ရှင်းဟုန်ရွှမ်၏ လက်ဆောင်
Vol. 2 Ch. 19
အခန်း (၁၉) ရှင်းဟုန်ရွှမ်၏ လက်ဆောင်၊ စွမ်းရည်ခြောက်မျိုးလုံး အခြေခံအဆင့်နဝမတန်းသို့ ရောက်ရှိခြင်း
ဟန်ကျွယ်ဟာ သူ့လိုဏ်ဂူကို ပြန်ရောက်တဲ့အခါမှာ နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်ကို ဆက်ခံလိုက်ပါတယ်၊ ဒီပညာရပ်က ဟန်ကျွယ်ရရှိတဲ့ တတိယမြောက်မှော်ပညာပညာပါ၊ ဟန်ကျွယ်ရရှိခဲ့တဲ့ ပထမပညာရပ်နှစ်ခုက ဓားသိုင်းတွေဖြစ်ပေမဲ့ ဒီတတိယပညာရပ်ကတော့ ရှေးကပညာရပ်တွေနဲ့ မတူညီဘဲ ကွဲပြားခြားနားနေပါတယ်။
ပညာရပ်မှတ်ဉာဏ်တွေ သူ့ခေါင်းထဲ စီးဝင်လာတာကြောင့် ဟန်ကျွယ်ဟာ နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်အကြောင်းကို သေချာသိသွားပါတယ်၊ ဒီပညာရပ်က လက်ဝါးသိုင်းနဲ့ အလားသဏ္ဌာန် တူညီပါတယ်၊ ဒါပေမဲ့ ကွဲပြားနေတာတစ်ခုက ဒီထဲမှာ နတ်ဆိုးတွေကို နှင်ထုတ်နိုင်တဲ့ တံဆိပ်တစ်ခု ပါနေတာပါ၊ ဒီမှော်ပညာပညာရပ်ကို အသုံးပြုမယ်ဆိုရင် အသုံးပြုသူရဲ့ စိတ်ဝိညာဉ်ချီအပေါ် မူတည်ပြီး ကွဲပြားခြားနားတဲ့ သက်ရောက်မှုတွေ ရှိလာမှာပါ။
ဟန်ကျွယ်ဟာ ချိပ်ပိတ်ခြင်းပညာရပ်မှာ ထိပ်တန်းစွမ်းရည် မရှိပေမဲ့ ပြိုင်ဘက်ကင်း ကျင့်ကြံခြင်းစွမ်းရည် ရှိတာကြောင့် ချောချောမွေ့မွေ့ပဲ သင်ယူနိုင်သွားပါတယ်၊ ခုနစ်ရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မှော်ပညာပညာကို အမွေဆက်ခံလို့ ပြီးဆုံးသွားပါတယ်။
အတွင်းဂိုဏ်းပြိုင်ပွဲရက်က အလွန်တရာပဲ နီးကပ်လာပြီမို့ တောင်ထိပ်အကြီးအကဲတွေဟာ ပြိုင်ပွဲမှာ ဝင်ပြိုင်မဲ့တပည့်စာရင်းကို အထက်ဆီ တင်လိုက်ကြပါတယ်၊ ချန်ယွီအာဟာ သူ့ဆီရောက်လာပြီး ပြိုင်ပွဲရည် စည်းမျဉ်းစည်းကမ်းတွေကို ရှင်းပြပါတယ်။
တောင်ထိပ်တိုင်းဟာ ပြိုင်ကွင်းတစ်ခုစီ ခင်းကျင်းပြီး တပည့်တွေက တောင်ထိပ်တစ်ခုကနေတစ်ခု ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်၊ ထိပ်တန်းဆယ်ယောက် ထွက်ပေါ်လာရင် သူတို့တွေက အတွင်းဂိုဏ်းမြို့ ကွင်းကြီးရဲ့ လူအများရှေ့မှောက်မှာ အချင်းချင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ ဒီလိုယှဉ်ပြိုင်မှုမျိုးကို ကြိုက်နှစ်သက်သွားပါတယ်၊ အကြောင်းက ဒီအတိုင်းဆိုရင် သူ့အနေနဲ့ လေးကြိမ်ပဲ တိုက်ခိုက်ရမှာ မို့လို့ပါ၊ သူအနေ့နဲ့ တစ်ခြားသူတွေရဲ့ အာရုံစိုက်မှုကို ခံရယ်ဆိုရင်တောင် သိပ်ကြာကြာခံရမှာ မဟုတ်ပါဘူး။
