← Chapters

ဓားနတ်သမီး၏ စိတ်ဝိညာဉ်

Vol. 7 Ch. 94

ဓားနတ်သမီး၏ စိတ်ဝိညာဉ်

Vol. 7 Ch. 94

ရှောင်ချိုက်နှင့် ဝူမေ့တို့က လီယွမ်၏ စကားများကို နားထောင်ရင်း တစ်ခါတစ်ရံ ခေါင်းညိတ်ပြကြသည်။

"ရွှီး"

"ကျွီ ကျွီ"

နောက်ဆုံးတွင်တော့ သူတို့.. ငြင်းခုံနေရာမှ ရပ်တန့်သွားကြသည်။

ရှောင်ချိုက်နှင့် ဝူမေ့တို့ကို ဖျောင်းဖျပြီးနောက် လီယွမ်က ဓားနတ်သမီးကို ဆင့်ခေါ်လိုက်ပြီး ချီလင်ပုလဲကို ထုတ်ယူကာ သူမ၏ ရှေ့တွင် လှုပ်ယမ်းပြလိုက်၏။

"မင်း လိုချင်လား.."

ဓားနတ်သမီးက ခေါင်းညိတ်ပြလာသည်။

"မျိုချလိုက်"

သူ စကားမဆုံးမီမှာပင် ဓားနတ်သမီးက ငုံ့ဆင်းကာ လီယွမ်၏ လက်ထဲရှိ ချီလင်ပုလဲကို ကိုက်ယူပြီး တစ်ကျိုက်တည်း မြိုချပစ်လိုက်၏။

ထို့နောက် သူမက လီယွမ်ကို ခံစားချက်မဲ့စွာ ဆက်လက် စိုက်ကြည့်နေသည်။

လီယွမ်မှာ အတော်လေး စိုးရိမ်သွားသည်။

‘ချီလင်ပုလဲက ဓားနတ်သမီးအပေါ် အလုပ်မဖြစ်ဘူးဆိုရင်တော့ ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပဲ..’

"ဘယ်လို ခံစားရလဲ"

ဓားနတ်သမီးက ခေါင်းလည်း မညိတ် ခေါင်းလည်း မခါဘဲ သူ့ကိုသာ စိုက်ကြည့်နေလေသည်။

"ကြည့်ရတာ အာနိသင်ပြဖို့ အချိန်နည်းနည်း ယူရမယ့်ပုံပဲ.."

လီယွမ်က သူ့ကိုယ်သူ နှစ်သိမ့်လိုက်ရုံမှလွဲ၍ တခြားမတတ်နိုင်တော့ပေ။ ဓားနတ်သမီးနှင့် ချီလင်ပုလဲ ပေါင်းစပ်ပြီး ဖွံ့ဖြိုးလာရန် အချိန်အနည်းငယ် ယူရဦးမည်သာ ဖြစ်၏။

...

နောက်တစ်နေ့။

လီယွမ်က သွေးဘီးကူကောင်ကို ရှောင်ကျောက်အား ပေးလိုက်၏။

"ဒါက သွေးဘီးကူကောင်ပဲ.. အစ်ကို မတော်တဆ ရလာခဲ့တာ မင်းအတွက် အကူအညီ နည်းနည်းပါးပါးတော့ ဖြစ်လိမ့်မယ်"

"သွေးဘီးကူကောင် ဟုတ်လား"

ဝမ်ကျောက်ကျောက်၏ ပိုးကောင်များနှင့် ပတ်သက်သော ဗဟုသုတများက လီယွမ်လောက် နက်ရှိုင်းကျယ်ပြန့်မှု မရှိသော်လည်း သူမအတွက် အကျိုးရှိစေမည့် ပိုးကောင် အချက်အလက်အချို့ကိုတော့ သူမ မှတ်သားထားခဲ့သည်။

သွေးဘီးကူကောင်သည် သွေးမျက်လုံးကူကောင်အတွက် အကောင်းဆုံးသော အထက်တန်း ကူကောင် ဖြစ်၏။

