အခန်း (၄၁၂-၄၁၄)
Vol. 28 Ch. 412-414
အခန်း 412
“ဘာပြောလိုက်တယ်”
စုံဖန်းက ပန်းခြံသို့ အပြေးလာပြီးနောက် ပိတ်ထားသော သရဲအိမ်ကို ကြည့်ကာ အရှေ့မှ လူများကို ဒေါသကြီးကြီး ပြန်ကြည့်သည်။
ငါက ချင်းတုမှာ မရှိနေတဲ့ အချိန်မှာ ဒီလူတွေကလည်း ဒီငါရဲ့သရဲအိမ်ကနေ ဟိုမိုင်ပေါင်းစွာအထိ လာပြီး အတွန့်လာတက်သေးတယ်။ နောက်ပြီး ဒီပန်းခြံတစ်ခုလုံးကိုတောင် ပိတ်ခိုင်းဖို့ အကြောင်း ကြားတယ်။ ဒါကြောင့် ငါအမြန် ပြေးလာတာ။
“မင်း ဘာပြောတာလဲ”
“မင်းရဲ့ သရဲအိမ်နဲ့ ပတ်သက်ပြီး ပြဿနာ ကြီးကြီးမားမား ရှိနေတာ”
“မင်းသာ သတိ မထားဘူးဆိုရင် ခရီးသွားတွေ အားလုံး သေအောင် ကြောက်ကုန်မှာပဲ”
ယွင်ချန်းက ဘေးဘက်တွင် ရပ်ပြီး အေးစက်စွာ ပြောသည်။
“ငါ သရဲအိမ် အမြောက်အများကို စိန်ခေါ်ခဲ့ဖူးတယ်။ အစစ်အမှန် လူတွေ သရုပ်ဆောင်တာမျိုး ရှိခဲ့ရင် ကြိုတင် ကြော်ငြာသင့်တယ်လေ။ ဒါပေမဲ့ … နင် သေချာ တွေးမိရဲ့လား ဟမ်။ လူအများစုက မမျှော်လင့်ထားတဲ့ စိတ်လှုပ်ရှားမှုတွေကို လိုချင်တတ်ကြပေမဲ့လည်း အားလုံးမှာ မျှော်လင့်စောင့်စားမှုတွေ ရှိပြီးသား”
“နင်ကသာ အထဲမှာ အစစ်အမှန် လူတွေလို့ ကြိုတင် သတိပေးထားမယ်ဆိုရင် ခရီးသွားတွေက သတိကပ်ထားမှာ။ ဆိုတော့ သူတို့ ကြောက်လောက်ပေ့မဲ့လည်း ခန္ဓာကိုယ်ကတော့ ဒုက္ခမများနိုင်ဘူး”
“ဒါပေမဲ့ ဒီလိုလုပ်ခြင်းအားဖြင့် အသိုင်းအဝိုင်းထဲက စည်းမျဉ်းကို အပြင်းအထန် ဖောက်ဖျက်ရာ ရောက်တယ်။ ဆိုတော့ ငါတို့ထဲက ဘယ်သူကမှ ဒီလို အရာမျိုးတွေကို သဘောမကျဘူး”
“ဒီနေ့ နင် အစစ်အမှန် လူတွေကို ထုတ်ပြောရင် ပြော။ မဟုတ်ရင်တော့ နင် သေချာပေါက်ကို သတိပေးခံရမယ်”
စုံဖန်းကပင် အရှေ့မှ အမျိုးသမီးက စက်သေနတ် ပစ်သကဲ့သို့ ကျည်ဆန်များ ဆက်တိုက် ထုတ်လွှင့် ပစ်ခတ်နေသည့်ကို ကြည့်ရင်း နည်းနည်း စိတ်ရှုပ်လာသည်။
အစစ်အမှန် လူဟုတ်လား။
သူရဲ့ သရဲအိမ်ထဲမှာလား။
လာ နောက်မနေတာ သေချာလား။
သူက သရဲအဖြစ် သရုပ်ဆောင်ဖို့ လူငှား ထားချင်ရင်တောင်မှ … သောက်ငရဲလိုပဲ ပိုက်ဆံက ဘယ်မှာလဲ။
လူတွေက တိရစ္ဆာန်တွေကိုပဲ သွားကြည့်နေကြတာ။ ဘယ်သူက သရဲလာကြည့်လို့လဲ။
“နေပါအုန်း”
စုံဖန်းက အရှေ့မှ လူများကို လှည့်ပြောလိုက်ရင်း လက်ကို စိတ်မရှည်သလို ရမ်းပြသည်။
“ပေါက်ကရတွေ ငါတောင်မှ ဒီသရဲအိမ်ထဲမှာ အစစ်အမှန် လူတွေကို တစ်ခါမှ ဖိတ်ခေါ်ဖူးတာ မဟုတ်ဘူး။ မင်းတို့က တမင်တကာ ပြဿနာ ရှာနေတာ မဟုတ်ဘူးလား”
“ငါ မင်းကို ပြောပြအုန်းမယ်။ ငါက သိုင်းပညာလောကမှာ မဟုတ်တော့ပေ့မဲ့လည်း သိုင်းပညာလောကက ဒဏ္ဏာရီတွေကတော့ ရှိနေတုန်းပဲ”
“ငါ့ကို ပြဿာနာ လာမရှာနဲ့နော်။ မြန်မြန်လေး ထွက်သွားတော့”
412 02
“အစစ်အမှန် လူ မဟုတ်ဘူးလား”
“ဟစ်”
ယွင်ချန်းက မှင်သက်စွာနဲ့ ရေရွတ်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးက တုန်လှုပ်သွားကာ လေအေးများကို ရှိုက်သွင်းသည်။
ဒါဆိုရင် ငါ … ငါ တွေ့ခဲ့တာက ဘာတွေလဲ။
အဲဒီ အေး … အေးစက်နေတဲ့ လက် … လက်ဖဝါးတွေ။ နောက်ပြီး အဲဒီ ချော် … ချော်ထွက်နေတဲ့ လျှာတွေ … နောက်ပြီး စကားပြောနိုင်တဲ့ နှုတ်သီးကောက်။
တကယ် သရဲလား။
“မဟုတ်ဘူး။ နင်က သူဌေးပဲ။ ဒီတော့ နင်ရဲ့ သရဲအိမ်က တစ်ခုခု ခြားနားနေတာကို နင် သိမှာပေါ့ ဟုတ်တယ်မှတ်လား။ တစ်ချက် သွားပြီး ကြည့်”
ယွင်ချန်းက စုံဖန်း၏ လက်ကို ဆွဲကာ လေးနက်သော အသံနှင့် ပြောသည်။
“တကယ်လို့ ထူးဆန်းတာ မရှိဘူးဆိုရင်လည်း နင်ရဲ့ လက်မှတ်ကြေးအားလုံး ဆုံးရှုံးတဲ့အတွက် ငါတို့ လျော်ကြေးပေးမယ်”
“မင်းတို့တွေ”
စုံဖန်းက မျက်မှောင်ကို ကြုတ်ပြီး အရှေ့မှ လူများစွာကို လက်ညိုးထိုးကာ တဖြည်းဖြည်း ခေါင်းခါသည်။
“ဒါက ပိုက်ဆံ ကိစ္စလား”
“မင်းတို့က ဘယ်လောက် လျော်ကြေးပေးဖို့ စီစဉ်ထားလဲ”
အချိန်တွေ ကြာပြီးနောက်တွင် လက်ထောက်နှစ်ယောက်အပါအဝင် ဆိုင်ရှင်အပြင် ယွင်ချန်းနှင့် လက်မှတ်ရောင်းသူတို့ အားလုံး ငါးယောက်က သရဲအိမ်ထဲသို့ ဂရုတစိုက် ဝင်သည်။
“ငါ ဒီသရဲအိမ်ကို အကြိမ်ပေါင်းများစွာ ဝင်ခဲ့ပြီးသား။ ပုံကြမ်းတွေကိုလည်း မြင်ထားပြီးသား။ အထဲမှာ ဘာရှိလဲ ငါ အတိအကျ သိတာပေါ့”
“ငါ အရှေ့က လျှောက်မယ်”
စုံဖန်းက အရင် ဝင်ပြီး အနောက်မှ လူများက လိုက်ကြသည်။
“ဒီနေရာက သွေးတွေ စီးကျတာက လုံးဝကို နည်းပညာ သုံးပြီး ဖန်တီးထားတာ ဒါပေမဲ့ အဲဒီအချိန်က ပုံတွေကတော့ သွေးရနံ့ကို လှုပ်ဆော်ဖို့ ရည်ရွယ်ထားတာလေ။ ဒါပေမဲ့ ကုန်ကျစရိတ်ကတော့ တအားမြှင့်တာ။ ဆိုတော့ ငါတို့ လက်လျော့ လိုက်တယ်”
“ဒီမှာ ငါတို့က ဖုတ်ကောင် ပုံစံကို ဖန်တီးဖို့ လိုအပ်တာ။ အစစ်အမှန် လူက သရုပ်ဆောင်ရင်တော့ အကောင်းဆုံးပေါ့။ အထူးသဖြင့် အရိုက်ခံနိုင်တဲ့ အမျိုးအစား။ ဒါပေမဲ့ အဲဒီအလုပ်က အရမ်း အန္တာရာယ် များတယ်လေ။ ဒါကြောင့်် ငါတို့ လူတွေ ငှားလို့ မရခဲ့ဘူး”
“နောက်ထပ် တစ်ဆင့် ဒီအခေါင်းက တန်ကြေး မြှင့်ပြီး လုပ်ထားတာ။ အရိုးစုတွေက မရေမတွက်နိုင်အောင် ရှိတယ်။ … ငါ့အရိုးစုတွေ ဘယ်မှာလဲ”
လမ်းတစ်လျှောက်တွင် စုံဖန်းက သရဲအိမ်ထဲရှိ ပုံစံတစ်ခုချင်းစီတိုင်း အားလုံးကို ထင်မြင်သုံးသပ်ချက် ပေးသူ တစ်ယောက်ကဲ့သို့ မိတ်ဆက်ပေးနေသည်။ ထိုနောက် သူသည် အလယ်နားရှိ အခေါင်းနားသို့ ရောက်လာသည်။
စုံဖန်းကလည်း မြေပြင်တွင် တစ်စစီ မွစာ ကြဲနေသော အရိုးများကို ကြည်ပြီး တအံ့တဩ အော်သည်။
412 03
“ဖက်စ့် ဘယ်ကောင်လဲ ဟမ်။ ဒီနည်းပညာမြှင့် အရိုးတွေက ဈေးပေါတာ မဟုတ်ဘူး။ ဘာလို့ တစ်စစီ ဆွဲဖြဲထားတာလဲ”
“ပိုက်ဆံ ဘယ်လောက် ကုန်လိုက်သလဲ”
ဖြန်း
ယွင်ချန်းက ကိုယ်ကို ငုံ့ကိုင်း၍ အရိုးစုကို ကောက်ယူလိုက်ပြီး စုံဖန်း၏ ပုခုံးကို ရိုက်ကာ အရိုးကို ပြသည်။
