← Chapters

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အခန်း (၈၂-၈၄)

Vol. 6 Ch. 82-84

အခန်း ၈၂ သံဓားဂိုဏ်း

ကျန်းလင်းခရိုင်မှ စတင်ထွက်ခွာလာရာ ရေလမ်းခရီးဖြင့် မိုင်နှစ်ရာကျော် နှင်နှင်ခဲ့ရသည်။

ထို့နောက် ကုန်းလမ်းသို့ ပြောင်းလဲကာ နောက်ထပ် မိုင်တရာခန့် ခရီးဆက်ခဲ့ကြသည်။

ကျောက်ဖေးနှင့် သူ၏အဖော်ဖြစ်သူတို့ ကျန်းယွဲ့မြို့သို့ ရောက်ရှိချိန်တွင် တတိယမြောက်နေ့၏ မွန်းတည့်ချိန်ပင် ရောက်နေပြီဖြစ်သည်။

ဤနေရာသည် ခရိုင်အဆင့် မြို့တော်ဟူသော အမည်နှင့်အညီ အမှန်တကယ်ပင် ခမ်းနားလှပေသည်။

ကျန်းလင်းခရိုင်နှင့် နှိုင်းယှဉ်ပါက ကျန်းယွဲ့မြို့သည် သိသိသာသာ ပိုမိုစည်ကားဝေဖြာသည်။

ပေ ၁၀၀ ခန့်မြင့်မားသော ပြာလဲ့လဲ့ မြို့ရိုးကြီးသည် နဂါးကြီးတစ်ကောင်သဖွယ် ခွေပတ်ထားပြီး မြို့ရိုးပေါ်ရှိ "ကျန်းယွဲ့" ဟူသော စာလုံးနှစ်လုံးမှာ နံနက်ခင်းနေရောင်အောက်တွင် ရွှေရောင်တဝင်းဝင်း တောက်ပနေသည်။

ကျန်းလင်းခရိုင်၏ နိမ့်ပါးပြီး အက်ကြောင်းထနေသော ရွှံ့မြေတံတိုင်းများနှင့် ယှဉ်လျှင် ဤနေရာ၏ မြို့ရိုးများကို အုတ်ခဲနှင့် ကျောက်တုံးများဖြင့် စေ့စပ်သေချာစွာ တည်ဆောက်ထားသည်။ မြို့ရိုးထက်ရှိ မြှားစင်များပေါ်တွင် တပ်ဆင်ထားသည်မှာလည်း သာမန်လေးမြှားများ မဟုတ်ဘဲ အေးစက်သော အလင်းရောင်များ ထွက်ပေါ်နေသည့် လေးလံသော စက်လေးမြှားကြီးများ ဖြစ်ကြသည်။

မြို့ထဲသို့ ဝင်ရန် တန်းစီနေသော လူအုပ်ကြီးကြားတွင် ပိုးထည်ကုန်သည်များ၏ ကုလားအုတ်ဆွဲခေါင်းလောင်းသံများ တကြောင်ကြောင် မြည်နေပြီး၊ အစောင့်အရှောက် လိုက်ပါလာသော စစ်သည်တော်များ၏ ရင်ဘတ်ပေါ်ရှိ အမှတ်အသားများအရ လုံခြုံရေးအဖွဲ့ သုံးခုမှဖြစ်ကြောင်း သိသာနေသည်။

လမ်းဘေးဝဲယာရှိ ဆိုင်ခန်းများနှင့် အရက်ဆိုင်များတွင်လည်း လူသူထူထပ်ကာ အလွန်စည်ကားနေ၏။

ကျောက်ဖေးသည် ခေတ်သစ်လူ့အဖွဲ့အစည်းမှ လာသူဖြစ်ပြီး ဤကမ္ဘာသို့ ရောက်ရှိသည်မှာ ခြောက်လမပြည့်သေးသော်လည်း၊ ဤထူးဆန်းသောကမ္ဘာ၏ ရှေးဟောင်းအငွေ့အသက်များကို တဖြည်းဖြည်း အသားကျလာပြီဖြစ်သည်။

ချန်ချင်းစုန်သည်လည်း ယခင်က ဖခင်ဖြစ်သူ ချန်ယွမ်ရှန်းနှင့်အတူ ကျန်းယွဲ့မြို့သို့ နှစ်ကြိမ်ခန့် ရောက်ဖူးသည်။

ထို့ကြောင့် သူတို့နှစ်ဦးစလုံးမှာ မြို့တက်လာသည့် တောသားများကဲ့သို့ ယောင်နန ဖြစ်မနေကြပေ။

ချန်ချင်းစုန်က လမ်းပြပြီး နှစ်ယောက်သား အနည်းငယ် စုံစမ်းမေးမြန်းလိုက်ရုံဖြင့် ကျန်းယွဲ့မြို့ရှိ သံဓားဂိုဏ်းဌာနချုပ်ကို အမြန်ပင် ရှာတွေ့သွားကြသည်။

ဒေသန္တရ ကြီးကြပ်ရေးမှူးသည် ကျန်းအမည်ရှိ ဝဖြိုးသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။

"မင်းအဖေက လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ငါ့ဆီ စာရေးလိုက်သေးတယ်၊ မင်း ဒီနှစ်မှာ အဆင့်(၉) သိုင်းပညာရှင်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဆိုပဲ။ ဟဲဟဲ... မင်းက တကယ်ကို ချီးကျူးဖို့ကောင်းတဲ့ လူငယ်ပဲ။ မင်းကိုကြည့်ပြီး ငါ့ဘဝတစ်ခုလုံး အလဟဿ ဖြုန်းတီးခဲ့သလိုတောင် ခံစားရတယ်"

ကြီးကြပ်သူကျန်းက ချန်ချင်းစုန်၏ ပုခုံးကို ပုတ်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။

ချန်ချင်းစုန်က လက်သီးဆုပ်ကာ အရိုအသေပေးရင်း အလျင်အမြန် ပြန်ပြောလိုက်သည်။

"ဦးလေးကျန်းကလည်း ကျွန်တော့်ကို မြှောက်ပင့်နေပါပြီ။ အဖေက ဦးလေးအကြောင်း ခဏခဏ ပြောပြလေ့ရှိပါတယ်။ ဦးလေး တစ်ဦးတည်း ဝံပုလွေတောင်ကုန်းကို ဝင်စီးပြီး ဓားပြတစ်ရာကျော်ကို သတ်ဖြတ်ခဲ့လို့ နန်းတော်ကတောင် ချီးမြှင့်ခံခဲ့ရတယ်ဆိုတာလေ။ ကျွန်တော်ကတော့ ဦးလေးကို အမြဲတမ်း အားကျနေတာ၊ အဲဒီတုန်းက တိုက်ပွဲကို ကိုယ်တိုင် မြင်တွေ့ခွင့်ရရင် သိပ်ကောင်းမှာပဲ..."

"ဟာဟား... မင်းအဖေ ပြောသလောက်ကြီးတော့ မဟုတ်ပါဘူးကွာ။ ရာဂဏန်းဆိုတာထက်... ဆယ်ဂဏန်းလောက်ပါပဲ။ အဲဒီဓားပြတွေက သူရဲဘောကြောင်ကြတာ။ ငါတို့ဘက်က နည်းနည်းပြတ်ပြတ်သားသား သတ်ပြလိုက်ရင် ကျန်တဲ့ကောင်တွေက လွင့်

စင်အောင် ပြေးကြတာပဲ..."

ကြီးကြပ်သူကျန်းသည် သူ၏ ဂုဏ်ယူစရာ အကောင်းဆုံး အတိတ်ကို ပြန်ပြောရင်း အားရပါးရ ရယ်မောလိုက်သည်။

ခဏတာ နှုတ်ဆက်စကား ပြောပြီးနောက် ကြီးကြပ်သူကျန်းက လေသံကို ပြောင်းကာ အလေးအနက် မေးလိုက်သည်။ "မင်းတို့ ဒီနေ့ပဲ တောင်ပေါ်ကို တက်မလို့လား၊ ဒါမှမဟုတ် ကျန်းယွဲ့မြို့မှာ ရက်နည်းနည်းလောက် နားဦးမလို့လား?"

