← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇)

ကျေးဇူးကန်းခြင်း

ယွီတျောသည် လျန်ထျန်း၏ အလယ်တန်းကျောင်းနေဖက် တစ်ဦး ဖြစ်ပေသည်...။

ကျောင်းဆင်းပြီးနောက် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ တစ်ဦးနှင့်တစ်ဦး မှတ်မိရန် ခက်ခဲသော် လည်း ယွီတျော၏ ထူးခြားလှသော နေကြာစေ့ခွံလောက်သာ ရှိသည့် မျက်လုံးလေးများမှာမူ ထင်ရှား လှပေသည်...။ ထို့ကြောင့် လျန်ထျန်းသည် ယွီတျောကို တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း မှတ်မိသွားခြင်း ဖြစ်ချေသည်...။

ယွီတျောကလည်း လျန်ထျန်းကို ချက်ချင်း မှတ်မိသွားရသည့် အကြောင်းအရင်းမှာ လွန်ခဲ့သော (၆) လကျော်က အဖြစ်အပျက်တစ်ခုကြောင့် ဖြစ်ပေသည်...။

ထိုစဉ်က လျန်ထျန်းသည် ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ တစ်သန်းဆ ပြုတ်ကျသွားသည့် ထူးဆန်းသော အဖြစ်အပျက်နှင့် မကြုံတွေ့ရသေးဘဲ သာမန် အစားအသောက် ပို့ဆောင်သူတစ်ဦးသာ ဖြစ်ခဲ့၏...။

တစ်နေ့တွင် လျန်ထျန်းသည် အဆင့်မြင့် တိုက်ခန်းတစ်ခုသို့ ပစ္စည်းပို့ဆောင်စဉ် ယွီတျောနှင့် မမျှော်လင့် ဘဲ ဆုံခဲ့ရလေသည်...။

ယွီတျောက လျန်ထျန်းကို ဦးစွာ မမှတ်မိသော်လည်း လျန်ထျန်းကမူ သူ့ကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ လေသည်...။

"ယွီတျော... တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ မင်း ဒီမှာ နေတာလား...။"

အားတက်သရော နှုတ်ဆက်လိုက်သော လျန်ထျန်းကို ကြည့်ကာ ယွီတျောမှာ ခေတ္တမျှ ကြောင်အသွား ပြီးနောက် လျန်ထျန်းကို အထက်အောက် အကဲခတ်လျက် အေးစက်စွာ ပြောလိုက်လေသည်...။

"မင်းက... ဟို... လျန်... ဟုတ်တယ်မလား...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ စိတ်မကောင်း ဖြစ်သွားရလေသည်...။

အလယ်တန်းကျောင်းသား ဘဝတွင် ယွီတျောသည် အတန်းထဲ၌ အမြဲတမ်း အနိုင်ကျင့်ခံရသူ ဖြစ်ခဲ့ လေသည်...။ ထိုအချိန်တိုင်း လျန်ထျန်း တစ်ဦးတည်းသာလျှင် သူ့ဘက်မှ မတ်တပ်ရပ်ကာ ကာကွယ် ပေးခဲ့ပြီး သူတို့နှစ်ဦးမှာ ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ခဲ့ကြလေသည်...။

သို့သော် တစ်နေ့တွင် ယွီတျောသည် လျန်ထျန်းထံမှ ပိုက်ဆံအချို့ကို ချေးယူပြီးနောက် ကျောင်းပြောင်း သွားခဲ့ရာ သတင်းအစအန မရတော့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်...။ လျန်ထျန်းသည် ထိုငွေများကို ပြန်မရသော်လည်း သူ့သူငယ်ချင်း ဒုက္ခရောက်နေ၍ ဖြစ်လိမ့်မည်ဟု တွေးကာ စိတ်မနာ ခဲ့ပေ...။

နှစ်ပေါင်းများစွာ ကြာပြီးနောက် ပြန်လည် ဆုံတွေ့ကြသောအခါ ယွီတျောသည် လျန်ထျန်း၏ အမည် ကိုပင် မမှတ်မိတော့ဘဲ မျိုးရိုးအမည်ဖြင့်သာ ခေါ်ဆိုခဲ့လေသည်...။ သို့သော် လျန်ထျန်းသည် ထိုအချက် ကို ဂရုမထားဘဲ ပြုံးလျက် ပြန်ပြောခဲ့လေသည်...။