“ဂျူနီယာ... တောင်ထိပ်အကြီးအကဲတွေရဲ့ ကိုယ်ပိုင်တပည့်တွေက စားသောက်ပွဲ ကျင်းပနေကြပါတယ်၊ နင်သွားချင်လား?” ချန်ယွီအာက မေးလိုက်ပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာက ချန်ယွီအာဟာလည်း နတ်မိမယ်ရှီရွှမ်ရဲ့ ကိုယ်ပိုင်တပည့်ပါ၊ ဒါကြောင့် ချန်ယွီအာနဲ့ နတ်မိမယ်ရှီရွှမ်က ဆွေမျိုးတော်စပ်လိမ့်မယ်လို့ ဟန်ကျွယ်က သံသယဝင်သွားပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ချန်ယွီအာရဲ့ ကျင့်ကြံခြင်းစွမ်းရည်က သာမန်အဆင့်ပဲ ရှိလို့ပါ။
“ကျွန်တော်ကတော့ မသွားဘူး၊ အစ်မသွားချင်ရင် သွားလေ”
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ်၊ တောင်ထိပ်မျိုးစုံကတပည့်တွေ ပါဝင်တဲ့ စားသောက်ပွဲဟာ အလွယ်လေးနဲ့ ရန်ထဖြစ်နိုင်ပါတယ်၊ အထူးသဖြင့် အတွင်းဂိုဏ်းပြိုင်ပွဲ နီးကပ်နေချိန်မှာ တပည့်တိုင်းက သူတို့တောင်ထိပ်ကို ကျော်ကြားစေချင်ကြပါတယ်။
“ကောင်းပြီ” ချန်ယွီအာဟာ ခေါင်းခါပြီး ထွက်ခါသွားပါတယ်။
ဟန်ကျွယ်ဟာ နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်ကို ဆက်ပြီး လေ့ကျင့်လိုက်ပါတယ်၊ ဒီပညာရပ်ကို သူ သင်ယူပြီးသွားပြီဆိုပေမဲ့ အလုံးစုံ မတတ်ကျွမ်းသေးပါဘူး။
ဒီလိုနဲ့ ရက်တွေကုန်ဆုံးသွားပြီး နောက်ဆုံးမှာတော့ အတွင်းဂိုဏ်းပြိုင်ပွဲနေ့ကို ရောက်ရှိလာပါတယ်။
ပြိုင်ပွဲမှာ ဝင်ပြိုင်မဲ့ တပည့်ဆယ်သုံးဦးဟာ ကျောက်အေးတောင်ထိပ်ခန်းမရှေ့မှာ ရပ်နေကြပါတယ်၊ ခန်းမတံခါးမှာ သစ်သားပြားတစ်ပြားကို ချိတ်ဆွဲထားပြီး တပည့်တစ်ဦးစီရဲ့ ယှဉ်ပြိုင်ရမဲ့ နေရာနဲ့အချိန်ကို ဖော်ပြထားပါတယ်။
ဟန်ကျွယ်ရဲ့ ပထမဦးဆုံးပွဲက ထျန်းကျူးတောင်ထိပ်မှာပါ၊ ထျန်းကျူးတောင်ထိပ်က အတွင်းဂိုဏ်းရဲ့ ထိပ်တန်းသုံးခုထဲမှာ အပါအဝင် ဖြစ်ပါတယ်၊ ဒါကြောင့် သူတို့က သန်မာတယ်လို့ ပြောလို့ရပါတယ်၊ ယှဉ်ပြိုင်ရမဲ့အချိန်ကတော့ ဒုတိယမြောက်နေ့ မွန်းတည့်ချိန်ပါ။
ဟန်ကျွယ်ဟာ သူ ပြိုင်ရမဲ့အချိန်ကို မှတ်သားပြီးတာနဲ့ သူ့လိုဏ်ဂူကို ချက်ချင်းပဲ ပြန်ပါတယ်၊ ဒါပေမဲ့ လိုဏ်ဂူဝမှ ရပ်စောင့်နေတဲ့ လူတစ်ယောက်ကို ဟန်ကျွယ် မမျှော်လင့်ဘဲ တွေ့လိုက်ရပါတယ်၊ သူ့လိုဏ်ဂူရှေ့မှာ ရပ်စောင့်နေတဲ့သူက တစ်ခြားသူ မဟုတ်ပါဘူး၊ ရှင်းဟုန်ရွှမ်ပဲ ဖြစ်ပါတယ်။
အချိန်တွေပဲ ကြာသွားလို့လား မသိပါဘူး၊ ရှင်းဟုန်ရွှမ်ဟာ ယွီဂျင်ဂိုဏ်းဝတ်စုံနဲ့ ပိုပြီးတော့ ကြော့မော့နေပါတယ်။
ရှင်းဟုန်ရွှမ်ဟာ “ယောကျ်ား” လို့ တအံတဩ ခေါ်လိုက်ပြီး ဟန်ကျွယ်ထံ သုတ်သုတ်ပျာပျာ ပြေးလာပါတယ်။
ဟန်ကျွယ်ဟာ ဆွံအသွားပြီး နောက်ဆုတ်ကာ ညည်းညူလိုက်ပါတယ် “မိန်းကလေး... ငါက မင်းယောက်ျား မဟုတ်ဘူး၊ နောက်ကို ဒီလိုမခေါ်ပါနဲ့”
ရှင်းဟုန်ရွှမ်ဟာ သူ့ပါးစပ်ကို လက်ဖြင့်ကာ၍ ရယ်မောလိုက်ပါတယ် “အပြင်ဂိုဏ်းမှာတုန်းက ကျွန်မတို့တွေ သဘောတူထားတာကို မေ့သွားပြီလား?”
