← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁) လဲ့ကျီမင်၏ တောဝက်

လဲ့ကျီမင်၏ ညည်းညူသံများကို နားထောင်ပြီးနောက် လဲ့ချန်က ချက်ချင်းပင် သဘောတူလိုက်၏။

"တပ်မဟာခေါင်းဆောင်... ခင်ဗျား လာတာ အချိန်ကိုက်ပဲ... ကျွန်တော်လည်း အခုတလော အားနေတာဆိုတော့ တောဝက် နှိမ်နင်းမယ့်အလုပ်ကို ကျွန်တော်ပဲ တာဝန်ယူလိုက်ပါ့မယ်..."

စက်ရုံကလည်း ပိတ်ရက်ဖြစ်နေ၍ သူလည်း အားလပ်နေသည်သာ ဖြစ်၏။ ၁၉၆၀ ပြည့်လွန်နှစ်များ၏ ကျေးလက်ဒေသတွင် ဖျော်ဖြေရေးကိစ္စဟူ၍ မရှိသလောက် ရှားပါးလှသည်။ ရွာသူရွာသားများကို ကူညီပေးခြင်းမှလွဲ၍ အခြားဘာများ လုပ်စရာရှိမည်နည်း။

ထို့အပြင် လဲ့ကျီမင်က ပုံမှန်အားဖြင့် သူ့ကို သိပ်မခေါ်မပြောသော်လည်း အရေးကြီးသည့် အချိန်ရောက်မှ သူ့ကို သတိရလာခြင်းက သူ့အပေါ် လေးစားမှုရှိကြောင်း ပြသနေခြင်းပင် ဖြစ်၏။

"အိုး... ချန်ဇီ... မင်းသာ အဲဒါကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲ... ငါလည်း အဲဒီတိရစ္ဆာန်ကြောင့် အရူးမတတ် ဖြစ်နေရပြီ..."

လဲ့ချန်က သဘောတူလိုက်သည်ကို ကြားသောအခါ လဲ့ကျီမင်၏ မျက်နှာက ချက်ချင်း ဝင်းပသွားပြီး မျက်နှာပေါ်မှ အရေးအကြောင်းများပင် ပြေလျော့သွားတော့၏။

ဤတောဝက်ကို နှိမ်နင်းရန် အဘိုးလင်ကို သွားရှာမှဖြစ်မည်ဟု လဲ့ချန်က စိတ်ထဲမှ တွေးလိုက်သည်။ လဲ့ကျီမင်ကို နှုတ်ဆက်ပြီးနောက် လဲ့ချန်က သူ ကြိုတင် ပြင်ဆင်ထားသော အားကော်ထို အရက် နှစ်ပုလင်းနှင့် သကြားလုံးတစ်ထုပ်ကို ဆွဲကာ အဘိုးလင်၏ အိမ်ဆီသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့၏။

ဤအားကော်ထိုအရက်က ၁၉၆၀ ပြည့်လွန်နှစ်များတွင် အလွန်ရှားပါးသော ပစ္စည်းတစ်ခုဖြစ်ပြီး ပွဲတော်ရက်များအတွက် လက်ဆောင်ပေးရန် အမြဲတမ်း အသုံးဝင်လှသည်။

တောင်ထိပ်သို့ ရောက်သောအခါ တောင်စောင့် သစ်သားအိမ်ငယ်ကို တွေ့လိုက်ရ၏။ အထဲသို့ မဝင်ရသေးမီမှာပင် ပြင်းရှသော အရက်နံ့ကို ရနေသည်။

တံခါးကို တွန်းဖွင့်လိုက်သောအခါ အဘိုးလင်က မီးလင်းဖိုဘေးတွင် ထိုင်၍ မြေပဲလှော်စားကာ အရက်သောက်ရင်း ကျေနပ်နေပုံရသည်ကို မြင်လိုက်ရ၏။

"အဘိုးလင်... နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ..."

လဲ့ချန်က ပြုံး၍ နှုတ်ဆက်လိုက်သည်။

အဘိုးလင်က မော့ကြည့်လိုက်သောအခါ လဲ့ချန် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူက ရွှင်လန်းတက်ကြွစွာဖြင့် ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။

"အိုး... ချန်ဇီပါလား... နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ... လာ... လာ... ငါနဲ့အတူ အရက်နည်းနည်း လာသောက်လှည့်..."

လဲ့ချန်က သူယူလာသော ပစ္စည်းများကို စားပွဲပေါ် တင်လိုက်၏။

"အဘိုးလင်... ဒါက ကျွန်တော့်ရဲ့ စေတနာ အနည်းငယ်ပါ..."

အဘိုးလင်က လှမ်းကြည့်လိုက်ပြီး ဒေါသထွက်ချင်ယောင် ဆောင်လိုက်သည်။

"ဟေ့ကောင်လေး... မင်းကလည်းကွာ... ဒီလောက်ဝေးဝေးလာရတာကို... ဘာလို့ ပစ္စည်းတွေ ယူလာရတာလဲ... မင်းတို့လည်း အဆင်ပြေတာ မဟုတ်ဘူး... အခုချက်ချင်း ပြန်ယူသွားစမ်း..."

