အခန်း (၄၁၈-၄၂၀)
Vol. 28 Ch. 418-420
အခန်း 418
“အစ်ကိုဆုပိုင် မင်း ဒီနည်းလမ်းကို ဘယ်လို ထင်လဲ”
“အရမ်းကောင်းတယ်။ ငါက ဒီကျောင်းရဲ့ လက်ဝှေ့မေဂျာမှာ ပထမလေ။ ငါတောင်မှ ပြည်နယ်ပြိုင်ပွဲမှာ ဝင်ပြိုင်တော့မှာ။ အဖေ ရလာတဲ့ အဲဒီအကြံက တကယ်ပဲ အဆင်ပြေမှာလား”
ဆုပိုင်က ဆိုဖာပေါ်တွင် ထိုင်နေရင်း သူ၏ အရှေ့မှ ဝက်ခြံများ ပြည့်နှက်နေသော ကောင်လေးကို ကြည့်ကာ နှုတ်ခမ်းထောင့်က တွန့်သွားသည်။ သူသည်လည်း နံဘေးမှ မုတ်ဆိတ်မွှေးနှင့် လူကို တစ်ချက်ကြည့်သည်။
“ဟား ဟား”
“ငါရဲ့ နည်းလမ်းက အဆင်ပြေတယ်။ ငါတော့ ဒါက ငါ့အဖေ လေ့ကျင့်ပေးတဲ့ ပုံစံလို့ပဲ ထင်တယ်”
ဘတ်က သဘောတကျ ရယ်သည်။
“သူပြောတာ နားထောင်ပေးလိုက်”
အသက်အလတ်ပိုင်းအရွယ် အမျိုးသမီးကြီး တစ်ယောက်ကလည်း ကော်ဖီတစ်ခွက်နှင့် ရောက်လာကာ ပြောသည်။
“သူ အဲဒီနေ့က စမ်းသပ်မှုအတွက် သွားနေခဲ့တာ။ ဆေးရုံမှာ အချိန်တွေကြာအောင် နေပြီးမှပဲ ပြန်လာနိုင်ခဲ့တာလေ”
“သူရဲ့ ခြေထောက်တောင် ကျိုးလုနီးပါးပဲ”
“မျက်နှာကို မပြောနဲ့တော့”
“ကောင်းပြီ။ ဒါက မတော်တဆပါ။ မတော်တဆအောက်ပိုင်းကို ထိသွားတာ။ ဒါပေမဲ့ အဲဒီလိုမှ မဟုတ်ရင် သူက ငါ့ကို ဘယ်လိုများ ယှဉ်နိုင်မှာလဲ”
ဘတ်က ကိုးရိုးကားရား ပြုံးနေရင်း ကော်ဖီကို လှမ်းယူသည်။
“အချိန်ကျလာတဲ့အခါ တွေ့မှာပေါ့”
ဆုပိုင်က ကော်ဖီကို တစ်ငုံ့သောက်ရင်း ခေါင်းအသာညိတ်သည်။
“ညနေဘက် အဲဒီနေရာကို တစ်ချက် မောင်းသွားပြီး ကြည့်ရအောင်။ ငါတို့သာ အနီးကပ် လေ့လာနိုင်မယ်ဆိုရင်တော့ ပိုကောင်းမှာပဲ”
“ဟား ဟား”
“ဆု ဒီနေရာမှာ သားပိုက်ကောင်တွေက ပုံမှန်ပဲနော်။ မင်း အပြင်ထွက်လိုက်တာနဲ့ သူတို့ကို မြင်ရမှာ။ ဒါပေမဲ့ မင်းက အရမ်း အားနည်းတယ်။ သူတို့ကို ရန်မစပါနဲ့။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် လက်ဝှေ့ကျင့်ထားတဲ့ လောင်ဘတ်ကြောင့်သာ မဟုတ်ရင် သူက သားပိုက်ကောင်တွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ အထူးသဖြင့် အဲဒီကန်ချက်တွေ အရမ်း သတိထားရမယ်”
“ငါ နားလည်ပါတယ်”
ဆုပိုင်က သူ့ကို တစ်ချက်ကြည့်ပြီး ပြုံးသည်။
မစ်ရှင် နယ်မြေထဲသို့ ဝင်ပြီးချိန်ကတည်းက သူသည်လည်း ဒီမိသားစု၏ ခြံထဲသို့ တိုက်ရိုက်ကျလာမည်ဟု မထင်ထားမိပေ။ စကားပြောပြီးသွားသည်နှင့် ဆုပိုင်သည်လည်း ခရီးသွားတစ်ယောက်အနေနဲ့ ဒီမိသားစုတွင် အခြေကျသွားသည်။
လက်ဝှေ့ထိုးကျင့်သော အဖေဖြစ်သူ ဘတ်ကလည်း သားဖြစ်သူကို ထူးချွန်သော လက်ဝှေ့ထိုးသမား တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးမည်ဟု ကျိန်ဆိုထားသည်။ နောက်ပြီး ညှင်သာပြီး ကြင်နာတဲ့ ဇနီးလည်း ရှိတာပေါ့။
အေဇက်ဟုခေါ်သော မြို့ငယ်လေးတွင် နေထိုင်ကြပြီး အဝေးတွင်လည်း မြက်ခင်းနယ်မြေကြီး ရှိသည်။ ဤပတ်ဝန်းကျင်နယ်မြေက အလွန်လှသည်။
သေးငယ်သော တိရစ္ဆာန်လေးများကိုလည်း မြင်နိုင်၏။ အေဇက်မှ လူသားများ၏ နေထိုင်မှု ပုံစံက အလွန်မြှင့်သည်ဟု ပြောရပေမည်။ ဒီနယ်မြေကြီးကလည်း လှပသာယာ ကျယ်ပြောနေသည်။ မြေမျက်နှာအသွင်အပြင်ကလည်း လုံလောက်အောင် ကောင်းမွန်သည်။ တိရစ္ဆာန်များ၏ ကာကွယ်မှုကိုသာ ပို၍ တင်းကြပ်လိုက်မည်ဆိုရင် သေချာပေါက် ကောင်းမွန်သော နေရာမျိုး ဖြစ်သည်။
418 02
“ဒါရိုက်တာ ဆုပိုင်က သူတို့ကို ဘာပြောလိုက်တာလဲ။ ဒါက သားပိုက်ကောင် တာဝန် မဟုတ်ဘူးလား။ ဘာလို့ လက်ဝှေ့ထိုးတာနဲ့ ပတ်သက်နေလို့လဲ”
“မဟုတ်နိုင်တာ။ မဟုတ်နိုင်တာ။ သားပိုင်ကောင်တွေနဲ့ လက်ဝှေ့ထိုးမလို့လား”
“လွန်ကဲလိုက်တာ။ သားပိုင်ကောင်တွေက အရမ်းချစ်ဖို့ကောင်းတာ။ ဘာလို့ လက်ဝှေ့ထိုးကျင့်မှာလဲ။ ဒါက အရမ်း ရက်စက်တာပဲ”
“ဟုတ်တယ်။ ဟုတ်တယ်။ နောက်ဆုံးတစ်ခေါက် မီးကလေ။ ငါရဲ့ စိတ်ထဲမှာ လတ်ဆတ်နေတုန်းပဲ။ ဘာလို့ ဒါရိုက်တာဆုပိုင်က မတားတာလဲ။ အခြေအနေကို ကြည့်ရရင် ဒါရိုက်တာ ဆုပိုင်က ပိုပြီးတော့တောင် သဘောကျနေတဲ့ ပုံပဲ”
“သားပိုက်ကောင်တွေက လက်ဝှေ့ထိုးတာ တော်လို့လား”
“ပေါက်ကရတွေ ပြောနေပြန်ပြီ။ ငါက စီရင်စုချန်ပီယံပါ။ အရင်တစ်ခေါက်က သားပိုက်ကောင်တွေ ဘယ်လိုပုံစံလဲဆိုတာကို ငါ မြင်ဖူးပြီးသား။ ငါ့လက်သီးတစ်ချက်တည်းနဲ့ အသာလေး ထိုးချလို့ ရတယ် ဟုတ်ပြီလား။ သူတို့က လက်ဝှေ့ထိုးတာ တော်တယ်လို့ ပြောတယ်ဆိုတော့ အွန်း အရမ်း ရယ်ရတယ်”
