← Chapters

ခွန်းလုံအား တုန်လှုပ်စေခြင်း

Vol. 92 Ch. 1380

ခွန်းလုံအား တုန်လှုပ်စေခြင်း

Vol. 92 Ch. 1380

ဤလူက မျှော်စင်ထဲသို့ အရင်ဦးအောင် ဝင်လာလိမ့်မည်ဟု ဒုတိယဘိုးဘေး တစ်ခါမှ ထင်မထားမိပါ။ ထို့နောက်တွင်မူ သူ့မျက်လုံး၌ အံ့ဩဝမ်းသာစိတ်များ ပြည့်နှက်လာ၏။

 

သူ ယဲ့ဖန်ကို သတ်နိုင်မည့် နည်းလမ်း မရှိမည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် ဤလူက သူ့ခြေထောက်နှင့်သူ ရောက်လာခဲ့လေသည်။

 

*နတ်ဘုရားတွေက ငါ့ကို ကူညီလိုက်တာပဲ*

 

“ယဲ့ဖန် ယဲ့ဖန် မင်း မောက်မာလွန်းနေတာကို မင်း သိလား၊ ငါက အပြင်မှာ မင်း ပြိုင်ဘက် မဟုတ်ပင်မယ့် ဒီမိစ္ဆာမျှော်စင်ထဲမှာတော့ ငါက အားလုံးရဲ့ အရှင်သခင်ပဲ”

 

ဒုတိယဘိုးဘေးက အားပါးတရ ရယ်မောလိုက်သည်။ သူ အလွန် ဂုဏ်ယူနေ၏။ ဤမိစ္ဆာမျှော်စင်တွင်း၌ နတ်ဘုရင်အဆင့်ပင် သူ့အား စိန်မခေါ်ရဲဟု ပြောလျင် သူ အပိုလုပ်၍ ပြောခြင်းမဟုတ်ပါ။ လက်ရှိတွင် သူ အလွန်အမင်း ယုံကြည်မှု ရှိနေ၏။

 

ထို့ကြောင့် သူ့စိတ်ထဲတွင် ယဲ့ဖန် သေဖို့ ရောက်လာသည်ဟု ထင်နေကြသည်။ ဟွမ်ယွီလင်း မပါဘဲ ယဲ့ဖန်ကို သူ သတ်နိုင်တော့မည် ဖြစ်သဖြင့် ဟန်ကျလှသည်။ ယဲ့ဖန် သေသွားလျင် ဟွမ်ယွီလင်းက သူ၏ အသုံးတော်ခံ ဖြစ်လာမည် မဟုတ်ပါလော။

 

ယဲ့ဖန် ဖြည်းဖြည်းချင်း ပြန်မတ်တပ်ရပ်လိုက်ပြီး သူ့ကိုယ်ပေါ်မှ ဖုန်ကို ခါလိုက်ပြီးနောက် ဒုတိယ ဘိုးဘေးကို လှမ်းကြည့်လိုက်သည်။

 

“ကျုပ် ခင်ဗျားကို တစ်ခုပဲ မေးချင်တယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက ခင်ဗျား မွေးရာပါ ချီမင် စိတ်ဝိညာဉ် ခန္ဓာကိုယ် ရှိတဲ့ အမျိုးသမီးကို အသုံးချဖို့ ဖမ်းခဲ့သေးလား”

 

“ဟမ်”

 

ဒုတိယဘိုးဘေးသည် တစ်ခဏမျှ ကြက်သေ သေသွားပြီးနောက် ခေါင်းကိုငုံ့၍ တွေးတော နေသည်။ ထို့နောက် သူ့မျက်နှာ၌ ညစ်ကျယ်ကျယ် ဟန်ပန် ပေါ်လာ၏။

 

“ဪ ငါ မှတ်မိပြီ၊ သူက သုံးဆယ်စွန်းစွန်း မိန်းမပျိုလေးပဲ၊ သူက ငါ မှတ်မိထိုက်တဲ့ အသုံးတော်ခံ အချို့ထဲက တစ်ယောက်လေ”

