထားသော အိမ်မက်ထဲတွင် နေထိုင်နေခြင်း ဖြစ်သည်။ သူမသည်လည်း သူမ၏ ဖခင် ချောက်ကမ်းပါးမှ ပြုတ်ကျသွားသည့်အား လက်မခံနိုင်သလို မိခင်ဖြစ်သူ ရုတ်တရက် သေဆုံးမှုကိုလည်း လက်မခံနိုင်ချေ။ ထိုသို့ ရက်လုပ်ပြီးခါစ အိမ်မက်က စိတ်ကို အခွဲနှစ်ခု ရရှိလာစေသည်။ သူမကိုသာ ကယ်လိုလျှင် ထိုအိမ်မက်ကို ခွဲရပေမည်။ သို့သော်

ထိုအခြေအနေကလည်း အလွန်ခက်သည်။ ဖီဗန်ကသာ စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျား ဖြစ်နေတာ မှန်ကန်နေလျှင် သူမက အရူးပင် ဖြစ်သွားနိုင်သည်။

++++++

410 01

အခန်း 410

“အဲဒီကောင်မလေးက ဒီလို ရောဂါရှိမှန်း ငါ မြင်နိုင်တယ်။ ငါလည်း ဒီရောဂါမျိုးကို အပြင်မှာ မြင်ဖူးတယ်လေ။ ငါ ကလေးဘဝတုန်းက ငါတို့ရွာမှာ ဒီလိုမျိုး တစ်ယောက်ရှိတယ်။ သူ့သား သေသွားတော့ အဲဒီလူက တစ်နေ့လုံး စိုးရိမ်ကြောင့်ကြနေတယ်။ နောက်ဆုံးတော့ သူလည်း ရေတွင်းထဲကို ခုန်ချပြီး သေဆုံးသွားတယ်လို့ ငါ ကြားတယ်”

“အရမ်း သနားဖို့ကောင်းတာပဲ။ ဒီကောင်မလေးက ဆွေမျိုးတွေ ထွက်သွားတဲ့ ထိုးနှိက်ချက်ကို မခံနိုင်လို့ ဒီလို ဖြစ်သွားတာ”

“သူတို့ရဲ့ မိသားစုမှာ သိုးတွေ သိပ်မများတာ မအံ့ဩတော့ပါဘူး။ ဖီဗန်က ညတိုင်းလိုလို တစ်ကောင် သတ်နေတာ ဖြစ်မယ်”

“ဆရာဝန် ရှိတယ် မဟုတ်ဘူးလား။ ဒီရောဂါကို ဘယ်လို ကုသရမလဲဆိုတာ ဘာလို့ မပြောကြတာလဲ။ ဒါမှမဟုတ် ဒါရိုက်တာ ဆုပိုင်ကလည်း သူမကို ဆေးရုံ ပို့ပေးလို့ ရတယ်လေ”

“ဒီရောဂါက ကုဖို့ အရမ်းခက်တာ။ နောက်ပြီး ညဘက်ဆိုရင် ဒါက ကြောက်စရာကောင်းတယ်။ သူမ အခုလေးတင် ဓားရှည်ကြီး ကိုင်ပြီး တံခါးဝမှာ လာရပ်နေတဲ့ ပုံစံက ငါ့ကို သေအောင် ကြောက်သွားစေတယ်”

“ဘယ်သူက မဟုတ်ဘူး ပြောလဲ … ဒါရိုက်တာဆုပိုင်က ဘယ်လိုဖြေရှင်းမလဲ ကြည့်ရအောင်”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ရေးတတ် မိတ်ဆွများကလည်း ဖီဗန်က ဓားရှည်ကြီးကို မီးဖိုခန်းထဲတွင် သွေးနေသည့် ပုံစံကို တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကနေ တစ်ဆင့် မြင်ပြီးချိန်ကတည်းက အံ့အားသင့်နေခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ဆုပိုင်က သူမကို သတိလစ်သွားအောင်လုပ်ပြီး ထိန်းလိုက်ရသည်။

လူအများစုသည်လည်း မည်သည့်သရဲမှ မရှိကြောင်း သိလိုက်ပြီး ကောင်မလေးကိုယ်တိုင်ကသာ ထိုသို့ ပြင်းထန်လွန်းသော စိတ်ဝေဒနာကို ခံစားနေရခြင်းဖြစ်သည်။ သို့သော် ထိုကဲ့သို့သော ရောဂါမျိုးကလည်း ပုံမှန် နေ့စဉ်ဘဝမျိုးတွင် မြင်တွေ့ရခဲလေသည်။

ကိုယ်ပိုင်ဆွေမျိုး မဟုတ်သမျှ ထိုကဲ့သို့ ရောဂါရှိသော ဝေဒနာရှင်များနှင့် အဆက်အသွယ် ရှိရန် မဖြစ်နိုင်ပေ။

အချိန်တစ်ခု ကြာပြီးနောက် မည်သူကမှ ထိုကောင်မလေးကို မည်သို့ ကူညီရမှန်း မသိကြတော့ပေ။

“ဟူး”

ဆုပိုင်က ခေါင်းကို ငုံ့လိုက်ရင်း ဖီဗန်ကို ကောက်ပွေ့လိုက်ကာ တစ်ဖက်သို့ ပြန်လှည့်ပြီး အိမ်ထဲဝင်လိုက်သည်။