ချန်ချင်းစုန်က ကျောက်ဖေးကို လှည့်ကြည့်လိုက်သည်။

ခရီးစဉ်တစ်လျှောက်လုံး ကျောက်ဖေးကသာ အစီအစဉ်များကို ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်ရာ ချန်ချင်းစုန်မှာလည်း ယင်းသို့ အားကိုးရသည်ကို အသားကျနေပြီ ဖြစ်သည်။

ကျောက်ဖေးက "အချိန်ရတုန်း ဒီနေ့ပဲ တောင်ပေါ်တက်ကြတာပေါ့" ဟု ဆိုသည်။

ချန်ချင်းစုန်ကလည်း "ဦးလေးကျန်း၊ ကျွန်တော်တို့ ဒီနေ့ပဲ သွားလိုက်ပါ့မယ်။ တောင်ပေါ်ကို စောစောရောက်မှ စိတ်အေးရမှာမို့လို့ပါ" ဟု ထောက်ခံလိုက်သည်။

ကြီးကြပ်သူကျန်းက ခေါင်းညိတ်ကာ "ကောင်းပြီလေ။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ မင်းရဲ့ ပါရမီအရဆိုရင် အပြင်ဂိုဏ်းသားအဖြစ် ဝင်ခွင့်ရဖို့က ပြဿနာမရှိပါဘူး" ဟု ဆိုလေ၏

ထို့နောက် ထောက်ခံစာ နှစ်စောင်ကို ထုတ်ပေးလိုက်သည်။

ထောက်ခံစာရှိသူများသာ တောင်ပေါ်တက်ပြီး သံဓားဂိုဏ်း၏ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခွင့် ရှိကြသည်။

ကျောက်ဖေးနှင့် သူ၏အဖော်သည် ထောက်ခံစာကို ယူကာ ကြီးကြပ်သူကျန်းကို နှုတ်ဆက်ထွက်ခွာလာခဲ့ကြသည်။

အဆက်အသွယ် ရှိခြင်းက အရာရာကို အမှန်တကယ်ပင် ချောမွေ့စေသည်။

မဟုတ်ပါက ပထမဆုံး အတားအဆီးမှာတင် ဒုက္ခများနိုင်ပေသည်။

ကျန်းယွဲ့မြို့၏ အဓိကဂိုဏ်းကြီး သုံးခုအနက် တစ်ခုဖြစ်သည့်အတွက် သံဓားဂိုဏ်းသို့ ဝင်ရောက်လိုသော ပါရမီရှင် လူငယ်များစွာ ရှိနေသည်။

ထောက်ခံစာ ရယူရမည်ဟူသော သတ်မှတ်ချက် တစ်ခုတည်းနှင့်ပင် လူအများအပြားကို စစ်ထုတ်ပယ်ဖျက်ပြီးသား ဖြစ်နေသည်။

ဂိုဏ်းအသီးသီးက လုယူလိုသည့် ထူးခြားသော ပါရမီရှင်တစ်ဦး မဟုတ်ပါက ဤထောက်ခံစာမှာ မရှိမဖြစ် လိုအပ်ပေသည်။

ထောက်ခံစာရပြီးနောက်တွင် ကျောက်ဖေးတို့နှစ်ဦးသည် ကျန်းယွဲ့မြို့မှ မနားတမ်း ထွက်လာခဲ့ကြသည်။

သံဓားဂိုဏ်းမှာ မြို့၏ အရှေ့ဘက် ၁၀ မိုင်အကွာရှိ သံဓားတောင်ပေါ်တွင် တည်ရှိသည်။

တောင်မှာ ပေတစ်ထောင်၊ တစ်ထောင်ငါးရာခန့် မြင့်မားပြီး မြေမျက်နှာပြင်မှာ ပြန့်ပြူးသည်။

တောင်ခြေမှ မော့ကြည့်လိုက်ပါက တောင်ခါးပန်းမှစ၍ တည်ဆောက်ထားသော အဆောက်အဦးများကို တစ်ခုပြီးတစ်ခု တွေ့မြင်နိုင်သည်။

တောင်ခြေတွင် ကျေးရွာအချို့ ရှိပြီး စိုက်ခင်းများ၊ လမ်းသွယ်များနှင့် သတ္တုတွင်းတစ်ခုလည်း ရှိသည်။

ဤအရာအားလုံးမှာ သံဓားဂိုဏ်းပိုင် လုပ်ငန်းများ ဖြစ်ကြပြီး လက်တွေ့တွင် ဤမျှမက ပိုမိုများပြားသေးသည်။

သိုင်းလောကဆိုသည်မှာ အတိုက်အခိုက် သတ်ဖြတ်ခြင်း သက်သက်မဟုတ်ပေ။ အထူးသဖြင့် ဤကဲ့သို့သော ဂိုဏ်းကြီးများတွင် လူအင်အား များပြားလှသဖြင့် လိုအပ်ချက်မျိုးစုံရှိရာ ငွေကြေးဓန မရှိဘဲနှင့် မဖြစ်နိုင်ပေ။

ကျောက်ဖေးနှင့် သူ၏အဖော်သည် တောင်ခြေရှိ ကျေးရွာသို့ ရောက်ရှိလာသည်။ တောင်ပေါ်တက်ရန် ဤရွာကို ဖြတ်ကျော်ရမည် ဖြစ်သည်။

ရွာ၏ရှေ့တွင် ကျူးသောင်ကျွမ်း- ဓားသွန်းလုပ်ရွာ ဟု ရေးထိုးထားသော ကျောက်စာတိုင်တစ်ခု ရှိသည်။

သူတို့မလာခင် ကြီးကြပ်သူကျန်းက အသေအချာ လမ်းညွှန်ခဲ့ပြီးဖြစ်သည်။

ဝင်ခွင့်စစ်ဆေးမှုကို ဤရွာရှိ စစ်ဆေးရေးဝင်းအတွင်း ကျင်းပခြင်းဖြစ်သည်။

ခြံဝင်းဟု ဆိုသော်လည်း တံတိုင်းခတ်ထားသည့် ကွင်းပြင်ကျယ်ကြီးတစ်ခုသာဖြစ်ပြီး အရိပ်ရရန်နှင့် မိုးခိုရန် တဲအချို့သာ ရှိသည်။

ကျောက်ဖေးတို့ ရောက်ရှိချိန်တွင် ခြံဝင်းထဲ၌ စစ်ဆေးမှုတစ်ခု ပြုလုပ်နေသည်။

ရှည်လျားသော ဓားများကို ကိုင်ဆောင်ထားသည့် သိုင်းသမားနှစ်ဦး တိုက်ခိုက်နေကြသည်။

တစ်ဦးမှာ အသက် ၅၀ ကျော်ခန့်၊ ဆံပင်အနည်းငယ် ဖြူနေပြီး ဝတ်ရုံနက် ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ဖြစ်ကာကျန်တစ်ဦးမှာ အသက် ၂၀ ကျော်ခန့် ရှိသော အပြာနုရောင် ဝတ်စုံဝတ် လူငယ်တစ်ဦး ဖြစ်သည်။

ထိုလူကြီး၏ ဖိအားပေး တိုက်ခိုက်မှုအောက်တွင် လူငယ်မှာ ဘယ်ညာ တိမ်းရှောင်ရန် ကြိုးစားနေသော်လည်း နောက်ဆုံးတွင် အချိန်မီ မတုံ့ပြန်နိုင်ဘဲ ရင်ဘတ်ကို ဓားဖြင့် ထိုးခြင်း ခံလိုက်ရသည်။

ကံကောင်းသည်မှာ ထိုလူကြီးသည် သူ၏ခွန်အားကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သဖြင့် ဓားသွားမှာ အသားနှင့် ထိရုံမျှဖြင့် ရပ်တန့်သွားကာ အဝတ်အစားတောင် မစုတ်ပြဲသွားပေ။

"ငါ့ရဲ့ တိုက်ကွက် (၁၀)ကွက်ကို ခံနိုင်ရည်ရှိတဲ့သူဟာ အပြင်ဂိုဏ်းထဲကို ဝင်ခွင့်ရမယ်"

ထိုလူကြီးက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

ထိုစကားကို ကြားလျှင် လူငယ်၏မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး အလျင်အမြန်ပင် လက်သီးဆုပ်ကာ အရိုအသေပေးရင်း "သခင်ကြီးလျို၊ အခုလို သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ" ဟု ပြောလိုက်သည်။

ထိုစဉ် ကျောက်ဖေးနှင့် သူ၏အဖော်ကို ခေါ်ဆောင်လာသော သံဓားဂိုဏ်းတပည့်က ရှေ့သို့တက်ကာ သတင်းပို့လေသည်။ "အကြီးအကဲလျို၊ စစ်ဆေးမှုမှာ ပါဝင်ဖို့အတွက် နောက်ထပ် လူနှစ်ယောက် ထပ်ရောက်လာပါတယ်"

"အို..."

အကြီးအကဲလျိုသည် တပည့်ဖြစ်သူထံမှ ထောက်ခံစာကို ယူကာ အကြမ်းဖျင်းတစ်ချက်ကြည့်လိုက်ပြီး တပည့်ဖြစ်သူထံသို့ ပြန်ပစ်ပေးလိုက်သည်။

ထို့နောက် သူက ကျောက်ဖေးနှင့် အဖော်ဖြစ်သူအား အကျဉ်းချုံး ရှင်းပြလေသည်။ "ဂိုဏ်းဝင်ခွင့် စစ်ဆေးမှုက အရမ်းရိုးရှင်းပါတယ်။ ငါ့ရဲ့ တိုက်ကွက် (၁၀) ကွက်ကို ခံနိုင်ရင် မင်းတို့ အပြင်ဂိုဏ်းသားအဖြစ် ဝင်ခွင့်ရမယ်"

"အကယ်၍ တိုက်ကွက် (၃၀) အထိ ခံနိုင်ရည်ရှိရင်တော့ အတွင်းဂိုဏ်းသား စစ်ဆေးမှုမှာ ဆက်လက် ပါဝင်ခွင့်ရမယ်"

"ဒါ့အပြင် စစ်ဆေးနေစဉ်အတွင်း ကျင့်စဉ်စွမ်းအားနဲ့ သွေးသားစွမ်းအားအသုံးပြုတာကို တားမြစ်ထားတယ်၊ ဓားပညာ သက်သက်ကိုပဲ စစ်ဆေးမှာ”

“တခြား မေးစရာရှိသေးလား?"

