← Chapters

အခြေခံအဆင့် နဝမတန်း၊ သစ်ပင်စိတ်ဝိညာည်ဆီမှ အခွင့်အရေးတစ်ခု

Vol. 1 Ch. 11

အခြေခံအဆင့် နဝမတန်း၊ သစ်ပင်စိတ်ဝိညာည်ဆီမှ အခွင့်အရေးတစ်ခု

Vol. 1 Ch. 11

အခန်း (၁၁) အခြေခံအဆင့် နဝမတန်း၊ သစ်ပင်စိတ်ဝိညာည်ဆီမှ အခွင့်အရေးတစ်ခု

ကျောက်အေးတောင်ထိပ် ခန်းမမှ ထွက်ခွာပြီးနောက် ဟန်ကျွယ်ဟာ သူ့လိုဏ်ဂူကို ပြန်ရန် ပြင်လိုက်စဉ်မှာပဲ လျိုစန့်ရှင်ဟာ သူ့နားသို့ ချဉ်းကပ်လာပြီး သူ့ပခုံးပေါ် လက်တင်လိုက်ပါတယ်။

လျိုစန့်ရှင်ဟာ ပြုံးလိုက်ပြီး “ဂျိနီယာ… မင်းရဲ့ စေတနာထားမှု အတွက် ကျေးဇူးပဲ၊ နောင်တစ်ချိန်ကျလို့ မင်းမှာ ပြဿနာတစ်ခုခုရှိရင် ငါ့ဆီကို အချိန်မရွေး အကူအညီ လာတောင်းနိုင်တယ်” လို့ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ချက်ချင်း ပြန်ပြောလိုက်ပါတယ် “စီနီယာ အောင်မြင်ပါစေလို့ ကျွန်တော် ဆုမွန်ကောင်း တောင်းပေးပါတယ်” ဟန်ကျွယ်ဟာ တံခါးလာခေါက်တဲ့ မျက်နှာသာပေးမှုကို ဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်မှာလဲ?

“ဟား. ဟား..ဟား…” လျိုစန့်ရှင်ဟာ ရယ်မောပြီး ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ သုံးလေးလှမ်းပဲ လျှောက်ရပါသေးတယ်၊ ချန်ယွီအာတစ်ယောက် သူ့အနားကို ရောက်လာပါတော့တယ်။

“ဂျူနီယာမောင်လေး… မောင်လေး အခုထိ ဂိုဏ်းတာဝန်တွေကို မလုပ်ဆောင်ရသေးဘူး မလား? မမ မင်းကို လမ်းညွှန်ပေးရမလား?” ချန်ယွီအာဟာ အပြုံးနဲ့ မေးလိုက်ပါတယ်။

“ရပါတယ်၊ ကျွန်တော် ဆက်ကျင့်ကြံချင်သေးတယ်”

“လိုဏ်ဂူထဲမှာ ကျင့်ကြံအားထုတ်တာက အရမ်းနှေးတယ်၊ ဂိုဏ်းတာဝန်တွေ ပြီးမြောက်ရင် စိတ်ဝိညာဉ် ကျောက်တုံးတွေ ရတယ်၊ အဲဒီစိတ်ဝိညာဉ် ကျောက်တုံးတွေနဲ့ စိတ်ဝိညာဉ်အိုင်တွေမှာ လေ့ကျင့်ရင် ပိုပြီး မြန်တယ်၊ နောက်ပြီး ဂိုဏ်းတာဝန်တွေ ပြီးမြောက်တိုင်းမှာ အကျိုးဆောင်အမှတ် ရတယ်၊ အကျိုးဆောင်အမှတ်တွေ များလာရင် ဆေးလုံးတွေ ဝယ်လို့ရတယ်”

“စိတ်မရှိပါနဲ့… ကျွန်တော်က သေမှာ ကြောက်လို့ပါ”

“ငါတို့လို ကျင့်ကြံသူတွေက သေမှမကြောက်ရဘူးလေ?”