 

“ဟဲဟဲ အဲ့ခွေးမရဲ့ဟာကို စကားလုံးတစ်လုံးတည်းနဲ့ ပြောရမယ်ဆိုရင် စိုစွတ်တယ်၊ စိုစွတ်နေ တာပဲကွာ၊ ငါ သူ့ကို သတ်တောင် မသတ်ရတ်ဘူး၊ ဒါပေမဲ့ ငါ နှစ်ဝက်လောက် သူ့ကို ကစားပြီးမှ သတ်လိုက်တာလေ”

 

“ကျစ်ကျစ်”

 

သူ နှစ်ခါ စုတ်သတ်လိုက်သလို သူ့မျက်နှာမှ အပြုံးကလည်း ပို၍ ဆိုးယုတ်လာ၏။ သူသည် ထိုအမျိုးသမီးအား အနိုင်ကျင့်ရသည့် အရသာကို ပြန်အမှတ်ရနေသည့်ပုံပင်။

 

ယဲ့ဖန်လည်း ရယ်လိုက်ပြီးနောက် ဆိုးယုတ်သော အပြုံးမျိုး ပြုံးလိုက်သည်။

 

“ခင်ဗျားရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒကြောင့် အဲ့အမျိုးသမီးရဲ့ ငါးနှစ်အရွယ် ကလေးက လမ်းမပေါ်မှာ နေရပြီး လူမဆန်တဲ့ဘဝနဲ့ နေခဲ့ရတာကို သိလား၊ သူ့ဘဝအဆုံးသတ်က သရဲတစ္ဆေလို ဖြစ်ခဲ့တာ”

 

“ဪ ငါ အဲ့ကလေးမလေးကိုလည်း သဘောကျတယ်၊ အစက သူ့ကိုပါ သူ့အမေနဲ့အတူ ကစားချင်ခဲ့တာ၊ သူ့ရဲ့ ခန္ဓာကိုယ်က သူ့အမေလောက် မကောင်းပင်မယ့် စားလို့ရတယ်ဆိုတော့ မဖြုန်းတီးကောင်းဘူးလေ၊ ငါ ဘယ်တုန်းကမှ အစားမရွေးခဲ့ဖူးဘူး”

 

ထန်ပုခူအကြောင်း ပြောနေချိန်တွင် သူ့စကား၌ အပြစ်ရှိစိတ် စိုးစဉ်းမျှ မရှိချေ။ ထိုအစား သူက ရှက်စရာကောင်းသော အပြောမျိုး ပြောနေ၏။

 

“ဘာလဲ အဲ့ကောင်မလေးကို မင်း ရှာတွေ့လို့လား၊ နှစ်တွေလည်း ကြာပြီဆိုတော့ သူလည်း သူ့အမေလို စိုစွတ်နေမှာပဲ”

 

“အဲ့လိုဆိုရင်တော့ ငါ သူ့ကို အဲ့အရသာကို သိအောင် လုပ်ပေးရမယ်၊ အမေနဲ့ သမီးဆိုတော့ ခန္ဓာကိုယ်က သိပ်မကွာလောက်ပါဘူး၊ ဟုတ်တယ်မလား ဟားဟားဟား”

 

“စိတ်မကောင်းပါဘူး ကျုပ် ခင်ဗျားကို သူ့ကို ရှာခွင့်မပေးနိုင်ဘူး”

 

ယဲ့ဖန်က ခပ်ပေါ့ပေါ့လေသံဖြင့် ပြော၍ ရှေ့သို့ လျှောက်လာသည်။ သူ့အနောက်မှ အနက်ရောင် အငွေ့များက ဒီရေသဖွယ် မြင့်တက်လာပြီး လေထုထဲ၌ လွှမ်းမိုးလာကြောင့် ငရဲခန်းနှင့် သဏ္ဌာန် တူလာ၏။

 