"မရှိတော့ပါဘူး"

ကျောက်ဖေးနှင့် ချန်ချင်းစုန်တို့က ခေါင်းခါပြလိုက်ကြသည်။

သူတို့သည် လမ်းခရီး စကားဝိုင်းများထဲတွင် ဤစစ်ဆေးရေး စည်းမျဉ်းများအကြောင်းကို ကြိုတင်သိရှိထားပြီး ဖြစ်သည်။

အကြီးအကဲလျိုက ချန်ချင်းစုန်ကို လက်ညှိုးထိုးပြကာ "မင်းအရင် စလိုက်ပါ" ဟု ဆိုသည်။

"အကြီးအကဲ၊ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး"

ချန်ချင်းစုန်သည် အနည်းငယ် တုန်လှုပ်နေသော အမူအရာဖြင့် ဘေးရှိ လက်နက်စင်ပေါ်မှ သစ်သားဓားတစ်လက်ကို ဆွဲယူလိုက်သည်။

သူသည် အကြီးအကဲလျိုကို စူးစိုက်ကြည့်နေပြီး အကြီးအကဲလျိုက အသိအမှတ်ပြုသောအားဖြင့် ခေါင်းညိတ်ပြမှသာ အသက်ကို ဝဝရှူကာ သစ်သားဓားကို တင်းတင်းဆုပ်ပြီး ရှေ့သို့ တိုးဝင်သွားတော့သည်။

သူအသုံးပြုလိုက်သည်မှာ ပျံလွှားသိုင်းသင်တန်းကျောင်းမှ သင်ကြားပေးထားသော တောင်ဖြိုဓားသိုင်းဖြစ်ပြီး ခုတ်ချက်များမှာ ပြင်းထန်ကာ အားပါလှသည်။

သို့သော် အကြီးအကဲလျိုကမူ အေးအေးလူလူပင် လမ်းလျှောက်နေသကဲ့သို့ ရှိနေပြီး ချန်ချင်းစုန်၏ တိုက်ခိုက်မှုများကို သူ၏သစ်သားဓားဖြင့် အသာအယာပင် ပယ်ဖျက်နေသည်။ တစ်ချိန်တည်းမှာပင် သူက ခံစစ်မှ တိုက်စစ်သို့ ပြောင်းလဲလိုက်ရာ ချန်ချင်းစုန်မှာ ခုခံကာကွယ်ရရုံသက်သက်သာ ရှိတော့သည့် အခြေအနေသို့ ရောက်သွားရသည်။

နှစ်ဖက်စလုံးသည် အတွင်းအား သို့မဟုတ် သွေးသားစွမ်းအားများကို မသုံးကြပေ။

ဓားပညာ သက်သက်ကိုသာ ကြည့်မည်ဆိုလျှင် အကြီးအကဲလျိုမှာ ချန်ချင်းစုန်ထက် အဆင့်များစွာ သာလွန်နေသည်မှာ ထင်ရှားလှသည်။

ကျောက်ဖေးကတော့ ဘေးမှနေ၍ စိတ်ဝင်တစား ကြည့်နေမိသည်။

အကြီးအကဲလျို၏ ဓားသိုင်းသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း ထိုရိုးရှင်းမှုထဲတွင် နက်နဲသော အပြောင်းအလဲများစွာ ကိန်းအောင်းနေသည်။

တိုက်ကွက် ဆယ်ဂဏန်းခန့် ရောက်ပြီးနောက်...

အကြီးအကဲလျိုက ရုတ်တရက် တိုက်ကွက်ကို ပြောင်းလဲလိုက်ရာ သူ၏သစ်သားဓားသည် မြွေဆိုးတစ်ကောင်ကဲ့သို့ ချန်ချင်းစုန်၏ ခံစစ်ကို ဖောက်ထွက်သွားပြီး ချန်ချင်းစုန်၏ လက်ကောက်ဝတ်ကို အသာအယာ ပုတ်

လိုက်သည်။

ချန်ချင်းစုန်သည် သွားကို တင်းတင်းကြိတ်ကာ တိုက်ကွက်ကို ပြောင်းလဲပြီး ထိုတိုက်ခိုက်မှုကို မနည်းကာကွယ်လိုက်ရသော်လည်း ထိုရိုက်ချက်၏ အရှိန်ကြောင့် နောက်သို့ သုံးလှမ်းခန့် ဆုတ်ခွာသွားရသည်။

"မဆိုးဘူး၊ မင်းရဲ့ တောင်ဖြိုဓားသိုင်းက တော်တော်လေး အခြေခံခိုင်မာတယ်၊ ဒါပေမဲ့ တိုက်ကွက် တစ်ခုနဲ့တစ်ခု ကူးပြောင်းတဲ့နေရာမှာ နည်းနည်းလေး တောင့်တင်းနေသေးတယ်။ နောင်ကျရင် အဲဒါကို ပိုဂရုစိုက်ပါ။ အခု အပြင်ဂိုဏ်းကို သွားပြီး အစီရင်ခံလိုက်တော့"

အကြီးအကဲလျိုက ချန်ချင်းစုန် အသုံးပြုသွားသော ဓားသိုင်းကို သိရှိကြောင်း ပြသလိုက်သည်။

"ဟုတ်ကဲ့ပါ၊ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ"

ချန်ချင်းစုန်၏ မျက်နှာသည် နီမြန်းနေပြီး သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း ဖုံးဖိမရသော ဝမ်းသာရိပ်များ ပေါ်လွင်နေသည်။

သူသည် ဓားသိုင်းပညာကို ဆယ်စုနှစ်တစ်ခုကျော် ကြိုးစားအားထုတ်ခဲ့ပြီး ဖခင်ဖြစ်သူ ချန်ယွမ်ရှန်း၏ အသိအမှတ်ပြုခြင်းကိုလည်း ခံခဲ့ရသည်။ ယခုအခါ သံဓားဂိုဏ်းသို့ အမှန်တကယ် ဝင်ခွင့်ရခဲ့ပြီဖြစ်ရာ သူ အလွန်ပင် ပျော်ရွှင်နေမိသည်။

ထို့နောက် သူက ကျောက်ဖေးဘက်သို့ လှည့်ကာ လက်သီးကို မြှောက်ပြရင်း စိတ်

လှုပ်ရှားစွာ ပြောလိုက်သည်။

"ညီအစ်ကိုကျောက်၊ ကျွန်တော် အောင်သွားပြီဟေ့..မင်းလည်း ကံကောင်းပါစေ”

ကျောက်ဖေးက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ "ဂုဏ်ယူပါတယ်ဗျာ"

အခန်း ၈၃ အပြင်ဂိုဏ်းသို့ ဝင်ရောက်ခြင်း

ကျောက်ဖေး၏ အလှည့်သို့ ရောက်ရှိလာပြီဖြစ်သည်။

ပထမဆုံး စတင်တိုက်ခိုက်သည့် တိုက်ကွက်မှလွဲ၍ ကျောက်ဖေးသည် လုံးဝခံစစ်အနေအထားဖြင့်သာ တိုက်ခိုက်ခဲ့သည်။

သူ၏ ရည်မှန်းချက်မှာ တိုက်ကွက်သုံးဆယ်အထိ ခံနိုင်ရည်ရှိရန်သာဖြစ်ပြီး တိုက်ပွဲကို အနိုင်ရရန်မဟုတ်ပေ ထို့ကြောင့် နိုင်ခြင်းရှုံးခြင်းမှာ သူ့အတွက် သိပ်အရေးမပါလှပေ။

ဘုန်း... ဘုန်း ဘုန်း...

