← Chapters

Chapter 1385 - 1386

Vol. 93 Ch. 1385 - 1386

Chapter 1385 - 1386

Vol. 93 Ch. 1385 - 1386

Chapter 1385 ပြန်လည်ဦးမော့ခြင်း

*ဖန်တီးရှင်*

*မြေး*

*ဒါ ဘာသဘောလဲ*

မင်းဆရာနှင့် အခြားသူများအားလုံး ကြက်သေ သေနေကြသည်။ အထူးသဖြင့် နေဘုရင်က ယဲ့ဖန်ရှေ့၌ ဒူးထောက်ဝပ်တွားနေသည်ကို မြင်လိုက်ရသောအခါ သူတို့ အမြင်မှားလေသလားဟု ထင်မိသွားကြသည်။

သူတို့လူမျိုးသည် မာနကြီး၍ မသေနိုင်သူများ ဖြစ်သည်။ စစ်သည်တော်တစ်ယောက်အတွက် စစ်ပွဲတွင်း၌ ဒူးထောက်ရန် မဆိုထားနှင့်၊ အိပ်ရာထက်၌ သေဆုံးခြင်းကိုပင် ရှက်စရာဟု သတ်မှတ်ကြသူများ ဖြစ်သည်။ ယခု သူတို့လူမျိုး၏ မျက်နှာကို ဘယ်နေရာ သွားထား ရမည်နည်း။

လွန်လေပြီးသော နှစ်များကတည်းက လေ့ယန် မြက်ခင်းလွင်ပြင်ဒေသကို မည်သူမှ အနိုင်မကျင့် ရဲသည့် အကြောင်းပြချက် တစ်ခုမှာ သူတို့တွင် လောကကို အံ့အားသင့်နိုင်သည့် ဤနတ်လေး ရှိနေသောကြောင့် ဖြစ်သည်။

စစ်ပွဲတွင်း၌ တိုက်ခိုက်ရင်း သေဆုံးရသည်ကိုပင် အကြီးမားဆုံး ဂုဏ်ယူစရာဟု သူတို့ လူမျိုးများက သတ်မှတ်ထားကြသည်။

သို့သော် လက်ရှိတွင် သူတို့၏ ဘုရင်က ဒူးထောက်နေလေသည်။ သူတို့လူမျိုး၏ မျက်နှာကို ဘယ်နားသွားထားရမည်နည်း။ လောကကြီးက သူတို့ကို ရယ်စရာအဖြစ် သတ်မှတ်လာမည် မဟုတ်ပါလော။ ထို့အပြင် သူတို့ဘုရင်က ကိုယ့်ကိုယ်ကိုယ် မြေးဟုပင် ပြောသေးသည်။ သူတို့ ကွဲစရာ အရှက်ပင် မရှိတော့ပါ။

“နေဘုရင် ထလိုက်စမ်းပါ၊ အရှက်မရှိတဲ့ ခွေးမသားကြီး ခင်ဗျားက ကျုပ်တို့မျိုးနွယ်ကို အရှက်ကွဲအောင် လုပ်နေတာပဲ”

မင်းဆရာက အော်ဟစ်လာသည်။ နေဘုရင်သည် အစကတည်းက ထွက်ပြေးနိုင်ပါသည်။ သူသည် နိုင်ငံတစ်နိုင်ငံ၏ ဘုရင်ဖြစ်ပြီး လေ့ယန်နိုင်ငံ၏ တစ်ဦးတည်းသော ဘုရင် ဖြစ်လေသည်။ သူ သေသွားလျင် လေ့ယန်နိုင်ငံ လုံးဝ ရှုံးနိမ့်သွားရလိမ့်မည်။

ထို့ကြောင့် မင်းဆရာသည် အစကတည်းက နေဘုရင် နောက်ဆုတ်ထွက်ပြေးနိုင်ရန်အတွက် အပြည့်အဝ ကြံစည်ထားပြီး သူကိုယ်တိုင် ထူးချွန်သော စစ်သည်တော် နှစ်သောင်းကို ဦးဆောင်၍ ယဲ့ဖန်ကို အဆုံးထိ တိုက်မည်ဟု တွေးတောထား၏။

သို့သော် နေဘုရင်က အလွန် ကြောက်လန့်၍ သွေးကြောင်ကာ ဒူးထောက်လိမ့်မည်ဟု သူ ထင်မထားမိပါ။ သူတို့ နေဘုရင်၏ အရှက်မရှိသော ပုံစံကို သူတို့ ဘယ်လိုလုပ် ကြည့်နိုင် ပါမည်နည်း။

“မင်းတို့ နားမလည်ဘူး၊ သူက မတူဘူး၊ သူက ငါ ဒူးထောက်တာကို ခံယူဖို့ ထိုက်တန်တယ်”

နေဘုရင်က နောက်လှည့်ကြည့်၍ စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။

“ဘာမတူတာလဲ၊ သူ့မှာ ခေါင်းသုံးလုံး ရှိလို့လား”

မင်းဆရာက ပြန်ခနဲ့လေသည်။ သူ့စိတ်ထဲ၌ နေဘုရင်က သူ့အားနည်းချက်အတွက် ဆင်ခြေရှာ နေသည်ဟု ထင်နေမိသည်။

“ခင်ဗျားက ကျုပ်တို့ဘုရင်ဖြစ်ဖို့ မထိုက်တန်ဘူး၊ ကျုပ်တို့ဘိုးဘေးတွေက မြင့်မြတ်တဲ့ နတ်ဘုရားလိုလူတွေ၊ ခင်ဗျားက သူတို့ ဂုဏ်သိက္ခာကို ချနင်းပစ်တာ၊ ခင်ဗျား သေသင့်တယ်”

ယဲ့ဖန်နှင့်ယှဉ်လျင် နေဘုရင်အား မင်းဆရာ ပိုသတ်ချင်နေ၏။

“မင်းဆရာ မင်း သေချာစဉ်းစားကြည့်စမ်းပါ၊ သမိုင်းမှာ ဘယ်သူက နေခွင်းနတ်လေးကို ဆွဲပြီး ကြောက်စရာကောင်းတဲ့ အစွမ်းကို ထုတ်ဖော်နိုင်လဲ၊ ဘယ်သူကလဲ”

နေဘုရင် စိတ်ကိုရှည်ရှည်ထား၍ ပြန်မေးလိုက်သည်။ ထိုစကားကို ကြားသော် မင်းဆရာ မျက်မှောင်ကြုတ်သွားပြီး စဉ်းစားခန်းဝင်သွားသည်။

အချိန်အတော်ကြာပြီးနောက် သူ တစ်စုံတစ်ရာကို တွေးမိသွားပြီး အကြီးအကျယ် မျက်နှာပျက် သွားကာ အသံကလည်း ထိတ်လန့်သံ ပေါက်လာ၏။

“ခင်ဗျား ပြောချင်တာက သူက …”

နေဘုရင်က သူ့ခန့်မှန်းချက်ကို အတည်ပြုဟန်ဖြင့် ခေါင်းညိတ်ပြသည်။

“ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ၊ သူ သေသွားတာ ရှေးခေတ်ကတည်းကလေ၊ သူ ဘယ်လိုလုပ် ပြန်ရှင်လာမှာလဲ”

မင်းဆရာက တုန်တုန်ယင်ယင်နှင့် ယဲ့ဖန်ကို စိုက်ကြည့်လေသည်။ ယဲ့ဖန်၏ ပုံရိပ်ကို သူ့စိတ်ထဲ၌ စွဲထင်စေချင်နေသည့်ပုံပင်။

