← Chapters

ရှန်းယီရောက်ရှိလာခြင်း

Vol. 103 Ch. 1027

ရှန်းယီရောက်ရှိလာခြင်း

Vol. 103 Ch. 1027

"ဒီလောက် မြင့်မြတ်တဲ့အာဟတ်တစ်ပါးက ဘိဟိုင် အထိတောင်လိုက်လာခဲ့တာလား၊ကျွတ်"

ပိုင်ယွီရှန်က မည်သို့ထွက်ပြေးရမည်ကို တွေးတောရင်း တိတ်တဆိတ်ခြေနှစ်လှမ်းနောက်ဆုတ်လိုက်၏။

သူတို့က ထွက်ပြေးပုန်းရှောင်နေရသော ဝရမ်းပြေးများဖြစ်ကြသော်လည်း ဦးနှောက်မရှိသော အရူးများတော့ မဟုတ်ကြပေ။ ဤမသေမျိုးစစ်သူကြီး၏နောက်ခံမှာ သာမန်လူများ နားလည်နိုင်စွမ်းထက် များစွာကျော်လွန်နေလေသည်။

သူမ၏အစ်ကိုနှစ်ယောက် ယခုအချိန်တွင် ရှိမနေခြင်းကို မဆိုထားနှင့်၊ သူတို့ရှိနေလျှင်ပင် ဤကဲ့သို့သောအခြေအနေမျိုးတွင် သေချာပေါက် ကိုယ်ထင်ပြမည် မဟုတ်ချေ။

ဤမသေမျိုးစစ်သူကြီးကို မည်သို့သောပုဂ္ဂိုလ်ကြီးတွေကများကာကွယ်ပေးနေလဲဆိုတာ ဘယ်သူ သိနိုင်မည်နည်းဟု သူမ တွေးလိုက်မိ၏။

ထိုအတွေးနှင့်အတူ သူမက ဝတ်ရုံလက်အိုးထဲမှ ဖုံးကွယ်ထားသောလက်ကို ရုတ်တရက်ဆုပ်လိုက်ပြီး ရှေ့သို့အားကုန်လွှဲယမ်းလိုက်ရာ မျက်စိကျိန်းမတတ်တောက်ပသော အဖြူရောင်အလင်းတန်းများထွက်ပေါ်လာပြီး ဓားသွားများအလား ရွှေရောင်ပုံရိပ်ဆီသို့ ခုတ်ပိုင်းသွားလေသည်။

ပိုင်ယွီရှန်က သူမ၏လက်ကို ရုပ်သိမ်းလိုက်ပြီး နောက်သို့ တစ်ချက်မျှပြန်မကြည့်တော့ဘဲ လှည့်ထွက်သွားခဲ့၏။ သူမ၏အရေပြားများမှ အမွေးများထွက်ပေါ်လာပြီး သူမ၏သွယ်လျသော ခန္ဓာကိုယ်မှာ ရုတ်တရက်ဖောင်းကားလာလေသည်။

သူမ၏အတောင်ပံများဖြန့်ကားသွားပြီး ၎င်းတို့၏အရိပ်က ဘိဟိုင်ပင်လယ်ပြင်ကိုပင် လွှမ်းခြုံသွားခဲ့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူမက ဧရာမငှက်နတ်ဆိုးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး အတောင်ပံများကို ပြင်းထန်စွာခတ်ကာအဝေးသို့ ထွက်ပြေးရန်ကောင်းကင်သို့ ပျံတက်သွားလေသည်။

နတ်ဆိုးမျိုးနွယ်မှ ပေါက်ဖွားလာသော ထိုက်ယီမသေမျိုးတစ်ပါးအနေဖြင့် ယခုအခိုက်အတန့်တွင် သူမ၏စွမ်းအားအပြည့်ကိုထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။

သို့သော် သူမဦးတည်သွားနေသော လမ်းကြောင်းရှိ တိမ်တိုက်မြူခိုးများနောက်ကွယ်တွင် လက်များကို ဘေးချလျက်ရပ်နေသော အမျိုးသမီးမှာမူ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိခဲ့ချေ။

"..."