“မင်း ဘာကို ဆိုလိုတာလဲ”
“အရိုးကို ကြည့်”
စုံဖန်းက မျက်လုံး ပြူးသွားသည်။ မိုဘိုင်းဖုန်းတစ်ခု၏ အလင်းရောင်အောက်တွင်ပင် ထိုအရိုးစုပေါ်မှ အကျည်းတန်ပြီး ကြောက်စရာကောင်းသော သွားကိုက်ရာ နှစ်ခုကို မြင်ရသည်။
သူဟာ မျက်လုံးကို ပြန်ပွတ်သည်။ ထိုနောက် ထပ်ကြည့်သည်။
တကယ်ကို သွားကိုက်ရာပဲ။
“ဒီလူတွေက ထောင့်တွေကို တမင်ကာ ကိုက်ပြီး သွားကိုက်ရာတွေနဲ့ တူအောင် လုပ်ထားတာလား။ ဒါပေမဲ့ နေပါအုန်း ဒီအရိုးတွေ ဝယ်တုန်းက အရိုးတွေက လုံးဝကို တိတိပပပါ။ ငါ နောက်ပြီး ပိုက်ဆံအများကြီး ပေးထားတာ။ ဒါပေမဲ့ ငါက လှည့်စားခံရတာလား”
စုံဖန်းက နည်းနည်း ဒေါသထွက်သွားသည်။
“ထိကြည့်လိုက်အုန်း”
ယွင်ချန်းက သူ့ကို စွံ့အသလို ကြည့်ပြီး လေးနက်သော လေသံနှင့် ပြောသည်။
“ဆို …”
“ဟုတ်တယ် … တံ … တံတွေးနံလိုပဲ”
ပလုံ
စုံဖန်းသည် နှာခေါင်းဖြင့် အနံ့ခံ ကြည့်ပြန်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ပလုံ
သူသည် ထိုအရိုးကို လွှတ်ပစ်လိုက်ပြီး ကြောက်လန့်တကြားဖြင့် ဘေးဘီကို ကြည့်သည်။
“ငါ့ကို … ငါ့ကို မကြောက်နဲ့နော်။ ရူးလွန်းနေတဲ့ တစ်စုံတစ်ယောက်က အထဲကို ဝင်လာပြီး အရိုးတွေကို ကြိတ်သွားတယ်လို့တော့ မပြောနဲ့”
“ဘုရားရေ အရမ်း ကြောက်ဖို့ ကောင်းတာပဲ”
“ဟား ဟား လူတွေက ကြိတ်သွားတာ ဖြစ်ဖို့ပဲ မျှော်လင့်တယ်။ ဒါပေမဲ့ ဒီသွားရာက လူ မဟုတ်ဘူး”
ယွင်ချန်းကလည်း တည်ငြိမ်သော အမှုအရာဖြင့် ကိုယ့်ကိုကိုယ် လှောင်ရယ်သည်။
“လူ မဟုတ်ဘူး ဟုတ်လား”
412 04
စုံဖန်းက သူ၏ နားထဲကို လေအေးများ ဖြတ်တိုက်သွားသလို ခံစားရပြီး ရုတ်တရက် ခြေထောက်နှစ်ချောင်းကို တင်းတင်းကြပ်ကြပ် ဖိပိတ်လိုက်ကာ နေရာမှ တုန်ယင်စွာ ထသည်။
ဒါက အရမ်း
လူ မဟုတ်ဘူးတဲ့လား။
သူတို့ရဲ့ သရဲအိမ်ထဲမှာ မသန့်ရှင်းတာ ရှိနေတာလား။
“ဖြန်း”
“အား”
“ဟယ် ကယ်ကြပါ။ ဘယ်သူက မီးပိတ်လိုက်တာလဲ”
“ဘယ်သူ ငါ့ကို လာထိတာလဲ။ ငါ့ကို မထိနဲ့”
ရုတ်တရက် အထက်မှ မှေးမိန်သော မီးက ပိတ်သွားသည်။ အားလုံးက ကြောက်လန့်တကြား အော်ကြသည်။
“ဘာလဲ”
စုံဖန်းသည်လည်း သူ၏ ခြေထောက်ကို တစ်စုံတစ်ယောက်က ညင်သာစွာ ပွတ်နေသလို ခံစားရပြီး မနေနိုင်ပဲ လက်ကို ဆန့်ထုတ်ကာ ထိကြည့်သည်။ အွန်း အမွှေးတွေနဲ့။
အမ် အမွှေးလေးတွေ တော်တော်များတာပဲ။
ဒါပေမဲ့ ဒီထဲကို ဝင်လာတဲ့ လူထဲမှာ အမွှေး ဒီလောက်များတာ ဘယ်သူရှိလဲ။
သူဟာ ငိုချင်သော အသံဖြင့် မေးသည်။
ထိုနောက် လက်ကို တဖြည်းဖြည်း ရုတ်လိုက်ပြီးနောက် စုံဖန်းက ခြေတစ်လှမ်းခန့် နောက်ဆုတ်သည်။
ဘန်း
သူသည် နောက်ထပ် အရာတစ်ခုကို ထိမိပြန်သည်။ ပြန်ထိကြည့်လိုက်၏။ သူ၏ အမွှေးကလည်း ထိုသို့ အမွှေးပွ ဖြစ်သည်။ ထိုအပြင် ခေါင်းတွင်လည်း ဂျိုနှစ်ခု ရှိနေ၏။
“ဝူး ဝူး ဝူး”
“ငါ့ကို မခြောက်ပါနဲ့ ပြန်လာခဲ့”
“ဖက်စ့် ထိုက်ချွမ်းလောင်ကျွင်းတာ ကောင်းချီပေးပါ။ ငါ သရဲအိမ်လေးပဲ ဖွင့်တာပါ။ ငါ မင်းကို ဘာမှ မလုပ်ပါဘူး”
“မဲ”
ရုတ်တရက် သူ ယခင်က လုံးဝ မကြာဖူးသော အသံတစ်သံက အနောက်ဘက်မှ ထွက်လာသည်။
“အား”
စုံဖန်းက မျက်လုံးမှိတ်ပြီး ထွက်ပြေးသည်။
ဘန်း
ရုတ်တရက် သူသည် တစ်စုံတစ်ယောက်ကို တိုက်မိသွားသည်။
“မင်း … မင်းတို့တွေ ဖုန်း … ဖုန်းနဲ့ ဓာတ်ပုံရိုက်လို့ ရတယ်နော်။ ငါတို့နောက်မှာ တစ်ခုခု လိုက်နေသလိုပဲ”
“ကြောက်ဖို့ ကောင်းလိုက်တာ”
“ငါ အပြင်ထွက်ပြီး ဘောင်းဘီ လဲလိုက်အုန်းမယ်။ ဘုရားရေ ငါ ဘယ်တော့မှ သရဲအိမ် မဖွင့်တော့ပါဘူး”
“နေပါအုန်း”
ဆုပိုင်က စကားပြောတော့မည်အချိန်တွင် အရှေ့က လူက လေကဲ့သို့ ပြေးထွက်သွားသည်။
“နေအုန်း။ ဒါက လမ်းဆုံး မဟုတ်ဘူးလား”
သူဟာ မျက်မှောင် ကျုံ့ပြီး လှမ်းပြောလိုက်သေးသည်။
ထိုနောက် ဆုပိုင်က အရှေ့သို့ သွား၏။ သူသည်လည်း ပြန်ရောက်လာသည့်နှင့် ထူးဆန်းသော နေရာတွင် ပေါ်လာမည်ဟု မထင်ထားမိပေ။ နောက်ပြီး မည်းမှောင်နေတာပဲ သူဘာမှတောင် မမြင်ရဘူး။
******
413 01
အခန်း 413
…
သူနှင့် ပြန်ခေါ်လာသော နှာခေါင်းမည်း သိုးများကိုပင် ရှာမတွေ့နိုင်တော့ပေ။
“ဒီကို လာအုန်း”
အခေါင်းနံဘေးနားတွင် နှာခေါင်းမည်း သိုးနှစ်ကောင်က လက်နှစ်ဖက်ကို မြှောက်၍ အခေါင်းထဲသို့ ဝင်ရန် ကြိုးစားနေကြောင်း မြင်လိုက်သဖြင့် ဆုပိုင်က အပြေးအလွှား သွားကာ ဆွဲချရသည်။
သရဲအိမ်၏ လမ်းတစ်လျှောက်တွင်လည်း သူက တောက်လျှောက် လျှောက်လာခဲ့ပြီးသား ဖြစ်သည်။
“ဝူး ဝူး ဝူး”
“ငါနဲ့ ဝေးဝေး နေနော်။ ကျေးဇူးပြုပြီး ငါ … ငါ အဘိုးလို့ ခေါ်ပေးမယ်လေ။ ငါ ဘာ အမှားမှ မလုပ်ဖူးပါဘူး”
အဝေးမှ ငိုသံများကိုလည်း ကြားရသည်။ အမျိုးသားများ၏ ငိုမြည်သံများ ဖြစ်သည်။ ဆုပိုင်က ခပ်မြန်မြန် သွားလိုက်၏။ ဓာတ်မီးကို တဖြည်းဖြည်း ဖွင့်လိုက်သောအခါ နှာခေါင်းမည်း သိုးနှစ်ကောင်၏အရှေ့တွင် လူအချို့က ဒူးထောက် လဲကျနေကြပြီး ဖက်နေကြတာကို မြင်ရသည်။ ပိုင်ဖုန်းက မြေပြင်ပေါ်သို့ လဲကျနေသည်။ အပေါ်မှ အလင်းကလည်း နှာခေါင်းမည်း သိုး၏ မျက်နှာပေါ်တွင် ရောက်နေသည်။
ငါ သောက်ငရဲလိုပဲ ဒါက ဘာလဲ။
“နင် … နင် တို့ သရဲအိမ်ထဲကို ဘာတွေ ထည့်ထားတာလဲ။ ကြောက်ဖို့ ကောင်းတာပဲ။ ဘာလို့ မျက်နှာတောင် မရှိတာလဲ။ အောင်မလေး ငါ မရတော့ဘူး။ ငါ မူးလာပြီ”
ယွင်ချန်းက အရှေ့မှ အကျည်းတန်သော မကောင်းဆိုးဝါး နှစ်ကောင်ကို ကြည့်နေရင်း ချွေးများ တစ်တောက်တောက် စီးကျလာသည်။
ငါ လုံးဝ မမျှော်လင့်ထားဘူး။ သရဲအိမ်ထဲမှာ တကယ့် သရဲရှိနေတယ်။
နောက်ပြီး အဲဒါက မကောင်းဆိုးဝါးကြီး။ အဖြူအမည်း မျက်နှာကြီးနဲ့။ မျက်နှာတောင် မပါဘူး။
“နေပါအုန်း။ ငါတို့မှာ လူရှိနေတာပဲ”
ရုတ်တရက် လက်မှတ်ရောင်းသူက အော်လိုက်ရင်း မျက်လုံးက လန်ကာ သတိလစ်သွားသည်။
