← Chapters

လက်ပူးလက်ကြပ် ဖမ်းမိခြင်း

Vol. 16 Ch. 151

လက်ပူးလက်ကြပ် ဖမ်းမိခြင်း

Vol. 16 Ch. 151

"အို... ချစ်စရာကောင်းတဲ့ မိန်းကလေးပဲ...”

တိနွီဖုန့်က လော့ယောင်ကို မြင်သောအခါ ခင်မင်ရင်းနှီးသောအမူအရာဖြင့် အနားသို့ကပ်သွားပြီး လော့ယောင်၏ မီးခိုးဖြူရောင်ဆံပင်များကို သဘာဝကျကျ ပွတ်သပ်လိုက်၏။

ချူလျန်က ထိုမြင်ကွင်းကို ကြည့်ရင်း တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ရင်းနှီးနေကြောင်း ဝိုးတဝါး ခံစားလိုက်ရသည်။

ထိုသို့သော ရင်းနှီးမှုကို လော့ယောင်တစ်ယောက် အသားမကျသည်မှာ ထင်ရှားပြီး မသိစိတ်မှ ခြေလှမ်းတစ်ဝက်ခန့် နောက်ဆုတ်လိုက်ကာ တိနွီဖုန့်အား ရှုပ်ထွေးသော အကြည့်တို့ဖြင့် ကြည့်လိုက်လေ၏။

ဤပုဂ္ဂိုလ်က သူတို့ကို လာကယ်ခြင်းဖြစ်သော်လည်း သူမ၏ဂိုဏ်းမှ အကြီးအကဲများကို ယခုလေးတင် ရိုက်နှက်ထားခဲ့သည်ဖြစ်ရာ မည်သို့တွေးတွေး ထူးဆန်းနေသည်ဟု ခံစားရချေ၏။

တိနွီဖုန့်ကမူ ပွင့်လင်းစွာဖြင့် ဆက်မေးနေဆဲ။ "မင်းရဲ့ဒီဆံပင်ဖြူတွေက မွေးရာပါလား၊ ဒါမှမဟုတ် နောက်မှဖြစ်လာတာလား… မင်းက ဘယ်အင်မော်တယ်ဂိုဏ်းမှာ ကျင့်ကြံနေတာလဲ… ဆရာသမားနာမည်က ဘယ်သူတုန်း...”

ချူလျန်က ဆရာဖြစ်သူကို အမြန်ဆွဲခေါ်လိုက်ပြီး ပြောလိုက်ရ၏။ "ဒီလျှို့ဝှက်နယ်မြေက သိပ်ကို ထူးဆန်းပြီး အန္တရာယ်များတယ်။ ဆရာ... ကျွန်တော်တို့ အရင်ထွက်သွားတာ ပိုကောင်းမယ်...”

"ဟင်...” တိနွီဖုန့်က မေးလိုက်၏။ "ငါတို့ ဒီမှာ တစ်ပတ်လောက် ဘာလေးညာလေး လိုက်မရှာကြတော့ဘူးလား...”

"အရင်ထွက်သွားကြတာပေါ့… ဒီမှာက ဘာမှကောင်းတာ မရှိပါဘူး.. ပြန်ရောက်မှ သေချာ ပြန်ရှင်းပြပါ့မယ်...”

ချူလျန်က ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် ဖျောင်းဖျလိုက်ရာ နောက်ဆုံးတွင် တိနွီဖုန့်တစ်ယောက် ဤနေရာမှ ထွက်ခွာရန် သဘောတူသွားတော့သည်။

အဘယ်ကြောင့်ဆိုသော် ထိုစာပေပညာရှင်၏အဆိုအရ နာရီဝက်ကြာလျှင် လူတိုင်း အိပ်မောကျသွားကြမည် ဖြစ်၏။ ဆရာသခင်ဖြစ်သူက ခုခံနိုင်စွမ်းရှိလျှင်ပင် သူမကို ဤလျှို့ဝှက်နယ်မြေထဲတွင် လွတ်လွတ်လပ်လပ် သောင်းကျန်းခွင့်ပေးလိုက်ပါက ထိုစာပေပညာရှင်ကို အနှောင့်အယှက်ပေးမိသလို ဖြစ်သွားမည်မှာ အသေအချာပင်။

သူသည် ဤနေရာရှိ သတင်းများကို အပြင်သို့ မပေါက်ကြားစေရန် မှာကြားခဲ့သည်ဖြစ်ရာ အခြားသူများ၏ အနှောင့်အယှက်မခံလိုသော ရည်ရွယ်ချက် ရှိနေပုံရ၏။