“အဲ့ဒါအပြင် မင်းမှာ ပိုကောင်းတဲ့ ရှင်းပြချက်မျိုး ရှိသေးလား”

နေဘုရင်က ပြန်မေးလိုက်ပြီးနောက် တစ်ချိန်တည်းမှာပင် ရယ်မောလိုက်သည်။

“ငါ့မိသားစု မှတ်တမ်းအရဆို သူက သေသွားတာ မဟုတ်ဘူး၊ ပျောက်ကွယ်သွားတာ၊ သူ ဘယ်ကို ထွက်သွားတာလဲဆိုတာကိုတော့ ဘယ်သူမှ မသိဘူးလေ၊ သူ ဘယ်တော့မှ ပြန်မလာတာမို့ သူ့ကို သေပြီလို့ သတ်မှတ်လိုက်ကြတာ”

မင်းဆရာ ထိတ်လန့်သွားပြီး ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်လိုက်ပြီး စိတ်လှုပ်ရှား တုန်ယင်သော အသံဖြင့် ပြောလာသည်။

“သူက တကယ်ပဲ …”

*ငါ ထင်မထားမိဘူး*

ထို့နောက်တွင်မူ အံ့ဩနေသော စစ်သည်တော်များ၏ အကြည့်အောက်၌ မင်းဆရာသည် ယဲ့ဖန်ရှေ့သို့ ပြေးလာပြီး ဒူးထောက်ဝပ်တွားလေသည်။

ဤမြင်ကွင်းက လေ့ယန်နိုင်ငံမှလူများအားလုံးကို ကျွတ်ကျမတတ် မျက်လုံးပြူးသွားစေ၏။

*မင်းဆရာတောင်မှ ဒူးထောက်တာလား၊ ဘာတွေဖြစ်နေတာလဲ*

“ဖန်တီးရှင် တကယ်ပဲ ခင်ဗျားလား၊ ခင်ဗျားက ဖန်တီးရှင်လား”

မင်းဆရာသည် ခေါင်းမော့လာပြီး မျက်ရည်များ စီးကျနေသည်။ သူ့ပုံစံက သောကများစွာကို ခံစားထားရသည့် ကလေးတစ်ယောက်က သူ့အမျိုးနှင့် ပြန်တွေ့ပြီး ရင်ထဲမှ ဝမ်းနည်းစိတ်ကို ထိန်းမထားနိုင်သည့်ပုံ ပေါက်နေ၏။

*သူလည်း ငိုတာလား*

*နေဘုရင် ဒူးထောက်ပြီး ငိုသလို မင်းဆရာကလည်း သူ့ခြေရာကို ဒီလောက်မြန်မြန် လိုက်နင်း တာလား*

*အံ့ဩစရာပဲ*

*ဒီလူက ဘယ်သူလဲ*

“မင်းဆရာ အရှင်မင်းမြတ်၊ ဒီလူက ဘယ်သူလဲ၊ ဘာလို့ ခင်ဗျားတို့ …”

စစ်သူကြီးများ တွေဝေနေကြသည်။ လေ့ယန်နိုင်ငံသားများ ဂုဏ်အယူရဆုံးလူက ရန်သူထံ၌ အသာတကြည် အညံ့ခံသည်တဲ့လား။ ဤအဖြစ်က သူတို့ကို ကသောင်းကနင်း ဖြစ်သွား စေသည်။

တစ္ဆေဖန်ချီတောင်မှ ဘာဖြစ်နေမှန်းမသိသည့်အတွက် ကြောင်တောင်တောင် ဖြစ်နေသည်။ ပါးကိုက်နားကိုက် လုပ်ချင်သည့်လူများက ယခု သူ့သခင်ရှေ့၌ ခွေးတစ်ကောင်သဖွယ် ဒူးထောက်နေသဖြင့် သူသည်လည်း စိတ်ရှုပ်ထွေးနေ၏။

“ပါးစပ်ပိတ်ထား၊ ငါနဲ့အတူ အားလုံး ဒူးထောက်ကြ”

နေဘုရင်က မည်သူ့ကိုမှ ယဲ့ဖန်အပေါ် မလေးမစားလုပ်ခွင့် မပေးလိုသကဲ့သို့ မာမာထန်ထန် အော်ဟစ်လေသည်။

“ခင်ဗျား ရှင်းရှင်းလင်းလင်း မပြောမချင်း ကျုပ်တို့ ဘယ်တော့မှ ဒူးမထောက်ဘူး၊ ကျုပ် လေ့ယန်နိုင်ငံရဲ့ ရန်သူကို အညံ့မခံဘူး၊ ကျုပ် အညံ့ခံမယ့်အစား သေလိုက်မယ်”

စစ်သူကြီးတစ်ယောက်က ဒေါသတကြီး ခွန်းတုံ့ပြန်လာ၏။

“မင်းတို့ရှေ့မှာ ရပ်နေတဲ့လူက ငါတို့ လေ့ယန်နိုင်ငံရဲ့ တည်ထောင်သူ၊ ဖန်တီးရှင်ကွ၊ နတ်ဘုရားတွေကို သတ်ပြီး နတ်ဆိုးတွေကို အညံ့ခံအောင် လုပ်ခဲ့တဲ့ အသန်မာဆုံး ဧကရာဇ်၊ မရေတွက်နိုင်တဲ့ ဒဏ္ဍာရီတွေကို ချန်ထားရစ်ခဲ့တဲ့ နတ်ဘုရား၊ ငါတို့အားလုံးမျာ သူ့သွေးတွေ စီးဆင်းနေတာ၊ သူ မရှိရင် လေ့ယန်နိုင်ငံသားဆိုတာ မရှိနိုင်ဘူး၊ သူ ဘယ်သူလို့ မင်း ထင်လဲ”

နေဘုရင်က ခနဲ့လိုက်သည်။ ထောင်သောင်းချီသော မျက်လုံးများက ယဲ့ဖန်ကိုယ်ပေါ် ကျရောက် လာပြီး သံသယအကြည့်များမှ ထိတ်လန့်သော အကြည့်အဖြစ်သို့ ပြောင်းလဲသွားသည်။

လူပေါင်းနှစ်သောင်းကျော် ရှိသော်လည်း မည်သူမှ စကားမပြောနိုင်ပါ။ သူတို့အားလုံး ကြောက်လန့်ကာ နားဝေတိမ်တောင် ဖြစ်နေပြီး မျက်လုံးတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် နေ၏။

“အရှင်မင်းကြီး ပြောချင်တာက သူက …”

ထိုစဉ် အသက်အရွယ်ရနေသော စစ်သူကြီးတစ်ယောက်သည် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ သူ့အမူအရာက အစောပိုင်းက မင်းဆရာ၏ အမူအရာကဲ့သို့ ဖြစ်လာပြီး တူညီသော စကားကို ပြောလာသည်။

“ဟုတ်တယ်”

နေဘုရင်က ခေါင်းညိတ်၍ အားလုံးကို ကြည့်လိုက်သည်။

“မင်းတို့အားလုံး ငါ ပြောတာကို နားထောင်၊ ဒါက ငါတို့လူမျိုးရဲ့ ဘိုးဘေး ဧကရာဇ်ရီပဲ”

*ဧကရာဇ်ရီ*

ထိုစကားသံ ထွက်ပေါ်လာသောအခါ လူတိုင်း၏ စိတ်ထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားလေသည်။ သူတို့သည် ထိုစကားကြောင့် ကြက်သေ သေကာ လိပ်ပြာလွင့်သကဲ့သို့ မလှုပ်မယက် ဖြစ်နေကြသည်။