ကွင်းပြင်ထဲတွင် နှစ်ဖက်စလုံး၏ သစ်သားဓားများမှာ အကြိမ်ကြိမ် ထိတွေ့နေပြီး တုံးအအ အသံများ ထွက်ပေါ်နေသည်။

မကြာခင်မှာပင် တိုက်ကွက်ဆယ်ကွက် ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့သည်။

"ညီအစ်ကိုကျောက်ကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ"

ဘေးမှ ကြည့်နေသော ချန်ချင်းစုန်သည် အထင်ကြီးလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

သူကိုယ်တိုင်လည်း တိုက်ကွက်ဆယ်ကျော်အထိ ခံနိုင်ခဲ့သော်လည်း ကျောက်ဖေးလောက် အေးဆေးတည်ငြိမ်မှု မရှိခဲ့သည်မှာ သိသာလှသည်။

"မင်းရဲ့ တောင်ဖြိုဓားသိုင်းက တော်တော်လေး ကောင်းမွန်တယ်"

အကြီးအကဲလျိုက အနည်းငယ် ချီးကျူးလိုက်သည်။

သူသည် ခုနကတင် ချန်ချင်းစုန်၏ တောင်ဖြိုဓားသိုင်းကို ကိုယ်တိုင်ရင်ဆိုင်ခဲ့ပြီးဖြစ်ရာ နည်းစနစ်ချင်း တူညီနေသော်လည်း အရည်အချင်း ကွာခြားမှုကို ချက်ချင်းပင် သိမြင်နိုင်ခဲ့သည်။

အကြီးအကဲလျို၏ အမူအရာမှာလည်း ချက်ချင်းပင် ပိုမိုအလေးအနက် ဖြစ်လာသည်။

သူ၏လက်ထဲမှ ဓားမှာ ပိုမို၍ ဆန်းပြားကာ ကျွမ်းကျင်မှု ရှိလာသည်။

ကျောက်ဖေးသည်လည်း အကြီးအကဲလျို၏ တိုက်ကွက်များကို တစ်ခုပြီးတစ်ခု ပယ်ဖျက်

ရင်း ရှောင်တိမ်းကာ ခုခံနေသည်။

သို့သော် အကြီးအကဲလျိုက တိုက်စစ်ကို မြှင့်တင်လိုက်သောအခါ ကျောက်ဖေးမှာ ယခင်ကလောက် မလွယ်ကူတော့ဘဲ ဘေးမှကြည့်နေသည့် ချန်ချင်းစုန်ကိုပင် ချွေးစေးများ ပြန်လာစေသည်။

နှစ်ဆယ့်ရှစ်ကွက်၊ နှစ်ဆယ့်ကိုးကွက်၊ အကွက်သုံးဆယ်

အကြီးအကဲလျိုသည် သူ၏ဓားကို အိမ်ထဲသို့ ပြန်ထည့်ကာ မတ်တပ်ရပ်ရင်း ချီးမွမ်းစကား ဆိုလေသည်။ "တောင်ဖြိုဓားသိုင်းကို ဒီအဆင့်ထိ တတ်မြောက်ဖို့ဆိုရင် မင်း ဓားသိုင်းပညာမှာ အနည်းဆုံး ဆယ်စုနှစ်တစ်ခုကျော် ကြိုးစားခဲ့ပုံရတယ်၊ မင်းရဲ့ ဓားပညာပါရမီကလည်း တော်တော်လေး ကောင်းမွန်ပါတယ်"

"မင်းအောင်ပြီ။ အခုပဲ အတွင်းဂိုဏ်းကို သွားပြီး အစီရင်ခံနိုင်ပြီ"

အနီးတွင် ရပ်နေသော သံဓားဂိုဏ်းတပည့် နှစ်ဦးမှာလည်း ကျောက်ဖေးကို ပြုံးပြကြပြီး သူတို့၏ အမူအရာမှာ ယခင်ကထက် သိသိသာသာ ပိုမိုကောင်းမွန်လာသည်။

အမှန်စင်စစ် ထောက်ခံစာရရှိပြီး သံဓားဂိုဏ်းသို့ လာရောက်ကာ ဝင်ခွင့်ဖြေဆိုသူတိုင်းသည် ကိုယ်စီ အရည်အချင်း ရှိကြသူများ ဖြစ်သည်။

အနည်းဆုံး ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းခန့်မှာ အပြင်ဂိုဏ်း စစ်ဆေးမှုကို အောင်မြင်ကြသည်။

သို့သော် အတွင်းဂိုဏ်း စစ်ဆေးမှုတွင်

ပါဝင်ခွင့်ရသူများထဲမှ ၁၀ ရာခိုင်နှုန်းအောက်သာလျှင် အမှန်တကယ် အရည်အချင်း ပြည့်မီကြခြင်း ဖြစ်သည်။

"ညီအစ်ကိုကျောက်၊ ဂုဏ်ယူပါတယ်ဗျာ”

ချန်ချင်းစုန်က ဘေးမှနေ၍ ဂုဏ်ပြုလိုက်သော်လည်း အလွန်ပင် အားကျနေမိသည်။

သို့သော်လည်း ကျောက်ဖေး အတွင်းဂိုဏ်းသို့ ရောက်သွားပါက မိမိကို ပိုမိုစောင့်ရှောက်နိုင်လိမ့်မည်ဟူသော အတွေးဖြင့် သူ ပျော်ရွှင်နေမိသည်။

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ အပြင်ဂိုဏ်းကိုပဲ သွားဖို့ လိုအပ်ပါတယ်"

ကျောက်ဖေးက လက်သီးဆုပ်ကာ အရိုအသေပေးရင်း ပြောလိုက်သည်

"ဟမ်?"

အကြီးအကဲလျိုမှာ အံ့အားသင့်သွားပြီး အတည်ပြုရန် ပြန်မေးလိုက်သည်။ "မင်း ခုနက ပြောလိုက်တာ... အပြင်ဂိုဏ်းကိုပဲ ဝင်ဖို့ ရည်ရွယ်တယ် ဟုတ်လား?"

ကျောက်ဖေးက ခေါင်းညိတ်ကာ "ဟုတ်ပါတယ်" ဟု ဖြေလိုက်သည်။

အတွင်းဂိုဏ်းသို့ ဝင်ရောက်ခြင်း၏ အကျိုးကျေးဇူးများကို သူ ကောင်းကောင်းသိသည်။

ကြီးကြပ်သူကျန်းကလည်း အတွင်းဂိုဏ်းသားများ၏ ကျင့်စဉ်အရင်းအမြစ်များသည် အပြင်ဂိုဏ်းသားများထက် ပိုမိုသာလွန်ကြောင်း ပြောပြခဲ့ဖူးသည်။

ဥပမာအားဖြင့် အပြင်ဂိုဏ်းသားများသည် ငါးရက်လျှင် တစ်ကြိမ်သာ ဆရာထံမှ လမ်းညွှန်မှု ခံယူနိုင်သော်လည်း အတွင်းဂိုဏ်းသားများမှာမူ တစ်ရက်လျှင် သုံးကြိမ်အထိ လမ်းညွှန်မှု ရရှိနိုင်သည်။

ယင်းကဲ့သို့သော အခွင့်အရေးများစွာ ရှိနေပေသည်။

ထို့ကြောင့် သံဓားဂိုဏ်း၏ တပည့်များထဲတွင် အတွင်းဂိုဏ်းသို့ ဝင်ခွင့်ရပါလျက်နှင့် အပြင်ဂိုဏ်းတွင်သာ နေလိုသူ မည်သူရှိပါသနည်း။

သို့သော် ကျောက်ဖေးတွင် ကိုယ်ပိုင်အစီအစဉ် ရှိနေသည်။

သံဓားဂိုဏ်းသည် သူ၏ နောက်ဆုံးပန်းတိုင် မဟုတ်သလို၊ ကျန်းယွဲ့မြို့တွင်လည်း အချိန်အကြာကြီး နေထိုင်ရန် အစီအစဉ်မရှိပေ။

အများဆုံး ဆယ်ရက်မှ ဆယ့်ငါးရက်အတွင်း သူ၏ကိုယ်ပွားတစ်ခုကို ချန်ထားခဲ့ပြီးနောက် သူသည် ကျန်းယွဲ့မြို့နှင့် နန်ကျိုးကို စွန့်ခွာကာ ထုန်ကျိုးရှိ ရွှမ်ယွမ်ကျောင်းတော်တွင် အင်မော်တယ်လမ်းစဉ်ကို ရှာဖွေရန် ထွက်ခွာတော့မည် ဖြစ်သည်။

အတွင်းဂိုဏ်းသို့ ဝင်ရောက်ခြင်းက သိုင်းပညာအရင်းအမြစ်များကို ပိုမိုရရှိနိုင်စေသော်လည်း တာဝန်ဝတ္တရားများ ပိုမိုများပြားကာ ဂိုဏ်း၏ ကန့်သတ်ချုပ်ချယ်မှုများကိုလည်း များစွာ ခံရမည်ဖြစ်သည်။

အခြားသော သံဓားဂိုဏ်းတပည့်များအတွက်မူ ဤသည်မှာ ကန့်သတ်ချက် မဟုတ်ပေ။

ဂိုဏ်းဝင်တစ်ယောက် အမှန်တကယ် ဖြစ်လာပါက အားကိုးရမည့် နောက်ခံတစ်ခု ရရှိမည်ဖြစ်ပြီး အနာဂတ်တွင် ကျန်းယွဲ့ခရိုင်တစ်ခုလုံး၌ ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်လာ

နိုင်သည်။

အပြင်ဂိုဏ်းသို့ ဝင်ရောက်ခြင်းမှာမူ မိမိစိတ်ကြိုက် အဝင်အထွက်လုပ်ရန် ပိုမိုလွယ်ကူစေသည်။

ကျန်းယွဲ့မြို့ရှိ အချို့သော မိသားစုကြီးများနှင့် ချမ်းသာသော ကုန်သည်များသည် ငွေကြေးအမြောက်အမြား သုံးစွဲကာ အဆက်အသွယ်များမှတစ်ဆင့် သူတို့၏ သားသမီးများကို အပြင်ဂိုဏ်းသို့ ပို့ဆောင်တတ်ကြသည်။

