← Chapters

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း 415

ငါနဲ့ ကစားချင်လား။

“ငါ ဗိုက်ဆာတယ်”

“အာဟ ငါဗိုက်ဆာတယ်”

“ငါ ဗိုက်ဆာတယ်။ … ငါ ပြောတာ နားထောင်နေလား”

အာဟက တောထဲမှ အမောတကော ထွက်လာပြီးနောက် အပေါ်မှ ငှက်တောကို ကြည့်ကာ နှုတ်ခမ်းကို ဆွံ့အသလို မဲ့သည်။

“အားဝူး”

“ငါလည်း ဗိုက်ဆာတယ်လေ”

“သောက်ငရဲလို နေရာပဲ။ လမ်းပေါ်မှာ စားစရာ တစ်ခုလေးတောင် မရှိဘူး”

ထိုသို့ စွပ်စွဲပြောဆိုပြီးနောက်တွင် အာဟ၏ သူ၏အရှေ့မှ လမ်းပေါ်သို့ တက်နင်းလိုက်ပြီး ဘေးဘီကို ကြည့်သည်။ လမ်းတစ်ခုလုံးတွင် မည်သည့်ကားတစ်စီးကိုမှ မမြင်ရပေ။ လူကိုပင် ထည့်မပြောသေးတော့ပေ။ သိုးတစ်ကောင်ပင် ရှိမနေခဲ့ပေ။

သူက ထိုလမ်းပေါ်တွင် တစ်လှမ်းချင်းစီ လျှောက်နေခဲ့သည်။

“ဝူး ဝူး ဝူး ပြန်ရအောင်”

ငှက်တောက ငိုသံနှင့် ပြောသည်။

“တိရစ္ဆာန်ရုံမှာ နေတာပဲ ကောင်းတယ်။ ငါ အခု ဘယ်လို ဘဝမျိုးနေနေရလဲ ကြည့်စမ်းပါအုန်း”

“ငါ အရမ်း ဗိုက်ဆာတာပဲ”

“မဟုတ်သေးပါဘူး။ မင်းက ဘယ်ကို ပြေးချင်တာလဲ”

မနက်ပိုင်းထဲက ထိုအာဟက ရူးနေသည်။ သူသည်လည်း လမ်းတောက်လျှောက် ပတ်ပြေးနေ၏။ နေရာက ဝေးသထက် ဝေးလာ၏။

“ရှူး စားရာရှိတယ်”

အာဟက ရုတ်တရက် အသံတိုးတိုးနှင့် အော်သည်။

သူ၏ အ‌ရှေ့တွင် စားသောက်ဆိုင် သေးသေးလေး ရှိသည်။ ထိုကြောင့် သူသည် အလျင်အမြန် ပြေးသွားလိုက်ပြီး စားသောက်ဆိုင်ဆိုရင် သေချာပေါက် စားစရာ ရှိပေလိမ့်မည်။

အခုတော့ ဘယ်လိုနည်းနဲ့မှ ပြန်လို့ မရဘူး။

သူ ပစ္စည်းတွေ အများကြီး ဖျက်စီးခဲ့တာ။ သူ ပြန်ရင် အဆုံးသတ် ကောင်းမှာ မဟုတ်ဘူး။ ဒါရိုက်တာ ဆုပိုင်က သူ့ကို သင်းပစ်လိုက်ရင် ဘယ်လို လုပ်မလဲ။

ဒါဆိုရင် ဝံပုလွေအမေက ငိုတော့မှာပေါ့။

ထိုအကြောင်းအရာကို တွေးမိသော အာဟက အံကို ကြိတ်ပြီး ပြန်ရမည့်အစား အငတ်ခံပြီး သေလိုက်မည်ဟု ဆုံးဖြတ်ထားသည်။

သူသည်လည်း စားသောက်ဆိုင်၏ တံခါးနားသို့ ဂရုစိုက်သွားလိုက်ပြီးနောက် အတွင်းကို ခိုးကြည့်သည်။ စားသောက်ဆိုင်တစ်ခုလုံးက မည်းမှောင်နေသည်။

“အားဝူးဝူး”

“အနောက်ဘက်က ဝင်ရအောင်”

အာဟက ခပ်တိုးတိုး အော်၍ ဘေးဘက်ခြမ်းကနေ ခပ်အေးအေး လျှောက်သွားသည်။ လူတစ်ယောက်အရပ်ကျော်ကျော်ထက် မြှင့်သော နံရံကို တစ်ချက်ကြည့်ပြီးနောက် သူဟာ သူ၏ လက်သည်းကို ပြန်ငုံ့ကြည့်သည်။

ကြည့်ရတာ သူ မတက်နိုင်ဘူး ထင်တယ်။

“ပြန်မယ်။ ပြန်မယ်။ ငါ့အတွက် တံခါးဖွင့်ပေး”

အနောက်ဘက် တံခါးနားတွင် ဆောင့်ကြောင့် ထိုင်နေရင်းမှ သူသည် အရှေ့မှ သစ်သားတံခါးကို ကြည့်၍ ငှက်တောကို ပြောပြလိုက်သည်။

“ဖက်စ့် မင်းရူးနေလား”

ငှက်တောက မြှင့်မားလွန်းသော သစ်သားတံခါးကို ကြည့်ပြီးနောက် ခေါင်းကို ပြန်ငုံ့ကာ ဆဲသည်။

“ငါက ငါရဲ့ ခန္ဓာကိုယ်နဲ့ တံခါးဖွင့်ခိုင်းမယ်ထင်လား”

“ဝုတ်”

“သွားလေ မင်း သေချာပေါက် ဖွင့်နိုင်မှာပါ။ မင်းရဲ့ နှုတ်သီးလေးနဲ့ တံခါးက သော့ကို ကန့်လန့်လိုက်။ ငါ့မှာ အတွေ့အကြုံ့ရှိတယ်။ ငါ့ကို ယုံ”

အာဟက စိတ်မရှည်သလို့ အော်သည်။

“မြန်မြန် မြန်မြန် မြန်မြန်။ သိပ်မကြာခင် လူတွေ နိုးလာတော့မယ်။ အဲကျရင် မင်းဘာစားမှာလဲ”

“မင်း ငါပြောတာကို နားထောင်ရင် သေချာပေါက် မှန်မှာ။ ငါ မမှားနိုင်ဘူး”

415 02

ငှက်တောက သူ့ကို တစ်ချက် ကြည့်သည်။ ထိုနောက် တောင်ပံကို တစ်ဖြတ်ဖြတ်ခါရင်း တံခါးအရှေ့ဘက်သို့ ပျံသန်းသွားသည်။

“ကျွီ”

မိနစ်အနည်းငယ်ခန့် ကြာပြီးနောက် အာဟက သစ်သားတံခါးကို တွန်းဖွင့်ကာ ဝင်လိုက်သည်။

သူဟာ ဘေးဘီကို ကြည့်သည်။ သေးငယ်လွန်းသော စားသောက်ဆိုင်လေး၏ အနောက်ဘက်တွင် သေးငယ်လွန်းသော ခြံဝန်းလေး ရှိသည်။ ထိုနေရာတွင် နောက်ထပ် အနိမ့်စား ဘန်ဂလိုအိမ်နှစ်လုံး တွဲရက်လေး ရှိပြန်သည်။

“ခလူး ခလော”

ဘန်ဂလိုတစ်ခုထဲမှ ဟောက်သံများ ထွက်နေသည်။ အာဟက ငှက်တောကို မျက်လုံးမှိတ်ပြရင်း ထိုနေရာသို့ ဂရုတစိုက် လျှောက်သွားသည်။ သူသည် လက်သည်းကို ဆန့်ထုတ်၍ ပြတင်းပေါက်ဘောင်ပေါ်တက်ကာ အတွင်းသို့ ခိုးကြည့်သည်။

ထိုအခါ စာဖိုမှုးယူနီဖောင်းနှင့် အမျိုးသားတစ်ယောက်က အိပ်ရာပေါ်တွင် အိပ်နေသည်မှာ ဝက်သေတစ်ကောင်ကဲ့သို့ပင် အိပ်ပျော်နေကြောင်း မြင်ရသည်။

“သွား သွား သွား”

အချိန်တွေ ကြာအောင် စောင့်ကြည့်ပြီးသည့်တိုင်အောင် ထိုလူက အိပ်မောကျနေတာ သေချာသွားသဖြင့် အာဟက တစ်ဖက်ကို လှည့်ကာ စားသောက်ဆိုင်၏ မီးဖိုခန်းထဲသို့ ပြေးဝင်သည်။

ဘန်း

“အွန့်”

အာဟက မြေပြင်ကို နင်းမိသည့်နှင့် ရုတ်တရက် ရပ်သွားသည်။

မြန်မြန်လေး ငါတို့ စား … ငှက်တောကလည်း အလျင်အမြန် တိုက်တွန်းသည်။

အာဟက မျက်မှောင် ကျုံ့ရင်း ခေါင်းကို ငုံ့ကာ တရှုတ်ရှုတ် အနံ့ခံကြည့်သည်။ သူ၏ လက်သည်းကိုပင် ဆန့်ထုတ်၍ အောက်ဘက်မှ သစ်သားဘုတ်ပြားကို ဖြတ်ကနဲ ရိုက်လိုက်သောအခါ သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမှုအရာကပေါ်လာသည်။

ဘာဖြစ်တာလဲ။

အောက်မှာ ဘာမှ မရှိဘူးလေ။

ဖြစ်နိုင်တာက

မြေအောက်ခန်းလား။

“ဟစ်”