၎င်းသည် 'သွေးမျက်လုံးကူကောင်' ၏ ဆင့်ကဲပြောင်းလဲမှု စနစ်တွင် အမြင့်ဆုံးအဆင့်ရှိသော ကူကောင်လည်းဖြစ်ပြီး ၎င်းအထက်တွင် မည်သည့် တိုက်ရိုက် ထူးခြားကူကောင်မျှ မွေးဖွားလာခြင်း မရှိသေးပေ။

တစ်နည်းဆိုရသော် ဒါက သူမ၏ ပင်မကူကောင်အတွက် နောက်ဆုံး ကန့်သတ်ချက်ပင် ဖြစ်သည်။

"မင်းအနေနဲ့ ဒါကို အောင်အောင်မြင်မြင် သန့်စင်ပြီး မင်းရဲ့ ပင်မကူကောင် သွေးမျက်လုံးကူကောင်ကို အသွင်ပြောင်း ဆင့်ကဲပြောင်းလဲခွင့် ပေးနိုင်မလားဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်" ဟု လီယွမ်က ပြုံးလျက် ပြောပြလိုက်၏။

"ကျွန်မ လုပ်နိုင်ပါတယ်.."

တစ်သက်မှာ တစ်ခါသာ ရနိုင်သော ဤအခွင့်အရေးကြီးကို သူမ၏ ရှေ့တွင် မြင်တွေ့လိုက်ရသဖြင့် ဝမ်ကျောက်ကျောက်က ဆုပ်ကိုင်ရန် အလွန် စိတ်အားထက်သန်နေခဲ့သည်။

ပိုမို အရေးတကြီး ဖြစ်လာသော အခြေအနေများကြောင့် သူမကိုယ်သူမ ပြောင်းလဲရမည်ကို သူမ သဘောပေါက်လာခဲ့သည်။ အဝတ်လျှော် ထမင်းဟင်းချက်ပြီး အပျင်းပြေ စကားပြောနေရုံဖြင့် သူမ၏ အစ်ကိုယွမ်ကို တကယ်တမ်း ကူညီရာ မရောက်နိုင်ပေ။

သူမ အလုပ် ပိုလုပ်ရမည်။

အမှတ် (၁၂) ဂူစံအိမ်အသစ်ကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာ သင်ယူခြင်းက ခြေလှမ်းငယ်လေး တစ်လှမ်းသာ ဖြစ်သလို သွေးဘီးကူကောင်ကို သန့်စင်ခြင်းကလည်း ထိုနည်းလည်းကောင်းပင်။ အနာဂတ်တွင် သူမလုပ်ဆောင်ရမည့် အရာများစွာ စောင့်ကြိုနေသည်။

"အရမ်းကြီး မစိုးရိမ်ပါနဲ့.. ကျရှုံးသွားရင်တောင် ကိစ္စမရှိပါဘူး.."

လီယွမ်က ရှောင်ကျောက်ကို နှစ်သိမ့်ပေးလိုက်ပြီး "အမှတ် (၁၂) ဂူစံအိမ်အသစ်ကို ချဲ့ထွင်မယ့် အစီအစဉ် ဘယ်လိုနေလဲ ချောချောမွေ့မွေ့ ဖြစ်ရဲ့လား" ဟု မေးလိုက်၏။

"အရမ်း ချောမွေ့ပါတယ်.."

ဝမ်ကျောက်ကျောက်က ပြုံးပြီး "လူတိုင်းက ကျွန်မကို အရမ်း လေးစားကြတယ်.. ကျွန်မမှာလည်း စီမံခန့်ခွဲနိုင်စွမ်း ရှိပြီး ဘယ်သူမှလည်း ပြဿနာ မရှာကြဘူးလေ" ဟု ပြောဆိုလိုက်၏။

"ဒါဆိုလည်း ကောင်းတာပေါ့"

၎င်းက စွမ်းအားများကြောင့် ဖြစ်ပေါ်လာသော အဆင့်အတန်း မြင့်မားလာမှုပင် ဖြစ်၏။

ယနေ့ခေတ်တွင် လီယွမ်၏ စကားများက (၁၂) ဂူစံအိမ်၌ ကြီးမားလှသော လွှမ်းမိုးမှု ရှိနေလေပြီ။

"အစ်ကိုယွမ်... ကျန်နေတဲ့ ကူကောင်တွေအားလုံးကို (၁၂) ဂူစံအိမ်ဆီ ယူလာပြီး ကူမျှော်စင်အဟောင်းမှာ စီမံခန့်ခွဲဖို့အတွက် ဂူစံအိမ်အသီးသီးဆီကို ကျွန်မ လူတွေ စေလွှတ်ထားပြီးပြီ.."