"ဟုတ်တယ်... ငါ့နာမည် လျန်ထျန်းလေ၊ မင်း မှတ်မိသေးတယ် မဟုတ်လား...။"

ယွီတျောက စဉ်းစားဟန် ပြုနေစဉ် အခန်းထဲမှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့လေသည်...။

"မောင်... အစားအသောက် ယူတာ ဘာလို့ ဒီလောက် ကြာနေရတာလဲ...။ ကုတင်ပေါ်မှာ စောင့်နေတာ ကြာလှပြီ...။"

ထိုအသံကို ကြားသောအခါ ယွီတျောသည် ကောက်ကျစ်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး လျန်ထျန်း ကို ဓာတ်ပုံရိုက်ကာ တံခါးကို ဝုန်းခနဲ ပိတ်လိုက်လေတော့သည်...။

"ငါ အလုပ်ရှုပ်နေတယ်...၊ မင်းပုံကို ငါ မှတ်ထားလိုက်မယ်၊ အခုတော့ သွားတော့...။"

ထိုသို့ မောင်းထုတ်ခံလိုက်ရသော လျန်ထျန်းသည် မှင်တက်ကာ ရပ်နေမိခဲ့လေသည်...။ သူ တန်ဖိုး ထားခဲ့သော သူငယ်ချင်း သံယောဇဉ်မှာ ခြေနင်းဖတ်တစ်ခုကဲ့သို့ နင်းခြေခံလိုက်ရသည်ဟု ခံစားလိုက် ရပေသည်...။

ထိုနေ့ညတွင် လျန်ထျန်းသည် ကျောင်းနေဖက်ဟောင်းများ အဖွဲ့ထဲ၌ ယွီတျော တင်ထားသော ဓာတ်ပုံနှင့် စာသားများကို မြင်လိုက်ရလေသည်...။ ယွီတျောသည် လျန်ထျန်းကို အဆင့်မရှိသော ပစ္စည်းပို့သူအဖြစ် လှောင်ပြောင်ထားပြီး အခြားသော ကျောင်းနေဖက်များမှာလည်း ယွီတျောကို ဖားယားကာ လျန်ထျန်း ကို ဝိုင်းဝန်း နှိမ်ချခဲ့ကြလေသည်...။

ယခင်က ယွီတျောကို အနိုင်ကျင့်ခဲ့သူများပင်လျှင် ယခုအခါ သူ့ကို ဝိုင်းဝန်း ချီးမွမ်းနေကြသည်မှာ ကမ္ဘာကြီး၏ ကောက်ကျစ်မှုပင် ဖြစ်တော့သည်...။

ယွီတျောသည် သူ၏ အဆင့်အတန်းမြင့်မားမှုကို ပြသရန်အတွက် ယခင်က သူ့ကို ကူညီခဲ့ဖူးသော လျန်ထျန်းကိုပင် နင်းခြေရန် ဝန်မလေးခဲ့ပေ...။ နောက်ဆုံးတွင် လျန်ထျန်းသည် ထိုအဖွဲ့ထဲမှ ထွက်ခွာ ခဲ့ပြီး သူ၏ ကိုယ်ပိုင်ဘဝကိုသာ အာရုံစိုက် နေထိုင်ခဲ့လေသည်...။

သို့သော် ခြောက်လကျော် ကြာပြီးနောက် သူတို့နှစ်ဦး ဤကဲ့သို့ ပြန်လည် ဆုံတွေ့ကြလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ...။

ယွီတျောက လျန်ထျန်းကို ကြည့်ကာ လှောင်ရယ်လိုက်ပြီး၊

"လျန်ထျန်း... လျန်ထျန်း...။ မင်းက အခြေအနေ မကောင်းရုံတင်မကဘူး၊ သရုပ်ဆောင်လည်း တော် တာပဲနော်...။"

"ငါ မမှားဘူးဆိုရင် ဒီ မာစီးဒီး ဂျီကလပ်စ် ကားက ငှားလာတာ မဟုတ်လား...။"

ထို့နောက် ယွီတျောသည် လျန်ထျန်း အနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်၊

