← Chapters

အခန်း (၃၆၁-၃၆၂)

Vol. 37 Ch. 361-362

အခန်း (၃၆၁-၃၆၂)

Vol. 37 Ch. 361-362

အခန်း။ ၃၆၁

တီ တီ တီ

တီ တီ တီ

တီ တီ တီ

မုတ်ဆိတ်ဗရပွ၊ ဆံပင်ဖရိုဖရဲနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် မီးလင်းနေသော စားပွဲပေါ်မှ ဖြည်းညှင်းစွာ ထလိုက်သည်။ ထို့နောက် လက်ဝါးအရွယ်အစားရှိ အလင်းထွက်နေသော အရာဝတ္ထုတစ်ခုကို ကောက်ယူကာ မည်သည့်ခံစားချက်မျှမရှိဘဲ နှိပ်လိုက်သည်။

မတူညီသော အသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်

“လစာဝင်ပြီလား။ သားလေးပေါင်ကို အဲဒီကသင်တန်း အမြန်အပ်ရမယ်။ တစ်နှစ်ကို ဒေါ်လာသုံးသောင်းတောင် ကုန်မှာ အခုလိုမျိုး အချိန်ဆွဲနေရင် တခြားကလေးတွေကို ဘယ်လိုမှ မမီဘဲ နိမ့်ကျန်ခဲ့တော့မှာပေါ့”

ဤအသံမှာ စိုးရိမ်တကြီး တိုက်တွန်းနေသော အမျိုးသမီးတစ်ဦး၏ စူးရှရှအသံပင်။

“သားကြီးအီ... ဆရာဝန်တွေပြောတာတော့ နင့်အဖေကို နှလုံးခွဲစိတ်ကုသမှု အမြန်လုပ်ရမယ်တဲ့။ ဒေါ်လာငါးထောင်လောက် လိုနေသေးတယ်... တခြားနည်းလမ်းမရှိလို့သာ အမေက သားကို အကူအညီတောင်းရတာပါ...”

ဤအသံမှာမူ ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသော အသက်ကြီးကြီး အမျိုးသမီးတစ်ဦး၏ အသံဖြစ်သည်။

“ဟေ့ သူငယ်ချင်း... ငါ ဒီနေ့ တကယ် အလုပ်ရှုပ်နေလို့ပါ။ မင်းဖုန်းကို တမင်ရှောင်နေတာ မဟုတ်ဘူး... မင်းကိုပေးရမယ့် ဒေါ်လာသုံးသောင်းကို ဒီနှစ်ကုန်ရင် အပြေအကျေ ပြန်ပေးပါ့မယ်လို့ ငါကတိပေးပါတယ် ငါ့ကို ယုံကြည်ပေးပါ”

ဤအသံမှာ လျှာအရိုးမရှိဘဲ ကတိပေးနေသည့် အမျိုးသားတစ်ဦး၏ အသံဖြစ်သည်။

“မနက်ဖြန် ရှစ်နာရီမှာ အစည်းအဝေးရှိမယ်။ နည်းပညာကဏ္ဍ အဆင့်မြှင့်တင်ရေးအတွက် တင်ဒါကိစ္စကို ဆွေးနွေးမယ်။ အနှစ်သာရရှိတဲ့ တင်ပြချက်စာတမ်းကို အနည်းဆုံး စာမျက်နှာ ငါးဆယ်ပြည့်အောင် ပြင်ထားပါ။ နယ်မြေမန်နေဂျာလည်း တက်ရောက်လိမ့်မယ်”

ဤအသံမှာမူ မဖြစ်မနေ လုပ်ဆောင်ရမည်ဟု အမိန့်ပေးနေသော အသံပင်။

ထိုအသံအားလုံးကို နားထောင်ပြီးနောက် အမျိုးသား၏ မျက်နှာမှာ ပို၍ပင် တောင့်တင်းကာ အသက်မဲ့သွားခဲ့သည်။

“အသက်ရှင်ရတာ တကယ့်ကို ပင်ပန်းလွန်းတယ်”

သူသည် သက်ပြင်းချလိုက်ပြီး စားပွဲဘေးရှိ နွားနက် ဟု ရေးထားသော ပုလင်းကို ကောက်ယူကာ အကုန်သောက်ချလိုက်သည်။ ထို့နောက် ဝရန်တာဘက်သို့ လျှောက်သွားကာ ပြတင်းပေါက်ကို ဖွင့်၍ အပေါ်သို့ တွားတက်လိုက်သည်။

