← Chapters

အခန်း (၁၄၂၇-၁၄၂၉)

Vol. 97 Ch. 1427-1429

အခန်း (၁၄၂၇-၁၄၂၉)

Vol. 97 Ch. 1427-1429

အခန်း ၁၄၂၇ ညို့ယူဖမ်းစားလိုက်သော အဖွင့်သီချင်း

"ဟေး... ခင်ဗျားလည်း ဖျော်ဖြေပွဲလာကြည့်တာလား။ ကြားတာတော့ သူက အခု ဥရောပနဲ့ အမေရိကမှာ အတော်ဆုံး အမျိုးသမီး အဆိုတော်တွေထဲက တစ်ယောက်တဲ့။"

"ကျွန်တော်လား။ ကျွန်တော်က အွန်လိုင်းမှာ ကံစမ်းမဲပေါက်လို့ ရတဲ့ လက်မှတ်နှစ်စောင်ကြောင့် လာတာပါ။ မဟုတ်ရင်တော့ လာမှာမဟုတ်ဘူး။ ဘယ်လောက်ပဲ နာမည်ကြီးကြီး ဘာအကျိုးရှိမှာလဲ၊ ငှက်သံလိုမျိုး သူတို့စကားတွေကို ကျွန်တော်မှ နားမလည်တာ။"

"ဒါပေမဲ့ ကြော်ငြာထဲမှာ ပါတာကတော့ သူက ဒီတစ်ခါ တရုတ်လို သီချင်းဆိုမယ်ဆိုပဲ။"

"တော်စမ်းပါ၊ ဒါကို ခင်ဗျားက ယုံနေတာလား။ နိုင်ငံခြားသားထဲမှာ တရုတ်လို တတ်တဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ။ ကျွန်တော့်အထင်တော့ ကျွန်တော်တို့ ကျောင်းတုန်းက အင်္ဂလိပ်စာ သင်သလိုမျိုး တရုတ်စာလုံးတွေနဲ့ အသံထွက်ကို လိုက်မှတ်ထားတာပဲ ဖြစ်မှာပါ။ တကယ်တမ်းတော့ ဘာကို ဆိုလိုတာလဲဆိုတာ သူ လုံးဝ သိမှာမဟုတ်ပါဘူး"

ကီနီယဲ့ဗ် သည် မလှမ်းမကမ်းမှနေ၍ တန်းစီနေသူများ၏စကားကို ကြားရသည့်အခါ သူမ၏မျက်နှာမှာ အတော်ပင် ပျက်ယွင်းသွားခဲ့ရသည်။

ငါတို့ အယ်လီနာဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ပြည်တွင်းပြည်ပက မျက်နှာသစ်ဆုတွေ အများကြီး ရထားတာလေ။ ဂီတပွဲတော်တွေ၊ ဆုပေးပွဲတွေမှာလည်း အများကြီး ပါဝင်ခဲ့သလို လူကြိုက်အများဆုံး သီချင်းစာရင်းတွေမှာလည်း သူမရဲ့ သီချင်းတွေက ထိပ်တန်းက ပါနေတာ။ အဲဒါကို တရုတ်ပြည်မှာတော့ သူမရဲ့ နာမည်ကိုတောင် သိတဲ့သူ မရှိဘူးလား။

နောက်ပြီး ငါတို့ အယ်လီနာက တရုတ်စကားကို တကယ် ပြောတတ်တာပါ။ မင်းတို့ ထင်သလိုမျိုး အဓိပ္ပာယ်မသိဘဲ အသံထွက်ပဲ လိုက်ဆိုနေတာ မဟုတ်ဘူး။

ဟွန့်... ဒီဖျော်ဖြေပွဲအတွက် ငါတို့တွေ အချိန်အတော်ကြာ ပြင်ဆင်ခဲ့ရတာ။ ဒါဟာ အယ်လီနာရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ဖျော်ဖြေရေးခရီးစဉ်ရဲ့ ဒုတိယမြောက် မှတ်တိုင်ပဲ။ သေချာပေါက် အယ်လီနာကို တရုတ်ပြည်တစ်ခွင်မှာ ဟိုးဟိုးကျော်သွားအောင် လုပ်ပြရမယ်။

အရင်တုန်းကတော့ မော်စကို ပြီးရင် ဥရောပ၊ အဲဒီနောက် မြောက်အမေရိကကို သွားပြီးမှ နောက်ဆုံးမှ တရုတ်ပြည်ကို လာဖို့ ကုမ္ပဏီကို အကြံပြုခဲ့တာ။ ဒါပေမဲ့ ကုမ္ပဏီက ဘာတွေ တွေးနေမှန်း မသိဘူး၊ ဒုတိယမြောက် မှတ်တိုင်ကို တရုတ်ပြည်လို့ သတ်မှတ်လိုက်တာပဲ။

အကယ်၍ ရလဒ်ကောင်းခဲ့ရင် တရုတ်ပြည်မှာ နောက်ထပ် နှစ်ပွဲ၊ သုံးပွဲလောက် ထပ်လုပ်မယ်လို့တောင် ဆိုသေးတယ်။

တရုတ်ပြည်ရဲ့ တေးသံသွင်း လုပ်ငန်းဟာ ဥရောပနဲ့ အမေရိကကို ဘယ်လိုမှ မမီပါဘူး။ အခုခေတ် တရုတ်လူမျိုးတွေက ရုရှားဘာသာစကား သီချင်းတွေကိုလည်း သိပ်နားမထောင်ကြတော့ဘူး။ အချို့လူတွေ ကြိုက်တဲ့ ရုရှားသီချင်းတွေဆိုတာကလည်း ဆိုဗီယက်ခေတ်ဟောင်း သီချင်းတွေလေ၊ အဲဒါက ဘယ်လိုလုပ်ပြီး တူနိုင်ပါ့မလဲ။

ငါတို့ အယ်လီနာက ဒီလောက် ငယ်ရွယ်နုပျိုတဲ့ မိန်းကလေးတစ်ယောက်ကို အဲဒီလို သီချင်းဟောင်းကြီးတွေပဲ အမြဲ ဆိုခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ။

အကယ်၍သာ အယ်လီနာကိုယ်တိုင်ကလည်း အခိုင်အမာ မတောင်းဆိုခဲ့ဘူးဆိုရင်၊ သူမအနေနဲ့ ဒီကိစ္စကို လုံးဝသဘောတူမှာ မဟုတ်ပါဘူး။ ဒါဟာ အယ်လီနာရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်း တိုးတက်မှုကို ထိခိုက်စေနိုင်တယ် မဟုတ်လား။

ဒီတစ်ခါ တရုတ်ပြည်ရဲ့ ဖျော်ဖြေပွဲ ပြင်ဆင်မှုကိုပဲ ကြည့်ဦးမလား။ လက်မှတ်တွေကို ကြိုတင်ရောင်းချတာ အတော်လေး ကြာခဲ့ပြီဆိုပေမဲ့ အခုထိ မကုန်သေးဘူး။ နောက်ပိုင်းမှာ ကံစမ်းမဲဖောက်တာမျိုးတွေနဲ့ မလုပ်ခဲ့ဘူးဆိုရင် လက်မှတ်တွေ အများကြီး ပိုနေဦးမှာပဲ။

ပထမဆုံးသော ဖျော်ဖြေပွဲမှာတင် ပရိသတ်တွေနဲ့ မပြည့်ဘူးဆိုရင်၊ ဒါဟာ အယ်လီနာရဲ့ နာမည်ကျော်ကြားမှုအပေါ် ဘယ်လောက်တောင် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်သွားမလဲ။

ကံကောင်းတာက ဒီတစ်ခါ ပူးပေါင်းဆောင်ရွက်တဲ့ တရုတ်ဘက်က ကုမ္ပဏီက အင်အားတောင့်တင်းတာကြောင့်၊ ဒီရက်ပိုင်းအတွင်းမှာ သတင်းဖြန့်ချိရေးတွေ တိုးမြှင့်လိုက်မှပဲ လူတွေက အယ်လီနာကို ပိုပြီး အာရုံစိုက်လာကြတာ။

ဒီဖျော်ဖြေပွဲဟာ သေချာပေါက် အောင်မြင်ရမယ်၊ အယ်လီနာကို တရုတ်ပြည်မှာရော၊ တစ်ကမ္ဘာလုံးမှာပါ နာမည်ကြီးသွားအောင် လုပ်ရမယ်!

ဒါပေမဲ့ ဒီရက်ပိုင်းအတွင်းမှာ အယ်လီနာတစ်ယောက် စိတ်မပါသလို ဖြစ်နေတယ်။ ဇာတ်တိုက်တဲ့ အခါမှာလည်း အရင်လို အစွမ်းကုန် ကြိုးစားတာမျိုး မရှိဘူး။ ဇာတ်တိုက်ပြီးတာနဲ့ ချက်ချင်းပဲ ဟို လျှို့ဝှက်တဲ့ အလုပ်ရှင်ရဲ့ ကားပေါ်ကို တက်သွားတာပဲ။

သူမက တရုတ်ဘက်က လူတွေကို အကူအညီတောင်းပြီး စုံစမ်းခိုင်းပေမဲ့ ဘာမှ ရှာမတွေ့ခဲ့ပါဘူး။ တကယ်ပဲ ရှာမတွေ့တာလား၊ ဒါမှမဟုတ် ရှာမပေးချင်တာလားတော့ မသိဘူး။

ကုမ္ပဏီကို ဖုန်းဆက်တော့လည်း ကုမ္ပဏီက ဘာမှ ဝင်မစွက်ဖက်ဖို့ပဲ ပြောတယ်။ ဒါဟာ ဘာကြောင့်ပါလိမ့်။

တောက်ပလာတော့မယ့် ကြယ်ပွင့်သစ်လေးတစ်ပွင့်ဟာ အကယ်၍ လုံလောက်တဲ့ ကြိုးစားမှု မရှိဘူးဆိုရင် အချိန်မရွေး ကြွေလွင့်သွားနိုင်တာပဲလေ။ အရင်တုန်းက အရာရာကို အစွမ်းကုန် ကြိုးစားခဲ့တဲ့ အယ်လီနာတစ်ယောက် ဘယ်ရောက်သွားပြီလဲ။ တရုတ်ပြည်ကို ရောက်တာနဲ့ ကစားဖို့ပဲ စိတ်ဝင်စားနေတော့တာလား?

