← Chapters

Chapter 1374 - 1375

Vol. 92 Ch. 1374 - 1375

Chapter 1374 - 1375

Vol. 92 Ch. 1374 - 1375

Chapter 1374 ငါ လုပ်ခဲ့ဖူးတယ်

တုန်းချမ်ချိုး မျက်နှာတစ်ပြင်လုံးသာမက နားရွက်များပါ နီရဲနေသည်။ သူတော်စင်သခင်အဆင့် တစ်ယောက် ဖြစ်သောသူက ဒူးထောက်ရန် ဖိအားပေးခံနေရသည် မဟုတ်ပါလော။ မည်မျှ ရှက်စရာ ကောင်းလိုက်သနည်း။

သို့သော် သူ့၌ ရွေးချယ်စရာ မရှိမှန်း သူ သိနေသည်။ ပြိုင်ဘက်သည် နေဘုရင် လက်အောက်မှ နံပါတ်တစ် စစ်သည်တော် ဆုမူကဲ ဖြစ်နေပြီး သူ့ဘေး၌ ရွှေရောင် သံချပ်ကာ စစ်သည်တော် ကိုးထောင် ရှိနေ၏။ သူ ဒူးမထောက်လျင် သူ့ခွန်အား တစ်ခုတည်းနှင့် ဤပြိုင်ဘက်အား ခုခံနိုင်မည် မဟုတ်ပါ။

သို့သော် ထိုအခိုက်တွင် ယဲ့ဖန် ဒူးမထောက်သည်ကို သူ မြင်လိုက်ရပြီး သူ့စိတ်ထဲမှ ရှက်စိတ် သည်လည်း ချက်ချင်း ပျောက်ကွယ်သွားကာ အလွန် ဝမ်းသာပီတိ ဖြစ်စိတ်များ ပေါ်ပေါက် လာသည်။

ဤသည်မှာ လူသားတို့၏ သိမ်ငယ်စိတ်ပင်။ လူနှစ်ယောက်က တူညီသော အကျပ်အတည်းထဲ ရောက်နေပြီး နောက်တစ်ယောက်က မိမိထက် အဖြစ်ဆိုးနေလျင် မိမိဒုက္ခကိုပင် မေ့ကာ သူတစ်ပါး၏ အဖြစ်ဆိုးအတွက် အားရနေမိတတ်သည်။

ဆုမူကဲကလည်း ယဲ့ဖန်ကို အေးစက်စွာ ကြည့်နေ၏။

*ဘယ်ကမှန်းမသိတဲ့ သိုင်းပညာရှင်လေးတစ်ယောက်က ငါ့ကို အာခံရဲတယ်လား*

တောင်တစ္ဆေက ယဲ့ဖန်ကို အလျင်အမြန် လှမ်းဆွဲ၍ ပြောလေသည်။

“သူရဲကောင်းဆိုတာ ချက်ချင်း နစ်နာအောင် မနေတတ်ဘူး၊ ကံတရားကို လက်ခံတတ်တယ်”

တစ်ဖက်လူက ဆုမူကဲဖြစ်ပြီး သူ့ဘက်တွင် လေ့ယန် မြက်ခင်းလွင်ပြင်ဒေသမှ စစ်မက်ရေးရာ ကျွမ်းကျင်သည့် ရဲရင့်သော စစ်သည်တော်များ ထောင်ချီ၍ ရှိနေသေးသည်။

သို့သော် ယဲ့ဖန်က အထင်သေးသည့် ဟန်ပန်ဖြင့် ဆက်ကြည့်မြဲကြည့်ပြီး ဆုမူကဲအား တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းက ငါ ဒူးထောက်တာ ခံယူဖို့ ထိုက်တန်လို့လား”

“ဒါမှမဟုတ် …”

ယဲ့ဖန်က လေ့ယန် မြက်ခင်းလွင်ပြင်ဒေသမှ စစ်သည်တော်များကို ဝေ့ကြည့်လိုက်သည်။

“သူတို့တွေက ငါ ဒူးထောက်တာ ခံယူဖို့ ထိုက်တန်လို့လား”

*ဘာ*

လူတိုင်း အုတ်အုတ်ကျွတ်ကျွတ် ဖြစ်သွားကြသည်။ ယဲ့ဖန်အား သူတို့ မယုံနိုင်သလို ကြည့်လာ ကြသည်။

*ဒီကောင်လေးက တော်တော် အထာမနပ်တာပဲ*

*တုန်းချမ်ချိုးလို သူတော်စင်သခင်အဆင့်တောင် ဒူးထောက်နေတာ မတွေ့ဘူးလား၊ မင်း ဘယ်က သတ္တိ ရလာတာလဲ*

ရဲ့ရှောင်ရှောင်ကလည်း သရော်ပြုံး ပြုံးလေသည်။ သူမ အတွက်မှားခဲ့ပုံ မရပေ။ ယခု ယဲ့ဖန် သေသွားရလောက်သည်။ လူတိုင်းက ယဲ့ဖန်ကို သေလူသဖွယ် ကြည့်လာကြသည်။

*မောက်မာနေတယ်ပေါ့လေ*

*ဆုမူကဲက မင်းခေါင်းကို ဘောလုံးကို ကန်တဲ့အခါကျရင်လည်း ဆက်ပြီး မောက်မာနေလိုက် ဦးပေါ့*

*သတ္တိလို့ ထင်နေတာလား*

*ငါတို့ အမြင်မှာတော့ ဒါ ရူးမိုက်တာပဲ*

လူတစ်ယောက်က မည်သူမျှ မလုပ်နိုင်သော တစ်စုံတစ်ရာအား ပြုလုပ်လာလျင် လူအများက ထိုအရာကို လက်မခံနိုင်သလို ထိုလူကိုပါ အပြင်လူသဖွယ် သတ်မှတ်ကြသည်။ ထို့နောက် ထိုလူ၏ အပြုအမူကို အမှားဟု မှတ်ယူကြလေသည်။

ယဲ့ဖန်၏ အမှားမှာမူ လူတိုင်း ဒူးထောက်နေချိန်၌ မတ်တပ်ရပ်နေသောကြောင့် ဖြစ်သည်။ သို့သော် ဤသည်မှာ ယဲ့ဖန်အတွက် ပုံမှန်ပင် မဟုတ်ပါလော။

စကြဝဠာ၏ နတ်ဆိုးဧကရာဇ်ဖြစ်သော သူသည် သေလျင်တောင်မှ ခေါင်းကိုမားမားမတ်မတ် ရပ်၍ သေဆုံးမည် ဖြစ်သည်။

“ဖြောင်း ဖြောင်း ဖြောင်း”

ဆုမူကဲက ဆက်တိုက် လက်ခုပ်တီးနေပြီး သူ့မျက်နှာက ပိုမို၍ ရန်လိုဟန် ပေါ်လာသည်။

“နောက်ဆုံးတော့ ကျုံးကျိုးအင်ပါယာမှာ သတ္တိ နည်းနည်းရှိတဲ့လူကို ငါ တွေ့ရပြီပဲ၊ မင်းကို ဆုချတဲ့အနေနဲ့ မင်းဦးခေါင်းခွံကို ငါ ပြခန်းမှာ သိမ်းထားမယ်”

