သူမရဲ့နောက်ခံက တကယ်ကို နက်ရှိုင်းတယ်
Vol. 103 Ch. 1025
ယဲ့လန်က မသေမျိုးဂိုဏ်းသုံးဂိုဏ်း၏တရားဝင် ဆက်ခံသူတစ်ဦးဟူသော သူမ၏အမွေအနှစ်နှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။
သူမ၏ကျင့်စဉ်နည်းစနစ်များအပေါ် နားလည်သဘောပေါက်မှုက နက်ရှိုင်းရုံသာမက သူမ၏ရှင်းပြချက်များမှာလည်း တိုတုတ်ရှင်းလင်းပြီး နားလည်ရ လွယ်ကူလှပေ၏။
စနစ်မျက်နှာပြင်၏သရုပ်ဖော်တွက်ချက်မှုအကူအညီဖြင့် ရှန်းယီက ဤကျင့်စဉ်နည်းစနစ် နှစ်ခု၏အနှစ်သာရကို လျင်မြန်စွာနားလည်သဘောပေါက်သွားခဲ့လေသည်။
သို့သော် သူက ချက်ချင်းစတင်ကျင့်ကြံခြင်းမရှိခဲ့ချေ။
အကြောင်းရင်းမှာ သူ၏နတ်ဆိုးသက်တမ်း မလုံလောက်သောကြောင့် ဖြစ်လေသည်။ မည်သို့ပင်ဆိုစေကာမူ မသေမျိုးသုံးပါးဂိုဏ်း၏ကျင့်ကြံခြင်း နည်းစနစ်များက လောကခရီးသည် လမ်းစဉ်နှင့် ကွဲပြား၏။
မိမိ၏ကျင့်ကြံခြင်းကို တိုးတက်စေရန် ခက်ခဲကြမ်းတမ်းသောကျင့်ကြံအားထုတ်မှုအပေါ်တွင်သာ လုံးဝမှီခိုနေ၍မရနိုင်ဘဲများပြားလှသော ကိုယ်ပိုင်ထိုးထွင်းသိမြင်မှုနှင့် ဉာဏ်အလင်းပွင့်မှုတို့လည်း လိုအပ်လေသည်။
ထို့ပြင် ရှန်းယီက အစစ်အမှန်မသေမျိုးနယ်ပယ်သို့ ဝင်ရောက်ခဲ့စဉ်က ကျောက်စိမ်းနဂါးဂိုဏ်းမှ ပုံမှန်မဟုတ်သောနည်းလမ်းတစ်ခုကို အားကိုးခဲ့ရခြင်း ဖြစ်လေသည်။ သမားရိုးကျလမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိရန်မှာ များစွာ ပိုမို ခက်ခဲလှပေသည်။
ဒုတိယ အကြောင်းရင်းမှာ ယဲ့လန်၏ကျင့်ကြံခြင်းက သူ၏နယ်ပယ် အပြောင်းအလဲများကို အလွယ်တကူ သိမြင်နိုင်လောက်အောင် နက်ရှိုင်းနေသောကြောင့် ဖြစ်လေသည်။ ဥပမာအားဖြင့် ယခင်က မြေစောင့်ဘုရားကျောင်းတွင် သူမက အပြောင်းအလဲကို သတိပြုမိရုံသာမက ဧကရာဇ်ချီဖြင့် ကိုယ်တိုင်ကိုယ်ကျချိန်ညှိပေးခဲ့လေသည်။
သူတို့၏ဆက်ဆံရေးက ယခင်ကထက် ပိုမို နီးကပ်လာခဲ့ပြီ ဖြစ်သော်လည်း စနစိမျက်နှာပြင် ရှိနေခြင်းကိုမူ ထုတ်ဖော်ပြသ၍မရနိုင်သေးချေ။
"နင် စိတ်ခံစားချက် ကောင်းနေပုံရတယ်"
ယဲ့လန် ကျင့်စဉ်နည်းစနစ်စာအုပ်ကို ပိတ်လိုက်လေသည်။ ဤဖြစ်ရပ်များအားလုံးကို ဖြတ်သန်းခဲ့ရပြီးနောက် ရှန်းယီ၏တွေးတောပုံကို နားလည်ရန် သူမအတွက် ခက်ခဲနေခဲ့လေ၏။
