← Chapters

အပြစ်ဒဏ်

Vol. 58 Ch. 799

အပြစ်ဒဏ်

Vol. 58 Ch. 799

"မူ...မူလအကြွေစေ့ ကိုးဆယ်လား။"

ကျင်းထျန်းတို့မှာ ထိတ်လန့်တုန်လှုပ်သွားရသည်။ "မင်းက ငါတို့ကို ဓားပြတိုက်နေတာပဲ။"

"ဒါပေါ့...။"

ဇူယွမ်မှာ တည်ငြိမ်စွာဖြင့် စကားဆိုလိုက်သည်။ "ဘာလဲ...မင်းတို့က မပေးချင်လို့လား။ အဲ့ဒါဆိုလည်း မင်းတို့ရဲ့ ခြေတွေလက်တွေကို ဖြတ်ပေးရမှာပေါ့။"

ကျင်းထျန်းမှ အလျင်အမြန် ပြောလိုက်သည်။ "လက်ထောက်ခေါင်းဆောင်ကြီးရယ်...ကျွန်တော်တို့က တစ်လမှ မူလအကြွေစေ့ သုံးဆယ်ထဲ ရတာပါ။ ဘယ်လိုလုပ် အဲ့လောက်အများကြီး ရှိပါ့မလဲ။"

"ငါ့ကို စျေးလာဆစ်နေတာလား။ မင်းက အခုစျေးဝယ်နေတာ မဟုတ်ဘူးနော်။ မင်းမှာပေးစရာ မရှိရင် ငါကတော့ မင်းတို့ခြေတွေ လက်တွေ ဖြတ်ပစ်ရမှာပဲ။" ဇူယွမ်မှ အေးစက်စွာ ပြောလိုက်သည်။

"အသက်ရှုချိန် ဆယ်ခါစာအတွင်း ထုတ်မပေးဘူးဆိုရင် ငါ့ကိုအဆိုးမဆိုနဲ့တော့။"

ဇူယွမ်မှာ သတ်ဖြတ်လိုစိတ်များ ပြင်းပြလာပြီး မျက်ဝန်းများကို ညင်သာစွာ ပိတ်လိုက်သည်။

ကျင်းထျန်းတို့မှာ အမူအရာ ပျက်ယွင်းနေရသည်။ ၎င်းတို့သည် ဇူယွမ်အား ထိုမျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

အသက်ရှုချိန် ဆယ်ခါစာမှာ လျင်မြန်စွာပင် ကုန်ဆုံးသွားသည်။

ဇူယွမ်မှာ မျက်ဝန်းများကိုဖွင့်လျက် ၎င်းတို့၏ ခြေလက်များကို ဖြတ်တောက်ရန် ပြင်ဆင်လိုက်သည်။

ကျင်းထျန်းမှာ ကြောက်ရွံ့လွန်းစွာဖြင့် အော်ဟစ်လိုက်သည်။ "မလုပ်ပါနဲ့....ပေးပါ့မယ်။"

ထို့နောက် သိုလှောင်အိတ်အတွင်းမှ မူလအကြွေစေ့များကို ထုတ်ယူလိုက်သည်။

ဇူယွမ်မှာ တည်ငြိမ်စွာပင် မူလအကြွေစေ့များကို သိမ်းယူလိုက်ပြီးနောက် လင်ထျန်းနှင့် ဝူသောင့်တို့အား အေးစက်စွာ ကြည့်ရှုလိုက်သည်။

လင်ထျန်းနှင့် ဝူသောင့်တို့မှာလည်း ရွေးချယ်စရာ မရှိတော့ပဲ သိုလှောင်အိတ်အတွင်းမှ မူလအကြွေစေ့များကို ထုတ်ပေးလိုက်ရသည်။

ဇူယွမ်မှာ မူလအကြွေစေ့ နှစ်ရာ့ခုနစ်ဆယ် ရရှိလိုက်သောကြောင့် နှလုံးသားအတွင်း ပျော်ရွှင်ကျေနပ် ဝမ်းသာပီတိ ဖြစ်နေရသည်။ သူသည် မူလအကြွေစေ့ ကုန်ဆုံးမှုကြောင့် စိုးရိမ်ပူပန်နေခဲ့ရပါသော်လည်း ကောင်းကင်ဘုံမှ စောင်မကြည့်ရှုပေးခဲ့သည်။