ဝမ်ကျောက်ကျောက်က ပြောလိုက်၏။

"ရှောင်ကျောက်က ငါ့အကြောင်းကို အသိဆုံးပဲ.."

လီယွမ်က နားလည်သဘောပေါက်စွာဖြင့် ပြုံးလိုက်သည်။

ယုံကြည်ရတဲ့ လက်ထောက်တွေကို မွေးထုတ်ရတဲ့ အကျိုးကျေးဇူးကို ဒါက ပြသနေတာ မဟုတ်ဘူးလား.. ဒီလောကမှာ ငါ့အကြောင်းကို အသိဆုံးက ရှောင်ကျောက်ပဲ ဖြစ်နိုင်တယ်..

"သာမန် ကူသခင်တွေက ချို့ယွင်းနေတဲ့ ကူကောင်တွေကို ထိထိရောက်ရောက် အသုံးချဖို့ ခက်ခဲပြီး ဆယ်ခါလုပ်ရင် ရှစ်ခါ ကိုးခါလောက်က ကျရှုံးတတ်ကြတယ်.. အစ်ကိုယွမ်ရဲ့ အံ့မခန်း ကူပညာအောက်မှာမှသာ ချို့ယွင်းနေတဲ့ ကူကောင်တွေက သူတို့ရဲ့ တကယ့် စွမ်းရည်တွေကို ပြသနိုင်မှာလေ"

ဝမ်ကျောက်ကျောက်က ပြုံးပြီး မေးလိုက်၏။

"ဒါကြောင့်... ကျွန်မက ဒါကို ဂိုဏ်းအတွက် လုပ်ပေးတာဆိုတော့ ကိုယ်ကျိုးအတွက် ရာထူးကို အလွဲသုံးစားလုပ်တယ်လို့ မသတ်မှတ်သင့်ဘူးမလား"

"ရှောင်ကျောက်... မင်း လမ်းလွဲနေပြီ.."

လီယွမ်.. ဟက်ဟက်ပက်ပက် ရယ်လိုက်မိ၏။

"ဒီလောကမှာ နည်းနည်းလောက် ဆိုးတာက ကောင်းပါတယ်"

သူ တကယ်ပဲ စိတ်သက်သာရာ ရသွားသည်။

တစ်ချိန်က ကြောက်တတ်ပြီး ရှက်တတ်သော ကောင်မလေးသည် ယခုအခါ ပြောင်းလွယ်ပြင်လွယ် ရှိတတ်လာပြီဖြစ်ပြီး အလုပ်များကို မည်သို့ လုပ်ဆောင်ရမည် လူမှုဆက်ဆံရေးများကို မည်သို့ ကိုင်တွယ်ရမည်ကို သိရှိလာပြီ ဖြစ်၏။

...

ရက်အနည်းငယ် အကြာ ညတစ်ညတွင်..

အလုပ်ရှုပ်သော နေ့တစ်နေ့အပြီးတွင် လီယွမ်က ကုတင်ပေါ်တွင် လှဲလျောင်းလိုက်၏။

"ကျွီ ကျွီ"

"ရွှီး"

ရှောင်ချိုက်နှင့် ဝူမေ့တို့က သူ၏ တစ်ဖက်တစ်ချက်ရှိ ခေါင်းအုံးများပေါ်တွင် အိပ်စက်နေကြပြီး သူ့အနားသို့ တိုးကပ်လာကြသည်။