နောက်ပြီး အဲဒီကားထဲမှာ ထိုင်နေတာက ယောကျ်ားတစ်ယောက်လား။ အကယ်၍ အယ်လီနာသာ ကောလာဟလတွေ ထွက်လာခဲ့ရင်၊ သူမရဲ့ပုံရိပ်အပေါ် ဘယ်လောက်တောင် သက်ရောက်မှု ရှိသွားမလဲ။

ကီနီယဲ့ဗ် ၏ ဤအတွေးများကို အယ်လီနာကတော့ ဂရုမစိုက်ပါချေ။ သူမသည် မကြိုးစားခြင်း မဟုတ်ပါ၊ ထိုသီချင်းများကို သူမ၏ နှလုံးသားထဲအထိ ကျွမ်းကျင်နေပြီးသား ဖြစ်သောကြောင့်ပင်။ ထို့အပြင် သူမသည် ဤဖျော်ဖြေပွဲတွင် တရုတ်ဘာသာစကား သီချင်းနှစ်ပုဒ်ကို ပထမဆုံးအကြိမ် သီဆိုရန် ပြင်ဆင်ထားသည်။ ၎င်းမှာ ဖုန်းယွီကိုယ်တိုင် သူမအတွက် ရေးသားပေးထားသော သီချင်းများပင် ဖြစ်သည်။

သူမသည် ဤရက်ပိုင်းအတွင်း ထိုသီချင်းနှစ်ပုဒ်ကိုသာ အဓိကထား၍ လေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီက သူမအတွက် စီစဉ်ပေးထားသော အခြား တရုတ်သီချင်းတစ်ပုဒ်ကိုမူ လွန်ခဲ့သော လအနည်းငယ်ကတည်းက အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်။

"ဖုန်း... ကျွန်မ ဆိုတာ နားထောင်လို့ ကောင်းရဲ့လားဟင်?" အယ်လီနာသည် သီချင်းဆိုပြီးနောက် ဖုန်းယွီကို မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် "ချီးကျူးစကား ပြောပါဦး" ဟူသော စကားလုံး သုံးလုံးက အထင်အရှား ရေးထိုးထားသည့်နှယ်။

"နားထောင်လို့ ကောင်းတာပေါ့၊ အရမ်းကို ကောင်းလွန်းပါတယ်။ ဒါက ငါ ကြားဖူးသမျှထဲမှာ အကောင်းဆုံးပဲ" ဖုန်းယွီက လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်သည်။

ဤသီချင်းနှစ်ပုဒ်သည် အယ်လီနာ၏ အသံအရည်အသွေးနှင့် ပေါင်းစပ်လိုက်သည့်အခါ အလွန်ပင် လိုက်ဖက်လှပေသည်။ ဖုန်းယွီအနေဖြင့် ဤသီချင်းနှစ်ပုဒ်ကြောင့် အယ်လီနာသည် တရုတ်ပြည်တွင် အမာခံ ပရိသတ်အမြောက်အမြားကို သေချာပေါက် ရရှိလိမ့်မည်ဟု ယုံကြည်နေမိသည်။

"ဒါက သီချင်းက အရမ်းကောင်းလို့ပါ"

ဖုန်းယွီကဲ့သို့သော အဆင့်အတန်းရှိသူတစ်ဦးက သူမအတွက် ကိုယ်တိုင် သီချင်းရေးပေးခဲ့ခြင်းကြောင့် သူမသည် အတိုင်းမသိ ပျော်ရွှင်နေခဲ့သည်။

"ဖျော်ဖြေပွဲ စဖို့ နာရီဝက်ပဲ လိုတော့တယ်၊ မင်း ခဏလောက် အနားယူလိုက်ဦး။ ဖျော်ဖြေပွဲဆိုတာ တကယ်ကို ပင်ပန်းတဲ့ အလုပ်ပဲလေ" ဖုန်းယွီက ကြင်နာစွာ ဆိုလိုက်သည်။

"ကိစ္စမရှိပါဘူး၊ ကျွန်မ ကကွက်တွေ လေ့ကျင့်တုန်းကထက်စာရင် အများကြီး သက်သာပါတယ်။ ခဏနေရင် ရှင် ရှေ့ဆုံးတန်းမှာ ထိုင်ပြီး ကျွန်မ သီချင်းဆိုတာကို ကြည့်နေမှာ မဟုတ်လား"

ဖုန်းယွီက အလေးအနက် ခေါင်းညိတ်ပြလိုက်ရင်း ကတိပေးလိုက်သည်။ "သေချာပေါက် ကြည့်နေမှာပေါ့"

ခန်းမကြီးအတွင်းရှိ မီးများ မှိန်သွားပြီး စင်မြင့်ထက်မှ မီးရောင်များ လင်းထိန်လာခဲ့သည်။ သာယာလှပသော စန္ဒရားသံလေးနှင့်အတူ စင်မြင့် အလယ်မှ စင်မြင့်ငယ်လေးတစ်ခုမှာ အောက်မှနေ၍ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

အယ်လီနာသည် ဝတ်စုံဖြူလေးဖြင့် လိပ်ပြာငယ်တစ်ကောင်သဖွယ် နွဲ့နှောင်းနေပြီး၊ လှပသော စင်မြင့် အပြင်အဆင်နှင့် ပေါင်းစပ်လိုက်သည့်အခါ မြင်ကွင်းမှာ အလွန်ပင် ထူးကဲလှပနေခဲ့သည်။

"မမြင်နိုင်တာကတော့... နင့်ရဲ့ ပျောက်ဆုံးနေတဲ့ ဝိညာဉ်ပါ..."

"ခန့်မှန်းလို့ မရတာကတော့... နင့်ရဲ့ မျက်ဝန်းတွေရဲ့ အရောင်ပါ..."

"လေပြေတစ်ချက်... အိပ်မက်တစ်ခု... အချစ်ဆိုတာ ရှင်သန်ခြင်းလိုပဲ ခန့်မှန်းရ ခက်ခဲလွန်းတယ်..."

"နင့်ရဲ့ နှလုံးသားဟာ... ဘယ်အရာကြောင့်များ နောင်တတွေ ရနေတာလဲ..."

အယ်လီနာစတင် သီဆိုလိုက်သည်နှင့် စင်အောက်ရှိ ပရိသတ်များမှာ အလွန်ပင် အံ့အားသင့်သွားကြရသည်။

မထင်မှတ်ဘဲ ပထမဆုံးသော သီချင်းသည် တရုတ်ဘာသာစကား သီချင်းဖြစ်နေသည့်အပြင်၊ အသံထွက်မှာလည်း အလွန်ပင် မှန်ကန်လှသည်။ အရေးကြီးဆုံးမှာ ဤသည်မှာ သီချင်းသစ်တစ်ပုဒ်ဖြစ်ပြီး ၎င်းတို့ တစ်ခါမျှ မကြားဖူးသော သီချင်းဖြစ်နေခြင်းပင်။

အယ်လီနာသည် သီချင်း၏ အမြင့်ပိုင်းသို့ ရောက်ရှိသွားပြီး အသံကို အစွမ်းကုန် မြှင့်ဆိုလိုက်သည့်အခါ၊ ပရိသတ်များအားလုံးမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားကြရတော့သည်။

စင်အောက်ရှိ ဂီတပညာရှင် အချို့မှာလည်း မှင်တက်သွားကြရသည်။ ဤ အယ်လီနာ၏ အသံအရည်အသွေးမှာ ဤမျှအထိ ကောင်းမွန်လှသည် ဟုတ်လား?

