Chapter 1389 - 1390
Vol. 93 Ch. 1389- 1390
Chapter 1389 မင်းမှာ ငါ ထွက်ပြေးရလောက်တဲ့ အရည်အချင်းမျိုး ရှိလို့လား
“ဝိုး”
ယဲ့ဖန်၏ စကားကို ကြားသောအခါ လူတိုင်း ပွက်လောရိုက်သွားပြီး သူ့ကို မယုံသင်္ကာဟန်ဖြင့် ကြည့်လာကြသည်။
*လီချုံးယန်ကို ရိုက်မယ် ဟုတ်လား*
*ဒီကောင် ဘယ်က ယုံကြည်မှုတွေ ရနေတာလဲ*
“မင်း အသက်ရှင်နေမှ ဆက်ပြောတာပေါ့”
လီချုံးယန်က ခက်ထန်သော မျက်နှာထားနှင့် ကြိမ်းမောင်းလေသည်။ စင်ပေါ်မှ မဆင်းခင်တွင် လီချုံးယန်က ဝမ်ကျင်းကို ခပ်စူးစူး တစ်ချက်ကြည့်လိုက်သည်။
*သူ မသေရင် မင်း သေရမယ်*
ဝမ်ကျင်း တုန်ယင်သွားပြီး မျက်နှာ မည်းမှောင်သွားကာ လီချုံးယန်ကို စိတ်အေးအေးထားရန် ခေါင်းညိတ်၍ အချက်ပြလိုက်သည်။
“ဘယ်လိုနေလဲ၊ မင်း အဆင်ပြေရဲ့လား”
ယဲ့ဖန်က နတ်ဆိုးနဂါးဖုရှန်နားသို့ လျှောက်သွားပြီး ဆေးတစ်လုံး ပေးလိုက်သည်။
“အဆင်ပြေပါတယ်၊ ငါ မသေနိုင်ပါဘူး”
နတ်ဆိုးနဂါး ဖုရှန်က အပြုံးကြီးပြုံး၍ ဆေးကို ယူလိုက်သည်။ ယဲ့ဖန် ရယ်ရမလား ငိုမရမလား မသိတော့ဘဲ ပြန်ပြောလိုက်သည်။
“နောက်တစ်ခါ ဒီလိုကိစ္စမျိုးနဲ့ ကြုံလာရင် လူဝကြီးလိုမျိုး မင်းမျက်နှာကြီး ရောင်ကိုင်းနေအောင် မလုပ်နဲ့”
“ဒါဆို မင်း ဘယ်လိုလုပ်မှာလဲ၊ မင်းက နောက်ဆုံးအချိန်ထိ ပေါ်မလာသေးရင် ငါ မင်းအတွက် သွေးပူအောင် လုပ်ထားပေးရမှာ မဟုတ်ဘူးလား”
နတ်ဆိုးနဂါး ဖုရှန်က ပြုံးမြဲပြုံးနေ၏။ နတ်ဆိုးနဂါးဖုရှန်နှင့် အခြားသူများကို နားမချနိုင်မှန်း သိလိုက်သောကြောင့် ယဲ့ဖန် မတတ်သာဘဲ ခေါင်းသာခါလိုက်မိသည်။
“မင်း သူတို့ကို ဒီဆေးနှစ်လုံး တိုက်လိုက်၊ ပြီးရင် ငါ ဖျော်ဖြေတာကို ကြည့်နေ”
“ဖျော်ဖြေတာ ဟုတ်လား၊ သရုပ်ဆောင်ချင်နေတယ်ပေါ့လေ၊ မင်း မကြာခင် သေမယ့်ပုံကိုလား”
ဝမ်ကျင်းက ယဲ့ဖန်အား အထင်သေးသော အကြည့်များဖြင့် ကြည့်နေသည်။ ထို့နောက် သူ့မျက်နှာထားက စဉ်းလဲလာပြီး နောက်လှည့်၍ ပိုင်ရွှယ်ကို ခုတ်ပိုင်းလေသည်.
“မင်း ပြန်လာပြီဆိုတော့ ပျော်စရာလေးရအောင် မင်းမိန်းမကို အရင်သတ်ရတာပေါ့”
ထိုအခိုက်တွင် လူသတ်ချင်စိတ်များ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။ လူတိုင်း အံ့ဩသွား ကြသည်။ ဝမ်ကျင်းက ယဲ့ဖန်ရှေ့၌ သူ့အမျိုးသမီးကို သတ်သည်အထိ ကြမ်းကြုတ်လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
လက်ရှိတွင် ဝမ်ကျင်း၏ မျက်လုံးတွင် ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေပြီး လက်ထဲမှ ဓားအား အရှိန်ဖြင့် လွှဲယမ်းလိုက်သည်။ မရေတွက်နိုင်သော လူများသည် မျက်စိရှေ့၌ မိန်းမလှလေး တစ်ယောက် အသတ်ခံရမည့်အဖြစ်ကို မမြင်လိုဟန်ဖြင့် ကရုဏာသက်လာကြသည်။
ဤဓားဖြင့်ဆိုလျင် ချစ်စရာကောင်းသော မိန်းမလှလေး ပိုင်ရွှယ် ထက်ပိုင်းပိုင်းခံရမည် မဟုတ်ပါလော။
လူတစ်ချို့သည် ရက်စက်သော မြင်ကွင်းကို မကြည့်ရဲသဖြင့် မျက်လုံးကို မှိတ်ထားကြသည်။ သို့သော် ပိုင်ရွှယ်၏ မျက်နှာထက်တွင် သူတို့ ထင်ထားသကဲ့သို့ ကြောက်လန့်ရိပ် ရှိမနေပါ။
သူမသည် ခေါင်းမော့၍ အထင်သေးသော အမူအရာနှင့် ဝမ်ကျင်းအား မျက်တောင်မခတ်တမ်း ကြည့်လာ၏။
*ဒီခွေးမက … ငါ့ကို တကယ်ကြီး အထင်သေးနေတာလား*
ဝမ်ကျင်း ဒေါသူပုန်ထသွားသည်။ တစ်ဖက်လူ၏ မျက်လုံးတွင် သူ့ကို အထင်သေးရိပ်များ ပြည့်နှက်နေကြောင်း သိသာလှသည်။
*ခွေးမ*
*နင် သေလိုက်တော့*