“အဲ့တော့ ကျုပ် ခင်ဗျားကို ဒီနေ့ ဒီနေရာမှာ သေအောင်လုပ်ရမယ်”

 

ဒုတိယဘိုးဘေး၏ မျက်နှာ မည်းမှောင်သွားပြီးနောက် အပြုံးကြီး ပြောလေသည်။

 

“ငါ ပြောခဲ့တဲ့ စကားက အလကား ဖြစ်သွားတယ် ထင်တယ်၊ မင်း နားလေလား၊ ဒီမိစ္ဆာ မျှော်စင်ထဲမှာ ငါက အရှင်သခင်ပဲဆိုတာကို ….”

 

“ရွှစ်”

 

သူ့စကား မဆုံးခင်မှာပင် သူ့ခန္ဓာကိုယ်မှ လက်မောင်းတစ်ဖက် ပြတ်ထွက်သွားပြီး သူ့ရှေ့သို့ ဘုန်းခနဲ ပြုတ်ကျလာကာ သွေးများ အိုင်ထွန်းလာ၏။ လှုပ်ရှားမှုက အလွန် လျင်မြန်လွန်း လှသည်။

 

ပြတ်သွားသော သူ့လက်မောင်းကိုကြည့်ပြီး ဒုတိယဘိုးဘေး၏ မျက်လုံးတွင် ကြောက်စိတ်များ ပြည့်နှက်လာသည်။ သူပင် မသိလိုက်ဘဲ သူ့လက်မောင်းတစ်ဖက် အဖြတ်ခံလိုက်ရလိမ့်မည်ဟု ထင်ထားမိပုံ မရချေ။

 

သူ ယခုလေးတင် ကြွားဝါ ပြောဆိုနေသော်လည်း ယဲ့ဖန်က လက်တွေ့လုပ်ရပ်ဖြင့် သူ့ကို အရှက်ခွဲ သွားလေသည်။

 

ယဲ့ဖန်သည် သူ့အနောက် ဆယ်မီတာပင် မကွာသော နေရာ၌ ရပ်နေပြီး သူ့လက်မှ သွေးစများကို ခါ၍ အေးအေးလူလူ နောက်ပြန်လှည့်ကြည့်လာ၏။

 

“သတိထားပါ မျှော်စင်သခင်၊ နောက်တစ်ခါဆို လက်မောင်းတင် မကဘူး …”

 

“ယီးပဲ၊ မင်း သေရမယ်ကွ”

 

ဒုတိယဘိုးဘေး၏ ပုံရိပ်က ရုတ်တရက် မြောက်တက်သွားပြီး မိစ္ဆာမျှော်စင်၏ အမြင့်၌ ဝဲနေကာ မိစ္ဆာစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး လေထုအား ဝါးမျိုလာသည်။

 

“ထောင်ချီတဲ့ နတ်ဆိုးတွေနဲ့ မိစ္ဆာတွေ ငါ အသုံးချတာ ခံကြစမ်း”

 

မိစ္ဆာစွမ်းအင် ထွက်ပေါ်လာသည်နှင့် မိစ္ဆာမျှော်စင်တစ်ခုလုံး မီးတောက်လာ၏။

 

“ခွေးမသား၊ မင်း ငါ့စိတ်ဝိညာဉ် စွမ်းအင်ကို ထပ်စုပ်ယူပြန်ပြီ”

 

“မဟုတ်ဘူး ရပ်လိုက်၊ မင်း ရပ်လိုက်တော့၊ ငါ ခြံမွေးတိရစ္ဆာန် မဖြစ်ချင်ဘူးကွ၊ မင်းကို ငါ့စိတ်ဝိညာဉ် စွမ်းအင်တွေ မပေးနိုင်ဘူး”

 

“တစ်နေ့ ငါ ဒီကနေ လွတ်သွားရင် မင်းကို သေတာထက် ဆိုးအောင် လုပ်ပစ်မယ်ကွ”

 

