← Chapters

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

အခန်း ၇၉ - ရက်စက်သူတို့ထက် ပို၍ရက်စက်သောသူ

ကျောက်ဖေးသည် နောက်ဖေးခြံဝင်းအတွင်းရှိ တစ်ခုတည်းသော အနားယူဆောင်၌ တင်ပလ္လင်ခွေထိုင်ကာ ကျင့်ကြံနေ၏။

မြေဓာတ်စွမ်းအားကို နားလည်သဘောပေါက်ပြီးနောက် သူ၏ ဝိညာဉ်စွမ်းအားမှာ တစ်ဖန်ပြန်၍ တိုးမြင့်လာခဲ့ရာ သူဖန်တီးနိုင်သော ကိုယ်ပွါးအရေအတွက်သည် ၂၃ ယောက်အထိ ရှိလာခဲ့ပြီဖြစ်သည်။

ဆင့်ခေါ်နိုင်သော အကွာအဝေးမှာလည်း မီတာ ၂၀၀ ကျော်အထိ ကျယ်ပြန့်လာခဲ့၏

ပန်းဘဲဖိုတစ်ခုလုံးမှာ သူ၏ စွမ်းအားစက်ကွင်းအတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။

ကျောက်ဖေးအနေဖြင့် မျက်စိဖြင့် ကြည့်နေရန် မလိုတော့ပေ။ သူ၏ စွမ်းအားစက်ကွင်းအတွင်း ရှိနေသရွေ့ အသိဉာဏ်ပွင့်လင်းရန်အတွက် စတေးခံခဲ့သော ကိုယ်ပွားများ၏ အခြေအနေကို အချိန်မရွေး သိရှိနေနိုင်ပြီဖြစ်သည်။

အချိန်တို့သည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့ချေသည်။

ညဉ့်နက်သန်းခေါင်သို့ ရောက်ရှိလာ၏။

ထိုစဉ် ကျောက်ဖေး၏ စိတ်အာရုံ၌ ရုတ်တရက် ထိုးထွင်းသိမြင်မှုတစ်ခု ရရှိလာခဲ့သည်။

"သံမဏိဆိုတာ မာကျောအောင် လုပ်ရပေမယ့် သူ့ရဲ့ အစွမ်းက နူးညံ့မှုနဲ့ ပေါင်းစပ်ထားတာပဲ... သတ္တုဓာတ်ဆိုတာ မာကျောရုံသက်သက်မဟုတ်ဘူး၊ စစ်မှန်တဲ့ ကြံ့ခိုင်မှုဆိုတာ သန်မာမှုနဲ့ နူးညံ့မှုကြားက ပေါင်းစပ်ညှိနှိုင်းမှုမှာ ရှိတာပဲ။"

ဤအခိုက်အတန့်တွင် ကျောက်ဖေးသည် အလွန်အမင်း ဝမ်းမြောက်သွားတော့သည်။

ကျင့်ကြံခြင်း၏ ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များပင် ပျောက်ကွယ်သွားရ၏။

ညဉ့်နက်ပိုင်း

ကျန်းလင်းခရိုင်နှင့် မိုင် ၁၀၀ အကွာရှိ ဟုန်ဖန်းကျေးရွာ

မာရှန်းကူ၏ ခြံဝင်းအတွင်း၌ အေးမြသော လေပြေတို့ တိုက်ခတ်နေသည်။

ကျောက်ဖေး၏ ကိုယ်ပွားတစ်ခုသည် မှော်အစီအရင်၏ အလယ်ဗဟို၌ တင်ပလ္လင်ခွေ ထိုင်နေ၏။ သူ၏ ရင်ဘတ်တွင် သံအပ်တစ်ချောင်း စိုက်ဝင်နေပြီး သွေးစက်တို့သည် သံအပ်ပေါ်ရှိ အမြောင်းအတိုင်း စီးကျကာ အောက်ရှိ လောကတ်သစ်သားရုပ်ထုရှေ့မှ လက်ဖက်ရည်

ခွက်အတွင်းသို့ စီးဝင်နေသည်။

ထိုရုပ်ထုမှာ လက်ဖဝါးတစ်ဝက်ခန့်သာ ရှိသော်လည်း ယခုအခါ မိန်းမပျိုလေးတစ်ဦး၏ ပုံပန်းသဏ္ဌာန် ထင်ဟပ်လာကာ ကြည့်မိသူတိုင်းကို ကျောချမ်းဖွယ် အငွေ့အသက်များ ပေးစွမ်းနေသည်။

"နင်ကတော့ တကယ့်ကို အသေမကြောက်တဲ့ကောင်ပဲ..."

ပိန်ချောင်ကာ သွေးမရှိသလို ဖြူဖျော့နေသော ကျောက်ဖေးကိုကြည့်ရင်း ရက်စက်ပြီး အတ္တကြီးလှသော မာရှန်းကူပင် တုန်လှုပ်နေမိသည်။

ယင်ကလေး ဝိညာဉ်ထိန်းချုပ်ခြင်းအတတ်အရ အရည်အချင်းပြည့်မီသော ယင်ကလေးတစ်ယောက် ဖန်တီးရန် ၄၉ ရက်တိုင်တိုင် မပြတ်မကွက် ထုံးတမ်းစဉ်လာအတိုင်း ပြုလုပ်ရသည်။ အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါက အားလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။

ထိုစဉ်က မာရှန်းကူကိုယ်တိုင် ဤအဆင့်သို့ရောက်ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။

သို့သော် ဖြတ်လမ်းနည်းလည်း ရှိသေး၏။

၎င်းမှာ မိမိ၏ နှလုံးသွေးဖြင့် နေ့စဉ် ဝိညာဉ်ကို ကျွေးမွေးရန်ဖြစ်ပြီး ဝိညာဉ်အတွင်း ယင်-ယန် ညီညွတ်စေရန် မိမိ၏ အသက်ဓာတ်နှင့် ဝိညာဉ်စွမ်းအားတို့ကို ဆက်တိုက် ထည့်ဝင်ပေးရခြင်း ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော် မိမိအသက်ကို လောင်းကြေးထပ်ကာ ဝိညာဉ်ကို မွေးမြူရခြင်း ဖြစ်၏။

မာရှန်းကူကို အကြောက်ဆုံးဖြစ်စေသည်မှာ ကျောက်ဖေးသည် ဖြတ်လမ်းကို ရွေးရုံသာမက သွေးထုတ်ယူသည့်နေရာတွင်ပါ အလွန်အမင်း ရူးသွပ်လှသောကြောင့် ဖြစ်သည်။

ဖြတ်လမ်းကို ရွေးသူများသည် အသိဉာဏ်နည်းသူ သို့မဟုတ် ရက်စက်သူများ ဖြစ်ကြ၏

သို့သော်လည်း ကျောက်ဖေးမှာမူ ရက်စက်သူတို့ထက် ပို၍ရက်စက်သောသူ ဖြစ်နေသည်။

သာမန်ရက်စက်သူသည် တစ်နေ့လျှင် နှလုံးသွေး တစ်ကြိမ်သာ ထုတ်သည်။

ကျောက်ဖေးမှာမူ တစ်နေ့လျှင် သုံးကြိမ်တိုင်တိုင် မိမိသွေးကို ထုတ်၍ ဝိညာဉ်ကို ကျွေးမွေးနေသည်မှာ ရက်ပေါင်း လဝက်ကျော်နေပြီ ဖြစ်သည်။

အကယ်၍ ဝိညာဉ်ကလေးကသာ ခံနိုင်ရည်ရှိမည်ဆိုလျှင် ဤကောင်သည် တစ်နေ့ကို အကြိမ်ပေါင်းများစွာ သွေးထုတ်ပေးရန် ဝန်လေးမည့်သူ မဟုတ်ပေ

မာရှန်းကူ တွေးနေမိသည်။

လက်ဖက်ရည်ခွက်ထဲတွင် သွေးများ ပြည့်လျှံသွားမှသာ ကျောက်ဖေးသည် မျက်နှာသေဖြင့် သံအပ်ကို ဆွဲထုတ်လိုက်၏။

"ငရဲလမ်းပွင့်စေ၊ ဝိညာဉ်ဖြတ်တောက်စေ၊ သွေးသည် ပဋိညာဉ်၊ ဝိညာဉ်သည် အာဟာရ... အဝါရောင်မြစ်က လမ်းပြစေ၊ မရဏကမ္ဘာက ခေါ်စေ... ငါသည် အရှင်သခင်၊ အရာအားလုံး ငါ့အမိန့်ကို နာခံစေ..."