ယဲ့လန်က ချဉ်းကပ်လာသော ဧရာမငှက်နတ်ဆိုးကြီးကို အောက်သို့တိတ်ဆိတ်စွာငုံ့ကြည့်လိုက်ပြီး သူမ၏ညာဘက် လက်ဖဝါးကို ဖြည်းညှင်းစွာ မြှောက်လိုက်၏။

ဤကဲ့သို့နီးကပ်သော အကွာအဝေးအတွင်းဖြစ်ရာ ပိုင်ယွီရှန်က တစ်စုံတစ်ခုမှားယွင်းနေကြောင်း အာရုံခံမိပုံရပြီး သူမ၏ဧရာမ မျက်လုံးကြီးများထဲတွင်တုန်လှုပ်မှုများ ဖြတ်ပြေးသွားလေသည်။

သို့သော် သူမလမ်းကြောင်း မပြောင်းနိုင်မီ နောက်တစ်ခဏတွင်ဆူညံနေသော ရွှေရောင်မြစ်ကြီး တစ်စင်းက ကောင်းကင်ကိုထိုးဖောက်ထွက်လာပြီး ၎င်း၏အသံမှာ နားကွဲမတတ်ဆူညံလွန်းလှလေ၏။

ချွန်ထက်သော ဓားအလင်းတန်းများက ထိုမြစ်ကြီးကြောင့်ချက်ချင်းပင် ရိုက်ချိုးခံလိုက်ရပြီး လွင့်မျောနေသော အမွေးအတောင်အကျိုးအပဲ့များအဖြစ် ပြောင်းလဲသွားလေသည်။

ဝုန်း

၎င်းမှာ မြစ်တစ်စင်းလုံးဝမဟုတ်ဘဲ ကောင်းကင်ဘုံကထုဆစ်ထားသကဲ့သို့ ပြီးပြည့်စုံသောကြွက်သားအကြောများ ပါရှိသည့် လက်မောင်းတစ်ဖက်ဖြစ်နေခဲ့ပေသည်။ အကျဉ်းထောင်တစ်ခုအလား ရှည်လျားသော လက်ချောင်းများက မျှော်လင့်ချက်မဲ့ခြင်း အငွေ့အသက်များကိုသယ်ဆောင်လာပြီး ဧရာမငှက်ကြီး၏ခန္ဓာကိုယ်ကို ချက်ချင်း ဆုပ်ကိုင်လိုက်လေသည်။

"အား"

လက်ချောင်းများကကြားပိတ်ဆို့မိသွားသည့် အခိုက်အတန့်တွင် ပိုင်ယွီရှန်က အလိုအလျောက်ပင်သနားဖွယ်အော်ဟစ်သံတစ်ခု ထုတ်ဖော်လိုက်လေသည်။ လွှမ်းမိုးနိုင်သော ကပ်ဘေးစွမ်းအား၏ ရှေ့တွင် သူမ၏နတ်ဆိုးခန္ဓာကိုယ်မှာ ဆွေးမြေ့နေသော ဝါးခြမ်းပြားများအလား ကျိုးပဲ့လွယ်နေပြီး တကျွတ်ကျွတ်မြည်သံများကြားတွင် သူမ၏အရိုးများက ဧရာမအင်အားအောက်တွင် ကျိုးကြေပျက်စီးသွားခဲ့လေပြီဖြစ်၏။

အာဟတ်၏မျက်လုံးများတွင် ရွှေရောင်အလင်းများစီးဆင်းနေပြီး ခံစားချက်ကင်းမဲ့စွာဖြင့် မဟာနတ်ဆိုးကြီးကိုအကြင်နာကင်းမဲ့စွာ အနောက်သို့ ပြန်ဆွဲခေါ်လိုက်သည်။

အပြစ်အနာအဆာကင်းသော ခန္ဓာကိုယ်ကြီး ဖောင်းကားလာပြီး သူက ထိုက်ယင် နတ်ဆိုးမသေမျိုးကို ပင်လယ်ပြင်ပေါ်သို့ပြင်းထန်စွာရိုက်ချလိုက်ရာ အပြာရောင်လှိုင်းလုံးကြီးများ ကောင်းကင်ယံသို့ ထောင်တက်သွားလေသည်။