“ဖက်စ့် အပေါ်က တစ်ယောက်က ယမ်းမှုန့် စားချင်နေတာလား ဟမ်။ လက်ဝှေ့ထိုးသမားတွေက ကြီးကျယ်တယ် ထင်နေတာလား ဟမ်။ သားပိုက်ကောင်တွေကို ရိုက်လို့ ရမလား”
“…”
ထိုသို့ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ရေတပ်မိတ်ဆွေများကလည်း အရင်တစ်ခေါက်က ကိုအာလာကို ကယ်ဆယ်သည့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရူခဲ့ပြီးနောက်တွင် သားပိုက်ကောင်လို သတ္တဝါမျိုးကို အနည်းနှင့်အများ နားလည်နေသည်ဟု ပြောရပေမည်။
သူတို့၏ နောက်ခြေက အလွန်အမင်း ဖွံ့ဖြိုးပြီး ခုန်နိုင်စွမ်းရည်က အလွန်အမင်း အင်အားကြီးမားသော်လည်း သို့သော် …
တစ်ချက် ကြည့်လိုက်ရုံဖြင့် ငြိမ်းချမ်းမှုကို သဘောကျသော တိရစ္ဆာန်များနှင့် တူနေသည်။
ဟုတ်တယ် မှတ်လား။
ဒီလောက် ချစ်စရာကောင်းတဲ့ ကလေးလေးတွေက ဘယ်လိုများ ကြမ်းတမ်းတဲ့ လက်ဝှေ့ထိုးတာနဲ့ ပတ်သက်နေမှာလဲ။
မည်သူကမှ မယုံကြည်ကြပေ။ ထိုအပြင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ လက်ဝှေ့ထိုးကျင့်မည်ဟု ပြောထားသော အားကစားသမားများကိုပင် လှောင်ရယ်သူများပင် ရှိသေးသည်။
ဆုပိုင်က ကောမန့်များကို ကြည့်သည်။ သူသည် အသာ ပြုံးလိုက်ပြီး ဘာကိုမှ မပြောတော့ပေ။ သူသာ သားပိုက်ကောင်ကို ခေါ်သွားခဲ့မည်ဆိုလျှင် လက်ဝှေ့ထိုးပွဲ ကျင်းပနိုင်လောက်သည်။
လူသားတွေလည်း ဝင်ပြိုင်လို့ ရတယ်။ တိရစ္ဆာန်တွေလည်း ဝင်ပြိုင်လို့ ရတယ်။
“ဒီပွဲက ကောင်းလောက်တယ်”
သူက ပြုံးပြီး တွေးတောနေသည်။
နှစ်သစ်ကူးပြီးနောက်တွင် အံအားသင့်မူအမှတ် များကို အလုံးအရင်းနဲ့ ယူနိုင်လောက်မည့် ပထမဆုံးပွဲလည်း ဖြစ်လောက်သည်။ သို့ရာတွင် ယခုလုပ်ရမည့်အရေးကြီးဆုံးတာဝန်က သားပိုက်ကောင်အပိုင်းအစတာဝန်ကို ပြီးမြောက် အောင်လုပ်ရန်ဖြစ်သည်။
“ဟေး ဟေး ဟေး”
လော်ကီက အိမ်ထဲမှ ထွက်လာပြီး ခုန်ရှောင်ကာ လက်သီးဖြင့် ထိုးနေသည်။
“အစ်ကို ဆုပိုင်။ ငါတို့တွေ ဘယ်အချိန် သွားကြမှာလဲ။ ငါ တကယ် မစောင့်နိုင်တော့ဘူး”
“သားပိုက်ကောင်နဲ့ တစ်ခါမှ လက်ဝှေ့ မထိုးဖူးဘူးလေ။ ဟား ဟား”
“ငါ ဒီသေချာပေါက် လက်သီးတစ်ချက်တည်းနဲ့ အမှောက်သိပ်ပစ်မှာ”
418 03
ဆုပိုင်က နံဘေးမှ အရှက်မဲ့သော ကောင်လေးကို ကြည့်ကာ စိတ်ထဲတွင် တိတ်တဆိတ်နှင့် ကောင်းချီး ပေးလိုက်သည်။
မင်း နောက်ပိုင်း အရိုက်ခံရလို့ မျက်ရည်မထွက်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။
ဆုပိုင် အချိန်မကူးပြောင်းခင်က အွန်လိုင်းပေါ်မှ ဗီဒီယိုများကို ကြည့်ကာ ဗီဒီယိုအများစုကမှု သားပိုက်ကောင်များကို ရန်စပြီး အရိုက်ခံရသည်။ ထိုလူများထဲတွင် သူ၏ အရှေ့မှ ကောင်လေးကဲ့သို့ အလယ်တန်းကျောင်းသားများ မရှားပါပေ။ သို့ရာတွင် သူက အနားတွင် ရှိနေသောကြောင့် ဆိုးရွားသော ကိစ္စများက မဖြစ်လောက်ပါပေ။ ဒါပေမဲ့ သားပိုက်ကောင်ရဲ့ အမြှီးနဲ့တော့ အရိုက်မခံရစေနဲ့ပေါ့။
သားပိုက်ကောင်၏ ကိုယ်ပေါ်မှ သေစေနိုင်ဆုံးသော လက်နက်က အမြှီး ဖြစ်သည်။
တခြားတိရစ္ဆာန်တွေနဲ့ မတူညီစွာပင် ထိုနေရာတွင် မည်သည့် အသားမှ မရှိပေ။ သားပိုက်ကောင်၏ အမြှီးက ကြွက်သားများ အပြည့်နှင့် ဖြစ်ပြီး နောက်ခြေထောက် နှစ်ဖက်ထက်ပင် ပိုတုတ်သေးသည်။
ယေဘုယျအားဖြင့် သားပိုက်ကောင်များက ရပ်နေသောအခါ အမြှီးကလည်း သူတို့ကို ထောက်ပံ့ရန် အလိုငှာ မြေပြင်တွင် ထိန်းထားတတ်သည်။ ထိုအမြှီးကိုသာ တိုက်ရိုက် မှီခိုပြီး နေရခြင်း ဖြစ်သည်။ ထိုကြောင့် ထိုအမြှီးက မည်မျှ အင်အားကြီးကြောင်း သိနိုင်သည်။
“ဆု သွားရအောင် ငါတို့ သွားတော့မယ်။ ညစာစားချိန်မှ ပြန်လာမယ်”
ဘတ်က လက်ဝှေ့ထိုးသည့် လက်အိတ်သုံးစုံကို သယ်လာပြီး ကားတံခါးကို ဖွင့်ကာ အတွင်းသို့ ပစ်ထည့်သည်။ ထိုနောက် ဆုပိုင်ကို လက်ရမ်းပြသည်။ ကားကို စက်နိုးလိုက်ပြီးသည့်နှင့် အိမ်မှ လူများကို လက်ရမ်းပြ နှုတ်ဆက်ပြီးနောက် မြို့အပြင်ဘက်ရှိ မြက်ခင်းပြင်ကြီးဘက်သို့ မောင်းထွက်လာခဲ့လိုက်သည်။
…
ဘန်း
“သေစမ်း”
“ဘယ်လိုတောင် ငါ့ကို မေးခွန်းထုတ်ရဲတာလဲ”
လက်ဝှေ့ထိုး လေ့ကျင့်ရေးခန်းမထဲမှ ကြွက်သားများနှင့် သန်မာသော လူကြီးတစ်ယောက်က အရှေ့မှ သဲအိတ်နီးပါး ကြီးမားသော လက်သီးကြီးဖြင့် ထိုးပြီး ဆက်ဆိုသလို ကျိန်ဆဲနေသည်။
“ဒီအတိုင်း အကျိုးအပျက် တိုက်ရိုက်ထုတ်လွှင့်မှုလေးပဲ ဟွန်း။ ငါ့ကိုတောင် တိုက်ရိုက် ကန်ထုတ်လိုက်သေးတယ်”
“ငါ မကြည့်တော့ဘူး”
