ကျုပ်သဘောထားကို သိအောင်လုပ်ပေးမယ်
Vol. 86-89 Ch. 1303
ထို့နောက်တွင်မူ လေကိုတိုးလာသည့် ဓားသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ ဓားတစ်ချောင်း၊ ဆယ်ချောင်း၊ အချောင်းတစ်ရာ၊ အချောင်းတစ်ထောင်။
ဓားတစ်ချောင်းချင်းစီတိုင်းက အဓိက နေရာများကို ရှောင်ကွင်းထားသော်လည်း အနာကျင်ရဆုံး နေရာများကိုသာ ဖြတ်တောက်ထားသည်။
“အား….”
ကျူးဝမ်ဟော်၏ အော်သံများက မရပ်မနား အလွန် ဝမ်းနည်းကြေကွဲစွာ ထွက်ပေါ်နေပြီး တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းနှင့် သွေးလူသား ဖြစ်နေ၏။ ဤသည်ကို လူတိုင်း မြင်လိုက်ရသောအခါ ကြက်သီး တဖြန်းဖြန်းထကာ အလွန် ကြောက်လန့်သွားကြသည်။
ကျူးဝမ်ဟောင်၏ ခန္ဓာကိုယ်တစ်ခုလုံး၌ အကောင်းပကတိ ရှိနေသည့် အရေပြားဟူ၍ မရှိတော့သလို ဓားဒဏ်ရာများက ဗလပွ ဖြစ်နေသဖြင့် ပျားတူအုံနှင့်ပင် တူနေကာ ကြည့်နေရုံနှင့် ကြက်သီးထဖွယ် ကောင်းလှသည်။
“ဒုတိယအဆင့် အရေခွံနွှာမယ်”
ကျူးဝမ်ဟောင် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သေမတတ် ကြောက်လန့်သွားသည်။ ထူးဆန်းသော အသံတစ်သံနှင့်အတူ ယဲ့ဖန်က လက်တစ်ဖက်ဖြင့် ကျူးဝမ်ဟောင်ကို ဖမ်းချုပ်ကာ အရေပြား တစ်ခုလုံးကို ဆွဲခွာလိုက်လေသည်။
“အား …”
ကျူးဝမ်ဟောင်သည် ယဲ့ဖန်၏ လက်ထဲ၌ ကုန်းပေါ်ရောက်လာသော ငါးသဖွယ် တွန့်လိမ်နေလေသည်။ သူ့အဖြစ်က သေသည်ထက် ဆိုးရွားနေ၏။
“ငါ့ကိုသတ်လိုက်ပါ၊ ယဲ့ဖန် ငါ့ကို သတ်လိုက်ပါတော့”
ကျူးဝမ်ဟောင်၏ ဝေဒနာကို လူတိုင်း အပြည့်အဝ ထပ်တူ ခံစားနိုင်ပါသည်။ ဒဏ်ရာဗလပွနှင့် အရေခွံ အခွာခံလိုက်ရပြီးနောက် အရာအားလုံးက အစသာ ရှိပေသေးသည်။
*ဒီနတ်ဆိုးက သူ စိတ်မကျေနပ်မခြင်း ကျူးဝမ်ဟောင်ကို ပေးသေခိုင်းမယ့် စိတ်ကူးရှိပုံ မရဘူး*
သူတို့၏ အတွေးကို အတည်ပြုလာသကဲ့သို့ ယဲ့ဖန်၏ အသံ ထွက်ပေါ်လာပြန်သည်။
“တတိယအဆင့် မလှုပ်နိုင်အောင် လုပ်မယ်”
သွေးများပန်းထွက်လာပြန်သည်။
“တတိယအဆင့် အရိုးတွေကို တစ်စစီ ဖြုတ်မယ်”