အောက်ဘက်ရှိ အရောင်စုံ လှပတောက်ပနေသော မီးရောင်စုံများနှင့် နားထဲတွင် မပြတ်ထွက်ပေါ်နေသော ဆူညံသံများကို ငုံ့ကြည့်လိုက်မိသည်။

“ဒီကမ္ဘာကြီးက လှပပါတယ် ဒါပေမဲ့ ငါနဲ့တော့ ဘာမှမဆိုင်တော့ဘူး”

သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး ခုန်ချရန် ပြင်လိုက်စဉ်မှာပင်...

“ကိကိ”

ရုတ်တရက် ငှက်တစ်ကောင်၏ အော်မြည်သံမှာ သူ၏နားထဲသို့ စူးစူးရှရှနှင့် အရေးတကြီး ဝင်ရောက်လာသည်။ ကြည့်ရသည်မှာ သိမ်းငှက်တစ်ကောင်၏ အော်သံနှင့် တူနေသလိုပင်။

ထိုအမျိုးသားသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားကာ သူ၏မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။

“ရှူး ရှူး”

မြွေတစ်ကောင်၏ အသံကိုလည်း ကြားလိုက်ရသလိုပင်။

“ငါ...”

ထိုအမျိုးသားသည် ရုတ်တရက် မျက်လုံးများကို ပြူးကြည့်လိုက်မိပြီး သူ၏စိတ်ထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

ကျဉ်းမြောင်းသော နေရာတစ်ခုအတွင်းတွင် လုံယီအပါအဝင် သုံးဦးသားမှာ မျက်လုံးများကို တင်းတင်းမှိတ်ထားကြသည်။ သို့သော် လုံယီ၏ စိတ်အာရုံထဲတွင်မူ မဖိတ်ခေါ်ဘဲ ရောက်ရှိလာသည့် ဧည့်သည်တစ်ဦး ပေါ်နေသည်။

ထိုအရာမှာ ဆယ်ပေခန့် ရှည်လျားပြီး တစ်ကိုယ်လုံး သွေးကဲ့သို့ နီရဲနေသည်။ ခေါင်းမှာ ကြွက်တစ်ကောင်နှင့် တူသော်လည်း ခန္ဓာကိုယ်တစ်ခုလုံးတွင် နီရဲပြီး စူးရှလှသော ဆူးချွန်များ ဖုံးလွှမ်းနေကာ ဖြူးတစ်ကောင်နှင့် အနည်းငယ် ဆင်တူသည်။

သိမ်းငှက်သည် ထိုအနီရောင်ဖြူးကို သတိကြီးစွာ စိုက်ကြည့်နေပြီး သူ၏စူးရှသော ခြေသည်းနှစ်ဖက်မှာလည်း အချိန်မရွေး ဆွဲကုတ်ရန် အသင့်ပြင်ထားသည်။ ဖြူးသည် ရုတ်တရက် ကိုယ်ကို ကျုံ့လိုက်ပြီး ဆူးအားလုံးကို ထောင်လိုက်ရာ သိမ်းငှက်အနေဖြင့် ကုတ်ခြစ်ရန် ခက်ခဲသွားစေသည်။

ရှူး ရှူး ရှူး

ဖြူးသည် သူ၏ဆူးများကို အဆက်မပြတ် ပစ်လွှတ်ကာ ပြန်လည်တိုက်ခိုက်နေသဖြင့် သိမ်းငှက်မှာ လေထဲတွင် အသည်းအသန် ရှောင်တိမ်းနေရသည်။

ထိုနှစ်ကောင် အပြန်အလှန် လုံးထွေးနေစဉ်မှာပင်...

