← Chapters

အခန်း (၃၂၈-၃၂၉)

Vol. 32 Ch. 328-329

အခန်း (၃၂၈-၃၂၉)

Vol. 32 Ch. 328-329

အခန်း (၃၂၈) ကျင့်စဉ်ကို ပေါ့ပေါ့ဆဆ လက်ဆင့်မကမ်းသင့်ပေ

ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားမှုက ဖျက်ဆီးနိုင်စွမ်းကို မြှင့်တင်ပေးရုံသာမက သိသာထင်ရှားသော အပြောင်းအလဲ တစ်ခုကိုလည်း ယူဆောင်လာ၏။ ခိုးယူသော ဝိညာဉ်ရေးရာ အနှစ်သာရတွင် အညစ်အကြေးများ နည်းပါးလာခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်ကို ပိုမို တိကျစွာနှင့် ပိုမို သိမ်မွေ့စွာ အသုံးပြုလာနိုင်သဖြင့် စိတ်စွမ်းအား အပိုင်းအစများ ကဲ့သို့သော ဝိညာဉ်ရေးရာ အနှစ်သာရ အတွင်းရှိ အညစ်အကြေး အချို့ကို ကြိုတင် ဖယ်ရှားနိုင်လာသောကြောင့် ဖြစ်၏။

သို့သော်လည်း ဤဝိညာဉ်ရေးရာ အနှစ်သာရများကို ချန်ဖေး တိုက်ရိုက် စုပ်ယူခွင့် ပြုခြင်းက အနည်းငယ် အကျိုးယုတ်စေနိုင်သည်။ ချန်ယွမ်ဓားထံ ဆက်လက် ကျွေးမွေးခြင်းက ပိုမို ကောင်းမွန်သော ရွေးချယ်မှု တစ်ခု ဖြစ်နေဆဲပင်။

ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်က ကြီးမြတ်သော ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားပါက အညစ်အကြေးများ ထပ်မံ လျော့နည်းသွားမည် ဖြစ်ပြီး အနည်းငယ် ခက်ခဲသော်လည်း စုပ်ယူမှုက ဖြစ်လာနိုင်ကြောင်း ခန့်မှန်းရ၏။ သို့သော် စိုးရိမ်စရာ မလိုဘဲ စုပ်ယူနိုင်ရန် အတွက်မူ ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်နှင့် တွဲဖက် အသုံးပြုနိုင်မည့် ကျင့်စဉ်တစ်ခုကို ရှာဖွေရန် လိုအပ်နေသေးသည်။

သို့မဟုတ်ပါက ချန်ဖေးက အခြား ကျင့်စဉ်များနှင့် ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်များကို ကိုယ်တိုင် ရှာဖွေနိုင်သည်။ ပေါင်းစပ်ခြင်းကို အသုံးပြုသောအခါ နတ်ဘုရား သတ်ဖြတ်ခြင်းဓား ကဲ့သို့ပင် ဖြစ်ပြီး ကျင့်စဉ်များရှိ အားနည်းချက် အချို့ကို ဖယ်ရှားပေး၏။

သို့သော်လည်း ဝိညာဉ်ရေးရာ အနှစ်သာရကို သန့်စင်ပေးသည့် ကျင့်စဉ်များ အလွန် နည်းပါးလှပြီး အထူးသဖြင့် ဝိညာဉ်ရေးရာ အနှစ်သာရမှ စိတ်ပိုင်းဆိုင်ရာ အညစ်အကြေးများကို ဖယ်ရှားပေးသည့် ကျင့်စဉ်များ ဖြစ်သည်။ ကျင့်စဉ် အများစုက စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုများ ပါဝင်၏။

ဈေးကွက်တွင် ချန်ဖေး ရှာတွေ့နိုင်သော ကျင့်စဉ်များမှာ အမှန်တကယ်တော့ အနည်းငယ်သာ ရှိပြီး အများစုကို ချန်ဖေး သင်ယူပြီးပြီ ဖြစ်သည်။

ထို့နောက် အကယ်၍ ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်မှ ရရှိသော ဝိညာဉ်ရေးရာ အနှစ်သာရကို အားစိုက်ထုတ်စရာ မလိုဘဲ စုပ်ယူချင်ပြီး ဝိညာဉ်ကြိုးမျှင် ကျင့်စဉ်ကို အဆင့်မြှင့်တင်ချင်ပါက သက်ရောက်မှု ရှိလာနိုင်ချေ ရှိ၏။

ထို့အပြင် နဂါးဆင်နှိမ်နင်းခြင်းနှင့် နတ်ဘုရားဖိနှိပ်ခြင်း သဏ္ဍာန် အပိုင်းများ အဆင့်မြှင့်တင်မှုများကိုလည်း စောင့်ဆိုင်းရန် လိုအပ်သည်။

သို့သော်လည်း နဂါးဆင်နှိမ်နင်းခြင်းနှင့် နတ်ဘုရားဖိနှိပ်ခြင်း သဏ္ဍာန်တို့ကို ကျင့်ကြံရန် အခက်အခဲက ချန်ဖေး မျှော်လင့်ထားသည်ထက် အနည်းငယ် ကျော်လွန်နေခဲ့သည်မှာ အမှန်ပင် ဖြစ်၏။

အခြား ကျင့်စဉ်များက လျင်မြန်စွာ တိုးတက်နေချိန်တွင် နဂါးဆင်နှိမ်နင်းခြင်းနှင့် နတ်ဘုရားဖိနှိပ်ခြင်း သဏ္ဍာန်တို့က စတင်လေ့လာခြင်း အဆင့်တွင်သာ ရှိနေသေးသည်။

ဤကျင့်စဉ်ကို ကျင့်ကြံရသည့် အခက်အခဲက စိတ်ကူး၍ပင် မရနိုင်ချေ။ သို့သော် ကျွမ်းကျင်သူ အဆင့်သို့ မရောက်သေးသော်လည်း သူ စတင် လေ့လာစဉ်ကနှင့် နှိုင်းယှဉ်ပါက ကျွမ်းကျင်မှု တိုးတက်လာတိုင်း စွမ်းအားကို တိုးတက်လာစေ၏။

သူက ကျွမ်းကျင်သူ အဆင့်သို့ မရောက်သေးသဖြင့် နဂါးဆင်နှိမ်နင်းခြင်းနှင့် နတ်ဘုရားဖိနှိပ်ခြင်း သဏ္ဍာန်တို့က အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှု မရှိသေးဘဲ အရေအတွက်ပိုင်းဆိုင်ရာ တိုးတက်မှုများကိုသာ မြင်တွေ့နေရခြင်း ဖြစ်သည်။

ထို့အပြင် ချန်ဖေးက မကြာသေးမီက စိတ်စွမ်းအား ရုတ်တရက် မြင့်တက်လာမှုနှင့်အတူ နဂါးဆင်နှိမ်နင်းခြင်းနှင့် နတ်ဘုရားဖိနှိပ်ခြင်း သဏ္ဍာန် အပေါ် သူ၏ ကျွမ်းကျင်မှုကလည်း အရှိန်အဟုန် မြင့်တက်လာနေကြောင်း ချန်ဖေး ခံစားသိရှိနိုင်၏။ အချိန်အနည်းငယ် အကြာတွင် သူက ကျွမ်းကျင်သူ အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

ခြံဝန်း အတွင်း၌ ချန်ဖေးက မတုန်မလှုပ် ရပ်နေပြီး ညာဘက်လက်ဖြင့် ရှေ့သို့ ညွှန်ပြလိုက်ရာ အမည်းစက် တစ်စက် ပေါ်လာ၏။ ချန်ဖေး၏ လက်ချောင်းထိပ်များတွင် ပတ်ဝန်းကျင်ရှိ ပန်းများနှင့် အပင်များက မြေပြင်ပေါ်သို့ ပြိုကျသွားပြီး ရုတ်တရက် ဖြစ်ပေါ်လာသော အင်အားစက်ကွင်း တစ်ခုကြောင့် ဖိချေခံလိုက်ရသည်။

ဤသည်မှာ ကျုံးယွမ် ဓားသိုင်းမှ ဓားပုလဲတစ်လုံး ဖြစ်သော်လည်း ယခင် ဓားပုလဲများနှင့် အခြေခံအားဖြင့် ကွာခြားလှ၏။

