← Chapters

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အခန်း (၁၆၁)

ထိုနည်းဗျူဟာကို ဖော်ပြရန် စကားလုံးတစ်လုံး ရှိခဲ့လျှင် ၎င်းမှာ 'ယုတ်ညံ့ခြင်း' ပင် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ဖုန်းပုကြွယ်၏ အစီအစဉ်မှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလှသည်ဟု ဆိုရပေမည်။

ကော့ပါးနီးကပ်စ်နှင့် ဂယ်လီလီယိုတို့သည် ဖုန်းပုကြွယ်၏ အစီအစဉ်ကို နားလည်ရန် သုံးစက္ကန့်သာ အချိန်ယူခဲ့ရသည်။ သူတို့သည် တစ်စိတ်တည်းတစ်ဝမ်းတည်း ရှိကြသည်နှင့်အညီ တစ်ပြိုင်နက်တည်း ဆုတ်ခွာရန် ပြင်လိုက်ကြသည်။ သူတို့က စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သုံးဦးကိုလည်း လှမ်းအော်ပြောလိုက်သည်။

"အရှိန်အဝါမရှိတဲ့သူတွေ၊ ငါတို့နဲ့အတူ အရင် ဆုတ်ကြစို့"

မရှုံးနိမ့်သောချန်ပီယံနှင့် ယဲ့ကျီတို့မှာ တွန့်ဆုတ်နေဆဲပင်။ သူတို့နှစ်ဦးစလုံးက မုန့်ကျင်းချန်းထံသို့ အကြည့်ပို့လိုက်ကြသည်။ ထိုသုံးယောက်အဖွဲ့၏ ခေါင်းဆောင်အနေနှင့် ဤအချိန်မျိုးတွင် ဆုံးဖြတ်ချက်ချရန်မှာ သူ့တာဝန်ပင် ဖြစ်သည်။

"မင်းတို့ GMနှစ်ယောက်နောက် လိုက်ပြီး အဝေးကို ဆုတ်ကြ"

မုန့်ကျင်းချန်း၏ သဘောထားက တည်ငြိမ်နေဆဲပင်။

"အစ်ကိုဖုန်းနဲ့ ငါတော့ ဒီမှာ ကျန်ခဲ့မယ်"

သူ့အသင်းဖော်များ တစ်ခုခု ပြောတော့မည့်ပုံကို မြင်သဖြင့် သူက လျင်မြန်စွာပင် ဖြည့်စွက်ပြောလိုက်သည်။

"ဘာမှ ပြောနေဖို့ မလိုတော့ဘူး၊ ငါ သေသွားရင်တောင် အစ်ကိုဖုန်းရဲ့ အရှိန်အဝါကို ပျောက်ကွယ်သွားစေမှာ မဟုတ်ဘူး၊ အခြေအနေကိုလည်း ထိခိုက်မှာ မဟုတ်ပါဘူး"

ထိုစကားများ ပြောနေသည့် အချိန်အတွင်းမှာပင် ဆယ်မီတာခန့် အကွာတွင် ရပ်နေသော K3 သည် တစ်စုံတစ်ခုကို သတိပြုမိသွားခဲ့သည်။ သူသည် တစ်ဖက်လူကို စကားဆက်ပြောခွင့်ပေးရန် အစီအစဉ် မရှိပေ။ သူသည် မြေပြင်ကို တစ်ချက်ဆောင့်ကန်လိုက်ပြီး ရှေ့သို့ ပြေးဝင်သွားတော့သည်။

ဆာကူရာမြို့ ကမ္ဘာထဲတွင် ရောက်ရှိနေခြင်း ဖြစ်သဖြင့် K3 ၏ စွမ်းဆောင်သည် သေသူတို့ တိုင်းပြည်တွင် တိုက်ခိုက်ခဲ့စဉ်ကနှင့် နှိုင်းယှဉ်မရနိုင်ပေ။ သို့သော်လည်း သူ ထုတ်ဖော်ပြသလိုက်သော အရှိန်နှင့် ခွန်အားသည် အတော်လေးကို အထင်ကြီးစရာ ကောင်းနေဆဲပင်။ အစောပိုင်းက GMနှစ်ဦး အသုံးပြုခဲ့သော လှုပ်ရှားမှုစကေးများနှင့် နှိုင်းယှဉ်လျှင် သူက ပို၍ပင် သာလွန်နေသေးသည်။

သို့သော်လည်း သူ့အံ့သြမှုကို နှိုးဆွလိုက်သည်မှာ သူ့ကို ကိုယ်တိုင်ကိုယ်ကျ တားဆီးနိုင်သော လူတစ်ယောက် ရှိနေခြင်းပင် ဖြစ်သည်။

ထိုလူကား သူ၏ ဂိမ်းဒင်္ဂါးအားလုံးကို စီးကရက်၊ အရက်နှင့် ဆံပင်ကောက်ခြင်းတို့တွင်သာ အကုန်အကျခံခဲ့သော မုန့်ကျင်းချန်းပင် ဖြစ်တော့သည်။ ထို့ကြောင့် သူသည် ဂိုဏ်းဝတ်ရုံမှလွဲ၍ လူသစ်ဝတ်စုံကိုသာ ဝတ်ဆင်ထားရသည်။ မျက်တောင်တစ်ခတ်အတွင်း သူ့မျက်လုံးများထဲ၌ ဖိနှိပ်နိုင်သော အေးစက်စက် အလင်းတန်းတစ်ခု ဝင်းလက်သွား၏။

သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး ဓားကို တစ်ချက်ခါလိုက်ကာ လက်ကောက်ဝတ်ကို လှည့်၍ ပိုင်းချလိုက်သည်။

မုန့်ကျင်းချန်း၏ တုံ့ပြန်တိုက်ခိုက်မှုသည် အလျင်စလိုဖြစ်နေသည် ထင်ရသော်လည်း အမှန်စင်စစ်တွင်မူ အပြစ်ပြောစရာမရှိအောင် ပြည့်စုံပေသည်။ သူသည် K3 ၏ အရှိန်ကို တားဆီးနိုင်ခဲ့ရုံသာမကဘဲ ပြိုင်ဘက်ရှောင်တိမ်းရန် ခက်ခဲသော ထောင့်တစ်ခုမှနေ၍ ခုတ်ချက်တစ်ခုကိုပါ ပစ်လွှတ်လိုက်သည်။ ယင်းက အဓိကတိုက်ခိုက်သူ ဖြစ်သော K3 ၏ ညာလက်မောင်းကို ဓားသွားကို ခုခံရန်အတွက် မြှောက်လာစေရန် အတင်းအကျပ် ဖိအားပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

တိုက်ခိုက်ရေးရှုထောင့်မှ ကြည့်လျှင် ကစားသမားတစ်ဦးသည် ကန့်သတ်ထားသော တုံ့ပြန်ချိန်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည့် လုပ်ဆောင်ချက်များ၊ အသေးစိတ်အချက်အလက်များ၏ တိကျမှုနှင့် ကျွမ်းကျင်မှုတို့မှာ အစစ်အမှန် ကျွမ်းကျင်ပညာရှင်နှင့် သာမန်လူတစ်ဦးကြားက ခြားနားချက်ကို တိုင်းတာသည့်စံနှုန်းပင် ဖြစ်သည်။

မှန်ပါသည်၊ ယင်းသည် ပညာရှင်နှင့် သာမန်လူကြားက ခြားနားချက်သာ ဖြစ်ပြီး ပညာရှင်အချင်းချင်းကြားက ခြားနားချက် မဟုတ်ပေ။ အကယ်၍ ပြင်ပအချက်အလက်များနှင့် ကံတရားတို့ကို ဖယ်ထုတ်လိုက်မည်ဆိုလျှင် စည်းမျဉ်းစည်းကမ်းများဖြင့် ချည်နှောင်ထားသော အားကစားတစ်ခုတွင် ထိပ်တန်းပညာရှင်များကြား နောက်ဆုံးယှဉ်ပြိုင်ရမည့်အရာကား... ပါရမီပင် ဖြစ်သည်။

"အိုး၊ စိတ်ဝင်စားစရာပဲ"

K3 သည် သူ့အကြည့်ကို မုန့်ကျင်းချန်းမျက်နှာဆီသို့ လွှဲလိုက်သည်။

"ကစားသမားတွေတောင် ဒီလိုမျိုး လုပ်နိုင်တာပဲလား..."

သူ စကားမဆုံးမီ အခြေအနေတစ်ခု ပြောင်းလဲသွားသည်။ သူ့ကျောဘက်မှ လက်နှစ်ဖက် ထွက်ပေါ်လာပြီး သူ့လက်မောင်းအောက်မှတစ်ဆင့် လျှိုဝင်သွား၏။ ထို့နောက် အပေါ်သို့ ကွေးတက်သွားကာ သူ့ပုခုံးများကို ချုပ်နှောင်လိုက်တော့သည်။

၎င်းမှာ တစ်ဖက်တွင် ရပ်နေသော ဖုန်းပုကြွယ်ပင် ဖြစ်သည်။ သူသည် လူရှန်း နဂါးပျံဝါးမြိုခြင်းပုံစံကို လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ ဤအချိန်တွင် သူသည် ကိုယ်ခန္ဓာမြှင့်တင်ရေး နည်းစနစ်ကို အသက်သွင်းထားပြီး ဖြစ်သဖြင့် တစ်ဖက်လူ မတုံ့ပြန်နိုင်မီ ဤလုပ်ဆောင်ချက်ကို ပြီးမြောက်စေခဲ့သည်။ ဖုန်းပုကြွယ်သည် အသက်အမှတ် ဆုံးရှုံးမှုကို ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ အရှိန်အဝါရှိနေသရွေ့ သူသေမည်မဟုတ်ပေ။ အကယ်၍ သူ ထိုစကေးကို မသုံးပါက သူ၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များဖြင့် ပြိုင်ဘက်ကို မဖိနှိပ်ထားနိုင်မည် သူ စိုးရိမ်သောကြောင့် ဖြစ်သည်။

"သွားကြတော့လေ၊ မင်းတို့ သေချင်နေတာလား"