မူလအကြွေစေ့ နှစ်ရာ့ခုနစ်ဆယ်မှာ တစ်လစာမျှ လောက်ငှလောက်သည်။

ဇူယွမ်မှာ မူလအကြွေစေ့ ငါးဆယ်အား လျိုကျစ်ရွှမ်းထံ ပေးလိုက်သည်။

"လက်ဆောင်ဆိုတာ မျှယူရမှာပေါ့။" ဇူယွမ်မှ ရယ်မောကာ ပြောလိုက်သည်။ သူသည် လျိုကျစ်ရွှမ်းနှင့် အကြိမ်ရေ အနည်းငယ်မျှသာ တွေ့ဆုံဖူးပါသော်လည်း ၎င်း၏စိတ်ဓာတ်အား သဘောကျမိသည်။

လျိုကျစ်ရွှမ်းမှ ခေါင်းကိုခါယမ်းကာ ငြင်းပယ်လိုက်သည်။

ဇူယွမ်မှာ မူလအကြွေစေ့ ငါးဆယ်အား လျိုကျစ်ရွှမ်း၏ လက်ထဲအရောက် ထည့်ပေးလိုက်သည်။

"သူတို့က မင်းကိုနှိပ်စက်ထားတာလေ။ ဒါကို သူတို့ဆီက လျော်ကြေးလို့ မှတ်လိုက်။" ဇူယွမ်မှ စကားဆိုလိုက်သည်။

လျိုကျစ်ရွှမ်းမှာ မူလအကြွေစေ့ ငါးဆယ်၏တန်ဖိုးအား ကောင်းစွာသိရှိထားသည်။ ထိုပမာဏသည် လျော်ကြေးရနိုင်သည်ထက် အဆပေါင်းများစွာ ပိုလျှံနေသည်။ ဇူယွမ်မှာ သူ့အား ကောင်းမွန်စွာ ဆက်ဆံပေးသည်မှာ ထင်ရှားပေသည်။ "ဒါဆိုလည်း ကျွန်တော့်ရဲ့ ကံကောင်းမှုလို့ပဲ မှတ်လိုက်တော့မယ်။"

ဤသို့ဖြင့် ဇူယွမ်နှင့် လျိုကျစ်ရွှမ်းမှာ ပိုမိုရင်းနှီးသွားရသည်။

ကျင်းထျန်းမှ တုန်ရီစွာ မေးမြန်းလိုက်သည်။ "လက်ထောက်ခေါင်းဆောင်....ကျွန်တော်တို့ သွားလို့ရပြီမလားဟင်။"

ဇူယွမ်မှ ပြုံးကာစကားဆိုလိုက်သည်။ "ဘာလို့သွားရမှာလဲ။"

ကျင်းထန်းမှာ ထိတ်လန့်သွားရသည်။ "ဒါပေမယ့်....မူလအကြွေစေ့တွေ တောင်းသလောက် ပေးပြီးပြီလေ။"

"အေးလေ...မူလအကြွေစေ့ပေးလို့ မင်းတို့ခြေတွေ လက်တွေကို ငါမဖြတ်တော့ဘူးလေ။ ဒါပေမယ့် မင်းတို့သွားလို့ရပြီလို့ ငါပြောလို့လား။" ဇူယွမ်မှ ရယ်မောကာ ပြောလိုက်သည်။ ၎င်းတို့အား လွယ်လွယ်နှင့် လွှတ်ပေးလိုက်စရာ အကြောင်းမရှိပေ။

"မင်း....မင်း....." ကျင်းထန်းတို့မှာ ဒေါသထွက်သွားရသည်။

ဇူယွမ်မှာ ချီစွမ်းအင် အမျှင်တန်းတစ်ခုဖြင့် ၎င်းတို့အား ချီနှောင်ကာ ပါးစပ်များကိုပါ ပိတ်ထားလိုက်သည်။

လျိုကျစ်ရွှမ်းမှ တိုးညင်းစွာ ပြောလိုက်သည်။ "ဇူယွမ်...လင်ကျန်းနဲ့ ဝူသောင့်က ချန်းပိုင်ဖန်း လက်အောက်ကလို့ ကြားဖူးတယ်။ ဒီကိစ္စက..."

