← Chapters

ပထမအဆင့် ဒဏ်ရာရအောင် လုပ်မယ်

Vol. 86-89 Ch. 1302

ပထမအဆင့် ဒဏ်ရာရအောင် လုပ်မယ်

Vol. 86-89 Ch. 1302

“ခင်ဗျား သေချာပြီလား”

ထိုမေးခွန်း၌ အထင်သေးမှုများ ပြည့်နှက်နေသည်။ ယဲ့ဖန်၏ လက်သီးက ချွန်ထက်သော လက်သည်းအသွင် ပြောင်းလဲသွားပြီး ထိုမှော်လက်နက်များအားလုံးကို ဖမ်းဆုပ်ထားလေသည်။

“ဂျွတ်”

ထိုမှော်လက်နက်များအားလုံး တစ်စစီ ကျိုးပဲ့သွားတော့သည်။ ဤသည်ကိုမြင်သော် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ ရင်ထဲ၌ မကောင်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာပြီး ခေါင်းမွေးထောင်ကုန်သည်။

*ကိုယ်ပွားခန္ဓာကိုယ် ဖြစ်နေတာတောင် ဒီမှော်လက်နက်တွေကို လက်ချည်းသက်သက် ဖျက်ဆီးနိုင်တာလား*

*ငါတောင် ဒီလို မလုပ်နိုင်ဘူး*

သူ ထပ်မံ၍ ရှုံးသွားရပြန်သည်။ ဤသည်ကိုတွေးမိပြီးနောက် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ မျက်လုံးတွင်းမှ ခက်ထန်မှုက ပိုမို ပြင်းထန်လာသည်။

ချက်ချင်းဆိုသလိုပင် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ ခန္ဓာကိုယ်မှ လူသတ်ချင်သော အငွေ့အသက်များ ဝုန်းခနဲ ထွက်ပေါ်လာပြီး မိုးပေါ်မော့၍ ဟစ်ကြွေးလေသည်။

“ယဲ့ဖန် မင်း သေကိုသေရမယ်ကွ”

ရုတ်တရက် ကောင်းကင်ယံကိုပင် စုတ်ဖြဲနိုင်မည့် ကြောက်စရာကောင်းသော လက်သီးချက်က ယဲ့ဖန်၏ ကျောပေါ် ကျရောက်လာသည်။

“အောင်မြင်ပြီ၊ ငါ့ဆရာ မရှုံးဘူးဆိုတာကို ငါ သိနေပြီးသား”

ကျူးဝမ်ဟောင် ချက်ချင်း ပြုံးလိုက်သည်။ သူ့ဆရာ နိုင်သရွေ့ ဘာနည်းလမ်းသုံး၍ နိုင်သလဲ ဆိုသည့်အချက်ကို မည်သူက ဂရုစိုက်ရမည်နည်း။ အရှက်မဲ့သည့် နေရာတွင် သူတို့ဆရာတပည့်နှစ်ယောက်က တစ်သွေးတည်း တစ်သားတည်းဟု ဆိုရပေမည်။

“ဖြောင်း”

သို့သော် ထိုအခိုက်တွင် တားဆီးမရနိုင်ဟု ထင်ရသည့်လက်သီးချက်သည် ရုတ်ချည်းဆိုသလို တားဆီးခံ လိုက်ရသည်။ ထိုလက်သီးချက်ကို တားလိုက်သည့် အရာမှာ ယဲ့ဖန်၏ လက်ဝါးပင် ဖြစ်လေသည်။

“မင်း …”

ထိုအခါ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားသည် အလွန် အန္တရာယ်များသော ချီစွမ်းအင်ကို သတိထားမိပြီး ထွက်ပြေးရန် ပြင်လေသည်။ သို့သော် အချိန်နှောင်းသွားလေပြီ။