ဘရမ်ဝူက နောက်ထပ်လက်သီးတစ်လုံးကို ပစ်သွင်းလိုက်ပြီးနောက်တွင် ခေါင်းကို မော့ကာ အဝေးရှိ ကြိုးဝိုင်းကို ကြည့်သည်။ သူ၏ နှုတ်ခမ်းက အနည်းငယ် ကော့တက်သွားပြီးနောက်တွင် ထိုကြိုးအတွင်းသို့ တစ်လှမ်းချင်းစီ ဝင်လိုက်သည်။
မလေ့ကျင့်ခင်က သူသည်လည်း ပျင်းရိသောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ကြည့်ခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာပင် အခုတလော အတော်လေးကို ကျော်ကြားနေသော တိရစ္ဆာန်အပိုင်းအစ တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ တိုက်ရိုက်ဝင်သွားလိမ့်မည်ဟု မထင်ထားမိပေ။ သူ ဒီတိရစ္ဆာန်တွေကို စိတ်မဝင်စားပါပေ။ အမွှေးပွလေးကို ကြည့်၍လည်း အဓိပ္ပာယ် မရှိပေ။ ဒါဟာ အမျိုးသမီးများ ကြိုက်သော အရာများသာ ဖြစ်သည်။ သို့ရာတွင် သူက ဝင်လိုက်သည့်နှင့် အတွင်းမှ လက်ဝှေ့ထိုးသည်နှင့် ပတ်သက်သော ဆွေးနွေးမှုအကြောင်းကို ကြားလိုက်သဖြင့် မထွက်တော့ခြင်း ဖြစ်သည်။ သို့သော် …
ကောမန့်ထဲမှ လူများစုကလည်း ဒီနေ့တိရစ္ဆာန်လက်ဝှေ့ထိုးတာ အလွန်ပင်အင်အားကြီးမာသည်ဟု ဆွေးနွေးနေကြသည်။ ထိုအခြေအနေက ဘရမ်ဝူကို နှာခါင်းရှုံ့မိစေသည်။
ဘာကိုမှမသိတဲ့ အရူးတစ်သိုက် ကလက်ဝှေ့ထိုးမူနဲ့ ပတ်သက်တဲ့ သဘောတရားတွေကို ဘယ်နားလည်ပါ့မလဲ။ ဒီတိရစ္ဆာန်တွေက ဘယ်လိုလာယှဉ်နိုင်ပါ့မလဲ။ ဒီကောင်းကင်ပြာတိရစ္ဆာန်ရုံက တိရစ္ဆာန်တွေကို သတင်းတွေမှာ မြင်ဖူးထားပြီးသား။ တစ်ချိုကတော့ တော်တော်လေး အင်အားကြီးပါတယ်။ သေချာပေါက်ကို မယှဉ်နိုလောက်ဘူး။
ဒါပေမဲ့
ဒီတစ်ကြိမ်တော့ သားပိုက်ကောင်ဟုတ်လား။ နောက်ဆုံးတစ်ခေါက် မီးတောက်လောင်တာက အင်တာနက်တစ်ခုလုံးကိုတောင် ပွက်လောရိုက်စေခဲ့သေးတာ။ ဌာနတွေကတောင်မှ မကြာခဏပြန်ပြနေကြတာ။ သူလည်း ခပ်မတ်မတ်ရပ်နေတဲ့ လူတစ်ယောက်နီးပါးရှည်တဲ့ အဲဒီအကောင်လေးရဲ့အရပ် နောက်ပြီး သူတိုရဲ့ပေါင်တွေကလည်း အတော်လေးတုတ်တာကို သတိထားမိပါတယ်။ ဒါပင်မဲ့ ...
418 04
ဘရမ်ဝူကမူ သူ့ကို သေသည်အထိ ရိုက်နိုက်မည်ဆိုလျှင်ပင် မယုံကြည်နိုင်ပေ။ ထိုကြောင့် တိုက်ရိုက်ထုတ်လွှင့်မူ အခန်းထဲမှ လူများနှင့် ရန်ဖြစ်ခဲ့သည်။ မမျှော်လင့်ထားစွာပင် သူဟာ စကားလုံးရာကျော်ကို ပြင်းပြင်းထန်ထန် ကြိုးစားကာ ရိုက်နှိပ်ပြီးချိန်တွင်ပင် ရုတ်တရက် ကန်ထုတ်ခံလိုက်ရသည်။
အနည်းဆုံး သူသည် တစ်ရက်ခန့်စောင့်ပြီးမှသာ ပြန်ဝင်နိုင်မည် ဖြစ်သည်။
ထိုအခြေအနေက ဘရမ်ဝူကို တိုက်ရိုက်ပင် ဒေါသ ပေါက်ကွဲစေသည်။
သဲအိတ်ပေါ်တွင် သိသိသာသာကို ပေါက်ထုတ်ပြီးသည်နှင့် သူဟာ တော်တော်လေး သက်တောင့်သက်သာ ရှိလာသည်။ သို့သော်
ကွင်းထဲမှ ငချွတ်နှစ်ကောင်ကို တစ်ချက်ကြည့်ပြီးနောက် ဘရမ်ဝူက တစ်လှမ်းချင်းစီ ကပ်သွားကာ ကြိုးဝိုင်းထဲသို့ တိုက်ရိုက်ဝင်သည်။
“မင်းတို့ လုပ်နေတာ မဟုတ်သေးဘူး”
ရပ်တန့်သွားသော နှစ်ယောက်ကို ကြည့်နေရင်း ဘရမ်ဝူက ဆရာကြီး လေသံဖြင့် ဆူပူလိုက်သည်။ ထိုသို့ ပြောနေရင်းမှ လူငယ်ကို လက်ရမ်းပြသည်။
“လာ ငါ့ကို လက်သီးနဲ့ ပြန်ထိုး”
“အစ်ကို ဝူ ငါတို့က လူသစ်တွေပါ။ မင်းကို မယှဉ်နိုင်ပါဘူး”
လူငယ်လေးက တုံဆိုင်းစွာပင် ကြောက်လန့်တကြား ပြောသည်။
ဘရမ်ဝူဟု သော လူ၏ တိုက်ခိုင်နိုင်စွမ်းရည်က အတော်လေး မြှင့်မားသော်လည်း သူ၏ အကျင့်စရိုက်က အလွန်ဆိုးသည်။ သူသည် မကြာခဏဆိုသလို လေ့ကျင့်ရေးအခန်းထဲမှ လူများနှင့် ရန်ဖြစ်နေကြ ဖြစ်သည်။ သဘောမတူညီရင်လည်း တိုက်ခိုက်တတ်သည်။
ပို၍ဆိုးသည်မှာ သူက တိုက်ခိုက်သည့်အချိန်တိုင်းလိုလို အလွန်ပင် ပြင်းထန်သည်။ ကျောင်းသားအများစုသည် သူ၏ ရိုက်နှက်မှုကြောင့် လေ့ကျင့်မှုတွင် အချိန်တော်တော်ကြာ ပြန်မပါရသည့်တိုင်အောင် အနားယူရတတ်သည်။ သို့ရာတွင် ဘရမ်ဝူက စီရင်စု ချန်ပီယံကို ရရှိထားခဲ့သောကြောင့် ကျောင်းသားများကလည်း သူ့အပေါ် ဘာမှ မလုပ်နိုင်ပေ။ အချိန်တိုင်းလိုလို ဆူပူရုံနှင့် ပြီးသွားတတ်သည်။
“မင်းက ဘာကြောက်တာလဲ ဟမ်။ ငါ ငါရဲ့ အင်အားအကုန် သုံးမှာ မဟုတ်ဘူး။ ငါ မင်းကို လမ်းပြပေးမယ်”
“လာစမ်းပါ။ မိန်းမလို လုပ်မနေစမ်းပါနဲ့။ မင်း နေ့ဘက်တွေမှာ ဒီနေရာမှာ လာလာ ကျင့်နေတာ မဟုတ်ဘူးလား။ ညဘက်ကျရင် နိုက်ကလပ်တွေ သွားပြီး လေ့ကျင့်လေ”
ထိုစကားကို ကြားပြီးနောက် လူငယ်က တော်တော်လေး ရှက်သွားသည်။ ဒါဟာ သိသာ ထင်ရှားစွာ အရှက်ခွဲမှု ဖြစ်သည်။
