မျောက်ကိုသတ်ခြင်း
Vol. 104 Ch. 1035
"ငါ မင်းကို အကြံပေးမယ်၊ အဆင့်အတန်းမရှိဘူးဆိုရင် ခေါင်းမာချင်မနေနဲ့"
မျောက်နတ်ဆိုးက လက်ညှိုးတစ်ချောင်းကို ထပ်မံဆန့်ထုတ်လိုက်ပြီး ၎င်း၏လည်ပင်းရှိ ရွှေရောင်ကွင်းကို ချိတ်ဆွဲလိုက်လေသည်။
"အားလုံး မျက်နှာပန်းလှအောင် ဒီအရာကို ငါ့အတွက် ဖြုတ်ပေးလိုက်။ အဲဒီလိုမှ မဟုတ်ရင် ကျောက်စိမ်းရေကန်မသေမျိုးဂိုဏ်းကို ရောက်တဲ့အခါ မင်း ပြင်းပြင်းထန်ထန်အပြစ်ပေးခံရလိမ့်မယ်"
၎င်းက မသေမျိုးအရှင်ကိုယ်စား လှုပ်ရှားနေခြင်း ဖြစ်လေရာ အကျဉ်းသားတစ်ဦး၏အသွင်ဖြင့် မည်သို့ ပြန်သွားနိုင်မည်နည်း။
သို့သော် မျောက်နတ်ဆိုး၏ရှည်လျားသော စကားများက ရှန်းယီကို အနည်းငယ်မျှပင် တုန်လှုပ်သွားစေခြင်း မရှိခဲ့ချေ။ သူ၏ချောမောသော မျက်နှာပေါ်တွင်မျက်ခွံကိုပင် ပင့်ကြည့်ရန် စိတ်ဝင်စားပုံ မပေါ်ချေ။
၎င်းကို မြင်သောအခါ အစိမ်းရောင် ဝတ်ရုံနှင့် မျောက်နတ်ဆိုး၏မျက်နှာပေါ်တွင် တောင့်တင်းသောအပြုံးတစ်ခုစတင်ဖြစ်ပေါ်လာလေသည်။
၎င်း၏မျက်လုံးများတွင် ကြမ်းကြုတ်မှု အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့၏။
ရွှေရောင်အကွင်းက ဧကရာဇ်ချီမှပြောင်းလဲလာခြင်းဖြစ်သော်လည်း ယခုအချိန်တွင်မူ... ၎င်းက နတ်ဘုရားမင်းဆက်နှင့် ဝေးကွာသွားခဲ့ပြီဖြစ်လေသည်။
ယခင်က ၎င်း၏ကျင့်ကြံခြင်းတစ်ခုလုံးကို နှိမ်နင်းနိုင်ခဲ့လျှင် ယခုအခါအများဆုံးခြောက်ဆယ်ရာခိုင်နှုန်းခန့်ကိုသာ ဖိနှိပ်ထားနိုင်တော့မည်ဖြစ်ပြီး ကျန်ရှိသော လေးဆယ်ရာခိုင်နှုန်းမှာ အပြင်ဘက်ရှိ ကျောက်စိမ်းခြင်္သေ့ကို ရင်ဆိုင်ရန် မလုံလောက်သော်လည်း ကောင်းကင်ဘုံမသေမျိုးတစ်ဦးကို ဆုံးမရန်အတွက်မူ လုံလောက်သည်ထက် ပိုနေလေသည်။
နောက်တစ်ခဏတွင် မတ်မတ်ထိုင်နေသော ပုံရိပ်သည် ရုတ်တရက် မတ်တတ်ရပ်လိုက်၏။
အစိမ်းရောင်ဝတ်ရုံ လွင့်ခတ်သွားသည်နှင့်အမျှ လက်တစ်ဖက်က ရှန်းယီ၏အနောက်ရှိ ရထားလုံးကိုဖိထားပြီး ကြီးကျယ်ခမ်းနားသော ဟန်ပန်ဖြင့် လူငယ်လေးကို ငုံ့ကြည့်ကာ ၎င်း၏အသံမှာ ကြီးထွားလာသောအကြမ်းဖက်လိုစိတ်ဖြင့် ကြမ်းတမ်းနေလေသည်။
"ငါ မင်းကို စကားပြောနေတာ။ မင်းက နားကန်းနေတာလား"
ထိုစကားလုံးများပဲ့တင်ထပ်သွားပြီး အစိမ်းရောင်အမွေးနှင့်ကျောက်စိမ်းခြင်္သေ့က သူ၏ခြေလှမ်းများကို ဖြည်းညှင်းစွာရပ်တန့်လိုက်ကာ မူလကတည်းကမကျေမနပ်ဖြစ်နေသော ၎င်း၏စိတ်အခြေအနေမှာ ယခုအခါအလွန်အမင်း ဂနာမငြိမ် ဖြစ်လာလေသည်။
၎င်း၏မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ တောက်ပလာပြီး ရထားလုံးအတွင်းသို့ နောက်လှည့်ကြည့်လိုက်၏။