လီယွမ်က ဤကဲ့သို့သော နေ့စဉ်ဘဝကို အသားကျနေပြီ ဖြစ်၏။

ကျွီ

ထိုစဉ် တံခါး ပွင့်သွားကာ ဓားနတ်သမီး ဝင်လာသည်။

မှုန်ဝါးဝါး လရောင်က ဓားနတ်သမီး၏ အံ့မခန်း အလှတရားကို လင်းလက်စေ၏။ သူမအား အလင်းရောင်များ ဖြာထွက်နေသကဲ့သို့ ဖြစ်စေကာ လူ့ပြည်သို့ ဆင်းသက်လာသော လနတ်သမီးတစ်ပါးကဲ့သို့ အသက်ရှူမှားလောက်အောင် လှပလွန်းနေ၏။

"ညဉ့်နက်နေပြီ.. ဘာလို့ မအိပ်သေးတာလဲ"

လီယွမ် အံ့အားသင့်သွားသည်။

ဓားနတ်သမီးတွင် ဤကဲ့သို့သော ပုံမှန်မဟုတ်သည့် တုံ့ပြန်မှုမျိုး မဖြစ်ပေါ်ခဲ့သည်မှာ ကြာပြီ လေ။

ဘာဖြစ်လို့ ပြန်စနေရသလဲ။

ဒါ ချီလင်ပုလဲရဲ့ သက်ရောက်မှုများလား..

ချီလင်ပုလဲက စိတ်ဝိညာဉ်ကို တိုးတက်စေရမှာ မဟုတ်ဘူးလား.. ဘယ်လိုလုပ် ဆုတ်ယုတ်သွားရတာလဲ။

ဓားနတ်သမီးက စကားမပြောနိုင်ဘဲ သူ့ကိုသာ စိုက်ကြည့်နေသည်။

"သွားအိပ်တော့လေ"

လီယွမ်မှာ ကူအိမ်ကို ဖန်တီးရာတွင် သူ၏ စွမ်းအင်အများစုကို အသုံးပြုထားရသဖြင့် အလွန် ပင်ပန်းနွမ်းနယ်နေပြီး တကယ်ကို အိပ်ချင်နေလေပြီ..။

ဓားနတ်သမီးက မလှုပ်မယှက် ရပ်နေဆဲပင်။

လီယွမ်က နားမလည်နိုင်စွာဖြင့် "ဘာဖြစ်လို့လဲ" ဟု မေးလိုက်၏။

ဓားနတ်သမီးက သူမ၏ လက်ကို မြှောက်ကာ သွယ်လျသော လက်ညှိုးကို ဆန့်ထုတ်လိုက်ပြီး လီယွမ်၏ ဘယ်ဘက်ရှိ ရှောင်ချိုက်ကို ညွှန်ပြလိုက်ကာ ထို့နောက် ညာဘက်ရှိ ဝူမေ့ကို ညွှန်ပြလိုက်၏။

လီယွမ် - "..."

သူ အနည်းငယ် သဘောပေါက်သွားသလို ဖြစ်သွားသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ရှောင်ချိုက်နှင့် ဝူမေ့တို့ကို နှစ်သိမ့်ရန် ပြောခဲ့သော စကားများကို သူ ပြန်လည်အမှတ်ရသွား၏။

"ရှောင်ချိုက်... မင်းက ဉာဏ်ကောင်းတယ်၊ လှပတယ်၊ ရတနာတွေ ရှာဖွေရာမှာလည်း ကျွမ်းကျင်တယ်.. ဝူမေ့... မင်းက ချစ်စရာကောင်းတယ်၊ စွမ်းဆောင်ရည်ရှိတယ်၊ ဘက်စုံတော်တယ်.. မင်းတို့ နှစ်ကောင်စလုံးက ငါ့အနားမှာ တစ်နေ့လုံး ကပ်နေလို့ ရတယ်.. ပြီးတော့ ဓားနတ်သမီးကို ကြည့်လိုက်ဦး သူ အဲဒီလို လုပ်နိုင်လို့လား.."

‘အိုး.. ဒါ တကယ် အလုပ်ဖြစ်နေတာပဲ’

ဓားနတ်သမီး၏ ရည်ရွယ်ချက်များက တစ်စထက် တစ်စ ရှင်းလင်းလာသည်။

"ဒါက..."