မည်သူမျှ အဆင်ပြေလှသည် မဟုတ်ပေ။ အဘိုးလင်က မုဆိုးဟောင်းတစ်ဦး ဖြစ်သော်ငြားလည်း အလွန်ချွေတာစွာ နေထိုင်ရဆဲ ဖြစ်၏။

လဲ့ချန်က ရယ်မောလိုက်သည်။

"အဘိုးလင်ကလည်း... ကျွန်တော်နဲ့ အားနာစရာ မလိုပါဘူး... ဒီနေ့ ကျွန်တော်လာတာ အကြောင်းကိစ္စလေး ရှိလို့ပါ..."

၎င်းကို ကြားသောအခါ အဘိုးလင်က သူ့ကို စွေကြည့်လိုက်ပြီး မျက်လုံးထဲတွင် အပြစ်တင်သည့် အရိပ်အယောင်များ ပေါ်လာ၏။

"ဟေ့ကောင်လေး... ပြောစရာရှိတာ ပြောစမ်းပါ... ငါ့ကို စကားတွေ လာဝိုက်မနေနဲ့..."

ထို့နောက် လဲ့ချန်က လဲ့ကျီမင်၏ သီးနှံများကို တောဝက်များ ဝင်ရောက် ဖျက်ဆီးသည့် အကြောင်းကို အဘိုးလင်အား ပြောပြလိုက်သည်။ နောက်ဆုံးတွင် သူက လက်နှစ်ဖက်ကို ပွတ်သပ်၍ အနည်းငယ် အားနာသည့်ဟန်ဖြင့် ပြောလိုက်၏။

"အဘိုးလင်... အဘိုးလင်ရဲ့ အမဲလိုက်သေနတ်လေး ခဏလောက် ငှားလို့ရမလား..."

နားထောင်ပြီးနောက် အဘိုးလင်က တစ်ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"အဲ့တောဝက်ကို နှိမ်နင်းဖို့က သိပ်မလွယ်ဘူးနော်... ချန်ဇီ... မင်း သတိထားမှရမယ်..."

ထိုသို့ပြောပြီးနောက် သူက မတ်တတ်ထရပ်လိုက်ပြီး နံရံပေါ်မှ ခေတ်ဟောင်း အမဲလိုက်သေနတ်ကို ဖြုတ်ယူကာ လဲ့ချန်အား ကမ်းပေးလိုက်၏။

"ငါ ဒီသေနတ်ကို သေချာသိမ်းထားတာ... မင်း ကြိုက်သလိုသာ သုံးပေတော့... ဒါပေမဲ့ ကျည်ဆန်က သိပ်မများဘူး... ချွေတာသုံး..."

လဲ့ချန်က အမဲလိုက်သေနတ်ကို လှမ်းယူလိုက်ပြီး ကမန်းကတန်း ကျေးဇူးတင်စကား ဆိုလိုက်သည်။

အဘိုးလင်နှင့် အတန်ကြာ စကားစမြည် ပြောပြီးသောအခါ လဲ့ချန်က သူ၏ အမဲလိုက်သေနတ်ကို ကိုင်ဆောင်၍ လဲ့ကျီမင်၏ အိမ်သို့ ထွက်လာခဲ့၏။

တပ်မဟာခေါင်းဆောင်နှင့် သူ၏ ဇနီးတို့က သူ့ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။ လဲ့ကျီမင်နှင့် ဇနီးဖြစ်သူတို့က လဲ့ချန် ရောက်လာသည်ကို မြင်သောအခါ သူ့ကို ကြိုဆိုရန် အမြန် ထွက်လာကြ၏။

"ချန်ဇီ... ထမင်းစားပြီးပြီလား... အထဲဝင် ထိုင်ပါဦး..."

လဲ့ကျီမင်၏ ဇနီးက နွေးထွေးစွာ ဆီးကြိုလိုက်သည်။

"အဒေါ်... မစားရသေးဘူး... ဒါပေမဲ့ အလောတကြီး မလိုပါဘူး... ကျွန်တော် အဒေါ်တို့ရဲ့ ယာခင်းကို အရင်သွားကြည့်လိုက်ပါဦးမယ်..."

လဲ့ချန်က ထိုသို့ပြောရင်း လဲ့ကျီမင်နှင့်အတူ သူတို့၏ ယာခင်းဆီသို့ လိုက်သွား၏။

၁၉၆၀ ပြည့်လွန်နှစ်များ၏ ကျေးလက်ဒေသများတွင် လယ်ယာမြေများက နောက်ပိုင်းခေတ်များကဲ့သို့ တစ်ဆက်တည်း ဖြစ်မနေဘဲ အိမ်ထောင်စုတစ်စုချင်းစီက ပိုင်ဆိုင်သော မြေကွက်ငယ်များသာ ဖြစ်ကြသည်။

လဲ့ကျီမင်၏ ယာခင်းများက ရွာ၏ အနောက်ဘက်တွင် တည်ရှိပြီး တောင်ခြေနှင့် သိပ်မဝေးလှချေ။

လဲ့ချန်က လဲ့ကျီမင်နောက်မှ ယာခင်းစပ်အထိ လိုက်သွားသောအခါ ဖရိုဖရဲ ဖြစ်နေသော မြင်ကွင်းကို တွေ့လိုက်ရ၏။

ဂျုံပင်ပေါက်လေးများက လဲပြို ကွေးညွှတ်နေပြီး အချို့နေရာများတွင် အမြစ်ပါ ကျွတ်ထွက်နေသဖြင့် အောက်ခြေမှ မြေကြီးမည်းမည်းများပင် ပေါ်နေသည်။

လဲ့ချန်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး မြေပြင်ပေါ်မှ အရာများကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်၏။