ဇူယွမ်မှ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "လက်ထောက်ခေါင်းဆောင် ရဲ့ပင်းလင်ကိုရှာပြီး လေလိပ်ပြာမျှော်စင် အပေါက်ဝကို လာခဲ့ဖို့ ပြောပေးပါလား။"

ဇူယွမ်မှာ ချန်းပိုင်ဖန်းပင် နောက်ကွယ်၌ ရှိနေပါစေ နောက်ဆုတ်မည့်ဟန်မရှိပေ။ လက်ရှိအချိန်၌ ချန်းပိုင်ဖန်းသည် လေနန်းဆောင်တွင် အကျော်ကြားဆုံးဖြစ်ပြီး ရဲ့ပင်းလင်ထက်ပင် လူကြိုက်များသေးသည်။

မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ ဆုံးဖြတ်ချက်အား လွယ်လွယ်နှင့် ပြင်တက်သူ မဟုတ်ကြောင်း သိရှိနေသဖြင့် လျိုကျစ်ရွှမ်းမှာ မည်သည့်စကားမှ ထပ်၍မပြောတော့ချေ။

"ကောင်းပြီ။ သေချာတော့ သတိထားနော်။" လျိုကျစ်ရွှမ်းမှာ ဇူယွမ်အား သတိပေးပြီးနောက် ထွက်ခွာသွားတော့သည်။

ဇူယွမ်မှာ လျိုကျစ်ရွှမ်းအား နှုတ်ဆက်လိုက်ပြီးနောက် ကျင်းထျန်းတို့အား အေးစက်စွာကြည့်ကာ လေလိပ်ပြာမျှော်စင် အပေါက်ဝသို့ ဆွဲခေါ်သွားသည်။

ထိုမြင်ကွင်းမှာ လူအများ၏ အာရုံကို ဖမ်းစားသွားလေသည်။

"အဲ့ဒါ....လက်ထောက်ခေါင်းဆောင် ဇူယွမ် မဟုတ်လား။"

"သူက လူသုံးယောက်ကို ဆွဲခေါ်လာတာလား။"

"နေပါဦး....ကြည့်ရတာ ရင်းနှီးနေသလိုပဲ။"

"သူတို့တွေက အဖွဲ့မှူး ကျင်းထျန်း၊ အဖွဲ့မှူး လင်ကျန်းနဲ့ အဖွဲ့မှူး ဝူသောင့်မလား။"

"အမလေး......ဘာဖြစ်လို့ လက်ထောက်ခေါင်းဆောင် ဇူယွမ်က သူတို့ကို ကြိုးတုပ်ပြီး ဆွဲခေါ်လာရတာလဲ။"

"အဖွဲ့မှူး လင်ကျန်းနဲ့ ဝူသောင့်က လက်ထောက်ခေါင်းဆောင် ချန်းပိုင်ဖန်း လက်အောက်ကလေ။ သူတို့ကို ထိရဲတယ်ပေါ့...အားပါး...."

"မြန်မြန်လိုက်သွားရအောင်..."

"ဟုတ်တယ်။ ဘာဖြစ်တာလဲ သိချင်တယ်။"

"........"

လေလိပ်ပြာမျှော်စင် အပေါက်ဝသို့ ပုံရိပ်များစွာ ရောက်ရှိလာကြသည်။

ဇူယွမ်မှာ တည်ငြိမ်စွာဖြင့် လူအုပ်ကြီးအား ကြည့်ရှုလိုက်သည်။ ယနေ့တွင် ကျင်းထျန်းတို့အား ဥပမာအနေဖြင့်ထားကာ အားလုံးအား သတိပေးရန် ကြံရွယ်ထားသည်။

သူသည် ကျင်းထျန်းတို့သုံးဦးအား လေလိပ်ပြာမျှော်စင် အပြင်ဘက်သို့ ကန်ထုတ်လိုက်သည်။

လေလိပ်ပြာမျှော်စင်၏ အပြင်ဘက်၌

ဇူယွမ်မှာ သတင်းကြားကာ ရောက်ရှိလာကြသော အခြားနန်းဆောင်များမှ အဖွဲ့ဝင်များကိုပါ တွေ့ရှိလိုက်ရသည်။

