← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁) - မျှော်စင်၏ တတိယအဆင့်နှင့် စည်းမျဉ်းအသစ်များ

ကွင်းပြင်ရှိ ကျောက်တိုင်ကြီးများ အမှုန့်ဖြစ်အောင် ကြေမွသွားသည်ကို မြင်သောအခါ နိုးထသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

"တောက်... တကယ်ကြီး ကြေသွားတာပဲ... ဒါမျိုးဖြစ်ဖို့ဆိုရင် အဆင့် (၁၅) နိုးထသူတစ်ယောက်ရဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှုမျိုး လိုတာမဟုတ်လား"

"သူတို့တိုက်ပွဲရဲ့ ဘေးထွက်လေလှိုင်းကတင် အဆင့် (၁၅) ပညာရှင်ရဲ့ တိုက်ကွက်နဲ့ ညီမျှနေတာဆိုတော့ သူတို့ရဲ့ အင်အားအစစ်အမှန်က ဘယ်လောက်တောင် ကြောက်စရာကောင်းနေမလဲ"

"ငါမှတ်မိသလောက်တော့ လျူယန်က အဝေးပစ် လေးအတတ်မှာ ကျွမ်းကျင်တာလေ၊ အခုလို အနီးကပ်တိုက်ခိုက်ရေးမှာလည်း ဒီလောက်ထိ သန်မာနေတာလား"

လူတိုင်း အံ့ဩမှင်သက်နေကြစဉ် ကွင်းလယ်၌ မုရုံရွှယ်မှာ ပထမဆုံး သတိလစ်လဲကျသွားတော့သည်။ သူမသည် [ဘုရင်ခန္ဓာ] တတိယအဆင့်ကို ပထမဆုံးအကြိမ် အတင်းအဓမ္မ အသက်သွင်းခဲ့ခြင်းဖြစ်ရာ ခန္ဓာကိုယ်က ခံနိုင်ရည်မရှိတော့ဘဲ လဲကျသွားခြင်းပင်။ သူမနှင့် ရင်းနှီးသော အမျိုးသမီးနိုးထသူအချို့က သူမကို အမြန်လာရောက်တွဲကူကာ ခေါ်ဆောင်သွားကြသည်။

လျူယန်သည်လည်း ခန္ဓာကိုယ်ယိုင်နဲ့သွားပြီး လဲကျလုနီးပါး ဖြစ်သွားရာ ချူလုံက အပြေးလေးလာတွဲပေးရသည်။

"နင် အဆင်ပြေရဲ့လား... ဘာလို့ အဲဒီလောက်အထိ အသေအလဲ တိုက်နေရတာလဲ"

ချူလုံက စိုးရိမ်တကြီး မေးရှာသည်။

လျူယန်က ပြုံးလျက် ပြောလိုက်၏။

"အဆင်ပြေပါတယ်.. ဒီတိုက်ပွဲက တကယ်ကို ကျေနပ်စရာကောင်းတယ်... ငါ့ကို အဆောင်အသစ်ဆီ ခေါ်သွားပေးပါဦး၊ အနားယူချင်လို့"

လျူယန်သည် ဤတိုက်ပွဲ၌ သူ၏ စွမ်းအားအစစ်အမှန်ကို အသုံးမပြုခဲ့ပေ။ သူ၏ လေး၊ ရုပ်သေးရုပ်များ၊ ဝံပုလွေနှင့် လက်အိတ်ရှိ ဓားသွားများကိုပင် မထုတ်သုံးခဲ့ဘဲ စစ်မှန်သော ခန္ဓာကိုယ်ခွန်အားချင်းသာ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ သူသည် မိမိ၏ ရုပ်ပိုင်းဆိုင်ရာ အင်အား မည်မျှရှိသည်ကိုသာ စမ်းသပ်လိုခဲ့ခြင်း ဖြစ်၏။