တောဝက်၏ ခြေရာများက ထင်ရှားစွာ ပေါ်လွင်နေပြီး ၎င်း၏ ခွာလေးဖက်က ဇီးပန်းပွင့်ပုံစံ ဖြစ်နေကာ အိမ်မွေးဝက်များထက် များစွာကြီးမားသည်။

လဲ့ချန်ကို ပို၍ အံ့အားသင့်စေသည်မှာ ခြေရာများက အရွယ်အစား မတူညီဘဲ တောဝက်တစ်ကောင်တည်း၏ ခြေရာများ မဟုတ်သည်မှာ သေချာလှသည်။

လဲ့ချန်က မတ်တတ်ရပ်လိုက်ပြီး သူ၏ အင်္ကျီပေါ်မှ ဖုန်များကို ခါချလိုက်ကာ လဲ့ကျီမင်ကို ပြောလိုက်၏။

"တပ်မဟာခေါင်းဆောင်... တောဝက်တွေ အများကြီးပဲ... သူတို့က မိသားစုလိုက်လာကြတာ... ကျွန်တော်တို့ သေချာ အစီအစဉ်ဆွဲမှဖြစ်မယ်..."

၎င်းကို ကြားသောအခါ လဲ့ကျီမင်၏ မျက်နှာက ဖြူလျော့သွားသည်။

"ချန်ဇီ... ဘယ်... ဘယ်လို လုပ်ကြမလဲ... ဒီအတိုင်းသာ ဆက်သွားနေရင် ဒ္နှစ်အတွက် သီးနှံတွေ အကုန်ပျက်စီးကုန်တော့မှာပဲ..."

လဲ့ချန်က သူ့ကို နှစ်သိမ့်လိုက်၏။

“စိတ်မပူပါနဲ့ တပ်မဟာခေါင်းဆောင်... ကျွန်တော် ကတိပေးထားတဲ့အတိုင်း ဖြေရှင်းလို့ရမယ့် နည်းလမ်းကို သေချာပေါက် ကူရှာပေးမှာပါ..."

"ဒါပေမဲ့ ဒီတောဝက်ကို နှိမ်နင်းဖို့က သိပ်မလွယ်ဘူး... ကျွန်တော်တို့ သေချာ အစီအစဉ်ဆွဲရမယ်..."

တောဝက်တစ်ကောင်၊ နှစ်ကောင်လောက်ဆိုလျှင် လွှတ်ထား၍ ရသော်လည်း တောဝက်တစ်အုပ်လုံး ဤဒေသသို့ ပြောင်းရွှေ့လာမည်ဆိုပါက ရွာသူရွာသားများ၏ လုံခြုံရေးအတွက် ကြီးမားသော အန္တရာယ်ဖြစ်လာနိုင်သည်ဟု လဲ့ချန်က စိတ်ထဲမှ တွေးလိုက်မိ၏။

ဤတောဝက်များကို မဖြစ်မနေ အမဲလိုက်မှ ရတော့မည်။

"တပ်မဟာခေါင်းဆောင်... ခင်ဗျား ဒီယာခင်းကို ပြန်စိုက်မှရမယ်..."

လဲ့ချန်က ပြောလိုက်သည်။

လဲ့ကျီမင်က အံ့အားသင့်သွား၏။

"ဟင်... ဘယ်... ဘယ်အချိန် ရှိနေပြီလဲ... ဘာလို့ ဆက်စိုက်နေရဦးမှာလဲ..."

တောင်သူလယ်သမားများက ရာသီဥတုကို မှီခို၍ အသက်မွေးဝမ်းကျောင်းပြုကြပြီး တစ်နှစ်ပတ်လုံး ဤမြေဧက အနည်းငယ်ကိုသာ အားထားနေရခြင်း ဖြစ်သည်။ အကယ်၍ စိုက်ပျိုးရာသီကိုသာ လွတ်သွားပါက သူတို့အတွက် အမှန်တကယ် စားစရာရှိတော့မည် မဟုတ်ချေ။

တရုတ်ပြက္ခဒိန် ပထမလပင် ကျော်လွန်နေပြီ ဖြစ်သော်လည်း နွေဦးရာသီ ထွန်ယက်ခြင်းကို မစတင်ရသေးပေ။

လဲ့ချန်က လဲ့ကျီမင်၏ စိုးရိမ်ပူပန်မှုများကို မြင်သောအခါ ရှင်းပြလိုက်၏။

"တပ်မဟာခေါင်းဆောင်... အဲ့တောဝက်က အရမ်းပါးနပ်တယ်... သူက အသစ်ပြန်ပြင်ထားတဲ့ မြေကိုပဲ ပစ်မှတ်ထားတာ... ခင်ဗျားရဲ့ မြေက မြေရိုင်းဖြစ်နေတော့ အနံ့မရဘဲ သဘာဝအတိုင်း ရောက်လာမှာ မဟုတ်ဘူး..."

"ရက်အနည်းငယ်လောက် စောင့်ပါဦး... ကျွန်တော် ခင်ဗျားအတွက် အဲ့အနှောင့်အယှက်ကို ရှင်းပေးမယ်... အဲဒီအခါကျရင် ခင်ဗျား ကောင်းကောင်း ပြန်စိုက်လို့ရပြီ... ဘာပြဿနာမှ ရှိလာမှာ မဟုတ်တော့ဘူး..."

"ချန်ဇီ... မင်းမှာ... မင်းမှာ နည်းလမ်းရှိလို့လား..."