“မီးဖိုခန်းထဲ မသွားနဲ့တော့ ဒီအောက်မှာ ကောင်းတာ တစ်ခုခု ရှိရမယ်”

အာဟက အော်လိုက်ရင်း ခပ်မြန်မြန် စတင်ကာ ပြန်ဆုတ်ရင်း လက်သည်းကို ဆန့်ထုတ်၍ မြေအောက်ကို စတူးသည်။

“အောက်မှာ တစ်ခုခု ရှိလို့လား”

“ပေါက်ကရတွေ။ မင်း တီဗီတွေ အလကား ကြည့်ထားတာပဲ ဟမ်။ ဒီလို ခြံဝန်းသေးသေးလေးထဲမှာ သေချာပေါက် မြေအောက်ခန်းရှိရမယ်”

“ကျွတ် ကျွတ် ကျွတ် … အဲဒီမှာ စားစရာတွေလည်း အများကြီး ရှိမှာပဲ”

ငှက်တောကလည်း ခပ်မြန်မြန် ပျံသန်း ဆင်းသက်ကာ ဘန်ဂလို၏ ဝင်ပေါက်ကို လိုက်ရှာသည်။

“ဖက်စ့်”

“ဘာလို့ သော့ကြီးနဲ့လဲ”

အာဟက သော့ပိတ်ထားသည့် သစ်သားဘုတ်ပြားကို ကြည့်ပြီး ခပ်ကြမ်းကြမ်း ဆဲသည်။

“အဲဒီ ခွေးစားဖိုမှုးက အမှိုက်ကောင်ပဲ အမ်။ သူက သော့တောင် ပိတ်ထားသေးတယ်။ ဘယ်သူ့ကို ကာကွယ်နေတာလဲ”

“အဲဒီကောင်ပေါ်မှာ သော့ရှိရမယ်။ သွား သွား သွား သော့ သွားယူ”

ငှက်တောက အဝေးရှိ ဘန်ဂလိုထဲသို့ အပြေးဝင်သွားသော အာဟကို ကြည့်ပြီးနောက် အလျင်အမြန် လိုက်သည်။

ငါ ပြောမယ်။ အာဟက အားကိုးလို့ မရဘူးဆိုပေမဲ့လည်း တကယ်တော့ သတ္တိရှိတယ်။

ဒီရက်အနည်းငယ်အတွင်းမှာတင် သူ ဒီအတိုင်း ကြောက်တာ တစ်ခါမှ မမြင်သေးဘူး။ အမြဲတမ်းလည်း သူပြောတဲ့အတိုင်း လုပ်တယ်။

“ခလူး ခလော ခလူး ခလော ခလူး ခလော”

ခုတင်ပေါ်မှ ဟောက်သံကို နားထောင်နေသည့် အာဟကလည်း အိပ်ရာပေါ်သို့ ဂရုတစိုက် ကုန်းတက်သည်။ သူဟာ ငုံ့ကြည့်သည်။ ရှပ်အင်္ကျီအိတ်ကပ်ထဲတွင် ဘာမှ ရှိမနေပေ။ တစ်ဖက်သူ၏ လည်ပင်းနားတွင်လည်း ဘာကိုမှ မဆွဲထားပေ။

ဆိုတော့ ဘောင်းဘီအိတ်ကပ်ထဲမှာ။

“လှုပ်ရှား”

415 03

သူက သူ၏လက်ဖဝါးလေးကို ဆန့်ထုတ်လိုက်ကာ စားဖိုမှုး၏ ဘောင်းဘီအိတ်ကပ်ထဲကို လှမ်းချိတ်သည်။

သေစမ်း။ ဇစ်နဲ့လား။

“မင်းက ကိုက်ဖွင့်လိုက်။ ငါက သော့ကို ဆွဲထုတ်လိုက်မယ်”

သူဟာ ငှက်တောကို လှမ်းဆွဲပြီး ခပ်တိုးတိုး ပြောသည်။

“အသံမထွက်နဲ့နော်။ မဟုတ်ရင် …”

ဘန်း

သူ၏ စကားမဆုံးသေးခင်မှာတင် အရှေ့မှ စားဖိုမှုးက တစ်ဖက်လှန်လာကာ အာဟကို ပွေ့ဖက်လိုက်သည်။

အာဟ အစ်တူ မျက်လုံးပြူးနေသော အီမိုဂျီ။

ထိုအခြေအနေကို မြင်လိုက်သည့် ငှက်တောကလည်း တောင်ပံကို ခပ်မြန်မြန် ခါကာ အိပ်ရာပေါ်မှ ခုန်တက်သည်။

“အား ညီမလေး … တကယ်တော့ ရေပူတွေ အများကြီး ရှိတာ သိလား။ ငါ နိုးလာမှ မင်းနဲ့ ပျော်မယ်”

“ဟီး ဟီး”

“ညီမလေး ဘာလို့ ဘာမှ မပြောတာလဲ။ ငါ့ကို အထင်‌သေးတာလား။ ငါ .. စားဖိုမှုး ဖြစ်တာ ဘာမှားလို့လဲ။ ငါ မင်းနဲ့ ကစားနိုင်သေးတယ်လေ။ … တစ်ခုခု ပြောစေချင်လား …”

ထိုအချိန်တွင် အာဟ၏ ကိုယ်ပေါ်မှ အမွှေးတိုင်းက တောင်တက်နေသည်။ သူ့ကို ထိနေသည့် လက်ကို ခံစားမိသည့်တိုင်အောင် သူဟာ ခေါင်းမှ ငှက်တောကို မျက်လုံးပြူးကာ ကြည့်သည်။

“အားဝူး”

“သူ ဘာပြောလဲ ငါ့ကို ပြန်ပြောစမ်းပါ”

“ငါ …”

ငှက်တောက အောက်ကို ပျံသန်းကာ ဆင်းချလာပြီး အာဟ၏ နံဘေးတွင်ရပ်ကာ ခပ်တိုးတိုး ပြောသည်။

“သူက … သူက မင်းနဲ့ ကစားချင်တာတဲ့”

“သူ ဘာလို့ တစ်ခုခုကို ပြောလိုက်တာလဲ”

“ငါနဲ့ ကစားချင်တယ် ဟုတ်လား”

“မင်း ဦးလေးနဲ့ ကစား”

အာဟက ခပ်တိုးတိုး အော်သည်။

“အွန်း ညီမလေး … ညီမလေးမှာ ဘာလို့ အမွှေးတွေ ခအများကြီးလဲ”

“နောက်ပြီး ဘာလို့ အားလုံးက ခေါင်းထိပ်မှာပဲ ခံစားနေရ …”

“ဟေး ဘာလို့ ဒီနားရွက်က ငါနဲ့ မတူတာလဲ”

ထိုအချိန်တွင် နံဘေးမှ စားဖိုမှုးက အာဟ၏ နားရွက်ကို လက်တစ်ဖက်ဖြင့် ဖိပွတ်လာသည်။

သူဟာ တစ်စုံတစ်ရာကို ဝေဝါးစွာ ပြောသေးသည်။

“ မင်း သူ့ကို နည်းနည်း တုန့်ပြန်ပေးလိုက်”

အာဟက ငှက်တောကို ကူကယ်ရာ မဲ့သလို ကြည့်သည်။

ငှက်တော အစ်တူ …

သူ ဘာလို့ အရှက်ကွဲရမှာလဲ။

“ဂလု”

တစ်ခဏခန့် ကြောင်အပြီးနောက်တွင် ငှက်တောက အာဟ၏ ပါးစပ်ထောင့်ကို ထိတော့မည် လက်ကို တစ်ချက်ကြည့်လိုက်ပြီး အသက်ကို ပြင်းပြင်းရှုကာ ညင်သာလွန်းစွာ ပြောသည်။

“အိုး ဘုရားရေ … မထိပါနဲ့တော့”

“ငါ မရတော့ဘူး”

“မင်းက တအား ဆိုးတာပဲ”

“ဟီး ဟီး ကောင်းပြီ။ ကောင်းပြီ။ … ငါ နိုးလာမှ မင်းနဲ့ပျော်မယ်နော်”

သေချာစွာပင် …

သန်မာသော စားဖိုမှုးက ခပ်တိုးတိုး ရေရွတ်ပြီးနောက် အာဟကို ဖက်ထားသော လက်က ပြေလျော့သွားကာ တစ်ဖက်သို့ လှည့်ပြီး အိပ်သည်။

“တန့် တန့်”

အာဟကလည်း သော့အတွဲလိုက်ကို ပါးစပ်မှ ကိုက်ပြီး ဆင်းလာသည်။ ထိုနောက် စားဖိုမှုးကို စိုက်ကြည့်သည်။

သေစမ်း။

415 04

အွန်း ငါသာ ဒီနေ့ ဒီနေရာကို မဖျက်စီးခဲ့ဘူးဆိုရင် မင်းက အဘိုးဟက ဘာလဲဆိုတာ သိမှာ မဟုတ်တော့ဘူး။ ဟွန်း ငါ့ကို လာ လှည့်စားချင်တယ် ဟုတ်လား။

သေစမ်း။

သူသည် မြေအောက်ခန်း၏ အဝသို့ အပြေးအလွှား သွားကာ မြေအောက်တွင် လှဲပြီး ထိုသော့ကို လက်သည်းလေး နှစ်ဖက်ဖြင့် ကိုင်၍ အပေါက်ထဲသို့ ရအောင် တွန်းထည့်သည်။