“အဆင့်ငါး အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် လုပ်မယ်”
အဆင့်တစ်ဆင့်တိုင်း၌ ကျူးဝမ်ဟောင် ငယ်သံပါအောင် စူးရှစွာ အော်ဟစ်နေသဖြင့် လူတိုင်း မျက်နှာ ပြာနှမ်းလာသည်။
*ဒီလူက တကယ့်ကို နတ်ဆိုးပဲ*
*ကမ်းကုန်အောင် ရက်စက်တယ်*
သို့သော် သူတို့ အလွန် ကံကောင်းသွားသည်။ သူတို့ ဒူးထောက်လိုက်၍ ကံသီသွားပေသည်။ သို့မဟုတ်ပါက သူတို့သည်လည်း ကျူးဝမ်ဟောင်ကဲ့သို့ သေသည်ထက်ဆိုးသော ဘဝနှင့် ရင်ဆိုင်ရပေမည်။
“သူ့ကို ပေး”
ရုတ်တရက် လူအုပ်ထဲမှ လူတစ်ယောက် ဒယိမ်းဒယိုင် လျှောက်လာသည်။ ထိုသူမှာ နတ်ဆိုးနဂါး ဖုရှန်ပင်။ ယဲ့ဖန်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကျူးဝမ်ဟောင်ကို ပြန်ကြည့်လိုက်သည်။
ကျူးဝမ်ဟောင် ကမန်းကတန်း ခေါင်းညိတ်ပြသည်ကို သူ တွေ့လိုက်ရသည်။ သူ ငိုကြွေးနေပြီ ဖြစ်ပြီး ဤနတ်ဆိုးလက်ထဲမှ လွတ်မြောက်ချင်နေ၏။ သို့သော် ယဲ့ဖန် အပြုံးကြီး ပြုံးလိုက်သည်ကို သူ တွေ့လိုက်ရသည်။
“ငါနဲ့ယှဉ်လိုက်ရင် နတ်ဆိုးနဂါး ဖုရှန်ကမှ တကယ့် ဒဏ်ပေးတတ်တဲ့ အရှင်သခင်ပဲ၊ သူ့မှာ မင်းကို သေတာထက် ဆိုးတဲ့ ဘဝမျိုး လုပ်နိုင်တဲ့ နည်းပေါင်း တစ်ထောင်လောက် ရှိတယ်၊ မင်း သေမှာ မဟုတ်ဘူး”
ထိုစကားကို ကြားသော် အနည်းငယ် ကံကောင်းပြီဟု ထင်နေသော ကျူးဝမ်ဟောင် ရုတ်ချည်းဆိုသလို မျက်နှာ ဖြူရော်သွားလေသည်။
သူ ခက်ခက်ခဲခဲဖြင့် နတ်ဆိုးနဂါး ဖုရှန်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ ဖြူရော်နေသော မျက်နှာတွင် ရက်စက်မှုများနှင့် ပြည့်နှက်နေပြီး မျက်လုံး၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
“မလုပ်ပါနဲ့”
ချက်ချင်းဆိုသလိုပင် ကျူးဝမ်ဟောင်သည် အကြောက်လွန်ပြီး သတိလစ်သွားလေသည်။ ယဲ့ဖန်က သရော်သလို ပြုံးလိုက်ပြီး သူ့အား နတ်ဆိုးနဂါး ဖုရှန်ထံ ပစ်ပေးလိုက်သည်။
ထို့နောက် သူသည် ကျိုးချင်းရုံအား လှမ်းကြည့်လေသည်။ ကျိုးချင်းရုံ ရုတ်တရက် ချွေးပြန်လာပြီး ခေါင်းကို ငုံ့ထားပြီး ယဲ့ဖန်အား မကြည့်ရဲတော့ချေ။