အကယ်၍ ဤဓားပုလဲကို ချဲ့ကြည့်မည် ဆိုပါက အတွင်း၌ ဓားအစီအရင် တစ်ခု ပါဝင်ကြောင်း တွေ့ရှိရပေလိမ့်မည်။ ပုလဲ တစ်လုံးစီက အစီအရင် တစ်ခု ဖွဲ့စည်းထားပြီး ချန်ဖေးက ယခုအခါ စုစုပေါင်း ဓားပုလဲ ရှစ်ဆယ့်တစ်လုံးကို ထုတ်လွှတ်နိုင်ပြီ ဖြစ်ကာ သေးငယ်သော ဓားအစီအရင် ရှစ်ဆယ့်တစ်ခု ပါဝင်၏။

ကျုံးယွမ် ဓားသိုင်း၏ ကြီးမြတ်သောပြီးပြည့်စုံခြင်းအဆင့်က ဓားပုလဲ အရေအတွက်ကို တိုးမြှင့်ရုံသာမက ဓားပုလဲများ၏ သဘာဝကိုပါ ပြောင်းလဲစေခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဓားအစီအရင် အတွင်း ပါဝင်သော ကြီးမားလှသည့် ဆွဲငင်အားကလည်း အဆပေါင်းများစွာ တိုက်ရိုက် တိုးလာခဲ့၏။

ဤအချက်များ အားလုံး ပေါင်းစပ်လိုက်သောအခါ ကျုံးယွမ် ဓားသိုင်း၏ စွမ်းအားကို အမှန်တကယ် အံ့မခန်း အဆင့်တစ်ခုအထိ မြှင့်တင်ပေးလိုက်သည်။

ယွမ်ချန်ဓားဂိုဏ်း တစ်ခုလုံးတွင် လက်ရှိ၌ ချန်ဖေးနှင့် တန်းတူ ကျုံးယွမ် ဓားသိုင်းကို ကျွမ်းကျင်သူ တစ်ယောက်တည်းသာ ရှိပြီး ဂိုဏ်းချုပ် ချွီချင်းရှန်းပင် ဖြစ်၏။

ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်သော ကျင့်စဉ်တစ်ခုကို ပုံမှန်အားဖြင့် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်ရှိ စွမ်းအားကြီးသူများကသာ ကျွမ်းကျင်ကြသည်။

အဆုံးစွန်သော နားလည်သဘောပေါက်မှုသို့ မရောက်ရှိဘဲ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်သို့ ကျင့်ကြံရန် မဖြစ်နိုင်ပေ။ ဤသည်မှာ ကံတရား၏ အကြောင်းအကျိုး ဆက်စပ်မှု တစ်ခု ဖြစ်ပြီး ချွင်းချက်များက ရှားပါးလှ၏။

သို့သော် ချန်ဖေးကတော့ ချွင်းချက် ဖြစ်သည်။ ကျုံးယွမ် ဓားသိုင်း၏ ကြီးမြတ်သောပြီးပြည့်စုံခြင်းအဆင့်ကို အားကိုး၍ ချန်ဖေးက ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်၏။

ယခု ချန်ဖေး အတွက်မူ ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်နှင့် ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်တို့ကို ဖြတ်ကျော်ရန်မှာ အားစိုက်ထုတ်စရာ မလိုသလောက်ပင် ဖြစ်သည်။ သို့သော်လည်း ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်မှ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်သို့ ဖြတ်ကျော်ရန်မှာ သူ၏ စိတ်စွမ်းအား လုံလောက်အောင် မမြင့်မားပါက အနည်းငယ် စိန်ခေါ်မှု ဖြစ်နိုင်ချေ ရှိ၏။

သို့သော် အချိန်တို အတွင်းသာ တန့်နေမည် ဖြစ်ပြီး လုံးဝ တန့်သွားရန် မဖြစ်နိုင်ပေ။

ဤသည်မှာ ကြီးမြတ်သော ပြီးပြည့်စုံခြင်း၏ အနှစ်သာရပင် ဖြစ်သည်။

ဒွာရသန့်စင်ခြင်း အဆင့် ကျင့်စဉ်၏ တန်ဖိုးနှင့် ထပ်ဆောင်း တိုက်ခိုက်ရေး စွမ်းအားကြောင့် ဖြစ်၏။

ယခု ချန်ဖေးနှင့် ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် ကြားရှိ တစ်ခုတည်းသော ကွာခြားချက်မှာ ဖွင့်လှစ်ထားသော ဒွာရ အရေအတွက်နှင့် အင်အား ပေါင်းစပ်ရန် ဒွာရများနှင့် မပူးပေါင်းနိုင်ခြင်းပင် ဖြစ်သည်။

သို့သော်လည်း ဒွာရ ချိတ်ဆက်မှု၏ ပေါင်းစပ် စွမ်းအား ကိုယ်တိုင်က ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်နှင့် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် အတွက် ခိုင်မာသော အခြေခံအုတ်မြစ် တစ်ခု ဖြစ်၏။

ကျန်ရှိသည်များမှာ ကျင့်စဉ်နှင့် ဝိညာဉ်လက်နက် တို့မှ အားဖြည့်မှုများ ဖြစ်သည်။

"ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာနဲ့ ဘီလူးဝိညာဉ် ဓားသိုင်းတို့လည်း လအနည်းငယ် အတွင်း ကြီးမြတ်သော ပြီးပြည့်စုံခြင်းကို ရောက်ရှိသင့်တယ်... အဲဒီအချိန်ကျရင် ငါ့ရဲ့ ကျင့်စဉ်တွေ အားလုံးထဲက ဝိညာဉ်ကြိုးမျှင် ကျင့်စဉ်နဲ့ နဂါးဆင်နှိမ်နင်းခြင်းတို့ပဲ ဆက်ပြီး ကျင့်ကြံဖို့ ကျန်တော့မယ်..."

ချန်ဖေး၏ စိတ်ထဲတွင် အတွေးအချို့ လျှပ်တစ်ပြက် ဖြတ်ပြေးသွား၏။ ယွမ်ချန်ဓားကျမ်းစာက ပျောက်ဆုံးနေပြီး ဂိုဏ်းရှိ အခြား ကျင့်စဉ်များကလည်း မပြည့်စုံဘဲ ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် အတွက် ကျင့်ကြံသည့် နည်းစနစ်များသာ ကျန်ရှိတော့ပြီး ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် အလွန်မှ ကျင့်စဉ်များ အားလုံး ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

"ပထမဆုံး ဒွာရ အရေအတွက်ကို တိုးမြှင့်ပြီး ကျင့်ကြံရမယ်... ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် တက်လှမ်းဖို့အတွက်ပဲ..."

ဦးတည်ချက် တစ်ခုကို စိတ်ထဲ မှတ်ထားပြီး ချန်ဖေးက လျှို့ဝှက်ခန်းမသို့ ပြန်လာခဲ့၏။ ရက်အနည်းငယ် ဆက်လက် ကျင့်ကြံရန် သူ ဆုံးဖြတ်လိုက်ပြီး ထို့နောက်မှ သူ၏ ဒဏ်ရာများ သက်သာသွားပြီဟု ကြေညာကာ တာဝန်များကို ထပ်မံ လက်ခံရန် အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့သို့ သွားမည် ဖြစ်သည်။

အဆုံးမဲ့ ပင်လယ်မှ ယွီ မိသားစု ရောက်ရှိလာခြင်းက ကြီးမားသော ပြောင်းလဲမှု တစ်ခု ဖြစ်၏။ လက်ရှိတွင် ယွီ မိသားစုက ကြားနေဖြစ်ပြီး နတ်တိမ်မြို့ ပတ်ဝန်းကျင် ဧရိယာက ပုံမှန်မဟုတ်ဘဲ ငြိမ်းချမ်းနေသည်။ သို့သော် ယွီ မိသားစုက ရုတ်တရက် တစ်ဘက်ဘက်သို့ ပါဝင်ရန် ဆုံးဖြတ်လိုက်ပါက ကိစ္စများက အလွန် ရှုပ်ထွေးသွားပေလိမ့်မည်။

အကယ်၍ ယွီ မိသားစုက နတ်တိမ်ဓားဂိုဏ်းကို ကူညီမည် ဆိုပါက နားလည်နိုင်ပေသည်။

သို့သော် ယွီ မိသားစုက ရှန်းယန်ဂိုဏ်းကို ကူညီရန် ရည်ရွယ်ထားပါက နတ်တိမ်ဓားဂိုဏ်း၏ မဟာမိတ် ဖြစ်သော ယွမ်ချန်ဓားဂိုဏ်းကို မည်သို့ သဘောထားမည်နည်း။ သူတို့ကို လျစ်လျူရှုထားမည်လား သို့မဟုတ် ရိုးရှင်းစွာ အပြတ်ရှင်းပစ်မည်လား။