ဖုန်းပုကြွယ်က K3 ကို ဆွဲထားရင်း ကျန်လေးဦးကို လှည့်အော်လိုက်သည်။

မရှုံးနိမ့်သောချန်ပီယံနှင့် ယဲ့ကျီတို့သည် အချင်းချင်း လျင်မြန်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နောက်ဆုံးတွင် စပြေးကြတော့သည်။ GMနှစ်ဦးကလည်း နောက်ဆုံး သူတို့ လှုပ်ရှားလိုက်သည်ကို မြင်သောအခါ လျင်မြန်စွာလှည့်ထွက်လိုက်ကြပြီး သူတို့ ဆုတ်ခွာနိုင်ရန် လမ်းဖွင့်ပေးရန်အတွက် ရှေ့ဆုံးမှ ပြေးထွက်သွားကြသည်။

"မင်းတို့နှစ်ယောက်က ဒါကို ပျော်စရာလို့ ထင်နေကြတာလား"

K3 က နှာခေါင်းရှုံ့လိုက်သည်။

"ဒါမှမဟုတ် မင်းတို့က ဒီနေရာမှာ သူရဲကောင်း လုပ်ချင်နေတာလား"

သူ့မျက်နှာက ရုတ်တရက် မည်းမှောင်သွားသည်။

"အိုး... ဒါတော့ မဟုတ်သေးဘူး၊ သူရဲကောင်းတွေကတော့ သေလိမ့်မယ်၊ ဒါပေမဲ့ မင်းတို့ကတော့ နေရာရွှေ့ပြောင်းခံရရုံပဲ ရှိမှာ"

စကား၏ နောက်ဆုံးအပိုင်းတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေလေသည်။

"ငါတို့က မင်းနဲ့ စကားပြောချင်ရုံပါ"

ဖုန်းပုကြွယ်က လှည့်ပြောလိုက်ပြီး မုန့်ကျင်းချန်းဘက်သို့ ကြည့်ကာ မေးလိုက်သည်။

"ဟုတ်တယ်မလား၊ အစ်ကိုချန်း"

မုန့်ကျင်းချန်းသည် ထိုအခါမှသာ ဖုန်းပုကြွယ် မည်မျှအထိ ကောက်ကျစ်စဉ်းလဲနိုင်သည်ကို နားလည်သွားတော့သည်။

အပြင်ပန်းအားဖြင့် ဖုန်းပုကြွယ်၏ အစီအစဉ်မှာ သူက ဇာတ်လိုက်အကာအကွယ်ကို ရယူပြီး GMများကို ကူညီရန် မူမမှန်မှုကို တိုက်ခိုက်ခြင်း ဖြစ်သည်။ သို့သော် အမှန်စင်စစ်တွင် ဤအစီအစဉ်၏ နောက်ထပ်အကျိုးကျေးဇူးတစ်ခုမှာ ကျန်အသင်းဖော်များကို ဖယ်ထုတ်လိုက်နိုင်ပြီး သူတစ်ဦးတည်းသာ မူမမှန်မှုနှင့် အဆက်အဆံပြုလုပ်နိုင်ခြင်း ဖြစ်သည်။ GMများ မရှိတော့သဖြင့် သူ ညှိနှိုင်းရန် ကြိုးစားနိုင်သည်။ မည်သို့ပင်ဖြစ်စေ သူသည် ဇာတ်လိုက်အကာအကွယ် ရထားသဖြင့် ဘာမှ ကြောက်စရာ မလိုပေ။

မုန့်ကျင်းချန်းလည်း သတင်းအချက်အလက် စုဆောင်းလိုသည်။ သူ့အတွက်မူ စကားဖြင့် ဆက်သွယ်ခြင်းက လက်သီးဖြင့် ပြောဆိုခြင်းထက် ပိုကောင်းမွန်သည်မှာ သဘာဝပင်။ ထို့ကြောင့် သူသည် ဖုန်းပုကြွယ်၏ အစီအစဉ်အတိုင်း လိုက်ပါဆောင်ရွက်ကာ ပြန်ဖြေလိုက်လေသည်။

"မှန်တယ်၊ ဒီက... မစ္စတာ မူမမှန်၊ မင်းအနေနဲ့ ခဏရပ်တန့်ပြီး ငါတို့နောက်ကို လိုက်မယ်ဆိုရင်..."

သို့သော်လည်း K3 က သူတို့စကားကို ဖြတ်ပြောလိုက်သည်။

"ငါနဲ့ မင်းတို့ကြားက ပတ်သက်မှု၊ ငါ့အနေအထားက... စားသောက်ဆိုင်က ငါးကန်ထဲမှာရှိတဲ့ ပုစွန်ဆိတ်တစ်ကောင်နဲ့ ညစာစားဖို့ လာတဲ့ ဖောက်သည်တစ်ယောက်လိုပဲ... စကားတွေ အများကြီး ပြောနေဖို့ လိုလို့လား"

သူ့လေသံက ပိုမိုနက်မှောင်သွားပြီး သူ့ပတ်ဝန်းကျင်တွင် လှိုင်းလုံးတစ်ခု ပေါက်ကွဲထွက်လာသည်။ သူသည် ဖုန်းပုကြွယ်၏ ချုပ်ကိုင်မှုမှ လွတ်မြောက်သွားရုံသာမကဘဲ မုန့်ကျင်းချန်း၏ ဓားကိုပါ ရိုက်ထုတ်ပစ်လိုက်သည်။

"မင်းတို့မေးခွန်းတွေကို ဖြေဖို့ ငါ့မှာ တာဝန်ရှိလို့လား"

မုန့်ကျင်းချန်းမှာမူ အခြေအနေ ပိုကောင်းပေသည်။ သူသည် တိုက်ခိုက်ရေးစွမ်းအင်ကဲ့သို့ ခံစားရသော စွမ်းအားကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ်သာ ဆုတ်လိုက်ရသော်လည်း ဖုန်းပုကြွယ်မှာမူ ထိုလူ့ကျောနောက်တွင် ကပ်နေစဉ်အတွင်း ရိုက်ခတ်ခြင်း ခံလိုက်ရသည်။ ထိုပြင်းထန်သော အင်အားကြောင့် သူ့တစ်ကိုယ်လုံး နောက်သို့ လွင့်ထွက်သွားတော့သည်။ သူသည် နတ်ကွန်းရှေ့ရှိ သစ်သားမုခ်ဦးကြီး (တိုရီအီ)တိုင်ကြီးကို သွားတိုက်မိတော့သည်။

ခရက်... ဟူသည့် အသံနှင့်အတူ ဖုန်းပုကြွယ်၏ ခန္ဓာကိုယ်သည် လူတစ်ဖက်စာပင် မပြည့်သော ထိုတိုင်ကြီးကို ကျိုးသွားစေသည်။ သူ၏ အသက်အမှတ်သည် ချက်ချင်းဆိုသလို တစ်ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီး ကိုယ်ခန္ဓာ မြှင့်တင်ရေးမန္တန်လည်း အလိုအလျောက် ပိတ်သွားတော့သည်။ ထို့အပြင် မုခ်ဦးကြီးသည် ကျိုးသွားသောတိုင်ကြောင့် မုန့်ကျင်းချန်းနှင့် K3 တို့ ရပ်နေသည့်ဘက်သို့ စောင်း၍ ပြိုကျလာတော့သည်။

ထိုအချိန်တွင် လရောင်က အတော်လေး ရှင်းလင်းနေပြီ ဖြစ်သဖြင့် အလင်းပေးကိရိယာများ မပါဘဲ အကွာအဝေးတစ်ခုအထိ မြင်နိုင်နေပြီ ဖြစ်သည်။ မုန့်ကျင်းချန်းသည် ဖုန်းပုကြွယ်တစ်ယောက် သွေးများအန်ထုတ်လိုက်ပုံကို အထင်းသား မြင်လိုက်ရသည်။ သူ့မျက်နှာပေါ်က နာကျင်နေသော အမူအရာအရ ထိုကောင်လေး သတိမေ့သွားခြင်းကပင် ကံကောင်းသည်ဟု ဆိုရပေမည်။ ပျက်စီးသွားသော အရာဝတ္ထုကြီးကို အကိုးအကားအဖြစ် ထည့်သွင်းစဉ်းစားမည်ဆိုလျှင် K3 ၏ တိုက်ခိုက်နိုင်စွမ်းမှာ အမှန်တကယ်ပင် စိတ်ပျက်အားငယ်စရာကောင်းလောက်အောင် ပြင်းထန်လှသည်။

မုန့်ကျင်းချန်း၏ နဖူးတွင် ချွေးအေးများ စီးကျလာတော့သည်။ သူ စိတ်ထဲမှ တွေးမိသည်မှာ 'တကယ်လို့ ဇာတ်လိုက်အကာအကွယ်သာ မရှိခဲ့ရင် ဒီကောင်လေးက တစ်ချက်တည်းနဲ့ အသတ်ခံရမှာ သေချာတယ်'

မှန်ပေသည်၊ သူသည် အခြားသူများကို ဂရုစိုက်နေရန် အချိန်မရှိပေ။ မုခ်ဦးကြီးက သူ့အပေါ်သို့ ပြိုကျလာနေသဖြင့် သူ အရင်ဆုံးရှောင်တိမ်းရန် လိုအပ်သည်။ မုန့်ကျင်းချန်းသည် K3 ၏ လှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့်ရင်း သူ တိုက်ခိုက်နိုင် သို့မဟုတ် ဆုတ်ခွာနိုင်မည့် အကွာအဝေးတစ်ခုသို့ (အနည်းဆုံးတော့ သူ ထိုသို့ ထင်ထားသည်) နောက်သို့ ခုန်ဆုတ်လိုက်သည်။

K3 ကမူ မည်သို့မျှ မတုံ့ပြန်ဘဲ ထိုလူဆုတ်ခွာသွားသည်ကို မတုန်မလှုပ်ကြည့်နေလေသည်။ သူသည် သူ့အပေါ်သို့ ပြိုကျလာသော သစ်သားမုခ်ဦးကြီးကို ရင်ဆိုင်ရာတွင် ရှောင်တိမ်းရန် လုံးဝ စိတ်ကူးမရှိပေ။

K3 သည် သူ့ဘေးက ကစားသမားနှစ်ဦးကို ကြွားချင်သောကြောင့် ရှောင်တိမ်းရန် မရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။ သူသည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး လက်ညှိုးဖြင့် လက်မကို ဖိလိုက်ကာ လက်မကို အပေါ်သို့ တောက်ချလိုက်သည်...။

ဝုန်း။

K3 ရပ်နေသော နေရာ၏ အပေါ်တည့်တည့်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်သွား၏။ ဤလက်ညှိုးတောက်ချက်၏ စွမ်းအားသည် ဝဲကတော့ပုံစံအတိုင်း ပျံ့နှံ့သွားပြီး ပြိုကျလာသော မုခ်ဦးကြီးကို အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။

"ဒီတိုက်ခိုက်နိုင်စွမ်းက... အခြေခံအားဖြင့် တိုဂူရိုရဲ့ သာမန်အရွယ်အစား ဗားရှင်းပဲ..."