လဲ့ကျီမင်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလာ၏။

"ရှိတာပေါ့... အဘိုးလင်နဲ့ ကျွန်တော် ဒီနေရာမှာ ဒီည အစောင့်ကျမယ်..."

လဲ့ချန်က တစ်ခဏမျှ ရပ်တန့်လိုက်ပြီး ထပ်ပြောလိုက်သည်။

"အဘိုးလင်က အတွေ့အကြုံ အရမ်းများတယ်... သူရှိနေရင် အဲ့တိရစ္ဆာန်တွေ အရှင်ထွက်မသွားနိုင်ဘူးလို့ ကျွန်တော်တို့ အာမခံတယ်..."

၎င်းကို ကြားသောအခါ လဲ့ကျီမင်က ပို၍ပင် စိုးရိမ်သွား၏။ သူက စကားကို ထစ်ငေါ့စွာဖြင့် ပြောလိုက်သည်။

"ဒါက... ဒါက အရမ်းအန္တရာယ် များလွန်းတယ်... ရွာသား နည်းနည်းလောက်ကို... အကူအညီ ခေါ်လိုက်ရင် မကောင်းဘူးလား..."

လဲ့ချန်က သူ့လက်ကို ဝှေ့ယမ်းလိုက်၏။

"မလိုပါဘူး... လူအရမ်းများရင် သူတို့ သတိထားမိသွားလိမ့်မယ်... ထဒါ့အပြင် သန်းခေါင်ယံအချိန်ကြီးဆိုတော့ လူတစ်ယောက်ယောက်ကို မတော်တဆ ထိခိုက်မိနိုင်တယ်... အဘိုးလင်နဲ့ ကျွန်တော် နှစ်ယောက်တည်းဆို လုံလောက်ပါပြီ..."

သူက ယခင်ဘဝ၌ ထိပ်တန်း အထူးတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပြီး ကျွမ်းကျင်မှု အလွန်မြင့်မားသော်လည်း အုပ်စုလိုက် သွားလာတတ်သော တောဝက်များမှာ နောက်ပြောင်၍ရသည့် အရာများ မဟုတ်ချေ။ အတွေ့အကြုံရှိသော မုဆိုးတစ်ဦး အစောင့်အဖြစ် ရှိနေမှသာ မည်သည့်အမှားအယွင်းမျှ မဖြစ်ပေါ်စေရန် သေချာစေနိုင်မည် ဖြစ်၏။

"ဒါဆိုရင်... ဒါဆိုရင် ချန်ဇီ... မင်းနဲ့ အဘိုးလင် သေသေချာချာ ဂရုစိုက်ကြနော်..."

လဲ့ကျီမင်နှင့် သူ၏ ဇနီးဖြစ်သူတို့မှာ အလွန် စိုးရိမ်နေကြသဖြင့် သူတို့၏ လက်များ၊ ခြေထောက်များကို မည်သို့ ထားရမည်ကိုပင် မသိတော့ချေ။

လဲ့ချန်က ပြုံး၍ သူ့ကို စိတ်အေးစေရန် ပြောလိုက်သည်။

"စိတ်မပူပါနဲ့ တပ်မဟာခေါင်းဆောင်... ခင်ဗျားတို့နှစ်ယောက် သွားစားကြတော့... ကျွန်တော် တောင်ပေါ်တက်ပြီး အဘိုးလင်ကို သွားရှာလိုက်ဦးမယ်..."

ထိုသို့ပြောပြီးနောက် လဲ့ချန်က လှည့်၍ တံခါးအပြင်သို့ ထွက်ကာ အနောက်ဘက်တောင်ဆီသို့ ဦးတည်သွား၏။

တောင်စောင့် သစ်သားအိမ်ငယ်ဆီသို့ ပြန်ရောက်သွားသည်။

"အဘိုးလင်... အဘိုးလင်..."

လဲ့ချန်က အသံကုန်ဟစ်၍ အကြိမ်အနည်းငယ်မျှ အော်ခေါ်လိုက်၏။

တစ်ခဏအကြာတွင် အရက်မူးနေဆဲဖြစ်သော အဘိုးလင်က ပြောလိုက်သည်။

"ဘယ်သူလဲ... အစောကြီး ဘာလို့ အော်ဟစ်နေရတာလဲ..."

"အဘိုးလင်... ကျွန်တော်ပါ လဲ့ချန်ပါ..."

အဘိုးလင်က မျက်လုံးကို မှေးကြည့်၍ သူ၏ ခေါင်းကို ကုတ်လိုက်၏။

"အိုး... ချန်ဇီပါလား... ဘာဖြစ်လို့လဲ..."

"မင်း တစ်ခုခု ကျန်ခဲ့လို့များလား..."

လဲ့ချန်က လဲ့ကျီမင်၏ ယာခင်းများနှင့် ကြက်များကို တောဝက်များက မည်သို့ ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း အဘိုးလင်ကို ပြောပြလိုက်ပြီး တောဝက်များကို အမဲလိုက်ရန် ကူညီပေးပါရန် ဖိတ်ခေါ်လိုက်သည်။

၎င်းကို ကြားသောအခါ အဘိုးလင်က ချက်ချင်းပင် တက်ကြွသွားပြီး အလွန် စိတ်အားထက်သန်စွာဖြင့် ပြောလိုက်၏။

"တောဝက် အမဲလိုက်မယ်... ကောင်းတာပေါ့... ဒီအရိုးဆွေးကြီး အကြောဆန့်ဖို့ အခွင့်အရေးမရတာ အတော်ကြာနေပြီ..."

