Chapter 1378 - 1379
Vol. 92 Ch. 1378 - 1379
Chapter 1378 သေလည်းသေစေချင်တယ်၊ မသေလည်း မသေစေချင်ဘူး
“သူ့အသက်ကို ချမ်းသာပေးဖို့ စီနီယာ့ကို ကျုပ် တောင်းပန်ပါတယ်၊ စီနီယာ သူ့ကို သနား ညှာတာပေးပါ၊ ကျုပ် သူ့ကို သေချာပေါက် ဆုံးမပါ့မယ်”
ရဲ့ဝူထျန်းက မျက်ရည်ဖြိုင်ဖြိုင်ကျဆင်း၍ ယဲ့ဖန်အား အနူးအညွတ် တောင်းပန်လေသည်။ ဤသည်ကို မြင်သော် လူတိုင်း စိတ်ထိခိုက်သွားရသည်။
“အစ်ကိုကြီး”
ရဲ့ရှောင်ရှောင်တောင်မှ ဝမ်းနည်းသလို ခံစားလိုက်ရပြီး မျက်လုံးများ နီရဲလာသည်။ ယင်းလုံ အဖွဲ့ဝင်များသည်လည်း သက်ပြင်းချလာ၏။ ရဲ့ဝူထျန်းကဲ့သို့ ယောက်ျားပီသသောလူ၌ အဘယ်ကြောင့် ရဲ့ရှောင်ရှောင်ကဲ့သို့ ညီမမျိုး ရှိနေရသနည်း။
ရဲ့ရှောင်ရှောင်ကြောင့်သာ မဟုတ်လျင် သူ ဤမျှ အရှက်ရနေရမည် မဟုတ်ပါ။ ဤကိစ္စအားလုံးက ရဲ့ရှောင်ရှောင်ကြောင့် ဖြစ်လာခြင်းပင်။
လူတစ်စုသည်လည်း စိတ်ထိခိုက်ကာ မျက်ရည်ကျလာသည်။ သူသည် ဖြူစင်သော နှလုံးသား ရှိသည့် ယောက်ျားကောင်းတစ်ယောက်ဟု မှတ်ယူလာ၏။
လက်ရှိတွင် ရဲ့ဝူထျန်း၏ ငိုကြွေးမှုကို သူရဲဘောကြောင်သည်ဟု မည်သူမှ မထင်ကြတော့ဘဲ ရိုးသားသော ယောက်ျားသားတစ်ယောက်၏ စိတ်ထိခိုက်မှုဟုသာ ထင်ကြလေသည်။
ယခုအခါတွင် ဤလူက သူ့ညီမဖြစ်သူကို မကယ်နိုင်သဖြင့် စိတ်ထိခိုက် ကြေကွဲခြင်းအား ခံစားနေရသည် မဟုတ်ပါလော။
သို့သော် ယဲ့ဖန်၏ စကားက ဘေးလူများ၏ အခြေအနေကို ထပ်မံ၍ ထူးဆန်းသွားစေသည်။
“မင်း အခုထိ သရုပ်ဆောင်ချင်သေးတာလား”
ယဲ့ဖန်က ရဲ့ဝူထျန်းကို အေးစက်စွာ ကြည့်လေသည်။ ထိုအကြည့်က လူပျက် ဖျော်ဖြေ နေသည်ကို ကြည့်နေသည့် အကြည့်လိုပင်။
*ဘာ သရုပ်ဆောင်တယ် ဟုတ်လား*
လူတိုင်း ပဟေဠိ ဖြစ်သွားကြသည်။ ယဲ့ဖန် ဘာကိုဆိုလိုချင်မှန်း သူတို့ မသိကြပါ။ ရဲ့ဝူထျန်း၏ အမူအရာက ရုတ်တရက် တောင့်တင်းသွားပြီးနောက် ယဲ့ဖန်အား တွေဝေဟန်ဖြင့် ကြည့်လာသည်။
“စီနီယာ ဘာလို့ အဲ့လို ပြောရတာလဲ”
“မင်း အခုမှ ဒီကို ရောက်တာ ဟုတ်လို့လား၊ မင်းညီမရဲ့ အပြုအမူကို မင်း သဘောမကျဘူးဆိုရင် ဘာလို့ ထွက်လာပြီး သူ့ကို မတားတာလဲ”
ရဲ့ဝူထျန်း အလျင်အမြန် ပြောလိုက်သည်။
“ကျုပ်ညီမက အမုန်းတရားကြောင့် ဘာမှမမြင်တော့လို့ပါ၊ သူ့ကို နားချတာက အကျိုးမရှိနိုင်မှန်း သိလို့ ငြိမ်နေဖို့ပဲ ရွေးလိုက်ရတာပါ၊ သခင်လေးနဉ်ကလည်း သူ့ဘေးမှာ ရှိနေတော့ ကျုပ် မဆန့်ကျင်ရဲဘူး၊ တကယ်တော့ … ကျုပ် ကြောက်နေခဲ့လို့ပါ”
“မဟုတ်ဘူး မင်း ကြောက်နေလို့ မဟုတ်ဘူး၊ မင်းကလည်း ငါ့ကို သေစေချင်နေခဲ့လို့ပဲ၊ ငါ့ဆီက နှစ်တစ်သောင်း ဂျင်ဆင်းဘုရင်ကို မင်း ပြန်လိုချင်နေတာလေ”
ယဲ့ဖန် လှောင်ရယ်လိုက်သည်။
“မင်း ကြောက်နေတယ်လို့ ပြောခဲ့တယ်နော်၊ မင်း နည်းနည်းပါးပါး ပြောမိလို့ မင်းညီမက မင်းကို တကယ် သတ်ပါ့မလား၊ မင်း တကယ် တားချင်ခဲ့တယ်ဆိုရင် ဘာလို့ တစ်ခွန်းတောင် မပြောခဲ့တာလဲ”
ရဲ့ဝူထျန်း ဆက်ငြင်းချင်ပါသော်လည်း ယဲ့ဖန်က လက်ကာပြသည်။
“ဖုံးကွယ်မနေနဲ့တော့၊ မင်း ကြောက်နေခဲ့တာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်ခြား ရည်ရွယ်ချက် ရှိနေခဲ့လို့ပဲ ဖြစ်ဖြစ် အရေးမကြီးဘူး၊ ငါ မင်းတို့ကို အသက်ချမ်းသာပေးခဲ့တယ်၊ မင်းကတော့ မင်းညီမ ငါ့ကို သတ်ချင်တာကို လွှတ်ထားတယ်၊ မင်း တားဆီးဖို့ တစ်ခွန်းတောင် မဟဘူး၊ ဒါက မင်းတို့ မောင်နှမနှစ်ယောက်လုံး ကျေးဇူးမသိတတ်ဘူးလို့ ပြနေတာပဲ
ထိုစကားသံ ထွက်လာသည်နှင့် လူတိုင်း၏ အကြည့်က ပြောင်းလဲလာသည်။ ယဲ့ဖန်၏ စကားက တကယ်ပင် ကျိုးကြောင်းဆီလျော်လှသည်။ ရဲ့ဝူထျန်းသာ သူမကို တကယ် တားချင်လျင် ဘာကြောင့် ယခင်ကတည်းက ရှေ့မထွက်ရသနည်း။