အလင်းမြားကို လက်သီးတစ်ချက်တည်းနဲ့ သူ ဖျက်ဆီးနိုင်ခြင်းက မဆန်းချေ။ နတ်လေး၏ နာမည်အစစ်ကို သူ သိနေတာလည်း အံ့ဩစရာကိစ္စ မဟုတ်ပေ။ မြားတစ်စင်းတည်းနှင့် ကြယ်တာရာများကို ကို သူ ပျက်စီးအောင် လုပ်နိုင်ခြင်းကလည်း အံ့ဩစရာ မဟုတ်တော့ပါ။

အဘယ်ကြောင့်ဆိုသော် သူတို့အရှေ့မှလူသည် နေခွင်းလေး၏ ပိုင်ရှင် အစစ်အမှန်ဖြစ်ပြီး သူတို့မျိုးနွယ်၏ ဘိုးဘေး ဖြစ်နေသောကြောင့်ပင်။

သူတို့လူမျိုးက အတိုက်အခိုက်ခုံမက်သော နိုင်ငံဟု ကျော်ကြားရသည့် အကြောင်းရင်းမှာ သူတို့ကိုယ်ထဲ၌ ဧကရာဇ်ရီ၏ သွေးများ စီးဆင်းနေ၍ ဖြစ်ပြီး သူတို့၌ သူ့ကဲ့သို့ ကြံ့ခိုင် သန်မာသော ခန္ဓာကိုယ်များ ရှိနေ၍ ဖြစ်သည်။

သို့သော် သူတို့၏ ဘိုးဘေးက ပျောက်ဆုံးနေသည်မှာ ကြာနေပြီဖြစ်ပြီး နှစ်ပေါင်းမည်မျှပင် ရှိနေမှန်း မသိတော့သဖြင့် လူတော်တော်များများက သူ့ကို ဆုံးပါးသွားပြီဟု သတ်မှတ် လိုက်ကြသည်။ သို့သော် ယခု သူ ပြန်ပေါ်လာပြီး ပုံစံကလည်း အလွန် ငယ်နေသေးသည်။ ဤသည်မှာ မယုံနိုင်စရာ ကောင်းလွန်းလှသည်။

*ဧကရာဇ်ရီလား*

ထိုနာမည်ကိုကြားသော် တစ္ဆေဖန်ချီသည်လည်း နားဝေတိမ်တောင် ဖြစ်သွားလေသည်။

ဧကရာဇ်ရီကား မည်သူနည်း၊ ကယူးရှူ ကိုးပြည့်ထောင်၏ ဒဏ္ဍာရီလာ အသန်မာဆုံး အင်မော်တယ် ဧကရာဇ်ကိုးပါးထဲမှ တစ်ပါးဖြစ်သူ။ မရေတွက်နိုင်သော ဒဏ္ဍာရီများစွာအား ချန်ထားခဲ့သူ။ သမိုင်းမတိုင်မီခေတ်က ရှေးသားရဲများအား လက်ချည်းဗလာဖြင့် တိုက်ခိုက်ခဲ့ပြီး ကောင်းကင်ဘုံ ကိုးလွှာမှ သူတော်စင်များအား အနိုင်ယူ၍ အင်မော်တယ်များအား သူ့ဖိနပ်အား ကိုင်ခိုင်းလောက်သည်အထိ အထက်စီးဆန်သူ ဖြစ်သည်။

သူသည် နေခွင်းလေးဖြင့် အကျော်ကြားဆုံး ခြေသုံးချောင်း ရွေကျီးအား ပစ်ခတ်ခဲ့ပြီး ထိုမျိုးနွယ် ပြန်ဦးမမော့လာအောင် လုပ်ခဲ့သည်။

ထိုအချိန်က ခြေသုံးချောင်း ရွှေကျီးသည် နတ်ဘုရားများနှင့် နတ်ဆိုးများအားလုံး ကြောက်လန့် ကြပြီး ၎င်းတို့၏ ခွန်အားက အလွန် သန်မာလွန်းသည်။

သို့သော် ဧကရာဇ်ရီက ထိုအခြင်းအရာကို အရေးမစိုက်ခဲ့ပေ။ သူသည် လေးဖြင့် အသန်မာ ဆုံးသော နေမင်းကိုးစင်းဖြစ်သော ခြေသုံးချောင်း ရွှေကျီးကိုးကောင်အား ပစ်ချခဲ့သဖြင့် ခြေသုံးချောင်း ရွှေကျီးမျိုးနွယ်အား တုန်လှုပ်အောင် လုပ်ခဲ့ပြီး သူ့အား ရှောင်တိမ်းချင်၍ နှစ်ထောင်ချီအောင် လူ့လောကထဲ၌ ပုန်းလျှိုးကွယ်လျှိုး နေကြလေသည်။

ဧကရာဇ်ရီသည် ဤလောက၌ မရေတွက်နိုင်သော ဒဏ္ဍာရီများအား ချန်ထားရစ်ခဲ့သူ ဖြစ်ပြီး တစ္ဆေဖန်ချီတောင်မှ ထိုသို့သော ပုဂ္ဂိုလ်ကို လေးစားရပြီး သူနှင့် တစ်ခေတ်တည်း၌ မွေးဖွားပြီး သူ့ပုံစံအား မြင်ချင်စိတ်ပင် ရှိနေသူ ဖြစ်သည်။

ယခုအခါတွင်မူ သူ၏သခင်က ဧကရာဇ်ရီ ဖြစ်နေသည်တဲ့လား။ သူ စိတ်လှုပ်ရှားလွန်း၍ တုန်ယင်နေမိသည်။

တစ္ဆေဖန်ချီ၏ ကိုယ်တွင်းကလီစာများပင် တုန်ခါနေပြီး ခန္ဓာကိုယ်မှ ဝေဒနာကိုပင် မေ့လျော့သွား လေသည်။ ယဲ့ဖန်အား မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် သူ စိုက်ကြည့်နေသည်။

*စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ*

*ငါ့သခင်က ဧကရာဇ်ရီ ဖြစ်နေတာပေါ့၊ မိုက်လိုက်တာ*

သူ အမြဲတွေ့ချင်နေသော ဒဏ္ဍာရီလာပုဂ္ဂိုလ်က သူ့မျက်စိရှေ့၌ ရှိနေသည် မဟုတ်ပါတကား။ သူ့ရင်ထဲမှ လေးစားကြည်ညိုစိတ်က ဒီရေလှိုင်းအလား တိုးပွားလာသည်။

ထိုအခိုက်တွင် ထောင်ချီသော စစ်သည်တော်များအားလုံး ဒူးထောက်နေပြီး ခန္ဓာကိုယ်အား မြေကြီးနှင့် ထိကပ်ကာ ဝပ်တွားနေ၏။ သူတို့ရင်ထဲ၌လည်း နားလည်လက်ခံသွားကြသည်။ ဤမြင်ကွင်းက အလွန် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။

“ဖန်တီးရှင် … နောက်ဆုံးတော့ ကျုပ်တို့ ခင်ဗျားနဲ့ တွေ့ရပြီ”

“ဖန်တီးရှင် ကျုပ်တို့အားလုံးက ခင်ဗျားရဲ့ သားစဉ်မြေးဆက်တွေပါ”