အားလုံးကလည်း မော့ကြည့်သည်။ ထိုနောက် တစ်လှမ်းချင်းစီ ထွက်လာသော လူပုံရိပ်တစ်ခုကို မြင်ရ၏။ ထိုကြောင့် အားလုံးက ပို၍ ခြောက်ခြားသွားကြသည်မှာ ထိုပုံရိပ်၏ နံဘေးတွင်လည်း မျက်နှာ မရှိသော မကောင်းဆိုးဝါးနှစ်ကောင် ရှိနေ၍ ဖြစ်သည်။ ထိုပုံစံအရ ထိုပုံရိပ်ကို အလွန်လေးစားနေပုံရသည်။
အားလုံးက ပင့်သက်ရှိုက်လိုက်ကြသည်။
“သေး သေး သေး”
စုံဖန်းက သူ၏ စိုရွှဲနေသော ဘောင်းဘီကို တရွတ်တိုက်ဆွဲပြီး မေးချင်း တခပ်ခပ် ရိုက်နေသည်။
“မင်း … မင်း … မင်း က ဘာလဲ”
“ငါမင်းကို ပြောမယ်နော်။ ဒါက … ဒါက ကောင်းချီးပေးခံထားရတဲ့ ကျောက်စိမ်းအဆောင်”
“မိစ္ဆာတွေ အားလုံကို ဖယ်ထုတ်ပေးပါ။ အား အဘိုး ငါ တောင်းပန်ပါတယ်။ မင်း ဘာလို့ ကျေနပ်စွာ ပြောလေ။ မင်း တစ်ခုခု လိုချင်တာရှိရင် အိမ်မက်ထဲမှာ လာပေးပါနော်။ ဒီလိုမျိုးကြီး တိုက်ရိုက်လာစရာတော့ မလိုပါဘူး။ မင်း … မင်းကို ဘယ်မှာ မြုပ်ထားလဲ။ ငါ သွားပြီး စာရွက်ကို မီးရှို့ပေးမယ်လေ”
စုံဖန်းကလည်း နံဘေးမှ လက်ထောက်၏ လက်မောင်းကို ခပ်တင်းတင်း ဖက်ပြီး တုန်ယင်စွာ ပြောသည်။
“ငါ အမြင့်ဆုံး စံနှုန်းများ ရနိုင်မလား။ အွန်း မင်းရဲ့ ဂူပေါ်မှာလေ ဒစ်စကိုပါ တင်ပေးမယ်လေ။ နောက်ပြီး အခုတလော အနက်ရောင်လူတွေက ခေါင်းတည်တာမျိုးတွေလည်း ရှိတယ်။ အဘိုးရယ် … ငါ့အသက်ကို ချမ်းသာပေးပါ။ မင်းအတွက် အားလုံး ရအောင် လုပ်ပေးပါ့မယ် ဟုတ်ပြီလား”
“ဝူး ဝူး အနားကို မလာပါနဲ့”
“အား အား ငါ့ကို မဆွဲနဲ့ ငါ့ကို မဆွဲနဲ့”
ဆုပိုင်က အရှေ့မှ လူများ၏ ကြောက်လန့်နေသော မျက်နှာများကို ကြည့်ပြီးနောက် နှာခေါင်မည်း သိုးများကို ပြန်ကြည့်ကာ ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သွားသည်။
“ဟား ဟား”
သူဟာ ရယ်လိုက်သည်။
“အား အား”
ထိုရယ်သံက ယွင်ချန်းတို့ အားလုံးကို ခြောက်ခြားသွားစေသည်။ သူတို့ကလည်း အော်ဟစ်ပြီး အတူတကွ စုနေကြသည်။
ထိုနောက် တုန်ယင်နေပြီး တစ်လှမ်းချင်းစီ ကပ်လာသော လူပုံရိပ်ကို ကြည့်သည်။
“ဒီကိုလာ”
413 02
ဆုပိုင်က ခပ်တိုးတိုး ပြောသည်။
“ဟီး ဟီး”
“ဝါး ဟား ဟား တစ်ယောက်ယောက်က သေးပေါက်ချနေတယ်”
နှာခေါင်းမည်း သိုးများက အော်ဟစ်ပြီး တဖြည်းဖြည်း နောက်ဆုတ်လာသည်။
“ထ ဘာ သရဲမှ မရှိဘူး”
ဆုပိုင်က နှာခေါင်းမည်း သိုးများကို ဦးဆောင်ရင်း နောက်ပြန်လှည့်လာလိုက်သည်။
…
အချိန်တွေ ကြာပြီးနောက်
သရဲအိမ်၏ ဝင်ပေါက်တွင်
ယွင်ချန်းသည်လည်း ထိုအချိန်တွင် သူ၏ ပုံရိပ်ကို ဂရုမစိုက်နိုင်တော့ပေ။ မြေပြင်ပေါ်တွင် တိုက်ရိုက် လဲနေကာ မျက်နှာ မရှိသော တိရစ္ဆာန်များကို ကြည့်နေသည်။
ထိုနောက် မနေနိုင်ဘဲ မျက်နှာကိုတောင် လက်ဖြင့် အုပ်လိုက်တော့သည်။
ရှက်ဖို့ကောင်းလိုက်တာ။
သရဲအိမ်ထဲမှာ ဘာသရဲမှ မရှိဘူး။ အားလုံးက ဆုပိုင်ရဲ့ တိရစ္ဆာန်တွေပဲ။
သုံးကြိမ်လောက်တောင် သေအောင် ကြောက်သွားရသေးတယ်။
နောက်ဆုံးအခေါက်တွင် ပြင်းပြင်းထန်ထန် မတိုက်ခိုက်ခဲ့သည့်တိုင်အောင် သရဲအိမ်၏ ပိုင်ရှင်ကဲ့သို့ သေချာပေါက် ဖြစ်သွားလောက်သည်။
အနာဂတ်မှာ လူတွေကို ဘယ်လို ရင်ဆိုင်ရတော့မလဲ။
“ထတော့ ထတော့ ငါ ဒီနေ့ တကယ်ကို စိတ်မကောင်းပါဘူး။ ဒါပေမဲ့ မင်းတို့က အဲဒီမှာ ရှိနေမယ်လို့လည်း မထင်ထားဘူးလေ”
ဆုပိုင်က မြေပြင်တွင် လဲနေသော လူများကို ကြည့်ပြီး ခေါင်းကို ငုံ့ကာ ရှက်ရွံ့သလို ပြောသည်။ ထိုလူများသည် တမင် လုပ်နေသည်ဟု ထင်ထားခြင်းသာ ဖြစ်သည်။ မမျှော်လင့်ထားစွာပင် ထိုနှာခေါင်းမည်း သိုးများကြောင့် ကြောက်နေခြင်း ဖြစ်နေသည်။ ဒါပေမဲ့…
ညအမှောင်ထဲတွင်လည်း နှာခေါင်းမည်း သိုးကဲ့သို့ တိရစ္ဆာန်မျိုး ရုတ်တရက် တွေ့မည်ဆိုပါက သေချာပေါက် ကြောက်သွားလောက်သည်။
ဆုပိုင်က ထိုလူများကို စကားပြောနေချိန်တွင် သရဲအိမ်၏ နံဘေးဘက် ချုံ့ပုတ်ထဲတွင်
“ဆု”
ဖြန်း
ငှက်တောက တောင်ပံကို ဖြန့်ပြီး အသကုန် ဟစ်ကာ အော်တော့မည် အချိန်တွင် အာဟက မြေပြင်မှ နေ၍ ထိုအကောင်ကို လက်သည်းတစ်ဖက်ဖြင့် ရိုက်ချလိုက်သည်။
ထိုနှစ်ကောင်က ရန်ဖြစ်နေသည့်အချိန်တွင်ပင်
“ဟေး ကြည့်အုန်း ကြည့်အုန်း မင်းရဲ့ ခြေတံရှည်မမက ထွက်သွားတော့မယ်။ အနောက်က လိုက်ရအောင်”
ရုတ်တရက် ယခုလေးတင် မြေပြင်တွင် လဲနေသော လှပသည့် အမျိုးသမီးက တစ်လှမ်းချင်းစီ လျှောက်သွားကြောင်း မြင်လိုက်ရသည်။ အာဟကလည်း ငှက်တောကို ခပ်မြန်မြန် လွှတ်ပေးလိုက်ပြီးနောက်တွင် အနောက်ဘက်မှ နေ၍ ခပ်မြန်မြန် လိုက်သည်။
ဘန်း
ကားတံခါးကို ဖွင့်ပြီးသည့်နှင့် ယွင်ချန်းက ကားမောင်းသူနေရာတွင် ဝင်သည်။ ထိုနောက် လက်ထဲမှ ဖုန်းနံပါတ်ကို ကြည့်ပြီး မနေနိုင်ပဲ ရယ်သည်။
“တကယ်ကို ကံဆိုးမှုကနေ ကံကောင်းတာပဲ”
“ဒါရိုက်တာဆုပိုင်က ဒီလောက် စကားပြောရ လွယ်မယ်လို့ မထင်ထားဘူး။ ကြည့်ရတာ ဒီခြောက်ခြားစရာတွေကို တိုက်ရိုက်ထုတ်လွှင့်နေစရာ မလိုတော့ဘူးပဲ”
“တိရစ္ဆာန်တွေ အကြောင်းကို တိုက်ရိုက်ထုတ်လွှင့်လို့ ရမယ်။ ငါသာ ဒါရိုက်တာ ဆုပိုင်ကို ခေါ်ပြီး ကြော်ငြာခိုင်းနိုင်မယ်ဆိုရင် ငါရမဲ့ ကျော်ကြားမှုက …”
သူမက ကားသော့ကို ညင်သာစွာ လှည့်ရင်း ကားကို စတင် နှိုးသည်။
ဘန်း
ရုတ်တရက် အနောက်ဘက်မှ အသံထွက်လာသည်။
“ငါ ဒီသရဲခြောက်တဲ့ အိမ်ကို ဘယ်တော့မှ မလာတော့ဘူး။ ယွင်ချန်း ငါတော့ သံသဃ အဝင် မခံရပါဘူးနော်”
“ငါ ဒီလို သရဲခြောက်တဲ့ အိမ်တွေကို ဘယ်တော့မှ မသွားတော့ဘူး။ ငါ ယွင်ချန်းက သေချာပေါက်ကို အယူသီးတဲ့လူ မဟုတ်ဘူး”
အနောက်ကို တစ်ဖက်လှည့်ပြီးနောက် ယွင်ချန်းက ကိုယ့်ကိုကိုယ်ကို လှောင်ပြောင်သလို ပြုံးလိုက်ကာ ကားကို မောင်းထွက်လာခဲ့သည်။