ဖုန်းပုကြွယ်သည် ကျိုးနေသော တိုင်ကို မှီကာ မတ်တပ်ရပ်လိုက်သည်။ သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုပင် ရှိနေသေးသည်။

"ငါ ပိုပိုပြီးတော့ သိချင်လာပြီ၊ ဒီလို ရန်သူမျိုးကို ရင်ဆိုင်ရတဲ့အခါကျရင် ဇာတ်လိုက်အကာအကွယ်က ငါ့ကို သေခြင်းတရားကနေ ဘယ်လိုမျိုး ကာကွယ်ပေးမှာလဲဆိုတာကိုပေါ့"

K3 က အေးစက်စွာ မတ်တပ်ရပ်လိုက်ပြီး ဖုန်းပုကြွယ်ထံသို့ သူ့ခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။

"ဟင်၊ မင်း မသေသေးဘူးလား"

"ဟဲ... ငါသာ သိခဲ့မယ်ဆိုရင် ဘာမှ ပြောမှာ မဟုတ်ဘူး၊ ဒါဆိုရင် မင်းက အဲ့ဒီတိုက်ခိုက်မှုကို ခံရပြီးတာနဲ့ ငါသေသွားပြီလို့ ထင်နေမှာပေါ့"

ဖုန်းပုကြွယ်က ဆိုသည်။

K3 သည် အမှန်တကယ်ပင် ထိုသို့ထင်ခဲ့ခြင်း ဖြစ်ပြီး အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ မူမမှန်မှု တစ်ဦးအနေနှင့် သူသည် ကစားသမားများကို အခြေအနေပြအဆင့်ကို ကြည့်ရှုနိုင်ပြီး သူတို့၏ အသက်အမှတ်များကို ခန့်မှန်းတွက်ချက်နိုင်သည်။ အစောပိုင်းက သူ အသုံးပြုခဲ့သော စွမ်းရည်သည် ဖုန်းပုကြွယ်ကို သတ်ရန် လုံလောက်သင့်သည်ဟု သူ တွက်ချက်ထားသဖြင့် ဖုန်းပုကြွယ်ကို လွှင့်ထွက်စေပြီးနောက် ပြန်တောင် မကြည့်ခဲ့ပေ။ ထိုကြွက်စုတ်လေးက ချက်ချင်း မတ်တပ်ရပ်လာပြီး စကားပြောလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။ ဤခံစားချက်မှာ... မြေပုံထဲက အရိပ်ထဲတွင် ပုန်းနေသော ရန်သူတစ်ဦးအပေါ် မြေပုံသီးသန့် အဆုံးစွန်စကေးတစ်ခုကို အသုံးပြုလိုက်သကဲ့သို့ပင်။ ရန်သူမှာ ပိုက်ဆံများအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု သင်ထင်ထားသော်လည်း နောက်ဆုံးတွင် ထိုရန်သူက စက္ကန့်အနည်းငယ်အကြာတွင် သွေးနည်းနည်းဖြင့် ပြန်ပေါ်လာသည့်အလားပင်။

"ဟမ့်... တကယ်တော့ ငါက အင်မော်တယ်နတ်ဘုရားကွန်ဖူးလို့ခေါ်တဲ့ အန္တိမသိုင်းပညာကို တတ်မြောက်ထားပြီးသားပဲ..."

ဖုန်းပုကြွယ်သည် သူရဲကောင်းဇာတ်လမ်းထဲက ဇာတ်လိုက် တွမ့်ဖေးကို အတုခိုးကာ အခြေအနေကို ထိန်းသိမ်းရန် လိမ်ညာပြောဆိုတော့မည့် ဆဲဆဲတွင်။

သူအံ့အားသင့်ရသည်မှာ K3 သည် သူ၏ စကားကို နားပင် မထောင်ခြင်းပင်။ သူသည် သူ့ညာလက်မောင်းကို မြှောက်လိုက်ပြီး လက်ချောင်းကို တစ်ချက်ခတ်လိုက်ရာ ဓားပျံနှင့်တူသော လေဓားတစ်ချက်က ဖုန်းပုကြွယ်ထံသို့ ပြေးဝင်သွားတော့သည်။

ဝှမ်။

လေဆာဓားတစ်လက်၏ အသံနှင့် ဆင်တူသော အသံတစ်ခုက ဖုန်းပုကြွယ်နားထဲသို့ ဝင်ရောက်လာသော်လည်း သူသည် သူ့ပါးကို လေပြေတစ်ချက် ဖြတ်တိုက်သွားသကဲ့သို့သာ ခံစားရပြီး မည်သည့် ဒဏ်ရာမှ ရရှိခြင်းမရှိပေ။

"ဘာလား..."

K3 မှာ ဝေခွဲမရ ဖြစ်သွားသည်။ သူ၏ ကျိုးကြောင်းဆီလျော်မှု တွက်ချက်ရေးမော်ဂျူးက သူ လွဲချော်ရန် မဖြစ်နိုင်ကြောင်း ပြောနေပေသည်။ သို့သော်လည်း မြင်ကွင်းကမူ သူ့ရှေ့က ကစားသမားသည် မည်သည့် လျင်မြန်သော သို့မဟုတ် ကြီးမားသော ရှောင်တိမ်းမှုမျိုးကိုမျှ မလုပ်ဆောင်ခဲ့ကြောင်း ပြသနေလေသည်။

"မင်း ဘာလုပ်လိုက်တာလဲ"

K3 သည် ဖုန်းပုကြွယ်အပေါ် ရုတ်တရက် စိတ်ဝင်စားသွားပုံရသည်။

"မင်း ဟင်းလင်းပြင်ကို ခေါက်လိုက်တာလား၊ ဒါမှမဟုတ် ငါ့အမြင်အာရုံကို နှောင့်ယှက်လိုက်တာလား"

သူသည် ကျိုးကြောင်းဆီလျော်သော ခန့်မှန်းချက်တစ်ခုကို ပြုလုပ်ပြီး မေးခွန်းမေးလိုက်သည်။

ဖုန်းပုကြွယ်ကမူ အဓိပ္ပာယ်မရှိသော အဖြေတစ်ခုကိုသာ ပေးလိုက်လေသည်။

"ငါက ငြိမ်နေတဲ့အရာလောက်တောင် နှေးကွေးတဲ့ မင်းရဲ့ တိုက်ခိုက်မှုကို ရှောင်ဖို့ ငါ့ခေါင်းကို ဘေးကို နည်းနည်းလေး စောင်းလိုက်ရုံပါပဲ"

"အဲ့ဒီလိုလား"

K3 က 'ဟုတ်လား' ဟု ပြောလိုက်ချိန်တွင် သူသည် ဖုန်းပုကြွယ်နှင့် ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာခန့် အကွာတွင် ရှိနေဆဲ ဖြစ်သော်လည်း 'အဲ့ဒီလိုလား' ဟု ပြောပြီးချိန်တွင်မူ သူသည် ဖုန်းပုကြွယ်ရှေ့တွင် ရပ်နေပြီ ဖြစ်သည်။

"ပြောရမယ်ဆိုရင်တော့... မင်းရဲ့ တိုက်ခိုက်မှုစွမ်းအားနဲ့ အရှိန်က ဒေတာကန့်သတ်ချက်ကို ကျော်လွန်နေတယ်၊ အဲ့ဒါက ငါ မျှော်လင့်ထားတာထက် အနည်းဆုံး နှစ်ဆလောက် ပိုသန်မာတယ်၊ မင်းက ကြည့်ရတာ ထင်သလောက် မရိုးရှင်းဘူးပဲ..."

"သေချာတာပေါ့၊ ငါ အစောပိုင်းက ငါ့စကေးကို အသက်သွင်းခဲ့တာလေ၊ အဲ့ဒါက နှစ်ဆထက်တောင် ပိုသန်မာသေးတယ်"

ဖုန်းပုကြွယ် စိတ်ထဲမှ တွေးလိုက်သော်လည်း အပြင်ပန်းတွင်မူ လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ဟန်ဆောင်ပြောဆိုလိုက်သည်။

"အာ... အဲ့ဒါက ဘာမှ မဟုတ်ပါဘူး၊ တစ်ခြားသူရဲ့ တိုက်ခိုက်နိုင်စွမ်းကို ဒေတာပေါ်မှာ အခြေခံပြီး အကဲဖြတ်တာက အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တစ်ခုပဲ၊ ငါတို့ ကမ္ဘာမြေသားတွေရဲ့ လေ့ကျင့်ရေး နည်းလမ်းက မင်းတို့နဲ့ ကွဲပြားတယ်၊ ပုံမှန်အားဖြင့် ငါတို့က ငါတို့ရဲ့ ကီစွမ်းအင်ကို ဖုံးကွယ်ထားနိုင်ပြီး တိုက်ပွဲဖြစ်တဲ့ အချိန်ကျမှပဲ ထုတ်လွှတ်ကြတာ"

"မင်းက ဒရာဂွန်ဘော (Dragon Ball) ရဲ့ သတ်မှတ်ချက်တွေကို အရှက်မရှိ ထုတ်သုံးနေပြန်ပြီ..."

မုန့်ကျင်းချန်းမှာ လုံးဝ အံ့အားသင့်သွားတော့သည်။

ဖုန်းပုကြွယ်သည် K3 ၏ မျက်နှာပေါ်တွင် ၇၀ ရာခိုင်နှုန်းခန့် ဝေခွဲမရမှုနှင့် ၃၀ ရာခိုင်နှုန်းခန့် သိချင်စိတ်တို့ကို မြင်လိုက်ရသဖြင့် သူက ဆက်လက်ဖိအားပေးလိုက်သည်။

"ငါက အခု ဒီလို ပုံစံမျိုး ဖြစ်နေပေမဲ့ အရင်တုန်းကတော့ ငါက အတော်လေးကို အဆင်ခြင်မဲ့ခဲ့တာ... ငါ တစ်ခါက ပင်လယ်ကြီးအလယ်က ကျွန်းလေးတစ်ကျွန်းပေါ်မှာ ငရဲလို လေ့ကျင့်ရေးတွေကို နှစ်ပေါင်းများစွာ လုပ်ခဲ့ဖူးတယ်၊ ငါဟာ တိုတမ်နောက်ကို လိုက်ပြီး မီတာပေါင်း သောင်းချီမြင့်တဲ့ UFO ပုံသဏ္ဌာန် မျှော်စင်ကြီးပေါ်ကို တက်ခဲ့ဖူးတယ်၊ ငါဟာ လူသားတွေရဲ့ စွမ်းရည်ကို ထုတ်ဖော်ပေးနိုင်ပေမဲ့ သေစေနိုင်တဲ့ ဖျော်ရည်ကိုလည်း သောက်ခဲ့ဖူးတယ်၊ ငါဟာ ကမ္ဘာကြီးကို ဂြိုဟ်သားတွေရဲ့ လက်ထဲကနေ အကြိမ်ကြိမ် ကယ်တင်နိုင်ခဲ့ဖူးသေးတယ်..."

