← Chapters

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အခန်း ၈၈ မိမိကိုယ်ကိုယ် အရှက်ရစေခြင်း

ကျောက်ဖေးက လက်ယမ်းပြကာ "မျိုးနွယ်စုခေါင်းဆောင်ချန်... လူ့အသက်ကို ကယ်တင်ဖို့က အရေးကြီးပါတယ်၊ ဒါကြောင့် ယဉ်ကျေးမှုတွေ လုပ်မနေပါနဲ့တော့။ လမ်းလျှောက်ရင်းပဲ စကားပြောကြရအောင်။ ကျွန်တော့်ကို အခင်းဖြစ်ပွားတဲ့နေရာဆီ တိုက်ရိုက်ခေါ်သွားပေးပါ" ဟု ဆိုလိုက်သည်။

"သခင်လေးကျောက်က သံဓားဂိုဏ်းရဲ့ ပညာရှင်ပီပီ တကယ့်ကို နာမည်နဲ့လိုက်အောင် ထက်မြက်သွက်လက်တာပဲ" ဟု ချန်ဖင်းရှန်းက ချီးကျူးလေသည်။

ချန်ဖင်းရှန်း၏ မျက်နှာပေါ်တွင် သမီးဖြစ်သူ ပျောက်ဆုံးသွားသော ဖခင်တစ်ဦး၏ ဝမ်းနည်းပူဆွေးမှုကို များများစားစား မတွေ့ရပေ။

ဤသည်မှာ အမှန်တကယ်တော့ ပုံမှန်ပင်ဖြစ်သည်။

မိသားစုကြီးများတွင် များသောအားဖြင့် သားသမီး အမြောက်အမြားရှိတတ်ပြီး သမီးထက် သားကို ပို၍ ဦးစားပေးလေ့ရှိကြသည်။

၎င်းနှင့်နှိုင်းယှဉ်လျှင် သူတို့ ပို၍ မုန်းတီးသည်မှာ ကျောက်မျက်နှာမြေခွေးက သူတို့အပေါ် ကျူးလွန်စော်ကားခဲ့ပြီး မိသားစု၏ သိက္ခာကို ညှိုးနွမ်းစေခဲ့ခြင်းပင် ဖြစ်သည်။

ကျောက်ဖေးသည် ချန်ဖင်းရှန်းထံမှ အဖိုးတန်သော သတင်းအချက်အလက် များများစားစား မရရှိခဲ့ပေ။ အများစုမှာ တာဝန်မှတ်တမ်းဖိုင်ထဲတွင် ပါရှိပြီးသားအချက်များသာ ဖြစ်သည်။

ချန်လျူယွဲ့သည် မနေ့က မတိုင်ခင်ညက ပျောက်ဆုံးသွားခြင်းဖြစ်ပြီး အချိန်အတိအကျကိုမူ မသိရှိရပေ။

နောက်တစ်နေ့တွင် အစေခံများက ချန်လျူယွဲ့၏ အိပ်ဆောင်အတွင်း၌ မြေခွေးပုံဆွဲထားသော စက္ကူဖြူတစ်ရွက်ကို တွေ့ရှိခဲ့ကြပြီး ထိုသတင်းမှာ တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။

ပြစ်မှုတစ်ခု ကျူးလွန်ပြီးတိုင်း ကျောက်မျက်နှာမြေခွေးသည် အမှတ်အသားတစ်ခု ချန်ထားခဲ့လေ့ရှိသည်။

ထို့အပြင် ကျောက်ဖေးသည် ချန်ဖင်းရှန်းထံမှ နောက်ထပ် သိရှိလိုက်ရသည်မှာ... သူသည် ဤအမှုကို လာရောက်စုံစမ်းသည့် ပထမဆုံးလူ မဟုတ်ပေ။

သူ၏ရှေ့တွင် ကျန်းယွဲ့ပြည်နယ်၏ အဓိက ဂိုဏ်းကြီးသုံးခုဖြစ်သော ဟယ်ရှန်းဂိုဏ်း၊ ချင်းဖုန်းဓားဂိုဏ်းနှင့် သံဓားဂိုဏ်းတို့ကပင် စုံစမ်းစစ်ဆေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ကျောက်ဖေး အခင်းဖြစ်ပွားရာနေရာဖြစ်သော ချန်လျူယွဲ့၏ အိပ်ဆောင်သို့ ရောက်ရှိလာသောအခါ...

အတွင်း၌ သံဓားဂိုဏ်းမှ တပည့်သုံးဦးမှာ သဲလွန်စများကို ရှာဖွေနေကြသည်။

သူတို့မှာ လူငယ်နှစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးတို့ ဖြစ်ကြသည်။

လမ်းတွင် ချန်ဖင်းရှန်းက ထိုသူတို့၏ အမည်များကို ပြောပြခဲ့ဖူးသည်။

မျက်လုံးမှေးမှေးနှင့် ရုပ်ဖြောင့်သော လူငယ်မှာ ကျိုးချန်းဖြစ်သည်။

အခြားတစ်ယောက်သည် ပခုံးကျယ်ကျယ်နှင့် သန်မာထွားကြိုင်းသော ကိုယ်လုံးရှိပြီး နာမည်မှာ လျိုဟေးရှန်းဖြစ်သည်။

ကျန်ရှိသော အမျိုးသမီးတပည့်မှာ စုယွန်းဖြစ်ပြီး ချိုသာပျူငှာကာ အတော်လေး လှပသူဖြစ်သည်။

ကျောက်ဖေး၏ မြင့်မားသော အလှအပစံနှုန်းနှင့်ကြည့်လျှင်ပင် အနည်းဆုံး အမှတ် ၈၀ ခန့် ပေးနိုင်ပေသည်။

ကျောက်ဖေးနှင့်မတူသည်မှာ ဤသုံးဦးစလုံးမှာ သံဓားဂိုဏ်း၏ အတွင်းစည်းတပည့်များ ဖြစ်ကြသည်။

"သံဓားဂိုဏ်းက ပညာရှင်အချို့ ဒီမှာ အမှုစုံစမ်းနေကြတာပဲ။ ကျွန်တော့်မှာလည်း စီမံစရာ မိသားစုကိစ္စလေးတွေ ရှိနေသေးလို့ ဒီမှာ အနှောင့်အယှက် မဖြစ်စေတော့ပါဘူး"

ချန်ဖင်းရှန်းသည် ကျောက်ဖေးကို နေရာချပေးပြီးနောက် ခါးညွှတ်နှုတ်ဆက်၍ ထွက်ခွာသွားခဲ့သည်။

အိမ်ဖော်အုပ်နှင့် အစေခံအချို့ကိုသာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် ချန်ထားရစ်ခဲ့သည်။

"မင်းကလည်း သံဓားဂိုဏ်းကပဲလား? အတွင်းစည်းလား၊ အပြင်စည်းလား?" ဟု လျိုဟေးရှန်းက အသံသြသြဖြင့် မေးလိုက်သည်။

ကျောက်ဖေးက "အပြင်စည်းပါ" ဟု ဖြေလိုက်သည်။

"အပြင်စည်း? မင်းမျက်နှာက ဘာလို့ မမြင်ဖူးသလို ဖြစ်နေတာလဲ မဆန်းတော့ပါဘူး"

လျိုဟေးရှန်းက တဟားဟားရယ်ကာ "မင်းလို အပြင်စည်းတပည့်က ကျောက်မျက်နှာမြေခွေးကို လာရှာရဲတယ်ပေါ့? တကယ့်ကို ကိုယ့်အတိုင်းအတာကိုယ် မသိတာပဲ။ မာနကြီးမနေနဲ့၊ ဘယ်လိုသေသွားမလဲတောင် မင်းသိမှာ မဟုတ်ဘူး” ဟု ဆိုသည်။

အတွင်းစည်းတပည့်တစ်ဦး၏ သာလွန်မှု အငွေ့အသက်များသည် သူ၏ မျက်နှာပေါ်တွင် အထင်အသား ပေါ်လွင်နေသည်။

ကျောက်ဖေးက သူ့ကို လျစ်လျူရှုထားလိုက်သည်။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း အဖိုးတန်သော သဲလွန်စတစ်ခုမျှ ရှာမတွေ့ပေ။

"ငါတို့ ပတ်ပတ်လည်အနှံ့ ရှာပြီးပြီ။ မင်းလို အပြင်စည်းတပည့်တစ်ယောက်က ငါတို့ထက် ပိုမြင်နိုင်မယ်လို့ ထင်နေတာလား?"