မိစ္ဆာများက နာကျင်စွာ အော်ဟစ်နေပြီး ဒုတိယဘိုးဘေးက သူ ပိုအင်အားကြီးလာစေရန် သူတို့၏ စိတ်ဝိညာဉ် စွမ်းအင်များကို ထုတ်ယူနေ၏။ ဤဖြစ်စဉ်က သူတို့အတွက် အလွန်အမင်း နာကျင်စရာ ကောင်းလှသည်။

 

ယင်းက စိတ်ဝိညာဉ်ကို စုတ်ဖြဲနေသလိုပင်။ ဤဝေဒနာကို သူတို့သာလျင် သိပေသည်။ ယဲ့ဖန်သည်လည်း မျက်မှောင်ကြုတ်သွားသည်။ ဤမိစ္ဆာကျင့်စဉ်က အလွန် လူမဆန်ပေ။ ဤအဖြစ်က လူအများအား တိရစ္ဆာန်သဖွယ် မွေးမြူထိန်းသိမ်း၍ လိုအပ်ချိန်၌ ထုတ်သတ် သည်နှင့် အတူတူပင်။

 

၎င်းက ယဲ့ဖန်၏ ဝါးမျိုခြင်း ကျင့်စဉ်နှင့် တူသော်လည်း ယဲ့ဖန်၏ နတ်ဆိုးစွမ်းအင်နှင့် ယှဉ်လျင် များစွာ ကွာနေသေးသည်။

 

ယဲ့ဖန်၏ နတ်ဆိုးကျင့်စဉ်က ရန်သူ၏ အရာအားလုံးကို ဝါးမျိုပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ အရာရာတိုင်းကို သူ၏ အရိုးများနှင့် အသွေးအသားတို့ဖြင့် ပေါင်းစပ်ခြင်း ဖြစ်သည်။

 

သို့သော် ဒုတိယဘိုးဘေး၏ နတ်ဆိုးကျင့်စဉ်က မိစ္ဆာတို့၏ စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်ယူခြင်း ဖြစ်သဖြင့် သူ့ခွန်အားကို ယာယီသာ တိုးမြင့်စေ၏။

 

ဒုတိယဘိုးဘေးက မိစ္ဆာမျှော်စင်ကို စောင့်ကြပ်နိုင်သည်ကလည်း အဆန်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဤနေရာ၌ ယှဉ်ပြိုင်နိုင်သူ ရှိမနေသောကြောင့်ပင်။

 

မိစ္ဆာမျှော်စင်တွင်းမှ မိစ္ဆာများသည် သူ၏ အာဟာရဖြစ်ပြီး သူ အချိန်မရွေး ထုတ်ယူနိုင်သည့် သားကောင်များ ဖြစ်ကြသည်။

 

“ဟားဟားဟား ပါးစပ်ပိတ်ထား၊ မျိုးမစစ်ကောင်တွေ ငါ့အတွက် အသုံးချခံရတာကို မင်းတို့ ဂုဏ်ယူသင့်တာကွ၊ မင်းတို့ ပျော်နေသင့်တာ”

 

ဒုတိယဘိုးဘေးက အားပါးတရ ရယ်မောနေပြီး သူ့မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုက ပို၍ ထင်ရှား လာ၏။ သူ့ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအင်က အရူးအမူး တိုးပွားလာသည်ကို သူ ခံစားမိ နေသည်။

 

ချက်ချင်းဆိုသလိုပင် သူက ယဲ့ဖန်ကို အန္တရာယ်ပေးလိုသော အကြည့်မျိုး ကြည့်လေသည်။

 

“ယဲ့ဖန် အခု ငါ့ရဲ့ တကယ့် ကျင့်စဉ်ကို မင်း သိပြီ မဟုတ်လား”

 

“စိတ်မပူပါနဲ့ ငါ မင်းကို မသတ်ဘူး၊ ငါ မင်းကို သူတို့လိုပဲ ဒီမိစ္ဆာမျှော်စင်ထဲမှာ ထာဝရ ပိတ်လှောင်ထားမှာ၊ မင်းကို တိရစ္ဆာန်လို ဖမ်းပြီး စိတ်ဝိညာဉ် စွမ်းအင်တွေကို စုပ်ယူပစ်မှာ”