“သေမှ မကြောက်ဘူးဆိုရင် ဘာလို့ ကျင့်ကြံနေတာလဲ”

“မင်း…” ချန်ယွီအာဟာ ဟန်ကျွယ်စကားကြောင့် ခေါင်းခြောက်ပြီး ဒေါပွသွားပါတယ် ‘ဒီဂျူနီယာမောင်လေးက တော်တော်လေး သတ္တိမရှိတာပဲ’

ဟန်ကျွယ် မသွားတာက သူ့မှာ စိတ်ဝိညာဉ် ကျောက်တုံးတွေ ရှိနေသေးလို့ပါ။

“ဟမ်… ဒါဆိုလည်း ထားလိုက်တော့” အဲဒီနောက် ချန်ယွီအာဟာ ချာခနဲ လှည့်ထွက်သွားပါတယ်။

ဟန်ကျွယ်ဟာ စဉ်းစားခန်း ဝင်သွားပါတယ် ‘လိုဏ်ဂူထဲမှ အမြဲတမ်း ကျင့်ကြံလို့ အဆင်မပြေဘူး၊ စိတ်ဝိညာဉ်အိုင်တွေဆီမှာ လေ့ကျင့်မှ ပိုအဆင်ပြေမှာ၊ နှစ်တစ်ရာကြာလို့ ငါသေခါနီးမှ ဂိုဏ်းတာဝန်တွေ လိုက်လုပ်ရင် စွန်းစားလွန်းရာ ကျတယ်’ အဲဒီနောက် ဟန်ကျွယ်ဟာ အတွင်းဂိုဏ်းမြို့ကို ဦးတည် လျှောက်သွားလိုက်ပါတယ်။

…

ရာသီစက်ဝန်း အလီလီပြောင်းပြီး ဆယ်နှစ်တာ အချိန်ကာလဟာ တစ်ခဏအတွင်း ကုန်ဆုံးသွားပါတယ်၊ ဟန်ကျွယ်ဟာ ဒီနှစ်တွေမှာ စိတ်ဝိညာဉ်အိုင်တွေကို လျှောက်သွားပြီး ကျင့်ကြံအားထုတ်ပါတယ်၊ သူဟာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၄၀၀ ကို သုံးစွဲပြီးတဲ့အခါမှာ စွမ်းရည်ခြောက်မျိုးလုံးမှာ အခြေခံအဆင့် ပဥ္စမတန်းကို ရောက်ရှိသွားပါတယ်။

ဤနှုန်းအတိုင်းသာ ဆက်သွားလျှင် ဟန်ကျွယ်ဟာ လက်ကျန် အဆင့်မြင် စိတ်ဝိညာဉ်ကျောက်တုံး ၄၀၀ လုံး အကုန်သုံးရင်တောင် ရွှေဓာတ်လုံးအဆင့်ကို ရောက်မှာ မဟုတ်ပါဘူး၊ ဟန်ကျွယ်ဟာ မိုးကြိုးနဲ့ မီးစွမ်းရည်နှစ်မျိုးမှာပဲ အားစိုက်ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ စိတ်ဝိညာဉ်ကျောက်တုံး အကုန်လုံးကို သူသုံးပစ်လိုက်လို့ မရပါဘူး၊ သုံးဖို့အတွက်လည်း ချန်ထားရပါအုန်းမယ်။

‘မိုးကြိုးစိတ်ဝိညာဉ်အိုင်မှာ နောက်ထပ် ဆယ်နှစ်ကျင့်ကြံရင်တော့ ငါရဲ့ မိုးကြိုးစွမ်းရည်က ပြည့်စုံတဲ့အထိ ရောက်သွားလောက်တယ်၊ ပြီးတော့မှ ငါလိုဏ်ဂူထဲပြန်ပြီး မီးစွမ်းရည်ကို ဆက်လေ့ကျင့်မယ်၊ ဒီအကြံကောင်းတယ်’

ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်ပြီးနောက် မိုးကြိုးစိတ်ဝိညာဉ်အိုင်ကို ဦးတည်လိုက်ပါတယ်၊ မိုးကြိုးစိတ်ဝိညာဉ်အိုင်ထဲမှ ကျင့်ကြံသူတစ်ဦးမှ ရှိမနေပါဘူး၊ ဟန်ကျွယ်ဟာ အထီးကျန်ဆန်ခြင်းကို ကြောက်ရွံ့ခြင်း မရှိပါဘူး။

“ကောင်စုတ်လေး… မင်း ရောက်လာပြန်ပြီလား၊ မင်းက ပါရမီရှင်လို့ ငါထင်ထားတာ၊ ဒီလောက်နှစ်တွေ ကြာတာတောင် ဘာလို့ အခြေခံအဆင့် တတိယတန်းမှာပဲ ရှိနေသေးရတာလဲ?” သစ်ပင်စိတ်ဝိညာဉ်က ပျင်းရိဟန်တူပါတယ်၊ ဟန်ကျွယ်ကို စနောက်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပခုံးကို အသာလှုပ်လိုက်ပြီး “ကျုပ်မှာ အရည်အချင်းမရှိလို့ပေါ၊ ဒါကြောင့် ကျုပ်က ကျင့်ကြံခြင်းကို အားစိုက်နေရတာ” လို့ ပြန်ပြောလိုက်ပါတယ်။

“ဟုတ်သားပဲ” အဲဒီနောက် သစ်ပင်စိတ်ဝိညာဉ်ဟာ မျက်လုံးမှိတ်ပြီး ငြိမ်သက်သွားပါတယ်။ ဟန်ကျွယ်ဟာ မိုးကြိုးစိတ်ဝိညာဉ်အိုင်ကို မပြတ်လာသူမို့ သစ်ပင်စိတ်ဝိညာဉ်ဟာ သတိပေးစကား မပြောတော့တာ ဖြစ်ပါတယ်။

မကြခင်မှာပဲ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းအခြေအနေထဲ သက်ဝင်သွားပြီး အချိန်ကို မေ့သွားပါတယ်။

အချိန်ဟာ တစ်နှစ်ပြီးတစ်နှစ် လျင်မြန်စွာ ကုန်ဆုံးသွားလိုက်တာ နောက်ဆုံးမှာ ငါးနှစ်ကြာသွားပါတယ်၊ ဒီအချိန်မှာ ဟန်ကျွယ်ရဲ့ မိုးကြိုးစွမ်းရည်က အခြေအခံအဆင့် သတ္တမတန်းကို ရောက်ရှိနေပါပြီ။

မော့ဖူချိုဟာ အမျိုးသမီးတပည့်တစ်ဦးနဲ့ မိုးကြိုးစိတ်ဝိညာဉ်အိုင်ထဲ ရောက်လာပါတယ်၊ အမျိုးသမီးတပည့်ဟာ အလွန်တရာမှ လှပပြီး သူ့အမူအကျင့်တွေကလည်း လူကုံထံ အထက်တန်းစား ဖြစ်ကြောင်း ဖော်ပြနေပါတယ်။

“ရောင်းရင်းဟန်လည်း ရောက်နေတာကိုး” မော့ဖူချိုက တအံတဩနဲ့ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မတ်တတ်ရပ်လိုက်ပါတယ်၊၊ အဲဒီနောက်ပြုံးပြီး “ရောင်းရင်းမို ရောက်လာတာကိုး” လို့ ပြန်ပြောလိုက်ပါတယ်။