စွမ်းအားကြီးမားသော ဒွာရပေါင်းစည်းခြင်းအဆင့် စစ်သည် နှစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် နတ်တိမ်ဓားဂိုဏ်းက သူတို့ကို မတားဆီးနိုင်ဘဲ ယွမ်ချန်ဓားဂိုဏ်းက ပို၍ပင် မစွမ်းဆောင်နိုင်ချေ။

ထို့ကြောင့် ချန်ဖေးက သူ၏ စွမ်းရည်များကို ကျင့်ကြံရန် အချိန်ကို အမိအရ ဆုပ်ကိုင်ရမည် ဖြစ်၏။ သူ၏ ခွန်အားက သိသိသာသာ တိုးတက်လာသော်လည်း မလုံလောက်သေးပေ။ ဤရှုပ်ထွေးသော အခြေအနေတွင် အကြွင်းမဲ့ ခွန်အားကသာ အကြွင်းမဲ့ လုံခြုံမှုကို အာမခံနိုင်မည် ဖြစ်သည်။

ယွီ မိသားစု ရောက်ရှိလာခြင်းကြောင့် နတ်တိမ်မြို့ ပတ်ဝန်းကျင် ဧရိယာမှာ ကစဉ့်ကလျား ဖြစ်နေစဉ် ချန်ဖေးက သူ၏ ကိုယ်ပိုင် အရှိန်အဟုန်ဖြင့် ဆက်လက် ကျင့်ကြံနေခဲ့၏။

စိတ်စွမ်းအား ရုတ်တရက် မြင့်တက်လာခြင်းက အလွန် သိသာထင်ရှားသော အပြောင်းအလဲ တစ်ခုကို ယူဆောင်လာခဲ့သည်။ ချန်ဖေးက ယခုအခါ ဒွာရ ဖွံ့ဖြိုးတိုးတက်မှုကို များစွာ ပိုမို မြန်ဆန်စွာ လုပ်ဆောင်နိုင်ပြီ ဖြစ်၏။

နှင်းဝိညာဉ်ဆေးလုံးနှင့် ဝိညာဉ်ကျောက်တုံးများ မပါဘဲ ချန်ဖေးက တစ်နှစ်လျှင် ဒွာရ တစ်ပေါက်သာ အများဆုံး ဖွင့်လှစ်နိုင်ခဲ့သည်။ သို့သော် ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်ထက် များစွာ သာလွန်သော စိတ်စွမ်းအားဖြင့် ချန်ဖေးက မည်သည့် ဆေးလုံးမျှ မသောက်သုံးဘဲ ခြောက်လ အတွင်း ဒွာရ တစ်ပေါက် ဖွင့်လှစ်နိုင်ပြီ ဖြစ်၏။

အကယ်၍ ယွမ်ချီစွမ်းအင်များ ကြွယ်ဝသော အဆင့်နှစ် လျှို့ဝှက်နယ်မြေ တစ်ခုတွင် ဖြစ်မည် ဆိုပါက ချန်ဖေး၏ ကျင့်ကြံမှု အရှိန်က ဆက်လက် မြင့်တက်လာနိုင်သေးသည်။

သေချာသည်မှာ တစ်လလျှင် ဒွာရ တစ်ပေါက် သို့မဟုတ် နှစ်ပေါက်ပင် ဖွင့်လှစ်နိုင်စေခဲ့သော နှင်းဝိညာဉ်ဆေးလုံး သောက်သုံးသည့် ယခင် နှုန်းထားနှင့် နှိုင်းယှဉ်ပါက လက်ရှိ နှုန်းထားက အနည်းငယ် နှေးကွေးနေ၏။

ငါးရက် ကြာပြီးနောက် ချန်ဖေးက သူ၏ ဒဏ်ရာများ သက်သာသွားပြီဟု ကြေညာလိုက်သည်။ သို့သော် ချန်ဖေး နတ်တိမ်မြို့သို့ မသွားမီ မမျှော်လင့်ထားသော ဧည့်သည် တစ်ယောက် ချန်ဖေး၏ ခြံဝန်းသို့ ရောက်ရှိလာ၏။

" ခန်းမသခင် ချန်ကို ဂါရဝပြုပါတယ်..."

ချီရှူချင်းက ချန်ဖေးကို အပြုံးလေးဖြင့် ကြည့်လိုက်ရာ သူမ၏ မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နေပုံရပြီး ချန်ဖေးကို အနည်းငယ် ဦးညွှတ် နှုတ်ဆက်လိုက်သည်။

တောင်ထွတ်မှ ထွက်ပေါ်လာသော တိမ်တိုက်လေး တစ်ခုကဲ့သို့ လှပသော အမျိုးသမီးက ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး သူမ၏ ခါးက မိုးမခကိုင်းလေး တစ်ခုကဲ့သို့ ကျော့ရှင်းစွာ ယိမ်းနွဲ့နေ၏။

တစ္ဆေမြို့တော်ရှိ သူမ၏ ဖရိုဖရဲ ဖြစ်နေသော အသွင်အပြင်နှင့် နှိုင်းယှဉ်ပါက ယနေ့ ချီရှူချင်းက သေချာပေါက် များစွာ ပိုမို ဆွဲဆောင်မှု ရှိပြီး လှပပေသည်။ သူမက မည်သည့် မိတ်ကပ်မျှ မလိမ်းထားသော်လည်း အာရုံစိုက်မှုကို မဆွဲဆောင်ဘဲ နေရန် မဖြစ်နိုင်ချေ။

"ခင်ဗျား ဒဏ်ရာ သက်သာသွားပြီလား..." ချန်ဖေးက အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်၏။

မည်သို့ပင်ဖြစ်စေ ဖြစ်ရပ် ဖြစ်ပွားပြီးကတည်းက တစ်လကျော်သာ ရှိသေးသည်။ ချန်ဖေး ပြန်လည် ကောင်းမွန်လာနိုင်ခြင်းမှာ သူ အမှန်တကယ် ဒဏ်ရာရခဲ့ခြင်း မဟုတ်သောကြောင့် ဖြစ်၏။ ပြင်းထန်သော ဒဏ်ရာဟု ထင်ရခြင်းမှာ နဂါးဆင်နှိမ်နင်းခြင်းကြောင့်ဖြစ်ပြီး အမှန်စင်စစ်မှာ လုံးဝ ထိခိုက်မှု မရှိခဲ့ပေ။

ချီရှူချင်းကတော့ ကွာခြား၏။ ပထမဦးစွာ သူမ၏ အသက်စွမ်းအင်ကို ထူးဆန်းသော သခင်မလေးက စုပ်ယူခဲ့ပြီး ထို့နောက် သူမက အေးစက်သော စွမ်းအားဖြင့် ကျူးကျော်ခံရကာ သေမင်းနှုတ်ခမ်းဝသို့ ရောက်ရှိသွားခဲ့သည်။

ကျင့်ကြံမှုအရ ချီရှူချင်းထက် များစွာ သာလွန်သော ရန်ကျုံးယန်ပင်လျှင် ထိုကဲ့သို့သော ဒဏ်ရာများမှ အနားယူကာ နာလန်ထူနေရဆဲ ဖြစ်၏။ ချီရှူချင်းက ဘာလို့ အရင်ဆုံး ပြန်ကောင်းလာတဲ့သူ ဖြစ်နေရတာလဲ။

"စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခန်းမသခင် ချန်... ကျွန်မရဲ့ ဒဏ်ရာတွေက အများစုပဲ သက်သာသေးတာမို့ ကျွန်မ ရှက်မိပါတယ်..." ချီရှူချင်းက တိုးညှင်းစွာ ပြောလိုက်သည်။

ဒွာရသန့်စင်ခြင်း အဆင့်က သက်တမ်း အနှစ်နှစ်ရာ ရှိပြီး ခန္ဓာကိုယ်ကို ကာကွယ်ပေးသော ယွမ်စွမ်းအင်ကို ပိုင်ဆိုင်ထား၏။ သူမ အမှန်တကယ် မသေဆုံးမီ အချိန်အထိ ဒွာရသန့်စင်ခြင်း အဆင့်က အလွန် အိုမင်းရင့်ရော်ပုံ ပေါ်မည် မဟုတ်ပေ။ သဘာဝကျကျပင် ချီရှူချင်း ကဲ့သို့သော အမျိုးသမီး သိုင်းပညာရှင် တစ်ယောက်က သူမ၏ အသွင်အပြင်ကို ပို၍ပင် ဂရုစိုက်ပေလိမ့်မည်။