လျိုဟေးရှန်းမှာ ကျောက်ဖေးကို တစ်ခွန်းစ၊ နှစ်ခွန်းစ မလှောင်ရလျှင် မနေနိုင်ပုံရသည်။

"ကဲပါ စီနီယာလျို၊ စကားနည်းနည်းလျှော့ပါဦး"

စုယွန်းက လျိုဟေးရှန်းကို စိုက်ကြည့်ကာ ကျောက်ဖေးဘက်သို့ လှည့်၍ ပြောသည်။

"ဂျူနီယာကျောက်... ကျောက်မျက်နှာမြေခွေးက အရမ်းကောက်ကျစ်ပြီး ရက်စက်တယ်။ မကြာသေးခင်ကပဲ အဆင့် (၈) သိုင်းပညာရှင်တစ်ယောက် သူ့လက်ချက်နဲ့ သေသွားတယ်လို့တောင် သတင်းတွေ ထွက်နေတယ်။ မင်း တစ်ယောက်တည်း လှုပ်ရှားဖို့က အရမ်းအန္တရာယ်များလွန်းတယ်"

"ငါတို့နဲ့ပဲ အတူတူလိုက်ခဲ့ပါလား? ဒါဆိုရင် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့ရတာပေါ့"

ကျောက်ဖေး၏ ရုပ်ရည်မှာ အမျိုးသမီးများ စိတ်ဝင်စားမှုကို အလွယ်တကူ ရရှိနိုင်သည်ဟု ဆိုရမည်။

စုယွန်းသည် ဤမျှရုပ်ဖြောင့်သော ဂျူနီယာညီလေးတစ်ဦး ကျောက်မျက်နှာမြေခွေးလက်ထဲတွင် အသက်ပျောက်သွားမည်ကို မကြည့်ရက်နိုင်ပေ။

ကျောက်ဖေးမှာ အပြင်စည်းတပည့်တစ်ဦးသာ ဖြစ်သဖြင့် ဘာမှကူညီနိုင်မည်မဟုတ်ဟု သူမ ထင်နေသော်လည်း စေတနာဖြင့် ပြောလိုက်ခြင်းဖြစ်သည်။

သို့သော် ကျောက်ဖေးက ခေါင်းယမ်းကာ အေးစက်စွာ တုံ့ပြန်လိုက်သည်။ "စီနီယာစုရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က တစ်ယောက်တည်း နေရတာ ကျင့်သားရနေပါပြီ"

ကျိုးချန်းမှာတော့ ကျောက်ဖေးကို အစကတည်းက ဂရုမစိုက်ဘဲ လျစ်လျူရှုထားခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုအခါ စုယွန်းက ကျောက်ဖေးအပေါ် ပို၍ အာရုံစိုက်နေသည်ကို မြင်သောအခါ

သူ၏မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားပြီး ကျောက်ဖေးကို အော်ဟစ်ငေါက်ငမ်းလေတော့သည်။ "ဂျူနီယာစုက စေတနာနဲ့ မင်းကို စောင့်ရှောက်ပေးချင်တာကို၊ မင်းရဲ့ အမူအရာက ဒါပဲလား?"

ကျောက်ဖေးမှာ ဆွံ့အသွားရသည်။ "ဘာလဲ... ကျွန်တော့်အမူအရာက ဘာဖြစ်နေလို့လဲ? ဟား... ကျွန်တော်က ကျေးဇူးတင်လွန်းလို့ ဒူးထောက်ပြီး ဦးချရမှာလား?"

ကျောက်ဖေး၏ တုံ့ပြန်မှုကို ဒေါသထွက်သွားသော ကျိုးချန်းက "မင်း...ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ၊ အပြင်စည်းတပည့်လေး တစ်ယောက်ဖြစ်ပြီးတော့ ငါ့ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့? မင်းမှာ အထက်အောက် စနစ်ဆိုတာ မရှိဘူးလား?"

ကျောက်ဖေး၏ မျက်လုံးများမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။

"ကျွန်တော်ကတော့ အမြဲတမ်း ဒီလိုပဲ ပြောတာပဲ။ ခင်ဗျား နားမခံသာရင်လည်း နားပိတ်ပြီး ဒီကနေ ထွက်သွားလိုက်ပါလား”

သူသည် အစက အချိန်ကုန်ခံပြီး မငြင်းချင်သော်လည်း

ကျိုးချန်း၏ စကားများက သူ့ကို အတော်လေး ဒေါသထွက်စေသည်။

ဘာလို့ ငါသွားတဲ့နေရာတိုင်းမှာ ဒီလို အခြေအနေမသိဘဲ ဆရာကြီးလုပ်ချင်တဲ့လူတွေပဲ တွေ့နေရတာလဲ?

စုယွန်းအပါအဝင် သုံးဦးစလုံး အံ့အားသင့်သွားကြသည်။

သံဓားဂိုဏ်းအတွင်း၌ အပြင်စည်းတပည့်တစ်ဦးက အတွင်းစည်းတပည့်တစ်ဦး၏ ရှေ့တွင် ဤမျှ ရဲတင်းစော်ကားဝံ့လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။

"ကောင်းပြီ... ကောင်းပြီလေ”

ကျိုးချန်းသည် အလွန်အမင်း ဒေါသထွက်သွားကာ ရယ်မောလိုက်သည် - "ကြည့်ရတာ မင်းရဲ့စီနီယာတစ်ယောက်အနေနဲ့၊ ဒီနေ့တော့ အတွင်းစည်းနဲ့ အပြင်စည်းရဲ့ ကွာခြားချက်ကို မင်းသိအောင်ပြပြီး စည်းကမ်းဆိုတာ ဘာလဲဆိုတာ သင်ပေးဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူးပဲ..."

စကားအဆုံးတွင် သူသည် ညာဘက်လက်ကို လက်သည်းသဏ္ဌာန် ပြုလုပ်ကာ ကျောက်ဖေး၏ ရင်ဘတ်ကို လှမ်းအုပ်လိုက်သည်။

ကျောက်ဖေးသည် ခြေလှမ်းတစ်လှမ်းမျှပင် မရွေ့ဘဲ ခန္ဓာကိုယ်ကို အသာအယာ တိမ်းစောင်းလိုက်ရုံဖြင့် ကျိုးချန်း၏လက်မှာ ကျောက်ဖေး၏ အဝတ်အစားကိုပင် မထိဘဲ လွဲချော်သွားခဲ့သည်။

ကျိုးချန်းမှာ သူ၏တိုက်ကွက်ကို ပြောင်းလဲရန် အချိန်ပင်မရလိုက်ပေ။

ရုတ်တရက် "ချွတ်" ဟူသော အသံနှင့်အတူ အလင်းတစ်ချက် ဝင်းခနဲ ပေါ်လာသည်။

ကျောက်ဖေး၏ လက်ထဲတွင် ဓားရှည်တစ်လက် ပေါ်လာပြီး ကျိုးချန်း၏ လည်ပင်း၌ တေ့ထားပြီးသား ဖြစ်နေသည်။

ကျောက်ဖေး၏ မျက်လုံးများသည် ရေခဲကဲ့သို့ အေးစက်နေပြီး သူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များမှိန်

မှိန်လေး ထွက်ပေါ်နေသည်။

"ဂျူနီယာညီလေး... စီနီယာကျိုးက စိတ်လိုက်မာန်ပါ လုပ်မိသွားတာပါ။ ကျေးဇူးပြုပြီး သနားညှာတာပေးပါ”

စုယွန်းမှာ ပထမဆုံး သတိဝင်လာသူဖြစ်ပြီး အလျင်အမြန်ပင် ကြားဝင်ဖျောင်းဖျလေသည်။

လျိုဟေးရှန်းမှာလည်း အံ့အားသင့်သွားပြီး ရှေ့သို့ အမြန်တိုးလာကာ "ရပ်လိုက်စမ်း” ဟု အော်လိုက်သည်။

ကျိုးချန်း၏ မျက်နှာသည် အသည်းရောင်ကဲ့သို့ ညိုမည်းသွားသည်။

သူ၏ မျက်လုံးများထဲတွင် အရှက်ရမှု၊ ဒေါသထွက်မှုနှင့် မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေသည်။

အတွင်းစည်းတပည့်တစ်ဦးဖြစ်သော သူက အပြင်စည်းတပည့်တစ်ဦး၏ လက်ထဲတွင် တစ်ကွက်တည်းနှင့် အရှုံးပေးလိုက်ရသည်လား?