ဆုမူကဲသည် သိုင်းပညာရှင်များ၏ ဦးခေါင်းများအား စုဆောင်းရသည်ကို နှစ်ခြိုက်သည်။ သူ အသိအမှတ်ပြုရန် ထိုက်တန်သူများ၏ ဦးခေါင်းများကိုသာ သူ့ပြခန်းတွင်း၌ ထားရှိလေသည်။

“ဟေး…”

ရွှေရောင်သံချပ်ကာ စစ်သည်တော်များက ပြိုင်တူ ညာသံပေး၍ ယဲ့ဖန်ထံ ပြေးတက်လာသည်။ သူတို့သည် အတော်ဆုံးထဲမှ အတော်ဆုံး ဖြစ်ပြီး ပြိုင်စံရှားသော စစ်သူကြီး တစ်ယောက် ကိုလည်း ရထားသေးသည်။

ဤစစ်တပ်ကိုကြည့်ပြီး လူတိုင်း၏ မျက်နှာတွင် ဆောက်တည်ရာမရဟန်များ ပေါ်နေပြီး တုန်လှုပ်နေကြသည်။

ဤစစ်သည်တော်များက သူတော်စင်သခင်အဆင့်ကိုပင် သတ်နိုင်လောက်သည်။ လေ့ယန် မြက်ခင်းလွင်ပြင် ဒေသမှ လူများသည် စစ်သည်တော်များအဖြစ် မွေးဖွားလာထိုက်သူများ ဖြစ်လေသည်။

ယဲ့ဖန်ကမူ ကြောက်ရွံ့ခြင်း မရှိဘဲ ရှေ့သို့ တက်လာပြီး အေးစက်စက် လေသံဖြင့် မေးလိုက်သည်။

“နေဘုရင် ဘယ်မှာလဲ”

*နေဘုရင်လား*

လူတိုင်း တန့်ခနဲ ဖြစ်သွားကြပီး ဆုမူကဲက သရော်သံဖြင့် မေးလိုက်သည်။

“မင်းနဲ့ ငါ့ဘုရင်နဲ့ ဘာပတ်သက်မှု ရှိလို့လဲ”

“ဘာမှမဖြစ်ပါဘူး ငါ သူ့ကို ဒီနေ့ သေချင်လားလို့ မေးချင်ရုံလေးပါပြ”

ယဲ့ဖန်က ထီမထင်သော အပြုံးမျိုး ပြုံးနေသည်။ သူ့စကားသံ၌ အလွန် စိတ်အား တက်ကြွဟန်များ ပါနေ၏။

“သူ့ကိုသတ်”

ချက်ချင်းဆိုသလိုပင် ဆုမူကဲက လက်ဝှေ့ယမ်း၍ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ သူ့မျက်လုံးတွင် ရူးသွပ်မှုများနှင့် ပြည့်နှက်နေ၏။

သူ အလွန်အမင်း ဒေါသထွက်နေပြီး သွေးဆာနေသော မျက်လုံးများဖြင့် ယဲ့ဖန်ကို စူးစိုက်ကြည့် နေသည်။ သူ ယဲ့ဖန်ကို နုတ်နုတ်စင်းရန် မစောင့်နိုင်တော့ချေ။

*နေဘုရင်ကို သေခိုင်းမယ် ဟုတ်လား*

ဤသည်က သူတို့ ရင်ထဲမှ နတ်ဘုရားကို စော်ကားလိုက်ခြင်း ဖြစ်သည်။ ဤမျိုးမစစ်ကောင်အား အခါတစ်ထောင် သတ်လျင်ပင် သူတို့အတွက် မလုံလောက်နိုင်သေးပေ။

ထိုအခိုက်တွင် တုန်းချမ်ချိုးသည် သူ မည်မျှ ရူးမိုက်ခဲ့ကြောင်း သတိပြုမိသွားသည်။ ဤရွှေရောင် သံချပ်ကာ စစ်သည်တော်များကပင် အလွန် သန်မာနေသည် မဟုတ်ပါလော။

ထိုသို့ဆိုလျင် သံမဏိ စစ်သည်တော်များဟု ကျော်ကြားသော ရွှေရောင်လေးနှင့် သံမဏိမြင်းကို စီးသော စစ်သည်တော်များဆိုလျင် မည်မျှ‌ ကြောက်စရာကောင်းနေမည်နည်း။

ဤသို့သော် စစ်သည်တော်များနှင့် တိုက်ခိုက်ခြင်းက အမျှော်အမြင်ရှိသော လုပ်ရပ် မဟုတ်ပါ။ ဤသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင်။ သူတော်စင်သခင်အဆင့်တောင်မှ အသက်ရှင် နိုင်မည် မဟုတ်ပါ။

အဘယ်ကြောင့်ဆိုသော် လေ့ယန် စစ်သည်တော်များ၏ စီးတော်မြင်းများသည် လေ့ယန် နိုင်ငံ၏ သင်္ကေတ ဖြစ်သော မီးတောက်သဖွယ် ရဲရဲနီသည် မြင်းနီများ ဖြစ်သည်။ သံမဏိ စစ်သည် တော်များ စီးနင်းသည့် မြင်းများဆိုလျင် စံချိန်စံနှုန်းမြင့်ပေသည်။ ဤသို့သော သားရဲ၏ အကန်ခံ ရလျင် ဘုရင်အဆင့်တောင်မှ လွင့်စဉ်သွားလောက်သည်။

ဤရွှေရောင် သံချပ်ကာ စစ်သည်တော်များမှာမူ စီးတော်မြင်းများ မရှိပေ။ အကြောင်းမှာ သူတို့၏ ခန္ဓာကိုယ်က ထိုမြင်းတပ်ထက် ပိုသန်မာသောကြောင့်ပင်။

ရွှေရောင် သံချပ်ကာ စစ်သည်တော် တစ်ယောက်စီက ပေါင်တစ်ထောင်မက လေးသော သံချပ်ကာများကို ဝတ်ဆင်ထားသော်လည်း ပေါ့ပေါ့ပါးပါး လမ်းလျှောက်နိုင်ပြီး တိုက်ခိုက်နိုင် လေသည်။

ထိုသို့ဖြစ်ရခြင်းမှာ လေ့ယန် မြက်ခင်းလွင်ပြင် ဒေသမှ လူများ၏ ရုပ်ခန္ဓာက အခြားနိုင်ငံများမှ လူမျိုးများထက် ပို၍ ကြံ့ခိုင်သောကြောင့် ဖြစ်သည်။ ထွားကြိုင်းသန်မာခြင်းက သူတို့၏ ပြယုဂ် ဖြစ်ပေသည်။