“ကလစ်”

ခပ်ဆက်ဆက် အသံလေးက ထွက်လာသည်။ အာဟက သော့ကို ချက်ချင်းဆိုသလို ဘေးဘက်သို့ ကောက်ပစ်လိုက်ပြီး သစ်သားဘုတ်ပြားကို ခပ်မြန်မြန် ကိုက်ကာ မတင်လိုက်သည်။

“ဖူး”

အောက်ဘက်မှ ပြင်းထန်သော ပုပ်သိုးရနံ့က ထွက်လာပြီး အာဟကပင် မူးဝေသွားသည်။

သူသည်လည်း ခေါင်းကို ခပ်မြန်မြန် လှည့်လိုက်ပြီး လျှာကို ထုတ်ကာ အသက်ကို ပြင်းပြင်း ရှုလိုက်သည်။ ထိုနောက် အသိပြန်ဝင်၏။

အဲဒီအောက်မှာ ဘာတွေ ဖြစ်နေတာလဲ။

“နံလိုက်တာ။ ဒါက စားစရာထည့်တဲ့ နေရာ ဟုတ်ရဲ့လား”

“ချီး … ချီးစော်လိုပဲ နံတယ်”

ငှက်တောကပင် ရွံ့သလို ပြောသည်။

အာဟကလည်း စိတ်ရှုပ်သွားသည်။

ဘယ်လို ဖြစ်ပြီး ဇာတ်ညွှန်းက ပြောင်းသွားတာလဲ။ ဘယ်လို ဖြစ်ပြီး ဒီလို တောခြံဝန်းတွေထဲမှာ အကုန်လုံးက မြေအောက်ခန်းတွေ တူးပြီး စားစရာတွေ သိုလှောင်တာ မဟုတ်ဘူးလား။

စားစရာတွေ မမြုပ်ထားရင်လည်း ရပါတယ်။ ဘာလို့ အဲဒီချီးတွေ မြုပ်ထားတာလဲ။

“အားဝူး”

“သွားရအောင်။ သေစမ်း ဒီနေ့ ဒီစားသောက်ဆိုင်ကို စုတ်ဖြဲပစ်ပြမယ်။ ခွေးကို အနိုင်ကျင့်တာ အရမ်းများတယ်။ … ငါ အာဟက ဘယ်တော့မှ ချီးမစားဘူး”

အာဟက တစ်ချက်အော်ပြီး တစ်ဖက်သို့ ပြန်လှည့်ကာ ဘုတ်ပြားကို ဆွဲပစ်ချရန် ကြံလိုက်သည်။

“ဒုန်း ဒုန်း ဒုန်း”

ရုတ်တရက် အောက်ဘက်မှ တံခါးခေါက်သံကို ကြားရသည်။ တိရစ္ဆာန်နှစ်ကောင်က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး တစ်ပြိုင်တည်း လိုလို ပြောသည်။

“မင်း ကြားလိုက်လား”

“အောက်ဘက်က တအားမှောင်နေတာလေ။ ဘယ်လို ဖြစ်နိုင်မှာလဲ”

ငှက်တောက တုန်ယင်သွားသည်။

“မင်း … မင်း ဆာတာကို ဆိုတဲ့ အကြောင်းကြားဖူးလား။ သူမက အဲဒီအောက်ကနေ ကုန်း … ကုန်းပြီး တက်လာတာလေ”

“မဟုတ်ဘူး။ သွားရအောင်”

အာဟက အံကို ကြိတ်လိုက်ပြီး ဘုတ်ပြားကို ကောက်မကာ ကြည့်လိုက်ရာ အောက်မှာ လှေကား အတိုလေးကို မြင်ရသည်။

“ဝင်ကြည့်ကြမယ်”

သူဟာ တစ်ချက်အော်ဟစ်ပြီးနောက် လှေကားအတိုလေးကို တစ်ချက် ချိတ်လိုက်ပြီး တဖြည်းဖြည်း လျောဆင်းသွားသည်။

“ဖက်စ့်”

သူက ဆင်းလိုက်သည့်အခိုက်အတန့်တွင်ပင် မျက်လုံးပေါင်း များစွာက သူ့ကို ကြည့်လာသည်။ အာဟကပင် ခြေတစ်လှမ်းခန့် နောက်ဆုတ်လိုက်ရသည်။

ဘာလို့ လူတွေအများကြီး ဒီနေရာမှာ အကျဉ်းချခံထားရတာလဲ။

ကလေးချီထားတဲ့ မိန်းမကလွဲပြီး ကျန်တဲ့သူတိုင်းက ထိုင်းမှိုင်းနေတာပဲ။

“ဝုတ်”

“ငှက်တော ဆင်းလာခဲ့အုန်း။ ဒီမှာ လူတွေ ရှိနေတယ်”

သူက အပေါ်ကို လှမ်းအော်သည်။ ငှက်တောက မျက်မှောင်ကျုံ့ပြီး ဆင်းလာ၏။

ထိုနောက် အာဟ၏ ခေါင်းပေါ်တွင် နားပြီးသည့်နှင့် အရှေ့မှ အမျိုးသမီး အဖွဲ့ကို မျက်လုံးပြူးကာ ကြည့်သည်။

လူတိုင်း၏ ပါးစပ်က အချည်ခံထားရသည်။ သံမဏိချိန်ကြိုးကလည်း လည်ပင်းတွင် ပတ်ထားသေးပြီး ဘေးဘက်ရှိ နံရံပေါ်မှ သံမဏိချိန်းကြိုးရှည်က ပတ်ကာ ချည်ထားသည်။

“ငါ …”

“ဒီစားဖိုမှုးက တစ်ခုခုပဲ … သေစမ်း လူတွေအများကြီးကို ဖမ်းထားတာပဲ”

415 05

“မြန်မြန်လေး ကြိုးဖြည်ပေးလိုက်လေ”

ငှက်တောက အော်ဟစ်ရင်း အပြေးသွားသည်။

ယွင်ရှောင်ကလည်း အရှေ့မှ အမည်မသိရသော တိရစ္ဆာန်က စကားပြောနိုင်သည့်အတွက် အံအားသင့်သွားသည်။

“အမ် အမ် …”

သူမက ခန္ဓာကိုယ်ကို ခပ်ကြမ်းကြမ်း လှုပ်ခါပြီးနောက် မြေပြင်မှ ထရပ်ရန် ကြိုးစားသည်။

“အဘိုးဟရေ လာပြီး ကူညီပါအုန်း”

ငှက်တောက ခေါင်းကို ပြန်လှည့်၍ အော်သည်။ ထိုနောက် အမျိုးသမီး၏ ပါးစပ်မှ အဝတ်အစားကိုလည်း စတင်ကာ ဖြဲပေးသည်။

“ဒီစားဖိုမှုးက လူမဟုတ်ဘူး။ ဒီမိန်းမတွေက ဒီနေရာမှာ အပိတ်ခံရတာ တော်တော်ကြာပြီ။ ချိန်ကြိုးတွေကလည်း ဖွင့်လို့ မရတော့ဘူး။ မင်း …”

ယွင်ရှောင်က အရှေ့မှ တိရစ္ဆာန်နှစ်ကောင်ကို ကြည့်နေပြီး သူတို့က သူမ၏ စကားကို နားလည်သေးလား မသေချာသောကြောင့် ခပ်မြန်မြန် ပြောသည်။

“လုံခြုံရေးရုံးတော်ကို အမြန်ဆုံး အကြောင်းကြားလိုက်။ အဲဒီလိုမှ မဟုတ်ရင် အဲဒီလူ နိုးလာတဲ့အခါကျရင် ဒုက္ခရောက်လိမ့်မယ်”

“ဝုတ်”

“သတင်းပို့လို့ မရဘူး”

အာဟက ငှက်တော၏ ဘာသာပြန်ကို နားထောင်နေရင်း အော်သည်။ သတင်းပို့လိုက်တာနဲ့ သူပေါ်သွားမှာပေါ့။

သူ ဖမ်းမိသွားရင် ဘယ်လိုလုပ်မလဲ။

“ဖြောင်း”

ငှက်တောက သူ၏တောင်ပံဖြင့် ခပ်ကြမ်းကြမ်း ရိုက်ချရင်း ပြောသည်။

“ငါတို့ သတင်း မပို့ရင် ဘယ်လို လုပ်မလဲ”

“မဟုတ်ဘူး။ သတင်းပို့ရမယ်။ ဒါရိုက်တာဆုပိုင်က ငါတို့ကို သင်ထားတယ်လေ။ မင်း မေ့သွားပြီလား”

“သူ ဖမ်းချင်လည်း ပြန်ဖမ်းပေါ့။ ဒါရိုက်တာဆုပိုင်က ငါတို့ကို တကယ်နာအောင် လုပ်မှာတဲ့လား”

အာဟကလည်း အရှေ့မှ အမျိုးသမီးများ၏ ဆိုးရွားသော ပုံသဏ္ဌာန်ကို ကြည့်ပြီးနောက် ခေါင်းကို တဖြည်းဖြည်း ညိတ်သည်။

“ဘယ်လို သတင်းပို့ရမှာလဲ။ ဒီကနေ အဲဒီကို ပြန်သွားဖို့က တစ်ရက်လောက် ကြာမှာ”

“ဖုန်းလေ”