သူသည် လူအုပ်ကြီးအားကြည့်လျက် ကျယ်လောင်စွာ ကြေညာလိုက်သည်။ "ဒီနေ့ ကျင်းထျန်း၊ လင်ကျန်းနဲ့ ဝူသောင့်က သူတို့ရဲ့အထက်လူကြီးဖြစ်တဲ့ ငါ့ကို တိုက်ခိုက်ခဲ့ကြတယ်။ အဲ့ဒါကြောင့် ကျွန်တော် သူတို့ကိုဖမ်းပြီး လက်တစ်ဖက်စီ ဖြတ်ပေးလိုက်တယ်။ သူတို့က လေနန်းဆောင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားမှု မရှိဘူး။"

ထိုစကားကြောင့် လူအုပ်ကြီးတစ်ခုလုံး ထိတ်လန့်သွားရသည်။

ကျင်းထျန်းတို့မှာ လက်ထောက်ခေါင်းဆောင် ဇူယွမ်အား ပြောင်ကျကျ တိုက်ခိုက်ရဲသည်အထိ ရဲတင်းလှသည်။ ဇူယွမ်မှာ ၎င်းတို့၏ လက်မောင်းများကိုပင် ဖြတ်ပစ်နိုင်ခဲ့သည့်အတွက် သူ၏တိုက်ပွဲစွမ်းရည်မှာ ကြောက်မက်ဖွယ်ပင် ဖြစ်သည်။

ကြည့်ရသည်မှာ ယမန်နေ့က ကျင်းထျန်းနှင့် တိုက်ခိုက်ရာတွင် လက်ထောက်ခေါင်းဆောင် ဇူယွမ်မှာ တိုက်ပွဲစွမ်းရည်ကို လျိုထားခဲ့ပုံ ရသည်။

လူတိုင်းမှာ ဇူယွမ်အား ယခင်ကထက် လေးစားရိုသေလာကြသည်။

ဇူယွမ်မှ လူအုပ်ကြီးအားကြည့်ကာ မေးမြန်းလိုက်သည်။ "လက်ထောက်ခေါင်းဆောင်ကို စော်ကားတဲ့အတွက် ဘယ်လိုအပြစ်ပေးသင့်လဲဆိုတာ သိတဲ့သူရှိလား။"

လူအုပ်ကြီးမှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် စကားသံတစ်ခု ထွက်ပေါ်လာသည်။ "လေနန်းဆောင်ရဲ့ စည်းကမ်းအရ အဖွဲ့မှူးတစ်ယောက် အပြစ်လုပ်ရင် သူ့ကိုရာထူးက ထုတ်ပယ်ပြီး လေလိပ်ပြာမျှော်စင် ဝင်ခွင့်ကို တစ်နှစ်ပိတ်ပင်ရမယ်။"

ဇူယွမ်မှ စကားဆိုလိုက်သည်။ "အဲ့ဒါဆိုလည်း စည်းကမ်းအတိုင်းပဲ သွားကြတာပေါ့။"

"ဒီနေ့ကစပြီး သူတို့သုံးယောက်လုံးကို ရာထူးကနေ ထုတ်ပယ်လိုက်တယ်။"

လေနန်းဆောင်၏ အဖွဲ့ဝင်များအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။ လက်ထောက်ခေါင်းဆောင် ဇူယွမ်မှာ အမှန်တကယ် ပြတ်သားလွန်းလှသည်။

"ရိုင်းစိုင်းလိုက်တာ..."

ထိုအချိန်မှာပင် ကျယ်လောင်လှသော စကားသံတစ်ခု ထွက်ပေါ်လာသည်။

"ဇူယွမ်....ဘယ်တုန်းက လေနန်းဆောင်မှာ မင်းလုပ်ပိုင်ခွင့် ရသွားတာလဲ။"

"မင်းက ငါ့လက်အောင်ငယ်သားကို ရာထူးချရဲတယ်ပေါ့။ ချန်းပိုင်ဖန်းဆိုတဲ့ငါ့ကို အလေးမထားတာလား။"

ချန်းပိုင်ဖန်းမှာ ကောင်းကင်ထက်မှ ပျံဝဲဆင်းသက်လာသည်။

"သူတို့ကို လွှတ်ပေးလိုက်စမ်း..."

All Chapters