မည်သို့ပင် ဆိုစေ သူမသည် ဒီတစ်ခေါက် ခြောက်ခြားဖွယ်ကောင်းသော တိုက်ရိုက် ထုတ်လွှင့်မှုမှ ကျရှုံးသွားခဲ့သည့်တိုင်အောင် အနာဂတ်တွင်လည်း တိရစ္ဆာန်များအတွက် တိုက်ရိုက် ထုတ်လွှင့်ရေးနှင့် ကျော်ကြားလာမည်ဟု ယုံကြည်သည်။
413 03
သူမ လမ်းတောက်လျှောက် မောင်းလာပြီး နောက်ဆုံးတွင် စံအိမ်ကြီး တစ်ခု၏ အရှေ့တွင် ရပ်သွားသည်။
ကားကို ရပ်နားပြီးသည့်နှင့် ယွင်ချန်းက ဒုတိယအထပ်သို့ တန်းသွားသည်။
သူမသည် ရေကို ခပ်မြန်မြန် ချိုးရပေမည်။ တစ်နေလုံး ချွေးပြန်နေသည်။
ဘန်း
ဝေါင်း
“ဖွင့်လို့ မရဘူး။ ဘယ်လို လုပ်ကြမလဲ”
အာဟက ကားအနောက်ဘက်မှ အဖုံးကို နဖူးနှင့်တိုက်ကာ ဖွင့်ကြည့်ပြီးနောက် အော်သည်။
“ငါက ဘယ်လို သိမှာလဲ။ အရှေ့ဘက်ကို သွားပြီး တစ်ချက်ကြည့်ရအောင်”
ငှက်တောက ချက်ချင်း မော့ကြည့်ပြီးနောက် ခပ်မြန်မြန် ပြောသည်။
“ဒီမိန်းမက သော့ကိုတောင် မထုတ်သွားဘူး။ လာ အရှေ့ဘက်က ဆင်းကြမယ်”
ထိုနှစ်ယောက်က ကားအနောက်ဖုံးမှ ခုန်ထွက်လာသည်။ ထိုနောက် စံအိမ်ထဲသို့ တံခါးက တစ်ဆင့် ဝင်သည်။
အတွင်းမှ ခမ်းနားထည်ဝါသော ပြင်ဆင်ပုံကို ကြည့်နေပြီး သပ်သပ်ရပ်ရပ် စီရီထားသော ပရိဘောဂများကို ကြည့်ကာ သဘောကျသွားသည်။
“မင်းက ဘာလို့ လှုပ်နေတာလဲ”
ငှက်တောက အာဟ၏ နဖူးရှေ့တွင် ရပ်ရင်း သူ၏ ခန္ဓာကိုယ်က တုန်ယင်မှုကို ခံစားမိကာ စိတ်ရှုပ်ထွေးစွာ မေးသည်။
“အားဝူး”
“ငါ စိတ်လှုပ်ရှားလို့ မထိန်းချုပ်နိုင်တာ ဟုတ်ပြီလား”
“အပေါ်ထပ်ကို တက်ပြီး ပုန်းစရာ နေရာ ရှာရအောင်။ မင်း အဲဒီ မိန်းမကို မြင်ချင်တာ မှတ်လား။ အပေါ်ထပ်တက်ကြမယ်။ ဒါဆိုရင် ဒီည မြင်ရမှာပဲ”
ထိုသို့ ပြောပြီးသည့်နှင့် သူဟာ ဒုတိယအထပ်သို့ စတက်သည်။
ရေချိုးခန်းထဲမှ ရေကျသံကို နားထောင်နေရင်းမှ အားဟက အထင်တသေး မဲ့သွားသည်။ ထိုနောက် သူသည် အိပ်ရာသို့ ခပ်မြန်မြန် ဝင်သည်။
“ပုန်းဖို့ နေရာတစ်ခုရှာ”
“ငါတို့ ညသန်းခေါင်ကျမှ တွေ့မယ်”
သူသည် ငှက်တောကို တစ်ချက် အော်လိုက်ပြီးသည့်နှင့် မြေပြင်တွင် လဲကာ မျက်လုံးကို မှိတ်လိုက်သည်။
သူ အင်အားဖြည့်ရမယ်။
ဒီနေရာက တအားကြီးတာ တစ်ညလောက်ကတော့ လုံလောက်ပါ့မလား မသိဘူး။
ဒါပေ့မယ် သူ ဆူညံသံတွေ အများကြီးတော့ လုပ်လို့ မရဘူး။
“ကား”
ငှက်တောက မျက်လုံးမှိတ်သွားသော အာဟကို ကြည့်ပြီးနောက် နှာခေါင်းကို တစ်ချက်မှုတ်သည်။ ထိုနောက် အိပ်ရာအောက်မှ ခပ်မြန်မြန် ထွက်သည်။
“ကျွတ် ကျွတ်”
သူသည် ကုလားထိုင်ပေါ်သို့ တက်နားလိုက်ပြီးနောက် အိပ်ရာပေါ်တွင် ပစ်ထားသော အဝတ်သေးသေးလေးများကို တစ်ချက်ကြည့်သည်။
သူသည် ထိုနောက် ဆိုးရွားစွာ အော်သည်။
ဟွားလားလား ဟွားလားလား ဟွားလားလား
မြူဆိုင်းနေသော ရေချိုးခန်းကို တစ်ချက်ကြည့်ပြီးနောက် ငှက်တောက တောင်ပံကို ဖြန့်၍ ဘေးဘက်ရှိ ပြတင်းပေါက်ဘောင်သို့ တိုက်ရိုက်တက်နားသည်။ ထိုနောက် လိုက်ကာအနောက်ဘက်တွင် ပုန်းရင်း ခေါင်းလေးကို အသာထုတ်ပြထားသည်။
သူ ခဏလောက် နေရင်တော့ မျက်စိ အစာကျွေးနိုင်မယ်ထင်တယ်။
ရေချိုးခန်းတံခါးက ဖွင့်သွားသည်။ ငှက်တောက အံဩသွားပြီး မျက်လုံး သေးသေးလေးများ မှေးစဉ်းကာ စူးစိုက်ကြည့်သည်။
“ဟစ်”
သူဟာ လေအေးများကို ရှိုက်သွင်းလိုက်သည်။ မှန်တင်ခုံ၏ အရှေ့တွင် ရေချိုးသပတ် ပတ်ထားသော အရပ်ရှည်ရှည် အမျိုးသမီး တစ်ယောက် ရှိနေသည်။ သို့သော်
သေစမ်း။
ငါရဲ့အလှလေးက ဘယ်မှာလဲ။ ရေချိုးခန်းထဲက ထွက်လာတာ ဘယ်သူလဲ။ ကွာခြားချက်က ကြီးလိုက်တာ။ ဖရဲသီးပုံမျက်နှာလေးနဲ့ ကောင်မလေး မဟုတ်ဘူးလား။ ဘယ်လို ဖြစ်ပြီး ရေချိုးပြီးတဲ့နောက်မှာ လုံးဝိုင်းတဲ့ မျက်နှာကြီး ဖြစ်သွားတာလဲ။
ယောင်သွားတာလား။
413 04
မဟုတ်ဘူး။ အဲဒါတင် မကသေးဘူး။ နေ့အချိန်တုန်းက မြင်နေရတဲ့ နုနယ်တဲ့ မျက်နှာအသွင်အပြင်ကလည်း မှတ်တောင် မမှတ်မိနိုင်တော့ပါလား။
“လောင်ကျိုးကမှ မင်းထက် ပိုချောအုန်းမယ်။ ဒါက ဒီခန္ဓာကိုယ်ကို ဖြုန်းတီးတာပဲ”
ယွင်ချန်းက တစ်ဖက်လှည့်လိုက်ချိန်တွင် ငှက်တောက ခေါင်းကို ငုံ့လိုက်ပြီး လိုက်ကာအနောက်တွင် တုန်ယင်ကာ ပုန်းလိုက်သည်။
အားလုံးက အတုတွေ ဖြစ်မယ်။
နေ့အချိန်မှာ ဒီလောက် အရပ်ရှည်တာ အခု မြင်တောင် မမြင်နိုင်တော့ဘူး။
အား
“ဟူး”
အသက်ကို ပြင်းပြင်း ရှုပြီးသည့်နှင့် ငှက်တောက ပြန်ထွက်လာကာ မီးများ အားလုံးပိတ်ပြီး အိပ်ရာပေါ်တွင် လဲနေသော အမျိုးသမီးကို ကြည့်သည်။
ဖြန်း
တံတွေးကို ခပ်ကြမ်းကြမ်း တွေးသည်။
ခေါင်းအစ ခြေအဆုံး အရပ်ကလွဲပြီး အရာအားလုံးက ခြားနားနေသည်။
ဒီအသိုင်းအဝိုင်းက ဘာတွေ ဖြစ်နေတာလဲ။
ငါ အိမ်ပြန်တော့မယ်။ ဘယ်တော့မှ အလှလေးတွေကို ကြည့်ဖို့ မထွက်လာတော့ဘူး။
သူဟာ ခုတင်အောက်သို့ တစ်လှမ်းချင်းစီ လျှောက်ဝင်သွားပြီး အိပ်ပျော်နေသော အာဟကို ကြည့်သည်။
ဖြန်း
သူဟာ တောင်ပံကို ထုတ်၍ ခပ်ကြမ်းကြမ်း ရိုက်သည်။
“အွန်း”
အားဟက ထသည်။ အရှေ့မှ ငှက်တောကို ကြည့်ပြီး လေသံတိုးတိုးနှင့် မေးသည်။
“ကြည့်လို့ ပြီးသွားပြီလား”
“ငါ ကြည့်လို့ ပြီးပြီ။ ငါ သွားအိပ်တော့မယ်။ လမ်းကဖယ် ငါ ဒီည တော်တော်လေးကို စိတ်အခြေအနေ ဆိုးနေတာ။ ငါ အိပ်ချင်နေပြီ”
ငှက်တောက စိတ်ပျက် အားငယ်စွာ ပြောပြီးနောက် အိပ်ရာအောက်တွင် ခေါင်းငိုက်စိုက်ကျသည်။
“ဝုတ်”
အာဟကလည်း ခန္ဓာကိုယ်ကို ငုံ့လိုက်ရင်း ခုတင်အောက်မှ ဂရုတစိုက် ထွက်သည်။ သူသည် သူ၏ လက်ဖဝါးတစ်ဖက်ကို အိပ်ရာပေါ်တွင် တင်ပြီးနောက် အိပ်ပျော်နေသော အမျိုးသမီးကို ကြည့်သည်။
“ဖက်စ့်”
သူသည်ပင် တအံတဩ အော်လိုက်သည်။
ပြောင်းလဲမှုက ကြီးလိုက်တာ။ ဘာလို့ ဒီလောက်အထိ ရုပ်ဆိုးတာလဲ။
ဒီတစ်ခန်းလုံးကို သေချာကြည့်။
နံရံမှာ တစ်ခုခု ကပ်နေသလိုပဲ။ ငါ ဒီအတိုင်း မနေနိုင်ဘူး။ … ဆွဲထုတ်ရမယ်။
ဟေး စူပါသေးသေးလေးကိုလည်း သေချာ ဖုံးထားသလိုပဲ။
နေပါအုန်း ဗီရိုပေါ်က မီးလည်း ရှိတာလား။