ဟန်ကျွယ်က ပွင့်ပွင်းလင်းလင်းပဲ ပြောလိုက်ပါတယ် “အဲဒီတုန်းက အခြေအနေအရ ကျုပ် ဟန်ဆောင်ခဲ့တာ၊ ကျုပ်သာ ခင်ဗျားလေးကို ငြင်းခဲ့မယ်ဆိုရင် ခင်ဗျားလေးကို ကျုပ်ကိုသတ်မဲ့ဆိုတာ သိနေလို့လေ”
“ဒါပေမဲ့ ကျွန်မက အဲဒါကို အတည်ယူထားတာ၊ ကျွန်မ ဂိုဏ်းချုပ်နဲ့ တွေ့တုန်းက ရှင်က အကုန်လုံး ပြောပြလိုက်ပြီလို့ ကျွန်မထင်ထားတာ၊ ဒါပေမဲ့ ရှင်မလုပ်ခဲ့ဘူး၊ ရှင်က ကျွန်မကို ဝန်ခံဖို့ အခွင့်အရေး ပေးခဲ့တယ်၊ အဲတာကြောင့် ကျွန်မက ယွီဂျင်ဂိုဏ်းထဲ ဝင်ခွင့်ရပြီး ဒီလိုအဆင့်အတန်းမျိုးကို ရနိုင်တာ”
ရှင်းဟုန်ရွှမ်ဟာ ပြုံးလိုက်ပြီး ကျောက်စိမ်းပုလင်းတစ်လုံးကို သူ့အင်္ကျီလက်အိုးထဲကနေ ထုတ်ယူလိုက်ပါတယ် “ဒါက ကျောက်စိမ်းဆေးလုံး၊ အခြေခံအဆင့် ကျင့်ကြံသူတွေ ကျင့်ကြံခြင်း အမြန်တိုးတက်အောင် အထူးတလည် ဖော်စပ်ထားတာ၊ ကျွန်မက အခြေခံအဆင့် မရောက်သေးလို့ ရှင်ကိုသုံးဖို့ ပေးတာ၊ ကျွန်မက တာအိုသခင်ကျင်ရှုနဲ့ ကျင့်ကြံနေတာဆိုတော့ ဒီဆေးလုံးကို ပုံမှန်ရတယ်”
ဟန်ကျွယ်ဟာ အံဩမှင်သက်သွားပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ကျောက်စိမ်းပုလင်းကို သူ့လက်ထဲ ထိုးထည့်ပေးပြီး ပြောလိုက်ပါတယ် “အတွင်းဂိုဏ်းပြိုင်ပွဲမှာ ကြိုးစားနော်၊ ကျွန်မရဲ့ ယောက်ကျားက ပါရမီရှင်ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး၊ ကျွန်မအရည်အချင်းက သာမန်ပဲဆိုပေမဲ့ ယောက်ျားကို ကျွန်မအကောင်းဆုံး ကူညီမှာပါ၊ ကနဦးဝိညာဉ်အဆင့်ကို ယောကျ်ားရောက်သွားရင် ကျွန်မကို ပစ်မထားဘူးမလား၊ ဟုတ်တယ်မလား?”
