← Chapters

အခန်း (၁၀၇၁-၁၀၇၂)

Vol. 91 Ch. 1071-1072

အခန်း (၁၀၇၁-၁၀၇၂)

Vol. 91 Ch. 1071-1072

အခန်း ၁၀၇၁ - စမ်းသပ်ရန် လူများကို ကျပန်းရွေးချယ်ခြင်း

ရှောင်းယီက လော့ရယ်၏လက်ကို ချက်ချင်းဖိထားလိုက်၏။

“စိတ်မလှုပ်ရှားပါနဲ့။ သူတို့ကလည်း ကျုပ်တို့ရဲ့ မဟာမိတ်အဖွဲ့ဝင်တွေပါပဲ။”

လော့ရယ်က ရှောင်းယီကို မှင်တက်စွာကြည့်လိုက်သည်။

“ဒီလိုမျိုး လူမျိုးခြားတွေ သောင်းကျန်းမှာကို ရှင်မကြောက်ဘူးလား။”

“သူတို့ ဒီမှာ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်နေတာပဲလေ။ ဘာလို့ သောင်းကျန်းရမှာလဲ။”

ရှောင်းယီက ပြုံးကာ ပြန်မေးလိုက်သည်။

လော့ရယ်မှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားလျက်ဖြင့် ရှောင်းယီနောက်သို့ လိုက်ပါသွားကာ ဉာဏ်ရည်တု ဇီဝချစ်ပ် ထုတ်လုပ်သည့် စက်ပစ္စည်းများရှိရာသို့ ရောက်ရှိလာခဲ့သည်။

“မင်းသမီး လော့ရယ် မင်း ဘယ်လိုကတ်မျိုး လုပ်ချင်လဲ။”

ရှောင်းယီက မေးလိုက်သည်။

“ရှောင်ကျဲနဲ့ တူတူပဲ။ ကိုယ်တွင်းထည့်သွင်းတဲ့ ချစ်ပ်ပဲ လုပ်မယ်။”

လော့ရယ်က ပြန်ဖြေလိုက်သည်။

ရှောင်းယီ၏ လုပ်ဆောင်ပေးမှုဖြင့် သူတို့နှစ်ဦးအတွက် မဟာမိတ်ကတ်များကို အမြန်ဆုံး ပြုလုပ်ပြီးစီးသွားခဲ့သည်။

“ကောင်းပြီ မင်းတို့နှစ်ယောက် သွားလည်ကြတော့။ နားမလည်တာရှိရင် အပန်းဖြေစခန်းက နေရာအနှံ့မှာရှိတဲ့ သတင်းအချက်အလက်ကောင်တာတွေမှာ မေးလို့ရတယ်။”

ရှောင်းယီက ထိုသို့ပြောရင်း အနှံ့အပြားတွင် မြင်နေရသည့် သတင်းအချက်အလက် စားပွဲများကို ညွှန်ပြလိုက်သည်။

“ကောင်းပါပြီ ကျွန်းပိုင်ရှင်...။ ခင်ဗျား လုပ်စရာရှိတာ သွားလုပ်ပါ။ ကျုပ်တို့ဘာသာ ကျုပ်တို့ အဆင်ပြေပါတယ်။”

ရော်ဂျာက ပြုံးကာ ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“တစ်ခုခုဖြစ်ရင် ငါ့ကို ဖုန်းဆက်လိုက်။”

“ဟုတ်ကဲ့။”

ရော်ဂျာသည် ရှောင်းယီနှင့် စကားပြောနေသော်လည်း သူ၏ စိတ်မှာမူ အဝေးသို့ ရောက်ရှိနေပြီဖြစ်သည်။

ရှောင်းယီက ခေါင်းခါယမ်းလိုက်ပြီး မြို့ပြန်ကျောက်ကို အသုံးပြုကာ သူ၏ အိပ်ခန်းသို့ ပြန်လာခဲ့လိုက်သည်။

သူ ပြန်ရောက်ရောက်ချင်းမှာပင် ကျန်းယွင်ထျန်းထံမှ ဖုန်းဝင်လာခဲ့သည်။

“အစ်ကိုကျန်း မင်းဘယ်တွေ လျှောက်ပြေးနေတာလဲ။”

ရှောင်းယီက ပြုံးကာ မေးလိုက်၏။

“ကျွန်းပိုင်ရှင်... အဲ့လိုမျိုး နောက်မနေပါနဲ့ကွာ။ နောက်တစ်ခါ ဒီလောက် အဆင့်မြင့်တဲ့ပစ္စည်းရရင် ကြိုပြောပါဦး။ မင်းက ငါ့ရဲ့အိမ်ထောင်ရေး သာယာမှုကို ဖျက်ဆီးနေသလိုပဲ...။”

ကျန်းယွင်ထျန်းက ညည်းတွားလိုက်သည်။

“ဟားဟားဟား စိတ်မပူပါနဲ့။ အစ်မရွှီက အလွန်ဆုံးရှိလှ ကျန်းကျန်းကို ကီးဘုတ်ပေါ် ဒူးထောက်ခိုင်းရုံပါပဲ။”