ဝမ်ကျင်း ဒေါကန်နေပြီး ကျလာသည့် ဓားချက်အရှိန်က လျင်မြန်လာ၏။ ထိုစဉ် ယဲ့ဖန်၏ မျက်လုံးက ရုတ်တရက် ခရမ်းရောင် ပြောင်းသွားပြီး မျက်ဝန်းတွင်း၌ နဂါးငွေ့တန်းကို မြင်လိုက်ရသည်။ ထို့နောက်တွင်မူ ထင်မှတ်မထားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။
ဝမ်ကျင်း၏ ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားပြီး နေရာ၌ ဗြုန်းခနဲ ရပ်သွားသည်ကို တွေ့လိုက်ရသည်။
သူ လှုပ်ရှား၍ မရနိုင်သကဲ့သို့ ငြိမ်နေ၏။ သူ မည်မျှ ကြိုးစားပါစေ ဓားက အောက်သို့ ကျမလာချေ။
*ဒါကြီးက မဖြစ်နိုင်ဘူးလေ*
လူတိုင်း ဝမ်ကျင်းကို ဇဝေဇဝါဖြင့် ကြည့်နေပြီး ဘာကြောင့် သူ ရပ်လိုက်သလဲ သိချင်နေ ကြသည်။
အစ၌ ဝမ်ကျင်း သူ့လုပ်ရပ်အပေါ် စိတ်မကောင်း၍ ဖြစ်သွားသည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် သူတို့ သေချာကြည့်လိုက်သောအခါ ဝမ်ကျင်း၏ မျက်နှာ ရှုံ့မဲ့နေပြီး သူ့မျက်လုံးတွင် ကြောက်လန့်ဟန်များ ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ထိုအခါတွင်မှ သူ ထိန်းချုပ်ခံနေရမှန်း သိလိုက်ကြသည်။ မည်သူက ဘုရင်အဆင့်ကို ထိန်းချုပ် နိုင်နေသနည်း။
တစ်ခဏကြာသော် လူတိုင်း ယဲ့ဖန်ကို အံ့ဩသော အကြည့်ဖြင့် ကြည့်လာကြသည်။
*သူ ဘယ်လိုလုပ် လုပ်နိုင်တာလဲ*
“ဝမ်ကျင်း မင်း ဘာလုပ်နေတာလဲ၊ သူတို့ကို သတ်လိုက်လေ၊ ငါ သူတို့ကို သတ်လိုက်ဖို့ ပြောနေတယ်လေ”
လူအုပ်ထဲမှ လီပေါ်ရှုက ဒေါသတကြီး အော်ဟစ်လာ၏။ သို့သော် သူ့စကားအဆုံး၌ ထူးဆန်းသော အရာတစ်ခု ဖြစ်ပေါ်လာသည်။
ဓားကိုင်ထားသော ဝမ်ကျင်း၏ လက်က ပေါက်ကွဲသွားပြီး သွေးများ ပန်းထွက်လာလေသည်။
“ချွင်”
မြေကြီးပေါ် ဓားပြုတ်ကျလာ၏။ ဤမြင်ကွင်းက လူတိုင်းကို သွေးပျက်သွားစေသည်။ ယဲ့ဖန်က တစ်လက်မမှ မရွေ့ဘဲ ဝမ်ကျင်းကို ဒဏ်ရာ အပြင်းအထန်ရအောင် လုပ်နိုင်သည်တဲ့လား။
*ဒါ ဘယ်လိုမျက်လှည့်အကွက်ကြီးလဲ*
ယဲ့ဖန်ပေါ်သို့ ကြောက်စိတ်များ ပြည့်နှက်နေသည့် အကြည့်များစွာ ကျရောက်လာ၏။ ပြိုင်ပွဲကို လာကြသည့် ကောင်းကင်အဆင့် ပါရမီရှင်များလည်း အံ့ဩဟန်ပေါ်နေပြီး ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်နေကြသည်။
*ဒီလူက တော်တော်ထူးဆန်းတာပဲ*
ယဲ့ဖန်က လက်ပိုက်၍ ဟိတ်ဟန်အပြည့်ဖြင့် ဝမ်ကျင်းကို စိုက်ကြည့်နေသည်။ သူ၏ စိုက်ကြည့်ခြင်း ခံရသောကြောင့် ဝမ်ကျင်းသည် ရေခဲကန်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရကာ ကြက်သီးမွေးညင်းထကာ သေမတတ် ကြောက်လန့်သွားသည်။
*ချီးပဲ*
*ဒီကောင်က ဘယ်လိုလုပ် အရမ်း သန်မာနေတာလဲ*
*သူ့ရှေ့မှာ ငါက တိုက်ခိုက်ဖို့ အစွမ်းတောင် မရှိတော့ဘူးလား*
*လက်မခံနိုင်ဘူး*
*ငါက ဘယ်လိုလုပ် ဒီလောက် အလွယ်တကူ ရှုံးရမှာလဲ*
“ရွှစ်”
လေပြင်းတစ်ချက် တိုက်ခတ်လာပြီးနောက် ဓားမြောင်တစ်လက်က ယဲ့ဖန်၏ နောက်ကျောသို့ လျင်မြန်စွာ ရောက်ရှိလာ၏။
*အလစ်တိုက်တာလား*
ထိုအခိုက်တွင် လူတိုင်း မျက်နှာသုန်မှုန်သွားကြသည်။ တိုက်ခိုက်မည်ဟု သဘောတူထား သော်လည်း ဝမ်ကျင်းက ယုတ်ညံ့သော အလစ်တိုက်ခြင်းကို အသုံးပြုခဲ့ခြင်းက အလွန် အရှက်မဲ့ လှသည်။
“မြတ်စွာဘုရား ရှန်းယန်အဆင့် လက်နက် ပါလား”
တစ်စုံတစ်ယောက်က သတိထားမိသွားပြီး အလန့်တကြား ရေရွတ်လာသည်။
*ဘာ ရှန်းယန်အဆင့် လက်နက်လား*
လူတိုင်း၏ မျက်နှာတွင် ထိတ်လန့်ဟန်များ ပေါ်လာ၏။ ဘုရင်အဆင့်တစ်ယောက်၌ ရှန်းယန် အဆင့် လက်နက် ဘယ်လိုလုပ် ရှိနေသနည်း။