သူတို့သည် စစ်သည်တော်များအဖြစ် မွေးဖွားလာသူများ ဖြစ်ကာ ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ် အရွယ် ကလေးများကပင် အခြားနိုင်ငံမှ လူကြီး နှစ်ယောက်လောက်ကို အသာလေး အမှောက် သိပ်နိုင်၏။

ရွှေရောင် သံချပ်ကာ စစ်တပ်ထဲသို့ ဝင်ချင်လျင် လိုအပ်သော အခြေအနေများက ပြင်းထန် လွန်းသည်။ ပထမဆုံးအနေဖြင့် တုတ်ခိုင်သန်မာသော ရုပ်ခန္ဓာ ရှိရမည် ဖြစ်ပြီး အနိမ့်ဆုံး အရပ်ကပင် တစ်ဒဿမကိုး မီတာ ကျော်ရမည်။

ထို့ကြောင့် ရွှေရောင် သံချပ်ကာ စစ်သည်တော်များအားလုံးက ခြွင်းချက်မရှိ သန်မာသော လူများ ဖြစ်ကြပေသည်။

နောက်တစ်ချက်မှာ တောင့်ခံနိုင်စွမ်း မြင့်မားရဖြစ်ပြီး လက်ရုံးရည်ကလည်း ထူးချွန်ရမည်။ ထိုလိုအပ်ချက်များနှင့် ပြည့်စုံလျင် ကြမ်းတမ်းသော လေ့ကျင့်ရေးနှင့် မသေရုံတမယ် ပြောဆိုဆက်ဆံခြင်းကို နေ့တိုင်း ခံကြရသည်။

ဤနည်းအားဖြင့် သူတို့ စစ်မြေပြင်ကို ဝင်ရောက်နိုင်ပြီး နောက်ဆုတ်ဟု အော်စရာပင် မလိုဘဲ အသေခံ တိုက်ခိုက်သော စစ်သည်တော်များ ဖြစ်လာကြသည်။

စစ်သည်တော် သုံးသောင်းကပင် မြို့များစွာကို ဖြိုဖျက်နိုင်၏။ ဤလေ့ယန် လူများသည် တစ်ဇောက်ကန်း လုပ်တတ်သည့် စစ်သည်တော်များ ဖြစ်ကြသည်။

ရွှေရောင် သံချပ်ကာ စစ်သည်တော်များ ချီတက်လာသည်ကိုမြင်သော် လူတိုင်း ယဲ့ဖန် သေလိမ့်မည်ဟု ထင်သွားကြသည်။

သို့သော် ယဲ့ဖန်က နောက်ဆုတ်ခြင်းမရှိဘဲ ရှေ့ပင် တိုးလိုက်သေးသည်။

“ငါ အရင်တုန်းက နတ်ဘုရားတွေကို နင်းခဲ့ဖူးတယ်”

အရှိန်အဝါက ရုတ်ချည်းဆိုသလို မြင့်တက်လာသည်။ ထိုအခိုက်တွင် ဆုမူကဲသည် ပုံမှန် မဟုတ်သော အရှိန်အဝါကို ခံစားမိပြီး ခြိမ်းခြောက်မှုကို ခံစားမိလာလေသည်။

အနက်ရောင် မြူခိုးများ ပျံ့လွင့်လာပြီး ငရဲတံခါး ပွင့်လာသကဲ့သို့ မိစ္ဆာများနှင့် ဝိညာဉ်များ ထွက်ပေါ်လာကာ အရပ်မျက်နှာအနှံ့သို့ သွားလာနေကြသည်။

*ဒီကောင့်ကိုက အရှိန်အဝါက ပြောင်းလဲသွားပါလား*

*သူက ဘုရင်အဆင့် မဟုတ်ဘူးလား*

ယဲ့ဖန်၏ ခန္ဓာကိုယ်မှ အရှိန်အဝါကြောင့် ဆုမူကဲ မျက်မှောင်ကြုတ်ကာ ကြောက်စိတ်ကို ခံစားမိလာသည်။ လေ့ယန် လူမျိုးဖြစ်သော သူသည် တစ်ခါမှ မကြောက်ရွံ့ဖူးပါ။

သို့သော် ယနေ့၌ ထူးဆန်းသော လူငယ်တစ်ယောက်က သူ့အား ဤသို့သော ခံစားချက်မျိုး ခံစားမိအောင် ပြုလုပ်လာ၏။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“ငါ တစ်ခါက ငရဲကို တစ်ယောက်တည်း သွားဖူးတယ်”

အရှိန်အဝါက တိုးမြင့်လာပြန်သည်။ ဆုမူကဲ မျက်မှောင်ပိုကြုတ်လာပြီး သူ့ရှေ့မှလူအား မယုံနိုင်သလို ကြည့်လိုက်မိသည်။

*အမြင်မှားတာ*

*ငါ ထင်ယောင်ထင်မှား ဖြစ်တာပဲ ဖြစ်ရမယ်*

*ဒါကြီးက ဖြစ်မှမဖြစ်နိုင်တာ*

နတ်ဆိုးနတ်ဘုရား ဆင်းသက်လာပြီး ထောင်သောင်းချီသော လူများကို သတ်ဖြတ်၍ မိုးမြေအနှံ့မှ သက်ရှိများကို သတ်ဖြတ်နေသည်ဟု ခံစားရသည်။

ဤအရှိန်အဝါက သူ့အား မသက်မသာ ဖြစ်စေသ၏။ နေဘုရင်နှင့် သူ ရင်ဆိုင်ရချိန်၌ ပို၍ ဆောက်တည်ရာမရသော ခံစားချက်မျိုးကို ဖြစ်ပေါ်လာစေသည်။

နေဘုရင်နှင့် တွေ့ဆုံရစဉ်က သူ ကြောက်နေသော်လည်း တိုက်ခိုက်ရဲ မကြောက်မိပါ။ သို့သော် လက်ရှိ ဤလူငယ်၏ အရှိန်အဝါက သူ့အား ကြက်သီးထစေပြီး နက်ရှိုင်းသော အတွင်းစိတ် တစ်နေရာအထိ သွေးပျက်စေသည်။

“ငါ နတ်ဆိုးကမ္ဘာမှာ နတ်ဘုရားတွေကို စေခိုင်းခဲ့တယ်”

ယဲ့ဖန် ရှေ့သို့ တိုးလာပြန်သည်။ သူ့ခန္ဓာကိုယ်မှ အနက်ရောင် မြူခိုးများက ဒီရေအလား တက်လာပြီး သူ့ပုံစံက နတ်ဆိုးဝတ်ရုံကို ဝတ်ထားသော နတ်ဆိုးဧကရာဇ်ကို မြင်ယောင်စေပြီး စကားလုံး၊ အပြုအမူနှင့် အကြည့်များက ကြောက်စရာ ကောင်းလှသည်။

လက်ရှိတွင် ယဲ့ဖန်၏ ပြောင်းလဲမှုကို ဆုမူကဲသာမက လူတိုင်း သတိပြုမိလာသည်။

*သူက ဘုရင်အဆင့် မဟုတ်ပါလား*

“သေစမ်း သူက သူတော်စင်သခင်အဆင့်ပဲ၊ သူလည်း သူတော်စင်သခင်အဆင့်ပါလား၊ မယုံနိုင်စရာပဲ”

