← Chapters

ပုံရိပ်ယောင် ခြေခုနစ်လှမ်း၊ မိစ္ဆာတစ်သောင်းနယ်မြေ

Vol. 1 Ch. 12

ပုံရိပ်ယောင် ခြေခုနစ်လှမ်း၊ မိစ္ဆာတစ်သောင်းနယ်မြေ

Vol. 1 Ch. 12

အခန်း (၁၂) ပုံရိပ်ယောင် ခြေခုနစ်လှမ်း၊ မိစ္ဆာတစ်သောင်းနယ်မြေ

လစာပေးတဲ့ အဆောက်အဦးထဲမှ ထွက်လာတဲ့ အမျိုးသမီး ကျင့်ကြံသူတွေဟာ မော့ကျူက ဟန်ကျွယ်လက်မောင်းကို ကိုင်ထားတာ တွေ့လိုက်ရတဲ့အခါမှာ မျက်မှောင်ကြုတ်သွား ကြပါတယ်၊ သူတို့အားလုံးဟာ နှလုံးသားကို မီးအပ်နဲ့ ထိုးသလို ခံစားလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ မော့ကျူလက်ထဲက ရုန်းထွက်ပြီး ခပ်ခွာခွာ နေလိုက်ပါတယ်။

မော့ကျူသည် နွေးထွေးစွာ ပြုံးလိုက်ပြီး “အစ်ကိုဟန်… အစ်ကိုအကူအညီကို ကျွန်မလိုနေတယ်” လို့ ပြောလိုက်ပါတယ်။

‘လမ်းခွဲ လာပြီ! ငြင်းပယ်ရမယ်!

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး “တောင်းပန်ပါတယ်၊ ငါ လိုဏ်ဂူထဲ ပြန်ပြီး ကျင့်ကြံရအုန်းမယ်” လို့ ပြောလိုက်ပါတယ်။

“ကျင့်ကြံမယ်! ဒီဟာက ဘယ်တော့မှ မလွှဲချော်သင့်တဲ့ အခွင့်အရေးနော်၊ အစ်ကို ကြားဖူးလား…” မော့ကျူက ချက်ချင်းပဲ ပြောလိုက်ပါတယ်၊ မော့ကျူဟာ ဟန်ကျွယ်နောက်က အမျိုးသမီး ကျင့်ကြံသူတွေကို သတိထားမိသွားတာကြောင့် ဒီနေရာမှာ ပြောဖို့ မသင့်တော်ဘူးလို့ ခံစားလိုက်ရပါတယ်၊ သူမဟာ ချက်ချင်းပဲ ဟန်ကျွယ်ကို တစ်နေရာဆီ ဆွဲခေါ်သွားပါတယ်။

“မိန်းကလေးမော့ ငါ့ကို မဆွဲနဲ့”

“ကျွန်မလို မိန်းကလေးကတောင် မကြောက်တာ၊ အစ်ကိုလို ယောက်ျားလေးက ကြောက်နေရလား?”

“ဆရာသခင်က ငါတို့ကို အချစ်ရေးကိစ္စတွေ မရှိရဘူးလို့ ပြောထားတယ်”

“ခစ်. ခစ်… အစ်ကိုနဲ့ ကျွန်မတွေ့တာ နှစ်ကြိမ်ပဲ ရှိသေးတယ်၊ အစ်ကိုက ကျွန်မ အစ်ကိုကို ချစ်နေပြီလို့ တွေးနေတာလား?” မော့ကျူရဲ့ မျက်နှာဟာ ချက်ချင်းဆိုသလိုပဲ ရဲတွတ်သွားပြီး ဟန်ကျွယ်ကို တစ်ချက်ခိုးပြီး ကြည့်လိုက်ပါတယ်။