လီယွမ်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။

"ဓားနတ်သမီး... ငါ ရှင်းပြပါရစေ လူတွေနဲ့ သရဲတစ္ဆေတွေကြားမှာ ယေဘူယျ သတ်မှတ်လို့ မရဘူးလေ မင်းကိုယ်မင်း ရှောင်ချိုက်တို့၊ ဝူမေ့တို့နဲ့ ယှဉ်လို့ မရဘူး.."

ဓားနတ်သမီးက တိတ်ဆိတ်နေဆဲဖြစ်ပြီး သူမ၏ လှပသော မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိဘဲ လီယွမ်ကိုသာ ဗလာကျင်းစွာ စိုက်ကြည့်နေ၏။

သို့သော် လီယွမ်ကတော့ သူမ၏ မျက်နှာပေါ်တွင် "ငါ ဂရုမစိုက်ဘူး" ဆိုသော စကားလုံး သုံးလုံးကို မြင်နေရသည်။

သူက အနေရခက်စွာဖြင့် ပြန်လည်ဖြေကြားရုံမှလွဲ၍ တခြားမတတ်နိုင်တော့ပေ။

"ငါတို့အားလုံးက ချစ်ခြင်းမေတ္တာတွေ ပြည့်ဝနေတဲ့ မိသားစုလေး ဖြစ်ပေမယ့် မင်းကတော့ ထူးခြားပြီး အထူးသီးသန့် ဖြစ်တယ်.. ဒီလောကမှာ တစ်ဦးတည်းသော သူ ဖြစ်ပြီး မဖြစ်နိုင်..."

"ကျွီ ကျွီ"

"ရွှီး"

သူ စကားမဆုံးမီမှာပင် ရှောင်ချိုက်နှင့် ဝူမေ့တို့က ကန့်ကွက်လာကြသည်။

ကလေးငယ် နှစ်ကောင်က "ထူးခြားတယ်" ဆိုသည့် စကားလုံးမှာ ဓားနတ်သမီးအတွက် ချီးကျူးစကား ဖြစ်သည်ဟု ယူဆကာ သူတို့၏ အချစ်ဆုံး နေရာကို လုယူသွားပြီဟု ထင်မှတ်ပြီး အလွန်အမင်း မကျေနပ်ကြောင်း ဖော်ပြလာကြ၏။

"ငါ..."

ပင်မကူကောင်များက စိတ်ဝိညာဉ် အလွန်မြင့်မားလွန်းခြင်းနှင့် ကိုယ်ပိုင်လက္ခဏာ အလွန်ပြင်းထန်လွန်းခြင်းက တစ်ခါတစ်ရံတွင် ကောင်းသောအရာ မဟုတ်ကြောင်း လီယွမ် ရုတ်တရက် သဘောပေါက်သွားရသည်။

ဧရာမဝိညာဉ်ကူကောင်၊ ပြန်လည်ရှင်သန်ခြင်းကူကောင်၊ နှင့် မျက်နှာတစ်ထောင်ကူကောင်တို့ကဲ့သို့ လောကီရေးရာ အရှုပ်အရှင်းများနှင့် ကင်းကွာပြီး ဂန္ဓမာပန်းတစ်ပွင့်လို တည်ငြိမ်အေးချမ်းနေတာကမှ ကောင်းသေး၏။

"ကောင်းပြီ.. ငါ လက်ခံပါတယ်.."

ချီလင်ပုလဲက ဓားနတ်သမီး၏ စိတ်ဝိညာဉ်ကို မြှင့်တင်ပေးလိုက်ခြင်းက ဓားနတ်သမီးအနေဖြင့် ရှောင်ချိုက်၊ ဝူမေ့တို့နှင့် အချစ်လုလာလိမ့်မည်ဟု လီယွမ် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

"ကောင်းပြီ.."