ဂါထာကို သုံးကြိမ်ရွတ်ဆိုပြီးနောက်

ကျောက်ဖေးသည် သေဆုံးသူ၏ မွေးသက္ကရာဇ် ရေးထားသော အဝါရောင် စာရွက်တံဆိပ်ကို ရုပ်ထုရှေ့တွင် မီးရှို့လိုက်သည်။

ထိုစာရွက် မီးလောင်ကျွမ်းသွားသည်နှင့်

ခြံဝင်းအတွင်း၌ အေးစက်သော လေပွေတစ်ခု ရုတ်တရက် တိုက်ခတ်လာပြီး ပြာများကို ဝဲလှည့်သွားစေကာ ပြန်လည်ငြိမ်သက်သွား၏။

"ဖြစ်... ဖြစ်သွားပြီလား?”မာရှန်းကူ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ယခု မြင်တွေ့ရသော ဖြစ်ရပ်မှာ ယင်ကလေးကို အောင်မြင်စွာ ဖန်တီးနိုင်ခြင်း၏ နိမိတ်လက္ခဏာပင် ဖြစ်သည်။

တစ်လခွဲနီးပါး ကြိုးစားပြီးနောက်

ယနေ့ညတွင် ကျောက်ဖေးသည် ဝိညာဉ်ကို ယင်ကလေးအဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ပြီ ဖြစ်သည်။

မာရှန်းကူ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။

ကျောက်ဖေးသည် ရက်စက်သူတို့ထက် ရက်စက်ရုံသာမက လောကီမှော်အတတ်များတွင်လည်း ပါရမီထူးလွန်းလှသည်။

ဘယ်အရာမဆို တစ်ကြိမ်သင်ရုံဖြင့် တတ်မြောက်သူဖြစ်၏

မာရှန်းကူသည် သူမ၏ ဘဝတစ်လျှောက်လုံးကို အလဟဿ ဖြုန်းတီးခဲ့သလို ခံစားလိုက်ရသည်။

ကျောက်ဖေးသည် သူ၏ ရင်ဘတ်ထဲမှ အမြင်အာရုံဆေးရည်ကို ထုတ်ယူကာ မျက်ခွံပေါ်တွင် သုတ်လိမ်းလိုက်သည်။

အေးမြသော ခံစားမှုနှင့်အတူ လေထဲတွင် လွင့်မျောနေသော အသက် ၂ နှစ်၊ ၃ နှစ်အရွယ် မိန်းကလေးငယ်၏ ဝိညာဉ်ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။

"လျိုရှောင်ဟွာ... ပြန်လာခဲ့တော့။"

ကျောက်ဖေးက တိုးညှင်းစွာ အမိန့်ပေးလိုက်သည်။

လျိုရှောင်ဟွာက သူအသက်ရှင်စဉ်က အမည်ပင်ဖြစ်၏

ထိုအမိန့်ကိုကြားသည်နှင့် ယင်ကလေး လျိုရှောင်ဟွာသည် ယင်စွမ်းအင်အဖြစ် ပြောင်းလဲကာ သစ်သားရုပ်ထုအတွင်းသို့ တိုးဝင်သွားတော့သည်။ ယခုအခါ ၎င်းကို ယင်ကလေးရုပ်ထုဟု ခေါ်ဆိုနိုင်ပြီဖြစ်သည်။

ကျောက်ဖေးသည် ရုပ်ထုကို ကိုင်ကြည့်လိုက်ရာ ယခင်နှင့်မတူဘဲ မိမိနှင့် ဝိညာဉ်အကြား ဆက်နွှယ်မှုကို ခံစားလိုက်ရသည်။

သန့်စင်ထားပြီးဖြစ်သော်လည်း

အသစ်စက်စက် ဖန်တီးထားသော ယင်ကလေးမှာ အလွန်နုနယ်သေးသည်။ နေရောင်ခြည်နှင့် မိနစ်ပိုင်းမျှ ထိတွေ့ရုံဖြင့် လောင်ကျွမ်းသွားနိုင်၏

ဥပမာအားဖြင့် - ပြင်းထန်သော လေပြင်းတစ်ချက် တိုက်ခတ်ရုံမျှဖြင့်ပင် ထိုဝိညာဉ်ကလေး၏ ဝိညာဉ်ဓာတ်မှာ လေထဲ၌ လွင့်စဉ်ပျောက်ကွယ်သွားနိုင်ပေသည်။

ကျင့်ကြံသူများ၏ ပြင်းထန်သော သွေးစွမ်းအင်ရှေ့တွင်လည်း ကြေပျက်သွားနိုင်သည်။

လောလောဆယ်တွင် သူသည် သတင်းပေးရုံလောက်သာ တတ်နိုင်သေးသော်လည်း ဆက်လက်မွေးမြူသွားပါက အစွမ်းထက်လာပေလိမ့်မည်။

သို့သော်လည်း ဆက်လက်၍ မွေးမြူအားဖြည့်ပေးသွားမည်ဆိုပါက ထိုယင်ကလေး သည် ကျင့်စဉ်အဆင့်အတန်း တစ်ခုသို့ ရောက်ရှိလာသည်နှင့်အမျှ ပိုမိုကြီးမားသော စွမ်းပကားများကို ထုတ်ဖော်ပြသနိုင်မည်မှာ အမှန်ပင်ဖြစ်သည်။

ကျောက်ဖေးသည် ယင်ကလေးရုပ်ထုကို ယူ၍ သူ၏ ရင်ဘတ်အတွင်း၌ ကိုယ်နှင့်မကွာ သိမ်းဆည်းလိုက်သည်။ ထို့နောက် မာရှန်းကူဘက်သို့ လှည့်ကာ “ကျွန်တော်အတွက် ခရီးဆောင်ရိက္ခာတချို့ ပြင်ပေးပါ။" ဟု ပြောလိုက်၏။

မာရှန်းကူမှာ ခဏမျှ မှင်တက်သွားပြီးမှ အခြေအနေကို သဘောပေါက်သွားကာ "နင်... နင် ထွက်သွားတော့မလို့လား?" ဟု မေးလိုက်သည်။

ကျောက်ဖေးက ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပြီ... ငါ အိမ်စေကို အခုပဲ သွားပြင်ခိုင်းလိုက်မယ်။"

မာရှန်းကူသည် သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိသည်။ သန်းခေါင်ယံအချိန် ဖြစ်သော်လည်း ဂရုမစိုက်နိုင်တော့ဘဲ တံခါးကို ခေါက်ကာ အိမ်ရှိ အစေခံနှစ်ယောက်ကို နှိုး၍ ခိုင်းစေတော့သည်။

သူမသည် ကျောက်ဖေးအပေါ် စေတနာရှိ၍ ဤသို့ ကူညီနေခြင်းမဟုတ်ပေ။

သူမသည် ဤရူးသွပ်ပြီး ရက်စက်လှသော လူငယ်ကို အမှန်တကယ်ပင် ကြောက်ရွံ့နေခြင်းဖြစ်ပြီး သူ့အား အမြန်ဆုံး နှင်ထုတ်ချင်လှပြီ ဖြစ်သည်။

အကြောင်းမှာ သူမ သိထားသလောက် အလောင်းကို အစေခံဖြစ်အောင် ပြုစားသည့်အတတ်ဟူသော လောကီမှော်အတတ် တစ်မျိုးရှိရာ ကျောက်ဖေးကဲ့သို့ စွမ်းအားရှိသူက သူမကို ထိုသို့ ပြုစားသွားမည်ကို စိုးရိမ်နေမိခြင်း ဖြစ်သည်။

ငါးရက်ကြာပြီးနောက်။

ကျန်းလင်းခရိုင် တောင်ဘက်ရှိ ပန်းဘဲဖိုအတွင်း။

ကျောက်ဖေးသည် အနားယူဆောင်ရှိ ကုတင်ပေါ်၌ တင်ပလ္လင်ခွေ ထိုင်နေ၏။

ရုတ်တရက် သူ၏ စိတ်အာရုံ၌ ထိုးထွင်းသိမြင်မှုတစ်ခု ရရှိလာခဲ့သည်။

လေထုထဲတွင် လွင့်မျောနေသော ကြယ်ပွင့်များအလား တောက်ပနေသည့်သို့မဟုတ် နေရောင်အောက်မှ သတ္တုမှုန်လေးများအလား ဝင်းလက်နေသည့် အဖြူရောင် အစက်အပြောက်ပေါင်းများစွာကို သူ မြင်တွေ့လိုက်ရသည်။

ဤအဖြူရောင် အစက်အပြောက်လေးများသည်ကား သတ္တုဓာတ်

အဆီအနှစ်များပင် ဖြစ်သည်။

ကျောက်ဖေး၏ စိတ်အာရုံစိုက်ရာ ၅ မီတာ ပတ်လည်အတွင်းရှိ ဓာတ်ကြီးငါးပါး စွမ်းအင်တို့သည် သူ၏ထံသို့ အဆက်မပြတ် စီးဝင်လာသည်။

ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါငါးပါးအနက် အဆုတ်နှင့် အူမကြီးသည် သတ္တုဓာတ်နှင့် သက်ဆိုင်ပြီး၊ အာရုံငါးပါးတွင် နှာခေါင်းသည် သတ္တုဓာတ်နှင့် သက်ဆိုင်ပေသည်။

ကျောက်ဖေးသည် သူ၏ ခန္ဓာကိုယ်အတွင်းကို အာရုံဖြင့် ပြန်လည်ကြည့်ရှုကာ ပြောင်းလဲမှုများကို ခံစားကြည့်လိုက်သည်။

ရွှေရောင်သတ္တု စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ကာ အဆုတ်

အတွင်း၌ စုစည်းသွားကြသည်။

သူ၏ အဆုတ်မှာ သတ္တုရောင် ထင်ဟပ်လာပြီး အသက်ရှူလိုက်တိုင်းတွင် ထက်ရှသော အငွေ့အသက်များ ပါဝင်နေသလို ခံစားရသည်။

ဤအခိုက်အတန့်တွင် ကျောက်ဖေး၏ ခန္ဓာကိုယ်အတွင်း၌ ဓာတ်ကြီးငါးပါး စွမ်းအားတို့သည် အထွက်အထိပ်သို့ ရောက်ရှိသွားကာ သံသရာလည်ပတ်မှုတစ်ခု ဖြစ်ပေါ်လာသည်။

သစ်က မီးကိုဖြစ်စေ၊ မီးက မြေကိုဖြစ်စေ၊ မြေက သတ္တုကိုဖြစ်စေ၊ သတ္တုက ရေကိုဖြစ်စေ၊ ရေက သစ်ကိုဖြစ်စေ

ဓာတ်ကြီးငါးပါးတို့သည် အဆုံးမရှိသော စီးဆင်းမှုဖြင့် အပြန်အလှန် အကျိုးပြုကြကာ သူ၏ ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်စွမ်းအင် ဝဲဂယက်တစ်ခုကို ဖန်တီးလိုက်သည်။

ကျောက်ဖေး ကျင့်ကြံခြင်းကို ရပ်တန့်ထားလျှင်ပင်

ပတ်ဝန်းကျင်ရှိ ဓာတ်ကြီးငါးပါး စွမ်းအင်တို့သည် သူ့ထံသို့ အလိုအလျောက် စုစည်းလာပြီး ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားကို တိုးမြင့်ပေးနေမည် ဖြစ်သည်။

ဓာတ်ကြီးငါးပါး အပြန်အလှန် အကျိုးပြုခြင်း၏ နက်နဲသော လျှို့ဝှက်ချက်ကို သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။

ကျောက်ဖေးသည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏

ဝေးလံသော လမ်းထောင့်မှ အစားအစာရနံ့၊ ပန်းဘဲဖို နောက်ဖေးခြံဝင်းမှ သံချေးနံ့နှင့် မြေကြီး၏ ရနံ့တို့မှာ ယခင်ကထက် ပိုမိုစူးရှကြည်လင်စွာ ခံစားနေရသည်။

အထူးသဖြင့် ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအင်လည်ပတ်မှုမှာ အလွန် သိသာလာသည်။

သွေးစွမ်းအင်များသည် အဆုတ်အနီးသို့ ဖြတ်သန်းသွားသည့်အခါတိုင်း စမ်းသပ်မှုပေါင်းများစွာကို ကျော်ဖြတ်ပြီးမှ ထွက်ပေါ်လာသော သံမဏိများအလား ပိုမိုသိပ်သည်းပြီး ထက်ရှလာသည်။

ကျောက်ဖေး၏ စိတ်အာရုံတစ်ခုဖြင့်ပင် သူ၏ ဟုန်ဟုန်တောက်နေသော သွေးစွမ်းအင်များသည် ဆယ်ပုံတစ်ပုံခန့်အထိ ကျုံ့ဝင်သိပ်သည်းသွားတော့သည်။

"အဆင့် ၇ “

ကျောက်ဖေးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ သိပ်သည်းလှသော သွေးစွမ်းအင်များ လက်သီးထံ ချက်ချင်း စုရုံးလာသည်။

ဗုန်း

လက်သီးတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ထူထဲလှသော ကုတင်သစ်သားပြားကြီးသည် အပေါက်ကြီး ဖြစ်သွားတော့သည်။

သွေးစွမ်းအင် ပမာဏမှာ မပြောင်းလဲသော်လည်း

သိပ်သည်းသွားသောကြောင့် သူ၏ ပေါက်ကွဲအားမှာ ယခင်ထက် များစွာ ပိုမိုပြင်းထန်သွားပြီ ဖြစ်သည်။

အခန်း ၈၀ - ငါ အိမ်လခလာတောင်းတာ

ကိုယ်ခံပညာရှင်တစ်ဦးသည် အဆင့် ၇ သို့ ရောက်ရှိသွားပါက ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအင်များကို သိပ်သည်းစေနိုင်သည်။

တူညီသော သွေးစွမ်းအင်ပမာဏဖြစ်သော်လည်း ပိုမိုသိပ်သည်းသွားသည့်အခါ ထုတ်ဖော်နိုင်သော စွမ်းအားမှာ အဆပေါင်းများစွာ သာလွန်သွားခြင်း ဖြစ်သည်။

ကျောက်ဖေးသည် သတ္တုဓာတ်စွမ်းအားကို နားလည် သဘောပေါက်သွားချေပြီ

ဖြတ်ကျော်ပြီးနောက် အဆင့် (၇)သို့ရောက်ရှိနေသည်။

အဆင့် ၇ အစောပိုင်းအဆင့်သို့ တရားဝင် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

အဆင့် ၇ အထွတ်အထိပ်သို့ ရောက်ရှိသော ပညာရှင်တစ်ဦးသည် သွေးစွမ်းအင်ကို မူလထက် တစ်ဝက်ခန့်အထိ ကျုံ့ဝင်သွားအောင် ဖိသိပ်နိုင်စွမ်း ရှိသည်။

ထို့ပြင် ကျောက်ဖေး၏ စိတ်ဝိညာဉ်စွမ်းအား မှာလည်း ယခင်ကထက် သိသိသာသာ ကြီးမားလာခဲ့သည်။

သူသည် စိတ်အာရုံတစ်ခုတည်းဖြင့်ပင် ကိုယ်ပွား ၁၀ ယောက်ကျော်ကို တစ်ပြိုင်နက် ဆင့်ခေါ်နိုင်လာရာ ပန်းဘဲဖိုအတွင်း၌ ၂၇ ယောက်ရှိနေ၏

ထို့အပြင် မြို့ပြင်တွင် ၃ ယောက်ရှိသေးပေသည်

စုစုပေါင်း ကိုယ်ပွား ၃၀ ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်သည်

ငါးရက်တိုင်တိုင် ပိတ်ထားခဲ့သော ပန်းဘဲဖိုကို ပြန်လည်ဖွင့်လှစ်ပြီးနောက်

ကျောက်ဖေးသည် မြို့ပြင်သို့ ထွက်လာခဲ့သည်။

မြို့အနောက်ဘက် မိုင်အနည်းငယ်အကွာရှိ တောအုပ်တစ်ခုတွင် မာရှန်းကူထံမှ ပြန်လာသော ကိုယ်ပွားက သူ့ကို စောင့်ကြိုနေ၏

ကျောက်ဖေးသည် ကိုယ်ပွားထံမှ ယင်ကလေးရုပ်ထုကို လွှဲပြောင်းယူလိုက်သည်။

ရုပ်ထုအတွင်းမှ ဝိညာဉ်နှင့် မိမိအကြား ဆက်နွှယ်မှုကို ခံစားလိုက်ရသည့်အခါမှ သူ စိတ်အေးသွားတော့သည်။

သူ ထင်ထားသည့်အတိုင်းပင်၊

ကိုယ်ပွားနှင့် မူလကိုယ်ထည်မှာ တစ်သားတည်းဖြစ်ေန၏

ကိုယ်ပွားမွေးမြူခဲ့သော ယင်ကလေးကို မူလကိုယ်ထည်ကလည်း တိုက်ရိုက်စေခိုင်း၍ ရပေသည်။

"လျိုရှောင်ဟွာ..."