ထို့အပြင် ဤသီချင်းသည် သူမနှင့် အလွန်ပင် လိုက်ဖက်လှသည်။ တေးသွားရော၊ စာသားပါ ပြည့်စုံလှသဖြင့် သေချာပေါက် ဂန္ထဝင် သီချင်းကောင်းတစ်ပုဒ် ဖြစ်လာပေလိမ့်မည်။

လူအမြောက်အမြားမှာ ဆွံ့အလျက် လက်ခုပ်တီးရန်ပင် မေ့လျော့နေကြသည်။

အယ်လီနာ၏ ပထမဆုံး သီချင်းပြီးဆုံးသွားကာ အစီအစဉ် တင်ဆက်သူ စင်ပေါ်သို့ တက်လာသည့် အခါမှသာ၊ လက်ခုပ်သံများမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တော့သည်။

အစီအစဉ် တင်ဆက်သူမှာလည်း လန့်သွားခဲ့ရသည်။ သူမ၏ နာမည်ကျော်ကြားမှုမှာ ဤမျှအထိ မကြီးမားလှသည်ဖြစ်ရာ၊ စင်ပေါ်သို့ တက်လာရုံဖြင့် ဤမျှလောက်သော လက်ခုပ်သံများကို မည်သို့ ရရှိနိုင်ပါမည်နည်း။ မေးနေရန်ပင် မလိုအပ်ပါချေ၊ ဤလက်ခုပ်သံများမှာ စင်ပေါ်ရှိ အယ်လီနာအတွက်သာ ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် ဤသီချင်းသည် လူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေလောက်အောင် ညို့ယူနိုင်ခဲ့သောကြောင့်ပင်။

အရင်တုန်းကတော့ လူအတော်များများမှာ အယ်လီနာ၏ တရုတ်သီချင်းမှာ သိပ်ပြီးထူးခြားလိမ့်မည်မဟုတ်ဟု သံသယဝင်ခဲ့ကြပြီး၊ လက်မှတ်ဈေး မကြီးသဖြင့် အနားယူအပန်းဖြေရန်အတွက်သာ လာရောက်ခဲ့ကြခြင်း ဖြစ်သည်။

ယခုမူ သူတို့အားလုံး ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။ ဤသီချင်းတစ်ပုဒ်တည်းနှင့်တင် ၎င်းတို့ ပေးခဲ့ရသော ငွေမှာ အလွန်ပင် ထိုက်တန်လှပေပြီ။

အကယ်၍ နောက်တစ်ကြိမ်တွင် အယ်လီနာ၏ ဖျော်ဖြေပွဲ လက်မှတ်ဈေးမှာ ဟောင်ကောင်မှ နာမည်ကြီး အဆိုတော်ကြီးများကဲ့သို့ပင် ဈေးကြီးနေစေဦးတော့၊ ၎င်းတို့ သေချာပေါက် ဝယ်ယူကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အလွန်ပင် နားထောင်လို့ ကောင်းသောကြောင့်ပင်။

ကီနီယဲ့ဗ် သည် စင်မြင့်အောက်ခြေရှိ ထောင့်တစ်နေရာတွင် ရပ်နေရင်း၊ သူမ၏ မျက်နှာတွင် အောင်နိုင်သူ၏ အပြုံးများ ပြည့်နှက်နေခဲ့သလို စိတ်ထဲမှလည်း သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။

လွန်ခဲ့သော နှစ်ရက်က အယ်လီနာသည် သီချင်းများကို ရုတ်တရက် လဲလှယ်ရန် တောင်းဆိုခဲ့စဉ်က သူမသည် အပြင်းအထန် ကန့်ကွက်ခဲ့ဖူးသည်။ ဤတရုတ်သီချင်း နှစ်ပုဒ်မှာ ကောင်းမွန်လှသည်ဆိုစေဦးတော့၊ ၎င်းမှာ သီချင်းသစ်များ ဖြစ်သဖြင့် အယ်လီနာအတွက် မကျွမ်းကျင်နိုင်သလို၊ တေးဂီတအဖွဲ့အနေဖြင့်လည်း အစကနေ ပြန်လည် ညှိနှိုင်းရမည် မဟုတ်ပါလား။

သို့သော်လည်း အယ်လီနာက အခိုင်အမာ တောင်းဆိုခဲ့သဖြင့် နောက်ဆုံးတွင် ကီနီယဲ့ဗ် ကသာ အလျှော့ပေးလိုက်ရခြင်း ဖြစ်သည်။

ယခုအခါ ခန်းမအတွင်းရှိ လက်ခုပ်သံများကို နားထောင်ကြည့်ခြင်းအားဖြင့် ဤသီချင်းသည် အောင်မြင်သွားပြီဖြစ်ကြောင်း သိနိုင်သည်။ ပရိသတ်များက အသိအမှတ်ပြုရုံတင် မကဘဲ အမှန်တကယ်ကို မြတ်နိုးသွားကြခြင်း ဖြစ်သည်။

ဤသီချင်းတစ်ပုဒ်တည်းနှင့်ပင် အယ်လီနာသည် အမာခံ ပရိသတ်အမြောက်အမြားကို ရရှိသွားပေလိမ့်မည်။

ဖုန်းယွီသည် စင်အောက်တွင် ထိုင်နေရင်း၊ စင်မြင့်ထက်၌ ကြယ်တစ်ပွင့်သဖွယ် တောက်ပနေသော အယ်လီနာကို ပြုံးလျက် ကြည့်နေမိသည်။ သူမ၏ ပျော်ရွှင်နေသော အပြုံးများကို မြင်ရသည့်အခါ သူလည်း လိုက်ပါ၍ ပျော်ရွှင်နေမိခဲ့သည်။

မှန်ပါတယ်... အယ်လီနာသည် စင်မြင့်ထက်နှင့်သာ ထိုက်တန်သူ ဖြစ်ပြီး၊ တစ်ကမ္ဘာလုံးတွင် တောက်ပမည့်သူ ဖြစ်လာရန် ကံပါလာသူလည်း ဖြစ်သည်။

မကြာမီမှာပင် အယ်လီနာသည် ကမ္ဘာ့အဆင့်မီ အဆိုတော်တစ်ဦး၊ ဂီတလောက၏ ထိပ်တန်း ကြယ်ပွင့်ကြီး တစ်ဦး ဖြစ်လာပေလိမ့်မည်။

******

အခန်း ၁၄၂၈ နောက်ကွယ်မှ မြှင့်တင်ပေးသူ

အယ်လီနာ၏ ဖျော်ဖြေပွဲမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီး၊ ပွဲ၏ အကျိုးသက်ရောက်မှုမှာလည်း အလွန်ပင် ကောင်းမွန်လှသည်။ ဤပွဲတွင် အားဖြည့်ကူညီပေးမည့် ဧည့်သည်တော် အဆိုတော် နှစ်ဦးကိုလည်း ဖိတ်ကြားခဲ့သည်။ တစ်ဦးမှာ အယ်လီနာနှင့် ကုမ္ပဏီတစ်ခုတည်းမှ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဗီတာ့စ်ဖြစ်ပြီး၊ အခြားတစ်ဦးမှာမူ ထိုစဉ်က ပြည်တွင်း ဂီတလောက၏ ထိပ်တန်း အဆိုတော်ကြီးဖြစ်သူ နန်ကောပင် ဖြစ်သည်။

ထိုသူသုံးဦးစလုံး၏ အသံအရည်အသွေးမှာ အလွန်ပင် ကောင်းမွန်လှသဖြင့် ပရိသတ်များမှာ ရင်သပ်ရှုမော နားထောင်ခဲ့ကြရသည်။ အချို့သော ရုရှားသီချင်းများနှင့် အင်္ဂလိပ်သီချင်းများကို သေသေချာချာ နားမလည်ကြစေဦးတော့၊ ၎င်းတို့သည် ဖျော်ဖြေမှုကိုမူ အပြည့်အဝ ခံစားခဲ့ကြသည်။

ဖျော်ဖြေပွဲပြီးနောက် အယ်လီနာသည် ပြည်တွင်း၌ သုံးရက်ကြာ စီးပွားဖြစ် ဖျော်ဖြေရေး လှုပ်ရှားမှုများ ရှိနေသေးသော်လည်း၊ ဖုန်းယွီတစ်ယောက် တစ်ဖက်မှ ကမ်းလှမ်းလာသော ဖျော်ဖြေခ ဈေးနှုန်းကို မြင်တွေ့လိုက်သည့်အခါ ဒေါသထွက်သွားရတော့သည်။

ဒီလူတွေ အားလုံး မျက်စိကန်းနေကြတာလား။ ဘယ်လိုဖြစ်လို့ ဒီလောက် နည်းပါးတဲ့ ဈေးနှုန်းကို ပေးရဲကြတာလဲ။

ကြည့်ရသည်မှာ အယ်လီနာ၏ ကျော်ကြားမှုမှာ ပြည်တွင်း၌ မပြန့်နှံ့သေးပုံရသည်။ အကယ်၍သာ ဗြိတိန်၊ ပြင်သစ် သို့မဟုတ် အမေရိကဘက်မှ အဆိုတော်တစ်ဦးသာဆိုလျှင်၊ ဒုတိယတန်းစား အဆိုတော် ဖြစ်နေစေဦးတော့၊ များပြားလှသော ဖျော်ဖြေခကို ရရှိပေလိမ့်မည်။ သို့သော် ရုရှားမှ ဖြစ်နေသဖြင့် ဈေးနှုန်းမှာ တရုတ်ပြည်မှ ဒုတိယတန်းစား အဆိုတော်များ၏ ဈေးနှုန်းနှင့်သာ တူညီနေခဲ့သည်။

ဖုန်းယွီအလွန်ပင် မကျေမနပ် ဖြစ်သွားရသည်။ အနုပညာ အကျိုးဆောင် ကုမ္ပဏီတွေက ဘာတွေ လုပ်နေကြတာလဲ၊ အယ်လီနာကို အဆင့်မြင့်အောင် မမြှင့်တင်တတ်ကြဘူးလား။

ကြယ်ပွင့်တစ်ဦးကို ဘယ်လိုမျိုး ပုံဖော်ရမယ်ဆိုတာတောင် မသိကြဘူး၊ တကယ်ကို ညံ့ဖျင်းလွန်းပါတယ်။ သူတို့က မမြှင့်တင်တတ်ဘူးဆိုရင်လည်း၊ ငါကိုယ်တိုင်ပဲ နောက်ကွယ်ကနေ တွန်းအားပေးသူ လုပ်ပေးရတော့မှာပေါ့။

"ဟေး... ဖုန်းယွီရဲ့ ဘလော့ဂ်အသစ် တက်လာပြီ"

"ဖုန်းယွီ..ဘယ်ဖုန်းယွီလဲ။ ငါတို့ အတန်းဖော်တွေထဲမှာ ဒီနာမည်နဲ့ လူရှိလို့လား?"

