အခန်း (၁၀၇၅-၁၀၇၆)
Vol. 91 Ch. 1075-1076
အခန်း ၁၀၇၅ - အဆင့်မြှင့်တင်ရန် တွန်းအားပေးလိုက်သော စမ်းသပ်မှုရလဒ်များ
ရှောင်းယီက ဂရုထဲတွင် ဆက်လက်၍ မက်ဆေ့ဂျ်များ ပို့လိုက်သည်။
“ကျုပ် မဟာမိတ်အဖွဲ့ နှစ်ခုကို တကယ်ပဲ ရှာတွေ့ခဲ့တယ်။ အဲ့ဒီလူတွေ အားလုံးကို ကျုပ်တို့မဟာမိတ်အဖွဲ့ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားပြီးပြီ။ အခြေအနေအရ သူတို့ရဲ့ မဟာမိတ်အဖွဲ့တွေကို ဆက်ပြီး အရေးယူသွားမယ်။”
“သေစမ်း... တကယ်ကြီး ရှိနေတာပဲ။ ဒီမသေမျိုးမျိုးနွယ်တွေက တကယ်ကို ခုခံကာကွယ်ရ ခက်တာပဲ။”
“ဟုတ်တယ်။ သူတို့က မသေမျိုးမျိုးနွယ်တွေနဲ့တောင် ပူးပေါင်းနိုင်ကြတယ်ပေါ့။”
“အပေါ်ကလူ...မင်းပြောပုံက မင်းလည်း စမ်းကြည့်ချင်နေတဲ့ ပုံစံမျိုးပဲနော်။”
“မဟုတ်တာ၊ မဟုတ်တာ...ငါက အံ့သြသွားလို့ ပြောတာပါကွာ။ မသေမျိုးနွယ်နဲ့ ပူးပေါင်းရမယ်ဟုတ်လား။ အဲ့ဒါဆိုရင် ငါပါ မသေမျိုးမျိုး ဖြစ်သွားမှာပေါ့။ ငါက လူအဖြစ်နဲ့တောင် ဝဝလင်လင် မနေရသေးဘူး။ သရဲတော့ အဖြစ်မခံနိုင်ပါဘူး။”
လူတိုင်း၏ ဆွေးနွေးမှုများကို မြင်သောအခါ ရှောင်းယီက ထပ်ပြောလိုက်သည်။
“အဲ့ဒီမဟာမိတ်အဖွဲ့ နှစ်ခုစလုံးက မသေမျိုးနွယ်တွေနဲ့ ဆက်နွှယ်နေတယ်။ တစ်ဖွဲ့ကတော့ ကျုပ်ရဲ့ခန့်မှန်းချက်အရ အဖွဲ့ဝင်အားလုံး မသေမျိုးမျိုးနွယ်အဖြစ် ပြောင်းလဲသွားပြီထင်တယ်။ သူတို့က လုံးဝကို ဘီလူးသရဲတွေလို ဖြစ်နေပြီ။ ခဏနေရင် လူတိုင်းကြည့်ရအောင် ဗီဒီယိုတစ်ခု ပို့ပေးမယ်။ အဲ့ဒီကျရင် ခင်ဗျားတို့ နားလည်သွားပါလိမ့်မယ်။”
ထိုမက်ဆေ့ဂျ်ကို ပို့ပြီးနောက် ရှောင်းယီသည် ချီမေ့ဝမ်လျန် မဟာမိတ်အဖွဲ့ကို စစ်ဆေးမေးမြန်းစဉ်က ရိုက်ကူးထားသည့် လုံခြုံရေးဗီဒီယိုကို တောင်းခံလိုက်သည်။ ထို့နောက် ၎င်းကို လိုအပ်သလို တည်းဖြတ်ကာ ဆင်ဆာဖြတ်တောက်ပြီး ဂရုထဲသို့ ပို့လိုက်လေသည်။
ရှောင်းယီနှင့် ကျိုးခွေတို့၏ တိုက်ပွဲမှာ အလွန်ပင် သွေးထွက်သံယို ဖြစ်ခဲ့သောကြောင့်ပင်။
ဗီဒီယိုကို ကြည့်ပြီးနောက် ဂရုထဲရှိ အဖွဲ့ဝင်များမှာ သက်ဝင်လှုပ်ရှားစွာ ဆွေးနွေးကြတော့သည်။
“ဘာ... ဒါ ကျိုးခွေ မဟုတ်ဘူးလား။ စာမေးပွဲမတိုင်ခင်တောင် ငါ သူနဲ့ စကားပြောခဲ့သေးတယ်။ ငါတို့မဟာမိတ်အဖွဲ့ကို ဧည့်သည်အဖြစ်တောင် ဖိတ်ခဲ့သေးတာ။”
“သူဌေး သူ့ကို ဖမ်းလိုက်တာ မင်းကံကောင်းတယ်လို့ မှတ်လိုက်။ မဟုတ်ရင် မင်းတို့မဟာမိတ်အဖွဲ့တော့ သွားပြီပဲ။”
“ဟုတ်တယ်။ ငါက အခုမှ S အဆင့်ပဲ ရှိသေးတာ။ သူ့ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူတစ်ယောက်တည်းနဲ့တောင် ငါတို့မဟာမိတ်အဖွဲ့တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လောက်တယ်။”
“ငါ တကယ်ကို နားမလည်နိုင်ဘူး။ ခွန်အားအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဒီလို ဘီလူးသရဲအဖြစ် ပြောင်းလဲပစ်ရတယ်လို့။ ငါမမှားဘူးဆိုရင် ထွက်လာတဲ့ သွေးတွေက အမည်းရောင်တွေပဲ။ အဲ့ဒီလို လုပ်ရတာ တကယ်ပဲ တန်လို့လား။”
“ဟုတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတော့ အဲ့ဒီလို အဖြစ်မခံနိုင်ဘူး။ အခု သူဌေးဆီကရတဲ့ အဆင့်မြင့်အစားအစာတွေနဲ့ဆိုရင် ငါတို့ခန္ဓာကိုယ်တွေက သန်မာလာနေတာပဲ။ SSS အဆင့် ရောက်ဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတော့တာ။ ဘာလို့ အချိန်ခဏတာ မြန်ချင်ဇောနဲ့ အဲ့ဒီလို လုပ်ရတာလဲ။”
“အရင်ကတော့ ငါလည်း အလျင်မလိုပါဘူး။ ဒါပေမဲ့ သူဌေးပို့တဲ့ ဗီဒီယိုကို ကြည့်ပြီးနောက်မှာတော့ ငါ့ရဲ့ အဆင့်ကို မြန်မြန်မြှင့်ဖို့ လိုပြီလို့ ထင်တယ်။ မဟုတ်ရင် တကယ်လို့ ဒီလို အစွမ်းထက်တဲ့ မသေမျိုးမျိုးနွယ်နဲ့ တွေ့ရင် ငါတို့က ကြည့်နေရုံပဲ တတ်နိုင်လိမ့်မယ်။”
“ဟုတ်တယ်၊ မဟုတ်သေးဘူး... ငါ အဆင့်မြင့်အစားအစာတွေ ပိုဝယ်ပြီး အဆင့်ကို အမြန်ဆုံး တိုးတက်အောင် လုပ်ရမယ်။”
ထိုဗီဒီယိုကို တင်လိုက်ခြင်းက ဤမျှအကျိုးသက်ရောက်မှု ရှိလိမ့်မည်ဟု ရှောင်းယီ မထင်ထားခဲ့သဖြင့် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။
“လူတိုင်း တကယ်ပဲ အဆင့်မြှင့်ဖို့ လိုတယ်။ ဒီကျိုးခွေက SS အဆင့်ပဲ။ SSS အဆင့်ရောက်မှသာ သူ့ကို ယှဉ်ပြီး အသက်ရှင်နိုင်ဖို့ အခွင့်အရေး ရှိလိမ့်မယ်။”
ရှောင်းယီက သတိပေးလိုက်သည်။
“သူဌေး မသေမျိုးမျိုးနွယ်တွေက တကယ်ပဲ အဲ့ဒီလောက်တောင် သန်မာတာလား။”
တစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးလာခဲ့သည်။ ရှောင်းယီက ဆက်ပြောပြလိုက်သည်။
“ကျိုးခွေရဲ့ မဟာမိတ်အဖွဲ့ထဲမှာ ရှိနေတဲ့ မသေမျိုးမျိုးနွယ်တွေက ဂူးတွေပဲ။ ဒီမသေမျိုးနွယ်တွေမှာ ရူးသွပ်ခြင်းလို့ ခေါ်တဲ့ စွမ်းရည်တစ်ခု ရှိတယ်။ ဗီဒီယိုထဲမှာ ခင်ဗျားတို့ မြင်ရတဲ့အတိုင်း သူတို့ရဲ့ အရေပြားတွေ မည်းနက်သွားတာက ရူးသွပ်ခြင်း အခြေအနေပဲ။ အဲ့ဒီအခြေအနေမှာ သူတို့က သူတို့ထက် အဆင့်မြင့်တဲ့သူတွေကိုတောင် ယှဉ်နိုင်တယ်။”
ဤအချက်များမှာ ကျန်းယွင်ထျန်း စစ်ဆေးမေးမြန်းပြီးနောက် သူ့ကို လာပြောပြထားသည့် အချက်များ ဖြစ်သည်။
“အဲ့ဒီလောက်တောင် အစွမ်းထက်တာလား။”
“ဘာလို့ ဒီလို အသိဉာဏ်ရှိတဲ့ မသေမျိုးမျိုးနွယ်တွေက ပိုပြီး အန္တရာယ်များတယ်လို့ ခံစားနေရတာလဲ။”
“အဓိပ္ပာယ်မရှိတာ...။ အသိဉာဏ်ရှိတဲ့ ဘယ်သတ္တဝါမဆို ပိုပြီး အန္တရာယ်များတာပေါ့ကွ။”
“သူဌေး ကျန်တဲ့ တစ်ဖွဲ့အကြောင်းကိုလည်း ပြောပြပါဦး။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ကျန်တဲ့ တစ်ဖွဲ့အတွက်တော့ ဗီဒီယို မပြတော့ဘူး။ ဘာလို့လဲဆိုတော့ ဗီဒီယိုထဲမှာ သူ့ရဲ့ တိုက်ခိုက်မှုကို လုံးဝ မြင်ရမှာ မဟုတ်လို့ပဲ။ သူ့ရဲ့ တိုက်ခိုက်မှုက စိတ်ဝိညာဉ်စွမ်းအင်ပဲ။ စိတ်ဝိညာဉ်ရိုက်ခတ်မှု တစ်ချက်တည်းနဲ့ အစည်းအဝေးခန်းထဲက လူ ၁၄ ယောက်မှာ ငါနဲ့ အဲ့ဒီတိုက်ခိုက်တဲ့သူကလွဲရင် ကျန်တဲ့သူတွေအားလုံး သတိလစ်ပြီး လဲကျသွားကြတယ်။”