သို့သော် ခြင်္သေ့စကားမပြောနိုင်မီမှာပင် ရထားလုံးအတွင်း၌ရှန်းယီက သူ၏မျက်လုံးများကို နောက်ဆုံးတွင် ဖြည်းညှင်းစွာဖွင့်လိုက်လေသည်။ သူ၏နက်မှောင်နေသောမျက်ဆန်များမှာ မည်သည့် ခံစားချက်မျှမရှိဘဲပြတင်းပေါက် အပြင်ဘက်သို့သာ ဂရုမစိုက်သကဲ့သို့ကြည့်လိုက်လေ၏။
ဤနေရာက နတ်ဘုရားမင်းဆက်အတွင်း၌ မဟုတ်သလို မသေမျိုးဂိုဏ်းတစ်ခုခုသို့လည်း ဝင်ရောက်ခြင်း မရှိသေးချေ။
၎င်းမှာ လူသေများကိုမြှုပ်နှံရန် သင့်လျော်သော ထိပ်တန်း ဖုန်းရွှေနေရာတစ်ခုသာ ဖြစ်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ဝတ်ရုံနက် လွင့်ခတ်သွားပြီး သူ၏ခြေတစ်ဖက်က လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာမြင့်တက်လာကာ ထိုအစိမ်းရောင်ဝတ်ရုံပေါ်သို့ ပြင်းထန်စွာ ရိုက်နှိပ်လိုက်လေသည်။
မျောက်နတ်ဆိုးက ၎င်း၏အရှိန်အဝါဖြင့် လူငယ်လေးကို ခြောက်လှန့်ရန်ရည်ရွယ်ခဲ့သော်လည်း သူ၏ရုတ်တရက် ပေါက်ကွဲထွက်လာမှုကို မမျှော်လင့်ထားခဲ့ချေ။ မျက်တောင်တစ်ခတ်အတွင်း ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးအလား ကြီးမားလှသောအင်အားတစ်ခု ၎င်းထံသို့ စီးဝင်လာပြီး သူ့ကို အငိုက်မိသွားစေကာ အနောက်သို့ လွင့်စင်သွားစေလေသည်။
ခွပ်
လှပသောရထားလုံးက ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူပျက်စီးသွားပြီး လွင့်စင်လာသော သစ်သားစများကြားတွင် အစိမ်းရောင်ပုံရိပ်က မြေကြီးပေါ်သို့ ဖရိုဖရဲ လိမ့်ကျသွားကာ ဆက်တိုက် အကြိမ်ပေါင်းများစွာ လိမ့်သွားလေသည်။
ရထားလုံးကို ဆွဲနေသော အစိမ်းရောင်အမွေးနှင့် ကျောက်စိမ်းခြင်္သေ့ပင်လျှင် ခေတ္တမျှမှင်တက်သွားခဲ့လေသည်။
အထက်မှကြည့်ရှုနေသော သူနှစ်ဦးမှာလည်း ၎င်းတို့၏မျက်နှာအမူအရာများ တစ်ပြိုင်နက်တည်းအနည်းငယ် ပြောင်းလဲသွားကြလေသည်။
မျောက်နတ်ဆိုးက လေကို အသည်းအသန်ရှူရှိုက်လိုက်ပြီး ၎င်း၏မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု လင်းလက်သွားကာ မယုံကြည်နိုင်သကဲ့သို့ မူလနေရာသို့ အာရုံစိုက်လိုက်လေသည်။
ရှန်းယီက ရထားလုံးအပျက်အစီးများကြားမှ လျှောက်ထွက်လာပြီး ၎င်းဆီသို့ဖြည်းညှင်းစွာ ခြေလှမ်းလာကာ သူ၏ဝတ်ရုံနက်မှာ ညင်သာစွာ လွင့်ခတ်နေလေသည်။ သက်သောင့်သက်သာ ရှိပုံရသော်လည်း သူ၏ခြေလှမ်းများမှာ လျင်မြန်လွန်းသဖြင့် ခြင်္သေ့သတိပေးချက် မပေးနိုင်မီမှာပင် သူက မျောက်နတ်ဆိုး၏ရှေ့တွင် ရပ်နေပြီ ဖြစ်လေသည်။
"မင်း..."