"မင်းကလည်း တုံးလိုက်တာ၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖုန်းယွီလေ။ သူ့ရဲ့ဘလော့ဂ်မှာ အခုလေးတင် စာတစ်စောင် တင်ထားတယ်၊ ရှန်ဟိုင်းမှာ အကောင်းဆုံး ဖျော်ဖြေပွဲတစ်ခုကို နားထောင်ခဲ့ရတယ်တဲ့။"

"ဟာ... ဘယ်သူ့ရဲ့ ပွဲလဲ။ နာရင်းလား၊ ဒါမှမဟုတ် ဝမ်ကျင့်ဝမ်လား? အဲဒါမှမဟုတ်ရင်လည်း ဟောင်ကောင်၊ တိုင်ဝမ်က အဆိုတော် တစ်ယောက်ယောက်လား?"

"ဘယ်သူမှ မဟုတ်ဘူး၊ အယ်လီနာလို့ ခေါ်တဲ့ ရုရှား အမျိုးသမီး အဆိုတော် တစ်ယောက်တဲ့။ ကြားတာတော့ နိုင်ငံခြားမှာ ဆုတွေ အများကြီး ရထားတယ်ဆိုပဲ"

"ရုရှားကလား။ ဒါဆိုရင်လည်း နားလည်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖုန်းယွီက ရုရှားစကား တတ်တယ်လို့ ကြားဖူးတယ်၊ အခုတော့ တကယ်ဖြစ်ပုံရတာပဲ"

"ဘာတွေ ပြောနေတာလဲ၊ အဲဒီမှာ ပါတာကတော့ တရုတ်သီချင်းတွေရော၊ အင်္ဂလိပ်သီချင်းတွေရော ပါတယ်တဲ့၊ အကုန်လုံး နားထောင်လို့ အရမ်းကောင်းတယ်ဆိုပဲ။ ငါ ဒီမှာ ဒေါင်းလုဒ် ဆွဲထားတယ်၊ မင်း နားထောင်ကြည့်လိုက်ဦး" သူသည် စိတ်မရှည်စွာဖြင့် သူ၏နားကြပ်ကို ဘေးရှိ သူငယ်ချင်း၏ နားတွင် တပ်ပေးလိုက်တော့သည်။

ဖုန်းယွီ၏ ဘလော့ဂ်သည် အချိန်အတော်ကြာအောင် စာမတင်ဘဲ ရှိနေခဲ့ရာမှ၊ ယခုကဲ့သို့ စာတစ်စောင် တက်လာသည့်အခါ လူအမြောက်အမြား၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားခဲ့သည်။

၎င်းတို့အားလုံးမှာ Aiwa Music Network သို့ သွားရောက်ကာ MP3 များကို ဒေါင်းလုဒ် ဆွဲခဲ့ကြပြီး၊ အချမ်းသာဆုံး ပုဂ္ဂိုလ် ညွှန်းဆိုထားသော သီချင်းများမှာ မည်မျှအထိ ထူးခြားနေသနည်း၊ အဘယ်ကြောင့် အကောင်းဆုံး ဖျော်ဖြေပွဲဟု တင်စားရသနည်းဆိုသည်ကို သိရှိလိုကြသည်။

နားထောင်ပြီးသွားသော သူတိုင်းကတော့ ဤအသံအရည်အသွေးကို အခြားသူနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကောင်းမွန်လွန်းသည်ဟု ခံစားခဲ့ကြရသည်။

တစ်ခေါက်တည်းနှင့်ပင် အားမရနိုင်ဘဲ၊ ဖျော်ဖြေပွဲတစ်ခုလုံးကို အကြိမ်ကြိမ် အဖန်ဖန် နားထောင်မှသာ ကျေနပ်နိုင်ကြတော့သည်။

၎င်းတို့သည် အင်တာနက်ပေါ်တွင် ဤ အယ်လီနာဆိုသူ၏ သတင်းများကို ချက်ချင်း လိုက်လံ ရှာဖွေကြတော့သည်။ ထိုအခါမှသာ ဤအမျိုးသမီးမှာ တစ်ချိန်က ကမ္ဘာ့အဆင့်မီ ဘဲလေးကချေသည် တစ်ဦးဖြစ်ခဲ့ဖူးကြောင်း၊ နိုင်ငံအသီးသီးမှ ခေါင်းဆောင်ကြီးများ ရှေ့မှောက်တွင် ကပြဖျော်ဖြေခဲ့ဖူးသလို၊ ကမ္ဘာ့အဆင့်မီ စင်မြင့်များစွာထက်သို့ တက်လှမ်းခဲ့ဖူးကြောင်း သိရှိသွားကြသည်။

အသက်အရွယ်ကလည်း ငယ်ရွယ်နုပျိုပြီး လှပလှသည့်အပြင်၊ ကကွက်ပိုင်းတွင် အောင်မြင်ခဲ့သလို အဆိုပိုင်းတွင်လည်း ဤမျှအထိ အောင်မြင်နေသည်မှာ တကယ့်ကို ဘဝ၏ အောင်နိုင်သူကြီးပင် ဖြစ်တော့သည်။

ဖုန်းယွီဘလော့ဂ် တင်ပြီးနောက်တွင် ကျုံးချင်ရှန်းတို့ အုပ်စုလည်း စပ်စုချင်စိတ်ဖြင့် နားထောင်ကြည့်ခဲ့ကြသည်။ ဖုန်းယွီဤမျှအထိ ချီးကျူးထားသည့် အရာမှာ မည်သို့ရှိမည်နည်းဟူ၍ ဖြစ်သည်။

ရလဒ်အနေဖြင့် ကျုံးချင်ရှန်းသည် ထိုအထဲမှ ရုရှားသီချင်းဟောင်းကို ပုံစံသစ်ဖြင့် ပြန်ဆိုထားသော သီချင်းနှစ်ပုဒ်ကို များစွာ နှစ်သက်သွားခဲ့ပြီး၊ ဖုန်းယွီ၏ ဘလော့ဂ်ကို ချက်ချင်းပင် ပြန်လည် မျှဝေပေးခဲ့သည်။

ထိုသို့ဖြင့်ပင် လူအမြောက်အမြားက အဆက်မပြတ် ပြန်လည် မျှဝေခြင်း၊ ဝေမျှခြင်းနှင့် မှတ်ချက်ပေးခြင်းများကို ပြုလုပ်လာကြသည်။

တစ်ရက်မပြည့်မီ အချိန်အတွင်းမှာပင် အယ်လီနာ၏ နာမည်သည် Baidu၏ ရှာဖွေမှု အများဆုံး စာရင်းတွင် ထိပ်ဆုံး သုံးနေရာအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

နံပါတ်တစ် နေရာမှာတော့ "ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖုန်းယွီပြောသော အကောင်းဆုံး ဖျော်ဖြေပွဲ" ဖြစ်ပြီး၊ နံပါတ်နှစ် နေရာမှာတော့ "ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖုန်းယွီ၏ ဓာတ်ပုံကို တောင်းဆိုခြင်း" ဖြစ်သည်။

နောက်ဆက်တွဲ ရှာဖွေမှု အများဆုံး စာရင်းများမှာလည်း အယ်လီနာနှင့်သာ သက်ဆိုင်နေခဲ့ရာ Songjiang မော်တော်ကားမှ ကားအမျိုးအစားသစ် မိတ်ဆက်သည့် သတင်းပင်လျှင် အောက်သို့ ရောက်သွားခဲ့ရသည်။

လီမင်တယ်သည် ဖုန်းယွီထံသို့ တကူးတက ဖုန်းဆက်ကာ၊ Songjiang မော်တော်ကားအတွက်လည်း ဘလော့ဂ်စာတစ်စောင်လောက် တင်ပေးရန် တောင်းဆိုခဲ့ရသည်။ ၎င်းတို့သည် ကားသစ်အတွက် ဝါဒဖြန့်ချိရေး စရိတ်များစွာ အသုံးပြုခဲ့သော်လည်း၊ Baidu ၏ ထိပ်တန်း ဆယ်နေရာအတွင်းသို့ပင် မဝင်ရောက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

ဖုန်းယွီက ရက်အနည်းငယ် ကြာလျှင် တင်ပေးမည်ဟု ကတိပေးလိုက်ပြီး၊ သူ၏ အင်တာနက်ပေါ်မှ မြှင့်တင်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေခဲ့သည်။

Sohu ဖိုရမ်ပေါ်တွင် ဖုန်းယွီသည် ပိုစ့်တစ်ခုကို တိုက်ရိုက် တင်လိုက်သည်။ "ကျွန်တော် ဖျော်ဖြေပွဲကို ကိုယ်တိုင် သွားကြည့်ခဲ့ပါတယ်။ အယ်လီနာက ပါးစပ်ဟပြီး စဆိုလိုက်တာနဲ့ ကျွန်တော်တော့ ဒူးထောက် အရှုံးပေးလိုက်ရပြီ၊ အရမ်းကို နားထောင်လို့ ကောင်းလွန်းလို့ပါ"

ဤပိုစ့် တက်လာသည်နှင့် တပြိုင်နက် အင်တာနက် အသုံးပြုသူများက အပေါ်သို့ ရောက်အောင် ဝိုင်းဝန်း မြှင့်တင်ပေးခဲ့ကြသည်။

"ဟား... ဒီကောင်က ဘယ်သူလဲ၊ လူတစ်ယောက် သီချင်းဆိုတာကို နားထောင်ပြီး ဒူးထောက်ရတယ်လို့?"

