← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉) - အာရုံခံစွမ်းရည်များ ပေါင်းစည်းခြင်း၊ အရာခပ်သိမ်း သိမြင်ခြင်းအာရုံ

ဟိုင်ကြီးနှင့် ရှို့ဟိုတို့သည် လက်နက်ကိုယ်စီကို မြှောက်ကာ လျူယန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။ သူတို့နှစ်ဦးလုံးမှာ အကျင့်စာရိတ္တ လုံးဝမရှိကြဘဲ လျူယန်ကို အမြန်ဆုံး အပြတ်ရှင်းရန် အင်အားအပြည့်ဖြင့် တိုက်ခိုက်ကြခြင်း ဖြစ်သည်။

သူတို့သည် ထောင်ထွက်များ ဖြစ်သည့်အားလျော်စွာ သူတို့၏ တိုက်ကွက်များမှာ အလွန်တရာ ရက်စက်လှ၏။ သူတို့အမြင်တွင် လျူယန်မှာ အနိုင်ကျင့်ရလွယ်သော 'ပျော့ညံ့သူ' တစ်ဦးဟု ထင်နေသော်လည်း အလျှော့ပေးရန် စိတ်ကူးမရှိဘဲ တစ်ချက်တည်းဖြင့် အသက်နှုတ်ရန် ကြံစည်ထားကြသည်။

လျူယန်က သူ့ထံ ပြေးဝင်လာသူနှစ်ဦးကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။

"ငါက ကြည့်ရတာ အဲဒီလောက်တောင် အနိုင်ကျင့်ရ လွယ်နေလို့လား"

ပြောပြောဆိုဆိုဖြင့် လျူယန်သည် နေရာတွင် ခိုင်မြဲစွာ ရပ်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ချက်ချင်းပင် A-အဆင့် စွမ်းရည်ဖြစ်သော [မီးတောက်ဘုရင် လက်သီး] ကို အသက်သွင်းကာ လက်သီးနှစ်ချက်ကို ပြိုင်တူ ထိုးထုတ်လိုက်တော့သည်။

ဟိုင်ကြီးနှင့် ရှို့ဟိုတို့ကမူ လျူယန်၏ လုပ်ရပ်ကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်ကြသည်။

"ဒီကောင်လေးက အားနည်းရုံတင်မကဘူး၊ တုံးလည်းတုံးတာပဲ... ငါတို့ရဲ့ ဓားသွားတွေကို လက်သီးဗလာနဲ့ ခုခံမလို့လား"

ခဏချင်းမှာပင် လျူယန်၏ လက်သီးနှစ်ဖက်သည် သူတို့၏ ဓားသွားများနှင့် ထိပ်တိုက် တိုးတော့သည်။ လျူယန်၏ လက်သီးများ ကွဲအက်သွားလိမ့်မည်ဟု သူတို့ တွေးထားသော်လည်း လက်တွေ့တွင်မူ ဓားသွားများမှတစ်ဆင့် ကြောက်မက်ဖွယ်ကောင်းသော အားအင်တစ်ခု သူတို့ဆီသို့ စီးဝင်လာသည်။

လျူယန်သည် သူ၏ အင်အားမြှင့်တင်မှု စွမ်းရည်များကိုပင် မသုံးရသေးပေ။ A-အဆင့် [ ဓားသွားပျော့ လက်အိတ်] ကြောင့်သာ သူသည် ဓားသွားများကို လက်ဗလာဖြင့် ခုခံနိုင်ခြင်း ဖြစ်သည်။ သူ၏ ကြောက်မက်ဖွယ် အင်အားနှင့် လက်သီး၏ ပေါက်ကွဲအားကြောင့် ရန်သူတို့၏ ဓားများမှာ တစ်စစီ ကြေမွသွားတော့သည်။

ဟိုင်ကြီးနှင့် ရှို့ဟိုတို့မှာလည်း နောက်သို့ မီတာအတော်ကြာ လွင့်ထွက်သွားကာ မြေပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားကြသည်။ သူတို့၏ လက်ဖဝါးများမှ သွေးများ စီးကျလာသည်ကို မြင်လိုက်ရသောအခါ အလွန်အမင်း တုန်လှုပ်သွားကြတော့သည်။ ဓားမှတစ်ဆင့် စီးဝင်လာသော အရှိန်အဟုန်လေးမျှဖြင့်ပင် လျူယန်က သူတို့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

