← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃)

ငါ့ပိုက်ဆံနဲ့ ငါ့ကို ပြန်တိုက်ဖို့ ကြိုးစားတာလား

ယွမ်တာထုံသည် ဒေါသအဟုန်ကြောင့် မျက်လုံးအစုံမှာ သွေးများဆူပွက်လာပြီး ပေါက်ကွဲထွက်တော့ မည့် အလား နီမြန်းနေလေတော့သည်။

"နို့နံ့မစင်သေးတဲ့ ကောင်လေးရယ်...၊ ငါက မရောင်းဘူးဆိုရင် မင်းက ငါ့ကို ဘာလုပ်နိုင်မှာတဲ့လဲ...။"

ဥက္ကဋ္ဌယွမ်သည် အမှန်တကယ်ပင် အလူးအလဲ ဒေါသထွက်နေရခြင်း ဖြစ်သည်။ သူ၏ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး အသက်ရှူသံများမှာလည်း ပြင်းထန်နေလေသည်။ လျန်ထျန်းမှာမူ တည်ငြိမ်မြဲ တည်ငြိမ် လျက်ပင် အစားအစာများကိုသာ တစ်စိမ့်စိမ့် မြိန်ယှက်စွာ စားသောက်နေပေသည်။

"ဒါဆိုရင်တော့ ကျင်းတ အိမ်ခြံမြေက ခင်ဗျားကို အစွန်းရောက်အောင် တွန်းပို့တဲ့အထိ စောင့်နေလိုက် ပေါ့...။ အဲ့ဒီအချိန်ကျမှ အရှုံးခံပြီး ရောင်းမယ်ဆိုရင်တော့ အခုထက် ပိုပြီး ဆုံးရှုံးရလိမ့်မယ်ဆိုတာကို တော့ ယုံကြည်ထားလိုက်ပါ...။"

"ကျွန်တော်က အခု လူသားချင်းစာနာမှုအရ ဝယ်ပေးနေတာ...။ ခင်ဗျားရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောပျက် ကြီးပေါ်မှာ လူပေါင်းများစွာ ထပ်ပြီး အလုပ်လက်မဲ့ ဖြစ်မသွားစေချင်လို့ပဲ...။"

"မဟုတ်ရင် ယွမ်ခယ် အိမ်ခြံမြေ ဒေဝါလီခံရပြီးမှ ပိုင်ဆိုင်မှုတွေ ပြန်လည် ခွဲဝေတဲ့အထိ စောင့်ပြီးတော့ ဈေးနှိမ်ပြီး ဝယ်တာက ကျွန်တော့်အတွက် ပိုပြီး တွက်ချေကိုက်မှာ မဟုတ်ဘူးလား...။"

ယွမ်တာထုံသည် တဖြည်းဖြည်း စိတ်အေးသွားပြီးနောက် အေးစက်စွာ ရယ်မောလိုက်လေသည်။

"ကောင်လေး...၊ ငါ ယွမ်တာထုံဆိုတာ အယ်လ် မြို့တော်မှာ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တာ...။ ဒါတွေက အလကား ဖြစ်လာတာ မဟုတ်ဘူး...။"

"ငါလို ဝါရင့် စီးပွားရေးသမားတစ်ယောက်ကို ယှဉ်ဖို့ဆိုတာ မင်းအတွက် လမ်းတဝက်တောင် မရောက် သေးဘူး...။"

"အယ်လ်အက်စ် ဘဏ်ရဲ့ ချေးငွေနဲ့ မင်းရဲ့ ရင်းနှီးမြှုပ်နှံမှု မရှိလည်း ငါ့မှာ ပိုက်ဆံရှာနိုင်တဲ့ တခြားသော နည်းလမ်းတွေ ရှိပါသေးတယ်...။"

"ကျင်းတ အိမ်ခြံမြေက ငါ့ကို အစွန်းရောက်အောင် တွန်းပို့မယ် ဟုတ်လား...။ ဟားဟား... မလွယ်ပါဘူး ကွာ...။"

ထိုသို့ ပြောပြီးနောက် ဥက္ကဋ္ဌယွမ်သည် ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်လေသည်။ ဖုန်းကို စပီကာ ဖွင့်ထားသဖြင့် တစ်ဖက်မှ ပြောသမျှ စကားများကို သီးသန့်ခန်းအတွင်း၌ ရှင်းလင်းစွာ ကြား နေရလေသည်။

"ဥက္ကဋ္ဌယွမ်...။ သည်လောက် ညဉ့်နက်မှ ဘာကိစ္စများ ရှိလို့လဲ...။"

ယွမ်တာထုံက တိုက်ရိုက်ပင် ပြောလိုက်သည်။

"မစ္စတာဖန်း...။ ခင်ဗျားရဲ့ လုပ်ငန်းတွေ အခုတလော အဆင်ပြေနေတယ်လို့ ကြားတယ်...။ ဒီနှစ်ထဲမှာ လည်း အမြတ်တွေ အများကြီး ရထားတယ် မဟုတ်လား...။ ကျွန်တော် တခြားကိစ္စတော့ မရှိပါဘူး၊ ခင်ဗျားဆီက ပိုက်ဆံနည်းနည်း ခဏလောက် ချေးချင်လို့ပါ...။"

ပိုက်ဆံချေးမည့် အကြောင်းကို ကြားလိုက်ရသည်နှင့် တစ်ဖက်မှလူမှာ ချက်ချင်းပင် စကားများ ထစ်ငေါ့ သွားလေတော့သည်။