သည်ကိစ္စက အနည်းဆုံးတော့ ဓားနတ်သမီး၏ စိတ်ဝိညာဉ်က အမှန်တကယ် သိသိသာသာ တိုးတက်လာကြောင်း သက်သေပြနေသည်။ ပိုမိုနက်ရှိုင်းသော အဆင့်တွင် မနာလိုဖြစ်ခြင်းသည်လည်း စိတ်ခံစားမှု ဖော်ပြခြင်း ပုံစံတစ်မျိုးပင် ဖြစ်၏။

ဓားနတ်သမီးက သူ့ကိုယ်သူ အလွန် သိမ်မွေ့စွာ ဖော်ပြနေလျှင်ပင် ၎င်းက သူမ၏ စိတ်ခံစားမှု အတက်အကျများကို ကိုယ်စားပြုနေဆဲပင်။

၎င်းမှာ ရပ်တန့်နေသော ရေအိုင်တစ်ခုမှ အသက်ဝင်လှုပ်ရှားနေသော အရင်းအမြစ်တစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲသွားခြင်းပင် ဖြစ်၏။

ဓားနတ်သမီး၏ စိတ်ဝိညာဉ် နိုးထလာပြီးနောက် သူမ၏ ခန္ဓာကိုယ်ထဲသို့ အောင်မြင်စွာ ပြန်လည်မရောက်ရှိနိုင်လျှင်ပင် ထိုသို့ ပြန်လည်ရောက်ရှိခြင်းမှ ရရှိမည့် အကျိုးကျေးဇူးက ခန့်မှန်း၍ပင် ရနိုင်မည် မဟုတ်ပေ။

၎င်းကို တန်ခိုး စွမ်းအား တစ်ခုဟု ခေါ်ဆိုလျှင်ပင် ချဲ့ကားပြောဆိုရာ ရောက်အံ့မထင်။

"ဝင်လာခဲ့ပါ.."

ခွင့်ပြုချက် ရရှိသွားသောအခါ ဓားနတ်သမီးမှာ ကျေနပ်သွားသည်။ သူက ကုတင်ပေါ်သို့ တက်လာပြီး လီယွမ်၏ အနားသို့ တိုးကပ်ကာ သူမ၏ ခေါင်းကို လီယွမ်၏ လက်မောင်းပေါ်တွင် တင်လိုက်၏။

ဤသို့ဖြင့် သုံးပွင့်ဆိုင် အားပြိုင်မှုကြီး တရားဝင် စတင်သွားလေတော့သည်။

ရှောင်ချိုက်က ဘယ်ဘက်တွင် အိပ်ပြီး ဝူမေ့က ညာဘက်တွင် အိပ်သည့် အစီအစဉ်မှသည် ရှောင်ချိုက်က ဘယ်ဘက်၊ ဝူမေ့က အလယ်တွင် အိပ်ပြီး ဓားနတ်သမီးက ညာဘက်နေရာကို ယူထားသည့် အစီအစဉ်သို့ ပြောင်းလဲသွားလေသည်။

လီယွမ်က မျက်နှာကြက်ကို စိုက်ကြည့်ရင်း လုံးဝ မျှော်လင့်ချက်မဲ့သလို ခံစားနေရကာ အိပ်မပျော်နိုင်တော့ပေ။

သူတို့က တံခါးများနှင့် ပြတင်းပေါက်များကို တားမြစ်ချက်တစ်ခုဖြင့် တိတ်တဆိတ် ချိတ်ပိတ်ထားကြသည်။

အကယ်၍ ရှောင်ကျောက်သာ အတူအိပ်နေသည်ကို မြင်သွားပါက ထိုကောင်မလေးက အထဲသို့ အပြေးအလွှား ဝင်လာပြီး လေးပွင့်ဆိုင် ဖြစ်သွားပေလိမ့်မည်။

"ဘယ်လောက်တောင် အဖြစ်ဆိုးလိုက်လဲ"

လီယွမ်က ဇာတ်လမ်းတစ်ပုဒ်ကို မတွေးဘဲ မနေနိုင်တော့ပေ။

သူ့ကိုယ်သူ မြွေကျွမ်းကျင်သူလို့ ကြွေးကြေ

All Chapters