နှုတ်ခမ်းနီတွေလည်း အများကြီး။
အိုး ဘုရားရေ အဲဖိနပ်ပါးကလည်း ကောင်းတာပဲ။ ငါကိုက်လို့ ကောင်း …
နောက်ပြီး ဒီအဝတ်သေးသေးလေးတွေ။ နောက်ပြီး ဒီမည်းတာက ဘာကြီးလဲ။ ဒီအတိုင်း ဆွဲဖြဲ။
အာဟက အလုပ်များနေချိန်တွင် ဆုပိုင်က ကောင်းကင်ပြာတိရစ္ဆာန်ရုံသို့ ပြန်ရောက်သွားပြီ ဖြစ်သည်။
“ဆုပိုင် ပြန်လာပြီလား”
သူက တံခါးထဲမှ ဝင်လိုက်သည့်နှင့် လောင်ကျိုးက အပြေးအလွှားလာကာ စိုးရိမ်တကြီး ပြောသည်။
“ဒါက … အာဟနဲ့ ငှက်တော ပျောက်နေတယ်”
“ဘာ”
ဆုပိုင်က လက်ထဲမှ နှာခေါင်းမည်း သိုးကို မြက်ခင်းပေါ်သို့ ချရုံသာ ရှိသေးသည်။ တအံတဩ ထအော်ရသည်။
ကံဆိုးလိုက်တာ။
ပြန်ပေးဆွဲခံရတာလား။
“မဟုတ်ဘူး”
413 05
လောင်ကျိုးကလည်း ဆုပိုင်၏ မျက်နှာက မည်းမှောင်နေတာ မြင်သဖြင့် အလျင်အမြန် ရှင်းပြသည်။
“သူတို့ တိရစ္ဆာန်ရုံကနေ သူတို့ဘာသာ ထွက်ပြေးသွားတာ။ ငါ ဂိတ်ကနေ စောင့်ကြည့် ကင်မရာတွေကို စစ်ဆေးပြီးသွားပြီ”
“သူတို့ ဂိတ်ဘေးနားက တောအုပ်ထဲကို ဝင်ပြေးသွားတာပဲ။ အဲဒီနောက် ဒီလမ်းတောက်လျှောက်သွားပြီး ကုန်တင်ကားတစ်စီးပေါ်ကို တက်လို့ ပျောက်သွားတယ်”
“…”
“ဆုပိုင် ငါ့အမှားပါ။ … ငါ ညဘက် သူတို့ကို သွားစစ်ကြည့်သေးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး ဘာ သဲလွန်စမှ မတွေ့ရဘူး”
“ငါ လူတွေ အများကြီးကို မေးပြီး သွားပြီ။ ဒါပေမဲ့ ဘယ်သူကမှ မမြင်ဘူးတဲ့။ … ငါ သူတို့ အပြင်ဘက်မှာ ရှိနေတာကို စိုးရိမ်တယ်။ သူတို့သာ လူဆိုးတွေနဲ့ တွေ့မယ်ဆိုရင် သူတို့တွေ …”
“ဟူး”
ဆုပိုင်က အသက်ကို ပြင်းပြင်းရှု၍ သူ၏ ပုခုံးကို ကုတ်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“သူတို့သာ သူတို့ဘာသာ ထွက်ပြေးသွားတယ်ဆိုရင်တော့ ဘာမှ ဖြစ်လောက်ပါဘူး”
ဆုပိုင်ကလည်း အာဟ၏ စွမ်းရည်ကို ကောင်းကောင်း နားလည်သည်။ သူသည် အပြင်ဘက်တွင် အရှုူံးခံမည့်သူမျိူး မဟုတ်ပေ။ ထိုအပြင် အလားတူ အားကိုး၍ ရသော ငှက်တောလည်း ပါသေးသည်။ ဆိုတော့ ဒီနှစ်ကောင် တခြားလူတွေကိုသာ ထိခိုက်အောင် မလုပ်ဖို့ မျှော်လင့်တယ်။
“အား”
“ဒါဆိုရင် ငါတို့ မရှာကြတော့ဘူးလား”
လောင်ကျိုးကလည်း ဆိုရလျှင် ဆုပိုင်က ထိုသို့ အေးဆေးသွားမည်ဟု မထင်ထားမိသည့်အတွက် ပို၍ပင် စိုးရိမ်သွား၏။
နောက်ပြီး ဒီနှစ်ကောင်လုံးက အရမ်း အဖိုးတန်တဲ့ တိရစ္ဆာန်တွေနော်။
သူတို့သာ တစ်ခုခု ဖြစ်သွားခဲ့ရင် သူ … သူ ဒါရိုက်တာ ဆုပိုင်ကို ဘယ်လို ရင်ဆိုင်ရမှာလဲ။
“ရှာဖို့ မလိုဘူး”
ဆုပိုင်က လက်ကို ရမ်း၍ ပြုံးရင်း ပြောသည်။
“ငါ့အထင် သူတို့ ရက်အနည်းငယ်လောက်နေရင် ပြန်လာလိမ့်မယ်”
“ဒါပေမဲ့ ငါတို့ … ငါတို့ ဒီအတိုင်းတော့ ထားလို့ မရဘူးလေ ဟုတ်တယ်မှတ်လား။ ဒီနှစ်ကောင် ပြန်လာတာနဲ့ အပြစ်တော့ ပေးရမယ်။ ဒါမှ နောက်အခါ မထွက်ပြေးရဲမှာ”
“ကောင်းပြီ။ ကောင်းပြီ။ မင်းလည်း သွားအိပ်တော့။ ဘာမှ မဖြစ်လောက်ပါဘူး”
ထိုသို့ ပြောပြီးသည့်နှင့် ဆုပိုင်က လောင်ကျိုးကို အဆောင်ထဲသို့ ပြန်တွန်းလိုက်သည်။
လောင်ကျိုးကလည်း ရက်ပိုင်းများစွာ မအိပ်ထားရသေးကြောင်း မြင်နိုင်သည်။
လောင်ကျိုးကို သွားတွန်းချပြီးသည့်နှင့် ရုံးခန်းထဲသို့ ပြန်ဝင်လိုက်သည်။ သူသည် အာဟ၏ ကိစ္စကို စိတ်ထဲပင် မထားပေ။ လာ နောက်နေတာလား။ ဒီကောင်က တခြားလူတွေကို ထိခိုက်အောင် မလုပ်မှကို အဲဒီကောင်တွေက ကံကောင်းနေမှာ။
ပြန်ပေးဆွဲခံရတဲ့ နှစ်ကြိမ်ကိုပဲ ဉပမာထားကြည့်အုန်း။
သူဟာ ဘာမှ မလုပ်သည့်တိုင်အောင် အောင်မြင်စွာ ထွက်ပြေးခဲ့သည့်အထိသာ ဖြစ်သည်။
“အား”
နောက်တစ်နေ့ မနက်စောစောတွင် စူးရှသော အော်သံက ထွက်လာသည်။ ယွင်ချန်းက အိပ်ရာပေါ်တွင် ထိုင်နေရင်း ရှုပ်ပွနေသော အခန်းကို ကြည့်ကာ တစ်ကိုယ်လုံးက တုန်သွားသည်။
စောင်ကလည်း အပေါက်ပိုင်းများစွာ ပြည့်နှက်နေသည်။ နံရံပေါ်ရှိ မီးအိမ်။ နောက်ပြီး အိပ်ခန်းထဲက သစ်သားတံခါး။
လိုက်ကာများ အားလုံးကပင် ဆွဲချခံထားရသည်။ ပိုပြီး ကြောက်စရာကောင်းသည့်မှာ
အလှပြင် ခုံပေါ်မှ နှုတ်ခမ်းနီပေါင်းများစွာက ပွင့်ပြီး ကျိုးနေသည်။
“ငါ … ငါ ထင်ယောင်ထင်မှား ဖြစ်တာ ဖြစ်မယ်”
“ထင်ယောင်ထင်မှားပဲ နေမှာပါ”
ယွင်ချန်းက ညည်းငြူးရင်း မျက်တောင် တဖြတ်ဖြတ်ခတ်ကာ ပြန်ကြည့်သည်။
“ဝူး ဝူး ဝူး ဘာတွေ ဖြစ်ကုန်တာလဲ”
သူ မနေ့က ပြန်လာတော့ အကောင်းကြီးပါ။ ရုတ်တရက်ကြီး အိပ်လိုက်ရုံနဲ့ ဒီလို ဖြစ်သွားတယ်။
ဖြစ်နိုင်တာကတော့
ငါ မနေ့က သရဲခြောက်တဲ့ အိမ်ထဲမှာ တွေ့ခဲ့တာ တိရစ္ဆာန်တွေအပြင် တခြားအရာတွေ ရှိသေးတယ်။ ဟုတ်တယ်။ ဟုတ်တယ်။ အဲဒါပဲ ဖြစ်မယ်။
413 06
ယွင်ချန်းသည် ရုတ်တရက် ထူးဆန်းသော အရာတစ်ခုကို မှတ်မိသွားသည်။ ထိုနောက် အိပ်ရာပေါ်မှ ခပ်မြန်မြန် ထကာ ဗီရိုထဲသို့ အပြေးသွားသည်။
“အား”
ဗီရိုကို ဖွင့်လိုက်ပြီးနောက် ရုတ်တရက် အဝတ်အပိုင်းအစများကို မြင်ကာ ပြိုလဲ ကျသွားသည်။
သူမက အော်ဟစ်ပြီး အောက်ထပ်ကို ပြေးဆင်းသည်။
“ရူးနေပြီ”
ပထမထပ်ကပင် ပွစာကြဲခြင်း ခံထားရသည်။ အရာအားလုံးက ဆွဲချခံထားရသည်။ သူမက အိပ်ခန်းထဲသို့ ပြန်ဝင်ပြီး ဖုန်းကို ကောက်ကိုင်သည်။
“ကယ်ကြပါ။ ငါရဲ့အိမ်က သရဲခြောက်နေတယ်”
“မြန်မြန်လာခဲ့။ ငါရဲ့အိမ်က သရဲခြောက်နေတာ။ အားလုံး ပျက်စီးကုန်ပြီ။ အားလုံး ပျက်စီးကုန်ပြီ”
“ဝူး ဝူး ဝူး”
ဖုန်းကိုင်မိသွားသည့်နှင့် ယွင်ချန်းက တစ်ဖက်သူ၏ စကားကို မစောင့်ဘဲ ငိုသည်။
“ဟယ်လို ဟယ်လို နေအုန်း။ ဒါက ချင်းတု လုံခြုံရေး ဌာနကပါ။ ဘာပြောလိုက်တာလဲ”
“အိမ်ထဲမှာ သရဲ ရှိတယ်။ ငါရဲ့ အိမ်ထဲမှာ သရဲရှိတယ်”
ယွင်ချန်းက ထပ်အော်သည်။
တစ်ဖက်သူက တိတ်သွားသည်။
“ဟယ်လို ဆေးကုသဖို့ လိုအပ်တာဆိုရင် ကျေးဇူးပြုပြီး …”