ထို့ကြောင့် ဤအခိုက်အတန့်တွင် ချီရှူချင်း၏ အပြုံးနှင့် မျက်မှောင်ကြုတ်မှုတိုင်းက အလွန် လှပလွန်းသဖြင့် ကြည့်ရှုချင်စရာ ကောင်းလှ၏။

"ဒါဆို အကြီးအကဲက ဒီတစ်ကြိမ် ဘာကိစ္စများ ရှိလို့လဲ..." ချန်ဖေးက နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။

"သခင်လေး ချန် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်လို့ ကျွန်မ ကြားတယ်... ကျွန်မမှာ ပိုမြန်မြန် သက်သာလာစေနိုင်တဲ့ နည်းလမ်း တစ်ခု ရှိတယ်... သခင်လေး ချန် စမ်းကြည့်ချင်သလား..." ချီရှူချင်းက ခေါင်းကို အနည်းငယ် ငုံ့၍ ပြောလိုက်၏။ ချန်ဖေး မျက်တောင်ခတ်လိုက်သည်။ ဤနည်းလမ်းက တရားဝင်ရဲ့လား။

"လျှို့ဝှက်ချက်တွေကို နားခြောက်ပေါက် မကြားသင့်ဘူးလေ... သခင်လေး ချန်... နည်းလမ်းကို အသေးစိတ် ရှင်းပြနိုင်အောင် ဒီမှာ တိတ်ဆိတ်တဲ့ နေရာလေးများ ရှိမလား..." ချီရှူချင်း၏ အသံက ခြင်တစ်ကောင် မြည်သံ ကဲ့သို့ တိုးညှင်းသွား၏။

"အို... ဒီဘက်ကို ကြွပါ..."

ချန်ဖေးက သူ နားလည်မှု လွဲနေပြီဟု ခံစားလိုက်ရသည်။ (T/N နားခြောက်ပေါက် မကြားသင့်ဘူး ဆိုသည်မှာ နောက်ထပ်လူမကြားသင့် ဟု ဆိုလိုသည်။)

မည်သို့ပင်ဖြစ်စေ တစ်ဖက်လူက ဂုဏ်သိက္ခာရှိသော ရေအောက်တောင်ကြားဂိုဏ်းမှ ဒွာရသန့်စင်ခြင်း အဆင့် အကြီးအကဲ တစ်ယောက် ဖြစ်ပြီး သူမတွင် လျှို့ဝှက် ကုသရေး နည်းစနစ် အချို့ အမှန်တကယ် ရှိကောင်း ရှိနိုင်ကာ ထိုအချိန်က သူမ၏ အသက်ကို သူ ကယ်တင်ပေးခဲ့သည်ကို ထည့်တွက်၍ သူမက ပြောပြရန် အထူးတလည် ရောက်လာခြင်း ဖြစ်နိုင်၏။

ချန်ဖေးက သူ၏ ကိုယ်ပိုင် သံသယများဖြင့် အခြားသူ တစ်ယောက်၏ စေတနာကောင်းကို ဖျက်ဆီးခွင့် မပြုနိုင်ပေ။

ချန်ဖေးက ချီရှူချင်းကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်၏။ ယွမ်စွမ်းအင် တစ်ချက် လင်းလက်သွားပြီး တံခါးက ဖြည်းညင်းစွာ ပိတ်သွားသည်။ ချီရှူချင်းက သူမ၏ မေးစေ့ကို အနည်းငယ် မော့၍ ချန်ဖေးကို ဆွဲဆောင်မှုရှိသော အကြည့်ဖြင့် ကြည့်လိုက်ရာ သူမ၏ အပြာရောင် ဝတ်ရုံက သူမ၏ ကျောပြင်မှ လျှောကျသွား၏။

ချန်ဖေး၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။ ‘သူ မှားမနေခဲ့ဘူးပဲ... ဒီနည်းလမ်းက တကယ်ကို သိပ်မသင့်တော်ပါဘူး။’

ဆယ့်ငါးမိနစ် အကြာတွင် ခြံဝန်း ပတ်လည်ရှိ ယွမ်ချီစွမ်းအင်များ ရုတ်တရက် တုန်ခါသွားပြီးနောက် ခြံဝန်းဆီသို့ ပြန်လည် လိမ့်ဝင်လာ၏။ ခြံဝန်း ပတ်လည်ရှိ အစီအရင်များက မြင့်တက်လာပြီး သူတို့ထံ ဦးတည်လာသော အကြည့်များကို ပိတ်ဆို့သွားစေသည်။

ယွမ်ချီစွမ်းအင်များ လှည့်ပတ်နေသည့် လှုပ်ရှားမှုက အစကတည်းက အလွန် ပြင်းထန်ပြီး ဖြည်းညင်းစွာ မငြိမ်သက်မီ အချိန်အထိ တစ်နာရီ အပြည့် အရှိန်မပျက် ဆက်လက် ဖြစ်ပေါ်နေခဲ့၏။

သို့သော် ယွမ်ချီစွမ်းအင်များက တစ်ခဏမျှသာ တိတ်ဆိတ်နေပြီးနောက် တဖြည်းဖြည်း ထပ်မံ အတက်အကျ ဖြစ်လာပြန်သည်။ အရှိန်အဟုန်က ပထမအကြိမ်လောက် မကြီးကျယ်သော်လည်း မီတာ ရာဂဏန်း အတွင်းရှိ ယွမ်ချီစွမ်းအင်များကို သိမ်းရုံးပြီး ခြံဝန်း အတွင်းသို့ စီးဝင်သွားစေသေး၏။

ယွမ်ချီစွမ်းအင်များ အတက်အကျ တဖြည်းဖြည်း ငြိမ်သက်သွားရန် နောက်ထပ် တစ်နာရီ အပြည့် ကြာမြင့်ခဲ့သည်။ သို့သော် ဤသည်က အဆုံးသတ် မဟုတ်ပေ။

တစ်နေ့လုံး ယွမ်ချီစွမ်းအင်များက အကြိမ်များစွာ အတက်အကျ ဖြစ်နေခဲ့ပြီး ညနက်ပိုင်းတွင်မှ နောက်ဆုံး ငြိမ်သက်သွား၏။

နောက်တစ်နေ့ နံနက်တွင် ချီရှူချင်းက ချန်ဖေး၏ ခြံဝန်းထဲမှ ထွက်လာရာ သူမ၏ မျက်နှာက ပျော်ရွှင်မှုကြောင့် ဝင်းပနေသည်။ သူမက ပြင်းထန်စွာ ဒဏ်ရာရထားသည့် လက္ခဏာ မပြဘဲ သူမ၏ အထွတ်အထိပ် စိတ်ဝိညာဉ်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ပြီး နောက်ထပ် တိုးတက်မှုများပင် ရရှိထားပုံရ၏။

ချီရှူချင်းက ချန်ဖေး၏ ခြံဝန်းကို တစ်ချက် နောက်ပြန်လှည့်ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းများတွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပေါ်လာပြီးနောက် ပုံရိပ်ယောင် တစ်ခု အဖြစ် ပျောက်ကွယ်သွားကာ ယွမ်ချန်ဓားဂိုဏ်းမှ ထွက်ခွာသွားသည်။

တစ်ချိန်တည်းမှာပင် ခြံဝန်း၏ လျှို့ဝှက်ခန်းမ အတွင်း၌ ဝတ်ရုံရှည် တစ်ထည်ကို ပေါ့ပေါ့ပါးပါး ခြုံထားသော ချန်ဖေးက မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏ အရှိန်အဝါက နောက်ဆုံး အမှတ်တစ်နေရာတွင် တည်ငြိမ်သွားသည်အထိ အဆက်မပြတ် မြင့်တက်နေ၏။

တစ်ခဏအကြာတွင် ချန်ဖေးက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ လျှို့ဝှက်ခန်းမ အတွင်း တောက်ပသော အလင်းရောင် တစ်ချက် လင်းလက်သွားသကဲ့သို့ ဖြစ်သွားပြီး သူ၏ စွမ်းအားကြီးမားသော အရှိန်အဝါက တဖြည်းဖြည်း လျော့ကျလာသည်။

ဒွာရ သုံးဆယ့်သုံးပေါက်... ညတွင်းချင်းပင် ချန်ဖေး၏ ဒွာရများက ဆယ်ပေါက် တိုးလာခဲ့ပြီး သူ၏ ကျင့်ကြံမှုကို ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်၏ အထွတ်အထိပ်သို့ တိုက်ရိုက် နီးကပ်သွားစေ၏။