‘အစ်ကိုဟန်က တကယ်ကို ကြည့်ကောင်းတာပဲ၊ ငါ့ဘဝမှာ ဒီ‌လောက် ကြည့်လိုကောင်းတဲ့ ယောက်ျားကို ပထမဆုံး တွေ့ဖူးတာပဲ၊ ငါတို့နှစ်ယောက်သာ လက်တွဲဖော်တွေ ဖြစ်နိုင်မယ်ဆိုရင်…” မော့ကျူဟာ မျက်နှာသာမကဘဲ နားရွက်တွေပါ နီရဲတွတ်သွားပါတယ်။

ဟန်ကျွယ်ဟာ မော့ကျူရဲ့ မျက်နှာအမူအရာကို သတိထားမိတာကြောင့် တစ်ခုခု မှားနေပြီဆိုတာကို သိလိုက်ပါတယ်။

‘အန္တရာယ် အငွေ့အသက်ပဲ၊ ရွှေဓာတ်လုံးအဆင့်ကို မရောက်ခင် ငါ အချစ်ရေးကိစ္စတွေကို စိတ်ဝင်စားလို့ မရဘူး၊ ဒီကောင်မလေးက လှပေမဲ့ ငါရဲ့ ကျင့်ကြံခြင်းကို သူ့ကြောင့် အပျက်စီးခံလို့ မဖြစ်ဘူး’

ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဘေးသို့ ရွှေ့လိုက်ပြီး မော့ကျူနဲ့ တစ်မီတာခန့် ခွာကာ ရင်ဘောင်တန်း လမ်းလျှောက်လိုက်ပါတယ်၊ သူတို့နှစ်ဦးဟာ လူသူမရှိတဲ့ လမ်းကြိုလမ်ကြားကို ရောက်လာပါတယ်။

“ကဲ ဘာကိစ္စလဲ?” လို့ ဟန်ကျွယ်က မေးလိုက်ပါတယ်။

မော့ကျူဟာ ဘေးဘီဝန်းကျင်ကို သေသေချာချာ ကြည့်လိုက်ပြီး တစ်ယောက်မှ မရှိမှန်း ကျိန်းသေသွားတော့မှ “အစ်ကိုဟန်… လီချန်းလုံကို ကြားဖူလား” လို့ ခပ်တိုးတိုး မေးလိုက်ပါတယ်။

“လုံးဝ မကြားဖူးဘူး”

“ဟင်… အစ်ကိုဟန်က လီချန်းလုံကို လုံးဝမကြားဖူးဘူးလား?”

“လိုရင်းသာ ပြောစမ်းပါ” ဟန်ကျွယ်သာ သူ့ကိုယ်သူ အနည်းငယ် စိတ်ပျက်သွားပါတယ်၊ ဒီဘဝမှာ သူ့အသက်က ငါးဆယ်ပြည့်တော့မှာ ဖြစ်ပေမဲ့ ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းကနေ ခြေတစ်ဖဝါးတောင် မခွာဖူးပါဘူး၊ သူဟာ ဂိုဏ်းမှာ ကျော်ကြားခဲ့တဲ့ နာမည်ကြီးပုဂ္ဂိုလ်တောင် မသိတာ ကျင့်ကြံခြင်း ကမ္ဘာတစ်ခုလုံးဆိုရင်တော့ ပြောစရာကို မရှိတော့ပါဘူး။