"အာ... ဒါက... ဥက္ကဋ္ဌယွမ်...၊ ခင်ဗျား နောက်နေတာလား...။ အခုခေတ်မှာ ဘယ်သူက ပိုက်ဆံ ပိုနေလို့ လဲ…။ ကျွန်တော်လည်း ဒီနှစ်ထဲမှာ အဲ့ဒီလောက်ကြီး မရလိုက်ပါဘူး...။"

ယွမ်တာထုံက အသံကို နှိမ့်ကာ ပြောလိုက်လေသည်။

"ကောင်းပြီလေ ဖန်းအိုကြီး...။ ခင်ဗျားက အကျိုးအမြတ် မရှိရင် မလုပ်တတ်တဲ့ လူစားမျိုးဆိုတာ ငါ သိတာပေါ့...။ ဒီလိုလုပ်ပါ၊ ငါ ခင်ဗျားကို အတိုးပေးမယ်...။ ခြောက်လအတွင်း အတိုး (၃) ရာခိုင်နှုန်းနဲ့ ဘယ်လိုလဲ...။"

ဒီလောက် မြင့်မားသည့် အတိုးနှုန်းကို ကြားလိုက်ရသောအခါ ဖုန်းထဲမှ မစ္စတာဖန်းမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားလေတော့သည်။

"အဲ့ဒီလိုလား...။ ဒါဆိုရင်... ဥက္ကဋ္ဌယွမ်...။ ဒီပိုက်ဆံတွေကို ဘာလုပ်ဖို့ သုံးမှာလဲ...။ ပြီးတော့ ဘယ် လောက်အထိ ချေးချင်တာလဲ...။"

ယွမ်တာထုံသည် အောင်မြင်တော့မည်ကို သိလိုက်သဖြင့် သူ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာ ခဲ့လေသည်။

"အရင်ဆုံး ယွမ် (၃၀၀) လောက် ချေးပါဦး...။ တခြား မိတ်ဆွေတွေဆီကလည်း ချေးဖို့ ရှိသေးတယ်...။ ငါကတော့ ကျင်းတ အိမ်ခြံမြေကို အပြတ်အသတ် ပြန်တိုက်ဖို့ အဆင်သင့်ပဲ...။"

"ဒီကိစ္စ ပြီးသွားရင်တော့ ငါ့ကို ကူညီခဲ့တဲ့ မိတ်ဆွေဟောင်းတွေကို ငါ ကောင်းကောင်း ပြန်ပေးဆပ် မှာပါ...။ ခင်ဗျားကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး...။"

ဖုန်းထဲမှလူသည် ခေတ္တမျှ တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် သဘောတူလိုက်လေသည်။

"ကောင်းပြီလေ... ယွမ် (၃၀၀) တော့ ကျွန်တော် ညှစ်ထုတ်ပေးနိုင်ပါတယ်...။ အခု အယ်လ် မြို့တော်ရဲ့ အိမ်ခြံမြေ လောကမှာ ယွမ်ခယ်နဲ့ ကျင်းတက အားအကောင်းဆုံး ပြိုင်ဘက်တွေပဲ မဟုတ်လား...။"

"ဒီတစ်ခါတော့ ကျွန်တော် ခင်ဗျားအပေါ်မှာပဲ အလောင်းအစား လုပ်လိုက်ပြီ...။ နောင်ကျရင် ခင်ဗျား အသားစားရတဲ့အခါ ကျွန်တော့်ကိုလည်း ဟင်းရည်လေး တစ်ငုံလောက်တော့ ပေးဦးပေါ့...။"

တစ်ဖက်လူက သဘောတူလိုက်သဖြင့် ယွမ်တာထုံသည် အားရပါးရ ရယ်မောလိုက်လေတော့သည်။

"ပြဿနာ မရှိဘူး...။ ငါ့မှာ အယ်လ် မြို့တော်က မိတ်ဆွေတွေ အများကြီး ရှိတယ်...။ ဒါတွေက ငါ့ရဲ့ အင်အားတွေပဲ...။"

"ကျင်းတ အိမ်ခြံမြေက ဘယ်ကမှန်းမသိတဲ့ ရှယ်ယာရှင် တစ်ယောက်နဲ့ အချိတ်အဆက် ရသွားတာနဲ့ပဲ သူတို့ကိုယ်သူတို့ ဩဇာကြီးလှပြီ ထင်နေကြတာလားမသိဘူး...။"

"ငါ သူတို့ကို လူကြီးလူကောင်း ပီသအောင် ဘယ်လို နေထိုင်ရမလဲဆိုတာ သင်ခန်းစာ ပေးလိုက်ဦး မယ်...။"

ထိုစကားများကို ပြောနေချိန်တွင် ယွမ်တာထုံသည် အလွန်ပင် မောက်မာလွန်းလှပေသည်။ သူသည် ဖုန်းချလိုက်ပြီးနောက် လျန်ထျန်းကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်လေသည်။

"ကောင်လေး... မြင်ပြီမလား...။ ဒါက အဆက်အသွယ်နဲ့ တကယ့် အင်အားပဲ...။ ငါ အကြွေးစာချုပ် တစ်စောင်မှာ လက်မှတ်ထိုးလိုက်ရုံနဲ့ ယွမ် (၃၀၀) က ငါ့အကောင့်ထဲကို ချက်ချင်း ရောက်လာတော့ မှာ...။"

"ပြီးတော့ ငါ့မှာ ဒီလို ရင်းနှီးတဲ့ မိတ်ဆွေပေါင်း တစ်ဒါဇင်ကျော် ရှိသေးတယ်...။ ယွမ် သုံးထောင်ကနေ ငါးထောင်အထိ ရှာဖို့ဆိုတာ ငါ့အတွက် မခက်ခဲဘူး...။"