ထိုက်ရွှီတာအိုအနှစ်သာရက သေချာပေါက် အဖိုးတန်လှသော်လည်း အစားထိုး၍မရနိုင်သောအရာတော့ မဟုတ်ပေ။
သူ၏စွမ်းဆောင်ရည်များနှင့် ပါရမီဖြင့်ဆိုလျှင် ထိပ်တန်း တာအိုအနှစ်သာရဆယ်ခုထဲမှ တစ်ခုခုရှိသော မသေမျိုးဂိုဏ်းတစ်ခုခုသို့ ဝင်ရောက်ရန် သူ့အတွက်ခက်ခဲမည် မဟုတ်ပေ။
"မဆိုးပါဘူး"
ရှန်းယီသည် မတ်တတ်ရပ်ကာ သူ၏လက်မောင်းများကို အနည်းငယ်ဆန့်ထုတ်လိုက်၏။
ဆေးလုံးတောင်ထွတ်သည် သူ၏လက်ရှိ ကျင့်ကြံခြင်းခရီးစဉ်တစ်လျှောက်လုံးတွင် သူဝင်ရောက်ခဲ့ဖူးသော တစ်ခုတည်းသောပြီးပြည့်စုံသည့် ဂိုဏ်းဖြစ်သည်ဟု ဆိုနိုင်ပြီး အဆင့်ငါး ထိုက်ယီမသေမျိုးနယ်ပယ်သို့ တိုက်ရိုက်လမ်းကြောင်းတစ်ခု ထောက်ပံ့ပေးရုံသာမက စတုတ္ထအဆင့်သို့ တက်လှမ်းရန်အတွက် ရှင်းလင်းသောလမ်းညွှန်မှုများကိုပင် ပေးစွမ်းနိုင်လေသည်။
သူ့အနေနှင့် နတ်ဆိုးသက်တမ်းမည်မျှကုန်ကျမည်နည်းဟု စိုးရိမ်ပူပန်မှုများဖြင့်သာတွေးရတော့မည်။
အကယ်၍ သူသာ နေရာပြောင်းရမည်ဆိုပါက ဆရာသမားအသစ်တစ်ဦး၏လက်အောက်သို့ဝင်ရောက်ပြီးပြန်လည်သင်ယူမည်ဖြစ်ပြီး ထို့နောက် အောက်ခြေမှစ၍တစ်ဆင့်ချင်း တက်လှမ်းရမည် ဖြစ်လေသည်။
အပေါ်ယံအားဖြင့် ထူးချွန်သော ပါရမီရှင်များက အာရုံစိုက်ပြုစုပျိုးထောင်ခြင်းကို သေချာပေါက် ရရှိမည်ဖြစ်သော်လည်း ၎င်းနှင့်အတူ မရေမတွက်နိုင်သော စီနီယာများ၏စောင့်ကြည့်မှုများနှင့် ကန့်သတ်ချက်များလည်း ပါလာပါလိမ့်မည်။
ဤမျှများပြားလှသော မျက်လုံးများ၏စောင့်ကြည့်မှုအောက်တွင် လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယဲ့လန် တစ်ဦးတည်းသာ ကျန်ရှိတော့သော ဆေးလုံးတောင်ထွတ်က သူ့အတွက် အထူး ဖန်တီးပေးထားသောရတနာမြေ တစ်ခုဟုပင်ဆိုနိုင်လေသည်။
သေချာသည်မှာ ဤကိစ္စရပ်များအပြင် ဝမ်းသာစရာ အခြား အကြောင်းရင်းတစ်ခုလည်း ရှိသေးလေသည်။
ဟုန်ကျယ်သည်... နောက်ဆုံးတွင် ပြန်လည် အသက်ဝင်လာခဲ့ပြီဖြစ်လေ၏။
ရှန်းယီ အိမ်၏အပြင်ဘက် အဝေးဆီသို့ ငေးကြည့်လိုက်သည်။
မသေမျိုးတစ်ပါးကို သတ်ဖြတ်ခြင်းက အလွန်အမင်း ကြီးလေးသော ကိစ္စရပ်တစ်ခုဖြစ်သော်လည်း ၎င်းမှာ မည်သူက လုပ်ဆောင်သည်ဆိုသည့် အချက်အပေါ်တွင်လည်း မူတည်သေးလေသည်။