ဤသဘောအရဆိုလျှင် အပြင်ဂိုဏ်းသည် သိုင်းသင်တန်းကျောင်းတစ်ခုနှင့် ဆင်တူသော်လည်း ပိုမိုမြင့်မားသော အဖိုးအခကို ပေးဆောင်ရခြင်းသာ ဖြစ်သည်။

'ညီအစ်ကိုကျောက်က နောက်ဆုံးမှာတော့ ထွက်ခွာသွားရဦးမှာပဲ'

ချန်ချင်းစုန်မှာ စိတ်ထဲတွင် သက်ပြင်းချမိသည်။

လာရာလမ်းတစ်လျှောက်တွင် ကျောက်ဖေးက သူသည် သံဓားဂိုဏ်းတွင် အကြာကြီး နေမည်မဟုတ်ကြောင်း ပြောပြထားပြီးသားဖြစ်သည်။

ချန်ချင်းစုန်အနေဖြင့် ကျောက်ဖေးက အတွင်းဂိုဏ်းဝင်ခွင့် အခွင့်အရေးကို လွယ်လွယ်ကူကူ စွန့်လွှတ်လိုက်သည့်အတွက် နှမြောမိနေဆဲပင်။

မိနစ်အနည်းငယ် ကြာပြီးနောက်...

ကျောက်ဖေးနှင့် ချန်ချင်းစုန်တို့သည် ဓားသွန်းလုပ်ရွာမှ ထွက်လာခဲ့ကြသည်။

သူတို့သည် တောင်တက်လမ်းအတိုင်း အပေါ်သို့ ဆက်လက်တက်လှမ်းခဲ့ကြသည်။

အပြင်ဂိုဏ်း၏ အဓိကခန်းမသညါ တောင်ခါးပန်းတွင် တည်ရှိလေသည်။

တောင်စောင်းမှာ ပြေပြစ်သဖြင့် တောင်ခါးပန်းသို့ ရောက်နေပြီဖြစ်သော်လည်း စတုရန်းမီတာ ရာဂဏန်းခန့် ကျယ်ဝန်းသော လေ့ကျင့်ရေးကွင်းပြင် အတော်များများကို မြင်တွေ့နေရဆဲဖြစ်သည်။

ထိုအချိန်တွင် တပည့်များစွာမှာ လေ့ကျင့်ရေးကွင်းများထဲ၌ ကိုယ်စီအတတ်ပညာများကို လေ့ကျင့်နေကြသည်။

ကျောက်ဖေးနှင့် ချန်ချင်းစုန်တို့သည် မှတ်ပုံတင်ရန်အတွက် အပြင်ဂိုဏ်းခန်းမသို့ ရောက်ရှိလာကြသည်။

"မင်းတို့ရဲ့ သိုင်းအဆင့်တွေကို ပြောပြပါ"

မှတ်ပုံတင်ရန် တာဝန်ကျနေသော ဂိုဏ်းအုပ်ချုပ်သူက လက်တစ်ဖက်တွင် ကလောင်ကို ကိုင်လျက် မေးမြန်းလိုက်သည်။

"ကျွန်တော်က အဆင့်(၉) သိုင်းပညာရှင်ပါ"

ချန်ချင်းစုန်သည် သူ၏အတွင်းကျင့်စဉ်စွမ်းအားနှင့် သွေးသားစွမ်းအားကို စုစည်းပြသကာ သူ၏အဆင့်ကို သက်သေပြလိုက်သည်။

"ကျွန်တော်ကတော့ အဆင့်(၈) ပါ"

ကျောက်ဖေးက ပြောပြောဆိုဆိုဖြင့် သူ၏ စွမ်းအားကို အကုန်အစင် ထုတ်ဖော်ပြလိုက်သည်။

ဟုန်ကနဲ ထွက်ပေါ်လာသော သွေးသားစွမ်းအား အရှိန်အဝါသည် အဆင့်(၈) သိုင်းပညာရှင်တစ်ဦးမှသာ ရရှိနိုင်သော အရှိန်အဝါမျိုး အမှန်ပင် ဖြစ်သည်။

အခြားသူများသည် အချိန်အတော်ကြာ ခွန်အားများကို စုဆောင်းပြီးမှသာ စွမ်းအားကို အမှီပြု၍ အဆင့်ကျော်ဖြတ်နိုင်ကြခြင်း ဖြစ်သည်။

ဤသည်မှာ သိုင်းလောက၏ ပုံမှန်အတိုင်းပင်

ဖြစ်သည်။

ကျောက်ဖေးကမူ သူ၏ကျင့်စဉ်အဆင့် တိုးတက်မှုကိုသာ ဦးစားပေးခဲ့သူဖြစ်သည်။ သူ၏အဆင့်တက်လှမ်းမှုမှာ မြန်ဆန်လွန်းလှသဖြင့် သွေးသားစွမ်းအားမှာ အပြည့်အဝ စုစည်းမှု မရှိသေးပေ။ ထို့ကြောင့် သွေးသားစွမ်းအား သက်သက်ဖြင့်သာ တိုင်းတာမည်ဆိုပါက ကျောက်ဖေးသည် လက်ရှိတွင် အဆင့်(၈) အဆင့်မြင့် ပညာရှင်တစ်ဦးနှင့်သာ ညီမျှနေသေးသည်။

ကျောက်ဖေးကဲ့သို့ ဖြစ်ရပ်မျိုးမှာ အလွန်ပင် ရှားပါးလှသည်။ မထင်မှတ်ထားသော အခွင့်အရေးကောင်းကြီးတစ်ခုကို ရရှိပြီးမှသာ အဆင့်အတန်းမှာ ရုတ်တရက် ခုန်တက်သွားတတ်ခြင်း ဖြစ်သည်။

သို့သော်လည်း အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်၍ သွေးသားစွမ်းအားကို ပြန်လည်စုဆောင်းရန်မှာ အလွန်လွယ်ကူပြီး မြန်ဆန်လှပေသည်။

ဥပမာအားဖြင့် ဆေးလုံးအမြောက်အမြားကို စားသုံးကာ စွမ်းအင်များ စုဆောင်းခြင်းဖြင့် မိမိ၏ကျင့်စဉ်အဆင့်နှင့် ကိုက်ညီသော သွေးသားစွမ်းအားအဆင့်သို့ အမြန်ဆုံး ရောက်ရှိအောင် ပြုလုပ်နိုင်သည်။

ဘေးတွင် ရပ်နေသော ချန်ချင်းစုန်မှာမူ မြင်တွေ့ရသည်များကို သိပ်ပြီး အံ့သြမနေတော့ပေ။

သူသည် လမ်းခရီးတစ်လျှောက်တွင် ထိုအံ့သြမှုများကို ဖြေဖျောက်ခဲ့ပြီးဖြစ်သည်။

ကျန်းယွဲ့မြို့သို့ လာရာလမ်းတွင် ကျောက်ဖေးက သူသည် အဆင့်(၈) သို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် အခြားသော အခွင့်အရေးများ ရှိခဲ့ကြောင်း ပြောပြထားပြီးသား ဖြစ်သည်။

ထိုကဲ့သို့ အခွင့်အရေးများနှင့် တိုတောင်းသော အချိန်အတွင်း အဆင့်တက်လှမ်းနိုင်သူများမှာ ရှားပါးသော်လည်း၊ လောကကြီးတွင် သိုင်းပညာရှင်ပေါင်း မရေမတွက်နိုင်အောင် ရှိနေသဖြင့် ယင်းသို့သော ပုံပြင်များမှာ မကြားဖူးသည်တော့ မဟုတ်ပေ။

ကျောက်ဖေးက သူ၏ခွန်အား တစ်စိတ်တစ်ပိုင်းကို ထုတ်ဖော်ပြလိုက်ရသည့် အဓိကအကြောင်းရင်းမှာ ဟန်ဆောင်နေရခြင်း သို့မဟုတ် ဖုံးကွယ်ထားရခြင်းကို ပျင်းရိသောကြောင့် ဖြစ်သည်။

လူအများရှေ့တွင် အဖျင်းတစ်ယောက်လို ဟန်ဆောင်ပြီးမှ နောက်ကွယ်ကနေ ဒုက္ခပေးသူများကို ပြန်လည်နှိမ်နင်းရခြင်းမှာ

ပျော်စရာကောင်းသလို ရှိသော်လည်းလက်တွေ့တွင်မူ စိတ်ရှုပ်စရာ ကောင်းလှသည်။

ကျောက်ဖေးသည် မခံချင်စိတ်ကို အောင့်သက်သက်ဖြင့် မျိုသိပ်ထားတတ်သူ မဟုတ်ပေ။

ထို့အပြင် ဂိုဏ်းအတွင်း၌ ပညာရှင်များစွာ ရှိနေသည်။ အကယ်၍ တစ်စုံတစ်ယောက်က မိမိ၏အစစ်အမှန်ကို မြင်သွားပါက မလိုအပ်သော ပြဿနာများသာ တက်လာနိုင်ပေသည်။ ထို့ကြောင့် အစကတည်းက ပွင့်ပွင့်လင်းလင်း ပြသထားခြင်းကသာ ပို၍ ကောင်းမွန်လှသည်။