မော့ဖူချို့က တကယ့်ကို ပါရမီရှင်ပါ၊ ဟန်ကျွယ်ဟာ သူရဲ့ လူမှုဆက်ဆံရေးကနေ မော့ဖူချိုက အခြေခံအဆင့် နဝမတန်းကို ရောက်ရှိနေပြီဆိုတာ သတိထားမိလိုက်ပါတယ်၊ နှစ်ပေါင်းနှစ်ဆယ်နီးပါး ကြာသွားပြီဆိုပေမဲ့ အခြေခံအဆင့်နှစ်ဆင့်ကို ထိုးဖောက်ပြီး ရွှေဓာတ်လုံးအဆင့်ကို ဦးတည်နိုင်တာ နည်းတဲ့ အရည်အချင်း မဟုတ်ပါဘူး။

“မင်းကို မိတ်ဆက်ပေးရအုန်းမယ်၊ ဒါက ငါတို့ ကောင်းကင်မိုးကြိုး တောင်ထိပ်က ဂျူနီယာညီမလေး မော့ကျူတဲ့၊ သူလည်း ငါတို မိသားစုကပဲ” မော့ဖူချိုက အပြုံးနဲ့ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး “ကျောက်အေးတောင်ထိပ်က ဟန်ကျွယ်ပါ” လို့ နှုတ်ဆက်လိုက်ပါတယ်။

မော့ကျူဟာ ခေါင်းညိတ်ပြီး ဟန်ကျွယ်ကို သေသေချာချာ ကြည့်ကာ မေးလိုက်ပါတယ် “ရှင်က ဘာဖြစ်လို့ အခြေခံအဆင့် တတိယတန်းမှာပဲ ရှိနေသေးရတာလဲ၊ အစ်ကိုက ပြောတော့ ရှင်က ဆဋ္ဌမတန်းကို ရောက်နေလာက်ပြီတဲ့”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး “ကျုပ်က တည်တည်ငြိမ်ငြိမ်နဲ့ သွားချင်လို့ပါ၊ ဟေး… ငါတို့ ကျင့်ကြံခြင်းကို စလိုက်ကြရအောင်” ဟု ပြောလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပြောပြောဆိုဆို ပြန်ထိုင်လိုက်ပါတယ်။

မော့ဖူချိုဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ပတ်သက်ပြီး သိချင်ပေမဲ့လည်း ထပ်ပြီး မမေးပါဘူး၊ မော့ဖူချိုနဲ့ မော့ကျူဟာ ချက်ချင်းပဲ တရားစထိုင်လိုက်ပါတယ်၊ သိပ်မကြာခင်မှာပဲ ဟန်ကျွယ်ရဲ့ စိတ်ဝိညာဉ်ချီ စုပ်ယူတဲ့ အလျင်က သူတို့နှစ်ယောက်ပေါင်းထက် ပိုမြန်နေတာကို အံဩဖွယ်ရာ တွေ့ရှိလိုက်ရပါတယ်။

“သူက ဘယ်လို့ ကျင့်စဉ်မျိုးကို လေ့ကျင့်နေတာလဲ? မဟုတ်ဘူး၊ အဲတာ သူရဲ့ ကျင့်ကြံခြင်းစွမ်းရည်!” မော့ဖူချိုဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်၊ မော့ကျူကလည်း ဟန်ကျွယ်ကို တအံတဩ ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ သူတို့နှစ်ဦးကို ဂရုမစိုက်ဘဲ ခပ်မြန်မြန်ပဲ ဆက်လေ့ကျင့်ပါတယ်၊ အချိန်တိုင်း စက္ကန့်တိုင်းဟာ စိတ်ဝိညာဉ် ကျောက်တုံးတွေပါ။

…

သုံးနှစ်ကြာတဲ့ အခါမှာတော့ မော့ဖူချိုနဲ့ မော့ကျူဟာ ထွက်ခွာဖို့ ပြင်လိုက်ပါတယ်၊ မော့ဖူချိုက ဟန်ကျွယ်ကို ကြည့်လိုက်ပြီး တစ်စုံတစ်ခု ပြောချင်ပေမဲ့ ဟန်ကျွယ်ရဲ့ စူးစူးစိုက်စိုက် အားထုတ်မှုကို တွေ့လိုက်ရတာကြောင့် အနှောင့်အယှက် မပေးချင်တော့ပါဘူး၊ မော့ဖူချိုနဲ့ မော့ကျူဟာ မိုးကြိုးစိတ်ဝိညာဉ်အိုင်ထဲကနေ ထွက်ခွာလိုက်ပါတယ်။