အကယ်၍ ၎င်းမှာ ဟုန်ကျယ်မှ လေလွင့်ကျင့်ကြံသူတစ်ဦးသာဖြစ်ပါက ၎င်းမှာ ပုန်ကန်သူတစ်ဦး၏ လုပ်ရပ်ဖြစ်ကြောင်း သေချာသွားလိမ့်မည်။
သို့သော် အကယ်၍၎င်းမှာ အဆင့်သုံး တာ့လော် မသေမျိုးအရှင်၏အကာအကွယ်ကို ရရှိထားသော ရှန်းရွှီတောင်၏တောင်ထွတ်သခင် တစ်ဦးသာ ဖြစ်ပါက အဆင့်ခုနစ်မသေမျိုးအရာရှိတစ်ဦးကို ပေါ်ပေါ်ထင်ထင်သတ်ဖြတ်ရန် ရဲဝံ့မည် မဟုတ်သော်လည်း အထက်မှ စုံစမ်းစစ်ဆေးမှုများ ဆင်းသက်လာပါက ဤကဲ့သို့သောဆက်ဆံရေးမျိုး ရှိနေခြင်းက လှုပ်ရှားကိုင်တွယ်ရန် နေရာပိုမိုရရှိစေပါလိမ့်မည် ဖြစ်လေသည်။
"ငါတို့ ပြန်သင့်ပြီ"
ယဲ့လန် လည်း မတ်တတ်ရပ်လိုက်၏။ ဤခရီးစဉ်ကြောင့်ကြန့်ကြာသွားသော အချိန်မှာ သူမ ခန့်မှန်းထားသည်ထက်ကျော်လွန်နေခဲ့ပြီ ဖြစ်လေသည်။
ရတနာခုနစ်ပါး ဗောဓိသတ္တ၏တရားပို့ချမှုပြီးနောက် တောင်ပိုင်းတိုက်ကြီး၏တစ်ဝက်ကျော်ခန့် သက်ရောက်မှုခံခဲ့ရကြောင်း သိရှိထားရာ စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေပြဿနာများ ယပေါ်ပေါက်လာမည်မှာသေချာပြီး နတ်ဆိုးသုတ်သင်ရေးဌာန၏အဖွဲ့ဝင်များဟူသော ၎င်းတို့၏ကိုယ်ပိုင် အဆင့်အတန်းကိုလည်း မေ့ပျောက်ထား၍ မရနိုင်ချေ။
ယခင်က မုန့်ရှို့ဝမ် တစ်ဦးတည်း တာဝန်ယူထားခြင်းဖြင့် အဆင်ပြေသော်လည်း ကျန်းယန်စီရင်စုကိုသာကြီးကြပ်ရခြင်းမှာကြီးမားသော ကိစ္စမဟုတ်သော်လည်း မမျှော်လင့်ထားသော တစ်စုံတစ်ရာ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရလေ၏။
ထိုအခိုက်အတန့်တွင် ယဲ့လန်က လှမ်းကြည့်လိုက်ရာ ယခုလေးတင်အနည်းငယ် သက်သောင့်သက်သာ ရှိနေပုံရသော ရှန်းယီက ဟယ်တောင်၏အပြင်ဘက်တွင် မသေမျိုးစီးတော်ယာဉ် နှစ်ကောင်ကို သတ်ဖြတ်ခဲ့စဉ်ကကဲ့သို့ ခန့်မှန်းရခက်သော မျက်နှာအမူအရာမျိုးပြန်လည်ဖြစ်ပေါ်နေသည်ကို သတိပြုမိလိုက်လေသည်။
"ဘာဖြစ်လို့လဲ"
သူမက မျက်မှောင်ကျုံ့ကာ မေးလိုက်၏။
ရှန်းယီ၏အကြည့်များက ရှန်းရွှီတောင်၏အပြင်ဘက်ရှိ ဘိဟိုင်ပေါ်တွင်ရပ်တန့်နေပြီး နောက်တစ်ခဏတွင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အရှေ့သို့ထွက်ခွာသွားလေတော့သည်။
...