နတ်ဆိုးမျိုးနွယ်မှ ဖြစ်သော မျောက်နတ်ဆိုးက ထိုကန်ချက်ကြောင့် ၎င်း၏သွေးများ ဆူပွက်လာပြီး စွမ်းအင်များ ကမောက်ကမဖြစ်သွားသည်ကို ခံစားလိုက်၏။
ရှန်းယီကို တည့်တည့်စိုက်ကြည့်လိုက်ရာ ၎င်းက လူငယ်လေး၏အရေပြားပေါ်ရှိ မှေးမှိန်သော ရွှေရောင်အလင်းတန်းများကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရပြီး သူ၏ခြေလက်လှုပ်ရှားမှု တိုင်းတွင် နဂါးများမြည်ဟည်းသံနှင့် ကျားများဟိန်းဟောက်သံများလေထဲတွင် မှေးမှိန်စွာ ပဲ့တင်ထပ်နေလေသည်။
"မင်းက မသေမျိုးသုံးပါးဂိုဏ်းက မဟုတ်ဘူး"
မျောက်နတ်ဆိုးက မျက်လုံးပြူးကာဟိန်းဟောက်လိုက်ပြီး လျင်မြန်စွာတုံ့ပြန်ကာ အရင်ဆုံး တိုက်ခိုက်ရန် ရည်ရွယ်လိုက်လေသည်။ ၎င်း၏ ဝတ်ရုံလက်စလွင့်ခတ်သွားပြီး ၎င်း၏ညာဘက် လက်မောင်းက အရှေ့သို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။
၎င်း၏လည်ပင်းရှိ ရွှေရောင်ကွင်းမှာ ပြင်းထန်စွာ တုန်ရီနေသော်လည်း ညာဘက်လက်မောင်းက ဝိညာဉ်စွမ်းအင် လေဆင်နှာမောင်းတစ်ခုကို မွှေနှောက်ဖန်တီးလိုက်ဆဲဖြစ်ပြီး ခေါင်းလောင်းများထိုးသံကဲ့သို့ မြည်ဟည်းကာ လေဟာနယ်ကိုပြင်လိမ်ဖယ်သွားစေသကဲ့သို့ ဖြစ်နေလေသည်။
ဤမျှကမ္ဘာမြေကို တုန်လှုပ်စေသော အရှိန်အဝါမျိုးနှင့် ရင်ဆိုင်ရချိန်တွင် ရှန်းယီက မတုန်မလှုပ် ရပ်နေခဲ့၏။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကြာပန်းပလ္လင်ပေါ်တွင်သာ ကျားနဂါးအနှစ်သာရက မျက်စိကျိန်းမတတ်တောက်ပသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေလေသည်။
အာဟတ်ဓမ္မပုံရိပ်မှာကြီးကျယ်ခမ်းနားပြီး ထင်ရှားသော်လည်း ဓမ္မပုံရိပ်ကိုမထုတ်ဖော်ဘဲ အနှစ်သာရမှ ကပ်ဘေးစွမ်းအားများ သူ၏သွယ်လျသော ခန္ဓာကိုယ်ထဲသို့ စုစည်းသွားသောအခါ ထွက်ပေါ်လာသောစွမ်းအားမှာ ကြီးမားသော ခြားနားမှုကြောင့် ပို၍ပင် တုန်လှုပ်ဖွယ် ကောင်းနေလေသည်။