ထို့ကြောင့် ဆရာသခင်ဖြစ်သူကို ခေါ်ဆောင်ကာ ဤနေရာမှ ထွက်ခွာသွားခြင်းကသာ ပိုကောင်းပေလိမ့်မည်။

လာခဲ့စဉ်က မိစ္ဆာဂိုဏ်းလမ်းပြသူနှစ်ဦးမှ လမ်းပြပေးပြီး သိုင်းပညာရှင်တစ်စု ပါဝင်ခဲ့သော်လည်း အခက်အခဲများစွာရှိခဲ့ကာ အချိန်အတော်ကြာအောင် ခြေလျင်လျှောက်ခဲ့ရသည်။ သို့သော် ထွက်ခွာချိန်တွင်မူ တိနွီဖုန့် တစ်ယောက်တည်းကသာ အစောင့်အရှောက်အဖြစ် ပါဝင်လေ၏။

တိနွီဖုန့် လာရောက်ခဲ့စဉ်က အရှိန်အဟုန် အလွန်မြန်ဆန်လှသဖြင့် လျှို့ဝှက်နယ်မြေအပြင်ဘက်ရှိ ဝိညာဉ်များမှာ ထွက်ပေါ်လာရန် အချိန်ပင် မရလိုက်ချေ။ ယခု သူတို့လူစု လျှို့ဝှက်နယ်မြေထဲမှ ထွက်လာသောအခါ၌သာ လိပ်တက်နေသော မြူခိုးထုကြီးကို မြင်တွေ့လိုက်ရတော့သည်။

ရှေးဟောင်းဝါးစာလိပ်ကို ကိုင်ဆောင်ထားသည့် အဘိုးအိုဝိညာဉ်က လေဟာနယ်ကို နင်းဖြတ်ကာ ထပ်မံရောက်ရှိလာပြီး မကောင်းသောရည်ရွယ်ချက် ရှိပုံရသည်။ သူ၏နှုတ်မှ နိုင်ငံပျက်သုဉ်းခြင်း ဝမ်းနည်းပူဆွေးမှုကဗျာကို ရွတ်ဆိုရန် ပြင်လိုက်လေ၏။

"ပြည်နယ်ကိုးခု... ခု…"

"ဒီအဘိုးကြီးသရဲက ဘယ်ကနေ ရောက်လာပြန်တာလဲ...” တိနွီဖုန့်က မျက်စောင်းထိုး၍ ကြည့်လိုက်၏။

သတ်ဖြတ်လိုသော အငွေ့အသက်များက ဖုံးဖိမရနိုင်လောက်အောင် ထွက်ပေါ်လာချေသည်။

လမ်းပြသူနှစ်ဦးကို အလွန်အမင်း ထိတ်လန့်စေခဲ့သော အဘိုးအိုဝိညာဉ်မှာ ရုတ်တရက် ရပ်တန့်သွားလေ၏။ ထို့နောက် အနားသို့ပင် မကပ်ရဲတော့ဘဲ ချက်ချင်း လှည့်ထွက်သွားကာ ဝေးသည်ထက်ဝေးအောင် ထွက်ပြေးသွားတော့သည်။

သူ၏နှုတ်မှ ရွတ်ဆိုသံသည်လည်း ပြောင်းလဲသွားချေသည်။ "အဝေးမှ မိတ်ဆွေများ အလည်ရောက်လာ၊ ဝမ်းမြောက်စရာတစ်ခု မဟုတ်ပါလား...”

ထိုအခါမှသာ တိနွီဖုန့်က လူသတ်ငွေ့များ ပြည့်နှက်နေသော အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သူ့ကို ဆက်လက် အရေးမစိုက်တော့ချေ။

အောက်ဘက်တွင် မြူခိုးများ လိပ်တက်နေပြီး သရဲနဂါး ခြောက်ကောင်ကလည်း ရုပ်လုံးပေါ်လာကာ နဂါးဟောက်သံများ ထွက်ပေါ်လာ၏။ ၎င်းတို့၏ဉာဏ်ရည်သည်ကား အဘိုးအိုလောက် မပြည့်စုံသည်မှာ ထင်ရှားပြီး ပတ်ဝန်းကျင်ရှိ လေထုအခြေအနေ ပြောင်းလဲသွားသည်ကို မခံစားမိကြသေးပေ။

တိနွီဖုန့်က ကိုယ်ကို နှိမ့်ချလိုက်ပြီး မီးတောက်တစ်ခုအလား ရှေ့ဆုံးရှိ သရဲနဂါးခေါင်းပေါ်သို့ တိုက်ရိုက် နင်းချလိုက်လေသည်။

ဝုန်း...