ရှောင်းယီက ပြန်စလိုက်သည်။

“တော်ပါတော့...အလုပ်အကြောင်း အရင်ပြောရအောင်။ ငါ အခုလေးတင် ဒီအလိမ်ဖော်စက်ကို ငါတို့ရဲ့ ထောက်လှမ်းရေး ဝန်ထမ်းတွေနဲ့ စမ်းသပ်ကြည့်ပြီးပြီ။ တကယ့်ကို အထင်ကြီးစရာပဲ။ ဘာပြဿနာမှ မရှိဘူး။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။

“အခု မေးခွန်းက ဒီစက်ကို ဘယ်လို အသုံးပြုကြမလဲ ဆိုတာပဲ။”

ရှောင်းယီက ပြုံးလိုက်သည်။

“ဒါဆို အစ်ကိုက ကိုယ့်လက်အောက်ငယ်သားတွေကို ဒေါသပုံချလိုက်တာပေါ့။”

“မဟုတ်ပါဘူး။ ငါ သူတို့နဲ့ သေချာညှိနှိုင်းခဲ့တာပါ။ ကျပန်းစမ်းသပ်မှုတွေကတစ်ဆင့် သူတို့ လိမ်နေ၊ မလိမ်နေကို အတိအကျ သိနိုင်တယ်လေ။”

ကျန်းယွင်ထျန်းက ဆွံ့အစွာ ပြောလိုက်သည်။

“ငါက ကိုယ်ရေးကိုယ်တာ ခံစားချက်ကို အလုပ်ထဲ ထည့်မယ့်လူ မဟုတ်ပါဘူးကွာ...။”

ရှောင်းယီ ခေါင်းညိတ်လိုက်ပြီး အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။

“ဂရုထဲမှာ ကြေညာချက်တစ်ခု တင်လိုက်ပါ။ ငါတို့မဟာမိတ်က အဆင့်မြင့်လက်နက်တစ်ခု ထုတ်တော့မယ်။ ဒါပေမဲ့ ဝယ်ယူဖို့အတွက် စမ်းသပ်မှု အောင်မြင်ရမယ်လို့ ပြောလိုက်။ စမ်းသပ်မယ့် နည်းလမ်းကိုတော့ အစ်ကို့ဘက်ကပဲ ပုံစံထုတ်လိုက်ပါ။ အရင်ဆုံး ကြေညာချက်ကိုတော့ အရင်တင်လိုက်။”

“ဟုတ်ကဲ့...။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“တခြားမေးခွန်းတွေ ရှာထားပြီး အဲ့ဒီထဲမှာမှ မသေမျိုးမျိုးနွယ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ကြားညှပ်ထားလိုက်။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“စိတ်ချပါ ကျွန်းပိုင်ရှင် ငါ နားလည်ပါတယ်။”

ဒါက ကြိုတင်အသိပေးချက်သာ ဖြစ်သောကြောင့် ကျန်းယွင်ထျန်းက ဂရုထဲတွင် အမြန်ဆုံး တင်လိုက်သည်။

ထိုကြေညာချက် တင်လိုက်သည်နှင့် တပြိုင်နက် ယီထျန်းဂရုချတ်အတွင်း ဆွေးနွေးမှုများမှာ ရုတ်ချည်း ဆူညံပွက်လောရိုက်သွားတော့သည်။

“ယီရန်ပင်း မဟာမိတ်က နောက်ထပ် ပစ္စည်းကောင်းတစ်ခု ထပ်ရလာပြန်ပြီလား။ ဘာလို့ ဝယ်ဖို့အတွက် စမ်းသပ်မှု ဖြေရမှာလဲ။”

“မသိဘူးလေ။ ဒါပေမဲ့ သူဌေးရဲ့ မဟာမိတ်က အဆင့်မြင့်လက်နက်လို့ ပြောရင်တော့ဖြင့် ပင်ဖိုင်းယားရိုင်ဖယ်တွေ၊ ခြောက်လုံးပြူးတွေထက်တော့ အဆများစွာ သာမှာ အသေအချာပဲ။”

“ဒါက တကယ့် အစုလိုက်အပြုံလိုက်သတ်ဖြတ်နိုင်တဲ့ လက်နက် (WMD) ဖြစ်နေလို့ ဖြစ်မယ်။ သူဌေးက ငါတို့အချင်းချင်း ပြန်သတ်ကြမှာကို စိုးရိမ်နေတာ ဖြစ်နိုင်တယ်။”

“စိတ်မပူပါနဲ့။ ရှားလူမျိုးတွေက မျိုးနွယ်အချင်းချင်း မလိမ်ပါဘူး။”

“ပြောရရင် ရှားလူမျိုး လူမျိုးအချင်းချင်း မတိုက်ခိုက်ဘူး။”

“အဆင့်အတန်းတစ်ခုထိ ပညာမတတ်ရင် ကိုင်တွယ်လို့မရတဲ့ နည်းပညာမြင့်လက်နက်မျိုး ဖြစ်နေလို့ စာမေးပွဲ စစ်တာလားမသိဘူး။”

“ချီးဘဲ...ဒါဆို ငါ့လို မူလတန်းတောင် မအောင်တဲ့လူအတွက်တော့ ဒါက လုံးဝ မတရားဘူး...။”

“တက္ကသိုလ်ဘွဲ့ရတစ်ယောက်တောင် လက်နက်ကိုင်တွယ်ပုံရဲ့ နည်းပညာရပ်ပိုင်းဆိုင်ရာ အသိပညာတွေကို နားလည်မှာမဟုတ်ဘူး။”