လေ့ယန်နိုင်ငံသားများအားလုံး မျက်ရည်လည်ရွဲ ဖြစ်နေကြပြီး အလွန် ဝမ်းသာဝမ်းနည်း ဖြစ်နေ ကြသည်။ ယနေ့ ပြန်လည်တွေ့ဆုံမှုအတွက် အလွန် စိတ်ဘဝင် ထိခိုက်နေကြသည်။

သူတို့၏ မျိုးဆက်သည် တစ်ချိန်က အမြင့်ဆုံး၌ ရှိခဲ့ပြီး ကယူးရှူ ကိုးပြည်နယ်ကို လွှမ်းမိုးနိုင် ခဲ့သော်လည်း ဧကရာဇ်ရီ ထွက်သွားပြီးနောက် ချက်ချင်း ကျဆင်းခဲ့ရသည်။

လောက၌ ယှဉ်ပြိုင်သူ မရှိခဲ့သော မျိုးနွယ်ကြီးတစ်ခုမှနေ၍ ယခု လေ့ယန်နယ်ကို စိုးမိုးသည့် လူမျိုးစုလေး အဖြစ်သာ ကျန်ရစ်ခဲ့သည်။ ဤရင်နာဖွယ် သမိုင်းအား ကြုံတွေ့ဖူးသူများသာလျင် နားလည် ခံစားနိုင်၏။

ယခု ယဲ့ဖန်ကို ပြန်မြင်ရသော် သူတို့၏ မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာ၏။ ယဲ့ဖန်က သူတို့၏ မျိုးနွယ်ကို ဦးဆောင်၍ အတိတ်အခါက ရှိခဲ့သော မြင့်မားသောနေရာသို့ ပြန်လည် ခေါ်ဆောင်သွားနိုင်မည်မှာ အသေအချာပင်။ သူတို့ လောကကို လွှမ်းမိုးနိုင်ပေတော့မည်။

ထို့ကြောင့် သူတို့သည် အတိတ်အခါက သူတို့မျိုးနွယ် ခံစားခဲ့ရသော ဒုက္ခသုက္ခများကို ပြန်စဉ်းစားမိပြီး ရင်နာလာကြသည်။ သူတို့ပုံစံက အနိုင်ကျင့်ခံရသော ကလေးငယ်က မိဘ၏ အကာအကွယ်ကို မျှော်လင့်နေပုံနှင့် တူနေ၏။

ထန်ပုခူ၏ အမူအရာသည်လည်း အေးစက်တောင့်တင်းနေသည်။ သူမလူက အတိတ်အခါက ဧကရာဇ်ကိုးပါးထဲမှ တစ်ပါး ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ ထင်မထားမိပါ။ မြေကြီးကို ဖနောင့်တစ်ချက် ပေါက်လိုက်ရုံနှင့် လောကအား တုန်လှုပ်စေနိုင်သော ဧကရာဇ်။

လက်ရှိတွင် သူမရင်ထဲ၌ ရှက်ရွံ့စိတ် ဖြစ်ပေါ်လာသည်။ သူမလိုလူမျိုးက ဘယ်လိုလုပ် ယဲ့ဖန်၏ နှစ်သက်ခြင်း ခံရရန် ထိုက်တန်ပေမည်နည်း။

ယဲ့ဖန်နှင့်ယှဉ်လျင် သူမက အကျည်းတန်သော ဘဲမလေး ဖြစ်သည်။ ရုပ်ဆိုးလွန်းသဖြင့် သူမပင် လက်မခံနိုင်ပါ။ ယဲ့ဖန်က အဘယ်ကြောင့် သူမလို ရုပ်ဆိုးသောသူအား သဘောကျနေမှန်း နားမလည်နိုင်ပေ။

ထိုအခိုက်တွင် သူမ၏ မျက်ဝန်း၌ ရီဝေမှုများနှင့် ပြည့်နှက်နေပြီး ယဲ့ဖန်၏ ကျောပြင်ကို စိုက်ကြည့်နေသည်။

ထိုအကြည့်က မိန်းကလေးတစ်ယောက်က သူမ အချစ်ဦးကို ရှက်ရွံသလို ကြည့်နေပုံနှင့် သဏ္ဌာန် တူပေသည်။

လက်ရှိတွင် သူမကိုယ်သူမ လောက၌ အပျော်ဆုံးလူဟု ခံစားမိနေသည်။ အကြောင်းမှာ သူမလူက လောက၌ အသန်မာဆုံးလူ ဖြစ်နေသောကြောင့်ပင်။

ထိုအခိုက်တွင် ယဲ့ဖန်၏ အေးစက်သော အကြည့်က ရဲ့ဝူထျန်းပေါ် ကျရောက်လာ၏။ ရဲ့ဝူထျန်း မျက်နှာပြာနှမ်းသွားသည်။ ဤသို့သော အဆုံးသတ်နှင့် ကြုံရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားမိချေ။

*ဒီလူက အသန်မာဆုံး အင်မော်တယ် ဧကရာဇ်ကိုးပါးထဲက တစ်ယောက်ဖြစ်တဲ့ ဧကရာဇ်ရီလား*

*ငါက ဒီလိုလူကို သတ်ဖို့ကြိုးစားခဲ့တာလား*

ထန်ပူခုနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် လက်ရှိတွင် ကံအဆိုးဆုံးလူက သူပင်ဖြစ်သည်ဟု ခံစားနေရသည်။

အဘယ်ကြောင့်ဆိုသော် သူသည်လည်း လောက၌ အသန်မာဆုံးလူနှင့် ရင်ဆိုင်နေရသည် မဟုတ်ပါလော။ ကံဆိုးသည်မှာ တစ်ဖက်လူက သူ့ရန်သူ ဖြစ်နေ၏။

ရဲ့ဝူထျန်း၏ ကျောတစ်ပြင်လုံး၌ ချွေးစေးများဖြင့် စိုစွတ်နေပြီး မတ်မတ် မရပ်နိုင်သောကြောင့် မြေကြီးပေါ် လဲကျကာ မျက်နှာ၌ သွေးမရှိတော့ချေ။

သူ့မျက်လုံးက ဗလာဖြစ်နေကာ စိတ်ဝိညာဉ် ဆွဲထုတ်ခံထားရသည်ဟုပင် ထင်မှတ်မှားရသည်။ ယခု သူ ဇာတ်သိမ်းလေပြီ။ သူ့အား မည်သူမှ မကယ်နိုင်တော့ပါ။ တစ်နည်းပြောရလျင် ဤလောက၌ သူ့အား ကယ်နိုင်သူ မရှိတော့ပါ။

ယဲ့ဖန် ပြုံး၍ သူ့အား စိုက်ကြည့်လေသည်။

“ရူးမိုက်တာက မင်းတို့မိသားစုရဲ့ အမွေထင်တယ်”

“သေတွင်းတူးတာက မင်းရဲ့ နောက်ဆုံး ပန်းတိုင်ပါလား”

Chapter 1386 ကျောင်းထုတ်ခြင်း

“ကျွန်တော့်ကို မသတ်ပါနဲ့ အရှင်၊ အရှင် ကျွန်တော့်ကို အသက်ချမ်းသာပေးပါ၊ ကျွန်တော့်လို မျိုးမစစ်ကောင်ကြောင့် အရှင့်လက် ညစ်ပေဖို့ မထိုက်တန်ပါဘူး”

ရဲ့ဝူထျန်းက ချက်ချင်း ဒူးထောက်၍ ယဲ့ဖန်အား အသနားခံလေသည်။ မြေကြီးနှင့် နဖူး တိုက်နေသောကြောင့် သွေးထွက်လာသော်လည်း သူ မရပ်ပေ။ သူ ရပ်လိုက်လျင် သူ သေရပေလိမ့်မည်။