"ဟေး... မင်း ငါ့စကားတွေကို ကော်ပီကူးရုံတင်မကဘဲ အေအိုင်ကိုပါ ထူးဆန်းတဲ့ ပုံပြင်တွေ ပြောပြနေပြီလား..."

မုန့်ကျင်းချန်းက ထိတ်လန့်တကြား အသက်ရှူလိုက်သည်။ သူသည် သူ့အိတ်ထဲမှ ဘီယာတစ်ပုလင်းကို မသိစိတ်ဖြင့် ထုတ်ယူလိုက်ပြီး စိတ်ငြိမ်သွားစေရန် အပြင်းအထန် တစ်ကျိုက်မော့လိုက်လေသည်။

အခန်း (၁၆၂)

"ဟမ့်... မင်းပြောပြတဲ့ အရာတွေကတော့..."

K3 သည် လက်တစ်ဖက်ဖြင့် ဖုန်းပုကြွယ်၏ ကော်လာကို ဆွဲကိုင်ရင်း ရယ်မောလိုက်သည်။

"ငါ အဲ့ဒါတွေကို နည်းနည်းလေးမှ စိတ်မဝင်စားဘူးကွ"

သူသည် ညာလက်မောင်းကို မြှောက်ထားပြီး ဖြစ်သည်။

"မင်းတို့ကမ္ဘာမှာ မင်းက ဘယ်လိုတည်ရှိမှုမျိုးပဲ ဖြစ်နေပါစေ၊ ငါ့ကမ္ဘာမှာတော့ မင်းက ငါ့ရှေ့မှာ ရှိနေတဲ့ ဒေတာပုံရိပ်တစ်ခုထက် မပိုဘူး"

လက်သီးက ရွေ့လျားသွားပြီး အနီရောင်အလင်းတစ်ချက် လက်သွားသည်။ ထိုတိုက်ခိုက်မှုသည် ဖုန်းပုကြွယ်ထံသို့ တည့်တည့်ဦးတည်နေပြီး ဖုန်းပုကြွယ်သေဖို့က သေချာသလောက်ပင်။

ယခုတစ်ကြိမ်တွင် K3 က သူ့ပြိုင်ဘက်ကို တိုက်ရိုက်ဖမ်းဆွဲကာ မျက်နှာကို လက်သီးဖြင့် ချိန်ရွယ်ထိုးနှက်လိုက်ခြင်း ဖြစ်သည်။ ဖုန်းပုကြွယ်က အစောပိုင်းတွင် သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ရှောင်တိမ်းခဲ့သလား၊ မရှောင်ခဲ့ဘူးလား ဆိုသည်ကို သူ ဂရုမစိုက်တော့ပေ။ မည်သို့ပင်ဖြစ်စေ ထိုကောင်လေးသည် ဤတိုက်ခိုက်မှုကို ထပ်မံရှောင်တိမ်းနိုင်မည် မဟုတ်ချေ။

ဘန်း... ဆိုသည့် အသံနှင့်အတူ K3 ၏ လက်သီးသည် မာကျောသော အရာဝတ္ထုတစ်ခုပေါ်သို့ ကျရောက်သွားသည်။ လက်သီးပတ်လည်ရှိ စွမ်းအင်များ ထိုအရာဝတ္ထုနှင့် ထိတွေ့မိချိန်တွင် အလင်းတန်းတစ်ခုပင် ထွက်ပေါ်လာခဲ့သည်။

ဖုန်းပုကြွယ်သည် သူ့ဦးခေါင်းတွင် မည်သည့် ထိခိုက်မှုမှ မခံစားလိုက်ရပေ။ အကြောင်းရင်းတစ်ခုကြောင့် ကေစီဂျုံး၏ မျက်နှာဖုံးသည် အလိုအလျောက် ပေါ်ထွက်လာပြီး သူ့မျက်နှာတွင် တပ်ဆင်ပြီးသား ဖြစ်နေသည်။

တစ်စက္ကန့်အကြာတွင် အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ ဖုန်းပုကြွယ် မျက်နှာပေါ်က ဟော်ကီမျက်နှာဖုံးတွင် အက်ကြောင်းများ ပြည့်နှက်သွားပြီး မရေမတွက်နိုင်သော ဒေတာအပိုင်းအစများအဖြစ် လျင်မြန်စွာ ပျက်စီးသွားကာ ဖုန်မှုန့်များအဖြစ် လွင့်စင်သွားတော့သည်။

"သင်၏ အသုံးအဆောင်ပစ္စည်းဖြစ်သော ကေစီဂျုံး၏ မျက်နှာဖုံး ပျက်စီးသွားပါပြီ"

"သင်၏ တိုက်ခိုက်ရေးကျွမ်းကျင်မှုမှ ရရှိထားသော အပိုဆုလာဘ်များ ပျောက်ကွယ်သွားပါပြီ၊ သင်သည် လက်ရှိတွင် အဆင့် E သို့ ရောက်ရှိနေပါသည်"

စနစ်၏ အကြောင်းကြားချက်က အလွန်ဆိုးရွားသော သတင်းနှစ်ခုကို ကြေညာလိုက်သည်။

ဖုန်းပုကြွယ်သည် ထိုရုတ်တရက် အပြောင်းအလဲကြောင့် ကြောင်အသွားရသည်။ သူ စိတ်ထဲမှ တွေးမိသည်မှာ 'ပစ္စည်းတွေက ပျက်စီးသွားနိုင်တာလား'

ယခုတစ်ကြိမ်တွင် ဖုန်းပုကြွယ် တွက်ကိန်းမှားယွင်းသွားခဲ့သည်။ ဇာတ်လိုက်အကာအကွယ်က ကစားသမားကို မလွှဲမရှောင်သာသော အခြေအနေမျိုးမှ အတင်းအကျပ် ကယ်တင်ရန်အတွက်... 'တန်ဖိုးတူ လဲလှယ်ခြင်း' တစ်မျိုးကို အသက်သွင်းလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

အကယ်၍ သူသာ K3 ကို ဤကဲ့သို့ အပိုင်နည်းလမ်းဖြင့် ဆက်လက်တိုက်ခိုက်ခွင့် ပေးလိုက်မည်ဆိုပါက ဇာတ်လိုက်အကာအကွယ်သည် ပျက်စီးမှုကို လွှဲပြောင်းပေးသည့် ဤနည်းလမ်းကို ပိုအဆင့်မြှင့်တင်သွားပေလိမ့်မည်။ ဥပမာအားဖြင့် သူ၏ ပစ္စည်းသိုလှောင်အိတ်ထဲက အသက်ဖြည့်ဆေးရည်များ အတင်းအကျပ် ကုန်ဆုံးသွားခြင်း သို့မဟုတ် ပျက်စီးမှုများကို ဇာတ်လမ်းထဲက အခြား အသင်းဖော်များထံသို့ လွှဲပြောင်းပေးလိုက်ခြင်းမျိုး ဖြစ်သည်။

K3 သည် သူ့ပြိုင်ဘက်က အသက်ရှင်နေသေးကြောင်း သိလိုက်ရသည့်အခါ အတော်လေး အံ့အားသင့်သွားသည်။ သို့သော်လည်း သူ တွေဝေမနေခဲ့ပေ။ သူသည် လက်သီးနှစ်ဖက်လုံးကို အသုံးပြု၍ ဖုန်းပုကြွယ်၏ ခန္ဓာကိုယ်ကို ပစ်မှတ်ထားပြီး လက်သီးချက်များကို မိုးစက်မိုးပေါက်များပမာ ဆက်တိုက် ထိုးနှက်တော့သည်။ ချက်ချင်းဆိုသလို လက်သီးရိပ်များ လေထဲတွင် ပြည့်နှက်သွားသော်လည်း၊ K3 ၏ လက်သီးများသည် မမြင်နိုင်သော အတားအဆီးတစ်ခုပေါ်သို့သာ ကျရောက်သွားခဲ့သည်။ ထိုးနှက်ချက် အရှိန်အဝါများကို ထွင်းဖောက်မြင်နေရသော ကြားခံနယ်တစ်ခုက ချေဖျက်ပေးနေသည့်အလားပင်။

ယခုတစ်ကြိမ်တွင်မူ ၎င်းမှာ ဇာတ်လိုက်အကာအကွယ်၏ သက်ရောက်မှု မဟုတ်ဘဲ အက်ခိုးချပ်ဝတ်၏ သက်ရောက်မှု ဖြစ်သည်။ ဖုန်းပုကြွယ် လွင့်ထွက်သွားစဉ်က ချပ်ဝတ်၏ အသံတံတိုင်း အလုပ်မလုပ်ခဲ့ခြင်းမှာ အသံတံတိုင်းသည် ကစားသမား၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ရှိနေပြီး ဖုန်းပုကြွယ်မှာ သူ့ပြိုင်ဘက်နှင့် ကပ်နေစဉ်မှာပင် အရိုက်ခံလိုက်ရသောကြောင့် ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ အသံတံတိုင်းသည် ပုံမှန်အတိုင်း အလုပ်လုပ်နေပြီ ဖြစ်သည်။

ဤကဲ့သို့ အရှိန်မြင့်မြင့်ဖြင့် နေရာအနှံ့မှ တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် အသံတံတိုင်းသည် အလွန်ကောင်းမွန်သော ခုခံမှုအာနိသင် ရှိပေသည်။

K3 ၏ လက်သီးချက်များသည် အရှိန်နှင့် အကြိမ်ရေကို မြှင့်တင်ထားသဖြင့် ၎င်းတို့၏ ပြင်းအားမှာ သဘာဝအတိုင်း လျော့နည်းသွားပြီး ချပ်ဝတ်၏ ခုခံမှုကို မဖောက်ထွင်းနိုင်တော့ပေ။