ဒါ... ဒါက တကယ့်ကို အရှက်သိက္ခာ ကုန်စရာပင်

၎င်းအပြင် သူပိုးပန်းနေသော စုယွန်း၏ ရှေ့တွင် ဤမျှ အရှက်ကွဲသွားရခြင်း ဖြစ်သည်။

ထိုအကြောင်းကို တွေးမိသောအခါ ကျိုးချန်းက မကျေမနပ်ဖြင့် အော်ဟစ်တော့သည် "ငါက အပြင်စည်းတပည့်တစ်ယောက်မို့လို့ သူ့ကို အထင်သေးပြီး သတိမထားလိုက်မိလို့ သူ့ထောင်ချောက်ထဲ ရောက်သွားတာပါ။ မင်းတို့က သူ့ကို ဘာလို့ ကြောက်နေတာလဲ? သူ တကယ်ကြီး လုပ်ရဲလိမ့်မယ်လို့ ငါမယုံ..."

စကားမဆုံးမီမှာပင် သူ၏ လည်ပင်းတွင် အေးစက်သော အထိအတွေ့ကို ခံစားလိုက်ရသည်။

သွေးစအချို့သည် ဓားသွားပေါ်မှတစ်ဆင့် စီးကျလာသည်။

ကျိုးချန်း၏ အော်ဟစ်သံမှာ ရုတ်ချည်း ရပ်တန့်သွားပြီး သူ၏ ခန္ဓာကိုယ်မှာလည်း မထိန်းနိုင်ဘဲ တုန်ရင်လာတော့သည်။

သူက... တကယ်ကြီး လုပ်ရဲတာလား?

သူက တကယ်ပဲ သတ်ရဲတာလား?

"မင်းက သေမှာကို မကြောက်ဘူးလို့ ငါထင်နေတာ"

တုန်ရင်နေသော ကျိုးချန်းကို ကြည့်ကာ ကျောက်ဖေးက နှာခေါင်းရှုံ့လိုက်ပြီး သူ့ကို ကန်ထုတ်လိုက်သည်။

သူ၏ ဓားချက်မှာ ကျိုးချန်း၏ လည်ပင်းမှ အရေပြားကို အနည်းငယ်မျှသာ ထိမှန်သွားခြင်း ဖြစ်သည်။

ကျိုးချန်းက ညည်းညူလိုက်သော်လည်း တင်ပါးမှ နာကျင်မှုကို ဂရုမစိုက်နိုင်ဘဲ ကြမ်းပြင်ပေါ်မှ စပရင်ကဲ့သို့ ခုန်ထလိုက်သည်။

ဤအချိန်တွင် သူ၏ မျက်လုံးများသည် သွေးတက်နေသကဲ့သို့ နီမြန်းနေပြီး ဓားကို ဆွဲထုတ်ကာ ကျောက်ဖေးထံသို့ ပြေးဝင်လာတော့သည်။

"မင်းလို ကောင်စုတ်က ငါ့ကို စော်ကားတယ်ပေါ့၊ မင်းကို ငါသတ်မယ်”

ချွမ် ချွမ်

ဓားနှစ်လက်မှာ လေထဲတွင် လျင်မြန်စွာ ထိတွေ့မိကြသည်။

တိုက်ကွက် သုံးကွက်အတွင်းမှာပင် ကျောက်ဖေးသည် ဓားကို ကျိုးချန်း၏ လည်ပင်းသို့ ဒုတိယအကြိမ် ပြန်လည်တေ့ထားလိုက်ပြန်သည်။

ကျောက်ဖေးက ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး အေးစက်စွာ လှောင်ပြောင်လိုက်သည် - "အတွင်းစည်းနဲ့ အပြင်စည်းရဲ့ ကွာခြားချက်ကို ခင်ဗျား တကယ်ပဲ ကျွန်တော့်ကို ပြလိုက်တာပဲ။ အကယ်၍သာ သံဓားဂိုဏ်းရဲ့ မျက်နှာကို မထောက်ရင် ခင်ဗျား နှစ်ခါတောင် သေပြီးနေပြီ”

ကျိုးချန်းမှာ တစ်ကိုယ်လုံး တုန်ရင်နေသည်။

သူ ဒေါသကြောင့် တုန်နေခြင်းလား သို့မဟုတ် ကြောက်လို့ တုန်နေခြင်းလား ဆိုသည်ကိုတော့ မခွဲခြားနိုင်ပေ။

"စီနီယာကျိုး..."

စုယွန်းက မျက်မှောင်ကြုတ်ကာ ကျိုးချန်းကို ကြည့်ပြီး တစ်ခုခု ဖျောင်းဖျချင်၏

သို့သော်လည်း၊ ခဏတာအတွင်း မည်သို့စတင်ပြောရမည်ကို မသိဖြစ်နေသည်။

ကျိုးချန်းသည် သူမ စကားပြောသည်ကိုပင် မစောင့်တော့ဘဲ မျက်နှာနီမြန်းလျက် လှည့်ထွက်သွားခဲ့တော့သည်။

အရှက်အားလုံး ကုန်ဆုံးသွားပြီဖြစ်ရာ ဤနေရာတွင် ဆက်နေရန် ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။

မိမိကိုယ်ကိုယ် ထပ်ပြီး အရှက်ခွဲနေဖို့လား?

လျိုဟေးရှန်းမှာလည်း ကျောက်ဖေးကို တစ်စက္ကန့်မျှပင် မကြည့်ရဲတော့ဘဲ နောက်မှ ကပ်လိုက်သွားသည်။

ပထမအကြိမ်တွင် ကျိုးချန်းက လျစ်လျူရှုမိ၍ တစ်ကွက်တည်းနှင့် ရှုံးသွားသည်ဟု ဆိုနိုင်သော်လည်း...

ဤဒုတိယအကြိမ်တွင်မူ နှစ်ဖက်စလုံး၏ အစွမ်းသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေကြောင်း လူအတောင် မြင်နိုင်ပေသည်။

အခန်းအတွင်း၌ အမျိုးသမီးတပည့် စုယွန်း တစ်ဦးတည်းသာ ဝေခွဲမရဖြစ်လျက် ကျန်ရစ်ခဲ့တော့သည်။

အခန်း ၈၉ - အနံ့ခံ၍ လူရှာခြင်း

ကျောက်ဖေးသည် ဘေးတွင် ရပ်နေသော စုယွန်းကို လျစ်လျူရှုထားလိုက်သည်။

သူသည် အိမ်တော်ထိန်းဘက်သို့ လှည့်ကာ "မင်းတို့ရဲ့ ပဉ္စမမြောက် သခင်မလေးရဲ့ ဆံပင် ဒါမှမဟုတ် လက်သည်း၊ ဒါမှမဟုတ် သူမ မကြာသေးမီက ဝတ်ဆင်ခဲ့တဲ့ အတွင်းခံအဝတ်အစားတွေ ရှိမလား? ဟင်း... မလျှော်ရသေးတာဆိုရင် ပိုကောင်းမယ်" ဟု မေးလိုက်သည်။

ဤရှေးဟောင်းကမ္ဘာတွင် ယခင်ဘဝကကဲ့သို့ အဆင့်မြင့် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေး ကိရိယာများ မရှိပေ။

သို့သော် ဤကမ္ဘာ၌ ယခင်ဘဝတွင် မရှိခဲ့သော သဘာဝလွန်စွမ်းအားများ ရှိပေသည်။

"ရှိပါတယ်၊ ခဏစောင့်ပါ သခင်လေး"

အိမ်တော်ထိန်းသည် သူ၏နောက်မှ အစေခံမလေးများကို ချန်လျူယွဲ့၏ ဗီရိုထဲမှ အဝတ်အစား နှစ်ထည်သွားယူရန် အလျင်အမြဲ ညွှန်ကြားလိုက်သည်။

ထို့နောက် သူက သတိကြီးစွာဖြင့် "သခင်လေးကျောက်... သင်က ကျောက်မျက်နှာမြေခွေးကို ရှာဖို့ မှော်အတတ်ကို သုံးမလို့လား? အမှန်အတိုင်း ပြောရရင် ဒီမနက်တင် ကျွန်တော်တို့ သခင်က မြို့ပြင်က စုန်းမ နှစ်ယောက်ကို ဖိတ်ပြီး ယဇ်ပူဇော်ပွဲ လုပ်ခိုင်းခဲ့သေးတယ်..."