"ကောင်းပြီ အဘိုးလင်... ကျွန်တော်တို့ ဒီည လဲ့ကျီမင်ရဲ့ ယာခင်းဘေးမှာ စောင့်ကြတာပေါ့..."

လဲ့ချန်က ပြောလိုက်သည်။

အခန်း (၆၂)တောဝက်များ အမဲလိုက်ခြင်း

"ပြဿနာမရှိဘူး..."

အဘိုးလင်က အသင့်ပင် သဘောတူလိုက်၏။

ညဘက်သို့ ရောက်သောအခါ လဲ့ချန်နှင့် အဘိုးလင်တို့က အမဲလိုက်သေနတ်များနှင့် လေး၊ မြားများကို ကိုယ်စီကိုင်ဆောင်၍ လဲ့ကျီမင်၏ ယာခင်းစပ်သို့ တိတ်တဆိတ် ရောက်ရှိလာကြသည်။

လဲ့ချန်နှင့် အဘိုးလင်တို့က မြင်ကွင်းကျယ်ပြီး ပုန်းအောင်းရန် အဆင်ပြေသည့် နေရာတစ်ခုကို ရွေးချယ်လိုက်ကြ၏။

လဲ့ချန်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး ယာခင်းစပ်ရှိ ချုံပုတ်များ ထူထပ်စွာ ပေါက်ရောက်နေသော နိမ့်ကျသည့် နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

"အဘိုးလင်... အဲ့နေရာပဲ..."

အဘိုးလင်က ခေါင်းညိတ်ပြလိုက်၏။

သူတို့နှစ်ယောက်က အလုပ်ခွဲလုပ်လိုက်ကြသည်။ လဲ့ချန်က တွင်းတူးရန် တာဝန်ယူပြီး အဘိုးလင်က သစ်ကိုင်းများနှင့် မြက်ခြောက်များကို အသုံးပြု၍ ထောင်ချောက်ကို ဖုံးကွယ်ရန် တာဝန်ယူလိုက်၏။

လဲ့ချန်က ပေါက်တူးကိုလွှဲကာ အချိန်တိုအတွင်းမှာပင် တွင်းနက်ကြီးတစ်ခုကို တူးလိုက်သည်။ တွင်း၏ အောက်ခြေတွင် ချွန်ထက်သော သစ်သားတံစို့များကို စိုက်ထားပြီး အပေါ်မှ သစ်ကိုင်းများနှင့် မြက်ခြောက်များ ပါးပါးလေး ဖုံးအုပ်ထားလိုက်၏။ အကယ်၍ သေချာ မကြည့်ပါက ထောင်ချောက်မှန်းပင် သိနိုင်မည် မဟုတ်ချေ။

အဘိုးလင်က အံ့အားသင့်စွာ စောင့်ကြည့်နေ၏။

"ချန်ဇီ... မင်းလက်ရာက အရမ်းကို သပ်ရပ်ပြီး မြန်ဆန်တာပဲ... ဘယ်သူ့ဆီက သင်ထားတာလဲ... အရင်တုန်းကဆို ငါတောင် ပြုတ်ကျမလို့ ဖြစ်သွားဖူးတယ်..."

ထိုသို့ပြောရင်း သူက သူ၏ ပေါင်ကို ပုတ်လိုက်သည်။

လဲ့ချန်က ပြုံး၍ ပြောလိုက်၏။

"အဘိုးလင်... ဒါက မုဆိုးဟောင်း တစ်ယောက်ရဲ့ အတွေ့အကြုံပါ... လူအများစုက ဒါမျိုးကြုံဖူးဖို့ အခွင့်အရေး မရကြပါဘူး..."

ဤထောင်ချောက်ဆင်သည့် နည်းစနစ်များက သူ၏ ယခင်ဘဝက အထူးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်စဉ်က သင်ယူခဲ့ရသည့် အရာများဖြစ်ပြီး နောက်ပြောင်၍ ရသည့် အရာများ မဟုတ်ကြောင်းကို သူ စိတ်ထဲမှ တွေးနေလိုက်သည်။

အေးစက်သော လေပြင်းက ဝုန်းဒိုင်းကျဲ တိုက်ခတ်နေပြီး သစ်ပင်အရိပ်များက ယိမ်းထိုးနေ၏။ ဇီးကွက်၏ ထူးဆန်းသော အော်မြည်သံ တစ်ချက်တစ်ချက်မှ လွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။

လျှပ်စစ်မီးမရှိသဖြင့် အိမ်တိုင်းက ညဘက်တွင် တံခါးနှင့် ပြတင်းပေါက်များကို စောစီးစွာ ပိတ်ထားကြရာ ရွာတစ်ရွာလုံး အမှောင်အတိ ကျနေတော့၏။

ထိုခေတ်အခါက ဖျော်ဖြေရေးဟူ၍ ရှားပါးလှသည်။ ရွာ၏ ရုပ်ရှင်ပြသရေးအဖွဲ့မှ တစ်ခါတစ်ရံ ရုပ်ရှင်လာပြသည်မှလွဲ၍ လူများက ညဘက်ဆိုလျှင် အိပ်ရုံသာ ရှိကြသည်။

လဲ့ချန်နှင့် အဘိုးလင်တို့က ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ မြေပြင်ပေါ်တွင် မလှုပ်မယှက် ဝပ်နေကြ၏။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသော်လည်း တောဝက်၏ အရိပ်အယောင်မျှ မတွေ့ရချေ။