“လူတိုင်း ကိုယ့်လူတွေကို ယီရန်ပင်းမဟာမိတ်အဖွဲ့ဆီ စစ်သင်တန်းတက်ဖို့ လွှတ်ထားကြတယ်မလား။ အဲ့ဒီသင်တန်းမှာ လက်နက်အကြောင်း အသိပညာတွေ ပါပြီးသားပဲ။ သေချာလေး လေ့လာကြပေါ့။”

“ဟုတ်တယ်။ ယီရန်ပင်းမဟာမိတ်အဖွဲ့မှာ သင်တန်းတက်ခဲ့တဲ့ တပ်စုမှူးတွေကို ငါတို့ဆီမှာ ပြန်ပြီး လေ့ကျင့်ပေးဖို့ အမြန်ခေါ်ရမယ်။”

“အမှန်အတိုင်းပြောရရင် ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ စစ်အင်အားက တကယ့်ကို အားကောင်းလွန်းတယ်။ ငါတို့စစ်သားတွေ အဲ့ဒီမှာ နှစ်ရက်သုံးရက်ပဲ သွားနေပြီး မနေ့ကမှ ပြန်ရောက်တာ။ သူတို့ရဲ့ အသိပညာနဲ့ အမြင်တွေက လုံးဝ ပြောင်းလဲသွားပြီ။ ငါတို့မဟာမိတ်ရဲ့ ခံစစ်စည်းတွေအားလုံးကို ပြန်စီမံလိုက်တာ.. လူအင်အား အများကြီးကိုပါ ပိုထွက်လာအောင် လုပ်နိုင်သွားတယ်။”

“ဟုတ်တယ်။ ခံတပ်တွေ တည်ဆောက်တာ၊ ပစ်အားဖြန့်ကျက်မှုကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိတာတွေနဲ့ဆိုရင် စစ်သားနည်းနည်းလေးနဲ့ ပိုရှည်တဲ့ ခံစစ်စည်းကို အပြည့်အဝ ထိန်းထားနိုင်တယ်။”

“ပြောရဦးမယ်။ သူဌေး တစ်ယောက်တည်း တော်တာမဟုတ်ဘူးနော်။ သူ့အဖွဲ့တစ်ခုလုံးက တကယ့်ကို တော်ကြတာ။”

“ဟုတ်တယ်။ ကံကောင်းလို့ ငါတို့လူတွေကို ချက်ချင်း စစ်သင်တန်းလွှတ်လိုက်လို့ပေါ့။ မဟုတ်ရင် အခုလောက်ဆို ကျွန်းတစ်ကျွန်းမက ဆုံးရှုံးနေလောက်ပြီ။”

“ငါတို့ ရှာစနိုင်ငံမှာ ယီရန်ပင်းသာမရှိရင် အသက်ရှင်ကျန်ရစ်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အခုချိန်ထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။”

“၈၀ ရာခိုင်နှုန်းလား။ နည်းလွန်းသေးတယ်။ အနည်းဆုံး ၉၉ ရာခိုင်နှုန်းလောက်က သေကုန်ကြမှာပဲ။”

“အားလုံး သုတ်သင်ခံရတာတောင် ဖြစ်နိုင်တယ်။”

“သူဌေးက ငါတို့ ရှားနိုင်ငံရဲ့ အသက်ရှင်ကျန်ရစ်သူ အားလုံးကို ကယ်တင်ခဲ့တာပဲ။”

ရှောင်းယီသည် ထိုစာများကိုဖတ်ရင်း ခေါင်းခါလိုက်မိသည်။ သူ မရှိခဲ့ရင်တောင် ရှားနိုင်ငံ အသက်ရှင်ကျန်ရစ်သူ အတော်များများကတော့ ဆက်လက် ရှင်သန်နိုင်ဦးမည်ကို သူသိသည်။ အကြောင်းမှာ ကမ္ဘာ့စည်းမျဉ်းများက လူတိုင်းအတွက် အပေါက်တစ်ခုတော့ ချန်ထားပေးမြဲဖြစ်သောကြောင့်ပင်။

ကျန်းယွင်ထျန်းသည် ကြေညာချက်တင်ပြီးနောက် ကျပန်းမေးခွန်းများစွာကို ပြင်ဆင်ပြီး စမ်းသပ်မှုစတင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ဤကဲ့သို့ စမ်းသပ်မှုမျိုးအတွက် မဟာမိတ်အဖွဲ့အလိုက် စာရင်းပေးသွင်းရန် လိုအပ်သည်။ စာရင်းပေးသွင်းပြီးပါက ကျန်းယွင်ထျန်းက တစ်ဖက်လူကို သူတို့မဟာမိတ်အတွင်းရှိ အသက်ရှင်ကျန်ရစ်သူအချို့ ရှာဖွေရာတွင် ပူးပေါင်းဆောင်ရွက်ရန် ခိုင်းစေမည်ဖြစ်သည်။

ဤရွေးချယ်မှုမှာ လုံးဝကျပန်းဖြစ်ပြီး အခြားမဟာမိတ်အဖွဲ့အနေဖြင့် ငြင်းပယ်ခွင့်မရှိပေ။ အကယ်၍ ငြင်းပယ်ပါက စမ်းသပ်မှုကို ချက်ချင်း ကျရှုံးသည်ဟု သတ်မှတ်မည်ဖြစ်သည်။