အကယ်၍ K3 သာ ပြင်းထန်သော လက်သီးချက်တစ်ချက်ကို ထပ်မံ ထိုးနှက်ခဲ့မည်ဆိုပါက ဖုန်းပုကြွယ်သည် ခုခံရန်အတွက် ဇာတ်လိုက်အကာအကွယ်ကိုသာ အားကိုးရမည် ဖြစ်သည်။ သို့သော်လည်း သူသည် ဖုန်းပုကြွယ်ကို စမ်းသပ်ရန်အတွက် တိုက်ခိုက်မှုနည်းလမ်းကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ ယင်းက သူ့အစီအစဉ်ကို တလွဲဖြစ်သွားစေပြီး ဖုန်းပုကြွယ်၏ ခုခံပုံကို ပိုခန့်မှန်းရခက်သွားစေသည်။

'ဦးခေါင်းကို ချိန်ရွယ်ထားတဲ့ ကျည်ဆန်က ဘာကြောင့်မှန်းမသိ လွဲချော်သွားတယ်၊ အနီးကပ် ပြင်းထန်တဲ့ ရိုက်ချက်ကလည်း မျက်နှာဖုံးတစ်ခု ရုတ်တရက် ပေါ်လာတာကြောင့် အရှိန်သေသွားတယ်။ ဒေတာစီးဆင်းမှုကနေ ကြည့်ရင်တော့ သူက အာရုံခံစားမှုနှောင့်ယှက်တဲ့ စကေးမျိုး သုံးထားသလား ဆိုတာကို မပြောနိုင်ဘူး၊ တက်ကြွတဲ့ ခုခံရေးစကေးမျိုးနဲ့လည်း မတူဘူး...'

ဤစက္ကန့်အနည်းငယ်အတွင်း K3 ၏ ကျိုးကြောင်းဆီလျော်မှု ပရိုဂရမ်သည် ဖုန်းပုကြွယ် မည်သို့မည်ပုံလုပ်လိုက်သည်ကို ဖော်ထုတ်ရန် ကြိုးစားနေခဲ့သည်။

'ခန္ဓာကိုယ်ကို ပစ်မှတ်ထားတဲ့ အရှိန်ပြင်းလက်သီးချက်တွေက ကိုယ်တွင်းအင်္ဂါတွေ၊ အဆစ်အမြစ်တွေ၊ အရိုးတွေနဲ့ ရင်ဝမ်းခြားကြွက်သားတွေ အားလုံးကို လွှမ်းခြုံထားတာပဲ၊ တကယ်လို့ သူ့ရဲ့ တုံ့ပြန်မှုက မြန်တယ်ဆိုရင် သူက အလိုအလျောက် တုံ့ပြန်ပြီး ရှောင်တိမ်းနိုင်ရမှာ... တကယ်လို့ သူ့ရဲ့ ခွန်အားက ခုခံမှုမှာ ရှိနေတယ်ဆိုရင်လည်း ဒီတိုက်ခိုက်မှုက သူ့ရဲ့ အားနည်းချက်က ဘယ်မှာလဲဆိုတာကို ရှာတွေ့နိုင်ရမယ်'

'ဒါပေမဲ့... သူက ဘာခုခံမှုမှလည်း မလုပ်သလို၊ ရှောင်လည်း မရှောင်ဘူး၊ ဒေတာ အစုအဝေးတစ်ခုက ဘာသတိပေးချက်မှ မရှိဘဲ ပေါ်လာပြီး ငါ့တိုက်ခိုက်မှုကို တားဆီးလိုက်တယ်။ ဒါ့အပြင် ငါ့လက်သီးက သူ့ခန္ဓာကိုယ်နဲ့ အကွာအဝေးတစ်ခု ရောက်တဲ့အခါမှပဲ ခုခံရေး အတားအဆီးတစ်ခု ပေါ်လာပြီး ငါ့လက်သီးရဲ့ ထိချက်ကို တိတိကျကျ ပိတ်ဆို့လိုက်တာ။ ဒါက စကေးတစ်ခုရဲ့ သက်ရောက်မှုလား ဒါမှမဟုတ် ပစ္စည်းတစ်ခုခုလား'

'ဒီကောင်လေးရဲ့ ပတ်လည်က "အလင်း" က သာမန် အဆင့် ၁၈ ကစားသမားတစ်ယောက်ထက် ပိုလင်းနေပေမဲ့ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကတော့ GMနှစ်ယောက်လောက် မကောင်းတာ သေချာတယ်။ သူ့ဘေးက မုန့်ကျင်းချန်းကတောင် သူ့ထက် ပိုသန်မာသေးတယ်၊ ဘာလို့လဲ... ငါ ဘာလို့ သူ့ကို သတ်လို့မရတာလဲ'

K3 ၏ အတွေးပေါင်းစုံက အချိန်တိုအတွင်း သူ့ဦးနှောက်ထဲတွင် ဖြတ်ပြေးသွား၏။ အေအိုင်တစ်ယောက်အနေနှင့် သူ စဉ်းစားနိုင်သော နယ်ပယ်မှာ ကန့်သတ်ချက် ရှိသော်လည်း ပြဿနာများကို ဖြေရှင်းသည့် နေရာတွင်မူ မနှေးကွေးပေ။

သူ၏ တိုက်ခိုက်မှုက ထိရောက်မှု မရှိသည်ကို မြင်သောအခါ၊ သူသည် ရန်သူကို အဆုံးသတ်ရန်အတွက် ပိုမိုပြင်းထန်သော စကေးတစ်ခုကို အသုံးပြုရန် ဆုံးဖြတ်လိုက်တော့သည်။

သူ၏ ညာလက်မောင်းပေါ်မှ အနီရောင်နဂါးတက်တူးက တောက်ပစွာ ဝင်းလက်လာလေသည်။ အင်္ကျီလက်မှတစ်ဆင့်ပင် နဂါး၏ ပုံသဏ္ဌာန်ကို အထင်းသား မြင်တွေ့နေရသည်။ တုန်လှုပ်ဖွယ် အရှိန်အဝါတစ်ခု ပွင့်ထွက်လာပြီး မမြင်နိုင်သော လက်တစ်စုံကဲ့သို့ ဖုန်းပုကြွယ်၏ ပုခုံးများကို ဖိနှိပ်ထားကာ သူ့ကို မလှုပ်နိုင်အောင် ပြုလုပ်လိုက်သည်။

"မင်းက ငါထင်ထားတာထက် ပိုပြီး ကိုင်တွယ်ရခက်တာပဲ..."

K3 သည် အေးစက်စွာ ပြုံးနေဆဲပင်။

"မင်း ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာကို ငါ တကယ် ကြည့်ချင်သေးတယ်"

K3 ၏ တိုက်ခိုက်ရေးစတိုင်သည် ရိုးရှင်းပြီး တိုက်ရိုက်ကျကာ လွှမ်းမိုးမှု ရှိသည်။ အစောပိုင်းက တိုက်ခိုက်မှုများ အသုံးမဝင်သဖြင့် သူသည် တိုက်ခိုက်မှုကို ပိုအားဖြည့်ပေလိမ့်မည်။ အကယ်၍ ထိုအရာကပါ အလုပ်မဖြစ်သေးလျှင် သူသည် ပိုပြင်းထန်သော တိုက်ခိုက်မှုကို သုံးပေလိမ့်မည်...။ ဤသို့ဖြင့် သူ၏ ဖျက်ဆီးအားကို တိုးမြှင့်သွားလိမ့်မည်။ ယခုအချိန်အထိ သူ့ကို အစွမ်းကုန် ထုတ်သုံးလာအောင် ဖိအားပေးနိုင်သူ မရှိသေးပေ။ သူ၏ အရင်တိုက်ပွဲများတွင် K3 ၏ တိုက်ခိုက်နိုင်စွမ်း တိုးတက်လာသည်နှင့်အမျှ သူ့ပြိုင်ဘက်များသည်လည်း သူ့ကို ရင်ဆိုင်နိုင်ရန် ကြိုးစားကြရသည်။ သို့သော်လည်း... ဝေလု အပါအဝင် K3-RED Iron ၏ လက်ထဲတွင် သေဆုံးခဲ့ရသော မကောင်းဆိုးဝါးများ၊ ကစားသမားများနှင့် GMများ အားလုံးသည်... ပို၍ ပို၍ သန်မာလာသော ထိုပြိုင်ဘက်နှင့် ရင်ဆိုင်ရချိန်တွင် 'အနီရောင်နဂါးလက်သီး' ကို ဘယ်သူမှ မကျော်လွှားနိုင်ခဲ့ကြပေ။

"နောက်တစ်ခါလား"

ဖုန်းပုကြွယ်သည် သူ့ပစ္စည်းနှစ်ခုလုံးကို ပြိုင်ဘက်က ဖျက်ဆီးပစ်သည်ကို ကြည့်နေမည့် လူမျိုးပေလား။ လုံးဝ မဟုတ်ပေ။

K3 က သူ့လက်မောင်းကို မြှောက်လိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်းပုကြွယ်သည် ထူးထူးဆန်းဆန်းပုံစံဖြင့် ခန္ဓာကိုယ်ကို ဘေးတိုက်လှည့်လိုက်သည်။ သူသည် ခြေထောက်ကို ဆန့်ထုတ်ကာ K3 ကို ခြေထိုးလိုက်ပြီး ကောင်ဆိုးလေး၏ အောက်ပိုင်းဝိုက်ကန်ချက် ဟူသည့် နတ်ဘုရားအဆင့်စကေးကို အသုံးပြုလိုက်လေသည်။ ၎င်းမှာ နောက်ဆုံးကျန်ရှိသော အောက်ပိုင်းဝိုက်ကန်ချက် ဖြစ်သည်။ ယခုတစ်ကြိမ် ခြေထိုးလဲပြီးနောက်တွင် ဤကုန်ဆုံးနိုင်သော စကေးမှာ ဖုန်းပုကြွယ်၏ စကေးဘားထဲမှ ပျောက်ကွယ်သွားတော့သည်။

"မင်း ငါ့ကို နောက်နေတာလား..."

