← Chapters

စီးဆင်းနေသော အချိန်

Vol. 77 Ch. 808

စီးဆင်းနေသော အချိန်

Vol. 77 Ch. 808

​ဆွေးနွေးတိုင်ပင်ပြီးနောက်တွင် ထန်ထျန်းက ကျွင်းချန်ချင်းကို ရှာဖွေရန် အချိန်မြစ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရန် ဆုံးဖြတ်လိုက်သည်။

​မဟာပျက်သုဉ်းမြို့ဟောင်းတွင် ဆက်လက်စောင့်ဆိုင်းနေခြင်းမှာ အဓိပ္ပာယ် များများစားစား မရှိတော့ပေ။ ထန်ထျန်း၏ ခွန်အားမှာ အချိန်နှင့်အမျှ တိုးတက်နေသည်မှာ မှန်သော်လည်း ကျွင်းချန်ချင်းသာ အချိန်မြစ်ထဲမှ ထူးခြားဆန်းပြားသည့် အရာတစ်ခုခုကို ယူလာနိုင်ခဲ့ပါက ၎င်းမှာ သေချာပေါက် ကောင်းကျိုးပေးမည် မဟုတ်ပေ။

​နောက်ဆုံးရက်အနည်းငယ်ကို စိုးရိမ်တကြီး စောင့်ဆိုင်းနေမည့်အစား ကိုယ်တိုင် စတင်တိုက်ခိုက်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။

​ထို့အပြင် ခုနက ထိုက်ချန်ကျိကျွင်းနှင့် တိုက်ခိုက်ပြီးနောက် ထန်ထျန်းက သူ့၏ခွန်အားနှင့် ပတ်သက်၍ ပိုမို နားလည်လာ ခဲ့သည်။

ယခု သူ၏အခြေအနေမှာ ကျွင်းချန်ချင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် လုံလောက်နေပြီဖြစ်သည်။

​“မင်းနဲ့အတူ ဘယ်သူလိုက်ပေးဖို့ လိုမလဲ”

နေနတ်ဘုရားက မေးသည်။

​ထန်ထျန်း ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါပြလိုက်သည်။ “မလိုဘူး”

​“ငါတစ်ယောက်တည်း သွားတာက ပိုကောင်းတယ်”

​“ဒီတစ်ခေါက်ရဲ့ အဓိကရည်ရွယ်ချက်က ကျွင်းချန်ချင်း အချိန်မြစ်ထဲမှာ ဘာလုပ်နေလဲဆိုတာကို အရင်စုံစမ်းဖို့ပဲ၊ သူ့ကို တိုက်ဖို့က ဒုတိယပဲ”

​“တကယ်လို့ မယှဉ်နိုင်ခဲ့ရင်တောင် ငါတစ်ယောက်တည်းဆိုရင် အချိန်မီ ပြန်လာနိုင်တယ်လေ”

​ယခု သူ၏ခွန်အားမှာ အခြားသူများနှင့် ကွာဟချက် အလွန်ကြီးမားသွားပြီဖြစ်သည်။

တစ်လောကလုံးတွင် ကျွင်းချန်ချင်း တစ်ဦးတည်းသာ သူနှင့် ယှဉ်နိုင်တော့သည်။

အခြားသူများမှာမူ သူ့ကို ကူညီနိုင်စွမ်း မရှိတော့ပေ။

​နေနတ်ဘုရားက ခေါင်းငြိမ့်ပြလိုက်သည်။ “သတိထားပါ၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့”

​“ကျွင်းချန်ချင်း ရှာနေတဲ့အရာက သူ့ခွန်အားအတွက် ထူးခြားတဲ့ အကျိုးသက်ရောက်မှု မရှိဘူးဆိုရင် ဘာမှစိုးရိမ်စရာ မလိုဘူး”

​“အခုအချိန်မှာ အချိန်က ငါတို့ဘက်မှာ ရှိနေတာ”

​ထန်ထျန်းသည်လည်း နေနတ်ဘုရား၏ စကားကို လက်ခံလိုက်သည်။

လက်ရှိ အရှိန်အဟုန်အတိုင်း ကျန်ရှိနေသော သုံးစွဲမှုအမှတ် အားလုံးကိုသာ စုပ်ယူနိုင်ခဲ့လျှင် သူ၏ခွန်အားမှာ ခန့်မှန်း၍မရနိုင်သော အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