အဆောင်သို့ ပြန်ရောက်သောအခါ လျူယန်သည် အဖိုးတန်ဆေးမြစ်များဖြင့် ရေစိမ်လိုက်သည်။ တိုက်ပွဲအပြီးတွင် ချွေးပေါက်များ ပွင့်နေသဖြင့် ဆေးအာနိသင်ကို ပိုမိုစုပ်ယူနိုင်ခဲ့သည်။ သူ၏ ဆဲလ်များမှာ အဆက်မပြတ် ကွဲပွားကာ အားသစ်လောင်းနေကြ၏။ ညလယ်၌ သူ ပြန်နိုးလာသောအခါ ရေချိုးကန်အတွင်းရှိ ရေများမှာ မည်းညစ်နံစော်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများ ထွက်သွားခြင်းပင်။

လျူယန်သည် မိမိ၏ ကြွက်သားလိုင်းများမှာ ပိုမိုပြတ်သားလာပြီး ခွန်အားများ ပြည့်လျှံနေသည်ကို ခံစားရသဖြင့် မူရုံရွှေးကိုပင် ကျေးဇူးတင်မိသွားသည်။ ဤကဲ့သို့ အသေအလဲ လက်ရည်စမ်းခွင့်ရခြင်းမှာ မျှော်စင်အတွင်း၌ အလွန်ရှားပါးသော အခွင့်အရေး ဖြစ်သည်။

နောက်တစ်နေ့တွင် ကျောင်းအုပ်ကြီးသည် ကွင်းပြင်သို့ ရောက်လာပြီး ကြေမွနေသော ကျောက်တိုင်များကို မြင်ကာ အံ့အားသင့်သွားတော့သည်။

"ဘယ်သူလဲ... ဘယ်သူက ဒီကျောက်တိုင်တွေကို ဖျက်ဆီးပစ်တာလဲ"

သူက ဒေါသတကြီး အော်ဟစ်မေးမြန်းလေသည်။

ကျောင်းသားတစ်ဦးက လျူယန်နှင့် မုရုံရွှယ်တို့၏ တိုက်ပွဲအကြောင်း ရှင်းပြလိုက်သောအခါ ကျောင်းအုပ်ကြီးမှာ ချက်ချင်းပင် ဒေါသပြေသွား၏။ တစ်ဖက်က အဓိက အလှူရှင်မိသားစုဖြစ်ပြီး၊ အခြားတစ်ဖက်ကလည်း အကယ်ဒမီ၏ ရတနာဖြစ်သော လျူယန် ဖြစ်နေသောကြောင့်ပင်။

"ဪ... အဲဒါဆိုရင်တော့ ကိစ္စမရှိပါဘူး"

သူက ပြုံးလျက် ပြောလိုက်သည်။

ကျောက်တိုင်များ ပျက်စီးသွားသဖြင့် လက်ရည်စမ်းပွဲကို ဆက်မလုပ်တော့ဘဲ ကျောင်းအုပ်ကြီးသည် တတိယအဆင့်အတွက် စည်းမျဉ်းများကို စတင်ရှင်းပြတော့သည်။

"အားလုံးပဲ နားထောင်ကြပါ... တတိယအဆင့်က ပထမနှစ်ဆင့်လို မဟုတ်ဘဲ အလွန်အန္တရာယ်များတယ်... ဒါကြောင့် မင်းတို့ဟာ (၃) ယောက်တစ်ဖွဲ့ အသင်းဖွဲ့ရမယ်"

"ဒုတိယအချက်အနေနဲ့၊ မင်းတို့တစ်ယောက်ချင်းစီမှာ 'ယင်'ဒါမှမဟုတ် 'ယန်'လို့ ရေးထားတဲ့ ကတ်ပြားတွေ ရကြလိမ့်မယ်... တတိယအဆင့်က 'ထိုက်ကျိချိုင့်ဝှမ်း'ဖြစ်တယ်... စတုတ္ထအဆင့်ကို တက်ချင်ရင် ယင်ကတ်ရော ယန်ကတ်ရော (၂) ခုလုံး ရှိရမယ်"