အိမ်တော်ထိန်းက စကားကို အဆုံးမသတ်သော်လည်း အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။

အကယ်၍ မှော်အတတ်ကသာ တကယ်ထိရောက်လျှင် ချန်မိသားစုမှာ ယခုကဲ့သို့ ကူရာမဲ့နေမည် မဟုတ်ပေ။

ကျောက်ဖေးက "ကျွန်တော့်မှာ ကိုယ်ပိုင်နည်းလမ်း ရှိပါတယ်၊ စမ်းကြည့်မှပဲ သိမှာပေါ့" ဟု ဆိုလိုက်သည်။

အခြားစုန်းမများ ကျောက်မျက်နှာမြေခွေးကို မရှာနိုင်ခြင်းမှာ မှော်အတတ်က အသုံးမဝင်၍ မဟုတ်ပေ

၎င်းတို့ကိုယ်တိုင်က အရည်အချင်းမရှိခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ကျောက်ဖေးသည်လည်း သူ၏ပညာက လုံလောက်သည်ဟု အာမမခံနိုင်သော်လည်း မကြိုးစားဘဲ မည်သို့သိနိုင်မည်နည်း။

အစေခံမလေးထံမှ အဝတ်အစားများကို ယူပြီးနောက် ကျောက်ဖေးသည် နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။

ယခုက ညဦးပိုင်းပင် မရောက်သေးပေ။

ယင်ကလေးသည် အားနည်းသေးသဖြင့် ပူပြင်းလှသော နေရောင်အောက်တွင် မလှုပ်ရှားနိုင်ဘဲ ညမမှောင်မချင်း စောင့်ရပေမည်။

သို့သော် ကျောက်ဖေးသည် ယင်ကလေးငယ်၏ စွမ်းရည်တစ်ခုတည်းကိုသာ အားကိုးရန် ရည်ရွယ်ထားသည်မဟုတ်။ ယင်ကလေးငယ်မှာ သူ၏ အရန်အစီအစဉ်မျှသာ ဖြစ်သည်။

ယင်ကလေးနှင့် ယှဉ်လျှင် ယခုအချိန်တွင် မိမိကိုယ်ကိုသာ ပို၍ ယုံကြည်မှုရှိသည်။

ကျောက်ဖေး ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းရသေးသည်။

မမျှော်လင့်ဘဲ စုယွန်းက နောက်မှ လိုက်လာပြန်သည်။

ကျောက်ဖေး မျက်မှောင်ကြုတ်ကာ "စီနီယာအစ်မ စု... ဘာလို့ ကျွန်တော့်နောက် လိုက်လာတာလဲ?" ဟု မေးလိုက်သည်။

စုယွန်းက တည်ငြိမ်စွာဖြင့် "ဂျူနီယာညီလေးကျောက်၊ မပေါ့ဆပါနဲ့။ ကျောက်မျက်နှာမြေခွေးက နာမည်ကြီးလာတာ နှစ်အတော်ကြာပြီ၊ သူ့ရဲ့ ခွန်အားကို လျှော့တွက်လို့ မရဘူး။ ငါတို့ အတူတူ လှုပ်ရှားတာ ပိုကောင်းမယ်"

ကျောက်ဖေးက ငြင်းပယ်လိုက်သည် "ကျွန်တော်က တစ်ယောက်တည်း နေရတာ ကျင့်သားရနေပြီ၊ ပြီးတော့ တခြားသူတွေကို မသိစေချင်တဲ့ လျှို့ဝှက်ချက်တချို့လည်း ရှိပါသေးတယ်။ အကယ်၍ စီနီယာအစ်မက တစ်ယောက်တည်းသွားဖို့ ကြောက်နေတယ်ဆိုရင် ဟိုအရင်က စီနီယာအစ်ကို နှစ်ယောက်ကိုပဲ သွားရှာလိုက်ပါ"

ပြောပြီးသည်နှင့် ကျောက်ဖေးသည် အဝေးသို့ လှမ်းထွက်သွားတော့သည်။

စုယွန်းသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ အသာအယာ ညည်းတွားလိုက်၏

သို့သော်လည်း အခြေအနေက ဤမျှအထိ ရောက်နေပြီဖြစ်ရာ ဇွတ်အတင်း လိုက်သွားလျှင် လူအမြင်ကတ်စရာသာ ဖြစ်ပေလိမ့်မည်။

ချန်အိမ်တော်မှ ထွက်ခွာလာပြီးနောက်...

ကျောက်ဖေးသည် သစ်သားဓာတ်စွမ်းအားကို လှုံ့ဆော်ကာ သူ၏ နှာခေါင်းတွင် စုစည်းလိုက်သည်။

နှာခေါင်းလမ်းကြောင်းများ ပွင့်သွားသည်နှင့် တစ်ပြိုင်နက်

အရပ်မျက်နှာ အနှံ့အပြားမှ အနံ့အမျိုးမျိုးသည် စုပြုံဝင်ရောက်လာတော့သည်။

ကျောက်ဖေးသည် ယခင်ဘဝက ဖတ်ခဲ့ဖူးသော သိပ္ပံဗဟုသုတတစ်ခုကို သတိရသွားသည်။ ခွေးတစ်ကောင်၏ အနံ့ခံအာရုံသည် ကီလိုမီတာ အတော်များများအထိ ရောက်ရှိနိုင်သည်ဟူ၍ ဖြစ်သည်။

သစ်သားဓာတ်စွမ်းအားကို နားလည်သဘောပေါက်ပြီးနောက် ကျောက်ဖေး၏ အနံ့ခံအာရုံသည် များစွာ တိုးတက်လာခဲ့သည်။

ယခုတွင် စွမ်းအားဖြင့် ထပ်မံမြှင့်တင်လိုက်သောအခါ ခွေးနှာခေါင်းကဲ့သို့ အစွမ်းထက်ခြင်း မရှိသေးပေ

သို့သော်လည်း အနံ့ခံနိုင်သည့် အကွာအဝေးမှာ မီတာရာနှင့်ချီ၍ သိသိသာသာ တိုးလာခဲ့သည်။

လမ်းမပေါ်တွင်

မုန့်မျိုးစုံ၊ အရက်၊ ဟင်းသီးဟင်းရွက်၊ မြေကြီးနံ့နှင့် ပုပ်စပ်စပ် မြောင်းပုပ်နံ့များပင် ရောထွေးနေသည်။

အနံ့ပေါင်း ဆယ်ဂဏန်း၊ ရာဂဏန်းတို့မှာ သူ၏နှာခေါင်းထဲသို့ အလုံးအရင်းနှင့် တိုးဝင်လာသည်။

သာမန်လူတစ်ယောက်အဖို့ ဤမျှများပြားလှသော အနံ့များကြားမှ သီးခြားရနံ့တစ်ခုကို ခွဲခြားရန်မှာ မဖြစ်နိုင်သလောက်ပင်။

သို့သော် ကျောက်ဖေး၏ ဦးနှောက်ပိုင်းခြားစိတ်ဖြာမှုမှာ သာမန်လူထက် အဆပေါင်း ၃၀ ကျော် ပိုမိုမြန်ဆန်သည်။

ခဏချင်းမှာပင် သူသည် များပြားလှသော အနံ့များထဲမှ ချန်လျူယွဲ့၏ ကိုယ်ပိုင်ထူးခြားသော ရနံ့ကို အလွယ်တကူ ခွဲခြားလိုက်နိုင်သည်။

၎င်းရနံ့မှာ အလွန်မှေးမှိန်လှပြီး ချန်အိမ်

တော်၏ တံခါးဝအနီးတွင် ဝဲပျံနေဆဲဖြစ်သည်။

ချန်လျူယွဲ့၏ အဝတ်အစားများဆီမှ အနံ့နှင့်

လည်း တူညီနေသည်။

ချန်လျူယွဲ့ ပျောက်ဆုံးသွားသည်မှာ ၁၀ နာရီကျော်ပြီ ဖြစ်သော်လည်း လေပြင်းတိုက်ခြင်း၊ မိုးရွာခြင်း မရှိခဲ့သဖြင့် သူမ၏ ရနံ့မှာ ချက်ချင်း ပျောက်ကွယ်မသွားသေးပေ။