သူ တိုးတိုးလေး ခေါ်လိုက်၏

ရုပ်ထုအတွင်းမှ အားနည်းလှသော မိန်းကလေးငယ်၏ ပုံရိပ်တစ်ခုသည် ယင်စွမ်းအင်အဖြစ် ပြောင်းလဲကာ ယင်ကလေးရုပ်ထုအတွင်းမှ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရပြီး သူမသည် ကျောက်ဖေး၏ ရှေ့တွင် ရပ်တန့်ကာ အမိန့်ကို စောင့်ကြိုနေ၏။

လျိုရှောင်ဟွာ၏ မျက်နှာထက်တွင် နာကျင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

သူမသည် သစ်ပင်ရိပ်အောက်၌ ရှိနေသော်လည်း ယခုမှာ နေမင်းကြီး ထွန်းလင်းတောက်ပနေသော နေ့ခင်းဘက်အချိန် ဖြစ်ပေသည်။

ထိုသို့သော ပတ်ဝန်းကျင် အခြေအနေမှာ သူမအား အလွန်အမင်း သက်သောင့်သက်သာမရှိဖြစ်စေကာ နာကျင်မှုကို ခံစားနေရသည်မှာ သိသာထင်ရှားလှပေသည်။

"ကောင်းပြီ... ပြန်ဝင်တော့။"

ကျောက်ဖေးသည် ယင်ကလေးကို နှိပ်စက်လိုစိတ် မရှိပေ။

သို့သော် သူ အံ့ဩသွားသည်မှာ ယခုတစ်ကြိမ်တွင် သူသည် အမြင်အာရုံဆေးရည်မသုံးဘဲနှင့်ပင် ဝိညာဉ်ကို သာမန်မျက်စိဖြင့် မြင်နေရခြင်း ဖြစ်သည်။

သူတွေးမိနေ၏

'ဒါ သစ်သားဓာတ် ကို နားလည်သွားလို့လား?'

ဓာတ်ကြီးငါးပါးတွင် မျက်စိသည် သစ်သားဓာတ်နှင့် သက်ဆိုင်၏

ယခင်က သူ သစ်သားဓာတ်ကို နားလည်ခဲ့စဉ်က အမြင်အာရုံ တိုးတက်လာပြီး ညကြည့်မှန်ဘီလူးကဲ့သို့ မြင်နိုင်စွမ်း ရရှိခဲ့သည်။

ယခုမူ ဝိညာဉ်များကိုပင် မြင်နိုင်စွမ်း ရလာပုံရသည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူ့အတွက်တော့ မျှော်လင့်မထားသော ဝမ်းမြောက်ဖွယ်ရာပင် ဖြစ်သည်။

ဤလောကသည် မိစ္ဆာများနှင့် ဘီလူးသရဲများ ကျင်လည်ကျက်စားရာ ထူးဆန်းသော ကမ္ဘာတစ်ခု မဟုတ်ပါလော

ဝိညာဉ်များကို မြင်နိုင်စွမ်းရှိခြင်းမှာ အလွန်ပင် အသုံးဝင်လှပေသည်။

ထိုသို့မဟုတ်ပါက မိမိကိုယ်ကိုမည်သို့အသတ်ခံလိုက်ရမှန်းပင်

မသိဘဲ အသက်ပျောက်သွားနိုင်ပေသည်။

အမှန်စင်စစ် ကျောက်ဖေးသည် သေခြင်းတရားကို မကြောက်သော်လည်း သူ၏ ရုပ်ခန္ဓာမှာမူ နာကျင်မှုဒဏ်ကို ကြောက်ရွံ့ပေသည်။

ကျောက်ဖေး ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ အိတ်ကပ်ထဲမှ ဂွမ်းစတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် ကိုယ်ပွားတစ်ခုကို ဆင့်ခေါ်ကာ ထိုကိုယ်ပွား၏ ရင်ဘတ်ကို လှီးဖြတ်၍ ထွက်ပေါ်လာသော နှလုံးသွေးများဖြင့် ဂွမ်းစကို ရွှဲနစ်အောင် စိမ်လိုက်လေသည်။

၎င်းနောက် သွေးစွန်းနေသော ဂွမ်းစဖြင့် ဝိညာဉ်ကလေးရုပ်ထုကို ရစ်ပတ်လိုက်၏။

ဝိညာဉ်ကလေးတစ်ယောက်ကို ရှင်သန်စေရန်အတွက် နေ့စဉ် လတ်ဆတ်သော သွေးများကို ကျွေးမွေးရသည်။

အနိမ့်ဆုံးအဆင့်တွင် ကြက်၊ ခွေး၊ ဝက်နှင့် သိုးကဲ့သို့သော တိရစ္ဆာန်သွေးများကို သုံးနိုင်ပေသည်။

ဥပမာအားဖြင့် မာရှန်းကူသည် တိရစ္ဆာန်သွေးကိုသာ အဓိက သုံးလေ့ရှိသည်။

၎င်းထက် ပိုကောင်းသော နည်းလမ်းမှာ လူသား၏ သွေးကို သုံးခြင်းပင် ဖြစ်သည်။

လူသား၏ သွေးထဲတွင်လည်း သာမန်သွေးများထက် ပိုမိုစွမ်းအားထက်မြက်သော အထူးသွေးများ ရှိသေးသည်။

ဥပမာအားဖြင့် အပျိုစင်သွေး၊ မင်္ဂလာမရှိသော နေ့ရက်၊ လ၊ နှစ်တို့တွင် မွေးဖွားသူများ၏ သွေး စသည်တို့ ဖြစ်ကြသည်။

အချို့သော မိစ္ဆာဘီလူးများ၏ သွေးတွင် ဝိညာဉ်စွမ်းအင်များ ပါဝင်နေတတ်ရာ လူသားသွေးထက်ပင် ပိုမိုအာနိသင် ရှိတတ်သည်။

သို့သော်လည်း အထက်တွင် ဖော်ပြခဲ့သော မည်သည့်သွေးမှ အရှင်သခင်၏ နှလုံးသွေးကို မယှဉ်နိုင်ပေ။

ယင်ကလေးတစ်ယောက်ကို မွေးမြူရန်အတွက် အရှင်သခင်၏ နှလုံးသွေးသည် အကောင်းဆုံး အာဟာရဖြစ်ပြီး ယင်ကလေးက ပြည့်ဝစွာ စုပ်ယူနိုင်ပေသည်။

ထို့အပြင် အရှင်သခင်၏ သွေးအရည်အသွေး မြင့်မားလေလေ၊ အကျိုးသက်ရောက်မှု ပိုမိုကောင်းမွန်လေလေ ဖြစ်သည်။

နေ့စဉ် လိုအပ်သော သွေးကျွေးမွေးမှုအပြင်၊ ယင်ကလေးသည် အခြားသော ယင်ဝိညာဉ် များကို ဝါးမြိုခြင်းဖြင့်လည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ ယင်စွမ်းအင်ကို အားဖြည့်ကာ ကျင့်စဉ်အဆင့်ကို တိုးမြှင့်နိုင်သည်။

ဥပမာအားဖြင့် မာရှန်းကူ မွေးမြူထားသော ယင်ကလေးမှာ နှစ်ပေါင်းများစွာအတွင်း ဝိညာဉ်ပေါင်း ဒါဇင်နှင့်ချီ၍ ဝါးမြိုခဲ့ပြီးမှ ယခုကဲ့သို့ ကျင့်စဉ်အဆင့် ရောက်လာခြင်း ဖြစ်သည်။ ၎င်းသည် စက္ကူရုပ်များ သို့မဟုတ် စက္ကူမြင်းများအတွင်း ပူးဝင်၍ အမှုကိစ္စများကို ဆောင်ရွက်နိုင်စွမ်း ရှိလာရာ မာရှန်းကူ၏ အကြီးမားဆုံးသော အားကိုးရာ ဖြစ်လာခဲ့သည်။

ယင်ကလေးရုပ်ထုကို သိမ်းဆည်းပြီးနောက်

ကျောက်ဖေးသည် လာခဲ့သည့် လမ်းအတိုင်း ကျန်းလင်းမြို့သို့ ပြန်လာခဲ့သည်။

နေ့ခင်း ၃ နာရီခွဲခန့်သာ ရှိသေးသည်။

သူသည် ပျံလွှားသိုင်းကျောင်းသို့ မပြန်သေးဘဲ မြို့တောင်ဘက်ရှိ ကျိုးပေါ်၏ နေအိမ်သို့ ဦးတည်လိုက်သည်။

လွန်ခဲ့သော နှစ်လက ကျိုးပေါ်သည် ထိုအိမ်ကို ကျောက်ဖေးအား အခမဲ့ ငှားရမ်းခဲ့သော်လည်း နောက်ပိုင်းတွင် ဝံပုလွေနက်ဂိုဏ်းက အတင်းအဓမ္မ သိမ်းပိုက်ထားခဲ့သည်။