“အစ်ကို… ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘာလို မတိုးလာတာလဲ?” မော့ကျူက သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ စိတ်ဝိညာဉ်ချီ စုပ်ယူမှုအားနဲ့ဆိုရင် အစောကြီးကတည်းက အဆင့်တက်ရမှာ ဖြစ်ပါတယ်။

မော့ဖူချိုရဲ့ မျက်လုံးထဲမှာ ရှုပ်ထွေးသွားပြီး “ဒီလူက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖျောက်နိုင်တဲ့ ပညာရပ်ကို တက်ထားတယ်၊ သူရဲ့ ကျင့်ကြံခြင်အဆင့် အစစ်အမှန်က ငါ့ကိုမှီပြီး အခြေခံအဆင့် နဝမတန်းကို ရောက်နေလောက်ပြီ” လို့ ပြောလိုက်ပါတယ်။

မော့ကျူရဲ့ လှပတဲ့မျက်လုံးတွေဟာ ကျယ်ထွက်သွားပြီး “အစ်ကိုပြောတော့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ချီသန့်စင်ခြင်း နဝမအဆင့်မှာပဲ ရှိသေးတာဆို… အဲဒီလောက်တောင် မြန်တာလား…” လို့ ပြောလိုက်ပါတယ်။

မော့ဖူချိုဟာ အသက်ပြင်းပြင်း ရှူလိုက်ပြီး “ခြိုးခြုံကျင့်တဲ့ ကျောက်အေးတောင်ထိပ်မှာ ဒီလို ပါရမီရှင်မျိုး ထွက်ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး၊ သွားကြမယ်၊ ငါတို့လည်း သူ့လို ကြိုးစား အားထုတ်ရမယ်” ဟု ပြောလိုက်၏။

မော့ကျူသည် ခေါင်းညိတ်လိုက်၏။

တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ စာနှစ်ကြောင်းကို မြင်လိုက်ရပါတယ်။

[မော့ဖူချို၏ သင့်အပေါ် အကောင်းမြင်စိတ် တိုးလာပါပြီ၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်]

[မော့ကျူ၏ သင့်အပေါ် အကောင်းမြင်စိတ် တိုးလာပါပြီ၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်]

ဟန်ကျွယ်ဟာ ဒီစာကြောင်းနှစ်ကြောင်းကို စိတ်မဝင်စားပါဘူး၊ သူရဲ့ ကျင့်ကြံခြင်းအဆင့်က အခြေခံအဆင့် နဝမတန်းကို ရောက်ရှိပြီး ဖြစ်တဲ့အတွက် နောက်တစ်ဆင့် ထိုးဖောက်ဖို့အတွက် ကျင့်ကြံနေတာပါ၊ နှစ်ဝက်ကြာပြီးတဲ့ အခါမှာတော့ ဟန်ကျွယ်ဟာ သူရဲ့ မိုးကြိုးစွမ်းရည်ကို ပြီးပြည့်စုံတဲ့အထိ အဆင့်မတက်ဘဲ ထပ်ပြီးလေ့ကျင့်လို့ မရတဲ့အထိ ကျင့်ကြံအားထုတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ထွက်ခွာဖို့ ပြင်လိုက်ပါတယ်။

“ကောင်လေး… မင်းက ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်နိုင်တဲ့ ပညာရပ်ကို ရထားတာပဲ၊ တကယ်ပဲ ထက်မြက်လှပါပေတယ်” သစ်ပင်စိတ်ဝိညာဉ်က ရယ်သံနဲ့ ပြောလိုက်ပါတယ်၊ သစ်ပင်စိတ်ဝိညာဉ်ရဲ့ အသံက လှောင်ပြောင်သရော်တာ လုံးဝ မပါရှိတော့ပါဘူး။