"ဒီလို လှည့်ကွက်တွေကို ငါ ကောင်းကောင်း သိတယ်...။ မင်းဘေးက မိန်းကလေးကို မင်းလို လူက အပိုင်စီးဖို့ မကြိုးစားချင်နဲ့...။ ငါ မင်းမျက်စိရှေ့မှာတင် သူမကို လုယူပြမယ်...။ ဟားဟား...။"

ထိုစကားများကို ဟယ်ရှို့နှင့် ဟယ်ရှန့်တို့ မကြားလိုက်ပေ...။ သို့သော် ယွီတျော၏ စကားများကြောင့် ဟယ်ရှို့က စူးစမ်းစွာ မေးလိုက်လေသည်၊

"မောင်... ဒီကားက ငှားလာတာလို့ ဘာလို့ ပြောတာလဲ...။ ငါ့ညီမလေးကတော့ သူ့ရည်းစားက အောင်မြင်နေတဲ့ သူဌေးတစ်ဦးပါလို့ ပြောထားတာလေ...။"

ယွီတျောက ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် လူအများရှေ့တွင် အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေ သည်၊

"အားလုံးပဲ ဒီဘက်ကို ကြည့်ကြပါဦး...၊ ဒီလူက လျန်ထျန်းပါ၊ ငါ့ရဲ့ အလယ်တန်းကျောင်းနေဖက်ပေါ့...။ လွန်ခဲ့တဲ့ ခြောက်လလောက်က ငါတို့ မမျှော်လင့်ဘဲ ဆုံခဲ့ကြသေးတယ်...။"

"အဲ့ဒီတုန်းက သူက မာစီးဒီး ဂျီကလပ်စ် မောင်းနေတာ မဟုတ်ဘူး၊ လျှပ်စစ်စကူတာလေးနဲ့ အစားအ သောက် ပို့နေတဲ့သူပါ...။"

"ခြောက်လအတွင်းမှာ သူက သူဌေးကြီး ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ယုံမှာလဲ...။"

"ဒါကြောင့် ဒီကားက ငှားလာတာ ဖြစ်ရမယ်...။ သူက ဟယ်ရှန့်ကို လိမ်နေတာ သေချာပါတယ်...။"

ယွီတျောသည် ဟယ်ရှန့်ဘက်သို့ လှည့်ကာ ဆက်ပြောလိုက်သည်၊

"ဟယ်ရှန့်... ငါ့စကားကို နားထောင်ပြီး ဒီလို အဆင့်မရှိတဲ့ ပစ္စည်းပို့သမားနဲ့ ဝေးဝေးနေပါ...။ မဟုတ်ရင် နင့်ပိုက်ဆံတွေရော နာမည်ပါ ပျက်စီးသွားလိမ့်မယ်...။ ဒီလို လှည့်ကွက်တွေကို ငါ ကောင်းကောင်းသိ တယ်...။"

ဟယ်ရှန့်၏ ဆွေမျိုးများသည် ထိုစကားကို ကြားသောအခါ လျန်ထျန်းကို မသင်္ကာသော မျက်လုံးများ ဖြင့် ကြည့်လာခဲ့ကြလေသည်...။

သို့သော် ဟယ်ရှန့်ကမူ လျန်ထျန်းကို ယုံကြည်စွာဖြင့် ကာကွယ်ပြောဆိုလိုက်လေသည်၊

"သမီးရဲ့ ရည်းစားက လိမ်ညာမယ့်သူ မဟုတ်ပါဘူး...။ ဦးလေးတို့ ဒေါ်လေးတို့ ဒီလူပြောတာကို မယုံကြ ပါနဲ့...။"

ဟယ်ရှန့်က မယုံကြည်သဖြင့် ယွီတျောက နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ဖုန်းကို ထုတ်ပြလိုက်လေသည်၊

"အားလုံးပဲ ကြည့်ကြပါဦး...၊ ငါ့မှာ သက်သေရှိပါတယ်...။"

ဟယ်ရှန့်၏ ဆွေမျိုးများသည် ဓာတ်ပုံထဲ၌ အစားအသောက် ပို့ဆောင်သူ ယူနီဖောင်း ဝတ်ထားသော လျန်ထျန်းကို မြင်လိုက်ရသောအခါ သူတို့၏ မျက်ဝန်းများတွင် မထီမဲ့မြင် ပြုမှုများဖြင့် ပြည့်နှက်သွား လေတော့သည်...။

အခန်း (၇၈)