“ဖြန်း”
“ဘာလဲ။ ဘာလဲ”
ယွင်ချန်းက ဖုန်းကိုပင် ရိုက်ချလိုက်ပြီး အိပ်ရာပေါ်တွင် ငေးငိုင်ကာ ရပ်နေသည်။
******
414 01
အခန်း 414
…
မနေ့က သရဲခြောက်တဲ့ အိမ်က တစ်ခုခု ဖြစ်မယ်။ တစ်ခုခုပဲ။
“ဝူး ဝူး ဝူး”
“ဘာတွေ ဖြစ်နေတာလဲ”
ဒါရိုက်တာလျိုကလည်း ခေါင်းကို တစ်ချက်ညိတ်ပြီး စံအိမ်ထဲသို့ ဝင်သွားသည်။ အရှေ့မှ ဝရုန်းသုန်းကား မြင်ကွင်းကို ကြည့်ရင်း အားလုံး၏ မျက်လုံးက ပြူးကုန်၏။
ကြောက်ဖို့ကောင်းလိုက်တာ။
ဒီအိမ်ထဲမှာ အလုခံထားရတယ်ဆိုရင်တောင်မှ ဒီလိုမျိုး မဖြစ်လောက်ဘူး။
“အိမ်က တစ်ခုခု ပျောက်နေလား”
မတရားခံရသူက ဆိုဖာပေါ်တွင် ငိုနေသည်။ ဒါရိုက်တာလျိုက ကွဲကြေပျက်စီးနေသော ဆိုဖာခြေထောက်လေးကို ပတ်လျှောက်ရင်း ထိုင်စရာ နေရာတစ်ခုကို ရှာလိုက်သည်။
“မပျောက်ပါဘူး”
ယွင်ချန်းက ခေါင်းကို ခါပြသည်။
“ဘာမှ မပျောက်ဘူး။ အိပ်ရာဝတ်စားပွဲထဲမှာ ထည့်ထားတဲ့ ပိုက်ဆံတောင် တစ်ကျပ်တောင် မပျောက်သွားဘူး။ ဒါပေမဲ့”
“ငါ သရဲလို့ တွေးတယ်ဆိုရင် နင်တို့ ယုံလား”
“တကယ်လို့ သရဲသာ မဟုတ်ဘူးဆိုရင် ဘယ်လိုကြောင့် ဒီလို တစ်ညတည်းနဲ့ ပျက်စီးနိုင်မှာလဲ။ ငါ ဘာအသံမှ မကြားလိုက်ဘူး”
ဒါရိုက်တာလျိုက သူမကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ပြီး ခေါင်းကို တစ်ချက်လှည့်၍ အနားမှ အသင်းဝင်များကို ပြောသည်။
“ဆရာဝန် ရှာပြီး သူမကို စစ်ကြည့်ခိုင်းလိုက်”
ဒါက ဘယ်လိုအသိုင်းအဝိုင်းလဲ။ ဘယ်သူက ဒီလိုအရာတွေ ယုံမှာလဲ။
ခန်းမတစ်ခုလုံးကို ကြည့်ရုံဖြင့် သိသာစွာပင် အကြမ်းနည်းဖြင့် ပျက်စီးထားကြောင်း သိနိုင်သည်။
“မင်း အခုတလော ရန်သူတွေ ဘာတွေများ ဖွဲ့မိသေးလား”
ထိုသို့ မေးပြီးသည့်နှင့် ထိုကောင်မလေးက ခေါင်းကိုပါ မှင်သက်စွာ ခါနေကြောင်း မြင်ရသည်။ ဒါရိုက်တာလျိုက လက်ကို ရမ်းပြီး အော်လိုက်၏။
“အားလုံး အပေါ်ထပ်တက်ပြီး သေချာ ကြည့်ကြ။ ပစ္စည်းတွေ အများကြီးကို ပျက်စီးပြီးတဲ့နောက်မှာ လက်ဗွေရာတွေတော့ ကျန်မှာပဲ”
“နောက်ပြီး အပြင်ဘက်က စောင့်ကြည့်ကင်မရာကိုလည်း သံသဃဖြစ်စရာ လူတွေ အဝင်အထွက် ရှိမရှိ စစ်ဆေးကြည့်လိုက်အုန်း”
ထိုသို့ ပြောပြီးသည့်နှင့် သူသည် အသင်းဝင်များကို ဦးဆောင်ကာ အပေါ်ထပ်သို့ တက်သည်။
သူဟာ အိပ်ခန်းထဲသို့ ဝင်လာသည်။ ဧည့်ခန်းထဲကထက်ပင် အခြေအနေ ဆိုးနေ၏။ နေရာတိုင်းကပင် ဝန်းနေသည်။
ဘာတွေဖြစ်နေတာလဲ။
“အွန်း”
ရုတ်တရက် ဒါရိုက်တာ လျိုသည် အရှေ့ဘက် နံရံပေါ်မှ လက်ရာကိုကြည့်ရန် အလိုငှာ ဆောင့်ကြောင့် ထိုင်လိုက်သည်။ ထိုနောက် ဂရုတစိုက် ကြည့်သည်။
“ဖက်စ့်”
414 02
သူဟာ တအံတဩ အော်သည်။ ထိုလက်ရာကို အလွန် ရင်းနှီးသည်။ သူ ဝက်ခြံကို တည်ဆောက်ခဲ့ချိန်က ထိုလက်ရာများ ပြည့်နှက်နေတတ်၏။ ဒါက အာဟ မဟုတ်ဘူးလား။
သူဟာ အနောက်ဘက်သို့ ပြန်လှည့်၍ အရှေ့မှ မြင်ကွင်းကို ပြန်ကြည့်သည်။
“ဟူး”
ဒါရိုက်တာလျိုက အသက်ကို ပြင်းပြင်း ရှုသည်။ အာဟကသာ လုပ်ထားခဲ့ခြင်း ဆိုလျှင် ထိုထက်ပင် ကြောက်စရာကောင်းသည့် အရာကို မြင်ဖူးပြီးပြီဟု ပြော၍ ရလေသည်။
ဒီကောင်က တကယ်ကို ဖျက်စီးသူ။
“ကောင်းပြီ။ ကောင်းပြီ။ ရှာစရာ မလိုတော့ဘူး။ ဒီအမှုက ဖြေရှင်းပြီးသားပဲ”
ဒါရိုက်တာလျိုက အားလုံးကို တစ်ချက်ပြောလိုက်ပြီးနောက် ဖုန်းကို ထုတ်ကာ အိပ်ခန်းထဲမှ ထွက်လာသည်။
“ဂရုတစိုက် အနံ့ခံကြည့်။ ဒီနှစ်ကောင် ဘယ်သွားလဲ ကြည့်ရအောင်”
ဆုပိုင်က ဟာလီနှင့် ဟိန်းကျစ်ကို ပြောလိုက်သည်။ ထိုနောက် တစ်ဖက်လှည့်ကာ ပခုံးပေါ်မှ ရွှေသိမ်းငှက်ကို ပြောသည်။
“မင်း တစ်ချက် တက်သွားပြီး ငှက်တောရဲ့ သဲလွန်စကို တွေ့မတွေ့ ရှာကြည့်အုန်း။ တစ်ကောင်ကို ရှာတွေ့ပြီဆိုတာနဲ့ ဖမ်းလိုက်တော့”
“ကျွတ်”
“ကောင်းပြီလေ”
ရွှေသိမ်းငှက်ကလည်း အော်ဟစ်ပြီးနောက် မျက်နှာပျက်ယွင်းနေသော ဒါရိုက်တာ ဆုပိုင်ကို တစ်ချက်ကြည့်ကာ တောင်ပံကို ခပ်မြန်မြန် ဖြန့်ပြီး ခပ်မြန်မြန် ထွက်လိုက်ရသည်။
“ဒါရိုက်တာ ဆုပိုင် ဒေါသမထွက်ပါနဲ့”
ဒါရိုက်တာလျိုကလည်း နံဘေးမှ နေ၍ နှစ်သိမ့်ပေးရသည်။
“ဘာပဲဖြစ်ဖြစ် သူတို့က တိရစ္ဆာန်လေးတွေလေ။ မှန်တယ်၊ မှားတယ်ဆိုတာကို မသိကြဘူးပေါ့။ ဒီအတိုင်း မသိစိတ်က လုပ် … အာဟတော့ ဟုတ်ချင်မှ ဟုတ်မှာပါ”
သူသည်လည်း ဒါရိုက်တာဆုပိုင်ကို ထိုမျှအထိ ဒေါသထွက်နေသည့်အား မမြင်ဖူးပေ။ သူ၏ မျက်နှာက သုန်မှုန်နေပြီး ရေတစ်စက်စက် ကျတော့ပေမည်။
“ငါ သိတယ်။ ခင်ဗျား ပြောစရာ မလိုဘူး”
ဆုပိုင်က လက်ကို ရမ်းလိုက်ပြီးနောက် အသက်ကို ပြင်းပြင်းရှုသည်။ သူသည် မနေ့ညကလည်း လောင်ကျိုးအား ဘာမှမဖြစ်လောက်ကြောင်း နှစ်သိမ့်ထားသည်။ သို့သော် မမျှော်လင့်ထားသည့်မှာ …
နောက်တစ်ရက်တွင် ထိုမျှကြီးသော ကိစ္စကြီးက ဖြစ်သွားသည်။ စံအိမ်တစ်ခုလုံးက တစ်ညတည်းနှင့် ပျက်စီးခံခဲ့ရသည်။ ထိုမျှ မဟုတ်သေးပေ။ သူဟာ မထွက်သွားသေးခင် ကားကိုပင် ပျက်စီးသွားသေးသည်။
ကြည့်ရသည်မှာ သူသည် အခုတလော အာဟကို အလွန် ရင်းနှီးပေးနေခဲ့ပုံရသည်။ အခြားသော သူများက မသိလောက်သော်လည်း ဆုပိုင်ကမှု မသိဘဲ မနေပေ။
တိရစ္ဆာန်မှာ ကယ်တင်ထားသော ပထမ တိရစ္ဆာန်တစ်သုတ်တွင် ပါဝင်သူများက လူအတိုင်း ညာဏ်ကောင်းကြသည်။ အာဟသည်လည်း အခုလို ပျက်စီးသည့် အကျိုးဆက်ကို သိလေသည်။ သို့သော် သူဟာ သူ့ကိုယ်သူ မထိန်းချုပ်ခဲ့ပေ။
“ကောင်းပြီ”
ဆုပိုင်က အံ့ကို ကြိတ်၍ ပြောသည်။
“ငါ မင်းကို ရှာတွေ့လို့ကတော့ ဟမ်း မင်းကို ဘယ်လို ထိန်းချုပ်ဖို့ လေ့ကျင့်ပေးမလဲ ကြည့်လိုက်”
သူ၏ မျက်နှာက ဖြူစုတ်နေရင်း ဟာလီ၏ အနောက်မှ လိုက်ကာ စရှာသည်။
414 03
အချိန်က နေ့လည်ဘက် ဖြစ်သည်။ လူတိုင်းကလည်း လမ်းပေါ်မှ လူတစ်အုပ်ကို သိချင်စိတ် ပြင်းပြနေကြပြီး သူတို့ကလည်း အမှိုက်ပုံးများကိုပင် လှန်ကာ ရှာနေပြီး အလောတကြီး ဖြစ်နေသည်။