ထိုကောင်မလေးကသာ သူမ ရက်ထားသော အိမ်မက်မှ နိုးနိုင်လျှင် သူက သေချာပေါက် လူယုတ်မာ ဖြစ်ရတော့ပေမည်။

ဖီဗန်ကို အိပ်ရာပေါ်တွင် ညင်သာစွာ ချပြီးသည့်နှင့် သူမကို စောင်ဖြင့် အုပ်လိုက်သည်။

“အောင်မြင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်”

ဆုပိုင်က ခပ်တိုးတိုး ပြောပြီး အနောက်သို့ လှည့်ကာ အခန်းထဲမှ ထွက်သည်။ သူဟာ အိမ်ထဲမှ တောက်လျှောက် ထွက်ပြီး အဝေးရှိ လမ်းဝင်ပေါက်ထံသို့ လျှောက်သည်။

“ဘန်း ဘန်း ဘန်း”

သူသည် အရှေ့မှ အိမ်တစ်အိမ်၏ တံခါးကို ညင်သာစွာ ခေါက်သည်။ အချိန်တွေ ကြာပြီးနောက် မျက်မှန်တပ်ထားပြီး မျက်မှောင်ကြုတ်နေသော အိုင်နာက တံခါးလာဖွင့်ပေးသည်။ ဆုပိုင်ကို မြင်သောအခါ မနေနိုင်ဘဲ တအံ့တဩ ပြောသည်။

410 02

“ဘုရားရေ”

“နင် ဘာလို့ ထွက်လာတာလဲ။ … ဖီဗန်ရဲ့ အိမ်မှာ တစ်ခုခု ဖြစ်လို့လား”

“ငါ သိတယ်။ ငါ သိတယ်။ … ဒီအတိုင်း ဆက်သွားနေရင် တစ်ခုခုတော့ ဖြစ်တော့မှာ”

အိုင်နာက အဝတ်အစားများကို သပ်သပ်ရပ်ရပ် ကောက်ဝတ်ပြီး ခပ်မြန်မြန် ထွက်လာသည်။

“မစိုးရိမ်ပါနဲ့”

ဆုပိုင်က သူမကို ဆွဲခေါ်ပြီး အထဲသို့ ပြန်သွင်းသည်။

“ဘယ်သူလဲ”

ထိုအချိန်တွင် ဆံပင်အဖြူနှင့် လူအိုကြီးတစ်ယောက်က အိမ်ထဲမှ ထွက်လာပြီး ဆုပိုင်ကို ထူးဆန်းသလို ကြည့်သည်။

“ဒါက ငါ နင်ကို ဒီနေ့ ပြောပြတဲ့ ဖီဗန်ရဲ့အိမ်ကို ရောက်လာတယ်ဆိုတဲ့ ခရီးသွားလေ”

“ဟယ်လို”

ဆုပိုင်က သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီးနောက် လေးနက်သော မျက်နှာနှင့် ပြောသည်။

“ဖီဗန်က အိပ်ပျော်နေတယ်။ ဒါပေမဲ့ ဘာတွေ ဖြစ်လဲဆိုတာ ပြောပြပေးနိုင်မလား။ ဘယ်လို ဖြစ်ပြီး သူမက …”

“အား”

အိုင်နာက ခင်ပွန်းဖြစ်သူ၏ လက်ကို ကိုင်ရင်း သက်ပြင်းချကာ ပြောသည်။

“ဖီဗန်က ငါတို့ မြို့ငယ်လေးက အလှဆုံးနဲ့ အသိတတ်ဆုံး ကလေးမလေးပါ။ ငါတို့လည်း ဒီကောင်မလေး ကြီးပြင်းလာတာကို စောင့်ကြည့်နေခဲ့တာ။ ဒါပေမဲ့ ရက်အနည်းငယ်ထဲနဲ့ သူမရဲ့မိသားစုက အပြောင်းအလဲ အကြီးကြီး ဖြစ်သွားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ”

“ဖီဗန်က ပြင်းထန်တဲ့ စိတ်ဂယောင်ခြောက်ခြား ရောဂါကို ခံစားနေရတယ်။ သူမက မကြာခဏဆိုသလို ဖခင်ပုံစံ သရုပ်ဆောင်လိုက် မိခင်ပုံစံ သရုပ်ဆောင်လိုက် လုပ်တတ်တယ်”

“တစ်ခါတစ်ရံမှာ ဖီဗန်အစစ်ကို ရက်အနည်းငယ်ကြာတဲ့အထိ မမြင်ရတာမျိုးတောင် ဖြစ်တတ်တယ်။ တစ်ခါတစ်ရံမှာတော့ မိသားစုတိုင်းကိုလည်း မိခင်အဖြစ်နဲ့ လိုက်လည်တတ်တယ်”

“ဒါပေမဲ့ လူတိုင်းကလည်း သူမကို အမှန်တကယ် မနာကျင်စေချင်ကြဘူး။ ဒါကြောင့် ဒီအကြောင်းအရာကို ထုတ်မပြောကြဘူးပေါ့။ ဒါပေမဲ့လည်း သူမရဲ့ အခြေအနေက ပိုဆိုးသထက် ဆိုးလာတာကို မြင်နိုင်တယ်။ တစ်ညမှာ ငါတို့အပြန် နောက်ကျပြီး အဲဒီ အိမ်ထဲကနေ ဖြတ်တဲ့အချိန်မှာ အဝေးကနေ သိုးဇောင်းထဲကနေ လာတဲ့ အော်သံတွေကို ကြားရတယ်”