"ဒီပိုက်ဆံတွေနဲ့ ကျင်းတ အိမ်ခြံမြေက ငါ့ကို ဘယ်လို တွန်းပို့နိုင်ဦးမှာလဲ...။ ယွမ်ခယ် အိမ်ခြံမြေကို ဝါးမြိုဖို့ ဆိုတာကိုတော့ လုံးဝ မတွေးလိုက်နဲ့တော့...။"

ယွမ်တာထုံ၏ ဘဝင်မြင့်နေသည့် အမူအရာကို မြင်သောအခါ လျန်ထျန်းက အံ့အားသင့်သွားသည့် ဟန်ဖြင့်၊

"ယွမ် သုံးထောင်ကနေ ငါးထောင်အထိ ဟုတ်လား...၊ တော်တော် များတာပဲ...။"

သို့သော် ချက်ချင်းပင် သူ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာပြီး၊

"ဒါပေမဲ့ အဲ့ဒီပိုက်ဆံက ကျွန်တော် အစားအသောက် ပို့ဆောင်ပြီး တစ်လခွဲလောက် ကြိုးစားပန်းစား ရှာရတဲ့ ပမာဏပါပဲ...။"

"ဒါနဲ့... ခင်ဗျား အခု ဖုန်းဆက်လိုက်တဲ့သူက ဖန်းကျား အစားအသောက် ကုမ္ပဏီက အထွေထွေမန်နေ ဂျာ မစ္စတာဖန်း မဟုတ်လား...။"

လျန်ထျန်းသည် ထိုသို့ ပြောရင်း ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်ရာ တစ်ဖက်မှ ချက်ချင်းပင် ဖုန်းပြန်ထူး ခဲ့လေသည်။ ဖုန်းကို စပီကာ ဖွင့်ထားသဖြင့် ရိုသေလေးစားလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့လေ သည်။

"မစ္စတာလျန်... သည်လောက် ညဉ့်နက်နေတာတောင် မအိပ်သေးဘူးလား...။ ကျွန်တော့်ဆီက ဘာများ လိုအပ်လို့ပါလဲခင်ဗျာ...။"

ထိုရိုသေလှသော အသံကို ကြားလိုက်ရသောအခါ ယွမ်တာထုံမှာ လန့်ဖျပ်သွားရသည်။ အဘယ်ကြောင့် ဆိုသော် ထိုအသံမှာ သူ အခုလေးတင် ဖုန်းဆက်ခဲ့သည့် မစ္စတာဖန်း၏ အသံ ဖြစ်နေသောကြောင့် ဖြစ် ပေသည်။ ထို့အပြင် မစ္စတာဖန်း၏ လေသံမှာ သူ့အပေါ် ဆက်ဆံပုံထက် လျန်ထျန်းအပေါ် ဆက်ဆံပုံက အဆပေါင်းများစွာ ပို၍ ရိုသေနေခဲ့လေသည်။

လျန်ထျန်းကလည်း တိုက်ရိုက်ပင် ပြောလိုက်လေသည်။

"မစ္စတာဖန်း...။ ခင်ဗျား ယွမ်ခယ် အိမ်ခြံမြေက ဥက္ကဋ္ဌယွမ်ကို ပိုက်ဆံ ယွမ် (၃၀၀) တောင် ချေးပေးမလို့ ဆိုတာ ဟုတ်လား...။"

"ကြည့်ရတာ ခင်ဗျားဆီမှာ ပိုက်ဆံတွေ အတော်လေး ပိုနေတဲ့ပုံပဲ...။ ဒါဆိုရင်တော့ ကျွန်တော် အရင်က ခင်ဗျားဆီမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ယွမ် (၆၀၀) ကို ပြန်ယူတော့မယ်...။ မနက်ဖြန် အရောက် ပြန်လွှဲပေးဖို့ မမေ့ပါနဲ့ဦး...။"

လျန်ထျန်း၏ စကားကို ကြားလိုက်ရသောအခါ ဖုန်းထဲမှ မစ္စတာဖန်းမှာ ချက်ချင်းပင် ထိတ်လန့်သွားပြီး အလူးအလဲ တောင်းပန်လေတော့သည်။

"မစ္စတာလျန်... ခွင့်လွှတ်ပါ...။ ကျွန်တော် ရှင်းပြပါရစေ...။ အခြေအနေက ဒီလိုပါ...။"

"ကျွန်တော် လုပ်ငန်းချဲ့ထွင်ဖို့ ပိုက်ဆံလိုတာ မှန်ပါတယ်...။ ဒါပေမဲ့ စီးပွားရေးဆိုတာ တစ်ဆင့်ချင်း သွားရတာ မဟုတ်လား...။"

"မစ္စတာလျန်က ကျွန်တော့်အပေါ် သဘောထားကြီးပြီး တစ်ခါတည်း ယွမ် (၆၀၀) တောင် ရင်းနှီးပေး ခဲ့တာ...။ အဲ့ဒီပိုက်ဆံ အားလုံးကို အခုချက်ချင်း သုံးဖို့ မလိုသေးဘူး ဖြစ်နေတာပါ...။"

"အဲ့ဒီအချိန်မှာ ယွမ်ခယ် အိမ်ခြံမြေက ဥက္ကဋ္ဌယွမ်က ဖုန်းဆက်ပြီး ခြောက်လလောက် ပိုက်ဆံချေးချင် တယ်၊ အတိုးပေးမယ်လို့ ပြောလာတာနဲ့...။"