အုပ်ချုပ်သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဂိုဏ်းရဲ့ စည်းမျဉ်းအရ အဆင့်(၈) ကို ရောက်တဲ့ တပည့်တွေက ကြီးကြပ်သူအဖြစ် တာဝန်ထမ်းဆောင်နိုင်တယ်"

သူက စာအုပ်ငယ်တစ်အုပ်ကို ထုတ်လိုက်သည်။ ထိုစာအုပ်ထဲတွင် သံဓားဂိုဏ်း၌ ရာထူးရယူထားကြသော သိုင်းပညာရှင်များစွာ၏ အမည်စာရင်း ပါဝင်သည်။

သူက စာရင်းကို အမြန်ပင် တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ဆိုလေသည်။

"အပိုင်း (ဂ) က ထင်းဂိုဒေါင်မှာ ကြီးကြပ်သူတစ်ယောက် လိုနေသေးတယ်၊ ဒါပေမဲ့ ထင်းခုတ်တာနဲ့ ရေထမ်းတာတွေက တော်တော်လေး ပင်ပန်းတဲ့ အလုပ်တွေပဲ။ သွားဖို့ သိပ်ကောင်းတဲ့ နေရာတော့ မဟုတ်ဘူး"

"အကယ်၍ ညီလေး ကျောက်ဖေးက မသွားချင်ဘူးဆိုရင် စီနီယာဖြစ်တဲ့ ငါက နည်းလမ်းရှာပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒါက အထက်လူကြီးတွေကို လာဘ်ထိုးရမှာဆိုတော့ ကုန်ကျစရိတ်တော့ အတော်လေး ရှိလိမ့်

မယ်..."

သူက သူ၏လက်ချောင်းများကို ပွတ်ပြလိုက်ရာ သူဆိုလိုသော အဓိပ္ပာယ်မှာ ထင်ရှားလှပေသည်။

"မလိုပါဘူး၊ ထင်းဂိုဒေါင် ကြီးကြပ်သူပဲ လုပ်ပါ့မယ်"

ကျောက်ဖေးက တည်ငြိမ်စွာပင် ပြောလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူသည် ဤနေရာတွင် အများဆုံး ဆယ်ရက် သို့မဟုတ် လခဝက်ခန့်သာ နေမည်ဖြစ်ပြီး၊ အကယ်၍ အစီအစဉ်များ ချောမွေ့ပါက လေးငါးရက်အတွင်းပင် ထွက်ခွာသွားနိုင်သည်။

သူ့အတွက်မူ မည်သည့်နေရာတွင် နေရသည်ဖြစ်စေ နေထိုင်ရာ အရပ်ပြောင်းလဲသွားခြင်းသာ ဖြစ်ပေတော့သည်။

အခန်း ၈၄ ကြယ်ထောင်ပေါင်းများစွာ လမင်းဖြိုလက်ဝါး

သံဓားဂိုဏ်း၏ စည်းမျဉ်းများအရ အဆင့်(၈) သိုင်းပညာရှင်တစ်ဦးသည် ကြီးကြပ်သူ ဖြစ်ရန် အရည်အချင်းပြည့်မီသည်။

အဆင့်(၇) သိုင်းပညာရှင်သည် အုပ်ချုပ်သူဖြစ်နိုင်၏

အဆင့်(၆) သိုင်းပညာရှင်မှာမူ အကြီးအကဲ တစ်ဦး ဖြစ်လာရန် အရည်အချင်းရှိပေသည်။

ထို့အပြင် ဂိုဏ်းအတွင်းရှိ တပည့်များသည် ဂိုဏ်းအတွက် တာဝန်ဝတ္တရားများကို ထမ်းဆောင်ရပြီး၊ ဂိုဏ်း၏ ကျင့်စဉ်အရင်းအမြစ်များကို ခံစားနိုင်ရန်အတွက် အမှတ်များ စုဆောင်းရန် လိုအပ်သည်။

မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များ ပြီးဆုံးသွားပြီဖြစ်သည်။

ကျောက်ဖေးနှင့် သူ၏အဖော်သည် အပြင်ဂိုဏ်း ခန်းမဆောင်မှ ထွက်ခွာလာခဲ့ကြသည်။

ချန်ချင်းစုန်က မျက်မှောင်ကြုတ်ကာ ဆိုသည်။ "ညီအစ်ကိုကျောက်၊ အကယ်၍ သုံးစရိတ် ငွေကြေးအခက်အခဲရှိရင် ကျွန်တော်ဆီမှာ ရှိပါတယ်။ နောက်မှ ပြန်ပေးလည်း ရပါတယ်"

"အဖေ ပြောပြတာ ကြားဖူးတာတော့ သံဓားဂိုဏ်းမှာ ထင်းဂိုဒေါင်နဲ့ ရေဆောင်လို နေရာမျိုးတွေက အလုပ်လည်းပင်ပန်းပြီး ရတဲ့လစာကလည်း မရှိသလောက်ပဲတဲ့။ လက်နက်တိုက် ဒါမှမဟုတ် ဆေးဖော်ဆောင်လို နေရာမျိုးတွေကျတော့ လစာလည်းကောင်းပြီး အလုပ်ကလည်း အများကြီး ပိုသက်သာတယ်လေ"

ကျောက်ဖေးက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး "ငါ ဒီမှာ အကြာကြီး နေမှာမဟုတ်ဘူးဆိုတာ မင်းသိသားပဲ။ ဘယ်နေရာသွားသွား ငါ့အတွက်တော့ အတူတူပါပဲ၊ ဒီလို မလိုအပ်တဲ့ အရာတွေအတွက် ဘာလို့ ငွေကုန်ခံနေမှာလဲ?"

ငွေကြေးနှင့် ပတ်သက်လျှင်မူ သူ၏ထံတွင် ပြတ်လပ်မှု မရှိပေ။

ယခင်က စုန်မိသားစုနှင့် ဝံပုလွေနက်ဂိုဏ်းတို့ထံမှ သူ ကြွယ်ဝချမ်းသာမှုများကို ရရှိခဲ့ရာ၊ ယခုအခါ သူ၏ကိုယ်ပေါ်တွင် ငွေသား၃၀,၀၀၀ နီးပါး ရှိနေသည်။

သူတို့နှစ်ဦးသည် လမ်းလျှောက်ရင်း စကားစမြည် ပြောဆိုခဲ့ကြသည်။

မကြာခင်မှာပင် လမ်းခွဲရမည့်အချိန်သို့ ရောက်လာခဲ့သည်။

ချန်ချင်းစုန်က "ညီအစ်ကိုကျောက်၊ ကျွန်တော် အခု သွားတော့မယ်။ အခြေကျသွားပြီဆိုရင် ပြန်လာပြီး သောက်စားကြတာပေါ့" ဟု ဆိုသည်။

ကျောက်ဖေးက ခေါင်းညိတ်ကာ "ကောင်းပြီ၊ သွားတော့။ တစ်ခုခု ဖြစ်လာရင် ဖုံးမထားနဲ့၊ ငါ့ဆီကိုသာ လာခဲ့ပါ" ဟု မှာကြားလိုက်သည်

သူသည် သိုင်းပညာလမ်းစဉ်ပေါ်သို့ စတင်တက်လှမ်းနိုင်ခဲ့ခြင်းမှာ ပျံလွှားသိုင်းသင်တန်းကျောင်းကြောင့်ဟု ဆိုရမည်ဖြစ်သည်။

ကျေးဇူးသိတတ်ပြီး ကျေးဇူးဆပ်ခြင်းမှာ ကျောက်ဖေး၏ ပင်ကိုယ်သဘာဝပင် ဖြစ်သည်။

ချန်ယွမ်ရှန်းကို လေးစားသောအားဖြင့် သူသည် ချန်ချင်းစုန်ကို ပစ်ပယ်ထားမည် မဟုတ်ပေ။

အမှန်စင်စစ် ကျောက်ဖေး သံဓားဂိုဏ်းသို့ လာရခြင်း၏ အကြောင်းရင်းတစ်ခုမှာ ချန်ချင်းစုန်ကြောင့်လည်း ပါဝင်သည်။

'ချန်ချင်းစုန် အခြေကျသွားပြီဆိုရင် ငါ စိတ်အေးလက်အေးနဲ့ ထွက်ခွာသွားလို့ ရပြီ'

သို့သော်လည်း ချန်ယွမ်ရှန်းမှာ သံဓားဂိုဏ်းအတွင်း အသိဟောင်းအချို့ ရှိနေသဖြင့် ကျောက်ဖေး၏ အကူအညီမပါဘဲနှင့်လည်း ချန်ချင်းစုန်သည် ဖြေရှင်းမရနိုင်သော ဒုက္ခမျိုးနှင့် တွေ့ကြုံရဖွယ် မရှိပေ။