​ထိုအခါ ခွန်အားအပြည့်အဝ မရသေးသည့် ကျွင်းချန်ချင်းကို အသာအယာ အနိုင်ယူ နိုင်မည်မှာ အသေအချာပင်။

အထွတ်အထိပ် ရောက်နေသည့် ကျွင်းချန်ချင်းနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသွားပေလိမ့်မည်။

​ထို့နောက် အသေးစိတ်အချက်အလက်အချို့ကို ထပ်မံဆွေးနွေးပြီးနောက် ထန်ထျန်းက ချက်ချင်း ထွက်သွား ရန် ပြင်လိုက်သည်။

နေနတ်ဘုရားတို့ အဖွဲ့မှာမူ ထန်ထျန်း အပြန်ကို စောင့်ရင်း ထျန်းတိကျင့်ကြံရေးကွင်းပြင်တွင် ဆက်လက် နေခဲ့ကြသည်။

​တစ်ချိန်တည်းမှာပင် လူတိုင်းက အဆိုးဆုံး အခြေအနေအတွက်လည်း ပြင်ဆင်ထားကြသည်။

အကယ်၍ ထန်ထျန်းသာ ကျွင်းချန်ချင်းကို မယှဉ်နိုင်ဘဲ ကျဆုံးသွားခဲ့လျှင် သူတို့အားလုံးက မဟာပျက်သုဉ်းမြို့ဟောင်းကို တိုက်ရိုက် သန့်စင် လိုက်ပြီး ဤစစ်တုရင်ခုံကို မှောက်လှန်ကာ ကျွင်းချန်ချင်းနှင့်အတူ အသေခံ တိုက်ခိုက်ကြပေလိမ့်မည်။

​သို့သော် ယခုအချိန်တွင် လူတိုင်း၏ မျှော်လင့်ချက်မှာ ထန်ထျန်း တစ်ဦးတည်းပေါ်တွင်သာ ရှိနေသေးသည်။

​လူတိုင်း၏ မျှော်လင့်တကြီး ကြည့်နေသည့် အကြည့်များကို ရင်ဆိုင်ရင်း ထန်ထျန်း ဘာမှ အများကြီး မပြောဘဲ ခေါင်းအသာအယာ ငြိမ့်ပြကာ တိုးတိုးလေး ပြောလိုက်၏။ “ငါ သွားပြီ”

​ပြောပြီးသည်နှင့် သူက လက်ဖျောက်တစ်ချက် တီးလိုက်ရာ သူ၏ ကိုယ် မှာ တဖြည်းဖြည်း ဝေဝါးသွားပြီး နောက်ဆုံးတွင် လူတိုင်း၏ ရှေ့မှ လုံးဝ ပျောက်ကွယ်သွားတော့သည်။

​သူ ပျောက်ကွယ်သွားပြီးနောက်တွင်လည်း လူတိုင်း၏ အကြည့်မှာ သူ ရှိခဲ့သည့် နေရာဆီသို့သာ စိုက်ကြည့်နေကြဆဲ ဖြစ်သည်။

​ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ဟုန်းမန်ကျိကျွင်းက သက်ပြင်းတစ်ချက် ချလိုက်သည်။ “သူ အောင်မြင်မှာပါနော်”

​နေနတ်ဘုရားက ဟင်းလင်းပြင်ကို မော့ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ “ငါလည်း မသိဘူး”

​“ကျွင်းချန်ချင်း ပြန်လည် အသက်ရှင်လာတဲ့ အချိန်ကစပြီး ဒီကမ္ဘာကြီးကို ရှင်းရှင်းလင်းလင်း မြင်ဖို့ ခက်ခဲသွားပြီ”

​“မြူခိုးတွေ ဖုံးလွှမ်းနေသလိုပဲ”

​“တကယ်လို့ သူအောင်မြင်ရင် အားလုံး ပုံမှန်အတိုင်း ဖြစ်သွားမှာပါ”

​“ဒါပေမဲ့ ရှုံးသွားခဲ့ရင်...”