"ကျွန်တော်ကလည်း ပိုက်ဆံတွေက ဒီအတိုင်း ရှိနေတာဆိုတော့ ခဏ ချေးပေးပြီး အတိုးစားမယ်၊ ခြောက်လကြာလို့ ပိုက်ဆံပြန်ရရင် လုပ်ငန်းချဲ့ဖို့ ပိုပြီး အဆင်ပြေမယ်လို့ တွေးလိုက်မိလို့ပါ...။"

မစ္စတာဖန်း စကားမဆုံးမီမှာပင် လျန်ထျန်းက ပြင်းထန်စွာ ဖြတ်ပြောလိုက်လေသည်။

"ခင်ဗျားက ကျွန်တော့်ပိုက်ဆံကို သုံးပြီး တခြားသူဆီ ချေးစားပြီး အတိုးယူမလို့ပေါ့...၊ ဟုတ်လား...။"

"မစ္စတာဖန်း...။ ခင်ဗျားကို ကျွန်တော် ပေးထားတဲ့ ပိုက်ဆံက ခင်ဗျားရဲ့ လုပ်ငန်း လည်ပတ်ဖို့အတွက် ဖြစ်တယ်....။ ခင်ဗျား အပြင်မှာ ချေးစားဖို့ ပေးထားတာ မဟုတ်ဘူး...။"

"ခင်ဗျား ချေးပေးလိုက်တဲ့ ပိုက်ဆံတွေ ပြန်မရဘဲ ခင်ဗျား လုပ်ငန်းက ပိုက်ဆံ လိုလာတဲ့အခါ ဘယ်လို လုပ်မလဲဆိုတာကော စဉ်းစားဖူးရဲ့လား...။"

"ခင်ဗျားရဲ့ ငွေကြေးစီးဆင်းမှု ရပ်တန့်သွားရင် ကုမ္ပဏီက ဒေဝါလီခံရမယ်၊ လူတွေ အများကြီး အလုပ် ပြုတ်မယ်...။ ပြီးတော့ ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း အကုန် အလကား ဖြစ်သွားလိမ့်မယ်...။"

"ဒါကြောင့် ခင်ဗျား အဲ့ဒီ လူမိုက်ကြီးဆီကို ပိုက်ဆံချေးမယ်ဆိုရင် ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တစ်ပြားမကျန် အရင် ပြန်ပေးလိုက်တော့...။"

ထိုအချိန်တွင် ဖုန်းထဲမှ မစ္စတာဖန်းမှာ အလွန်အမင်း ထိတ်လန့်သွားပြီး ပျာပျာသလဲ ပြောလာလေတော့ သည်။

"တောင်းပန်ပါတယ်... ကျွန်တော် တကယ် တောင်းပန်ပါတယ် မစ္စတာလျန်...။ ကျွန်တော် မှားသွားပါ တယ်...။ ကျွန်တော် တကယ်ကြီး မှားသွားတာပါ...။"

"ကောင်းပါပြီ... အဲ့ဒီ လူမိုက်ဆီကို အခုပဲ ဖုန်းပြန်ဆက်ပြီး ပိုက်ဆံ မချေးနိုင်တော့ဘူးလို့ ပြောလိုက် ပါ့မယ်...။ နောက်ပြီး သူနဲ့လည်း အဆက်အသွယ် အကုန် ဖြတ်လိုက်ပါ့မယ်...။"

ထိုစကားကို ကြားမှ လျန်ထျန်းက ကျေနပ်သည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီ... အဲ့ဒါမှ ဟုတ်တာပေါ့...။"

ဖုန်းထဲမှ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မစ္စတာဖန်းက တိုးညင်းစွာ မေးလိုက်လေသည်။

"ဒါနဲ့... မစ္စတာလျန်...၊ ကျွန်တော် ယွမ်တာထုံကို ပိုက်ဆံချေးမယ့်ကိစ္စကို ဘယ်လို သိသွားတာလဲ...။ သူ အခုလေးတင်ပဲ ဖုန်းဆက်သွားတာကို...။"

လျန်ထျန်းက ဖုံးကွယ်မထားဘဲ ပြောပြလိုက်လေသည်။

"အဲ့ဒီ လူမိုက်က အခု ငါနဲ့အတူ ထမင်းစားနေတာလေ...။ ငါ့ရှေ့မှာ အရမ်းကို မောက်မာနေလို့ သင်ခန်း စာ ပေးနေတာ...။ နားလည်လား...။"

မစ္စတာဖန်းသည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း နောက်ပိုင်းတွင် နားလည်သွားပြီး ရိုသေ စွာဖြင့် ဖုန်းကိုချလိုက်လေသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ယွမ်တာထုံ၏ ဖုန်းမှာ ကျယ်လောင်စွာ မြည်လာတော့သည်...။

အခန်း (၇၄)

စီးပွားရေးလောကကို တုန်လှုပ်စေသော သတင်းကြီး

ဖုန်းမျက်နှာပြင်ပေါ်ရှိ ခေါ်ဆိုသူအမည်ကို ကြည့်ရင်း ယွမ်တာထုံ၏ အမူအရာမှာ ရှုပ်ထွေးသွားပြီး ဖုန်း ကို ဖြေဆိုရန် တုံ့ဆိုင်းနေခဲ့လေသည်။

လျန်ထျန်းက သူ့ကို ကြည့်ကာ ခပ်အေးအေးပင် ပြောလိုက်၏။

"ဥက္ကဋ္ဌယွမ်... စီးပွားရေးလောကမှာ အကျိုးအမြတ်ကသာ အမြဲတမ်း ပထမဦးစားပေးပဲ မဟုတ်လား...။ အဆက်အသွယ်နဲ့ ပတ်သက်ဆက်နွှယ်မှုတွေ ဆိုတာကလည်း အကျိုးအမြတ်နဲ့ ချည်နှောင်ထားနိုင်မှသာ တည်မြဲနိုင်တာပါ...။"