ဤနေရာတွင် အချိန်မည်မျှကြာအောင် လှည့်လည်သွားလာနေခဲ့မှန်း မသိရသော ထိုသရဲနဂါး၏ အပြစ်များလှသည့်ဘဝမှာ ချက်ချင်းပင် ဇာတ်သိမ်းသွားတော့၏။ ဦးခေါင်းမှာ ပေါက်ကွဲသွားပြီး အနောက်ဘက်ရှိ ဧရာမနဂါးကိုယ်ထည်ကြီး တစ်ခုလုံးပါ ပြင်းထန်သောမီးတောက်များဖြင့် လောင်ကျွမ်းသွားချေသည်။

အိပ်မက်ချောက်နက်တစ်ခုလုံးရှိ မြူခိုးများမှာ ပွက်ပွက်ဆူလာသည့်အလား ဖြစ်သွားပြီး ဧရာမအပူငွေ့ကြီးက အထက်သို့ ဆန်တက်လာတော့သည်။

ကျန်ရှိနေသော သရဲနဂါးငါးကောင်မှာ ခဏချင်းအတွင်း ဟော့ပေါ့ဟင်းရည်အိုးထဲတွင် ပြုတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသော်လည်း၊ မည်သည့်နဂါးမှ အထက်သို့ မပျံတက်ရဲကြတော့ဘဲ အားလုံး အောက်ခြေသို့ ငုပ်လျှိုးသွားကာ အနက်ရှိုင်းဆုံးနေရာသို့ ပုန်းအောင်းသွားကြ၏။

တစ်ကောင်မှ ခေါင်းပြူထွက်လာရန်ပင် မဝံ့ရဲကြတော့။

တိနွီဖုန့်တစ်ယောက် အောက်သို့ခုန်ဆင်းပြီး အထက်သို့ ပြန်တက်လာရာတွင် သူမအတွက် ပေါ့ပေါ့ပါးပါး ခုန်ပျံသွားရုံမျှသာ ဖြစ်သော်လည်း သရဲနဂါးတစ်ကောင်ကို သတ်ဖြတ်ပြီးဖြစ်နေလေ၏။ သူမ လူသုံးယောက်အနားသို့ ပြန်ရောက်လာချိန်တွင် အသက်ပင် ပြင်းပြင်းမရှူရသေးချေ။

"သွားကြစို့...” သူမက ထိုသုံးယောက်ကို ပေါ့ပါးအေးဆေးစွာ ပြောလိုက်၏။

ချူလျန်အပါအဝင် ကလေးသုံးယောက်လုံး တုန်လှုပ်သွားကြပြီးနောက် မြူခိုးများထဲသို့ ပျံသန်းဝင်ရောက်သွားသော သူမ၏အနောက်မှ လိမ္မာရေးခြားရှိစွာ လိုက်ပါသွားကြ၏။ သူတို့၏အမူအရာမှာ ဘဲမကြီးအနောက်မှ လိုက်ပါသွားသော ဘဲပေါက်လေးသုံးကောင်နှင့်ပင် တူနေတော့သည်။

အနောက်ဘက်ရှိ ဘုန်းတော်ကြီးပုရှန်၏ ပါးစပ်မှ ရေရွတ်နေသံကို ချူလျန် ဝိုးတဝါး ကြားနေရသည်။ "တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်... တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်..."

ဤခရီးစဉ်တစ်လျှောက်လုံးမှာ လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသဖြင့် အချိန်သိပ်မကြာမီပင် မြူခိုးချိုင့်ဝှမ်းထဲမှ ပျံသန်းထွက်ခွာလာနိုင်ခဲ့ပြီး တောင်ပိုင်းနယ်မြေတောင်တန်းမှ ထွက်ခွာလာနိုင်ခဲ့သည်။

လော့ယောင်နှင့် ဘုန်းတော်ကြီးပုရှန်တို့က ရိုးရှင်းစွာ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် ချူလျန်နှင့် အမြဲဆက်သွယ်ရန် ကတိပြုကာ သူတို့၏သက်ဆိုင်ရာနေရာများသို့ အသီးသီး ပြန်သွားကြလေ၏။ အထူးသဖြင့် လော့ယောင်မှာ တိနွီဖုန့်က နဂါးခေါင်းကို ခြေတစ်ဖက်တည်းဖြင့် နင်းခွဲလိုက်သည်ကို မြင်တွေ့ပြီးနောက် ဂိုဏ်းမှအကြီးအကဲများ၏ အန္တရာယ်ကင်းရှင်းရေးအတွက် အထူး စိုးရိမ်ပူပန်လာခဲ့ချေ၏။

