← Chapters

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း(၂၀၅)

အနီးနားဝန်းကျင်မှ တခြားကျင့်ကြံသူများသည် သီရှီထျန်နှင့် ဝေးရာသို့ ဆုတ်သွားကြသည်။ သို့သော်လည်း သီရှီထျန်နှင့် အနီးဆုံးမှာရှိသော ဝူဝူဒီက အနောက်မဆုတ်သွားပေ။

သူက သိုင်းပညာတာအိုကို ရှာဖွေနေပြီး သိုင်းပညာကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေသူ ဖြစ်သည်။ သိုင်းပညာကျင့်ကြံသူများသည် မည်သည့်အရာကိုမဆို စိန်ခေါ်တိုက်ခိုက်ဝံ့သော သတ္တိရှိသူများ ဖြစ်ကြသည်။ သူတို့သည် မည်သူ့ကိုမှ အညံ့မခံကြပေ။ တစ်စုံတစ်ယောက်သည် စိန်ခေါ်မှုကြီးနှင့် ရင်ဆိုင်ရသည့်အခါ အနောက်ဆုတ်သွားမည်ဆိုလျှင် သိုင်းပညာတာအို၏ စစ်မှန်သော အဓိပ္ပာယ်ကို မည်သည့်အခါမှ နားလည်သဘောပေါက်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် တခြားကျင့်ကြံသူများက အနောက်ဆုတ်သွားသော်လည်း ဝူဝူဒီက ခြေတစ်လှမ်းမှ အနောက်မဆုတ်သွားပေ။

သူက ဝမ်းနည်းခြင်းအရှိန်အဝါကို သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာရန် ခွင့်ပြုလိုက်သည်။

ဝမ်းနည်းခြင်းအရှိန်အဝါကို ခံစားမိသောအခါ သူ၏ ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်ယင်သွားသည်။ သူ၏ မျက်နှာပေါ်မှာ ရှားပါးသော တည်ကြည်လေးနက်မှု ထွက်ပေါ်လာသည်။ သူက စက်ကရာကို လေးနက်စွာ ကြည့်လိုက်သည်။

ထိုဝမ်းနည်းမှုအရှိန်အဝါက အလွန်သန်စွမ်းသော်လည်း ယင်းက သူ့နှလုံးသားထဲမှ သိုင်းပညာတာအိုကိုတော့ မတိုက်စားနိုင်ပေ။ သို့တိုင် သူက သီရှီထျန်ကို အံ့ဩစွာ ကြည့်လိုက်သည်။

သီရှီထျန်၏ ရောက်လာမှုက ဝူဝူဒီတစ်ယောက်တည်းကို အံ့ဩသွားစေခြင်း မဟုတ်ပေ။ ရွှေဝူဟန်နှင့် လုကျီလင်းသည်လည်း တူညီစွာ အံ့ဩသွားကြသည်။ သူတို့က သီရှီထျန်ကို သူတို့၏ စိတ်ထဲမှာ အထူးအာရုံစိုက်လိုက်ကြသည်။

ကုချင်းဘုံထဲမှာ အသက်ရှင်ကျန်ရစ်ကြသော ကျင့်ကြံသူအားလုံး ထျန်းရေကန်အရှေ့မှာ စုဝေးသွားရန် အချိန်သိပ်မကြာခဲ့ပေ။ သူတို့သည် အရေအတွက်မများပေ။ ရက်ပေါင်းနှစ်ဆယ်ကျော် ကုန်လွန်သွားပြီးနောက် ယခု ကျင့်ကြံသူနှစ်ရာခန့်သာ ကျန်ရှိကြတော့သည်။ ကျန်အားလုံးက ကုချင်းဘုံထဲမှာ သေဆုံးသွားကြသည်။

ကုချင်းဘုံထဲမှ ကျန်ရှိသော ကျင့်ကြံသူအားလုံးက ထျန်းရေကန်အရှေ့မှာ စုဝေးသွားနေကြစဉ် သာယာငြိမ့်ညောင်းသော ကုချင်းအသံက အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ ကုချင်းအသံက သဘာဝတရားနှင့် လိုက်လျောညီထွေပြီး စိတ်ငြိမ်းချမ်းမှုကို ပေးသည်။ ယင်းက တစ်စုံတစ်ယောက်၏ တိုက်ခိုက်ချင်စိတ်ကို ဖြေလျော့ပေးသည်။ ဤသည်မှာ ကုချင်းအသံကို နားထောင်နေစဉ် သူတို့က အသေအကြေတိုက်ခိုက်ခြင်းကို မေ့လျော့သွားကြသည့်အလားပင်။ သူတို့က ကုချင်းအသံကို တိတ်တဆိတ် နားထောင်ရန်သာ အာရုံရကြတော့သည်။ မည်သို့မည်ပုံ မသိလိုက်ခင်မှာ သူတို့အားလုံးက ကုချင်းအသံထဲမှာ ဈာန်ဝင်စားသွားကြသည်။

“ တင်း… တုန် ”

ရုတ်တရက် ကုချင်းအသံက ရပ်တန့်သွားသည်။ ထိုအခါ မူလက တိတ်ဆိတ်အေးချမ်းနေသော လေထုက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

“ အား… ”

ကုချင်းအသံ ရပ်တန့်သွားသည်နှင့် မူလက ကြည်လင်နေသော သီရှီထျန်၏ မျက်လုံးများက အဆုံးမဲ့သော ဝမ်းနည်းမှုဖြင့် ထပ်မံ ဖုံးလွှမ်းခံလိုက်ရသည်။ သူ၏ အသိစိတ်က အကန့်အသတ်မဲ့သော ဝမ်းနည်းမှုထဲမှာ တဖြည်းဖြည်း နစ်မြုပ်သွားသည်။ သူက ဖော်မပြနိုင်သော ဝမ်းနည်းမှုကို ခံစားမိသွားသည်။ ထိုအခိုက်အတန့်မှာ သူ၏ ပင်ကိုယ်ဗီဇက ကြီးမားသော ဒေါသနှင့် ဆန္ဒမရှိမှုကို ထုတ်လွှတ်လိုက်သည်။ အကြောက်တရားက သူ့နှလုံးသားထဲမှာ ချက်ချင်း ပေါ်လျှိုးလာသည်။ သူက အသိစိတ်မပျောက်ကွယ်ခင် ထျန်းရေကန်၏ အနက်ပိုင်းထဲသို့ ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အလွန်အားကောင်းသော လိုချင်တပ်မက်စိတ် ထွက်ပေါ်လာသည်။

“ ရှာရမယ်… ကုချင်းအသံကို ငါရှာရမယ်… ကုချင်းအသံကို ငါရှာရမယ်… ”

သီရှီထျန်၏ နောက်ဆုံးအသိစိတ်က သူ၏ ပင်ကိုယ်ဗီဇကို ကုချင်းအသံအား ရှာဖွေရန် အမိန့်ပေးလိုက်သည်။ အစောနက ထွက်ပေါ်လာခဲ့သော ကုချင်းအသံကို မဖြစ်မနေ သူရှာဖွေရမည်။ သို့မဟုတ်လျှင် သူက အကြီးအကျယ် ဒုက္ခရောက်သွားလိမ့်မည်။ သူ၏ အသိစိတ်က ဖျက်ဆီးခံရပြီး သူ၏ ခန္ဓာကိုယ်က အဆုံးမဲ့သော ဝမ်းနည်းမှုထဲမှာ နစ်မြုပ်သွားလိမ့်မည်။ ထိုအခါ သူက သက်ရှိဖုတ်ကောင်ဖြစ်လာလိမ့်မည်။

သူ့နှလုံးသားထဲမှာ ပေါ်လျှိုးလာသော ကြောက်ရွံ့စိတ်နှင့် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်လာသော လိုချင်တပ်မက်စိတ်ကြောင့် သူက ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူက ပါးစပ်ဟ၍ ကျယ်လောင်စွာ အော်လိုက်သည်။ ထိုအော်သံသည် လူသားတစ်ယောက်၏ အော်သံမဟုတ်ပေ။ ယင်းအစား ဝမ်းနည်းကြေကွဲနေသော ကျားတစ်ကောင်၏ အော်သံ ဖြစ်သည်။

ကျားဟိန်းသံ ထွက်ပေါ်လာသည်နှင့် သဏ္ဍာန်မဲ့သော အားလှိုင်းဂယက်များက အရပ်မျက်နှာအသီးသီးဆီသို့ ချက်ချင်း ပျံ့နှံ့သွားသည်။ အသံလှိုင်းများသည် ဘေးပတ်ဝန်းကျင်သို့ ဒီရေသဖွယ် ပျံ့နှံ့သွားသည်။ ယင်းတို့က သူ့ကို ဗဟိုပြု၍ ပျံ့နှံ့သွားသည်။ သီရှီထျန်၏ ဘေးပတ်ဝန်းကျင်မှ လေက တုန်ယင်သွားပြီး လေဟာနယ်လှိုင်းအတွန့်များ ထွက်ပေါ်လာကြသည်။ မြေကြီးပေါ်မှ သစ်ပင်များ၊ ကျောက်တုံးများနှင့် မြေကြီးက ချက်ချင်း ပေါက်ကွဲသွားကြသည်။ သူ၏ ခြေဖဝါးအောက်မှ မြေကြီးသည်ပင် တုန်ခါသွားသည်။

လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံက ဤနေရာမှာ ရှိနေကြသော ကျင့်ကြံသူအားလုံး၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။ ထိုကျင့်ကြံသူများက အမူအရာပြောင်းလဲသွားကြသည်။ သူတို့က ခန္ဓာကိုယ်တုန်ယင်သွားကြပြီး မျက်နှာဖြူဖျော့သွားကြသည်။ သီရှီထျန်ကို ကြည့်လိုက်သည့်အခါ အံ့ဩထိတ်လန့်မှုက သူတို့၏ မျက်နှာပေါ်မှာ ထင်ရှားစွာ ထွက်ပေါ်လာသည်။

" ဘန်း… ဘန်း… ဘန်း… "

သို့သော် ထိုကျားဟိန်းသံ၏ အဓိကပစ်မှတ်က ထျန်းရေကန်ပေါ်မှ မကောင်းဆိုးဝါးဝိညာဉ်များ ဖြစ်ကြသည်။ အခြေတည်နယ်ပယ်အောက်မှ မကောင်းဆိုးဝါးဝိညာဉ်များသည် ကျားဟိန်းသံ၏ အသံလှိုင်းများဖြင့် ရိုက်ခတ်ခံလိုက်ရသည့်အခါ သူတို့အားလုံးက နေရာမှာတင် ချက်ချင်း ပေါက်ကွဲသွားကြပြီး အငွေ့ပျံသွားကြသည်။

သူတို့၏ စွမ်းအင်အနှစ်သာရက သက်ဆိုင်ရာ ဂီတတူရိယာများထဲသို့ အသီးသီးဝင်ရောက်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ထျန်းရေကန်ပေါ်မှ မကောင်းဆိုးဝါးဝိညာဉ်အရေအတွက်က ထက်ဝက် လျော့နည်းသွားသည်။

ထို့နောက် အလွန်အားကောင်းသော စိတ်ဓာတ်ပြတ်သားမှုက သီရှီထျန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထိုစိတ်ဓာတ်ပြတ်သားမှုကို အကန့်အသတ်မဲ့သော ဝမ်းနည်းမှုသည်ပင် မဖုံးလွှမ်းနိုင်ပေ။ ယင်းက သီရှီထျန်၏ ပင်ကိုယ်ဗီဇမှ ထွက်ပေါ်လာသော စိတ်ဓာတ်ပြတ်သားမှုဖြစ်သည်။ ယင်းက တမူထူးခြားသော ရူးသွပ်မှုလည်း ဟုတ်၏။

နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က လေးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းနှယ် အရှေ့သို့ တန်းမတ်စွာ ပျံသန်းသွားသည်။ သူက ထျန်းရေကန်ပေါ်သို့ တိုက်ရိုက် ခြေချလိုက်သည်။ ထျန်းရေကန်သည် သီရှီထျန်၏ ခြေထောက်ချမှုထဲမှာ ကိန်းအောင်းနေသော ခွန်အားကို တောင့်ခံနိုင်ခဲ့သည်။

ချက်ချင်းဆိုသလိုပင် သက်တံ့အလင်းတိုင်လုံးတစ်လုံးက လေထဲသို့ ရုတ်တရက် မြှောက်တတ်သွားသည်။

သီရှီထျန်သည် ထျန်းရေကန်ပေါ်မှာ တစ်လှမ်းချင်း လျှောက်သွားသည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကျယ်လောင်သော ပေါက်ကွဲသံများက ရေကန်ပေါ်မှာ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အနက်ရောင်လခြမ်းကွေးဓားများက သူ၏ ဘေးပတ်ဝန်းကျင်မှာ ဖွဲ့စည်းသွားကြသည်။ ယင်းတို့က သီရှီထျန်၏ ဘေးပတ်ပတ်လည်မှာ လျှို့ဝှက်ဆန်းကြယ်စွာ နိမ့်ချည်မြင့်ချည် ရွေ့လျားနေကြသည်။

ထို့ပြင် ယခင်ကနှင့် မတူညီတော့သည်မှာ အနက်ရောင်လခြမ်းကွေးဓားများက အရေအတွက်ပိုများလာသည်။ ယင်းတို့က စုစုပေါင်း နှစ်ဆယ်ရှိသွားသည်။ အနက်ရောင်လခြမ်းကွေးဓားများသည် သီရှီထျန်၏ ဘေးပတ်ဝန်းကျင်မှာ စည်းချက်ညီစွာ ရွေ့လျားနေကြပြီး သူ့ကို ကာကွယ်ပေးနေကြသည်။

အနက်ရောင်ဓားအလင်းက သူ၏ ဘေးပတ်ပတ်လည်မှာ အဆက်မပြတ် ဝင်းလက်သွားသည်။ ယင်းက သူ့ကို ဖြူကောင်နှင့် ဆင်တူစေသည်။ သူ၏ မျက်လုံးထဲမှာ ရူးသွပ်မှုနှင့် ဝမ်းနည်းမှုသာ ရှိသည်။ ဗုဒ္ဓနှင့် နတ်ဘုရားများက သူ၏ လမ်းကြောင်းမှာ ပိတ်ဆို့နေလျှင်ပင် သူက အနောက်ဆုတ်သွားမည် မဟုတ်ချေ။

သူက အဟန့်အတားအားလုံးကို ဖျက်ဆီးပစ်ရန် စိတ်ဆုံးဖြတ်ထားသည်။ သူက တုံ့ဆိုင်းမနေဘဲ မကောင်းဆိုးဝါးဝိညာဉ်များထံသို့ ပြေးသွားသည်။

“ ထျန်းရေကန်ကို ဖြတ်တဲ့လူတိုင်း သေရမယ် ”

မကောင်းဆိုးဝါးဝိညာဉ်အုပ်စု၏ အလယ်တွင် တမူထူးခြားသော အံ့ဖွယ်အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် မကောင်းဆိုးဝါးဝိညာဉ်သုံးကောင် ရှိကြသည်။ သူတို့က အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက် ဖြစ်ကြသည်။

အမျိုးသမီးနှစ်ယောက်တွင် တစ်ယောက်က ကုချင်းကို ကိုင်ထားပြီး အခြားတစ်ယောက်က ပုလွေကို ကိုင်ထားသည်။ အမျိုးသားသည်တော့ သူ့လက်ထဲမှာ ခရမ်းရောင်ဗုံကို ကိုင်ထားသည်။ သူတို့ကိုင်ထားသော ဂီတတူရိယာများမှ ထုတ်လွှတ်နေသည့် အရှိန်အဝါအရ ယင်းတို့က သာမန်လက်နက်သန္ဓေသားများ မဟုတ်ကြချေ။ ယင်းတို့က ပိုပြီးအဆင့်မြင့်သော လက်နက်သန္ဓေသားများ ဖြစ်ကြသည်။

သို့သော်လည်း ထိုမကောင်းဆိုးဝါးဝိညာဉ်သုံးကောင်၏ အမူအရာက အေးစက်ပြီး စိတ်ခံစားချက်ကင်းမဲ့သည်။ သီရှီထျန်က သူတို့ဆီသို့ ရက်စက်ကြမ်းကြုတ်စွာ ပြေးလာနေကြောင်း မြင်သောအခါ မကောင်းဆိုးဝါးဝိညာဉ်သုံးကောင်က ပြိုင်တူ အော်လိုက်ကြသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူတို့၏ မျက်လုံးထဲမှာ ပြည့်နှက်သွားသည်။

“ သတ်… သတ်… သတ် ”

ထျန်းရေကန်ပေါ်မှ မကောင်းဆိုးဝါးဝိညာဉ်များက ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ သတ်ဖြတ်ခြင်းအရှိန်အဝါများက မြားများသဖွယ် သီရှီထျန်အပေါ်သို့ စုပြုံကျရောက်သွားသည်။ သူတို့က ဂီတတူရိယာများကို တစ်ပြိုင်နက် တီးခတ်တီးမှုတ်လိုက်ကြသည်။ ပုလွေသံများ၊ စောင်းသံများ၊ ကုချင်းအသံများနှင့် ဗုံသံများက ချက်ချင်း ထွက်ပေါ်လာသည်။ လေထဲတွင် ဂီတအသံအမျိုးမျိုးက အရွယ်အစားစုံလင်သော အသံဓားများအဖြစ် ပြောင်းလဲသွားသည်။

အသံဓားများက သီရှီထျန်ဆီသို့ တစ်ပြိုင်နက် ဦးတည်သွားကြသည်။

မည်သူမဆို ထိုမြင်ကွင်းကို စိတ်ကူးကြည့်နိုင်ပေသည်။ မကောင်းဆိုးဝါးဝိညာဉ်အများအပြားက အသံဓားများကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်လေရာ ယင်းတို့က မည်မျှများပြားကြောင်း မှန်းဆကြည့်နိုင်ပေသည်။ ယင်းတို့က အနည်းဆုံး တစ်ထောင်ကျော်သည်။ အသံဓားများက ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသည်။

အကယ်၍ တောင်တစ်လုံးက ယင်းတို့၏ လမ်းကြောင်းအရှေ့မှာ ပိတ်ဆို့နေလျှင် ထိုတောင်က အပိုင်းပိုင်းအစစ ပြိုကွဲသွားသည်အထိ ခုတ်ပိုင်းခံရလိမ့်မည်။ မည်သို့ဖြစ်ပါစေ အသံဓားများက အလွန်များပြားသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်အားကောင်းလေရာ ဘေးပတ်ဝန်းကျင်မှ လေသည်ပင် အေးခဲသွားတော့မည့်ဟန် ရ၏။