ကျယ်ပြောလှပြီးအဆုံးအစမရှိသော ဘိဟိုင်၏ အလယ်တွင် မသေမျိုးစစ်သည်များအုပ်စုတစ်စုသည်ရှုပ်ထွေးသော အမူအရာများဖြင့် ရပ်နေကြလေ၏။
၎င်းတို့၏ခန့်ညားသောမသေမျိုးချပ်ဝတ်တန်ဆာများမှာ ပျက်စီးနေပြီဖြစ်ပြီးပြင်းထန်သော တိုက်ပွဲတစ်ခုကို ယခုလေးတင်ဖြတ်သန်းလာခဲ့ရကြောင်း ထင်ရှားလှပေသည်။
"မြန်မြန်လုပ်"
ဆံပင်များဖရိုဖရဲဖြစ်နေသော ယိုယွင်ရှန်းက တည်ငြိမ်မှုပျောက်ဆုံးနေပုံရပြီး သူ၏မျက်နှာပေါ်တွင်ဒေါသများပြည့်နှက်နေကာ အနီးရှိ တစ်စုံတစ်ယောက်ကို ဟိန်းဟောက်လိုက်၏။
သက်တံဖြူနတ်ဆိုးသုံးကောင်က ဤဒေသကို နှစ်ပေါင်းများစွာလွှမ်းမိုးထားခဲ့ပြီး သံစည်ပိုင်းတစ်ခုအလားတင်းကျပ်စွာစီမံအုပ်ချုပ်ထားခဲ့ခြင်း ဖြစ်လေသည်။
စစ်သူကြီးချန်ချင်း၏အလျင်စလို လုပ်ရပ်များကိုပါထည့်ပေါင်းလိုက်သောအခါ ရက်အနည်းငယ် အတွင်းစစ်ကူခေါ်ရန် အချိန်လုံလောက်မှုမရှိခဲ့ခြင်းမှာ ရိုးရှင်းလှပေသည်။
နောက်ဆုံးတွင်ပြဿနာ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်လေသည်။
"မင်း ဘယ်သူ့ကို ဒေါသထွက်နေတာလဲ"
ရှီယုံက သူ့ကိုတစ်ချက်ကြည့်ကာ အေးစက်စွာ ပြောလိုက်လေသည်။
"ငါ အမိန့်ပေးခဲ့လို့လား"
အထက်လူကြီးတစ်ဦးအနေဖြင့် အမိန့်ပေးပြီးသည်နှင့် သက်ဆိုင်ရာအကျိုးဆက်များကို သဘာဝကျကျပင်တာဝန်ယူရမည်ဖြစ်လေသည်။
"မင်း..."
ယိုယွင်ရှန်းက စကားဆို့သွားပြီး အံကြိတ်ကာ ပြောလိုက်လေ၏။ "သူကအသစ်ရောက်လာတာ၊ ပြီးတော့ ကမ္မကုသိုလ်မသေမျိုးဖြစ်လာပြီးတဲ့နောက် မြင်းများ၏ကံကြမ္မာအရာရှိအဖြစ် အချိန်တိုလေးပဲ တာဝန်ထမ်းဆောင်ရသေးတာလေ။သူမက အရင်က စစ်သည်တွေကို ဘယ်တော့မှမဦးဆောင်ဖူးဘူး၊ အတွေ့အကြုံလည်း မရှိဘူး။ ဒါက ပုံမှန်ပါပဲ။ မင်းကိုရှေ့ထွက်ပြီးအကြံပေးဖို့ ငါပြောတုန်းကကျတော့ မင်းတစ်ခွန်းမှ မပြောခဲ့ဘူးလေ"
"ဒါ့အပြင် အဆုံးမှာ စစ်သူကြီးချန်ချင်းက မဟာနတ်ဆိုးကို ကိုယ်တိုင်လမ်းလွှဲခေါ်သွားပေးလို့ ငါတို့ ဆုတ်ခွာနိုင်ခဲ့တာလေ။အဲဒီလိုမှ မဟုတ်ရင် မင်း အခုလိုမျိုး အေးအေးဆေးဆေးရပ်နေနိုင်မှာ မဟုတ်ဘူး"
"..."