အကြွေးဟောင်းနှင့် အကြွေးသစ်ကို တစ်ပြိုင်နက်တည်း ရှင်းခြင်း

လျန်ထျန်းသည် ဟယ်ရှန့်၏ အဘွားဖြစ်သူအတွက် သူမ၏ ရည်းစားအဖြစ် ဟန်ဆောင်ပေးကာ မွေးနေ့ ပွဲသို့ လိုက်ပါရန် ကတိပေးခဲ့သော်လည်း အခြေအနေများမှာ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ မမျှော် လင့်ထားခဲ့ပေ...။

သူသည် ယွီတျောနှင့် ပြန်ဆုံလိမ့်မည်ဟု မထင်ထားခဲ့သကဲ့သို့ ယွီတျောက သူ့အပေါ် ဤမျှအထိ ရက်စက်လိမ့်မည်ဟုလည်း မတွေးခဲ့မိပေ...။

အလယ်တန်းကျောင်းသား ဘဝက သူသည် ယွီတျောကို အစွမ်းကုန် ကူညီခဲ့သော်လည်း ပြန်ရရှိသည့် ရလဒ်မှာမူ ကျေးဇူးကန်းခြင်းသာ ဖြစ်တော့သည်...။

၎င်းသည် လယ်သမားနှင့် မြွေပွေးပုံပြင်ကဲ့သို့ပင် ဖြစ်ချေသည်...။

သို့သော် ဘာပဲဖြစ်ဖြစ် အခြေအနေက ဤအဆင့်အထိ ရောက်ရှိလာပြီ ဖြစ်ရာ လျန်ထျန်းသည် သူ၏ ရင်ထဲ၌ စုမိနေသော အကြွေးဟောင်းနှင့် အကြွေးသစ်များကို ယနေ့တွင် တစ်ပါတည်း ရှင်းပစ်ရန် ဆုံးဖြတ်လိုက်လေတော့သည်...။

လျန်ထျန်းသည် ဟယ်ရှန့်၏ ဆွေမျိုးများက သူ့ကို ကြည့်နေကြသော အကြည့်များနှင့် ယွီတျော၊ ဟယ်ရှို့ တို့၏ ကျေနပ်နေသော မျက်နှာများကို အေးဆေးစွာ ကြည့်လိုက်လေသည်...။

ဟယ်ရှန့်သည် ဆွေမျိုးများကို ထပ်မံရှင်းပြရန် ကြိုးစားစဉ် လျန်ထျန်းက သူမကို တားလိုက်ပြီး တိုးတိုး လေး ပြောလိုက်လေသည်၊

"ကျွန်တော့်ကိုပဲ လွှဲထားလိုက်ပါ...။"

လျန်ထျန်း၏ အသံကို ကြားလိုက်ရသောအခါ ဟယ်ရှန့်သည် ခေတ္တမျှ ကြောင်အံ့သွားပြီးနောက် သူမ၏ ရင်ထဲ၌ ဖော်ပြမတတ်သော စိတ်အေးချမ်းမှုတစ်ခု ဖြစ်ပေါ်လာကာ နာခံစွာဖြင့် ခေါင်းညိတ်လိုက်လေ သည်...။

ထို့နောက် လျန်ထျန်းသည် မလိုမုန်းထားသော အကြည့်များကို ရင်ဆိုင်လျက် ယွီတျောကို ပြုံး၍ ကြည့် ကာ ပြောလိုက်လေသည်၊

"ယွီတျော... မင်းက စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်နေတယ်လို့သာ ပြောနေတာ၊ တကယ်တော့ ကုမ္ပဏီတွေကြားမှာ ချိတ်ဆက်ပေးတဲ့ ပွဲစားတစ်ယောက်ပဲ မဟုတ်လား...။"

ထိုစကားကို ကြားသောအခါ ယွီတျော၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပြီး အေးစက်စွာ တုံ့ပြန်လိုက်လေသည်၊

"ငါ ဘာလုပ်လုပ် မင်းအလုပ် မဟုတ်ဘူး...။ ပိုက်ဆံရဖို့က အဓိကပဲ...။"

"ပြီးတော့ မင်းလို အဆင့်မရှိတဲ့ ပစ္စည်းပို့သမားက ငါ့ကို ဘာလို့ ဒီလို ပြောရဲရတာလဲ...။"