“ ကုချင်းအသံကို ငါရှာဖွေရမယ်… ကုချင်းအသံကို ငါရှာဖွေရမယ် ”

ယင်းက သီရှီထျန်၏ တစ်ခုတည်းသော အတွေးဖြစ်သည်။ တဝီဝီ မြည်နေသော အသံဓားများ၏ စုပြုံတိုက်ခိုက်မှုကို တွေ့ကြုံနေသော်လည်း သူက မတိမ်းရှောင်ပေ။ သူက ရူးသွပ်စွာ ခေါင်းမော့လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီက သူ၏ လည်ချောင်းဝဆီသို့ ဆန်တတ်လာသည်။

“ ဝေါင်း ”

ကမ္ဘာမြေတုန်ဟီးစေမည့် ကျားဟိန်းသံက ထပ်မံ ထွက်ပေါ်လာသည်။ ဤတစ်ကြိမ် ကျားဟိန်းသံထဲတွင် ပမာဏများပြားသော မိစ္ဆာချီက ကိန်းအောင်းနေသည်။ သို့ဖြစ်၍ ယင်းက အစောနက ဟိန်းသံထက် ပိုပြီးကြောက်စရာကောင်းသည်။

ထျန်းရေကန်သည်ပင် ကြောက်မက်ဖွယ်ကောင်းသော ကျားဟိန်းသံကြောင့် တိုက်ရိုက် ပေါက်ကွဲထွက်သွားဟန် ရ၏။ ကြီးမားသော ရေတိုင်လုံးများက အပေါ်သို့ မြှောက်တတ်သွားကြသည်။ သဏ္ဍာန်မဲ့သော အသံလှိုင်းများက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။ တစ်ဆက်တည်းမှာ ယင်းတို့က အလွန်ထက်ရှသော အသံဓားများအဖြစ် ပြောင်းလဲသွားသည်။

ထိုအသံဓားများသည် ပုစဉ်းရင်ကွဲ၏ အတောင်ပံကဲ့သို့ ပါးလွှာပြီး မင်ရည်ကဲ့သို့ မည်းနက်သည်။ ကျားဟိန်းသံမှ ဖွဲ့စည်းသွားသော မဟူရာအသံဓားများသည် ဂီတအသံများမှ ဖွဲ့စည်းသွားသော အသံဓားများကို ချက်ချင်း တိုက်ခိုက်လိုက်သည်။

“ ထန်… ထန်… ချွင်… ချွင် ”

“ ဝေါင်း ”

ကျားဟိန်းသံမဆုံးသွားမီ နောက်ထပ် ကျားဟိန်းသံက ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ သီရှီထျန်၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုက သက်ဝင်လှုပ်ရှားသွားသည်။ ဆေးမီးဖိုက မယုံကြည်နိုင်သော အလျင်ဖြင့် အရူးအမူး လှည့်ပတ်သွားသည်။ အားကောင်းလွန်းသော အရှိန်အဟုန်ကြောင့် ဆေးမီးဖို၏ ဘေးပတ်ပတ်လည်မှာ အလင်းဝဲကတော့တစ်ခုပင် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်းစွမ်းအားက ပေါ်လျှိုးလာပြီး မိုးမြေကြားမှ စွမ်းအင်အားလုံးကို စုပ်ယူလိုက်သည်။

ထို့နောက် မိုးမြေဝိညာဉ်စွမ်းအားက မိစ္ဆာသန့်စင်ခြင်းမီးဖို၏ အရူးအမူး သန့်စင်ပေးမှုအောက်မှာ မိစ္ဆာချီအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာသွေးကြောထဲသို့ ဖြတ်သန်းစီးဆင်းသွားသည်။

ရက်စက်ကြမ်းကြုတ်ခြင်း… အလွန်သန်စွမ်းခြင်း… ။

ယင်းတို့က သီရှီထျန်၏ လက်ရှိအခြေအနေကို ဖော်ပြပေးနိုင်သော စကားလုံးများ ဖြစ်သည်။

သီရှီထျန်က အဆုံးမဲ့သော ဝမ်းနည်းမှုထဲမှာ နစ်မြုပ်နေပြီး လိုအင်ဆန္ဒကြောင့် ရူးသွပ်နေသည်။ သူက မကြာသေးမီကမှ မိစ္ဆာသွေးကြောကို ဖွဲ့စည်းနိုင်ခဲ့သူ ဖြစ်သည်။ မိစ္ဆာသွေးကြောကို ဖွဲ့စည်းပြီးသွားသည်နှင့်ချက်ချင်း သူက ဝမ်းနည်းမှုထဲမှာ နစ်မြုပ်သွားခဲ့သည်။ ထို့ကြောင့် သူက လွန်စွာ ရိုင်းစိုင်းကြမ်းတမ်းသွားသည်။ ဤသည်မှာ သူက ထိန်းချုပ်မှုကင်းလွတ်သွားသည့်အလားပင်။

ကျားဟိန်းသံများ ထပ်ခါထပ်ခါ ထွက်ပေါ်လာနေစဉ် မဟူရာအသံဓားများက အရပ်မျက်နှာအသီးသီးသို့ ပျံသန်းသွားသည်။

ယင်းတို့က မကောင်းဆိုးဝါးဝိညာဉ်များမှ ထုတ်လွှတ်လိုက်သော အသံဓားများနှင့် ထိပ်တိုက် တွေ့ဆုံသွားကြသည်။ ပင်လယ်က မြစ်တစ်စင်းကို ဝင်ဆောင့်သွားသည့်အလား ဂီတအသံများမှ ဖွဲ့စည်းသွားသော အသံဓားအားလုံး ပြိုကွဲပျက်စီးသွားသည်။

သို့သော်လည်း ကျားဟိန်းသံမှ ဖွဲ့စည်းသွားသော မဟူရာအသံဓားများက ဒီရေသဖွယ် အရှေ့သို့ ဆက်လက် တိုးဝင်သွားနေသည်။

လေထုသည် ဖရိုဖရဲ ဖြစ်သွားသည်။ ထျန်းရေကန်သည် အဆက်မပြတ် ပေါက်ကွဲသွားသည်။ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများသည်ပင် မျက်နှာဖြူဖျော့သွားစေမည့် အဖြစ်အပျက်က ထျန်းရေကန်ပေါ်မှာ ဖြစ်ပွားနေသည်။ သူတို့အားလုံးက အသိစိတ်တုန်ယင်သွားသည်။ ယခု ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်သည်ပင် ရူးသွပ်နေသော စက်ကရာ၏ အရှေ့မှာ ပိတ်ဆို့ဝံ့လိမ့်မည် မဟုတ်ချေ။

ဤအခိုက်အတန့်မှာ သီရှီထျန်က ပြိုင်ဘက်ကင်းသွားသည်။

အခန်း(၂၀၆)

“ ဟား ဟား ဟား… သီရှီထျန်က တကယ် သီရှီထျန်ပဲ… နာမည်နဲ့လိုက်အောင် ဗိုလ်ကျပါပေတယ်… ဒါပေမဲ့ သူ့ရဲ့ တိုက်ခိုက်မှုတွေက ပိုပြီးရူးမိုက်တယ်… ဘယ်လောက်အားကောင်းလိုက်တဲ့ ကျားဟိန်းသံလဲ ”

ဝူဝူဒီက မျက်လုံးဝင်းလက်သွားသည်။ သူက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ တိုက်ခိုက်ချင်စိတ်က သူ၏ သွေးကြောများထဲမှာ နိုးကြားလာသည်။

“ ဒါပေမဲ့ စင်မြင့်ပေါ်မှာ မင်းတစ်ယောက်တည်း နေရာယူထားလို့ ဘယ်ရမလဲ… ကမ္ဘာဖျက်လက်ဝါး ”

ဝူဝူဒီသည် သူ့အရှေ့မှ ချောက်ချားဖွယ်ကောင်းသော တိုက်ပွဲကို မကြောက်ပေ။ ယင်းအစား သူ၏ သူရဲကောင်းဝိညာဉ်က ပိုပြီးအားကောင်းသော တိုက်ပွဲစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ထျန်းရေကန်ပေါ်သို့ ခုန်တတ်သွားသည်။ တစ်ဆက်တည်းမှာ သူက လက်နှစ်ဖက်ကို လှုပ်ရှား၍ ထူးဆန်းသော တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ခုနစ်ရောင်ခြယ်ရေက ရေကန်ထဲမှ မြှောက်တတ်လာပြီး သူ၏ အရှေ့မှာ စုဝေးသွားသည်။ သူက လက်နှစ်ဖက်စလုံးကို မှောက်လှန်လိုက်လေရာ ခုနစ်ရောင်ခြယ်ရေက ဧရာမလက်ဝါးပုံသဏ္ဍာန် ပြောင်းလဲသွားသည်။

ဝူဝူဒီက အရှေ့သို့ တန်းမတ်စွာ ပြေးသွားသည်။ သူပြေးသွားနေစဉ် ခုနစ်ရောင်ခြယ်ရေလက်ဝါးက အလွှာအထပ်ထပ် ဖွဲ့စည်းသွားကာ တောင်တန်းများနှင့် ပင်လယ်များကို မှောက်လှန်ပစ်နိုင်သော အင်အားကို ထုတ်လွှတ်လိုက်သည်။