ဖျောင်းဖျစကား အနည်းငယ်မျှပင် ပြောခဲ့လျင်ပင် စိတ်ရင်းကို သိနိုင်ပေဦးမည်။ သို့သော် တစ်ချိန်လုံး ငြိမ်နေခဲ့သည်က ကျေးဇူးမသိတတ်သော အပြုအမူပင်။
“ပြီးတော့ မင်း အခုမှ ဝင်ပါရတာက မင်းညီမအတွက်ကြောင့် မဟုတ်ဘူး၊ မင်း သူ့ကို ဒီလို စွန့်ပစ်လိုက်ရင် မင်းသိက္ခာကျမှာ စိုးရိမ်တာပါသလို နောင် လူရှေ့ထွက်ဖို့ ခက်မှာကို စိုးရိမ်လို့ပဲ”
ယဲ့ဖန်က ရယ်မောကာ ရဲ့ဝူထျန်းအား လက်ညှိုးထိုးလေသည်။
“မင်း … မင်းက တကယ့် ကြောင်သူတော်ပဲ”
“ဒါက ခင်ဗျာရဲ့ တစ်ဖက်သတ် အမြင်ပါ စီနီယာ”
ရဲ့ဝူထျန်း၏ မျက်နှာ ပြာနှမ်းလာသည်။ ယဲ့ဖန်က သူ့စိတ်ရင်းကို ဖော်ထုတ်လိုက်သဖြင့် သူ ရှက်ရွံပြီး ဒေါသထွက်သလို ခံစားရသည်က အမှန်ပင်။
*ဒီမျိုးမစစ်ကောင်က ငါ့ နှစ်တစ်သောင်း ဂျင်ဆင်းဘုရင် နှစ်ခုကိုလည်း ဓားပြတိုက်သွား တဲ့အပြင် လူပုံအလယ်မှာပါ အရှက်ခွဲနေသေးတယ်*
သူ ယဲ့ဖန်ကို နုတ်နုတ်စင်းချင်စိတ် ဝင်နေ၏။
“ကောင်းပြီလေ ဒါဆိုလည်း မခန့်မှန်းရုံပေါ့”
ယဲ့ဖန်က အေးစက်စွာ ပြုံး၍ ပြောလိုက်သည်။
“ဒီနှစ်တစ်သောင်း ဂျင်ဆင်းဘုရင်ကို မင်းအသက်ကို ဝယ်ဖို့သုံးမလား ဒါမှမဟုတ် မင်းညီမ အသက်ကို ကယ်ဖို့ သုံးမလား၊ မင်း ရွေးလိုက်”
ရဲ့ဝူထျန်း ထိတ်လန့်သွားသည်။
*ဒီနတ်ဆိုးက ငါ့ကို အဆုံးထိရောက်အောင် တွန်းပို့ဖို့ ကြိုးစားနေတာလား*
ယဲ့ဖန် လှောင်ရယ်လိုက်သည်။
*မင်း ဖြောင့်မတ်ပြီး လူလေးစားခံချင်ယောင် ဆောင်ရတာကို ကြိုက်တယ် မဟုတ်လား*
*အခု မင်း ဘယ်လို ဆက်လုပ်မလဲ ငါ ကြည့်ရသေးတာပေါ့*
“မင်းညီမအတွက် မင်း ဝမ်းနည်းသလို မခံစားရဘူးလား၊ မင်းညီမကို ကယ်ဖို့အတွက် မင်းအသက်ကို စတေးချင်စိတ် ရှိမယ်လို့ ငါ ထင်တယ် ဟုတ်တယ်မလား”
ယဲ့ဖန် မထိတထိ ပြုံးနေသည်။ လူတိုင်း၏ အကြည့်က ရဲ့ဝူထျန်းပေါ် ကျရောက်နေ၏။ ရဲ့ဝူထျန်း မည်သို့သော ရွေးချယ်မှုမျိုး ပြုလုပ်မလဲ ဆိုသည်ကို သံသယဝင်နေကြသည့်ပုံပင်။
ဤသည်မှာ လူ့သဘာဝ၏ အရေးထားမှုကို ပြသနေ၏။ ရဲ့ဝူထျန်း တစ်ကိုယ်လုံး တုန်ယင်ကာ အံကြိတ်ထားမိသည်။ သူသည် တစ်သက်လုံး အခြားသူများကို လက်ခုပ်ထဲမှ ရေသဖွယ် သဘောထားခဲ့သည်။ သို့သော် ယခုအခါ၌ ယဲ့ဖန်ကဲ့သို့ သူ့ကို ထိုးထွင်းသိမြင်သောလူနှင့် ဆုံနေရသည်။
*အရူးလုပ်နေတာ*
*ဒီလူက ငါ့ကို အရူးလုပ်နေတာပဲ*
“ကျုပ် … ကျုပ်အသက်ကို ကယ်ချင်တယ်”
နောက်ဆုံးတွင် ရဲ့ဝူထျန်းဘက်မှ စကားစလာ၏။ လူတိုင်း နားလည်သဘောပေါက်သွားကြပြီး ရဲ့ဝူထျန်းအား အထင်သေးသော အကြည့်ဖြင့် ကြည့်လာကြသည်။
*သူက တကယ်ကို ကြောင်သူတော်ပဲ*
သူ့ညီမနှင့် ပတ်သက်၍ အလွန်အမင်း စိတ်ပူချင်ယောင်ဆောင်ခဲ့သည်။ ထိုလုပ်ရပ်က အလွန် သူတော်ကောင်းယောင်ဆောင်လွန်းသော လုပ်ရပ်ပင်။
“ရဲ့ဝူထျန်း နင် ကြောင်သူတော်ကောင်”
ရဲ့ရှောင်ရှောင်က ချက်ချင်း ဒေါသတကြီး အော်ဟစ်လေသည်။
“ပါးစပ်ပိတ်ထား ခွေးမ၊ မင်းကြောင့်သာ မဟုတ်ရင် ငါ နှစ်တစ်သောင်း ဂျင်ဆင်းဘုရင် နှစ်ခုလုံးကို ဘယ်လိုလုပ် ဆက်တိုက် ဆုံးရှုံးမရလဲ၊ မင်းဘာသာ သေတွင်းတူးတာ ငါနဲ့ ဘာဆိုင်လဲ’”
ရဲ့ဝူထျန်းသည်လည်း ဒေါသထွက်နေသောကြောင့် မျက်နှာဖုံး ကွာကျလာသည်။
“ဒီနေ့ မင်းထိုက်နဲ့ မင်းကံပဲ”
ထို့နောက် သူသည် ထရပ်၍ အဝေးသို့ ထွက်သွားလေသည်။
“မသွားပါနဲ့ အစ်ကိုကြီး ကျေးဇူးပြုပြီး မသွားပါနဲ့”
သူ ထွက်သွားသည်ကို မြင်သောအခါ ရဲ့ရှောင်ရှောင် ချက်ချင်း သွေးပျက်လာသည်။ သူမ၏ အစ်ကိုက သူမ၏ တစ်ခုတည်းသော အသက်ကယ် ကောက်ရိုးမျှင်ပင်။
ယခု ရဲ့ဝူထျန်းကပါ သူမကို စွန့်ပစ်သွားသဖြင့် သူမ တကယ် ဇာတ်သိမ်းရတော့မည်။ သို့သော် ရဲ့ဝူထျန်းက နောက်သို့လှည့်၍ပင် မကြည့်ချေ။
“မင်းတို့ အသက်ရှင်ချင်လား”
ယဲ့ဖန်က ယင်းလုံ အဖွဲ့အစည်းမှ လူတိုင်းကို ကြည့်လိုက်သည်။
“ရှင်ချင်တယ် ကျုပ် အသက်ရှင်ချင်တယ်”