ဟန်ကျွယ်ဟာ ပခုံးတွန့်ပြီး ပြုံးလိုက်ပါတယ်၊ အဲဒီနောက်  မိုးကြိုးစိတ်ဝိညာဉ်အိုင်ကနေ ထွက်ခွာဖို့ ပေါ်တယ်လ် ဖော်မေးရှင်းဆီ လျှောက်သွားလိုက်ပါတယ်။

“ငါ့မှာ မင်းအတွက် အခွင့်အ‌ရေးတစ်ခု ရှိတယ်၊ ယူမလား?” သစ်ပင်စိတ်ဝိညာဉ်က မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်ခုံးပင့်သွားပြီး “မယူဘူး” လို့ ပြန်ဖြေလိုက်ပါတယ်။

သစ်ပင်စိတ်ဝိညာဉ်ဟာ ဟန်ကျွယ် အဖြေကြောင့် တအံတဩ ဖြစ်သွားပြီး “စိတ်ဝိညာဉ် ကျောက်တုံး အများကြီးနဲ့ အကျိုးဆောင်အမှတ်တွေ၊ လက်နက်နဲ့ ရတနာတွေတောင် ရမှာ၊ မင်း မကြိုးစားချင်ဘူးဆိုတာ ကျိန်းသေလား?” လို့ ထပ်မေးလိုက်ပါတယ်။

“အဲတာက အန္တရာယ်ရှိလား?”

“အခွင့်အရေးကောင်းကို ရချင်ရင်တော့ စွန့်စားရမှာပဲလေ”

“အဲဒါဆို မေ့လိုက်တော့၊ ကျွန်တော် မသေချင်ဘူး”

“မင်း” သစ်ပင်စိတ်ဝိညာဉ်ဟာ ဒေါသကြောင့် တုန်ခါသွားပြီး မယုံနိုင်လောက်အောင်ကို ဖြစ်သွားပါတယ်။

ဟန်ကျွယ်က “ကျွန်တော့်ကို ထွက်ခွင့်ပြုပါတော့၊ ကျွန်တော့် လိုဏ်ဂူထဲပြန်ပြီး တံခါးပိတ် ကျင့်ကြံရအုန်းမယ်” လို အတင်းပြောလိုက်ပါတယ်။

သစ်ပင်စိတ်ဝိညာဉ်ဟာ ဟွန်းခနဲ နှာခေါင်းရှုံ့လိုက်ပြီး ဖော်မေးရှင်းကို အသက်သွင်းကာ ဟန်ကျွယ်ကို အပြင်ဘက် ပို့လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကျန်ရှိတဲ့ တစ်နှစ်ခွဲအတွက် ပြန်အမ်းတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ထုတ်ယူပြီး အာကာသအိတ်ထဲ ထည့်သိမ်းလိုက်ပါတယ်၊ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့လိုဏ်ဂူကို တန်းမပြန်ဘဲ လစာပေးတဲ့ အဆောက်အဦးဆီ ဦးတည်လိုက်ပါတယ်။ ဒီနှစ်တွေမှာ ဟန်ကျွယ်ဟာ သူ့လစာကို တစ်ခါမှ မထုတ်ရသေးပါဘူး။

ယွီဂျင်ဂိုဏ်းက တပည့်တွေကို တစ်နှစ်တစ်ခါ လစာပေးလေ့ရှိပါတယ်၊ တပည့်တွေက တစ်နှစ်တစ်ခါ ထုတ်ချင်ရင်ထုတ် မထုတ်ချင်ရင်လည်း စုထားပြီး များလာမှ တစ်ခါတည်း ထုတ်ယူလည်း ရပါတယ်။