“ဘာလုပ်နေတာလဲ။ ဘာကို ထပ်ဖမ်းမလို့လဲ။ ဘာလို့ ဂရုစိုက်ရှာနေတာလဲ”
“ရှူး မပြောနဲ့ မပြောနဲ့။ လုံခြုံရေးတွေက ပြောသွားတယ်လေ။ ဒါရိုက်တာ ဆုပိုင်က အာဟကို ရှာနေတာတဲ့။ အဲဒီကောင် တိရစ္ဆာန်ရုံကနေ ခိုးထွက်ပြီး စံအိမ်တစ်ခုကို ဖျက်စီးသွားတယ်တဲ့”
“ဖက်စ့် ဒီကောင်က တိရစ္ဆာန်ရုံထဲမှာ နေ့တိုင်းလိုလို ပြဿနာရှာနေတဲ့ ကောင်မှတ်လား။ သူက အာဟဆိုတဲ့အတိုင်းပါပဲ။ သူရဲ့ တိုက်ခိုက်နိုင်စွမ်းအားက ကြောက်ဖို့ကောင်းတယ်”
“လာ လာ လာ ငါတို့ ဒီအတိုင်း အားအားယားယား မနေပဲနဲ့ ကူညီပြီး ရှာပေးရအောင် အဲဒီလိုမှ မဟုတ်ရင်လည်း ဒီကောင် ဘယ်အိမ်ကို ဖျက်စီးနိုင်မလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။ အရေအတွက်က အားသာတယ်လေ”
“ဟုတ်တယ်။ ဟုတ်တယ်။ ငါလည်း ငါရဲ့မိသားစုကို အကြောင်းကြားပြီး ထွက်ပြီး တိရစ္ဆာန်ရှာခိုင်းရမယ်။ ငါလည်း တိရစ္ဆာန်ရုံက တိရစ္ဆာန်တွေက ထွက်ပြေးတတ်မယ်လို့ မထင်ထားဘူး”
ထိုသို့ဖြင့် လူတစ်အုပ်က ဆွေးနွေးပြီးနောက် ရှာဖွေရေးအဖွဲ့ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဝင်ရောက် ပူးပေါင်းကြသည်။ အချိန်တစ်ခုကြာပြီးနောက်တွင် အာဟနှင့် ငှက်တောက တိရစ္ဆာန်ရုံထဲမှ ထွက်ပြေးသွားသည်ဆိုသော သတင်းကလည်း ချင်တုတစ်ခုလုံး မုန်တိုင်းကဲ့သို့ ပျံ့နှံ့ကုန်လေသည်။
ညအချိန်ရောက်လာသည်။ ဆုပိုင်တို့ကလည်း မြို့ထဲမှ နေ၍ မြို့စွန့်ဘက်သို့ ရောက်လာသည်။ သို့သော် အာဟ၏ သဲလွန်စကို မတွေ့ရသေးပေ။ ရွှေသိမ်းငှက်ကပင် ချင်တုတစ်ခုလုံးကိုလည်း ပျံသန်း ပြီးလေပြီ။ သို့သော် အသုံးဝင်သည့် သဲလွန်စကို မတွေ့ရပေ။
“ဟယ်လို ကြည့်ရှုသူ မိတ်ဆွေတို့”
လမ်းဘေးနားတွင် မိုက်ခရိုဖုန်းကိုင်ကာ ရပ်နေသော သတင်းထောက်တစ်ယောက်က ကင်မရာကို ကြည့်ပြီး တည်ငြိမ်စွာ ပြောသည်။
“ငါတို့ ပျောက်နေတဲ့ တိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး အရေးပေါ် အကြောင်းကြားချင်တာ ရှိလို့ပါ”
“ကောင်းကင်ပြာတိရစ္ဆာန်ရုံရဲ့ ဟက်စကီးနဲ့ ငှက်တောတို့က လွန်ခဲ့တဲ့ သုံးရက်က စပြီး တိရစ္ဆာန်ရုံကနေ ထွက်သွားပါတယ်”
“အဲဒီအချိန်အတောအတွင်းမှာ အပျော်ပန်းခြံထဲက သရဲအိမ်ထဲမှာ ဝင်ရောက်နေထိုင်ခဲ့သေးတယ်။ အဲဒီနောက် ထိတ်လန့်သည်းဖို တင်ဆက်တဲ့ တင်ဆက်သူတစ်ယောက်ရဲ့ နောက်ကို လိုက်ပြီး အိမ်ထဲကို ဝင်သွားခဲ့သေးတယ်”
“စံအိမ်တစ်ခုလုံးကို အဲဒီညမှာ ပျက်စီးသွားပြီးတဲ့နောက်မှာ သူတို့က ထွက်ပြေးသွားတယ်”
“ဒီမှာ ငါတို့ သတင်းထောက်တွေက အားလုံးကို အကူအညီတောင်းချင်ပါတယ်။ တကယ်လို့ ဒီတိရစ္ဆာန်နှစ်ကောင်ရဲ့ သဲလွန်စကိုသာ ရှာတွေ့နိုင်ခဲ့မယ်ဆိုရင် ဒီဖန်သားပြင်အောက်ဆုံးမှာ ပါတဲ့ နံပါတ်ကို တိုက်ရိုက်ခေါ်ပြီး အကြောင်းကြားပေးပါ။ ဒီတိရစ္ဆာန်နှစ်ကောင်က အရမ်း အဖိုးတန်လို့ပါ”
“အကြောင်းကြားလာတဲ့ အချက်အလက်တွေကသာ မှန်ကန်ရင် ကောင်းကင်ပြာတိရစ္ဆာန်ရုံက ဘဝတစ်သက်တာလုံး ဝင်ခွင့်ရှိနိုင်မဲ့ ကတ်မျိုးကို ဆုချမှာပါ”
“တကယ်လို့ ဒီတိရစ္ဆာန်နှစ်ကောင်ကိုပါ ဖမ်းပေးနိုင်ခဲ့မယ်ဆိုရင်တော့ ကောင်းကင်ပြာတိရစ္ဆာန် ငါးပြတိုက်ကို ဘဝတစ်သက်တာလုံး ဝင်ခွင့်ကတ်ကိုပါ ထပ်ပြီး ရရှိအုန်းမှာပါ။ နောက်ပြီး အနာဂတ်မှာ ဖွင့်သမျှ ပြတိုက်တိုင်းအတွက်လည်း ဝင်ခွင့်အလကားရမှာပါ”
သူမက ထိုသို့ ပြောပြီးနောက်တွင် အမျိုးသမီး သတင်းထောက်က တစ်ဖက်သို့ ပြန်လှည့်ကာ လမ်းဘေးအနှံ့တွင် ပျံ့ကြဲနေသော မရေမတွက်နိုင်သော လူပေါင်းများစွာကို ရိုက်ပြသည်။
“ချင်တုက လူတိုင်းနီးပါးက ထွက်လာကြပြီး သူတို့က ဒီပျောက်သွားတဲ့ တိရစ္ဆာန်လေး နှစ်ကောင်ကို ရှာနေတာ”
“ကျေးဇူးပြုပြီး နယ်မြေခံ လုံခြုံရေး ရုံးတော်တွေနဲ့ ပူးပေါင်းလို့ ဒီတိရစ္ဆာန်လေး နှစ်ကောင်ကို ထိခိုက်အောင် မလုပ်ဘဲနဲ့ ကာကွယ်ပေးကြပါ။ ဒါပေမဲ့ ထိခိုက်အောင် လုပ်ခဲ့မယ်ဆိုရင်တော့”
414 04
“တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး ဉပဒေအသစ်အရ တိရစ္ဆာန်တွေကို ထိခိုက်အောင် လုပ်တဲ့ လူတိုင်းကို ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ”
“နောက်ပြီး ငါတို့ ဒီကိစ္စနဲ့ ပတ်သက်တဲ့ တိုးတက်မှုတွေကိုလည်း အချိန်မရွေး ထပ်ပြီး တင်ပြသွားပါမယ်”
ဖြန်း
မြို့စွန့်နားရှိ စုတ်ချာသော စားသောက်ဆိုင်ထဲတွင်
အသားမည်းမည်းနှင့် သန်မာသော လူတစ်ယောက်က တီဗီမှ အချက်အလက်ကို ကြည့်ပြီး တံတွေးကို ခပ်ကြမ်းကြမ်း ထွေးထုတ်သည်။
“ဘာကို အစုတ်အဖဲ့ ဘဝတစ်သက်တာ ဝင်ခွင့်ကတ်လဲ”
သူဟာ တစ်ချက် ကျိန်ဆဲ၍ အရှေ့ဘက်မှ ဝိုင်ကို တစ်ငုံတည်း ကုန်အောင် သောက်သည်။
“အား”
“ပျင်းလိုက်တာ”
သူဟာ နှုတ်ခမ်းကို နှစ်ချက်လောက် သပ်ရင်း သက်ပြင်းချသည်။ အချိန်က တဖြည်းဖြည်း ကုန်သွားသည်။ ထိုနောက် ဝိုင်ဖြူ ပုလင်းက တဖြည်းဖြည်း အောက်ခြေ ပေါ်လာသည်။ ထိုအချိန်တွင် သန်မာသော လူကြီးက တုန်ယင်နေပြီ ဖြစ်သည်။
“ခလော”
သူဟာ ကုလားထိုင်ကို တွန်းပြီးနောက် စားပွဲမှ ထရပ်သည်။ ထိုနောက် တံခါးဆီသို့ တစ်လှမ်းချင်းစီ လျှောက်သွားသည်။
“စီးပွားရေး နည်းနည်းတောင် မရှိဘူး။ ပိတ်တာပဲ ကောင်းပါတယ်”
“သေစမ်း”
သူဟာ တစ်ချက်ဆဲဆိုလိုက်ပြီး အရှေ့မှ ဖန်တံခါးကို ပိတ်သည်။
ရုတ်တရက် သန်မာသော လူက အဝေးမှ ကားကို ကြည့်ပြီးနောက်တွင် စားသောက်ဆိုင်၏ အရှေ့တွင် ရပ်သွားကြောင်း မြင်လိုက်ရသဖြင့် အထင်သေးသေး နှုတ်ခမ်းမဲ့ကာ တံခါးကို သော့ပိတ်ပြီး ပြန်ထိုင်သည်။
ဘန်း
ကားထဲမှ ကလေးနှစ်ယောက်ကို ခေါ်ထုတ်လာသော အမျိုးသမီးငယ်လေးကလည်း အရှေ့မှ စားသောက်ဆိုင်လေးကို တစ်ချက်ကြည့်ကာ မျက်မှောင် ကြုတ်သည်။ ထိုနောက် ဖျော့တော့နေသော မျက်နှာနှင့် ကလေး နှစ်ယောက်ကို ကြည့်ပြီးနောက် နဖူးလေးကို ညင်သာစွာ ပွတ်ကာ ခပ်တိုးတိုး ပြောသည်။