“အားလုံးက အပြေးအလွှား သွားကြတယ်။ ဒါပေမဲ့ မမျှော်လင့်ထားတာက … ဖီဗန်က သိုးသတ်နေတာပဲ။ အဲဒီအကြည့်က လူတိုင်းကို ကြောက်စေတယ်”

အိုင်နာက မျက်ရည်များကို သုတ်ပြီးသည့်နှင့် တရှုံ့ရှုံ့ ငိုရင်း ပြောသည်။

“ငါတို့လည်း သူမကို ပြဖို့ ဆရာဝန်ကို ခိုးခေါ်လာခဲ့ဖူးတယ်။ ဒါပေမဲ့ … ဆရာဝန်တွေက ပြောတယ်။ ဒီလိုမျိုး စိတ်ကိုယ်ခွဲ နှစ်ခုဖြစ်တာမျိုးက တည်ရှိနေပြီးသားတဲ့။ ဆိုတော့ ဆေးတွေနဲ့တောင် ဖယ်ရှားဖို့ ခက်တယ်။ သူမကိုယ်တိုင်က တစ်ဘဝလုံး စိတ်ကျန်းမားရေး ဆေးရုံမှာ အပိတ်ခံရနိုင်တယ်တဲ့။ ဒါပေမဲ့ ဒီကောင်မလေးက အသက် ၁၈ နှစ်ပဲ ရှိသေးတာလေ။ သူမရဲ့ မိဘတွေကလည်း မရှိကြတော့ဘူး။ ငါတို့ ဘယ်လိုများ လုပ်ရက်မှာလဲ”

“ဟုတ်တယ်”

အနားတွင် ထိုင်နေသော လူအိုကြီးကလည်း သက်ပြင်းချသည်။

“အားလုံးမှာလည်း ရွေးချယ်စရာ မရှိတော့ဘူးလေ။ ဆိုတော့ ဒီအတိုင်း ဆက်ထားနေရတာ”

“ဒါပေမဲ့ အနှေးနဲ့ အမြန်ဆိုသလိုပဲ သူမ တွေးနေတဲ့ စိတ်တိုင်းက သူမ သတ်လို့ သေရမှာပဲ။ အဲဒီအချိန်ကျရင် ညသန်းခေါင်ကြီး သူမ ဘာထလုပ်မလဲဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး”

“အဲဒီနောက် ဒီမြို့မှာ ဘယ်သူမှ မရှိတော့မှာတောင် ကြောက်တယ်”

410 03

“ငါ နားလည်တယ်”

လူအိုကြီး၏ စကားက မဆုံးသေးသော်လည်း ဆုပိုင်က ကောင်းကောင်း နားလည်သည်။

ယခုအခါ လူတိုင်းက ဖီဗန်အတွက် စိတ်မကောင်း ဖြစ်နေရုံသာဖြစ်သည်။

သူတို့သည်လည်း ထိုကောင်မလေးကို အလုပ်လုပ်နိုင်စွမ်းရည် ဆုံးရှုူံးကာ စိတ်ကျန်းမာရေး ဆေးရုံတွင် တစ်ဘဝလုံး မနေစေချင်လိုပေ။ သို့သော်

လူတိုင်းသည်လည်း အစစ်အမှန်ကို တွေးနိုင်သည်။ ယခုအခါ ဖီဗန်က သူမ၏ ကိုယ်ပိုင် သိုးကိုသာ သတ်နေခြင်း ဖြစ်သည်။ တစ်ရက်တွင် သူမက တခြားသော သူများ၏ သိုးကို လာသတ်ခဲ့လျှင် သို့မဟုတ် အစပိုင်းတွင်မှု လူအများက သူမကို ခွင့်လွှတ်ပေးနိုင်လောက်သည်။ သို့သော် အချိန်တွေ ကြာလာသောအခါ

သို့မဟုတ် သူမသည် တခြားသော အိမ်များမှ သိုးများအားလုံး ကုန်သွားသောအခါ …

မည်သို့ ဖြစ်လာမည်ဖြစ်ကြောင်း မည်သူကမှ မသိနိုင်ပေ။

“ငါ ခင်ဗျားတို့ရဲ့ အကူအညီ လိုတယ်။ လူများများရဲ့ အကူအညီကို လိုတာ”

ဆုပိုင်က အချိန်တွေ ကြာအောင် တွေးတောပြီးနောက် အရှေ့မှ လူအိုကြီး နှစ်ယောက်ကို ကြည့်ကာ ရိုးသားစွာ ပြောသည်။

“ငါ့မှာ ဖီဗန်ရဲ့ ရောဂါကို ကုသနိုင်တဲ့ နည်းလမ်း တစ်ခုရှိတယ်။ ဒါပေမဲ့ ခင်ဗျားတို့ အားလုံး ပူးပေါင်းပေးတာ လိုလိမ့်မယ်”

“နောက်ပြီး ဒီနည်းလမ်းက အရင်းအနှီး ကြီးတယ်”