သူက မျောက်နတ်ဆိုး၏မျက်နှာကို စိုက်ကြည့်ရင်း လက်မောင်းများကို ပေါ့ပေါ့ပါးပါး လွှဲယမ်းလိုက်ရာ လက်ဖဝါးချင်းဆုံသွားပြီး အစိမ်းရောင်ဝတ်ရုံလက်စမှာချက်ချင်းပင် အမှုန့်အဖြစ် ပြောင်းလဲသွားကာ ၎င်းနှင့်အတူ မျောက်နတ်ဆိုး၏ လက်မောင်းတစ်ခုလုံးလည်း ပျက်စီးသွားလေတော့သည်။
"အား"
မျောက်နတ်ဆိုးက စူးရှစွာ အော်ဟစ်လိုက်ပြီး လူငယ်လေးကို ကန်ရန် ၎င်း၏ခြေထောက်ကို အလိုအလျောက် ဆန့်ထုတ်လိုက်၏။
ရှန်းယီကလည်း သူ၏ခြေကို မြှောက်လိုက်ပြီး ခံစားချက်ကင်းမဲ့စွာဖိနင်းလိုက်ရာ ဖိနပ်အောက်ခံက မျောက်နတ်ဆိုး၏ဒူးခေါင်းကို ကြမ်းတမ်းစွာ ကြိတ်ချေလိုက်ပြီး အရိုးနှင့် အသားများကို အလွယ်တကူပင်အသားအနှစ်အဖြစ်သို့ ပြောင်းလဲသွားစေလေသည်။
ဂါး
မျောက်နတ်ဆိုး၏အော်ဟစ်သံက တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ဟိန်းဟောက်သံအဖြစ်သို့ ပြောင်းလဲသွားပြီး ကျန်ရှိနေသော ဘယ်ဘက်လက်ဖြင့် ၎င်း၏ပေါင်ကို ဆုပ်ကိုင်ထားကာ ထိုဖိနပ်အောက်တွင်မလှုပ်ရှားနိုင်ဘဲ ၎င်း၏အပေါ်ပိုင်းသာ နာကျင်စွာဖြင့် မြေကြီးပေါ်တွင် လူးလှိမ့်နေလေသည်။
"ငါ မှားသွားပါတယ်၊ ငါ မှားသွားပါတယ်"
"ငါ မင်းတို့နဲ့လိမ်လိမ်မာမာလေး လိုက်ခဲ့ပါ့မယ်၊ ငါ့ကို ထပ်နှိပ်စက်ပါနဲ့တော့"
မျောက်နတ်ဆိုးက ကြောက်ရွံ့စွာမော့ကြည့်ရင်း ပြင်းပြင်းထန်ထန် အသက်ရှူနေလေ၏။ အပြန်အလှန်အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးနောက် ၎င်းက သူနှင့် ရှန်းယီကြားရှိ ကွာဟချက်ကို သိရှိသွားခဲ့ပြီ ဖြစ်လေသည်။
ရွှေရောင်အကွင်း၏ဖိနှိပ်မှုအောက်တွင် ၎င်းသည် ဤလူ၏ပြိုင်ဘက် မဟုတ်ချေ။
ရှန်းယီက အနည်းငယ် ရှေ့သို့ ကိုင်းလိုက်ပြီး သူ၏ သွယ်လျသောလက်ချောင်းများက မျောက်နတ်ဆိုး၏ လည်ပင်းဆီသို့ လှမ်းသွားလေသည်။
မျောက်နတ်ဆိုးက လန့်ဖြန့်သွားသော တောရိုင်းတိရစ္ဆာန်တစ်ကောင်အလား အလိုအလျောက် နောက်ဆုတ်သွားပါသည်။
"မလိုပါဘူး၊ချွတ်ပေးစရာ မလိုပါဘူး၊အဲဒီအတိုင်းလေးပဲ ငါနဲ့ တော်တော်လေးလိုက်ဖက်နေပါပြီ..."