ပိုင်ယွီရှန်က ထိုပြင်းထန်သော ရိုက်ချက်မှသတိမလည်နိုင်မီမှာပင် ကြီးမားလှသော ခြေထောက်ကြီး တစ်ဖက်ကဖိနင်းချလာသည်ကို သူမ မော့ကြည့်လိုက်ရလေသည်။

ဖောင်း

ခမ်းနားထည်ဝါသော ပုံရိပ်ကြီးက ဗုဒ္ဓ၏အလင်းရောင်များ တောက်ပနေသော်လည်း သူ၏လုပ်ရပ်များမှာမူ အလွန်အမင်းရက်စက်ကြမ်းကြုတ်လွန်းပြီး ရိုင်းစိုင်းမှုအငွေ့အသက်များကို သယ်ဆောင်ထားလေ၏။

သူ၏ခြေထောက်အောက်တွင် နတ်ဆိုးသွေးများ ပန်းထွက်လာသော်လည်း ရွှေရောင်ပုံရိပ်ကို အနည်းငယ်မျှပင် မစွန်းထင်းစေဘဲ ဘိဟိုင် ပင်လယ်ပြင်ကိုသာ ညစ်ပေသွားစေသည်။

"ဟူး"

ယဲ့ကျင်း ထိုမြင်ကွင်းကိုကြည့်ရင်း သူမ၏နှလုံးသားမှာ စတင် လှုပ်ရှားလာလေသည်။

ပြီးခဲ့သည့်အကြိမ်က ဟယ်တောင်၏အပြင်ဘက်တွင် သူမမြင်တွေ့ခဲ့ရသည်နှင့် နှိုင်းယှဉ်ပါက ရှန်းယီ၏ထုတ်ဖော်ပြသလိုက်သော စွမ်းအားက ယခုအခိုက်အတန့်တွင် နှစ်ဆ သို့မဟုတ် ထိုထက်မက ပိုများနေပုံရလေသည်။

သူ ဘာတွေများ ဖုံးကွယ်ထားသေးလဲဟု တွေးမိလိုက်၏။

သူမက သူမ၏လက်ဖဝါးကို တိတ်ဆိတ်စွာ ရုပ်သိမ်းလိုက်လေသည်။

"..."

ထိုက်ယင် နတ်ဆိုးမသေမျိုးက အသည်းအသန် ခုခံနေသည်ကို ယဲ့ကျင်း စောင့်ကြည့်နေခဲ့သော်လည်း မသေမျိုးဓားများထက် ပို၍ထက်ရှသော ၎င်း၏အမွေးအတောင်များက ကောင်းကင်မှနေ၍ အာဟတ်ရွှေရောင်ပုံရိပ်ဆီသို့ ရိုက်ခတ်လာသော်လည်း အနည်းငယ်သော အရာမျှပင်မချန်ထားနိုင်ခဲ့ချေ။

၎င်းက ခေါင်းမော့ရန်ကြိုးစားရုန်းကန်လိုက်တိုင်း ထိုခြေထောက်ကြီးဖြင့်နောက်သို့ ပြန်လည် ဖိနင်းရိုက်ချခံရလေသည်။

ဆယ်ကြိမ်ကျော်ခန့် အပြန်အလှန်ဖြစ်ပွားပြီးနောက် ဧရာမ ငှက်ကြီးမှာ တစ်စစီကျိုးကြေသွားပြီး ပင်လယ်ပြင်ပေါ်တွင် လွင့်မျောနေကာ အသက်စွမ်းအင် လုံးဝကင်းမဲ့သွားလေပြီ။