"ဒီကတ်ပြားတွေကို သားရဲတွေသတ်ပြီး ရနိုင်ပေမဲ့ ရနိုင်ခြေက ၁၀ ရာခိုင်နှုန်းပဲ ရှိတယ်... အဓိကကတော့ တခြားသူတွေဆီက ရအောင်ယူရမှာပဲ"

"နောက်ဆုံးအချက်ကတော့၊ ဒီယင်နဲ့ယန်ကတ်တွေကို စုဆောင်းတာဟာ မင်းတို့ရဲ့ 'အလုပ်အကိုင် အသွင်ပြောင်းခြင်း'အတွက်လည်း အလွန်အရေးကြီးတယ်"

'အလုပ်အကိုင် အသွင်ပြောင်းခြင်း' ဟူသော စကားကြောင့် နိုးထသူများ စိတ်လှုပ်ရှားသွားကြသည်။ ၎င်းမှာ ပါရမီနိုးထပြီးနောက် ဒုတိယအကြိမ် အင်အားတိုးတက်စေမည့် အခွင့်အရေး ဖြစ်သည်။ ဥပမာအားဖြင့် သောင်းကျန်းသူ ၊ နတ်ဆရာစသဖြင့် အလုပ်အကိုင်များ ရရှိမည် ဖြစ်သည်။

"သတ်မှတ်ထားတဲ့ ယင်နဲ့ယန်ကတ် အရေအတွက်ကို စုဆောင်းနိုင်ရင် 'အလုပ်အကိုင် အသွင်ပြောင်းလက်မှတ်' နဲ့ လဲလှယ်နိုင်မယ်... အခု မင်းတို့ရဲ့ အသင်းဖော်တွေကို ရွေးချယ်ကြပါ... အသင်းခေါင်းဆောင် ကောင်းကောင်းရွေးဖို့လည်း မမေ့နဲ့ဦး.. အားလုံး အဆင်သင့်ဖြစ်တာနဲ့ မျှော်စင်ရဲ့ တတိယအဆင့်ကို ဖွင့်ပေးတော့မယ်"

နိုးထသူများမှာ ဘေးအန္တရာယ်နှင့် အခွင့်အလမ်းများ ယှဉ်တွဲနေသော တတိယအဆင့်သို့ တက်လှမ်းရန် စိတ်အားထက်သန်စွာဖြင့် အသင်းဖော်များ စတင်ရှာဖွေကြလေသည်။

အခန်း (၃၂) - မနေ့ညက နင် တော်တော်သန်မာခဲ့တာပဲ

"လူတိုင်း မဖြစ်မနေ အသင်းဖွဲ့ရမယ်... တစ်ဖွဲ့ကို သုံးယောက်နှုန်းနဲ့ပဲ... ဒီနေ့ဟာ နောက်ဆုံးပြင်ဆင်ရမယ့်နေ့ ဖြစ်လို့ အမြန်လုပ်ကြပါ... နေ့လယ် (၂) နာရီတိတိမှာ မျှော်စင်ရဲ့ တတိယအဆင့်ကို ဖွင့်ပေးတော့မှာ"

ကျောင်းအုပ်ကြီးက နောက်ဆုံးအနေဖြင့် ကြေညာကာ ထွက်ခွာသွားခဲ့သည်။

ကျောင်းအုပ်ကြီး ထွက်သွားသည်နှင့် နိုးထသူများသည် အသင်းဖော်များ ရှာဖွေရန် ပျာပျာသလဲ ဖြစ်ကုန်ကြသည်။ လူတိုင်းသည် မိမိထက် အစွမ်းထက်သူ သို့မဟုတ် အဆင့်တူသူကိုသာ ရှာဖွေလိုကြပြီး၊ အားနည်းသူများကမူ အလားအလာရှိသော ပါရမီရှင်များ၏ အဖွဲ့ထဲသို့ ဝင်နိုင်ရန် ကြိုးစားနေကြ၏။ ဤသည်မှာ အသက်အန္တရာယ်နှင့် ဆိုင်သောကြောင့် မည်သူမျှ အဆွဲရသလို အဖြစ်မခံလိုကြပေ။