လင်ပေါ်က လမင်းကြီးကို တစ်ချက် မော့ကြည့်လိုက်ပြီးနောက် လဲ့ချန်ကိုကြည့်ကာ ဤလူငယ်ကို စိတ်ထဲမှ ကြိတ်၍ ချီးကျူးနေမိသည်။ ဤလူငယ်လေးက အသက်ငယ်သော်လည်း သူ၏ အရိုးဆွေးကြီးထက်ပင် ပို၍ စိတ်ရှည်သည်ဟု တွေးလိုက်မိ၏။

သူက လူငယ်ဘဝ ခွန်အားအပြည့်နှင့် တက်ကြွနေစဉ် အချိန်က ညဘက် အမဲလိုက်ရာတွင် အခက်ခဲဆုံး အပိုင်းမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းပင် ဖြစ်သည်။

လဲ့ချန်နှင့် အဘိုးလင်တို့က ကျောက်တုံး နှစ်တုံးပမာ ရုပ်ဖျက်၍ ယာခင်းစပ်တွင် မလှုပ်မယှက် ဝပ်နေကြ၏။

ဤအနေအထားက လူအများစုအတွက် ခါးနာခြင်း၊ ခြေထောက်ကြွက်တက်ခြင်းနှင့် အခြားသက်တောင့်သက်သာ မရှိမှုများကို ဖြစ်ပေါ်စေနိုင်သော်လည်း လဲ့ချန်က ယခင်ဘဝ၌ ထိပ်တန်းအထူးတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သဖြင့် ဤသည်က သူ့အတွက် ကြီးမားသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။

အဘိုးလင်ကမူ အတော်လေး အသက်ကြီးနေပြီဖြစ်ပြီး ယခင်ကကဲ့သို့ ကျန်းမာရေး မကောင်းတော့ချေ။ သူက ခဏတာ ဝပ်နေပြီးသည်နှင့် တစ်ကိုယ်လုံး မအီမသာ ဖြစ်လာတော့၏။

"ချန်ဇီ..."

အဘိုးလင်က ခြင်မြည်သံကဲ့သို့ တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။

"အဲ့တောဝက်တွေ ဘယ်အချိန်မှ လာမှာလဲ... ငါ့ရဲ့ အရိုးဆွေးလက်တွေနဲ့ ခြေထောက်တွေက တောင့်တင်းနေပြီ..."

လဲ့ချန်လည်း အလွန်ချမ်းအေးနေ၏။ ဤကျိန်စာသင့်မတတ် ရာသီဥတုက ဆိုက်ဘေးရီးယားထက်ပင် ပို၍ အေးနေသေးသည်။

သူက အေးခဲနေသော သူ့လက်များနှင့် ခြေထောက်များကို ပွတ်သပ်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်။

*အဲ့တောဝက်ကများ ငါတို့ကို မြင်သွားတာလား*

သူက အဘိုးလင်ကို နှစ်သိမ့်၍ ပြောလိုက်၏။

"အဘိုးလင်... စိတ်မပူပါနဲ့... တောဝက်တွေက အရမ်း ပါးနပ်တယ်... ကျွန်တော်တို့ စိတ်ရှည်ဖို့ လိုတယ်... အရင်ခေတ်က အနီရောင်တပ်မတော်ရဲ့ ချီတက်ပွဲကြီးက ပိုပြီးတောင် ခက်ခဲသေးတယ်လေ... ကျွန်တော်တို့က အခုမှ အစပဲ ရှိသေးတာ..."

၎င်းကို ကြားသောအခါ အဘိုးလင်က တက်ကြွသွား၏။

"ဟေး... မင်းပြောတာ မှန်တယ်... အရင်ခေတ်က ငါ တပ်မတော်နောက် လိုက်ပြီး နှင်းဖုံးနေတဲ့ တောင်တွေ၊ မြက်ခင်းပြင်တွေကို ဖြတ်ကျော်ခဲ့တာကမှ တကယ့် ဒုက္ခအစစ်ပဲ... အခု ပြန်တွေးကြည့်တော့ ဒီအအေးဒဏ်လောက်က ဘာမှ မဟုတ်တော့ပါဘူး..."

မိုးသောက်ယံ၏ ပထမဆုံး အလင်းရောင်နှင့်အတူ ကောင်းကင်က တဖြည်းဖြည်း လင်းလာသော်လည်း မည်သည့် လှုပ်ရှားမှုမျှ မရှိသေးချေ။

လဲ့ချန်က အေးခဲနေသော သူ့လက်များနှင့် ခြေထောက်များကို ပွတ်သပ်ရင်း စိတ်ထဲမှ တွေးလိုက်မိ၏။

*အဲ့တောဝက်တွေက တကယ်ပဲ ငါ့ကို လှည့်စားသွားတာများလား…*

အဘိုးလင်ကလည်း စိတ်မရှည်ဖြစ်လာသည်။

"ချန်ဇီ... မိုးလင်းနေပြီကို ဘာလို့ တောဝက်တွေ မလာကြသေးတာလဲ... မနေ့ညက သူတို့ ဗိုက်ဝသွားလို့ ဒီနေ့ အစာရှာ မထွက်တာများလား..."