K3 ၏ မေးခွန်းသည် ခနဲ့တဲ့တဲ့ မေးရန် ရည်ရွယ်ထားခြင်း ဖြစ်သော်လည်း သူ စကားမဆုံးမီ ထိုလှောင်ပြောင်သော မေးခွန်းက ရပ်တန့်သွားရသည်။ အကြောင်းမှာ သူသည် မှောက်လျက်သား လဲကျသွားသောကြောင့်ပင်...။

ကောင်ဆိုးလေး၏ အောက်ပိုင်းဝိုက်ကန်ချက်သည် မကောင်းဆိုးဝါးများအပေါ်တွင်သာ ထိရောက်မှု ရှိပြီး ဖုန်းပုကြွယ်က မျှော်လင့်ချက်အနည်းငယ်ဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သို့သော် အမှန်တကယ်တွင်မူ စနစ်သည် အကောင်အထည်ဖြစ်နေသော မူမမှန်မှုများကို မကောင်းဆိုးဝါးတစ်မျိုးအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

ဖုန်းပုကြွယ်သည် သူ့ကို ရှောင်ရန် ဘေးသို့ တိုးလိုက်သည်။ သူသည် K3 ၏ နောက်ကျောဘက်တွင် ရပ်လိုက်ပြီး သူ့အိတ်ထဲမှ လက်နက်တစ်ခုကို ထုတ်ယူလိုက်သည်။ သူသည် ဂွ သို့မဟုတ် စတီးဓားကို မသုံးဘဲ ပို၍ ရက်စက်ကြမ်းကြုတ်သော လက်နက်တစ်ခုကို ထုတ်လိုက်သည်။ ၎င်းမှာ ခေါက်ထိုင်ခုံပင် ဖြစ်တော့သည်။

ထိုအချိန်တွင် မုန့်ကျင်းချန်းလည်း ရောက်ရှိလာသည်။ မြေပြင်ပေါ်က K3 ကို ကြည့်ရင်း ထိုမူမမှန်မှုကို အဆုံးသတ်ရန် နည်းလမ်းများစွာ ရှိကြောင်း သူယုံကြည်မှုရှိနေသည်။

"မင်း တိုက်ခိုက်ရတာကို ဒီလောက်တောင် ကြိုက်တာပေါ့ ဟုတ်လား"

ဖုန်းပုကြွယ်က ပြောရင်း ကြေးရုပ်တစ်ဆယ့်ရုပ်၏ ထိုင်ခုံ (နံပါတ် ၅)ကို ပင့်မြှောက်လိုက်သည်။

"ငါ့ပစ္စည်းလည်း ဆုံးရှုံးသွားပြီ၊ စကေးတွေလည်း သုံးလိုက်ရပြီ"

သူက စိတ်တိုတိုဖြင့် ဆိုသည်။

"မင်း ကျေနပ်သွားတဲ့အထိ ငါ မင်းနဲ့ တိုက်ပေးမယ်"

သူ ပြောလိုက်သည်နှင့်အတူ ထိုင်ခုံက ကျဆင်းသွားတော့သည်။

အမည် - ချန်ဖုန်း

စကေးကတ် အမျိုးအစား - တက်ကြွစွမ်းရည်၊ အမြဲတမ်း

စကေး အမျိုးအစား - တိုက်ခိုက်ရေး

အကျိုးသက်ရောက်မှု - နောက်တစ်ကြိမ် ခုတ်ချက်၏ ပြင်းအားကို ၃၀ ရာခိုင်နှုန်း မြှင့်တင်ပေးမည် (ဤစကေးကို အသုံးပြုရန် ဓားသွားပါသော လက်နက်ကို အသုံးပြုရမည်။ ပြန်လည်အသုံးပြုရန်ကြာချိန် - ၅ မိနစ်)

ကုန်ကျမှု - အမြင့်ဆုံး သက်လုံအမှတ်၏ ၅ ရာခိုင်နှုန်း

လိုအပ်ချက် - တိုက်ခိုက်ရေး D၊ အဆင့် ၂၀ နှင့် အထက်

မှတ်ချက် - မိမိ၏ ကန့်သတ်ချက်ကို ကျော်လွန်သော ခုတ်ချက်တစ်ချက်သည် တစ်ခါတစ်ရံတွင် တိုက်ပွဲ၏ ရလဒ်ကို ပြောင်းလဲစေနိုင်ပါသည်။

ယင်းက သာမန်သာ ဖြစ်သော်လည်း အလွန်လက်တွေ့ကျသော စကေးတစ်ခု ဖြစ်သည်။ ၎င်းမှာ 'သွေးအေးလူသတ်သမား' ၏ ဘွဲ့ထူးစကေး မဟုတ်သော်လည်း မုန့်ကျင်းချန်း အများဆုံး အသုံးပြုသည့် စကေး ဖြစ်သည်။ ၎င်း၏ အကျိုးသက်ရောက်မှု၊ ကုန်ကျမှုနှင့် သင်ယူမှု လိုအပ်ချက်များကို ကြည့်လျှင် ဤစကေးသည် အတော်လေး ဟန်ချက်ညီပုံ ရသည်။ အဆင့်မြင့်လာသည့်အခါတွင် ၎င်းကို အစားထိုးနိုင်သော အလားတူ အာနိသင်ရှိသည့် ပင်ကိုယ်စွမ်းရည် စကေးများ ရှိလာနိုင်သော်လည်း အဆင့် ၃၀ မတိုင်မီတွင်မူ ဓားသမား ကစားသမားများအတွက် ထိုစကေးသည် အမှန်တကယ် အသုံးတည့်သည့် စကေးတစ်ခု ဖြစ်သည်။

မဟုတ်လျှင် သူ့ကို ဘာကြောင့် 'သွေးအေးလူသတ်သမား' ဟု ခေါ်ကြမည်နည်း။ အရေးကြီးသော အချိန်တွင် သူသည် လျင်မြန်စွာ၊ တိကျစွာနှင့် ရက်စက်စွာ လှုပ်ရှားတတ်သည်။ ထို့အပြင် သူ၏ မျက်နှာအမူအရာလည်း သိသိသာသာ ပြောင်းလဲခြင်း မရှိပေ။ သူသည် အမှန်တကယ်ပင် စံပြ ရေခဲမျက်နှာဖြင့် သွေးအေးလူသတ်သမားတစ်ဦးပင်။

ကျွိ...

ခုတ်ချက်ပြီးနောက်တွင် ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ တစ်ခုတည်းသော အဓိပ္ပာယ်ကိုသာ ဆောင်ပေသည်။ K3 ၏ ဦးခေါင်းကို ဖြတ်ရန်မှာ ထင်သလောက် မလွယ်ကူပေ။

K3 ၏ အရေပြားပေါ်တွင် အနီရောင်တံတိုင်းတစ်ခု ပေါ်လာခဲ့သည်။ ဤခုခံမှုမှာ ဖုန်းပုကြွယ်၏ အက်ခိုးချပ်ဝတ်နှင့် ဆင်တူ၏။ ၎င်းက မုန့်ကျင်းချန်း၏ ခုတ်ချက်ကို တားဆီးလိုက်သဖြင့် K3 ၏ အသားတွင် ခြစ်ရာလေးတစ်ခုပင် မထင်ခဲ့ပေ။

ဖုန်းပုကြွယ်ကလည်း K3 ၏ ကျောရိုးကို ထိုင်ခုံဖြင့် ရိုက်ချလိုက်သည်။ သူသည် အတော်လေး ရက်စက်လှသည်။ သူ့တိုက်ခိုက်မှုကို မမြင်နိုင်သော အင်အားတစ်ခုက တားဆီးခဲ့ခြင်း မရှိသော်လည်း... အရိုးကျိုးသံကို သူ မကြားခဲ့ရသလို K3 ၏ အဝတ်အစားများမှ သွေးများ စိမ့်ထွက်လာသည်ကိုလည်း မမြင်ခဲ့ရပေ။ ဖုန်းပုကြွယ် ခံစားရသည်မှာ သံမဏိအရေပြားကျင့်စဉ်) လေ့ကျင့်ထားသူတစ်ယောက်၏ ကျောပြင်ကို နှိပ်နယ်ပေးနေရသကဲ့သို့ပင်။ သူ မည်သည့် နာကျင်မှုကိုမှ မခံစားရချေ။ ဖုန်းပုကြွယ် ကိုယ်တိုင်တောင် တွေးမိသည်... အကယ်၍ ထိုထိုင်ခုံသာ ဖျက်ဆီးမရသော အရာမဟုတ်ခဲ့လျှင် ၎င်းမှာ အစောကြီးကတည်းက ကျိုးသွားလောက်ပြီ ဖြစ်သည်။

ထိုတိုက်ခိုက်မှုနှင့် ခုခံမှုကြားက တိုတောင်းသော အပြောင်းအလဲသည် ဆယ်စက္ကန့်ပင် မပြည့်ခဲ့ပါပေ။

K3 သည် ယခင်က ဤကဲ့သို့ အောက်ကျသော အခြေအနေမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။ သူ၏ 'လဲကျခြင်း' လုပ်ဆောင်ချက်တစ်ခုလုံး ပြီးဆုံးသွားပြီးနောက်တွင်မှ သူသည် ပြန်လည် မတ်တပ်ရပ်နိုင်စွမ်းကို ရရှိခဲ့သည်။ ဤဖြစ်စဉ်အတွင်း မုန့်ကျင်းချန်းနှင့် ဖုန်းပုကြွယ်တို့မှာ သူ၏ ဂုတ်ပိုင်းနှင့် ကျောရိုးတို့ကို တိုက်ခိုက်ရာတွင် လက်မလျှော့ခဲ့ကြပေ။

သို့သော်လည်း K3 သည် တောင့်ခံနိုင်ခဲ့သည်။ သူ မတ်တပ်ရပ်လိုက်သည့် အချိန်မှစ၍ တိုက်ပွဲကို ပြန်လည်ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း သူ ကောင်းကောင်း သိသည်။ ဤခြေထိုးခံသည့် စကေးမှာ ယုတ်ညံ့လှသော်လည်း ၎င်းက အချက်တစ်ခုကို သက်သေပြလိုက်သည်။ ဤကစားသမား နှစ်ဦးတွင် 'အန္တိမစကေး' မရှိကြဘူး ဟူ၏။

