← Chapters

မိစ္ဆာဘုရင်၊ ပြိုင်ဘက်ကင်းဓားသိုင်း ရရှိခြင်း

Vol. 1 Ch. 14

မိစ္ဆာဘုရင်၊ ပြိုင်ဘက်ကင်းဓားသိုင်း ရရှိခြင်း

Vol. 1 Ch. 14

အခန်း (၁၄) မိစ္ဆာဘုရင်၊ ပြိုင်ဘက်ကင်းဓားသိုင်း ရရှိခြင်း

“ငါလည်း မင်းလို မိစ္ဆာတစ်သောင်း နယ်မြေကို စောင့်ကြည့်ရတဲ့ ယွီဂျင်ဂိုဏ်းက တပည့်တစ်ယောက်ပဲ” နှာခေါင်းနီရဲနေတဲ့ အဘိုးအိုက တဟားဟား ရယ်မောပြီး ဟန်ကျွယ်ကို စူးစမ်းတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ် “အခြေခံအဆင့် တတိယတန်း… ဒါပေမဲ့ မင်းရဲ့ ချီစွမ်းအင် စုပ်ယူနှုန်းကို ကြည့်ရတာ အခြေခံအဆင့် တတိယတန်း မဟုတ်ဘူး၊ နဝမတန်းမှာ ရှိရမယ်၊ ငါပြောတာ ဟုတ်တယ်မလား?”

ဟန်ကျွယ်ဟာ နေမထိုင်မသာ ဖြစ်သွားပါတယ်၊ ဒီလို တစ်ခြားသူက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အမှန်ပြောနိုင်တာဟာ ဟန်ကျွယ်အတွက် ပထမဆုံး ကြုံရတာပါ ‘ဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်က နတ်မိမယ်ရှီရွှမ်နဲ့ တစ်တန်းတည်းပဲလား’

“မင်း စိုးရိမ်စရာ မလိုပါဘူး၊ ငါက မင်းကို ဘာမှမလုပ်ပါဘူး၊ ဒါနဲ့ မင်း ဒီကိုလာတာ မင်းဘာသာ လာတာလား ဒါမှမဟုတ် မင်းဆရာသခင်က လွှတ်လိုက်တာလား?” နှာခေါင်းနီအဘိုးအိုက မေးလိုက်ပါတယ်၊ အဘိုးအိုဟာ ဟန်ကျွယ်ရဲ့ တစ်ချိန်လုံး ကျင့်ကြံနေတာကို ကြည့်ပြီး ကိုယ့်သဘောနဲ့ လာတာမဟုတ်မှန်း ခန့်မှန်းမိပါတယ်၊ ဒါပေမဲ့ သေချာအောင် မေးမြန်းလိုက်ခြင်း ဖြစ်ပါတယ်။

ဟန်ကျွယ်က “ကျုပ်ရဲ့ ဆရာသခင် နတ်မိမယ်ရှီရွှမ်က ဒီကို လွှတ်လိုက်တာ” လို့ ပြန်ဖြေလိုက်ပါတယ် ‘ငါမှာ နောက်ခံရှိတယ်၊ မင်း ငါ့ကို ပြဿနာရှာလို့ မရဘူး’

[လီချင်းဇဲ့သည် သင်အပေါ်တွင် အကောင်းမြင်စိတ် ရှိ၏၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်]

စာကြောင်းတစ်ကြောင်းဟာ ဟန်ကျွယ်ရှေ့မှာ ပေါ်လာပါတယ်၊ ဟန်ကျွယ်ဟာ သူ့ရဲ့ ကိုယ်ရေးအကျဉ်းကို ချက်ချင်း ဖွင့်လိုက်ပြီး လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။

[လီချင်းဇဲ့: ကနဦးဝိညာဉ် အဋ္ဌမအဆင့်၊ ယွီဂျင်ဂိုဏ်း ဂိုဏ်းချုပ်၊ နတ်မိမယ်ရှီရွှမ်အား ချစ်မြတ်နိုးသူ ဖြစ်သည်၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်]