ထိုအခိုက်တွင် လူအုပ်ထဲမှ လီချုံးယန်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။ ဤလက်နက်ကို ဝမ်ကျင်းအား သူ တမင် ငှားပေးလိုက်ခြင်း ဖြစ်ပေသည်။
ယဲ့ဖန်ကို သတ်ရန်အတွက် သူသည်လည်း အတော်လေး ရင်းနှီးလိုက်ရသည်။ စင်မြင့်ထက်တွင် ဝမ်ကျင်းက ယဲ့ဖန်၏ သွေးများ ပန်းထွက်လာသည်ကို မြင်ယောင်နေသကဲ့သို့ အလွန် ပျော်ရွှင်စွာ ပြုံးနေ၏။
*သေလိုက်တော့ အလကားကောင်၊ မင်း သေတာနဲ့ မင်းမိန်းမက ငါ့အပိုင်ပဲ*
သို့သော် ဆက်လက် ဖြစ်ပေါ်လာသော မြင်ကွင်းက လူအများက မှင်တက်သွားစေသည်။ ယဲ့ဖန်က နောက်လှည့်၍ လက်ကိုဆန့်ကာ အရှိန်ဖြင့် တိုးဝင်လာနေသော ဓားမြောင်ကို ဖမ်းလိုက်သည်။
ဤသည်ကိုမြင်သော် လက်နက်ကို လက်ချည်းဗလာဖြင့် တားချင်သော ယဲ့ဖန်၏ အပြုအမူက လွန်ကဲပြီး မဖြစ်နိုင်ကြောင်း ပြောချင်လှသည်။ သို့သော် ယဲ့ဖန်၏ ဆက်လက် လှုပ်ရှားမှုက သူတို့ကို ပါးစပ်ပိတ်သွားစေသည်။
“ဒင်”
ဓားကို လက်ဖြင့် ညှပ်ဖမ်းလိုက်သဖြင့် ဓားသွား တုန်ခါသွားသည်။ သူ့ပုံစံက အိတ်ထဲမှ တစ်ခုခုကို ရှာဖွေ၍ လှမ်းယူလိုက်သကဲ့သို့ လွယ်လွန်းလှသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ရှန်းယန်အဆင့် လက်နက်အား ဘုရင်အဆင့် မဆိုထားနှင့် သူတော်စင်သခင်အဆင့်ပင် လက်လွတ်စပယ် မကိုင်ရဲသော လက်နက် ဖြစ်သည်။
*ဒီလူက သူတော်စင်သခင်အဆင့်များလား*
ဤမြင်ကွင်းက ထူးဆန်းလှပြီး လူတိုင်း၏ စိတ်နှလုံးအား အပြင်းအထန် တုန်လှုပ်သွားစေသည်။ ထို့ကြောင့် လူတိုင်း သရဲတစ္ဆေကို တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်နေလေသည်။
လီချုံးယန် မျက်မှောင်ကြုတ်သွားသည်။ ဤဓားမြောင်သည် နတ်ဘုရားလက်ချောင်းဟု ကျော်ကြားပြီး အတိတ်အခါက နတ်ဘုရင်အဆင့် ထွင်းထုခဲ့သော လက်နက် ဖြစ်သည်။ ၎င်းသည် အလွန်ထက်ရှ၍ အရာအားလုံးကို ထိုးဖောက်နိုင်သည်။
သူ သိသလောက်ဆိုလျင် ဤနတ်ဘုရားလက်ချောင်း ဓားမြောင်အား လက်ချည်းသက်သက်ဖြင့် တားနိုင်သူ မရှိပါ။ သူသည်လည်း ခြွင်းချက်မဟုတ်ပေ။
သူတော်စင်သခင်အဆင့်ဖြစ်သော သူတောင်မှ မလုပ်နိုင်သည့်အရာအား ယဲ့ဖန်က မည်သို့ လုပ်နိုင်ရသနည်း။ ဤသည်မှာ မယုံနိုင်စရာ ကောင်းလှသည်။ လီချုံးယန်၏ မျက်နှာက အလေးအနက် ဖြစ်လာ၏။
*သူက တကယ်ပဲ နဂါးအသွင်ပြောင်းခြင်းအဆင့် ဟုတ်လို့လား*
ထိုစဉ် ယဲ့ဖန်၏မျက်နှာတွင် မချိုမချဉ် အပြုံးပေါ်လာပြီး ဓားမြောင်ကို ပြန်ကိုင်၍ အသာ ထိကိုင်လိုက်သည်။ ထိုအခါ ဓားမြောင်သည် တစ်ချက် လင်းသွားပြီးနောက် ငြိမ်သက် သွားလေသည်။
*ဘာ*
လီချုံးယန် မျက်လုံးကျွတ်ကျမတတ် ဖြစ်သွားရသည်။ ဤလက်နက်အား သူ့ကို သခင်အဖြစ် အသိအမှတ် ပြုလာစေရန် တစ်နှစ်ပတ်လုံး အချိန်ယူခဲ့ရသည်။
သို့သော် ယဲ့ဖန် သာသာလေး တစ်ချက်ကိုင်လိုက်သည်နှင့် သူကြိုးစားထားရသော အရာက ပျောက်ကွယ်သွားလေသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“မင်းလက်ကို ငါ ဖျက်ဆီးလိုက်တာတောင် မင်းက ငါ့ကို ရှန်းယန်အဆင့် လက်နက် ပေးလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ကျေးဇူးပဲ”
ယဲ့ဖန် ပြုံးတုံ့တုံ့ လုပ်နေသည်။ ထိုစကားကိုကြားသော် လီချုံးယန် သွေးအန်ချင်သွားသည်။ သူ အလွန် ကြိုးစားထားရသည့် လက်နက်ကို ဤလူငယ်က ပိုင်သွားပြီ မဟုတ်ပါလော။
“မင်းကို ငါ ပေးတယ်”