"တောက်... ဒီကောင်က အားနည်းချင်ယောင် ဆောင်နေတာပဲ... သူက ပညာရှင်တစ်ယောက်ပဲဟေ့... အသက်မသေချင်ရင် အမြန်ပြေးကြစို့"

ဟိုင်ကြီးက အော်ဟစ်ကာ ချက်ချင်းပင် လှည့်ပြေးတော့သည်။

ရှို့ဟိုကလည်း အမှီလိုက်ရင်း ပြောလိုက်၏။

"ရပါတယ် အစ်ကိုဟိုင်... ဒီကောင်က ခွန်အားပဲ ရှိတာနေမှာပါ... ကျုပ်တို့ကို အမီလိုက်နိုင်မှာ မဟုတ်ပါဘူး... ကျုပ်တို့ ခေါင်းဆောင်ဆီ သွားပြီး လူစုပြီး ပြန်လာတိုက်တာပေါ့... အဲဒီကျမှ သူ ဘယ်လောက် သန်မာသန်မာ..."

သို့သော် သူ၏ စကားမဆုံးခင်မှာပင် လျူယန်သည် သူ၏ 'သားရဲတစ်သောင်းလေး'ကို ထုတ်ယူကာ A-အဆင့် [နှင်းခဲထိန်းချုပ်ခြင်း] ကို အသုံးပြုလိုက်သည်။ မြားနှစ်စင်းသည် ကြောက်မက်ဖွယ် နှင်းခဲစွမ်းအင်များဖြင့် ဖုံးလွှမ်းသွားကာ လေထဲသို့ တိုးဝင်သွားပြီး ဟိုင်ကြီးနှင့် ရှို့ဟိုတို့၏ ခန္ဓာကိုယ်ကို တိကျစွာ မှန်ကန်သွားတော့သည်။

သွေးစွန်းကွက်များက အခြားသားရဲများကို ဆွဲဆောင်မည်စိုးသဖြင့် လျူယန်က သူတို့ကို အေးခဲသတ်ပစ်လိုက်ခြင်း ဖြစ်သည်။ သူတို့နှစ်ဦးမှာ နေရာတွင်ပင် ရေခဲရုပ်ထုကြီးများအဖြစ် ပြောင်းလဲသွားကြတော့သည်။

အနားတွင်ရှိသော မုရုံရွှယ်မှာ ထိုမြင်ကွင်းကို ကြည့်ကာ မှင်သက်နေမိသည်။ လျူယန်သည် အနီးကပ်တိုက်ခိုက်ရေးတွင် အားနည်းသည်ဟု သူမ ကြားဖူးခဲ့သော်လည်း ယခုမြင်တွေ့လိုက်ရသည်မှာ လုံးဝ ဆန့်ကျင်ဘက်ပင်။ သူ၏ မြားပစ်စွမ်းရည်မှာလည်း တိကျမြန်ဆန်လွန်းလှပြီး နှင်းခဲစွမ်းအင်ကိုပင် အသုံးပြုနိုင်သေးသည်။

မုရုံရွှယ်သည် လျူယန်ကို အားမလိုအားမရ ဖြစ်ကာ အတင်းအကြပ် ပြောတော့သည်။

"နင် ငါနဲ့ တိုက်တုန်းက အင်အားအကုန် မသုံးခဲ့ဘူးပေါ့လေ... မရဘူး... ဒီနေ့ နင့်ရဲ့ အင်အားအကုန်သုံးပြီး ငါနဲ့ ပြန်တိုက်ရမယ်... ငါ နင့်ကို မနိုင်ဘူးဆိုတာ မယုံနိုင်ဘူး"

လျူယန်က သူမကို အရေးမလုပ်ဘဲ အေးခဲနေသော အလောင်းများအနားသို့ သွားကာ [နတ်ဘုရားအဆင့် ထုတ်ယူခြင်း] ကို အသုံးပြုလိုက်သည်။

[အလောင်းမှ ထုတ်ယူခြင်း အောင်မြင်သည်။ ရရှိသည့် စွမ်းရည်: လက်ဗလာ (D-အဆင့်)]

[အလောင်းမှ ထုတ်ယူခြင်း အောင်မြင်သည်။ ရရှိသည့် စွမ်းရည်: နားပါးခြင်း (C-အဆင့်)]

[စွမ်းရည်များ ပေါင်းစည်းခြင်း: နားပါးခြင်း (C) + ဝိညာဉ်အာရုံ (B) + သားရဲအနံ့ခံအာရုံ (D) = အရာခပ်သိမ်း သိမြင်ခြင်းအာရုံ (A-အဆင့်) ရရှိသည်]