“အင်ပါယာထဲမှာ နတ်ဆိုးဆန်တဲ့ သူတော်စင်သခင်အဆင့်က ဘယ်တုန်းက ပေါ်လာတာလဲ၊ ငါ အရင်က မကြားဖူးပါဘူး”

“သူက သူတော်စင်သခင်အဆင့် ဖြစ်နေရင်တောင်မှ ဘာဖြစ်လဲ၊ သူက ရွှေရောင် သံချပ်ကာ စစ်သည်တော် အယောက်ကိုးထောင်နဲ့ လေ့ယန်နိုင်ငံက အတော်ဆုံး စစ်သူကြီးကို ရင်ဆိုင်နေ ရတာလေ၊ သူ သေမှာပဲ”

ရဲ့ရှောင်ရှောင်က အေးစက်စက် ခနဲ့လေသည်။ သို့သော် သူမ၏ အသံက တုန်နေသည်ကို သူမ သတိမပြုလိုက်မိချေ။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ သေမင်းတမန် အငွေ့ အသက်ကို သူမလည်း ခံစားမိနေသောကြောင့်ပင်။

သေမင်းတမန်ကဲ့သို့ တံစဉ်ဖြင့် လောကထဲမှာ အသက်များကို နုတ်ယူတော့မည့်ပုံပင်။ ယနေ့ ဤနေရာအား သူ့ ကစားစရာမြေဟု မှတ်ယူထားပုံရသည်။

ရွှေရောင် သံချပ်ကာ စစ်သည်တော် အယောက်ကိုးထောင်က ဤနတ်ဆိုးကို သတ်နိုင်ပါ မည်လောဟု သူမ သံသယဝင်စပြုလာ၏။

ထိုစဉ် မရဏ အငွေ့အသက်တစ်ခုက လျင်မြန်စွာ ပျံ့လွင့်လာသဖြင့် လူတိုင်း ကြက်သီးထ သွားကြသည်။

ရွှေရောင် သံချပ်ကာ စစ်သည်တော် အယောက်ကိုးထောင်က ရှေ့သို့ ချီတက်လာနေဆဲ ဖြစ်သော်လည်း အမူအရာက သိသိသာသာ ပြောင်းလဲနေ၏။

သူတို့ရှေ့၌ တစ်ကိုယ်တည်း ရပ်နေသော လူကိုကြည့်ပြီး လူတစ်ယောက်တည်းကို မြင်နေပါ သော်လည်း အဘယ်ကြောင့် ငရဲကို မြင်နေရသနည်းဟု တွေးနေကြသည်။

သူ့အနားသို့ ခြေချမိသည်နှင့် ကံဆိုးမည်ဟု အဘယ်ကြောင့် ခံစားမိနေရသနည်း။ သူတို့ သေရမည်ကို မကြောက်သော်လည်း ယဲ့ဖန်က သေသည်ထက် ဆိုးသော ခံစားချက်ကို ပေးစွမ်းနေ၏။

နာကျင်ခြင်းနှင့် ဆောက်တည်ရာမရခြင်း။ ဤသည်က ယဲ့ဖန် သူတို့ကို ပေးစွမ်းနေသော ခံစားချက်ပင်။

ဆုမူကဲနှင့် ရွှေရောင် သံချပ်ကာ စစ်သည်တော် အယောက်ကိုးထောင်များ ကြောက်လန့် လာကြသည်။

 

တုန်းချမ်ချိုးသည် တုန်လှုပ်နေပြီး ကြောက်ရွံ့သော မျက်လုံးများနှင့် ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေ၏။

လက်ရှိတွင် အစောပိုင်းက သူ ယဲ့ဖန်ကို မတိုက်ခိုက်မိ၍ ကံကောင်းသွားသည်ဟု တွေးနေ မိသည်။

*ဒီလူက မိစ္ဆာကောင်ပဲ*

သူ့ကို မျက်လုံးထဲ မထည့်သည်က အံ့ဩစရာ မဟုတ်တော့ပါ။ ဤသို့ ကြောက်စရာ ကောင်းသော အရှိန်အဝါနှင့်တင် တစ်ဖက်လူအား အနိုင်ယူနိုင်ပြီး ကြောက်ရွံ့သော ခံစားချက်အား ပေးစွမ်းနေသည်။

သူသည် လောက၌ အဆိုးဆုံး နတ်ဆိုးဖြစ်ပြီး သူ့စကား နားမထောင်လျင် ဒုက္ခရောက်မည်ဟု ထင်မှတ်မှားရသည်။

ဆုမူကဲ ဒေါသထွက်လာ၏။

“မကြောက်ကြနဲ့ သူ့ကို ငါနဲ့အတူ သတ်ကြ”

ရုတ်ချည်းဆိုသလိုပင် ဆုမူကဲက ရွှေရောင် သံချပ်ကာ စစ်သည်တော် အယောက်ကိုးထောင် ရှေ့၌ ပေါ်လာပြီး ယဲ့ဖန်အား စူးစူးရဲရဲ ကြည့်လာသည်။

သူ လက်မခံနိုင်ပါ။ သူ မတိုက်ခိုက်ဘဲ ရှုံးလိမ့်မည်ဟု လက်မခံနိုင်ပါ။ စစ်မြေပြင်၌ ရန်သူ၏ အရှိန်အဝါကြောင့် ကြောက်လန့်သွားသော သူ့ကိုယ်သူအား လက်သင့်မခံချင်ပါ။

ထို့ကြောင့် သူကိုယ်တိုင် ဦးဆောင်၍ ယဲ့ဖန်ကို တိုက်ခိုက်ပေမည်။ သေမတတ် ကြောက်နေသည်ထက် သူ စစ်တိုက်ချင်နေ၏။

ရွှေရောင် သံချပ်ကာ စစ်သည်တော်များသည် ကျောထောက်နောက်ခံ တွေ့သွားသကဲ့သို့ ကျယ်လောင်စွာ ဟစ်ကြွေးလာသည်။

*ဘာ*

*ဆုမူကဲကိုယ်တိုင် ဝင်တိုက်မှာလား*

လူတိုင်း မျက်နှာပျက်သွားကြသည်။ ဆုမူကဲသည်လည်း ယဲ့ဖန်ထံမှ အန္တရာယ်ရှိသော အငွေ့အသက်ကို ခံစားမိပုံ ရသည်။ ထို့ကြောင့် သူ မဆင်မခြင် မလုပ်ရဲခြင်း ဖြစ်ပေမည်။

ဆုမူကဲက ရယ်မောမနေတော့ဘဲ ကြီးမားသော ရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ မျက်နှာ‌ထား လေးနက်နေသည်ကို သူတို့ မြင်နေရသည်။