ကျန်လူများက မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် စိတ်အားထက်သန်စွာ ခေါင်းညိတ်ကြသည်။
“ကောင်းပြီလေ”
ယဲ့ဖန်က ခေါင်းညိတ်၍ ရဲ့ရှောင်ရှောင်ကို လက်ညှိုးထိုးပြသည်။
“ငါ သူ့ကို သေစေချင်တယ် ဒါပေမဲ့ သေလည်းမသေစေချင်ဘူး၊ ငါ ဘာပြောချင်တာလဲ မင်းတို့ သဘောပေါက်လား”
“နားလည်ပါတယ်”
ယင်းလုံ အဖွဲ့ဝင်များ အသည်းအသန် ခေါင်းညိတ်လိုက်ပြီး ထရပ်ကာ ရဲ့ရှောင်ရှောင်ထံသို့ အန္တရာယ်များသော အပြုံးနှင့် လျှောက်သွားလေသည်။
“နင်တို့ ဘာလုပ်ချင်တာလဲ၊ ငါက ဒုခေါင်းဆောင်နော်၊ နင်တို့ ငါ့ကို ထိရဲလို့ကတော့ နင်တို့ကို ဒီအတိုင်း မထားဘူး”
ရဲ့ရှောင်ရှောင်က ကြိမ်းမောင်း၍ သူမနားသို့ အရင်ဆုံး ကပ်လာသည့်လူကို ဓားဖြင့် ထိုးလေသည်။
“ယီးပဲ ခွေးမ သေခါနီးတာတောင် ခုခံချင်သေးတယ်၊ သူ့ကို လုပ်ကွာ”
ဤသည်ကိုမြင်သော် အခြားသူများ ချက်ချင်း ဒေါပွသွားပြီး ရဲ့ရှောင်ရှောင်အား မြေကြီးပေါ် တွန်းလှဲချလေသည်။
“သူ့အဝတ်အစားတွေကို ဖြဲပစ်လိုက်၊ ဒီမိန်းမပျက်က ယောက်ျားတွေကို မြူဆွယ်ရတာ သဘောကျတာ မဟုတ်လား၊ ဒီနေ့ ငါတို့ ညီအစ်ကိုတွေက သူ့ကို ကျေနပ်သွားအောင် လုပ်ပေးရတာပေါ့”
“ဒီမှာ ညီအစ်ကို သုံးဆယ်ကျော်တောင် ရှိတာ၊ မင်း တော်တော်လေး ပျော်ရမှာပါ”
ထိုလူများက ညစ်ကျယ်ကျယ် ရယ်မော၍ ရဲ့ရှောင်ရှောင်၏ အဝတ်များကို ဆွဲဖြလေသည်။
“ငါ့ကိုလွှတ် အမှိုက်ကောင်တွေ ငါ သရဲဖြစ်ရင်တောင် နင်တို့ကို အလွတ်မပေးဘူး”
ရဲ့ရှောင်ရှောင် အော်ဟစ်လေသည်။ သူမသည် ငယ်ငယ်ကလေးကတည်းက ရွှေပေါ်မြတင် သခင်လေးမလေး ဖြစ်ခဲ့သည်။ သို့သော် ယခု သူမ ဤသို့ အရှက်ခွဲခံနေရ၏။
လူတိုင်း၏ ရှေ့၌ သူမ အသုံးတော်ခံနေရသည်ကြောင့် လက်ရှိတွင် သူမ မာန ပျက်စီးသွားပြီး သူမရင်ထဲတွင် မျှော်လင့်ချက်မဲ့ခြင်းနှင့် အရှက်ရခြင်းတို့ ပြည့်နှက်နေသည်။
ယောကျ်ား အယောက်သုံးဆယ်က သူမကို ဖျက်ဆီးတော့မည် ဖြစ်သောကြောင့် သူမ သေရပေ လိမ့်မည်။
လူတိုင်း မျက်နှာပျက်သွားကြသည်။ ယဲ့ဖန်က ရက်စက်လွန်းသည်။ ဤသို့သော သေခြင်းမျိုးက အလွန် ဆိုးရွားသည်ဟု ပြောရပေမည်။
ထိုသို့ ဖျက်ဆီးနေချိန်တွင် ရဲ့ရှောင်ရှောင် ရုန်းကန်နေခြင်းမှ တားဆီးရန် အဖွဲ့ဝင်များက သူမ၏ ခြေလက်များကို ချိုးပစ်လိုက်ကြသည်။
“အား…”
ရဲ့ရှောင်ရှောင်ထံမှ အလွန်တရာ နာကျင်လှသော အော်သံ ထွက်လာသည်။ လက်ရှိတွင် သူမ နှလုံးသားထဲမှနေ၍ နောင်တရနေသည်။ သူမ ခံစားရသော နာကျင်မှုက သူမကို လှုပ်နိုးလာပြီး သူမ ကျူးလွန်ခဲ့သော အမှားကြီးတစ်ခု၏ အကျိုးဆက်က ဘာဖြစ်မလဲ ဆိုသည်ကို ရိပ်မိ လိုက်သည်။
တစ်ဖက်တွင်မူ ယဲ့ဖန်ကလည်း အေးစက်စွာ ကြည့်နေပြီး သူ့မျက်လုံးတွင် သနားညှာတာစိတ် ရှိမနေပါ။
ရဲ့ရှောင်ရှောင်၏ ကိုယ်ပေါ်သို့ ယောကျ်ားသားများ တစ်ယောက်ပြီး တစ်ယောက် အုပ်မိုး နေခြင်းအား ခံစားချက်ကင်းမဲ့သော အမူအရာနှင့် ကြည့်နေသည်။
*သူ့လို မိန်းမမျိုးအတွက် ဒါက ဖြစ်သင့်တယ်မလား*
*သူက သေဖို့ထိုက်တန်နေမှတော့ သေရမယ့် နည်းလမ်းကလည်း နိမ့်ကျနေသင့်တယ် မဟုတ်လား*
*ကြင်နာမှုလား*
*နတ်ဆိုးဆီကနေ ဘယ်လိုလုပ် ကြင်နာမှုကို မျှော်လင့်နေတာလဲ*
ယဲ့ဖန်သည် စကြဝဠာ၏ နတ်ဆိုးဧကရာဇ် ဖြစ်သည်။ သူ့အမြင်တွင် ကောင်းခြင်း၊ ဆိုးခြင်း ဟူသော ခြားနားချက် မရှိဘဲ ရန်သူများနှင့် သူသာ ရှိသည်ဟု မြင်လေသည်။
ရဲ့ရှောင်ရှောင် သူ့ကို ရန်လိုနေကတည်း သူမသည် ရန်သူ တစ်ယောက်သာ ဖြစ်သည်။ ရန်သူ ဖြစ်သောကြောင့် သူမ သေသင့်သည်။
ရဲ့ရှောင်ရှောင်သည် ငါးနာရီနီးပါး နှိပ်စက်ဖျက်ဆီးခံရပြီးနောက် စိတ်ဓာတ်ကျစွာ သေဆုံး သွားခဲ့သည်။ သူမ သေဆုံးချိန်၌ အဝတ်ဗလာဖြစ်နေပြီး သွေးများ ပေကျံကာ အလွန် အကျည်း တန်လှသည်။ ခြေလက်များပင် လိမ်ဖယ်နေ၏။