 

“ဒါဆိုလည်း စမ်းကြည့်လိုက်လေ”

 

ယဲ့ဖန် ခြေတစ်ဖက်ကို ဆောင့်လိုက်သည်။ တာအိုစွမ်းအင်က မီးတောင်ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာပြီး လူတစ်ကိုယ်လုံး သိမ်းငှက်တစ်ကောင်သဖွယ် ထိုးတက်သွားသည်။

 

“ငါ မင်းခေါင်းကို လိုချင်တယ်ကွ”

 

ဒုတိယဘိုးဘေးက ခက်ထန်စွာ အော်ဟစ်၍ ယဲ့ဖန်ထံ ပြေးဝင်လာသည်။

 

“ဝုန်း”

 

လေဟာနယ်ထဲ၌ ပြင်းထန်သော တုန်ခါမှုတစ်ခု ထွက်ပေါ်လာပြီး အဆုံးမရှိသော စွမ်းအင်က မိစ္ဆာမျှော်စင် တစ်ခုလုံးကို ဖုံးလွှမ်းလာသည်။

 

မိစ္ဆာမျှော်စင် တစ်ခုလုံး ရုတ်တရက် တုန်ခါသွားပြီး အချိန်မရွေး ပြိုကျမလို ဖြစ်လာသည်။ ယဲ့ဖန် လက်သီးဖြင့် ထိုးသော်လည်း ဒုတိယဘိုးဘေး၌ မည်သို့သော ထိခိုက်မှုမျိုးမှ မရှိပါ။

 

“ဟားဟားဟား မင်း မြင်ပြီလား၊ အခု မတူတော့ဘူးကွ၊ မင်းလက်သီးက အလုပ် မဖြစ်တော့ဘူးကွ”

 

ဒုတိယဘိုးဘေး အားပါးတရ ရယ်မောနေပြီး သူ့ရင်ထဲ၌ ဝမ်းသာစိတ်များ ပြည့်နှက်နေ၏။ ယဲ့ဖန်အား သူ၏ အကျဉ်းသားအဖြစ် ကြိုမြင်နေလေသည်။

 

ထိုသို့ပြောပြီးသည်နှင့် ဒုတိယဘိုးဘေးက ထပ်တိုက်လာ၏။ သူ့လက်ထဲတွင် သွေးရောင် လွှမ်းနေသော အရိုးလှံရှည်တစ်လက် ရှိနေသည်။ ယင်းလက်နက်မှ အမျိုးသမီးများ၏ အရိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဤအရိုးလှံရှည်အား သူ နှိပ်စက်ညှဉ်းပန်းထားသော အမျိုးသမီးများ အားလုံး၏ အရိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကာ အမုန်းတရားနှင့် ယင်ဓာတ်များ ပြည့်နှက်နေ၏။

 

လှံရှည်က ယဲ့ဖန်၏ ရင်ဘတ်သို့ တည့်တည့် ထိုးစိုက်သွားသည်။ ယဲ့ဖန် ချက်ချင်း မျက်မှောင်ကြုတ် သွားပြီး ပုံကြီးမချဲ့ရဲဘဲ ညာလက်၌ တာအိုစွမ်းအင်များ စုစည်း၍ ထိုအရိုး လှံရှည်အား အားဖြင့် ထိုးနှက်လိုက်သည်။

 

ထို့နောက်တွင်မူ မိစ္ဆာမျှော်စင်တွင်း၌ နှစ်ယောက်လုံး ထိပ်တိုက် ရင်ဆိုင်နေကြပြီး လက်သီးနှင့် လှံတံတို့ဖြင့် တိုက်ခိုက်နေသောကြောင့် အသံဗလံများ ဆူညံကာ သွေးများ ပန်းထွက်နေသည်။

 