ချူလျန်တို့ ဆရာတပည့်နှစ်ဦး ရှုတောင်သို့ တစ်လျှောက်လုံး ပျံသန်းပြန်လာခဲ့သည်ကိုမူ အထူးတလည် ပြောနေရန် မလိုတော့ပေ။

သို့သော် သူတို့နှစ်ဦး ငွေဓားတောင်ထွတ်ပေါ်သို့ ရောက်ရှိလာချိန်တွင် လျိုရှောင်ယွီလေးက စိုးရိမ်တကြီး ပြေးလာသည်ကို မြင်လိုက်ရပြီး သူမက အော်ဟစ်လိုက်၏။ "ရှောင်ကျင်းကို လူတွေ ဖမ်းသွားကြပြီ...”

"ဟင်...”

...

ရွှေမွေးဟူ၏ ကိစ္စကို ပြောရလျှင် ၎င်း၏ကံဆိုးမှုပင် ဖြစ်၏။

ယခင်က အဂ္ဂိရတ်ခန်းမဆောင်မှ လူများသည် ပိုင်ဇယ်သားပေါက်လေး၏ အစားအသောက်ပမာဏ သိသိသာသာ တိုးလာသည်ကို သတိပြုမိသဖြင့် အစာကျွေးသည့် ပမာဏကို တိုးမြှင့်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ဤကိစ္စကို အထက်သို့ အစီရင်ခံခဲ့ကြလေသည်။

အဂ္ဂိရတ်အကြီးအကဲမှာ ထိုနေ့ရက်များအတွင်း အဆင့်မြင့်ဆေးလုံးတစ်ဖိုကို တံခါးပိတ်ကျင့်ကြံကာ ဖော်စပ်နေသဖြင့် ဤကိစ္စကို ဂရုစိုက်ရန် အချိန်မရှိခဲ့ပေ။ သို့သော် မနေ့က သူသည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ပေါ်လာခဲ့၏။

ဆေးဖော်စပ်အောင်မြင်သည့် ဝမ်းမြောက်မှုအပြင် ပိုင်ဇယ်သားပေါက်လေး အဆင့်တက်လှမ်းတော့မည်ဟူသော သတင်းကို ကြားရသောကြောင့် အဂ္ဂိရတ်အကြီးအကဲမှာ အတိုင်းမသိ ဝမ်းသာသွားခဲ့သည်။

သူသည် တိမ်တိုက်တစ်ခုဖြင့် အစောင့်အရှောက်တောင်ထွတ်သို့ အပြေးသွား၍ စစ်ဆေးကြည့်ရာတွင်မူ ပိုင်ဇယ်သားပေါက်လေးတွင် အဆင့်တက်လှမ်းမည့်လက္ခဏာ တစ်စုံတစ်ရာမရှိဘဲ လုံးဝ ပြောင်းလဲမှုမရှိသည်ကို တွေ့လိုက်ရပေသည်။

ဤကိစ္စက ကြီးလေးသွားချေ၏။

နတ်သားရဲ အဆင့်မတက်လှမ်းလျှင်လည်း ကိစ္စမရှိ။ အဓိကပြဿနာမှာ ၎င်းသည် အစားအစာ ထိုမျှလောက်များများကို မစားနိုင်ခြင်းပင်။

ထိုသို့ဆိုလျှင် ပိုထည့်ပေးထားသော ဝိညာဉ်ဆေးများက မည်သည့်နေရာသို့ ရောက်သွားသနည်း။ ရှုတောင်က ပိုင်ဇယ်သားပေါက်လေးကို ကျွေးမွေးနေသည်မှာ အကောင်းဆုံး ဝိညာဉ်သားရဲအစာဆေးလုံးများဖြစ်ပြီး ထိုပမာဏမှာ တန်ဖိုးမနည်းလှကြောင်း သိထားရပေမည်။

ထိုအချိန်က အဂ္ဂိရတ်အကြီးအကဲ၏ ပထမဆုံးတုံ့ပြန်မှုမှာ တပည့်တစ်ဦးဦးက ပိုထွက်လာသော ဝိညာဉ်သားရဲအစာဆေးလုံးများကို အလွဲသုံးစားလုပ်နေသည်ဟု ထင်မြင်ခဲ့ခြင်းပင်။ ထို့ကြောင့် သူက ဟန်မပျက်နေလိုက်ပြီး အဂ္ဂိရတ်ခန်းမဆောင်သို့ ပြန်သွားခဲ့သည်။