K3 ၏ ခွဲခြမ်းစိတ်ဖြာမှုမှာ မှားတော့မမှားပေ။ အမှန်တကယ်ပင် ဖုန်းပုကြွယ်နှင့် မုန့်ကျင်းချန်းတို့တွင် တိုက်ခိုက်မှုတစ်ချက်တည်းဖြင့် အဆုံးသတ်နိုင်သော ပြင်းထန်သည့် စကေးမျိုး မရှိကြပေ။ အကယ်၍ သူတို့တွင် ထိုစကေးရှိခဲ့မည်ဆိုလျှင် အစောပိုင်းက စက္ကန့်အနည်းငယ်သည် ထိုစကေးကို အသုံးပြုရန် အကောင်းဆုံးနှင့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ပေလိမ့်မည်။

ကံမကောင်းစွာဖြင့် သူတို့နှစ်ဦးစလုံးသည် မည်သည့်အချိန်တွင် ရှေ့တိုးရမည်၊ မည်သည့်အချိန်တွင် ဆုတ်ခွာရမည်ကို သိသော ကစားသမားများ ဖြစ်ကြသည်။ သူတို့နှစ်ဦးစလုံးတွင် ထိုကဲ့သို့သော စကေးမျိုးကို သင်ယူရန် ဆန္ဒမရှိကြပေ။ ထို့ကြောင့် အစောပိုင်းက အခြေအနေမျိုး ဖြစ်ခဲ့ခြင်း ဖြစ်သည်။ မုန့်ကျင်းချန်း၏ တိုက်ခိုက်မှုကို အပိုဆောင်းစကေးတစ်ခုဖြင့် အားဖြည့်ထားသော်လည်း ဖုန်းပုကြွယ်မှာမူ သာမန်တိုက်ခိုက်မှုကိုသာ အသုံးပြုခဲ့ခြင်းဖြစ်သည်။

K3 မသေခြင်းက သဘာဝကျပါသည်။ မုန့်ကျင်းချန်း၏ ခုတ်ချက်ကြောင့် သူ၏ အရှိန်အဝါဒိုင်းအချို့ ဆုံးရှုံးသွားခဲ့ရသည်။ တိုက်ခိုက်ရေး ကျွမ်းကျင်မှု E သို့ ကျဆင်းသွားသော ဖုန်းပုကြွယ်အတွက်မူ လက်နက်ဟုပင် မခေါ်နိုင်သော အရာတစ်ခုကိုသုံး၍ K3 ကို တိုက်ခိုက်ခဲ့ခြင်းမှာ အကြိမ်ပေါင်းများစွာ ထုရိုက်ပြီးသည့်တိုင်အောင် K3 ၏ အသက်အမှတ်ကို ငါးရာခိုင်နှုန်းခန့်သာ လျော့နည်းသွားစေခဲ့သည်။

"ဟ... ဒါက တကယ် ရယ်စရာကောင်းတာပဲ"

K3 သည် သူ့ရှေ့က နှစ်ယောက်သည် သူ့ကို သတ်နိုင်မည့် အခွင့်အရေး မရှိကြောင်း ထိုအချိန်တွင် ရှင်းရှင်းလင်းလင်း သိသွားခဲ့ပြီ ဖြစ်သည်။ သူ ဒီအတိုင်း ရပ်နေပြီး သူတို့ထံ အရိုက်ခံမည်ဆိုလျှင်တောင် သူတို့သည် အချိန်အတော်ကြာအောင် ရိုက်နှက်ရပေလိမ့်မည်။

"သေပေတော့"

သူသည် ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး သူ့ညာလက်ဖြင့် ခုတ်ချလိုက်ရာ လေဓားတစ်ချက် ထွက်ပေါ်လာသည်။ ထိုတိုက်ခိုက်မှုသည် အစောပိုင်းက လက်ညှိုးတောက်ချက်လောက် မမြန်သော်လည်း ကစားသမား နှစ်ဦးအတွက်မူ အလွယ်တကူ ရှောင်တိမ်းနိုင်မည့် အရာမဟုတ်ပေ။ ၎င်း၏ စွမ်းအားမှာ ပို၍ပင် တုန်လှုပ်ဖွယ် ကောင်းလှသေးသည်။ စတင်လိုက်ချိန်တွင် ထိုခုတ်ချက်သည် ဓားသွားတစ်ခုစာမျှသာ အကျယ်ရှိသော်လည်း လေထဲတွင် အပြည့်အဝ ထွက်ပေါ်လာသည့် အခါတွင်မူ အင်္ဂတေပိုက်လုံးတစ်ခု လေထဲတွင် ဝေ့ယမ်းသွားသကဲ့သို့ ခံစားရသည်...။

မုန့်ကျင်းချန်းမှာ အမှန်တကယ် အထင်ကြီးစရာ ကောင်းသည်ဟု ဆိုရပေမည်။ သူ၏ လျင်မြန်သော တုံ့ပြန်မှုဖြင့် သူသည် ထိုတိုက်ခိုက်မှုကို ကပ်သီလေး ရှောင်တိမ်းနိုင်ခဲ့သည်။

သူတို့၏ ရင်ဘတ်ကို ချိန်ရွယ်ထားသော ခုတ်ချက်ကို ရင်ဆိုင်ရာတွင် လူအများစုသည် ဒူးကွေးခြင်း၊ ခါးညွှတ်ခြင်း သို့မဟုတ် ဝပ်ချခြင်းဖြင့် ရှောင်တိမ်းကြပေလိမ့်မည်။ သို့သော် မုန့်ကျင်းချန်းကတော့ မတူပေ။ သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ အပေါ်သို့ ခုန်တက်လိုက်ခြင်း ဖြစ်သည်။ သူသည် မျောက်တစ်ကောင်ကဲ့သို့ သူ့နောက်နားက သစ်ပင်တစ်ပင်ပေါ်သို့ လျင်မြန်စွာ တွယ်တက်သွား၏။ အဆိုပါသစ်ပင်သည် နှစ်စက္ကန့်အကြာတွင် ထက်ပိုင်းကျိုးသွားခဲ့သော်လည်း အနည်းဆုံးတော့ မုန့်ကျင်းချန်း ကိုယ်တိုင်မှာမူ အထိအခိုက် မရှိခဲ့ပေ။

ဖုန်းပုကြွယ်လည်း... ရှောင်တိမ်းနိုင်ခဲ့ပါသည်။ သူ ဘယ်လိုလုပ်ခဲ့တာလဲ။ ၎င်းမှာ ဇာတ်လိုက်၏ အကာအကွယ်ကြောင့်ပင် ဖြစ်တော့သည်...။

ထိုဖြစ်စဉ်မှာ မည်သို့မည်ပုံလုပ်လိုက်သည်မသိဟု ဆိုရမည်ဖြစ်သည်။ K3 ၏ လက် စတင် လှုပ်ရှားလိုက်သည်နှင့် မြင်ကွင်းအချက်ပြမှုက ဖုန်းပုကြွယ်၏ ဦးနှောက်သို့ ရောက်ရှိသွားပြီး ဇာတ်လိုက်အကာအကွယ် အသက်ဝင်လာခဲ့ခြင်းဖြစ်သည်။ ဖုန်းပုကြွယ်၏ ဦးနှောက်က သူ မြင်လိုက်ရသည့်အရာကို တုံ့ပြန်ပြီး သူ့ခန္ဓာကိုယ်ကို ရှောင်တိမ်းရန် အမိန့်ပေးလိုက်သည့်အချိန်တွင် သူ့ခြေထောက်များ ချော်သွားသလို ခံစားလိုက်ရသည်...။ နတ်ကွန်းအပြင်ဘက်က အတော်လေး ပြန့်ပြူးသော မြေပြင်ပေါ်တွင် မည်သည့်အရာကမှ သူ့ကို ခလုတ်မတိုက်ပါဘဲ... သူသည် လေထဲတွင် မှောက်လျက်သား ပြုတ်ကျသွားတော့သည်။

ယင်းသည် ဖုန်းပုကြွယ်၏ ခြေထောက်နှင့် မြေပြင်ကြားက ပွတ်တိုက်အားမှာ သုညသို့ ကျဆင်းသွားသကဲ့သို့ပင်။ အနည်းငယ်သော အားတစ်ခုကပင် သူ့ကို ဖုတ်ကောင်တစ်ကောင်အလား လျောကျသွားစေပြီး သူ့တစ်ကိုယ်လုံး တစ်စက္ကန့်အတွင်း မြေပြင်ပေါ်သို့ ကျရောက်သွားရသည်။ အကယ်၍ သူ့ဘာသာ ဝပ်ချခဲ့မည်ဆိုလျှင်ပင် ထိုထက် ပိုမြန်အောင် လုပ်နိုင်မည် မဟုတ်ပေ။

လေပြင်းတစ်ချက် ဝှေ့ယမ်းသွားပြီး ဖုန်းပုကြွယ်သည် မြေပြင်ပေါ်တွင် ဝပ်နေလျက်သားဖြင့် K3 ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သည်။ မြေပြင်အထက် တစ်ပေခွဲခန့် အကွာအဝေးသာလျှင် ထိုရိုက်ခတ်မှုဒဏ်ကို မခံရခြင်း ဖြစ်သည်။ သို့သော်လည်း ဖုန်းပုကြွယ် စိုးရိမ်ခဲ့သောအရာက အမှန်တကယ် ဖြစ်လာတော့သည်။ သူ ပြုတ်ကျသွားသည်နှင့် စနစ်၏ ကြေညာသံက သူ့နားထဲတွင် မြည်ဟည်းသွားတော့သည်။

"သင်၏ အိုင်တမ်ဖြစ်သော 'သွေးဖြည့်ဆေးရည် (အလတ်)'ကို အသုံးပြုလိုက်ပါပြီ။"

"သင်၏ အိုင်တမ်ဖြစ်သော 'သွေးဖြည့်ဆေးရည် (အလတ်)' ကို အသုံးပြုလိုက်ပါပြီ။"

အလားတူ ကြေညာချက်နှစ်ခု ထွက်ပေါ်လာပြီး ဖုန်းပုကြွယ်၏ ခေါင်းမှာ ပေါက်ကွဲမတတ် ဖြစ်သွားရသည်။ အန္တရာယ်ရှိသော ထိုအခြေအနေမျိုးတွင်ပင် သူသည် သူ့အိတ်ထဲ၌ သွေးဖြည့်ဆေးရည် (အလတ်) နှစ်ပုလင်းသာ ရှိသည်ကို အသေအချာ မှတ်မိနေသည်။

သွေးဖြည့်ဆေးရည် (အလတ်) များသည် တစ်ပုလင်းလျှင် အသက်အမှတ် ၅၀ ရာခိုင်နှုန်းစီ ပြန်လည် ဖြည့်တင်းပေးနိုင်သော်လည်း အချိန်တိုအတွင်း ဆက်တိုက်အသုံးပြုခြင်းကြောင့် အာနိသင် လျော့နည်းသွားနိုင်သည်ကို ထည့်တွက်မည်ဆိုပါလျှင်... ဖုန်းပုကြွယ်သည် မီနူးပေါ်က အသက်အမှတ်ဘားကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ အသက်အမှတ်သည် ယခုတွင် ၈၉ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီး အပြည့် မဖြစ်သေးပေ။

ဖုန်းပုကြွယ်သည် ခုတ်ချက်ကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း သွေးဖြည့်ဆေးရည်မှာ ဇာတ်လိုက် အကာအကွယ်ကြောင့် အလဟဿ ဖြစ်သွားခဲ့သည်။ အကြောင်းမှာ သူ၏ အသက်အမှတ်လည်း ကျဆင်းသွားနိုင်သောကြောင့် ဖြစ်သည်...။ ထို့ကြောင့် 'ဇာတ်လိုက်သည် မသေရ' ဟူသော အခြေခံမူအရ မည်သို့ပင်ဖြစ်စေ သူ၏ အသက်အမှတ်အချို့ကို ပြန်လည် ဖြည့်တင်းပေးရခြင်း ဖြစ်သည်။

"သိချင်စိတ်က ကြောင်ကို သေစေတယ်..."