သို့သော် ၎င်း၏လက်ရှိ အခြေအနေအရ ထိုဆန့်တန်းလာသောလက်ကို ရှောင်တိမ်းရန် အခွင့်အရေး မရှိတော့ချေ။
နောက်တစ်ခဏတွင် ထိုလက်ချောင်းထိပ်များသည် သူ၏လည်ပင်းကို ဆုပ်ကိုင်မိသွားပြီဖြစ်ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးကို အထက်သို့ မတင်လိုက်၏။
"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
အလားတူဟန်ပန်မျိုးဖြင့် မျောက်နတ်ဆိုးကို ယဲ့လန်ကိုင်ဆောင်ခဲ့စဉ်က သူမ၏လက်ချောင်းများသည် ၎င်း၏လည်ချောင်းကို ဖောက်ထွင်းဝင်ရောက်သွားခဲ့သော်လည်း သူကစူးရှသော ရယ်မောသံကိုထုတ်လွှတ်နိုင်စွမ်း ရှိခဲ့သေးလေသည်။
သို့သော် ဤအခိုက်အတန့်မှာတော့ ထိုလက်ချောင်းထိပ်များ၏အေးစက်သော အထိအတွေ့ကို ခံစားလိုက်ရရုံမျှဖြင့် သူ၏နှလုံးသားမှာ ကြောက်ရွံ့မှုကြောင့်ရပ်တန့်လုနီးပါးဖြစ်သွားလေ၏။
"ငါမင်းကို အဲဒါဖြုတ်ပေးပြီး အိမ်ပြန်ပို့ပေးမလို့ပါ"
ရှန်းယီက သူ၏ရှေ့ရှိ တွန့်လိမ်နေသော အကျည်းတန်သည့် မျောက်မျက်နှာကို တိတ်ဆိတ်စွာကြည့်နေပြီး သူ၏နှုတ်ခမ်းထောင့်များတွင် မှေးမှိန်အေးစက်သောအပြုံးတစ်ခုထွက်ပေါ်လာလေသည်။
အစိမ်းရောင်အမွေးနှင့် ကျောက်စိမ်းခြင်္သေ့က သတိပြန်ဝင်လာသော်လည်း တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားနေရဆဲပင်။
တစ်ဖက်လူက ထိုကဲ့သို့သောစကားမျိုးကို ပြောဆိုခဲ့သော်လည်း သူ့ထံမှထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်မှာ အမှန်တကယ်ဖြစ်ပုံရပြီး ၎င်း၏အေးစက်မှုက ခြင်္သေ့ကိုပင် တုံ့ဆိုင်းသွားစေလေသည်။
အိမ်ပြန်မယ် ဟုတ်လား၊ ဘယ်အိမ်ကိုလဲ။
"မရူးစွမ်းပါနဲ့..."
ကျောက်စိမ်းခြင်္သေ့က ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးလာသော်လည်း အနီးသို့ မရောက်မီမှာပင် လူငယ်လေး၏ခံစားချက်ကင်းမဲ့သော အသံကို ကြားလိုက်ရ၏။
"သားရဲက စကားနားထောင်ငြင်းဆန်တယ်၊ ထွက်ပြေးဖို့ကြိုးစားပြီး ပြန်လည်တိုက်ခိုက်ခဲ့တယ်။နတ်ဆိုးသုတ်သင်ရေးအရာရှိ ရှန်းယီက သူ့ကိုယ်သူကာကွယ်ဖို့အတွက် သူ့ကို သတ်ပစ်ဖို့ကလွဲပြီးတခြားရွေးချယ်စရာမရှိခဲ့ဘူး"
ရိုးရှင်းသော စကားတစ်ခွန်းဖြစ်သော်လည်း နတ်ဆိုးသုတ်သင်ရေးအရာရှိဟူသော စကားလုံးများထွက်ပေါ်လာသည့် အခိုက်အတန့်တွင် အစိမ်းရောင်အမွေးနှင့် ကျောက်စိမ်းခြင်္သေ့က ထိတ်လန့်စွာဖြင့် အေးခဲသွားလေသည်။
နတ်ဆိုးသုတ်သင်ရေးဌာနက မသေမျိုးသုံးပါးဂိုဏ်းကိုဖြစ်စေ ကောင်းကင်ဘုံခုံရုံးကိုဖြစ်စေ လုံးဝထုတ်ဖော်ပြသ၍မရနိုင်သော တည်ရှိမှုတစ်ခု ဖြစ်လေသည်။
မျောက်နတ်ဆိုးက ဤစကားများကို ကြားလိုက်ရသောအခါ တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ် သုံးဦးပင်လျှင် ၎င်းကိုကျောက်စိမ်းရေကန် မသေမျိုးဂိုဏ်းသို့ အသက်ရှင်လျက် ပြန်ခွင့်ပြုမည် မဟုတ်ကြောင်း သိလိုက်လေသည်။
"ဘာ... ဘာ နတ်ဆိုးသုတ်သင်ရေးအရာရှိ လဲ..."