“လီချန်းလုံက ယွီဂျင်ဂိုဏ်းရဲ့ နှစ်တစ်ရာသမိုင်းမှာ ပါရမီအရှိဆုံး ကျင့်ကြံသူတစ်ယောက်ပဲ၊ သူက စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်တောင် ရောက်လုနီးနီးလို့ ပြောကြတယ်၊ သူ့လိုဏ်ဂူက ယွီဂျင်ဂိုဏ်း အပြင်ဘက်က တောင်ကြီးတစ်တောင်မှာ တည်ရှိတယ်၊ လီချန်းလုံက သူ့လိုဏ်ဂူကို မန္တာန်တွေ အများကြီးသုံးပြီး ကွယ်ဝှက်ထားခဲ့တာ၊ မကြာသေးခင်ကမှ သူ့လိုဏ်ဂူ ပေါ်လာတယ်ဆိုပြီး ကျွန်မ သတင်းရထားတယ်၊ ဒါပေမဲ့ သားရဲတစ်ကောင် စောင့်နေတယ်တဲ့၊ အဲဒီသားရဲက မိုးကြိုးကို အကြောက်ဆုံးတဲ့၊ ကျွန်မတို့က မိုးကြိုး ကျင့်ကြံသူတွေဆိုတော့ ဒီသားရဲကို ကျိန်းသေပေါက် အနိုင်ယူနိုင်မှာပဲ” မော့ကျူက ပိုပြောလေ ပိုစိတ်လှုပ်ရှားလေ ဖြစ်လာပါတယ်။

“နင့် အစ်ကိုက ဘယ်ရောက်နေလို့လဲ?” လို့ ဟန်ကျွယ်က မေးလိုက်ပါတယ်။

“မနှစ်ကပဲ အတွင်းဂိုဏ်းပြိုင်ပွဲ ပြီးသွားတာ၊ သူက ဂိုဏ်းချုပ် ရွေးချယ်တာ ခံရပြီး အထူးတလည် ပညာသင်ကြားနေတာ၊ ကျွန်မ သူ့ကို ရှာမတွေ့ဘူး”

ဟန်ကျွယ်ဟာ မျက်ခုံးပင့်သွားပါတယ် ‘အတွင်းဂိုဏ်း ပြိုင်ပွဲက ပြီးသွားပြီလား၊ ငါ့လေ့ကျင့်တာ အတော်ကြာသွားလို့ ဒီလို အရေးကြီးကိစ္စကို မေ့သွားတာပဲ၊ နတ်မိမယ်ရှီရွှမ်က ငါ့ကို အပြစ်မတင်ဖို့ မျှော်လင့်ရတာပဲ’

“နင် ပြောတာသာ အမှန်ဆိုရင် ဂိုဏ်းချုပ်က ဘာလို့ ကိုယ်တိုင်သွားပြီး မစူးစမ်းတာလဲ” လို့ ဟန်ကျွယ်က မေးလိုက်ပါတယ်။

မော့ကျူဟာ ပခုံးတွန့်လိုက်ပြီး “လီချန်းလုံရဲ့ လိုဏ်ဂူက ဂိုဏ်းအတွက် အဲဒီလောက် အရေးမကြီးလို့ နေမှာပေါ့၊ ဒါပေမဲ့ ကျွန်မတို့လို အခြေခံအဆင့် ကျင့်ကြံသူတွေ အတွက်တော့ ဒါက အရမ်းကြီးမားတဲ့ အခွင့်အရေးပဲ” လို့ ပြောလိုက်ပါတယ်။

“နင်က ဒါကို ဘယ်လိုလုပ်ပြီး သိတာလဲ” လို့ ဟန်ကျွယ်က ထပ်မေးလိုက်တဲ့အခါမှာ “ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက် ပြောပြတာ၊ ဂိုဏ်းတာဝန်စာရင်း ဘုတ်ပြားမှတော့ မရေးထားဘူး” လို့ မော့ကျူက ပြန်ဖြေပါတယ်။

‘ဒါက ထောင်ချောက်ဆိုတာ သေချာတယ်၊ လုံးဝ မသွားဘူး’

ဟန်ကျွယ်က ချက်ချင်းပဲ ငြင်းဆန်လိုက်ပါတယ် “အဲဒါက အရမ်း အန္တရာယ် ကြီးလွန်းတယ်၊ ငါ မသွားဘူး၊ နင့်ကိုလည်း အစ်ကိုတစ်ယောက်အနေနဲ့ အကြံပေးလိုက်မယ်၊ အဲဒီလိုဏ်ဂူကို မသွားနဲ့ သွားရင် အသေဆိုးနဲ့ သေလိမ့်မယ်” ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ ချာခနဲ လှည့်ထွက်သွားပါတယ်။