အခန်း (၃၂၉) ပင်လယ်ကို မှောက်လှန်၍ တောင်ကို ရွှေ့ပြောင်းခြင်း

ဤသည်မှာ ယမန်နေ့က ချီရှူချင်း ပြောခဲ့သော ကုသရေး နည်းလမ်းပင် ဖြစ်သည်။ အကျိုးသက်ရောက်မှုက အမှန်တကယ်ပင် အလွန် ကောင်းမွန်ပြီး အံ့အားသင့်စရာပင် ကောင်းလှကြောင်း ပြောရမည် ဖြစ်၏။

ချန်ရွှေတောင်ကြားဂိုဏ်း၏ ကျင့်စဉ်က ချီရှူချင်း အထိအခိုက်မရှိ ဖြစ်နေချိန်တွင် ဤအကျိုးသက်ရောက်မှုကို ရရှိစေခဲ့သည်။

သို့သော်လည်း သာမန် လူတစ်ယောက် အတွက် ဤအကျိုးသက်ရောက်မှုက ဤမျှ ကြီးမားလိမ့်မည် မဟုတ်ပေ။

ချီရှူချင်း ကိုယ်တိုင်ပင် အနည်းငယ် တုန်လှုပ်သွားခဲ့၏။

ချန်ရွှေတောင်ကြားဂိုဏ်း၏ ကျင့်စဉ်က အခြားသူများကို အကျိုးပြုရန် သန့်စင်သော ယင်စွမ်းအင်ကို အသုံးပြုခွင့်ပေးသည့် အနည်းငယ် ထူးခြားသော ကျင့်စဉ် ဖြစ်သော်လည်း အများဆုံး ဒွာရ သုံးလေးပေါက် အဆင့်ကိုသာ တိုးမြှင့်ပေးနိုင်ပြီး ကျင့်ကြံသူကို နှစ်အနည်းငယ်မျှ သက်သာစေနိုင်သည်။

ချန်ဖေး၏ ဒွာရ ဆယ်ပေါက်ကို ဖြတ်ကျော်နိုင်ခဲ့သည့် စွမ်းဆောင်ချက်မှာ ချန်ရွှေတောင်ကြားဂိုဏ်း၏ သမိုင်းတွင် တစ်ခါမှ မရှိခဲ့ဖူးပေ။

ချီရှူချင်း၏ အဆိုအရ ဂိုဏ်း၏ အမြင့်ဆုံး စံချိန်မှာ ဒွာရ ခြောက်ပေါက်ကိုသာ ဖွင့်လှစ်ရန် ကူညီပေးနိုင်ခဲ့ခြင်း ဖြစ်၏။ ချန်ဖေး၏ ဆယ်ပေါက်နှင့် နှိုင်းယှဉ်ပါက သေချာပေါက် များစွာ နည်းပါးလှသည်။

ချန်ဖေးက ဒွာရ ဆယ်ပေါက်ကို ဖွင့်လှစ်နိုင်ခဲ့ရုံသာမက ချီရှူချင်း ကိုယ်တိုင်လည်း ကြီးမားသော အကျိုးကျေးဇူးများ ရရှိခဲ့သည်။

သန့်စင်သော ယန်စွမ်းအင်က သူမ၏ ဒဏ်ရာများကို ချက်ချင်း သက်သာစေရုံသာမက သူမ၏ အဓိက ကျင့်စဉ်ကိုလည်း များစွာ တိုးတက်စေခဲ့၏။

နဂါးဆင်နှိမ်နင်းခြင်းကျင့်စဥ်က ပိုင်ဆိုင်ထားသော ကြီးမားလှသည့် ချီနှင့်သွေး စွမ်းအားကြောင့် ဤအခြေအနေ ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်သည်ဟု ချန်ဖေး ခန့်မှန်းမိသည်။

ချန်ဖေးက မတ်တတ်ရပ်လိုက်ရာ သူ၏ ခန္ဓာကိုယ် တစ်လျှောက် ရှင်းလင်းမှုနှင့် ကျန်းမာရေး ကောင်းမွန်သည့် ခံစားချက် တစ်ခု ပြန့်နှံ့သွား၏။ သူက ခြံဝန်း အပြင်ဘက်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ အဝေးသို့ လှမ်းကြည့်လိုက်သောအခါ ချီရှူချင်းကို မည်သည့်နေရာတွင်မျှ မတွေ့ရကြောင်း ချန်ဖေး သဘောပေါက်လိုက်၏။

ချန်ဖေးက မနေ့ညက လုပ်ရပ်၏ အကြောင်းရင်းကို ချီရှူချင်းအား မေးမြန်းခဲ့ပြီး ချီရှူချင်းက အသက်ကယ်တင်ခဲ့သည့် ကျေးဇူးကြောင့်နှင့် သေချာပေါက် ချန်ဖေး၏ မယုံနိုင်စရာ အလားအလာများကြောင့် ဖြစ်သည်ဟု ဖြေကြားခဲ့သည်။

ဒွာရသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းခဲ့သည်မှာ နှစ်နှစ် အတွင်း ဤမျှ မယုံနိုင်စရာ ကောင်းသော စွမ်းအားကို ရရှိခဲ့၏။ အကယ်၍ ချန်ဖေးကို အချိန်ပို ပေးမည် ဆိုပါက မည်သို့သော အခြေအနေမျိုး ဖြစ်လာမည်နည်း။

သေချာသည်မှာ ချန်ဖေးက ချီရှူချင်းကို တစ္ဆေမြို့တော် အတွင်း အန္တရာယ် ကြားမှ ကယ်တင်ခဲ့ခြင်းကလည်း အဓိက အကြောင်းရင်း တစ်ခု ဖြစ်၏။

တစ္ဆေမြို့တော်တွင် လုံးဝ ကူကယ်ရာမဲ့နေသည်ဟု ခံစားရခြင်းက လုံးဝ မျှော်လင့်ချက်မဲ့နေသော အခြေအနေ တစ်ခု ဖြစ်သည်။ သို့တိုင်အောင် ထိုအခြေအနေတွင် တစ်စုံတစ်ယောက်က သူမကို ကယ်တင်ရန် ရှေ့သို့ ထွက်လာပြီး ဖော်ပြ၍မရနိုင်သော စိတ်ပိုင်းဆိုင်ရာ မှီခိုမှု တစ်ခုကို ဖန်တီးပေးခဲ့၏။

ချီရှူချင်း သိုင်းပညာ စတင် ကျင့်ကြံကတည်းက တစ္ဆေမြို့တော်တွင် သူမ၏ အတွေ့အကြုံက အန္တရာယ်အများဆုံး ဖြစ်ပြီး သေခြင်းတရားနှင့် အနီးကပ်ဆုံး ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကာ သူမ အပေါ် အနက်ရှိုင်းဆုံး အထင်အမြင်ကို သဘာဝကျကျ ချန်ထားရစ်ခဲ့သည်။

ဤအချက်များ အားလုံးက မနေ့ညက အဖြစ်အပျက်ကို ဖြစ်ပေါ်စေခဲ့၏။

"ငါ့ရဲ့ ကျင့်ကြံမှုကို ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်ကို အဆင့်မြှင့်တင်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်..."

ချန်ဖေးက အဝေးသို့ ငေးကြည့်ရင်း ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်ကို အသက်သွင်း၍ သူ့ကိုယ်သူ ခုတ်ပိုင်းလိုက်၏။ ချန်ဖေး၏ အသက်ရှူသံက အလိုအလျောက် တန့်သွားသည်။

ဒွာရ သုံးဆယ့်ခြောက်ပေါက် နီးပါး ရှိသဖြင့် ချန်ဖေးကို မြင်သူတိုင်း ချီစွမ်းအင် ‌အငွေ့အသက်တွင် ထူးခြားမှု တစ်ခုကို အာရုံခံမိနိုင်၏။

ဤသည်က ဒွာရ နှစ်ဆယ်ခန့်သာ ရှိစဉ်ကနှင့် ကြီးမားသော ကွာခြားချက် တစ်ခု ဖြစ်သည်။

ယခင်က ချန်ဖေးက သူ၏ အရှိန်အဝါကို ဖုံးကွယ်ရန် စိတ်စွမ်းအားကိုသာ အသုံးပြုနိုင်ခဲ့သော်လည်း ယခု ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်ဖြင့် ချန်ဖေးက မည်သည့် ထူးခြားမှုကိုမျှ ထုတ်ဖော်ပြသမိမည်ကို စိုးရိမ်စရာ မလိုဘဲ သူ၏ ကိုယ်ပိုင်အ‌ငွေ့အသက်များကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ပြီ ဖြစ်၏။

နှစ်နှစ် အတွင်းမှာပင် သူက ချီသန့်စင်ခြင်း အစောပိုင်းအဆင့်၏ အထွတ်အထိပ်သို့ နီးကပ်လာခဲ့ပြီ ဖြစ်ရာ သတင်းပျံ့နှံ့သွားပါက သိသာထင်ရှားသော အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပေလိမ့်မည်။

ချန်ဖေး ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွား၏။ သူ၏ ဦးတည်ရာမှာ အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့ပင် ဖြစ်သည်။

...