နှစ်ယောက်လုံး လျင်မြန်စွာ တိုက်ခိုက်နေပြီး ထိပ်တိုက်တိုက်လိုက်၊ လူချင်းခွာလိုက် လုပ်နေပြီး ထိတ်လန့်ဖွယ် စွမ်းအင်လှိုင်းများကို ဖြစ်ပေါ်စေသည်။ သူတို့သည် အပိုစကားနှင့် ဟန်ရေး ပြကွက်များပင် မသုံးဘဲ အသေအကြေ တိုက်ခိုက်နေ၏။

 

နှစ်ယောက်လုံး အလွန် ဒေါသထွက်နေပြီး သူတို့ရင်ထဲ၌ အတွေးတစ်ခုတည်းသာ ရှိသည်။ ထိုအတွေးက တစ်ဖက်လူကို နင်းချေရန် ဖြစ်လေသည်။

 

ရုတ်တရက် သွေးရောင် အရိုးလှံရှည်က လေဟာနယ်ကို ထိုးခွင်း၍ ရှေးဟောင်း စည်းတံဆိပ် များကို ထုတ်ဖော်လေသည်။ တစ်ခုချင်းစီက လေးလံကာ လေဟာနယ်ကို ချိုးဖောက်၍ ယဲ့ဖန်ထံ ကျဆင်းလာ၏။

 

“ပျက်စီးစမ်း”

 

ယဲ့ဖန် ခက်ထန်စွာ အော်ဟစ်လိုက်ပြီး လက်သီးဖြင့် ထိုတာအိုစည်းတံဆိပ်အား ထိုးနှက် ဖျက်ဆီးလေသည်။

 

ထိုအခါ ရှေးဟောင်း စည်းတံဆိပ်များ ပျက်စီးသွားလေသည်။ ယဲ့ဖန်၏ လက်သီးချက်က ပြိုင်ဘက်ကင်းကာ လေဟာနယ်ကို ထိုးခွင်း၍ ရပ်တန့်ခြင်း မရှိဘဲ ဒုတိယဘိုးဘေးထံသို့ ကျရောက်လာသည်။

 

“ဘာ”

 

ဒုတိယဘိုးဘေး ထိတ်လန့်သွားသည်။ သူ၏ ခန္ဓာကိုယ်က ဤအနေအထားအထိ အင်အားကြီး လာသော်လည်း ယဲ့ဖန်၏ အတိုက်အခိုက်စွမ်းရည်က သူနှင့် ယှဉ်နိုင်နေသေးသည်တဲ့လား။

 

*ဒီကောင် ဘယ်လောက်တောင် သန်မာတာလဲ*

 

လက်ရှိတွင် ယဲ့ဖန်၏ အတိုက်အခိုက် စွမ်းရည်အား သူ မသိနိုင်သေးဘဲ သိနိုင်မည့် နည်လမ်းလည်း မရှိကြောင်း ရုတ်တရက် သတိပြုမိသွားသည်။

 

“မင်း ဘယ်လောက်ထိ ခံနိုင်ရည် ရှိမလဲ ကြည့်ရသေးတာပေါ့”

 

ဒုတိယ ဘိုးဘေး အေးစက်စွာ ခနဲ့လိုက်ပြီး လက်ထဲမှ သွေးရောင် အရိုးလှံရှည်ကို လွှတ်လိုက်သည်။ အရိုးလှံရှည်က လေထဲ အထက်အောက် ဝဲနေ၏။

 

“လှံရှည် ရှစ်ထောင် တိုက်ကွက်”

 

သွေးရောင် အရိုးလှံရှည်က အလက်တစ်ရာ၊ တစ်ရာမှ တစ်ထောင်နှင့် ရှစ်ထောင်အထိ တိုးပွား သွားသည်။

 

“သတ်”

 

ဒေါသတကြီး အော်သံနှင့်အတူ သွေးရောင် လှံရှည် အလက်ရှစ်ထောင်က ယဲ့ဖန်ထံ အရှိန်ဖြင့် ထိုးစိုက်သွားသည်။