ယဲ့ဖန်က နတ်ဘုရားလက်ချောင်း ဓားမြောင်အား သူ့အနားမှ ဟွမ်ယွီလင်းထံ ပစ်ပေးလိုက်သည်။ အားလုံး အံ့အားသင့်သွားကြသည်။
*ဒါ ရှန်းယန်အဆင့် လက်နက်လေ၊ ဒါတောင် သူက သူများကို ပေးတယ်လား*
*ပြီးတော့ အမှိုက်တစ်ခုကို ပစ်လိုက်သလိုမျိုး ပေါ့ပါးလိုက်တာ*
*ဒီလူက ရှန်းယန်အဆင့် လက်နက်ကို အထင်မကြီးဘူးလား မသိဘူး*
“မင်း သွေးတစ်စက် ချလိုက်တာနဲ့ အဲ့ဒါက နောက်ဆို သူ့ရဲ့သခင်အဖြစ် မင်းကို မှတ်ယူလိမ့်မယ်”
“ကျေးဇူးတင်ပါတယ် အစ်ကိုယဲ့”
ဟွမ်ယွီလင်း ဝမ်းသာသွားပြီး နတ်ဘုရားလက်ချောင်းအား အလေးအနက်ထား၍ ကိုင်တွယ် လေသည်။ သူမရင်ထဲမှ ဝမ်းသာစိတ်အား ထိန်းချုပ်မရနိုင်ချေ။
ဤသည်ကိုမြင်သော် လူတိုင်းသည် ဟွမ်ယွီလင်းအား အားကျ၍ မနာလိုဝန်တို ဖြစ်လာကြသည်။
*ဒီကောင်မလေးက ဘာမှမလုပ်တာတောင် ရှန်းယန်အဆင့် လက်နက်ကို ရလိုက်တယ်၊ မယုံနိုင်စရာပဲ*
လက်ရှိတွင် သူတို့အားလုံးသည် ယဲ့ဖန်အား “ခင်ဗျား မိတ်ဆွေလိုသေးသလား”ဟု မေးချင်နေ ကြသည်။
ဤသည်ကိုမြင်သော် လီချုံးယန်၏ မျက်နှာ မည်းမှောင်နေကာ နှလုံးသား၌ သွေးစိမ်းရှင်ရှင် ယိုစိမ့်နေ၏။
သို့သော် လူများစွာက ကြည့်နေသဖြင့် နတ်ဘုရားလက်ချောင်းအား သူ ပြန်မလုရဲချေ။ သို့မဟုတ်ပါက ဤနတ်ဘုရားလက်ချောင်း ဓားမြောင်ကို ဝမ်ကျင်းအား သူ ပေးထားသည်ဟု ဝန်ခံရာ ရောက်သွားမည် မဟုတ်ပါလော။
ထို့နောက်တွင်မူ ယဲ့ဖန်ကို ကြည့်သော သူ့အကြည့်က ပိုမို၍ ကြမ်းကြတု်လာသည်။
*သေရမယ်*
*ဒီချီးထုပ် သေရမယ်*
“မင်းက ငါ့ကို လက်နက်ပေးမှတော့ အပြန်အလှန်အနေနဲ့ ငါ မင်းကို ပျော်ပျော်ရွှင်ရွှင် သေခိုင်း ရမှာပေါ့”
ယဲ့ဖန် အသာပြုံး၍ ဝမ်ကျင်းကို ကြည့်လိုက်သည်။ စင်မြင့်ပေါ်၌ ရှိနေသော ဝမ်ကျင်းသည် အလွန် မျက်နှာသုန်မှုန်နေ၏။
အကြိမ်အနည်းငယ်မျှ အသက်ပြင်းပြင်းရှူပြီးနောက် ဝမ်ကျင်းက ခေါင်းညိတ်လေသည်။
“ကောင်းပြီလေ မင်းက ငါ့ကို ဖိအားပေးနေတာပဲ”
ချက်ချင်းဆိုသလိုပင် သူသည် နဂါးငါးကောင် ဒန်ဆေးလုံးကို ပါးစပ်ထဲထည့်ကာ မျိုချ လိုက်သည်။
“ဟာ ဝမ်ကျင်းက နဂါးငါးကောင် ဒန်ဆေးလုံးကို တကယ် စားလိုက်တာလား၊ သူ တော်တော် ယုတ်မာတာပဲ”
“သူကမှ တကယ့် အရှက်မရှိတဲ့ကောင်”
လူတိုင်း ဒေါသူပုန်ထသွားကြသည်။ အငိုက်ဖမ်း၍ တိုက်ရုံသာမက သူ၏ ကျင့်ကြံခြင်း တိုးတက်လာစေရန် နဂါးငါးကောင် ဒန်ဆေးလုံးကိုပင် စားလိုက်သေး၏။ အလွန် လှည့်စား၍ ညစ်ပတ်လွန်းသည်။
လက်ရှိတွင် ကျောင်းသားတိုင်းက သုန်မှုန်နေသော မျက်နှာနှင့် ဝမ်ကျင်းအား အထင်သေး မုန်းတီးစွာ ကြည့်လာကြသည်။
“ဟားဟားဟား ဆဲလေ ဆဲ ငါ ဂရုမစိုက်ဘူး”
ဝမ်ကျင်းက ဟားတိုက်ရယ်မောနေပြီး သူ့ကိုယ်ထဲမှ စွမ်းအင်က တစ်ဟုန်ထိုး တိုးမြင့်လာ နေသည်ကို ခံစားမိနေ၏။
ယဲ့ဖန်ကို သတ်နိုင်သရွေ့ ခဏတာမျှ ဆဲဆိုခံရလဲ ဘာအရေးနည်း။ သူ့အား အရှက်မရှိသူဟု သတ်မှတ်လဲ ကိစ္စမရှိပါ။ လီချုံးယန်၏ သူ့အပေါ် ထောက်ပံ့ပေးမှုနှင့်ဆိုလျင် ဝမ်ကောဖူ၌ သူ အေးအေးလူလူ သွားလာနိုင်သေးသည်။
ယနေ့ ယဲ့ဖန် သေကိုသေရမည်။
ထို့နောက် ဝမ်ကျင်းက ယဲ့ဖန်အား ဆာလောင်နေသော ဝံပုလွေက သိုးကို ကြည့်သကဲ့သို့ ကြမ်းကြုတ်သော အကြည့်များဖြင့် စိုက်ကြည့်လေသည်။
“ဟေ့ကောင် နောက်ဘဝမှာ မင်း ဒီဖေဖေကြီးနဲ့ ပြန်တွေ့ရင် ဝပ်တွားဖို့ သတိရဦးပေါ့ကွ”
“ဖုန်းယဲ့ ပြေးတော့၊ ဒီအရှက်မရှိတဲ့ကောင်က ရိုင်းစိုင်းတယ်၊ မင်း သူနဲ့တိုက်ဖို့ မလိုဘူး”
“ဟုတ်တယ် စိတ်လိုက်မာန်ပါလုပ်ပြီး မင်းဘဝကို ဖျက်ဆီးမခံနဲ့”