နတ်တိမ်မြို့ အပြင်ဘက် မိုင် ဒါဇင်ပေါင်းများစွာ အကွာတွင် တစ်ချိန်က လျှို့ဝှက်နယ်မြေ တည်ရှိခဲ့သော ယခင်က လူသူကင်းမဲ့ခဲ့သည့် နေရာမှာ ယခုအခါ လှုပ်ရှားမှုများဖြင့် စည်ကားနေပြီ ဖြစ်၏။ ဤနေရာမှာ ယခု ယွီ မိသားစု၏ တံခါးပေါက် ဖြစ်ပြီး တစ်လကျော်ကြာ ဆောက်လုပ်ပြီးနောက် ပုံသဏ္ဌာန် ပေါ်လာပြီ ဖြစ်သည်။

"ဘိုးဘေး... နတ်တိမ်ဓားဂိုဏ်းက ခရမ်းရောင်တိမ်တိုက် လက်ဖက်ခြောက် တစ်သေတ္တာ လာပို့ပါတယ်..." ယွီကျန်းရုံက ခေါင်းငုံ့၍ တိုးညှင်းစွာ သတင်းပို့လိုက်၏။

"ခရမ်းရောင်တိမ်တိုက် လက်ဖက်ခြောက်လား..."

ယွီ မိသားစု ဘိုးဘေး ယွီရှိုချန်က သူ၏ ညာဘက်လက်ဖြင့် ညင်သာစွာ ခေါ်လိုက်ရာ ကျောက်စိမ်းသေတ္တာက သူ၏ လက်ထဲသို့ ရောက်လာ၏။

သူ ဖွင့်လိုက်သောအခါ သိမ်မွေ့သော မွှေးရနံ့ တစ်ခု ပျံ့လွင့်လာသည်။ မွှေးပျံ့သော်လည်း မအီဘဲ လန်းဆန်းပြီး နှစ်သက်ဖွယ် ကောင်း၏။

သာမန် မျက်စိဖြင့် ကြည့်လျှင်ပင် လက်ဖက်ရွက်များပေါ်ရှိ တဖျပ်ဖျပ် လင်းနေသော အလင်းရောင်ကို မြင်တွေ့နိုင်ပြီး ဝိညာဉ်ဆေးပင် တစ်မျိုး ဖြစ်ကြောင်းနှင့် အလွန် အရည်အသွေးမြင့်သော ဝိညာဉ်ဆေးပင် ဖြစ်ကြောင်း ညွှန်ပြနေသည်။

"သူတို့က ဒီလောက်တောင် သုံးဖို့ ဆန္ဒရှိနေကြတာကိုး..."

ယွီရှိုချန်က အနည်းငယ် ပြုံး၍ ကျောက်စိမ်းသေတ္တာကို ပြန်ပိတ်လိုက်ကာ မေးလိုက်၏။ "နတ်တိမ်ဓားဂိုဏ်းက တခြား ဘာပြောသေးလဲ..."

"သူတို့ရဲ့ အကြီးအကဲချုပ်က ဘိုးဘေးနဲ့ ကျင့်ကြံမှု အတွေ့အကြုံတွေကို ဆွေးနွေးချင်ပါတယ်တဲ့... အကယ်၍ ဘိုးဘေး အားတဲ့ အချိန်ရှိရင် နတ်တိမ်ဓားဂိုဏ်းကို အချိန်မရွေး လာနိုင်ပါတယ်... နတ်တိမ်ဓားဂိုဏ်းက ကြိုဆိုဖို့ အသင့်ရှိနေပါတယ်တဲ့..." ယွီကျန်းရုံက တိုးညှင်းစွာ ပြောလိုက်၏။

တုံးကျုံးချိုး၏ သက်တမ်းက ကုန်ဆုံးတော့မည် ဖြစ်ပြီး အဆင့်တက်ရန် အခွင့်အရေးကလည်း ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ဤအချိန်တွင် ကျင့်ကြံမှု အတွေ့အကြုံများကို ဆွေးနွေးခြင်းက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။ ယွီရှိုချန် အနည်းငယ် ခေါင်းခါလိုက်သည်။

လွန်ခဲ့သော တစ်လက ယွီရှိုချန်နှင့် တုံးကျုံးချိုးတို့ တွေ့ဆုံခဲ့ကြ၏။ သူ၏ သက်တမ်း ကန့်သတ်ချက်သို့ မရောက်သေးသော်လည်း သူ့တွင် အများဆုံး ဆယ်နှစ်ကျော်လောက်သာ အချိန်ကျန်တော့သည်။

ဆယ်နှစ် သို့မဟုတ် ထိုမျှလောက် အချိန်က သာမန် လူတစ်ယောက် အတွက် အလွန် ရှည်လျားသော အချိန် ဖြစ်သော်လည်း ဒွာရပေါင်းစည်းခြင်းအဆင့် အတွက်မူ အလွန် တိုတောင်းလွန်းလှ၏။

ခန္ဓာကိုယ်က ယိုယွင်းနေပြီ ဖြစ်ပြီး အထူး အခွင့်အရေး တစ်ခု မရှိပါက နောက်ပြန်လှည့်ရန် လုံးဝ နည်းလမ်း မရှိပေ။

ဤအထူး အခွင့်အရေးက ဤလူသူကင်းမဲ့သော နေရာတွင် သာမက အဆုံးမဲ့ ပင်လယ်တွင်ပါ အလွန် အဖိုးတန်လှ၏။ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယှဉ်ပြိုင်ရန် ဒွာရပေါင်းစည်းခြင်းအဆင့် များစွာကို ဆွဲဆောင်နိုင်မည် ဖြစ်ပြီး ပိုမို စွမ်းအားကြီးမားသော သတ္တဝါများကိုပင် ဆွဲဆောင်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ယွီရှို့ချန်၏ မျက်လုံးများထဲတွင် တုံးကျုံးချိုး၏ ကံကြမ္မာက အဆုံးအဖြတ် ပေးပြီးသား ဖြစ်ပြီး ကျင့်ကြံမှု အတွေ့အကြုံများနှင့် ပတ်သက်၍ မည်သည့် ဆွေးနွေးမှုမဆို အချည်းနှီးသာ ဖြစ်၏။

"ကျင့်ကြံမှု အတွေ့အကြုံတွေကို ဆွေးနွေးတာက ဟန်ပြပါ... သူတို့ရဲ့ အစစ်အမှန် ရည်ရွယ်ချက်က ကျွန်တော်တို့ကို စည်းရုံးပြီး ရှန်းယန်ဂိုဏ်းကို အတူတကွ တိုက်ခိုက်ဖို့ပါ..." ယွီကျန်းရုံက ပြုံး၍ ပြောလိုက်သည်။

တစ္ဆေမြို့တော် အတွင်း၌ ယွီကျုံးရှင်းက နတ်တိမ်မြို့ ပတ်ဝန်းကျင်ရှိ အင်အားစုများ အကြောင်း ကျင်ဝေမင်ထံမှ အများအပြား သိရှိခဲ့ရ၏။

ထို့ကြောင့် ယွီကျုံးရှင်းက တစ္ဆေမြို့တော်မှ ထွက်ခွာပြီး ယွီရှို့ချန်ထံ အခြေအနေကို သတင်းပို့သောအခါ ယွီရှို့ချန်က သူ၏ မိသားစုဝင်များကို တစ္ဆေမြို့တော် အတွင်းသို့ ခေါ်ဆောင်လာစဉ် လျောင်ဟန်ချင်နှင့် ဝူယုံးကျောက်တို့ကို အထူး ဖယ်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