ခုနစ်ရောင်ခြယ်ရေလက်ဝါးက ကြီးမားသော အင်အားနှင့်အတူ သူ့အရှေ့မှ မကောင်းဆိုးဝါးဝိညာဉ်များကို ဝင်ဆောင့်သွားသည်။

သူ၏ အရှိန်အဝါက ရိုင်းစိုင်းကြမ်းကြုတ်ပြီး အကန့်အသတ်မဲ့သည်။

ကမ္ဘာဖျက်လက်ဝါးနှင့် တွေ့ဆုံသွားသောအခါ မကောင်းဆိုးဝါးဝိညာဉ်ဒါဇင်ခန့်က အပိုင်းပိုင်းအစစ ပြိုကွဲသွားကြသည်။ သူတို့က စွမ်းအင်အနှစ်သာရအဖြစ် ပြောင်းလဲသွားကြပြီး သူတို့အသုံးပြုခဲ့သော တူရိယာလက်နက်များထဲသို့ အသီးသီး ဝင်ရောက်သွားကြသည်။ ထို့နောက် ယင်းတို့က ထျန်းရေကန်ပေါ်သို့ ပြုတ်ကျသွားကြသည်။

“ ကောင်းကင်အက်ကွဲလက်သီး ”

ဝူဝူဒီသည် သိုင်းပညာကျင့်ကြံသူတစ်ယောက်၏ သန်စွမ်းကြံ့ခိုင်သော ရုပ်ခန္ဓာကိုယ်ကို ထုတ်ဖော်ပြလိုက်သည်။ သူက မည်သည့်ဓမ္မလက်နက်မှ အသုံးမပြုပေ။ ယင်းအစား သူက လက်သီးနှင့် လက်ဝါးကိုသာ အသုံးပြု၍ အရှေ့သို့ တည်ငြိမ်စွာ ချီတတ်သွားနေသည်။ သူ၏ လက်သီးချက်များက မမြန်ဆန်သော်လည်း ယင်းတို့ထဲမှာ ပုန်းလျှိုးနေသော အင်အားက ကောင်းကင်ကိုပင် အက်ကွဲစေနိုင်ဟန် ရ၏။ ထို့ပြင် သူ၏ လက်သီးချက်များထဲမှာ လက်သီးဆန္ဒ ပါဝင်နေသည်။

လက်သီးဆန္ဒရှိမှသာလျှင် ယင်းကို သိုင်းပညာဟု ခေါ်ဆိုနိုင်လိမ့်မည်။

သူ့ရန်သူသည် ကောင်းကင်ကို ဖျက်ဆီးပစ်နိုင်သော ထိုလက်သီးဆန္ဒအောက်မှာ အလိုအလျောက် ကြောက်ဒူးတုန်သွားလိမ့်မည်။ ယင်းက ဆန္ဒမျှသာ မဟုတ်ပေ။ ထိုထဲမှာ အလွန်ကြီးမားသော အင်အားလည်း ကိန်းအောင်းနေသည်။

သိုင်းပညာကျင့်ကြံသူများသည် များသောအားဖြင့် လက်နက်အသုံးမပြုကြချေ။ သူတို့၏ သန်စွမ်းကြံ့ခိုင်သော ရုပ်ခန္ဓာကိုယ်က အကောင်းဆုံး လက်နက် ဖြစ်သည်။ သူတို့၏ လက်သီးချက်များ၊ ခြေကန်ချက်များထဲမှာ ကြောက်မက်ဖွယ်အင်အား ကိန်းအောင်းနေသည်။ သူတို့၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်းတိုင်းသည် အချိန်မရွေး လက်နက်ဖြစ်လာနိုင်သည်။

ထျန်းရေကန်ပေါ်သို့ ဝူဝူဒီ ခြေချလိုက်သည်နှင့်ချက်ချင်း မကောင်းဆိုးဝါးဝိညာဉ်ဒါဇင်ခန့်က သူ၏ တိုက်ခိုက်မှုများကြောင့် ပြိုကွဲသွားကြသည်။ သိုင်းပညာရှင်ကျင့်ကြံသူတစ်ယောက်၏ ခွန်အားက ဤအခိုက်အတန့်မှာ အပြည့်အဝ ထွက်ပေါ်လာသည်။

“ အကိုသီနဲ့ အကိုဝူက လှုပ်ရှားနေကြမှတော့ ကျုပ်ရွှေဝူဟန်က ဘယ်လိုလုပ် ရပ်ကြည့်နေနိုင်မှာလဲ ”

ထျန်းရေကန်ပေါ်မှ တိုက်ပွဲကို မြင်သောအခါ ရွှေဝူဟန်က ခပ်ရေးရေး ပြုံးလိုက်သည်။ သူက လေပေါ်သို့ ပျံသန်းသွားသည်။ သူ၏ လက်ထဲမှ တောင်မြစ်ယပ်တောင်က ရုတ်တရက် ဖွင့်လှစ်သွားသည်။ ထိုအခါ ယပ်တောင်ပေါ်တွင် သာယာလှပသော တောင်တန်းများနှင့် မြစ်ချောင်းပုံရိပ်များ ထွက်ပေါ်လာသည်။

ဤသည်မှာ ခရမ်းရွှေကုန်းမြေ၏ ပထဝီမြေပုံကို ထိုယပ်တောင်ပေါ်မှာ ရေးဆွဲထားသည့်အလားပင်။

ရွှေဝူဟန်သည် တောင်မြစ်ယပ်တောင်ကို ထျန်းရေကန်ပေါ်မှ မကောင်းဆိုးဝါးဝိညာဉ်များပေါ်သို့ ယပ်ခတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ယပ်တောင်ပေါ်မှ တောင်တန်းတစ်ခုက အပြင်လောကမှာ ထွက်ပေါ်လာပြီး ထူးဆန်းသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ တောင်တန်းက ရေကန်ပေါ်သို့ ရုတ်တရက် ကျဆင်းသွားသည်။

“ ဘန်း… ဘန်း… ဘန်း… ”

မူလက ပုံရိပ်ယောင်အဖြစ်သာရှိနေသော တောင်တန်းက နတ်ဘုရားတောင်ထွတ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာ နတ်ဘုရားတောင်ထွတ်က ရုတ်တရက် ကြီးမားသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက မီတာဒါဇင်ခန့် ကြီးမားသွားသည်။

တောင်ထွတ်က အဝါရောင်ထွန်းလင်းလာပြီး ကြီးမားလေးလံလာသည်။ ထို့နောက် တောင်ထွတ်က ရေကန်ပေါ်သို့ တိုက်ရိုက် ကျဆင်းသွားသည်။

တောင်ထွတ်၏ ဖိအားက အလွန်ကြီးမားလေရာ တောင်အောက်မှ လေက တင်းကျပ်သွားသည်။ ဤသည်မှာ မိုးကောင်းကင် ပြိုကျလာသည့်အလားပင်။ ရေကန်ထဲမှ မကောင်းဆိုးဝါးဝိညာဉ်အားလုံးနီးပါးက နတ်ဘုရားတောင်ထွတ်ထံမှ ဖိအားဖြင့် ဖိနှိပ်ခံလိုက်ကြရသည်။ ဤသည်မှာ မကောင်းဆိုးဝါးဝိညာဉ်အားလုံးက တစ်ခါတည်း သုတ်သင်ရှင်းလင်းခံရတော့မည့်အလားပင်။

ထိုသို့လှုပ်ရှားမှုက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။

“ မင်းတို့တွေပဲ အစွမ်းထက်တာမဟုတ်ဘူး… ဒီမှာ ငါ့ရဲ့ ကမ္ဘာခွဲဓားကို ကြည့်လိုက် ”

ရွှမ်ရှင်းဓားဂိုဏ်းမှ လုကျီလင်းသည် လူတိုင်း လှုပ်ရှားလိုက်သည်ကို မြင်တွေ့သွားသည်။ ထို့ပြင် သူတို့တစ်ယောက်စီက အလွန်သန်မာကြသည်။ သူက လူတကာ၏ အလယ်မှာ ထင်ပေါ်ရသည်ကို သဘောကျသည်။ သို့ဖြစ်၍ ဤသို့အခြေအနေမျိုးမှာ မည်သို့ကြောင့် သူက ဘေးထွက်နေမည်နည်း။

သူက နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ကျောနောက်မှ ရှေးဟောင်းဓားကို ဆွဲထုတ်လိုက်သည်။ ဓားသည် မင်ရည်ကဲ့သို့ နက်မှောင်သည်။ သူက ဓားဆွဲထုတ်ပြီးသည်နှင့်ချက်ချင်း ထျန်းရေကန်ထံသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

ဓားကျင့်ကြံသူများ၏ တိုက်ခိုက်မှုက ဓားပျံစီးနင်းသော မသေမျိုးကျင့်ကြံသူများနှင့် ကွဲပြားခြားနားသည်။ မသေမျိုးကျင့်ကြံသူများသည် မိုင်တစ်ထောင်အဝေးမှ ရန်သူကို ခေါင်းဖြတ်နိုင်ကြသည်။ သို့သော်လည်း ဓားကျင့်ကြံသူများ၏ တိုက်ခိုက်မှုများက ပိုပြီးတိုက်ရိုက်ကျသည်။

သူတို့က တိုက်ခိုက်ရန် ဓားပျံများကို အသုံးမပြုကြပေ။ ယင်းအစား သူတို့က ဓားများကိုသာ အသုံးပြုကြသည်။ ဓားသည် သူတို့၏ အပေါင်းအဖော် သို့မဟုတ် မိတ်ဆွေဖြစ်သည်။ သို့ဖြစ်လေရာ သူတို့က ဓားကို အဝေးသို့ စေလွှတ်လိမ့်မည် မဟုတ်ချေ။ သူတို့က ဓားကို အနီးနားမှာ အမြဲတမ်း ထားလိမ့်မည်။