“ကောင်းပြီ။ ဗီဒီယိုဖွင့်လိုက်။ အခန်းထဲကထွက်ပြီး လျှောက်သွားစမ်း။”

ကျန်းယွင်ထျန်းက စမ်းသပ်မှုခံယူမည့် ပထမဆုံးမဟာမိတ်အဖွဲ့ကို စတင်ညွှန်ကြားလိုက်သည်။

အခြားတစ်ဖက်မှလည်း ကျန်းယွင်ထျန်း၏ ညွှန်ကြားချက်အတိုင်း ကျွန်းပေါ်တွင် လွတ်လပ်စွာ လျှောက်သွားနေတော့သည်။

“ရပ်လိုက်။ မင်းအရှေ့တည့်တည့်က လူကို အဆင်သင့်ဖြစ်အောင်လုပ်ခိုင်းလိုက်။ သူက စမ်းသပ်မှုခံယူရမယ့်သူပဲ။”

“ဘယ်ဘက်က အမျိုးသမီး။ ပြီးရင် နောက်ထပ် ကျွန်းခွဲတစ်ခုကို သွားမယ်။”

ဤနည်းဖြင့် ကျန်းယွင်ထျန်းသည် မဟာမိတ်ခေါင်းဆောင်အပါအဝင် အသက်ရှင်ကျန်ရစ်သူအချို့ကို ကျပန်းရွေးချယ်ကာ စမ်းသပ်ရန်အတွက် တည်နေရာကူးပြောင်းခြင်းပုံစံဖြင့် ခေါ်ယူလိုက်သည်။

စမ်းသပ်မှုလုပ်ငန်းစဉ်မှာ အလွန်ရိုးရှင်းပါသည်။ ကျန်းယွင်ထျန်းအနေဖြင့် လူလိမ်ဖော်စက်ကို ဖွင့်ပြီး မေးခွန်းများ စတင်မေးမြန်းရုံသာဖြစ်သည်။ မေးခွန်းပေါင်း (၂၀) သာရှိပြီး ဖြေဆိုသူများက “ဟုတ်ကဲ့” သို့မဟုတ် “မဟုတ်ပါ” ဟုသာ ဖြေရန်လိုအပ်သဖြင့် အလွန်မြန်ဆန်ပါသည်။

မကြာမီ ပထမဆုံးမဟာမိတ်အဖွဲ့၏ စမ်းသပ်မှုမှာ ပြီးဆုံးသွားခဲ့သည်။ ခေါင်းဆောင်ရော၊ ကျပန်းရွေးချယ်ခံရသည့် အသက်ရှင်ကျန်ရစ်သူများပါ လိမ်ညာခြင်းမရှိသလို မသေမျိုးမျိုးနွယ်နှင့်လည်း ပတ်သက်မှုမရှိကြပေ။

“ပြန်ရောက်တဲ့အခါ ဒီစမ်းသပ်မှုရဲ့ မေးခွန်းတွေကို တင်းတင်းကျပ်ကျပ် လျှို့ဝှက်ထားပါ။ မင်းတို့မဟာမိတ်က စမ်းသပ်မှုအောင်မြင်တဲ့အတွက် အဆင့်မြင့်လက်နက် အရောင်းအဝယ်ဂရုထဲကို ဝင်ခွင့်ရသွားပြီ။”

ကျန်းယွင်ထျန်းက မှာကြားလိုက်သည်။

“ဟုတ်ကဲ့ပါ။ အရမ်းကောင်းတာပဲ။”

မဟာမိတ်ခေါင်းဆောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ကျုပ် သူတို့ကို သေချာစောင့်ကြည့်ထားပါ့မယ်။”

ကျန်းယွင်ထျန်း ခေါင်းညိတ်ပြလိုက်ပြီး သူတို့ကို ပြန်ပို့လိုက်သည်။

ထို့နောက် စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်နေခဲ့သည်။

လက်ရှိတွင် ရှားနိုင်ငံနယ်နိမိတ်အတွင်း မဟာမိတ်အဖွဲ့ပေါင်း ငါးထောင်နီးပါး ရှိနေ၏။ လူလိမ်ဖော်စက်မှာ တစ်ခုတည်းသာရှိသဖြင့် တစ်ဖွဲ့ချင်းစီကိုသာ စမ်းသပ်နိုင်တော့သည်။

မေးခွန်း (၂၀) ကို ဤကဲ့သို့မေးမြန်းရာတွင် မေးခွန်းတစ်ခုကို ၁၀ စက္ကန့်ကြာသည်ဆိုလျှင်တောင် မဟာမိတ်တစ်ဖွဲ့လျှင် ၃ မိနစ် သို့မဟုတ် ၄ မိနစ်ခန့် ကြာနေသေးသည်။ ဤသည်မှာ အလွန်နှေးကွေးလွန်းနေသေးသည်။

“မဖြစ်ဘူး။ ငါ ထိရောက်မှုရှိအောင် တစ်ခုခု ထပ်လုပ်ရမယ်။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။