“ဒါက ဒဏ္ဍာရီပုံပြင် နားထောင်နေရသလိုပဲ။”
“စိတ်ဝိညာဉ်စွမ်းအင်က တိုက်ခိုက်နိုင်တဲ့အထိ အားကောင်းတာလား။”
“ဒါက ဒဏ္ဍာရီ မဟုတ်ဘူး။ အရင်က ငါတို့မဟာမိတ်အဖွဲ့ထဲက လူတစ်ယောက်ဆိုရင် ရေသူမျိုးနွယ်ရဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခံရလို့ ယီရန်ပင်း သူဌေးဆီမှာ လာပြီး ကုသခဲ့ရသေးတယ်။”
“ရေသူမျိုးနွယ်တွေကလည်း စိတ်ဝိညာဉ်တိုက်ခိုက်မှု လုပ်နိုင်တာလား။”
“ဖြစ်နိုင်တယ်။ သူဌေး အရင်က တစ်ကြိမ်နှစ်ကြိမ်လောက် ပြောဖူးတယ်ထင်တယ်။”
“တောက်... ဒီကမ္ဘာကြီးက တကယ်ကို အန္တရာယ်များလွန်းတယ်။ ငါတို့ ဘာလုပ်ကြမလဲ။”
“ဘာလုပ်ရမှာလဲ။ မြန်မြန် အဆင့် မြှင့်ကြလေ။ ကိုယ့်ရဲ့ အဆင့်ကို အရင်ဆုံး အမြင့်ဆုံးရောက်အောင် လုပ်။ ပြီးမှ စိတ်ဝိညာဉ်စွမ်းအင် မြှင့်တင်ဖို့ နည်းလမ်းရှာရမှာပေါ့။”
ထိုအခါ ရှောင်းယီက မီးလောင်ရာလေပင့်သည့်အနေဖြင့် မက်ဆေ့ဂျ်တစ်ခု ထပ်ပို့လိုက်သည်။
“တကယ်တော့ ကျုပ်တို့ရဲ့ ရုပ်ခန္ဓာကြံ့ခိုင်မှု တိုးတက်လာတာက ဘက်စုံပါဝင်တယ်။ ဒါကြောင့် အဆင့်မြှင့်တင်တာက လက်ရှိမှာ စိတ်ဝိညာဉ်စွမ်းအင်ကို မြှင့်တင်ဖို့ အထိရောက်ဆုံးနည်းလမ်းပဲ။ ဒါမှ ရန်သူရဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လိမ့်မယ်။”
“ဒါဆိုရင် ဘာမှပြောမနေနဲ့တော့။ မြန်မြန် အဆင့်မြင့်အစားအစာတွေဝယ်ပြီး အဆင့်မြှင့်တင် လုပ်ကြရအောင်။”
“တော်သေးတာပေါ့။ သူဌေးက အဆင့်မြင့်အစားအစာတွေကို လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်လို့။ မဟုတ်ရင် ငါတို့တွေ အဆင့်မြင့်အစားအစာ ရဖို့အတွက် တော်တော်လေး အချိန်ယူ စောင့်နေရဦးမှာ။”
“ဒါနဲ့ ပြောရဦးမယ်။ ငါနည်းနည်းတော့ ဇဝေဇဝါဖြစ်နေသေးတယ်။ သူဌေးရဲ့ မဟာမိတ်အဖွဲ့မှာ ဘာလို့ ဒီလောက်တောင် အဆင့်မြင့်အစားအစာတွေ အများကြီး ရှိနေတာလဲ။”
“ဟုတ်ပါ့။ အစားအစာ အများကြီးရှိတာကတော့ နားလည်ပေးလို့ရပါတယ်။ အကြီးအကဲနွန်က ယီရန်ပင်းမဟာမိတ်အဖွဲ့မှာ ရှိနေတာကိုး။ သူ့ရဲ့ နည်းပညာနဲ့ဆိုရင် စိုက်ပျိုးရေးထွက်နှုန်း ကောင်းတာက သဘာဝပဲ။ ဒါပေမဲ့ ဘာလို့ အဆင့်မြင့် အစားအစာတွေ ဒီလောက်တောင် များနေရတာလဲ။ အဆင့်စုံပါ ရှိနေတာနော်။”
“မင်း အဲဒါတွေ လိုက်ပူနေစရာ မလိုပါဘူး။ သူဌေးအတွက် လျှို့ဝှက်ချက်လေးတော့ ချန်ထားပေးရမယ်လေ မဟုတ်ဘူးလား။”
“အတိအကျပဲ။ အစားအစာရှိရင် စားပြီး အဆင့်မြှင့်ဖို့ပဲ ကြည့်။ ဘာလို့ အဲ့ဒါတွေကို ဒီလောက် စိတ်ဝင်စားနေတာလဲ။”
ရှောင်းယီက ပြုံးပြီး ခေါင်းခါလိုက်ကာ စိတ်ထဲမှ ရေရွတ်မိလိုက်သည်။
‘ဒါကိုတော့ မင်းတို့ကို ပြောပြလို့ မရဘူးလေ။ ငါ့မှာ အဆင့်မြင့် ပေါင်းစပ်ခြင်းစက်ရှိနေတာကိုး။’