ည … ညဘက် နိုက်ကလပ် သွားတယ်ဆိုတာက သူ… သူ့ကို သေချာပေါက် မပြော …
“ဟား ဟား ဟေး ကောင်လေး လာစမ်းပါ။ မင်း သည်းညည်းခံနိုင်လို့လား”
သိပ်မကြာခင်မှာတင် ကလေးကို အမှောက်သိပ်သွားသည်။
“ဟွန်း ပျင်းဖို့ကောင်းလိုက်တာ။ မင်းတို့လို လူတွေက ဘယ်လောက်ပဲ ကျင့်ကျင့် အသုံးဝင်လာမှာ မဟုတ်ဘူး”
ဘရမ်ဝူက လက်သီးကို ခပ်ကြမ်းကြမ်း ပွတ်လိုက်ပြီးနောက် လက်အိတ်ကို ပြန်ချွတ်ကာ အထင်တသေး ပြောသည်။
“လက်ဝှေ့ထိုး ကျင့်တယ်ဆိုတာကလည်း ဉီးနှောက်လိုသေးတယ်။ ငါ ဒီမှာ ရပ်နေရင်းတောင်မှ မင်းတို့ ငါ့ကို လက်သီးတစ်ချက်နဲ့ ထိအောင် မလုပ်နိုင်ဘူး။ ယုံလား”
“အား ငါ မင်းကို တိုက်ခိုက်မယ်”
ထိုအခိုက်အတန့်တွင် မြေပြင်တွင် လှဲနေသော လူငယ်က မျက်မှောင်ကျုံ့ပြီး လက်အိတ်မှ သွေးများကို ခါထုတ်ကာ အပြေးလာသည်။
418 05
ဘန်း
သူ၏ လက်သီးက ဘရမ်ဝူ၏ မျက်နှာကို ထိပြီး ခပ်အုပ်အုပ် အသံက ထွက်လာသည်။ ဘရမ်ဝူကလည်း အရှေ့မှ လူငယ်က ထိုမျှအထိ ပြေးလာရဲလောက်အောင် ကြမ်းတမ်းမည်ဟု မထင်ထားမိပေ။ သူသည်လည်း နည်းနည်း ကြိမ်းသွားသော ပါးကို ပွတ်ပြီး သူ၏ အမှုအရာက သုန်မှုန်လာသည်။
“သွားပြီ။ ဆေးရုံကားခေါ်တော့။ အစ်ကို ဝူက ရူးသွားပြီ”
“ဒီကလေးက တအားကို မိုက်မဲတယ်။ သိသိသာသာကိုပဲ အစ်ကို ဝူက မပျော်မရွှင် ဖြစ်နေတာလေ။ သူ့ကို ဒီအတိုင်း သွားထိုးလိုက်သေးတယ်။ ဘယ်လို လုပ်ကြမလဲ”
“တစ်ယောက်ယောက် မြန်မြန်လာပြီး တားကြစမ်း။ ဒုက္ခရောက်တော့မယ်”
ထိုအချိန်တွင် လေ့ကျင့်နေကြသော လက်ဝှေ့ထိုးအားကစား ပညာရှင်များကလည်း အပြေးအလွှားလာကာ ကြည့်ကြသည်။
သူတို့သည်လည်း ဘရမ်ဝူက ထိုကောင်လေးကို ဖိချထားပြီး လက်သီးဖြင့် ဆက်တိုက် ထိုးနေကြောင်း မြင်ရသည်။
ဘန်း
“ဖက်စ့် မင်းက ဘယ်သူလဲ ဟမ်။ စည်းမျဉ်းကိုတောင် မသိဘူးလား”
ဘန်း
“ငါ ဒီနေ့ မင်းကို သင်ခန်းစာ ပေးရမယ်။ စည်းမျဉ်းတွေက ဘာလဲ သိရမယ်”
ဘန်း
“အစ်ကို ဝူ။ ရပ် … ရပ်တော့ ရပ်တော့”
အားလုံးက အောက်ဘက်တွင် သွေးသံရဲရဲနှင့် လှဲနေသော လူငယ်ကို ကြည့်ပြီးနောက် အပြေးအလွှားသွားကာ ဆွဲကြသည်။
ဒီထက်သာ ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် ထိုလူငယ်က ဆေးရုံပေါ်တွင် အချိန်တွေ ကြာနေလိမ့်မည်။
“ဟား ဟား ဟား”
သိသာစွာပင် အားလုံးက ဘရမ်ဝူကို ဆွဲသွားသည့်တိုင်အောင် မြေပြင်မှ လူငယ်က ဩရှသော အော်ဟစ်သံကို ထုတ်လွှတ်ပြီး ခဏတစ်ဖြုတ် ပြန်ရုန်းကန်သေးသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း တုန်ယင်နေသည်။ သူသည် သူ၏ လက်သီးကိုပင် ရမ်းကာ ဘရမ်ဝူကို ထိုးသေးသည်။
“ဝိုး … ညိုပီ … မင်း ပြန်ပြီး တိုက်ခိုက်ရဲတယ်”
ဘရမ်ဝူကလည်း ဒေါသထွက်သွားပြီး အော်၍ ဆဲသည်။ ထိုနောက် တိုက်ရိုက်ပင် ကန်ထုတ်ပစ်လိုက်ကာ ထိုလူငယ်ကို ကွင်းထဲမှ ကျစေသည်။
သူသည် စင်အောက်မှ ကုလားထိုင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျပြီးနောက် လှုပ်ရှားမှုကင်းမဲ့စွာ လဲသွားသည်။
“ရှင်းကျန်း”
“ဆေးရုံကားခေါ်”
“ရှင်းကျန်း ထအုန်း ထအုန်း။ ငါ့ကို မခြောက်နဲ့နော်။ မင်းထိုးတာ အရမ်း ပြင်းသွားတယ်။ သူမှာ တုန်ပြန်နိုင်စွမ်းရည်မှ မရှိတာ။ ဘာလို့ ဒီလောက်အထိ ကန်ချရတာလဲ”
နောက်ထပ်တစ်ယောက်ယောက်က ခပ်မြန်မြန် ခုန်ဆင်းသွားပြီးနောက် ရှောင်ကျန်း၏ ဆိုးရွားလွန်းသော ပုံစံကို ကြည့်ကာ ဒေါသတကြီး အော်သည်။
“သူ့ကို ဆေးရုံခေါ်သွား။ ငါ ဆေးကုသစရိတ် ပေးမယ်”
“ဒါက ဒီအတိုင်း လေ့ကျင့်တာပဲလေ။ ဒဏ်ရာ ရတာကတော့ သေချာပေါက် ဖြစ်မှာပေါ့။ သူက ဒဏ်ရာ မရချင်ဘူးဆိုရင်လည်း အိမ်ပြန်ပြီးတော့ ညဂျူတီကိုပဲ အလုပ်လုပ်နေလိုက်။ ဒီမှာ လာပြီး လက်ဝှေ့ထိုး ကျင့်မနေနဲ့”
“ဟွန်း”
418 06
ဘရမ်ဝူက သူ၏ လက်ကို အထင်တသေး ရမ်းခါလိုက်သည်။ ကျောင်းသား၏ အော်ဟစ်သံကိုပင် ဂရုမစိုက်တော့ပဲ စင်ပေါ်မှ အသာဆင်းသွားကာ လော့ကာခန်းထဲသို့ သွားသည်။
ဒါဟာ ပိုက်ဆံ ကုန်ကျသော် … သို့သော် ဘရမ်ဝူကမှု တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ခံစားခဲ့ရသည့် ဒေါသကို နိုင်သွားသည်။ လူငယ်အတွက်ကမှု
ဟွန်း သူ ခဏလောက် လဲရုံပေါ့။ ပထမဦးဆုံးအကြိမ်လည်း မဟုတ်ဘူးလေ။ ဒါက ပြိုင်ပွဲပဲ။ နောက်ပြီး သူက ကျောင်းသားအသစ်လေ။ ဘယ်သူက သူ့ကို အလေးအနက် ထားနေမှာလဲ။
…
“ဟူး”
“ဟား ဟား”
“ဘယ်ဘက်ခြမ်း ချိတ်။ ညာဘက်ခြမ်း ချိတ်”
