← Chapters

နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်

Vol. 2 Ch. 18

နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်

Vol. 2 Ch. 18

အခန်း (၁၈) နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်

ရှင်းဟုန်ရွှမ်? ဟန်ကျွယ် မျက်ခုံးလှုပ်သွားပါတယ် ‘အဲဒီစုန်းမက ဘယ်လိုလုပ်ပြီး လျိုစန့်ရှင်နဲ့ သိသွားတာလဲ၊ ရှင်းဟုန်ရွှမ်က ချင်မင်ဂိုဏ်းနဲ့ပေါင်းပြီး မိစ္ဆာတစ်သောင်းနယ်မြေကို မွှေနှောက်လိုက်တာလား!’ နှစ်အတော်ကြာခဲ့ပြီမို့ မိစ္ဆာတစ်သောင်းနယ်မြေရဲ့ အခြေအနေကို ဟန်ကျွယ် မသိပါဘူး။

ဟန်ကျွယ်ဟာ တယ်လီပသီကို အသုံးပြုပြီး ချက်ချင်း ပြန်ဖြေလိုက်ပါတယ် “မသိပါဘူး၊ ဘာဖြစ်လို့ မေးတာလဲ စီနီယာ?”

တယ်လီပသီဟာ အလွန်တရာမှ ရိုးရှင်းလွယ်ကူပါတယ်၊ အခြေခံအဆင့် ကျင့်ကြံသူ မည်သူမဆို အလွယ်တကူ တတ်ကျွမ်းနိုင်တဲ့ ပညာရပ်တစ်မျိုးပဲ ဖြစ်ပါတယ်။

“ဂိုဏ်းချုပ်ရဲ့ ဦးဆောင်မှုအောက်မှာ ငါတို့တွေ မိစ္ဆာတစ်သောင်းနယ်မြေထဲမှာ ပုန်းအောင်နေခဲ့တာ၊ ကျားနဂါးဖြူကို ဖမ်းယူဖို့ ကြိုးစားတဲ့ ချင်မင်ဂိုဏ်းနဲ့ ငါတို့တွေ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲကြီး ဖြစ်ပွားခဲ့တယ်၊ ဒါပေမဲ့ ငါတို့ဘက်မှာ ဂိုဏ်းချုပ်ရှိနေတဲ့အတွက် ချင်မင်ဂိုဏ်းသားတွေကို အထိအခိုက် တစ်စုံတစ်ရာမရှိဘဲ အနိုင်ယူနိုင်ခဲ့တယ်၊ နောက်မှ ဂိုဏ်းချုပ်ပြောပြလို့ ငါတို့သိရတာက ဒီတိုက်ပွဲကို ဒီလို အထိအခိုက်မရှိဘဲ နိုင်အောင် တိုက်နိုင်တာက ချင်မင်ဂိုဏ်း ဘက်ပြောင်းသူလျှိုဆီကနေ ကြိုပြီး သတင်းရထားလို့တဲ့၊ ဒါကြောင့် ဂိုဏ်းချုပ်က ဂိုဏ်းထဲကနေ ထွက်သွားချင်ယောင်ဆောင်ပြီး မိစ္ဆာတစ်သောင်းနယ်မြေထဲမှာ ပုန်းနေခဲ့တာ”

“အဲဒီဘက်ပြောင်းသူလျှိုက ရှင်းဟုန်ရွှမ်ပဲ၊ သူငယ်ငယ်တုန်းက ချင်မင်ဂိုဏ်းကလူတွေ အဆိပ်တိုက်တာကို ခံခဲ့ရပြီး ငါတို့ဂိုဏ်းမှာ သူလျှိုလုပ်ဖို့ အတင်းအကြပ် စေခိုင်းခံရတယ်၊ ဒါပေမဲ့ သူက ဒီလိုစေခိုင်းခံရတာကို အမြဲတမ်း မကျေမနပ်ဖြစ်ပြီး မုန်းတီးနေခဲ့တာ၊ အဲဒါကြောင့် သူက ဖြေဆေးရှာဖို့အတွက် အပြင်ဂိုဏ်း အဂ္ဂိရတ်ဆရာဆီကနေ ဆေးစာအုပ်ခိုးခဲ့တယ်၊ ဒါပေမဲ့ ဒါက တကယ့်ကို တုံးအတဲ့အကွက်ပဲ၊ အပြင်ဂိုဏ်း အဂ္ဂိရတ်ဆရာဆီမှာ ချင်မင်ဂိုဏ်းအဆိပ်ကို ဖြေနိုင်တဲ့ဆေးက ဘယ်လိုလုပ်ပြီး ရှိမှာလဲ?”