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်သည် လျင်မြန်စွာ လှုပ်ရှားလာပြီး လက်တစ်ဖက်ကို ဆန့်၍ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ ဦးခေါင်းအား ဖမ်းချုပ်လာသည်။

ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ ဦးခေါင်း ပြုတ်ထွက် သွားသည်။

*တတိယအကြိမ်မှာ မင်းအသက်ကို နုတ်ယူမယ်*

*ယဲ့ဖန် စကားက အပြောသက်သက်ပဲ မဟုတ်ဘူးပဲ*

အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ ကိုယ်ပွားခန္ဓာကိုယ်က ချက်ချင်း ပေါက်ကွဲကာ ပျောက်ကွယ် သွားလေသည်။ ထိုအခိုက်တွင် လူတိုင်း တစ်ကိုယ်လုံး တုန်ယင်သွားကြသည်။

*ရှုံးသွားပြီ*

*အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား တကယ် ရှုံးသွားတာပဲ*

*သူက အရှက်ခွဲခံရတဲ့ နည်းလမ်းတဲ့ ရှုံးသွားတာပဲ၊ သူ့ခေါင်းကို ယဲ့ဖန် ဆွဲဖြုတ်လိုက်တာ*

*ယဲ့ဖန်က တစ်ယောက်တည်းနဲ့ ရန်သူနှစ်ယောက်ကို တိုက်ခိုက်ရတာတောင် ပြိုင်ဘက်ကင်းပဲ*

*ဒီလူက ကြောက်ဖို့ကောင်းတယ်*

ကျူးဝမ်ဟောင်နှင့် အခြားသူများမှာမူ မျက်နှာ ပြာနှမ်းနေ၏။ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ရှုံးသွားပြီ ဖြစ်သဖြင့် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ကို ဆုံးရှုံးလိုက်ရလေပြီ။

မျှော်စင်သခင်ကို မူလခန္ဓာကိုယ်အဖြင့် အနိုင်ယူကာ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားအား ကိုယ်ပွား ခန္ဓာကိုယ်ဖြင့် အနိုင်ပိုင်းခဲ့သည်။ မည်မျှ အင်အားကြီးလိုက်သနည်း။

ဒဏ္ဍာရီဟူသော အရာက ယဲ့ဖန်ရှေ့၌ ဟာသ ဖြစ်လာလေပြီ။ ယဲ့ဖန်သည် ပတ်ဝန်းကျင်အား ဝေ့ကြည့်၍ အထက်စီးဖြင့် ပြောလိုက်သည်။

“ခုနလေးတင် မင်းတို့ သူ့ကို ဘယ်လို မျက်နှာလုပ်ခဲ့သလဲ မှတ်မိတယ်မလား၊ အခု ငါ မင်းတို့ကို ဘယ်လိုလုပ်ရင် ကောင်းမလဲ”

ဤလူများ၏ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားအား မျက်နှာချိုသွေး ပြောဆိုသော စကားများကို သူ အတော်လေး မကျေမနပ် ဖြစ်မိသည်။ ထို့ကြောင့် သူတို့အား သူ့အပေါ် အပိုးကျိုးလာအောင် သင်ခန်းစာ ပေးချင်‌နေ၏။

မောက်မာ၍ အထက်စီးဆန်မှုက သံသယဝင်စရာပင် မလိုလောက်အောင် ပုရွက်ဆိတ်တစ်သိုက်အား အထင်သေးနေသည့် ဧကရာဇ်တစ်ပါးလိုပင်။

“ဒုန်း”

နဂါးရိုင်းဘုရင်က အရင်ဦးဆောင်၍ ယဲ့ဖန်ရှေ့၌ ဒူးထောက်ချလိုက်သည်။ လက်ရှိတွင် သူ့ရင်ထဲမှ ယဲ့ဖန်အပေါ် လေးစားစိတ်က အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို လေးစားစိတ်ထက် ကျော်လွန်သွားလေပြီ။