"ဟုတ်ပ... အဲဒီ သီချင်းက နားထောင်လို့ ကောင်းတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ မင်းကလည်း အရမ်းကို ချဲ့ကားလွန်းနေပြီ"

သို့သော်လည်း ထိုပိုစ့်၏ အောက်တွင် အခြားသော မှတ်ချက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ "အမေက ငါ့ကို ကွန်ပျူတာရှေ့မှာ ဘာလို့ ဒူးထောက်နေတာလဲလို့ မေးနေတယ်၊ ငါကတော့ Sohu လိုင်းမှာ အယ်လီနာရဲ့ ဖျော်ဖြေပွဲ ဗီဒီယိုကို ကြည့်နေတာလို့ပဲ ပြန်ပြောလိုက်တယ်"

ဤမှတ်ချက်မှာ ဖုန်းယွီကိုယ်တိုင် အကောင့်တုတစ်ခုဖြင့် ဝင်ရောက် ရေးသားခဲ့ခြင်းပင် ဖြစ်သည်။

ရလဒ်အနေဖြင့် ခဏအတွင်းမှာပင် "ဒူးထောက်ကြည့်ရသည့် ဖျော်ဖြေပွဲ" ဟူသော စကားစုမှာ အင်တာနက်ပေါ်တွင် ဟိုးဟိုးကျော် သွားခဲ့ရသည်!

ဘာတွေ ဖြစ်ကုန်တာလဲဟု နားမလည်နိုင်သော သူများစွာ ရှိနေခဲ့ပြီး၊ အင်တာနက် နေရာအနှံ့တွင် "ဒူးထောက်၍ XX ကို ကြည့်နေသည်" ဟူသော တုံ့ပြန်မှုများကို မြင်တွေ့နေရသဖြင့်၊ ဤစကားနာက မည်သည့်နေရာမှ စတင်လာသနည်းဟု လိုက်လံ စုံစမ်းကြတော့သည်။

နောက်ပိုင်းတွင် ဤစကားနာ၏ မြစ်ဖျားခံရာမှာ အယ်လီနာ၏ ဖျော်ဖြေပွဲဖြစ်ကြောင်း သိရှိသွားကြသည့်အခါ၊ လူအမြောက်အမြားမှာ ပိုမို၍ လိုက်လံ ရှာဖွေကြတော့သည်။

Aiwa Music Networkတွင် MP3 များ ဒေါင်းလုဒ် ဆွဲနိုင်သည်ကို တွေ့ရှိသွားကြသလို၊ Sohu လိုင်းကလည်း ဖျော်ဖြေပွဲ၏ အင်တာနက် ထုတ်လွှင့်ခွင့်ကို ဝယ်ယူထားသည်ကို သိရှိသွားကြသည်။

၎င်းတို့သည် အင်တာနက်မှတစ်ဆင့် ကြည့်ရှုရန် ကြိုးပမ်းသည့်အခါတွင်မူ အဖွဲ့ဝင်ဖြစ်မှသာ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော်လည်း ငါးမိနစ်ခန့် အစမ်းကြည့်ရှုပြီးနောက်တွင် သူတို့ထဲမှ အမြောက်အမြားမှာ စိတ်မရှည်နိုင်တော့ဘဲ အဖွဲ့ဝင်ကြေးများကို ချက်ချင်းပင် ပေးသွင်းခဲ့ကြတော့သည်။

ပထမဆုံးသော သီချင်းမှာ အမှန်တကယ်ပင် ညို့ယူဖမ်းစားနိုင်လွန်းလှသဖြင့် ထိုအသံအရည်အသွေးက လူများကို အမှန်တကယ်ပင် ဒူးထောက်သွားစေခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဖျော်ဖြေပွဲ ပိတ်သိမ်းသည့် သီချင်းဖြစ်သော ‘Unrivaled Across the World’ ဆိုသည့် သီချင်းမှာလည်း အလွန်ပင် နားထောင်လို့ ကောင်းလှပေသည်။

သို့သော်လည်း ဤသီချင်းနှစ်ပုဒ်ကို နားထောင်ကြည့်ခြင်းအားဖြင့်၊ ဤ အယ်လီနာဆိုသူမှာ မည်သူမည်ဝါဖြစ်မှန်း မသိသော အမျိုးသားတစ်ဦးကို ချစ်မြတ်နိုးနေဟန် ရှိသည်ဟု ခံစားနေကြရသည်။

ထို့နောက်တွင် အင်တာနက် အသုံးပြုသူများက အယ်လီနာချစ်မြတ်နိုးနေသော ထိုအမျိုးသားမှာ မည်သူဖြစ်မည်နည်းဟု အတင်းအဖျင်းများ စတင်ပြောဆိုလာကြတော့သည်။

မူလက အယ်လီနာ၏ ရက်အနည်းငယ်ကြာ စီးပွားဖြစ် ဖျော်ဖြေရေး လှုပ်ရှားမှုများကို ဖုန်းယွီ၏ စကားအတိုင်း အကုန်လုံး ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

အစပိုင်းတွင် ကီနီယဲ့ဗ် သည်လည်း အလွန်ပင် မကျေမနပ် ဖြစ်ခဲ့ရသည်။ အယ်လီနာမှာ ဘာတွေ ဖြစ်နေတာလဲ၊ အခုဆိုရင် ပိုပြီးတော့တောင် စကားမနားထောင်တော့ဘူး၊ သေချာပေါက် ဟိုလျှို့ဝှက်တဲ့ အမျိုးသားရဲ့ ပယောဂပဲ ဖြစ်ရမယ်ဟူ၍ တွေးနေမိခဲ့သည်။

သို့သော်လည်း တစ်ရက်မပြည့်မီ အချိန်အတွင်းမှာပင်၊ အယ်လီနာအား စီးပွားဖြစ် ဖျော်ဖြေရန် ကမ်းလှမ်းလာသော ဈေးနှုန်းများမှာ သုံးဆခန့် မြင့်တက်သွားသည်ကို သူမ တွေ့ရှိလိုက်ရသည်!

အရင်တုန်းက သီချင်းတစ်ပုဒ်ကို ယွမ် တစ်သိန်းသာ ရရှိခဲ့ရာမှ၊ ယခုအခါ ယွမ် သုံးသိန်းအထိ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ တရုတ်ပြည် ပြည်တွင်းရှိ ထိပ်တန်း အဆိုတော်များ၏ စီးပွားဖြစ် ဖျော်ဖြေခ ဈေးနှုန်းပင် ဖြစ်တော့သည်။ ဟောင်ကောင်နှင့် တိုင်ဝမ်ဘက်မှ နာမည်ကြီး အဆိုတော်ကြီးများဆိုလျှင်မူ ယွမ်လေးသိန်းမှ စတင်၍ ရရှိကြသည်။

ကီနီယဲ့ဗ် သည် အယ်လီနာပြောခဲ့သကဲ့သို့ပင် သူမ၏ တန်ဖိုးမှာ မကြာမီ မြင့်တက်လာလိမ့်မည်ဖြစ်ပြီး၊ ယခုအချိန်တွင် ကမ်းလှမ်းမှုများကို လက်ခံလိုက်ခြင်းမှာ မတွက်ခြေကိုက်သည့်အပြင် မိမိ၏ တန်ဖိုးကိုပါ ကျဆင်းစေနိုင်ကြောင်းကို ထိုအခါမှသာ ယုံကြည်သွားခဲ့ရသည်။

ကီနီယဲ့ဗ် သည် အယ်လီနာပြောသော ထိုနောက်ကွယ်မှ လူတော်ကြီးကို အမှန်တကယ်ပင် ဆုံတွေ့ချင်နေမိသည်။ ဤလူမှာ တကယ့်ကို စွမ်းအားကြီးမားလှပေသည်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖုန်းယွီကိုယ်တိုင် အယ်လီနာအတွက် သတင်းဖြန့်ပေးလာအောင် လုပ်ဆောင်နိုင်သည် မဟုတ်ပါလား။

ထိုဘလော့ဂ် စာစောင်မှာ နိုင်ငံခြား မီဒီယာ အမြောက်အမြား၏ ပြန်လည် ဖော်ပြခြင်းကိုပင် ခံခဲ့ရသည်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်၏ အပြောအဆိုနှင့် အပြုအမူတိုင်းကို အာရုံစိုက်နေသူများမှာ အလွန်ပင် များပြားလှပေသည်။

ဤလုပ်ရပ်သည် အယ်လီနာ၏တန်ဖိုးကို တရုတ်ပြည် တွင်သာမက၊ ပြည်ပတွင်ပါ တရဟော မြင့်တက်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖုန်းယွီကိုယ်တိုင် ပထမဆုံးအကြိမ် မြှင့်တင်ပေးခဲ့သော ကြယ်ပွင့်ဖြစ်သလို၊ ထိုသူမှာလည်း အမျိုးသမီး ကြယ်ပွင့်တစ်ဦး ဖြစ်နေသဖြင့် လူအများအပြားမှာ အတွေးပေါင်းစုံဖြင့် စိတ်ကူးယဉ်နေကြတော့သည်။

အင်တာနက်ပေါ်တွင် အချို့က ဖုန်းယွီသည် အယ်လီနာ၏ နောက်ကွယ်မှ အထောက်အပံ့ဖြစ်သည်ဟု ပြောဆိုနေကြသော်လည်း၊ အစပိုင်းတွင် ကီနီယဲ့ဗ် မှာမူ ၎င်းကို မယုံကြည်ခဲ့ပါချေ။

သို့သော်လည်း ယခုအခါတွင်မူ ထိုသို့ ဖြစ်နိုင်ခြေ ရှိကြောင်းကို သူမ ရုတ်တရက် သတိပြုမိသွားခဲ့သည်။