ကျောက်ဖေးသည် လမ်းတစ်လျှောက် ရှေ့သို့ ဆက်လျှောက်သွားသည်။

ကျောက်မျက်နှာမြေခွေး၏ သတင်းထွက်ပေါ်လာကတည်းက ကျန်းယွဲ့မြို့၏ မြို့တံခါးလေးခုလုံးကို ပိတ်ဆို့ထားသော်လည်း မြို့တွင်း၌ပင် ချမ်းသာသော မိသားစုများမှ သမီးပျိုများ ဆက်တိုက် ပြန်ပေးဆွဲခံနေရဆဲဖြစ်သည်။

ထို့ကြောင့် ကျောက်မျက်နှာမြေခွေးသည် မြို့ထဲမှာပင် ရှိနေနိုင်သည်ဟု ကျောက်ဖေး သံသယဝင်မိသည်

ကျောက်ဖေးသည် နတ်ဘုရားတစ်ပါး မဟုတ်သည်မှာ အမှန်ပင်။

ကျောက်မျက်နှာမြေခွေးသည် မြို့ပြင်သို့ လွတ်မြောက်သွားနိုင်သည့် အခွင့်အလမ်းလည်း အမှန်တကယ် ရှိနေပေသည်။

အဘယ်ကြောင့်ဆိုသော် ကျောက်မျက်နှာမြေခွေးသည် ရုပ်ဖျက်အတတ်တွင် ကျွမ်းကျင်သူဖြစ်ရာ မြို့တံခါးများတွင် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသော်လည်း သူ လွတ်မြောက်သွားနိုင်မည့် ဟာကွက်တစ်ခုကို ရှာမတွေ့နိုင်ဟု မည်သူမျှ အာမမခံနိုင်ပေ။

အကယ်၍သာ ကျောက်မျက်နှာမြေခွေးကို ဖမ်းဆီးရန် ထိုမျှလွယ်ကူခဲ့ပါက ကျန်းယွဲ့စီရင်စုအတွင်း ဤမျှကာလပတ်လုံး လွတ်မြောက်နေနိုင်မည်မဟုတ်သလို၊ သိုင်းပညာရှင် အမြောက်အမြားကိုလည်း ကူရာမဲ့ဖြစ်အောင် လုပ်နိုင်မည်မဟုတ်ပေ။

ညမှောင်လာသည်နှင့်အမျှ

ကျောက်ဖေးသည် လမ်းကြားတစ်ခုမကျန် လိုက်လံရှာဖွေခဲ့သည်။

ယခုဆိုလျှင် သူသည် ကျန်းယွဲ့မြို့ တစ်ဝက်နီးပါးကို နှံ့နေပြီ ဖြစ်သည်။

လမ်းကြားလေးတစ်ခုကို ဖြတ်သွားစဉ်...

ရုတ်တရက် ရင်းနှီးသော သင်းပျံ့သည့် ရနံ့လေးတစ်ခုမှာ သူ၏နှာခေါင်းထဲသို့ တိုးဝင်လာသည်။

"ချန်လျူယွဲ့လား? နောက်ဆုံးတော့ ရှာတွေ့ပြီပဲ”

ကျောက်ဖေး၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားသည်။

သူသည် အနံ့နောက်သို့ လိုက်ရင်း လမ်းကြားများထဲတွင် အကြိမ်အနည်းငယ် ကွေ့ပတ်ပြီးနောက် နေရာတစ်ခုကို အမြန်ဆုံး ရှာတွေ့သွားသည်။

၎င်းမှာ အပြင်ပန်းကြည့်လျှင် သာမန်ကာလျှံကာနှင့် သတိမပြုမိနိုင်သော အိမ်တစ်လုံးသာ ဖြစ်သည်။

ယခုအခါ

ညဉ့်နက်နေပြီ ဖြစ်သဖြင့် အိမ်ထဲမှ ဆီမီးအလင်းရောင် ထွက်ပေါ်နေသည်။

ကျောက်ဖေးသည် ဂါထာမန္တန်များကို ရွတ်ဆိုကာ လက်ဟန်များ ပြုလုပ်လိုက်သည်။ ခဏအကြာတွင် လျိုရှောင်ဟွာသည် လေပြင်းတစ်ချက်အဖြစ် ပြောင်းလဲကာ သူ၏လက်အင်္ကျီအတွင်းမှ ထွက်၍ အိမ်ထဲသို့ ပျံဝင်သွားသည်။

မကြာမီ ထိုတစ္ဆေလေပြင်း ပြန်လည်ရောက်ရှိလာပြီး မိန်းကလေးငယ်ပုံစံ ဖန်တီးလိုက်သည်။

"အထဲမှာ လူသုံးယောက်ရှိတယ်၊ ယောက်ျားတစ်ယောက်နဲ့ မိန်းမနှစ်ယောက်..."

လျိုရှောင်ဟွာက ကျောက်ဖေး၏ နားနားတွင် ကပ်၍ တိုးတိုးလေး ပြောသည်။

ယင်ကလေး၏ အသံမှာ အစစ်အမှန် မဟုတ်ဘဲ ကျောက်ဖေး တစ်ဦးတည်းသာ ကြားနိုင်သည်။

အထူးနည်းလမ်းမရှိဘဲ သာမန်လူများမှာ သူမကို မမြင်နိုင်ပေ။

အထဲရှိ မိန်းမနှစ်ယောက်အနက် တစ်ဦးမှာ ပျောက်ဆုံးနေသော ချန်မိသားစု၏ ပဉ္စမသခင်မလေး ချန်လျူယွဲ့ ဖြစ်ရမည်။

ယင်ကလေး၏ လမ်းညွှန်မှုမပါဘဲ အနံ့ခံရုံနှင့်ပင် ကျောက်ဖေး အတည်ပြုနိုင်သည်။

ကျန်ရှိသော ယောက်ျားမှာမူ အသက်ဓာတ် အလွန်ပြင်းထန်လှသဖြင့် လျိုရှောင်ဟွာပင် အနားသို့ မကပ်ရဲပေ။

ကျောက်ဖေးသည် လျိုရှောင်ဟွာကို ယင်ရုပ်တုအတွင်းသို့ ပြန်လည်သိမ်းဆည်းလိုက်သည်။

ခဏမျှ စဉ်းစားပြီးနောက် သူသည် ရှေ့သို့ တက်လှမ်းကာ တံခါးကို ခေါက်လိုက်တော့သည်။

ဒုန်း... ဒုန်း... ဒုန်း...

မကြာမီပင် အခန်းထဲမှ အသံခပ်သြသြနှင့် လူလတ်ပိုင်းအမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

"ဘယ်သူလဲ?"

"ငါက ချန်ဟယ်ဂိုဏ်းကပဲ၊ လျိုမုန့်ပေါ်... လွန်ခဲ့တဲ့ သုံးလက မင်းချေးထားတဲ့ ငွေတစ်ဆယ်က အတိုးနဲ့ပေါင်းရင် အခု ၅၈လောက် ဖြစ်နေပြီ။ အဲဒါ လာသိမ်းတာ..."

ကျောက်ဖေးက အသံကို တမင်ဗလုံးဗထွေးလုပ်ကာ ပြောလိုက်သည်။

"ဒီမှာ လျိုမုန့်ပေါ်ဆိုတဲ့သူ မရှိဘူး။ မင်း လူမှားလာတာပဲ" ဟု အထဲမှ လူက စိတ်မရှည်စွာဖြင့် ပြတ်ပြတ်သားသား ပြန်ပြောသည်။

"အလကားစကားတွေ၊ မင်း အထဲမှာ ရှိနေတာ အသိသာကြီးကို၊ လျိုမုန့်ပေါ် မဟုတ်သလိုလိုနဲ့ ဟန်ဆောင်နေတာလား? အကြွေးကို လိမ်ချင်လို့လား?"