လက်ရှိတွင် လူတိုင်း စိတ်လှုပ်ရှားကာ သိချင်နေကြသည်။ သို့သော် ယဲ့ဖန်က သူတို့ကို မမြင်သကဲ့သို့ ပြုမူနေပြီး တည်ငြိမ်နေလေသည်။ သို့သော် သူ့ထံမှ သေမင်းခေါင်းလောင်းသံ ကဲ့သို့သော စကားသံ ထွက်ပေါ်လာ၏။

“တစ်ခါတုန်းက ထောင်ချီတဲ့ စစ်သည်တော်တွေကို ဓားချက် တစ်ချက်တည်းနဲ့ ငါ သုတ်သင် ဖူးတယ်”

Chapter 1375 ပြိုင်ဘက်ကင်း

“ဓားချက်တစ်ချက်တည်းနဲ့ ထောင်ချီတဲ့ စစ်သည်တော်တွေကို သုတ်သင်ဖူးတယ်”

ထိုစကားသံအဆုံး၌ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထိုစဉ် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။

ထိုစွမ်းအင်က မီးတောင်ပေါက်ကွဲသကဲ့သို့ ထင်မှတ်မှားရပြီး မိုးမြေအား ဖျက်ဆီးနိုင်လောက် သည်အထိ ကြမ်းကြုတ်လှသည်။

ယဲ့ဖန်သည် လက်တစ်ဖက်အား ဓားသဖွယ် သဘောထားနေပြီး လက်နှစ်ချောင်းထိပ်၌ တာအိုစွမ်းအင်များ စုစည်းကာ လက်ကိုဝှေ့ယမ်းလိုက်သည်။

ပြင်းထန်သော လူသတ်လိုသည့် စွမ်းအင်က သူ့ရှေ့မှ စစ်သည်တော် ကိုးထောင်ကို ချက်ချင်း သတ်ဖြတ်

လာလေသည်။

ဤဓားချက်က တစ်လောကလုံးကို သတ်ဖြတ်နိုင်လောက်ပုံ ပေါ်နေကာ တာအိုစွမ်းအင်က မိုးမြေတစ်ခုလုံးကို ဖျက်ဆီးတော့မည့်ပုံပင်။

ထိုအခိုက်တွင် ဆုမူကဲ မျက်မှောင်ကြုတ်သွားသည်။ ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ကြောက်စရာ ကောင်းသော အရှိန်အဝါကို ခံစားမိသဖြင့် သူသည်လည်း ကြောက်လန့်သွားသည်။

နတ်ဆိုးတစ်ကောင် လောကထဲသို့ လျှောက်လှမ်းလာပြီး ခုခံရန် ခက်ခဲနေသည့်ပုံပင်။

“ချီတက်ကြ”

ချက်ချင်းဆိုသလိုပင် ဆုမူကဲက လက်ထဲမှ ဒိုင်းနှင့်လှံကို မြဲမြဲကိုင်၍ အရှေ့တည့်တည့်သို့ ချိန်ရွယ်၍ အမိန့်ပေးလိုက်သည်။

သူ၏ ဒိုင်းသည် လေ့နယ် နိုင်ငံ၌ အကြံ့ခိုင်ဆုံး ဒိုင်းဟု ကျော်ကြားပြီး သူ၏ လှံတံသည်လည်း လေ့ယန် နိုင်ငံ၏ အထက်ဆုံး လှံရှည်အဖြစ် ကျော်ကြားလေသည်။

ထိုအခါ သူတို့သည် ကြောက်စိတ်ကို မေ့လျော့သွားပြီး အားကုန်သုံးကာ အသက်ကိုရင်း၍ တိုက်ခိုက်လာသည်။

“တက်”

ရွှေရောင် သံချပ်ကာ စစ်သည်တော် ကိုးထောင်သည် လှံတံအား အရှေ့သို့ ပြိုင်တူချိန်ရွယ်၍ လက်ရှိ အခြေအနေကို အားမာန်ဖြင့် ချိုးဖျက်ရန် ကြံရွယ်နေသည်။

ယဲ့ဖန်ထံမှ ပင်လယ် သမုဒ္ဒရာသဖွယ် ကျယ်ပြန့်သော စွမ်းအင်ကို သူတို့ ခံစားမိသော်လည်း နောက်ဆုတ်ရန် ငြင်းဆန်နေဆဲပင်။

အဘယ်ကြောင့်ဆိုသော် သန်မာ၍ အကြောက်တရားကင်းမဲ့ခြင်းက သူတို့လူမျိုး၏ ဓလေ့ ထုံးတမ်း ဖြစ်သောကြောင့်ပင်။

စစ်သည်တော်များ၏ သွေးများက သူတို့၏ ခန္ဓာကိုယ်၌ နက်ရှိုင်းစွာ စွဲထင် ကျန်ရစ်နေ၏။ အကြောင်းမှ သူတို့သည် နတ်ဘုရားများ၏ မျိုးဆက်များ ဖြစ်သောကြောင့်ပင်။ သူတို့ ဘိုးဘေးများ အရှက်ရအောင် သူတို့ မလုပ်နိုင်ပါ။ သို့သော် ထိုအရာအားလုံးက အချည်းနှီးပင်။

“ဝုန်း”

ပြင်းထန်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီးနောက် ယဲ့ဖန်၏ ကြောက်စရာကောင်းသော တိုက်ကွက် ကျရောက်လာသည်။ စစ်သည်တော် ကိုးထောင်လုံး ချက်ချင်း ပေါက်ကွဲသွားသည်။

နတ်ဘုရား ဒေါသထွက်ပြီး တစ်လောကလုံးအား ဖျက်ဆီးနေသလိုပင်။ မကြာခင်မှာပင် ထိုစွမ်းအင်လှိုင်းကြောင့် တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲ သေဆုံးသွားလေသည်။

သွေးမြူခိုးများ ဆက်တိုက် ပျံ့လွင့်လာသည်။ လူသားများကို အမြစ်ဖြတ် သုတ်သင်နေသော ဤမြင်ကွင်း၌ ပျက်စီးကိန်းများ ပြည့်နှက်နေပြီး ပျက်ကပ်ဆိုက်လာသည်ဟုပင် ထင်မှတ် မှားရသည်။

တောင်ထိပ်တစ်ခုလုံး ပြားချပ်လာပြီး ကျွမ်းထိုးမှောက်ခုံ ဖြစ်လုနီးပါး ဖြစ်လာရသည်။ ဤအဖြစ်ကို ကြည့်ပြီး လူတိုင်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကာ ဤအဖြစ်အပျက်ကို မယုံနိုင်ပုံ ပေါက်နေသည်။

ယဲ့ဖန်၏ ဓားချက်က နေ၊ လနှင့် ကြယ်တာရာတို့အား ဖျက်ဆီးနိုင်လောက်သည်ကို သူတို့ သံသယ မဝင်တော့ပါ။ သူတို့အရှေ့မှလူက နတ်ဆိုးတစ်ကောင်လိုပင်။

သူတော်စင်သခင်အဆင့်များပင် အထင်မသေးရဲသည့် ရွှေရောင် သံချပ်ကာ စစ်သည်တော် ကိုးထောင် ချက်ချင်း သေဆုံးသွားလေသည်။