အိုင်နာနှင့် ခင်ပွန်း ဖြစ်သူကို မဝံ့မကြား ကြည့်ပြီးနောက် အံ့ကို ကြိတ်သည်။

“ဆရာဝန်ကလည်း ကုသနိုင်တဲ့ နည်းလမ်း လုံးဝ မရှိတာတော့ မဟုတ်ဘူးတဲ့။ ဒါပေမဲ့ လူငယ်လေး မင်းက ဘယ်လို လုပ်ချင်လို့လဲ”

“ဖီဗန်ကိုသာ ကုနိုင်ရင် အရင်းအနှီးတော့ ရှိတယ်ဆိုရင်တောင်မှ ငါတို့အားလုံး လုပ်လိုစိတ်ရှိပါတယ်”

“အဆိုးဆုံး အခြေအနေကတော့ ဖီဗန် ပြင်းထန်တဲ့ ဝေဒနာကို ခံစားရနေမှာပဲ။ ဒါပေမဲ့”

ဆုပိုင်က အချိန်တွေကြာအောင် တိတ်ဆိတ်ပြီးနောက် ထပ်ပြောလိုက်သည်။

“သူမသာ ဒီအတိုင်း ဆက်ဖြစ်နေရင် အနှေးနဲ့အမြန်ဆိုသလို ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိမ့်မယ်”

ဆုပိုင် ထုတ်မပြောခဲ့သော ကိစ္စတစ်ခုရှိလေသည်။ ဒီတစ်ကြိမ်ပြောသော စနစ်က ထိုသိုးများတင် မဟုတ်ဘဲ …

ဆုပိုင်သည်လည်း စနစ်ကို နားလည်လာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ အပြစ်ကင်းစင်သော လူသားများအတွက် သူတို့သည် တိရစ္ဆာန်များကို ထိခိုက်အောင် မလုပ်သမျှ စနစ်ကလည်း သူတို့ကို ပြင်းထန်သော အပြစ်များ မပေးတတ်ပေ။ နှလုံးသားမဲ့သော မုဆိုးများကိုသာ သူကိုယ်တိုင်က လှုပ်ရှားပြီး သင်ခန်းစာ ပေးတတ်သည်။ အခု ဖီဗန်ကို ကယ်တင်သော ဖြစ်စဉ်က မမျှော်လင့်ထားသော အဖြစ်အပျက်များသာ မရှိလျှင် အောင်မြင်သင့်လေသည်။ ပို၍ ဆိုးသည်မှာ ဖီဗန်ကလည်း သူမ၏ ကိုယ်ပိုင် အကြောင်းပြချက်များကြောင့် ထိုကဲ့သို့ ဆိုးရွားနေခြင်း ဖြစ်သည်။

ထိုနောက် ဆုပိုင်သည်လည်း စနစ်၏ ဖန်ရှင်ကို သုံးကာ သူမကို ကောင်းကင်ပြာ တိရစ္ဆာန်ရုံသို့ အတင်းခေါ်သွားလို့ ရသည်။ မည်သို့ပင်ဆိုစေ

ထိုကောင်မလေးကို ကူကယ်ရာ မဲ့နေစေ၍ မရပေ။

“ဒါဆိုရင် မင်းရဲ့ ဖြေရှင်းချက်က ဘာလဲ”

အိုင်နာက အရှေ့မှ လူငယ်ကို ကြည့်သည်။ သူမက ဆုံးဖြတ်ချက် ချလိုက်ပုံပေါ်၏။ သူမ၏ မျက်နှာ အမူအရာက ထူးဆန်းသည်။ ထိုနောက် မနေနိုင်ဘဲ မေးသည်။

“ဒါဆိုရင် ငါတို့က နင်နဲ့ ဘယ်လို ပူးပေါင်း ရမှာလဲ”

“ဒီလို”

ဆုပိုင်က အသက်ကို ပြင်းပြင်း ရှု၍ လေးနက်သော အသံနှင့် ပြောသည်။

410 04

“ဖီဗန်က သူမရဲ့မိဘတွေ သေသွားတဲ့ သတင်းဆိုးကို လက်မခံနိုင်တာ။ ဆိုတော့ သူမမှာ စိတ်အခွဲနှစ်ခု ပေါ်လာတယ်။ ခင်ဗျားတို့ကသာ ဖီဗန်ကို အောင်အောင်မြင်မြင်နဲ့ ထွက်လာစေချင်ရင် နည်းလမ်းတစ်ခုပဲ ရှိတယ်။ သူမရဲ့ မိဘတွေက သေသွားပြီဆိုတဲ့ ဖြစ်နိုင်ချေကို ရအောင် လက်ခံခိုင်းပြီး စိတ်အခွဲနှစ်ခုကို ဖယ်ထုတ်တာပဲ။"

“ဒီလို နည်းလမ်းနဲ့မှပဲ ဖီဗန်ရဲ့ အခြေအနေက ပိုမဆိုးတော့မှာ”

“ခင်ဗျားတို့က မနက်ဖြန် ဘာလုပ်ရမလဲဆိုတော့ …”