ဤနတ်ဆိုးရှေ့၌ ဒူးထောက်ရသည်ကို သူ မရှက်ပါ။ အခြားသူများသည်လည်း သူ့နည်းတူ ယဲ့ဖန်ကို ဒူးထောက် လာ၏။ သူတို့ ဒူးမထောက်လျင် သေရပေလိမ့်မည်။ ဤသို့သော နတ်ဆိုးကို ရန်စရဲသည့် သတ္တိမျိုး သူတို့၌ မရှိပါ။

အသက်ငါးကြိမ်ရှူစာ အချိန်အတွင်း၌ တောင်တစ္ဆေမှလွဲ၍ ဒူးမထောက်သူ မရှိတော့ချေ။ တောင်တစ္ဆေ ဒူးမထောက်သလို ယဲ့ဖန်ကလည်း သူ့ကို ဖိအား မပေးပေ။ အကြောင်းမှာ ယဲ့ဖန် သူ့အပေါ် အမြင်ကြည် သောကြောင့်ပင်။

တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်၌ တိတ်ဆိတ်၍ နေသည်။ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို ယဲ့ဖန် သတ်လိုက်ပုံနှင့် သိုင်းပညာရှင်များ ခေါင်းငုံ့၍ ဒူးထောက်နေပုံကို ကြည့်ပြီး အရာအားလုံးက အစစ်အမှန် မဟုတ်သလို ခံစားမိနေ၏။

အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို ယဲ့ဖန် အနိုင်ယူလိုက်ခြင်းက တစ်နိုင်ငံလုံးအား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ ယဲ့ဖန်သည် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကိုသာမက မျှော်စင်သခင်ကိုပါ တစ်ပြိုင်တည်း အနိုင်ပိုင်းခဲ့သဖြင့် တစ်နိုင်ငံလုံးအား ကြောက်ရွံ့သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ဤနတ်ဆိုးသည် သူတို့ ထိန်းချုပ်မရနိုင်သောသူ ဖြစ်ကြောင်း သိလိုက်ရသောကြောင့်ပင်။

ဖန်သားပြင်ရှေ့၌ ပိုင်ကျန့်ချင်းသည် သွားများ တဂတ်ဂတ် ရိုက်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။ သူ တကယ် ကြောက်နေသည်။ ဤလူ၏ ခွန်အားက သူ့အား အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေသည်။ သူ့အနောက်၌ လူအိုကြီးများ ရှိနေတာတောင်မှ သူ မကြောက်ဘဲ မနေနိုင်ချေ။

ထိုစဉ် နန်းတွင်းသူ တစ်ယောက်က အဆာပြေ စားစရာနှင့်အတူ ဝင်လာပြီး ပိုင်ကျင့်ချင်း၏ အမူအရာ မဟန်သည်ကို မြင်သွားကာ ချက်ချင်း တုန်တုန်ယင်ယင်နှင့် ကြောက်လန့်တကြား ဒူးထောက်လိုက်မိသည်။

ပိုင်ကျန့်ချင်းက သူမကို လှမ်းကြည့်လိုက်ပြီး အန္တရာယ်များသော အပြုံးမျိုး ပြုံးလိုက်သည်။

“မင်း အကုန်မြင်သွားတာပဲ”

“မဟုတ်ပါဘူး၊ ဒီအစေခံ ဘာမှကို မမြင်ခဲ့ပါဘူး”

နန်းတွင်းသူက အကြောက်အကန် ငြင်းလေသည်။ သူမ ကြောက်လန့်လွန်းသဖြင့် ငိုလုနီးပါး ဖြစ်နေ၏။ နန်းတော်တွင်း၌ မမြင်သင့်သော အရာကို မြင်ခဲ့လျင် ဘာဖြစ်သွားမလဲ ဆိုသည်ကို သူမ သိနေပါသည်။