​နေနတ်ဘုရား ဆက်မပြောတော့ပေ။ သို့သော် လူတိုင်း ရင်ထဲတွင်မူ ရှင်းလင်းစွာ သိနေကြသည်။

အကယ်၍ ထန်ထျန်းပင် ရှုံးနိမ့်သွားခဲ့လျှင် အနာဂတ်ဆိုသည်မှာ လုံးဝ တည်ရှိတော့မည် မဟုတ်ပေ။

​“ဒီတစ်ခေါက်တော့... ကံကြမ္မာရဲ့ ရေစီးကြောင်းက ငါတို့ဘက်ကို တစ်ချက်လောက် လှည့်ကြည့်ပါစေလို့ပဲ ဆုတောင်းရမှာပဲ...”

......

​အဆုံးမရှိ ကျယ်ပြောလှသော ငွေရောင်မြစ်ကြီး တစ်စင်းက မည်သည့်နေရာမှ စတင်လာသည်ကို မသိရဘဲ တငြိမ်ငြိမ် စီးဆင်းနေသည်။

မြစ်၏ ရှေ့တွင်မူ အဆုံးမရှိသော မြူခိုးကမ္ဘာကြီး တစ်ခု ရှိနေသည်။

​ငွေရောင်မြစ် စီးဆင်းသွားသည်နှင့်အမျှ ထိုမြူခိုးများမှာ ဖြည်းညှင်းစွာ ကွဲလွင့်သွားကြသည်။

ဤဖြစ်စဉ်မှာ နှစ်ကာလ မည်မျှကြာခဲ့ပြီမှန်း မသိသော်လည်း မပြောင်းလဲဘဲ ဆက်လက် ဖြစ်ပေါ်နေသည်။

​ရုတ်တရက် ထိုငွေရောင်မြစ်နှင့် မြူခိုးကမ္ဘာ၏ အလယ်ဗဟိုတွင် လူရိပ်တစ်ခု ပေါ်လာသည်။

၎င်းမှာ ထန်ထျန်းပင် ဖြစ်သည်။

​ဤငွေရောင်မြစ်မှာ အချိန်မြစ် ပင် ဖြစ်သည်။

​အချိန်မြစ်က ရှိခြင်း နှင့် မရှိခြင်း ကြားတွင် တည်ရှိသည်။ ၎င်းမှာ တည်ရှိခြင်း မရှိသလို နေရာတိုင်းမှာလည်း တည်ရှိနေသည်။

ထန်ထျန်း၏ လက်ရှိ အဆင့်အရဆိုလျှင် စိတ်ကူးလိုက်ရုံဖြင့် ကမ္ဘာ့ မည်သည့်နေရာမှမဆို အချိန်မြစ်အတွင်းသို့ ဝင်ရောက်နိုင်သည်။

​ရှေ့ရှိ မြူခိုးများမှာ မသေချာ မရေရာသော အနာဂတ်ဖြစ်ပြီး နောက်ဘက်ရှိ ငွေရောင်မြစ်ကြီးမှာမူ ဖြစ်ပျက်ပြီးသား ပြောင်းလဲ၍မရသော အတိတ်ပင် ဖြစ်သည်။

​အချိန်မြစ်မှာ တစ်စင်းတည်းသာ ရှိသည်။ ကျွင်းချန်ချင်းသာ ဤနေရာမှာ ရှိနေပါက ထန်ထျန်းအနေဖြင့် ရေဆန်တက်သွားရုံဖြင့် ကျွင်းချန်ချင်း ရှိသည့် နေရာကို ရှာတွေ့နိုင်မည် ဖြစ်သည်။

​ထန်ထျန်း အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး အတိတ်ရှိရာ အရပ်ဆီသို့ လှမ်းလျှောက်သွားလိုက်သည်။

​ဤနေရာတွင် အချိန်နှင့် ဟင်းလင်းပြင်မှာ အဓိပ္ပာယ် မရှိတော့ပေ။ ခြေလှမ်းတိုင်းမှာ အချိန်နှင့် ဟင်းလင်းပြင် ကို ဖြတ်သန်းနေခြင်း ဖြစ်သည်။