အယ်လီနာကို သူတို့ ရုရှား၏ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သူ ကီရီလန်ကိုက ပံ့ပိုးပေးခဲ့ခြင်း ဖြစ်သလို၊ ကီရီလန်ကိုနှင့် ဖုန်းယွီတို့၏ ဆက်ဆံရေးမှာလည်း ကမ္ဘာသိပင် ဖြစ်သည်။

သူမ ဆက်သွယ်ခဲ့သော တရုတ်ကုမ္ပဏီကလည်း ထိုကားနံပါတ်ကို စုံစမ်း၍ မရနိုင်ကြောင်း ပြောခဲ့ရာ၊ သေချာပေါက် တစ်ဖက်လူ၏ အရှိန်အဝါမှာ အလွန် ကြီးမားနေခြင်းပင် ဖြစ်ရမည်။ အယ်လီနာအနေဖြင့် ဤမျှအထိ သစ္စာရှိစွာ ယုံကြည်နေရသောသူမှာလည်း သာမန်လူတစ်ယောက် မဖြစ်နိုင်ပါချေ။

တရုတ်ပြည် ရှိ လူငယ်လူရွယ် ပညာရှင်များထဲတွင် ရုရှားဘက်နှင့် ဆက်ဆံရေး အကောင်းဆုံးဖြစ်သူမှာ ဖုန်းယွီသာလျှင် ဖြစ်နေသည် မဟုတ်ပါလား။

ကီနီယဲ့ဗ် သည် နောက်ကျလျှင် အယ်လီနာကို သေသေချာချာ မေးမြန်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ အယ်လီနာသည် ဖုန်းယွီ၏လူသာ ဖြစ်ခဲ့မည်ဆိုပါက၊ ဖုန်းယွီဘက်မှ အနည်းငယ်မျှသာ ထပ်မံကူညီပေးရုံဖြင့်၊ အယ်လီနာသည် ယခုနှစ်အတွင်းမှာပင် ကမ္ဘာ့လူကြိုက်များ တေးဂီတလောက၏ အလေးအနက်ထားရသော ဆုကြီးများကို ဆွတ်ခူးနိုင်ပေလိမ့်မည်!

ဖုန်းယွီအနေဖြင့် အယ်လီနာကို တစ်ကြိမ် မြှင့်တင်ပေးနိုင်ခဲ့လျှင်၊ ဒုတိယအကြိမ်မှာလည်း သေချာပေါက် လုပ်ဆောင်ပေးနိုင်မည် မဟုတ်ပါလား။

******

အခန်း ၁၄၂၉ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်က သီချင်းပါ ရေးစပ်နိုင်တယ် ဟုတ်လား…

အယ်လီနာသည် ဖုန်းယွီ၏ ရင်ခွင်အတွင်း၌ မှီတွယ်နေရင်း ခွဲခွာရမည်ကို နှမြောတသဖြစ်နေသော အမူအရာများ ပြည့်နှက်နေခဲ့သည်။

"ဖုန်း... မနက်ဖြန်ကျရင် ကျွန်မ တိုကျိုကိုသွားပြီး ဖျော်ဖြေပွဲအတွက် ပြင်ဆင်မှုတွေ လုပ်ရတော့မယ်"

"ငါ မင်းနဲ့အတူ လိုက်ခဲ့ပေးရမလား" ဖုန်းယွီက မေးမြန်းလိုက်သည်။

အယ်လီနာ၏ မျက်ဝန်းလေးများ ခဏတာ ဝင်းလက်သွားခဲ့သော်လည်း၊ ထို့နောက်တွင်မူ ခေါင်းခါလိုက်ရင်း ဆိုလိုက်သည်။ "မလိုက်ပါနဲ့တော့၊ အဲဒါက ရှင့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တယ်လေ။ ပြီးတော့ ကျွန်မက ဂျပန် သီချင်းတစ်ပုဒ်ကိုလည်း သင်ယူရဦးမှာ၊ အဲဒါက တကယ်ကို ခက်ခဲလွန်းလို့ အချိန်တောင် ရှိမှာမဟုတ်ဘူး"

"ဒါဆိုရင်လည်း ကောင်းပါပြီ၊ မင်း အမေရိကမှာ ဘယ်တော့ ဖျော်ဖြေပွဲ လုပ်မှာလဲ?"

"ဧပြီလကျရင် နယူးယောက်နဲ့ လော့စ်အိန်ဂျလိစ်မှာ တစ်ပွဲစီ ရှိပါတယ်" ပြောပြီးနောက် အယ်လီနာသည် ဖုန်းယွီကို စိုက်ကြည့်နေခဲ့သည်။

"ကောင်းပြီလေ... အဲဒီအချိန်ကျရင် ငါ အမေရိကကိုလာပြီး မင်းရဲ့ ဖျော်ဖြေပွဲကို ကြည့်ပါ့မယ်။ ရှေ့ဆုံးတန်းက လက်မှတ်တစ်စောင်တော့ ငါ့အတွက် ချန်ထားပေးဖို့ မမေ့နဲ့ဦးနော်"

"အင်း... အင်း" အယ်လီနာသည် ခေါင်းကို အားပါပါ ညိတ်လိုက်ရင်း၊ သူမ၏ မျက်နှာတွင် ပျော်ရွှင်မှုများ အတိုင်းအထက်အလွန် ပေါ်လွင်နေခဲ့သည်။

"ဖုန်း... ရှင့်အကြောင်းကို ကျွန်မရဲ့မန်နေဂျာ သိသွားပြီနော်" အယ်လီနာက မဝံ့မရဲ လေသံဖြင့် ဆိုလိုက်သည်။

"သိသွားလည်း ကိစ္စမရှိပါဘူး၊ သိတာပေါ့" အယ်လီနာ၏ မန်နေဂျာအဖြစ် ဆောင်ရွက်မည့်သူကို ကီရီလန်ကိုအနေဖြင့် သေသေချာချာ စိစစ်ထားပြီးဖြစ်မည်မှာ အမှန်ပင်ဖြစ်ရာ ဖုန်းယွီအနေဖြင့် စိတ်ချလက်ချ ရှိနေခဲ့သည်။

အယ်လီနာတစ်ယောက် သက်ပြင်းချကာ စိတ်အေးသွားရသည်။ ဖုန်းယွီ မကျေမနပ် ဖြစ်သွားမည်ကို သူမ အလွန်ပင် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ မနေ့က သူမ၏ မန်နေဂျာက စကားအသွားအလာဖြင့် စုံစမ်းမေးမြန်းခဲ့စဉ်က သူမ ပါးစပ်ချော်၍ ပြောမိသွားခဲ့ခြင်းပင်။

ထိုစဉ်က မန်နေဂျာဖြစ်သူမှာ များစွာဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရသည်။ မူလကတော့ ဥရောပ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်က အယ်လီနာကို ပံ့ပိုးပေးနေသည်ဟု ယူဆထားသဖြင့် အယ်လီနာအနေဖြင့် သုံးနှစ်အတွင်း ကမ္ဘာ့အဆင့်မီ ကြယ်ပွင့်ကြီး ဖြစ်လာမည်ဟု သူမ ထင်မှတ်ခဲ့သည်။

သို့သော် ယခုမူ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကိုယ်တိုင်က နောက်ကွယ်မှ ပံ့ပိုးပေးနေသည်ဖြစ်ရာ အခြေအနေမှာ များစွာကွာခြားသွားခဲ့ပြီ ဖြစ်သည်။ တစ်နှစ်အတွင်းမှာပင် အယ်လီနာသည် တစ်ကမ္ဘာလုံးက အာရုံစိုက်ရမည့် ကြယ်ပွင့်ကြီး ဖြစ်လာပေတော့မည်။

သို့သော်လည်း သီချင်းဆိုခြင်း သက်သက်ဖြင့်သာဆိုလျှင် အယ်လီနာ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ အကန့်အသတ် ရှိနေနိုင်ပေသည်။ အကယ်၍သာ အယ်လီနာအနေဖြင့် ရင်းနှီးမြှုပ်နှံမှု များပြားသော၊ နာမည်ကြီး ဒါရိုက်တာများ၏ ရုပ်ရှင်များတွင် တစ်ကား၊ နှစ်ကားခန့် ပါဝင်သရုပ်ဆောင်နိုင်မည်ဆိုပါက၊ သူမ၏ နာမည်ကျော်ကြားမှုမှာ ပိုမို တောက်ပလာမည်ဖြစ်သလို၊ တောက်ပမှု သက်တမ်းမှာလည်း ပိုမို ရှည်ကြာပေလိမ့်မည်။

သို့သော်လည်း အယ်လီနာက ချက်ချင်းပင် ငြင်းဆန်ခဲ့သည်။ မင်းသမီးများအနေဖြင့် အချစ်ဇာတ်လမ်းများ သရုပ်ဆောင်ရမည်ဖြစ်ပြီး၊ နမ်းရှုပ်သည့် အခန်းများ သို့မဟုတ် ထို့ထက်ပိုသော အခန်းများ သရုပ်ဆောင်ရမည်ကို သူမ တွေ့ရှိခဲ့ရသည်။ အယ်လီနာကမူ ထိုကဲ့သို့သော အရာများကို လုပ်ဆောင်မည် မဟုတ်ကြောင်း ပြတ်သားစွာ ပြောကြားခဲ့သည်။

ဖုန်းယွီ မကျေမနပ် ဖြစ်သွားမည်ကို သူမ စိုးရိမ်လှသည်။ ထို့ကြောင့် နာမည်သိပ်မကြီးလျှင်ဖြစ်စေ၊ သို့မဟုတ် နာမည်ကျော်ကြားမှု နှေးကွေးလျှင်ဖြစ်စေ၊ သူမအနေဖြင့် ဖုန်းယွီ၏ ချစ်ခြင်းမေတ္တာကိုတော့ အဆုံးရှုံး မခံနိုင်ပါချေ။