မျောက်နတ်ဆိုး၏နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာပြီးအသည်းအသန်ဖြင့် ရှန်းယီ၏ လက်ကောက်ဝတ်ကို တွယ်ဖက်ထားသော်လည်း အရေပြားကချော်ရည်များအလား ပူလောင်နေပြီး ၎င်းကိုမျက်ရည်ကျသည်အထိ လောင်ကျွမ်းစေသော်လည်း ၎င်းသည် လုံးဝမလွှတ်ရဲခဲ့ချေ။
"နတ်ဘုရားမင်းဆက်က မင်းကို ငါ့ကို ကျောက်စိမ်းရေကန်ဆီ ပြန်ပို့ပေးဖို့ တာဝန်ပေးထားတာ။ မင်းက ရှန်းရွှီတောင်က တောင်ထွတ်သခင်တစ်ယောက်ပဲ ရှိသေးတာကို အမိန့်ဖီဆန်ဖို့ ဘယ်လိုများ ရဲတင်းနေရတာလဲ။ နတ်ဘုရားမင်းဆက်က မင်းရဲ့ဂိုဏ်းကို ပြဿနာရှာမှာကို မကြောက်ဘူးလား"
ဤအချိန်တွင် မျောက်နတ်ဆိုးက နတ်ဘုရားမင်းဆက်၏အာဏာကို ဗြောင်ကျကျပင်အသုံးချနေလေသည်။
သို့သော် ၎င်း၏နားအနီးတွင် ကြည်လင်သော အသံတစ်ခုကို ကြားလိုက်ရလေ၏။
ရွှေရောင်အကွင်းက ရုတ်တရက် ကွဲအက်သွားပြီး ကြွယ်ဝသော ဧကရာဇ်ချီအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားကာ နတ်ဘုရားမင်းဆက်ရှိရာ လမ်းကြောင်းသို့ လွင့်မျောသွားလေသည်။
တစ်ချိန်တည်းမှာပင် ရှန်းယီ၏လက်ချောင်းကလည်း မျောက်နတ်ဆိုး၏လည်ချောင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး တောက်ပသော ရွှေရောင်အလင်းတန်းက နဂါးများမြည်ဟည်းသံနှင့် ကျားများဟိန်းဟောက်သံများနှင့်အတူ ၎င်း၏ ခြေလက်များနှင့် ခန္ဓာကိုယ်အတွင်းသို့ ကြမ်းတမ်းစွာ ဝင်ရောက်သွားလေတော့သည်။
အင့်..အင့်
မျောက်နတ်ဆိုးက မိုးကြိုးပစ်ခံရသကဲ့သို့ တုန်ရီသွားပြီး ၎င်း၏မျက်လုံးသုံးလုံးစလုံး ပြူးထွက်လုနီးပါးဖြစ်သွားကာ ခေတ္တအကြာတွင် ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးပျော့ခွေသွားပြီး မလှုပ်မရှားဖြစ်သွားလေတော့သည်။
အဆုံးတိုင်အောင် တစ်ဖက်လူက ဤမျှရဲတင်းမှုကို မည်သည့်နေရာမှရရှိခဲ့ကြောင်းနှင့် ခြင်္သေ့က သူ့ကို အဘယ်ကြောင့် မတားဆီးခဲ့ကြောင်းကို ၎င်း နားမလည်ခဲ့ချေ။
ရှန်းယီက ၎င်းကိုလက်စွပ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်ပြီး အစိမ်းရောင်အမွေးနှင့် ကျောက်စိမ်းခြင်္သေ့ကို လှည့်ကြည့်လိုက်၏။
သူ စကားမပြောဘဲ ၎င်းကို တိတ်ဆိတ်စွာကြည့်နေရုံသာ ဖြစ်လေသည်။
"မင်း"