ဤသည်ကိုမြင်သော် လူတိုင်း စိတ်မသက်မသာ ခံစားလိုက်ရပြီး နတ်ဆိုး၏ သုတ်သင်ခြင်းအား မြင်လိုက်ရသည်ဟုပင် ထင်မြင်လာမိသည်။
တစ်ဖက်တွင်လည်း တစ္ဆေဖန်ချီက ပြန်လာပြီး ယဲ့ဖန်၏ ခြေထောက်ရှေ့၌ ဝပ်တွားကာ လက်ထဲ၌ ဦးခေါင်းပြတ်တစ်လုံးကို ကိုင်ထားလေသည်။ ဦးခေါင်းပြတ်၏ ပိုင်ရှင်မှာ တုန်းချမ်ချိုး ဖြစ်သည်။
လူတိုင်း အသက်ပင် မရှူရဲတော့ဘဲ ယဲ့ဖန် သူတို့ကိုပါ သတ်မည်စိုးသောကြောင့် စိုးရိမ်တကြီးဖြင့် ယဲ့ဖန်ကို ကြည့်လာကြသည်။
“ပြန်တော့ ငါ ဒီမှာ ရှိရင် ရှုကျိုး ဘေးကင်းတယ်”
သို့သော် ယဲ့ဖန်က လက်ခါပြလိုက်ပြီးနောက် တစ္ဆေဖန်ချီကို စီးနင်းကာ တောင်တစ္ဆေနှင့်အတူ ထွက်သွားလေသည်။
ဤသည်ကိုမြင်ပီး လူတိုင်း ထိတ်လန့်သွားကြပြီးနောက် စိတ်လှုပ်ရှားလွန်း၍ မျက်ရည် ဝဲတက်လာ၏။ ယဲ့ဖန် ထွက်သွားသည့်ဘက်ကို မျက်နှာမူ၍ အရိုအသေ ပေးလာကြသည်။
“ကျေးဇူးတင်ပါတယ် လူကြီးမင်း”
သူ လှုပ်ရှားလျင် ရှုကျိုးကို ဘေးကင်းအောင် ထားနိုင်မည်ဟု သူတို့ ယုံကြည်ကြသည်။ သူတို့ ရှုကျိုးမှ လမ်းပျောက်နေသော ခွေးသဖွယ် ထွက်ပြေးစရာ မလိုသလို သူတို့အသက်နှင့် ပတ်သက်၍ စိုးရိမ်စရာ မလိုတော့ပါ။ ထိုသို့ ဖြစ်ရခြင်းမှာလည်း သူတို့ရှေ့မှ လူကြောင့်ပင်။
….
“ဘာ ဆုမူကဲနဲ့ ရွှေရောင်မြွေအပြင် ငါ့ရဲ့ ရွှေရောင်သံချပ်ကာ စစ်သည်တော် တစ်သောင်းလုံး အဲ့လူ သတ်တာကို ခံလိုက်ရတယ်လို့ မင်း ပြောတာလား”
လက်ရှိတွင် လေ့ယန် စစ်တပ်၏ တပ်စခန်း၌ လူလတ်ပိုင်းအရွယ် အမျိုးသားက ဒေါသတကြီး အော်ဟစ်လေသည်။ ထိုအခါ စခန်းတစ်ခုလုံး တုန်ခါလာသည်။
“အဲ့လူက တစ္ဆေဖန်ချီရဲ့ သခင် ဖြစ်နေပါတယ်၊ အရမ်း ရင်ဆိုင်ရ ခက်ပါတယ်၊ သူ့ကို ရင်ဆိုင်ရ ခက်တာမို့ တစ္ဆေဖန်ချီကို အရင် ရှင်းသင့်ပါတယ်”
အောက်မှလူက ပြတ်သားစွာ ပြောလေသည်။ ထိုသူမှာ ရဲ့ဝူထျန်းပင်။ ယဲ့ဖန်ကြောင့် သူ တည်ဆောက်ထားခဲ့သော အင်အားစုလည်း ပျက်စီးခဲ့ရသည်။
ထိုသို့သောအချိန်၌ သူ အသာမထားနိုင်ပါ။ သူ လက်စားချေချင်၏။ သူ ယဲ့ဖန်ကို သေစေ ချင်သည်။ ထို့ကြောင့်ပင် သူ ဤသို့လာ၍ နေဘုရင်အား သတင်းပို့ခြင်း ဖြစ်သည်။ နေဘုရင် ဒေါသထွက်၍ ယဲ့ဖန်ကို သတ်နိုင်ရန် မျှော်လင့်နေမိသည်။
နေဘုရင်၏ မျက်နှာက အလွန် အကျည်းတန်နေပြီး အန္တရာယ်များလှသည်။
“မျိုးမစစ်ကောင် ငါ့လေ့ယန်မှာ ဘယ်သူမှ မရှိတော့ဘူး ထင်နေတာလား၊ ငါ့စစ်သည်တော်တွေနဲ့ စောင့်ရှောက်သူကို သတ်ရဲတယ်ပေါ့လေ၊ ငါ အဲ့ကောင်ကို နုတ်နုတ်စင်းပစ်မယ်”
“အရှင်မင်းမြတ် အရှင့်မှာ သူ့ကိုသတ်မယ့် နည်းလမ်း ရှိပါသလား”
ရဲ့ဝူထျန်း တအံ့တဩ မေးလိုက်သည်။ ယဲ့ဖန်၏ ခွန်အားကို သိပြီးနော် နေဘုရင်က ဤသို့ ပြောနိုင်သေးသဖြင့် သူ့၌ အကူအညီပေးမည့်သူ ရှိသည်ဟု ဆိုလိုနေသည်။
“ဟားဟားဟား ငါ့မိသားစုရဲ့ ဘိုးဘေးက နတ်ဘုရား အစစ်တွေပဲ၊ သူတို့က နတ်ဘုရားတွေကိုတောင် သတ်နိုင်တဲ့ မြင့်မြတ်တဲ့ အရာတစ်ခုကို ချန်ထားခဲ့တယ်၊ ငါက သူ့ကို ကြောက်မယ်လို့ မင်း ထင်နေတာလား”
နေဘုရင်က အပြုံးကြီး ပြုံးလိုက်သည်။ ထိုအရာနှင့်ဆိုလျင် သူတော်စင်သခင်ကိုပင် စိတ်ရှိသည့်အတိုင်း ခွေးသတ်သလို သတ်နိုင်၏။
“အဲ့မျိုးမစစ်ကောင် သေချာပေါက် သေရမယ်”
Chapter 1379 ခါးသီးမှု
“မင်းက ဘယ်သူလဲ”
လမ်းခရီး၌ တောင်တစ္ဆေ မမြင်နိုင်တော့ဘဲ မေးလိုက်မိသည်။ ယဲ့ဖန်၏ နောက်ကြောင်းကို သူ သိချင်နေမိသေးသည်။ နှစ်နှစ်ဆယ်ကျော် နေလာပြီးနောက် ယဲ့ဖန်ကဲ့သို့ ကြောက်စရာ ကောင်းသော သူမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူ့ကဲ့သို့သော သိုင်းပညာရှင်မျိုးသည် သန်မာလွန်းသဖြင့် နားလည်ရခက်လှသည်။