လျောင်ဟန်ချင်နှင့် ဝူယုံးကျောက်တို့က နတ်တိမ်မြို့ ပတ်ဝန်းကျင်ရှိ အင်အားအကောင်းဆုံး ဂိုဏ်းနှစ်ခုမှ ဖြစ်ကြ၏။ သူတို့ကို ကယ်တင်ခြင်းက အကောင်းမြင်သော ဆက်သွယ်မှု တစ်ခုကို သဘာဝကျကျ ဖန်တီးပေးခဲ့သည်။ အကယ်၍ အခြား ဂိုဏ်းတစ်ခုခုမှ လူတစ်ယောက်သာ ဖြစ်မည် ဆိုပါက ယွီရှို့ချန် ဝင်ရောက် စွက်ဖက်ခဲ့မည် မဟုတ်ပေ။

တစ်လကျော် အဆက်မပြတ် စုံစမ်းစစ်ဆေးပြီးနောက် ယွီ မိသားစုက ဂိုဏ်းနှစ်ခု ကြားရှိ ပဋိပက္ခ အကြောင်းကို အပြည့်အဝ နားလည်သွားခဲ့ပြီ ဖြစ်၏။ သေရေးရှင်ရေး တိုက်ပွဲ တစ်ခု ဖြစ်သည်။ အခွင့်အရေး ရရှိသော မည်သည့်ဘက်ကမဆို အခြား တစ်ဘက်ကို မည်သည့် သနားညှာတာမှုမျှ မပြသဘဲ လုံးဝ ချေမှုန်းပစ်ပေလိမ့်မည်။

ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင် တစ်ယောက်ကို ဦးဆောင်နေသော ထိပ်တန်း မိသားစု တစ်ခု ဖြစ်သည့် ယွီ မိသားစုမှာ သဘာဝကျကျပင် စည်းရုံးရေး အတွက် ပစ်မှတ် တစ်ခု ဖြစ်လာခဲ့၏။ အကယ်၍ ယွီရှိုချန်က တစ်ဘက်ဘက်ကို သဘောတူ ခေါင်းညိတ်လိုက်ပါက အခြား အင်အားစု အနေဖြင့် ဂုဏ်သိက္ခာရှိစွာ ဆုတ်ခွာရန် အခွင့်အရေးပင် ရရှိတော့မည် မဟုတ်ဘဲ လျှပ်တစ်ပြက် တိုက်ခိုက်မှုဖြင့် ထိုနေရာမှာတင် ချေမှုန်းခံရပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် ရန်ငြိုးဖွဲ့မိပါက အမြစ်ပြတ်အောင် ချေမှုန်းရပေမည်။ အဘယ်ကြောင့်ဆိုသော် ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်တစ်ဦး၏ အငြိုးအတေးကို ခံရခြင်းမှာ မိမိနောက်ကျောတွင် အဆိပ်ပြင်းမြွေတစ်ကောင် အမြဲတစေ လိုက်ပါနေသကဲ့သို့ အလွန်တရာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသောကြောင့် ဖြစ်၏။

"မကြာသေးမီက ရှန်းယန်ဂိုဏ်း ဘက်က လှုပ်ရှားမှု တစ်ခုခု ရှိသေးလား..." ယွီရှို့ချန်က တည်ငြိမ်စွာ မေးလိုက်၏။

"လွန်ခဲ့တဲ့ နှစ်ရက်က ထူးဆန်းတဲ့ တောင်တန်း ကျောက်စိမ်း တစ်တုံး လာပို့ပြီးကတည်းက ပြီးခဲ့တဲ့ နှစ်ရက် အတွင်းမှာ တခြား ဘာလှုပ်ရှားမှုမှ မရှိတော့ပါဘူး..." ယွီကျန်းရုံ ခေါင်းခါလိုက်သည်။

"ထူးဆန်းတဲ့ တောင်တန်း ကျောက်စိမ်း..."

ယွီရှို့ချန်က စားပွဲကို လက်ချောင်းများဖြင့် ဖွဖွလေး ခေါက်၍ အနည်းငယ် ခံစားချက် ပါပါဖြင့် ပြောလိုက်၏။ "ယွမ်ချီစွမ်းအင် အားနည်းတဲ့ ဒီနေရာမှာ တစ္ဆေနယ်မြေ အကြောင်း နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ပြီး ဒီလောက် ပမာဏများတဲ့ တစ္ဆေတောင်တန်း ကျောက်စိမ်းတွေကို ထုတ်ယူနိုင်တဲ့ လူတွေ တကယ် ရှိနေတာပဲ... အဲဒါ တကယ်ကို မှတ်သားလောက်စရာပဲ..."

"ဘိုးဘေးက ရှန်းယန်ဂိုဏ်း အပေါ် အကောင်းမြင်နေလို့လား..." ယွီကျန်းရုံက မော့ကြည့်၍ မေးလိုက်၏။

"ငါက ရှန်းယန်ဂိုဏ်း အပေါ် အကောင်းမြင်နေတာ မဟုတ်ဘူး... ငါက ကျန်ကျင်းရှန်း အပေါ် ပိုပြီး အကောင်းမြင်နေတာ... ငါတို့ ဝင်မပါရင်တောင် နတ်တိမ်ဓားဂိုဏ်းက နောက်ဆုံးမှာ ကျန်ကျင်းရှန်းရဲ့ ဖျက်ဆီးခြင်းကို ခံရနိုင်သေးတယ်..." ယွီရှို့ချန်က တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။

ယွီကျန်းရုံက သူ၏ ဘိုးဘေးကို အနည်းငယ် နားမလည်နိုင်စွာဖြင့် ကြည့်လိုက်၏။ တုံးကျုံးချိုး၏ သက်တမ်းက ကုန်ဆုံးတော့မည် ဖြစ်ပြီး သူ အသက်ရှင်ရန် နှစ်အနည်းငယ်သာ ကျန်တော့သော်လည်း အကယ်၍ ဤအချိန်အတွင်း နတ်တိမ်ဓားဂိုဏ်းမှ တစ်စုံတစ်ယောက်က ဒွာရပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်မည် ဆိုပါက အကျပ်အတည်းကို ရှောင်လွှဲနိုင်မည် ဖြစ်သည်။

နတ်တိမ်ဓားဂိုဏ်း၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများနှင့်အတူ ယွီကျန်းရုံက နတ်တိမ်ဓားဂိုဏ်းမှ နောက်ထပ် ဒွာရပေါင်းစည်းခြင်းအဆင့် တစ်ယောက် ထွက်ပေါ်လာမည်ကို အမှန်တကယ်ပင် အလွန် အကောင်းမြင်နေ၏။ နှစ်များတစ်လျှောက် ကျွမ်းကျင်မှုများကို စုဆောင်းလာခဲ့သဖြင့် နတ်တိမ်ဓားဂိုဏ်းတွင် ထိုကဲ့သို့သော အဆင့်တက်လှမ်းမှု အတွက် အခြေခံအုတ်မြစ် ရှိနေသည်။

"ဘာလို့လဲဆိုတော့ ကျန်ကျင်းရှန်းက ကြီးထွားနေဆဲမို့လို့ပဲ... အနှစ်နှစ်ဆယ် မပြည့်ခင်မှာ ကျန်ကျင်းရှန်းက လူတိုင်းကို အံ့အားသင့်စရာ ကြီးကြီးမားမား ပေးလာလိမ့်မယ်..."

ယွီကျန်းရုံ အံ့အားသင့်သွားပြီးနောက် သူ၏ အမူအရာ ပြောင်းလဲသွား၏။

"ဘိုးဘေး... ဒါဆို ကျွန်တော်တို့ ဘယ်သူနဲ့ မဟာမိတ်ဖွဲ့သင့်လဲ..."

"ဘာမဟာမိတ်ဖွဲ့ရမှာလဲ... လောလောဆယ်တော့ ကြားနေနေတာ အကောင်းဆုံးပဲ... အနှစ်နှစ်ဆယ် အကြာမှာ ကျန်ကျင်းရှန်းရဲ့ စွမ်းအားတွေ တိုးတက်လာရင်တောင် အဲဒါက အနှစ်နှစ်ဆယ် လိုသေးတယ်... ငါတို့ ယွီ မိသားစုက ဒီမှာ အနှစ်နှစ်ဆယ်လောက် ဘယ်လိုလုပ် နေနိုင်မှာလဲ..."

ယွီရှို့ချန်က ခေါင်းခါ၍ တည်ကြည်သော အသံဖြင့် ပြောလိုက်၏။

"ဒီမှာ ရုန်းရင်းဆန်ခတ်မှုတွေ ရန်သူတွေ မရှိပေမဲ့ အရမ်း ခြောက်သွေ့လွန်းပြီး သယံဇာတတွေလည်း ရှားပါးတယ်... အကယ်၍ ငါတို့ ယွီ မိသားစုသာ ဒီမှာ အခြေချမယ် ဆိုရင် အနာဂတ်မှာ နောက်ထပ် ဒွာရပေါင်းစည်းခြင်းအဆင့် တစ်ယောက်ကိုတောင် ပေါ်ထွက်အောင်လုပ်နိုင်မှာ မဟုတ်ဘူး..."