ခြင်္သေ့၏ကျင့်ကြံခြင်းမှာ သိသိသာသာ ပိုမို အားကောင်းသော်လည်း ၎င်းက အလိုအလျောက် ခြေတစ်လှမ်းနောက်ဆုတ်သွားလေသည်။
အဓိကအားဖြင့် လူငယ်လေးက ထူးဆန်းသောအငွေ့အသက်ကို ထုတ်လွှတ်နေပြီး လမ်းတစ်လျှောက် သူ၏တိတ်ဆိတ်သော အမူအရာနှင့် ပေါင်းစပ်လိုက်သောအခါ ရုတ်တရက် အကြမ်းဖက်လူသတ်မှုတစ်ခုပေါက်ကွဲထွက်ပေါ်လာပြီးနောက် တည်ငြိမ်နေခြင်းက အမည်မသိ ကြောက်ရွံ့မှုကိုဖြစ်ပေါ်စေလေသည်။
ရှန်းယီက မူလနေရာတွင် တိတ်ဆိတ်စွာရပ်နေပြီး သူ၏ဆုပ်ထားသော လက်ချောင်းများကို ဖြေလျှော့ကာအဝေးသို့ ဘေးတိုက်ကြည့်လိုက်၏။
ခေတ္တအကြာတွင် ရှုပ်ထွေးသောမျက်နှာအမူအရာများဖြင့် ပုံရိပ်နှစ်ခုက ကောင်းကင်ယံမှ ဆင်းသက်လာပါသည်။
"မင်း ဘယ်သူ့ကို စောင့်နေတာလဲ"
ယန်လန်ထင်က လူငယ်လေးကို အေးစက်စွာစိုက်ကြည့်လိုက်၏။
"ငါ ဒီမှာတစ်ချိန်လုံးရှိနေတယ်ဆိုတာ မင်းသိတာလား။ မင်း ဘယ်လို သိတာလဲ"
"အစောပိုင်းက ကောင်းကင်ဘက်ကို ခေါင်းညိတ်ပြတာ ကျုပ်မြင်လိုက်တယ်"
ရှန်းယီက တည်ငြိမ်စွာပြန်ဖြေလိုက်လေသည်။
"ဒါကို သိရက်နဲ့ မင်းက သတ်ဖို့ လှုပ်ရှားသေးတယ်၊ ငါ့ကို လုံးဝဂရုမစိုက်ဘူးဆိုတာရှင်းနေတာပဲ"
ယဲ့လန်က နှုတ်ခမ်းကိုကိုက်လိုက်ပြီး စစ်သူကြီး ယန်၏စကားများကို နားထောင်ရင်း သူမ၏
နှလုံးသားများ ရုတ်တရက် ခုန်ပေါက်သွားသည်ကို ခံစားလိုက်ရပြီး စိုးရိမ်နေပုံရလေသည်။
သို့သော် ရှန်းယီက မတုန်မလှုပ်ရှိနေဆဲဖြစ်ပြီး မည်သည့်အရာကမျှ သူ့ကိုစိတ်အနှောင့်အယှက် မဖြစ်စေနိုင်သကဲ့သို့ လုံးဝတုန်လှုပ်ခြင်းမရှိခဲ့ချေ။
ယဲ့လန်ပင်လျှင် သူ့ကို ဤမျှခေါင်းမာသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ယခုမှသာလျှင် သူက နက်ရှိုင်းစွာ တွက်ချက်တတ်ပြီး အကြံအစည်ကြီးသောကျင့်ကြံသူတစ်ဦးထက် လူငယ်လေးတစ်ဦးနှင့် ပိုတူနေပုံရလေသည်။
"ကောင်းပြီ၊ ကောင်းတယ်"
ယန်လန်ထင်၏ပါးစပ် အနည်းငယ် တွန့်လိမ်သွားပြီး ချောမောသောလူငယ်လေးကို အကဲခတ်လိုက်ရာ သူ၏တင်းမာသော မျက်နှာအမူအရာမှာ အနည်းငယ် ပျော့ပျောင်းသွားလေသည်။
"ဘာက ကောင်းတာလဲ"
ရှန်းယီက နှိမ့်ချခြင်း မရှိသလို မောက်မာခြင်းလည်းမရှိဘဲ ကြည့်နေလေသည်။
ထိုအခါ ယန်လန်ထင်က နောက်ဆုံးတွင်ပြုံးလိုက်ပြီးညင်သာစွာလက်ခုပ်တီးလိုက်၏။
"သေချာပါတယ်၊သတ်ပစ်လိုက်တာ ကောင်းတာပေါ့"