“ခေတ်ကိုးခေတ်လောက် နေခဲ့တဲ့ ငါ့မှာ ဘွဲ့တွေအများကြီး ရှိတယ်၊ လူသတ်သမား၊ သူရဲကောင်း၊ နတ်ဆိုး၊ မိစ္ဆာကောင်။ အခုထိ ငါ ဘယ်လိုလူစားလဲဆိုတာ ငါတောင် မသိသေးဘူး”
ယဲ့ဖန် မတတ်သာဟန်ဖြင့် ပြုံးလိုက်သည်။
*ခေတ်ကိုးခေတ် ဟုတ်လား*
တောင်တစ္ဆေ နားဝေတိမ်တောင် ဖြစ်သွားသည်။
“မင်း အတည်ပြောနေတာလား”
*ဒီလူက မျိုးဆက်ကိုးဆက်လောက်အထိ အသက်ရှင်နေတာလား၊ သူ့အသက်က ဘယ်လောက် ရှိနေပြီလဲ*
“လက်ခံရ ခက်လို့လား၊ မင်းက မိန်းကလေးဆိုတာထက် ပိုလက်ခံဖို့ ခက်လို့လား”
ယဲ့ဖန်က အရာအားလုံးကို သိမြင်ပြီးဟန်ဖြင့် သူမကို ပြုံး၍ ကြည့်လေသည်။
“မင်း…”
ချက်ချင်းဆိုသလိုပင် တောင်တစ္ဆေ တောင့်တင်းသွားပြီး အံ့ဩသော မျက်လုံးများ ဖြစ်လာသည်။ မျက်နှာဖုံး တပ်ထားတာတောင်မှ သူ သိမြင်နိုင်သည်ကို မယုံနိုင် ဖြစ်သွားသည်။
“နင် ဘယ်လိုလုပ် သတိထားမိတာလဲ”
သူမ၏ ရုပ်ဖျက်မှုကို တစ်ရာရာခိုင်နှုန်း ယုံကြည်မှု ရှိပါသည်။ နတ်ဘုရင်အဆင့် တစ်ယောက် တောင်မှ သူမထံမှ မည်သည့် သဲလွန်စကိုမဆို ရှာတွေ့မည် မဟုတ်ပါ။
“ကိုယ်နံ့လေ၊ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်သင်းနံ့၊ အပျိုစင်တစ်ယောက်ရဲ့ ရနံ့၊ ဒါက လူတွေကို လှည့်စားလို့မရဘူးလေ”
ယဲ့ဖန် အသာပြုံးနေလိုက်သည်။ တောင်တစ္ဆေက သူ့ရင်ဘတ်ကို အုပ်၍ နောက်သို့ ဆုတ်သွားပြီး ယဲ့ဖန်အား သတိဖြင့် ကြည့်လေသည်။
“နှာဘူးကြီး”
“အဟမ်း အဟမ်း …”
ယဲ့ဖန် ရုတ်တရက် အရှက်ရသွားသည်။
“နင် အစကတည်းက ငါ့ကို မိန်းကလေးမှန်း သိနေတာလား၊ အဲ့ဒါကြောင့် နင် ငါ့အပေါ် အရမ်း ကောင်းပြနေတာလား”
တောင်တစ္ဆေက လေးနက်သော အသံဖြင့် မေးလိုက်သည်။ သူ့ရှေ့မှလူက ကြင်နာတတ် လိမ့်မည် မဟုတ်ဟု သူ အမြဲ ခံစားမိနေသည်။
“ငါ မင်းအပေါ် ကောင်းပြလို့လား”
ယဲ့ဖန် အံ့ဩသွားရသည်။
*ငါ သူ့အပေါ် ထူးပြီး မဆက်ဆံမိပါဘူး၊ ဆက်ဆံမိလို့လား*
“အရင်တုန်းက လူတွေနဲ့ယှဉ်ရင် ပိုကောင်းတယ်”
တောင်တစ္ဆေ စိတ်ပျက်သလို မျက်နှာထား ဖြစ်သွားသည်။ သူမသည် ကလေးဘဝကတည်းက တစ်ယောက်တည်း ဖြစ်သည်။ အစာအတွက် လမ်းဘေးခွေးများနှင့် ယှဉ်ပြိုင်ခဲ့ရပြီး မိုးရေနှင့် နှင်းစက်တို့ကို သောက်ခဲ့ရသည်၊ နေစရာ နေရာ အတည်တကျ မရှိဘဲ မိုးဒဏ်လေဒဏ်ကို တောင့်ခံခဲ့ရ၏။
သူမ အကြိမ်ပေါင်းများစွာ လူအများကို အကူအညီတောင်းခဲ့သော်လည်း သူမ ဆောင်ကြာမြိုင် သို့ ရောင်းချခံရခြင်း သို့မဟုတ် အစေခံအဖြစ် အဝယ်ခံရသည်။ သူမ နောက်ပိုင်း ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း သူမ လူတွေအပေါ် ယုံကြည်မှု ပျောက်ဆုံးသွားသည်။
ထို့ကြောင့် သူမသည် တောတောင်ထဲ၌သာ နေထိုင်ပြီး တောရိုင်းတိရစ္ဆာန်များကို အဖော်ပြု၍ နေခဲ့သည်။ အထီးကျန်သော်လည်း အနည်းဆုံးတော့ ဤနည်းအားဖြင့် သူမ လုံခြုံလေသည်။
“မင်း မှားနေပြီ၊ လောကကြီးက မင်း ထင်သလောက် မကောင်းပင်မယ့် မင်း ထင်သလောက်လည်း မဆိုးဘူး၊ အခြေအနေတစ်ခုကြောင့် မင်း တစ်ယောက်ယောက်ကို စိတ်ပျက်သွားခဲ့ပင်မယ့် အဲ့ဒါကြောင့်နဲ့ အခြားသူတွေကို ချစ်ရဲတဲ့စိတ်ကို ဆုံးရှုံးလို့ မဖြစ်ဘူးလေ၊ အခြားသူတွေကို ချစ်တဲ့စိတ် မထားတတ်တဲ့လူက ဘယ်တော့မှ အချစ်မခံရဘူး ဆိုတာကို မသိဘူးလား”
ယဲ့ဖန် အပြုံးနှင့် ပြောလိုက်သည်။ ကိုးကြိမ်မြောက် လူ့ဘဝ ရထားသော လူတစ်ယောက် ဖြစ်သောကြောင့် လူ့သဘာဝ သိမ်ငယ်စိတ်ကို သူ့လောက် မည်သူမှ နားမလည်နိုင်ပါ။
လူသားများသည် ရှေ့နောက်မညီသော သတ္တဝါများ ဖြစ်သည်။ ကောင်းသည်၊ ဆိုးသည်ကို လွယ်လွယ် အကဲဖြတ်ရ ခက်လှသည်။ လူအများ၏ ဆိုးယုတ်သော ဘက်ခြမ်းကို သူ အကြိမ်များစွာ မြင်ဖူးသော်လည်း မရေတွက်နိုင်သော ကြည်နူးစရာကောင်းသည့် ခံစားချက် အစစ်အမှန်များကိုလည်း မြင်ဖူးပါသည်။
“အဲ့တော့ ရှင် ကျွန်မကို ဆိုးတယ်လို့ မမြင်ဘူးလား”