ကျောက်ဖေးမှာ ထိုစဉ်က ဤကိစ္စကို ဖြေရှင်းရန် အလွန်ပင် အလုပ်များနေခဲ့သည်။

ယခုမူ သူသည် ကျန်းလင်းခရိုင်မှ ထွက်ခွာရန် စီစဉ်နေပြီဖြစ်ရာ ကျိုးပေါ်တို့ ဇနီးမောင်နှံ၏ ကျေးဇူးကို ဆပ်သည့်အနေဖြင့် ဤကိစ္စကို အပြတ်အသတ် ရှင်းလင်းပေးလိုခြင်း ဖြစ်သည်။

ကျောက်ဖေး ခြံဝင်းတံခါးကို တွန်းဖွင့်ဝင်လိုက်သောအခါ ဝံပုလွေနက်ဂိုဏ်းသား သုံးယောက်မှာ တန်ဖိုးနည်းအရက်အိုးကို ဝိုင်းကာ သောက်စားပျော်ပါးနေကြသည်။

"ဘယ်ကကောင်လဲဟ? တံခါးမခေါက်ဘဲ ဇွတ်ဝင်လာရအောင် ဒါ ဘယ်နေရာလဲဆိုတာ သိရဲ့လား”

မျက်နှာတွင် ခက်ထန်သော အမူအရာရှိသည့် ထွားကျိုင်းသော လူတစ်ယောက်က သူ၏ အရက်ခွက်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး ရန်လိုသော အမူအရာဖြင့် ထရပ်လိုက်သည်။

ကျောက်ဖေးက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်၏။ တစ်ချိန်က သပ်ရပ်ခဲ့သော ခြံဝင်းမှာ ယခုအခါ ရှုပ်ပွနေပြီး အုတ်ခဲများမှာလည်း ကျိုးပဲ့ပျက်စီးနေကာ သွေးကွက်များပင် ထင်ကျန်နေဆဲ ဖြစ်သည်။

ကျောက်ဖေးက လှောင်ပြုံးပြုံးလျက်” ငါ့အိမ်ထဲ ကျူးကျော်ဝင်နေပြီး ငါက ဘယ်သူလဲ မေးနေသေးတာလား... မင်းတို့အားလုံး အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်"

"မင်းတို့ရဲ့ ဂိုဏ်းခွဲခေါင်းဆောင် ကျောက်သုန်းလေ့ဆီ ခေါ်သွားစမ်း၊ ငါ သူနဲ့ အိမ်လခအတိုးကိစ္စ ပြောစရာရှိတယ်"

"ဘာ...”

ထိုလူသုံးယောက်မှာ ခဏမျှ မှင်တက်သွားပြီးနောက် ရုတ်တရက် တဟားဟား ရယ်မောတော့သည်။

လူအုပ်စု၏ ခေါင်းဆောင်ဖြစ်သူ အမာရွတ်နှင့်လူက သံမဏိဓားကို ဆွဲကိုင်လိုက်ပြီး “မင်းကိုယ်မင်း ဘာကောင်မှတ်နေလဲ... အရူးပဲ၊ မင်းတော့ သေချင်နေပြီ ထင်တယ်..."

ပြောပြောဆိုဆိုနှင့်ပင် သူသည် ကျောက်ဖေးထံသို့ တစ်လှမ်းချင်း လှမ်းလာသည်။

သို့သော် သူ၏ စကားလုံးတို့မှာ ရုတ်တရက် ရပ်တန့်သွား၏။

ဘုန်း

ကျောက်ဖေး၏ ကန်ချက်ကြောင့် အမာရွတ်နှင့်လူမှာ မီတာအတော်ကြာ လွင့်ထွက်သွားပြီး ခြံအလယ်ရှိ သစ်ပင်ကြီးကို ပြင်းထန်စွာ ဝင်တိုက်မိသွားတော့သည်။

ထိုရိုက်ခတ်မှုကြောင့် သစ်ကိုင်းနှင့် သစ်ရွက်များပင် မြေပြင်ပေါ်သို့ ကြွေကျလာ၏။

အမာရွတ်ဖြင့်လူသည် အသက်ရှူပင် မဝတော့ဘဲ ညည်းတွားနေရကာ ပြန်မထနိုင်တော့ပေ။

"ကျင့်... ကျင့်ကြံသူလား”

ကျန်ရှိနေသော ဂိုဏ်းသားနှစ်ယောက်သည် မျက်နှာပျက်သွားကာ ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားကြသည်။

ဤကဲ့သို့သော ပညာရှင်မျိုးကို သူတို့ မည်သို့မျှ မယှဉ်နိုင်ကြောင်း သိလိုက်ရသဖြင့် သူတို့ရှေ့တွင် သေလမ်းသာ ရှိတော့သည်။

"လမ်းပြစမ်း..."

ကျောက်ဖေးက တည်ငြိမ်စွာ ပြောလိုက်သည်။ "မဟုတ်ရင် မင်းတို့ကို ဟို ရေတွင်းထဲ မောင်ပိုင်စီးပြီး ထည့်ပစ်လိုက်မယ်"

၁၅ မိနစ်ခန့် အကြာတွင်။

ကျောက်သုန်းလေ့သည် သူ၏ ကိုယ်ပိုင်ခြံဝင်းအတွင်း၌ အသစ်ရရှိထားသော ကိုယ်လုပ်တော်လေးကို ဖက်ကာ အရက်

တိုက်နေ၏။

သူ၏ ဘေးပတ်ပတ်လည်တွင်လည်း သူ၏ တပည့်တပိုင်များ ဝန်းရံနေကြသည်။

အားလုံးမှာ အရက်ခွက်ချင်း တိုက်ကာ ပျော်ပါးနေကြစဉ်

ရုတ်တရက် "ဒုန်း" ခနဲ မြည်သံနှင့်အတူ ခြံဝင်းတံခါးကြီးမှာ ကန်ဖွင့်ခြင်း ခံလိုက်ရသည်။

ခြံထဲရှိ လူအားလုံး လန့်ဖျပ်သွားကြပြီး အလိုအလျောက်ပင် သူတို့၏ လက်နက်များကို ဆွဲကိုင်လိုက်ကြ၏။

သို့သော် ဝင်လာသူမှာ အသက် ၂၀ ခန့်သာ ရှိသေးသော လူငယ်တစ်ဦးဖြစ်ကြောင်း မြင်လိုက်ရသည့်အခါမှ စိတ်အေးသွားကြသည်။

ကျောက်သုန်းလေ့က စားပွဲကို ဝုန်းခနဲ ရိုက်လိုက်ပြီး အော်ဟစ်လိုက်၏။ “ဘယ်က ကလေးလဲ? ဒါ ဘယ်နေရာလဲဆိုတာ သိရဲ့လား၊ ငါ့နေရာမှာ လာရမ်းကားရအောင် မင်း အသက်ဘယ်နှချောင်း ပါလဲ”

ကျောက်ဖေး၏ အကြည့်သည် ခြံဝင်းအတွင်းသို့ ဝေ့ဝဲကြည့်လိုက်ပြီး ကျောက်သုန်းလေ့ထံ၌ ရပ်တန့်သွားသည်။

"မင်းက ကျောက်သုန်းလေ့လား?"

ကျောက်တုန်းလေ့က နှာခေါင်းရှုံ့ကာ "အေး... ငါပဲ၊ မင်းအဖိုး ကျောက်သုန်းလေ့ပဲ၊ မင်း ဒီနေ့ စကားကောင်းကောင်း မပြောနိုင်ရင်တော့ ဒီခြံထဲကနေ ခြေထောက်နှစ်ချောင်းနဲ့ ပြန်ထွက်ရဖို့ မစဉ်းစားနဲ့တော့"

ကျောက်ဖေးက ခပ်တိုးတိုး ရယ်မောလိုက်ပြီး “တကယ်တော့ ငါ ဒီကိုလာတာ ကိစ္စက ရိုးရိုးလေးပါ။ မင်းနဲ့ စာရင်းလေး တစ်ချို့ ရှင်းချင်လို့။ မင်းတို့ ဝံပုလွေနက်ဂိုဏ်းက ငါ့အိမ်ကို သိမ်းထားတာ တော်တော်ကြာပြီဆိုတော့... အိမ်လခလေး ဘာလေး ပေးသင့်တယ် မလား?"

"သူတို့က မင်းရဲ့ ခြံကို သိမ်းထားတယ် ဟုတ်လား?"

ကျောက်သုန်းလေ့မှာ ခဏမျှ အံ့သြသွားပြီးနောက် ပြုံးစိစိဖြင့် လှောင်ပြောင်မေးမြန်းလိုက်သည်။ "အို... အိမ်လခ လာတောင်းတာပေါ့? အေးလေ... မင်းက ဘယ်လောက် လိုချင်လို့လဲ?"