“အဆင့်မြှင့်ဖို့ လိုတဲ့သူတွေ မြှင့်ကြပါ။ အဓိပ္ပာယ်မရှိတာတွေကို အာရုံမစိုက်ဘဲ ဒီစမ်းသပ်မှုရဲ့ ရည်ရွယ်ချက်ကိုပဲ အာရုံစိုက်ကြရအောင်။”
ရှောင်းယီက ပြောလိုက်သည်။
“စမ်းသပ်မှုရဲ့ ရည်ရွယ်ချက်လား။ မသေမျိုးမျိုးနွယ်တွေနဲ့ ပူးပေါင်းနေတဲ့ မဟာမိတ်အဖွဲ့တွေကို ရှာဖို့ပဲ မဟုတ်ဘူးလား။”
“အပေါ်ကလူ မင်းက အပေါ်ယံပဲ မြင်တာပဲ။ သူဌေးကျန်း ပို့ထားတဲ့ အသိပေးချက်ကို မှတ်မိသေးလား။”
“ဟာ... သွားပြီ၊ ငါမေ့သွားတယ်။ အဆင့်မြင့်လက်နက်တွေပဲ။ ဒီစမ်းသပ်မှုအပြီးမှာ အဆင့်မြင့်လက်နက်တွေ ရောင်းတော့မှာမလား။ စိတ်လှုပ်ရှားလိုက်တာ။”
“ဟုတ်တယ်၊ ဟုတ်တယ်။ မသေမျိုးမျိုးနွယ်တွေနဲ့ ပူးပေါင်းနေတဲ့ မဟာမိတ်အဖွဲ့တွေအကြောင်း ကြားပြီး ဒါကို မေ့သွားတာပဲ။ သူဌေး အဲ့ဒါက ဘယ်လို အဆင့်မြင့်လက်နက်မျိုးလဲ။ ပြပါဦး။”
၎င်းကို မြင်သောအခါ ရှောင်းယီက တိုက်ရိုက်ပြောလိုက်သည်။
“အခု စမ်းသပ်မှုအောင်မြင်တဲ့ မဟာမိတ်ခေါင်းဆောင်တွေကို ဂရုအသစ်တစ်ခုထဲ ထည့်ထားပြီးပြီ။ အဲ့ဒီ ဂရုထဲမှာပဲ အဆင့်မြင့်လက်နက်တွေကို ရောင်းချပေးမယ်။ ဒါပေမဲ့ မင်းတို့ကို ဒီမှာ အရင်ပြထာစလို့ရပါတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ သွားကြည့်လိုက်ပါ။ အခြေခံ အချက်အလက်တွေကို အဲ့ဒီမှာ မြင်ရလိမ့်မယ်။”
ပြောပြောဆိုဆိုဖြင့် ရှောင်းယီသည် ဆီမီးအော်တို ကာဘိုင်ရိုင်ဖယ် ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ ယီထျန်း ဂရုချက်ထဲသို့ တင်ပေးလိုက်သည်။
“[ဆီမီးအော်တို ကာဘိုင်ရိုင်ဖယ် ] ၁။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိသည့် အသက်ရှင်ကျန်ရစ်သူအားလုံးသည် ၎င်းရှေ့တွင် စုရုံးရောက်ရှိလာပြီး ဖော်ပြထားသော အခြေခံအချက်အလက်များကို ကြည့်လိုက်ကြတော့သည်။
“[ဆီမီးအော်တို ကာဘိုင်ရိုင်ဖယ်]: ရိုင်ဖယ်အမျိုးအစားခွဲ၊ ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူသည်၊ ဆီမီးအော်တိုစနစ်၊ ကျည်အိမ်ဝင်ဆံ့မှု ၄၀ တောင့်။”
တစ်ယောက်က ချက်ချင်းဆိုသလို ဂရုထဲတွင် မေးလိုက်သည်။
“ရိုင်ဖယ်အမျိုးအစားခွဲဆိုတာ ဘာကို ဆိုလိုတာလဲ။ ဆီမီးအော်တိုဆိုတာကကော ဘာလဲ။ သိတဲ့သူရှိရင် ရှင်းပြပေးပါဦး။”
“ရိုင်ဖယ်အမျိုးအစားခွဲဆိုတဲ့ စကားလုံး လေးလုံးအပေါ်မှာ သိပ်ပြီး အာရုံမများပါနဲ့။ ရိုးရိုးရှင်းရှင်း ပြောရရင် သေနတ်ပစ်ဂိမ်းတွေမှာ ခဏခဏပါတဲ့ M4 ကို သိကြတယ်မလား။”
“သိတာပေါ့။ အဲ့ဒါ ဂိမ်းထဲမှာ ငါအကြိုက်ဆုံးသေနတ်ပဲ။ ဒီကာဘိုင်ရိုင်ဖယ်က M4 တော့ မဟုတ်ဘူးမလား။”
အခန်း ၁၀၇၆ - ကာဘိုင်ရိုင်ဖယ်ကို မိတ်ဆက်ခြင်းနှင့် ကောင်းကင်မိုးကြိုးမင်းဆက်၏ ပြည်ပရန်သူများ
“မင်းတို့ မှားနေပြီ။ M4 ဆိုတာ ကာဘိုင်ရိုင်ဖယ် အမျိုးအစားထဲက တစ်ခုပဲ။”
ထိုစကားကို ကြားလိုက်ရသောအခါ အသက်ရှင်ကျန်ရစ်သူများအားလုံး စိတ်လှုပ်ရှားသွားကြတော့သည်။