သို့သော် သူက “ကောင်းကင်အမြင် မြေကမ္ဘာအကြား” အင်မော်တယ်မန္တန်ကို အသုံးပြု၍ အစောင့်အရှောက်တောင်ထွတ်ကို အဝေးမှ လျှို့ဝှက်စောင့်ကြည့်ကာ လက်ပူးလက်ကြပ် ဖမ်းဆီးရန် ကြံရွယ်ခဲ့၏။

သို့သော် သူသည် ဝိညာဉ်သားရဲအစာဆေးလုံးများကို အလွဲသုံးစားလုပ်နေသည့် မိမိတပည့်ကို မဖမ်းမိဘဲ၊ ဝိညာဉ်ဆေးလုံးကန်ထဲသို့ ခုန်ဆင်းကာ ရူးသွပ်စွာ စားသောက်နေသည့် ခေါင်းကြီးသတ္တဝါကိုသာ ဖမ်းမိခဲ့သည်။

လက်ပူးလက်ကြပ် ဖမ်းမိသွားပြီး တရားခံ ဟူတစ်ကောင်နှင့်အတူ သက်သေခံပစ္စည်းများကိုပါ သိမ်းဆည်းနိုင်ခဲ့သည်။

အဂ္ဂိရတ်အကြီးအကဲက ရွှေမွေးဟူကို အဂ္ဂိရတ်ခန်းမဆောင်သို့ ချက်ချင်း ဖမ်းခေါ်သွားလေ၏။ ထိုခေါင်းကြီးကောင်သည် သူ့ကိုယ်သူ အဖမ်းခံရတော့မည်ကို သတိထားမိချိန်တွင် အနည်းငယ်မျှပင် ခုခံခြင်းမရှိဘဲ သူ၏ပါးစပ်ထဲသို့ ဝိညာဉ်သားရဲအစာဆေးလုံးများကို ရူးသွပ်စွာ သိပ်ထည့်နေခဲ့ပြီး ပါးနှစ်ဖက်လုံး ဖောင်းကားနေသည်အထိ သိမ်းဆည်းထားခဲ့သည်ဟု ဆိုကြ၏။

ရှောင်ယွီလေး ပြောပြသည်ကို ကြားပြီးနောက် ချူလျန်မှာ အတွေးနက်သွားတော့သည်။

'ကိစ္စတော့ဆိုးပြီ… လက်ပူးလက်ကြပ်အမိခံလိုက်ရပြီ…'

သူ ရှုတောင်မှ ထွက်ခွာလာစဉ်ကပင် ထိုခေါင်းကြီးကောင်၏ 'ယနေ့မှလွဲ၍ စားသောက်ရမည့်မနက်ဖြန် မရှိတော့သည့်အလား' အငမ်းမရစားသောက်ပုံကြောင့် သူ မစောင့်ကြည့်နိုင်ပါက ပေါ်သွားနိုင်သည်ဟု တိတ်တဆိတ် စိုးရိမ်နေခဲ့ရာ ယခုအခါ ထိုစိုးရိမ်မှုမှာ တကယ်ဖြစ်လာခဲ့ချေသည်။

ဤကိစ္စသည်ကား အဂ္ဂိရတ်အကြီးအကဲကိုယ်တိုင် ဖမ်းဆီးခဲ့ခြင်းဖြစ်ရာ ကိစ္စက သေးလှသည်မဟုတ်တော့။

ဘန်း…

သူ ဘာဆက်လုပ်ရမည်ကို တွေးတောနေစဉ်မှာပင် တိနွီဖုန့်က စားပွဲကို ရိုက်ချလိုက်ပြီး ဒေါသတကြီး ပြောလိုက်လေ၏။ "ဒီသင်္ချိုင်းခြေတစ်ဖက်လှမ်းနေတဲ့ သောက်အဘိုးကြီးက ငါတို့ ငွေဓားတောင်ထွတ်ရဲ့ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ကို ဖမ်းရဲတယ်ပေါ့… ခွေးရိုက်ရင် သခင် မျက်နှာကြည့်ရမယ်ဆိုတာကို သူ မသိဘူးလား… ငါ သွားပြီး ပြဿနာရှာရမယ်...”

"ဆရာသခင်..." ချူလျန်က သူမကို အမြန်တားလိုက်ပြီး ပြောလိုက်ရသည်။ "ဒီကိစ္စမှာ ကျွန်တော်တို့ဘက်က အကြောင်းပြချက် မခိုင်လုံဘူးနော်...”