"ခင်ဗျားရဲ့ ဒီမိတ်ဆွေဆိုတဲ့ သူတွေကလည်း ကျွန်တော့်မှာ ပိုက်ဆံရှိနေသရွှေ့ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေ ဖြစ်လာနိုင်သလို ညီအစ်ကိုအရင်းတွေလိုတောင် ပေါင်းလို့ ရနိုင်တာပေါ့...။"

"ခင်ဗျားလို ဝါရင့် စီးပွားရေးသမားကြီး တစ်ယောက်က ဒီသဘောတရားတွေကို ကျွန်တော့်ထက် ပိုပြီး နားလည်မှာပါနော်...။"

ထိုစကားများကို ကြားရသောအခါ ယွမ်တာထုံ၏ မျက်နှာမှာ ပို၍ပင် ပျက်ယွင်းသွားရလေတော့သည်။ သို့သော်လည်း သူသည် စီးပွားရေးလောကတွင် ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ပြီး လောကဓံ အနိမ့်အမြင့်များစွာကို ကြုံတွေ့ခဲ့သူ ဖြစ်သဖြင့် ချက်ချင်းပင် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထား လိုက်လေသည်။

သူသည် ဖုန်းကို ချလိုက်ပြီးနောက် အခြားနံပါတ်တစ်ခုကို ရှာ၍ ထပ်မံ နှိပ်လိုက်ပြန်လေသည်။

"ဟေး... မစ္စတာဝူ... ခင်ဗျားနဲ့ ပြောစရာ ရှိလို့ပါ...။ ကျွန်တော် ပိုက်ဆံအချို့ ချေးချင်လို့၊ အတိုးကိုတော့ အမြင့်ဆုံး ပေးပါ့မယ်...။"

ယွမ်တာထုံ ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် လျန်ထျန်းကလည်း ထိုနံပါတ်ကိုပင် ပြန်ခေါ်လိုက်လေ သည်။

"ဟေး... မစ္စတာဝူ...၊ ခင်ဗျား ယွမ်ခယ် အိမ်ခြံမြေက ဥက္ကဋ္ဌယွမ်ကို ပိုက်ဆံချေးမလို့ ဆိုတာ ဟုတ်ပါ သလား...။ ဒါဆိုရင် ကျွန်တော် ခင်ဗျားဆီမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ယွမ် (၈၀၀) ကိစ္စကကော...။"

လျန်ထျန်း ဖုန်းချလိုက်သောအခါ ယွမ်တာထုံမှာ မှင်တက်သွားရလေသည်။

"မင်း... မင်း ကုမ္ပဏီပေါင်း ဘယ်လောက်များများမှာ ရင်းနှီးမြှုပ်နှံထားတာလဲ...။"

လျန်ထျန်းက ပခုံးတွန့်ပြရင်း ပြုံးလိုက်လေသည်။

"သိပ်မများပါဘူး... ခင်ဗျားအကြောင်းကို ကျွန်တော် စုံစမ်းထားတယ်ဆိုတာ ခင်ဗျားလည်း ရိပ်မိပြီးသား မဟုတ်လား...။"

"ဒါကြောင့် ခင်ဗျားနဲ့ ရင်းနှီးတဲ့ ကုမ္ပဏီ အားလုံးနီးပါးမှာ ကျွန်တော် ရင်းနှီးမြှုပ်နှံထားတယ်...။ အကယ် ၍ ခင်ဗျား မယုံရင် နောက်ထပ် ဖုန်းအနည်းငယ် ထပ်ပြီး ခေါ်ကြည့်နိုင်ပါတယ်...။"

ထိုစကားကို ကြားသောအခါ ယွမ်တာထုံမှာ အကြီးအကျယ် ထိတ်လန့်သွားရပြီး သူ၏ လက်များမှာ တုန်ရီလာကာ ကိုင်ထားသော ဖုန်းမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။ မင်းမှာ ဒီလောက် ပိုက်ဆံတွေ အများကြီး ဘယ်က ရတာလဲ... ။ မင်းရဲ့ နောက်ကွယ်မှာ ဘယ်သူ ရှိနေတာလဲ...။"

လျန်ထျန်းက ဖုန်းကို ချလိုက်ပြီး အစားအသောက်များကို ပြန်လည် စားသောက်ရင်း ပြောလိုက်လေ သည်။

"ယွမ် (၁၀,၀၀၀) အောက်ပဲ ကုန်တာပါ...။ ဒီလောက်က များလို့လား...။ ကျွန်တော်သာ လတိုင်း အစား အသောက် ပို့ဆောင်ရေး အလုပ်ကို ကြိုးစားပန်းစား လုပ်မယ်ဆိုရင် ဒီလောက် ပိုက်ဆံက ရှာလို့ ရပါ တယ်...။"

လျန်ထျန်းက အမှန်အတိုင်း ပြောခြင်း ဖြစ်သော်လည်း ယွမ်တာထုံကမူ လုံးဝ မယုံကြည်ပေ။ အဘယ် ကြောင့်ဆိုသော် ယနေ့ခေတ်၏ ယွမ် (၁၀,၀၀၀) ဆိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ ငွေစျေးကျမှု မတိုင်ခင်က ယွမ် (၁၀ )ဘီလီယံနှင့် ညီမျှသောကြောင့် ဖြစ်ပေသည်။