လစာပေးတဲ့ အ‌ဆောက်အဦးဟာ ယွီဂျင်ဂိုဏ်းမှာ ရှိတဲ့ အဆောက်အဦးတွေအနက် လူအများဆုံး အစည်ကားဆုံး အလှုပ်ရှားဆုံး အသက်ဝင်ဆုံး အ‌ဆောက်အဦးပဲ ဖြစ်ပါတယ်၊ တပည့်အများကြီးဟာ သူ့တို့လစာကို ထုတ်ယူဖို့အအတွက် တန်းစီးစောင့်နေကြပါတယ်။

ဟန်ကျွယ်ရဲ့ ပင်ကိုယ်စရိုက်က အမျိုးသမီး ကျင့်ကြံသူ အများကြီးကို ဆွဲဆောင်လိုက်ပါတယ်၊ အမျိုးသား ကျင့်ကြံသူတွေကလည်း ဟန်ကျွယ်ကို သတိပြုမိသွားကြပါတယ်။

ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်း အဆင့် တိုးမြင့်လာလေလေ သူ့ရဲ့ ပြိုင်ဘက်ကင်း ဆွဲဆောင်မှုကလည်း လုံးဝ ပေါ်လွင် ထင်ရှားလာပါတယ်၊ စနစ်ဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းကို ဖုံးကွယ်နိုင်ပေမဲ့ သူ့ဆွဲဆောင်မှုကိုတော့ မဖုံးကွယ်နိုင်ပါဘူး။.

“အဲတာ ဘယ်သူလဲ? သူက ချောလှချည်လား၊ ငါတို့ ယွီဂျင်ဂိုဏ်းမှာ ဒီလို ချောမောတဲ့ ယောက်ျားမျိုး ရှိတာ ငါမသိခဲ့ပါလား!”

“ငါ သူ့ကို အရင်က မြင်ဖူးတယ်၊ သူက ကျောက်အေးတောင်ထိပ်က တပည့်ပဲ”

“ကျွတ်. ကျွတ်… သူက ပန်းချီကားထဲကနေ လမ်းလျှောက်ထွက်လာတဲ့ အတိုင်းပဲ”

“ကျောက်အေးတောင်ထိပ်က တပည့်တွေအားလုံး အဲဒီလို ချောမောကြတာချည်းပဲလား”

“မင်းတို့ထဲက တစ်ယောက်ယောက်ကများ သူ့နာမည်ကို သိလား?”

ဟန်ကျွယ်ဟာ သူ့ဘေးနားက သူ့အကြောင်းပြောသံများကို မကြားချင်ယောင် ဆောင်နေလိုက်ပါတယ်၊ သူ့လစာကို လက်ခံရရှိပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ခပ်သုတ်သုတ် ထွက်လာခဲ့တဲ့အတွက် သူနဲ့ စကားစမြည် ပြောချင်တဲ့ အမျိုးသမီးကျင့်ကြံသူတွေဟာ နောင်တကြီးစွာနဲ့ ကျန်နေခဲ့ပါတယ်။

ဟန်ကျွယ်ဟာ လစာပေးတဲ့ အ‌ဆောက်အဦးရဲ့ အပြင်ကို ထွက်လိုက်တယ် ဆိုရင်ပဲ မော့ကျူနဲ့ ဝင်တိုက်မိပါတယ်။

“အစ်ကိုဟန်က ဒီမှာကိုး၊ တော်တော်လေး တိုက်ဆိုင်တာပဲ” မော့ကျူဟာ အံအားသင့်စွာ ပြောဆိုပြီးတဲ့အခါမှာ ဟန်ကျွယ်ဘေးနားကို ရောက်လာပြီး ဟန်ကျွယ့်လက်မောင်းကို ကောက်ကိုင်လိုက်ပါတယ်။

ဟန်ကျွယ်မျက်နှာဟာ ‌ခဲသွားပါတယ်။

All Chapters