"အနည်းဆုံးတော့ ငါ့ရဲ့ လုပ်ငန်းတွေက သန်းပေါင်းများစွာ ချမ်းသာတဲ့ သူဌေးကြီးတွေနဲ့ ပတ်သက် နေတာ၊ သူတို့က ငါ့ကို မျက်နှာသာ ပေးကြတယ်...။"

"မင်းလို အနံ့အသက်မကောင်းတဲ့ ပစ္စည်းပို့သမားနဲ့ ယှဉ်ရင် ငါက မိုးကောင်းကင်မှာ ပျံသန်းနေတဲ့ သိန်းငှက်ပဲ၊ မင်းကတော့ မြေကြီးပေါ်က ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူး...။"

"ဒီနေ့ခေတ်မှာ လူတွေက လူကြီးလူကောင်းလို ဝတ်ဆင်ပြီး သူဌေးဟန်ဆောင်ပြီးတော့ ချမ်းသာတဲ့ မိန်းကလေးတွေကို ဖျားယောင်းနေကြတာ တကယ်ပဲ ရွံစရာကောင်းတယ်...။"

ဘေးနားရှိ ဟယ်ရှို့သည်လည်း ဟယ်ရှန့်ထက် အသာရနေသည်ဟု ခံစားရသဖြင့် ဝမ်းသာအားရ ဝင်ပြောလာလေသည်၊

"ဟုတ်တာပေါ့... ဟယ်ရှန့်၊ နင်ရှာထားတဲ့ ရည်းစားကို ကြည့်ပါဦး၊ သူက လိမ်ညာသူတစ်ယောက် ဖြစ်နေတာပဲ...။"

"ငါက ရင့်ရင့်သီးသီး ပြောချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ နင့်ရဲ့ အလှအပရော အရည်ချင်းကပါ ငါ့ကို ဘယ်တော့မှ မမီနိုင်ဘူး...။ နင့်မိဘတွေနဲ့ အဘွား မရောက်ခင် ဒီလိမ်ညာသူကို မြန်မြန် မောင်းထုတ် လိုက်စမ်းပါ၊ မဟုတ်ရင် နင် ပိုပြီး အရှက်ကွဲရလိမ့်မယ်...။"

ထိုစကားများကို ကြားသောအခါ ဘေးပတ်ဝန်းကျင်ရှိ ဆွေမျိုးများအားလုံးက သက်ပြင်းချကြပြီး ဟယ်ရှန့်သည် လူမှားနှင့် တွေ့ခဲ့ပြီဟု ပြောဆိုနေကြလေတော့သည်...။

လျန်ထျန်းသည် တိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်လာပြီး ဆဲဆိုကြိမ်းမောင်းသံများကို ခံနေရလေသည်...။

အချို့သော အမျိုးသားများမှာမူ အင်္ကျီလက်များကို လိပ်တင်ကာ သူ့ကို ထိုးကြိတ်ချင်နေသော ပုံစံများ ဖြစ်နေခဲ့ကြလေသည်...။

သို့သော် လျန်ထျန်း၏ နောက်ထပ် ထွက်ပေါ်လာသော စကားများက အခြေအနေကို မျက်စိတစ်မှိတ် အတွင်း ပြောင်းလဲသွားစေခဲ့ပေသည်...။

သူသည် တည်ငြိမ်သော်လည်း အားပါသော အသံဖြင့် ပြောလိုက်လေသည်၊

"ဒီနေ့ အဘွားရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ ကျွန်တော် လာခဲ့တာပါ၊ ဒါပေမဲ့ အချိန်က နည်းနည်း ကပ်နေတာ ကြောင့် ဘာမှ မပြင်ဆင်နိုင်ခဲ့ဘူး...။"

"အဘွားရဲ့ အသက် (၇၀) ပြည့် မွေးနေ့ဖြစ်လို့ ကျွန်တော် ပြီးခဲ့တဲ့ နှစ်ရက်က ရှာထားတဲ့ ပိုက်ဆံ ယွမ် (၇၀၀) ကိုပဲ အမှတ်တရ လက်ဆောင်အဖြစ်ပေးပါ့မယ်...။"

ပြောရင်းနှင့် လျန်ထျန်းသည် သူ၏ ပိုက်ဆံအိတ်ထဲမှ တောက်ပသော အနီရောင် ငွေစက္ကူ ခုနစ်ရွက်ကို ထုတ်ယူလိုက်လေသည်...။