ဓားကျင့်ကြံသူတစ်ယောက် ဓားလွှဲယမ်းလိုက်သည့်အခါ ဓားချီက သက်တံ့သဖွယ် ပေါ်လျှိုးလာလိမ့်မည်။

ဓားချီသည် ရှေးဟောင်းဓား၏ ဘေးပတ်ပတ်လည်မှာ လှည့်ပတ်သွားပြီး မိုးမြေနှင့် ချိတ်ဆက်နေသော ဓားအလင်းတန်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ဓားက အပေါ်မှ အောက်သို့ ဒေါင်လိုက် ခုတ်ပိုင်းသွားသည်။ ဤသည်မှာ ထက်ရှသော ဓားဆန္ဒက မိုးမြေကို ထက်ခြမ်း ခွဲပစ်ချင်နေသည့်အလားပင်။

“ သတ် ”

“ အားလုံးပဲ… အတူတူ တိုက်ကြရအောင်… မကောင်းဆိုးဝါးဝိညာဉ်တွေက အရေအတွက်များပေမဲ့ သူတို့ကို သတ်ပစ်နိုင်ရင် ဘယ်လောက်များတဲ့ လက်နက်သန္ဓေသားတွေကို ငါတို့ရရှိနိုင်မှာလဲ… သတ်ကြ ”

ထျန်းရေကန်အရှေ့မှ ကျင့်ကြံသူများသည် ဝူဝူဒီ၏ ဦးဆောင်မှုအောက်မှာ စတင်လှုပ်ရှားလိုက်ကြသည်။ ကျယ်လောင်သော ကြုံးဝါးအော်သံနှင့်အတူ ကျင့်ကြံသူနှစ်ရာကျော်က သူတို့ကျွမ်းကျင်သော အတတ်ပညာများနှင့် စွမ်းရည်များကို ထုတ်ဖော်လိုက်ကြသည်။

တချို့က မန္တန်များ ရွတ်ဖတ်လိုက်ကြပြီး တချို့က မှော်အဆောင်များ ပစ်လွှတ်လိုက်ကြသည်။ တချို့က ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ကြပြီး တချို့က ဓမ္မလက်နက်များကို အသုံးပြုလိုက်ကြသည်။ သူတို့အားလုံးက ထျန်းရေကန်ပေါ်မှ မကောင်းဆိုးဝါးဝိညာဉ်များကို တိုက်ခိုက်လိုက်ကြသည်။

“ ကုချင်းအသံကို ရှာဖွေရမယ်… ကုချင်းအသံကို ရှာဖွေရမယ်… ”

သီရှီထျန်သည် တခြားလူများကို ဂရုမစိုက်ပေ။ သူ၏ မျက်လုံးက ထျန်းရေကန်ပေါ်မှာသာ စွဲမြဲနေသည်။ သူက အရှေ့သို့ တန်းမတ်စွာ ပြေးသွားသည်။ သူ၏ လမ်းကြောင်းကို ပိတ်ဆို့နေသော အရာအားလုံးက သူ့ရန်သူများ ဖြစ်ကြသည်။ သူက အတားအဆီးအားလုံးကို ဖျက်ဆီးပစ်ချင်နေသည်။

ကမ္ဘာဖျက်ဆီးမည့် မဟူရာအသံဓားများက လေကို ဖြတ်သန်းသွား၍ သူ့အရှေ့မှ မကောင်းဆိုးဝါးဝိညာဉ်များကို အပိုင်းပိုင်း ဖြတ်တောက်လိုက်ကြသည်။ ယခု သူ့ခေါင်းထဲမှာ အတွေးတစ်ခုတည်းသာ ရှိသည်။

ဤအခိုက်အတန့်မှာ ထျန်းရေကန်က ပရမ်းပတာဖြစ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများနှင့် အားလှိုင်းဂယက်များက ရေကန်ပေါ်မှာ ထွက်ပေါ်လာသည်။

မကောင်းဆိုးဝါးဝိညာဉ်များသည် အသိစိတ်မရှိကြချေ။ သူတို့ထဲမှ အများစုသည် သီရှီထျန်၏ မဟူရာအသံဓားများကို မခုခံနိုင်ကြချေ။ ထို့ပြင် ဝူဝူဒီ၊ ရွှေဝူဟန်နှင့် လုကျီလင်း၏ တိုက်ခိုက်မှုများသည်လည်း အလွန်အားကောင်းသည်။ အဆင့်နိမ့်သော မကောင်းဆိုးဝါးဝိညာဉ်များက သူတို့၏ ပြိုင်ဘက်မဟုတ်ကြချေ။

“ ထျန်းရေကန်ကို ဖြတ်တဲ့လူတိုင်း သေရမယ် ”

အဆင့်မြင့် မကောင်းဆိုးဝါးဝိညာဉ်သုံးကောင်အနက် အလယ်မှ အမျိုးသားက ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။ သူ၏ လက်ထဲမှ ခရမ်းရောင်ဗုံက ရေမျက်နှာပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူက ဗုံတူနှစ်လက်ကို လက်ထဲမှာ ကိုင်ထားရင်း အေးစက်စက် ရယ်လိုက်သည်။ ထို့နောက် သူက ဗုံတူများကို ကိုင်မြှောက်၍ ခရမ်းရောင်ဗုံပေါ်သို့ အကြမ်းပတမ်း ရိုက်ချလိုက်သည်။

“ ဒုန်း ”

ကမ္ဘာမြေတုန်လှုပ်စေမည့် ဗုံသံက ခရမ်းရောင်ဗုံမှ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။ ဗုံသံသည် အလွန်အမင်း ကျယ်လောင်သည်။ သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော လှိုင်းဂယက်များက ဗုံထံမှ ပျံ့နှံ့ထွက်လာသည်။ လေထဲတွင် မည်သည့်အသံဓားမှ မထွက်ပေါ်လာပေ။ သို့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းပေါက်ကွဲမှုများက တရစပ် ထွက်ပေါ်လာသည်။ ကျယ်လောင်သော မြည်သံများက မိုးမြေတစ်လျှောက် ဆက်တိုက် ပဲ့တင်ထပ်သွားသည်။

ပေါက်ကွဲသံက အလွန်ကျယ်လောင်လေရာ မိုးမြေထဲမှ အသံအားလုံး ပျောက်ကွယ်သွားဟန် ရ၏။

သီရှီထျန် ထုတ်လွှတ်ထားသော မဟူရာအသံဓားများက ဗုံသံအောက်မှာ တစ်ခုပြီးတစ်ခု ပြိုကွဲသွားကြသည်။ ယင်းတို့က ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားသည်။ ကမ္ဘာမြေအက်ကွဲစေနိုင်သော ဓားအလင်းက အပြင်းအထန် တုန်ရီသွားပြီး ဓားချီအဖြစ် ပြန်ပြောင်းလဲသွားသည်။ ထို့နောက် ဓားချီက လေထဲမှာ လွင့်ပြယ်သွားသည်။ တောင်မြစ်ယပ်တောင်မှ ထွက်ပေါ်လာသော နတ်ဘုရားတောင်ထွတ်သည်လည်း အပြင်းအထန် တုန်ခါသွားပြီး တဖြည်းဖြည်း အရောင်မှေးမှိန်သွားသည်။ နတ်ဘုရားတောင်ထွတ်သည်ပင် ပြိုကွဲသွားတော့မည့်ဟန် ရ၏။

ထျန်းရေကန်ပေါ်မှ ကျင့်ကြံသူအားလုံးနီးပါးသည် ဤအခိုက်အတန့်မှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားမိသွားကြသည်။

“ တင်း… တုန် ”

ကုချင်းကိုင်ထားသော မကောင်းဆိုးဝါးဝိညာဉ်က ကုချင်းကို စတင်တီးခတ်လိုက်သည်။ ကုချင်းအသံက နားကွဲထွက်လုနီးပါး အလွန်စူးရှသည်။ ကုချင်းအသံက အလွန်စူးရှလေရာ ယင်းကို ကြားလိုက်ရသော လူတိုင်းက စိတ်ဝိညာဉ်နာကျင်သွားကြသည်။ ဤသည်မှာ ထက်ရှသော ဓားတစ်လက်က သူတို့၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် လှီးဖြတ်နေသည့်အလားပင်။

“ ဖုချီ… ဖုချီ… ”

ထျန်းရေကန်ပေါ်မှ ကျင့်ကြံသူထက်ဝက်ကျော်က သွေးအန်လိုက်ကြရသည်။ သူတို့၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားပြီး သူတို့က အနောက်သို့ လွင့်စင်သွားကြသည်။ သူတို့က မျက်နှာဖြူဖျော့သွားကြသည်။

“ တီး… တီ ”

ကုချင်းအသံ မဆုံးသွားမီ ပုလွေအသံက ထွက်ပေါ်လာသည်။ ယင်းက မီးတောက်ပေါ်သို့ လောင်စာဆီ ပစ်ထည့်လိုက်ခြင်းနှင့် ဆင်တူသည်။ နတ်ဘုရားတောင်ထွတ်က ပြင်းထန်စွာ တုန်ယင်သွားပြီး လုံးဝ အက်ကွဲသွားသည်။ ယင်းက အဝါရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ တောင်မြစ်ယပ်တောင်ထဲသို့ ပြန်ဝင်သွားသည်။