ကျောက်ဖေး၏ စကားကို ကြားရသည့်အခါ ကျောက်သုန်းလေ့သည် သူ့ကို ပို၍ပင် အထင်သေးသွားတော့သည်။

နှစ်ပေါင်းများစွာအတွင်း ဝံပုလွေနက်ဂိုဏ်းမှာ မိုက်ကြေးခွဲခြင်း၊ လုယက်ခြင်းတို့ဖြင့်သာ ကြီးစိုးလာခဲ့ရာ ကျေးဇူးတရားဟူသည်ကို မေ့လျော့နေပြီ ဖြစ်သည်။

ထို့ပြင် သူတို့ဂိုဏ်းသည် အရှိန်အဝါရှိသော လူကုံထံများကို ရန်မစတတ်ပေ။

ဤခြံဝင်းကို သိမ်းထားနိုင်သည်ဆိုကတည်းက ရှေ့က လူငယ်သည် မည်သည့် နောက်ခံမှ မရှိကြောင်း သူ သေချာပေါက် တွက်ဆထားသည်။

"သိပ်မများပါဘူး... တစ်လကျော်စာအတွက် ငွေစင် တစ်သောင်း ပေးရင် ရပြီ"

ကျောက်ဖေးက ခပ်အေးအေးပင်

ပြောလိုက်သည်။

"တစ်လကျော်စာကို တစ်သောင်း? ဟားဟား... မင်းတော့ လောဘတက်ပြီး ရူးသွားပြီ ထင်တယ်”

ကျောက်သုန်းလေ့က ရက်စက်စွာ ပြုံးလိုက်သည်။

ခြံဝင်းအတွင်း၌လည်း တဟားဟား ရယ်မောသံများ ဟိန်းထွက်သွားတော့သည်။

အခန်း ၈၁ - ကျန်းလင်းခရိုင်မှ ထွက်ခွာခြင်း

မျက်နှာကို အထူးအပြင်အဆင် ပြင်ထားသော အမျိုးသမီးတစ်ဦးသည် လူးလွန့်ကာ ထရပ်လိုက်ပြီး သူမ၏ နီရဲနေသော လက်သည်းများဖြင့် ကျောက်ဖေးကို ညွှန်ကာ ပြောဆိုလိုက်

သည်။ "သခင်ကြီး... ဒီကောင်လေးက တော်တော်လေး ချောတာပဲ။ သူ့ကို ကျွန်မဆီမှာ အပျော်အပါးဖော်အဖြစ် ပေးထားပါလားရှင့်"

ကျောက်ဖေးသည် ထိုအမျိုးသမီး၏ ထူထဲသော မိတ်ကပ်များအောက်မှ ဖုံးကွယ်မရသည့် အရေးအကြောင်းများကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ကြိုးဆွဲချသေထားတဲ့ သရဲမနဲ့တူတာကို... နေ့ခင်းကြောင်တောင်ကြီးမှာ ဘယ်လိုတောင် ထွက်ပြရဲတာလဲ?"

အမျိုးသမီး၏ မျက်နှာအမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး သူမ၏ အင်္ကျီလက်ထဲမှ အဆိပ်လူးထားသော ဓားမြှောင်တိုနှစ်စင်းမှာ ရုတ်တရက် လျှောထွက်လာသည်။

သူမသည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ အရှိန်ဖြင့် ပြေးထွက်လာတော့သည်။

ကျောက်ဖေးသည် မျက်တောင်ပင် မခတ်ဘဲ သူမ၏ မျက်နှာကို ဖြတ်ခနဲ ရိုက်ချလိုက်သည်။

ပြင်းထန်သော "ဖြောင်း" ဟူသည့် ရိုက်သံနှင့်အတူ ထိုအမျိုးသမီးမှာ ဝေ့ရမ်းသွားပြီး သူမ၏နောက်ကွယ်ရှိ စားသောက်ပွဲစားပွဲကို တိုက်မိကာ လဲကျသွားသည်။ သူမ၏ ပါးစပ်ထဲမှ သွေးများနှင့် အမြှုပ်များ ရောနှောနေသော ကျိုးပဲ့နေသည့် သွားများသည် ကြမ်းပြင်တစ်ခုလုံးကို ပန်းထွက်သွားလေသည်။

ခြံဝန်းအတွင်း ပျံ့လွင့်နေသော ရယ်မောသံများမှာ ရုတ်ချည်း ရပ်တန့်သွား၏။

ကျောက်သုန်းလေ့သည် ယခုအခါ အရက်အနည်းငယ် နိုးသွားပြီး သူ၏ ဝိုင်ခွက်ကို ဖြည်းညှင်းစွာ ချလိုက်ကာ သတိထားပြီး မေးလိုက်သည်။ "မင်း... တကယ်တော့ ဘယ်သူလဲ?"

"အမှိုက်တစ်သိုက်ပဲ... အားလုံး တစ်ခါတည်း တိုက်ခိုက်ကြစမ်းပါ"

ကျောက်ဖေးက စိတ်မရှည်စွာဖြင့် ကြားဖြတ်ပြောလိုက်သည်။ "ငါ့အချိန်တွေကို မဖြုန်းနဲ့တော့"

ကျောက်သုန်းလေ့က ခက်ထန်သော မျက်နှာထားဖြင့် လက်ဟန်တစ်ခု ပြလိုက်သည်။

ပတ်ဝန်းကျင်ရှိ လူများအားလုံး လက်နက်များကို အသီးသီး ထုတ်လိုက်ကြသည်။

စောစောက အပြင်အဆင် အလွန်အကျွံ ပြင်ထားသည့် အမျိုးသမီးမှာ သူအသစ်ခန့်ထားသော အစောင့်အရှောက်များထဲမှ တစ်ဦးဖြစ်ပြီး သူမ၏ အဆင့်မှာ နဝမအဆင့် နီးပါး ရှိသည်။

မထင်မှတ်ထားသည်မှာ သူမသည်ပင် ဤလူစိမ်းကို မယှဉ်နိုင်ခဲ့ပေ။

ကျောက်သုန်းလေ့သည် ယခုအခါ ပြိုင်ဘက်ကို အထင်မသေးရဲတော့ပေ။

သို့သော်လည်း ဤနေရာမှာ သူ၏ နယ်မြေသတ်မှတ်ချက်ပင် ဖြစ်သည်။

ဝင်လာသည့် ကောင်လေးသည် နဝမအဆင့် သိုင်းသမား ဖြစ်နေပါစေဦးတော့... သူ့ကို ဤတံခါးမှ ပြန်မထွက်သွားနိုင်အောင် တားဆီးနိုင်မည်ဟု သူယုံကြည်ချက် အပြည့်ရှိနေသည်။

လူမိုက်လောကမှာ စကားပုံတစ်ခု ရှိသည်။

မင်း ဘယ်လောက်ပဲ သန်မာနေပါစေ... နောက်လိုက်ညီအစ်ကို များပြားခြင်းထက် အရေးကြီးတာ ဘာမှမရှိဘူး ဆိုတာပင်။

သို့သော်လည်း ဤသိုင်းကျင့်ကြံသူများကို လူအုပ်စုကြီးဟု ခေါ်ဆိုလျှင်ပင် ပိုမည်မဟုတ်ပေ။

စစ်မှန်သော ဆရာတစ်ဦးနှင့် တွေ့ဆုံသောအခါ လူအုပ်ကြီးကြားထဲမှ ခေါင်းဆောင်၏ ဦးခေါင်းကို အလွယ်တကူ ဖြတ်ယူသွားနိုင်ဆဲပင်။

ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝ ပရမ်းပတာ ဖြစ်သွားပြီး တိုက်ပွဲတစ်ခု ဖြစ်ပွားတော့မည့် အခြေအနေသို့ ရောက်လာသည်။

လူအုပ်ကြီး ရှေ့သို့ တိုးမလာခင်မှာပင် ကျောက်ဖေးသည် အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ ပျံလွှားငှက်ရိပ် သိုင်းကွက်ကို အသုံးပြုကာ လျင်မြန်သော ဝိညာဉ်တစ်ခုကဲ့သို့ တဟုန်ထိုး ပြန်လည် တိုက်ခိုက်လေတော့သည်။

လမ်းပိတ်ထားသော မုတ်ဆိတ်မွေး ထူထူနှင့် သန်မာသော အမျိုးသားတစ်ဦးသည် ကျောက်ဖေး သူ့ဆီသို့ ပြေးဝင်လာသည်ကို မြင်သောအခါ သူ၏ ဓားရှည်ကို ဗီဇအရ မြှောက်လိုက်သည်။

သို့သော် သူ ဓားကို ခုတ်ချလိုက်သောအခါ လေဟာနယ်ကိုသာ ထိမှန်သွားတော့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင်...