အခန်း ၁၀၇၂ - စာမေးပွဲက ပိုမြန်တာပဲ၊ ဒါတွေက ဘာမှပေါက်ကရမေးခွန်းတွေလဲ

ထိုအချိန်မှာပင် ရှောင်းယီက အပန်းဖြေစခန်းသို့ ရောက်ရှိလာခဲ့သည်။ ကျန်းယွင်ထျန်း၏ စမ်းသပ်မှုများကို ထိုနေရာတွင် လုပ်နေသောကြောင့် သူ လာကြည့်ခြင်းဖြစ်သလို တစ်လက်စတည်း လော့ရယ်နှင့် သူမမောင်လေးတို့ ပျော်ပျော်ရွှင်ရွှင်ရှိရဲ့လားဆိုသည်ကိုပါ ကြည့်ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။

“အခြေအနေ ဘယ်လိုရှိလဲ။”

ရှောင်းယီက အနားသို့ လျှောက်သွားပြီး မေးလိုက်သည်။ ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။

“အရမ်းနှေးလွန်းနေတယ်။ မဟာမိတ်တစ်ဖွဲ့ကို အနည်းဆုံး ၃ မိနစ်၊ ၄ မိနစ်လောက် ကြာနေတယ်။ မဟာမိတ်အဖွဲ့ပေါင်းက လေးထောင်ကျော်ရှိတာဆိုတော့ ဒီပုံစံအတိုင်းသာဆိုရင် အရမ်းကြာသွားလိမ့်မယ်။ ငါတို့ စမ်းသပ်လို့ပြီးတဲ့အချိန်ဆို မဟာမိတ်တွေအများကြီး အလဲလဲအကွဲကွဲ ဖြစ်ကုန်လိမ့်မယ်။”

ရှောင်းယီ ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှ မေးလိုက်သည်။

“စနစ် ဒီထက်ကောင်းတဲ့ တခြားနည်းလမ်းရှိလား။”

[ “ဘာလို့ စာမေးပွဲမေးခွန်းလွှာအဖြစ် မပြောင်းလဲလိုက်တာလဲ။ သူတို့ကို တိုက်ရိုက် စာမေးပွဲဖြေခိုင်းလိုက်ပေါ့။ လူတိုင်းက လူလိမ်ဖော်စက်ရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေသရွေ့တော့ စာနဲ့ဖြေတာလည်း အတူတူပါပဲ။” ]

ထိုအဖြေကို ကြားလိုက်ရသောအခါ ရှောင်းယီ အနည်းငယ် မှင်တက်သွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။

“အစ်ကိုကျန်း မေးခွန်းတွေကို စာမေးပွဲမေးခွန်းလွှာအဖြစ် ပြောင်းလိုက်ပါ။ စမ်းသပ်မှုခံယူမယ့်သူ အားလုံးကို ဒီမှာစုပြီး စာမေးပွဲဖြေခိုင်းလိုက်ရုံပဲ။”

“အဲ့လိုမျိုး ရလို့လား။”

ကျန်းယွင်ထျန်းက အနည်းငယ် မယုံကြည်နိုင်ဟန် ဖြစ်သွားခဲ့သည်။

“ရတာပေါ့။”

စနစ်က ရသည်ဟု ပြောလျှင် သေချာပေါက် ရရပေမည်။ ရှောင်းယီကတော့ ထိုအရာကို အခိုင်အမာ ယုံကြည်သည်။

ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။

“ဒါဆို ငါ အခုချက်ချင်း မိတ္တူသွားကူးလိုက်တော့မယ်။”

ကျန်းယွင်ထျန်းက သူ၏မေးခွန်းများကို ဒီဇိုင်းဌာနသို့ ယူသွားပြီး ထိုနေရာရှိ ကွန်ပျူတာစက်ပစ္စည်းများကို အသုံးပြုကာ ပုံစံအနည်းငယ်ချ၍ ပရင့်ထုတ်လိုက်သည်။

ဤနေရာရှိ စက်များ၏ အရှိန်က အလွန်လျင်မြန်သဖြင့် မကြာမီမှာပင် စာမေးပွဲမေးခွန်းလွှာ ပေါင်းလေးသောင်းကို ပရင့်ထုတ်ပြီး စမ်းသပ်မည့်နေရာသို့ ယူဆောင်လာခဲ့သည်။

ထိုအချိန်တွင် ကျန်းယွင်ထျန်း စီစဉ်ထားသည်ပ စစ်သားမျာစက မဟာမိတ်အဖွဲ့တစ်ခုချင်းစီ၏ ကိုယ်စားလှယ်များကို ရွေးချယ်ပြီး ခေါ်ယူထားပြီးဖြစ်သည်။

ယခုအချိန်တွင် အပန်းဖြေစခန်းကွင်းပြင်၌ အသက်ရှင်ကျန်ရစ်သူ လူအုပ်ကြီးဖြင့် ပြည့်နှက်နေပြီး အားလုံးက တိုးတိုးတိတ်တိတ်ဖြင့် တစ်ယောက်နှင့်တစ်ယောက် စကားပြောနေကြသည်။

“ဒါက ငါတို့ကို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေခိုင်းတော့မယ့်အတိုင်းပဲ။”

“ဟုတ်တယ်။ အမှန်အတိုင်းပြောရရင် ငါ နည်းနည်းတောင် စိတ်လှုပ်ရှားနေပြီ။”

“ဘယ်လို အသိပညာမျိုးတွေကို စစ်ဆေးမလဲ မသိဘူး။ အရမ်းကြီး မခက်ဖို့တော့ မျှော်လင့်ရတာပဲ။”