‘ယွီဂျင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်! ဒါက အကြီးဆုံးဘော့စ် မဟုတ်ဘူးလား’ ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် ‘ဒီအဘိုးကြီးက ငါ့ဆရာသခင်ကို ချစ်ကြိုက်နေတလား?’ လီချင်းဇဲ့နဲ့ နတ်မိမယ်ရှီရွှမ် အတူတွဲနေတာကို တွေးမိပြီး ဟန်ကျွယ်တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားပါတယ်၊ ဟန်ကျွယ်ရဲ့ မျက်စိထဲမှ ဒီလီချင်းဇဲ့က သူ့ဆရာသခင် နတ်မိမယ်ရှီရွှမ်နဲ့ လုံးဝမတန်ပါဘူး။

“မင်းဆရာသခင်က မင်းကို တာဝန်ပေးလိုက်တာလား?” လီချင်းဇဲ့က မေးလိုက်ပါတယ်။

ဟန်ကျွယ်က “ပေးလိုက်တယ်ဆိုရင်တောင် ကျုပ်က ဘာလို့ ခင်ဗျားကို ပြောရမှာလဲ?” လို့ ပြန်ပြောလိုက်ပါတယ်။

လီချင်းဇဲ့သည် ပြုံးလိုက်၏ “အို? မင်းရဲ့ တာဝန်ကို တစ်ခြားသူတွဆီ ပြောလို့ မရဘူးလား”

ဟန်ကျွယ်ဟာ ဘာမျှ ပြန်မပြောဘဲ ဆိတ်ဆိတ် နေလိုက်ပါတယ်။

လီချင်းဇဲ့ဟာ သူ့လက်ကို ပျင်းရိလေးတွဲစွာ ရှေ့ထုတ်လိုက်ပြီး “ငါနဲ့လိုက်ခဲ့… မင်း ပြဿနာတက်နေပြီ၊ မင်းက နတ်မိမယ်ရှီရွှမ်ရဲ့ တပည့်ဆိုတော့ ငါ မင်းကို ကူညီပေးမယ်” လို့ အပြုံးနဲ့ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ လီချင်းဇဲ့စကားကို နားမလည်သော်လည်း နောက်ကနေ လိုက်သွားပါတယ်၊ ယွီဂျင်ဂိုဏ်းရဲ့ ဂိုက်းချုပ်တစ်ယောက် အနေနဲ့ လီချင်းဇဲ့က သူ့ကို ဒုက္ခပေးလိုစိတ်တော့ ရှိမှာမဟုတ်ပါဘူး၊ ဟန်ကျွယ်နဲ့ လီချင်းဇဲ့ဩာ သစ်တောအုပ်ထဲကို လျှောက်သွားပါတယ်။

“ငါဘာလို့ ဒီကို လာတာလဲ မင်းသိလား?” လီချင်းဇဲ့ဟာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းခေါပြီး မသိကြောင်း ပြောလိုက်ပါတယ်၊ ဒါပေမဲ့ သူ့စိတ်ထဲမှတော့ အားယားပြီးလာတာ နေမှာပေါ့လို့ ပြောလိုက်ပါတယ်၊ ဟန်ကျွယ်ဟာ ဂိုဏ်းချုပ်ကို မျက်နှာသာ‌ပေးလိုတဲ့ အတွက် ဘာမှ ထုတ်မပြောခြင်း ဖြစ်ပါတယ်။