ယခုအချိန်မှာ ညနေမစောင်းသေးသဖြင့် အချိန်များစွာ ကျန်ရှိနေသေးသည်။

ချန်ချင်းစုန်နှင့် လမ်းခွဲပြီးနောက် ကျောက်ဖေးသည် အပိုင်း (ဂ)ရှိ ထင်းဂိုဒေါင်သို့ ချက်ချင်း မသွားသေးပေ။

ယင်းအစား သူသည် အခြားလမ်းတစ်ခုမှနေ၍ ဂိုဏ်း၏ ကျမ်းစာဂိုဒေါင်ဆီသို့ ဦးတည်

လိုက်သည်။

သံဓားဂိုဏ်းသို့ ဝင်ရောက်ခြင်း၏ အကျိုးကျေးဇူးတစ်ခုအနေဖြင့် အပြင်ဂိုဏ်းသားများသည် ကျမ်းစာဂိုဒေါင်မှ သိုင်းပညာတစ်ရပ်ကို ရွေးချယ်ခွင့်ရှိသည်။

ကျောက်ဖေး ကျမ်းစာဂိုဒေါင်အတွင်းသို့ ခြေချလိုက်သည်နှင့် ရှေးဟောင်းအငွေ့အသက်နှင့် ပညာရပ်ဆိုင်ရာ ရနံ့များကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။

စာကြည့်တိုက်ကို စောင့်ကြပ်နေသော မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးမှာ ငိုက်မြည်းနေပြီး ခြေသံကြားသောအခါ ပျင်းရိစွာဖြင့် မော့ကြည့်လာသည်။

ကျောက်ဖေးက လက်သီးဆုပ် အရိုအသေပေးကာ သတင်းပို့သည်။ "တပည့်က အခုမှ အပြင်ဂိုဏ်းကို စတင်ဝင်ရောက်တာ ဖြစ်လို့ သိုင်းပညာတစ်ခု ရွေးချယ်ချင်ပါတယ်။ ဘယ်လို ဆက်လုပ်ရမလဲဆိုတာ စီနီယာ အနေနဲ့ လမ်းညွှန်ပေးပါဦး"

အဘိုးအိုက သမ်းဝေလိုက်ပြီး ဝါကျင်ကျင် စာအုပ်ငယ်တစ်အုပ်ကို တွန်းပေးကာ "ဂိုဏ်းစည်းမျဉ်းအရ အသစ်ဝင်တဲ့ အပြင်ဂိုဏ်းသားတွေက ကျင့်စဉ်တစ်ခုကို ရွေးချယ်ခွင့်ရှိတယ်။ မင်းဘာသာမင်း ရွေးလိုက်၊ ရွေးပြီးရင် ငါ့ဆီမှာ လာပြီး မှတ်ပုံတင်ပါ" ဟု ဆိုသည်။

ကျောက်ဖေးသည် ထိုစာအုပ်ငယ်ကို ဖွင့်ကြည့်လိုက်သည်။

ထိုစာအုပ်ထဲတွင် သိုင်းပညာပေါင်း ၂၀ ကျော် ပါဝင်သော်လည်း အကျဉ်းချုပ် မိတ်ဆက်ချက်များကိုသာ ဖော်ပြထားသည်။

ထို့အပြင် အသစ်ဝင်လာသော အပြင်ဂိုဏ်းသားတစ်ဦးအနေဖြင့် ကျောက်ဖေး ရွေးချယ်နိုင်သော သိုင်းပညာများမှာ ကန့်သတ်ချက် ရှိနေသည်။

ဤစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော သိုင်းပညာများသည် အမြင့်ဆုံး အဆင့်(၆) သိုင်းပညာများသာ ဖြစ်ကြသည်။

သို့သော်လည်း အဆင့်(၆) သိုင်းပညာဆိုသည်မှာပင် အလွန်အံ့အားသင့်ဖွယ် ကောင်းလှပေသည်။

ကျန်းလင်းခရိုင်ကဲ့သို့ နေရာလေးတွင် အဓိက သိုင်းသင်တန်းကျောင်းကြီး လေးခု၏ အမှတ်အသားဖြစ်သော သိုင်းပညာများမှာ အဆင့်(၇) သာ ရှိကြသည်။

ကျောက်ဖေး၏ ပျံလွှားရိပ်ဓားသိုင်းကဲ့သို့ပင် ဖြစ်သည်။

'ကျန်းယွဲ့ခရိုင်ရဲ့ အဓိကဂိုဏ်းကြီး သုံးခုထဲက တစ်ခုဖြစ်တဲ့အတိုင်း သံဓားဂိုဏ်းမှာ သိုင်းပညာအရင်းအမြစ်တွေ အများကြီး ရှိတာပဲ။ လူတွေဘာလို့ ဒီကို တိုးဝှေ့ပြီး ဝင်ချင်နေကြသလဲဆိုတာ မဆန်းတော့ဘူး'

ကျောက်ဖေး စိတ်ထဲတွင် တွေးလိုက်မိသည်။

သူသည် သိုင်းကျမ်းအားလုံးကို တစ်ချက် ကြည့်လိုက်ပြီးနောက် လက်နက်ပုန်း ပညာရပ်တစ်ခုကို ရွေးချယ်လိုက်သည်။

ယင်းမှာ ကြယ်ထောင်ပေါင်းများစွာ လမင်းဖြိုလက်ဝါးဟု ခေါ်တွင်သော အဆင့်(၆) သိုင်းပညာဖြစ်သည်။ ဤသိုင်းပညာကို တတ်မြောက်သွားပါက မိမိ၏ ကျင့်စဉ်စွမ်းအားကို အသုံးပြု၍ အင်အားကို ထိန်းချုပ်ကာ တစ်ချိန်တည်းမှာပင် လက်နက်ပုန်း အမြောက်အမြားကို ပစ်လွှတ်ပြီး ရန်သူကို အဝေးမှနေ၍ ဒဏ်ရာရအောင် ပြုလုပ်နိုင်သည်။

ကျောက်ဖေးတွင် ယခုအခါ ဓားသိုင်းတစ်ခုနှင့် ကိုယ်ဖော့သိုင်းတစ်ခု ရှိနေပြီဖြစ်သည်။ လက်နက်ပုန်း ပညာရပ်ကို ရွေးချယ်ခြင်းမှာ သူ၏ အဝေးတိုက်ခိုက်မှု အားနည်းချက်ကို ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်လိမ့်မည် ဖြစ်သည်။

သူ၏ "တောင်ဖြိုဓားသိုင်း" နှင့် "ပျံလွှားရိပ်ဓားသိုင်း" တို့သည် အဆင့်(၇) သိုင်းပညာများသာ ဖြစ်သည်။

သံဓားဂိုဏ်းအတွင်း၌ အဆင့်မြင့်သော ဓားသိုင်းများနှင့် လျင်မြန်မှုဆိုင်ရာ ပညာရပ်များ သေချာပေါက် ရှိနေမည်ဖြစ်သည်။

သို့သော်လည်း ကျောက်ဖေးသည် အမှတ်များ စုဆောင်းရန်အတွက် အချိန်နှင့် စွမ်းအင်များကို မကုန်ဆုံးချင်တော့ပေ။

ထို့အပြင်...

သိုင်းပညာရပ်များ၏ စွမ်းပကားမှာ အသုံးပြုသူအပေါ်တွင်လည်း မူတည်ပေသည်။

ကျွမ်းကျင်ပညာရှင်များ၏ လက်ထဲတွင်မူ ရိုးရှင်းသော လယ်ထွန်သည့် နည်းစနစ်တစ်ခုပင်လျှင် အလွန်တရာ အားမာန်ပါလှပေသည်။

ကိုယ်ပွားစနစ်ကြောင့် ကျောက်ဖေး၏ နားလည်သဘောပေါက်နိုင်စွမ်းမှာ ယခုအခါ သာမန်လူများထက် အဆပေါင်းများစွာ သာလွန်နေပြီဖြစ်သည်။

သူသည် တောင်ဖြိုဓားသိုင်းနှင့် ပျံလွှားရိပ်ဓားသိုင်းတို့အပေါ်တွင် အမြင်သစ်များ ရရှိထားပြီးဖြစ်ရာ သူ၏လက်ထဲတွင် ထိုသိုင်းပညာများ၏ စွမ်းအားသည် သိသိသာသာ တိုးတက်လာခဲ့ပြီး သာမန်အဆင့်မှ ထူးကဲသောအဆင့်သို့ ကူးပြောင်းလာသည့် အရိပ်အယောင်များ ပြသနေသည်။

"ကျွန်တော် ရွေးချယ်ပြီးပါပြီ"

ကျောက်ဖေးသည် စာအုပ်ငယ်ကို ပိတ်လိုက်သည်။

အဘိုးအိုမှာ မော့ကြည့်လိုက်ပြီး အံ့သြသွားကာ "မင်းက လက်နက်ပုန်းပညာကို ရွေးတာလား? ဒါက တော်တော်ရှားတယ်" ဟု ဆိုသည်။