ယဲ့ဖန် သရော်လိုက်သည်။

“အရှက်မရှိတာကလည်း မင်းတို့မိသားစုရဲ့ ဓလေ့ ဖြစ်နေတာကိုး”

“မင်းက တကယ်ကို ငါ့လက်ထဲမှာ သေဖို့ မထိုက်တန်ဘူး”

ယဲ့ဖန်က အထင်သေးသော အမူအရာနှင့် ခေါင်းခါလေသည်။

“ကျေးဇူးတင်ပါတယ် အရှင်၊ ကျေးဇူးတင်ပါတယ် အရှင်”

ရဲ့ဝူထျန်းသည် သူ့အသက်ကို ထပ်မံ၍ ကယ်တင်လိုက်နိုင်ပြီဟု ထင်မှတ်ကာ အပျော်လွန် သွားသည်။

သို့သော် ထိုအချိန်၌ သူ့ခန္ဓာကိုယ်အား အရိပ်တစ်ခုက အုပ်မိုးလာပြီး ညှီစို့စို့အနံ့က သူ့ကျောနောက်မှ ကပ်၍ ပျံ့လွင့်လာသည်ဟု သူ ခံစားလိုက်ရသည်။

သူ အလန့်တကြား နောက်လှည့်ကြည့်လိုက်သောအခါ အလွန် ကြီးမားသော သွေးသံတရဲရဲ ပါးစပ်ကြီးက သူ့အပေါ် မိုး၍ ကိုက်ဖြတ်လာတော့မည်ကို တွေ့လိုက်ရလေသည်။

“မလုပ်ပါနဲ့”

ရဲ့ဝူထျန်း မျက်လုံးပြူးသွားပြီး အော်ဟစ်လေတော့သည်။

“ဂျွတ်”

တစ္ဆေဖန်ချီက ပါးစပ်ပြန်ပိတ်လိုက်ပြီးနောက် ရာချီသော ချွန်ထက်နေသည့် သွားများနှင့် တလှုပ်လှုပ် ဝါးနေသောကြောင့် ပါးစပ်ထဲမှ သွေးများ စီးကျလာကာ အော်သံသည်လည်း တိခနဲ ရပ်တန့်သွားသည်။

တစ္ဆေဖန်ချီသည် တစ်ခဏမျှ ကိုက်ဝါးပြီးနောက် ခေါင်းမော့ကာ အသားအား ဗိုက်ထဲ ကျသွားအောင် တစ်ခါတည်း မျိုချလိုက်သည်။

ဤသို့ သွေးထွက်သံယိုများ၍ ရက်စက်သော မြင်ကွင်းက ကျန်လူများအား စိတ်မသက်မသာ ဖြစ်စေသည်။ သို့သော် ယဲ့ဖန်က သူတို့ကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။

“”ဒီနေခွင်းလေးကို မင်းတို့လို အမှိုက်ကောင်တွေဆီမှာ ထားခဲ့တာကို နောင်တရတယ်၊ ဘာမှ တိုးတက်မှုလည်း မရှိဘူး၊ ငါ့ကို အရှက်ရအောင်ပဲ လုပ်ခဲ့တယ်”

သူ့စကားကိုကြားသော် လူတိုင်း မတုန်ယင်ဘဲ မနေနိုင်အောင် ဖြစ်သွားကြကာ အရှက်ရသော မျက်နှာ အမူအရာများ ဖြစ်သွားလေသည်။

အမွေအနှစ်နှင့် ခွန်အားတို့အား နှိုင်းယှဉ်လိုက်လျင် ယနေ့ခေတ် သူတို့မျိုးဆက်များသည် ယခင် အမြင့်ဆုံးနေရာ၌ ရှိခဲ့စဉ်က ရှေးလူများ၏ တစ်ရာခိုင်နှုန်းမျှသာ ရှိလေသည်။

“နေခွင်းလေးသာရှိရင် မင်းတို့မျိုးနွယ် ဆက်လက်ပြီး ကြီးမားကျယ်ပြန့်လိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ၊ ဒါပေမဲ့ မင်းတို့ ဒီလောက် ခံနိုင်ရည် မရှိဘဲ ဖြစ်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

ယဲ့ဖန်က သရော်၍ ခေါင်းခါလိုက်သည်။ နေခွင်းလေးသည် သူ အထွတ်အထိပ်နေရာသို့ ရောက်နေချိန်က ဖန်တီးခဲ့သော ရတနာလက်နက် ဖြစ်သည်။ ၎င်း၏ အစွမ်းအား ပြောနေစရာပင် မလိုပင်။ ဤမိုးမြေ၌ ၎င်းလေးဖြင့် ပစ်သတ်၍ မရနိုင်သော အရာဟူ၍ မရှိပါ။ ယနေ့ခေတ် သေနတ်နှင့်ပင် တင်စားနိုင်ပေသည်။

ဤလေးအား သေနတ်သဖွယ် ပေါပေါပဲပဲ သုံးနေသည်ကို မြင်ပြီး ယဲ့ဖန် သူတို့ကို အထင်သေး သွားသည်က အံ့ဩစရာ မဟုတ်တော့ပေ။

“ဖန်တီးရှင် ဒီမြေး အတင့်ရဲပြီး လျှောက်တင်ပါရစေ”

နေဘုရင်က ဒူးထောက်လျက်သားဖြင့် ရှေ့တိုးလာသည်။ ယဲ့ဖန် သူ့ကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။

“ပြော”

“တကယ်တော့ အရှင် ထွက်သွားပြီး နှစ်တစ်ရာအကြာမှာ ဟဲပေါ် သစ္စာဖောက်ပြီး ခြေသုံးချောင်း ရွှေကျီးမျိုးနွယ်နဲ့ ပူးပေါင်းလိုက်ပါတယ်၊ သူက ကျွန်တော်တို့လေးကို ခိုးယူခဲ့လို့ နတ်လေးရဲ့ စောင့်ရှောက်မှုကို ဆုံးရှုံးခဲ့ရပြီး ခြေသုံးချောင်း ရွှေကျီးမျိုးနွယ်ရဲ့ သတ်ဖြတ်ခြင်းကို ကျွန်တော်တို့ ခံခဲ့ရပါတယ်”

“မျိုးနွယ်ထဲက အင်အားကြီးတဲ့ သိုင်းပညာရှင်တွေလည်း အသတ်ခံရသလို လူပေါင်းများစွာ ထိခိုက်ခဲ့ပါတယ်၊ ကျွန်တော်တို့ မွေးရပ်မြေကနေ ထွက်ပြေးရအောင် ဖိအားပေးခဲ့ပါတယ်၊ နောက်တော့ ခြေသုံးချောင်း ရွှေကျီးမျိုးနွယ်က သူတို့ နတ်လေးကို အသုံးမပြုနိုင်မှန်း သိသွားပြီး ဖွက်ထားခဲ့ပါတယ်၊ မျိုးနွယ်က ကျန်ရှိတဲ့ အရှင်သခင်အချို့က ကျွန်တော်တို့ မျိုးနွယ်ရဲ့ ရတနာကို ပြန်သိမ်းယူနိုင်ဖို့ အန္တရာယ်ထဲ ဝင်တိုးပြီး အသက်ပေးခဲ့ရပါတယ်၊ နတ်လေးနဲ့အတူ တစ်ယောက်ပဲ အသက်ရှင်လျက် ပြန်လွတ်လာတာပါ”