“အဲဒီနောက် သူက ချင်မင်ဂိုဏ်းကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်၊ အဲဒါကြောင့် ချင်မင်ဂိုဏ်းကလူတွေ သူ့ကို လိုက်သတ်တော့တာပဲ၊ ဂိုဏ်းချုပ်က ချင်မင်ဂိုဏ်းသူလျှိုတွေအကြောင်း စုံစမ်းနေတာနဲ့တိုးပြီး သူ့ကို ကယ်တင်နိုင်ခဲ့တယ်၊ သူက ယွီဂျင်ဂိုဏ်းကို တစ်ခါမှ ဒုက္ခမပေးခဲ့တဲ့အပြင် ချင်မင်ဂိုဏ်းကို အနိုင်ယူနိုင်အောင် သတင်းပေးခဲ့တဲ့အတွက် ဂိုဏ်းချုပ်ကို သူ့ကို အတွင်းဂိုဏ်းထဲ ဝင်ရောက်ခွင့်ပြုခဲ့တယ်”

ဟန်ကျွယ်ဟာ ဒီဇာတ်လမ်းကြောင့် အတော်လေးအံဩသင့်သွားပေမဲ့ သူ့ခံစားချက်ကို လူမသိအောင် ထိန်းချုပ်ထားနိုင်လိုက်ပါတယ်။

“ရှင်းဟုန်ရွှမ်က အခု ငါတို့နဲ့ အဓိကတောင်ထိပ်မှာ ကျင့်ကြံနေတယ်၊ သူ့ဆရာသခင်က တာအိုသခင်ကျင်ရှုပဲ၊ တာအိုသခင်ကျင်ရှုက ဂိုဏ်းချုပ်ရဲ့ဂျူနီယာ၊ ပြီးတော့ အဓိကတောင်ထိပ်ကို ဦးစီးဦးဆောင်ပြုပြီး အဓိကတပည့်တွေကိုလည်း ကိုယ်တိုင်လမ်းညွှန်ပေးတယ်၊ ငါတို့နဲ့ ရှင်းဟုန်ရွှမ် တွေ့တုန်းက သူက ဟန်ကျွယ်နာမည်နဲ့ တပည့်တစ်ယောက်ကို ‌‌လိုက်မေးပြီး သူ့တို့ဇာတ်လမ်းကို ပြောပြတယ်၊ စိတ်ဝင်စားဖို့ကောင်းတာက အဲဒီ အပြင်ဂိုဏ်းရဲ့ အဂ္ဂိရတ်ဆရာက ငါတို့တောင်ထိပ်ရဲ့ တပည့်ဖြစ်လာတာပဲ၊ ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက အဲဒီအဂ္ဂိရတ်ဆရာရဲ့ အစေခံနာမည်က ဟန်ကျွယ်တဲ့၊ ငါတို့ဆီမှာလည်း ဟန်ကျွယ်က ရှိနေတယ်”

“ဂျူနီယာဟန် ဘယ်လိုတိုက်ဆိုင်မှုမျိုးပါလိမ့်!” လျိုစန့်ရှင်ကို သူကို နောက်တောက်တောက် ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ အနေရခက်သွားပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားပါတယ် ‘အဲဒီကောင်မက အကုန်လုံးကို လျှောက်ပြောတော့တာပဲ’ တော်သေးတာက အခုအချိန်မှာ သူက အတွင်းဂိုဏ်းတပည့် ဖြစ်နေပြီး အခြေခံအဆင့် နဝမတန်းကို ရောက်ရှိနေတာပါ၊ သူရဲ့ အဲဒီအမှောင်နေ့ရက်တွေက သူ့ကို သိပ်ပြီး မသက်ရောက်တော့ပါဘူး။