ယင်းကို ကြည့်ခြင်းအားဖြင့် ထိုမကောင်းဆိုးဝါးဝိညာဉ်သုံးကောင်က ထျန်းရေကန်ပေါ်မှ မကောင်းဆိုးဝါးဝိညာဉ်များထဲမှာ အစွမ်းထက်ဆုံးဖြစ်ကြောင်း ထင်ရှားသည်။ သူတို့တစ်ကောင်စီက ပြင်ပကျင့်ကြံသူအားလုံး၏ တိုက်ခိုက်မှုအားလုံးကို ချက်ချင်း ဖျက်ဆီးပစ်နိုင်စွမ်းရှိကြသည်။

ထိုသို့စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။ ရှင်းလင်းစွာပင် ထိုမကောင်းဆိုးဝါးဝိညာဉ်သုံးကောင်က အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ထက် အားမနည်းသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

“ ကုချင်းအသံကို ငါရှာဖွေရမယ်… ဘယ်သူ ငါ့ကို တားဆီးရဲလဲ ”

သီရှီထျန်၏ မျက်လုံးထဲမှ ရူးသွပ်မှုက ပိုပြီးအားကောင်းလာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဝမ်းနည်းမှုအရှိန်အဝါက ပိုပြီးသိပ်သည်းလာသည်။ သူ့မျက်လုံးထဲမှ ကြည်လင်သော အလင်းရောင်ကို အဆုံးမဲ့သော ဝမ်းနည်းမှုက ထပ်မံ ဖုံးလွှမ်းသွားသည်။

သူ၏ အသိစိတ်သာ ဝမ်းနည်းမှုဖြင့် ဖုံးလွှမ်းခံလိုက်ရလျှင် မည်သည့်အခါမှ ပုံမှန်ပြန်ဖြစ်တော့မည် မဟုတ်ကြောင်း သီရှီထျန် သိသည်။ သူက အမှောင်ထုထဲမှာ ထာဝရ ပိတ်မိနေပြီး ဖျက်ဆီးခံရလိမ့်မည်။ ဤသို့အခြေအနေမျိုးမှာ သူက မည်သည့်အရာကိုမှ မကြောက်တော့ပေ။ သူက အနောက်မဆုတ်ဘဲ အရှေ့သို့ ဆက်လျှောက်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဝမ်းနည်းမှုက မိုးမြေတစ်လျှောက် ပျံ့နှံ့သွားသည်။

နောက်အခိုက်အတန့်မှာ အနက်ရောင်ဓားမော့တစ်လက်က သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ ရေမျက်နှာပြင်ပေါ်မှာ သူလမ်းလျှောက်နေစဉ် သူ၏ ခြေလှမ်းများက အားမာန်ပြင်းထန်လာသည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က တောင်ကြီးတစ်တောင်နှယ် လေးလံလာဟန် ရ၏။

သူက ဓားမော့ကို ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ့ဘေးပတ်ဝန်းကျင်မှာ ပျံဝဲနေကြသော မိစ္ဆာမြူနှင်းဓားသွားများက အေးစက်စက် အနက်ရောင်သတ္ထုအလင်းကို ထုတ်လွှတ်လိုက်ကြပြီး သူ့အရှေ့မှ မကောင်းဆိုးဝါးဝိညာဉ်များကို တိုက်ခိုက်လိုက်ကြသည်။

ယခု သူ၏ ခေါင်းထဲမှာ အတွေးတစ်ခုသာ ရှိသည်။ ယင်းက အရှေ့သို့ သူပြေးသွားပြီး အတားအဆီးမှန်သမျှကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။ သူက ဤထျန်းရေကန်ထဲမှ ထွက်သွားပြီး လှိုဏ်ဂူထဲသို့ ဝင်ရောက်ချင်သည်။

အခန်း(၂၀၇)

“ ဘန်း… ဘန်း… ဘန်း… ”

မိစ္ဆာမြူနှင်းဓားသွားသည် သီရှီထျန် သူ့ဘာသာ ဖန်တီးထားသော အစွမ်းထက်တိုက်ခိုက်ရေးပညာရပ် ဖြစ်သည်။ မိစ္ဆာမြူနှင်းဓားသွားများ၏ အဓိကအားသာချက်က ထက်ရှမှု ဖြစ်သည်။ သီရှီထျန်၏ စေခိုင်းမှုကြောင့် မိစ္ဆာမြူနှင်းဓားသွားများက သူ့အရှေ့မှ မကောင်းဆိုးဝါးဝိညာဉ်ဒါဇင်ခန့်ကို ချက်ချင်း ခုတ်ပိုင်းလိုက်ကြသည်။

မကောင်းဆိုးဝါးဝိညာဉ်များသည် ကိုယ်ပိုင်အသိဉာဏ် မရှိကြချေ။ သူတို့က သူတို့ထံသို့ ပျံသန်းလာနေသော မိစ္ဆာမြူနှင်းဓားသွားများကို မရှောင်တိမ်းကြချေ။ သူတို့သိသည်မှာ ထျန်းရေကန်ကို ဖြတ်သန်းချင်သော လူအားလုံးကို အပြင်းထန်ဆုံး တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်ရန် ဖြစ်သည်။

ထို့ကြောင့် သူတို့အားလုံးက မိစ္ဆာမြူနှင်းဓားသွားများ၏ အံ့ဖွယ်ကောင်းသော လျှင်မြန်မှုနှင့် ထက်ရှမှုကြောင့် ချက်ချင်း ဖျက်ဆီးခံလိုက်ကြရသည်။

“ ဘန်း… ဘန်း ”

သူက အနက်ရောင်ဓားမော့ကို အရှေ့သို့ လွှဲယမ်းလိုက်ပြီး သူ၏ သေကွင်းသေကွက်များထံ ဦးတည်လာနေသော အသံဓားများကို ခုခံတားဆီးလိုက်သည်။ သေကွင်းသေကွက် မဟုတ်သော အသံဓားများကိုတော့ သူက ဂရုမစိုက်နေပေ။ သူက တစ်လှမ်းချင်း တစ်လှမ်းချင်း တည်ငြိမ်စွာ ဆက်လျှောက်သွားသည်။ သူလမ်းလျှောက်နေစဉ် သူ့အရှေ့မှ မကောင်းဆိုးဝါးဝိညာဉ်များက ဆက်တိုက် ဖျက်ဆီးခံနေရသည်။ သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ ထွက်ပေါ်လာသည်။

သူ၏ ရုပ်ခန္ဓာကိုယ်က အလွန်သန်မာသည်။ ယင်းက သိုင်းပညာကျင့်ကြံသူတစ်ယောက်ထက် အားမနည်းပေ။ ထို့ကြောင့် ဒဏ်ရာက အလွန်မနက်လျှင် သူ့အတွက် ပြဿနာမရှိပေ။ သို့သော် သွေးက ထိုဒဏ်ရာများမှ ဆက်တိုက် စီးကျနေသည်။

သွေးစိုရွှဲနေသော သီရှီထျန်က အရှေ့သို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားနေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရူးသွပ်မှုနှင့် အဆုံးမဲ့သော ဝမ်းနည်းမှုက ဖုံးလွှမ်းထားသည်။ သူက ဤလောက၏ နတ်မိစ္ဆာတစ်ပါးနှင့် ဆင်တူသည်။ သူ၏ စိတ်ဓာတ်ပြတ်သားမှုကြောင့် သူက မည်သည့်အရာကိုမှ ဂရုမစိုက်နေပေ။

“ ထျန်းရေကန်ကို ဖြတ်တဲ့လူတိုင်း သေရမယ် ”

အမျိုးသား မကောင်းဆိုးဝါးဝိညာဉ်က သီရှီထျန်၏ ခေါင်းမာမှုကို မြင်သွားသောအခါ အေးစက်စက် စကားကို ထပ်မံ ပြောလိုက်သည်။ တစ်ချိန်တည်းမှာ သူက ဗုံတူများကို မြှောက်၍ ခရမ်းရောင်ဗုံပေါ်သို့ ထပ်မံ ထုရိုက်လိုက်သည်။

“ ဒုန်း ”

အစောနကနှင့် မတူညီသည်မှာ ဤတစ်ကြိမ်တွင် ဗုံသံမှ စွမ်းအင်အားလုံးက သီရှီထျန်တစ်ယောက်တည်းထံ ဦးတည်သွားသည်။

“ ဖူချီ ”

သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားသည်။ ဤအခိုက်အတန့်မှာ သီရှီထျန်၏ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများက ဗုံသံကြောင့် အက်ကွဲသွားတော့မည့်ဟန် ရ၏။ သူ၏ သွေးနှင့်ချီက ကပြောင်းကပြန် ဖြစ်သွားသည်။ သူက ပါးစပ်အပြည့် သွေးအန်လိုက်ရသည်။

“ ကုချင်းအသံကို ငါရှာဖွေရမယ်… ကုချင်းအသံကို ငါရှာဖွေရမယ်… ”

ရူးမိုက်သော အတွေးက သူ့စိတ်ထဲမှာ အဆက်မပြတ် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အလင်းက သူ့မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ လွှမ်းမိုးဗိုလ်ကျမှု၊ ရူးမိုက်မှု၊ ဝမ်းနည်းမှု၊ လက်မလျော့မှု အစရှိသော စိတ်ခံစားမှုများက အတူတကွ ပေါင်းစပ်သွားသည်။ သူက ဗုံတီးနေသော မကောင်းဆိုးဝါးဝိညာဉ်ကို သားရဲမျက်လုံးတစ်စုံဖြင့် စူးစိုက်ကြည့်လိုက်သည်။

သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲတွင် မိစ္ဆာချီက အနက်ရောင်မြစ်တစ်စင်းပမာ ပေါ်လျှိုးလာသည်။ မိစ္ဆာချီသည် မိစ္ဆာစံအိမ်ထဲမှ တိုက်ရိုက် တိုးထွက်လာပြီး မိစ္ဆာသွေးကြောထဲသို့ စီးဆင်းသွားသည်။ နောက်အခိုက်အတန့်မှာ မိစ္ဆာချီက သူ၏ ညာလက်ဆီသို့ ဝင်ရောက်လာသည်။

မိစ္ဆာသန့်စင်ခြင်းမီးဖိုက အရူးအမူး လှည့်ပတ်နေသည်။ ဆေးမီးဖိုသည် ယခင်စုပ်ယူထားခဲ့သော ကျင့်ကြံသူအလောင်းများထံမှ စွမ်းအင်အနှစ်သာရကိုလည်း ဆွဲထုတ်နေသည်။ သို့သော်လည်း ဆေးမီးဖိုက စွမ်းအင်အနှစ်သာရ၏ သေးငယ်သော တစ်စိတ်တစ်ပိုင်းကိုသာ မိစ္ဆာချီအဖြစ် သန့်စင်ပေးသည်။ ကျန်စွမ်းအင်အနှစ်သာရအားလုံးက ဆေးမီးဖိုထဲမှ ဒလဟော တိုးထွက်လာသည်။

တစ်ခုသိထားရမည်မှာ စွမ်းအင်အနှစ်သာရကို မိစ္ဆာချီအဖြစ် သန့်စင်မှသာလျှင် ယင်းက စက်ကရာပိုင်ဆိုင်သော မိစ္ဆာချီ ဖြစ်လာလိမ့်မည်။ စက်ကရာပိုင်ဆိုင်သော မိစ္ဆာချီသည် ကုန်ခမ်းသွားလျှင်ပင် မြန်ဆန်စွာ ပြန်ပြည့်သွားလိမ့်မည်။ ထိုသို့မဟုတ်ဘဲ စွမ်းအင်အနှစ်သာရချည်းကိုသာ တိုက်ရိုက် အသုံးပြုမည်ဆိုလျှင် ယင်းက လုံးလုံးလျားလျား ကုန်ခမ်းသွားလိမ့်မည်။ မည်သည့်အခါမှ ပြန်ပြည့်လာတော့မည် မဟုတ်ချေ။ ဤအခိုက်အတန့်မှာ သီရှီထျန်က ထိုအချက်ကို လုံးဝ လျစ်လျူရှုထားသည်။

သူက ကျင့်ကြံသူအလောင်းများထံမှ စွမ်းအင်အနှစ်သာရကို အဆက်မပြတ် ဆွဲထုတ်နေသည်။ ပမာဏအလွန်များပြားသော စွမ်းအင်အနှစ်သာရက မိစ္ဆာသွေးကြောထဲမှာ ဖြတ်သန်းစီးဆင်းသွားသည်။

တလိပ်လိပ် မြှောက်တတ်လာသော စွမ်းအင်အနှစ်သာရက သူ့လက်ထဲမှ အနက်ရောင်ဓားမော့ထဲသို့ ဒလဟော စီးဆင်းသွားသည်။ ထိုအနက်ရောင်ဓားမော့သည် ဓမ္မလက်နက်တစ်ခု ဖြစ်သည်။ ယင်းကို မှော်သံမဏိနှင့် တခြားသတ္ထုပစ္စည်းများဖြင့် ရောစပ်ဖန်တီးထားခြင်း ဖြစ်သည်။ ယင်းက အလယ်အလတ်အဆင့် ဓမ္မလက်နက် ဖြစ်သည်။ ယင်းက အမြူတေဖွဲ့စည်းခြင်းနယ်ပယ်အောက်မှ မည်သည့်ကျင့်ကြံသူမဆို အသုံးပြုရန် လုံလောက်ပေသည်။

ယခု စက်ကရာက သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီနှင့် ပမာဏများပြားသော စွမ်းအင်အနှစ်သာရကို ထိုဓားမော့ထဲသို့ ထည့်သွင်းလိုက်သည်။ ထိုအခါ အနက်ရောင်ဓားမော့က အေးစက်စက် အနက်ရောင်သတ္ထုအလင်းကို ထုတ်လွှတ်လိုက်သည်။ ဓားမော့က အပြင်းအထန် တုန်ယင်သွားသည်။ နောက်အခိုက်အတန့်မှာ ဓားမော့ဟိန်းသံ ထွက်ပေါ်လာသည်။

ဓားမော့ဟိန်းသံ၏ အနောက်တွင် ဝမ်းနည်းဖွယ်ကောင်းသော တစ္ဆေငိုကြွေးသံက လိုက်ပါလာသည်။

“ ဒီနေ့ ငါ့ကို တားဆီးတဲ့ လူတိုင်း သေရမယ် ”

ယင်းက စက်ကရာ၏ စိတ်ထဲမှ တစ်ခုတည်းသော အတွေးဖြစ်သည်။ သူက ထျန်းရေကန်ထဲမှ ထွက်သွားပြီး ရေကန်အနောက်မှ လှိုဏ်ဂူထဲသို့ ဝင်ရောက်ချင်သည်။ ထိုအတွက် သူ၏ လမ်းကြောင်းအရှေ့မှာ ပိတ်ဆို့နေသော အရာအားလုံးကို ရှင်းထုတ်ပစ်ရန် ဝန်လေးနေမည်မဟုတ်ချေ။

ထိုအတွေးကြောင့် သူက မိစ္ဆာချီနှင့် စွမ်းအင်အနှစ်သာရကို အနက်ရောင်ဓားမော့ထဲသို့ အကုန်ထည့်သွင်းလိုက်သည်။ မိစ္ဆာချီတစ်ခုတည်း မဟုတ်ပေ။ သူက အဆုံးမဲ့သော ဝမ်းနည်းမှုကိုလည်း ထုတ်လွှတ်လိုက်သည်။

“ ရွှီး ”

အနက်ရောင်ဓားမော့၏ စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ယင်းက သူ၏ လက်ထဲမှ ချက်ချင်း ပျံသန်းထွက်သွားပြီး အနက်ရောင်မိုးကြိုးသွားအဖြစ် ပြောင်းလဲသွားသည်။ ယင်းက လစန္ဒနောက်သို့ လိုက်ဖမ်းနေသော ဥက္ကာပျံတစ်စင်းနှင့် ဆင်တူသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဓားမော့က ဗုံတီးနေသော အမျိုးသား၏ ရင်ဘက်အရှေ့မှာ ထွက်ပေါ်လာသည်။

" ဒုန်း "

အမျိုးသား မကောင်းဆိုးဝါးဝိညာဉ်သည် တခြားမကောင်းဆိုးဝါးဝိညာဉ်များကဲ့သို့ စိတ်ခံစားချက်ကင်းမဲ့သူ ဖြစ်သည်။ သူက ကိုယ့်အသက်ကို ဂရုမစိုက်ပေ။ ဤသည်မှာ သူတို့က ကုချင်းဘုံထဲသို့ ကူးကျော်ဝင်ရောက်လာသူများကို သတ်ပစ်ရန် မည်သည့်အရာကိုမဆို စတေးပစ်နိုင်သည့်အလားပင်။ တစ်ဖက်လူကို သတ်ပစ်နိုင်မည်ဆိုလျှင် သူတို့၏ အသက်ကို စတေးပစ်ရန် ဝန်လေးနေမည်မဟုတ်ချေ။ ဥပမာ ယခုအခြေအနေမျိုး ဖြစ်သည်။

ထို့ကြောင့် အမျိုးသား မကောင်းဆိုးဝါးဝိညာဉ်သည် ဓားမော့ကို မြင်သော်လည်း မတိမ်းရှောင်ပေ။

ယင်းအစား သူ့လက်ထဲမှ ဗုံတူနှစ်ချောင်းကို တစ်ပြိုင်နက် မြှောက်တင်လိုက်ပြီး ခရမ်းရောင်ဘုံပေါ်သို့ အကြမ်းပတမ်း ရိုက်ချလိုက်သည်။ ချက်ချင်းဆိုသလိုပင် ဗုံသံနှစ်သံက တစ်ခုတည်း ပေါင်းစည်းသွားသည်။ ထိုအခါ မိုးခြိမ်းသံကဲ့သို့ အလွန်ကျယ်လောင်သော ဗုံသံက ထွက်ပေါ်လာသည်။ ထျန်းရေကန်ပေါ်တွင် အသံပေါက်ကွဲမှုများက ဆက်တိုက် ထွက်ပေါ်လာသည်။ ပြင်းထန်သော အသံလှိုင်းများက အရပ်မျက်နှာအသီးသီးသို့ ဒီရေသဖွယ် ပျံ့နှံ့သွားသည်။