ယွင်ရှောင် တုန်ယင်နေသလို အော်သည်။

“ငါရဲ့ ဖုန်းကို အဲဒီစားဖိုမှုး ယူသွားတာ။ သူ့မှာ ရှိလောက်သေးတယ်။ ငါတို့ကသာ အဲဒီဖုန်းကို ရှာပြီး ယူလာနိုင်သမျှ ငါ လုံခြုံရေးရုံတော်ကို ဖုန်းဆက်ပေးလို့ ရတယ်”

******

416 01

အခန်း 416

“အားဝူး”

“သွားရှာလေ”

အာဟက ခုတင်အောက်တွင် ဆောင့်ကြောင့်လေး ထိုင်နေရင်းနဲ့ ဘေးမှ ငှက်တောကို ကြည့်ကာ ခပ်တိုးတိုး ပြောသည်။

“မင်း ဘာလို့ မသွားတာလဲ”

“ငါ သွားလို့ ရှာတွေ့ခဲ့ရင်တောင်မှ ယူလို့ မရဘူးလေ”

ငှက်တောက တစ်ချက်ကြည့်ပြီး အော်သည်။

“ငါ… သူ ငါ့ကို ဖက်မှာ ကြောက်တယ်”

အာဟကလည်း တစ်ချက် ညည်းလိုက်ပြီး အရှေ့မှ အစုတ်အပြတ် ကြက်တူရွေးကို ကြည့်ကာ ထပ်ဟောက်လိုက်ပြီးနောက် ခုတင်ပေါ်သို့ တစ်လှမ်းချင်းဆီ ခုန်တက်သည်။

ထိုအချိန်တွင် အရှေ့မှ လူယုတ်မာ စာဖိုမှုးက နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ သူသည် တကယ် အိပ်နေရင်း စကားဆက်ပြောနေသည်။

အာဟက လက်သည်းကို အသာလေး ထုတ်လိုက်ပြီး သူ၏ အရှေ့တွင် ရမ်းပြသည်။

“ဟူး”

သူသည် လျှာကို ထုတ်လိုက်ကာ အသက်ပြင်းပြင်း ရှုသည်။ အင်္ကျီထဲမှာ ဝှက်ထားတာပဲ။

သူဟာ လက်သည်းဖြင့် အင်္ကျီကို လှမ်းချိတ်ပြီးနောက် အဟနေရာလေးကို ညင်သာစွာ ဆွဲဖြတ်လိုက်သည်။ ပြီးနောက် တစ်ချက် ငုံကြည့်သည်။ သေချာစွာပင် အနီရောင် ဖုန်းအကြီးကြီးက စာဖိုမှုး၏ အဝတ်အိတ်ကပ်အတွင်းဘက်ဆုံးတွင် ရှိနေသည်။ သို့သော် …

“သူ ငါ့ကို ထတော့ မဖက်လာပါဘူးနော် ဟုတ်တယ်မှတ်လား”

သူဟာ ခေါင်းလှည့်ပြီး ပြောသေးသည်။

“သူသာ ခဏနေရင် ငါ့ကို လာဖက်ဖြစ်မယ်ဆိုရင် မင်း သေချာပေါက် တုန့်ပြန်တော့”

“မစိုးရိမ်ပါနဲ့ ငါ နားလည်ပါတယ်”

ငှက်တောက အလေးနက်ထားသော မျက်နှာမျိုးဖြင့် ခေါင်းညိတ်သည်။ အချစ်စကားနည်းနည်းပဲ ပြောပေးရမှာ မဟုတ်လား။

ဟွန့် သူ့အတွက်တော့ အရမ်း လွယ်တယ်။

ပိုဆိုးသည်မှာ ခွေးတစ်ကောင်က တခြားသူ၏ အဖမ်းခံရမှာ ကြောက်နေသည့် အကြောင်းကို တခြားသော လူများကို သွားပြောမည်ဆိုပါက ဘယ်သူမှ ယုံကြည့်လိမ့်မည် မဟုတ်ပေ။

“ဂလု”

အာဟက တံတွေးကို မျိုချပြီးနောက် လက်သည်းကို တဖြည်းဖြည်း ထည့်လိုက်သည်။

“အွန်း”

“ဘန်း”

ထိုအချိန်တွင် စာဖိုမှုးက ရုတ်တရက် ပလက်လှန်လာပြီး အာဟကို လက်နှစ်ဖက်လုံးဖြင့် ခပ်တင်းတင်း ဖက်လာ၏။

“အွန်း နူးညံ့လိုက်တာ”

သူက ရေရွတ်သည်။

“အား”

အာဟက စိတ်ထဲတွင် အော်ဟစ်ပြီး ငှက်တောကို မျက်လုံးပြူးကာ ကြည့်သည်။

“လုပ်တော့ လုပ်တော့”

အရှေ့မှ အကောင်က အချိန်တွေကြာအောင် မလှုပ်သဖြင့် အာဟက အော်သည်။

“ကောင်းလိုက်တာကွာ ငါ့ကို လွှတ်ပေး”

“မလွှတ်ဘူး။ အရမ်း နူးညံ့”

“လွှတ်”

“မလွှတ်ဘူး”

“ဖက်စ့် မင်း လွှတ်မှာလား မလွှတ်ဘူးလား ဖက်စ့်”

အချိန်တွေကြာအောင် ပြောပြီးသည့်တိုင် အရှေ့မှ စာဖိုမှုးက သူ့ကို ပြန်ချေနေသဖြင့် မနေနိုင်တော့ပဲ ဒေါသထွက်လာကာ အော်လိုက်သည်။

အစ်

ကုန်ယုံက အိပ်ရာပေါ်မှ ရုတ်တရက် ထထိုင်ပြီး လက်ထဲမှ အရာကို ကြည့်သည်။ သူဟာ လက်တစ်ဖက်ဖြင့် မျက်လုံးကို ပွတ်လိုက်သေးသည်။

ဘာတွေ ဖြစ်နေတာလဲ။

416 02

သူရဲ့ အိမ်မက်ထဲက အလှလေး မဟုတ်ဘူးလား။

ဘယ်လို ဖြစ်ပြီး …

ဘန်း

အားဝူး

အာဟကလည်း ကုန်ယုံ၏ ရင်ခွင်ထဲတွင် လှဲနေရာမှ တစ်ဖက်လူက မျက်လုံးပြူးကာ စိုက်ကြည့်လိုက်ကြောင်း မြင်လိုက်သည့်နှင့် ချက်ချင်းဆိုသလို အော်ဟစ်လိုက်ပြီး ပါးစပ်ကို ဖြဲကာ မျက်နှာကို လှမ်းကိုက်လိုက်သည်။

“ဗြစ်”

“အား”

ကုန်ယုံက မျက်နှာမှ နာကျင်မှုကို ခံစားလိုက်ရပြီး အော်ဟစ်ကာ အိပ်ရာပေါ်မှ ချက်ချင်း ပြုတ်ကျသည်။

“ဝုတ်”

“မင်း ဘာကြည့်နေတာလဲ။ မြန်မြန် လုပ်လေ”

အာဟကလည်း ထိုအရူးကြက်တူရွေးကို တစ်ချက် ကြည့်လိုက်ပြီး အရှေ့သို့ ပြန်လှည့်ကာ ကုန်းထွက်သွားသည်။

သွားပြီ သွားပြီ။

ဒီကောင် နိုးသွားပြီဆိုတော့ အခု မြေအောက်ခန်းထဲကို သွားလို့ မရလောက်တော့ဘူး။

ဒီစာဖိုမှုးကို အရင်ဦးဆုံး အမှောက်သိပ်မှ ဖြစ်မယ်။

“သေစမ်း”

ကုန်ယုံက မျက်နှာမှ သွေးများနှင့်အတူ အခန်းထဲမှ အပြေးထွက်လာပြီးနောက် အခန်းထောင့်နားတွင် ကပ်ထားသော ပုဆိန်ကို ကောက်ကိုင်လိုက်ကာ ပြေးထွက်လာသည်။

ငါ မှတ်မိပြီ။

ဒါက ဒီည သတင်းမှာ ပါသွားတဲ့ တိရစ္ဆာန်နှစ်ကောင်မှတ်လား။

သူသည် မျက်နှာမှ ဒဏ်ရာကိုပင် လှမ်းထိလိုက်သေးသည်။ ထိုအခါ မျက်နှာမှ အရေပြားတစ်လွှာက ပြဲသွားကြောင်း မြင်ရသည်။

“မပြေးနဲ့ ဟမ် ငါ မင်းတို့ကို ဒီနေ့ ခုတ်သတ်ပစ်မယ်”

“ငါ့ကိုတောင် ကိုက်ရဲသေးတယ်”

“မပြေးနဲ့”

သူဟာ အရှေ့မှ လမ်း၏ ထောင့်တစ်နေရာသို့ ချော်ထွက်ကာ ကွေ့သွားသော ဟက်စကီးကို ကြည့်ပြီးနောက် ကုန်ယုံက ဒေါသတကြီး အော်သည်။

“အာဟ သူတို့ မှီလာပြီ”

“မြန်မြန် ပြေး”

“အား အား အား သူ ဓားတွေ လိုက်ပစ်နေပါတယ်”

လေထဲမှ ငှက်တောကလည်း အောက်ဘက်မှ တိုက်ပွဲကို ကြည့်ပြီး ဆက်တိုက် အော်နေသည်။

အနောက်ဘက်မှ လိုက်လာသော စာဖိုမှုးက ဓားကိုပင် လှမ်းပစ်နေတာ မြင်သောအခါ သူသည် ခပ်မြန်မြန် အော်လိုက်သည်။