“ဟူး... တကယ်ကို မလွယ်ဘူး။ ပစ္စည်းတစ်ခုဝယ်ဖို့အတွက် စာမေးပွဲဖြေနေရတာက တကယ့်ကို ခေါင်းခဲစရာပဲ။”

“ဒါပေမဲ့ ဖြေကိုဖြေရမှာပဲလေ။ အဆင့်မြင့်လက်နက်တွေသာ မရှိရင် ရှေ့လျှောက် အခြေအနေတွေက ပိုပိုပြီး ခက်ခဲလာမှာ အသေအချာပဲ။”

“စာမေးပွဲကျရင် ပြန်ဖြေလို့ရမလားမသိဘူး။ ပထမတစ်ခါ မအောင်ရင် နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်ဖြေခွင့်ပေးရင် ကောင်းမှာပဲ။”

ကွင်းပြင်တစ်ခုလုံး ဆူညံနေတော့သည်။

ထိုစဉ် ကျန်းယွင်ထျန်း အပြင်သို့ထွက်လာပြီး လူအုပ်ကြီးကိုကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“အားလုံးပဲ စိတ်မပူကြပါနဲ့။ ဒါတွေက သာမန်မေးခွန်းတွေပါပဲ။ အာရုံစိုက်ပြီး သေသေချာချာ ဖြေဆိုမယ်ဆိုရင် အားလုံး သေချာပေါက် အောင်မြင်မှာပါ။”

“ဟုတ်ကဲ့ပါ။”

အားလုံးက တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။

“ကောင်းပြီ ပထမအသုတ်... နံပါတ် ၁ ကနေ ၂၀၀၀ အထိ လူတွေ အထဲကို ဝင်ခဲ့ပါ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“တစ်ခါတည်းနဲ့ လူနှစ်ထောင်တောင်လား။ အများကြီးပဲ။ ဘယ်နေရာမှာ ဖြေကြမှာလဲ။ ဖြေမယ့်နေရာက ဘယ်လောက်တောင် ကြီးနေလို့လဲ။”

“ဟုတ်ပါ့...။”

သို့သော် လူတိုင်း အထဲသို့ ဝင်သွားပြီးနောက်မှ ဤနေရာသည် အမှန်တကယ် ခန်းမဆောင်ကြီး တစ်ခုဖြစ်ကြောင်း သိလိုက်ရတော့သည်။

“ဟင်...ဒီခန်းမက ငါထင်သလောက်လည်း မကြီးပါလား။ ငါတို့ လူနှစ်ထောင်ဆိုရင်တော့ ပြည့်ကြပ်သွားလိမ့်မယ်။”

“ဟုတ်တယ်။ စာမေးပွဲဖြေတာကို လူအပြည့်ထိုင်ခိုင်းတာက နည်းနည်းတော့ ရယ်စရာမကောင်းဘူးလား။ ငါတို့ အချင်းချင်းတောင် တိုင်ပင်လို့ ရနေဦးမယ်။”

“တိုင်ပင်မယ်ဟုတ်လား။ စာစစ်မှူး မြင်သွားလို့ ဖြေဆိုခွင့် ပယ်ဖျက်ခံရမှာ မကြောက်ဘူးလား။”

“အဲ့ဒါလည်း ဟုတ်တာပဲ။”

“အားလုံးပဲ ကိုယ့်နံပါတ်နဲ့ကိုယ် အမြန်ထိုင်ကြပါ။”

ကျန်းယွင်ထျန်းက စင်ပေါ်တွင် ရပ်လျက် မိုက်ခရိုဖုန်းဖြင့် ပြောလိုက်သည်။

“မင်းတို့အားလုံး ဒီခန်းမထဲမှာပဲ နေရာယူကြရမယ်။”

လူအုပ်ကြီးသည် သူတို့၏ထိုင်ခုံများကို အလျင်အမြန်ရှာဖွေပြီး ဝင်ထိုင်လိုက်ကြသည်။

ကျန်းယွင်ထျန်းက ဆက်ပြောလိုက်သည်။

“ဟုတ်ပြီ...။ နောက်တစ်ခုက လူတိုင်း စာမေးပွဲမေးခွန်းလွှာ တစ်စောင်စီနဲ့ ခဲတံတစ်ချောင်းစီ ရလိမ့်မယ်။ မေးခွန်းတွေကို သေသေချာချာ ဖြေကြပါ။ အချင်းချင်း တိုင်ပင်လို့ရပါတယ်။ ဒါပေမဲ့ အသံကိုတော့ တိုးတိုးပဲထားပြီး တခြားလူတွေကို မနှောင့်ယှက်ပါနဲ့။ အထူးသဖြင့် စာမတတ်တဲ့သူတွေရှိရင် ဘေးကလူကို မေးခွန်းဖတ်ပြခိုင်းလို့ ရပါတယ်။”

ထိုကဲ့သို့သော စည်းကမ်းချက်ကို ကြားလိုက်ရသည့်အခါ လူတိုင်း မှင်တက်သွားကြတော့သည်။

“ဒါ... ဒါက တကယ်ပဲ စမ်းသပ်မှုတစ်ခုရော ဟုတ်ရဲ့လား။”