"အဲဒါဆိုလည်း အကြောင်းပြချက် မပေးနဲ့ပေါ့… ရန်ဖြစ်ရုံသက်သက်ဆိုရင် ရပြီမဟုတ်လား...” တိနွီဖုန့်က ပေါ့ပါးစွာ ပြောလိုက်၏။ "ကိုယ်အားသာတဲ့အချက်ကို ထုတ်ပြပြီး အားနည်းချက်ကို ဖုံးကွယ်ရမှာပေါ့...”

ကောင်းပါလေစွ။

ဆရာသခင် နားလည်ထားသော 'အားသာချက်ကို ထုတ်ပြပြီး အားနည်းချက်ကို ဖုံးကွယ်ခြင်း' ဆိုသည်မှာ “မိမိဘက်က အကြောင်းပြချက်ခိုင်လုံချိန်တွင် အကြောင်းပြချက်ပေးပြီး၊ အကြောင်းပြချက်မခိုင်လုံချိန်တွင် အကြောင်းပြချက်ပေးခြင်းကို ရှောင်ရှားကာ အင်အားကို ထုတ်ပြခြင်း”ပင် ဖြစ်လေ၏။

"အဲဒီအဆင့်အထိတော့ မလိုသေးပါဘူး..." ချူလျန်က ဖျောင်းဖျလိုက်ရသည်။ "ကျွန်တော်တို့ အရင်သွားကြည့်ကြတာပေါ့… ညှိနှိုင်းလို့ ရနိုင်ပါသေးတယ်...”

"ကောင်းပြီလေ… အဲဒါဆိုလည်း သူတို့နဲ့ အရင်သွားညှိနှိုင်းကြည့်တာပေါ့...” တိနွီဖုန့်ကလည်း သဘောတူလိုက်သည်။

"မှန်တယ်… အရင် ယဉ်ကျေးပြပြီးမှ လက်ပါသင့်ပါကြတာပေါ့...” ချူလျန်က ပြောလိုက်၏။

ထို့နောက် ဆရာနှင့်တပည့် နှစ်ဦးသားမှာ လူသွားရွေးရန်... အဲ... ‘ဟူ’ သွားရွေးရန် အဂ္ဂိရတ်ခန်းမဆောင်သို့ ရင့်သီးကြမ်းတမ်းသော အရှိန်အဝါများဖြင့် ပြေးသွားကြတော့သည်။

အဂ္ဂိရတ်ခန်းမဆောင် အနောက်ဘက်ရှိ ကျယ်ဝန်းသော မြေကွက်လပ်ကြီးပေါ်တွင် သားရဲတစ်သောင်းခန်းမဆောင်၌ ယခင်က မြင်တွေ့ခဲ့ရသည်နှင့် ဆင်တူသော ဧရာမသံလှောင်အိမ်ကြီး အများအပြားကို စိုက်ထူထားချေသည်။ ဧရာမသားရဲကြီး အများအပြားကို ထိုနေရာတွင် ဖမ်းဆီးထားပြီး လှောင်အိမ်များ၏ အပြင်ဘက်တွင် ဆိုင်းဘုတ်များ ကပ်ထားလေ၏။

မြင်းနှင့်လည်းတူသလို သိုးနှင့်လည်းတူကာ နဂါးကဲ့သို့ ခွေလိပ်နေသော ဦးချိုနှစ်ချောင်းရှိသည့် ထူးဆန်းသော သားရဲတစ်ကောင်မှာ အထဲတွင် ငိုက်မည်းနေပြီး ၎င်း၏လှောင်အိမ်အပြင်ဘက်တွင် 'စည်းကမ်းမဲ့ အညစ်အကြေးစွန့်ပြီး ရှုတောင်ကို ညစ်ညမ်းစေမှု' ဟု ကပ်ထားလေသည်။

အရွယ်အစား အလွန်ကြီးမားသော အစိမ်းရောင် အကြေးခွံများရှိသည့် မြွေကြီးတစ်ကောင်မှာလည်း သံလှောင်အိမ်တစ်ခုထဲတွင် ခွေနေပြီး အပြင်ဘက်တွင် 'တန်ဖိုးကြီး ဝိညာဉ်ငှက်ဥများကို ခိုးစားမှု' ဟု ကပ်ထားပြန်သည်။