ဘန်း

“ဟစ်”

သူ၏ ဦးခေါင်းခွံ့နားမှ ကပ်တီးလေး ကျော်ြဖတ်သွားသော ဓားကို ကြည့်ရင်း အာဟ၏ ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက် ကွေးသွားသည်။ သူသည် ခေါင်းကို ဆက်ကနဲ လှည့်ကာ အနောက်မှလူကို ခက်ထန်စွာ ကြည့်လိုက်သည်။

ဒီလူ

ငါ့ကို ဓားနဲ့ ပစ်ရဲတယ် ဟမ်။ ဒါ ဘယ်လို သည်းခံနိုင်မှာလဲ။

သူဟာ တိုက်ခိုက်ရာတွင် မသန်မာသော်လည်း လူအများက သူ့ကို ထိုသို့ အနိုင်ကျင့်နေသည်ကို လက်မခံနိုင်ပါပေ။

သူသည် ထိုဓားကို ကိုက်လိုက်ပြီး ပြန်ပစ်လိုက်သည်။

ဝုတ်

အနောက်မှ ဆက်တိုက်လိုက်နေသော စာဖိုမှုးကို ကြည့်ရင်း အာဟက လည်တိုင်ကို မော့ကာ အော်သည်။

ဟာလေကလည်း သူနဲ့ မျိုးစိတ်တူတာပဲ။ သူတောင် လူတွေနဲ့ တိုက်ခိုက်ရဲသေးတာ။ သူက ဘာဖြစ်လို့ မလုပ်ရမှာလဲ။

“ဟီး ဟီး ဟီး”

416 03

သူသည် ခပ်ကြမ်းကြမ်း အံ့ကြိတ်လိုက်ပြီးနောက်တွင် အာဟ၏ အမွှေးများက ထောင်တက်လာသည်။ အမြှီးကလည်း အနောက်ဘက်တွင် ခါရမ်းနေ၏။ သူသည် အရှေ့မှ စာဖိုမှုးကို ကြည့်ပြီး ခန္ဓာကိုယ်ကို အောက်ဘက်သို့ ဝပ်တွားလိုက်ကာ ရှေ့လက်နှစ်ဖက်ကို မြေပြင်ပေါ်တွင် ခပ်ပြင်းပြင်း ပစ်သည်။

အခု တစ်ဖက်သူမှာ ဓားမရှိတော့ဘူး။ ဟွန်း သူ့မှာ သွားတွေ ရှိသေးတယ်။ မင်းမှာ ရှိလား။

ဝေါင်း

“ငါသာ မင်းကို ဒီနေ့ မသတ်ရင် ငါ့ကိုယ်ငါ အာဟလို့ မခေါ်တော့ဘူး”

သူဟာ အော်သည်။

ဘန်း

အာဟက မြေပြင်မှ ခုန်ထလိုက်သည်။

“ဖက်စ့်”

နံရံပေါ်တွင် ရပ်နားနေသော ငှက်တောကပင် အာဟ၏ ရဲရင့်သော ပုံစံကို ကြည့်ပြီး တအံတဩ အော်သည်။

သူ … သူ စိတ်ဝင်သွားတာပဲ။ ဘုရားရေ အဘိုးဟက နောက်ဆုံးတော့ နိုးထလာပြီပေါ့။

သူသည် မျက်တောင်ကို ခပ်ပြင်းပြင်း ခတ်ပြီး အရှေ့မှ အမျိုးသားနှင့် ခွေးတို့၏ နှပန်းလုံးနေသော ဖြစ်စဉ်ကို စိတ်ဝင်စားစွာ ကြည့်လိုက်သည်။

နောက်ပြီး

စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက်

ဖြောင်း

ဖြောင်း

ဖြောင်း

အားဝူး

“မရိုက်နဲ့တော့ မရိုက်နဲ့တော့ ဟမ်။ သတ္တိရှိရင် သဘက်ကို ချလိုက်စမ်း”

အာဟက အော်ဟစ်ပြီး ပတ်ပြေးရင်း ခုန်ပေါက်နေတာ မြင်သောအခါ ငှက်တောက စိတ်အေးသလို သက်ပြင်းချသည်။

ဟုတ်သားပဲ။

တိရစ္ဆာန်ရုံမှာ နေတာ ဒီလောက် ကြာပြီ။ ဒီကောင် တိုက်ခိုက်တာ တစ်ခါမှ မမြင်ဖူးသေးပါဘူး။ တစ်ကြိမ်လေးတောင် မမြင်ဖူးဘူး ဟုတ်ပြီလား။

နောက်ဆုံးတစ်ခေါက် ယုန်လေးကို အနိုင်ကျင့်ခဲ့သည့်တိုင်အောင် သူ့ကို ကျန်သော သူများက ရိုက်ခဲ့သေးသည်။

ဆိုတော့ အရှေ့က လူသားကို ဘယ်လို နိုင်မှာလဲ။

“ဟူး”

အာဟက ဖင်မှ တောက်လောင်နေသော နာကျင်မှုကို ခံစားမိသောအခါ နှုတ်ခမ်းထောင့်မှ လျှာက တစ်လစ်ထွက်လာပြီး အငမ်းမရ အသက်ရှုနေသည်။

သေစမ်း။

ဘာသိုင်းပညာမှ မရှိဘူးဘဲ။

သူက ခါးက ခါးပတ်ကိုတောင် ဆွဲထုတ်သေးတယ်။ ငါ့ကို သေအောင် နာစေတယ်။

ငါ ဘယ်လို လွှတ်အောင် လုပ်ရမလဲ။

ငါ သူ့ကို မနိုင်ဘူး။ ဆိုတော့ ပြေးရတော့မယ် ထင်တယ်။ ဒါပေမဲ့ သူ ပြေးလိုက်ရင် မြေအောက်ခန်းထဲက လူတွေ ဘယ်လိုလုပ်မလဲ။

“ပြေး”

“ငါ ဒီနေ့ မင်းကို သေအောင် ရိုက်မယ်”

“မပြေးနဲ့”

ကုန်ယုံက အဓိက လမ်းဘက်သို့ ထွက်ပြေးတော့မည့် တိရစ္ဆာန်ကို ကြည့်ပြီး အံ့ကို ကြိတ်ကာ မြေပြင်မှ ဓားမကို ပြန်ကောက်လိုက်ပြီးနောက် အနောက်မှ အရှိန်ကို မြှင့်ကာ လိုက်သည်။

ဘေးတစ်ခြမ်းမှ နံရံထောင့်နားက ထွက်လာသော အကောင်ကို မြင်သောအခါ ကုန်ယုံက အရှိန်ကို မြှင့်လိုက်သည်။

အချိန်က ညသန်းခေါင် ဖြစ်သည်။ လမ်းပေါ်ကလည်း မည်သည့်လူမှ မရှိလောက်ပေ။ ဒီနေ့ သူ့ကို ကိုက်သွားသော အကောင်ကို ကိုင်တွယ်ရပေမည်။

အထပ်မှ အကောင်ကမှု မရပ်မနား အော်နေသည်။

သောက်ကျိုးနည်းကို စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ။

သူက အော်သည်။

ကုန်ယုံက သူ့ဓားမကိုကိုင်ပြီး ရုတ်တရက် ဘေးထောင့်ဘက်သို့ ခုန်ထွက်လိုက်သည်။

ဘန်း

416 04

သို့သော် သူ၏ ခန္ဓာကိုယ်က မြေပြင်နှင့် မထိသေးခင် အရှေ့တွင် လူငယ်တစ်ယောက်က ရုတ်တရက် ပေါ်လာကာ သူ့ကို ဆောင့်ကန်လိုက်သည်။

“သေချင်နေတာပဲ”

ကုန်ယုံကလည်း မျက်နှာမှ စိမ့်ထွက်လာသော သွေးများကို တစ်ချက်သုတ်ပြီး အံ့ကို ကြိတ်ကာ အော်သည်။ သူသည် ဓားမကို ခပ်တင်းတင်း ကိုင်ပြီး အရှေ့သို့ အပြေးအလွှားဝင်လိုက်သည်။

ဒိုင်း

ရုတ်တရက် သေနတ်ပစ်သံကို ကြားရသည်။ ဒါရိုက်တာလျိုက လူပေါင်းများစွာနှင့်အတူ ဝင်ရောက်လာသည်။

“သောက်ငရဲလိုပဲ။ မင်းက ဘယ်သူ့ကို ဓားနဲ့ ခုတ်မှာလဲ ဟမ်”

“ငါ့ကို ခုတ်စမ်းပါ”

“အတွင်းကို ရှာ”

…

အချိန်တွေ ကြာပြီးနောက် ဆုပိုင်က ဗန်ကားထဲတွင် ထိုင်ကာ ပြတင်းပေါက် အပြင်ဘက်ကို စိုက်ကြည့်နေပြီး စကားတစ်ခွန်းမှ မဆိုပေ။ အခန်းထဲမှ လေထုအခြေအနေက အလွန်ပင် တင်းမာနေ၏။

ဒါရိုက်တာလျိုက ကားကို မောင်းနေရင်း နောက်ကြည့်မှန်မှတစ်ဆင့် အနောက်ဘက်မှ တိရစ္ဆာန်များကို တောက်လျှောက် ကြည့်နေသည်။ ဒါရိုက်တာဆုပိုင်၏ တင်းမာနေသော မျက်နှာကို မြင်သောအခါ သူသည် ဉာဏ်ပညာရှိစွာဖြင့် ပါးစပ်ကို ပိတ်ထားသည်။