“ဒါပေမဲ့ အဲ့ဘိုးဘေးလည်း ပြင်းထန်လွန်းတဲ့ ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ အသက်ရှင်ခဲ့တဲ့ ကျွန်တော်တို့ဘိုးဘေးတွေကပဲ လေ့ယန် မြက်ခင်းလွင်ပြင်ဒေသမှာ အခြေချပြီး ရုပ်ဖျက်နေခဲ့ရတာကြောင့် အရင်က ဂုဏ်ကျက်သရေရှိတဲ့ ဘဝကို ဘယ်တော့မှ ပြန်မရတော့ပါဘူး”

သူတို့မျိုးနွယ်၏ အတိတ်ကြောင်း ပြန်ပြောရမည်ဆိုလျင် သွေးချွေးနှင့် မျက်ရည်တို့ဖြင့် ပြည့်နှက် နေခဲ့သည်။

“ဟဲပေါ်လား”

ယဲ့ဖန်၏ မျက်လုံးများ လင်းလက်သွားသည်။ ဟဲပေါ်သည် တစ်ချိန်က ငယ်ရွယ်သော မြစ်နတ်ဘုရားသာ ဖြစ်ပြီး ထိုစဉ်က တစ်နှစ်ခွဲအရွယ်လောက်သာ ရှိသေးသည်။ သူ့၌ ကောင်းမွန်သော အရည်အချင်း ရှိကြောင်း ယဲ့ဖန် တွေ့ခဲ့သောကြောင့် ယဲ့ဖန် သူ့ကို မြေတောင်မြှောက် ပေးခဲ့သည်။ အဆုံးသတ်၌ သူက သစ္စာဖောက်လိမ့်မည်ဟု ထင်မထားခဲ့မိပါ။

သို့သော် ယဲ့ဖန်အား ဒေါသထွက်စေသော အရာမှာ တခြားအကြောင်းအရာ တစ်ခု ဖြစ်လေသည်။

“ခြေသုံးချောင်း ရွှေကျီးမျိုးနွယ်၊ သူတို့ လောကထဲ ပြန်ပေါ်လာပြီလား”

အစပိုင်း၌ သူသည် ခြေသုံးချောင်း ရွှေကျီးမျိုးနွယ်အား လောကထဲမှ ပုန်းကွယ်နေစေရန် ဖိအားပေးခဲ့ပြီး အသက်ဘေးမှ ချမ်းသာပေးခဲ့သည်။ သို့သော် သူတို့က သူ၏ သတိပေးမှုကို လျစ်လျူရှုရဲသည်တဲ့လား။

တစ်ချိန်က ခြေသုံးချောင်း ရွှေကျီးမျိုးနွယ်ခေါင်းဆောင်၏ သားဆယ်ယောက်သည် နေဆယ်စင်း အသွင်ပြောင်းပြီး လောကထဲ၌ ပျော်မြူးခဲ့သည်။ သို့သော် သူတို့ကြောင့် ပင်လယ် သမုဒ္ဒရာများ ခမ်းခြောက်ကာ လူသားတို့ သေကျေပျက်စီးခဲ့ရသည်။ ယဲ့ဖန်က သူတို့ကို ထွက်သွားရန် ဖျောင်းဖျခဲ့သည်။

သို့သော် နေဆယ်စင်းလုံးက မောက်မာခဲ့သည်။ သူတို့သည် ယဲ့ဖန်၏ စကားကို နားမထောင်ရုံ သာမက သတ်ပါသတ်ချင်ခဲ့သည်။ ထို့ကြောင့် ယဲ့ဖန် ဒေါသထွက်ကာ နေခွင်းလေးဖြင့် နေကိုးစင်းကာ ပစ်ခတ် နှိမ်နင်းခဲ့သည်။

နေကိုးစင်း ကျဆုံးသွားသောအခါ ခြေသုံးချောင်း ရွှေကျီးကန်းမျိုးနွယ်က ဒေါသူပုန်ထခဲ့သည်။ ယဲ့ဖန်အား လက်စားချေရန်အတွက် ယဲ့ဖန်၏ မျိုးနွယ်များထဲမှ တစ်ခု၏ လူများအားလုံးကို ပြာကျသွားအောင် လုပ်ခဲ့သည်။

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်က ခြေသုံးချောင်း ရွှေကျီး၏ ကုန်းတွင်းပိုင်းကို ဝင်ရောက် သတ်ဖြတ်ကာ ရှေးဟောင်း သစ်ပင်ကြီး ဖုစန်းကို တိုက်ခိုက်၍ များစွာသော ခြေသုံးချောင်း ရွှေကျီးမျိုးနွယ်ဝင်များကို သတ်ဖြတ်၍ သူတို့၏ မိသားစုခေါင်းဆောင်ကို ရှေ့ထွက်လာစေပြီး တောင်းပန်အောင် ဖိအားပေးခဲ့သည်။ သူတို့၏ မိသားစုခေါင်းဆောင်က ဘယ်တော့မှ လူလုံး ထွက်မပြတော့ပါဟု ကျိန်ဆိုခဲ့သဖြင့် ယဲ့ဖန်က သူတို့ကို အသက်ချမ်းသာပေးခဲ့သည်။

ယဲ့ဖန် ပြောလိုက်သောစကားကြောင့် နေဘုရင်က လေးကန်စွာ ခေါင်းညိတ်လာသည်။

“သူတို့ အခုထိ ကယူးရှူ ကိုးပြည်နယ်မှာ ကူးသန်းနေတုန်းပါပဲ၊ သူတို့က အရင်ကထက် အင်အားကြီးလာပါတယ်၊ သူတို့က ကျွန်တော်တို့ မျိုးနွယ်ကို လိုက်ရှာပြီး အမြစ်ဖြတ် သုတ်သင်ဖို့ ကြိုးစားနေတာပါ”

“ကောင်းတယ် သိပ်ကောင်းတယ်”

ယဲ့ဖန် အေးစက်သော မျက်နှာထားနှင့်အတူ ခက်ထန်သော အသံဖြင့် ပြောလိုက်သည်။

“ငါ့ကို ရှေးဟောင်း ဖုစန်းသစ်ပင်နားမှာ စောင့်နေရအောင် ဖိအားပေးနေတာပဲ၊ ဒီတစ်ခါတော့ ငါ သူတို့မျိုးနွယ်ကို မျိုးသုဉ်းအောင် သတ်ပစ်မယ်”

ကြုံးဝါးသံက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်လာသည်။ တောင်တန်းများသည် ယင်းဖိအားကို တောင့်မခံနိုင်သဖြင့် ပြိုကျကုန်သည်။

လေ့ယန်နိုင်ငံသားများအားလုံး ခြောက်ခြားသွားကြသည်။ သူတို့၏ ယဲ့ဖန်အကြောင်း သိနားလည်မှုက ဒဏ္ဍာရီသမိုင်းများထဲမှ အကြောင်းများသာ ဖြစ်သည်။ ယခု ယဲ့ဖန်၏ အစစ်အမှန် လွှမ်းမိုးနိုင်စွမ်းကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရလေပြီ။ ထို့ကြောင့် သူတို့အားလုံး ထိတ်လန့်သွားကြသည်။

“မင်းတို့စစ်သည်တွေအားလုံးကို အင်ပါယာထဲကို လွှတ်ပြီး ငါ ဒီအင်ပါယာရဲ့ တော်ဝင် အင်အားကို သိမ်းနိုင်အောင် ကူညီကြ၊ ဒါဆို မင်းတို့ ထပ်ပြီး ရှောင်တိမ်းစရာ မလိုတော့ဘူး”

ယဲ့ဖန်က နေဘုရင်ကို စူးစိုက်ကြည့်လေသည်။

“ဟုတ်ကဲ့”

နေဘုရင် ခေါင်းညိတ်လိုက်ပြီး စိတ်လှုပ်ရှားလာ၏။ အဘယ်ကြောင့်ဆိုသော် သူတို့မျိုးနွယ် ပြန်လည် ဦးမော့လာနိုင်မည့် မျှော်လင့်ချက်ကို သူ မြင်တွေ့လိုက်ရသောကြောင့်ပင်။

….