လူတစ်ချို့က စိုးရိမ်သော အကြည့်များဖြင့် ယဲ့ဖန်ကို သတိပေး ဖျောင်းဖျကြသည်။
“ထွက်ပြေးရမယ်၊ မင်း ထွက်ပြေးနိုင်လို့လား”
ဝမ်ကျင်းက အေးစက်စွာ ခနဲ့၍ ယဲ့ဖန်ထံ ခုန်ဝင်၍ တိုက်ခိုက်လေသည်။
“ဟားဟား …”
ယဲ့ဖန် ရယ်မော၍ ဝမ်ကျင်းအား မျက်ခုံးပင့်၍ ကြည့်လိုက်သည်။
“မင်းမှာ ငါ ထွက်ပြေးရလောက်တဲ့ အရည်အချင်းမျိုး ရှိလို့လား”
Chapter 1390 တိုက်ကွက် လေးကွက်
*ဒီလူ … နောက်မဆုတ်ဘူးလား*
လူတိုင်း၏ မျက်နှာတွင် မယုံနိုင်လောက်အောင် အံ့ဩဟန်များ ပေါ်လာ၏။
*အရူး*
*ရူးနေပြီ*
*အခု ဝမ်ကျင်းရဲ့ အရှိန်အဝါကို သူ မခံစားမိဘူးလား*
ယခု လုံးဝ ကြမ်းတမ်းနေသော ဝမ်ကျင်းအား ဤနေရာ၌ ရှိနေသောလူတိုင်း တိုက်ခိုက်ရဲသည့် သတ္တိမရှိပါ။ သို့သော် ယဲ့ဖန်က နဂါးအသွင်ပြောင်းခြင်းအဆင့်လေးနှင့် သူ့ကို စိန်ခေါ်ချင် နေသည်။ ဤသည်ကို ကိုယ့်သေတွင်း ကိုယ်တူးခြင်းဟု ပြောရပေမည်။
“သူ့ကိုသတ်”
လီပေါ်ရှုသည် အလွန် ကျေနပ်အားရနေသော မျက်လုံးဖြင့် သံကုန် အော်ဟစ်လေသည်။
*ဒီကောင်က မပုန်းဘူးပေါ့လေ၊ ဒါဆိုလည်း သဲအိတ်လို ပေါက်ထွက်အောင် လုပ်ရတာပေါ့*
“သေလိုက်၊ နောက်ဆုံးတော့ ဒီမျိုးမစစ်ကောင် သေတော့မယ်”
ကြီးကြပ်ရေးမှူးလီသည်လည်း အံ့ဩသွားပြီးနောက် အားပါးတရ ရယ်မောလေသည်။ ထိုစဉ် ဝမ်ကျင်းက ယဲ့ဖန်အနားသို့ ရောက်နေပြီး စိတ္တဇအပြုံးနှင့် ပြောလာသည်။
“မင်းခေါင်းကို လက်သီးနဲ့ ထိုးခွဲမယ်၊ လက်သည်းနဲ့ မင်းနှလုံးသားကို ဖောက်ထုတ်မယ်၊ မင်းသေခြင်းကို လက်ခံလိုက်တော့”
“ဖုန်းယဲ့ ပြေးတော့”
“မင်းက သူ့ပြိုင်ဘက် မဟုတ်ဘူး၊ စိတ်လိုက်မာန်ပါလုပ်ရင် မင်းပဲ သေရလိမ့်မယ်”
လူအုပ်ကြီးက ပြိုင်တူ အော်ပြောနေသည်။ သူတို့အားလုံး ကြောက်လန့်နေ၏။ ယနေ့ ဝမ်ကျင်းက သားရဲကောင်နှင့် တူနေ၏။ သို့သော် ယဲ့ဖန်က လှောင်ရယ်လေသည်။
“ငါ့ခေါင်းကို လက်သီးနဲ့ ထိုးခွင်းမယ်၊ ငါ့နှလုံးသားကို လက်သည်းနဲ့ ဖောက်ထုတ်မယ် ဟုတ်လား၊ မင်းက သတ္တိရှိတယ်လို့ ပြောရမှာပဲ”
ထို့နောက် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ယဲ့ဖန်ကလည်း လက်သီးဖြင့် ပြန်ထိုးလေသည်။
ဤမြင်ကွင်းက လူတိုင်းအား အပြင်သို့ နှလုံးခုန်ထွက်တော့မတတ် ဖြစ်သွားစေသည်။ ယဲ့ဖန် သေလိမ့်မည်ဟု သူတို့ အတပ် သိလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဝမ်ကျင်းသည် လက်ရှိတွင် သားရဲတစ်ကောင်သဖွယ် ဖြစ်နေပြီး ယန်စွမ်းအင်များ တိုးပွားနေကာ လူသတ်ချင်စိတ်ကလည်း မြင့်တက်နေ၏။ ထို့ကြောင့် သူ၏ အရှိန်အဝါအား လူအများ ခုခံရ ခက်နေသည်။
“ဒုန်း”
ထို့နောက်တွင်မူ နှစ်ယောက်လုံး လက်သီးချင်း ထိုးမိသွားသည်။
*သွားပြီ*
လူတိုင်း ယဲ့ဖန်ထံမှ မည်သို့သော အော်သံ ထွက်လာမလဲဟု တွေးမိကြသည်။
“မင်းမိတ်ဆွေက တော်တော် မဆင်မြင်လုပ်တာပဲ”
လင်းဝူယာက အထင်သေးစွာ ပြုံးလေသည်။ သူ အစောပိုင်းက ရှောင်တိမ်း၍ ရသော်လည်း သေတွင်း တူးသွားခဲ့သည် မဟုတ်ပါလော။ ယခု သူ့အသက် ဆုံးရှုံးရပေတော့မည်။
“နင် လေလုံးထွားဖို့ပဲ တတ်တယ်၊ ကြည့်နေ အစ်ကိုယဲ့ နိုင်လိမ့်မယ်”
ဟွမ်ယွီလင်းက မာန်မဲ၍ သူ့အား ခက်ထန်စွာ ကြည့်လေသည်။ လင်းဝူယာ ရယ်ချင်သွားပြီး မတတ်နိုင်ဟန်ဖြင့် ခေါင်းခါလေသည်။ ဟွမ်ယွီလင်းက ကိစ္စတစ်ခု၏ အဓိကအချက်ကို သိမြင်ရန် ငယ်နေသေးသည် မဟုတ်ပါလော။
*နိုင်မယ် ဟုတ်လား၊ သေတော့မှာကို*
“အား….”