“မင်း … ဝင်မွှေရတာကို ကြိုက်တယ်မလား”
သူ့လေသံက ဂရုမစိုက်ဟန်နှင့် အထင်သေးဟန်များ ပါဝင်နေသည်။ ကျိုးချင်းရုံ၏ မျက်လုံးများ စိုစွတ်လာပြီး ငိုမတတ် ဖြစ်နေသည်။ ယဲ့ဖန်၏ လေသံ၌ မာန်မပါဟု ထင်ရသော်လည်း လူသတ်ချင်နေသည့်စိတ်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားမိသည်။
“မင်း ငါ့ကို သတ်ချင်နေသေးသလား”
ကျိုးချင်းရုံ ပြန်မဖြေနိုင်ဘဲ မျက်ရည်လည်ရွဲဖြင့် အလွန်အမင်း နောင်တရနေ၏။ ယခုအခါ၌ မည်သူမှ သူမကို မကယ်နိုင်တော့ပါ။ သူမ မာန်မာန၏ တန်ကြေးကို ပေးဆပ်ရပေတော့မည်။
“ဒါဆိုလည်း မင်း သေလို့ရပြီ”
ထိုစကားအဆုံး၌ ယဲ့ဖန်သည် ရုတ်တရက် လက်ကိုမြှောက်၍ ရိုက်ချလိုက်သည်။ ကျိုးချင်းရုံ ကြောက်လန့် တကြား ခေါင်းမော့ကြည့်လိုက်မိသည်။
“ဖြောင်း”
ကျိုးချင်းရုံ ရိုက်ချခံလိုက်ရပြီး သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားသည်။ လူတိုင်း ခေါင်းကို မြေကြီးထဲ နစ်ဝင်မတတ် ငုံ့ထားမိပြီး အကြောက်လွန်ကာ အသက်ပင် မရှူရဲချေ။ ကံကောင်းထောက်မသဖြင့် ယဲ့ဖန်က သူတို့ကို ဆက်၍ အရှက်မခွဲဘဲ လှည့်ထွက်သွားသည်။
ယနေ့တွင် ယဲ့ဖန်သည် ဂုဏ်သတင်းတစ်ခုကို ဖန်တီးခဲ့လေသည်။ ယခုအချိန်မှစ၍ အင်ပါယာ၌ အလယ်ပိုင်း လွင်ပြင် စစ်နတ်ဘုရား မရှိတော့ဘဲ အရက်စက်ဆုံး နတ်ဆိုးသာ ရှိတော့မည်ဖြစ်ကြောင်း လူတိုင်း သိလိုက်ကြသည်။
….
“အရှင် ကျုံးလီအာနဲ့ အခြားသူတွေ ပျောက်နေပါတယ်”
နောက်တစ်နေ့တွင် ယဲ့ဖန် နလန်ရှောင်ထံမှ တင်ပြချက် ရလာ၏။
“ဘယ်နေရာမှာလဲ”
“ရင်ကျိုးပါ၊ ရှုကျိုးကနေ မိုင်တစ်ရာကျော်လောက်ပဲ ဝေးပါတယ်၊ ကျွန်တော် ခဏနေရင် လိပ်စာ ပို့လိုက်ပါ့မယ်”
တစ်ခဏကြာသော် လိပ်စာရပြီးသည်နှင့် ယဲ့ဖန် ချက်ချင်း ထွက်လာလိုက်သည်။ နလန်ရှောင်၏ သတင်းအရ ကျုံးလီအာသည် ယနေ့ည ညစာစားပွဲတစ်ယောက် တက်ရောက်မည် ဖြစ်သည်။
ပွဲကိုကျင်းပသူက ပထမ မင်းသမီးနှင့် ခွဲခြား၍ မရနိုင်အောင် ပတ်သက်မှုရှိနေပြီး ကျုံးလီအာကို တက်ရောက်ရန် ဖိတ်ကြားခြင်းက တိုက်ဆိုင်မှုသက်သက် မဖြစ်နိုင်ပေ။