အလွန် သွေးထွက်သံယို များလှပြီး မယုံနိုင်စရာ ကောင်းလှသည်။ အားလုံး မယုံနိုင်သော အကြည့်များဖြင့် ကြည့်လာကြသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ရှုပ်ပွနေပြီး မြေဆီလွှာ အက်ကွဲကာ ကျောက်ဆောင်များ ပြိုကျနေ၏။ အဖျက်စွမ်းအင်ကလည်း တဟုန်းဟုန်း တောက်လောင်နေသည်။ ပျက်စီးနေသော လေဟာနယ် အတွင်း၌ တာအိုစွမ်းအင် အစအနများ ကျန်ရစ်နေသည်။ ဤမြေက မြေရိုင်း ဖြစ်လာလေသည်။

“သူ့တိုက်ခိုက်မှုက ဒီနေရာမှာ ဖြတ်မရတဲ့ စွမ်းအင်တစ်ခု ချန်ထားခဲ့တာပဲ၊ ဒီဖုန်းချီတောင်က တိမ်ကောသွားမယ့် နေရာတစ်ခု ဖြစ်လာလိမ့်မယ်၊ နောင်ဆို ဘာမြက်ပင်မှ မပေါက်တော့သလို ဒီကို ခြေချမိတဲ့လူတိုင်း သေကြေကြလိမ့်မယ်”

“ကြောက်စရာကောင်းလိုက်တဲ့ နည်းလမ်းပဲ၊ ဒီလူက သူတော်စင်သခင်အဆင့် ဖြစ်နေရင် တောင်မှ ဒီလို ကြောက်စရာကောင်းတဲ့ နည်းလမ်းမျိုး ရှိဖို့ မဖြစ်နိုင်ဘူးလေ”

လူတိုင်း ကြောက်လန့် မှင်တက်နေကြသည်။ မည်သူမှ ရှေ့တိုးရဲသည့် သတ္တိ မရှိတော့ပါ။ ဤနေရာက သက်ရှိများအတွက် တားမြစ်နယ်မြေ ဖြစ်လာပြီး အဖျက်စွမ်းအင်များနှင့် ပြည့်နှက်နေသောကြောင့် ဤနေရာ၌ ခြေချလိုက်လျင် တစ်စစီ ဖြစ်သွားပေလိမ့်မည်။

မြေကြီးပေါ်တွင် များစွာသော ခြေပြတ်လက်ပြတ်များ၊ ကိုယ်တွင်းကလီစာနှင့် ခေါင်းပြတ် များနှင့် အသားစနှင့် သွေးစက်များနှင့် ပြည့်နှက်နေ၏။

ဤမြင်ကွင်းက အလွန် ကြောက်စရာ ကောင်းလှသည်။ ရွှေရောင်သံချပ်ကာ စစ်သည်တော် အယောက် ကိုးထောင်လုံး သေဆုံးသွားခဲ့ပြီး မည်သူမှ အသက်ရှင် မကျန်ရစ်ပေ။ လူတိုင်း လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြသည်။

*ဒါ ဒီလူရဲ့ နည်းလမ်းလား*

*တစ်ခါ လှုပ်ရှားလိုက်တာနဲ့ ကပ်ဆိုက်နေပြီ*

ချက်ချင်းဆိုသလိုပင် ရဲ့ရှောင်ရှောင် စိတ်ဝိညာဉ်အထိပါ တုန်လှုပ်နေသည်။ သူမ လုပ်ခဲ့မိသည့် ကိစ္စကို သတိပြုမိပြီး မျက်နှာ ပြာနှမ်းလာသည်။

ရွှေရောင် သံချပ်ကာ စစ်သည်တော်များကို စက္ကန့်ပိုင်းအတွင်း သတ်နိုင်သည့် ကြောက်စရာ ကောင်းသောလူကို သူ ရန်စမိသည်တဲ့လား။ ရူးနေသည့်လူက ယဲ့ဖန် မဟုတ်ဘဲ သူမသာ ဖြစ်နေ ခဲ့သည်။

တုန်းချမ်ချိုးတောင်မှ နားဝေတိမ်တောင် ဖြစ်နေ၏။ ယဲ့ဖန်က သူတော်စင်သခင်အဆင့် ဖြစ်နေလျင်တောင်မှ တစ်ဖက်လူကို တိုက်ခိုက်ရင်း သေသွားလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် တစ်ဖက်ရန်သူကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်လိမ့်မည်ဟု သူ ထင်မထားမိပါ။

သူ လှုပ်ရှားလိုက်သည်နှင့် ဆိုးရွားသော အခြေအနေ ဖြစ်ပေါ်လာခဲ့သည်။ စစ်သည်တော် ကိုးထောင်ကို တစ်ခဏအတွင်း သတ်ပြခဲ့သည် မဟုတ်ပါလော။ သူ ရုတ်တရက် ခေါင်းမွေး ထောင် သွားသည်။ အစောပိုင်းက သူသာ ယဲ့ဖန်ကို တိုက်ခိုက်ခဲ့လျင် သူ ဘာဖြစ်သွား လောက်သနည်း။

“ဆုမူကဲ ဘယ်မှာလဲ”

ရုတ်တရက် တစ်စုံတစ်ယောက်က အော်မေးလာသည်။ ထိုစကားကို ကြားသော် ရဲ့ရှောင်ရှောင် ရုတ်တရက် သတိဝင်လာသည်။

*ဟုတ်သားပဲ၊ ဆုမူကဲလည်း ရှိနေတာပဲ၊ ဒီမိစ္ဆာကောင်ကို တားနိုင်တဲ့ ဆုမူကဲ ရှိနေတာပဲ*

လက်ရှိတွင် သူမအတွက် ယဲ့ဖန်က ထိုဆုမူကဲထက် အဆထောင်ချီ ကြောက်စရာ ကောင်းနေ၏။ ဖုန်မှုန့်များ ပျောက်ကွယ်သွားသောအခါ လူတိုင်း ဆုမူကဲကို တွေ့လိုက်ရသည်။ သို့သော် သူ့ကို မြင်လိုက်သည်နှင့် လူတိုင်း လေအေးကို ရှူရှိုက်မိသကဲ့သို့ ဖြစ်သွားကြသည်။

ကြောက်စိတ်က ကူးစက်ရောဂါသဖွယ် လူတိုင်းထံ ပျံ့နှံ့သွားသည်။ အသန်မာဆုံး ဒိုင်းက အက်ကွဲနေသလို အထက်ဆုံး လှံရှည်ကလည်း ပျက်စီးနေ၏။ ထို့အတူ အသန်မာဆုံး စစ်သည်တော်သည်လည်း ရှုံးနိမ့်သွားလေပြီ။

ဆူမူကဲသည် အလောင်းအပိုင်းအစများကြား၌ လဲနေပြီး သူ့ကိုယ်၌ သွေးများ ပေကျံနေကာ သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်က အက်ကွဲနေသော ကြွေထည်သဖွယ် ပျက်စီးလုနီးပါး ဖြစ်နေသည်။