“ဟင့်အင်း”
ယဲ့ဖန် ရယ်၍ ပြောလိုက်သည်။ သူက လူဆိုးမှ မဟုတ်ပဲလေ။
“ဟုတ်ပါတယ် ကျွန်မက သရဲလိုရုပ်ဆိုးလွန်းတယ်လေ၊ ယောက်ျားတွေတောင် ကြောက်သွား လောက်တယ်”
တောင်တစ္ဆေ ရယ်မောလိုက်သည်။ သူ့စကား၌ ဖုံးကွယ်မရနိုင်သော စိတ်ပျက်မှုများ ပါဝင်နေ၏။
ယဲ့ဖန် မှင်တက်သွားပြီး တစ်ခဏမျှ မည်သို့ နှစ်သိမ့်ပေးရမလဲ မသိ ဖြစ်သွားလေသည်။
“ရှင် ကျွန်မအကြောင်းကို နားထောင်ချင်လား”
တောင်တစ္ဆေ ခေါင်းမော့လာသည်။ သူ့မျက်ဝန်း၌ မျှော်လင့်ချက်များနှင့် ပြည့်နှက်နေပြီး တစ်ဖက်လူအား မငြင်းရက်အောင် ပြုလုပ်နေ၏။
သူ့ရင်ထဲ၌ အချိန်အတော်ကြာ သိမ်းဆည်းထားသော စကားများ ရှိပုံရသည်။ သူ ထုတ်မပြောလျင် နေရခက်သလို ခံစားနေရ၏။
“မင်း ပြောမယ်ဆိုရင် ငါ နားထောင်မှာပါ”
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
“တကယ်တော့ ကျွန်မနာမည်က တောင်တစ္ဆေ မဟုတ်ဘူး၊ ကျွန်မမှာလည်း နာမည်ရှိတယ်၊ ကျွန်မ နာမည်က ထန်ပုခူတဲ့၊ ကျွန်မဘဝ ခက်ခဲကြမ်းတမ်းတာကနေ ကာကွယ်နိုင်အောင်လို့ ဆိုပြီးတော့ အမေက အဲ့နာမည်လေး ပေးထားတာလေ”
“ဒါပေမဲ့ ဘဝက မခက်ခဲပဲ နေမလား၊ အရမ်း ခက်ခဲခါးသီးလွန်းတယ်”
ထိုသို့ပြောနေစဉ်မှာပင် သူမ ငိုကြွေးလာ၏။
“ကျွန်မ အသက်ငါးနှစ်မှာ အဖေက ဖျားနာပြီး သေသွားခဲ့တယ်၊ ရန်သူတွေက ကျွန်မ မိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို လုယူသွားတယ်လေ၊ ပြီးတော့ ကျွန်မတို့ သားအမိကို အိမ်ပေါ်က နှင်ချခဲ့တယ်၊ ကျွန်မတို့ ကောင်းကင်ဘုံကနေ ငရဲကို ခဏတွင်း ကျသွားသလို ဖြစ်သွားခဲ့တာပေါ့”
“ကျွန်မအမေက အလုပ်ပေါင်းစုံလုပ်ပြီး ကျွန်မကို ပျိုးထောင်ပေးတယ်၊ အမေက ကျွန်မကို အမြဲ ပြောတယ်၊ ကျွန်မ ကြီးလာရင် ခက်ခဲမှာ မဟုတ်ပါဘူးတဲ့၊ ဒါပေမဲ့ ကျွန်မ အရွယ်ရောက် လာတော့ အိပ်မက်ဆိုးက ထပ်ရောက်လာတယ်လေ”
“မိစ္ဆာမျှော်စင်ရဲ့ မျှော်စင်သခင်က ကျွန်မအမေမှာ မွေးရာပါ ချီမင် စိတ်ဝိညာဉ် ခန္ဓာကိုယ် ရှိတယ် ဆိုတာကို သိသွားတယ်လေ၊ အဲ့တော့ သူက အမေ့ကို ပစ္စည်းတစ်ခုလို ဖမ်းသွားခဲ့ပြီးတော့ ကျွန်မကိုလည်း အသုံးချဖို့ ကြိုးစားခဲ့တယ်၊ ကျွန်အမေက ကျွန်မကို အစွမ်းကုန် ကာကွယ်ခဲ့လို့ ကျွန်မ လွတ်သွားခဲ့တာ”
ထို့နောက် သူမသည် မြို့ထဲ၌ လျှောက်သွားပြီး လမ်းပေါ်၌ အစာလိုက်တောင်းရသည်။ ထို့နောက် သူမသည် သူတောင်းစားများ၏ ရိုက်နှက်မောင်းထုတ်ခြင်း ခံရပြီးနောက် လမ်းဘေးခွေးများနှင့် အစာလိုက်လုရတော့သည်။
နောက်ပိုင်းတွင်မူ သူမ၏ လှပသော မကောင်းသော လူများ၏ သဘောကျခြင်း ခံရသည်။ သူမသည် အလှပြင်ခန်းသို့ အခေါ်ခံရပြီး သူမအား အတင်း ဖောက်သည်များကို ခေါ်ခိုင်း ခဲ့သည်။ အနည်းငယ်မျှ မနာခံမိလျင်ပင် သူမ ရိုက်နှက်ခံရသည်။ အစောင့်များ အိပ်မောကျ နေသဖြင့် သူမ ကံကောင်းထောက်မစွာ ထွက်ပြေးနိုင်ခဲ့သည်။
ထို့နောက်တွင် သူမသည် သူဌေးမကြီးတစ်ယောက်၏ မျက်စိကျခြင်း ခံရပြီး အစေခံအဖြစ် အိမ်ခေါ်သွားခံရသည်။ သူမသည် အစာနှင့် အဝတ်အစားအတွက် ရိုက်နှက်ကြိမ်းမောင်း ခံရသည်။ ပို၍ မုန်းတီးဖွယ်ကောင်းသော အချက်မှာ သူဌေးကြီးက သူမကို မကောင်းကြံ ခဲ့ခြင်းပင်။
“တစ်ညမှာ အဲ့အဘိုးကြီးက သူ့မိန်းမ မရှိတုန်း ကျွန်မအခန်းထဲကို အတင်း ဝင်လာတယ်လေ၊ ကျွန်မကို အတင်း အဓမ္မ ဖျက်ဆီးဖို့ ကြံစည်ခဲ့တယ်၊ ဒါပေမဲ့ အဲ့လို သေရေးရှင်ရေး အခြေအနေမှာ သူ့မိန်းမ ပြန်ရောက်လာတယ်၊ နောက်တော့ ကျွန်မ ဒီလို ဖြစ်သွားရတာပဲ”
ထန်ပုခူ မျက်နှာပေါ်မှ မျက်နှာဖုံးကို ချွတ်လိုက်သောအခါ အမာရွတ်များနှင့် ပြည့်နေသော မျက်နှာလေး တစ်ခု ပေါ်လာသည်။
“အဲ့မိန်းမက ကျွန်မမျက်နှာကို စာရွက်ဖြတ်တဲ့ဓားနဲ့ သုံးဆယ့်ခြောက်ချက်တိတိ မွှန်းခဲ့တယ်၊ ကျွန်မ အဲ့ဓားချက်တွေကို ရေတွက်ထားတာလေ”