“ဒါဆိုရင် အဲ့ဒါက ကျည်ဆန်တွေ တရစပ် ပစ်လို့ရတဲ့ သေနတ်မျိုးပေါ့ ဟုတ်လား။”
“ဟုတ်လည်း ဟုတ်တယ်။ မဟုတ်လည်း မဟုတ်ဘူး။”
သိနားလည်သူတစ်ဦးက ဆက်လက်ရှင်းပြလိုက်သည်။
“ရိုးရိုးလေးပြောရရင် ဆီမီးအော်တိုဆိုတာက မောင်းခလုတ်ကို တစ်ချက်ဆွဲရင် ကျည်တစ်တောင့်ပဲ ထွက်တာ။ ဖူးလီးအော်တို (Fully automatic) ဆိုတာကကျတော့ မောင်ခလုတ်ကို ဖိထားသရွေ့ ကျည်တွေ တရစပ် ထွက်နေတာကို ပြောတာ။”
“ဒီဗဟုသုတတွေကို သူ အရင်တစ်ခါကလည်း ရှင်းပြပြီးသားပဲ။ မင်း သေချာ အာရုံမစိုက်ခဲ့လို့ နေမှာ။”
“အာ... ဟုတ်မယ်ထင်တယ်။ အခုတလော မသေမျိုးမျိုးနွယ်တွေကို ကာကွယ်နေရတာနဲ့ တော်တော်လေး အလုပ်များနေလို့ပါ။ တောင်းပန်ပါတယ်။”
“ဒီလို ကာဘိုင်ရိုင်ဖယ်မျိုးသာ ရှိရင် မသေမျိုးမျိုးနွယ်တွေကို ကာကွယ်ရတာ ပိုပြီး လွယ်ကူသွားမှာ မဟုတ်ဘူးလား။”
“အတိအကျပဲ။ ပင်ဖိုင်းယားရိုင်ဖယ်တွေက တစ်ချက်ပစ်ပြီးတိုင်း ကျည်ပြန်ဖြည့်နေရတာ အရမ်းနှေးလွန်းတယ်။ ခြောက်လုံးပြူးတွေ ဒါမှမဟုတ် ဘရောင်နင် ပစ္စတိုတွေက တရစပ် ပစ်လို့ရပေမဲ့ ပစ်ခတ်နိုင်တဲ့ အကွာအဝေးကလည်း အရမ်းတိုလွန်းတယ်။”
“ကာဘိုင်ရိုင်ဖယ်ရှိရင် ခံစစ်ကြောင်းမှာ စစ်သားအနည်းငယ်ပဲ လိုတော့မယ်။ အဲ့ဒါဆိုရင် ငါတို့ အလှည့်ကျ နားလို့ရပြီ။ တကယ်ကို ကောင်းတာပဲ။”
“သူဌေး ဒါကို ဘယ်တော့ စရောင်းမှာလဲ။ ကျုပ်တို့မဟာမိတ်အဖွဲ့က အလက်တစ်ထောင်လောက် ဝယ်ဖို့ ပြင်ထားတယ်။”
“ဟုတ်တယ်။ ကျုပ်တို့လည်း တစ်ထောင်လောက် လိုချင်တယ်။”
“ဒီလောက်ကောင်းတဲ့သေနတ်ကို လူတိုင်းကို တပ်ဆင်ပေးထားရမယ်။ ငါ အလက်တစ်သိန်းလောက် လိုချင်တယ်။”
“ရို့... သူဌေးကြီး ပြန်လာပြီပဲ။ မင်းလက်ထဲက အုတ်မြစ်ကျောက်တွေ မကုန်သေးဘူးလား။”
“ကုန်သွားလို့ ရတဲ့သူဌေးက သူဌေးအစစ် မဟုတ်ဘူးကွ။”
“မင်း... မင်းကတော့ တကယ်ကို ဟုတ်နေပြီ။”
ယီရန်ပင်း မဟာမိတ်အဖွဲ့က အဆင့်မြင့်လက်နက်များ ရောင်းလျတော့မည်ကို သိလိုက်ရသောအခါ အခြားမဟာမိတ်ခေါင်းဆောင်များ ဂရုထဲတွင်လည်း ထိုမီမီးအော်တို ကာဘိုင်ရိုင်ဖယ်များကို ဝယ်ယူရန် ဆူညံပွက်လောရိုက်လာကြတော့သည်။
ကျန်းယွင်ထျန်းက ဂရုထဲတွင် ပြောလိုက်သည။း်။
“အားလုံးပဲ အတင်းမတိုးကြပါနဲ့။ ကာဘိုင်ရိုင်ဖယ် တစ်လက်ကို အုတ်မြစ်ကျောက် ၁၅၀။ ကျည်ဆန်အပြည့်ပါတဲ့ ကျည်အိမ်တစ်ခုကို အုတ်မြစ်ကျောက် ၁၀ ခုနဲ့ ကျည်ဆန် ၁၀ တောင့်ကို အုတ်မြစ်ကျောက် ၁ ခု နှုန်းနဲ့ ရောင်းပေးပါမယ်။ မဟာမိတ်အဖွဲ့အလိုက် ဝယ်ယူမယ့် အရေအတွက်ကိုပဲ ဂရုထဲမှာ ပို့ပေးကြပါ။ မသက်ဆိုင်တာတွေ မပို့ကြပါနဲ့။ စာပို့တဲ့ အစဉ်လိုက်အတိုင်း အရောင်းအဝယ် လုပ်ပေးသွားပါမယ်။”
“ခြင်္သေ့ရူး မဟာမိတ်အဖွဲ့၊ ဆီမီးအော်တို ကာဘိုင်ရိုင်ဖယ် ၂၀၀ လက်၊ ကျည်အိမ် ၂၀၀ ခု၊ ကျည်ဆန် ၅၀၀၀၀ တောင့်။”
“မေပယ်ရွက်မဟာမိတ်အဖွဲ့...”