ဘယ်လို အစားအသောက် ပို့ဆောင်သူက တစ်လကို ယွမ် (၁၀) ဘီလီယံအထိ ရှာနိုင်မှာလဲ...။

ဤအချိန်တွင် ယွမ်တာထုံ တွေးမိသည်မှာ လျန်ထျန်း၏ နောက်ကွယ်မှ အင်အားစုမှာ ခန့်မှန်း၍ မရ နိုင်လောက်အောင် ကြီးမားနေသည် ဟူ၍သာ ဖြစ်သည်။ တစ်ဖက်လူက မိမိ၏ အကြောင်းကို အကုန်သိ နေသော်လည်း မိမိကမူ တစ်ဖက်လူ၏ အကြောင်းကို ဘာမျှ မသိရှိရပေ။

အင်အားချင်းမှာ ကွာခြားလွန်းလှသည်...။

အခြေအနေကို နားလည်သွားသောအခါ ဥက္ကဋ္ဌယွမ်သည် တစ်ကိုယ်လုံး ယိုင်နဲ့သွားပြီး သူ၏ အရှိန်အဝါ များမှာလည်း တဖြည်းဖြည်း မှေးမှိန်သွားကာ တစ်ခဏချင်းမှာပင် ဆယ်နှစ်ခန့် အိုမင်းသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

ဘေးတွင် ရပ်နေသော ယွမ်ခယ်မှာလည်း သူ၏ ဖခင်ကို အမြန်ပင် တွဲထူလိုက်ရလေသည်။

"အဖေ... အဖေ..."

ယွမ်တာထုံက လက်ဝှေ့ယမ်းပြရင်း ကိုယ့်ကိုယ်ကိုယ် မတ်မတ်ထိုင်နိုင်အောင် အားတင်းလိုက်သည်။ သို့သော် လျန်ထျန်းကို ပြန်ကြည့်လိုက်သောအခါ ဝါရင့် စီးပွားရေးသမားကြီး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ရိပ်များ ပေါ်လွင်နေလေသည်။ သူ၏ လေသံမှာလည်း သိသိသာသာ ပျော့ပြောင်းသွားလေ တော့သည်။

"မစ္စတာလျန်... ကျွန်တော် အရင်က မစ္စတာလျန်အပေါ် မရိုမသေ လုပ်ခဲ့တာတွေကို တောင်းပန်ပါ တယ်...။ ကျွန်တော် မှားသွားပါပြီ...။"

ထိုသို့ ပြောဆိုရင်း အယ်လ်မြို့တော်၌ ကျော်ကြားလှပါသည်ဆိုသော ယွမ်ခယ်အိမ်ခြံမြေ၏ အမှုဆောင် အရာရှိချုပ် ယွမ်တာထုံသည် လျန်ထျန်းကို မတ်တတ်ရပ်၍ ဦးညွှတ်လိုက်လေသည်။

ထို့နောက် ယွမ်တာထုံသည် ဝိုင်ခွက်ကို ကိုင်ကာ လျန်ထျန်း၏ ခွက်ထက် အများကြီး နိမ့်သော နေရာမှ နေ၍ တိုက်လိုက်လေသည်။

"မစ္စတာလျန်... ကျွန်တော့်မှာ တခြား ဘာတောင်းဆိုချက်မှ မရှိပါဘူး...။ ယွမ်မိသားစုအတွက် ရှယ်ယာ (၃၀) ရာခိုင်နှုန်း...။ မဟုတ်ဘူး...၊ (၂၀) ရာခိုင်နှုန်းလောက်ပဲ ချန်ထားပေးဖို့ မျှော်လင့်ပါတယ်...။"

"မဟုတ်ရင် ကျွန်တော့်ရဲ့ အသုံးမကျတဲ့ သားတွေနဲ့ဆိုရင် ကျွန်တော့်မှာ ပိုက်ဆံတွေ ဘယ်လောက်ပဲ ရှိရှိ သူတို့က အကုန် ဖြုန်းတီးပစ်ကြမှာ...။ ကြာရှည် ခံမှာ မဟုတ်ဘူး...။"

အမှန်စင်စစ် ဤအခြေအနေအထိ ရောက်ရှိလာပြီ ဖြစ်ရာ လျန်ထျန်းအနေဖြင့် အပြတ်အသတ် အောင်ပွဲ ခံနိုင်ခဲ့ပြီ ဖြစ်ပြီး ယွမ်ခယ် အိမ်ခြံမြေကိုလည်း စိတ်ကြိုက် ထိန်းချုပ်နိုင်ပြီ ဖြစ်လေသည်။ ယွမ်မိသားစု အတွက် ရှယ်ယာ (၂၀) ရာခိုင်နှုန်း ချန်ထားပေးခြင်းက ဘာမျှ သက်ရောက်မှု ရှိမည် မဟုတ်ပေ။

သို့သော် လျန်ထျန်းက ယွမ်တာထုံကို စိုက်ကြည့်ရင်း ပြတ်သားစွာပင် ခေါင်းခါယမ်းလိုက်သည်။

"မရဘူး... ကျွန်တော် လိုချင်တာက ခင်ဗျားတို့ ယွမ်မိသားစု ပိုင်ဆိုင်တဲ့ ရှယ်ယာ အားလုံးပဲ...။ အကုန် လုံး မဟုတ်ရင် ကျွန်တော် အလိုမရှိဘူး...။"

ထိုစကားကို ကြားသောအခါ သခင်လေးယွမ်ခယ်မှာ ဆက်၍ သည်းမခံနိုင်တော့ဘဲ ရှေ့သို့ တိုးလာ ခဲ့လေသည်။