လဲ့ချန် ဆုတ်ခွာရမည်လားဟု စဉ်းစားနေစဉ်မှာပင် ရုတ်တရက် အဝေးမှ တရှပ်ရှပ် အသံတစ်ခု ထွက်ပေါ်လာ၏။

သူက အလွန်ဝမ်းသာသွားပြီး အဘိုးလင်ကို တိတ်တိတ်နေရန် ကမန်းကတန်း လက်ဟန်ပြလိုက်သည်။

အဘိုးလင်က ချက်ချင်း ပါးစပ်ပိတ်သွားပြီး နားစွင့်ကာ ဘာတွေဖြစ်နေသလဲဆိုသည်ကို ဂရုတစိုက် နားထောင်လိုက်၏။

အသံက ပို၍ နီးကပ်လာပြီး လဲ့ချန်က မျက်လုံးကို မှေးကြည့်လိုက်ရာ မှုန်ဝါးဝါး အလင်းရောင်အောက်တွင် ယာခင်းဆီသို့ ရွေ့လျားလာသော အမည်းရောင် ပုံရိပ်စုတစ်စုကို တွေ့လိုက်ရသည်။

ဘုရားရေ... တောဝက် ခုနစ်ကောင်၊ ရှစ်ကောင်ခန့်ပင် ရှိလေသည်။

၎င်းတို့အနက်မှတစ်ကောင်က အခြား တောဝက်များထက် တစ်ကိုယ်စာခန့် ပို၍ ကြီးမားနေပြီး အလွန်ကြီးမားလှကာ ရှည်လျားပြီး ချွန်ထက်သော အစွယ်များ ရှိနေသဖြင့် မြင်ရသည်မှာ အလွန် ထိတ်လန့်ဖွယ် ကောင်းလှ၏။

အဘိုးလင်က သူ၏ ဘဝသက်တမ်း တစ်လျှောက်လုံး ဤမျှ ကြီးမားသော တောဝက်ကို တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် အံ့အားသင့်စွာဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်မိသည်။

လဲ့ချန်က စိတ်ထဲမှ တွေးလိုက်မိ၏။

*ဒီအကောင်ကြီးက တောဝက်ဘုရင်များလား... ဒီနေ့ ငါ ကံကောင်းတာပဲ... အကောင်ကြီး ဖမ်းမိပြီ…*

သူတို့က ယာခင်းထဲတွင် ထောင်ချောက်များကို ကြိုတင်ဆင်ထားပြီး တောဝက်များ အထဲသို့ တန်းတန်းမတ်မတ် ဝင်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြသည်။

တောဝက်အုပ်ကြီး နီးကပ်လာသောအခါ ခေါင်းဆောင် တောဝက်က တစ်စုံတစ်ခုကို အာရုံခံမိပုံရပြီး ရပ်တန့်ကာ အနံ့ခံလိုက်၏။ ၎င်း၏ နှာခေါင်းက လှုပ်ရှားနေပြီး တရှူးရှူး အသံများ ထွက်ပေါ်နေသည်။

လဲ့ချန်က တောဝက်အုပ်ကို အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်သဖြင့် အသက်အောင့်ထားလိုက်၏။

သူက သူ၏ အမဲလိုက်သေနတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်၍ တောဝက်ဘုရင်ကို ချိန်ရွယ်လိုက်သည်။

အဘိုးလင်ကလည်း သူ၏ လေးနှင့် မြားကို ဆွဲ၍ မြားကို အခြားကြီးမားသော တောဝက်တစ်ကောင်ထံ ချိန်ရွယ်လိုက်၏။

တောဝက်ဘုရင်က ထောင်ချောက်ထဲသို့ ဝင်နင်းတော့မည့်ဆဲဆဲတွင် လဲ့ချန်က ခလုတ်ကို ဆွဲလိုက်သည်။

သေနတ်သံတစ်ချက် ထွက်ပေါ်လာပြီး နံနက်ခင်း၏ တိတ်ဆိတ် ငြိမ်သက်မှုကို ချိုးဖျက်ပစ်လိုက်၏။

တောဝက်ဘုရင်က စူးရှသော အော်ဟစ်သံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားသည်။

အခြားတောဝက်များမှာ ကသောင်းကနင်း ဖြစ်သွားကြပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်ကျဲ ပြေးလွှားသွားကြ၏။

အချို့သော တောဝက်များက ထိတ်လန့်တကြားဖြင့် ထောင်ချောက်များထဲသို့ ပြုတ်ကျသွားကြပြီး အချို့ကမူ အဘိုးလင်၏ မြားများဖြင့် ပစ်ခတ်ခံရကာ မြေပြင်ပေါ်တွင် လူးလှိမ့် ရုန်းကန်နေကြသည်။

သို့သော်လည်း လူတိုင်းကို အံ့အားသင့်စေသည်မှာ တောဝက်ဘုရင်က အမှန်တကယ်ပင် ရုန်းကန်၍ ထရပ်လာခြင်းပင် ဖြစ်၏။

၎င်းသည် သေနတ်ဖြင့် အပစ်ခံရသော်လည်း အသက်အန္တရာယ်ရှိသော ဒဏ်ရာရထားပုံ မပေါ်ချေ။

၎င်းက သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် လဲ့ချန်နှင့် အဘိုးလင်တို့ကို စိုက်ကြည့်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“သေစမ်း... ဒီတိရစ္ဆာန်က မယုံနိုင်လောက်အောင် အကြမ်းခံတာပဲ..."