ကျောက်ဖေးသည် ဆဲဆိုလိုက်ရင်း တံခါးကို ကန်ဖွင့်လိုက်သည်။

ဘုန်း

တံခါးမှာ ပွင့်မသွားဘဲ ကျယ်လောင်သော အသံသာ ထွက်လာသည်။

အထဲမှ တစ်ခုခုနှင့် ခံထားသည်မှာ သိသာလှသည်။

"ငါပြောပြီးပြီလေ၊ ဒီမှာ လျိုမုန့်ပေါ် မရှိဘူးလို့။ အခုချက်ချင်း ထွက်သွားစမ်း”

အထဲမှ လူသည် ဒေါသထွက်လာလေပြီ။

"ကောင်လေး... မင်းက အသံကို မြှင့်ပြောနေရုံနဲ့ လျိုမုန့်ပေါ်မှန်း ငါမသိဘူး ထင်နေလား? ဟန်ဆောင်မနေနဲ့၊ တံခါးဖွင့်စမ်း..."

ကျောက်ဖေးသည် ဒေါသတကြီး ဆဲဆိုရင်း တံခါးကို ဆက်တိုက် ကန်နေတော့သည်။

တံခါးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး တံခါးဘောင်မှ ဖုန်မှုန့်များမှာလည်း တဖွဲဖွဲ လွင့်စင်ကျလာသည်။

ဒုန်း ဒုန်း ဒုန်း...

တိတ်ဆိတ်လှသော ညဉ့်နက်ပိုင်းတွင် ဤအသံမှာ အလွန်ပင် နားကွဲမတတ် ကျယ်လောင်နေသည်။

အထဲမှ လူသည် နောက်ဆုံးတွင် ဆက်၍ သည်းမခံနိုင်တော့ပေ။

အကယ်၍ ဤသို့သာ ဆက်ဖြစ်နေပါက အနီးအနားရှိ အခြားသူများကို နိုးလာစေရုံသာမက ပို၍ကြီးမားသော ပြဿနာများကိုပါ ဖိတ်ခေါ်ရာ ရောက်ပေလိမ့်မည်။

ကျွီ

တံခါးသည် အတွင်းမှ ပွင့်လာသည်။

တံခါးဖွင့်ပေးလိုက်သူမှာ ရိုးရိုးစင်စင် ရုပ်ရည်ရှိပြီး ပုကွကွနှင့် ဝဝတုတ်တုတ် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် အင်္ကျီကို ပုခုံးပေါ်တွင် ကစဉ့်ကလျား ခြုံထားလေသည်။

အခန်း ၉၀ - ကျောက်မျက်နှာမြေခွေး ဖမ်းမိပြီ

"ဟင်? ခင်ဗျားက ဘယ်သူလဲ? လျိုမုန့်ပေါ် ဘယ်မှာလဲ?"

ကျောက်ဖေးက အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။

ပုကွကွ ဝတုတ်တုတ် လူလတ်ပိုင်းအမျိုးသားက စိတ်မရှည်စွာဖြင့် "ငါပြောပြီးပြီလေ၊ ဒီမှာ လျိုမုန့်ပေါ်ဆိုတဲ့သူ မရှိတော့ဘူးလို့။ မင်း လူမှားလာတာ၊ အခုချက်ချင်း ထွက်သွားစမ်း”

ကျောက်ဖေး၏ မျက်နှာ ပျက်သွားကာ "ခင်ဗျား ကျွန်တော့်ကို လိမ်နေတာလား? တောက်... ငါ့အစ်ကိုက လျိုမုန့်ပေါ် ဒီမှာနေတာ သေချာတယ်လို့ ပြောခဲ့တာ”

“ငါသိတယ်၊ လျိုမုန့်ပေါ်က အထဲမှာ ပုန်းနေတာ သေချာတယ်။ ဖယ်စမ်း... ငါ အထဲဝင်ရှာမယ်..."

ပြောပြောဆိုဆိုနှင့်ပင် ကျောက်ဖေးမှာ အထဲသို့ ဇွတ်အတင်း ဝင်ရန် ပြင်တော့သည်။

ပုတုတ်တုတ် လူလတ်ပိုင်းအမျိုးသားမှာ တံခါးဝတွင် ပိတ်ရပ်နေပြီး ဖယ်ပေးမည့် အရိပ်အယောင် လုံးဝမပြပေ။

"လမ်းဖယ်စမ်း၊ မဟုတ်ရင် ငါ့ဓားကို အပြစ်မတင်နဲ့တော့”

ကျောက်ဖေးက ခြိမ်းခြောက်လိုက်သည်။

"ငါလည်း မင်းကို အကြံပေးပါရစေ၊ ကိုယ့်ဘာသာကိုယ် ပြဿနာမရှာဘဲ ထွက်သွားတာ ပိုကောင်းမယ်”

လူလတ်ပိုင်းအမျိုးသားက အေးစက်စက် ပြောလိုက်သည်။

တံခါးကိုတောင် ကန်မပွင့်နိုင်သည့် အမှိုက်ကဲ့သို့ လူစားမျိုးမှာ ကိုယ်ခံပညာရှင်ပင် အခေါ်မခံထိုက်ပေ။

သူသည် ကျောက်ဖေးကို အမှိုက်တစ်စကဲ့သို့ သဘောထားကာ အလေးပင်မထားပေ။

"အော်... ဟုတ်လား?"

ကျောက်ဖေးက လှောင်ပြုံးပြုံးလိုက်သည်။

ထိုအခိုက်အတန့်တွင် ကျောက်ဖေးသည် ရုတ်တရက် တိုက်ခိုက်လိုက်တော့သည်။

လက်ဝါးစောင်းမှာ လည်ပင်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားသည်။

ပုတုတ်တုတ် လူလတ်ပိုင်းအမျိုးသား၏ သူငယ်အိမ်မှာ ကျဉ်းမြောင်းသွားသော်လည်း ထိုစိုးရိမ်ရသည့် အချိန်တွင် သူ၏ ကိုယ်ခန္ဓာမှာ ထူးဆန်းသော ပုံစံဖြင့် နောက်သို့ လန်သွားသည်။

ကျောက်ဖေး၏ လက်ဝါးမှာ လူလတ်ပိုင်းအမျိုးသား၏ ဦးရေပြားကို မသိမသာမျှသာ ထိမှန်သွားသည်။

ထိုလူသည် မြေပြင်ပေါ်တွင် လိမ့်သွားပြီး ပြန်အထတွင် ဘယ်ကမှန်းမသိသော ဓားမြှောင်တစ်လက်မှာ သူ၏လက်ထဲတွင် ပေါ်လာသည်။

ပို၍ အံ့ဩစရာကောင်းသည်မှာ ထိုလူ၏ ကိုယ်ခန္ဓာမှာ သိသိသာသာ ကြီးထွားလာခြင်းပင် ဖြစ်သည်။ သူသည် ပုတုတ်တုတ် မဟုတ်တော့ဘဲ ဖိသိပ်ထားသော ရေမြှုပ်တစ်ခု ချက်ချင်း ပြန်ပွင့်လာသကဲ့သို့ အရပ်ရှည်ပြီး သန်မာသောသူအဖြစ် ပြောင်းလဲသွားသည်။

ဒင် ဒင် ဒင်...

နှစ်ဖက်စလုံး ပြင်းထန်စွာ တိုက်ခိုက်ကြရာ ခေတ္တမျှအထိ အရှုံးအနိုင် မပေါ်သေးပေ။

သို့သော် ရေနွေးကြမ်းတစ်ခွက်စာ အချိန်ပင် မပြည့်သေးမီ

ကျောက်ဖေးသည် ရုတ်တရက် ယိုင်နဲ့သွားကာ ခြေထောက်များ အားပျော့လာပြီး ဒူးထောက်ကျလုနီးပါး ဖြစ်သွားသည်။

အရပ်ရှည်သန်မာသော ထိုလူလတ်ပိုင်းအမျိုးသားသည် အခွင့်အရေးကို အရယူကာ ကျောက်ဖေး၏ ရင်ဘတ်ကို ဓားဖြင့် ထိုးလိုက်သည်။

ကျောက်ဖေးမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး တုန်လှုပ်ဒေါသထွက်စွာဖြင့် "မင်း... မင်း ငါ့ကို ဘယ်တုန်းက အဆိပ်ခတ်လိုက်တာလဲ?" ဟု မေးလိုက်သည်။

သန်မာသော ထိုလူမှာ ကျောက်ဖေး၏ ဘေးတွင် ထိုင်ချလိုက်ပြီး ဝင့်ကြွားစွာ ကြည့်ကာ "မင်း အထဲကို ခြေချလိုက်ကတည်းက ဒီအခန်းထဲက လေထုထဲမှာ ကြွက်သားပျော့ဆေးမှုန့်တွေ အပြည့်ရှိနေတာ။ ကျောက်မျက်နှာမြေခွေးဆိုတာ လောကအနှံ့ လှည့်လည်လာခဲ့တာ နှစ်အတော်ကြာပြီ၊ မင်းက ငါ့မှာ ဘာအစီအစဉ်မှ မရှိဘူးလို့ တကယ်ထင်နေတာလား?"