လော်ကီက မြက်ခင်းပေါ်တွင် ရပ်နေရင်း သူ၏ လက်သီးကို ရမ်းကာ သွေးပူလေ့ကျင့်နေသည်။
ဘေးတွင် ရပ်နေသော ဘတ်ကမှု သားဖြစ်သူ၏ လှုပ်ရှားမှုကို ဆက်တိုက်ဆိုသလို အမိန့်ပေးနေသည်။
“ဘယ်ဘက်လက်ကို မြင့်မြင့်မြှောက်”
“သားပိုက်ကောင်တွေက ခြေထောက်နဲ့ တိုက်ခိုက်လာခဲ့ရင် မင်းသေချာပေါက်ကို ရှောင်ရှားပြီး ခန္ဓာကိုယ်အောက်ပိုင်းကို ကာကွယ်ရမယ်နော်။ မဟုတ်ရင်လည်း ငါရဲ့ နောက်ကိုပဲ လိုက်”
“အဟမ်း အတိုချုံးပြောရရင်တော့ မင်းအနေနဲ့ ရွေ့လျားပြီး တိုက်ခိုက်နိုင်ရမယ်။ ဘယ်တော့မှ သစ်သားတုတ်တွေလိုမျိုး တိုက်ခိုက်သလို မတိုက်ခိုက်နဲ့ နားလည်လား။ လက်သီးတွေကလည်း သန်မာရမယ်။ လက်သီးထိုးတဲ့ လက်အိတ်တွေကို ဝတ်ထားတော့ သားပိုက်ကောင်တွေကို ထိခိုက်စေမှာ မဟုတ်ဘူး”
ဆုပိုင်က အဝေးတွင် ရပ်နေသော မီးခိုရောင် သားပိုက်ကောင်များကို တစ်ချက်ကြည့်ပြီးနောက် လက်ကို ဆန့်ထုတ်၍ ပုခုံးကို ဖိသည်။
ဒီအဖေနှင့် သားကတော့ စိတ်လှုပ်ရှားနေခြင်း မဟုတ်ဘဲ တစ်ဖက်မှ သားပိုက်ကောင် အထီးများကပင် အလားတူ စိတ်လှုပ်ရှားနေသည်ကို ကြားရသည်။
ဘာလို့လဲဆိုတော့ သူတို့လည်း သွေးပူလေ့ကျင့်နေကြပြီလေ။
“ဒါက နိုင်ပါ့မလား”
သားပိုက်ကောင်အဖွဲ့၏ စိတ်လှုပ်ရှားနေပုံကို ကြည့်ပြီး ဆုပိုင်ကပင် ညည်းညူးမိသည်။
ဒီနေရာက သားပိုက်ကောင်တွေ ဘာဖြစ်လဲ မသိပါဘူး။ လူသားတွေ လက်ဝှေ့ထိုးကျင့်တာကို မြင်ပြီး သူတို့လည်း လာပြိုင်ချင်နေကြတယ်။
“ဟား ဟား”
******
419 01
အခန်း 419
ညှင်သာသော လေပြေ။
ကျယ်ပြောသော မြက်ခင်းပြင်။
“ဟား”
လော်ကီက အော်ဟစ်ပြီး ခန္ဓာကိုယ်ကို ရုတ်တရက် ဘယ်ဘက်သို့ ခုန်လိုက်သည်။ ထိုနောက် အလေးတုံးကို ပစ်သွင်းသည်။
ဘန်း
အရှေ့မှ သားပိုက်ကောင်က ကြွက်သားများ တောင့်တင်းသွားပြီးနောက်တွင် အမြှီးဖြင့် သူ့ကိုယ်သူ ထိန်းထားရင်း အနောက်ဘက်သို့ ခြေလှမ်းကို ခပ်မြန်မြန် ဆုတ်ကာ ထိုပစ်ချက်ကို ရှောင်သည်။ ထိုနောက် သူ၏ နောက်ခြေနှစ်ချောင်းကို မြှောက်ကာ ခပ်မတ်မတ် ရပ်ရင်း ဆောင့်ကန်သည်။
ထိုအခြေအနေကို မြင်သောအခါ လော်ကီ၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည်လည်း ဘေးဘက်သို့ ခပ်မြန်မြန် ခုန်ရှောင်လိုက်သည်။ ထိုသို့ဖြင့် ကန်ချက်ကို ကပ်သီးလေး ရှောင်လိုက်နိုင်သည်။
သူကပင် အသက်ရှု မချောင်သေးခင် ရုတ်တရက် သူ၏ အရှေ့တွင် ပုံရိပ်တစ်ခုက ဖြတ်ကနဲ့ ပေါ်လာသည်။ ခပ်တိုတို လက်ကလေး နှစ်ဖက်က လက်သီးအဖြစ်ပြောင်းပြီး ဆန့်ထုတ်လာသည်။
ဘန်း
လက်သီး သုံးချက် ဆက်တိုက် ရောက်ရှိလာ၏။ တစ်ချက်ချင်းစီတိုင်းက လော်ကီ၏ နှာခေါင်းကို ထိသည်။
ဖူး
လူစုခွဲသွားပြီးနောက်တွင် သားပိုက်ကောင်က အရှေ့မှ လူငယ်ကို ပတ်ကာ ဝိုင်းနေသေးပြီး တိုက်ခိုက်ရန် အခွင့်အရေးကောင်းကို ရှာနေသည်။
“သတိထား”
“ညာဘက်ကို ကြည့်”
သို့သော် လော်ကီက ယုံကြည်ချက်အပြည့်နှင့် လက်သီးကို ရမ်း၍ အော်သည်။
“အဝိုင်း မခံနဲ့။ လွှတ်”
“ဒီလိုဆိုရင် မင်း ပစ်မှတ် ဖြစ်သွားလိမ့်မယ်”
“ကြိုးစားထား လော်ကီ”
သူသည်လည်း ထိုသားပိုက်ကောင်က ထိုမျှအထိ ညာဏ်များပြီး တိုက်ခိုက်ရန် အခွင့်အရေးကောင်းကို ရအောင် ရှာတတ်မည်ဟု မထင်ထားမိပေ။
သူ မမျှော်လင့်ထားသည့်အခိုက်အတန်တွင်ပင် သူ၏ အရှေ့သို့ တိုက်ရိုက် ခုန်ဝင်လာသည်။ သူသည် နောက်ခြေကို သုံးကာ မတိုက်ခိုက်နိုင်သော်လည်း သို့သော် … အရှေ့မှ လက်သီး သုံးချက် ဝင်ရောက်လာသည်။ အားလုံးက နှာခေါင်းကိုသာ ထိသည်။ လော်ကီက အာရုံစိုက်ရန် အချိန်ယူရလောက်သည်။
“ဟူး”
419 02
လော်ကီက မျက်ရည်ကို သုတ်ပြီး ခပ်ကြမ်းကြမ်း မျက်တောင် ခတ်သည်။
“ဘေဘီ မင်းက သန်မာတာပဲ”
“ဒါပေမဲ့ ငါက ပိုပြီး သန်မာတယ်”
သူက အော်ဟစ်လိုက်ပြီး လက်သီးများကို မြှောက်ကာ ခေါင်းကို တင်းတင်းကြပ်ကြပ် ကာကွယ်လိုက်သည်။ ထိုနောက် ခန္ဓာကိုယ်တစ်ခုလုံးကလည်း သေးငယ်သော လှုပ်ရှားမှုတစ်ခုအဖြစ်သို့ ပြောင်းလဲကာ စရှောင်သည်။ သူ၏ ခြေထောက်ကိုပင် လှုပ်သေးသည်။
“ကျွီ”
“အား”
အရှေ့မှ သားပိုက်ကောင်က အော်သည်။ အပြင်ကို ထောက်ထားသော အမြှီးက မြေကြီးထဲသို့ ချွတ်ကနဲ ဝင်သွားပြီးနောက်တွင် ခြေထောက်ကလည်း ရုတ်တရက် မြှောက်တက်သွားကာ လော်ကီကို ခပ်ကြမ်းကြမ်း ဆောင့်ကန်သည်။
“ဟစ်”
လော်ကီ၏ မျက်နှာက ပျက်သွားပြီး အလျင်စလို နောက်ဆုတ်သည်။