"ကျွန်တော့်အဖေက သည်လောက်အထိ အလျှော့ပေးနေတာတောင် ခင်ဗျားက...။"

သို့သော် ယွမ်တာထုံက သားဖြစ်သူကို တားလိုက်ပြီး လျန်ထျန်းကို စေ့စေ့ကြည့်လိုက်လေသည်။ နောက် ဆုံးတွင်မူ သူသည် အကူအညီမဲ့စွာဖြင့် ခါးသီးစွာ ပြုံးလိုက်ပြီး သက်ပြင်းရှည်ကြီးကို ချလိုက်လေတော့ သည်။

"မင်း သိသွားတာပဲ...။ ကောင်းပါပြီ... ငါ အရှုံးပေးပါတယ်...။ ငါ လုံးဝ အရှုံးပေးလိုက်ပါပြီ...။"

"ကြည့်ရတာ ခေတ်ကြီးက တကယ်ကို ပြောင်းလဲသွားပြီပဲ...။ တကယ်ကို ပြောင်းလဲသွားပါပြီ...။"

မကြာမီမှာပင် ရှယ်ယာ လွှဲပြောင်းရေး စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြပြီး လျန်ထျန်းကလည်း ကတိအတိုင်း ယွမ် (၅,၀၀၀) ကို ယွမ်မိသားစု၏ အကောင့်ထဲသို့ လွှဲပြောင်းပေးလိုက်လေသည်။

သိပ်မကြာလိုက်မီမှာပင် အယ်လ် မြို့တော်၏ စီးပွားရေးလောက တစ်ခုလုံးမှာ တုန်လှုပ်ချောက်ချား သွားရပြီး ယွမ်ခယ် အိမ်ခြံမြေကို လျှို့ဝှက်သော သူဌေးကြီးတစ်ဦးက ဝယ်ယူလိုက်ပြီဟူသော ကောလာဟလများ ပျံ့နှံ့သွားခဲ့လေတော့သည်။

ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ ပွဲတော်တစ်ခုတွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူကြီးလူကောင်းများနှင့် လှပလှသော ဝတ်စုံများ ဝတ်ဆင်ထားသည့် အမျိုးသမီးများမှာ စုစုဝေးဝေး ဖြင့် ဆွေးနွေးနေကြလေသည်။

"ဟေး... ယွမ်ခယ် အိမ်ခြံမြေကို ဝယ်လိုက်တဲ့ လျှို့ဝှက်သူဌေးကြီးက ဘယ်က လာတာလို့ ထင်လဲ...။"

"ဟုတ်ပဗျာ... အယ်လ် မြို့တော်မှာ သည်လောက် ချမ်းသာတဲ့သူမျိုး တစ်ခါမှ မကြားဖူးဘူး...။ သူက ကုမ္ပဏီပေါင်း တစ်ဒါဇင်ကျော်မှာ ရင်းနှီးမြှုပ်နှံထားတဲ့အပြင် ယွမ်မိသားစုဆီက ရှယ်ယာ အားလုံးကိုပါ ဝယ်ယူလိုက်တာလေ...။"

"ဒါတွေ အားလုံးကို ပေါင်းလိုက်ရင် ယွမ် (၁၅,၀၀၀) လောက် ရှိမှာပဲ...။ တကယ်ကို မယုံနိုင်စရာပဲ...။ ဒါက အချမ်းသာဆုံး ပုဂ္ဂိုလ် မစ္စတာဝမ်များလား...။"

"မဖြစ်နိုင်တာ... ကျွန်တော် သိသလောက်တော့ မစ္စတာဝမ်ကလည်း အခုတလော ငွေကြေး အခက်အခဲ ဖြစ်နေတာ...။ သူက ပိုင်ဆိုင်မှုတွေကို မရောင်းထုတ်ဘဲ ဒီလောက် ပိုက်ဆံအများကြီးကို တစ်ခါတည်း ထုတ်နိုင်မှာ မဟုတ်ဘူး...။"

"ပြီးတော့ ခင်ဗျားတို့ ကြားပြီးပြီလား...။ ယွမ်ခယ် အိမ်ခြံမြေကို ဝယ်လိုက်တဲ့ လျှို့ဝှက်သူဌေးကြီးက ကျင်းတ အိမ်ခြံမြေရဲ့ နောက်ကွယ်က ရှယ်ယာရှင်ကြီးပဲတဲ့...။"

"ဘုရားရေ... ဒါဆိုရင် နောက်ထပ် ယွမ် တစ်သောင်းနီးပါးလောက် ထပ်လိုမှာပေါ့...။ ဒီနေ့ခေတ် စီးပွားရေး အခြေအနေနဲ့ဆိုရင် အယ်လ် မြို့တော်မှာ ဒီလောက် ဩဇာရှိတဲ့သူ ရှိလို့လား...။"

"ဒါမှမဟုတ်... တခြား မြို့ကြီးက အကောင်ကြီးကြီး တစ်ယောက်ယောက်များလား...။ ငါတို့ မြို့မှာ စီမံကိန်းကြီးတစ်ခုခု လုပ်ဖို့ ပြင်နေတာလား မသိဘူး...။"

သူတို့ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြစဉ် လုချွမ်းရှုံက ဝိုင်ခွက်ကို လှုပ်ယမ်းရင်း လျှောက်လာကာ အသာအယာ ချောင်းဟန့်လိုက်လေသည်။ ချက်ချင်းပင် ထိုလူစုမှာ ငြိမ်ကျသွားပြီး လုချွမ်းရှုံကို ဖားချင် သည့် အပြုံးများဖြင့် ကြည့်လိုက်ကြလေသည်။ လုချွမ်းရှုံက အသံကို နှိမ့်၍ ပြောလိုက်လေသည်။