ဗုံသံ၏ စွမ်းအားထက်ဝက်ကျော်က သီရှီထျန်တစ်ဦးတည်းဆီသို့ ဦးတည်သွားသည်။ ကျန်စွမ်းအားက ဓားမော့ဆီသို့ ဦးတည်သွားသည်။ ရှင်းလင်းစွာပင် အမျိုးသား မကောင်းဆိုးဝါးဝိညာဉ်က အနက်ရောင်ဓားမော့ကိုလည်း ဖျက်ဆီးပစ်ချင်သည်။

" တင်း… တုန်… "

သို့သော်လည်း မကောင်းဆိုးဝါးဝိညာဉ်၏ တွက်ချက်မှုက လွဲမှားသွားသည်။ အသံလှိုင်းတချို့က သီရှီထျန်၏ မိစ္ဆာမြူနှင်းဓားသွားများကြောင့် ပြိုကွဲသွားစဉ် ကျန်အသံလှိုင်းများက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ တားဆီးပေးခြင်းခံလိုက်ရသည်။ သီရှီထျန်က အသိစိတ်ပျောက်နေလျှင်ပင် နတ်ဆိုးကုချင်း၏ သူ့သခင်ကို အလိုအလျောက် ကာကွယ်ပေးလိမ့်မည်။

နတ်ဆိုးကုချင်းက အသံလှိုင်းများကို ထုတ်လွှတ်၍ ဗုံသံကို ခုခံတားဆီးခဲ့သော်လည်း ယင်းက အပြည့်အဝ မခုခံပေးနိုင်ခဲ့ပေ။ သို့ဖြစ်၍ အသံလှိုင်းတချို့က သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာဆဲပင်။ သူ၏ သန်စွမ်းကြံ့ခိုင်သော မိစ္ဆာခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားပြီး သူက သွေးတစ်ပွက် ထပ်အန်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ ကြီးမားသော ဒဏ်ရာဒဏ်ချက်များ ထွက်ပေါ်လာသည်။

ရှင်းလင်းစွာပင် ဗုံသံ၏ တိုက်ခိုက်မှုက သီရှီထျန်ကို ကြီးကြီးမားမား အထိနာသွားစေသည်။

သို့သော် သီရှီထျန် အထိနာသွားစဉ် မကောင်းဆိုးဝါးဝိညာဉ်သည်လည်း အခြေအနေမကောင်းနေပေ။ အနက်ရောင်ဓားမော့က ဗုံသံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အသံလှိုင်းများနှင့် ထိပ်တိုက် တွေ့ဆုံသွားသော်လည်း ယင်း၏ အလျင်က နည်းနည်းမှ မလျော့သွားပေ။

ဓားမော့သည် အဆုံးမဲ့သော ဝမ်းနည်းမှုကို ထုတ်လွှတ်လျက် လေထုကို တိုက်ရိုက် ဖြတ်သန်းသွားသည်။ ဤသည်မှာ လင်းယုန်တစ်ကောင်က လေဟုန်စီးနေသည့်အလားပင်။ မျက်စိတစ်မှိတ်အတွင်းမှာ ဓားမော့က မကောင်းဆိုးဝါးဝိညာဉ်၏ အရှေ့သို့ ရောက်ရှိသွားသည်။

“ ဘန်း ”

အနက်ရောင်ဓားမော့က မကောင်းဆိုးဝါးဝိညာဉ်၏ အရှေ့သို့ ရောက်ရှိသွားသည့်အခါ ၎င်း၏ တာဝန်ကို အောင်မြင်သွားသည်။ ၎င်းက နောက်ထပ် တောင့်မခံနိုင်တော့ဘဲ ချက်ချင်း ပေါက်ကွဲသွားသည်။

မည်သို့ဖြစ်ပါစေ ထိုဓားမော့က အလယ်အလတ်အဆင့် ဓမ္မလက်နက်တစ်ခုမျှသာ ဖြစ်၏။ ယင်း၏ ကိုယ်ထည်သည် သီရှီထျန် ထည့်သွင်းခဲ့သော မိစ္ဆာချီနှင့် ဝမ်းနည်းမှုစွမ်းအားကို အချိန်ကြာမြင့်စွာ မတောင့်ခံထားနိုင်ပေ။ ထို့ကြောင့် ၎င်း၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားသည့်အခါ ဓားမော့က ပေါက်ကွဲသွားသည်။ ဓားမော့သာ ပေါက်ကွဲသွားခြင်း မဟုတ်ပေ။ ဓားမော့ထဲမှာ ပါဝင်နေသော မိစ္ဆာချီနှင့် ဝမ်းနည်းမှုစွမ်းအားသည်လည်း ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားသည်။ ထိုပေါက်ကွဲမှု၏ အဖျက်စွမ်းအားသည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုထက် လုံးဝ အားမနည်းပေ။ အမှန်မှာ ယင်းက ပိုပြီးကြောက်စရာကောင်းသည်။

အနက်ရောင်ဓားမော့က အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။ ကြောက်မက်ဖွယ်အဖျက်စွမ်းအား ကိန်းအောင်းနေသော ဓားမော့အပိုင်းအစများက အနီးနားမှာရှိသော အမျိုးသား မကောင်းဆိုးဝါးဝိညာဉ်၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားကြသည်။ ဘေးပတ်ဝန်းကျင်မှ တခြားမကောင်းဆိုးဝါးဝိညာဉ်များသည်လည်း ခန္ဓာကိုယ် အပိုင်းပိုင်းအစစ ပြတ်တောက်သွားကြသည်။

ဓားမော့ပေါက်ကွဲမှု၏ အဖျက်စွမ်းအားကို ပထမဆုံး တွေ့ကြုံခံစားလိုက်ရသူမှာ ဗုံတီးသော မကောင်းဆိုးဝါးဝိညာဉ် ဖြစ်သည်။ ပေါက်ကွဲမှုထဲမှ ပျံ့လွင့်ထွက်လာသော ဓားမော့အပိုင်းအစများက မကောင်းဆိုးဝါးဝိညာဉ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားကြသည်။

ထိုဓားမော့အပိုင်းအစများထဲမှာ အံ့ဖွယ်ကောင်းသော အဖျက်စွမ်းအားက ကိန်းအောင်းနေသည်။ ယင်းတို့က မကောင်းဆိုးဝါးဝိညာဉ်၏ ခန္ဓာကိုယ်ကို တိုဟူးသဖွယ် အပိုင်းပိုင်းအစစ ဖြတ်တောက်သွားကြသည်။ မရေမတွက်နိုင်သော ဒဏ်ရာများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ သူ၏ တစ်ကိုယ်လုံးက အပိုင်းပိုင်းဆုတ်ပြဲနေသော အင်္ကျီနှင့် ဆင်တူသည်။ သူ၏ ဦးခေါင်းတစ်ခြမ်းသည်ပင် ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည်။ ထိုမျှဆိုးဝါးသော ဒဏ်ရာများက သူ့ကို ချက်ချင်း သေဆုံးသွားစေရန် လုံလောက်သည်။

“ ခရက် ”

ကျယ်လောင်သော မြည်သံနှင့်အတူ မရေမတွက်နိုင်သော အက်ကွဲရာများက မကောင်းဆိုးဝါးဝိညာဉ်၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ သူ၏ တစ်ကိုယ်လုံးက အပိုင်းပိုင်း ပြတ်တောက်သွားသည်။ နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က စွမ်းအင်အနှစ်သာရအဖြစ် ပြောင်းလဲသွားပြီး ခရမ်းရောင်ဗုံထဲသို့ ဝင်ရောက်သွားသည်။

အမျိုးသား မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်တည်း မဟုတ်ပေ။ သူ့ဘေးမှာ ရပ်နေကြသော ပုလွေကိုင်ထားသည့် မကောင်းဆိုးဝါးဝိညာဉ်နှင့် ကုချင်းကိုင်ထားသော မကောင်းဆိုးဝါးဝိညာဉ်သည်လည်း ပေါက်ကွဲမှုဖြင့် သက်ရောက်ခံလိုက်ကြရသည်။ နက်ရှိုင်းသော ဒဏ်ရာများက သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။

“ ကုချင်းအသံကို ငါရှာဖွေရမယ်… ကုချင်းအသံကို ငါရှာဖွေရမယ်… ”

သူ့အရှေ့မှာ ပိတ်ဆို့နေကြသော မကောင်းဆိုးဝါးဝိညာဉ်အားလုံးက ဖျက်ဆီးခံလိုက်ကြရသည်။ တစ်ဆက်တည်းမှာ သူ၏ မျက်လုံးထဲမှ ကြည်လင်မှုက တဖြည်းဖြည်း မှေးမှိန်လာသည်။ သူက နောက်ထပ် စဉ်းစားမနေတော့ဘဲ အရှေ့သို့ မြန်ဆန်စွာ ပြေးသွားသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်သည် ပင်ကိုယ်ဗီဇ၏ လှုံ့ဆော်မှုကြောင့် ရေကန်ပေါ်မှာ ပေါလောမျောနေသော လက်နက်သန္ဓေသားများကို သူ့ခါးပေါ်မှ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။ သို့တိုင် ထိုလုပ်ဆောင်မှုက သူ၏ အလျင်ကို နည်းနည်းမှ မနှေးကွေးစေပေ။ သူက မြန်ဆန်စွာ ပြေးသွားလေရာ ကြွင်းကျန်ပုံရိပ်များက သူ့အနောက်မှာ ကျန်နေခဲ့သည်။ သူက ထျန်းရေကန်အနောက်မှ လှိုဏ်ဂူဆီသို့ တန်းမတ်စွာ ပြေးသွားသည်။

All Chapters