“တိုင်ပင်လို့တောင် ရတယ်တဲ့လား။ ကြည့်ရတာ စမ်းသပ်မှုရဲ့ အကြောင်းအရာက သိပ်အရေးမကြီးဘူး ထင်တယ် ဟုတ်တယ်မလား။ ငါတို့ရဲ့ စိတ်နေစိတ်ထားကို ကြည့်တာပဲ ဖြစ်ရမယ်။”

“ဘာလို့ အခုမှ ပိုပြီး ရင်တုန်လာရတာလဲ။”

စာမေးပွဲမေးခွန်းလွှာမိား ဝေပြီးသည့်နောက်တွင်မး လူတိုင်း တစ်ခါပြန်ပြီး မှင်တက်သွားကြပြန်သည်။

အမည်၊ ကျား/မ၊ အသက်...ထိုအရာများက ပထမဆုံး မေးခွန်းသုံးခု ဖြစ်နေပြီး ကျန်သည်များမှာမူ “ဟုတ်ကဲ့” သို့မဟုတ် “မဟုတ်ပါ” ကို အမှန်ခြစ်ရုံသာ ဖြစ်သည်။

ကျန်သည့်မေးခွန်းများကလည်း ထူးဆန်းအံ့သြဖွယ်ရာ မေးခွန်းပေါင်းစုံ ဖြစ်နေခဲ့လေသည်။ လူတိုင်းသည် မေးခွန်းများကို အမြန်ဆုံး အမှန်ခြစ်လိုက်ကြပြီးနောက် ဇဝေဇဝါမျက်နှာများ ဖြစ်နေကြတော့သည်။

“ဖြေပြီးရင် မေးခွန်းလွှာကို ကိုယ့်ခုံပေါ်မှာ ထားခဲ့ပြီး ထွက်သွားလို့ ရပါပြီ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

မကြာမီမှာပင် လူအချို့မှာ ဆက်မထိုင်နိုင်တော့ဘဲ စာမေးပွဲခန်းမထဲမှ ထွက်ခွာသွားကြတော့သည်။

ခန်းမထဲမှ ထွက်လာပြီးသည်နှင့် သူတို့သည် ချက်ချင်းပင် ထိုအကြောင်းကို ဆွေးနွေးကြတော့သည်။

“ငါ့လခွမ်း... ဒါတွေက ဘာမှပေါက်ကရမေးခွန်းတွေလဲ။ ဘာမှ စိန်ခေါ်မှုမရှိဘူး။”

“ဟုတ်တယ်။ ဒီလိုစမ်းသပ်မှုမျိုး လုပ်တာရဲ့ ရည်ရွယ်ချက်ကို ငါ လုံးဝ နားမလည်နိုင်တော့ဘူး။”

“ဒါက ငါတို့ကို လာနောက်နေတာပဲ။”

အပြင်ထွက်လာသူများကို အပန်းဖြေစခန်း၏ အခြားနေရာများသို့ ခေါ်ဆောင်သွားပြီး အနားယူစေကာ နောက်ထပ် လူနှစ်ထောင် အထဲသို့ ဝင်သွားခဲ့ကြသည်။

နှစ်နာရီကျော် ကြာပြီးနောက်တွင်မူ စမ်းသပ်မှုအားလုံး ပြီးဆုံးသွားခဲ့သည်။

“ကျွန်းပိုင်ရှင် လိမ်ပြောတဲ့သူတွေ တကယ်ပဲ ရှိနေတယ်။”

ကျန်းယွင်ထျန်းက လေးနက်သောအသံဖြင့် ပြောလိုက်သည်။ ရှောင်းယီက မျက်ခုံးပင့်လိုက်မိ၏။

“ဘယ်နှစ်ယောက်လဲ။”

“နှစ်ယောက်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“တစ်ခုက ချီမားရား မဟာမိတ်ဖြစ်ပြီး နောက်တစ်ခုက ချီယွီမဟာမိတ်ပါ။”

ရှောင်းယီ အနည်းငယ် စဉ်းစားလိုက်သည်။

“အဲ့ဒီ မဟာမိတ်နှစ်ဖွဲ့ကို သီးသန့် ခွဲထုတ်ထားလိုက်။ ငါတို့ သွားတွေ့ကြမယ်။”

“ဟုတ်ကဲ့။”

“အော်... ဒါနဲ့ စာမေးပွဲမေးခွန်းလွှာတွေကို စစ်ဆေးဖို့ လူအချို့ ထပ်ရှာလိုက်ဦး။ တကယ်လို့ သူတို့က မလိမ်ဘဲ မေးခွန်းလွှာပေါ်မှာ အမှန်အတိုင်း ရေးခဲ့ရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒါဆိုရင် အတော်လေး အနေရခက်သွားလိမ့်မယ်။”

ရှောင်းယီက ထပ်လောင်းပြောကြားလိုက်သည်။ ကျန်းယွင်ထျန်း မှင်တက်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

အလိမ်ဖော်စက်က သူတို့ လိမ်နေသလားဆိုသည်ကိုသာ စစ်ဆေးခြင်း ဖြစ်သည်။ အကယ်၍ သူတို့က မသေမျိုးမျိုးနွယ်နှင့် ပူးပေါင်းထားပြီး စာမေးပွဲမေးခွန်းလွှာ၌ အမှန်အတိုင်း ရေးခဲ့မည်ဆိုလျှင် အလိမ်ဖော်စက်က သူတို့ပြောသည်မှာ အမှန်ဟုဟုသာ သတ်မှတ်မည် ဖြစ်သည်။