သားပိုက်ကောင်က အရင်တစ်ခေါက်က ကဲ့သို့ လျင်မြန်စွာ ဆင်းသက်သွားပြီးနောက်တွင် သူ၏ အရှေ့သို့ တဖန် ပြန်လည် ခုန်ဝင်ကာ ဝင်ရောက်လာပြန်သည်။
“ဘန်း ဘန်း ဘန်း”
လက်သီး တိုတိုလေးများက လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် လော်ကီ၏ နှာခေါင်းကို ထပ်ပြီး တိုက်ခိုက်ပြန်သည်။
“သေစမ်း”
လော်ကီ၏ နှာခေါင်းက ကြိမ်းတက်လာသလို့ ခံစားရသည်။ မျက်ရည်များကလည်း ချက်ချင်းဆိုသလို မျက်လုံးကို ဝါးသွားစေပြီး သူက ခပ်ကြမ်းကြမ်း ကျိန်ဆဲသည်။
ဒီသားပိုက်ကောင်က တော်တော်လေးကို ကိုင်တွယ်ရ ခက်တာပဲ။ မဆိုးပါဘူး။ ဒါပေမဲ့
နှစ်ကြိမ်ခန့် အရိုက်ခံရပြီးနောက်တွင် လော်ကီသည်လည်း ထိုသားပိုက်ကောင်၏ တိုက်ခိုက်တဲ့ ပုံစံကို နားလည်လာပြီဟု ခံစားရသည်။ အကြိမ်တိုင်းလိုလို အရင်ကန်သည်။ ထိုနောက် သူ့ကို နောက်ဆုတ်အောင် ဖိအားပေးပြီးသည့်နှင့် လက်သီး သုံးချက်ကို ဆက်တိုက်ဆိုသလို ဝင်ထိုးတတ်သည်။ ဒါပေမဲ့
သူက ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းနေသည့် အခိုက်အတန်တွင်ပင် တစ်ဖန်ပြန်လည်ပြီး ခုန်ပြေးဝင်လာပြန်ကာ လက်သီးကို အမြန်ဆန်သည့် အရှိန်နှုန်းနှင့် သူ့ကို လာပြီး ထိုးတတ်သည်။
“တော်တယ်”
ငါ မင်းရဲ့ တိုက်ခိုက်တဲ့ ပုံစံကို နားလည်သွားပြီ။ လာစမ်းပါ။
လော်ကီက အော်ဟစ်လိုက်ပြီး မျက်ရည်ကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်သည်။ တစ်ဖန် ထပ်ပြီး တိုက်ခိုက်မည့် အမူအရာမျိုးသို့ လုပ်လိုက်ကာ ခန္ဓာကိုယ်ကိုလည်း ခုန်နေသော သားပိုက်ကောင်နှင့် တူညီသော ပုံသဏ္ဌာန်အတိုင်းမှာ လိုက်လုပ်သည်။
ခေါင်းကို ကာကွယ်ထားသည့် လက်အိတ်၏ အဟကြားနေရာက တစ်ဆင့် သားပိုက်ကောင်၏ နေရာချထားပုံကို သူက သေချာစွာ ကြည့်လိုက်သည်။
ရုတ်တရက် သားပိုက်ကောင်၏ အမြှီးက မြေပြင်ကို တစ်ဖန် ထပ်ပြီး ထိုးလိုက်ပြန်သည်။ ခြေထောက် နှစ်ချောင်းကလည်း ထပ်ပြီး ခုန်တော့မည့် အမှုအရာကို မြင်လိုက်ရ၏။
419 03
လာပြီ။
လော်ကီ၏ လက်သီးများက တင်းကြပ်သွားသည်။ သူသည် လက်သီးကို တင်းတင်းကြပ်ကြပ် ဆုတ်ထားပြီးနောက် စတင်ကာ တည်ငြိမ်စွာ နောက်ဆုတ်သည်။
သူကသာ ထိုတိုက်ကွက်ကို ရှောင်ပြီး ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်သမျှ ပြန်လည် တိုက်ခိုက်နိုင်သည်။ ထိုနောက် သူသည်လည်း သားပိုက်ကောင်အား ကြမ်းတမ်းသော လက်သီးက မည်သည့်အရာဖြစ်ကြောင်း ပြသရပေမည်။
သူသည် ကျောင်းတော်မှ တိုက်ခိုက်ရေး ချန်ပီယံဖြစ်သည်။ ဒါကို ဘယ်လိုများ သားပိုက်ကောင်ကို မနိုင်ရမှာလဲ။
ဒီသတင်းသာ ပေါက်ကြားသွားခဲ့ရင် သူ ဘယ်လိုများ ကျောင်းမှာ မျက်နှာ ပြနိုင်စရာ ရှိတော့မှာလဲ။
“ဗြွီ”
သူ၏ ခြေထောက်က မြေပြင်တွင် လျောကျသွားပြီး နောက်ဆုံးတွင် ရုတ်တရက် သားပိုက်ကောင်၏ နံဘေးသို့ ရောက်သွားသည်။ ထိုနောက်
“သွားပြီ”
ဘတ်သည်လည်း သားပိုက်ကောင်၏ လှုပ်ရှားမှုကို မြင်လိုက်သောအခါ နဖူးကို အုပ်ပြီး အော်သည်။
ဘန်း
သေချာစွာပင် ခပ်အုပ်အုပ် အော်သံက ထွက်လာသည်။ လောကီ၏ ခန္ဓာကိုယ်က လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ကျသည်။ ထိုနောက် ဗိုက်ကို အုပ်ကာ အော်နေသည်။
“ကျွီ”
“ဟွန်း အားနည်းတဲ့ ကြက်ပေါက်”
ဆုပိုင်က မီးခိုးရောင် သားပိုက်ကောင်ကို ကြည့်သည်။ ထိုနောက် မြေပြင်တွင် လဲနေသော လူသားကို ပြန်ကြည့်ပြီး ခေါင်းကို ခါကာ မျက်နှာမဲ့သည်။ သူဟာ အထင်သေးသော မျက်နှာမျိုးဖြင့် အနောက်ဘက်သို့ ပြန်ခုန်သွားသော သားပိုက်ကောင်ကို ပြန်ကြည့်သည်။
“အား ဟား ဟား သေစမ်း။ ဒါက တကယ်ပဲ တော်တော်လေး အံဩဖို့ကောင်းတာပဲ။ ဒါက တကယ်ပဲ သားပိုက်ကောင်လား။ ဗျူဟာက အရမ်းကို ပြတ်သားတာပဲ။ တတိယအမြောက်မှာ ဗျူဟာကိုတောင် ပြောင်းလိုက်တယ်”
“ဘုရားရေ ဒါက အသိစိတ် ရှိနေတာ မှတ်လား။ ဘာလို့ ငါ အရင်တစ်ခေါက်က မြင်ဖူးတဲ့ သားပိုက်ကောင်နဲ့ ကွာခြားနေတာလဲ”
“ငါ ရယ်ရလို့ သေတော့မယ်။ လော်ကီက သေချင်နေတာ။ သူက သားပိုက်ကောင်ဆီမှာ မျက်ရည်ထွက်တဲ့အထိ သုံးကြိမ်ဆက်တိုက် အရိုက်ခံရတာ။ သုံးကြိမ်တောင်နော်”
“ဒါရိုက်တာ ဆုပိုင်က သွားပြီး စမ်းကြည့်ရဲလား။ ဒါက အရမ်း စိတ်ဝင်စားဖို့ ကောင်းမှာ”
“မင်း အဆုံးသတ်ကို မကြည့်ထားဘူးလား။ ဒါက အရမ်းတော့ မထိခိုက်စေပါဘူး။ ဒါပေမဲ့ တော်တော်လေးတော့ အရှက်ခွဲရာ ရောက်တယ်။ ငါသာဆိုရင် သေချာပေါက် ပြိုလဲကျသွားမှာလေ”