ဒီတစ်ကြိမ်တွင် ရက်စက်သော ရာဇဝတ်သားကို အာဟက ဖမ်းမိခဲ့သော်လည်း သို့သော်

ဒါရိုက်တာဆုပိုင်ကမှု ထိုနှစ်ကောင်ကို မလွှတ်ပေးလောက်ပေ။ ရာသီဉတုအခြေအနေကပင် စိတ်ဓာတ်ကျချင်စရာ ကောင်းသည်။

အာဟကလည်း နောက်ခုံနားတွင် တိတ်တဆိတ်ဖြင့် ထိုင်နေသည်။ သူ့မျက်လုံးက ဆက်တိုက် လှည်နေသည်။

သူသည် ငှက်တောကို ကြည့်သည်။ မျက်လုံးချင်း ဆုံသွားသည်။

အာဟ: “ငါ ဘယ်လို လုပ်ရမလဲ။ ငါ ထပ်ပြေးသင့်လား”

ငှက်တော “ဒီကောင်ရဲ့ မျက်လုံးက ပြဿနာ ရှိနေတာလား။ ဘာလို့ မျက်တောင် ဆက်တိုက် ခတ်နေတာလဲ။ သူ ချီးပါချင်လို့လား”

အာဟ “ညီအစ်ကိုကောင်း မင်း ငါနဲ့လိုက်ခဲ့မယ်ဆိုတာ သေချာပေါက် ငါသိတယ်”

ငှက်တော “မင်း ချီးပါချင်တယ်ဆိုရင် အပြင်ထွက်ပြီး ပါလေ။ ကားထဲမှာတော့ မပါနဲ့။ ဒါရိုက်တာဆုပိုင် ဒေါသထွက်သွားလိမ့်မယ်”

ထိုသို့ဖြင့် အကြည့်ချင်း ဖလှယ်ပြီးနောက် အာဟက ရုတ်တရက် ငြိမ်သွားကာ တံခါးဘက်သို့ တဖြည်းဖြည်း ကပ်လိုက်သည်။ သူက ခေါင်းကို လှည့်၍ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ပြီး ကားထဲမှ မြင်ကွင်းကို တစ်ချက် ပြန်ကြည့်ပြန်သည်။

သူဟာ လုံလောက်အောင် မြန်ဆန်နေလျှင် တံခါးဖွင့်လိုက်သည့်နှင့် ခိုးထွက်၍ ရသည်။ ထိုနောက် နံဘေးရှိ တောအုပ်ထဲသို့ တိုက်ရိုက်ဝင်ပြေး၍ ရသေးသည်။

ဒီလူတွေက ကားကိုလည်း ရပ်ရအုန်းမှာ ဆိုတော့ သူ့ကို မမိနိုင်ပါဘူး။ ဟား ဟား။

သူ့အကြံက ပြီးပြည့်စုံတယ်။

အာဟက လျှာလေး ထုတ်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်ကို တစ်ချက်ယက်လိုက်သည်။ ထိုနောက် ငှက်တောကို ပြန်ကြည့်ကာ အချက်ပြလိုက်သည်။

သူသည် လက်သည်းကို တိတ်တဆိတ် ထုတ်လိုက်သည်။

ကလစ်

သူသည် တံခါးကို ခပ်ကြမ်းကြမ်း ဖွင့်သည်။

ဝုတ်

“ဝေါင်း ငါ …”

“ဟွန်း”

ဘာဖြစ်တာလဲ။ ဘာလို့ ကားက မဖွင့်သွားတာလဲ။

“လှုပ်မနေနဲ့ ကားတံခါးကို အသေပိတ်ထားတာ”

ဆုပိုင်က ခေါင်းကို လှည့်လာပြီး မှင်သက်နေပုံရသော အာဟကို ကြည့်ကာ သုန်မှုန်သော မျက်နှာနှင့် ပြောသည်။

“မင်း ဘာလို့ အခု မတွေးကြည့်တာလဲ။ ဖလာစေ့ အရသာလား။ အစပ် အရသာလား။ ဆိုတာလေ”

“နောက်ပြီး အဲဒီ အရေခွံ့ အရမ်းကောင်းတယ် မှတ်လား။ ခွာပစ်ပြီး ကူရှင် လုပ်လို့ရတယ်”

ဆုပိုင်က ငှက်တောကိုလည်း လက်ညိုး ထိုးသည်။

“အား”

“ဒါရိုက်တာ ဆုပိုင် ငါ မလုပ်ရဲတော့ပါဘူး။ ကျေးဇူးပြုပြီး … ဝူး ဝူး ဝူး ဒီကောင်က ငါ့ကို အတင်း ခိုင်းစေတာပါ။ ဟုတ်တယ်။ ဟုတ်တယ်”

416 05

အာဟက တစ်ခဏခန့် မှင်သက်သွားပြီး ထိုင်ခုံမှ ခပ်မြန်မြန် ခုန်ထကာ ခပ်တိုးတိုး ပြောသည်။

“ဒါတွေ အားလုံးက သူ့ကြောင့်ပဲ။ သူက အလှလေးကို ကြည့်ချင်တာတဲ့လေ။ ဒါကြောင့် ငါ့ကို ခေါ်ထုတ်သွားတာ”

“ငါက ကောင်းကင်ပြာတိရစ္ဆာန်ရုံကို သစ္စာရှိတာ။ ငါက ဘယ်လိုလုပ်ပြီး ထွက်ပြေးဖို့ မပြေးဘူး”

“တကယ်ပါ ငါ ကြိမ်ရဲတယ်။ ငါ လိမ်ရင် ငါ ခွေးပဲ”

“ဖက်စ့် မင်းက ခွေးလေ။ ငါ မင်းကို ရိုက်တော့မယ်”

ငှက်တောက အော်ဟစ်ပြီး ထိုင်ခုံ အနောက်ဘက်တွင်ပင် ငှက်တောနှင့် စတင်ကာ ရန်ဖြစ်လေသည်။

ထိုသို့ဖြင့် အပေါ်မှ ပလတ်စတစ်များကပင် ကွဲသွားလေသည်။

“ဒါရိုက်တာ ဆုပိုင် ငါ … ငါ အရင်သွားတော့မယ်”

ဒါရိုက်တာလျိုက ကားအပြင်ဘက်တွင် ရပ်နေရင်း ဆုပိုင်ကို ကြည့်ကာ ခပ်တိုးတိုး ပြောသည်။

“ငါတို့ စုံစမ်းလိုက်တော့ အဲဒီကလေးနှစ်ယောက်ကလေ။ ငါတို့ ကယ်ဆယ်ခဲ့တဲ့ ကလေးတွေက တကယ်တော့ ယွင်ချင်းရဲ့ ကလေးတွေ”

“သူမကလည်း ငါတို့ကို ကျေးဇူး အရမ်းတင်နေတာ။ ဒါကြောင့် ပျက်စီးခဲ့တာတွေကို ဆက်ပြီး မလုပ်လိုတော့ဘူးတဲ့”

“နောက်ပြီး ဒီတိရစ္ဆာန်နှစ်ကောင်ကတော့… ဒါရိုက်တာဆုပိုင် ကျေးဇူးပြုပြီး ညှင်သာပေးပါ”

“အွန်း ဒုက္ခများသွားတဲ့အတွက် ကျေးဇူးပါပဲ”

ဆုပိုင်က ခေါင်းညိတ်လိုက်ပြီး လက်ကို ရမ်းပြကာ ထိုအကောင်နှစ်ကောင်ကို တိရစ္ဆာန်ရုံထဲသို့ ခေါ်ခဲ့သည်။

“ထတော့”

ဆုပိုင်က မြေပြင်တွင် ကြောက်ရွံ့မှုကင်းမဲ့စွာ လဲနေသော ဟက်စကီးကို ကြည့်သည်။ ထိုနောက် ခေါင်းကို ငုံ့ပြီး ဆူ၏။

“ဝုတ်”

******

417 01

အခန်း 417

…

“ငါရဲ့ ခြေထောက်တွေ အရမ်း အားနည်းနေတယ်။ မထနိုင်တော့ဘူး”

“မထနိုင်ဘူး ဟုတ်လား”

ဆုပိုင်က ဟက်စကီး၏ လည်ပင်းမှ အမွှေးကို ဆွဲကာ တိရစ္ဆာန်များ ရှိရာဘက်သို့ စလျှောက်လာသည်။

“သွား။ တိရစ္ဆာန်တွေအားလုံးကို ဒီမြက်ခင်းပေါ်မှာ အစည်းအဝေးရှိတယ်လို့ အကြောင်းကြားလိုက်။ အားလုံး လာရမယ်”

သူဟာ ငှက်တောအား သုန်မှုန်သော မျက်နှာဖြင့် လှမ်းအော်သည်။

အဝေးရှိ ချင်တုမှ အမျိုးသမီး သတင်းထောက်သည်လည်း အ‌ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး မျက်ရည်များ ကျဆင်းလာသည်။ သူမက ခေါင်းကို ပြန်လှည့်၍ အရှေ့မှ ကလေးများကို ပြောသည်။

“နင်တို့ မြင်ကြလား”