ထိုနေရာရှိ ဟယ်ရှန့်၏ ဆွေမျိုးများရော၊ ယွီတျောနှင့် ဟယ်ရှို့ပါ မှင်တက်သွားကြလေတော့သည်...။

အကြောင်းမှာ ကုန်ဈေးနှုန်းများ တစ်သန်းဆ ပြုတ်ကျသွားသည့် ယနေ့ခေတ်တွင် (၇၀၀) ယွမ်သည် သန်းပေါင်း ခုနစ်ရာနှင့် ညီမျှနေသောကြောင့် ဖြစ်ပေသည်...။

မွေးနေ့လက်ဆောင်အဖြစ် သန်း (၇၀၀) ပေးနိုင်သူမှာ မည်သူရှိပါသနည်း...။

ဟယ်မိသားစုမှာ အယ်လ် မြို့တော်တွင် အသင့်အတင့် ချမ်းသာသူများဟု ဆိုနိုင်သော်လည်း တစ်မိသားစုလုံး၏ စုစုပေါင်း ပိုင်ဆိုင်မှုမှာ (၃၀၀) ယွမ် သို့မဟုတ် (၅၀၀) ယွမ်ခန့်သာ ရှိသည်...။

(လျန်ထျန်း ရင်းနှီးမြှုပ်နှံပေးထားသော ကုမ္ပဏီကို ထည့်မတွက်ဘဲ ဖြစ်သည်)။

လျန်ထျန်း တစ်ခါတည်း ထုတ်လိုက်သော ငွေပမာဏမှာ မိသားစုတစ်ခုလုံး၏ ပိုင်ဆိုင်မှုထက် သာလွန် နေသဖြင့် လူတိုင်းမှာ အံ့အားသင့်သွားခဲ့ကြခြင်း ဖြစ်ပေသည်...။

ယွီတျောမှာမူ ပို၍ပင် ထိတ်လန့်သွားရလေသည်...။ သူသည် လျန်ထျန်း၏ လက်ထဲရှိ ငွေစက္ကူများကို သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ စိုက်ကြည့်နေမိလေသည်...။

သူသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း နည်းမျိုးစုံဖြင့် မသမာသော နည်းလမ်းများကို သုံးကာ ရှာ ဖွေခဲ့သော်လည်း သူ၏ စုစုပေါင်း ပိုင်ဆိုင်မှုမှာ ယွမ် (၂၀၀) ကျော်သာ ရှိပေသည်...။ တစ်နှစ်ကို (၁၀၀) ယွမ်နီးပါး ရသည်ဟု သူ ကြွားလုံးထုတ်ခဲ့သော်လည်း အမှန်တကယ်တွင်မူ ထိုပမာဏ၏ ထက်ဝက်ကို ပင် မရရှိခဲ့ပေ...။

လျန်ထျန်းက (၇၀၀) ယွမ်ကို အေးဆေးစွာ ထုတ်ပြလိုက်သည်ကို မြင်သောအခါ ယွီတျောသည် ခေတ္တမျှ ကြောင်အသွားပြီးနောက် ချက်ချင်းပင် အော်ဟစ်လိုက်လေသည်၊

"ဒီလူလိမ်…၊ သူက ငွေအတုတွေကို သုံးနေတာပဲ ဖြစ်ရမယ်...။"

"မင်း နေ့တိုင်း ထီပေါက်နေရင်တောင် ခြောက်လအတွင်းမှာ ဒီလောက် ပိုက်ဆံအများကြီး စုမိဖို့ မဖြစ်နိုင်ဘူး...။"

"ဟိုတယ်မှာ ငွေစစ်စက် ရှိလားဆိုတာ သွားမေးကြစမ်းပါ...။ ငါ သူ့ကို ဒီနေရာမှာတင် ဖော်ထုတ်ပြီး ထောင်ထဲ ပို့ပစ်မယ်...။"

သူ့ကို မယုံကြည်နိုင်ဘဲ အော်ဟစ်နေသော ယွီတျောကို ကြည့်ကာ လျန်ထျန်းက ခေါင်းခါလိုက်ပြီး၊