​အောက်ရှိ အချိန်မြစ်ကို ငုံ့ကြည့်ရင်း ထန်ထျန်းက သူ အနန္တစကြာဝဠာ သို့ စတင်ရောက်ရှိလာသည့် အချိန်ကို လျင်မြန်စွာ မြင်လိုက်ရသည်။

​ကျင်းယွီခန်းမ၊ လင်းယွဲ့။

​အဲဒါက ဒီကမ္ဘာမှာ သူ ပထမဆုံး လုပ်ခဲ့တဲ့ အရောင်းအဝယ်ဖြစ်ပြီး အဲဒီနေ့ကစလို့ သူက ကျင့်ကြံခြင်း လမ်းပေါ်ကို တကယ် စတင် လျှောက်လှမ်းခဲ့တာ ဖြစ်သည်။

ထိုစဉ်က မရင်းနှီးသော ကမ္ဘာသစ်သို့ ရောက်လာရသည့် ထိတ်လန့်စိုးရိမ်မှုများရှိသလို စနစ် နှစ်ခုကို ရရှိထားသဖြင့် စိတ်လှုပ်ရှားမှုများလည်း ရှိခဲ့သည်ကို သူ မှတ်မိနေသေးသည်။

​သူ့ကိုယ်သူ ဇာတ်လိုက်တစ်ယောက် ဖြစ်သွားပြီဟု ထင်ခဲ့သည်။

သို့သော် ယခု ပြန်ကြည့်ရလျှင် ထိုစဉ်က သူ၏ လုပ်ရပ်များမှာ အနည်းငယ် တုံးအခဲ့သည်ဟု ဆိုနိုင်သည်။

​ပထမဆုံးအနေဖြင့် အရောင်းအဝယ် လုပ်သည့် နည်းလမ်းမှာ လူသိရှင်ကြား ဖြစ်လွန်းခဲ့သည်။

အကယ်၍ သူသာ ချင်းယွဲ့ဂိုဏ်းမှာ မဟုတ်ဘဲ အခြား ကျင့်ကြံရေးနယ်မြေမှာဆိုလျှင် မသမာသူများ၏ သတ်ဖြတ် လုယက်ခြင်းကို ခံရဖို့ အတော်လေး နီးစပ်ခဲ့သည်။

​ဒုတိယအချက်မှာ လင်ယွဲ့နှင့် ပဋိပက္ခ ဖြစ်ရန်ပင် မလိုခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူ စနစ်ကို ရရှိသည့် အချိန်မှစ၍ သူတို့နှစ်ဦးမှာ ကမ္ဘာနှစ်ခုက လူသားများ ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။

သို့သော် ကံကောင်းထောက်မစွာဖြင့် အစပိုင်း အခက်ခဲဆုံးအချိန်ကို ဘေးမသီရန်မခ ကျော်ဖြတ်နိုင်ခဲ့သည်။

​သူ ဆက်လက် လျှောက်လှမ်းနေသည်။

​ထို့နောက် သူက သူ၏ ယခင်ဘဝ၊ မူလ ထန်ထျန်းကို မြင်လိုက်ရသည်။

သူ၏ ဘဝမှာ တကယ်ပင် သနားစရာ ကောင်းလှသည်။

​ခွန်အား မရှိ၊ နောက်ခံ မရှိ၊ ပိုက်ဆံလည်း မရှိသဖြင့် မည်သူမဆို သူ့ကို နှိမ်ချနိုင်သည်။ နေ့စဉ်ရက်ဆက် အနိုင်ကျင့်ခံရခြင်း သို့မဟုတ် အနိုင်ကျင့်ခံရမည့် လမ်းပေါ်မှာသာ ရှိနေပြီး ကူညီပေးမည့်သူ တစ်ဦးမျှ မရှိခဲ့ပေ။