“ငါတို့တွေ ကောင်းကင်ပြာတိရစ္ဆာန်ရုံက တိရစ္ဆာန်တွေကို လေးစားရမယ်။ သူတို့က ဒီနေ့ နောက်ထပ် ကြီးမားတဲ့ အမှုကြီးတစ်ခုကို ဖြေရှင်းပြီးသွားတာ”

“ဒါကြောင့်ပဲ မြေအောက်တွင် အဖမ်းခံထားရတဲ့ အမျိုးသမီး ၁၀ ယောက်ကျော်ကို ကယ်ခဲ့ပေးတဲ့အတွက် သူတို့ကို တကယ် ကျေးဇူးတင်ရမယ်”

“အဲဒီ အာဟလို့ခေါ်တဲ့ တိရစ္ဆာန်က ရာဇဝတ်သားတွေနဲ့ တိုက်ခိုက်ခဲ့သေးတယ်။ ရိုးရိုးသားသား ပြောရရင် ငါ မြင်လိုက်ပြီး နည်းနည်းတောင် စိတ်မကောင်း ဖြစ်သွားတယ်”

“ဒါပေမဲ့ ကံကောင်းစွာနဲ့ သူတို့က အောင်အောင်မြင်မြင်နဲ့ ကယ်ဆယ်လိုက်နိုင်တယ်။ နောက်ပြီး ဒီကိစ္စကတစ်ဆင့် ငါတို့ရဲ့သတင်းထောက်ကလည်း ကောင်းကင်ဘုံရဲ့ ပိုက်ကွန်က ကျယ်ပြောတယ်။ ဘာကမှ မလွှတ်မြောက်နိုင်ဘူးဆိုတာကို ပြောချင်တယ်”

“သာမန်လူတွေမှာ မရှိတဲ့ စွမ်းရည်တွေကို တိရစ္ဆာန်တွေမှာ ပိုင်ဆိုင်ထားတယ်။ ဟက်စကီးကတော့ သူတို့ကတော့ အနံ့ခံအာရုံကတစ်ဆင့် ဓားစာခံတွေကို ရှာတွေ့ခဲ့တာ ဖြစ်လိမ့်မယ်။ ဘယ်နေရာမှာပဲ ပုန်းပုန်းပေါ့”

“ဒီတိရစ္ဆာန်တွေရဲ့ လက်ထဲက‌နေ လွှတ်မှာ မဟုတ်ဘူး”

“ကောင်းကင်ပြာ တိရစ္ဆာန်ရုံကနေ ဒီတစ်ကြိမ်မှာ ထွက်ပြေးခဲ့တယ်ဆိုပေ့မဲ့လည်း ဒါပေမဲ့ သူတို့က သဲလွန်စတွေကို ရှာတွေ့ခဲ့တာကြောင့်လို့ ငါ ယုံကြည်တယ်။ အဲဒီလိုမှ မဟုတ်ရင်လည်း ဒီလောက်အထိ တိုက်ဆိုင်နိုင်မှုက မရှိနိုင်ဘူးလေ”

“ဓားစာခံတွေထဲမှာ သူဖျက်စီးခဲ့တယ်ဆိုတဲ့ စံအိမ်ပိုင်ရှင်ရဲ့ ကလေးတောင် ပါသေးတယ်။ သူက အနံ့နောက်ကို လိုက်ပြီး ရှာတွေ့တာ ဖြစ်မယ်”

သတင်းထောက်က ခံစားချက်အပြည့်နှင့် ပြောသည်။

“ငါပြောမယ်။ တကယ်ကို အံဩဖို့ကောင်းတာ”

“ဒီပြဿနာက ပြဿနာမဟုတ်ရင် အဲဒီလူတွေ ဘယ်လောက်အထိ နှိပ်စက်ခံရမလဲတောင် မသိနိုင်ဘူးလေ”

“ဒီအပိုင်းကတော့ ဒီနေရာမှာ အဆုံးသတ်ပါပြီ။ နောက်တစ်ကြိမ် ကောင်းကင်ပြာတိရစ္ဆာန်ရုံက တိရစ္ဆာန်တွေကိုသာ အပြင်မှာ တွေ့ခဲ့မယ်ဆိုရင်တော့ ဘာပဲ လုပ်လုပ် မတားပါနဲ့။ ဖြစ်နိုင်တာက သူတို့က ငါတို့အတွက် အပြစ်သားတွေကို ရှာပေးနေတာ ဖြစ်နိုင်တယ်။ အပြစ်ကင်းစင်တဲ့ သူတွေကို ကယ်တင်ပေးတာ ဖြစ်နိုင်တယ်လေ”

“ကျေးဇူးတင်ပါတယ်။ ကယ်ဆယ်ခံထားရတဲ့ တိရစ္ဆာန်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”

“နောက်အပိုင်းကျမှ တွေ့ကြမယ်”

ထိုအချိန်တွင် သတင်းထဲမှ အဓိက ဇာတ်လိုက်နှစ်ယောက်ကမှု မြက်ခင်းနားရှိ စင်မြင့်လေးပေါ်တွင် ရပ်နေရသည်။ အရှေ့မှ မြောက်မြားလှစွာသော တိရစ္ဆာန်များကို ကြည့်နေရင်း သူတို့က ရှက်ရွံစွာဖြင့် ခေါင်းငုံ့ထားသည်။

417 02

ဘုရားရေ

ရှက်ဖို့ ကောင်းလိုက်တာ။ ဒါရိုက်တာ ဆုပိုင်က ဘာလုပ်မလို့လဲ။

နောက်ပြီး ဝံပုလွေမေမေကလည်း အဲဒီမှာ ရှိနေတာလေ။ သူ… သူ မျက်နှာလေး ထိန်းလို့ မရတော့ဘူးလား။

အာဟက ဝံပုလွေအမေကို တစ်ချက်ငုံ့ကြည့်လိုက်ပြီးနောက် အသက်ကို ပြင်းပြင်းရှုကာ ရင်ကို ကော့လိုက်သည်။

ဟွန်း ဒါက အမှားလေးပဲ မဟုတ်ဘူးလား။

ငါ့ကို ဘာလုပ်နိုင်မှာလဲ။

အများဆုံးမှ ငါ ရက်နည်းနည်းလောက် လဲနေရုံပေါ့။ ဒဏ်ရာတွေ သက်သာသွားတာနဲ့ သူက ခွေးကောင်း ပြန်ဖြစ်သွားမှာ။

ထိုသို့ တွေးပြီးသည့်နှင့် အာဟက မကြောက်တော့ပေ။

အားဝူး

သူသည် လက်သည်းကိုပင် ဆန့်ထုတ်၍ အရှေ့မှ အပေါင်းအဖော်များကို လက်ရမ်းပြသေးသည်။ ထိုနောက် ဝံပုလွေအမေကိုလည်း မျက်လုံးမှိတ်ပြသည်။

“ဟူး”

ဆုပိုင်ကလည်း နံဘေးတွင် ရပ်နေရင်း အရှက်မဲ့သော အကောင်ကို ကြည့်ကာ အသက်ပြင်းပြင်း ရှူသည်။

“အားလုံးလည်း အခုတလော အဖြစ်အပျက်ကို သိလောက်တယ်မှတ်လား။ ဒီနှစ်ကောင်က တိရစ္ဆာန်ရုံထဲကနေ ခိုးထွက်သွားတယ်”

“ငါ ဒီနေ့ အားလုံးကို ခေါ်တယ်ဆိုတာက မင်းတို့ရဲ့ ထင်မြင် ယူဆချက်တွေကို မေးချင်လို့”

“အာဟနဲ့ ငှက်တောကို ခိုးထွက်ပြေးသွားတဲ့အတွက် ဘယ်လို အပြစ်မျိုး ပေးသင့်လဲ။ မင်းတို့ရဲ့ ထင်မြင်ချက်ကို မေးတယ်ဆိုတာကလည်း ဒီနှစ်ကောင်ကို ယုံကြည်အောင် လုပ်ဖို့။ မဟုတ်ရင် ဒါရိုက်တာဆုပိုင်က အရမ်း ရက်စက်တယ်ဆိုပြီး ပြောလိမ့်မယ်”

ထိုသို့ ပြောပြီးသည်နှင့် ဆုပိုင်က အာဟ၏ နားရွက်ကို ဆွဲကာ ချက်ချင်း ဆွဲမော့လိုက်သည်။ ထိုနောက် တင်းမာသော လေသံနှင့် ပြောသည်။

“အာဟအတွက်တော့ ဒါရိုက်တာ ဆုပိုင်က”

“ငါ ပေးချင်တဲ့ အပြစ်ပေးချက်က တိုက်ရိုက်ကို ခွေးသားဟော့ပေါ့အဖြစ် ချက်ပြုတ်ပစ်လိုက်တာပဲ။ မင်းတို့ ဘယ်လို ထင်လဲ”

“ဟွန်း”

ဟော့ပေါ့အဖြစ် ချက်မယ် ဟုတ်လား။

ဝံပုလွေအမေကို မျက်လုံးမှိတ်ပြနေသော အာဟသည် ရုတ်တရက် ဒါရိုက်တာ ဆုပိုင်၏ အသံကို ကြားသောအခါ တုန်ယင်သွားသည်။

“အားဝူး”

“ငါ လက်မခံဘူးနော်။ ဒီတစ်ကြိမ် ငါလည်း အများကြီး ကူညီပေးတာနော်။ လူအများကြီး ကယ်ခဲ့တာနော်။ ငါ ငြင်းတယ်”