ချွမ်

သူ့နောက်ကွယ်မှ သတ္တုချင်း ထိခိုက်သံတစ်ခု ထွက်ပေါ်လာသည်။

ကျောက်သုန်းလေ့နှင့် ကျောက်ဖေးတို့ ထိပ်တိုက် ရင်ဆိုင်မိကြခြင်း ဖြစ်သည်။

ကျောက်သုန်းလေ့မှာ ခြေလှမ်း လေးငါးလှမ်းခန့် နောက်သို့ ယိုင်သွားပြီး သူ၏ လက်ဖဝါးများ ထုံကျင်သွားကာ ဓားရိုးကို

ပင် လွတ်လုနီးပါး ဖြစ်သွားသည်။

သူ ထိတ်လန့်သွား၏။

သူတို့ အဆင်သင့် မဖြစ်သေးခင် ရုတ်တရက် ကာကွယ်လိုက်ရခြင်း ဖြစ်သော်လည်း...

ဤထိပ်တိုက်တွေ့ဆုံမှုက ဤလူငယ်၏ အင်အားမှာ သူနှင့် ယှဉ်လျှင် အဆမတန် သာလွန်နေသည်ကို သိရှိသွားစေသည်။

သူက အနည်းဆုံး အဋ္ဌမအဆင့်ပညာရှင်ပဲ ဖြစ်ရမယ်

သူ၏ ဝံပုလွေနက်ဂိုဏ်းမှ ခေါင်းဆောင်ပင်လျှင် ဤကောင်လေးလောက် အင်အားမကြီးနိုင်ဟု သူ ခံစားလိုက်ရသည်။

အမှန်စင်စစ် ကျောက်ဖေးသည် သိုင်းပညာကို လေ့ကျင့်နေသည်မှာ သုံးလပင် မပြည့်သေးပေ။ သူသည် နယ်ပယ်များကို တစ်ဆင့်ပြီးတစ်ဆင့် အဆက်မပြတ် ကျော်ဖြတ်လာနိုင်သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီနှင့် သွေး အင်အားစုစုပေါင်းမှာ အပြည့်အဝ စုဆောင်းနိုင်ခြင်း မရှိသေးပေ။

ကျောက်သုန်းလေ့ ဆက်လက် မစဉ်းစားနိုင်ခင်မှာပင်...

ကျောက်ဖေးသည် သူ၏ဓားကို နောက်တစ်ကြိမ် ခုတ်ချလိုက်ပြန်သည်။

ချွမ်

ဓားနှစ်စင်း ထပ်မံ ထိခိုက်မိကြသည်။

ကျောက်သုန်းလေ့၏ ဓားရှည်မှာ အလွယ်တကူပင် ဘေးသို့ လွင့်ထွက်သွားသည်။

ကျောက်ဖေးသည် သူ၏လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး ဓားကျောဘက်ဖြင့် ကျောက်

သုန်းလေ့၏ လည်ပင်း ညာဘက်ခြမ်းကို ရိုက်ချလိုက်သည်။

သူ ဤနေရာကို လာရခြင်းမှာ ဝံပုလွေနက်နက်ဂိုဏ်းနှင့် ဖြစ်နေသော ပဋိပက္ခကို ဖြေရှင်းရန်သာ ဖြစ်ပြီး သတ်ဖြတ်ရန် သီးသန့်ရည်ရွယ်ခြင်း မဟုတ်ပေ။

အမှန်တော့ ဤကဲ့သို့သော ဒေသခံဂိုဏ်းများတွင် အဆင့်ဆင့်သော အဖွဲ့ဝင်များစွာရှိပြီး ပတ်သက်ဆက်နွယ်မှုများမှာ ရှုပ်ထွေးလှသည်။

ကျောက်ဖေးသည် သဘာဝအတိုင်းပင် ကြောက်ရွံ့ခြင်း မရှိသော်လည်း...

သူသည် မကြာမီ ကျန်းလင်းခရိုင်မှ ထွက်ခွာတော့မည် ဖြစ်သည်။

ထို့ကြောင့် ကျိုးပေါ်နှင့် သူ၏ ဇနီးတို့အတွက် မလိုအပ်သော ပြဿနာများ မဖြစ်စေချင်ပေ။

"အား..."

ကျောက်သုန်းလေ့သည် သူ၏ လည်ပင်းတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး မအော်ဘဲ မနေနိုင်တော့ပေ။

ငါ သေပြီလား?

ငါ့... ငါ့ခေါင်း ပြုတ်ထွက်သွားပြီလား?

သူသည် မသိစိတ်ဖြင့်သာ တွေးနေမိခြင်းဖြစ်သည်။

သူ၏ကိုယ်ခန္ဓာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး သတိပြန်ဝင်လာတော့မှသာ တစ်ဖက်လူသည် ဓားရှည်ကို သူ၏လည်ပင်းတွင် ရိုးရိုးလေးပင် တေ့ထားခဲ့ခြင်းဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။

ဒဏ်ရာမှာ နက်ရှိုင်းပြီး ရောင်ကိုင်းနေကာ ကြည့်ရသည်မှာ တော်တော်ပင် ကြောက်စရာကောင်းလှသည်။

"သခင်ကြီး...”

ဝံပုလွေနက်ဂိုဏ်းမှ အခြားအဖွဲ့ဝင်များမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်ရှူမှားသွားကြသည်။

တိုက်ပွဲက မြန်ဆန်လွန်းစွာပင် ပြီးဆုံးသွားခဲ့သည်။

သူတို့ ရှေ့သို့ပင် မတိုးရသေးမီမှာပင် ဂိုဏ်းခွဲခေါင်းဆောင် ကျောက်သုန်းလေ့မှာ ကျောက်ဖေး၏လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

"ဒါ... ဒါကလည်း..."

"မယုံနိုင်စရာပဲ”

“ငါတို့ဂိုဏ်းက ဘယ်တုန်းက ဒီလောက် တောင့်တင်းတဲ့ပြိုင်ဘက်ကို သွားထိပါးမိလိုက်တာလဲ?"

"ဒီလောက်ငယ်ငယ်လေးနဲ့ ဒီလောက်သန်မာနေတာ၊ ဘယ်သူကများ သူ့ကိုသွားစရဲတာလဲ? သူတို့မှာ ဦးနှောက်ရော ရှိကြရဲ့လား?"

ဆယ်မိနစ်ခန့် ကြာပြီးနောက်။

ကျောက်ဖေးသည် ကျောက်သုန်းလေ့၏ ခြံဝန်းအတွင်းမှ တန်ဖိုးရှိသော ငွေစက္ကူ (၁၀,၀၀၀) ကို ကိုင်ဆောင်ကာ အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာခဲ့သည်။

"သခင်လေးကျောက်... လမ်းခရီးမှာ ဂရုစိုက်ပါဦးခင်ဗျာ..."

ကျောက်သုန်းလေ့နှင့် သူ၏လူတစ်စုသည် တံခါးဝတွင် ရပ်ကာ ပြုံးရွှင်စွာဖြင့် ဦးညွှတ်နှုတ်ဆက်ပြီး သူ့ကို လိုက်လံပို့ဆောင်နေကြသည်။

ဤလူသည် အမှန်တကယ်ပင် လူမိုက်လောကတွင် ဝါရင့်နေပြီဖြစ်သော မြေခွေးအိုကြီးတစ်ကောင်ပင်။

အရှုံးကို အလွယ်တကူ ဝန်ခံလိုက်ရုံသာမက သူတို့၏အသက်ကို ကယ်တင်ရန်အတွက်လည်း ငွေပေးချေခဲ့ကြသည်။

သူသည် ဤအခွင့်အရေးကို အသုံးချကာ ကျောက်ဖေးနှင့် မိတ်ဆွေဖွဲ့ပြီး ရင်းနှီးမှုတည်ဆောက်ရန်ပင် ကြိုးစားသေးသည်။

ဒါကတော့ သူ၏ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သော်လည်း...