“အစ်ကို…” မော့ကျူဟာ စိတ်ဆိုးသွားတဲ့အတွက် ခြေဆောင့်လိုက်ပါတယ်၊ ဒါပေမဲ့ ဟန်ကျွယ်အပေါ် သူမရဲ့ အကောင်းမြင်မှုကိုတော့ လုံးဝသက်ရောက်မှု မရှိပါဘူး၊ အဲဒီအစား မော့ကျူဟာ ချီတုံချတုံ ဖြစ်လာပါတယ်။

‘ဟန်ကျွယ်လို ပါရမီရှင်ကတောင် မသွားရဲဘူးဆိုတော့ အဲဒီနေရာမှာ အန္တရာယ် ကြီးကြီးမားမား ရှိနေတာလား?’

…

ကျောက်အေးတောင်ထိပ်ကို ပြန်ရောက်တဲ့အခါမှာ ဟန်ကျွယ်ဟာ ကျောက်အေးတောင်ထိပ် ခန်းမဆီ တန်းသွားပြီး တံခါးဝမှာ ဒူးထောက်လိုက်ပါတယ်၊ အတွင်ဂိုဏ်းပြိုင်ပွဲက ယွီဂျင်ဂိုဏ်းရဲ့ အရေးကြီး ပွဲတော်တစ်ခုပါ၊ ကျောက်အေးတောင်ထိပ်မှာ ပြိုင်ပွဲကို မသွားတာက သူတစ်ယောက်တည်းဆိုရင် ပြဿနာအကြီးကြီး တက်မှာပါ။

“ဝင်လာခဲ့၊ ငါ မင်းကို ပြောစရာရှိတယ်” နတ်မိမယ်ရှီရွှမ်ရဲ့ အသံဟာ တံခါးဟာ ဖောက်ပြီး အိုက်လန်ဆီ ရောက်လာပါတယ်။

ဟန်ကျွယ် ခန်းမထဲကို ဝင်လိုက်တဲ့အခါမှာ နတ်မိမယ်ရှီရွှမ်ဟာ တစ်ယောက်တည်း မဟုတ်ဘဲ ချန်ယွီအာနဲ့ အဘိုးကြီးတစ်ဦးတို့လည်း အတူရှိနေတာကို တွေ့လိုက်ရပါတယ်။

‘နေအုန်း… ဒီအဘိုးကြီး… သူက အကြီးအကဲ သံမဏိပဲ’ ဟန်ကျွယ်ဟာ အံအားသင့်သွားပေမဲ့ ရှေ့ကို ဆက်လျှောက်သွားပါတယ်၊ သူ့ကို မြင်သွားတဲ့ အကြီးအကဲ သံမဏိရဲ့ မျက်နှာဟာလည်း စိတ်ရှုပ်သွားပြီး ခဲသွားပါတယ်။

‘ဒီကောင်လေးက ကျောက်အေးတောင်ထိပ်ရဲ့ တပည့်လား? ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’ အကြီးအကဲ သံမဏိဟာ သူ့မျက်စိကိုပင် မယုံနိုင်အောင် ဖြစ်သွားရပါတယ်။

“ဒါက ကျောက်အေးတောင်ထိပ်ရဲ့ တပည့်အသစ်ပဲ၊ သူက အခုအချိန်ကစပြီး မင်းရဲ့ဂျူနီယာပဲ၊ မင်းသူကို ဂျူနီယာသံမဏိလို့ ခေါ်လို့ရတယ်” လို့ နတ်မိမယ် ရှီရွှမ်က ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး အကြီးအကဲ သံမဏိကို ကြည့်ကာ “ဂျူနီယာသံမဏ… မင်းမှာ ပြဿနာတစ်ခုခုရှိရင် ငါ့ကို အချိန်မရွေး လာရှာနိုင်တယ်” လို့ ပြောလိုက်ပါတယ်။