“ကြည့်ရတာ လော်ကီရဲ့အဖေက သွားတော့မယ်ထင်တယ်။ သူ လက်အိတ်တွေတောင် ဝတ်နေပြီ”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ရှိသူများသည်လည်း အသက်ရှုအောင့်ထားပြီး ကြည့်ရှုနေကြသည်။
419 04
သားပိုက်ကောင်ကို စိုးရိမ်တကြီး ကြည့်နေခဲ့ကြသည်။ မည်သို့ပင်ဆိုစေ အရှေ့မှ ကောင်လေးကလည်း ကျောင်းမှ တိုက်ခိုက်ရေး ချန်ပီယံ ဖြစ်သည်။ ဘယ်လိုများ ဒီတိရစ္ဆာန်လေးက သူ့ကို ယှဉ်နိုင်မှာလဲ။
ပိုဆိုးသည့်မှာ လော်ကီ၏ ဟန်အမှုအရာက အလွန်ပင် စံချိန်မှီသည်။ ရှောင်ရှားဖို့ ဖြစ်စေ၊ ယှဉ်တိုက်ဖို့ ဖြစ်စေ အရာအားလုံးကလည်း တီဗီမှ တိုက်ခိုက်နေကြ ကစားသမားများနှင့် တူနေသည်။ သို့သော် မည်သူကမှ မမျှော်လင့်ထားသည်မှာ ထိုတိုက်ပွဲက သုံးမိနစ်ပင် မကြာလိုက်ချေ။
လော်ကီက သားပိုက်ကောင်၏ ခန္ဓာကိုယ်ကိုပင် ထိအောင် မထိုးနိုင်ခဲ့ချေ။ ထိုနောက် သူသည် သုံးကြိမ်ဆက်တိုက် မျက်ရည်ထွက်တဲ့အထိ အထိုးခံလိုက်ရသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုလုံးက ထိန်လင်းသွားသည်။
လူတိုင်းက ဗိုက်ကို အုပ်ထားရင်း ရယ်ချင်ကြသည်။ ဒါက သူ့ကို ဘုရင်လို့ ထင်နေတယ်။ မမျှော်လင့်ထားပဲ…
++++++
420 01
အခန်း 420
“အဆင်ပြေရဲ့လား”
ဘတ်က သားဖြစ်သူကို ဆွဲမပြီး ဂရုတစိုက် စစ်ကြည့်သည်။
သူက သေစေနိုင်သော နေရာများကို အကန်မခံရကြောင်း မြင်မှသာ စိတ်အေးစွာ သက်ပြင်းချသည်။ ထိုနောက် သူဟာ စိုးရိမ်တကြီး မေးသည်။
“မဟုတ်သေးဘူး။ … ရတယ်”
“ဒီသားပိုက်ကောင်က အရမ်း ကောက်ကျစ်တာပဲ အဆုံးသတ်မှာ သူက တကယ်ကို”
“မင်းက တုံးတာ”
ဘတ်က မာနအပြည့်နှင့် ကြည့်ကာ ပြောသည်။
“ကွင်းထဲမှာ အခြေအနေဆိုတာ လျင်မြန်စွာ ပြောင်းနေတာ။ အမှားတိုင်းက ကစားပွဲကို တိုက်ရိုက် ရှုူံးသွားစေနိုင်တယ်။ ဒီသားပိုက်ကောင်ရဲ့ ရှေ့ခြေက တိုနေတာကြောင့်သာ မဟုတ်ရင် မင်း ပထမတစ်သုတ်မှာထဲက ကန်ထုတ်ခံရပြီးသွားပြီ”
“လာ ထိုင်ပြီး နားလိုက်အုန်း။ ပြီးရင် ဂရုတစိုက်ကြည့်”
လောင်ဘတ်က သားပိုက်ကောင်နဲ့ ဘယ်လို တိုက်ခိုက်လဲ ဟုတ်လား။ ဒါက အတွေ့အကြုံ့က စကားပြောတာ။ ဘတ်က လက်ဝှေ့လက်အိတ်ကို တစ်ချက်ပုတ်ပြပြီးနောက် သူ၏ လက်သီးအား သားပိုက်ကောင်များသို့ ရန်စလိုမျိုး ရမ်းလိုက်သည်။ ထိုသို့ဖြင့် သူဟာ ကွင်းထဲသို့ ဝင်သည်။
“ကျွီ”
“ငါ လာမယ်”
ပိုသေးသော မီးခိုးရောင် သားပိုက်ကောင်လေးက စူးရှစွာ အော်ဟစ်ပြီးနောက် အသင်းထဲမှ ခြေထောက်နှစ်ဖက်လုံး ခုန်ကာ ထွက်လာပြီးနောက် ဘတ်ထံသို့ ခုန်ပေါက်ကာ လာသည်။
ခပ်တုတ်တုတ် အမြှီးက အနောက်ဘက်တွင် ဆက်တိုက် ရမ်းနေသည်။ ခန္ဓာကိုယ်တစ်ခုလုံးက လေအနှင်ကဲ့သို့ ဖြစ်သည်။
“ဟေး”
ဘတ်က စိတ်လှုပ်ရှားစွာ အော်ပြီးနောက် လက်မောင်းနှစ်ဖက်လုံးကို ရမ်းကာ သားပိုက်ကောင်၏ မျက်နှာချင်းဆိုင်ဘက်သို့ ခုန်ဝင်သွားသည်။
သူ၏ ဘယ်ဘက်လက် မျက်နှာကို ခပ်ကြမ်းကြမ်း ကာဖို့ထားပြီး ညာဘက်လက်ကမှု အရှေ့ဘက်သို့ လက်သီးဖြင့် ထိုးသွင်းမည့် အမှုအရာကို လုပ်သည်။ မကြာခဏဆိုသလို တိုက်ခိုက်သည့် ဟိန်းဟောက်သံမျိုးကို ထုတ်သေးသည်။ သားပိုက်ကောင်များကလည်း အကြိမ်တိုင်းလိုလို လျင်မြန်စွာ ခုန်ဝင်လာသည်။
သို့သော်
ဘတ်က အတုအယောင်အမှားကို လုပ်ချိန်တိုင်းလိုလို… သုံးကြိမ်ဆက်တိုက် ရှောင်ပြီးသည့်နှင့် သားပိုက်ကောင်ကလည်း မျက်မှောင် ကြုတ်ကာ ဒေါသတကြီး ဖြစ်လာကာ ရင်ဘတ်က မြှင့်မားလာသည်။ အရှေ့မှ လူသားဟာ မုန်းစရာ ကောင်းလွန်းသည်။ သူကိုပင် သုံးကြိမ်ဆက်တိုက် လှည့်ဖြားရဲ၏။
သူဟာ အံကို ကြိတ်လိုက်ပြီးနောက် သူ၏ အကောင်ကြီးများနှင့်အတူ လေ့ကျင့်ထားသော ဟန်အမှုအရာကို သတိရသွားကာ ခပ်မတ်မတ် ရပ်သည်။
“ကျွီ”
သူဟာ နှာမှုတ်လိုက်ပြီးနောက် ချက်ချင်းဆိုသလို ခုန်ဝင်လာသည်။
“အခွင့်ကောင်းပဲ”
420 02
ဘတ်က ထိုအခြေအနေကို မြင်ပြီး အပျော်လွန်သွားသည်။ သူသည် ရှေ့သို့ ထိုးဝင်ထားသည့် ညာလက်သီးကို ချက်ချင်း ပြန်ရုတ်သိမ်း လိုက်ပြီးနောက် တစ်ဖက်ရမ်းကာ အင်အားအကုန်သုံးပြီး ရမ်းခါ ပစ်လိုက်သည်။
ဘန်း
သို့ရာတွင် သူက သားပိုက်ကောင်၏ နဖူးကိူ လက်သီးဖြင့် ထိုးတော့မည့်အချိန်တွင် မမျှော်လင့်ထားစွာပင် အရှေ့မှ သားပိုက်ကောင်က အမြှီးကို ထောင်ကာ ဖောက်ကနဲ့ ရပ်လိုက်သည်။
လက်သီးက ရင်ဘတ်ကို ရောက်သည့် ခပ်အုပ်အုပ်သံက ထွက်လာသည်။
သားပိုက်ကောင်က အနည်းငယ် ခါသွားသည်။ ထိုနောက် လက်သည်းကို ဆန့်ထုတ်ကာ ဘတ်၏ မျက်နှာကို တိုက်ရိုက်လှမ်းကုတ်သည်။