လဲ့ချန်က တီးတိုးကျိန်ဆဲလိုက်ပြီး သူ၏ အမဲလိုက်သေနတ်ကို တစ်ဖန် ပြန်မြှောက်လိုက်၏။

သူ သေနတ်မပစ်နိုင်မီမှာပင် တောဝက်ဘုရင်က အရူးတစ်ယောက်ကဲ့သို့ အံ့မခန်း ယအမြန်နှုန်းဖြင့် သူတို့ဆီသို့ ပြေးဝင်လာသည်။

"ချန်ဇီ... သတိထား..."

အဘိုးလင်က အော်ဟစ်လိုက်ပြီး သူ၏ လက်ထဲမှ မြားကို အလျင်အမြန် ပစ်လွှတ်လိုက်၏။

မြားက တောဝက်ဘုရင်၏ ခေါင်းကို တည့်တည့်မတ်မတ် ထိမှန်သွားသော်လည်း တောဝက်ဘုရင်က ခေါင်းကို ခါရမ်းရုံသာ ခါရမ်းလိုက်ပြီး ၎င်း၏ အရှိန်က အနည်းငယ်မျှ လျော့မသွားချေ။

"ချန်ဇီ... သတိထား..."

အဘိုးလင်၏ အော်ဟစ်သံများက လဲ့ချန်၏ နားထဲတွင် ပဲ့တင်ထပ်နေ၏။

အိမ်လုပ် သေနတ်များက သိပ်ပြီး ထိရောက်မှု မရှိချေ။ ၎င်းတို့က တောဝက်ငယ်လေးများကို ပစ်ရန် အဆင်ပြေသော်လည်း ဤတောဝက်ဘုရင်ကို ပစ်ရာတွင်မူ ယားကျိကျိ ဖြစ်စေရုံသာ ရှိသည်။

အတွေးအချို့က လဲ့ချန်၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွား၏။

ပြေးရမည်လား... နောက်ကျသွားပြီ... ရင်ဆိုင်တိုက်ခိုက်ရမည်လား... သူ့ခန္ဓာကိုယ် သေးသေးလေးက ၎င်း၏ သွားကြားညှပ်ရန်ပင် လောက်မည် မဟုတ်ချေ။

အရေးကြီးသော အခိုက်အတန့်တွင် လဲ့ချန်က လင်ပေါ်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး တစ်ဘက်သို့ လိမ့်ထွက်သွားရာ တောဝက်ဘုရင်၏ အစွယ်များကို ကပ်သီးလေး ရှောင်လွှဲနိုင်ခဲ့သည်။

"အာ့..."

အဘိုးလင်က ဖင်ထိုင်လျက် လဲကျသွားပြီး တောဝက်က သူ့ထံ ပြေးဝင်လာသည်ကို မြင်သောအခါ အလွန် ထိတ်လန့်သွား၏။

သူက ဘဝသက်တမ်း တစ်လျှောက်လုံး ဂျပန် ကျူးကျော်သူများနှင့် မြေရှင်များကို တိုက်ခိုက်ခဲ့သော်လည်း ဤမျှကြမ်းကြုတ်သော တောဝက်ကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

အကယ်၍ ၎င်း၏ အတိုက်ခံရပါက ကိုယ်လက်အင်္ဂါ ချို့တဲ့သွားမည် သို့မဟုတ် သေဆုံးသွားမည်မှာ သေချာလှ၏။

လဲ့ချန်က ထရပ်လိုက်ပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

"အဲဒီတိရစ္ဆာန်... တကယ့်ကို အငြိုးကြီးတာပဲ..."

သူက မူလက တောဝက်ဘုရင်ကို ထောင်ချောက်အနီးသို့ မြှူခေါ်ရန် ရည်ရွယ်ထားသော်လည်း တောဝက်ဘုရင်က သူ့ကို လုံးဝ လျစ်လျူရှုထားပြီး အဘိုးလင်ကိုသာ ပစ်မှတ်ထားနေ၏။

"အဘိုးလင်... ပြေး..."

လဲ့ချန်က အသံကုန် ဟစ်အော်လိုက်ပြီး သေနတ်ကိုမြှောက်ကာ တောဝက်ဘုရင်ကို တစ်ဖန် ပြန်ချိန်ရွယ်လိုက်သည်။

သို့သော်လည်း တောဝက်ဘုရင်က တင့်ကားငယ်တစ်စီးကဲ့သို့ အလွန် မြန်ဆန်လှပြီး မျက်တောင်တစ်ခတ်အတွင်း အဘိုးလင်၏ ရှေ့သို့ ရောက်ရှိလာ၏။

အဘိုးလင်၏ ခြေထောက်များက အားပျော့သွားပြီး တစ်ကိုယ်လုံး တုန်ယင်လျက် ထရပ်ရန် ကြိုးစားသော်လည်း အားမယူနိုင် ဖြစ်နေသည်။

ဤအရေးကြီးသော အခိုက်အတန့်တွင် လဲ့ချန်က ခလုတ်ကို ဆွဲလိုက်၏။

"ဒိုင်း..."

သေနတ်သံက တစ်ဖန် ပြန်လည် ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်တွင်မူ လဲ့ချန်က တောဝက်ဘုရင်၏ ဘယ်ဘက်မျက်လုံးကို ချိန်ရွယ်လိုက်ခြင်း ဖြစ်သည်။ ကျည်ဆန်က တောဝက်ဘုရင်၏ မျက်လုံးကို တည့်တည့်မတ်မတ် ထိမှန်သွားပြီး ဘုရင်ကြီးက စူးရှစွာ အော်ဟစ်လိုက်၏။ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ယိမ်းထိုးသွားပြီး ဘုန်းခနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။

All Chapters