“မင်းနားမှာရှိတဲ့ သားရဲတွေက တဖြည်းဖြည်း တိုးလာတယ်၊ သူတို့အားလုံးကလည်း စိတ်ရိုင်းဝင်ဖို့ အလားအလာ ရှိတယ်၊ ဒါပေမဲ့ ဒီသားရဲတွေက တစ်ကောင်နဲ့တစ်ကောင် မတိုက်ခိုက်ဘဲ အေးအေးဆေးဆေး နေနေကြတာပဲ၊ ဒါကို ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ယောက်က သူတို့ကို အမိန့်ပေးထားတာ ကျိန်းသေတယ်၊ ဒီမိစ္ဆာတစ်သောင်း နယ်မြေထဲမှာ သားရဲအများကြီးကို အမိန့်ပေးနိုင်တာဆိုလို့ မိစ္ဆာဘုရင်ပဲ ရှိတယ်၊ မင်းက ကျားနဂါးဖြူကို သွားရန်စမိထားတာပဲ၊ ဒီကောင်လေးရဲ့ အဖေက နာမည်ကြီးတဲ့ မိစ္ဆာဘုရင်ဆိုတော့ သူက မိစ္ဆာဘုရင်ရဲ့ သွေးစည်းကို ဆက်ခံရရှိထားတယ်၊ သူက ဒီလောက် သားရဲအများကြီးကို ဆင့်ခေါ်ထားတာက မင်းကို ကလဲ့စားချေဖို့ပဲ”

လီချင်းဇဲ့ရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ လွန်ခဲ့တဲ့နှစ်နှစ်က ကြောင်ဖြူကို ပြန်သတိရသွားပြီး သူကြုံ့တွေခဲ့ရတာ အဖြစ်အပျက်တွေကို ပြောပြလိုက်ပါတယ်။

“မင်းက ကျားနဂါးဖြူထက် ပိုမြန်တာလား?” လီချင်းဇဲ့က အံဩတကြီး မေးလိုက်ပါတယ် ‘ဒီကောင်လေးက ဂျူနီယာရှီရွှမ်ရဲ့ ကိုယ်ပိုင်တပည့် ဖြစ်သွားပြီလား?’ လီချင်းဇဲ့ဟာ နတ်မိမယ်ရှီရွှမ်ရဲ့ စကားကို ပြန်အမှတ်ရသွားပြီး ခေါင်းညိတ်လိုက်ပါတယ်။

[လီချင်းဇဲ့၏ သင့်အပေါ် အကောင်းမြင်မှု တိုးလာပါပြီ၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်ခွဲ]

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တင်လိုက်ပြီး “ကျုပ်က ရွေ့လျားခြင်း သိုင်းပညာရပ်တစ်ခုကို သင်ယူထားတယ်လေ၊ ဒီကောင်ထက် ပိုမြန်တာ မဆန်းပါဘူး” လို့ ပြောလိုက်ပါတယ်၊ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ကျေနပ်အားရသွားပါတယ်၊ လီချင်းဇဲ့ရဲ့ စကားအရ ကျားနဂါးဖြူက အတော်လျင်မြန်တယ်ဆိုတာ ထင်ရှားပါတယ်၊ သူ့အစား တစ်ခြားတပည့်တွေဆိုရင် ဒီကျားနဂါးဖြူကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ လီချင်းဇဲ့နောက်ကနေ လိုက်ရင်း ချောက်ကမ်းပါးတစ်ခု ရောက်ရှိသွားပါတယ်၊ ချောက်ကမ်းပါး အပေါ်ကနေ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါမှာတော့ ချောက်ကမ်းပါး အောက်ခြေရဲ့ နေရာတိုင်းမှာ သားရဲတွေ ရှိနေတာကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။

ဒီသားရဲတွေ အကုန်လုံးက ကြောက်မက်ဖွယ် ရုပ်အဆင်းတွေ ရှိပါတယ်၊ အကောင်ကြီးကြီးတွေက တောင်ကုန်းလောက်ရှိပြီး အကောင်းသေးသေးတွေကလည်း ဗူးတစ်ဗူးစာရှိတဲ့ အင်းဆက်တွေပါ၊ ဟန်ကျွယ်ဟာ ဒီလိုမြင်ကွင်းကို ပထမဆုံး မြင်ဖူးတာ ဖြစ်တဲ့အတွက် မျက်နှာမှာ သွေးမရှိတော့ပါဘူး။