အာဟတ်က နတ်ဆိုးကိုနှိမ်နင်းရာတွင် အလွန် ရှင်းလင်းသပ်ရပ်စွာလုပ်ဆောင်ခဲ့လေ၏။

အစမှအဆုံးတိုင်အောင် ရှန်းယီ၏ညာဘက် လက်ဖဝါးမှာ တစ်ချက်မှမလုပ် တည်ငြိမ်နေခဲ့လေသည်။ ချင်းဟွာသခင်မ၏အသိစိတ်က သူ၏ လက်ဖဝါးအတွင်း တဖြည်းဖြည်းပြန်လည် ကြည်လင်လာလေသည်။

သို့သော် သူမ၏အံ့အားသင့်မှုများကြားတွင် တစ်စုံတစ်ခုကို ရုတ်တရက်တွေးမိသွားပြီး သူမ၏ စိတ်ထဲမှနေ၍ သခင်၊မလုပ်နဲ့ ဟု အထိတ်တလန့် အော်ခေါ်လိုက်၏။

သေချာသည်မှာ သူမက သူမ၏သခင်က နတ်ဆိုးကိုနှိမ်နင်းမည်ကို တားဆီးရန်ကြိုးစားနေခြင်း မဟုတ်ဘဲအနီးအနားတွင် ကျန်ရစ်နေသော ကောင်းကင်ဘုံစစ်သည်များနှင့် မသေမျိုးစစ်သူကြီးများအုပ်စုကို သတိရသွားသောကြောင့် ဖြစ်လေသည်။

သူတို့အထဲတွင် စစ်သူကြီးချင်းလွမ် ချန်ထားခဲ့သော သူလျှိုအချို့ သေချာပေါက်ရှိနေမည် ဖြစ်လေ၏။

သူတို့က အစပိုင်းတွင် သူမ၏နောက်ခံကို စုံစမ်းစစ်ဆေးရန် စီစဉ်နေခဲ့ကြခြင်းဖြစ်လေသည်။ ယခုအခါသခင်ကိုယ်တိုင် လှုပ်ရှားလိုက်ပြီဖြစ်ရာ ၎င်းမှာ စစ်သူကြီး ချင်းလွမ် အလိုရှိခဲ့သည့် အရာအတိုင်း အတိအကျဖြစ်မသွားပေဘူးလောဟု တွေးလိုက်မိလေသည်။

မသေမျိုးစစ်သူကြီး ချင်းလွမ်က အဆင့်လေးနေရာကိုကိုင်ဆောင်ထားပြီး မသေမျိုးသုံးပါးဂိုဏ်း၏အဆင့်မြင့် အဖွဲ့ဝင်တစ်ဦးဖြစ်နေသည်ကို ထည့်သွင်းစဉ်းစားပါက အကယ်၍ သူပြဿနာတစ်ခုခုကို ရိပ်မိသွားလျှင် ၎င်းမှာကြီးမားသော ပြဿနာတစ်ခုဖြစ်လာမည်မှာ သေချာလှပေသည်။

"ဂရုစိုက်ပြီးဒဏ်ရာကို ကုသလိုက်ပါ"

ရှန်းယီက သူ၏လက်ကို ဖွင့်ကာ ချင်းဟွာကို အောက်သို့ ချပေးလိုက်လေသည်။

သူမပေါ့ဆခဲ့သည်ဟု သူ အပြစ်မတင်ခဲ့ချေ။ ဤဘေးဒုက္ခဖြစ်ပွားရခြင်းမှာ ထိုက်ရွှီတာအိုအနှစ်သာရနှင့် လဲလှယ်ရန် သူနတ်ဆိုးသက်တမ်းကို အရေးတကြီးလိုအပ်နေသောကြောင့်သာ ဖြစ်လေသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့ နှစ်ဦးစလုံး ဘိဟိုင် အတွင်းတွင်ရှိနေခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ပါက ဤတာအိုအနှစ်သာရကြောင့် သူချင်းဟွာကို စတေးရလုနီးပါးဖြစ်သွားပေလိမ့်မည်။

နောက်တစ်ခဏတွင်။

ရွှေရောင်အာဟတ်ပုံရိပ်က မိုးမြေကြားတွင် တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားပြီး ဝတ်ရုံနက်နှင့် လူငယ်လေး တစ်ဦး၏ပုံစံသို့ ပြန်လည်ပြောင်းလဲသွားလေသည်။