ကီနီယဲ့ဗ် မှာမူ ထိုစဉ်က အယ်လီနာကို အသုံးမကျသူတစ်ဦးသဖွယ် မြင်ကာ စိတ်ပျက်ခဲ့ရသည်။ ဒီလောက် ကောင်းမွန်တဲ့ အခွင့်အရေးကို မစ္စတာဖုန်းဆီ တစ်ချက်လောက် ပြောပြဖို့တောင် မလုပ်နိုင်ရဘူးလား။ နမ်းရှုပ်တဲ့ အခန်းတွေ သရုပ်ဆောင်လို့ ရမရဆိုတာကို မစ္စတာဖုန်းကိုယ်တိုင်ကပဲ ဆုံးဖြတ်မှာ မဟုတ်လား။

မင်းက ဖြစ်နိုင်ခြေရှိတဲ့ စိတ်ကောက်မှုလေးတစ်ခုအတွက်နဲ့ ဒီလောက် ကောင်းတဲ့ အခွင့်အရေးကြီးကို လက်လွှတ်လိုက်တယ် ဟုတ်လား။

သို့သော်လည်း အယ်လီနာ၏ ခေါင်းမာမှုကြောင့် ကီနီယဲ့ဗ်မှာလည်း ဘာမှ မတတ်နိုင်ခဲ့ပါချေ။ အကယ်၍သာ သူမ၏ လက်ထဲတွင် မစ္စတာဖုန်း၏ ဖုန်းနံပါတ် ရှိနေခဲ့မည်ဆိုပါက၊ အယ်လီနာအား နောက်တစ်ကြိမ် ထပ်မံကူညီပေးရန် သူမကိုယ်တိုင်ပင် ဖုန်းဆက် တောင်းဆိုမိမည်မှာ အမှန်ပင်။

"အယ်လီနာ... မင်း သီချင်းတွေလည်း အများကြီး ထွက်ထားတာပဲ၊ ဘာလို့ ဂီတဗီဒီယိုတွေ မရိုက်တာလဲ?" ဒါက ငွေပိုရရှိစေနိုင်တဲ့ အရာဖြစ်တာကို အယ်လီနာရဲ့ ကုမ္ပဏီက မသိကြဘူးလား။

ဒါ့ပြင် အယ်လီနာကို လူသိပိုများစေပြီး ပရိသတ်တွေနဲ့ ပိုရင်းနှီးစေမှာ မဟုတ်ပါလား။ ဒီအနုပညာ အကျိုးဆောင်ကုမ္ပဏီက လူတွေက ဒီအချက်ကိုတောင် နားမလည်ကြဘူးလား။

"သီချင်းအတော်များများက အမျိုးသား သရုပ်ဆောင်တွေနဲ့ ပူးတွဲ သရုပ်ဆောင်ရမှာမို့ ကျွန်မ မကြိုက်ဘူးလေ"

ဖုန်းယွီ ရယ်မောလိုက်ရင်း ဆိုလိုက်သည်။ "သာမန် Music Video တွေမှာတော့ လွန်လွန်ကဲကဲ အခန်းတွေ ပါမှာမဟုတ်ပါဘူး။ အလွန်ဆုံးရှိလှ သူငယ်ချင်းတွေလို လက်ဆွဲနှုတ်ဆက်တာမျိုးလောက်ပဲ ရှိမှာပါ။ အဲဒါလောက်ဆိုရင်တော့ ငါ မကန့်ကွက်ပါဘူး"

ဆိုလိုရင်းမှာမူ လက်ဆွဲနှုတ်ဆက်ခြင်းထက် ကျော်လွန်သွားမည်ဆိုပါက သူ ကန့်ကွက်မည်ဟူ၍ ဖြစ်သည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဖုန်းယွီသည်လည်း အတော်ပင် သဝန်တိုတတ်သူဖြစ်ကြောင်း သိနိုင်သည်။ သို့မဟုတ်လျှင်လည်း အမျိုးသား အတော်များများမှာ ဤကဲ့သို့ပင် စိတ်ကျဉ်းမြောင်းတတ်ကြပြီး၊ ဤသည်မှာလည်း မင်းသမီးအတော်များများ အိမ်ထောင်ပြုရန် ခက်ခဲရခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။ သူမ၏ ဂုဏ်သတင်းမှာ အစဉ်တစိုက် ကောင်းမွန်နေစေဦးတော့။

မိမိ၏ ဇနီးသည် သို့မဟုတ် ချစ်သူက ဖန်သားပြင်ထက်တွင် အခြားသူတစ်ဦးနှင့် ဖက်လဲတကင်း ရှိနေသည်ကို မြင်တွေ့ရခြင်း၊ နမ်းရှုပ်နေသည်ကို မြင်တွေ့ရခြင်း သို့မဟုတ် ထို့ထက်ပိုသော အခန်းများကို မြင်တွေ့ရခြင်းအားဖြင့် သာမန် အမျိုးသားတစ်ဦးအနေဖြင့် မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။ သေချာပေါက်၊ ထိုအရာများကို ဂရုမစိုက်သောသူများ သို့မဟုတ် ပို၍ပင် စိတ်လှုပ်ရှားတတ်သော သူများလည်း ရှိကောင်းရှိနိုင်သော်လည်း... ထိုအကြောင်းများကိုတော့ ချန်ထားလိုက်ကြရအောင်…

"အင်း... ဒါဆိုရင် ကျွန်မ ပြန်ရောက်တဲ့အခါ ကီနီယဲ့ဗ် ကို ပြောပြလိုက်ပါ့မယ်။ Music Video အချို့ကို အမြန်ဆုံး ရိုက်ကူးလိုက်တာပေါ့"

ကုမ္ပဏီဘက်ကလည်း ကြိုတင်ပြင်ဆင်မှုများ ရှိနေပြီးသား ဖြစ်သည်။ အယ်လီနာသဘောတူလိုက်သည်နှင့် ဇာတ်ညွှန်း၊ ဒါရိုက်တာ အစရှိသည်တို့က အဆင်သင့်ဖြစ်နေသဖြင့် အချိန်တိုအတွင်း ရိုက်ကူးနိုင်မည်မှာ အမှန်ပင်။

"ဒါနဲ့... မင်း ဥရောပနဲ့ အမေရိကမှာ ဖျော်ဖြေပွဲ လုပ်တော့မှာဆိုတော့၊ အင်္ဂလိပ် သီချင်းအသစ်တွေ ပြင်ဆင်ထားပြီးပြီလား?"

"သီချင်းအသစ်လား။ မရှိသေးပါဘူး၊ အခုဆိုနေတာတွေက လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ထွက်ထားတဲ့ သီချင်းတွေပဲလေ"

"အင်း... နောက်ကျရင် ငါ မင်းအတွက် အင်္ဂလိပ် သီချင်းနှစ်ပုဒ်လောက် ရေးပေးမယ်။ ကုမ္ပဏီကိုတော့ တေးဂီတ စီစဉ်မှု လုပ်ခိုင်းလိုက်ပေါ့" ဖုန်းယွီခဏတာ စဉ်းစားလိုက်သည်။ အယ်လီနာ၏ အသံအရည်အသွေးအရ Taylor Swift၏ သီချင်းများကို သီဆိုလျှင် များစွာ လိုက်ဖက်ပေလိမ့်မည်။

ဥပမာအားဖြင့် White Horse၊ Love Story၊ You Belong With Me အစရှိသည်တို့မှာ ဂန္ထဝင် သီချင်းကောင်းများ ဖြစ်ကြသည်။ သီချင်းတိုင်းသည် အမေရိက၏ ကျေးလက်တေးဂီတ ဇယားများတွင်သာမက Grammy ဆုပေးပွဲတွင်ပင် ဟိုးဟိုးကျော်ခဲ့သည် မဟုတ်ပါလား။

လေဒီဂါဂါ၏ သီချင်းများမှာမူ အယ်လီနာနှင့် သိပ်မလိုက်ဖက်လှပါချေ။ အဘယ်ကြောင့်ဆိုသော် ထိုသီချင်းများမှာ ပိုမိုလေးနက်ထူထဲသော အသံမျိုးကို လိုအပ်သောကြောင့် ဖြစ်သည်။

ဖုန်းယွီက သူမအတွက် ထပ်မံ၍ သီချင်းရေးပေးမည်ဆိုသဖြင့် အယ်လီနာမှာ အတိုင်းမသိ ပျော်ရွှင်နေခဲ့သည်။ သူမတစ်ဦးတည်းသာ ဖုန်းယွီဆီမှ သီချင်းရေးပေးခြင်းကို ခံရသူ ဖြစ်ပေလိမ့်မည်။

"ရှင် ဒီလောက်အထိ အပင်ပန်း ခံမနေပါနဲ့ဦး။ ကုမ္ပဏီမှာလည်း သီချင်းတွေကို သီးသန့် ဝယ်ယူပေးတဲ့သူတွေ ရှိပါတယ်"

"သူတို့ ရေးတဲ့ သီချင်းတွေက မင်းနဲ့ လိုက်ဖက်ချင်မှ လိုက်ဖက်မှာပါ"

"အင်း" အယ်လီနာရှေ့ဆက်၍ တစ်စုံတစ်ရာ မပြောတော့ပါချေ။ သူမ၏ နှလုံးသားထဲတွင်မူ အတိုင်းမသိသော ကြည်နူးမှုများသာ ပြည့်နှက်နေခဲ့တော့သည်။