ထိုစကားများ အဆုံးတွင် ပတ်ဝန်းကျင်ရှိ ကောင်းကင်ဘုံစစ်သည်များ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာလေ၏။
ဤအထက်လူကြီးအသစ်က အမှန်တကယ်ပင် အလောတကြီးပြီး အောက်မြင်မှုရလိုစိတ်ပြင်းပြနေသော်လည်း သူ့၏လက်အောက်ငယ်သားများအပေါ်တွင်မူပြောစရာအပြစ်မရှိချေ။
အခြေအနေ ဆိုးရွားလာသည်ကို မြင်သောအခါ သူက သူ့လူများကို အရင်ထွက်ပြေးရန် အမှန်တကယ် တောင်းဆိုခဲ့လေ၏။ မိမိမတိုင်မီ ကိုယ့်လူများကိုထွက်ပြေးခွင့်ပြုသော မသေမျိုးစစ်သူကြီးမျိုးကို မသေမျိုးခုံရုံးတစ်ခုလုံးတွင်မြင်တွေ့ရခဲလှပေသည်။
ရှီယုံ သူ၏အကြည့်ကို ဖြည်းညှင်းစွာရုပ်သိမ်းလိုက်ပြီး သူ၏အတွေးများကို လက်ထဲရှိအရာဝတ္ထုပေါ်သို့ ပြောင်းလဲလိုက်လေသည်။
"ဒီ မဟာအစီအရင်ကအစကတည်းက ရှုပ်ထွေးတယ်။တစ်ခုခု မှားယွင်းသွားရင် ငါတို့ရဲ့မသေမျိုးစစ်သူကြီးတကယ်ပဲ အန္တရာယ်ကျရောက်သွားနိုင်တယ်"
ထိုစကားကို ကြားသောအခါ ယိုယွင်ရှန်း ပြောစရာ စကားမဲ့သွားလေ၏။ သူ စိုးရိမ်နေသော်လည်း တိတ်ဆိတ်စွာစောင့်ဆိုင်းရုံသာ တတ်နိုင်တော့သည်
မည်သို့ပင်ဆိုစေကာမူ သူက ရှီယုံနှင့် ကွဲပြားလေသည်။ နှစ်ဦးစလုံးမှာ အဆင့်ခြောက် ကောင်းကင်ဘုံမသေမျိုး ကျင့်ကြံခြင်းရှိသော အဆင့်ခုနစ်မသေမျိုးစစ်သူကြီးများဖြစ်ကြသော်လည်း သူ၏နောက်ခံဂိုဏ်းမှာသေးငယ်ပြီး အရေးမပါချေ။
ရှီယုံမှာမူ စစ်သူကြီးချင်းလွမ်နှင့် နောက်ခံဂိုဏ်းတူသော ဂျူနီယာတစ်ဦးဖြစ်လေသည်။
ထိုကဲ့သို့သော မသေမျိုးဂိုဏ်းမှ လာသူတစ်ဦးသာလျှင် စစ်သူကြီးချန်ချင်းအား မဟာနတ်ဆိုး၏လက်မှကယ်တင်နိုင်စွမ်းရှိသော အစီအရင်တစ်ခုကို ပိုင်ဆိုင်နိုင်ပါလိမ့်မည်။
ရှီယုံ ယခုလုပ်ဆောင်နေသည်ထက်များစွာ ပိုမို လျင်မြန်စွာ ဤအစီအရင်ကိုတပ်ဆင်သည်ကို ယိုယွင်ရှန်းတစ်ခါက မြင်တွေ့ခဲ့ဖူးသဖြင့် တမင်တကာ အချိန်ဆွဲနေခြင်းလောဟု သံသယဝင်မိသော်လည်း သူ ဤပညာရပ်ကိုနားမလည်သဖြင့် အမှားအယွင်း တစ်စုံတစ်ရာကို အမှန်တကယ်ထောက်ပြနိုင်ခြင်း မရှိခဲ့ချေ။