ရှင်းဟုန်ရွှမ်ရဲ့ အပြုံးဟာ ဖြူစင်အေးမြလွန်းတဲ့အတွက် ဟန်ကျွယ်ဟာ ငြင်းသင့်လား မငြင်းသင့်ဘူးလား ဝေခွဲမရ ဖြစ်သွားပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ရုတ်တရုတ်လှည့်ပြီး ထွက်ခွာသွားပါတယ်၊ သူဟာ ဓားပျံသိုင်းကိုသုံးပြီး ကောင်းကင်ပေါ်ပျံတက်ကာ တိမ်တိုက်တွေကြားမှာ တစ်ခဏချင်း ပျောက်ကွယ်သွားပါတယ်၊ သူဟာ ဟန်ကျွယ်ကို ငြင်းဆန်ဖို့ အခွင့်အရေး လုံးဝမပေးပါဘူး။
ဟန်ကျွယ်ဟာ သူ့လိုဏ်ဂူကိုပြန်ပြီး ရှင်းဟုန်ရွှမ်ပေးတဲ့ ပုလင်းကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ ကျောက်စိမ်းဆေးလုံးခုနစ်လုံးကို တွေ့လိုက်ရပါတယ်၊ ဟန်ကျွယ်ဟာ ဆေးလုံးတစ်လုံးကို မျိုချလိုက်တဲ့အခါမှာ သူ့ခန္ဓာကိုယ်ထဲကို ပမဏအလွန်များတဲ့ စိတ်ဝိညာဉ်ချီတွေ ဝင်လာတာကို ခံစားလိုက်ရပါတယ်၊ ဟန်ကျွယ်ဟာ သူ့စိတ်ဝိညာဉ်ချီကို လှည့်ပတ်ပြီး အဲဒီစိတ်ဝိညာဉ်ချီတွေကို ချက်ချင်း ရီဖိုင်းလုပ်ပစ်လိုက်ပါတယ်။
တစ်နာရီကြာတဲ့အခါမှာ ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ချီအားလုံးကို ရေစိတ်ဝိညာဉ်ချီအဖြစ် ရီဖိုင်းလုပ်လို့ ပြီးသွားပါတယ်၊ ဒီဟာက သူ လဝက်ကျင့်ကြံစာလောက် ရှိပါတယ်၊ ထိပ်တန်း ကျင့်ကြံခြင်းစွမ်းရည်ရှိတဲ့ ဟန်ကျွယ်ရဲ့ လဝက်ခန့်ကျင့်ကြံမှုဟာ တစ်ခြားတပည့်တွေရဲ့ ခုနစ်နှစ်ရှစ်နှစ် ကျင့်ကြံတာနဲ့ ညီမျှပါတယ်။
“ဒီဆေးက တော်တော်လေး စွမ်းတာပဲ၊ ဒါက အဓိကတပည့်တွေရတဲ့ ဆေးလုံးများလား?”
ဟန်ကျွယ်ဟာ တိတ်တဆိတ် အံအားသင့်သွားပါတယ်၊ သူဟာ ရှင်းဟုန်ရွှမ် သူ့အပေါ်ထားတဲ့ မျက်နှာသာပေးမှုကို တကယ်ကို လျော့တွက်မိခဲ့တာပါ၊ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ တော်တော်လေး နားမလည်နိုင် ဖြစ်သွားရပါတယ် ‘သူက ချင်မင်ဂိုဏ်းရဲ့ မိစ္ဆာတစ်သောင်း နယ်မြေမှာ ပြုလုပ်မဲ့ အစီအစဉ်အကြောင်း သတင်းပေးခဲ့လို့ ဒီလိုမျိုး ဆက်ဆံခံရတာလား? အရင်တုန်းက သူက ချီသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတဲ့ အပြင်ဂိုဏ်းက ကျင့်ကြံသူတစ်ယောက်၊ ဘယ်လိုလုပ်ပြီး ချင်မင်ဂိုဏ်းရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့သွားရတာလဲ?’