ဒီနေရာမှာရှိနေတဲ့ သားရဲတွေက အနည်းဆုံး တစ်ထောင်ပဲလို့ ဟန်ကျွယ် ခန့်မှန်းလိုက်ပါတယ်၊ ဒီကောင်တွေ အကုန်လုံးသာ သူနေတဲ့ အဆောင်ကို အတူတကွ တိုက်ရင် သူ့အဆောင်က မှုန့်မှုန့်ညက်ညက် ကြေသွားမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။

ဟန်ကျွယ်ရဲ့ အကြည့်ကာ ကြီးမားတဲ့ ကျောက်ဆောင်ကြီးတစ်ခုဆီ ရောက်သွားတဲ့အခါမှာ လွန်ခဲ့တဲ့နှစ်နှစ်က သူ့ကို တိုက်ခိုက်ခဲ့တဲ့ ကြောင်ဖြူဟာ တခေါခေါနဲ့ အိပ်နေတာကို တွေ့လိုက်ရတဲ့အတွက် ဆွံအသွားပါတယ်။

“လူကြီးမင်း… လူကြီးမင်းက ကျွန်တော်ကို ကူညီမယ်ဆိုတော့ ဒီကောင်တွေကို သတ်ပစ်မှာလား?” ဟန်ကျွယ်က ယဉ်ယဉ်ကျေးကျေး မေးလိုက်ပါတယ်။

လီချင်းဇဲ့ဟာ ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ပြီး “ဒီကျားနဂါးဖြူက အလားအလာ အများကြီးရှိတာ၊ ငါသတ်လိုက်ရင် ဂိုဏ်းက ငါ့ကို ပြဿနာ ရှာမှာပေါ့ကွ” လို့ ပြန်ပြောလိုက်ပါတယ်။

ဟန်ကျွယ်က သုန်မှုန်စွာ ပြောလိုက်ပါတယ် “အဲဒါဆိုရင် ဒီပြဿနာကို ဘယ်လို ဖြေရှင်းမှာလဲ”

“မင်း အဲဒီကောင်ကို ယဉ်ပါးအောင် လုပ်လို့ရတယ်” လီချင်းဇဲ့ဟာ သူ့မုတ်ဆိတ်မွေးကို သပ်ရင်း အပြုံးနဲ့ ပြောလိုက်ပါတယ်။

လီချင်းဇဲ့ရဲ့ စကားကို ကြားတာနဲ့ ဟန်ကျွယ်ဟာ ချာခနဲ လှည့်ထွက်သွားပါတယ်၊ ဒီလောက် မိစ္ဆာသားရဲ‌တွေ အများကြီးရှိတာ သူသာ ကျားနဂါးဖြူကို ယဉ်ပါးအောင် သွားလုပ်လို့ကတော့ အရိုးတောင်ကျန်မှာ မဟုတ်ပါဘူး။

“ကောင်စုတ်လေး… ဘာလို့ ထွက်သွားတာလဲ!” လီချင်းဇဲ့ဟာ ဟန်ကျွယ်ရဲ့ ပခုံးကို ကောက်ကိုင်ပြီး မေးခွန်း ထုတ်လိုက်ပါတယ် ‘ဂျူနီယာက ဘာလို့ ဒီတပည်မျိုးကို လက်ခံရတာလဲ’

“ငါ ဒီနေရာမှာ ဖော်မေးရှင်းဆောက်ပြီး ဒီကောင်တွေကို အများငါးနှစ်ထိ ပိတ်ထားလို့ရတယ်၊ မင်းသာ ငါးနှစ်အတွင်း ကျားနဂါးဖြူကို ယဉ်ပါးအောင် လုပ်နိုင်ရင် ငါ မင်းကို ယွီဂျင်ဂိုဏ်းရဲ့ အဆင့်အမြင့်ဆုံး ကျင့်စဉ် ပေးမယ်" လီချင်းဇဲ့က လေးလေးနက်နက် ပြောလိုက်ပါတယ်။