 

လေတိုးသံများက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထွက်ပေါ်လာပီး လူ့ခန္ဓာကိုယ် ကိုပင် စုတ်ဖြဲစေနိုင်လောက်သည်ဟု ထင်မှတ်ရသည်။

 

သို့သော် ယဲ့ဖန်က ဝင့်ဝင့်ကြွားကြွားဖြင့် ရှေ့သို့ ဆက်လျှောက်လာသည်။ သူ၏ ခြေလှမ်းတိုင်း၌ စွမ်းအင်လှိုင်းများ ထွက်ပေါ်နေပြီး နဂါးငွေ့တန်း ပျက်စီးတော့မယောင် ထင်မှတ်မှားရသည့် အရှိန်အဝါတစ်ခုလုံး မိစ္ဆာမျှော်စင် တစ်ခုလုံးတွင် ပြည့်နှက်နေ၏။

 

ထိုအခိုက်တွင် လူသတ်လိုသော အငွေ့အသက်က နေရာအနှံ့သို့ ပျံ့နှံ့နေပြီး သူ အလွန်အမင်း စိတ်တိုနေကြောင်း သိသာလှသည်။

 

“ခွန်းလွန်ကို လှုပ်ခါခြင်းနဲ့ စမယ်”

 

ကြယ်တာရာများကိုပင် ဖျက်ဆီးစေနိုင်သည့် လက်သီးတစ်လုံးအား ဒေါသတကြီး ပစ်သွင်း လိုက်သည်။

 

“ဝုန်း”

 

ထောင်သောင်းချီသော တာအိုစွမ်းအင်များ ချက်ချင်း ပျံ့နှံ့လာပြီး နတ်ဘုရား သင်္ကေတများ ထွက်ပေါ်လာသည်။ ထို့နောက် အဖျက်စွမ်းအင် အလင်းတန်းတစ်ခု အဖြစ်ပြောင်းလဲပြီး ရှေ့သို့ တိုးဝင်သွားသည်။

 

မကြာခင်မှာပင် လက်သီးတစ်လုံးမှ အလင်းတန်း ကိုးသောင်းကိုးထောင်အထိ ဖြာထွက်လာပြီး မျက်စိကျိန်းလောက်သည့် အလင်းတန်းများက ဆက်လက် ပျံ့နှံ့လာသည်။

 

တစ်ခဏအတွင်းမှာပင် ထိုအလင်းတန်းများက အရိုးလှံရှည် ရှစ်ထောင်ကို ဖျက်ဆီးသွားသည်။

 

“ဂျွတ် ဂျွတ်”

 

အရိုးလှံရှည်များ အက်ကွဲပျက်စီးသွားလေသည်။

 

“ဒါ လုံးဝ မဖြစ်နိုင်ဘူး မင်း …”

 

လေထဲမှ ဒုတိယဘိုးဘေး ကြက်သီးထသွားပြီး အလန့်တကြား အော်ဟစ်လိုက်သည်။ သူ မယုံနိုင်သေးပါ။ သို့သော် သူ သတိမဝင်နိုင်ခင်မှာပင် လေထဲမှ အလင်းတန်းက သူ့ကိုယ်ထံသို့ ထိုးခွင်းလာ၏။

 

သူ့ခန္ဓာကိုယ် ပြင်းထန်စွာ တုန်လှုပ်သွားပြီး သွေးများ ပန်းထွက်လာသည်။ သူ၏ ကြွက်သား များနှင့် အရိုးများ အက်ကွဲပျက်စီးလာပြီး သွေးများ စိမ့်ထွက်လာသဖြင့် တစ်ကိုယ်လုံး ရဲရဲနီလာသည်။

 

ခန္ဓာကိုယ်တစ်ခုလုံး ပုပ်သိုးပျက်စီးလုနီးပါး ဖြစ်လာ၏။

 

စာစဉ် ၉၂ ဤတွင် ပြီးပါပြီ။

 

All Chapters