သူ့ကိုယ်၌ အကောင်းအတိုင်း ရှိနေသည့် အရေပြားဟူ၍ မရှိပေ။ လေ့ယန် မြက်ခင်းလွင်ပြင် ဒေသ၏ နံပါတ်တစ် စစ်သည်တော် ရှုံးနိမ့်သွားချေပြီ။ ရှုံးသည်ကလည်း ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခြင်းပင်။

လူတိုင်း အံ့ဩကာ မျက်နှာဖြူရော်နေပြီး ဤမြင်ကွင်းကို မယုံနိုင်ဟန်ဖြင့် ကြည့်နေကြသည်။ ယဲ့ဖန်၏ တိုက်ကွက် တစ်ခုတည်းက ရွှေရောင် သံချပ်ကာ စစ်သည်တော် ကိုးထောင်နှင့် ဆုမူကဲအား တစ်ပြိုင်တည်း ရှုံးနိမ့်စေသည်တဲ့လား။

*ဒီလူက လူမှဟုတ်သေးရဲ့လား*

*ဒီလူက တကယ် သူတော်စင်သခင်အဆင့်ပဲလား*

ဆုမူကဲ စကားပြောချင်ပါသော်လည်း သူ ပါးစပ်ဟလိုက်သည်နှင့် သွေးအန်လာ၏။

“မင်း … မင်းက ဘယ်လိုမိစ္ဆာမျိုးလဲ*

ယဲ့ဖန်မျှ ကြောက်စရာကောင်းသောလူကို သူ တစ်ခါမှ မမြင်ဖူးပါ။ ယဲ့ဖန်၏ ဓားချက်က နေနှင့် လတို့၏ စွမ်းအားကိုပင် ယှဉ်နိုင်လောက်သည်။ ၎င်းက ကြယ်တာရာ နယ်မြေများကို ဖြတ်သန်း၍ စကြဝဠာကိုပင် ကူးသန်းနိုင်သည်ဟု ထင်မှတ်ရသည်။

ဤဓားချက်ကို သူ အားကုန်သုံး၍ ခုခံခဲ့ပါသော်လည်း ရှုံးနိမ့်လိမ့်မည်ဟု မမျှော်လင့်ထားမိပါ။ သူ၏ ရှုံးနိမ့်မှုကလည်း အဖက်ဆယ်မရနိုင်အောင် ရှုံးနိမ့်ခြင်းပင်။

သူနှင့် ယဲ့ဖန်အား လူကြီးနှင့် လူငယ်ဟု ယှဉ်၍မရတော့ဘဲ နဂါးနှင့် ပုရွက်ဆိတ်ဟုသာ နှိုင်းယှဉ်ရပေတော့မည်။ သူ ယဲ့ဖန်ကို လုံးဝ မယှဉ်နိုင်ပါ။ ထို့ကြောင့်ပင် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

ဆုမူကဲ ဤသို့ဖြစ်လာသည်ကို မြင်ပြီး ရဲ့ရှောင်ရှောင် တုန်လှုပ်သွားပြီး သူမဘဝ ဇာတ်သိမ်းပြီ ဖြစ်ကြောင်း သိလိုက်သည်။

“အစ်ကိုကြီး ရှင် ဘယ်မှာလဲ၊ ညီမကို ကူညီပါဦး၊ ကျေးဇူးပြုပြီး ညီမကို ကူညီပါဦး”

ရဲ့ရှောင်ရှောင်က ဘေးဘီနှင့် အနောက်သို့ လှည့်ကြည့်ကာ ရဲ့ဝူထျန်း ဘယ်နေရာမှာ ရှိနေသလဲဟု လိုက်ရှာနေမိသည်။ သူမ ကြောက်လန့်သလို နောင်တလည်း ရနေ၏။

ထို့ကြောင့် သူမအစ်ကိုကြီးအား သူမအတွက် ဝင်အသနားခံပေးပြီး ယဲ့ဖန် သူမကို အသက်ချမ်းသာပေးရန် မျှော်လင့်နေမိသည်။ သူမ မသေချင်သေးပါ။

လက်ရှိတွင် ရဲ့ရှောင်ရှောင်သည် အအေးမိသကဲ့သို့ ခိုက်ခိုက်တုန်နေသည်။ သူမ ကြောက်လန့် သွေးပျက် နေလေသည်။

“ဖြောင်း”

မကြာခင်မှာပင် သူမပါးတစ်ဖက် နီမြန်းသွားသည်အထိ အရိုက်ခံလိုက်ရသည်။

“နင် ငါ့ကို ရိုက်ရဲတယ်လား”

ရဲ့ရှောင်ရှောင်က ယင်းလုံ အဖွဲ့ဝင်တစ်ယောက်ကို စူးစိုက်ကြည့်လေသည်။

“ခွပ်”

ထိုစဉ် သူမဗိုက်အား ကတုံးနှင့်လူတစ်ယောက်က လက်သီးဖြင့် ထိုးလာ၏။

“နင် … နင်တို့ ဘာလုပ်ချင်တာလဲ”

ရဲ့ရှောင်ရှောင် ချက်ချင်း ထအော်လိုက်သည်။

“ခွေးမ သောက်ခွေးမ၊ အဲ့မိစ္ဆာကောင်က ငါတို့ကို လွှတ်ပေးလိုက်ပြီကို၊ မင်းကြောင့်၊ မင်းက ကိုယ့်သေတွင်း ကိုယ်တူးတဲ့အပြင် အခု ငါတို့ပါ မင်းနဲ့အတူ လိုက်သေရတော့မယ်”

“ခွေးမ အရှက်မရှိတဲ့ကောင်မ၊ သောက်ကောင်မ မင်း ငါတို့ကို ဆွဲချတာ”

ယင်းလုံ အဖွဲ့ဝင်များအားလုံးက သူမကို ဒေါသထွက်သော အကြည့်များဖြင့် ကြည့်နေကြသည်။ အလွန် ဒေါသထွက်နေသည့်အပြင် သူတို့ မျက်လုံး၌ ဆောက်တည်ရာမရဟန်များ ပါဝင်နေသည်။ ဤသို့သော မိစ္ဆာကောင်ကို ဆန့်ကျင်မိ၍ သူတို့၌ အသက်ရှင်နိုင်မည့် နည်းလမ်း မရှိတော့မှန်း သူတို့ သိနေကြသည်။

“မင်း မျက်လုံးကို ဖွင့်ပြီး သေချာကြည့်၊ ဒါ လေ့ယန်နိုင်ငံရဲ့ အတော်ဆုံး လူသုံးသောင်းထဲက ရွှေရောင် သံချပ်ကာ စစ်သည်တော်ကွ၊ ကြံ့ခိုင်တဲ့ခွန်အားရှိတယ်လို့ နာမည်ကြီးတဲ့လူတွေက အဲ့မိစ္ဆာကောင်ဆီမှာ ဓားချက် တစ်ချက်တည်းနဲ့ သေကုန်တာ”