“ရပါတယ် မင်း မြင်သွားလည်း ကိစ္စမရှိဘူး၊ ဘာပဲဖြစ်ဖြစ် မင်း သေရမှာပဲ”

ပိုင်ကျန့်ချင်း အသာပြုံးနေသည်။

“ဂျွတ်”

ချက်ချင်းဆိုသလိုပင် ထိုနန်းတွင်းသူ လည်ပင်းကျိုးကာ သေဆုံးသွားလေသည်။ ပိုင်ကျန့်ချင်း၏ အပြုံးက ရုတ်ရက် အေးစက်ကာ ကြောက်စရာ ကောင်းလာ၏။

သူ့အရှေ့၌ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် မျက်နှာမမြင်ရသော လူအိုကြီး ရပ်နေသည်။ သို့သော် သူ၏ အရှိန်အဝါက ပြိုင်စံရှားသည့် သားရဲတစ်ကောင်သဖွယ် အလွန် အန္တရာယ်များပုံ ပေါ်လေသည်။ လက်ရှိတွင် ထိုလူအိုကြီးက လှောင်ပြုံး ပြုံးနေသည်။

“မင်း ကြောက်နေတာပဲ၊ မင်းက တကယ့်ကို ငကြောက်ပါလား၊ မင်းအဖေထက်တောင် ဆိုးသေးတယ်”

ဧကရာဇ်ကို ငကြောက်ဟု ခေါ်ရဲခြင်းက အလွန် ရိုင်းပျ၍ မောက်မာလွန်းပေသည်။ သို့သော် ဤလျှို့ဝှက် လွန်းသော လူအိုကြီးသည် ရန်သွားစမရသည့် ပုဂ္ဂိုလ် ဖြစ်လေသည်။ ဤအနက်ရောင်ဝတ်ရုံနှင့် လူအိုကြီး၏ နောက်ခံက လုံးဝ သူမတူပေ။

အနက်ရောင်ဝတ်ရုံနှင့် လူအိုကြီးက နန်းတွင်းသူ၏ အလောင်းကို ခန်းမအပြင်သို့ အေးအေးလူလူ ပစ်ထုတ်လိုက်ပြီး သရော်လေသည်။

“မင်းက ဒီလို လှည့်ကွက်လောက်လေးနဲ့ ကြောက်နေတာပဲ”

“ခင်ဗျား ဘယ်တော့မှ ယဲ့မိသားစုအိမ်ကို သွားမှာလဲ၊ ခင်ဗျားညီတောင် ဒီကောင် တိုက်ခိုက်လို့ ဒဏ်ရာ အပြင်းအထန် ရပြီး ထွက်ပြေးသွားရပြီပဲ”

ပိုင်ကျန့်ချင်းက မကျေမနပ် ပြန်ပြောလေသည်။ သူ့အရှေ့မှ လူအိုကြီးသည် ယဲ့မိသားစု၏ ပထမဘိုးဘေး ဖြစ်ပြီး ဧကရာဇ်ကိုတောင် အရေးမစိုက်သည့် ကြောက်စရာကောင်း‌သောသူ ဖြစ်ပေသည်။

“ငါ မင်းကို နှစ်တစ်ထောင် စောင့်ရှောက်ပါ့မယ်လို့ မင်းအဖေကိုသာ ငါ ကတိမပေးခဲ့မိရင် ငါ ရှေ့ထွက်ပြီး အဲ့ကောင်ကို သတ်လိုက်တာ ကြာနေပြီ၊ ငါ သူ့ကို ဒီလောက်ထိ မွှေခွင့်ပေးမယ် ထင်နေလား”