ငြင်းလို့မရတာကြောင့် ဟန်ကျွယ်ဟာ ဝန်ခံလိုက်ပါတယ် “ကောင်းပြီ... ကျွန်တော်က သူသိတဲ့ ဟန်ကျွယ်ပဲ၊ အဲဒီအချိန်တုန်းက ကျွန်တော့်မှာလည်း ရွေးချယ်စရာ မရှိခဲ့ဘူး”

“ဟား.. ဟား... ငါနားလည်ပါတယ်၊ ငါမထင်ထားတာက မင်းမှာ ဒီလိုမျိုး ကျင့်ကြံခြင်းစွမ်းရည် ရှိနေတာကိုပဲ” လျိုစန့်ရှင်က နောက်ပြောင်လိုက်တဲ့အတွက် ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ အကြီးအကဲသံမဏိကို တစ်ချက်ကြည့်လိုက်ပါတယ်၊ သူနဲ့ လျိုစန့်ရှင်က တယ်လီပသီကို အသုံးပြုပြီး စကားပြောနေတာ ဖြစ်တဲ့အတွက် သူတို့စကားတွေကို ဘယ်သူမှ မကြားပါဘူး၊ အကြီးအကဲသံမဏိဟာ ခေါင်းကို အောက်ငုံထားတဲ့အတွက် ဟန်ကျွယ်ဟာ သူ့မျက်နှာကို မမြင်နိုင်ပါဘူး။

ဟန်ကျွယ်ဟာ သူ့ကိုယ်ရေးအကျဉ်းကို ဖွင့်လိုက်ပြီး လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။

[ရှင်းဟုန်ရွှမ်: ချီသန့်စင်ခြင်း နဝမအဆင့်၊ လက်တွဲဖော်ဖြစ်နိုင်သည်၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်‌လေးပွင့်ခွဲ]

‘အဲဒီမိန်းမက အခြေခံအဆင့်တောင် ရောက်ခါနီးနေပြီပဲ’ ရှင်းဟုန်ရွှမ်ဟာ သူ့ပေါ် မျက်နှာသာပေးမှု ကြယ်လေးပွင့်ခွဲတောင် ရှိတဲ့အတွက် ဟန်ကျွယ်အပေါ် မျက်နှာသာအပေးဆုံး လူပါပဲ ‘နင်က ငါ့ကို အဲဒီလောက် ကြိုက်မှတော့ နင်ဘဝမှာ ဒုက္ခသိပ်မခံစားရဖို့ ငါမျှော်လင့်ပါတယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။

ရိုးရိုးသားသား ပြောရရင် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်က သူ့ကို ဘာလို့ ဒီလောက်တောင် ကြိုက်နေရလဲ ဆိုတာကို နားမလည်နိုင်ပါဘူး ‘ငါရုပ်ရည်က ကြည့်ကောင်းလို့လား? ပြိုင်ဘက်ကင်း ရုပ်ရည်ကြောင့်လား?’ ဟုတ်ပါတယ်၊ တစ်ခါတစ်လေမှာ ရုပ်ရည်ချောမောရင် ကိစ္စတော်တော်များများ အဆင်ပြေသွားပါတက်တယ်။

ဒါပေမဲ့ ရှင်းဟုန်ရွှမ်က ချင်မင်ဂိုဏ်းရဲ့ သတင်းအချက်အလက်တွေ အများကြီးကို ဘယ်လိုလုပ်ပြီးသိလဲ ဆိုတာကိုတော့ ဟန်ကျွယ် စဉ်းစားမရပါဘူး၊ ဖြစ်နိုင်တာက သူ့မှာ တစ်ခြားလျှို့ဝှက်တဲ့ သရုပ်မှန်ရှိနေပုံပါပဲ။