လူတိုင်းသည် ချက်ချင်းပင် သူတို့ဝယ်ယူလိုသည့် အရေအတွက်များကို ဂရုထဲတွင် အစီရင်ခံကြတော့သည်။ ကျန်းယွင်ထျန်းသည်လည်း သူတို့တောင်းဆိုသည့် အရေအတွက်အတိုင်း လက်နက်နှင့် ခဲယမ်းများကို စတင်ထုတ်လုပ်ပေးလိုက်သည်။
“ဒါဆိုရင်တော့ လူတိုင်း မသေမျိုးမျိုးနွယ်တွေကို ကာကွယ်နိုင်ကြမှာပါ။”
ရှောင်းယီက စိတ်ထဲမှ တွေးလိုက်မိသည်။
ထိုအချိန်တွင် ကောင်းကင်မိုးကြိုးမင်းဆက်၏ နန်းတော်ရှိ လော့လင်တန်၏ စာကြည့်ခန်းအတွင်း၌...။
“ကိစ္စတွေက ဒီလောက်တောင် မြန်မြန်ဆန်ဆန် ပြေလည်သွားတာလား။”
လော့လင်တန်က သူ၏ရှေ့တွင် ရပ်နေသော မုခိုင်ကို အံ့သြတကြီး ကြည့်ကာ မေးလိုက်သည်။
မနေ့ကမှ မိသားစုကြီးအသီးသီးကို ရှင်းလင်းရန် သူ့ကို တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် မုခိုင်က အစီရင်ခံရန် ရောက်ရှိလာခြင်း ဖြစ်သည်။
မုခိုင်က ရိုသေစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“အရှင်မင်းကြီးကို တင်ပြရရင်င်... နန်းတွင်းမှာ ကျန်ရှိနေတဲဘ ဩဇာကြီးမိသားစု သုံးစုက လူတွေက သူတို့သဘောဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်သွားကြပါပြီ။ ကျွန်တော်မျိုးတို့ ဘာမှ လုပ်ဆောင်ဖို့ မလိုခဲ့ပါဘူး။”
ထိုသတင်းကို ကြားလိုက်ရသောအခါ လော့လင်တန်တစ်ယောက် အနည်းကယ် မှင်တက်သွားပြီးနောက် ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“သူတို့တွေက အခြေအနေကို တကယ်နားလည်ကြတာပဲ။”
“မှန်ပါတယ်။ ကျွန်းပိုင်ရှင်ရဲ့ ထောက်ပံ့မှုရှိနေမှတော့ အဲ့ဒီမိသားစုတွေအနေနဲ့ ဘယ်လိုမှ ဆူပူသောင်းကျန်းလို့ မရတော့ဘူး။”
မုခိုင်က ဆိုသည်။
“ဒါဆိုရင် သူတို့ဘက်က တခြား ဘာထူးခြားတဲ့ အမူအရာတွေရှိသေးလဲ။”
လော့လင်တန်က မေးလိုက်သည်။
“လောလောဆယ်တော့ မရှိသေးပါဘူး။”
မုခိုင်က လက်အုပ်ချီ၍ ပြန်ဖြေလိုက်သည်။
သူ့စကားမဆုံးခင်မှာပင် တံခါးအပြင်ဘက်မှ ကင်းသမားတစ်ဦးက အစီရင်ခံလာခဲ့လေသည်
“အရှင်မင်းကြီး မိသားစုသုံးစုက ခေါင်းဆောင်တွေက အရှင်မင်းကြီးကို ဖူးမြော်ခွင့် တောင်းခံနေပါတယ်။”
“အို... သူတို့ကို ဝင်ခွင့်ပေးလိုက်ပါ။”
လော့လင်တန်က အမိန့်ပေးလိုက်သည်။
မိသားစုသုံးစုမှ ခေါင်းဆောင်များသည် အပြင်ဘက်မှ လှမ်းဝင်လာကြပြီး လော့လင်တွးန်၏ ရှေ့တွင် ဝပ်တွား ရှိခိုးလိုက်ကြသည်။
“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ ကျွန်တော်မျိုးတို့ လူအိုကြီးတွေ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။”
ခေါင်းဆောင်သုံးဦးစလုံးက တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်လိုက်ကြသည်။ ယခင်က ဤမိသားစုများသည် လော့လင်တန်အပေါ် ဤမျှအထိ ရိုသေမှု မပြခဲ့ဖူးချေ။
“ထကြပါ။ ကိုယ့်နေရာမှာကိုယ် အေးအေးဆေးဆေး ထိုင်ကြပါဦး။”
လော့လင်တန်က ဆိုသည်။
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။”
ခေါင်းဆောင်သုံးဦးက ရိုသေစွာ ပြောလိုက်သည်။
“ဒီတစ်ခါ အဘိုးကြီး သုံးယောက်စလုံး ရောက်လာကြတာ ဘာကိစ္စများ ရှိလို့လဲ။”
လော့လင်တန်က သူတို့လာသည့် ရည်ရွယ်ချက်ကို ကြိုတင်ခန့်မှန်းမိသော်လည်း သိချင်ယောင်ဆောင်၍ မေးလိုက်ခြင်း ဖြစ်သည်။
“ကျွန်တော်မျိုးတို့ ဒီနေ့လာရတာကတော့ ကျွန်တော်မျိုးတို့ မိသားစုတွေမှာ သိမ်းဆည်းထားတဲ့ အုတ်မြစ်ကျောက်တွေ အားလုံးကို နိုင်ငံတော်ကို အပ်နှံချင်လို့ပါ။ အခုလို အချိန်မျိုးက နိုင်ငံတော်အတွက် ဒီ အုတ်မြစ်ကျောက်တွေ လိုအပ်နေတဲ့ အချိန် မဟုတ်ပါလား။”
အသက်အကြီးဆုံး ခေါင်းဆောင်တစ်ဦးက စတင်ပြောဆိုလိုက်သည်။
“အို...”