အကြီးအကဲ သံမဏိဟာ အံကြိတ်လိုက်ပြီး “ဟန်ကျွယ်… မင်း ဘယ်လိုလုပ်ပြီး အတွင်းစည်းတပည့် ဖြစ်လာတာလဲ?!” လို့ မေးလိုက်ပါတယ်၊ အကြီးအကဲ သံမဏိဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ဘူးဆိုတော ရှာဖွေ့တွေ့ရှိသွားပါတယ်၊ နှစ် ၂၀ အတွင်းမှာ ဟန်ကျွယ်ဟာ မော်တယ်အဆင့်ကနေ အကြီးအကဲ သံမဏိကို လုံးဝဖိနှိပ်သွားပါပြီ။

နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်နဲ့ အကြီးအကဲ သံမဏိ အချင်းချင်း သိတာကို အံဩခြင်း မရှိပါဘူး၊ အဲဒီအစား ဟန်ကျွယ်ကို “မင်းက ဘယ်လိုလုပ်ပြီး အခြေခံအဆင့် တတိယတန်းမှာပဲ ရှိနေသေးတာလဲ?” လို့ မေးလိုက်ပါတယ်။

အခြေခံအဆင့် တတိယတန်း! အကြီးအကဲ သံမဏိဟာ ပိုလိုပင် အံအားသင့်သွားရပါတယ်၊ သူ့အနေနဲ့ အခြေခံအဆင့်ရောက်အောင် အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ခဲ့ရတာပါ၊ ဒါပေမဲ့ ဟန်ကျွယ်က အခြေခံအဆင့်ကိုမှ တတိယတန်းကို ရောက်ရှိနေပါပြီ။

ဟန်ကျွယ်ဟာ အကြီးအကဲ သံမဏိက သူ့ကို မကောင်းကြံမှာစိုးတဲ့အတွက် သူ့အင်အားကို ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ အဲဒါကြောင့် ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းအဆင့်ကို မကွယ်ဝှက်တော့ဘဲ “ဆရာသခင်… ကျွန်တော်က အခြေခံအဆင့် နဝမတန်းကို ရောက်နေပါပြီ၊ လူသိမခံချင်လို့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာပါ” လို့ ပြောလိုက်ပါတယ်။

အကြီးအကဲ သံမဏိနဲ့ ချိန်ယွီအာဟာ ဟန်ကျွယ်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာ မျက်လုံး ပြူးကျွယ် ထွက်သွားပါတယ်။

“ဂျူနီယာ… နင် ဘယ်လိုလုပ်ပြီး မြန်မြန်ဆန်ဆန် အဆင့်တက်နိုင်ရတာလဲ?” လို့ ချန်ယွီအာက အံဩတကြီး မေးလိုက်ပါတယ်၊ သူမဟာ ဟန်ကျွယ် ချီသန့်ခြင်း နဝမအဆင့်ကနေ အခြေခံအဆင့် နဝမတန်းကို နှစ်အနည်းငယ်အတွင်း ရောက်သွားတာကို ပါးစပ်အဟောင်းသား ဖြစ်သွားရပါတယ်။

ဟန်ကျွယ်က ရှင်းပြလိုက်ပါတယ် “ကျွန်တော်က မိုးကြိုးစိတ်ဝိညာဉ်အိုင်မှာ ကျင့်ကြံနေတာ ကြာပါပြီ၊ အချိန်နည်းနည်းလေးတောင် ရေသာမခိုခဲ့ပါဘူး၊ အဲဒါကြောင့် ဒီလို အဆင့်ကို ရောက်လာတာပါ”