တစ်ချိန်တည်းမှာပင် တော်ဝင်စစ်သူကြီး အိမ်တော်တွင်း၌ ဝမ်ဟန်က မျက်လုံးကိုဝင့်၍ သူ့သားကို ကြည့်လိုက်သည်။

“အဲ့မျိုးမစစ်ကောင်နဲ့ တိုက်ရမယ့် သေခြင်းရှင်ခြင်းတိုက်ပွဲက နီးလာပြီ၊ မင်း ယုံကြည်ချက် ရှိလား”

ဝမ်ကျင်းက အားပါးတရ ပြုံးလိုက်သည်။

“သူ့ကို လက်ဖျောက်တီးရုံနဲ့တင် သတ်လို့ရပါတယ်”

သူ့ပုံစံက ယုံကြည်မှုအပြည့်ပင်။

“ဒါပေမဲ့ သူ ဝမ်ကောဖူကနေ ထွက်သွားပြီး ပျောက်နေတယ်လို့ ငါ ကြားထားတယ်”

ထိုအခိုက်တွင် ဝမ်ဟန်က လက်ဖက်ရည်ကို တစ်ငုံသောက်၍ သုန်မှုန်နေသော အမူအရာနှင့် ပြောလိုက်သည်။

“ဘာ ထွက်ပြေးသွားတာလား”

ဝမ်ကျင်း၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။

*ဒီခွေးမသားက ငါ့ကို အရှက်ကွဲအောင် လုပ်ပြီးမှ ထွက်ပြေးသွားတာလား*

*ခွင့်မလွှတ်နိုင်စရာပဲ၊ လုံးဝကို ခွင့်မလွှတ်နိုင်ဘူး*

“ပျာယာမခတ်နဲ့၊ ဝမ်ကောဖူမှာ သူ့မိန်းမတွေ အများကြီး ကျန်နေခဲ့တာပဲ၊ သူတို့မှ မပြေးနိုင်တာ၊ မင်း ဘာတွေကြောက်နေမှာလဲ”

ဘေးဘက်၌ ငြိမ်နေကဲ့သော ကြီးကြပ်ရေးမှူးလီက ရုတ်တရက် ညစ်ကျယ်ကျယ် ရယ်မော လေသည်။

“အဲ့ကောင် မတိုက်ရဲရင် မင်း သူ့မိန်းမတွေနဲ့ ပျော်ပါးလို့ရပြီ၊ အဲ့မိန်းကလေးတွေ အားလုံးက အလှလေးတွေချည်းပဲ၊ မင်း မနစ်နာပါဘူး”

ထိုစကားကို ကြားသော် ဝမ်ကျင်းသည် ရာဂစိတ် တောက်လောင်နေသော အပြုံးမျိုး ပြုံးလိုက်သည်။ သူ့စိတ်ထဲ၌ ဘဝင်ခိုက်လာ၏။ ယဲ့ဖန်ဘေးနားမှ မိန်းကလေးများအားလုံးသည် တကယ်ပင် အလှပဂေးလေးများ ဖြစ်ပေသည်။

သူတို့ထဲက မည်သူမဆိုက ယောက်ျားတစ်ယောက်ကို သွေးဆူအောင် လုပ်နိုင်သည်။ ထို့နောက် တွင်မူ ဝမ်ကျင်းက အေးစက်စွာ ပြုံးလိုက်ပြီး သူ့မျက်လုံးတွင် လူသတ်ချင်စိတ်များ ဖြတ်ပြေး သွားသည်။

“ကျုပ်ရဲ့ အရင်အစီအစဉ်က ကျုပ်ညီအတွက် အဲ့ကောင်ကို အရင်လက်စားချေ သတ်ဖြတ်ပြီးမှ သူ့မိန်းမတွေကို အပိုင်သိမ်းမလို့ပဲ”

“ရဲတင်းတဲ့ကောင် ဒီလောက် မဆင်မခြင်နဲ့ သူ့မိန်းမတွေကို ထားခဲ့ပြီး ထွက်ပြေးလိမ့်မယ်လို့ ထင်မထားမိဘူး၊ ငကြောက်ပဲ”

သူ အထင်သေးစွာ သရော်လိုက်ပြီး ယဲ့ဖန် ထွက်ပြေးသွားပြီဟု ယုံကြည်သွားသည်။ ထိုသို့မဟုတ်ပါက အလောင်းအစားအတွက် သဘောတူပြီး ဘယ်လိုလုပ် မကြာခင်မှာတင် ပျောက်သွားမည်နည်း။

ထိုစဉ် ကြီးကြပ်ရေးမှူးလီက ဆေးတစ်လုံးကို ထုတ်ပေးလာသည်။

“မင်းဘေးကင်းဖို့အတွက် အချိန်ကျရင် ဒါကို ထုတ်သောက်လိုက်”

“နဂါးငါးကောင် ဒန်ဆေးလုံးပါလား”

ဝမ်ကျင်း တအံ့တဩ ပြောလိုက်သည်။ ယင်းဆေးလုံးသည် ကောင်းမွန်သော ဆေးလုံး ဖြစ်သည်။ ၎င်းသည် လူတစ်ယောက်၏ ခွန်အားအား ယာယီ နှစ်ဆတိုးမြင့်စေနိုင်ပြီး ရန်သူကို တိုက်ခိုက်နိုင်မည့် မှော်ဆန်သော သက်ရောက်မှုများ ရှိကာ ရှားပါးသော ဆေးဖြစ်သည်။

ကြီးကြပ်ရေးမှူးလီက အပြုံးနှင့် ပြောလိုက်သည်.

“ငါ ဒါကို ဆေးဆိုင်ကနေ ဝယ်ဖို့ တော်တော်လေး အားထုတ်ထားရတာကွ၊ မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့”

“ဦးလေးလီ စိတ်ချပါ၊ ဒီနဂါးငါးကောင် ဒန်ဆေးလုံးနဲ့ဆိုရင် ကျွန်တော့အတွက် ကျားကို တောင်ပံ တပ်ပေးလိုက်သလို ဖြစ်သွားမှာပါ၊ အဲ့ကောင် ပေါ်လာရဲတာနဲ့ သူ ဘယ်တော့မှ မရှင်နိုင်အောင် ကျွန်တော် လုပ်ပစ်မှာ”

ဝမ်ကျင်း ရယ်မောလိုက်သည်။ သူသည် အစကတည်းက ယုံကြည်ချက် ရှိနေသူ ဖြစ်ပြီး ယခု ပို၍ ယုံကြည်ချက် ခိုင်မာလာ၏။

သူသည် အာမခံဟန်ဖြင့် ရင်ဘတ်ကိုပုတ်၍ ပြောလိုက်ပြီးနောက် နဂါးငါးကောင် ဒန်ဆေးလုံးကို လက်ခံလိုက်သည်။ သို့သော် ဝမ်ဟန်က ချီတုံချတုံ ဖြစ်နေပြီးနောက် ကြီးကြပ်ရေးမှူးလီကို မေးလာသည်။