ပထမဘိုးဘေးက မျက်မှောင်ကြုတ်၍ ကြိမ်းမောင်းလေသည်။

“ပိုင်ကျန့်ချင်း မင်း ဒါကို ကိုင်တွယ်နိုင်မယ်လို့ ငါ ထင်ခဲ့တာ၊ ဒါ အရေးပါတဲ့ကိစ္စမလို့ ငါ လေ့ကျင့်ပေးထားတဲ့ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို ထုတ်သုံးခွင့်ပေးခဲ့တာ၊ ဒါပေမဲ့ မင်း အသုံးမကျဘူး၊ မင်း သူ့ကို မထိန်းချုပ်နိုင်တဲ့အပြင် သူ့ကို အခြားသူတွေရှေ့မှာပါ မင်းကို အကြိမ်ကြိမ် အရှက်ခွဲခွင့် ပေးခဲ့တယ်”

“ဒီတစ်ခါတော့ ငါ မင်းအမိန့်ကို မနာခံဘူး”

ဤစကားသာ အပြင်သို့ ပျံ့သွားပါက အင်ပါယာတစ်ခုလုံး သွေးပျက်သွားလောက်သည်။ ဧကရာဇ်အရှေ့မှ အနက်ရောင်ဝတ်ရုံနှင့်လူသည် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ ဆရာ ဖြစ်နေ၏။

သူသည် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကဲ့သို့သော ပြိုင်ဘက်ကင်းသည့်လူမျိုးအား ဖန်တီးနိုင်ခဲ့သူ ဖြစ်သည်။ ယခုတစ်ခေါက်၌ ပိုင်ကျန့်ချင်းက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားအား တောင်ဘက်သို့ သွားရန် အမိန့်ပေး ခဲ့သည်။ သို့သော် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက သူ့အမိန့်ကို ဖီဆန်၍ ကိုယ်ပွားကိုသာ စေလွှတ်ခဲ့ လေသည်။

ပထမဘိုးဘေး၏ အမြင်၌ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား အစစ်သာ ရှုကျိုးသို့ သွားရောက်ပြီး သူ့ညီနှင့် ပူးပေါင်းကာ ယဲ့ဖန်ကို တိုက်ခိုက်လျင် သေချာပေါက် သတ်နိုင်လိမ့်မည်ဟု ထင်မှတ်နေ၏။

“ကျုပ် ယဲ့ဖန်ကို သတ်ချင်တယ်၊ ကျုပ် သူ့ကို သတ်နိုင်အောင် ခင်ဗျား ကူညီပေးပါ၊ ခင်ဗျား သူ့ကို သတ်နိုင်ရင် ကျုပ် ခင်ဗျားကို လုပ်ချင်သလို လုပ်ခွင့်ပေးမယ်”

ပိုင်ကျန့်ချင်းက ပထမဘိုးဘေးကို မျှော်လင့်တကြီး ကြည့်လေသည်။ ယဲ့ဖန်သာ မသေပါက တစ်နေ့နေ့တွင် သူ ပုလ္လင်ပေါ်မှ ဆင်းရနိုင်သည်။ ယဲ့ဖန်၏ ကြောက်စရာကောင်းပုံကို သူ ကောင်းကောင်းကြီး နားလည်လေသည်။

“စိတ်မပူနဲ့ သူ ကြာကြာနေရမှာ မဟုတ်ဘူး၊ ငါ့ယဲ့မိသားစုနဲ့ ငါ့ညီနှစ်ယောက်ကို ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးအောင် လုပ်ခဲ့တဲ့ ဘယ်သူမှ အသက်မရှင်နိုင်ဘူး၊ သူ အနာကျင်ဆုံးနည်းနဲ့ သေစေရမယ်လို့ ငါ ကျိန်ဆိုတယ်”

ပထမဘိုးဘေးသည် ဖန်သားပြင်ပေါ်မှ ပုံရိပ်ကို ခက်ထန်စွာ ကြည့်နေ၏။ ထို့နောက် အားဖြင့် နင်းချေလိုက်သဖြင့် ဖန်သားပြင်တစ်ခုလုံး ပေါက်ကွဲသွားလေသည်။