တစ်နာရီကြာပြီးနောက် ယဲ့ဖန်သည် ဟိုတယ်တံခါးဝရှေ့သို့ ရောက်လာ၏။ ပွဲတက်ဝတ်စုံ ဝတ်ထားသည့် ကျုံးလီအာကို ဟိုတယ်ရှေ့၌ မြင်ရရန် သိပ်မကြာလိုက်ချေ။ သူမပုံစံက မသိမသာ မပျော်ရွှင်ဟန် ပေါ်နေပြီး မျက်နှာတွင် စိတ်မပါကြောင်း ရေးထိုးထားပုံ ပေါက်နေလေသည်။
သို့သော် ထိုအချင်းအရာက သူမ၏ အလှတရားကို မဖုံးကွယ်နိုင်ပါ။ လမ်းသွားလမ်းလာများအားလုံး သူမကို လည်ပြန်လှည့်ကြည့်ကာ ရူးမတတ် ဖြစ်နေကြသည်။
*လှလိုက်တဲ့ အလှလေး*
*နတ်သမီး၊ နတ်မိမယ်လေးပဲ*
ယဲ့ဖန်ကို သူမ မြင်သွားသောအခါ တစ်ခဏမျှ ကြက်သေ သေသွားပြီး အမြင်မှားသည်ဟု ထင်ကာ မျက်လုံးကို လက်ဖြင့် ပွတ်ကြည့်လေသည်။
ထို့နောက်တွင်မူ တအံ့တဩ အော်ဟစ်၍ ယဲ့ဖန်ထံ ပြေးသွားလေသည်။ သူမ၏ စိတ်လှုပ်ရှားနေပုံက ဖုံးဖိမရချေ။ သူမသည် လိပ်ပြာတစ်ကောင်သဖွယ် ယဲ့ဖန်၏ ရင်ခွင်ထဲသို့ ပစ်ဝင်၍ ယဲ့ဖန်၏ ကိုယ်နံ့ကို ရှူရှိုက်လာသည်။
သူမ အသည်းအသန် ငိုကြွေး၍ ပြောလေသည်။
“ကျွန်မ သိနေတယ်၊ ရှင် ကျွန်မဆီ လာလိမ့်မယ်လို့ ကျွန်မ သိနေတယ်၊ ရှင် ကျွန်မကို မလိုချင်မှန်း ကျွန်မ သိပါတယ်”
“အရူးမလေး ငါ ဘယ်လိုလုပ် မင်းကို မလိုချင်ဘဲ နေမလဲ”
ယဲ့ဖန် သူမခေါင်းလေးကို အသာပွတ်ပေးလိုက်သည်။ ဤသည်ကိုမြင်သော် လူတိုင်း အံ့အားသင့်သွားကြသည်။
*ဒီလူက ဒီအလှလေးရဲ့ ချစ်သူလား၊ ဘေးလူတွေအတွက် ကြေကွဲစရာ မကောင်းလွန်းဘူးလား*
*သိုးမွေးဆွယ်တာနဲ့ ဂျင်းဘောင်းဘီ၊ သာမန်ဝတ်စုံ ဝတ်ထားတဲ့လူက ဒီအလှလေးရဲ့ နတ်သမီးလို ဝတ်စုံနဲ့ ယှဉ်လိုက်ရင် စိတ်ပျက်ဖို့ကောင်းလောက်အောင် မလိုက်ဖက်ဘူးလေ*
သူတို့ မနာလိုအားကျကာ မုန်းတီးလာကြသည်။ သူတို့ ယဲ့ဖန်ကို နှစ်ချက်မျှ ပိတ်ထိုးချင်ပြီး ကျုံးလီအာအား ယဲ့ဖန်က သူမနှင့် မထိုက်တန်ကြောင်း ပြောချင်နေကြသည်။
“သတ်ဖြတ်ခြင်း နတ်ဆိုးသခင် ဘယ်မှာလဲ”
ယဲ့ဖန် မေးလိုက်သည်။
“ကျွန်မ သူ့ကို အိမ်က ကျွန်မမိဘတွေကို စောင့်ရှောက်ပေးဖို့ မှာထားလို့၊ အမေတို့က ဒီည ညစာစားပွဲမှာ မနေတတ်ဘူးလေ”