နတ်မိမယ်ရှီရွှမ်က ကျေနပ်အားရစွာ ပြုံးလိုက်ပြီး “ကျောက်အေးတောင်ထိပ်က လူတိုင်းသာ မင်းလို ကျင့်ကြံအားထုတ်မယ်ဆိုရင် ငါတို့ကျောက်အေးတောင်ထိပ်က ယွီဂျင်ဂိုဏ်းမှာ အသန်မာဆုံး တောင်ထိပ် ဖြစ်လာမှာ မြေကြီးလက်ခတ်မလွှဲပဲလို့ ပြောလိုက်ပါတယ်။

[သင်သည် လူသိမခံဘဲ ကျင့်ကြံ အားထုတ်ခဲ့သည့်အတွက် နတ်မိမယ်ရှီရွှမ်၏ အသိအမှတ်ပြုမှုကို အောင်မြင်စွာ ရရှိခဲ့သည်၊ ဆုအဖြစ် ကိုယ်ဖော့သိုင်းပညာရပ်ကို ရရှိမည်]

[ ပုံရိပ်ယောင် ခြေခုနစ်လှမ်း ကိုယ်ဖော့သိုင်းကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်]

ဟန်ကျွယ်ဟာ သူရဲ့ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်လိုက်ပြီး “ဆရာသခင်က ချီးကျူးခန်း ဖွင့်လွန်းနေပါပြီ၊ ကျွန်တော်က အေးအေးဆေးဆေး ကျင့်ကြံချင်ရုံပါ” လို့ အမြန် ပြန်ဖြေလိုက်ပါတယ်။

အကြီးအကဲ သံမဏိဟာ သူ့ကို စိတ်ကို ငြိမ်အောင် အတတ်နိုင်ဆုံး ထားလိုက်ပါတယ်၊ ဟန်ကျွယ်ကို ဘယ်လိုနည်းနဲ့မှ ထပ်ပြီး မဖိနှိပ်ဘူးဆိုတာ သူသိလိုက်ပါပြီ၊ အတိတ်မှာ ဖြစ်ပျက်ခဲ့တာတွေကို အတိတ်မှာပဲ ထားလိုက်တာ အကောင်းဆုံးပါပဲ၊ ဒီအကြော်းတွေကို နတ်မိမယ်ရှီရွှမ်ဆီ ပြောပြလိုက်ရင် နတ်မိမယ်ရှီရွှမ်က သူ့ကို မကြိုက်မှာ ကျိန်းသေပါပဲ။

အကြီးအကဲ့ သံမဏိဟာ ရုတ်တရက် ဇောချွေးပြန်လာပါတယ်၊ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ သူ့ကို သတ်ချင်ရင် လက်တစ်ချက်လှုပ်ဖို့ပဲ လိုပါတယ်၊ အဲဒါကြောင့် အကြီးအကဲ သံမဏိဟာ အရင်တုန်းက ရန်ငြိုးတွေကို ကြိုးစားဖြေဖျောက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

“မင်းက ကျင့်ကြံရတာ ဒီလောက် ကြိုက်မှတော့ ယွီဂျင်ဂိုဏ်းရဲ့ မိစ္ဆာတစ်သောင်း နယ်မြေကို စောင့်ကြပ်ဖို့ မင်းကို တာဝန်ပေးမယ်” နတ်မိမယ်ရှီရွမ်ဟာ နားလည်ရခက်တဲ့ အပြုံးနဲ့ ပြောလိုက်ပါတယ်။

‘မိစ္ဆာတစ်သောင်းနယ်မြေ… နာမည်ကြားရုံနဲ့ ကြောက်စရာကောင်းပြီး အန္တရာယ်ကြီးပုံပဲ’

ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို ငြင်းဆန်ချင်ပေမဲ့ “ဆရာသခင်… မိစ္ဆာတစ်သောင်းနယ်မြေက ဘာကို ပြောတာပါလဲ?” လို့ ဂရုတစိုက် မေးလိုက်ပါတယ်။

ချန်ယွီအာက စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။

“အဲဒီနေရာ ယွီဂျင်ဂိုဏ်းရဲ့ သားရဲတွေကို မွေးထားတဲ့ နေရာပဲ၊ ဆရာသခင်… ကျွန်မလည်း သွားချင်တယ်၊ ဂျူနီယာဟန်ကို ကျွန်မ အဖော်ပြုပြီး လိုက်သွားမယ်လေ၊ ဒါမှ သူအနိုင်မကျင့်ခံရမှာ!”