ထိုအချိန်တွင် ယဲ့ဖန်က ကျူးဝမ်ဟောင်ထံသို့ လှမ်းလာနေလေသည်။ ကျူးဝမ်ဟောင်သည် သရဲပူးနေသကဲ့သို့ တစ်ကိုယ်တည်း ပြောဆိုနေသည်။

“ငါ့ဆရာ မရှုံးနိုင်ဘူး၊ ငါ့ဆရာ မရှုံးနိုင်ပါဘူး”

ထိုအခိုက်တွင် တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်ထဲမှ ယုံကြည်သူအားလုံး၏ မျက်လုံးများက သွေးကဲ့သို့ ရဲရဲနီ နေသည်။ ကျူးဝမ်ဟောင်အပေါ် မုန်းတီးစိတ်က ထိန်းချုပ်၍ မရတော့ချေ။

ဤမိစ္ဆာကောင်က အပြစ်ကင်းသော လူဘယ်လောက်များများကို သတ်ခဲ့သနည်း။ သူ၏ နည်းလမ်းများက ရက်စက်ကာ ရှိသမျှ အကုန် လုပ်ခဲ့သည်။

ယဲ့ဖန်က သူ့ရှေ့၌ ရပ်နေပြီး သူ့အား အထင်သေးစွာ ကြည့်နေသည်။ သူ့အကြည့်က သေးနုတ်သော ပုရွက်ဆိတ်ကို ကြည့်နေသလိုပင်။

ထိုအခါတွင်မှ ကျူးဝမ်ဟောင် ခေါင်းမော့လိုက်ပြီး ယဲ့ဖန်ကို မော့ကြည့်ကာ မုန်းတီးစိတ်ဖြင့် ပြောလိုက်သည်။

“မင်း ဂုဏ်ယူမနေနဲ့၊ မင်းက ငါ့ဆရာရဲ့ ကိုယ်ပွားကိုပဲ နိုင်ခဲ့တာ၊ တကယ့်သူ လာရင် မင်း ပြေးမလွတ်နိုင်ဘူး သေမှာ”

သို့သော် ယဲ့ဖန်က ဘာမှမပြောဘဲ လက်တစ်ဖက်ကိုသာ အသာဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကျူးဝမ်ဟောင်၏ ပါးတစ်ဖက်၌ အစင်းရာတစ်ခု ပေါ်လာပြီး သွေးများ ပန်းထွက်လာ၏။

“အား …”

ကျူးဝမ်ဟောင် နာကျင်စွာ အော်ဟစ်၍ သွေးထွက်နေသော ပါးအား လက်နှစ်ဖက်ဖြင့် အုပ်ထားမိသည်။ သူ အလွန်အမင်း ကြောက်လန့်နေ၏။ တစ်ယောက်ယောက်က သူ့အား ဓားနှင့် လှီးလိုက်သလိုပင်။

“ငါ အညံ့ခံမယ်လို့ မင်း ထင်နေလား၊ ငါ သေရမှာကို ကြောက်တယ်လို့ ထင်နေလား”

ကျူးဝမ်ဟောင်က သရော်လေသည်။ သူ သေဘေးမှ မလွတ်နိုင်မှန်း ရိပ်မိပြီးသား ဖြစ်သည်။ သို့သော် သူသည် သေရမည်ကို မကြောက်ပေ။

“ငါက မင်းကို အညံ့ခံစေချင်တာ မဟုတ်ဘူး၊ နောင်တရစေချင်တာ”

ယဲ့ဖန်က မီးဝင်းဝင်းတောက်နေသော မျက်လုံးဖြင့် သူ့ကို စိုက်ကြည့်ကာ ထပ်ခါထပ်ခါ လက်ကို ဝှေ့ယမ်းသဖြင့် ကျူးဝမ်ဟောင်၏ ခန္ဓာကိုယ်တွင် အစင်းရာများ ထပ်ထပ် ပေါ်လာသည်။