နောက်တစ်နေ့တွင် ဖုန်းယွီသည် အယ်လီနာကို လေဆိပ်သို့ လိုက်လံ ပို့ဆောင်ပေးခဲ့ပြီး သူမ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ တိုကျို သို့ ရောက်ရှိသည့်အခါတွင်လည်း စိုးရိမ်နေရန် မလိုအပ်ပါချေ။ ခါမီဒါ မာဆာအိုသည် ဖုန်းယွီ၏ ဖုန်းကို လက်ခံရရှိထားပြီးဖြစ်ရာ လိုအပ်သည့် အချိန်တိုင်းတွင် အနီးကပ် စောင့်ရှောက်ပေးနေမည် ဖြစ်သည်။

လက်ရှိ ဂျပန်နိုင်ငံတွင် ခါမီဒါ မာဆာအို၏ အဆင့်အတန်းအရ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အား လာရောက် ပြဿနာရှာဝံ့ကြမည် မဟုတ်ပါချေ။

အစောပိုင်းက ခါမီဒါ မာဆာအိုသည် Wind-Rain Holdings ၏ ဥက္ကဋ္ဌ တစ်ဦးသာ ဖြစ်ခဲ့သဖြင့် ဂျပန်တွင် သူ၏ အဆင့်အတန်းမှာ ထိုမျှအထိ မကြီးမားခဲ့ပါချေ။ သူ၏ပိုင်ဆိုင်မှုမှာ များပြားလှစေဦးတော့၊ သူ၏သြဇာအာဏာမှာ ကုမ္ပဏီကြီးများ၏ ဥက္ကဋ္ဌများကို မယှဉ်နိုင်ခဲ့ပါချေ။

သို့သော်လည်း ခါမီဒါ မာဆာအိုသည် Softbank၏ ဒါရိုက်တာ ဖြစ်လာခဲ့ပြီးနောက်တွင်မူ၊ Softbank၏ ရှယ်ယာရှင်များ၏ အကူအညီဖြင့် သူနှင့် သူ၏ မိသားစု၏ အဆင့်အတန်းမှာ ဂျပန်တွင် တဟုန်ထိုး မြင့်တက်လာခဲ့သည်။

ယခုအခါ သြဇာအာဏာပိုင်းတွင် ကြည့်မည်ဆိုပါက ကုမ္ပဏီကြီးများနှင့် စီးပွားရေး အုပ်စုကြီးများ၏ ဥက္ကဋ္ဌများထက် လျော့နည်းခြင်း မရှိတော့ပါချေ။ သူ၏ ရာထူးနှင့် ငွေကြေး အင်အားကြောင့် အချို့သော စီးပွားရေး အုပ်စုကြီးများ၏ ဥက္ကဋ္ဌများထက်ပင် သာလွန်နေသေးသည်။

ဖုန်းယွီသည် အိမ်သို့ ပြန်ရောက်သည့်အခါ ဝမ်ကျုံးကျွင်းထံသို့ ဖုန်းဆက်လိုက်သည်။ "ငါ့အတွက် တေးရေးဆရာ နှစ်ယောက်လောက် ရှာပေးစမ်းပါ၊ အရေးကြီး ကိစ္စရှိလို့"

ဝမ်ကျုံးကျွင်းသည်လည်း ဖုန်းယွီဘာကို ဆိုလိုမှန်း မသိသော်လည်း ကုမ္ပဏီ လက်အောက်ရှိ ထိပ်တန်း တေးရေးဆရာ နှစ်ဦးကို ဖုန်းယွီထံသို့ လွှတ်ပေးလိုက်သည်။

ထိုတေးရေးဆရာ နှစ်ဦးမှာလည်း အစပိုင်းတွင် အတော်ပင် မာန်တက်နေခဲ့ကြသည်။ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ယောက်က ကုမ္ပဏီအတွက် သီချင်းတစ်ပုဒ်လောက် ရေးခိုင်းမည်ဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ရှန်ဟိုင်းရှိ Wind-Rain Building ထဲသို့ ဝင်ရောက်လိုက်သည့် အခါတွင်မူ အခြေအနေမှာ မရိုးရှင်းကြောင်း သူတို့ သိရှိလိုက်ရသည်။

ဖုန်းယွီကိုယ်တိုင် ထွက်မလာခဲ့ပါချေ။ လူတစ်ဦးက သူတို့ နှစ်ဦးအား Voice recorderတစ်ခုကို ပေးအပ်ခဲ့သည်။ "ဒီထဲက တေးသွားတွေကို နားထောင်ကြည့်လိုက်ပါ။ ပြီးရင်တော့ အဲဒီအတွက် ဂီတ သင်္ကေတတွေကို ချရေးပေးပါ"

သူတို့ နှစ်ဦးမှာ မှင်တက်သွားကြရသည်။ ဤကဲ့သို့သော အလုပ်မျိုးကို တစ်ခါမျှ မလုပ်ခဲ့ဖူးပါချေ။

သူတို့သည် တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားကာ အလျင်အမြန်ပင် ဆိုလိုက်ကြသည်။ "ဥက္ကဌဝူ ကျွန်တော်တို့ သူတစ်ပါးရဲ့ တေးသွားကို ခိုးယူတာမျိုးတော့ မလုပ်နိုင်ဘူးနော်။ အဲဒါက ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်သလို ဖြစ်သွားလိမ့်မယ်"

ဂုဏ်သိက္ခာ ပျက်စီးသွားခြင်းသည် မိမိတို့၏ထမင်းအိုးကို ကိုယ်တိုင် ရိုက်ခွဲလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည် မဟုတ်ပါလား။

"ဘာတွေ တွေးနေကြတာလဲ။ ဒါက ငါတို့ အလုပ်ရှင်ကိုယ်တိုင် သီဆိုထားတဲ့ တေးသွားတွေလေ။ ဒီနေရာက ဘယ်လို နေရာမျိုးလဲဆိုတာ ခင်ဗျားတို့ သိမှာပါ၊ ငါတို့က သူတစ်ပါးရဲ့တေးသွားတွေကို ခိုးယူဖို့ လိုအပ်လို့လား" ဝူကျိကန်းက စားပွဲကို ပုတ်ကာ ဒေါသတကြီး ဆိုလိုက်သည်။

ဒီလူတွေက ဘယ်လိုလူတွေလဲ၊ Bossကို ဒီလိုမျိုး စွပ်စွဲရဲတယ် ဟုတ်လား။

ထိုထိပ်တန်း တေးရေးဆရာ နှစ်ဦးမှာလည်း ထိုအခါမှသာ အသံဖမ်းစက်ကို ယူကာ နားထောင်ကြည့်တော့သည်။ ဤလုပ်ငန်းရှင်ကြီး သီဆိုထားသော တေးသွားမှာ မည်သို့ရှိမည်နည်းဟု သိရှိလိုသောကြောင့် ဖြစ်သည်။

၎င်းတို့၏ စိတ်ထဲတွင်မူ ဤတေးသွားမှာ အလွန်ပင် နားထောင်ရ ဆိုးဝါးလိမ့်မည်ဟု ကြိုတင်တွက်ဆထားခဲ့ကြသည်။ သို့သော်လည်း အမှန်တကယ် နားထောင်လိုက်ရသည့် အခါတွင်မူ နှစ်ဦးသားမှာ တစ်ပြိုင်တည်း မှင်တက်သွားကြရသည်။

ဤတေးသွားမှာ နားထောင်ရ ဆိုးဝါးခြင်း မရှိသည့်အပြင်၊ အလွန်ပင် သာယာနာပျော်ဖွယ် ရှိနေခဲ့သည်။ သို့သော်လည်း ဤသည်မှာ ပြည်တွင်းရှိ လူကြိုက်များသော ပုံစံမျိုး မဟုတ်ဘဲ၊ အမေရိက၏ ကျေးလက်တေးဂီတပုံစံမျိုး ဖြစ်နေခဲ့သည်။

သို့သော်လည်း မည်သို့သော ပုံစံမျိုးဖြစ်စေကာမူ အမှန်တကယ်ပင် နားထောင်လို့ ကောင်းလှပေသည်။

"ခင်ဗျားတို့ နှစ်ယောက် ဘယ်အချိန်လောက်မှာ ဂီတသင်္ကေတ အပြည့်အစုံကို ပေးနိုင်မလဲ" ဝူကျိကန်း က မေးမြန်းလိုက်သည်။

"အကယ်၍ တေးဂီတ စီစဉ်မှုပါ လုပ်ရမယ်ဆိုရင်တော့ သုံးရက်လောက် ကြာပါလိမ့်မယ်"

"တေးဂီတ စီစဉ်မှု မလိုဘူး"

"ဒါဆိုရင်တော့ ကျွန်တော့်ကို စန္ဒရားတစ်လုံး ပေးပါ၊ အီလက်ထရွန်နစ် ကီးဘုတ်ဆိုလည်း ရပါတယ်။ ဒါမှမဟုတ် ဂစ်တာတစ်လက် ဆိုရင်တောင်မှ တစ်နာရီအတွင်းမှာပဲ သင်္ကေတတွေ အကုန် ထွက်လာစေရမယ်" တေးရေးဆရာ တစ်ဦးက ဆိုလိုက်သည်။

"ဒါနဲ့... မစ္စတာဝူ ဒီသီချင်းက ခင်ဗျားတို့ အလုပ်ရှင် သီဆိုထားတာ ဆိုတာ သေချာရဲ့လား။ ကျုံးချင်းရှန်ကို ပြောတာလား"

"မဟုတ်ဘူး၊ ငါတို့ရဲ့ ဥက္ကဋ္ဌကို ပြောတာ"

တေးရေးဆရာနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရင်း၊ မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်က သီချင်းပါ ရေးစပ်နိုင်တယ် ဟုတ်လား။

******

All Chapters