"သည်လို သတင်းမျိုးတွေကို လျှောက်ပြီး မခန့်မှန်းကြပါနဲ့...။ ခင်ဗျားတို့ ခန့်မှန်းတာ မှန်ခဲ့ရင်တောင် ခင်ဗျားတို့အတွက် ဘာမှ အကျိုးမရှိနိုင်ပါဘူး...။ နားလည်လားမသိဘူး...။"

ထိုလူစုကလည်း နားလည်ပါပြီဟု တရစပ် ခေါင်းညိတ်ပြကြပြီး အခြားသူများကိုလည်း လျှောက်မပြော ရန် လိုက်လံ တားဆီးကြတော့လေသည်။

သူ၏ ရည်ရွယ်ချက် အောင်မြင်သွားသောအခါ လုချွမ်းရှုံသည် ပွဲတော်မှ ထွက်လာခဲ့ပြီး မြေအောက် ကားပါကင်ရှိ သူ၏ ဘန်တလေ ကားထဲသို့ ဝင်လိုက်လေသည်။ သို့သော် ကားထဲတွင် တစ်စုံတစ် ယောက်က သူ့ကို စောင့်ကြိုနေခဲ့လေသည်။

ထိုလူကို မြင်လိုက်ရသည်နှင့် လုချွမ်းရှုံက နက်ကတိုင်ကို လျှော့လိုက်ပြီး ပြုံးလျက် ပြောလိုက်၏။

"ဒီလို ပွဲမျိုးကို မတက်ဖြစ်တာ ကြာပြီ...။ များသောအားဖြင့်တော့ ရှောင်ဝမ်ကိုပဲ လွှတ်လိုက်တာ...။ ဒါပေမဲ့ ဒီနေ့ကတော့ ညီလေးလျန် အတွက်မို့ ကိုယ်တိုင် မျက်နှာပြလိုက်ရတာပေါ့...။"

မှန်ပေသည်... ကားထဲတွင် စောင့်နေသူမှာ လျန်ထျန်းပင် ဖြစ်သည်။ လျန်ထျန်းက ချက်ချင်းပင် ပြုံးကာ ပြန်ပြောလိုက်လေသည်။

"အခြားနည်းလမ်း မရှိလို့ပါ အစ်ကိုလု...။ ဒါက ကိစ္စကြီးဆိုတော့ အစ်ကိုလုလို လူမျိုးမှသာ ထိန်းချုပ် နိုင်မှာလေ...။"

လုချွမ်းရှုံက ရယ်မောလိုက်လေသည်။

"ဒါတွေက ညီလေးကြောင့်ပါ...။ အခုဆိုရင် လူတိုင်းက ငါ့နောက်ကွယ်မှာ အင်အားကြီး ရှယ်ယာရှင် တစ်ယောက် ရှိနေတယ်ဆိုတာ သိသွားကြပြီ...။ မြို့ထဲက အချမ်းသာဆုံး ပုဂ္ဂိုလ် လျန်အဖိုးကြီးတောင် ငါ့ကို မျက်နှာသာ ပေးနေရတယ်...။"

"ဒါပေမဲ့ စိတ်မပူပါနဲ့ ညီလေး...။ ညီလေးက လူသိရှင်ကြား မဖြစ်ချင်ဘူးဆိုတာ ငါ နားလည်ပါတယ်...။ ပြဿနာတွေ အများကြီးထဲမှာလည်း မပါဝင်ချင်ဘူး မဟုတ်လား...။"

"ဒါကြောင့် ငါပဲ အကုန်လုံးကို ကိုင်တွယ်ဖြေရှင်းပေးပါ့မယ်...။ ညီလေးကို ဘယ်တော့မှ ဒုက္ခမပေး ပါဘူး...။"

လျန်ထျန်းက ပို၍ ကျယ်ပြန့်စွာ ပြုံးလိုက်ရင်း ခေါင်းညိတ်ပြလိုက်လေသည်။

"အစ်ကိုလု ကိုင်တွယ်တာကို ကျွန်တော် ယုံကြည်ပါတယ်...။ အခုတလော ကျွန်တော် ပိုက်ဆံတွေ အများကြီး သုံးလိုက်ရတယ်...။ ဒါကြောင့် ပိုက်ဆံတွေ ပိုရအောင် အလုပ်ကိုပဲ အာရုံစိုက်ပြီး ကြိုးစားရ ဦးမယ်...။"

...

အခြားတစ်ဖက်တွင်မူ... ပလတ်စတစ်ဆာဂျရီ ဆေးရုံမှ ထွက်လာသော ကျားရင်းသည် မှန်ကို ထုတ် ကြည့်ကာ သူမ၏ မျက်နှာကို ကြည့်ရင်း သာယာနေခဲ့လေသည်။

"ဟုတ်တယ်... အရင်ကအတိုင်း ပြန်ကောင်းသွားရုံတင် မကဘူး၊ အရင်ထက်တောင် ပိုလှလာသေး တယ်...။ ခရက်ဒစ်ကတ်တွေ အကုန် သုံးပစ်လိုက်ရတာ တကယ်ကို တန်ပါတယ်လေ...။"

"ဒါပေမဲ့ ဒီစရိတ်တွေကို ပေးမယ့်သူကိုတော့ ပြန်ရှာရမှာပေါ့...။ အင်း... အဲ့ဒီလူက သူပဲ ဖြစ်ရမယ်...။"

All Chapters