ထန်ပုခူ ခါးသီးစွာ ပြုံးလိုက်သည်။
“ကြောက်စရာကောင်းတယ် မဟုတ်လား၊ ရွံစရာ ကောင်းတယ်ဟုတ်၊ ကျွန်မကိုယ်တိုင်လည်း ရွံသလို ခံစားမိလို့ ဒီမျက်နှာဖုံးကို တပ်ထားတာ၊ ကျွန်မ အိပ်နေတဲ့ အချိန်မှာတောင် ဒါကို တပ်ထားတာ၊ ကျွန်မ နိုးလာလို့ ကိုယ့်မျက်နှာ ကိုယ်မြင်ပြီး သေသွားမှာကို ကြောက်နေလို့လေ၊ ဟားဟားဟား”
ယဲ့ဖန် မှင်တက်သွားပြီး သူမမျက်နှာအား မျက်တောင်မခပ်တမ်း ကြည့်နေမိသည်။ သူ့ရင်ထဲ၌ ဒေါသစိတ် ပေါက်ဖွားလာသည်။
“နောက်တော့ ကျွန်မ ကန်ထုတ်ခံလိုက်ရတယ်၊ ရဲကိုသွားတိုင်လည်း အသုံးမဝင်ဘူးလေ၊ သူတို့က ချမ်းသာပြီး အာဏာရှိတယ်၊ ရဲတွေက သူတို့ကို အာခံမိမှာ စိုးလို့ ဂရုမစိုက်ကြဘူး”
“နောက်တော့ ကျွန်မ တောင်ပေါ်ကို တက်ပြီး အဲ့မှာပဲ အခြေချခဲ့တယ်၊ တောကောင်လေးတွေကို ဖမ်းပြီး ဗိုက်ဆာရင် အစိမ်းလိုက် စားမိတယ်၊ ရေဆာရင် စမ်းချောင်းရေကို သောက်တယ်၊ အဲ့ဒါကြောင့် ကျွန်မကိုယ်တိုင် တစ္ဆေတစ်ကောင်လို ဖြစ်လာတာလေ၊ ကျွန်မက တောင်ပေါ်မှာ နေတော့ ဒေသခံတွေက တောင်ပေါ်တောင် တက်ဖို့ ကြောက်ကြတယ်”
ထန်ပုခူက မျက်ရည်များနှင့် ပြုံးနေပုံက ရင်ကွဲစရာ ကောင်းလှသည်။
“ကျွန်အမေက ဘဝမှာ ခါးသီးမှု မရှိအောင် ထန်ပုခူလို့ ပေးတာလဲ၊ ညာတာ၊ အားလုံးက ညာတာ”
သူမအတွက် အဘယ်မှာ မခါးသီးဘဲ ရှိမည်နည်း၊ ခါးသီးလွန်းလှပါ၏။ ယဲ့ဖန် သူမကို ဆွဲ၍ ရင်ခွင်တွင်း၌ ထွေးပွေ့ကာ အလေးအနက် ပြောလိုက်သည်။
“ငါ ရှိနေရင် မင်းဘဝမှာ ဘာမှ ထပ်ခံစားစရာ မလိုတော့ပါဘူး”
ထန်ပုခူ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ရီဝေသော အမူအရာ ဖြစ်လာသည်။ ယဲ့ဖန်က သူမကို ဆွဲ၍ ဖက်လိမ့်မည်ဟု သူမ ထင်မထားမိပါ။ သူမ၏ မသိစိတ်က သူမကို ဤလူ၏ ရင်ခွင်တွင်းမှ ထွက်ရန် အသိပေးနေ၏။
သို့သော် သူမခန္ဓာကိုယ်က ထိန်းချုပ်မရဘဲ သူ့ရင်ခွင်ထဲ ပိုပို၍ နစ်မြုပ်နေမိသည်။ ဤအမျိုးသား၏ ရင်ခွင်က နွေးထွေးလွန်းပြီး ရင်းနှီးလွန်းလှကာ ယခင်က တစ်နေရာရာ၌ ခံစားဖူးသည်ဟု ထင်မှတ်မှားရသည်။
သူတို့ အချင်းချင်း အချိန်အတော်ကြာ သိမြင်နေသည်ဟု ထင်မှတ်ရပြီး သူမ ဘာကိုမှ မတွေးဘဲ အညံ့ခံချင်ကာ သူ့ရင်ခွင်တွင်းမှ ထွက်ရန် ဝန်လေးနေ၏။
*ဒါက ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ*
ထိုစဉ် ယဲ့ဖန်၏ မျက်လုံးက မသိမသာ နက်မှောင်နေပြီး လူသတ်ချင်စိတ် တိုးပွားလာနေသည်။
*ဖန့်ယင်း နောက်ဆုံးတော့ ကိုယ် မင်းကို ရှာတွေ့ပြီ*
အချိန်အတော်ကြာပြီးမှ ထန်ပုခူက ယဲ့ဖန်ကို တွန်းထုတ်ကာ ရယ်လေသည်။
“ဘာလို့လဲ၊ ရှင် ကျွန်မကို သနားနေတာလား၊ ကျွန်မက ရှင် သနားဖို့ လိုလို့လား၊ ကျွန်မ နှစ်ပေါင်းများစွာ ကြာအောင် ဒါနဲ့ အသားကျနေပါပြီ၊ ကျွန်မ ကံတရားကို ကျွန်မ လက်ခံထား ပြီးသားပါ”
“အဲ့တော့ မင်းက အခု မိစ္ဆာမျှော်စင်ကို လက်စားချေဖို့ သွားမလို့လား”
ယဲ့ဖန် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ သူ့စကားကို ကြားသော် ထန်ပုခူ၏ အပြုံးက ပို၍ ခါးသီးလာသည်။
“ကျွန်မ ကြာကြာမနေနိုင်ပါဘူး အဲ့ခွေးသူခိုးကြီးက ကျွန်မ ထွက်ပြေးနေတုန်း ရိုက်ခဲ့တယ်၊ အဲ့ရိုက်ချက်က ကျွန်မရဲ့ ကျင့်ကြံခြင်းကို ထိခိုက်စေခဲ့ပြီးတော့ မကြာသေးခင် နှစ်အတွင်းမှာ ကျွန်မအသက်ဓာတ်က ပိုပိုပြီး အားနည်းလာတယ်၊ ကျွန်မ ဘယ်တော့ သေမလဲ မသိဘူး”
“ကျွန်မ အချိန်ကုန်နေပြီ၊ ကျွန်မ လက်စားမချေနိုင်ရင် သူ့လက်ထဲမှာ သေသွားလိမ့်မယ်၊ အရာအားလုံး အဆုံးသတ်သွားမှာ၊ အဆုံးသတ်ချိန်လည်း တန်ပြီလေ”
ထန်ပုခူက စိတ်အေးသွားသော အပြုံးမျိုး ပြုံးလေသည်။
*အမေ သမီးဘဝက ခက်ခဲလွန်းတယ်၊ သမီး တကယ် မခံနိုင်တော့ဘူး*