ကျောက်ဖေးသည် အသက်ကို ခက်ခဲစွာ ရှူနေရပြီး သွားကို တင်းတင်းစေ့ကာ "ယုတ်မာလိုက်တာ..." ဟု ဆိုလိုက်သည်။

"ယုတ်မာတယ်?"

ကျောက်မျက်နှာမြေခွေးက တဟားဟား ရယ်လိုက်သည်။ သူ၏ မျက်နှာကြွက်သားများမှာ တဖြည်းဖြည်း တွန့်လိမ်ပြောင်းလဲသွားပြီး မူလရှိရင်းစွဲ ချောမောသော်လည်း မိန်းမဆန်သော ပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။

"လောကကြီးက အန္တရာယ်များတယ်ကွ၊ မင်းက အရမ်းနုသေးတယ်။ ဒါပေမဲ့ မင်းရဲ့ သရုပ်ဆောင်ချက်ကတော့ တကယ်ကို ကောင်းပါတယ်၊ ငါ့ကိုတောင် ခဏတာ လှည့်စားနိုင်ခဲ့တယ်။ ငါ့ရဲ့ ရုပ်သွင်အမှန်ကိုတောင် ဖော်ထုတ်နိုင်ခဲ့တာဆိုတော့ မင်း သေထိုက်ပါတယ်"

ထိုစကားများ ထွက်လာချေသည်။

အရာရာတိုင်းက ရှင်းလင်းလာသည်

ကျောက်မျက်နှာမြေခွေးသည် လက်ထဲရှိ ဓားမြှောင်ဖြင့် ကျောက်ဖေး၏ လည်ပင်းကို အမြန်လှီးလိုက်သည်။

သူသည် အလွန်အမင်း သေချာအောင် ပြုလုပ်လေ့ရှိသူဖြစ်သဖြင့် ဒဏ်ရာပြင်းထန်နေသူကိုပင် မညှာမတာ သတ်ပစ်လိုက်ခြင်း ဖြစ်သည်။

"တောက်... အချိန်ဖြုန်းလိုက်တာ၊ မင်းက ကိုယ့်သေတွင်းကိုယ်တူးတာပဲ"

ကျောက်မျက်နှာမြေခွေးက နှာခေါင်းရှုံ့လိုက်ပြီး ကျောက်ဖေး၏ အင်္ကျီကော်လာကို ဆွဲကာ အလောင်းကို ဖျောက်ပစ်ရန် အိမ်ထဲသို့ ဆွဲသွင်းရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင်

သေသွားပြီဟု ထင်ရသော ကျောက်ဖေးသည် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး ဓားရိုးဖြင့် ကျောက်မျက်နှာမြေခွေး၏ နှလုံးနေရာကို အားကုန် လွှဲရိုက်လိုက်သည်။

ဖူး

ကျောက်မျက်နှာမြေခွေးမှာ သွေးတစ်လုပ် အန်ထွက်သွားပြီး သူ၏မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်သွားသည်။

'မဖြစ်နိုင်တာ... ငါကိုယ်တိုင် လက်စဖျောက်လိုက်တာလေ...'

သူ ဘာဖြစ်မှန်း မစဉ်းစားနိုင်မီမှာပင် ကျောက်ဖေးက ဆက်တိုက် တိုက်ခိုက်လိုက်ပြန်ရာ ကျောက်မျက်နှာမြေခွေး၏ လည်ပင်းကို လက်ဝါးစောင်းဖြင့် အားပါပါ ရိုက်ချလိုက်သည်။

ကျောက်မျက်နှာမြေခွေးသည် မျက်စိရှေ့တွင် မှောင်အတိကျသွားကာ မြေပြင်ပေါ်သို့ အကြီးအကျယ် လဲကျသွားတော့သည်။

ကျောက်ဖေးသည် အေးစက်စက်ဖြင့် ပြန်ထရပ်လိုက်သည်။

သူသည် ကျောက်မျက်နှာမြေခွေး၏ ကိုယ်ပေါ်တွင် ရှာဖွေကြည့်ရာ ငွေသားနှစ်ထောင်ခန့် တန်ဖိုးရှိသော ငွေစက္ကူထုပ်ကြီးကို တွေ့ရှိရသည်။

ထို့အပြင် မည်သည့်အတွက် သုံးမှန်းမသိသော ဆေးမှုန့်ပုလင်းငယ် နှစ်လုံးကိုလည်း တွေ့ရသည်။

ကျောက်ဖေး ခန့်မှန်းကြည့်ရလျှင် တစ်မျိုးမှာ သူပြောခဲ့သော ကြွက်သားပျော့ဆေးဖြစ်နိုင်ပြီး နောက်တစ်မျိုးမှာ အိပ်ဆေးတစ်မျိုး ဖြစ်နိုင်သည်။

ထို့နောက် ကျောက်ဖေးသည် ကျောက်မျက်နှာမြေခွေး၏ အဝတ်အစားများကို ချွတ်ကာ အစင်းများအဖြစ် ကျစ်လိုက်ပြီး သူ၏ လက်နှင့် ခြေထောက်များကို တင်းတင်းကြပ်ကြပ် ချည်နှောင်လိုက်သည်။

ထိုသို့ လုပ်ပြီးမှသာ သူသည် အိမ်ထဲသို့ ဝင်ခဲ့သည်။

အတွင်းခန်း ကုတင်ပေါ်တွင် လှပသော မိန်းမပျိုနှစ်ဦးမှာ အဝတ်အစား မရှိသလောက်ဖြစ်နေပြီး တစ်ကိုယ်လုံးတွင် ကြိမ်ဒဏ်ရာများဖြင့် တုန်ယင်နေကြ၏

ကျောက်ဖေးကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြသည်။

"အဝတ်အစားတွေ ဝတ်လိုက်ကြတော့၊ အခု အိမ်ပြန်လို့ ရပြီ"

ကျောက်ဖေးက ထိုမိန်းကလေးနှစ်ဦးကို ပြောလိုက်သည်။

"ဝါးးးးးးး"

မိန်းကလေးနှစ်ဦးမှာ အားကိုးရာတွေ့သည့်နှယ် အော်ဟစ်ငိုယိုကြတော့သည်။

မိန်းကလေးတစ်ဦးသည် မျက်နှာကို လက်ဝါးနှင့်အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။

နောက်ထပ်အမျိုးသမီးတစ်ဦးမှာမူ မျက်ရည်များကို အနိုင်နိုင်ထိန်းရင်း "ရှင်... ရှင်က ဘယ်သူလဲ?" ဟု တုန်တုန်ရီရီ မေးလိုက်သည်။

"မင်းတို့ကို လာကယ်တဲ့သူတွေပဲ"

ကျောက်ဖေးသည် ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ဘဲ အခန်းထဲကို အမြန်ရှာဖွေလိုက်ရာ ခေါင်းအုံးအောက်တွင် ရော်ဘာနှင့်တူသော မျက်နှာဖုံးနှစ်ခုကို တွေ့ရှိခဲ့သည်။

ကုတင်အောက်ရှိ သေတ္တာထဲမှ ရတနာပစ္စည်းများကိုမူ သယ်ဆောင်ရသည်မှာ အလုပ်ရှုပ်မည်စိုးသဖြင့် ထားရစ်ခဲ့လိုက်သည်။

သူသည် ရော်ဘာမျက်နှာဖုံးကို အိတ်ထဲသို့ ထည့်လိုက်ပြီး ကျောက်မျက်နှာမြေခွေးကို လက်တစ်ဖက်ဖြင့် ဆွဲကာ အိမ်ပြင်သို့ ထွက်ခွာလာခဲ့သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက်...