ဘေးဘက်ရှိ လှောင်အိမ်မှာမူ ရွှေမွေးဟူ ဖြစ်လေသည်။ ဤသကောင့်သားမှာ အကျဉ်းချခံရသည်ဟူသောအသိစိတ် လုံးဝမရှိဘဲ သံလှောင်အိမ်ကို “ဂျွတ်... ဂျလွတ်” မြည်အောင် ကိုက်နေပြီး အလွန်စိတ်လှုပ်ရှားနေပုံရ၏။ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော သွားသွေးသည့်တုတ်ကို ပြန်ရှာတွေ့သွားပြီး နေအိမ်ဟောင်းကို ပြန်ရောက်နေသည့်အလား သဘောထားနေချေသည်။

၎င်း၏ လှောင်အိမ်အပြင်ဘက်တွင် 'ဝိညာဉ်သားရဲများ၏ စားနပ်ရိက္ခာကို ခိုးယူမှု' ဟု ကပ်ထားလေ၏။

ဤသည်မှာ ရှုတောင်၏ ဓလေ့တစ်ခုပင် ဖြစ်လေသည်။ တောင်ထွတ်အသီးသီးမှ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များသည် စောင့်ရှောက်မှုမရှိချိန်တွင် ဂိုဏ်း၏စည်းမျဉ်းများကို ဖောက်ဖျက်မိပါက ဤနေရာတွင် အကျဉ်းချခံရပြီး သခင်ဖြစ်သူက လာရွေးမည့်အချိန်ကို စောင့်ဆိုင်းရလေ၏။

ယေဘုယျအားဖြင့် အခြေအနေ သိပ်မဆိုးရွားပါက ဓားဒင်္ဂါးအချို့ကို ဒဏ်ကြေးအဖြစ် ပေးဆောင်ကာ အနည်းငယ် အပြစ်ပေးခံရပြီးနောက် ပြန်လည်ခေါ်ဆောင်သွားနိုင်ပေသည်။

အဂ္ဂိရတ်ခန်းမဆောင်မှ တပည့်တစ်ဦးက ဘေးတွင် စောင့်ကြပ်နေ၏။ ချူလျန်က မြေပြင်သို့ဆင်းသက်ပြီးနောက် အရင်ဆုံး သွားရောက်မေးမြန်းလိုက်သည်။ "ဂိုဏ်းတူအစ်ကို... ဒီရွှေမွေးဟူကို ရွေးဖို့အတွက် ဒဏ်ကြေး ဘယ်လောက်ပေးရမလဲ...”

"ငါ ကြည့်လိုက်ဦးမယ်..." ထိုတပည့်က ခေါင်းငုံ့၍ စာအုပ်ကို စစ်ဆေးကြည့်ပြီးနောက် ခေါင်းပြန်မော့ကာ ပြောလိုက်၏။ "ရှစ်ထောင်...”

"ဗျာ...” ချူလျန်မှာ အံ့သြသွားရသည်။

"မင်း ဘာပြောလိုက်တယ်...” တိနွီဖုန့်မှာ ထိုစကားကို ကြားသောအခါ အရှေ့သို့တစ်လှမ်း ခုန်တက်လာလေ၏။ သူမ၏အရှိန်အဝါမှာ အလွန်ကြမ်းတမ်းလွန်းသဖြင့် ထိုတာဝန်ခံတပည့်မှာ လန့်ဖြန့်တုန်ယင်သွားပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်ကျလုနီးပါး ဖြစ်သွားချေသည်။

သူက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏။ "အဲဒါ... အဲဒါက ဒီလိုပါ… သူ့ကို အဂ္ဂိရတ်အကြီးအကဲကိုယ်တိုင် ပို့ဆောင်လာပြီး သတ်မှတ်ခဲ့တဲ့ ဒဏ်ကြေးမို့လို့ပါ...”

"မင်းတို့ရဲ့ စုတ်ပြတ်နေတဲ့ ဆေးလုံးလေး နည်းနည်းစားမိတာကို ဓားဒင်္ဂါး ဒီလောက်တောင် တောင်းနေတာလား… သွားသာလုကြပါတော့လား...” တိနွီဖုန့်က အော်ဟစ်လိုက်လေ၏။

"အဂ္ဂိရတ်အကြီးအကဲ ပြောတာကတော့ ဒီရွှေမွေးဟူက... ဂိုဏ်းစောင့်နတ်သားရဲဆီကနေ အခွင့်အရေး ယူခဲ့တာမို့လို့... အပြုအမူက အရမ်း ဆိုးရွားတယ်တဲ့..." ထိုတပည့်က ဗလုံးဗထွေးဖြင့် ရှင်းပြနေပြီး သူ့ခမျာ မျက်ရည်များပင် ကျလာတော့မည့်ပုံ ပေါက်နေရှာသည်။