*နောက်ဘဝကျရင် ဒီလောက် မခက်ခဲဖို့ဘဲ သမီး မျှော်လင့်ပါတယ်*
*နှစ်နှစ်ဆယ်ကျော်ပြီဆိုတော့ အဆုံးသတ်ချိန်လည်း ရောက်ပါပြီလေ*
သူမ၏ စိတ်အခြေအနေက အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်နေ၏။ အဘယ်ကြောင့် ဆိုသော် သူမ လက်လျှော့လိုက်ပြီ ဖြစ်သောကြောင့်ပင်။
“ဟုတ်တယ် အဆုံးသတ်ချိန် တန်ပြီ”
ယဲ့ဖန်ကလည်း အဓိပ္ပာယ် ပြည့်နှက်သော အမူအရာနှင့် ခေါင်းညိတ်လေသည်။
*ဟင်*
ထန်ပုခူက သူ့အား သံသယဝင်သလို ကြည့်လိုက်မိသည်။ ယဲ့ဖန်၏ စကားကို သူမ နားမလည်ပါ။
“ထန်ပုခူ၊ ငါ ပြောတာကို ယုံပါ၊ မင်းအမေက မင်းကို ဒီနာမည် ပေးခဲ့တာ မမှားပါဘူး၊ ငါနဲ့ တွေ့တဲ့အချိန်ကစပြီး မင်းဘဝက မခါးသီးစေရဘူး၊ ချိုမြိန်နေစေရမယ်”
ထို့နောက် သူသည် လှစ်ခနဲ လှုပ်ရှား၍ မီတာတစ်ရာ အဝေးသို့ လေးမှ ပစ်ခွင်းလာသော မြားတစ်စင်းသဖွယ် ထွက်သွားလေသည်။
“သူ … သူ ဘာလုပ်နေတာလဲ”
ထန်ပုခူ သွေးပျက်သွားပြီး စီးလာသော တစ္ဆေဖန်ချီကို မေးလိုက်သည်။ တစ္ဆေဖန်ချီက သူမကို တစ်ချက် အသာကြည့်၍ အေးစက်စွာ ပြန်ပြောလေသည်။
“သတ်မလို့လေ”
တစ်ချိန်တည်းမှာပင် မိစ္ဆာမျှော်စင်တွင်း၌ ညည်းညူဆူညံသံများ ဆက်တိုက် ထွက်ပေါ်နေ၏။
“မလုံလောက်ဘူး မလုံလောက်သေးဘူး”
ဒုတိယဘိုးဘေးက ဖိုသီဖတ်သီ ဖြစ်နေသော ခန္ဓာကိုယ်မှ အဝတ်အစားကို ပြန်ပြုပြင်လို က်သည်။ ထို့နောက် စိတ်မရှည်သော အမူအရာနှင့် သူ့အောက်မှ သေဆုံးသွားသော အမျိုးသမီး၏ အလောင်းကို ရိုက်ထုတ်၍ အပြင်သို့ ထွက်လာသည်။
သူ့ဘေးပတ်ဝန်းကျင်၌ အမျိုးသမီး အလောင်းများ တစ်ရာမက ပုံနေပြီး အားလုံး ကိုယ်လုံးတီး ဖြစ်နေကာ ခြောက်သွေ့၍ မမ်မီအလောင်းသဖွယ် ဖြစ်နေကြသည်။ သူမတို့၏ မျက်နှာက မသေခင် ဆိုးရွားသော ဝေဒနာကို ခံစားခဲ့ရသကဲ့သို့ မရှုမလှ ဖြစ်နေလေသည်။
ဤကာလအတောအတွင်း၌ သူသည် မိစ္ဆာကျင့်စဉ်ကို ဆက်တိုက် လေ့ကျင့်ကာ ဖြူစင်သော အမျိုးသမီးများ၏ အသွေးအသားကို စုပ်ယူ၍ လူသားဆန်စိတ်ကို ဖျောက်ဖျက်ခဲ့သည်။
သူ ပို၍ သန်မာလာချင်သည်။ သူ ပိုသန်မာမှ ဖြစ်မည်။ ဤနည်းတစ်ခုတည်းဖြင့်သာ ယခင်က သူ အရှက်ကွဲခဲ့ရသည်ကို ပြန်လက်စားချေ၍ ယဲ့ဖန်ကို သတ်နိုင်မည် ဖြစ်သည်။
သို့သော် ဤအမျိုးသမီးများက သူ့အတွက် ဆိုးလွန်းနေသည်။ မိန်းကလေး အယောက် တစ်ရာ၏ အသွေးအသားကို သူ စုပ်ယူခဲ့သော်လည်း ကျင့်ကြံရခက်နေဆဲပင်။ ဤသည်က သူ့ကို အလွန် စိတ်တိုစေသည်။
“ဟွမ်ယွီလင်းရဲ့ ထိပ်တန်း အရည်အသွေးရှိတဲ့ ခန္ဓာကိုယ်ကို ငါ လိုအပ်နေတာ အသေအချာပဲ၊ သူကပဲ ငါ အောင်မြင်မှုကြီးတွေ ရအောင် လုပ်ပေးနိုင်မှာ”
ရုတ်တရက် သူ၏ အိုမင်းနေသော မျက်လုံးက အရောင်တောက်လာသည်။ ထိုမိန်းကလေး၏ ဆွဲဆောင်မှု ရှိသော အသွင်အပြင်ကို တွေးမိသည်နှင့် သူ့ခန္ဓာကိုယ်က မကောင်းမှု ကျူးလွန်ချင် လာကာ ရာဂစိတ် တောက်လောင်လာပြီး လျှာသပ်လိုက်သည်။
သူ့အတွေးထဲ နစ်မျောနေသောကြောင့် မိစ္ဆာမျှော်စင်၌ လူတစ်ယောက် ပေါ်လာသည်ကို ချက်ချင်း သတိမထားမိပါ။ ခြေသံတစ်သံကို ကြားသောအခါမှ ဒုတိယဘိုးဘေး အသိဝင်လာ၏။
“ဘယ်သူလဲ”
လူသတ်ချင်စိတ် အပြည့်ဖြင့် ဟစ်အော်လိုက်သည်။
ရောက်လာသူက ဆောင့်ကြောင်ထိုင်၍ အမျိုးသမီးတစ်ယောက်၏ နှာခေါင်းဝ၌ လက်နှစ်ချောင်းကို တေ့၍ အသက်ရှိသေးလား စမ်းသပ်လေသည်။ သို့သော် သူမ သေဆုံးပြီး နေကြောင်းကိုသာ တွေ့လိုက်ရသည်။ ထို့ကြောင့် သူ သက်ပြင်းချလိုက်မိသည်။
“ကျုပ် အသက်ရှင်ခွင့် မပေးလိုက်သင့်ဘူးပဲ”
ဤခွေးသူခိုးကိုသာ အလွတ်မပေးခဲ့မိလျင် အပြစ်မရှိသော မိန်းကလေးများစွာက ယခုကဲ့သို့ သေဆုံးရမည် မဟုတ်ပါ။
“မင်းကိုး”
ချက်ချင်းဆိုသလိုပင် ဒုတိယဘိုးဘေး ကျယ်လောင်စွာ အော်ဟစ်လာသည်။ သူ့အသံ၌ မုန်းတီးစိတ်များ ပြည့်နှက်နေ၏။ သူ ရူးမတတ် မုန်းတီးနေသည်။