[ ယွီဂျင်ဂိုဏ်း ဂိုဏ်းချုပ်က သင့်ကို တာဝန်ပေးနေပါပြီ၊ သင့်တွင် အောက်ပါ ရွေးချယ်စရာများ ရှိသည်]

[၁။ တာဝန်ကို လက်ခံပြီး ကျားနဂါးဖြူကို ယဉ်ပါးလာအောင် အကောင်းဆုံး ကြိုစားလုပ်ဆောင်ပါ၊ လီချင်းဇဲ့ ပေးသောဆု၊ မိစ္ဆာဘုရင်၏ မုန်းတီးမှုနှင့် ချင်မင်ဂိုဏ်း၏ အာရုံစိုက်မှုတို့ကို သင် ရရှိမည်]

[၂။ တာဝန်ကို ငြင်းပယ်ပြီး ဆက်လက်ကျင့်ကြံ အားထုတ်ပါ၊ ပြိုင်ဘက်ကင်းဓားသိုင်းနှင့် လီချင်းဇဲ့၏ မျက်နှာသောပေးမှု လျော့ကျခြင်းကို သင် ရရှိမည်]

‘အား? မိစ္ဆာဘုရင်ရဲ့ မုန်းတီးမှု? ချင်မင်ဂိုဏ်းရဲ့ အာရုံစိုက်မှု?’ ဟန်ကျွယ်ဟာ ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ရပါတယ်၊ ဟန်ကျွယ်ဟာ လီချင်းဇဲ့ကို ချက်ချင်းပဲ အဖြေပြန်ပေးလိုက်ပါတယ် “လူကြီးမင်း… ကျွန်တော် လုပ်နိုင်မယ်လို့ မထင်ဘူး၊ လူကြီးမင်း တစ်ခြားတစ်ယောက်ကိုသာ ရှာလိုက်ပါ၊ ကျွန်တော်က အေးအေးဆေးဆေး ကျင့်ကြံချင်တဲ့သူပါ”

လီချင်းဇဲ့ဟာ မှင်သက်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်ပါတယ် “ငါမင်းကို ယွီဂျင်ဂိုဏ်းရဲ့ အဆင့်အမြင့်ဆုံး ကျင့်စဉ်ဖြစ်တဲ့ ကျောက်စိမ်းကျင့်စဉ် သင်ပေးနိုင်တယ်”

ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းရဲ့ အဆင့်အမြင့်ဆုံး ကျင့်စဉ်ဖြစ်တဲ့ ကျောက်စိမ်းကျင့်စဉ်ကို စိတ်မဝင်စားပါဘူး၊ ဒီကျင့်စဉ်က သူရဲ့ ပြန်လည်မွေးဖွာရာ လမ်းခြောက်သွယ် ကျင့်စဉ်ကို ခြေဖျားတောင် မမှီဘူးဆိုတာ ဟန်ကျွယ် သိနေပါတယ်၊ အဲဒါကြောင့် ဟန်ကျွယ်ဟာ လီချင်းဇဲ့ကို ခေါင်းခါပြီး ငြင်းပယ်လိုက်ပါတယ်။

[လီချင်းဇဲ့၏ သင့်အပေါ် မျက်နှာသာပေးမှု လျော့ကျသွားပါပြီ၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ဝက်]

လီချင်းဇဲ့ဟာ ဟွန်းခနဲ့ နှာခေါင်းရှုံ့ပြီး “အဲဒါဆိုရင်လည်း သွားတော့!” လို့ ပြောလိုက်တဲ့အတွက် ဟန်ကျွယ်ဟာ လီချင်းဇဲ့ကို ဦးညွှတ်လိုက်ပြီး အလျင်အမြန်ပဲ အဲဒီနေရာကနေ ထွက်ခွာလာခဲ့ပါတယ်။

လီချင်းဇဲ့ဟာ သက်ပြင်းချလိုက်ပါတယ် “ဒီကောင်လေးကလည်း ဂျူနီယာ စီစဉ်ထားတဲ့လူ မဟုတ်ဘူးလား?”