နတ်မိမယ်ရှီရွှမ်က သူ့ကို စိုက်ကြည့်လိုက်တဲ့အတွက် ချန်ယွီအာဟာ ကြောက်လန့်သွားပြီး စကားတစ်လုံးမျှ ထပ်မပြောရဲတော့ပါဘူး။

“မိစ္ဆာတစ်သောင်း နယ်မြေကို စောင့်ကြပ်ဖို့အတွက် တောင်ထိပ်တိုင်းက တပည့်တစ်ယောက်ဆီ လွှတ်လိမ့်မယ်၊ အဲဒီမှာ သားရဲအမျိုးမျိုး ရှိတဲ့အတွက် စိတ်ဝိညာဉ်ချီက အရမ်းထူထပ်တယ်၊ မင်းအတွက် ကျင့်ကြံဖို့ အကောင်းဆုံး နေရာပဲ၊ ဒါပေမဲ့ အန္တရာယ်တော့ ရှိတယ်၊ တစ်ခါတစ်လေ့ကျရင် သားရဲတွေက စိတ်ရိုင်းဝင်ပြီး တိုက်ခိုက်လို့ တပည့်တွေ သေတာလည်းရှိတယ်” နတ်မိမယ်ရှီရွှမ်က ဟန်ကျွယ်ကို ရှင်းပြလိုက်ပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ကို ငြင်းဆန်ဖို့ လမ်းစရှာမရအောင် ပြောလိုက်ပါတယ်၊ ဟန်ကျွယ်ဟာ တစ်ခြားကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရတာထက် သားရဲတွေကို ရင်ဆိုင်ရတာက ပိုလွယ်လိမ့်လို့ စဉ်းစားမိလိုက်တာကြောင့် တိရစ္ဆာန်ရုံစောင့် လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

“ကျွန်တော် ဆရာသခင်ရဲ့ စီစဉ်မှုကို နာခံပါ့မယ်” ဟန်ကျွယ်ဟာ သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်ပါတယ်။

နတ်မိမယ်ရှီရွှမ်က ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ်။

“မင်း လိုအပ်တာတွေ ယူပြီးတော့ သားရဲအဆောင်ကို သွားချည်၊ တစ်ယောက်ယောက်က မင်းကို မိစ္ဆာတစ်သောင်း နယ်မြေဆီ ခေါ်သွားလိမ့်မယ်၊ အရင်တုန်းက အဲဒီမှာ စောင့်ကြပ်တာက မင်းရဲ့ ပထမအစ်ကို၊ အခုသူက ဂိုဏ်းချုပ်ဆီ ရောက်သွားတော့ မင်းကိုပဲ လွှတ်ရတော့တာ‌ပေါ့၊ ဒီတာဝန်ကို အောင်မြင်အောင် ထမ်းဆောင်နိုင်ရင် ငါမင်းကို ဆုချမယ်၊ နောက်ပြီး မိစ္ဆာတစ်သောင်း နယ်မြေကို စောင့်ကြပ်ရတဲ့အတွက် တစ်နှစ်ကို အဆင့်မြင် စိတ်ဝိညာဉ်ကျောက်တုံး ၁၀ တုံး ရလိမ့်မယ်၊ အဲဒီနယ်မြေမှာ မင်းကြိုက်သလောက် နေလို့ရတယ်၊ မင်းမသွားခင် တာဝန်ကို အရင်ဆုံး လက်ခံသွားအုန်း”

All Chapters