ကျောက်ဖေးသည် သိုင်းသင်တန်းကျောင်းသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။

ပျံလွှားအဆောင်တွင် သူသည် နဝမအဆင့် သိုင်းသမား အဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြောင်း ချန်ယွမ်ရှန်းကို သတင်းပို့လိုက်သည်။

ထို့နောက် သူသည် ချန်ယွမ်ရှန်းနှင့်အတူ ချီနှင့် သွေး၏ စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းရှိမရှိ ထိုနေရာတွင်ပင် စမ်းသပ်ပြသခဲ့သည်။

"ဟဲဟဲ၊ မဆိုးပါဘူး။ မင်း နောက်ရက်အနည်းငယ်လောက်မှ ပြန်လာမယ်လို့ ငါထင်ထားတာ။ မင်းရဲ့ပါရမီကို ငါအထင်သေးမိသွားပုံပဲ”

ချန်ယွမ်ရှန်းက ရယ်မောရင်း ပြောလိုက်သည်။ "ဒါပေမဲ့ မောက်မာမနေဖို့ မင်းသတိထားရမယ်။ ကျန်းယွဲ့မြို့ကို ရောက်တဲ့အခါ ကျုံ့ကျုံ့ဝပ်ဝပ်နဲ့ ကြိုးစားအားထုတ်ရမယ်နော်"

"ဟုတ်ကဲ့ပါ ဆရာ"

ကျောက်ဖေးက လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။

ထို့နောက် ချန်ယွမ်ရှန်းသည် သင်တန်းနည်းပြအချို့ကို ညွှန်ကြားကာ သိုင်းသင်တန်းကျောင်းမှ တပည့်များကို စုဝေးစေပြီး ကျောက်ဖေးသည် သိုင်းသမားတစ်ဦးအဖြစ် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကာ သိုင်းသင်တန်းကျောင်းမှ ဂုဏ်ထူးဆောင် ဘွဲ့ရရှိခဲ့ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။

ကျောက်ဖေးသည် ဤကဲ့သို့ အလုပ်ရှုပ်မည့်ကိစ္စများကို မလုပ်ချင်သော်လည်း ဤသည်မှာ သိုင်းသင်တန်းကျောင်း၏ ရိုးရာအစဉ်အလာတစ်ခု ဖြစ်နေသောကြောင့် ပူးပေါင်းဆောင်ရွက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။

စင်အောက်ရှိ တပည့်များမှာ အလွန်ပင် တုန်လှုပ်အံ့သြသွားကြသည်။

ကျောက်ဖေးအပေါ် ထားရှိသော သူတို့၏ အကြည့်များမှာ လေးစားအားကျမှုများဖြင့် ပြည့်နှက်နေသည်။

ကျောက်ဖေးသည် သိုင်းသင်တန်းကျောင်းမှ ပထမဆုံး ဘွဲ့ရရှိသည့် တပည့်မဟုတ်သော်လည်း လပိုင်းအတွင်း နဝမအဆင့်သို့ တက်လှမ်းနိုင်သူမှာ သူတို့၏ စိတ်ကူးယဉ်မှုထက်ပင် သာလွန်နေပါသည်။

စင်အောက်ရှိ အမျိုးသမီးတပည့် အများအပြားမှာလည်း ကျောက်ဖေးကို ချစ်မြတ်နိုးသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

လူစုခွဲလိုက်သည်နှင့်...

ဆွဲဆောင်မှုရှိသော အမျိုးသမီးတပည့်တစ်ဦးက ကျောက်ဖေးဆီသို့ ဦးစွာပြေးလာပြီး ပြောလိုက်သည်။ "အစ်ကိုကြီးကျောက်... ညီမလေး ဒီရက်ပိုင်း ပျံလွှားငှက်ရိပ် သိုင်းကွက်ကို ကျင့်နေတာ၊ အဆင်မပြေဖြစ်နေလို့။ ညီမလေးကို နည်းနည်းလောက် သင်ပြပေးလို့ ရမလားဟင်?"

သူမ၏ မျက်လုံးများမှာ အရောင်တောက်နေပြီး ကျောက်ဖေးနားသို့ အတင်းကပ်နေတော့သည်။

"ဒီ အရှက်မရှိတဲ့ မြေခွေးမ”

အခြား အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးက တိုးတိုးလေး ဆဲဆိုလိုက်သော်လည်း လူအုပ်ကြားထဲမှ တိုးထွက်လာကာ "အစ်ကိုကြီးကျောက်၊ အစ်ကိုကြီးကျောက်... ညီမလေးမှာ လေထိန်းချုပ်ကျင့်စဉ်နဲ့ ပတ်သက်ပြီး မေးစရာလေးတွေ ရှိလို့ပါ။ ဒီည ညီမလေးကို လာပြီး လမ်းညွှန်ပေးလို့ ရမလားဟင်?"

ခဏချင်းအတွင်းမှာပင် ကျောက်ဖေးသည် အမျိုးသမီးတပည့် ခုနစ်ဦး၊ ရှစ်ဦးခန့်၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။

အမျိုးသားတပည့်များကတော့ အဝေးမှကြည့်ကာ မနာလိုစိတ်နှင့် အားကျစိတ်များ ရောထွေးနေကြသည်။

လှပသော အမျိုးသမီးများ၏ ဝိုင်းဝိုင်းလည် မြှောက်ပင့်ပေးခြင်းကို ခံရသောအခါ ကျောက်ဖေးမှာလည်း ကျေနပ်မိသည်။

သူသည်လည်း အမျိုးသမီးများကို ငြင်းပယ်နိုင်သည့် ရဟန္တာတစ်ပါး မဟုတ်သည့်အပြင် အစားအစာနှင့် ကာမဂုဏ်သည် လူ့သဘာဝပင်ဖြစ်သည်ဟု ရှေးလူကြီးများပင် ဆိုထားခဲ့သည်မဟုတ်ပါလား။

သို့သော် ကျောက်ဖေးတွင် မြင့်မားသော စံနှုန်းများရှိပြီး မည်သည့်အမျိုးသမီးကိုမဆို လက်ခံမည့်သူမဟုတ်ပေ။

သူ၌ မြင့်မြတ်သော ရည်မှန်းချက်များရှိပြီး နတ်ဘုရားများကို ရှာဖွေကာ တရားဓမ္မကို လေ့လာလိုသည့် ဆန္ဒရှိနေသည်။

ထို့ကြောင့် ကျောက်ဖေးသည် ညအချိန်တွင် အိမ်သို့လာရောက် လမ်းညွှန်ပေးရန် အမျိုးသမီးတပည့်များ၏ ဖိတ်ကြားချက်

အားလုံးကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။

လူအုပ်ကြားထဲမှ မတိုးနိုင်သော စွန်းဟူမှာတော့ လေ့ကျင့်ရေးကွင်း၏ ထောင့်တစ်နေရာမှ ငေးကြည့်နေရုံသာ တတ်နိုင်သည်။

သူက "တစ်နေ့ကျရင် အစ်ကိုကြီးကျောက်လို ဖြစ်နိုင်ပါစေ၊ မဟုတ်ရင်တောင် သူ့ရဲ့ တစ်ဝက်လောက်ပဲ ဖြစ်ရင်တောင် တော်ပါပြီ..." ဟု တိတ်တဆိတ် အားကျနေမိသည်။

"ဟေး... ကျားလေး၊ မင်း ဘာတွေ ငေးနေတာလဲ?"

ကျောက်ဖေးသည် သူ့ကို ဝိုင်းထားသော အမျိုးသမီးလူအုပ်ကြားမှ မည်သို့လွတ်လာသည်မသိ... စွန်းဟူ၏ ပုခုံးကို ပြုံးလျက် ပုတ်လိုက်ပြီး "လာစမ်း... မင်းရဲ့ ဓားသိုင်း ဘယ်လောက်တိုးတက်နေပြီလဲဆိုတာ ငါ့ကို ပြစမ်းပါဦး"

"ဟုတ်ကဲ့ပါ အစ်ကိုကြီး... ကျွန်တော့်ကို လမ်းညွှန်ပေးပါဦးခင်ဗျာ"

စွန်းဟူ၏ မျက်လုံးများမှာ အနည်းငယ် နီရဲလာသည်။ သူသည် သူ၏ အင်အားအားလုံးကို စုစည်းကာ အကွက်တိုင်းကို သေသေချာချာ စတင်လေ့ကျင့်ပြလေတော့သည်။ ဤသည်မှာ အစ်ကိုကြီးကျောက်ထံမှ နောက်ဆုံးအကြိမ် လမ်းညွှန်မှု ရယူခြင်းဖြစ်နိုင်ကြောင်း သူ၏နှလုံးသားထဲတွင် သိနေခဲ့သည်။

သိုင်းကျောင်းဆောင်တွင် တစ်ညတာ အိပ်စက်အနားယူခဲ့သည်။

နောက်တစ်နေ့ အရုဏ်တက်ချိန်၊ နေမင်းကြီး တောင်တန်းပေါ်သို့ မထွက်လာမီမှာပင် ကျောက်ဖေးသည် ချန်ချင်းစုန် ၊ ချန်ယွမ်ရှန်းနှင့် လီကမ်းအပါအဝင် သိုင်းနည်းပြအချို့၏ လိုက်ပါပို့ဆောင်မှုဖြင့် မြို့ပြင်ရှိ ကူးတို့ဆိပ်မှ လှေစီးကာ ကျန်းလင်းခရိုင်မှ ထွက်ခွါသွားခဲ့လေတော့သည်။

All Chapters