ဟန်ကျွယ်ဟာ သူသိသလောက် သတင်းအချက်အလက်တွေကို ပေါင်းစပ်ပြီး ရှင်းဟုန်ရွှမ်ရဲ့ သရုပ်မှန်က သူထင်ထားသလို မရိုးရှင်းမှန်း သိသွားပါတယ်၊ ဒါပေမဲ့ ဟန်ကျွယ်က ဒီအကြောင်းတွေကို သိပ်ဂရုမစိုက်ဘဲ ကျောက်စိမ်းဆေးလုံးတွေကို သောက်သုံးပြီး ဆက်လက် ကျင့်ကြံအားထုတ်ပါတယ်။
ဆေးလုံးသုံးလုံး ကုန်သွားတဲ့အခါမှာ ဟန်ကျွယ်ရဲ့ ရေစွမ်းရည်ဟာ အခြေခံအဆင့် နဝမတန်းကို ရောက်ရှိသွားပါတယ်၊ ဟန်ကျွယ်ဟာ ကျန်တဲ့ဆေးလုံးတွေမှာရှိတဲ့ စိတ်ဝိညာဉ်ချီကို မြေစိတ်ဝိညာဉ်ချီအဖြစ် ရီဖိုင်းလုပ်ပြီး အခြေခံအဆင့် နဝမတန်းကို အောင်မြင်စွာ ရောက်ရှိသွားပါတယ်။
ဒီအချိန်မှာ ဟန်ကျွယ်ရဲ့ စွမ်းရည်ခြောက်မျိုးစလုံးဟာ အခြေခံအဆင့် နဝမတန်းကို ရောက်ရှိသွားပါပြီ၊ ဟန်ကျွယ်ဟာ လိုဏ်ဂူအပြင်ဘက်ကို အာရုံခံလိုက်တဲ့အခါမှာ ညဉ့်နက်နေပြီဆိုတာကို သိလိုက်ရပါတယ်။
‘တော်တော်စွမ်းအားကြီးတဲ့ ကျောက်စိမ်းဆေးလုံးပဲ၊ အဂ္ဂိရတ်ဆရာတွေ အဆင့်အတန်းမြင့်တာ အံဩစရာ မရှိတော့ပါဘူး’ ဟန်တကျွယ်ဟာ တိတ်တဆိတ် တွေးတောရင်းကနေ အကြံတစ်ခု ရုတ်တရက် ရသွားပါတယ်။
…
အဓိကတောင်ထိပ်ရဲ့ နက်မှောင်တဲ့ ခန်းမတစ်ခု
ရှင်းဟုန်ရွှမ်ဟာ အသက်ကြီးကြီး တာအိုဆရာမရှေ့မှာ ထိုင်နေပါတယ်၊ ဒီအသက်ကြီးကြီး တာအိုဆရာမကတော့ တစ်ခြားသူ မဟုတ်ပါဘူး၊ ရှင်းဟုန်ရွှမ်ရဲ့ ဆရာသခင် တာအိုင်သခင်ကျင်ရှုပါပဲ။
“ကျောက်အေးတောင်ထိပ်က ကောင်လေးကို ကျောက်စိမ်းဆေးလုံးတွေ ပေးလိုက်တာ နောင်တမရဘူးလား?” တာအိုသခင်ကျင်ရှုက မေးလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်က ပျော့ပျောင်းတဲ့အသံနဲ့ ပြန်ဖြေလိုက်ပါတယ် “ကျွန်မ နောင်တမရပါဘူး၊ ကျွန်မက အချစ်ထောင်ချောက်ထဲ ကျသွားပြီ”
“သူက ရုပ်ချောလို့လား?”
“အဲတာက မလုံလောက်ဘူးလား?”
“သူ့ရုပ်ရည်က တကယ့်ကို ချောမောတာ၊ ငါ့တစ်သက်တာမှာ သူ့ထက် ချောမောပြီး ကြည့်ကောင်းတဲ့ အမျိုးသားကို မတွေ့ဖူးသေးဘူး၊ ဒါပေမဲ့ သူ့ရုပ်ရည်ကြောင့်ပဲ ကူညီတာဆိုရင် မတန်သေးဘူးလို့ ငါထင်တယ်”
“သူ့အရည်အချင်းကလည်း အရမ်းထူးချွန်တယ်၊ ကျွန်မ သူ့ကို စတွေ့တုန်းက သူက မကျင်ကြံရသေးဘူး၊ ဒါပေမဲ့ ကျွန်မ ဂိုဏ်းချုပ်ဆီက ကြားခဲ့ရတယ်၊ သူက အခြေခံအဆင့် နဝမတန်းကို ရောက်နေပြီတဲ့”
တာအိုသခင်ကျင်ရှုဟာ မျက်မှောင်ကြုတ်ပြီး လေးလေးနက်နက် တွေးတောလိုက်ပါတယ် ‘ဒီလိုအရည်အချင်းမျိုးက ကူညီဖို့ တကယ်ထိုက်တန်တယ်...’ တာအိုသခင်ကျင်ရှုဟာ သူနားမလည်တဲ့ အချက်တစ်ချက်ကို မေးလိုက်ပါတယ် “ဒါဆိုရင် ဒီနှစ်တွေမှာ သူ့နာမည်ကို ဘာလို့ မကြားရတာလဲ?”