ကျုံးလီအာက နှုတ်ခမ်းစူ၍ ရှင်းပြသည်။
“ကျွန်မ မလာချင်ပင်မယ့် ကျွန်မအဒေါ်ကို ပြောမရဘူးလေ၊ သူက ကျွန်မကို ယောက်ျားလေး တစ်ယောက်နဲ့ အတင်း မိတ်ဆက်ပေးမယ် ပြောနေတာ၊ အခု ကျွန်မတို့မိသားစုက သူ့အိမ်မှာ နေနေရတော့ သူ မျက်နှာပျက်အောင် လုပ်လို့ မကောင်းဘူးလေ၊ အဲ့ဒါကြောင့် ဒီလာလိုက်တာ”
ကျုံးလီအာ၏ မူလစိတ်ကူးမှာ ဤပွဲသို့ တက်ပြီး ထိုလူအား သူမ၌ ချစ်သူ ရှိပြီးသားဖြစ်ကြောင်း ပြောပြလိုခြင်း ဖြစ်သည်။ သို့သော် ယနေ့ ညစာစားပွဲကို သူမ အလွန် ရိုးရှင်းစွာ တွေးထားမိနေသည်။
“ဒါပေမဲ့ အခု ရှင် ဒီရောက်လာပြီဆိုတော့ ကျွန်မ သူတို့ကို ချစ်သူရှိကြောင်း ပြောလို့ရပြီလေ”
ကျုံးလီအာက ပြုံး၍ ယဲ့ဖန်၏ လက်မောင်းကိုချိတ်၍ ဟိုတယ်ထဲသို့ ခေါ်သွားလေသည်။ သူမအမူအရာက ယဲ့ဖန်က သူမချစ်သူ ဖြစ်ကြောင်း တစ်လောကလုံး သိအောင် ကြေညာချင်နေသည့်ပုံပင်။
ဟိုတယ်ခန်းမတွင်းသို့ ဝင်လာပြီးနောက် အထဲ၌ လူများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ခန်းမတွင်း၌ အနည်းဆုံး လူတစ်ရာကျော် စုဝေးနေ၏။ သူတို့သည် လက်ရှိတွင် အံ့ဩစရာ အကောင်းဆုံးလူ ဖြစ်သည့် ယဲ့ဘုရင်အကြောင်း ပြောနေကြသည်။
“လီအာ နင် ဘာလို့ အခုမှ လာတာလဲ”
ထိုစဉ် နာမည်ကြီး ဝတ်စုံကို ဝတ်ဆင်ထားသည့် မြူဆွယ်တတ်သော အမျိုးသမီးတစ်ယောက် ရောက်လာသည်။ သူမ ဝတ်စားထားပုံက သူမ ချမ်းသာကြောင်း လူမသိမှာ စိုးနေသည့်ပုံပင်။
ထိုအမျိုးသမီးမှာ ကျုံးလီအာ၏ အဒေါ် စုဝမ်ချင်း ဖြစ်သည်။ ကျုံးလီအာက ယဲ့ဖန်၏ လက်မောင်းကို ကိုင်ထားသည်ကို တစ်ချက်ကြည့်ပြီး သူမ မျက်နှာပျက်သွားပြီး ပြန်မေးလိုက်သည်။
“သူက ဘယ်သူလဲ”
“သူက ကျွန်မချစ်သူ”
ကျုံးလီအာ မသိစိတ်အရ ယဲ့ဖန်၏ လက်မောင်းကို တင်းနေအောင် ချိတ်ထားမိသည်။
“ချစ်သူ ဟုတ်လား”
စုဝမ်ချင်း တစ်ဒင်္ဂမျှ မှင်တက်သွားပြီးမှ ဒေါသတကြီး ပြောလိုက်သည်။