တစ်ခဏအတွင်းမှာပင် စင်မြင့်ထက်မှ အလွန် နာကျင်စွာ အော်ဟစ်သော အသံတစ်သံ ထွက်ပေါ်လာ၏။
“ကြည့်လေ၊ မင်းအစ်ကိုယဲ့က ကံဆိုးတယ်မလား၊ ဒါ မင်း ထိန်းချုပ်နိုင်တဲ့အရာ မဟုတ် … ဟမ်၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လင်းဝူယာ လှောင်ပြောင်စကား ပြောရန် ပြင်လိုက်ပြီး စင်မြင့်ထက်သို့ လှမ်းကြည့်လိုက် သောအခါ အော်ဟစ်သူက ယဲ့ဖန် မဟုတ်ဘဲ ဝမ်ကျင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူ၏ နောက်လက်တစ်ဖက်သည် အက်ကွဲနေပြီး လက်ငါးချောင်းလုံး တွန့်လိမ်နေ၏။ အရိုးများ ငေါထွက်ကာ သွေးများ တတောက်တောက် ကျနေသေးသည်။
ဝမ်ကျင်း အော်ဟစ်ရင်း သွေးထွက်နေသော လက်ကိုကိုင်၍ နောက်သို့ အသည်းအသန် ဆုတ်နေသည်။ သူ၏ လက်နှစ်ဖက်လုံး ပျက်စီးသွားလေပြီ။
ဘေးလူများအားလုံး ထိတ်လန့်သွားသည်။ လူတိုင်း ကြက်သေ သေနေကာ မယုံနိုင်ဟန် ပြနေပြီး ယဲ့ဖန်က လက်သီးဖြင့် ဝမ်ကျင်းအား ထိခိုက်အောင် လုပ်လိုက်နိုင်ခြင်းအား အမှန်ဟု လက်မခံနိုင် သေးသည့်ပုံပင်။
*ဝမ်ကျင်းက နဂါးငါးကောင် ဒန်ဆေးလုံးကို မစားလိုက်လို့များလား*
လက်ရှိတွင် ဝမ်ကျင်း၏ သိုင်းအဆင့်က သူတော်စင်သခင်အဆင့်နှင့် နီးနေပြီ ဖြစ်သည်။ သို့သော် အဆုံးသတ် ရင်ဆိုင်ရာတွင် နဂါးအသွင်ပြောင်းခြင်းအဆင့်ကို ရှုံးသွားရသည်တဲ့လား။
*မယုံနိုင်စရာပဲ*
*ဒါ အံ့ဩစရာပါလား*
လူတိုင်း ထိတ်လန့်လွန်းသဖြင့် ပြောစရာ စကားပင် မဲ့နေပြီး ယဲ့ဖန်အား သွေးပျက်သော အကြည့်များဖြင့် ကြည့်နေကြသည်။
“ဒီလိုဆိုမှတော့ ငါ မင်းကို ပထမတစ်ကြိမ်မှာ အလဲထိုးပြီး၊ ဒုတိယ တစ်ကြိမ်မှာ အရေခွံစုတ်မယ်၊ တတိယတစ်ကွက်မှာ အရိုးတွေချိုးပစ်ပြီး လေးကွက်မြောက်မှာ မင်းကို သတ်ပစ်မယ်”
ယဲ့ဖန်၏ စကားက လူတိုင်းအား ခိုက်ခိုက်တုန်သွားစေသည်။ ထို့နောက် သူသည် လှစ်ခနဲ ပြေးတက်၍ ဝမ်ကျင်း၏ လည်ပင်းကို ဖျစ်ညှစ်လေသည်။
ဤမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ ယဲ့ဖန်က ဝမ်ကျင်းအား လည်ပင်း ညှစ်ကာ ကြက်တစ်ကောင်ကို ညှစ်ထားသကဲ့သို့ လေထဲသို့ အသာမြှောက်လိုက်သည်။
သူ့အတွက် လွယ်ကူလွန်းကာ အားပင် စိုက်ထုတ်ထားပုံမရချေ။ သူတို့နှစ်ယောက်က လုံးဝ အဆင့်မတူပေ။
ဤအဖြစ်က ကွင်းပြင်မှ ထောင်ချီသော လူများအား အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။ လီချုံးယန်တို့ သုံးယောက်လုံး မျက်လုံးပြူးနေပြီး မယုံနိုင်ဟန်များ ပေါ်လွင်နေ၏။
*တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တာလား*
“ဒါ ဘယ်လိုဖြစ်ရတာလဲ၊ ဝမ်ကျင်းက နဂါးငါးကောင် ဒန်ဆေးလုံး စားလိုက်တာ သေချာတာပဲကို ဘယ်လိုလုပ် တစ်ကွက်တည်းနဲ့ အချုပ်ခံရတာလဲ”
လီပေါ်ရှု မျက်ခုံးလှုပ်ကာ မယုံနိုင် ဖြစ်နေလေသည်။ နဂါးငါးကောင် ဒန်ဆေးလုံး၏ သက်ရောက်မှုကို သူတို့ ကောင်းကောင်းကြီး သိပါ၏။ ထိုဆေးကို စားလိုက်လျင် လူတစ်ယောက်က ခွန်အား နှစ်ဆတက်သွားပေမည်။ ယဲ့ဖန်အတွက် ဝမ်ကျင်းနှစ်ယောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
သို့သော် ယခု ယဲ့ဖန်က လက်သီးတစ်ချက်တည်းဖြင့် သူ့လက်ကို ကျိုးကြေအောင် လုပ်လိုက်သည် တဲ့လား။ တစ်ကွက်တည်းဖြင့် သူ့အား အနိုင်ယူခဲ့လေသည်။
သူတို့၏ မျက်နှာတွင် နောင်တရစိတ်များ ပျောက်ကွယ်သွားပီး ထိတ်လန့်ရိပ်များသာ အစားထိုး တင်ရောက်လာ၏။
“ဘုရင်အဆင့်တစ်ယောက်၊ ခွန်အား နှစ်ဆတိုးနေသည့် ဘုရင်အဆင့် တစ်ယောက်က နဂါးအသွင်ပြောင်းခြင်းအဆင့်ကို ထိပ်တိုက်ရင်ဆိုင်ရတော့ ရှုံးသွားတယ်တဲ့လား”
“ဒီဖုန်းယဲ့က ကြောက်စရာပဲ”
လက်ရှိတွင် သူတို့နှလုံးသားအား အားဖြင့် ထိုးနှက်ခံထားရသည်ဟု ခံစားနေရပြီး မျက်နှာပေါ်တွင် ပြောမပြတတ်သော ထိတ်လန့်စိတ်များ ပေါ်နေ၏။ လူတစ်ယောက်ဆိုလျင် အမှန်တရားကို မယုံနိုင်သဖြင့် မျက်လုံးပင် ပွတ်ကြည့်နေသည်။
“ရန်သူကို တစ်ချက်တည်းနဲ့ အနိုင်ယူပြီး ချုပ်ပစ်လိုက်တယ်၊ သူက တကယ်ပဲ နဂါးအသွင် ပြောင်းခြင်း အဆင့် ဟုတ်ရဲ့လား၊ ငါတော့ မယုံနိုင်ဘူး”
“တကယ့် ပါရမီရှင်ပဲ၊ သူနဲ့ယှဉ်လိုက်ရင် ငါတို့က ဘာမှတောင် မဟုတ်တော့ဘူး”
“ဆန်းကြယ်မှု၊ ဒါ ဆန်းကြယ်မှုပဲ”
ပါရမီရှင်တိုင်း ယဲ့ဖန်ကို လေးစားသော အကြည့်များဖြင့် ကြည့်လာသည်။ သူတို့အရှေ့မှ လူသည် သူတို့ထက် ပိုတော်ပြီး မလေးစားဘဲ မနေနိုင်တော့ပါ.