ရှင်းဟုန်ရွှမ်က ဖြေလိုက်ပါတယ် “ဂိုဏ်းချုပ်ပြောတာတော့ သူက လူသိမခံတာတဲ့၊ သူက အတွင်းဂိုဏ်းထဲကို ရောက်ကတည်းက ဂူအောင်းပြီးကျင့်ကြံနေတာ၊ အရင်တစ်ခေါက်က ဂိုဏ်းချုပ်က သူ့ကို အခွင့်အရေးတစ်ခု ပေးခဲ့ပေမဲ့ သူက သေရမှာကြောက်လို့ ငြင်းပယ်ခဲ့တယ်”
တာအိုသခင်ကျင်ရှုက ကျီစယ်လိုက်ပါတယ် “သူက သေမှာကြောက်နေရင် ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ရောက်လာမှာလဲ? သူက သူ့ကိုယ်သူ တော်တော်လေး ယုံကြည်မှုရှိပုံပဲ”
ရှန်းဟုန်ရွှမ်က ခေါင်းညိတ်လိုက်ပါတယ်၊ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ ချောမောတဲ့မျက်နှာကို တွေးမိသွားပြီး မျက်နှာတစ်ခုလုံး နီရဲသွားပါတယ်။
“ကြည့်ရတာ ငါသူ့ကို ပိုပြီး အာရုံစိုက်ရတော့မှာပဲ” တာအိုသခင်ကျင်ရှုက အပြုံးတစ်ဝက်နဲ့ ပြောလိုက်ပါတယ်။
…
နေ့လယ်ခင်းမှာ ဟန်ကျွယ်ဟာ ထျန်းကျူးတောင်ထိပ်ဆီ ထွက်ခွာပါတယ်၊ ဟန်ကျွယ်ဟာ ဓားပျံပေါ်မှာ စိတ်ရှုပ်တဲ့အမူအရာနဲ့ ရပ်နေပါတယ် ‘ငါ ဒီနေ့ ဘာလုပ်သင့်လဲ၊ ငါက အရမ်းသန်မာလွန်းနေတယ်’
ဟန်ကျွယ်ဟာ သူ့စွမ်းရည်ခြောက်မျိုးလုံးက အခြေခံအဆင့် နဝမတန်းကို ရောက်ရှိနေတာကြောင့် ပြိုင်ပွဲမှာဝင်ပြိုင်မဲ့ တပည့်တွေက သူ့ကို ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ မတွေးထားပါဘူး။
ဒီပြိုင်ပွဲမှာ ဝင်ပြိုင်မဲ့တပည့်တွေရဲ့ ကျင့်ကြံခြင်းအဆင့်က အခြေခံအဆင့် နဝမတန်းပဲ ရှိတာပါ၊ ဒီထက် ကျင့်ကြံခြင်းအဆင့်မြင့်တဲ့ တပည့်တွေက သူတို့ရဲ့တပည့်အချိန်ပြီးဆုံးရင် ပြီးဆုံး မဟုတ်ရင် ကိုယ်ပိုင်တပည့်၊ လက်ရွေးစင်တပည့်၊ အဓိကတပည့်တွေ ဖြစ်သွားကြပါပြီ၊ သူတို့တွေက အတွင်းဂိုဏ်းပြိုင်ပွဲရဲ့ ဆုတွေကို မလိုအပ်တော့ပါဘူး။
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းအဆင့်တူတဲ့အတွက် ဘယ်သူကိုမှ မရှုံးနိုင်ဘူးလို့ ခံစားလိုက်ရပါတယ်။
[ယွီဂျင်ဂိုဏ်း၏ အတွင်းဂိုဏ်းပြိုင်ပွဲ စတင်ခါနီးပြီကို တွေ့ရှိထား၏၊ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[(၁) နာမည်ကျော်ကြားအောင် ပြိုင်ဘက်တိုင်းကို အနိုင်ယူ၍ ပထမနေရာကို ရယူမည်၊ ဆုအဖြစ် သင်သည် ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို ရရှိမည်]
[(၂) ကုပ်ကုပ်နေ၍ ထိပ်တန်းသုံးနေရာကို သက်ရောက်မှု အနည်းဆုံးဖြင့် ရယူမည်၊ ဆုအဖြစ် သင်သည် စိတ်ဝိညာဉ်ရတနာကို ရရှိမည်]