“အား”
နာကျင်သော အော်သံက ထွက်လာ၏။ ဘတ်က မျက်နှာကို အုပ်ပြီး စတင်ကာ နောက်ဆုတ်သည်။
“ကျွီ”
“လူလိမ် ဟမ်။ ငါ မင်းကို သေအောင် ရိုက်မယ်”
သို့ရာတွင် အရှေ့မှ သားပိုက်ကောင်က သူ့ကို လွှတ်ပေးမည့်ပုံ မပေါ်ပါပေ။ အလျင်စလို ခုန်ပေါက်ပြီး လိုက်လာသည်။ လက်သီးသေးသေးလေးများက ဘတ်၏ မျက်နှာပေါ်သို့ မိုးစက်များကဲ့သို့ ကျလာ၏။
ဘန်း
ဘတ်က နောက်ဆုံးတွင် မခုန်နိုင်တော့ပဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။ တစ်ဖက်သူ၏ အမြှီးက တုန်နေ၏။ သို့သော် သူဟာ မြေပြင်တွင် ငိုညည်းနေရသည်။
“အဖေ”
ထိုအခြေအနေကို မြင်သောအခါ လော်ကီကလည်း အရှေ့သို့ ခပ်မြန်မြန် အပြေးသွားပြီး ဘတ်ကို မြေပြင်မှ ဆွဲထူရသည်။
“ဟူး”
“သောက်ကျိုးနည်း ဒီသားပိုက်ကောင်က စည်းမျဉ်းဖျက်ပြီး ငါ့ကို ဒုက္ခပေးတာ”
“အဲဒီလိုမှ မဟုတ်ရင် ငါ မရှုူံးဘူး။ မင်းသိလား”
ဆုပိုင်က လော်ကီကို ကြည့်ပြီး ကို့ယို့ကားယား ဖြစ်သလို ခေါင်းညိတ်ပြသည်။ သူကသာ မင်းကို ရိုင်းရအောင် မလုပ်ခဲ့ရင် မင်း သားပိုက်ကောင်ကို နိုင်မှာတောင် မဟုတ်ဘူး။
“မင်း တိုက်ခိုက်ချင်သေးလား”
မြေပြင်တွင် အမောတကော အသက်ရှုနေသော လူနှစ်ယောက်ကို ကြည့်သည်။ တစ်ယောက်က မျက်နှာ နီရဲကာ ယောင်ကိုင်းပြီး နှာခေါင်းတွင် နှာချေးများက ပြည့်နှက်နေသည်။ မျက်နှာကလည်း မျက်ရည်များ စိုရွှဲနေ၏။ အခြားတစ်ယောက်ကမှု မျက်နှာက ဖူးယောင်နေသည်။ သူသည် ခေါင်းကို ငုံ့ပြီး ဘဝအကြောင်း တွေးတောနေသည်။ ဆုပိုင်က ခပ်တိုးတိုး မေးလိုက်၏။
သူသည်လည်း သားပိုက်ကောင်၏ အင်အားကို အကြမ်းဖျင်း နားလည်ပြီးသား ဖြစ်သည်။ လုပ်စရာ နည်းလမ်း မရှိလျှင် လူနှစ်ယောက်က သားပိုက်ကောင်ကိုပင် မနိုင်လောက်ပေ။
420 03
တစ်ယောက်ချင်း တိုက်ခိုက်ရန် ဆိုလျှင်ပင် မပြောသင့်ပေ။ နောက်ပြီး လက်ထိုးကျင့်ရင်တောင်မှ
ဒါက ပိုပြီး ခက်လိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ် သားပိုက်ကောင်တွေရဲ့ အကွက်က … ဘာအကွက်မှမှ မရှိတာ။ ဒီအတိုင်း ခုန်တယ်။ ကုန်တယ်။ လက်သီးနှစ်လုံးရဲ့ ရိုက်မယ်။ ဒါပဲလေ။
အဲဒီ လက်သီးသေးသေးလေးက အရမ်း မကြီးဘူး ဆိုပေမဲ့လည်း ဒါပေမဲ့ မြန်ဆန်တဲ့ အကြိမ်နှုန်း ဒဏ်ကိုတော့ မခံနိုင်ဘူး။
ပြင်းထန်တဲ့ မုန်တိုင်းက လက်ဝှေ့ထိုး ချန်ပီယံကိုတော့ စိတ်ရှုပ်သွားစေနိုင်တယ်။
“အား ငါ အိုနေပြီ”
ဘတ်က သက်ပြင်းချသည်။ ခေါင်းကို လှည့်ပြီး သူ့သားကို ကြည့်သည်။ ထိုနောက် ရိုးသားစွာ ပြောသည်။
“မင်းက ပြည်နယ်ချန်ပီယံပြိုင်ပွဲမှာ ဝင်ပြိုင်ရတော့မှာ။ ဒီထက်ပိုပြီး များများသွားပြီး လေ့ကျင့်လိုက်။ ဒီထက်ပိုပြီး စစ်မှန်တဲ့ ပွဲကပဲ … တရုတ်နိုင်ငံက မင်းကို ကောင်းကောင်း သိတယ်လို့ ပြောရမှာ”
“မင်းကိုယ်မင်း ကောင်းကောင်းသိတာ ရန်သူကို သိတာပဲတဲ့။ မင်း တိုက်ပွဲတစ်ရာမှာ ဘယ်တော့မှ ဒုက္ခမရောက်ဘူး”
ဆုပိုင်က မှန်ကန်သော အခြေအနေကို သတိပေးလိုက်သည်။
“ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်။ ကိုယ့်ကိုယ်ကိုယ် သိတာက ရန်သူကို သိတာပဲ။ တိုက်ပွဲတစ်ရာမှာ ဘယ်တော့မှ မရှုူံးဘူး”
ဘတ်က ဆုပိုင်ကို ကျေးဇူးတင်သလို ကြည့်ပြီး ထပ်ပြောသည်။
“တွေးကြည့်စမ်းပါ။ မင်းသာ ပွဲတစ်ရာလောက် တိုက်ခိုက်မယ်ဆိုရင် ပြိုင်ဘက်ရဲ့ အားနည်းချက်ကိုတော့ သေချာပေါက် မြင်မှာပဲလေ”
“ငါ”
လော်ကီက အဝေးမှ မြေပြင်တွင် ထိုင်ကာ မြက်စားနေသော သားပိုက်ကောင်ကို တစ်ချက်ကြည့်ပြီးနောက်တွင် အံကို ကြိတ်သည်။ ထိုနောက် ထသည်။
“ဖား ဖား”
သူက လက်ဝှေ့ထိုး လက်အိတ်နှစ်လုံးကို ခပ်ကြမ်းကြမ်း ရိုက်ပြီး တစ်လမ်းလုံးလျှောက်သွားသည်။
“လာစမ်းပါ”
သူဟာ အော်လိုက်ပြီးနောက် ထပ်ပြီး ခုန်ပေါက်သည့် အမှုအရာမျိုး လုပ်ပြသည်။
“ကျွီ”
ရုတ်တရက် သားပိုက်ကောင်တစ်ကောင်က အဝေးမှ ပြေးလာသည်။ လော်ကီက မရေတွက်ရသေးခင် လွင့်ထွက်သွားသည်။
“အအွတ်အွတ်”
သူဟာ မြေပြင်တွင် လဲပြီးနောက်တွင် ခပ်ပြင်းပြင်း ချောင်းဆိုးသည်။
ဘန်း ဘန်း ဘန်း
သားပိုက်ကောင်က ခေါင်းကို ငုံ့၍ အောက်ဘက်မှ လူသုံးယောက်ကို တစ်ချက်ကြည့်ပြီး လည်တိုင်ကို ခါကာ လက်သေးသေးလေးကို ရမ်းသည်။ ထိုနောက် လည်တိုင်တစ်ခုလုံးကို အနောက်ဘက်သို့ စောင်း၍ ရုတ်တရက် ထရပ်သည်။
“ကျွီ”
“ဒါ ဒါ ဒါ တိုက်ခိုက်မဲ့သူ မရှိတော့ဘူးလား”
******