“ဖုန်းယဲ့ ဖုန်းယဲ့ ဖုန်းယဲ့”
လူတစ်ယောက်က ထအော်လိုက်သည်နှင့် အခြေအနေက ပြောင်းလဲသွားသည်။ လေးစားသော အကြည့်များက ယဲ့ဖန်ပေါ် ကျရောက်နေပြီး အားပေးသံများကလည်း ပိုမိုကျယ်လောင် လာသည်။
ဤသည်ကိုမြင်သော် လီချုံးယန်၏ မျက်နှာက အလွန် ကြည့်ရဆိုးသွားပြီး မိမိ စားတော့မည့်ကြက် အခိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
“မဖြစ်နိုင်ဘူး၊ ငါ မင်းကို ရှုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ မင်း သေရမှာကွ”
စင်မြင့်ထက်တွင် ဝမ်ကျင်းသည် ကြက်သီးထနေပြီး ယဲ့ဖန်အား အလန့်တကြား ကြည့်နေ၏။ သူ့တစ်ကိုယ်လုံး တုန်ယင်နေသည်။
ယခု ယဲ့ဖန်၏ ဖမ်းချုပ်ခြင်း ခံထားရသဖြင့် သူ့ရင်ထဲ၌ အေးစိမ့်နေကာ ကြက်သီးမွေးညင်း ထနေ လေသည်။
*ငါက နဂါးအသွင်ပြောင်းခြင်းအဆင့်ကို ရှုံးသွားတာလား*
*ပြီးတော့ သူ့ဆီမှာတောင် အသတ်ခံရလောက်တယ်*
ထို့နောက် သူသည် ခြေထောက်တစ်ဖက်ဖြင့် ယဲ့ဖန်၏မျက်နှာကို ဖြတ်ကန်လေသည်။ လေတိုးသံ ထွက်ပေါ်လာပြီး ဖိအားက မုန်တိုင်းတိုက်သကဲ့သို့ ပြင်းထန်လာသည်။
သို့သော် ယဲ့ဖန်က မရှောင်ဘဲ သရော်ပြုံးပြုံးနေသည်ကို မြင်လိုက်ရသဖြင့် လူတိုင်း အံ့ဩသွား ကြသည်။
*တကယ်ကြီး အထင်သေးနေတာပဲ*
*ဒါက*
လူတိုင်း ကြက်သေ သေသွားကြသည်။ ယဲ့ဖန်က အရေးကြီးသော အခြေအနေ၌ စိတ်လွတ်နေ လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
ဤသည်ကိုမြင်သော် ဝမ်ကျင်း ဝမ်းသာအားရ ဖြစ်ဟန် ပြလာပီး သူ့မျက်လုံးတွင်းမှ ရက်စက်ဟန်က ပိုသိသာလာ၏။ သူ အခြေအနေကို ပြန်ပြောင်းနိုင်တော့မည် မဟုတ်ပါလော။
ကျယ်လောင်သော အသံ ထွက်လာသောအခါ လူတိုင်း ကြောက်လန့်သွားလေသည်။
*သွားပြီ၊ ဖုန်းယဲ့တော့ သတိလက်လွတ် ဖြစ်သွားတာပဲ*
*ဒီလို အကန်ခံရမှာတော့ မသေတောင် ဒုက္ခိတဖြစ်တော့မယ်*
ဝမ်ကျင်းတောင်မှ ယဲ့ဖန် သေလိမ့်မည်ဟု ခံစားနေရသည်။ သို့သော် ထိုအခိုက်တွင် လက်တစ်ဖက်က ဝမ်ကျင်း၏ ခြေထောက်ကို ကိုင်ထားပြီး ကန်ချက်အား တားဆီးထားသည်ကို တွေ့လိုက်ရသည်။
*တား … တားလိုက်တယ်လား*
*သူ ဘယ်လို တားလိုက်တာလဲ၊ ဘာလို့ ငါတို့ သေချာမမြင်လိုက်တာလဲ*
“မင်းက ဘယ်လိုမိစ္ဆာကြီးလဲ” …”
ဝမ်ကျင်း၏ မျက်လုံးတွင် ကြောက်စိတ်များ ပြည့်နှက်နေပြီး မျှော်လင့်ချက် ကင်းမဲ့သွားသည်။
“ဟား …”
ယဲ့ဖန်က ရယ်မော၍ လက်ကိုအားထည့်ကာ လိမ်လိုက်သည်။
“ဂျွတ်”
အရိုးကျိုးသံ ချက်ချင်း ထွက်ပေါ်လာ၏။ လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်တွင် ဝမ်ကျင်း၏ ခြေထောက်တစ်ဖက် လိမ်ကောက်ကာ ပုံပျက်သွားသည်။ မုန့်ကြိုးလိမ်သဖွယ် လိမ်ဖယ်နေသဖြင့် ကြောက်စရာ ကောင်းလှသည်။
ဘုရင်အဆင့်၏ ခန္ဓာကိုယ်သည် သံမဏိသဖွယ် မာကျောသော်လည်း ယဲ့ဖန်၏ လက်ထဲတွင် ကြက်ကလေး ငှက်ကလေးသဖွယ် ပျော့ပျောင်းနေကာ တစ်ချက်တည်းဖြင့် ကျိုးသွားရသည်။
“အား…”
စကားလုံးနှင့်ပင် ဖော်မပြနိုင်လောက်သော နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာပြန်သည်။ သို့သော် ဤသည်မှာ အစသာရှိပေသေးသည်။