“ဟားဟားဟား … မင်းက ဒီလောက်လေးနဲ့ ငါ့ကို‌ နောင်တရစေချင်တာလား၊ အိပ်မက်မက်နေလိုက်”

ကျူးဝမ်ဟောင်က အားပါးတရ ရယ်မောလေသည်။

“မုန်းစရာကောင်းလိုက်တာ”

“သူ့ကိုသတ်၊ သူ့ကို ချက်ချင်းသတ်လိုက်”

“မဟုတ်ဘူး သူ့ကို ဒီလိုသတ်လိုက်ရင် သူ့အတွက် ပေါ့ပါးလွန်းတယ် မဟုတ်ဘူးလား”

ကျူးဝမ်ဟောင်၏ မောက်မာသော အပြုအမူကို မြင်ပြီး တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်ထဲမှ လူတိုင်း အလွန် ဒေါသထွက်လာကြသည်။

“မင်းက သေရမှာ မကြောက်ဘူးဆိုတော့ သေတာထက် ဆိုးတဲ့ ဘဝကို မကြောက်ဘူးလား”

ယဲ့ဖန် ပြောလာသည့် စကားတိုင်း၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။ ကျူးဝမ်ဟောင်သည် တစ်စုံတစ်ရာကို သတိထားမိသွားပြီး မျက်နှာပျက်သွားသည်။

“ပထမအဆင့် ဒဏ်ရာရအောင် လုပ်မယ်”

ယဲ့ဖန်၏ စကားသံအဆုံး၌ ကျူးဝမ်ဟောင်၏ ခန္ဓာကိုယ်တွင် ဓားဒဏ်ရာများ ထောင်ချီ၍ ထွက်ပေါ်လာပြီး အရေပြား စုတ်ပြတ်ကာ အရိုးများကိုပင် အထင်းသား မြင်နေရပြီး သွေးများ တတောက်တောက် ကျနေ၏။

“အား …”

ကျူးဝမ်ဟောင်ထံမှ သေခါနီး ဝက်တစ်ကောင်ကဲ့သို အော်သံ ထွက်လာသည်။ သူသည် တစ်စုံတစ်ယောက်၏ စုတ်ဖြဲခြင်း ခံရသကဲ့သို့ တုန်ယင်နေ၏။

ယဲ့ဖန်က ကျူးဝမ်ဟောင်ကို ဓားတစ်သောင်းဖြင့် ထိုးနှက်သကဲ့သို့ လုပ်ပစ်ရန် ကြံစည်ထားလေသည်။ ဤသည်ကို မြင်သော် ဖန်သားပြင်ရှေ့မှ လူများ အလွန် အံ့ဩကာ ဟစ်အော်ကြသည်။ သူတို့ ဝမ်းသာအားရ ဖြစ်နေသည်။

ဒဏ်ရာကြောင့် တုန်ယင်နေသော ကျူးဝမ်ဟောင်သည် လျှာကိုက်၍ သတ်သေရန် ကြိုးစားလိုက်သည်။ သို့သော် ယဲ့ဖန်က သူ့အကြံကို ကြိုမြင်သဖြင့် လည်ပင်းကိုညှစ်ကာ လေထဲ မြှောက်လိုက်လေသည်။

“မင်းက သေချင်တာလား၊ ဖြစ်နိုင်မယ်ထင်လား”

ယဲ့ဖန်၏ မျက်လုံးများက ရေခဲကန်သဖွယ် အေးစက်နေ၏။ ထိုစကားကိုကြားသော် ကျူးဝမ်ဟောင် ထိတ်လန့်သွားပြီး မျက်လုံး၌ ကြောက်စိတ်များ ထင်ဟပ်လာသည်။

*အသက်ရှင်လို့ မဖြစ်ဘူး၊ သေရမယ်*

*ဒီနတ်ဆိုးက သူကိုယ်တိုင် နှိပ်စက်ချင်နေတာ*

All Chapters