"မင်း သွားပြီး အဂ္ဂိရတ်အကြီးအကဲကို ခေါ်ခဲ့...” တိနွီဖုန့်က အငယ်များကို အနိုင်မကျင့်ချင်သဖြင့် လက်ကို တိုက်ရိုက်ဝှေ့ယမ်းကာ လူသွားခေါ်ခိုင်းလိုက်သည်။

"ဟုတ်ကဲ့ပါ..." ထိုတာဝန်ခံတပည့်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ချက်ချင်းလှည့်ထွက်ကာ လစ်ပြေးသွားတော့သည်။

ထိုအချိန်တွင် ခပ်ဖွဖွ ရယ်မောသံတစ်ခုကို ကြားလိုက်ရ၏။

"မလိုတော့ပါဘူး… ငါ ရောက်လာပြီ...” ဖုန်မှုန့်တစ်စက်မျှ မကပ်ငြိနေသော အဖြူရောင်ပုံရိပ်တစ်ခုက လွင့်မျောကာ ရောက်ရှိလာလေသည်။

ရောက်လာသူမှာ နှင်းကဲ့သို့ ဖြူစင်သော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြိုးကြာငှက်ကဲ့သို့ ဖြူဖွေးသော ဆံပင်နှင့် ကလေးငယ်တစ်ဦးကဲ့သို့ နုပျိုသော မျက်နှာသွင်ပြင် ရှိလေ၏။ သူ၏မျက်နှာမှာ ပိန်ပါးပြီး ခန္ဓာကိုယ်မှာ ထင်းရှူးပင်အိုကြီးကဲ့သို့ မားမားမတ်မတ်ရပ်နေကာ တကယ့်ကို အင်မော်တယ်ဆန်သော အသွင်အပြင်မျိုး ရှိပေသည်။

သူသည်ကား ရှုတောင်၏ ဂိုဏ်းစောင့်အကြီးအကဲ လေးဦးအနက် တစ်ဦးဖြစ်သော အဂ္ဂိရတ်အကြီးအကဲပင် ဖြစ်လေ၏။ သူသည် ရှုတောင်ဂိုဏ်းချုပ်နှင့် ခေတ်ပြိုင်ပုဂ္ဂိုလ်ဖြစ်ပြီး ရှုတောင်တစ်ခုလုံးတွင် အာဏာအရှိဆုံး လူအနည်းငယ်ထဲမှ တစ်ဦးဟု ဆိုနိုင်ပေသည်။ ကျင့်ကြံခြင်းလောက တစ်ခုလုံးတွင်လည်း အလွန်မြင့်မားသော အဆင့်အတန်းရှိလေ၏။

ဤအကြီးအကဲကို ကြည့်ရင်း ချူလျန်၏ရင်ထဲတွင် အနည်းငယ် စိုးရိမ်ထိတ်လန့်နေမိသည်မှာ မလွှဲသာပေ။ အဘယ်ကြောင့်ဆိုသော် သာမန်တပည့်လေးတစ်ဦးအနေဖြင့် သူသည် ပုံမှန်အားဖြင့် ဂိုဏ်းစောင့်အကြီးအကဲ အဆင့်ရှိသူများကို တွေ့မြင်ရမည့်အခွင့်အရေး သိပ်မရှိသောကြောင့်ပင်။

ထို့အပြင် ယခုတစ်ကြိမ်မှာ သူတို့ဘက်က ရှုတောင်ထံမှ အခွင့်အရေးယူနေစဉ် လက်ပူးလက်ကြပ် အဖမ်းခံလိုက်ရခြင်း မဟုတ်ပါလော။

စိတ်ထဲတွင် အနည်းငယ်တော့ လိပ်ပြာမလုံ ဖြစ်နေမိချေ၏။

ထို့နောက်တွင်မူ တိနွီဖုန့်တစ်ယောက် အဂ္ဂိရတ်အကြီးအကဲကို မျက်နှာချင်းဆိုင်ကာ ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်ကို မြင်လိုက်ရတော့သည်။

"အဘိုးကြီး... ရှင်က သတ္တိတော်တော် ကောင်းနေပါလား...”

ချူလျန်၏ ရင်ထဲတွင် ချက်ချင်းပင် ဒိန်းခနဲ ဖြစ်သွားတော့သည်။

ဆရာသခင်ကတော့ တကယ့်ကို ရဲတင်းလှချည်လားကွာ…။

All Chapters