အချိန်တွေ ကြာပြီးနောက်တွင် ဆုပိုင်က ဖီဗန်၏ အိမ်သို့ ပြန်လာသည်။ တံခါးအဝတွင် ရပ်ပြီး အိပ်ပျော်နေသော ဖီဗန်ကို ကြည့်၍ ခေါင်းကို အသားခါပြီး တံခါးကို ပိတ်လိုက်သည်။ ဆုပိုင်က ထွက်သွားပြီး သိပ်မကြာခင်

စစ်

ဖီဗန်က အိပ်ရာပေါ်မှ ထပြီး အရုပ်တစ်ရုပ်တစ်ခုကဲ့သို့ သုန်မှုန်သော မျက်နှာဖြင့် အိပ်ရာပေါ်မှ ထသည်။

ပြတင်းပေါက်နားတွင် ရပ်နေရင်း အောက်ဘက်မှ သိုးမည်းတစ်အုပ်ကို ကြည့်ကာ မျက်လုံးက မှေးကျဉ်းသွားသည်။

“ဒါတွေ အားလုံး နင်တို့ကြောင့်ပဲ”

“နင်တို့ကြောင့်သာ မဟုတ်ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး”

“အားလုံးကို သတ်မယ်။ ဟုတ်တယ်။ အားလုံးကို သတ်ရမယ်”

“မဟုတ်ဘူး ဖီဗန်။ နှာခေါင်းမည်းသိုးတွေကို ငါတို့ မွေးထားတာ။ သူတို့ကို သတ်လို့ မရဘူး”

“မဟုတ်ဘူး”

“ငါ သူတို့ကို သွားသတ်မှာ။ သူတို့မှာ မျက်နှာမှ မရှိတာ။ ဒါတွေ အားလုံးက သူတို့ကြောင့်ပဲ”

“ဖီဗန် ငါ့ကလေး ဒီလို မလုပ်နဲ့ … ဝူး ဝူး ဝူး ငါ့သမီးလေး ဒီလို မလုပ်ပါနဲ့”

“ပြန်လာခဲ့။ ဘယ်သူကမှ ငါ့ကို တားလို့ မရဘူး”

ဖီဗန်က လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ပြီး ခက်ထန်သော မျက်နှာမျိုးဖြင့် တံခါးထံသို့ တစ်လှမ်းချင်းစီ သွားသည်။

“အား”

သူက တံခါးကို ဖွင့်လိုက်ချိန်တွင် ဆုပိုင်က သက်ပြင်းချပြီး သူမကို သတိလစ်အောင် လုပ်လိုက်ရပြန်သည်။ ထိုနောက် ခုံတစ်လုံးကို ကိုင်ကာ ပြတင်းပေါက်နားတွင်သာ ထိုင်တော့သည်။

ဖီဗန်က အိပ်ရာပေါ်တွင် ထပ်ပြီး အိပ်ပျော်သွားသည်။ ဆုပိုင်က ခေါင်းကို လှည့်၍ အောက်ဘက်မှ သိုးမည်းတစ်အုပ်ကို ကြည့်ကာ ခပ်တိုးတိုး ပြောသည်။

“မနက်ဖြန် ငါတို့ အောင်မြင်မှာ”

“တစ်ခါတစ်ရံမှာတော့ လွှတ်ချလိုက်ရုံနဲ့ လွတ်လပ်သွားပါတယ်”

“ငါတို့ အားလုံးကလည်း ရှင်သန်ရမှာပဲလေ”

******

411 01

အခန်း 411

“မှီး မှီး မှီး မှီး မှီး”

“ဒီနေ့ မသွားသေးဘူးလား”

ဖီဗန်က အနောက်မှ လိုက်လာသော ဆုပိုင်ကို ကြည့်ပြီး သိချင်စိတ် ပြင်းပြစွာ မေးသည်။

“ငါတို့ ဒီနေ့ မသွားဘူးဆိုရင် နောက်တစ်ရက်အထိ စောင့်ရမှာနော်”

“ဒါပေမဲ့ ငါက သိုးတွေကို စားကျက်မြေထဲကို မောင်းရုံပဲ လိုအပ်တာလေ။ နင်အားမယ်ဆိုရင်တော့ ငါနဲ့ အတူ လိုက်ခဲ့ပေါ့”

“အွန်း”

ဆုပိုင်က ပုံမှန်လို ပြန်ဖြစ်သွားသော ဖီဗန်ကို ကြည့်ပြီး ခေါင်းကို ညိတ်ကာ သူမကို ကူညီ၍ သိုးအုပ်ကို စားကျက်မြေထဲသို့ မောင်းပေးသည်။

“ထူးဆန်းတဲ့ လူပဲ”

ဖီဗန်က ခပ်တိုးတိုး ပြောပြီး လည်ဂုတ်ကို ခပ်ပြင်းပြင်း ပွတ်သည်။

ဘာလို့မှန်း မသိဘဲ ငါ ဒီနေ့ နိုးလာကတည်းက လည်ဂုတ်က တော်တော် နာနေတယ်။

မသိရင် တစ်ယောက်ယောက်ရဲ့ အကြိမ်ပေါင်းများစွာ အရိုက်ခံထားရသလိုပဲ။

နောက်ပြီး လက်မှာတောင် ဒဏ်ရာသေးသေးလေး ရှိသေးတယ်။

နှစ်ယောက်လုံးက တိတ်နေကြသည်။ သူတို့သည် ကိုယ်ပိုင်ကိစ္စများကို တွေးနေကြပြီး စားကျက်မြေအစွန်းသို့ တဖြည်းဖြည်း ရောက်သွားသည်။