…

ဟန်ကျွယ်ဟာ အဆာင်ထဲကို ပြန်သွားပြီး ဒုတိယကို ရွေးချယ်လိုက်ပါတယ်။

[သင်သည် လီချင်းဇဲ့၏ တာဝန်ကို ငြင်းဆန်ခဲ့သည့်အတွက် ပြိုင်ဘက်ကင်းဓားသိုင်းကို ရရှိပါမည်]

[ပြိုင်ဘက်ကင်းဓားသိုင်း - အရိပ်သုံးပါးဓားပညာကို ရရှိသည့်အတွက် ဝမ်းသာပါသည်]

‘နောက်ဆုံးတော့ နောက်ထပ် ပြိုင်ဘက်ကင်းဓားသိုင်းကို ရပြီ’ ဟန်ကျွယ်ဟာ ဝမ်းမြောက် ပျော်ရွှင်သွားပါတယ်။

ပြိုင်ဘက်ကင်းဓားလက်ချောင်းက သိပ်မဆိုးပေမဲ့ တိုက်ခိုက်လို့ရတဲ့ အကွာအဝေးက အကန့်အသတ် ရှိပါတယ်၊ လက်ချောင်းတွေကနေ ထုတ်လွှတ်လိုက်တဲ့ ဓားချီတွေက ကျည်ဆံနဲ့ ဆင်တူပါတယ်၊ သားရဲအများကြီးရဲ့ တိုက်ခိုက်တာကို ရင်ဆိုင်ရမယ်ဆိုရင် ပြန်တိုက်ခိုက်ဖို့ မလွယ်ပါဘူး။

ဟန်ကျွယ်ဟာ ချက်ချင်းကြီး မဆက်ခံသေးဘဲ အချိန်စောင့်နေလိုက်ပါတယ်၊ တစ်နာရီကြာသွားမှ ဟန်ကျွယ်ဟာ ဓားသိုင်းကို ဆက်ခံလိုက်ပါတယ်၊ အရိပ်သုံးပါးဓားသိုင်းကို ဟန်ကျွယ် ဆက်ခံလိုက်တာနဲ့ သူ့ခန္ဓာကိုယ်က မိုးမြေမှာရှိတဲ့ စိတ်ဝိညာဉ်ချီကို စတင်စုပ်ယူပါတော့တယ်။

မကြာခင်မှာပဲ ဝဲကတော့တစ်ခုဟာ အဆောင်ကို ဗဟိုပြုပြီ ဖြစ်ပေါ်လာပါတယ်၊ ဘေးနားဝန်းကျင်က သစ်ပင်‌တွေကလည်း မုန်တိုင်းလာတော့မလို ယိမ်းထိုးနေပါတယ်၊ ဒီထူးဆန်းတဲ့ သဘာဝဖြစ်စဉ်ဟာ တစ်နာရီကျော်ကြာ တည်ရှိပြီး ပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ အရိပ်သုံးပါး ဓားသိုင်းကို ဆက်ခံလို့ ပြီးစီးသွားပါတယ်၊ ဟန်ကျွယ်ရဲ့ ထိပ်တန်းဓားပညာ ပါရမီကြောင့် အရိပ်သုံးပါးဓားပညာကို ဆက်ခံတဲ့နေရာမှာ ဘာအခက်အခဲမှ မရှိပါဘူး။

အခန်းထဲမှာ တင်ပလ္လင်ခွေ ထိုင်နေတဲ့ ဟန်ကျွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်တဲ့အခါ အေးစက်တဲ့ အငွေ့အသက်တွေက အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားပါတယ်၊ ဟန်ကျွယ်ဟာ သူ့လက်ကို မြှောက်ပြီး သင်္ကေတစ်ခု ပြုလုပ်ကာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်ဝိညာဉ်ချီကို စုစည်းလိုက်ပါတယ်၊ အဲဒီနောက် အရိပ်သုံးပါးဓားသိုင်းကို ထုတ်ဖော်လိုက်ပါတယ်။