လျူယန်မှာ အံ့ဩသွားမိသည်။ ဤစွမ်းရည်သစ်ကြောင့် သူ၏ အမြင်အာရုံ၊ အကြားအာရုံနှင့် အနံ့ခံအာရုံတို့မှာ တစ်သားတည်း ဖြစ်သွားကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ထွင်းဖောက်သိမြင်နိုင်စွမ်း ရရှိသွားခဲ့သည်။

သူသည် စွမ်းရည်ကို စမ်းသပ်ကြည့်ရာ မီတာအတော်ဝေးဝေးရှိ ပိုးကောင်လေးများ၏ ပုံသဏ္ဍာန်၊ ချူလုံနှင့် မုရုံရွှယ်တို့၏ နှလုံးခုန်သံနှင့် သွေးစီးဆင်းသံများကိုပင် အသေအချာ ကြားသိနေရသည်။ ဤစွမ်းရည်မှာ A-အဆင့်ဟု ဆိုသော်လည်း အမှန်တကယ်တွင် S-အဆင့်ထက်ပင် ပိုမို အသုံးဝင်လှသည်။

ထို့နောက် သူသည် နောက်ထပ်ရရှိသော [လက်ဗလာ] စွမ်းရည်ကို ကြည့်လိုက်သည်။ ၎င်းမှာ တိုက်ခိုက်ရေးအတွက် မဟုတ်ဘဲ အနားရှိ သတ္တဝါများထံမှ ပစ္စည်းများကို မသိမသာ ခိုးယူနိုင်သည့် ထူးဆန်းသော စွမ်းရည်တစ်ခု ဖြစ်နေသည်။

အခန်း (၄၀) - အားကြီးသူက အားနည်းသူကို အနိုင်ယူခြင်း

လျူယန်သည် သူအသစ်ရရှိထားသော ထူးဆန်းသည့် စွမ်းရည်မှာ အသုံးဝင်ခြင်း ရှိမရှိကို စဉ်းစားနေပြီး စမ်းသပ်ကြည့်ရန် ပြင်နေစဉ်မှာပင် မုရုံရွှယ်က လျှောက်လာခဲ့သည်။

သူမက ဗြစ်တောက်ဗြစ်တောက်နှင့် ဆဲဆိုလေတော့သည်။

"ဟေး... ငါ နင့်ကို စကားပြောနေတာလေ၊ ဘာလို့ မကြားချင်ယောင် ဆောင်နေတာလဲ... မြန်မြန်လုပ်၊ ငါနဲ့ နောက်တစ်ပွဲ ပြန်တိုက်ရအောင်... နင့်ကို မြေပေါ်မှာ ခွေကျသွားအောင် ငါ ဘယ်လိုလုပ်မလဲဆိုတာ ကြည့်ထားလိုက်... အစက နင် အင်အားအကုန် မသုံးခဲ့ဘူးပေါ့လေ... မြားပစ်တာ ကျွမ်းကျင်ရုံနဲ့ ငါ့ကို နိုင်မယ် ထင်နေတာလား"

လျူယန်က မုရုံရွှယ်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောပေ။ ထိုအစား သူသည် D-အဆင့် စွမ်းရည်ဖြစ်သော [လက်ဗလာ]ကို သူမအပေါ်တွင် တိုက်ရိုက် စမ်းသပ်လိုက်သည်။

ချက်ချင်းပင် အလင်းတန်းလေးတစ်ခု လက်သွားပြီးနောက် သူ၏လက်ထဲတွင် ပစ္စည်းတစ်ခု ရုတ်တရက် ပေါ်လာတော့သည်။ မုရုံရွှယ်ထံမှ ၎င်းကို မည်သည့်အချိန်တွင် ခိုးယူလိုက်သည်ကို သူကိုယ်တိုင်ပင် သတိမထားမိလိုက်ပေ။

သူသည် ထိုပစ္စည်းကို ကိုင်ကြည့်ရာ ထူးထူးခြားခြား ခံစားချက်တစ်ခု ရသဖြင့် ခိုးကြည့်လိုက်ပြီးနောက် အမြန်ပင် ပြန်သိမ်းလိုက်ရတော့သည်။

လျူယန်၏ နဖူးမှ ချွေးစက်များပင် ကျလာ၏။ သူ အမှတ်မထင် ခိုးယူလိုက်သည့်အရာမှာ အခြားမဟုတ်၊ မုရုံရွှယ်၏ အတွင်းခံပင် ဖြစ်သည်။ ၎င်းမှာ ပန်းရောင်လေးဖြစ်ပြီး ချစ်စရာ ကာတွန်းရုပ်လေးပင် ပါရှိနေသေးသည်။