ဒီအချိန်မှာ ကျောက်အေးတောင်ထိပ်ခန်းမရဲ့ တံခါးက ပွင့်သွားတဲ့အတွက် တပည့်အားလုံးအား အထဲဝင်ဖို့ မတ်တတ်ရပ်လိုက်ကြပါတယ်၊ တပည့်အားလုံးဟာ ခန်းမထဲဝင်ကာ ကိုယ့်နေရာကိုယ် ဒူးထောက်ထိုင်လိုက်ကြပြီး နတ်မိမယ်ရှီရွှမ်ကို ကြည့်လိုက်ကြပါတယ်။

နတ်မိမယ်ရှီရွှမ်က မေးလိုက်ပါတယ် “အတွင်းဂိုဏ်းပြိုင်ပွဲက စတော့မှာ၊ တောင်ထိပ်တစ်ခုစီက အနည်းဆုံး တပည့်ဆယ်ယောက်စီ စေလွှတ်ရလိမ့်မယ်၊ ဒီတစ်ခါ ဘယ်သူဝင်ပြိုင်ချင်လဲ?”

ချန်ယွီအာ အပါအဝင် တပည့်ခြောက်ယောက်ဟာ ချက်ချင်းပဲ လက်ထောင်လိုက်ပါတယ်၊ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်က သဘာဝကျင့်ကြံခြင်းလိုဏ်ဂူအကြောင်း တစ်စွန်းတစ်စမျှ မပြောတဲ့အတွက် ထူးဆန်းသွားပါတယ်၊ ဒီအကြောင်းကိုသာ သိမယ်ဆိုရင် တပည့်တွေက ဝင်ပြိုင်ရဖို့ တိုက်ခိုက်ကြမှာပါ ‘ဒါက နတ်မိမယ်ရှီရွှမ် စီစဉ်ထားတဲ့ အထူးဆုများလား?’ ဟန်ကျွယ်ဟာ တွေးတောရင်း သူ့လက်ကို မြှောက်လိုက်ပါတယ်။

ဟန်ကျွယ် လက်မြှောက်တာကို မြင်လိုက်ရတဲ့ တစ်ခြားတပည့်တွေဟာ အံအားသင့်သွားကြပါတယ်။

“ဝိုး... ဂျူနီယာဟန်က တကယ်ဝင်ပြိုင်တော့မှာလား!”

“ဟား. ဟား..ဟား... ငါက မင်းဆက်ပြီး ဂူအောင်းကျင့်ကြံမယ် ထင်နေတာ”

“ဒီလိုပဲ ဖြစ်ရမယ်လေ၊ ဂူအောင်းကျင့်ကြံတာက သူ့တိုးတက်မှုကို သက်ရောက်မှာပဲ”

“အဲဒါဆိုရင် ငါလည်း ဝင်ပြိုင်မယ်!”

တပည့်အချို့ဟာ လက်မြှောက်လိုက်တဲ့အတွက် ပြိုင်ပွဲဝင်ပြိုင်မဲ့သူ ဆယ်ယောက် ကျော်သွားပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်၊ သူ့ကိုယ်သူ ဒီလောက်ထိ ဩဇာရှိလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ဟန်ကျွယ်ဟာ တစ်ခြားတပည့်တွေနဲ့ သိပ်မဆက်ဆံပေမဲ့ စိတ်ဝိညာဉ်အိုင်တွေမှာ မကြာခဏ ကျင့်ကြံအားထုတ်ပါတယ်၊ ဒါကြောင့် လူတော်တော်များများဟာ ကျောက်အေးတောင်ထိပ်မှာ အရမ်းချောမောပြီး ငယ်ရွယ်တဲ့တပည့်တစ်ယောက် ရှိတယ်ဆိုတာ သိကြပါတယ်၊ ဒီကောလဟာလတွေကို ကြားရတဲ့ ကျောက်အေးတောင်ထိပ်ရဲ့ တပည့်တွေကလည်း ဒီရုပ်ရည်ချောမောပြီး ငယ်ရွယ်တဲ့တပည့်က ဟန်ကျွယ်ဖြစ်မှန်း ခန့်မှန်းမိကြပါတယ်။

ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ ဟန်ကျွယ်ဟာ ပုန်းလျှိုးကွယ်လျှိုးနေပေမဲ့ သူ့အကြောင်းနဲ့ ပတ်သက်ပြီး အတွင်းဂိုဏ်းမှာ ကောလဟာလတွင် ပျံ့နှံ့လာပါတယ်၊ သူရဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်ကြောင့် ဟန်ကျွယ်ဟာ ကျော်ကြားလာပါတယ်။

အကြီးအကဲသံမဏိဟာ ဟန်ကျွယ် ရေပန်းစားလာတာကိုကြည့်ပြီး ပိုပြီးစိတ်ရှုပ်သွားပါတယ်၊ ဟန်ကျွယ်က နာမည်ကျော် လူသိများနေပေမဲ့ သူကတော့ ဘယ်သူမှမသိသေးတဲ့ ကျောက်အေးတောင်ထိပ်ရဲ့ တပည့်တစ်ယောက် ဖြစ်နေတုန်းပါပဲ။

ဒီကိစ္စပြီးသွားတဲ့အခါ နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ကလွဲလို့ ကျန်တဲ့တပည့်တွေ အကုန်လုံးကို ပြန်လွှတ်လိုက်ပါတယ်၊ တပည့်တွေဟာ ဟန်ကျွယ်ကို မနာလိုအားကျတဲ့အကြည့်နဲ့ ကြည့်လိုက်ကြပါတယ် ‘ဆရာသခင်က သူ့ကို တော်တော်လေး မျှော်မှန်းထားတာပဲ၊ ဒါကြောင့် ဒီလို အထူးဆက်ဆံတာ’

ခန်းမတံခါး ပြန်ပိတ်သွားတဲ့အခါ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ကို ကြည့်လိုက်ပါတယ်၊ အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင် သူ့ဆရာသခင်က တကယ့်ကို လှပတဲ့အမျိုးသမီးပါ၊ အတွင်းဂိုဏ်းကို သူရောက်တာ ကြာပြီဆိုပေမဲ့ သူ့ဆရာသခင်ထက် ပိုပြီးလှပတဲ့ အမျိုးသမီးကို ဟန်ကျွယ် မတွေ့ဖူးသေးပါဘူး။

ဒါပေမဲ့ နတ်မိမယ်ရှီရွှမ်ရဲ့ အရှိန်အဝါက အရမ်းအားကြီးတဲ့အတွက် ဘယ်သူကမှ မစော်ကားရဲပါဘူး၊ ဟန်ကျွယ် တအံတဩ ဖြစ်ရုံပါ၊ တစ်ခြားအတွေး လုံးဝ မရှိပါဘူး၊ တပည့်တွေက သူတို့ဆရာသခင်လောက် ကြည့်မကောင်းတာကို ထောက်ဆခြင်းအားဖြင့် ချောမောလှပတဲ့ ရုပ်ရည်ဆိုတာ လူတိုင်း အမွေဆက်ခံလို့မရဘူးလို့ ဟန်ကျွယ်တွေးလိုက်ပါတယ်။

“နင်ရဲ့ ကျင့်ကြံခြင်းက တော်တော်လေး တိုးတက်လာတာပဲ၊ ကြည့်ရတာ ငါနင့်ကို လျှော့တွက်ခဲ့မိတာပဲ၊ စွမ်းရည်သုံးမျိုးနဲ့တောင် နင့်ကျင်ကြံခြင်းက တစ်ခြားသူတွေထက် ရှေ့ရောက်နေတယ်၊ နင်က ယွီဂျင်ဂိုဏ်းမှာ ကျင့်ကြံမှုအမြန်ဆုံး တပည့်ပဲ” နတ်မိမယ်ရှီရွှမ်ဟာ စကားပြောဆိုရင်းနဲ့ သူမျက်လုံးပေါက်ကို ကျဉ်းလိုက်ပါတယ်။