လော့လင်တန်က အနည်းငယ်ပြုံးလိုက်သည်။
“ကိုယ်တော်တို့မင်းဆက်က အခုအချိန်မှာ ဒီအုတ်မြစ်ကျောက်တွေကို တကယ်လိုအပ်နေတယ်။ အဘိုးကြီး သုံးယောက်စလုံးကို ငါကိုယ်တော်တိုင် ကျေးဇူးတင်ပါတယ်။”
“ဒါက ကျွန်တော်မျိုးတို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပါပဲ။ ကျွန်တော်မျိုးတို့ မိသားစုသုံးစုကလည်း မင်းဆက်အတွက် ဆက်လက် အလုပ်အကျွေး ပြုခွင့်ရဖို့ မျှော်လင့်ပါတယ်။”
သူတို့သုံးဦးက တညီတညွတ်တည်း ပြောဆိုလိုက်ကြသည်။
“မင်းဆက်ကို ပြန်လည်ဖွဲ့စည်းတဲ့အခါမှာ မောင်မင်းတို့မှာ အရည်အချင်းရှိသရွေ့ ပြီးတော့ နန်းတွင်းမှာ ဂိုဏ်းဂဏတွေ မဖွဲ့တော့ဘူးဆိုရင် မင်းဆက်အတွက် ဆက်လက် အမှုထမ်းနိုင်မှာပါ။”
လော့လင်တန်က ပြုံးကာ ပြောလိုက်သည်။
“ကျေးဇူးကြီးလှပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုးကြီးများ ခွင့်ပြုပါဦး။”
ထိုသို့ဆိုကာ ခေါင်းဆောင်သုံးဦးလုံး ပြန်လည် ထွက်ခွာသွားကြတော့သည်။
သူတို့သည် ယခုတစ်ကြိမ်တွင် လော့လင်တန်၏ သဘောထားကို လာရောက်အကဲခတ်ခြင်း ဖြစ်သည်။ မိသားစုသုံးစုစလုံးမှာ ဤတစ်ကြိမ်တွင် အမြစ်ပြတ်ချေမှုန်းခံရမည်ကို စိုးရိမ်နေကြခြင်းပင်။ လော့လင်တန်က သူတို့အတွက် မျှော်လင့်ချက်အလင်းရောင်တစ်ခု ချန်ထားပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။
လိုချင်သောအဖြေကို ရရှိသွားသဖြင့် သူတို့သည် ကျေနပ်အားရစွာ ပြန်သွားကြတော့သည်။
“လက်ထဲမှာ သေနတ်ရှိနေမှ စိတ် တကယ်အေးရတာပဲ။”
လော့လင်တန်က ပြုံးကာ ပြောလိုက်သည်။
ဘေးတွင် ရပ်နေသော မုခိုင်ကလည်း အလွန်ပင် သဘောတူသည့်အလား ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်တွင်ပင် ကင်းသမားတစ်ဦးက ထပ်မံသတင်းပို့လာခဲ့သည်။
“သတင်းပို့ပါတယ်။ နယ်စပ်မှ သတင်းအရ မြောက်ဘက်က စင်းနန်အင်ပါယာက ရေတပ်အုပ်စုတစ်စု ကျွန်တော်မျိုးတို့ဆီကို ချဉ်းကပ်လာနေပါတယ်။”
“သူတို့ နောက်ဆုံးတော့ စပြီးလှုပ်ရှားလာပြီပေါ့။”
လော့လင်တန်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
“ဒီတစ်ခါ သူတို့ကို တကယ် နာကျင်အောင် လုပ်ပစ်မယ်။”
ထိုစဉ် ဘေးတွင်ရှိနေသော ဂရိုးက တိုက်ပွဲဝင်ရန် ခွင့်တောင်းခံလိုက်သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးကို ကာဘိုင်ရိုင်ဖယ်တွေ တပ်ဆင်ထားတဲ့ ထိပ်တန်းစစ်သည် တစ်ထောင်လောက် ဦးဆောင်ခွင့်ပေးပါ။ စင်းနန်အင်ပါယာရဲ့ တပ်ဖွဲ့တွေကို ကျိန်းသေပေါက် မောင်းထုတ်နိုင်ပါတယ်။”
လော့လင်တန်က ခေါင်းခါလိုက်သည်။
“ဒီတစ်ခါတော့ မောင်းထုတ်ရုံတင် မဟုတ်ဘဲ သူတို့ တကယ်နာကျင်သွားအောင် လုပ်ရမယ်။”