ရုတ်တရက် လေပြင်း တိုက်ခိုက်လာလေသည်။
“ရွှစ် ရွှစ်”
ရုတ်တရက် လူတိုင်း၏ ကြောက်လန့်နေသော အကြည့်အောက်၌ ဝမ်ကျင်း၏ ခန္ဓာကိုယ်တွင် လေပြင်းကြောင့် ပြတ်ရှရာများ ပေါ်လာပြီး သွေးများ စိမ့်ထွက်လာသည်။ ပြတ်ရာပေါင်း ထောင်ချီနေလေသည်။
“အား…”
ဝမ်ကျင်းထံမှ အော်ဟစ်သံ ဆက်တိုက် ထွက်ပေါ်နေပြီး တစ်ကိုယ်လုံး အကောင်းပကတိ ရှိသော အရေပြားဟူ၍ မရှိတော့ချေ။
လက်ရှိတွင် ဝမ်ကျင်းသည် ဝမ်တစ်ကောင်ကဲ့သို့ အရေခွံစုတ်ခံနေရပြီး သေခါနီး ဝက်တစ်ကောင် သဖွယ် အော်ဟစ်နေရသည်။
အိပ်မက်ဆိုးက ယခုမှ စတင်လေသည်။ လူတိုင်း လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး ဤသို့ သွေးထွက်သံယိုများ၍ ကြောက်စရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရသောကြောင့် ကြောက်လန့်ကာ ဖြူဖတ်ဖြူရော် ဖြစ်နေကြသည်။
ယဲ့ဖန် ပြောသည့်အတိုင်း တကယ် လုပ်လိမ့်မည်ဟု မည်သူမှ ထင်မထားမိပါ။ လက်ရှိတွင် ယဲ့ဖန်က ဝမ်ကျင်းအား လက်တစ်ဖက်ဖြင့် ဖမ်းချုပ်ထားကာ နှိပ်စက်နေ၏။ သူ့ပုံစံက ပေါ့ပါးကာ သက်တောင့်သက်သာ ရှိလှသည်။
“ငါ့ကိုလွှတ်၊ ငါ ရှုံးပါတယ်၊ ဖုန်းယဲ့ ငါ ရှုံးပါတယ်၊ ငါ့ကို ခွင့်လွှတ်ပေးပါ”
ဝမ်ကျင်းက မျက်ရည်ဝေ့တက်နေသော မျက်လုံးများဖြင့် တုန်တုန်ယင်ယင် ပြောလေသည်။ မရဏ အငွေ့အသက်၏ ဖိနှိပ်မှု၊ ရင်ကွဲမတတ် နာကျင်မှုက သူ့အား တောင့်မခံနိုင်ဘ ပြိုလဲအောင် လုပ်နေ၏။
“သေခြင်းရှင်ခြင်း စာချုပ်မှာ လက်မှတ်ထိုးတာတာဆိုတော့ အသက်ကို ပေးရမှာ ကံတရားပဲလေ၊ မင်း ပြောခဲ့တယ်မလား”
ယဲ့ဖန်က ခက်ထန်သော မျက်လုံးများဖြင့် အေးစက်စွာ ပြောလေသည်။
“ဒုတိယတစ်ကွက် အရေခွံခွာမယ်”
လက်သည်းများဖြင့် ဝမ်ကျင်း၏ ခန္ဓာကိုယ်ကို ဖမ်းချုပ်လိုက်ပြီးနောက် အနက်ရောင် မြူခိုးက သူ့ကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။
ထို့နောက်တွင်မူ ဝမ်ကောဖူ ကျောင်းတော်တစ်ခုလုံး ကြားရလောက်သည်အထိ ကျယ်လောင်သော အော်သံ ထွက်ပေါ်လာသဖြင့် လူတိုင်း ကြောက်ရွံ့သွားကြသည်။
ဝမ်ကျင်း၏ ခန္ဓာကိုယ်မှ လူ့အရေပြားတစ်ခုလုံး ကွာကျလာသည်။ ဤမြင်ကွင်းက ခြောက်ခြားဖွယ် ကောင်းလှသည်။ ကြည့်နေရုံနှင့်တင် ဝမ်ကျင်း ခံစားနေရသော ဝေဒနာက မည်မျှ ပြင်းထန်ကြောင်း တွေးကြည့်နိုင်ပေသည်။
*ဒီဖုန်းယဲ့က တကယ့် နတ်ဆိုးပဲ*
*သူ့နည်းလမ်းတွေက ရက်စက်လွန်းတယ်*
“ငါ့ကိုသတ်၊ ငါ့ကို သတ်လိုက်ပါတော့”
ဝမ်ကျင်း ဝေဒနာကြောင့် အော်ဟစ်ကာ တုန်ယင်နေ၏။ ဤပြင်းထန်သော ဝေဒနာက သူ့အား သေသည်ထက် ခံရခက်စေသောကြောင့် အသက်ပင် ဆက်မရှင်တော့ပေ။ သူ ခပ်မြန်မြန်သာ သေချင်နေ၏။
သို့သော် ယဲ့ဖန်က သူ့စကားကို မကြားသယောင်ပြုကာ အေးအေးဆေးဆေး ပြောလိုက်သည်။
“တတိယအကွက် မင်းအရိုးတွေကို ချိုးပစ်မယ်”
ဝမ်ကျင်းတစ်ကိုယ်လုံး အေးစက်သွားသည်။
“ဂျွတ် ဂျွတ်”
လက်ချောင်းရိုးများမှစ၍ သူ့တစ်ကိုယ်လုံးမှ အရိုးများ ကျိုးကြေမွသွားလေသည်။ ချက်ချင်းဆိုသလိုပင် ဝမ်ကောဖူ တစ်ခုလုံး သုသာန်အလား တိတ်ဆိတ်သွားသည်။ လူတိုင်း၏ မျက်နှာတွင် ကြောက်စိတ်များသာ ပြည့်နှက်နေ၏။