“မသက်မသာ ဖြစ်နေတုန်းလား”
“ဒီမှာ ခဏလောက်နားပြီး လေကောင်းလေသန့် ရှုရအောင်။ ဒေါ်လေးက ရေနွေးပူ ဝယ်ခဲ့မယ် ဟုတ်ပြီလား”
ထိုသို့ ပြောပြီးသည့်နှင့် သူမက ကလေး နှစ်ယောက်ကို စားသောက်ဆိုင်၏ တံခါးထံသို့ ခေါ်လာသည်။
ဒုန်း ဒုန်း ဒုန်း
တံခါးကို ညင်သာစွာ ခေါက်ပြီးနောက် ထိုအမျိုးသမီးသည်လည်း မှန်ကတစ်ဆင့် စားပွဲတွင် ထိုင်နေသော စားဖိုမှူး ယူနီဖောင်းနှင့် အမျိုးသားတစ်ယောက်ကို မြင်ရသည်။ ထိုကြောင့် လှမ်းအော်လိုက်၏။
“ဟယ်လို ဆရာ”
“ငါတို့က ချင်တုကို သွားမလို့ပါ။ ငါတို့ ချင်းလင်တောင်ကို ဝင်တော့မှာလေ။ ကလေးနှစ်ယောက်က နည်းနည်း ကားမူးနေလို့ ရေပူလေးများ ရနိုင်မလား”
“ကျေးဇူးတင်ပါတယ် ဆရာ”
ကုန်ယုံက ခွက်ထဲမှ ဝိုင်ကို တစ်ငုံတည်းနဲ့ ကုန်အောင် သောက်ပြီးနောက် ခေါင်းကို မော့ကာ တစ်ချက်ကြည့်ပြီး လက်ကို ရမ်းသည်။
“ဘာ ရေမှ မရှိဘူး။ ငါတို့ဆိုင် ပိတ်ထားတယ်”
“အရှေ့ကို သွား”
ဒီ ၁၀ ကီလိုမီတာ အတွင်းတွင်မှု စားသောက်ဆိုင်က တစ်ဆိုင်တည်းသာ ရှိသည်။ စားစရာက ဆိုးရွားသော်လည်း ချင်းလင်တောင်သို့ ဝင်ရောက်သည့်နှင့် အထူးသဖြင့် တောင်တန်းမျိုးတွင် ဆိုလျှင် တောင်ထဲတွင် ကားက ပိတ်မိလောက်သည်။ ထိုကြောင့် သူသည် ယခုလို စီးပွားရေးမျိုးကို လုပ်နေသေး၏။
ထိုအချိန်တွင် ရေပူကို ၁၀၀ ယွမ်ဖြင့်ဖြင့် ရောင်း၍ ရသည်။ လူအများက တမင်တကာ ငွေညစ်နေသည်နှင့်ပင် တူ၏။ သို့သော် နှစ်သစ်ကူးက ကျော်သွားပြီးကာစ ဖြစ်သည်။ လူအနည်းစုသာ ဖြတ်သွားတော့သည်။
ဒုန်း ဒုန်း ဒုန်း
နောက်ထပ် တံခါး ခေါက်သံက ထွက်လာပြန်သည်။
“ဆရာ ကျေးဇူးပြုပြီး ကူညီပေးပါ။ ကလေးက ကားအရမ်း မူးနေလို့ပါ”
“ရေပူလေးတစ်ခွက်လောက်ပဲ မရနိုင်ဘူးလား”
414 05
“ငါ ပိုက်ဆံ ပေးနိုင်ပါတယ်”
ထိုအသံက ထွက်လာသည့်နှင့် မှန်တံခါးကတစ်ဆင့် အညိုရောင် ကုတ်ကို ဝတ်ထားသော အမျိုးသမီးကို မြင်လိုက်သည်။ မျက်နှာကို မရှင်းလင်းသော်လည်း သူမက အရပ်ရှည်ရှည်နဲ့ ကြော့ရှင်း၏။
ကုန်ယုံက ထိုင်ခုံကို တစ်ချက် တွန်းလိုက်ပြီး တံခါးထံသို့ ယိုင်ထိုးကာ ထွက်လာသည်။ ထိုနောက် မှန်တံခါးကို ဖွင့်သည်။ သူဟာ အမျိုးသမီးကို အတွင်းသို့ ကြိုဆိုလိုက်၏။
“ဟူး”
“ကျေးဇူးတင်ပါတယ် ဆရာ။ ငါ ရေပူကို ဘယ်နေရာကများ ရနိုင်မလဲ။ ငါတို့ဘာသာ ဖြည့်လိုက်ပါ့မယ်”
“မီးဖိုခန်းထဲမှာ ရေပူရှိတယ်။ ငါ့ကို ခွက်ပေး”
ကုန်ယုံက အရှေ့မှ လှပသော အမျိုးသမီးကို ကြည့်ပြီး ခွက်ကို လှမ်းယူသည်။ ထိုနောက် မည်သည့်အသံမှ မထွက်စေရဘဲ သူမ၏လက်ကိုပင် တစ်ချက် ပွတ်လိုက်သေးသည်။ ထိုနောက် တစ်ဖက်သို့ ပြန်လှည့်ကာ မီးဖိုခန်းထဲသို့ ဝင်သည်။
“ဟူး”
ယွင်ရှောင်ကလည်း ကလေးနှစ်ယောက်၏ လက်ကိုသာ ပွတ်နေရင်း ပင့်သက်ရှိုက်လိုက်ကာ ခပ်တိုးတိုး ပြောသည်။
“အေးနေလား။ ခဏနေရင် ရေပူရမှာနော်။ ငါတို့ ပြီးတာနဲ့ ထွက် ….”
“မနက်ဖြန် မနက်ဆိုရင် အမေကို မြင်ရတော့မှာလေ။ ပျော်တယ်မှတ်လား”
“ဒေါ်လေးက ကောင်းကင်ပြာတိရစ္ဆာန်ရုံကို ခေါ်သွားပြီး ကစားခိုင်းမယ်နော် ဟုတ်ပြီလား”
ထိုစကားကို ကြားသောအခါ ကလေးနှစ်ယောက်က ပြင်းပြင်းထန်ထန် ခေါင်းညိတ်ကြသည်။
“အွန်း ဒါဆိုရင် မနက်ဖြန် သွားမှာလား”
“အွန်း မနက်ဖြန်တော့ မဖြစ်နိုင်လောက်ဘူးထင်တယ်။ အိမ်ကိုက မနက်ဖြန် မနက်မှ ရောက်မှာလေ။ မအိပ်ချင်ဘူးလား”
ယွင်ရှောင်က နီရဲသော လက်များကို ပွတ်ရင်း ခပ်တိုးတိုး ပြောသည်။ သူမသည်လည်း အစ်မဖြစ်သူ၏ ကလေးနှစ်ယောက်ကို မိဘများထံမှ ခေါ်ကာ ချင်တုသို့ သွားဖို့အရေး ဖြစ်သည်။ သို့သော် လမ်းမှာ ယာဉ်ကြော ပိတ်ဆိုမှုက အလွန်ပင် ပြင်းထန်နေမည်ဟု မထင်ထားမိပေ။
ပုံမှန်အားဖြင့် ညနေတွင် ပြီးမြောက်ရမည့် ခရီးကလည်း အခုလို ညသန်းခေါင်းနီးပါး ဖြစ်လာသည်။ ထိုအပြင် ချင်းလင်တောင်တန်းသို့ပင် မဖြတ်ရသေးပေ။
နောက်ပြီး
လမ်းတွင် အမျိုးမျိုးသော ရပ်နားမှုများကြောင့် ကလေးနှစ်ယောက်ဟာ အလွန်အမင်းပင် ကားမူးနေသေးသည်။ နောက်ဆုံးတွင် စားသောက်ဆိုင်သေးသေးလေးကို ရှာတွေ့ရခြင်း ဖြစ်သည်။ သူတို့က ကားကို ရပ်လိုက်ပြီးသည့်နှင့် ရေပူရရန် မျှော်လင့်ထားကြ၏။ ချင်းလင်တောင်ကို ဖြတ်ပြီးသည့်နှင့် အလယ်တွင် ရပ်တော့မည် မဟုတ်ပေ။ ကလေးနှစ်ယောက်ကလည်း ဆက်ပြီး တောင့်မခံနိုင်မှာကို ကြောက်ရသည်။
“ဘာလို့ မရသေးတာလဲ”
မီးဖိုခန်းကို ကြည့်နေရင်းမှ ယွင်ရှောင်က မျက်မှောင်ကို ကြုတ်လိုက်သည်။
ရေပူပဲ ထည့်တာ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်ကြာနေတာလဲ။
“ထိုင်ခုံမှာ ခဏထိုင်အုန်းနော်။ လျှောက်မသွားနဲ့ ဟုတ်ပြီလား”
သူမက ကလေးနှစ်ယောက်ကို ပြောလိုက်သည်။ ယွင်ရှောင်က မီးဖိုခန်းထဲသို့ တစ်လှမ်းချင်းစီ ဝင်လာ၏။
“ဆရာ”
“မီးဖိုခန်းထဲမှာလား”
“ရေပူကို စောင့်ဖို့ လို …”
သူမက ထိုသို့ ပြောရင်း ကလေးနှစ်ယောက်ကို ပြန်လှည့်ကြည့်ပြီး လိုက်ကာကို မကာ မီးဖိုခန်းထဲသို့ ဝင်သည်။ သို့ရာတွင်
စားပွဲပေါ်တွင် ခွက်တစ်ခွက်ကို တိတ်တဆိတ် ချထားကြောင်း မြင်ရသည်။ သို့သော် စားသောက်ဆိုင်ပိုင်ရှင်ကို မမြင်ရတော့ပေ။
“ဆရာ”
ယွင်ရှောင်က ထပ်ခေါ်သည်။
“အိမ်သာသွားတာလား”
မြေပြင်မှာ ခရားအိုးကို တစ်ချက်ကြည့်ပြီးနောက် ယွင်ရှောင်က ကိုယ်ကို ငုံ့ကိုင်းကာ ကောက်ယူပြီးနောက် ရေပူကို ခွက်ထဲသို့ ထည့်သည်။
ဖြန်း
ရုတ်တရက် အနောက်ဘက်မှ လက်မောင်းတစ်ဖက် ထွက်လာကာ လည်ပင်းကို တင်းတင်းကြပ်ကြပ် လာညှစ်သည်။
“ဟီး ဟီး”
သူမ၏နားအနောက်ဘက်မှ ဆိုးယုတ်သော အသံကို ကြားရသည်။
“ရေပူတွေက အများကြီး ရှိတယ်။ ဒါပေမဲ့ ဟီး ဟီး”
******