တကယ်တော့ အဓိက အချက်မှာ သူ၏ စိတ်ဓာတ်မှာ အလွန်အမင်း ပျော့ညံ့လွန်းခဲ့ခြင်းပင်။

နောက်ဆုံးတွင် သေးငယ်သော ကိစ္စတစ်ခုကြောင့် စိတ်ထိခိုက်ကာ သေဆုံး ခဲ့ရသည်။

​ထန်ထျန်း ခေါင်းခါလိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။

​ထို့ထက် ပို၍ ဝေးကွာသော နှစ်ကာလများမှာမူ သူနှင့် ဘာမှ မသက်ဆိုင်တော့ပေ။

သို့သော် ထန်ထျန်းသည် ယခင်က လုချန်းကျီ (လုမင်) ကို မြင်လိုက်ရသည်။

ထိုစဉ်က သူနှင့် လင်းရင်တို့မှာ ဖြူစင်ရိုးသားသည့် ငယ်ချစ်ဉီး သူငယ်ချင်းများအဖြစ် ခရမ်းရောင်ဝါးခြံဝင်းထဲတွင် ဝါးတော တာအိုဆရာ နှင့်အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြသည်။

နှမြောစရာကောင်းသည်မှာ နောက်ပိုင်းတွင် အရာအားလုံး ပြောင်းလဲသွားခဲ့ခြင်းပင်။

​ထန်ထျန်း ရှေ့သို့ ဆက်လျှောက်သည်။ အတိတ်သမိုင်းကြောင်းမှာ သူ၏ ခြေဖဝါးအောက်ရှိ မြစ်ရေများကဲ့သို့ လျင်မြန်စွာ စီးဆင်းသွားသည်။

​သူက ချင်းယွဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်လေး ယွင်ခုံး ငယ်ရွယ်စဉ်က ဂုဏ်ရောင်ပြောင်နေပုံ၊ သူ့ဘေးတွင် လှပသော မိန်းကလေးများ ဝိုင်းဝိုင်းလည်နေပြီး ထိုစဉ်က ချင်းယွဲ့ဂိုဏ်း၏ အထင်ပေါ်ဆုံးလူ ဖြစ်ခဲ့ပုံတို့ကို မြင်လိုက်ရသည်။

​ထို့နောက် အော်ရာများ လွှမ်းမိုးထားကာ ချင်းယွဲ့ဂိုဏ်းမှ ကျင့်ကြံသူ များကို ဦးဆောင်ပြီး အရပ်မျက်နှာ အနှံ့ သောင်းကျန်းခဲ့သည့် ချီယွမ် ကိုလည်း မြင်လိုက်ရသည်။

အဲဒါက ချင်းယွဲ့ဂိုဏ်း စတင် တည်ထောင်စ အချိန်ပေါ့။

​ရှေ့သို့ ဆက်သွားပြန်ရာ ထန်ထျန်း၏ အမြင်အာရုံမှာ တိမ်တိုက်ထျန်းဖူ နန်းတော် ဆီသို့ ရောက်သွားသည်။

​လန်တင်း၊ မင်ရွှမ်၊ ရှင်းဟယ် အင်မော်တယ် ဧကရာဇ်၊ မဟာအကြီးအကဲ စသည်ဖြင့်။

သူတို့ တစ်ဦးချင်းစီမှာ သူတို့၏ ကိုယ်ပိုင်ခေတ် တစ်ခေတ်စီ ရှိခဲ့ကြပြီး ထိုခေတ်များတွင် သူတို့က ဇာတ်လိုက်များ ဖြစ်ခဲ့ကြသည်။

​သို့သော် ထိုခေတ်ကာလများမှာ ခြေဖဝါးအောက်ရှိ အချိန်မြစ်ထဲတွင်တော့ မသိသာလှသော ရေပွက်ကလေးများမျှသာ ဖြစ်သည်။

အမှန်စင်စစ် အချိန်မြစ်သာ ဆက်လက် စီးဆင်းနေမည်ဆိုလျှင် ထန်ထျန်း၏ လက်ရှိခေတ်သည်ပင် အနာဂတ်တွင် ထိုကဲ့သို့သော ရေပွက်ကလေး တစ်ခုသာ ဖြစ်သွားပေလိမ့်မည်။

​တိမ်တိုက် ထျန်းဖူ နန်းတော်၏ သမိုင်းကြောင်းကို ဖြတ်ကျော်ပြီးနောက် ထန်ထျန်းက သူ၏ ခြေလှမ်းများကို မြှင့်လိုက်သည်။

​နှစ်ကာလများမှာ ဆက်လက်၍ နောက်ပြန် စီးဆင်းနေဆဲပင်။

All Chapters