နတ်မိမယ်ရှီရွှမ်က တကယ့်ကို အံအားသင့်သွားရပါတယ်၊ ရှစ်နှစ်ဆိုတဲ့ အချိန်တိုလေးအတွင်းမှာ ဟန်ကျွယ်ရဲ့ တစ်ခြားကျင့်ကြံခြင်းစွမ်းရည်တွေက အခြေခံအဆင့် အဋ္ဌမတန်းကို ရောက်ရှိသွားပါပြီ၊ ဒီလိုအရည်အချင်းမျိုးက ရှားပါးတယ်လို့ ပြောရမှထက် မကြားဖူးဘူးလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။

ဒီထက်ပိုပြီး အရေးကြီးတာက နတ်မိမယ်ရှီရွှမ်က သူ့ကို ဘာတစ်ခုမှ မသင်ပေးရသေးတာပါပဲ၊ နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ရဲ့ ပညာရပ်တွေက ဘယ်ကနေရလာတာလဲဆိုတာကို သိချင်စိတ် ပြင်းပြလာပါတယ်။

“ကျွန်တော်က ဆရာသခင်ရှေ့မှာ ဘာမှ ဖုံးကွယ်လို့မရဘူးပဲ” ဟန်ကျွယ်က ပြန်ပြောလိုက်ပါတယ်၊ ဟန်ကျွယ်ရဲ့ မြှောက်ပင့်စကားကို သိသာထင်ရှားလာပေမဲ့ သိပ်ပြီးတော့ သက်ရောက်မှု မရှိပါဘူး။

နတ်မိမယ်ရှီရွှမ်က ပြောလိုက်ပါတယ် “နင်ရဲ့ ကျင့်စဉ်နဲ့ ဓားသိုင်းတွေ အကုန်လုံးက အရမ်းကောင်းတာချည်းပဲ၊ ဒါပေမဲ့ အဲဒီပညာတွေက ယွီဂျင်ဂိုဏ်းပညာတွေ မဟုတ်ဘူး၊ နင် တစ်ယောက်ယောက်ဆီက သင်ယူထားတာ ဖြစ်ရလိမ့်မယ်၊ နင်က ကျင့်ကြံခြင်းကိုပဲ အာရုံစူးစိုက်ပြီး ဂိုဏ်းကို ဒုက္ခပေးလိုစိတ် လုံးဝမရှိဘူးဆိုတာ ငါသိတယ်၊ တစ်ချို့လူတွေက နင့်ကို အပြင်ဂိုဏ်းမှာ တွေ့ဖူးတယ်လို့ ပြောကြတယ်၊ ဒါကြောင့် နင်ငယ်ငယ်တုန်းက အခွင့်အရေး အကြီးကြီးတစ်ခု ရခဲ့တာဖြစ်လိမ့်မယ်၊ ဒါပေမဲ့ လူတိုင်းက အခွင့်အရေးမျိုးစုံကို ကြုံ့တွေ့ရတာချည်းပဲဆိုတာ ငါ လျှောက်ပြီး မမေးတော့ဘူး”

“အတွင်းဂိုဏ်းပြိုင်ပွဲမှာ နင်ကြိုက်သလို အစွမ်းထုတ်သုံးလို့ရတယ်၊ ပြဿနာတက်မှာကို မကြောက်နဲ့၊ ငါက ဂိုဏ်းထဲမှာ အရမ်းလေးစားခံရပါသေးတယ်”