“မင်းရဲ့ ခွေးမျက်လုံးကို ပြူးပြီး သေချာကြည့်”

အဖွဲ့ဝင်တစ်ယောက်က ရဲ့ရှောင်ရှောင်၏ လည်ပင်းကိုညှစ်၍ ကျယ်လောင်စွာ အော်လေသည်။ သူ ကြောက်လွန်းသဖြင့် ငိုချင်နေသည်။ လက်ရှိတွင် သူ မည်မျှ ကြံရာမရ ဖြစ်နေကြောင်း ခန့်မှန်းမိနိုင်ပေသည်။

“ဒီလိုနတ်ဆိုးက ငါတို့ လုပ်လို့ ကြောက်မတဲ့လား၊ ငါတို့က ယှဉ်နိုင်လို့လား၊ မင်း ရူးနေလား”

ယင်းလုံအဖွဲ့ဝင်များက သူမကို ဝိုင်းလာကြပြီး နုတ်နုတ်စင်းချင်သော အကြည့်များဖြင့် ကြည့်လာကြသည်။

လက်ရှိတွင် သူတို့သည် ငရဲကျနေသကဲ့သို့ သွေးပျက်နေ၏။

သူတို့ တော်တော်များများသည် မျက်ရည်များ ဝေ့တက်နေသည်။ ကြောက်စိတ်က သူတို့ကို စိတ်လွတ်စေကာ ရူးမတတ် ဖြစ်စေသည်။

“အစ်ကို အစ်ကိုကြီး ကျွန်မကို ကယ်ပါဦး”

ရဲ့ရှောင်ရှောင် ဝမ်းပမ်းတနည်း အော်ခေါ်လေသည်။ ဤလူများ ရူးသွပ်နေကြောင်း သူမ မြင်နေရသည်။ သူတို့ မျက်လုံးများက သွေးရောင်လွှမ်းနေပြီး သေဒဏ်ကျခံရသော အပြစ်သားများကဲ့သို့ ရူးမတတ် ဖြစ်နေကြသည်။ လက်ရှိတွင် သူတို့ ဘာမဆို လုပ်မည့်ပုံပင်။

“အခုချိန် မင်းအစ်ကို ရောက်လာရင်တောင်မှ ဘာမှမထူးဘူး၊ ခွေးမ သေလိုက်တော့”

ဤလူများတွင် အမုန်းတရားများနှင့် ပြည့်နှက်နေ၏။ ရဲ့ရှောင်ရှောင်ကြောင့် သူတို့ ဤသို့ အဆုံးသတ်ရခြင်း ဖြစ်သည်။ လက်ရှိတွင် သူတို့သည် ရဲ့ရှောင်ရှောင်အား ဓားတစ်ထောင်ဖြင့် ခုတ်ပိုင်းချင် နေကြသည်။

“သူ့ကိုသတ်”

“မဟုတ်ဘူး သူ့ကို သတ်လို့ရမဘူး၊ ငါတို့လက်ထဲမှာ သူ သေသွားရင် ဟိုလူက သူ့ဒေါသကို မဖြေဖျောက်ရလို့ ငါတို့ဘက် မြားဦးလှည့်လာဦးမယ်”

“ဒီခွေးမကို သေချာကြည့်ထား မပြေးစေနဲ့”

ယင်းလုံ အဖွဲ့ဝင်များ သတိဝင်လာကြသည်။ ရဲ့ရှောင်ရှောင်သည် သူတို့၏ အသက်ကယ် ကောက်ရိုးမျှင် ဖြစ်သည်။ သူမကို သတ်လိုက်မိလျင် ယဲ့ဖန်က သူတို့ကိုပါ သတ်နိုင် လောက်သည်။

“မင်းကို ငါ သဘောကျတတယ်၊ အဲ့တော့ ငါ မင်းကို မနာကျင်ဘဲ သေရအောင် လုပ်ပေးမယ်”

ယဲ့ဖန်က ဆုမူကဲကို ခံစားချက်ကင်းမဲ့စွာ ကြည့်နေ၏။ ထိုစကားကို ကြားသော် ဆုမူကဲသည် ဓားနှင့် အထိုးခံလိုက်ရသလို ခံစားလိုက်ရပြီး သေသည်ထက် ဆိုးသည်ဟု တွေးလိုက်မိသည်။

ဤ အခြားသူများကို ဤလေသံနှင့် အမြဲပြောခဲ့ပြီး ပုရွက်ဆိတ်များသဖွယ် ဆက်ဆံခဲ့သည်။ ယခု အခြေအနေက ပြောင်းလဲသွားလေပြီ။

“မင်း ငါ့ကို သတ်လိုက်တာနဲ့ နိုင်ပြီထင်နေတာလား၊ မင်း သိအောင် ပြောလိုက်မယ်၊ ဒါ မပြီးသေးဘူးကွ”

ဆုမူကဲ ရုတ်တရက် ကြုံးဝါးလာ၏။

ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ယံ၌ အော်သံတစ်သံ ထွက်ပေါ်လာပြီး ရွှေရောင် မြွေကြီးတစ်ကောင်က တိမ်တိုက်များကို ဖြတ်သန်း၍ ဖုန်းချီတောင်ပေါ်သို့ ဆင်းသက်လာသည်။ သူ၏ အရွယ်အစားက တောင်တစ်လုံးထက်ပင် အဆများစွာ ကြီးနေသေးသည်။

“ဂါး”

တုန်လှုပ်စေလောက်သည့် အော်သံတစ်သံ ထွက်ပေါ်လာပြီး မိုးမြေကို ဖျက်ဆီးနိုင်လောက်သည့် စွမ်းအင် ထွက်ပေါ်လာကာ မီးအိမ်သကဲ့သို့ စူးရဲပြီး ကြမ်းကြုတ်သော မျက်လုံးတစ်စုံကို ယဲ့ဖန်ကို ဝါးစားတော့မည့်ဟန်ဖြင့် ကြည့်နေ၏။

ဤရွှေရောင်မြွေ၏ အလျားက အနည်းဆုံး မီတာနှစ်ရာ ရှည်လျားမည်ဟု လူတိုင်း ခန့်မှန်းမိသည်။ ၎င်း၏ ဦးခေါင်းထိပ်က ဦးချိုက နဂါးတစ်ကောင်ဖြစ်ကြောင်း သက်သေ ပြနေ၏။ ဤရွှေရောင်မြွေကြီးက အနည်းဆုံး နှစ်တစ်သောင်းမျှ သက်တမ်း ရှိနိုင်သည်။

ထိုစဉ် ဆုမူကဲက သရော်သံနှင့် ပြောလာ၏။

“ကြောက်နေပြီလား ငကြောက်ကောင်၊ ဒါ ငါတို့ လေ့ယန် နိုင်ငံရဲ့ အစောင့်အရှောက် သားရဲကွ၊ မင်း … မင်းတော့ သေပြီသာမှတ်”

All Chapters