“လာ လာာ လာ ငါ့ကို ပြော။ ဘယ်လို အပြစ်ပေးသင့်လဲ”

ဆုပိုင်က တိရစ္ဆာန်များအားလုံးကို ကြည့်သည်။ ထိုနောက် တိရစ္ဆာန်ပေါင်းများစွာက အာဟကို ကြည့်ကြသည်။

ဒီကောင်က အားကိုးလို့ မရဘူး။ ပြဿနာ ရှာတယ်ဆိုပေ့မဲ့လည်း ဒါပေမဲ့ ခွေးသားဟော့ပေါ့ ကတော့

ခွေးသားဟော့ပေါ့က ဘာလဲ။

“ငါ ငြင်းတယ်”

417 03

ဖေးလ်မြေခွေးက စင်ပေါ်မှ အာဟ၏ ဆိုးရွားသော ပုံသဏ္ဌာန်ကို ကြည့်နေပြီး အရင် ဦးဆောင်ကာ ရှေ့ထွက်လာသည်။ သူသည်လည်း အသံကို ဟစ်ကာ အော်သည်။

“ဒီအပြစ်ဒဏ်က အရမ်း ပြင်းထန်လွန်းတယ်လို့ ငါထင်တယ်။ ငါတို့သာ သူ့ကို ချက်လိုက်ရင် အဖေဟကို ဆုံးရှုံးရမှာ မှတ်လား”

“ဒါရိုက်တာ ဆုပိုင် သူရဲ့ခြေထောက်လေးချောင်းပဲ ချိုးလို့ မရဘူးလား”

အား လိမ္မာတဲ့သား။ အရမ်း တော်တာပဲ။

အာဟက ထိုအကောင်လေးကို စိတ်ပျက် အားငယ်စွာ ကြည့်ပြီး တပိုင်ကိုသာ မျက်လုံး မှိတ်ပြသည်။

အစ်ကိုကြီး။ အစ်ကိုကြီး ငါ့ကို ဘာလို့ မကယ်တာလဲ။ ဘာကို စောင့်နေတာလဲ။

တပိုင်က ဒါရိုက်တာဆုပိုင်၏ အကျဉ်းတန်သော မျက်နှာကို တစ်ချက်ကြည့်ပြီးနောက် နည်းနည်း တုန့်ဆိုင်းသွားသည်။

သူသာ ဝင်ပါလိုက်ရင် တကယ်လို့ …

ဒါပေမဲ့လည်း ဒီကောင်က အခုတလော ငြိမ်နေတာတော့ အမှန်ပဲ။ သူ့ကိုလည်း လာရန်မစဘူး။

ထိုအကြောင်းကို တွေးမိသော တပိုင်က အံကိုကြိတ်ပြီး အတွင်းထဲမှ ထွက်လာသည်။

“အားဝူး”

“ငါ့အထင်တော့ … သူ့ကိုတော့ သင်ခန်းစာ ပေးသင့်တယ်။ ဒါပေမဲ့ ခြေထောက်လေး နည်းနည်းပါးပါး ချိုးတာလောက်တော့ အဆင်ပြေလောက်မှာပါ။ အနာဂတ်မှာ သူ့ကို ဂရုစိုက်နိုင်တဲ့ လူလည်း ရှိလာနိုင်တာပဲလေ။ ဘယ်လို အပြစ်ပေးမလဲဆိုတာကတော့ အမ် မသိဘူး”

ထိုသို့ ပြောပြီးသည့်နှင့် တပိုင်က လှည့်ပြေးသည်။

လာနောက်နေတာလား။ သူ အခုတလော အလုပ်များနေတာ။ ဒီလို အရေးမပါတဲ့ ကိစ္စထဲမှာ ဝင်မပါချင်ဘူး။

သူရဲ့ ပန်ဒါလေးတွေကိုသာ သွားကြည့်ရင် မကောင်းဘူးလား။

“ဝေါင်း”

“နဂါးအမေ ငါ့ကို အာဟပေးလေ။ ငါ အခုတလော လေ့ကျင့်ဖော်လိုနေတာ”

ထိုအချိန်တွင် ထရိုင်နိုဆောရပ်စ့်လေးက ခေါင်းကို မော့ကာ အော်သည်။

“ဝေါင်း”

နဂါးအမေက ဆုပိုင်ကို ငုံ့ကြည့်သည်။

“ဖြစ်နိုင်လား”

ဆုပိုင်က တစ်ချက် လှည့်သည်။ ထိုနည်းလမ်းကိုလည်း တခြားသော တိရစ္ဆာန်များအားလုံးက သဘောတူကြောင်း မြင်ရ၏။ ထိုကြောင့် အာဟကို ကြည့်ပြီး ခပ်တိုးတိုး ပြောသည်။

“မင်း ဆန္ဒရှိလား”

ငါ ဆန္ဒရှိလား ဟုတ်လား။ ငါ မလုပ်ချင်ဘူး။

ငါကသာ အဲဒီထရိုင်နိုဆော့ရပ်စ့်လေးရဲ့ လေ့ကျင့်ဖော် ဖြစ်သွားရင် အသက်ရှင်ပါ့မလား။

ငါ ပြန် တိုက်ခိုက်ရဲမှာလား။

“အားဝူး”

“ငါ ဆန္ဒရှိပါတယ်”

အာဟကလည်း စိတ်ပျက်လက်ပျက်နှင့် ခေါင်းညိတ်လိုက်ရသည်။

“ကောင်းပြီ။ ဒီနေ့ အစည်းအဝေးကတော့ ဒီမှာ အဆုံးသတ်ပြီ။ တစ်ယောက်ယောက်က နောက်ထပ်တစ်ကြိမ် ခိုးထွက်မယ်ဆိုရင်တော့ ဒီအပြစ်ဒဏ်က ပိုပြင်းလိမ့်မယ်”

417 04

ဆုပိုင်က လက်ခုပ်တီးပြီးသည်နှင့် တိရစ္ဆာန်များကို ထွက်သွားခိုင်းလိုက်သည်။

“ဟစ်”

ငှက်တောက ထွက်သွားသော တိရစ္ဆာန်များကို ကြည့်ပြီး လေအေးများကို ရိုက်သွင်းကာ လျို့ဝှက်စွာဖြင့်် ပျော်နေသည်။

ဒီတစ်ခါ သူ့ကို အပြစ် မပေးဘူးပဲ။

သေချာပေါက်ကိုပဲ သူရဲ့ အဆင့်အတန်းကို အာဟက ယှဉ်နိုင်ပါ့မလား ဟမ်။

“စကားမစပ် ခေါင်းပြားတကော ငါ မင်းကို တောင်ပံ့တစ်ခု ပေးမယ်။ ဒီကောင်ရဲ့ အမွှေးတွေ အားလုံး နုတ်လိုက်။ တစ်မွှေးမှ မချန်နဲ့”

ဆုပိုင်က မြက်ခင်းထောင့်နားတွင် ရပ်နေရာမှ တစ်စုံတစ်ရာကို သတိရသွားပြီး ခေါင်းကို ပြန်လှည့်ကာ မြေပြင်ပေါ်မှ ခွေးတူဝက်တူကို လှမ်းပြီး သတိပေးလိုက်သည်။

“ဟား ဟား”

“ငါ ကျွမ်းကျင်ရာပဲ”

ထိုစကားကို ကြားပြီးသည်နှင့် ခေါင်းပြားတကောကလည်း ချက်ချင်း ခုန်ထသည်။ သူသည် စင်ပေါ်မှ ငှက်တောကို မြေပြင်ပေါ်သို့ ဖုတ်ကနဲ ဖြုတ်ချလိုက်ပြီးနောက် ဝက်ခြံရှိရာဆီသို့ တရွတ်တိုက် ဆွဲသွားသည်။

ကြည့်ရတာ ငါဒီတစ်ခေါက်တော့ အရောင်အသွေးစုံစုံလင်လင်နဲ့ အမွှေးရတော့မယ် ထင်တယ်။

“အား ရပ်ပါတော့။ ဒါရိုက်တာ ဆုပိုင်”

“ငါရဲ့အမွှေးတွေကို နုတ်လိုက်ရင် ငါ ကတုံး ဖြစ်သွားမှာနော်”

“ကယ်ပါ အာဟ”

“အား”

…

ထရိုင်နိုဆောရပ်စ့်နှင့် ခွေးတူဝက်တူတို့ကို ကြည့်ပြီးနောက်တွင် ဆုပိုင်က ရုံးခန်းထဲသို့ ပြန်ဝင်လာလိုက်သည်။ ထိုနှစ်ကောင်ကို ရှာရန်အလိုငှာ မည်သည့်တာဝန်ကိုမှ မလုပ်ရသေးပေ။

အိပ်ရာပေါ်တွင် ထိုင်ပြီးသည်နှင့် ဆုပိုင်က လိုအပ်သည့် ပစ္စည်းများကို အရင်ဆုံး ပြင်ဆင်၏။ ထိုနောက် မီးလုံဝတ်ရုံကိုပင် ကောက်ဝတ်လိုက်သေးသည်။

ထိုနောက် သူသည် စနစ်ကိုလည်း တာဝန်စတင်ရန် အမိန့်ပေး၏။

“တီ သားပိုက်ကောင်အပိုင်းအစ တာဝန်ကို အောင်မြင်စွာ စတင်ပါပြီ”

“ရေတွက်ချိန်”

“၁၀

၉

၈

….

…

******

All Chapters