လျူယန် တစ်ယောက်တည်း ခိုးရယ်မိသွားသည်။ မုရုံရွှယ်မှာ နတ်သမီးတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါသော ပုံစံရှိသော်လည်း အတွင်းခံမှာမူ သူမ၏ ပုံစံနှင့် လုံးဝမလိုက်ဖက်အောင်ပင် ချစ်စရာ ကောင်းနေလေသည်။

လျူယန်က ဘာမှပြန်မပြောသဖြင့် မုရုံရွှယ်က ဒေါသတကြီး နောက်ထပ်တစ်လှမ်း တိုးလာခဲ့သည်။ သူမ လျူယန်ကို ဆက်လက်ပူဆာတော့မည့် အချိန်တွင် တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို ခံစားလိုက်ရသည်။ သူမ၏ အောက်ပိုင်းမှာ လေတိုက်နေသကဲ့သို့ ခံစားနေရခြင်းပင်။

မူရုံရွှေးမှာ ပုံမှန်အားဖြင့် ဂရုမစိုက်တတ်သူ ဖြစ်သော်လည်း မိန်းကလေးတစ်ဦး ဖြစ်သည့်အားလျော်စွာ ဤကဲ့သို့ ခံစားချက်မျိုးကြောင့် မျက်နှာလေးမှာ ချက်ချင်းပင် ထူးထူးခြားခြား ဖြစ်သွားတော့သည်။ သူမ စိတ်ထဲတွင်လည်း ဇဝေဇဝါ ဖြစ်နေမိသည်။

'ငါ့အတွင်းခံက ဘယ်ရောက်သွားတာလဲ... ခုနက မီးဖွတ်နဲ့ တိုက်တုန်းက ကျန်ခဲ့တာလား... မဖြစ်နိုင်တာ၊ အဲဒီတုန်းကဆိုရင် ငါ သတိထားမိမှာပေါ့'

မုရုံရွှယ်မှာ စကတ်တို ဝတ်ထားသူ ဖြစ်ရာ အတွင်းခံ မရှိတော့သဖြင့် သူမ အောက်ပိုင်းမှာ အေးစိမ့်စိမ့်နှင့် အနေရခက်လာတော့သည်။

မုရုံရွှယ်၏ ထူးဆန်းသော အမူအရာကို မြင်လိုက်ရသောအခါ လျူယန်က သူမ သိသွားပြီဖြစ်ကြောင်း ရိပ်မိလိုက်သဖြင့် မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။

"နင် အခုပဲ ငါနဲ့ တိုက်ချင်နေတာ သေချာလား... ငါကတော့ အဆင်သင့်ပဲ"

ခုနကမှ ဇွတ်တိုက်မည်ဟု ပြောနေသော မုရုံရွှယ်မှာ ချက်ချင်းပင် လက်လျှော့သွားတော့သည်။ အကယ်၍သာ အခုတိုက်လိုက်ပြီး သူမက ခြေလှမ်းကျဲကျဲနှင့် ကန်လိုက်ပါက သူမ၏ အောက်ပိုင်းမှာ အကုန်ပေါ်သွားမည် မဟုတ်ပါလား။

သူမ အတော်လေး စိတ်တိုသွားသည်။ လျူယန်ကို တိုက်ခိုက်ရန် ခဲရာခဲဆစ် ဖျောင်းဖျထားရသော်လည်း အခုတော့ သူမ၏ အတွင်းခံ ပျောက်ဆုံးမှုကြောင့် လက်လျှော့ရတော့မည်။

"မဟုတ်ဘူး... ရပါတယ်... အခုလည်း မှောင်တော့မယ်ဆိုတော့ နောက်မှပဲ တိုက်ကြတာပေါ့... ငါ သွားနားတော့မယ်"

မူရုံရွှေးမှာ အေးဆေးငြိမ်သက်သွားတော့သည်။ သူမသည် သစ်ပင်တစ်ပင်အောက်တွင် သွားထိုင်ကာ သူမ၏ အောက်ပိုင်း လုံအောင် ခြေထောက်နှစ်ဖက်ကို စေ့ထားလိုက်ရရှာသည်။

လျူယန်က ခိုးရယ်ရင်း သေဆုံးသွားသော လူငယ်နှစ်ဦး၏ ခန္ဓာကိုယ်ပေါ်မှ ရေခဲများကို အရည်ပျော်စေကာ ရှာဖွေကြည့်သော်လည်း ဘာမှ အဖိုးတန်သည်ကို မတွေ့ရပေ။