ဖုန်းပုကြွယ် မြေပြင်ပေါ်မှ ခုန်ထလိုက်သည်။

"ငါသာ မင်းနဲ့ မတွေ့ခင်မှာ ထွက်သွားခဲ့ရင် ဒီလောက် ဒုက္ခများမှာ မဟုတ်ဘူး၊ ဒါပေမဲ့ အခုတော့... ဆုံးရှုံးမှုတွေက တိုးနေတုန်းပဲ"

K3 က ဖုန်းပုကြွယ်ကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။

"မင်း ဘယ်လို ဆုံးရှုံးမှုမျိုးကို ပြောနေတာလဲ ငါမသိပေမဲ့ မင်း မသေသေးတာကိုတော့ ငါ အံ့သြမိတယ်"

"ဒါပေမဲ့... ဒါက တကယ်ကို ကောင်းလွန်းတယ်"

ဖုန်းပုကြွယ်က ရယ်မောလိုက်သည်။

"ဒီဇာတ်လမ်းထဲက အခြေအနေအမျိုးမျိုးကြောင့်သာ မင်းလို သန်မာတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို ငါ ရင်ဆိုင်နိုင်တာ"

ထိုအချိန်တွင် သွေးဆူလွယ်သူများသာဆိုပါက ပစ္စည်းများ၊ စကေးများနှင့် အိုင်တမ်များ ဆုံးရှုံးရမှုကြောင့် K3 ကို အသေအလဲ တိုက်ခိုက်ကြပေလိမ့်မည်။ တည်ငြိမ်သူများမှာမူ ဆုံးရှုံးမှုများ ထပ်မတိုးစေရန် ဇာတ်လမ်းမှ ချက်ချင်းထွက်ခွာသွားပြီး သူတို့၏ အစောပိုင်း ဆုံးဖြတ်ချက်ကို ကျိုးကြောင်းဆီလျော်စွာ ပြန်လည် သုံးသပ်ကြပေလိမ့်မည်။

ဖုန်းပုကြွယ်၏ အတွေးကား ထူးဆန်းလှသည်။ ဤအခြေအနေမှာ အလွန် 'ရှားပါး' သည်ဟု သူ ထင်မြင်မိသည်။ ဇာတ်လိုက်အကာအကွယ် မရှိလျှင် K3 အတွက် သူ့ကို သတ်ရန်မှာ အလွန် လွယ်ကူပေလိမ့်မည်။ မုန့်ကျင်းချန်း မရှိလျှင်လည်း သူ တုံ့ပြန်တိုက်ခိုက်နိုင်မည့် အခွင့်အရေး ရှိမည် မဟုတ်ပေ။

မူမမှန်မှု တစ်ယောက်နှင့် တွေ့ဆုံရခြင်းပင် ရှားပါးသော အရာတစ်ခု ဖြစ်သည်။ အလွန်အမင်း သန်မာလှသော မူမမှန်မှုတစ်ယောက်ကို တိုက်ခိုက်ရေး ကျွမ်းကျင်မှု E သာရှိသော ဖုန်းပုကြွယ်ကဲ့သို့ လူတစ်ယောက်က အချိန်အတော်ကြာအောင် ရင်ဆိုင်နိုင်ခြင်းမှာ အလွန်ရခဲသော အတွေ့အကြုံတစ်ခုပင် ဖြစ်သည်။

"ငါ ပြောခဲ့သလိုပဲ၊ မင်း တိုက်ချင်တယ်ဆိုရင် ငါမင်းနဲ့ အဆုံးထိ တိုက်ပေးမယ်"

ဖုန်းပုကြွယ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် အနီရောင်များ တောက်ပလာသည်။ ထိုအရောင်သည် K3 ၏ အရှိန်အဝါနှင့် အနည်းငယ်ကွဲပြားပြီး သွေးရောင်နှင့် ပိုနီးစပ်သည်။ သူ့ပတ်ဝန်းကျင်က အပူချိန်မှာ မြင့်တက်လာပြီး လေထုမှာလည်း ဝေဝါးလာခဲ့သည်။

သူ၏ အသက်အမှတ်များ ပြန်ပြည့်လာပြီးနောက် ဖုန်းပုကြွယ်သည် 'ကိုယ်ခန္ဓာ မြှင့်တင်ရေး မန္တန်' ကို ထပ်မံအသုံးပြုလိုက်ပြီး သူ့လက်ထဲတွင် သေမင်းဖဲချပ် ပေါ်ထွက်လာတော့သည်။

"အိုး၊ မင်းက ဒီလို စွမ်းအားမျိုးကို သုံးနိုင်သေးတာလား"

K3 သည် သဘာဝအရ ယှဉ်ပြိုင်လိုစိတ် ပြင်းထန်သူ ဖြစ်သည်။ သူ့ပြိုင်ဘက်၏ တိုက်ခိုက်လိုစိတ်ကို မြင်ရသောအခါ သူလည်း သဘာဝအတိုင်း စိတ်လှုပ်ရှားသွားတော့သည်။

အဆင့် ၃ မူမမှန်မှုတစ်ခုအနေဖြင့် သူ၏ ဉာဏ်ရည်ဉာဏ်သွေးတွင် 'ကိုယ်ကျင့်စရိုက်' ကဲ့သို့သော အရာမျိုး ရှိနေသည်မှာ သဘာဝပင်။ နတ်ဘုရားထောက်တိုင်လေးပါး နှင့် သူတို့၏ လက်အောက်ခံများသည် ပိုမိုမြင့်မားသော အဆင့်အတန်းတွင် ရှိနေကြပြီး ထူးခြားသော ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားကြသော်လည်း ၎င်းတို့အားလုံးမှာ စနစ်က 'သတ်မှတ်ထားသော' အရာများသာ ဖြစ်သည်။ မူမမှန်မှုတစ်ဦး၏ ကိုယ်ကျင့်စရိုက်မှာမူ လူသားတစ်ဦးနှင့် ဆင်တူလေသည်။ ယင်းမှာ မှတ်ဉာဏ်၊ အတွေ့အကြုံနှင့် အခြားအချက်အလက်များမှတစ်ဆင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

တိုက်ခိုက်ရခြင်းကို ကြိုက်နှစ်သက်သည်မှာ K3 တစ်ယောက်တည်း မဟုတ်ပေ။ သူ့ကိုယ်ကျင့်စရိုက်မျိုးသည် မူမမှန်မှုများကြားတွင် အတော်လေး အတွေ့ရများ၏။ သူတို့အတွက် တိုက်ခိုက်ခြင်းသည် အသက်အန္တရာယ်နှင့် သက်ဆိုင်သော ကိစ္စပင် ဖြစ်သည်။ သူတို့သည် အသတ်ခံရရန် စောင့်ဆိုင်းနေရသော ဒေတာများသာ ဖြစ်ကြပြီး သေဆုံးသွားပြီးနောက် လော့ဂ်အင်ခန်းမသို့ ပြန်သွားနိုင်သော ကစားသမားများ မဟုတ်ကြပေ။ ရန်သူက မည်မျှပင် သန်မာပါစေ သူတို့တွင် ရွေးချယ်စရာ တစ်ခုတည်းသာ ရှိပြီး ၎င်းမှာ ရန်သူကို ဖျက်ဆီးပစ်ရန် ကြိုးစားခြင်း ဖြစ်သည်။

ဤကဲ့သို့သော အတွေးအခေါ်နှင့် လုပ်ဆောင်ချက်များကို မူမမှန်မှုများထက် ပိုမို မြင့်မားသော တည်ရှိမှုတစ်ခုက သူတို့အပေါ် သတ်မှတ်ထားခြင်း ဖြစ်သည်။ အကယ်၍ မူမမှန်မှုတစ်ဦးသည် သက်ရှိပုံစံတစ်ခုဟု ဆိုလျှင်ပင် သူတို့ မွေးဖွားလာချိန်မှစ၍ သူတို့လမ်းတွင် ပိတ်ဆို့နေသမျှ အရာအားလုံးကို သတ်ဖြတ်ခြင်းမှာ သူတို့၏ တစ်ခုတည်းသော တန်ဖိုးဖြစ်ပြီး ၎င်းကို မှားယွင်းနေသည်ဟု မည်သူမျှ မပြောနိုင်ပေ။ ဤအခြေခံမူကို လိုက်နာခြင်းဖြင့်သာ သူတို့သည် အသက်ရှင်သန်နိုင်ပြီး တိုးတက်ပြောင်းလဲလာနိုင်မည် ဖြစ်သည်...။

"ကောင်းပြီ... ဒါဆိုရင် လာခဲ့စမ်းပါ"

K3 က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"သတ်မလား ဒါမှမဟုတ် အသတ်ခံမလား၊ အဲ့ဒါက ငါတို့ရဲ့ ကံကြမ္မာပဲ၊ မင်းက မူမမှန်မှုတွေအကြောင်း နားလည်ချင်နေတာ မဟုတ်လား၊ ဆက်သွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ မင်းတို့ရဲ့ အတုအယောင်ပုံရိပ်တွေဆီကနေ သွေးတွေကို ဖောက်ထုတ်လိုက်တာပဲ"

All Chapters