ထိုအချိန်တွင် မုရုံရွယ်သည် ကွင်းပြင်သို့ ရောက်ရှိလာသည်။ သူမတွင် S-အဆင့် 'သောင်းကျန်းသူအသွင်' ပါရမီရှိသော်လည်း မနေ့ညက လျူယန်နှင့် တိုက်ခိုက်ခဲ့သော ဒဏ်ရာများမှာ လုံးဝမပျောက်ကင်းသေးပေ။ လျူယန်မှာမူ တစ်ညတည်းဖြင့် အကောင်းပကတိ ပြန်ဖြစ်နေသော်လည်း သူမမှာမူ တစ်ဝက်ခန့်သာ သက်သာသေးသည်။

အနီရောင်အင်္ကျီနှင့် စကတ်တိုလေးကို ဝတ်ဆင်ထားကာ လှပကျော့ရှင်းသော မျက်နှာ၊ ပြေပြစ်သော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် မုရုံရွှယ် ရောက်လာသည်နှင့် လူအများ၏ အကြည့်များမှာ သူမထံသို့ ဝိုင်းအုံသွားတော့သည်။

"ဟိုကောင်မလေးက ဘယ်သူလဲ... အရမ်းလှတာပဲ၊ ကိုယ်လုံးကလည်း တကယ့်ကို ရှယ်ပဲ"

"ဒီလိုကောင်မလေးမျိုးနဲ့ တစ်ညလောက် အတူတူနေရမယ်ဆိုရင် သေရမှာတောင် မကြောက်ဘူး"

"အိပ်မက်မက်မနေနဲ့... အဲဒါ မုရုံမိသားစုက သမီး မုရုံရွှယ်ပဲ... မင်းတို့ငါတို့နဲ့ ဘယ်လိုမှ မတန်ဘူး"

လူတိုင်းက သူမနှင့် အသင်းဖွဲ့ချင်ကြသော်လည်း သူမ၏ အရှိန်အဝါကြောင့် မည်သူမျှ ရှေ့သို့မတိုးရဲကြပေ။ သို့သော် အောက်တန်းကျသည့်စိတ်ဓာတ်ရှိသော လူအချို့မှာမူ သူမ၏ အလှကိုမြင်ကာ သွားရည်ကျလျက် ရှေ့သို့ ထွက်လာကြသည်။

ကြွက်သားအဖုအထစ်များဖြင့် လူငယ်တစ်ဦးက မုရုံရွှယ်ကို ပိတ်ရပ်လိုက်ပြီး ဝင့်ကြွားစွာ ပြောလိုက်၏။

"မိန်းကလေး... ငါ့ကိုကြည့်စမ်း.. ဘယ်လောက်သန်မာလဲလို့.. ငါ့မှာ C-အဆင့် ခွန်အားပါရမီ ရှိတယ်... ငါနဲ့ အသင်းဖွဲ့ပါ၊ ငါ နင့်ကို ကာကွယ်ပေးမယ်"

ထိုသူမှာ မုရုံရွှယ်၏ အစွမ်းကို မသိဘဲ သူမ၏ ခန္ဓာကိုယ်ကိုမြင်ကာ စိတ်ရိုင်းဝင်နေခြင်းပင်။ မုရုံရွှယ်က ထိုသူကို တစ်ချက်ကြည့်လိုက်ပြီး အထင်အမြင်သေးစွာ ပြောလိုက်သည်။

"C-အဆင့်ပဲ ရှိတာလား... အဲဒီလောက် အားနည်းတာကို ငါနဲ့ အသင်းဖွဲ့ချင်သေးတယ်၊ နင်က တန်လို့လား"