အရောင်မတူတဲ့ အရိပ်ဓားသုံးချောင်းဟာ ဟန်ကျွယ် အနောက်မှာ ပေါ်လာပါတယ်၊ မိုးကြိုးအရိပ်ဓားဟာ လျှပ်စီးတွေလက်နေသလို မီးအရိပ်ဓားကလည်း မီးတွေတဟုန်းဟုန်း တောက်လောင်နေပါတယ်၊ စိမ်းပြာရောင် လေအရိပ်ဓားကတော့ ပြင်းထန်တဲ့လေတွေ ဝန်းရံနေပါတယ်။

“တော်တော်လေး စွမ်းအားကြီးတဲ့ ပြိုင်ဘက်ကင်းဓါးသိုင်းပါလား!”

ဟန်ကျွယ်ဟာ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး အဆောင်အပြင်ဘက်ကို ထွက်လိုက်ပါတယ်၊ သူ့နောက်မှာတော့ အရိပ်ဓားသုံးချောင်းဟာ လေပေါ်တွင် လွင့်မျောရင်း ပါလာပါတယ်၊ ဟန်ကျွယ်ဟာ သူ့လက်ချောင်းတွေကို ဓားသဖွယ် အသုံးပြုပြီး ရှေ့ကို ညွှန်ပြလိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ အနောက်မှာရှိတဲ့ ဓါးသုံးချောင်းဟာ ရှေ့ကို အလွန်တရာ လျင်မြန်လှတဲ့ အရှိန်နဲ့ ထွက်သွားပါတယ်၊ ဒီဓားသုံးချောင်းက ကျားနဂါးဖြူထက်တောင် ပိုမြန်ဆန်ပါတယ်၊ သူတို့တွေက အရောင်သုံးရောင်ရှိတဲ့ လျှပ်စီးတွေလိုပါပဲ။

“ဝုန်း”

အရိပ်ဓါးသုံးချောင်းဟာ မီတာနှစ်ရာ ပတ်လည်အတွင်းမှာရှိတဲ့ သစ်ပင်တွေကို သုံးပိုင်းခုတ်ဖြတ် ပစ်လိုက်ပါတယ်၊ သုံးပိုင်းပြတ်သွားတဲ့ သစ်ပင်တွေဟာ လေပေါ်ဝဲပျံသွားပြီး သစ်ရွက်တွေကလည်း ခြောက်သွားပါတယ်၊ ဒီမြင်ကွင်းက တကယ့်ကို အံမခန်းပါပဲ။

သစ်ပင်တွေ မြေကြီးပေါ်  ပြန်ပြုတ်ကျ သွားတဲ့အခါ ဖုန်တွေ ထသွားပါတယ်၊ ဟန်ကျွယ်ဟာ စွမ်းအားကြီးလွန်းလှတဲ့ အရိပ်ဓားသုံးချောင်းကြောင့် ကျေနပ်အားရသွားပါတယ်။

‘ဒါကမှ တကယ့်ပြိုင်ဘက်ကင်း ဓားသိုင်း! တော်တော် စွမ်းအားကြီးတာပဲ!’ ဒါတောင် ဟန်ကျွယ်က ဒီအရိပ်ဓားသုံးချောင်းကို အင်အားအပြည့်ထည့်ပြီး သုံးလိုက်တာ မဟုတ်ပါဘူး၊ အခုအချိန်မှာ ဟန်ကျွယ်ဟာ သားရဲစစ်တပ်နဲ့ ရင်ဆိုင်ရရင် စစ်မြေပြင်တစ်ခုလုံးကို အသားကြိတ်စက်အဖြစ် ပြောင်းလဲပစ်လိုက်မှာပါ။

All Chapters