စွန့်ပစ်ထားသော ပျက်စီးယိုယွင်းနေသည့် အိမ်အိုကြီးတစ်လုံးအတွင်း။

ကျောက်မျက်နှာမြေခွေးသည် သတိပြန်လည်လာပြီးနောက် သူ၏ဘေးတွင် ရပ်နေသော လူရိပ်ကို မြင်လိုက်ရသဖြင့် လန့်ဖျန့်ကာ ထရန် ကြိုးစားလိုက်သည်။

သို့သော် လှုပ်ရှားလိုက်သည်နှင့် သူ၏လက်ခြေများမှာ တင်းတင်းကြပ်ကြပ် အချည်ခံထားရသည်ကို သတိပြုမိသွားသည်။

ရင်ဘတ်မှ စူးအောင့်သော ဒဏ်ရာကြောင့် သွေးများပင် အန်ထွက်လုနီးပါး ဖြစ်သွားရသည်။

"ရုပ်ဖျက်အတတ်ကို ဘယ်လိုကျွမ်းကျင်အောင် လုပ်ရမလဲဆိုတာ ပြောပြစမ်း။ မင်းကို အသက်ရှင်ဖို့ အခွင့်အရေး ပေးချင်ပေးမယ်"

ကျောက်ဖေးက တည်ငြိမ်စွာ ပြောလိုက်သည်။

ကျောက်မျက်နှာမြေခွေးက ခါးသီးစွာ ရယ်မောလိုက်ပြီး "ငါ ကျောက်မျက်နှာမြေခွေးဆိုတာ သိုင်းလောကမှာ ဆယ်စုနှစ်တစ်ခုကျော် စိုးမိုးလာခဲ့တာ၊ ဒီနေ့ မင်းလက်ထဲမှာ ဒီလိုကျဆုံးရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး"

ကျောက်ဖေးက သူ့ကို အေးစက်စက် စိုက်ကြည့်နေသည်။ ခဏအကြာတွင် ကျောက်မျက်နှာမြေခွေးက သွားကို တင်းတင်းစေ့ကာ "ကောင်းပြီ၊ ငါ အဲဒီအတတ်ကို ပြောပြမယ်။ ဒါပေမဲ့ ပြောပြီးရင် မင်း ငါ့ကို လွှတ်ပေးမယ်ဆိုတာ ဘာနဲ့ အာမခံမလဲ?"

ကျောက်ဖေးက ခပ်မှိန်မှိန် ပြုံးလိုက်ပြီး "တကယ်တော့ မင်းမှာ ရွေးချယ်စရာ မရှိဘူးလို့ ငါပြောမလို့ပဲ။ ဘာလို့လဲဆိုတော့ မင်းသာ အမှန်အတိုင်း မပြောရင် သေမှာကတော့ သေချာတယ်။ ဒါပေမဲ့ မသေခင်မှာ မင်း အပြင်းထန်ဆုံး နှိပ်စက်ညှဉ်းပန်းမှုတွေကို ခံစားရလိမ့်မယ်"

"ဟက်... ရယ်စရာပဲ ငါ ကျောက်မျက်နှာမြေခွေးက ခြိမ်းခြောက်တာလောက်ကို ကြောက်တတ်တဲ့သူ ထင်နေလား?"

သူက လှောင်ပြောင်သော မျက်နှာဖြင့် ပြန်ပြောသည်။

ကျောက်ဖေးက ခေါင်းညိတ်ပြလိုက်ပြီး "စိတ်ဝင်စားစရာပဲ။ မင်းလို ခေါင်းမာတဲ့သူတွေ ငါအများကြီး တွေ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့အားလုံး..."

ကျောက်ဖေး၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။

"နာကျင်မှုဆိုတာ လူတွေကို ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေတွေ့ရှိစေတတ်တယ်"

"မင်း ရှာလကာရည် နှိပ်စက်နည်း အကြောင်း ကြားဖူးလား?"

ကျောက်ဖေးက ပြုံးရင်း ဆက်ပြောသည် "မင်းရဲ့ နှာခေါင်းထဲကို ရှာလကာရည်တွေ လောင်းထည့်လိုက်ရင် အဲဒီအက်ဆစ်ဓာတ်က မင်းရဲ့ နှာခေါင်းလမ်းကြောင်း၊ လည်ချောင်းကနေ အဆုတ်အထိ အကုန်လောင်ကျွမ်းသွားလိမ့်မယ်။ မင်း ချက်ချင်း မသေဘူး၊ ဒါပေမဲ့ အသက်တစ်ချက် ရှူတိုင်းမှာ ဓားနဲ့ အလှီးခံရသလို ခံစားရမှာ..."

ကျောက်မျက်နှာမြေခွေး၏ အသက်ရှူသံများ မြန်လာပြီး သူ၏နှာခေါင်းထဲတွင် တကယ်ပင် နာကျင်နေသလို ခံစားလိုက်ရသည်။

"ဒါထက် ပိုနူးညံ့တဲ့ နည်းတွေလည်း ရှိပါသေးတယ်"

ကျောက်ဖေးက ဆက်ပြောသည် - "ဥပမာ ရေနွေးပူ သန့်စင်ခြင်းပေါ့။ တစ်ကိုယ်လုံးကို ရေနွေးပူတွေနဲ့ လောင်းချလိုက်မယ်၊ အသားတွေ တစ်ဝက်လောက် ကျက်သွားတဲ့အခါ သံဘရက်နဲ့ အသားလွှာတွေကို တစ်

လွှာချင်း ခြစ်ထုတ်မှာ”

“ ဒါမှမဟုတ် တစ်နည်းဆိုတာ ရှိသေးတယ်၊ ဓားဦးချွန်လေးနဲ့ မင်းရဲ့ နံရိုးကြားတွေကို အသာလေး ပွတ်ဆွဲလိုက်ရင် မင်းရဲ့ ခန္ဓာကိုယ်ထဲကနေ အသာယာဆုံး အသံတွေ ထွက်လာတာကို မင်းကြားရလိမ့်မယ်..."

ကျောက်မျက်နှာမြေခွေး၏ မျက်နှာမှာ ဖြူလျော်လာပြီး နဖူးတွင် ချွေးစေးများ ထွက်လာသည်။

သူသည် လောကအနှံ့ ဆယ်စုနှစ်တစ်ခုကျော် ကျင်လည်ခဲ့ပြီး ဗဟုသုတ ကြွယ်ဝသူဟု ကိုယ့်ကိုကိုယ် ထင်ထားသော်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော နှိပ်စက်နည်းများကို တစ်ခါမှ မကြားဖူးပေ။

"...ပြီးတော့ ပြဒါးနဲ့ အရေခွံခွာနည်း ရှိသေးတယ်။ မင်းရဲ့ ဦးခေါင်းထိပ်ကို ကြက်ခြေခတ်ပုံစံ ခွဲပြီး ပြဒါးကို ဖြည်းဖြည်းချင်း လောင်းထည့်မယ်။ ပြဒါးက သွေးထက် လေးတော့ အရေပြားနဲ့ အသားကြားထဲကို စီးဝင်သွားလိမ့်မယ်။ အဲဒီအချိန်မှာ တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် ယားယံလာပြီး မင်းက လူးလိမ့်နေမှာပဲ၊ အဲဒီမှာ ဘာဖြစ်မလဲ သိလား?"

ကျောက်မျက်နှာမြေခွေးသည် တံတွေးကို အနိုင်နိုင် မျိုချလိုက်ရသည်။

ကျောက်ဖေးက ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး -"အဲဒီအခါမှာ မင်းက ဝူးခနဲ မင်းရဲ့ ဦးရေခွံထဲကနေ မြွေအရေခွံလဲသလိုမျိုး ထွက်လာပြီး ဒီအပုပ်နံ့နံတဲ့ အရေခွံကြီးကို ချွတ်ချလိုက်နိုင်မှာပဲ”

“ဒီလို အပြစ်ပေးနည်းတွေ အများကြီး ရှိသေးတယ်၊ လပေါင်းများစွာကြာအောင် တစ်နေ့ကို တစ်မျိုး မထပ်ရအောင် ငါလုပ်ပေးနိုင်တယ်။ ဘယ်လိုလဲ? စိတ်ဝင်စားစရာ မကောင်းဘူးလား?"

"တော်... တော်တော့၊ မင်းက တကယ်တော့ ဘယ်သူလဲ?"

ယခုအခါ ကျောက်မျက်နှာမြေခွေး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ အပြည့်ဖြစ်နေပြီး ကျောက်ဖေးကို ကြည့်နေသော သူ၏အသံမှာ သိသိသာသာ တုန်ရင်နေတော့သည်။

All Chapters