ဂရိုးနှင့် မုခိုင်တို့မှာ လော့လင်တန်ကို နားမလည်နိုင်သလို ကြည့်လိုက်ကြသည်။
“ငါ့အမိန့်ကို အခုချက်ချင်း ထုတ်ပြန်လိုက်။ ရှေ့တန်းစစ်မျက်နှာက လူတွေ ရှုံးနိမ့်သယောင်ဆောင်ပြီး ဆုတ်ခွာပေးလိုက်ကြ။ သူတို့တပ်တွေ ကုန်းပေါ်တက်လာပြီဆိုမှ အပြတ်အသတ် ချေမှုန်းပစ်မယ်။ ဂရိုး... မင်း စက်သေနတ် အလက်တစ်ရာ၊ ကာဘိုင်ရိုင်ဖယ် သုံးထောင်နဲ့ လက်ပစ်ဗုံးတွေကို ယူပြီး အဲ့ဒီကို သွားလိုက်ပါ။”
လော့လင်တန်က အသံခပ်လေးလေးဖြင့် မိန့်ကြားလိုက်သည်။
“အမိန့်အတိုင်းပါ။”
ဂရိုးက ပြန်ဖြေပြီးနောက် ချက်ချင်း ထွက်ခွာသွားတော့သည်။
ထိုအချိန်တွင် စင်းနန်အင်ပါယာ၏ သင်္ဘောတစ်စင်းပေါ်၌ လူနှစ်ဦးသည် ကောင်းကင်မိုးကြိုးမင်းဆက်၏ ကျွန်းကိုကြည့်ရင်း စကားပြောနေကြသည်။
“ဗိုလ်ချုပ် အခုထိ ကျန်းမု မိသားစုဆီက ဘာသတင်းမှ မရသေးဘူး။ ဒီအတိုင်း တိုက်ခိုက်မယ်ဆိုရင် နည်းနည်း စွန့်စားရာ မကျဘူးလား။”
“အို... ဖန်ဟောင်း... မင်းက အပိုတွေ စိုးရိမ်နေတာပဲ။ အရင်ထွက်ထားတဲ့ သတင်းတွေအရ ကျန်းမုမိသားစုက တိုက်ခိုက်မှုတွေ စနေပြီ။ အခုက ငါတို့ တိုက်စစ်ဆင်ဖို့အတွက် အကောင်းဆုံးအချိန်ပဲ။”
ဗိုလ်ချုပ်က ဆိုသည်။
ဖန်ကျန့်မိုက မျက်မှောင်ကြုတ်လိုက်သည်။
“ခိုင်လုံတဲ့ သတင်းမရှိဘဲ တိုက်ခိုက်ဖို့ ကျုပ် မတိုက်တွန်းချင်ဘူး။”
ထိုအခါ ဗိုလ်ချုပ်က ပြုံးကာ ပြောလိုက်သည်။
“ကျန့်မုမိသားစုက ကောင်းကင်မိုးကြိုးမင်းဆက်မှာ ဩဇာအရှိဆုံးပဲ။ လော့မိသားစုမှာလည်း အင်အားတစ်ခုတော့ ရှိမှာပဲလေ။ သူတို့နှစ်ဖက် တိုက်ပွဲဖြစ်ပြီဆိုရင် ဘယ်သူမှ လွယ်လွယ်နဲ့ အနိုင်ရမှာမဟုတ်ဘူး။ သူတို့ တိုက်ပွဲစပြီး တစ်ရက်အကြာက ငါတို့အတွက် အကောင်းဆုံးအခွင့်အရေးပဲ။”
“အဲ့ဒါတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျုပ် စိတ်ထဲမှာ တစ်ခုခုတော့ မအေးသလို ခံစားနေရတယ်။”
ဖန်ကျန့်မိုက ဆိုသည်။
“ဟုတ်ပါပြီ... ဒီတစ်ခါ ကောင်းကင်မိုးကြိုးမင်းဆက်ကို ငါဘယ်လို သိမ်းပိုက်ပြမလဲဆိုတာ မင်းကြည့်နေလိုက်ပါ။”
ဗိုလ်ချုပ်က ဝမ်းသာအားရ ပြောလိုက်သည်။
“ကျားနှစ်ကောင် သတ်ပုတ်နေတဲ့အချိန်မှာ ငါတို့က ကြားကနေ အမြတ်ထုတ်ရုံပဲ။ နောက်ပြီး ငါတို့မှာ အခုလေးတင် ဝယ်ထားတဲ့ အဆင့်မြင့်လက်နက်တွေလည်း ရှိနေပြီပဲ။ ဒီတိုက်ပွဲက ကျိန်းသေပေါက် အနိုင်ရလိမ့်မယ်။”
ဖန်ကျန့်မိုသည် တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ဘာမှ ထပ်မပြောတော့ဘဲ သက်ပြင်းသာ ချလိုက်မိသည်။ ထို့နောက် လက်အောက်ငယ်သားတစ်ဦးကို ခေါ်ကာ ညွှန်ကြားချက်အချို့ ပေးလိုက်ရာ ထိုသူသည် တည်နေရာကူးပြောင်းခြင်း အစီအရင်မှတစ်ဆင့် သင်္ဘောပေါ်မှ အလျင်အမြန်ထွက်ခွာသွားတော့သည်။