“ဝူး ဘယ်လိုဖြစ်နိုင်မှာလဲ”

“အနာဂတ်မှာ ဖီဗန်လေး ဘယ်လို နေရပါ့မလဲ”

“သနားစရာကောင်းလိုက်တာ”

စားကျက်မြေအပြင်သို့သာ ရောက်ရုံရှိသေးသည်။ အဖြူအမည်း ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်အုပ်က စားကျက်မြေအပိုင်းတွင် ရပ်၍ ဖျော့တော့စွာ ငိုနေကြောင်း ကြားရသည်။

“ဘာလုပ်နေတာလဲ”

ဖီဗန်က သူ၏မိသားစုပိုင် စားကျက်မြေကို ကြည့်ကာ စိတ်ရှုပ်သွားသည်။ ထိုကြောင့် အလျင်အမြန် သွားလိုက်သည်။

“ဖီဗန်”

အိုင်နာက တစ်ဖက်သို့ လှည့်လိုက်ကာ ဖီဗန်ကို ပွေ့ဖက်လိုက်ရင်း သူမ၏ ခေါင်းကို ညင်သာစွာ ပွတ်ပေးရင်း ရှုရှိုက်ငိုကာ ပြောသည်။

“သနားကောင်းတဲ့ ကလေး။ ငါတို့ အနာဂတ်မှာ သမီးကို ဂရုစိုက်ပါ့မယ်”

“အား”

411 02

ဖီဗန်က သူမ၏ အရှေ့ဘက် မြေပြင်ပေါ်မှ အုတ်ဂူနှစ်ခုကို ကြည့်ပြီး သူမ၏မျက်လုံးက မှေးကျဉ်းသွားကာ ရုတ်တရက် လက်မောင်းထဲမှ လွှတ်အောင် ရုန်းသည်။

“မဟုတ်ဘူး”

“ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒါ အတုအယောင်ပဲ ဖြစ်မယ် ဟုတ်တယ်မှတ်လား။ သူတို့က ဘယ်လို ဖြစ်ပြီး ငါ့ကို ထားခဲ့မှာလဲ။ သူတို့ ငါ့ကို ထားခဲ့မှာ မဟုတ်ဘူး”

ဖီဗန်က အုတ်ဂူနှစ်ခုထံသို့ တစ်လှမ်းချင်းစီ သွားပြီး လက်ကို တုန်ယင်စွာ ဆန့်ထုတ်၍ အုတ်ဂူနှစ်ခုကို ပွတ်သပ်ကြည့်သည်။

နာမည်နှင့် ဓာတ်ပုံကိုလည်း မြင်တွေ့ရပြီးနောက် မျက်ရည်များက စီးကျလာသည်။

“ဝူး ဝူး ဝူး”

ဟူး

ဆုပိုင်ကလည်း လူတိုင်းကို မျက်လုံးမှိတ်ပြ၍ အနောက်ဘက်သို့ တဖြည်းဖြည်း သွားစေသည်။ ထိုနောက် ခပ်တိုးတိုး ပြောသည်။

“ခင်ဗျားတို့တွေလည်း ဖီဗန်က သာမန်လူတစ်ယောက်လို နေထိုင်တာကို မျှော်လင့်ရမယ်”

“ဆိုတော့ ခင်ဗျားတို့တွေ ဖီဗန်ကို ထားခဲ့မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို နည်းလမ်းနဲ့မှပဲ”

“မဟုတ်ဘူး”

အသက်လတ်ပိုင်း လူတစ်ယောက်၏အသံက ဆုပိုင်ကို ခပ်ကြမ်းကြမ်းဖြင့် ပြောသည်။ ဖီဗန်က ခေါင်းလှည့်လာပြီး မျက်နှာက ခက်ထန်နေပြီး သွေးရောင်ပင် သန်းကာ လူတိုင်းကို ကြည့်ပြီး အော်သည်။

“မဟုတ်ဘူး။ ငါတို့က ဖီဗန်နဲ့ အမြဲတမ်း အတူ ရှိမှာ။ ငါတို့က သူမကို တစ်ယောက်တည်း မထားခဲ့ဘူး။ ငါတို့က ဘယ်တော့မှ သူမကို တစ်ယောက်တည်း မထားခဲ့ဘူး”

“ဒါတွေ အားလုံးက အတု အတု”

“အတု”

လူတိုင်းက ဆံပင်တွေ လှဲနေသော ဖီဗန်၏ အော်ဟစ်နေပုံကို ကြည့်ပြီး ကြောက်ရွံ့တကြား နောက်ဆုတ်ကြသည်။

“ဂလု”

အိုင်နာက ခင်ပွန်းဖြစ်သူ၏ လက်ကို လွှတ်၍ အသက်ကို ပြင်းပြင်းရှုကာ အရှေ့ကို တစ်လှမ်းချင်း တိုးသည်။

“ဒိုင်ဗီ”

“နင် ကလေးကို ထားခဲ့ရမယ်နော်။ သူက နင့်ကလေး။ နင်သာ ဒီအတိုင်း ဆက်နေနေမယ်ဆိုရင် ကလေးက အနှေးနဲ့အမြန် သေလိမ့်မယ်”