ဟုတ်ပါသည်။ ဒီလိုဖြစ်နိုင်ခြေမှာ အလွန်းနည်း၏။

ဘယ်သူက ကိုယ့်ကိုယ်ကိုယ် ဒီလိုမျိုး လူမိအောင် လုပ်ပါ့မလဲ။

ဖြစ်နိုင်ခြေ နည်းသည်ဆိုသော်လည်း မရှိဘူးဟုတော့ မဆိုလိုပါချေ။

ထို့ကြောင့် ကျန်းယွန့်ထျန်းသည် စစ်သားအများအပြားကို စာမေးပွဲမေးခွန်းလွှာများ စစ်ဆေးရန် စီစဉ်လိုက်ပြီး မသေမျိုးမျိုးနွယ်နှင့် ပတ်သက်သည့် မေးခွန်းများကိုသာ အဓိကထား စစ်ဆေးစေလိုက်သည်။

မမှန်ကန်သော အဖြေတစ်ခု တွေ့သည်နှင့် ထိုမေးခွန်းလွှာကို သီးသန့် ဖယ်ထုတ်ထားရန် ညွှန်ကြားလိုက်သည်။

ထိုစဉ် ချီမားရားမဟာမိတ် ကိုယ်စားလှယ်ကို အစည်းအဝေးခန်းထဲသို့ အမြန်ခေါ်ဆောင်လာခဲ့ကြသည်။

“မင်းက မဟာမိတ်ခေါင်းဆောင် ကျိုးခွေမလား။”

ရှောင်းယီက သူတို့အထဲမှ မုတ်ဆိတ်ဗလပွနှင့် လူကို ကြည့်ပြီး မေးလိုက်သည်။ ထိုလူက ခေါင်းညိတ်ပြီး ပြန်မေးလာခဲ့သည်။

“သူဌေး ကျုပ်တို့ကို ဘာလို့ ဒီကို ခေါ်တာလဲ။ ဘာညွှန်ကြားချက်များ ရှိလို့လဲ။ ဒါမှမဟုတ် စမ်းသပ်မှုရလဒ်ကို အသိပေးမလို့လား။”

“ဒီတစ်ခါ ခေါ်လိုက်ရတဲ့ အကြောင်းရင်းက မင်းတို့မဟာမိတ်ရဲ့ အခြေအနေအချို့ကို မေးချင်လို့ပါ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ ကျိုးခွေက ခေါင်းညိတ်လိုက်၏။

“မေးစရာရှိရင် မေးသာမေးလိုက်ပါ။”

“မင်းတို့မဟာမိတ်က မသေမျိုးမျိုးနွယ်အပေါ် ဘယ်လိုမြင်လဲ။”

ရှောင်းယီက မေးလိုက်သည်။

ကျိုးခွေ၏ လက်ချောင်းများမှာ သိသိသာသာ တုန်ရင်သွားပြီးနောက် တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

“သူတို့က ကျုပ်တို့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ရန်သူတွေပဲလေ။ ပြီးတော့ တကယ့်ကို ဒုက္ခပေးတဲ့ ပြိုင်ဘက်တွေပဲ။ ဒါထက် ပိုပြီး ဘာမြင်စရာ ရှိဦးမှာလဲ။”

“ဒါဆို မသေမျိုးမျိုးနွယ်နဲ့ မဟာမိတ်ဖွဲ့တာအပေါ်ရော မင်းရဲ့ အမြင်က ဘယ်လိုလဲ။”

ရှောင်းယီက ဆက်လက် ဖိအားပေး၍ မေးမြန်းလိုက်သည်။

ကျိုးခွေ၏ အမူအရာမှာ အေးစက်သွားခဲ့သည်။

“ခင်ဗျား ဘာကို ဆိုလိုတာလဲဆိုတာ ကျုပ် မသိဘူး။”

“ဘာမှ မဆိုလိုပါဘူး။ မင်းရဲ့ သဘောထားကို သိချင်လို့ မေးရုံပါပဲ။”

ရှောင်းယီက ပုခုံးတွန့်ပြီး ပြန်ဖြေလိုက်သည်။

“မသေမျိုးမျိုးနွယ်နဲ့ မဟာမိတ်ဖွဲ့တဲ့သူကို လူတိုင်းက ရွံရှာစက်ဆုပ်ကြမှာပဲ။ ပြီးတော့ လူတိုင်း ဝိုင်းပြီး သုတ်သင်ကြရမှာပေါ့။”

ကျိုးခွေက ပြန်ပြောလိုက်သည်။

“ကျုပ်တို့ကို သံသယရှိနေတယ်ဆိုရင်တော့ ဆက်ပြီး ဆွေးနွေးစရာ မရှိတော့ပါဘူး။ ကျုပ်တို့ သွားတော့ပါမယ်။”

ထိုသို့ပြောပြီးသည်နှင့် ကျိုးခွေသည် မတ်တပ်ထရပ်ကာ အပြင်သို့ ထွက်သွားပြီး သူ၏ လက်အောက်ငယ်သားများကလည်း နောက်မှ လိုက်သွားကြတော့သည်။

All Chapters