သူသည် ကျောက်ဖေး၏ ရွေးချယ်မှုအပေါ် အများကြီး ဝေဖန်ခြင်းမပြုပေ။

အဘိုးအိုသည် ခေါင်းညိတ်ကာ စာကြည့်ခန်းထဲသို့ ဝင်သွားပြီး ခဏအကြာတွင် သိုင်းကျမ်းတစ်စောင်ကို ကိုင်ဆောင်ကာ ထွက်လာသည်။

"ငါတို့ဂိုဏ်းရဲ့ စည်းမျဉ်းအရ ဘယ်သိုင်းကျမ်းကိုမှ ခွင့်ပြုချက်မရှိဘဲ ကျမ်းစာဂိုဒေါင်ထဲကနေ အပြင်ကို ယူသွားခွင့်မရှိဘူး။ ဒီမှာပဲ ကြည့်လို့ရမယ်။ အကယ်၍ တစ်ခါတည်းနဲ့ အကုန်မမှတ်မိရင် နောက်ထပ် အကြိမ်အနည်းငယ် ပြန်လာခဲ့ပေါ့"

အဘိုးအိုက ကျောက်ဖေးထံသို့ ကျမ်းစာအုပ်ကို ကမ်းပေးရင်း "နောက်ထပ် တစ်ခုရှိတာက ဒီဂိုဏ်းရဲ့ သိုင်းပညာကို သင်ယူပြီးသွားရင် ပြင်ပလူတွေကို ဘယ်တော့မှ လက်ဆင့်မကမ်းရဘူး" ဟု ထပ်လောင်းမှာကြားလိုက်သည်။

ထိုသို့ပြောပြီးနောက် သူသည် လက်ယမ်းပြကာ နောက်မှီကုလားထိုင်ပေါ်တွင် ပြန်လည်မှီအိပ်ရင်း ငိုက်မြည်းနေတော့သည်။

ကျောက်ဖေးသည် ထိုကျမ်းစာအုပ်ကိုယူကာ ထပ်ခိုး၏ ထောင့်တစ်နေရာတွင် တင်ပျဉ်ခွေထိုင်၍ အသေအချာ ဖတ်ရှုတော့သည်။

ပထမတစ်ကြိမ်နှင့် မမှတ်မိပါက နောက်ထပ် အကြိမ်ကြိမ် ပြန်လာနိုင်သည်ဟူသော အဘိုးအို၏ စကားမှာ ကျောက်ဖေးအတွက်မူ ဖြစ်နိုင်ခြေမရှိသော အခြေအနေပင်ဖြစ်သည်။

သူသည် ယခုအခါ သာမန်လူထက် အဆ ၃၀ နီးပါး ပိုမိုကောင်းမွန်သော မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားရာ ဓာတ်ပုံရိုက်ထားသကဲ့သို့ မှတ်မိနိုင်စွမ်းနှင့် မခြားနားလှပေ။

လက်ဖက်ရည်တစ်ခွက် သောက်စာခန့် အချိန်အတွင်းမှာပင် ကျောက်ဖေးသည် ထိုကျမ်းစာအုပ်ကို ဖတ်ရှုပြီးသွားခဲ့သည်။

သူသည် တစ်ခုခု လွဲချော်သွားခြင်း ရှိမရှိ သေချာစေရန် နောက်တစ်ကြိမ် ပြန်ကြည့်လိုက်ပြီးနောက် မျက်လုံးကိုမှိတ်ကာ အာရုံခံကြည့်သည်။

ထို့နောက် မတ်တပ်ရပ်ကာ ကောင်တာကို ခေါက်ပြီး အဘိုးအိုကို နှိုးလိုက်သည်။

"ဟင်... ပြီးသွားပြီလား? ဘယ်အချိန်ရှိပြီလဲ?"

အဘိုးအိုသည် သူ အကြာကြီး အိပ်ပျော်သွားသည်ဟု ထင်မှတ်နေသည်။ သူသည် တံခါးအပြင်ဘက်ရှိ ကောင်းကင်ကို အလိုအလျောက် ကြည့်လိုက်ရာ ညနေတောင် မစောင်းသေးသည်ကို တွေ့လိုက်ရသည်။

"ကျွန်တော် အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်ဖို့ရှိတာ သတိရသွားလို့ပါ၊ နောက်တစ်ခါမှ ပြန်လာတာလည်း မနှောင်းပါဘူး"

ကျောက်ဖေးသည် ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ဘဲ ဆင်ခြေတစ်ခုသာ ပေးလိုက်သည်။

သူသည် လက်နက်ပုန်း သိုင်းကျမ်းကို အဘိုးအိုထံ ပြန်လည်အပ်နှံကာ အရိုအသေပေးပြီးနောက် ထွက်ခွာလာခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက်...

ကျောက်ဖေးသည် တောင်တက်လမ်းအတိုင်း လျှောက်လာရင်း အနောက်တောင်ကုန်းရှိ စွန့်ပစ်ထားသော သတ္တုတွင်းဟောင်းသို့ ရောက်ရှိလာသည်။

ဤနေရာတွင် သံဓားဂိုဏ်းက စွန့်ပစ်ထားသော တွင်းဟောင်းတစ်ခုရှိကြောင်း သူ ကြိုတင်

စုံစမ်းထားပြီးဖြစ်သည်။

ထိုနေရာမှာ စွန့်ပစ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဟု ဆိုကြသည်။ တစ်ချိန်က မြေတုံးမြေခဲများသာ ရှိခဲ့သောနေရာမှာ ယခုအခါ မြက်ပင်များ ဝေဆာနေပြီ ဖြစ်သည်။

ပျက်စီးနေသော သတ္တုတွင်းတွန်းလှည်းများမှာ မြက်ပင်များကြားတွင် တစ်ဝက်တစ်ပျက် မြုပ်နေပြီး မှောင်အတိကျနေသော တွင်းပေါက် ဆယ်ဂဏန်းခန့်သည် သားရဲကြီးတစ်ကောင်၏ ဟောင်းလောင်းပွင့်နေသော လည်ချောင်းဝများနှင့် တူနေသည်။

သတ္တုတွင်းအတွင်းတွင် ရှုပ်ထွေးလှသော မြေအောက်လှိုဏ်ခေါင်းများ ယှက်နွယ်နေပြီး အလွန်ပင် ဝေးလံခေါင်ဖျားကာ လူသူ အရောက်အပေါက် မရှိပေ။

'ဒါ ငါ့ရဲ့ ကိုယ်ပွားတွေ လှုပ်ရှားဖို့အတွက် အကောင်းဆုံးနေရာပဲ'

ကျောက်ဖေးသည် လှိုဏ်ဂူပေါက် တစ်ခုသို့ ရောက်ရှိသွားသည်။

သူ၏ စိတ်အာရုံဖြင့် ကိုယ်ပွားပေါင်း ၂၀ ကျော်ကို ဆင့်ခေါ်လိုက်ရာ ထိုကိုယ်ပွားများသည် လှိုဏ်ဂူအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြပြီး မှောင်ရိပ်ထဲတွင် ပျောက်ကွယ်သွားကြသည်။

ထို့အပြင် ကျောက်ဖေးသည် ကိုယ်ပွားနှစ်ခုကို မိုးမခမြို့နှင့် သူ၏ တောင်ပေါ်နေအိမ်တို့တွင် ချန်ထားခဲ့သည်။

ဤသည်မှာ ကြိုတင်ကာကွယ်ထားခြင်း ဖြစ်သည်။

အကယ်၍ မထင်မှတ်ထားသော ဘေးအန္တရာယ်တစ်ခုခုကြောင့် သူ၏ မူလ ခန္ဓာနှင့် အနီးနားရှိ ကိုယ်ပွားများ ပျက်စီးသွားခဲ့လျှင်ပင်

နောက်တန်းအခြေစိုက်စခန်းတွင် အနည်းဆုံး နှစ်ခု ကျန်ရှိနေမည်ဖြစ်ရာ ဘဝသစ်ကို ပြန်လည်တည်ဆောက်ရန် အခွင့်အရေး ရရှိမည်ဖြစ်သည်။

သတ္တုတွင်း၏ အနက်ပိုင်း လှိုဏ်ဂူထဲမှနေ၍ မကြာခင်မှာပင် သံချောင်းချင်း ထိခတ်သံများနှင့် တဒေါင်ဒေါင် မြည်သံများ ထွက်ပေါ်လာသည်။

ထိုအသံများသည် သူ၏ ကိုယ်ပွားများက ကောက်ယူရရှိထားသော အပိုင်းအစများကို အသုံးပြု၍ အသစ်သင်ယူထားသော လက်နက်ပုန်းပညာကို လေ့ကျင့်နေကြခြင်းပင် ဖြစ်သည်။

ထို့အပြင် လှိုဏ်ဂူဝတွင်လည်း အမြဲတစေ စောင့်ကြပ်နေသော ကိုယ်ပွားတစ်ခု ရှိနေသည်။

ဤနေရာသည် ဝေးလံခေါင်သီသော အရပ်တွင် ရှိသော်လည်း လူသူ လုံးဝရောက်မလာနိုင်ဟု မည်သူမျှ အာမမခံနိုင်ပေ...။

All Chapters