“ညီအစ်ကိုလီ ဘာပဲဖြစ်ဖြစ် ဒါက ဝမ်ကောဖူပဲလေ၊ ဒီလိုအပြုအမူကို သိသွားရင် ပြဿနာ တက်မသွားနိုင်ဘူးလား”

မန်နေဂျာလီက လှောင်ရယ်လို်သည်။

“ဘာဖြစ်မှာမို့လို့လဲ၊ ကျုပ် ချင်ရွှေကျောင်းအုပ် လီချုံးယန်ကို ဒီအကြောင်း ပြောပြပြီးတော့ သူ့အကူအညီ ရလာတာလေ၊ ကျုပ်တို့ ဒီလျှို့ဝှက်ချက်လေးကို ထိန်းသိမ်းထားသရွေ့ သူ ဒီပြဿနာကို ကျုပ်တို့အတွက် ဖြေရှင်းပေးလိမ့်မယ်၊ အဲ့ကောင် သေသွားတဲ့အချိန်ကျရင် ဘယ်သူက မသာတစ်ယောက်အတွက် ပြဿနာ ရှာမှာလဲ”

“ကျောင်းအုပ်လီလား”

ဝမ်မျိုးနွယ် သားအဖ တအံ့တဩ ပြောလာသည်။ လီချုံးယန်ကဲ့သို့ အဆင့်အတန်း မြင့်သူက သူတို့ဘက်၌ ရပ်တည်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားမိပါ။

သူတို့စကားကြောင့် ကြီးကြပ်ရေးမှူးလီက မချိပြုံး ပြုံးလေသည်။

“အဲ့ကောင်မှာ ရန်သူတွေ တအားများတယ်၊ တချို့လူတွေက သူတို့ကိုယ်တိုင် လှုပ်ရှားဖို့ မလွယ်ဘူးလေ၊ အဲ့တော့ သူတို့က ကျုပ်တို့ကို ယုံကြည်ကြတယ်”

သုံးယောက်သား အချင်းချင်း ပြန်ကြည့်ကြပြီးနောက် ပြိုင်တူ ရယ်မောကြသည်။ ထိုရယ်သံ၌ မလိုတမာစိတ်များ ပြည့်နှက်နေသည်။

လျှပ်တစ်ပြက်အတွင်း နှစ်ရက်တာ ကုန်ဆုံးသွား၏။ ဝမ်ကောဖူ၏ သေခြင်းရှင်ခြင်း တိုက်ပွဲ စင်မြင့်ထက်၌ ဝမ်ကျင်းက လက်ပိုက်၍ အထက်စီးဆန်သော ဟန်ပန်ဖြင့် ရပ်နေသည်။

စင်အောက်တွင် ထောင်ချီသော တပည်များ စုဝေးနေပီး အားလုံးက ပါရမီရှင်များ ဖြစ်ကာ ယနေ့ တိုက်ပွဲကို စောင့်ကြည့်ချင်နေကြသည်။

ဈာန်ဝင်စားခြင်းအဆင့်လေးနှင့် ဘုရင်အဆင့်ကို လှုပ်ခါနိုင်သူ၊ ထိုသူ မည်မျှ သန်မာသလဲကို သူတို့လည်း မြင်ဖူးချင်နေ၏။ သို့သော် သူတို့ တစ်နေကုန်နီးပါး စောင့်နေသော်လည်း ယဲ့ဖန် ပေါ်မလာချေ။

“အဲ့ကောင် ကြောက်ပြီး ထွက်ပြေးသွားတာများလား”

“အဲ့လိုပဲ ဖြစ်လိမ့်မယ်၊ သူ ဝမ်ကောဖူက ထွက်ပြေးသွားပြီလို့ ငါ အစောကတည်းက ကြားနေတာ၊ အမှန် ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး”

“အဲ့နေ့တုန်းကတော့ သူ ဝမ်ကျင်းကို သတ်မယ်ဆိုပြီး လေလုံးထွားနေတာ၊ အခု အခွင့်ကောင်း ယူပြီး ပြေးသွားပြီ။ သူက တော်တော် ဉာဏ်မရှိတဲ့ အကြံကို သုံးတာပဲ၊ ဒီဖုန်းယဲ့က ခွေးသူခိုး ပါလား”

“သူက ကိုယ်လွတ်ရုန်း ပြေးသွားပင်မယ့် သူ့မိန်းမတွေကို ထားခဲ့တာပဲ၊ ဒီလိုငကြောက် နောက်ကိုမှ လိုက်ခဲ့တဲ့ မိန်းမတွေ တော်တော် ကံဆိုးတာပဲ”

ကျောင်းသားများအားလုံး ဆွေးနွေးလာကြသည်။ သူတို့၏ စကားများ၌ အထင်သေးမှုများ ပြည့်နှက်နေသည်။ ယဲ့ဖန်၏ အပြုအမူက ရွံစရာ ကောင်းလှသည်။

ယဲ့ဖန် ထွက်ပြေးသွားသော သတင်းကလည်း ဝမ်ကျင်း ဖြန့်ထားခြင်း ဖြစ်သည်။ သို့မှသာ ယဲ့ဖန်၏ မိန်းကလေးများကို သူ ဗြောင်ကျကျ သိမ်းနိုင်မည် ဖြစ်လေသည်။

မနက်မှ နေ့ခင်းအထိ စောင့်နေပြီးနောက် ဝမ်ကျင်း စိတ်မရှည်တော့ချေ။ သို့သော် လူအိုကြီးများက ရှိနေသေးသောကြောင့် မလှုပ်သာပေ။ တစ်မိနစ် ကုန်ဆုံးသွားတိုင်း လူတိုင်း၏ ယဲ့ဖန်အပေါ် အထင်သေးစိတ်က ပိုနက်ရှိုင်းလာ၏။

အမှိုက်ကောင် ထွက်ပြေးသွားတာ သေချာကြောင်း လူတိုင်း တစ်ရာရာခိုင်နှုန်းတိတိ အာမခံနိုင် ပေတော့မည်။

ညနေသို့ ရောက်လာသောအခါ ဝမ်ကျင်းက မျက်လုံးမှိတ်ထားရာမှ ပြန်ဖွင့်လိုက်ပြီး မျက်လုံး တွင်း၌ မကျေနပ်စိတ်များ တောက်လောင်နေသည်။

“ကောင်းပြီလေ၊ မင်းတို့လည်း မြင်ကြတာပဲ၊ အဲ့ဖုန်းယဲ့က ထပ်ပေါ်လာမှာ မဟုတ်ဘူး၊ ငကြောက် တစ်ကောင်လို ထွက်ပြေးသွားပြီ၊ မတိုက်ခိုက်ချင်တဲ့အတွက် သူ့မိန်းမတွေကိုတောင် စွန့်ပစ်သွားသေးတယ်၊ သူတို့က ဘယ်လောက်ပဲ ထူးချွန်နေပါစေ ငါ့ကို အဖော်လုပ်ဖို့ အရည်အချင်း မရှိဘူး”

ထို့‌နောက် သူသည် သူ့အကြံ အောင်သွားသဖြင့် ညစ်ကျယ်ကျယ် ပြုံးကာ ပြောလိုက်သည်။

“အဲ့တော့ ကျုပ် အဲ့ဖုန်းယဲ့ကို ကျောင်းထုတ်လိုက်ဖို့ အကြံပြုချင်တယ်”

All Chapters