“ဒီကောင်မလေးကတော့လေ ငါ့ကို ဘာတွေ လာနောက်နေတာလဲ၊ နင် မမြင်ဖူးတဲ့လူနဲ့ ချိန်းတွေ့ရတာကို မကြိုက်မှန်း ငါ သိပါတယ်၊ နင် ဒီလိုဆင်းရဲသားတစ်ယောက်ကို ရှာပြီး ဒိုင်းလို အသုံးချဖို့ မလိုပါဘူး ဟုတ်ပြီလား”
“နင် ရှာမယ်ဆိုရင်တောင်မှ လူကောင်းသူကောင်းတစ်ယောက်ကို ရှာရမယ်လို၊ သူက ဝတ်စုံတစ်စုံစာတောင် မတတ်နိုင်တာ၊ နင်တို့ အတူရပ်နေတဲ့ပုံက ငန်းမလေးနဲ့ ဖားတစ်ကောင်လိုပဲ”
သူမမျက်လုံးထဲတွင် ယဲ့ဖန်သည် ဆင်းရဲသားတစ်ယောက်သာ ဖြစ်ပြီး သူမ စိတ်တိုင်းကျ နင်းချေ၍ အနိုင်ကျင့်နိုင်သည်ဟု ထင်နေလေသည်။ ယဲ့ဖန်၏ မျက်လုံးများ မသိမသာ အေးစက်သွားသည်။
*ဒီမိန်းမပါးစပ်က တော်ရုံမဟုတ်ဘူးပဲ*
“ဘယ်သူက အဒေါ့်ကို နောက်နေလို့လဲ၊ သူက ကျွန်မချစ်သူ၊ အဒေါ် သူ့ကို ဒီလို ထပ်ပြောလို့ကတော့ ကျွန်မ အဒေါ့်ကို ပုန်ကန်ရလိမ့်မယ်”
ကျုံးလီအာ ဒေါသတကြီး ပြောလိုက်ပြီး မျက်နှာထား ပြောင်းလဲကာ စုဝမ်ချင်းအား အေးစက်စွာ စိုက်ကြည့် လေသည်။
စုဝမ်ချင်း မတွေဝေဘဲ မနေနိုင်တော့ချေ။ ကျုံးလီအာ အလွန် ဒေါသထွက်သည်ကို သူမ ယခုမှ မြင်ဖူးခြင်းပင်။
“နင် … နင် ဘာပြောတာလဲ၊ ငါ နင့်ကို သနားလို့ ရုပ်ချောဥစ္စာပေါ ကောင်လေးနဲ့ မိတ်ဆက်ပေးမလို့ကို နင်က ဒီငမွဲကို ခေါ်လာပြီး ငါ့ကို ဆန့်ကျင်တယ် ဟုတ်လား”
ထို့နောက် စုဝမ်ချင်း မျက်နှာထား ပြောင်းလဲကာ အထင်သေးသလို ပြောလေသည်။
“နင့်ကို ခေါ်ထားပါလို့ ငါ့ကို နင် လာတောင်းပန်ထားတာကို မမေ့နဲ့၊ ငါသာ နင့်ကို မသနားခဲ့ရင် မောင်းထုတ် ပစ်လိုက်မှာ”
“ကျုံးလီအာ ငါ နင့်ကို သတိပေးလိုက်မယ်၊ နင့်မိသားစု လုံခြုံတာ မလုံခြုံတာက သူ့အပေါ်မှာပဲ မူတည်တယ်၊ သူ့နောက်ကွယ်က မိသားစုက အင်ပါယာနဲ့ ပတ်သက်မှုရှိတယ်၊ သူက ပထမ မင်းသမီးနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်၊ နင်သာ အသိစိတ်ရှိတယ်ဆိုရင် နင့်ငမွဲ ရည်းစားကို မောင်းထုတ်ပစ်လိုက်တော့”
စုဝမ်ချင်းက နှစ်ခါတိတိ သရော်လေသည်။
“ဒီသခင်လေးနောက်လိုက်ရင် နင် ကလေးပေါက်စ ဖြစ်နေရင်တောင် တစ်ဘဝလုံး စားဖို့သောက်ဖို့ မပူရသလို ဘယ်သူမှလည်း နင့်ကို ထိရဲမှာ မဟုတ်ဘူး၊ ဒီဆင်းရဲသားနောက် လိုက်တာက ပိုကောင်းမယ် ထင်နေလား”