ဟန်ကျွယ်က နတ်မိမယ်ရှီရွှမ်ကို အမြန်ပဲ ကျေးဇူးတင်လိုက်ပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရင်တုန်းက သူ နည်းနည်းတော့ စိုးရိမ်ခဲ့ပါတယ်၊ ဒါပေမဲ့ အခုတော့ နတ်မိမယ်ရှီရွှမ်ရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ လုံးဝမစိုးရိမ်တော့ပါဘူး၊ အရိပ်သုံးပါးဓားသိုင်းကိုသာ သူ အစွမ်းကုန် ထုတ်သုံးမယ်ဆိုရင် အတွင်းဂိုဏ်းပြိုင်ပွဲမှာ ပထမနေရာက ပြေးမလွတ်ပါဘူး။

နတ်မိမယ်ရှီရွှမ်နဲ့ ဂိုဏ်းချုပ်ရဲ့ ဆက်ဆံရေးအရ ဂိုဏ်းချုပ်က သူ့ကို မျက်နှာသာပေးဖို့ များပါတယ်၊ နောက်ထပ်ဖြစ်နိုင်ချေတစ်ခုက ဂိုဏ်းချုပ်က သူ့ကို မြေတောင်မြှောက်ပေးချင်တာပါပဲ၊ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းစွမ်းရည်က ပိုကြီးမားလေလေ ယွီဂျင်ဂိုဏ်းက ပိုပျော်လေလေပါပဲ။

“မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားဖို့အတွက် အခုအချိန်ကစပြီး နင်က ငါ့ရဲ့ကိုယ်ပိုင်တပည့်ပဲ၊ ဒီအကြောင်းကို ဂိုဏ်းဆီ ငါတင်ပြလိုက်မယ်” နတ်မိမယ်ရှီရွှမ်က ထပ်ပြောလိုက်ပါတယ်။

ကိုယ်ပိုင်တပည့်? ဟန်ကျွယ် အံအားသင့်သွားပါတယ်၊ နတ်မိမယ်ရှီရွှမ် လက်အောက်မှာ တပည့်တွေ အများကြီးရှိပေမဲ့ အများစုက ဂိုဏ်းတပည့်တွေပါ၊ ကိုယ်ပိုင်တပည့်တွေက လက်တစ်ဖက်တည်းနဲ့ လက်ချိုးရေလို့ ရပါတယ်။

[ယွီဂျင်ဂိုဏ်းရှိ သင့်အဆင့်အတန်းသည် မြင့်မားလာပါပြီ၊ သင်သည် တောင်ထိပ်အကြီးအကဲ၏ ကိုယ်ပိုင်တပည့် ဖြစ်သွားပြီ ဖြစ်သည့်အတွက် မှော်ပညာကျမ်းတစ်ကျမ်းကို ရရှိပါမည်]

[နတ်ဆိုးနှင် နဂါကိုးကောင်တံဆိပ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်]

စာကြောင်းတွေဟာ ဟန်ကျွယ်ရှေ့မှာ ပေါ်လာပါတယ်၊ ဟန်ကျွယ်ဟာ ကျေနပ်အားရသွားပြီး နတ်မိမယ်ရှီရွှမ်ကို ကျေးဇူးတင်စကား ချက်ချင်းပဲ ပြောလိုက်ပါတယ်။

နတ်မိမယ်ရှီရွှမ်က တိုကင်တစ်ခုကို ထုတ်ယူပြီး သူ့ဆီ လှမ်းပစ်ပေးလိုက်ပါတယ် “မင်း သွားလို့ရပြီ”

ဟန်ကျွယ်ဟာ ထိုကင်ကို ဖမ်းယူပြီး ကြည့်လိုက်တဲ့အခါမှာ ‘ရှီရွှမ်’လို့ ထွင်းထားတဲ့ ကျောက်စိမ်းတိုကင် ဖြစ်နေပါတယ်၊ ဟန်ကျွယ်ဟာ ကျောက်စိမ်းတိုကင်ကို သိမ်းဆည်းလိုက်ပြီး နတ်မိမယ်ရှီရွှမ်ကို ဦးညွှတ်ကာ ကျောက်အေးတောင်ထိပ် ခန်းမထဲကနေ ထွက်ခွာလာခဲ့ပါတယ်။

All Chapters