"ဘိုးဘေး ပြောတာ မှန်ပါတယ်..." ယွီရှို့ချန်၏ တည်ကြည်သော အမူအရာကို မြင်သောအခါ ယွီကျန်းရုံက သူ စကားမှားသွားကြောင်း သဘောပေါက်ပြီး အမြန် တိုးတိုးလေး ပြောလိုက်၏။

"ငါးနှစ် မပြည့်ခင်မှာ အဆုံးမဲ့ ပင်လယ်က ရုန်းရင်းဆန်ခတ်မှုတွေ ငြိမ်သက်သွားတာနဲ့ ငါတို့ ပြန်သွားသင့်တယ်... ဒီမှာ ငါတို့က အရန် အစီအစဉ် တစ်ခု အနေနဲ့ သုံးဖို့ မိသားစု အချို့ကို အများဆုံး ထားခဲ့လို့ ရတယ်..."

"ဘိုးဘေးက အမြော်အမြင် မြင့်မားပါတယ်..." ယွီကျန်းရုံက အမြန်ပြောလိုက်၏။

"အမိန့်ပေးလိုက်... နောက်နှစ်အနည်းငယ် အတွင်း ဘယ်သူမှ ဇိမ်ကျကျ မနေရဘူး... အားလုံး ကြိုးကြိုးစားစား ကျင့်ကြံရမယ်... ဒီမှာ ယွမ်ချီစွမ်းအင်က အားနည်းပေမဲ့ ကျင့်စဉ်တွေကို နားလည်သဘောပေါက်ဖို့တော့ အဟန့်အတား မဖြစ်ပါဘူး... ငါတို့ ငါးနှစ်နေလို့ ပြန်သွားတဲ့အခါ သေချာပေါက် ဆုလာဘ်တွေ ရလိမ့်မယ်..." ယွီရှို့ချန်က တည်ကြည်စွာ ကြေညာလိုက်သည်။

"ဟုတ်ကဲ့..." ယွီကျန်းရုံ ဦးညွှတ်လိုက်၏။

...

နတ်တိမ်ဓားဂိုဏ်း၏ တောင်ထွတ်တွင် သက်ကယ်မိုး တဲလေး တစ်လုံး ရှိသည်။ ဤနေရာမှာ တုံးကျုံးချိုး ပုံမှန် နေထိုင် ကျင့်ကြံလေ့ရှိသော နေရာ ဖြစ်၏။ ပြင်ပလူများ အတွက် တုံးကျုံးချိုး ကဲ့သို့သော ဂိုဏ်းတစ်ခု၏ အကြီးအကဲချုပ် နေထိုင်ရာ နေရာက ကြီးကျယ်ခမ်းနားပြီး ခမ်းနားထည်ဝါနေရမည် ဖြစ်သည်။

အမှန်စင်စစ်မှာ တုံးကျုံးချိုးက ခြိုးခြံချွေတာသူ တစ်ယောက် ကဲ့သို့ နေထိုင်ပြီး မည်သည့် ရုပ်ပိုင်းဆိုင်ရာ ခံစားမှုမျှ လုံးဝ မရှိသလောက်ပင် ဖြစ်၏။

တုံးကျုံးချိုး၏ ပါရမီက ထိုအချိန်က နတ်တိမ်ဓားဂိုဏ်းရှိ ထိပ်တန်း အနည်းငယ်ထဲတွင် မပါဝင်ခဲ့ကြောင်းကို မည်သူမျှ မသိကြပေ။

တူညီသော မျိုးဆက်ရှိ ဂိုဏ်းတူ အစ်ကိုများထဲတွင် သူတို့ထဲမှ အများအပြားက တုံးကျုံးချိုးထက် စော၍ ဒွာရသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြပြီး အချို့မှာ ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ပင် စောခဲ့ကြ၏။

တုံးကျုံးချိုးက ကျင့်စဉ်များကို နားလည်သဘောပေါက်ရာတွင် အထူးတလည် မြန်ဆန်ခြင်း မရှိပေ။

သို့တိုင်အောင် ထိုဂိုဏ်းတူ အစ်ကိုများထဲတွင် တုံးကျုံးချိုး တစ်ယောက်သာ နောက်ဆုံး၌ ဒွာရပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။

သူက သူ၏ အချိန် အားလုံးနီးပါးကို သိုင်းပညာ အတွက် မြှုပ်နှံထားခဲ့ပြီး ဤမယိမ်းယိုင်သော ဇွဲလုံ့လဖြင့်သာ တုံးကျုံးချိုးက အတားအဆီး အားလုံးကို ကျော်လွှားကာ နတ်တိမ်ဓားဂိုဏ်း၏ အကြီးအကဲချုပ် ဖြစ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဤအဆင့်တွင် ပါရမီနှင့် သယံဇာတ ကန့်သတ်ချက်များက နောက်ဆုံးတွင် တုံးကျုံးချိုး၏ တိုးတက်မှုကို နှေးကွေးသွားစေခဲ့၏။

ကျင့်ကြံခြင်းတွင် တရားမျှတမှု ဆိုတာ မရှိပေ။ ပါရမီက ပါရမီ ဖြစ်ပြီး ကျင့်ကြံခြင်း အမြန်နှုန်းက အမြန်နှုန်း ဖြစ်၏။ တုံးကျုံးချိုး ဒွာရပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းက ကံကောင်းမှု တစ်ခု ဖြစ်နေပြီ ဖြစ်ရာ သူက ပိုပြီး မတောင်းဆိုနိုင်တော့ချေ။

"ယွီ မိသားစုက အကြောင်းပြန်ပြီလား..." တုံးကျုံးချိုး မျက်လုံးဖွင့်လိုက်၏။

"ယွီ မိသားစုက သူတို့ရဲ့ ဘိုးဘေး ကျင့်ကြံဖို့ သီးသန့် နေထိုင်နေတယ်လို့ ကြေညာလိုက်ပါတယ်..."

"ကောင်းပြီလေ..."

သက်ပြင်းချသံ တစ်ခုက နတ်တိမ်ဓားဂိုဏ်း ပင်မ တောင်ထွတ် တစ်လျှောက် ပဲ့တင်ထပ်သွား၏။

...

နတ်တိမ်မြို့ အတွင်း၌...

ချန်ဖေး နတ်တိမ်မြို့သို့ မသွားသည်မှာ အချိန်အတန်ကြာပြီ ဖြစ်ပြီး ယခုအခါ မြို့သည် ယခင်က တက်ကြွမှုနှင့် ကြီးပွားချမ်းသာမှုများကို ပြန်လည် ရရှိလာပုံရ၏။ နေရာတိုင်းတွင် လူများက ယွီ မိသားစု အကြောင်း ဆွေးနွေးနေကြပြီး လျှို့ဝှက်ဆန်းကြယ်သော အဆုံးမဲ့ ပင်လယ် အကြောင်းလည်း ပါဝင်သည်။

အဆုံးမဲ့ ပင်လယ် အကြောင်းကို ရှေးဟောင်း စာအုပ်များစွာတွင် ဟိုတစ်စ ဒီတစ်စ ဖော်ပြထားသော်လည်း အသေးစိတ် ဖော်ပြချက်များ လုံးဝ မရှိသလောက်ပင် ဖြစ်၏။ လူအများအပြားက အဆုံးမဲ့ ပင်လယ်ကို စိတ်ကူးယဉ် နေရာတစ်ခုသာ ဖြစ်သည်ဟု ထင်ခဲ့ကြသော်လည်း ထိုကဲ့သို့သော နေရာတစ်ခု အမှန်တကယ် ရှိနေကြောင်း တွေ့ရှိရသည်။

ကောလာဟလများ အရ အဆုံးမဲ့ ပင်လယ်က အလွန် ကြီးမားပြီး ဒွာရပေါင်းစည်းခြင်းအဆင့်ထက် များစွာ ပိုမို စွမ်းအားကြီးမားသော ကျင့်ကြံသူများ ရှိသည်ဟု ဆို၏။ ထိုကျင့်ကြံသူများမှာ တောင်ပင်လယ်အဆင့် ဖြစ်ပြီး တောင်များကို ရွှေ့ပြောင်းနိုင်ကာ ပင်လယ်များကို မှောက်လှန်ပစ်နိုင်စွမ်း ရှိသည်။

All Chapters