သူ့စကားများက ပိုပိုပြီး ရုန့်ရင်းကြမ်းတမ်းလာ၏။ ယဲ့ဖန်အား မြေကြီးထဲ မရောက်မချင်း နင်းချေပြောဆိုသည်ကို ရပ်မည့်ပုံ မပေါ်ချေ။
ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။
“ကျုပ် ခင်ဗျားပြောတဲ့ လေသံကို မကြိုက်ဘူး၊ ခင်ဗျား ပါးစပ်ပိတ်ထားလို့ ရမလား”
သူ့စကားကို ကြားသော် စုဝမ်ချင်း စိတ်မထိန်းနိုင်တော့ဘဲ အမြီးတက်နင်းခံလိုက်ရသကဲ့သို့ ဆွေ့ဆွေ့ခုန် လေတော့သည်။
“ငါ့လေသံကို သဘောမကျဘူး၊ နင်က ဘာမို့လို့လဲ၊ နင် မကြိုက်တော့ ငါ့အလုပ်လား၊ နင် မကြိုက်ရင် ထွက်သွားလိုက်၊ နင့်လို ဆင်းရဲသားက ဒီနေရာကို လာနိုင်မယ် ထင်နေလား”
“ဖြောင်း”
သို့သော် သူမစကားကြောင့် ပြန်ရလိုက်သည့် အဖြေမှာ ယဲ့ဖန်၏ အားပါသော ရိုက်ချက်ပင်။ ထိုရိုက်ချက်ကြောင့် စုဝမ်ချင်း ကြမ်းပြင်ပေါ် လဲကျသွားသည်။ သူမ မျက်နှာက ချက်ချင်း ရောင်ကိုင်းလာ၏။
ခန်းမထဲမှ လူတိုင်း အံ့ဩသွားပြီး အားလုံး၏ အကြည့်က ယဲ့ဖန်ပေါ် ရောက်လာသည်။ ဤညစာစားပွဲ၌ မည်သူက ပြဿနာ ရှာရဲသည့် သတ္တိ ရှိနေသလဲဟု သူတို့ သိချင်နေကြသည်။
*ဒီပွဲကို ကျင်းပတဲ့လူက ဘယ်သူလဲ သူတို့ မသိဘူးလား*
“နင် … နင် ငါ့ကို ရိုက်ရဲတယ်ပေါ့လေ”
စုဝမ်ချင်းက မယုံနိုင်ဟန်ဖြင့် မျက်နှာကို အုပ်ထားမိသလို သွားအချို့လည်း ကျွတ်ထွက်သွားသည်။ ဆင်းရဲသား တစ်ယောက်ထံ၌ ပါးရိုက်ခံရလိမ့်မည်ဟု သူမ ထင်မထားသဖြင့် အံ့ဩမိနေသည်။
ဝတ်စုံတစ်စုံတောင် မတတ်နိုင်သည့်အပြင် သူမတူမကြောင့် ဤပွဲကို တတ်ခွင့်ရသည့် ဆင်းရဲသားက ဘယ်လိုလုပ် သူမကို ရိုက်ရဲရသနည်း။
“ကျုပ်အပေါ် ခင်ဗျားရဲ့ သဘောထား မပြောနဲ့ ခင်ဗျားလေသံကို ကျုပ် မကြိုက်ဘူးလို့ ပြောခဲ့သားပဲ”
ယဲ့ဖန် သူမကို အေးစက်စွာ ကြည့်နေသည်။
“ခင်ဗျား ပါးစပ်မပိတ်ချင်ရင် ကျုပ် ခင်ဗျားကို ပါးစပ်ပိတ်အောင် လုပ်ပေးမယ်၊ ခင်ဗျား သဘောထားကို မပြောင်းလဲရင် ကျုပ်သဘောထားကို ခင်ဗျား သိအောင် လုပ်ပေးမယ်”