ရှန်းယီ ပင်လယ်ပြင်အထက်တွင် လွင့်မျောနေပြီး ရေပေါ်တွင် ပေါလောပေါ်နေသောအလောင်းများစွာကို လက်စွပ်ထဲသို့ ပေါ့ပေါ့ပါးပါးသိမ်းဆည်းလိုက်ကာ အနောက်ဘက်ဆီသို့ မော့ကြည့်လိုက်၏။

ချင်းဟွာသခင်မ ကလည်း ရင်းနှီးသောအရှိန်အဝါများလျင်မြန်စွာချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်ပြီး သူမ၏မျက်နှာအမူအရာမှာ တင်းမာလာလေသည်။

"မြန်မြန်လုပ်ကြ"

ကောင်းကင်ယံတွင် ယိုယွင်ရှန်း၏ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာလေသည်။ စစ်သူကြီးသတိရှိသေးလား၊မြန်မြန်၊ အစီအရင်ထဲဝင်ကြ၊ ကောင်းကင်ဘုံခုံရုံးကို အရင်ပြန်ကြရအောင် ဟု အော်ဟစ်လိုက်လေ၏။

ဘိဟိုင်ကြားတွင် ရုတ်တရက် ထွက်ပေါ်လာသော ထိတ်လန့်ဖွယ်ကောင်းသည့် အရှိန်အဝါကို အာရုံခံမိလိုက်သောအခါ ရှီယုံက နောက်ဆုံးတွင် မဟာအစီအရင်ကို တပ်ဆင်ပြီးစီးသွားလေသည်။

လုပ်ဖော်ကိုင်ဖက်များ ဝိုင်းရံလျက် သူက ထိတ်လန့်တကြား ပြေးလာခဲ့လေသည်။

လူတိုင်း၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြသနေသော်လည်း သူ၏မျက်လုံးများထဲရှိ ဝမ်းမြောက်မှုကိုမူဖုံးကွယ်ထားရန် ခက်ခဲလှပေသည်။

ထင်ထားသည့်အတိုင်းပင် နောက်ဆုံးတွင် အပြင်လူများ ဝင်ရောက်ပတ်သက်လာခဲ့ပြီ ဖြစ်လေသည်။

ကိုယ်ကျိုးစွန့်အနစ်နာခံသော ကမ္မကုသိုလ်မသေမျိုးဆိုတာ ဘယ်လိုဟာမျိုးလဲဟု သူ လှောင်ပြောင်လိုက်မိသည်။ အင်အားကြီးမားသော နောက်ခံ၏ထောက်ပံ့မှု မပါဘဲ သူ၏ပေါင်းစည်းခြင်းနယ်ပယ်အဆင့် ကျင့်ကြံခြင်းသက်သက်အပေါ် အခြေခံ၍ မိုးမြေထံမှ တုံ့ပြန်မှုကိုဖြစ်ပေါ်စေနိုင်လောက်အောင်ကြီးမားသည့် သတ်ဖြတ်ခြင်း ကပ်ဘေးတစ်ခုကို ဖြေရှင်းရန် သူ၌မည်သည့် အရည်အချင်းများရှိနေသနည်း ဟု တွေးတောမိလေသည်။

ဤကဲ့သို့သော လူမျိုးကို ကောင်းကင်ဘုံခုံရုံးသို့ ကြီးမားသောစရိတ်များဖြင့် ခေါ်ဆောင်လာခဲ့ပြီး သိုသိုသိပ်သိပ်နေကာ မည်သည့်အမှားအယွင်းမျှ မရှိဘဲ တာဝန်ကျေသော အလုပ်သမားတစ်ဦးအလား အမြဲတမ်းပြုမူနေတတ်သော်လည်း ကျစ်လင်၏ကိစ္စနှင့် ပတ်သက်လာပါက သဘာဝမကျလောက်အောင်ပြုမူနေခဲ့ခြင်းဖြစ်လေသည်။

All Chapters