လျူယန်က မိန်းကလေးနှစ်ဦးထံ ပြန်လာကာ ပြောလိုက်သည်။

"သူတို့ဆီမှာ ကတ်တွေ မပါဘူး... သူတို့ပြောတဲ့ သူတို့ခေါင်းဆောင်ဆီမှာပဲ ရှိမယ် ထင်တယ်"

ချူလုံက ခေါင်းညိတ်ရင်း မေးသည်။

"သူတို့က ငါတို့ကို လူ့လောကအကြောင်း မသိဘူးလို့ ဘာလို့ ပြောတာလဲ... သူတို့ဆီမှာလည်း ယင်ကတ် ရှိနေတာပဲကို ငါတို့ဆီက ယင်ကတ်ကို ဘာလို့ ထပ်လုချင်ရတာလဲ"

မူရုံရွှေးက ရှင်းပြလိုက်သည်။

"ဒါက တကယ်တော့ အရမ်း အသုံးဝင်လို့လေ... ယင်ကတ်တွေ အများကြီး ရှိတာက ပိုကောင်းတယ်... ပထမအချက်က ယန်ကတ် အပိုရှိတဲ့လူတွေနဲ့ လဲလို့ရတယ်... ဒုတိယအချက်က ပိုအရေးကြီးတယ်... အဲဒါက 'အလုပ်အကိုင် အသွင်ပြောင်းခြင်း' အတွက်ပဲ... ကတ် (၁) စုံပဲ ရှိရင် အခြေခံအကျဆုံးနဲ့ အားအနည်းဆုံး အလုပ်အကိုင်ကိုပဲ ရမှာ... အကယ်လို့ အစွမ်းထက်တဲ့ အလုပ်အကိုင်ကို ရချင်ရင် အနည်းဆုံး ယင်ကတ်နဲ့ ယန်ကတ် (၃) စုံစီ လိုတယ်လို့ ကြားဖူးတယ်"

လျူယန်နှင့် ချူလုံတို့မှာ ထိုအခါမှ သဘောပေါက်သွားကြသည်။ ထို့ကြောင့် ကတ်များများ ရလေလေ၊ နောင်တွင် ပိုမို အစွမ်းထက်သော အလုပ်အကိုင်ကို ရရှိနိုင်လေလေပင် ဖြစ်သည်။

လျူယန်က သုံးသပ်ပြလိုက်သည်။

"ငါတို့ သုံးယောက်မှာ အခု ယင်ကတ် (၄) ကတ်ပဲ ရှိသေးတယ်... ငါတို့က နောင်မှာ ပိုအဆင့်မြင့်တဲ့ နေရာတွေအထိ သွားရမှာဆိုတော့ အကောင်းဆုံး အလုပ်အကိုင်တွေကိုပဲ ရွေးချယ်သင့်တယ်... ဒါကြောင့် နောက်ရက်တွေမှာ သားရဲတွေကိုတင် မဟုတ်ဘဲ တခြားအသင်းတွေကိုလည်း သတိထားရမယ်"

ချူလုံ၏ မျက်နှာလေးမှာ အနည်းငယ် ဖြူဖျော့သွားသည်။

"မျှော်စင်ရဲ့ တတိယအဆင့်က လူသားချင်းတောင် ရန်သူဖြစ်ရတာလား... တကယ့်ကို အားကြီးသူက အားနည်းသူကို စားတဲ့ လောကပါပဲလား... ဟို လူအုပ်ကြီးနဲ့ အဖွဲ့ဖွဲ့သွားတဲ့လူတွေလည်း မကြာခင် ကတ်တွေအတွက် အချင်းချင်း ပြန်တိုက်ကြတော့မှာပဲ... ငါတို့ သူတို့နဲ့ မပူးပေါင်းခဲ့တာ ကံကောင်းတယ်"

မှောင်လုနီးပြီ ဖြစ်သဖြင့် လျူယန်က သူတို့ကို ရေကန်အနားမှ အစားအစာအချို့ ရှာဖွေခိုင်းလိုက်သည်။

"ညဘက်ဆိုရင် မီးမဖိုတာ အကောင်းဆုံးပဲ၊ သားရဲတွေကို ဆွဲဆောင်သလို ဖြစ်လိမ့်မယ်... အခုတော့ အသင့်စား အစားအစာတွေပဲ စားကြတာပေါ့"

All Chapters