“နင်ရဲ့ သိုးအုပ်ကို ကောင်းကောင်းကြည့်စမ်း။ ဘယ်နှစ်ကောင် သေကုန်ပြီလဲ”

“နင်တို့က သေပြီးသားနော်။ နင်တို့က သေပြီးသား”

“မဟုတ်ဘူး”

ဖီဗန်က မှင်သက်သွားပြီး ကိုယ့်လက်ကိုယ် ပြန်ငုံ့ကြည့်ကာ ပါးကို ခပ်ကြမ်းကြမ်း ပွတ်သည်။

“ငါက သေသွားပြီလား”

411 03

“အဖေက သေပြီးသား”

“အဖေက သေပြီးသားတဲ့”

“ဖီဗန် ငါရဲ့ဖီဗန်”

“အား”

အသက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ယောက်၏ ပါးစပ်ထဲမှ သက်ပြင်းချသံ ထွက်လာသည်။ ထိုနောက် ဖီဗန်က မြေပြင်မှ တဖြည်းဖြည်း ထရပ်ပြီး လူတိုင်းကို အပြုံးဖြင့် ကြည့်ကာ နက်ရှိုင်းစွာ ဦးညွှတ်သည်။

“ငါတို့ သူမကို အကြိမ်ပေါင်းများစွာ အကြံပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီကလေးက အရမ်း ခေါင်းမာတယ်”

“ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်”

“ဖီဗန် ငါတို့ မင်းကို မလွှတ်ပေးချင်ဘူး။ ဒါပေမဲ့ မင်း ကောင်းကောင်း ရှင်သန်နိုင်မယ်လို့တော့ မျှော်လင့်ပါတယ်”

“ငါတို့ကို ထပ်ပြီး မထွက်ခိုင်းပါနဲ့တော့။ မား တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး”

“မားက သမီးကို ချစ်ပါတယ်”

“ဝူး ဝူး ဝူး”

“မသွားပါနဲ့”

ဖီဗန်က အော်ငိုသည်။ မြေပြင်တွင် ပြိုလဲကျသွားသည်။

“မဟုတ်ဘူး”

ဆုပိုင်က တဖြည်းဖြည်း ဆောင့်ကြောင့် ထိုင်လိုက်ပြီး ကလေးမလေးကို ရင်ခွင်ထဲ ဆွဲသွင်းကာ ညင်သာစွာ ပုတ်ပေးပြီး နှစ်သိမ့်သည်။

“သူတို့အားလုံးကလည်း မင်းကို သာမန်လူတစ်ယောက်လို နေစေချင်ကြတာ။ ဒီလို နေ့တိုင်းလိုလို ချုပ်ထိန်းထားတာမျိုး မရှိပဲနဲ့ပေါ့”

“မင်းက ပညာသင်မယ်။ မင်းရဲ့သူငယ်ချင်းတွေနဲ့ ရှိမယ်”

“ဒါက သူတို့တွေ မင်းကို တကယ် မြင်ချင်တဲ့ ပုံစံလေ”

ယခုအခါ ဖီဗန်၏ ကိုယ်ထဲမှ စိတ်အခွဲ နှစ်ခုက ကိုယ်ပိုင်အသိစိတ် ရှိနေပုံ ရပြီး အခြားသော သူများ၏ တည်ရှိမှုကိုလည်း သိနေကြသည်။

ဒါက

ဆုပိုင်ကိုယ်တိုင်က အမှန်တကယ် မတွေးရဲပေ။

ဒီလိုမျိုး စိတ်အခွဲ တည်ရှိမှုတွေက အချင်းချင်း သိနေကြရင် ဘယ်လိုမျိုး စိတ်အခွဲ ဖြစ်နိုင်တော့မှာလဲ။

ပိုဆိုးသည့်မှာ ထိုစိတ်အခွဲ သုံးခုလုံးက အချင်းချင်း မှီခို သက်ရောက်နိုင်နေကြလေသည်။ အနှေးနဲ့ အမြန် ဆိုသလို အဓိက စိတ်ဖြစ်သော ဖီဗန်က သေချာပေါက်

သို့သော် ကံကောင်းသည့်မှာ မိဘများ၏ စိတ်သဘောထားကလည်း သမီးဖြစ်သူအပေါ်ကို သက်ရောက်မှု ကောင်းကောင်း သိနေသေးပြန်သည်။

411 04

“ဟူး”

“ထတော့ ထတော့”

ဆုပိုင်က ဖီဗန်ကို မြေပြင်မှ ဆွဲထူပြီး ခပ်တိုးတိုး ပြောသည်။

“သူတို့ကို ဒီလို မောင်းထုတ်တာ ရက်စက်မှန်း ငါသိပါတယ်။ ဒါပေမဲ့”

“မင်းဟာ အနာဂတ်မှာ ခရီးအရှည်ကြီး ကျန်သေးတယ်။ သူတို့က မင်းရဲ့ မိဘတွေ။ သူတို့လည်း တစ်ကြိမ်ထက် ပိုပြီး ထွက်သွားရမှာပဲ။ ဖီဗန် မင်း သူတို့ကို စိတ်ပျက်စေလို့ မရဘူး”

“ဝူး”