ထိုလူငယ်မှာ လူပုံလယ်တွင် အရှက်ရသွားသဖြင့် ရန်စလိုက်သည်။

"နင်က ဘာပြောလိုက်တာလဲ... ငါက မသန်မာဘူး ဟုတ်လား... အခုပဲ စမ်းကြည့်မလား"

မုရုံရွှယ်၏ မျက်လုံးများ အေးစက်သွားပြီးနောက် မြေပြင်ကို ဆောင့်နင်းကာ [ဘုရင်ခန္ဓာ] ပထမအဆင့်ကို အသက်သွင်းလိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူမသည် နတ်သမီးလေးတစ်ပါးအသွင်မှ အားအင်ပြည့်ဝသော တိုက်ခိုက်ရေးသမားအဖြစ်သို့ ပြောင်းလဲသွားကာ ပြင်းထန်သော လေလှိုင်းတစ်ခုဖြင့် ထိုလူငယ်ကို ဆယ်မီတာကျော်အကွာသို့ ကန်ထုတ်လိုက်တော့သည်။

"ဒါပဲလား... နောက်တစ်ခါဆို မျက်စိဖွင့်ကြည့်ဦး... အားနည်းပြီးတော့ မိန်းကလေးတွေကို လာပရောပရည်လုပ်ဖို့ စိတ်ကူးမနေနဲ့"

မုရုံရွယ်က ပြောကာ ထွက်ခွာသွားသည်။

ထို့နောက် မိန်းမလျာဆန်သော လူငယ်တစ်ဦးက သူမကို တောင်းပန်တိုးလျှိုးကာ အသင်းဖွဲ့ရန် လာပြောပြန်သည်။

"ကျွန်တော့်မှာ ကုသပေးနိုင်တဲ့ ပါရမီ ရှိပါတယ်... ကျွန်တော့်ကို အသင်းထဲခေါ်ရင် ခိုင်းသမျှ လုပ်ပါ့မယ်"

ခွေးတစ်ကောင်လို နှိမ့်ချပြောဆိုသည်။ သို့သော် မုရုံရွှယ်ကရိုင်းပျစွာ တုံ့ပြန်လိုက်၏။

"ငါက ယောက်ျားနဲ့ဖွဲ့ရင်ဖွဲ့ ဒါမှမဟုတ် မိန်းမနဲ့ဖွဲ့ရင်ဖွဲ့မယ်၊ နင့်လို မိန်းမလျာနဲ့တော့ အသင်းမဖွဲ့ဘူး... ပြီးတော့ ငါက အစွမ်းထက်တယ်၊ ဒဏ်ရာရမှာ မဟုတ်ဘူး... နင်က ငါ့အတွက် ဘာမှ အသုံးမကျဘူး"

ဤသည်ကို မြင်သောအခါ ကျန်သောသူများမှာ သူမအနားသို့ မကပ်ရဲတော့ပေ။

အခြားတစ်ဖက်တွင် လျူယန်သည်လည်း စိတ်ညစ်နေရသည်။ သူသည် တစ်ယောက်တည်း သွားရသည်ကို ပိုနှစ်သက်သော်လည်း ကျောင်းအုပ်ကြီး၏ စည်းမျဉ်းအရ အဖွဲ့ဖွဲ့ရန် လိုအပ်နေသည်။ သူသည် ချူလုံကို ပထမဆုံး အသင်းဖော်အဖြစ် ရွေးချယ်ထားသော်လည်း ဒုတိယအသင်းဖော်ကိုမူ ရှာမတွေ့သေးပေ။

ရုတ်တရက် မုရုံရွှယ်သည် လူအုပ်ကို တိုးဝှေ့ကာ လျူယန်နှင့် ချူလုံတို့ရှိရာသို့ ရောက်လာသည်။ သူမသည် လျူယန်ကို လက်ညှိုးထိုးကာ ပြတ်သားစွာ ပြောလိုက်၏။

"မနေ့ညက နင်... တကယ်ကို သန်မာခဲ့တာပဲ"

All Chapters