"ယွီတျော... ကျောင်းတုန်းက ငါ မင်းကို ကူညီခဲ့တာတွေက အမှန်ပဲလေ၊ ဘာလို့ မင်းက လယ်သမားကို ပြန်ကိုက်တဲ့ မြွေပွေးတစ်ကောင်လို ဖြစ်နေရတာလဲ...။"

"ငါ ဘယ်နေရာမှာ မှားသွားလို့လဲ၊ မင်းကို အမှတ်မထင် စော်ကားမိလို့လား ဒါမှမဟုတ် တခြား အကြောင်းရင်း ရှိသေးလို့လား...။"

ဟိုတယ်ဝန်ထမ်းတစ်ဦး ငွေစစ်စက် သွားယူနေစဉ် ယွီတျောသည် လျန်ထျန်းကို ရက်စက်သော အပြုံးဖြင့် ကြည့်ကာ အံကြိတ်၍ ပြောလိုက်လေသည်၊

"ငါက ငယ်ငယ်တည်းက မင်းလို လူကောင်းဟန်ဆောင်တဲ့သူတွေကို မုန်းတာ...။"

"လူတိုင်းက ငါ့ကို အနိုင်ကျင့်နေချိန်မှာ မင်းတစ်ယောက်တည်းက သူများကို ရန်သူလုပ်ပြီး ငါ့ကို ကူညီပေးခဲ့တယ်...။ မင်း ငါ့ဆီက တစ်ခုခု လိုချင်လို့ လုပ်တာပဲ ဖြစ်ရမယ်...။"

"မင်းရဲ့ ကောက်ကျစ်တဲ့ အကြံအစည်တွေ ပေါ်မလာခင် ငါက အရင် လက်ဦးမှု ယူလိုက်တာပဲ...။"

"ကြည့်စမ်း...။ ငါ အခု အောင်မြင်နေပြီ၊ မင်းနဲ့ အစောကြီး အဆက်အသွယ် ဖြတ်ခဲ့တာ တကယ် ကံကောင်းတယ်...။ မဟုတ်ရင် မင်း ငါ့ဆီကနေ ပိုက်ဆံတွေ ညှစ်ယူနေမှာ သေချာတယ်...။"

"လွန်ခဲ့တဲ့ ခြောက်လက ငါ မင်းကို မြင်မြင်ချင်း မှတ်မိပေမဲ့ မင်း ငါ့ကို ကပ်တွယ်နေမှာ ကြောက်လို့ မမှတ်မိချင်ယောင် ဆောင်ခဲ့တာပဲ...။"

"အတိုချုပ်ပြောရရင် ငါက ငါ့ကိုယ်ငါပဲ ယုံတယ်...။ ငါ့အနားကို ကပ်လာတဲ့သူတိုင်းမှာ မကောင်းတဲ့ အကြံရှိကြတာချည်းပဲ...။"

ယွီတျော၏ ယိုယွင်းပျက်စီးနေသော စိတ်ဓာတ်ကို မြင်လိုက်ရသောအခါ လျန်ထျန်းသည် သက်ပြင်း ချလိုက်ပြီး၊

"မင်းကတော့ ပြုပြင်လို့ မရတော့ဘူးပဲ...။ အမှန်အတိုင်း ပြောရရင် မင်းက အယ်လ် မြို့တော်ရဲ့ စီးပွား ရေး လောကမှာ အတော်လေး နာမည်ကြီးတယ်၊ ပွဲစားတစ်ယောက်အနေနဲ့ ဒီအဆင့်ထိ ရောက်ဖို့ မလွယ်ဘူး...။"

"ဒါပေမဲ့ မင်းရဲ့ စိတ်ဓာတ်က ဒီလောက်အထိ ရုပ်ဆိုးနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...။ မင်းကို အခွင့် အရေး ပေးတာက သူတစ်ပါးကို ဒုက္ခပေးသလို ဖြစ်နေလိမ့်မယ်...။"

"ဒါကြောင့် ငါ ဆုံးဖြတ်လိုက်ပြီ... မင်းကို အယ်လ် မြို့တော် စီးပွားရေးလုပ်ငန်းရှင်များ အသင်းကနေ အပြီးအပိုင် ထုတ်ပယ်ခိုင်းမယ်၊ မင်း အယ်လ် မြို့တော်မှာ ဘယ်တော့မှ အလုပ်လုပ်လို့ မရစေရဘူး...။"