ဖီဗန်က ဆုပိုင်၏ ပုခုံးပေါ်တွင် ခေါင်းမော့ပြီး ကျယ်လောင်စွာ အော်ငိုသည်။

“အား”

မြို့လေးမှ လူများအားလုံးကလည်း ငိုနေသော ဖီဗန်ကို ဝိုင်းကြည့်ပြီး တဖြည်းဖြည်း စိတ်အေးစွာ သက်ပြင်းချကြသည်။ ကြည့်ရသည်မှာ အကြံက အောင်မြင်သွားသည်။

အရေးကြီးဆုံးအချက်ကမှု ဖီဗန်၏ မိခင်ကလည်း သမီးဖြစ်သူအပေါ် သက်ရောက်မှုကို သိလေသည်။ အခုက စတင်လေပြီး ဖီဗန်က ရဲရဲဝံဝံ ရှင်သန်နိုင်ရန် မျှော်လင့်ရပေမည်။

“ဖီဗန် အနာဂတ်မှာ အဘွား အိုင်နာနဲ့ အတူ နေ။ အဘွားက သမီးကို ဂရုစိုက်ပေးမယ်”

အိုင်နာက အရှေ့ကို တက်ပြီး ဖီဗန်ကို ရင်ခွင်ထဲ ဆွဲသွင်းသည်။

“ကောင်းလိုက်တာ ငါတို့ နောက်ဆုံးတော့ အောင်မြင်ပြီ”

“ကောင်းလိုက်တာ နောက်ဆုံးတော့ အောင်မြင်ပြီ”

“ဟုတ်တယ်။ ဖီဗန် နောက်ဆုံးတော့ အနာဂတ်မှာ ပုံမှန် ဘဝနဲ့ နေထိုင်နိုင်ပြီ”

“သွားရအောင်။ သွားရအောင်။ ကလေးကို ခေါ်ပြီးတော့ နားခိုင်းရမယ်။ ဒီနေ့ ဒီနှာခေါင်းမည်း သိုးတွေကိုတော့ ငါကြည့်ထားပေးလိုက်မယ်”

လူအုပ်က သက်ပြင်းကို ချပြီး နောက်သို့ ပြန်လှည့်ကာ တဖြည်းဖြည်း ထွက်လာကြသည်။

…

ညနေခင်းတွင်

“နှုတ်ဆက်ပါတယ်”

ဆုပိုင်က ရွာ၏ ဝင်ပေါက်တွင် ရပ်ရင်း အရှေ့မှ မြို့ငယ်၏ နေထိုင်သူများကို ကြည့်သည်။ ထိုနောက် နှာခေါင်းမည်း သိုး အနည်းငယ်နဲ့အတူ တစ်လှမ်းချင်းစီ ထွက်လာသည်။

နှုတ်ဆက်သော အသင်းထဲတွင် ဖီဗန်ကို မမြင်ရပေ။ ထိုနေ့ကတည်းက စိတ်နေသဘောထား နှစ်ခုက ပျောက်ကွယ်သွားသော်လည်း ဖီဗန်က ဝမ်းနည်းမှုကြောင့် ဖျားနာနေခဲ့သည်။ တစ်ရက်တာ ကူးသွားခဲ့ပြီးနောက် ဆုပိုင်သည် စနစ်ထံမှ ဒီနေ့ဟာ နောက်ဆုံး ထွက်ခွာ ရမည့် နေ့ဖြစ်ကြောင်း အကြောင်းကြားမှုကို လက်ခံရရှိခဲ့သည်။

“ဟူး”

“ကံကောင်းစွာနဲ့ အလုပ်ဖြစ်ခဲ့တယ်”

ဆုပိုင်က ဖီဗန်၏ အိမ်ကို ပြန်ကြည့်သောအခါ ပြတင်းပေါက်နားတွင် တိတ်တဆိတ် ရပ်နေသော အဖြူရောင် ညအိပ်စုံနှင့် ကောင်မလေးကို မြင်ရသည်။

411 05

“နှုတ်ဆက်ပါတယ်”

ဆုပိုင်က ခပ်ကြမ်းကြမ်း လက်ရမ်း နှုတ်ဆက်ပြရင်း အနောက်ကို လှည့်မကြည့်ဘဲ ထွက်လာသည်။

“နှုတ်ဆက်ပါတယ်”

ဖီဗန်ကလည်း ဒုတိယထပ်အခန်း၏ ပြတင်းပေါက်နားတွင် ရပ်နေရင်း အောက်ဘက်မှ လူရိပ်ကို ကြည့်ကာ ခပ်တိုးတိုး ပြောသည်။ ဆုပိုင်၏ ပုံရိပ် ပျောက်ကွယ်သွားပြီးနောက်

ဖီဗန်က အခန်းထဲရှိ မှန်တင်ခုံရှေ့တွင် ထိုင်ကာ မှန်ထဲမှ သူမကိုယ်သူမ ကြည့်ရင်း ရွှေရောင်ဆံပင်များကို တဖြည်းဖြည်း ဖီးတင်နေသည်။

“မား ဒီနေ့ ဘယ် နှုတ်ခမ်းနီတွေ သုံးစေချင်လဲ”

“ပဲအရောင်ဆိုရင် ဘယ်လိုလဲ”

“ပဲအရောင်ကလည်း ကောင်းတာပဲ”

+++++++

All Chapters