ထိုစကားကို ကြားသောအခါ ယွီတျောက လှောင်ပြုံး ပြုံးလိုက်ပြီး၊

"လျန်ထျန်း... မင်းက ကိုယ့်ကိုယ်ကိုယ် ဘယ်သူများ မှတ်နေတာလဲ...။"

"ငါက အယ်လ် မြို့တော်မှာ ယွမ် (၁၀၀၀) ကျော် ချမ်းသာတဲ့ သူဌေးကြီးတွေ အကုန်လုံးကို သိတယ်လို့ ပြောတာ နောက်နေတယ် ထင်လို့လား...။"

"အဲ့ဒီ သူဌေးကြီးတွေတောင် စီးပွားရေးလုပ်ငန်းရှင်များ အသင်းကို အမိန့်မပေးနိုင်ဘူး၊ မင်းလို ငွေအတု သုံးပြီး ဟန်ဆောင်နေတဲ့ ပစ္စည်းပို့သမားက ဘာလုပ်နိုင်မှာတဲ့လဲ...။"

"ငါ သိပါတယ်...။ မင်။ ကြောက်နေပြီ မဟုတ်လား... ။ ငွေအတုတွေ မိသွားရင် ထောင်ကျမှာ ကြောက် လို့ ငါ့ကို လာလိမ်နေတာမလား...။"

"ဟားဟား...၊ စိတ်မကောင်းပါဘူး၊ ဒီလို လှည့်ကွက်တွေက ငါ့ဆီမှာ အလုပ်မဖြစ်ဘူး...။"

"ဒါတင်မကသေးဘူး...၊ ငါက စီးပွားရေးလောကက သူဌေးကြီး အတော်များများနဲ့ ရင်းနှီးတယ်...။"

"မင်း မယုံရင် စောင့်ကြည့်နေလိုက်၊ ငါ သူတို့ကို ပြောပြီး မင်းလို အဆင့်မရှိတဲ့ ပစ္စည်းပို့သမားကို သင်ခန်းစာ ပေးခိုင်းလိုက်မယ်...။"

ထိုစဉ် ဟိုတယ်အတွင်းသို့ ငွေစစ်စက် သွားယူသောသူမှာ စက်ကို ကိုင်ကာ အပြေးအလွှား ထွက်လာ ခဲ့လေသည်...။

"ရပြီ...၊ ငွေစစ်စက် ရပါပြီ...။"

ယွီတျောသည် ငွေစစ်စက်ကို လုယူလိုက်ပြီး လျန်ထျန်း၏ လက်ထဲမှ ငွေစက္ကူ ခုနစ်ရွက်ကို ဆွဲယူကာ တစ်ရွက်ချင်း စစ်ဆေးလိုက်လေသည်...။

[တီ... ငွေအစစ် ဖြစ်ပါသည်...]

[တီ... ငွေအစစ် ဖြစ်ပါသည်...]

[တီ... ငွေအစစ်ဖြစ်ပါသည်...]

[တီ... စုစုပေါင်း ယွမ် ၇၀၀ ဖြစ်ပါသည်...]

ငွေစစ်စက်မှ ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသောအခါ ယွီတျောသည် မှင်တက်ကာ ရပ်နေ မိတော့သည်...။

သူ၏ နေကြာစေ့ခွံလောက်သာ ရှိသော မျက်လုံးလေးများမှာလည်း အစွမ်းကုန် ပြူးကျယ်သွားကာ တိုးတိုးလေး ရေရွတ်နေလေသည်၊

"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး...။"

ထိုအချိန်တွင် လျန်ထျန်းက တည်ငြိမ်စွာဖြင့် ထပ်မံ ပြောလိုက်လေသည်၊

"အချိန်ကိုက်ပါပဲ...။ ငါလည်း အယ်လ် မြို့တော်က စီးပွားရေးလောကက လူအချို့ကို သိတယ်...။ ငါ အခုပဲ သူတို့ကို ဖုန်းဆက်ပြီး မင်းနဲ့ တွေ့ခိုင်းလိုက်မယ်...။"

"ငါ့အထင်တော့ သူတို့က အယ်လ် မြို့တော် စီးပွားရေးလုပ်ငန်းရှင်များ အသင်းတစ်ခုလုံးကို ကိုယ်စားပြု နိုင်လိမ့်မယ် ထင်တယ်...။"

All Chapters