လုံယီ၏ ပခုံးပေါ်ရှိ အဖုတစ်ခုအတွင်းမှ အရိပ်တစ်ခုက တိတ်ဆိတ်စွာ ထွက်ပေါ်လာပြီး သူ၏စိတ်အာရုံထဲသို့ တိုးဝင်သွားသည်။ ၎င်းသည် အနီရောင်ဖြူး၏ နောက်ဘက်သို့ ရောက်ရှိသွားကာ နှစ်ပေခန့်ရှည်သော မြွေနက်တစ်ကောင်၏ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားသည်။

ထိုမြွေနက်ကလေးသည် ဖြူး၏ အောက်ဘက်သို့ လျင်မြန်စွာ တိုးဝင်သွားပြီး တစ်စုံတစ်ရာသော နေရာကို ပြင်းထန်စွာ ခဲလိုက်တော့သည်။ ဖြူးသည် စူးစူးရှရှ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်မှာ မှောက်ခုံ လဲကျသွားခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါ သိမ်းငှက်သည် အောက်သို့ ထိုးဆင်းလာပြီး ဖြူး၏ နူးညံ့သော ဗိုက်သားကို သူ၏ခြေသည်းများဖြင့် ကုတ်ခြစ်လိုက်ရာ ဖြူး၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားတော့သည်။

မြွေနက်နှင့် သိမ်းငှက်တို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သွေးရောင်ဖြူးမှာ အသတ်ခံလိုက်ရပြီး မရေမတွက်နိုင်သော အနီရောင် အခိုးအငွေ့များအဖြစ် ပြိုကွဲသွားခဲ့သည်။ သိမ်းငှက်သည် မြွေနက်ကို ဘေးသို့ မောက်မာစွာ တွန်းဖယ်လိုက်ပြီး ထိုအခိုးအငွေ့ အများစုကို လောဘတကြီး ဝါးမြိုလိုက်ရာ သူ၏ခန္ဓာကိုယ်မှာ ဆယ်ပေထက်မက သိသိသာသာ ကြီးမားလာတော့သည်။

“ကိကိ”

သိမ်းငှက်သည် လုံယီ၏ စိတ်အာရုံအတွင်း၌ စိတ်လှုပ်ရှားစွာ ပျံသန်းနေပြီး သူ၏ရှေ့မှ အတားအဆီးများကို ချိုးဖျက်ရန် အသင့်ဖြစ်နေပုံပင်။

အခြားတစ်ဖက်တွင်မူ တိုက်ပွဲ၏ အဓိကစွမ်းဆောင်ရှင်ဖြစ်သော ကံဆိုးရှာသည့် မြွေနက်ကလေးမှာမူ အကြွင်းအကျန် အနည်းငယ်ကိုသာ ကောက်ယူစားသုံးခွင့်ရခဲ့သည်။ သို့သော် သူ၏ မူလခန္ဓာကိုယ်မှာ သေးငယ်သဖြင့် အခိုးအငွေ့အချို့ကို စုပ်ယူပြီးနောက် ငါးပေခန့်အထိ ရှည်လျားလာခဲ့သည်။

အနီရောင်ဖြူးကြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်နှင့် လုံယီသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး စိတ်အာရုံလှည့်စားမှုမှ လွတ်မြောက်လာခဲ့သည်။ သူသည် အနည်းငယ် ထိတ်လန့်သွားမိသည်။

အကယ်၍ စိတ်အာရုံထဲက သူသာ ဝရန်တာပေါ်က တကယ်ခုန်ချလိုက်ရင် ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူမှ မပြောနိုင်သော်လည်း ကောင်းကျိုးတော့ ဖြစ်လာမည်မဟုတ်သည်မှာ သေချာသည်။

အမျိုးသမီးနှစ်ဦးကို လှည့်ကြည့်လိုက်သောအခါ ပိယောင်ယောင်မှာ မျက်လုံးများ ဝေဝါးနေပြီး သူ့ထံသို့ မှီတွယ်ကပ်ကပ်လာသည်ကို တွေ့လိုက်ရသည်။

သူမ၏ အဝတ်အစားများမှာ တစ်ဝက်ခန့် ပြေလျော့နေပြီး ဆီးနှင်းတောင်တန်းများကြားမှ နက်ရှိုင်းသော ချောက်ကမ်းပါးပြင်သဖွယ် အလှတရားများက သူ၏မျက်စိရှေ့တွင် ပေါ်လွင်နေကာ မက်မွန်ပွင့်လေးများ ပွင့်အာနေသည်ကိုပင် ဝေဝါးစွာ မြင်နေရသလိုရှိသည်။ ထို့နောက် ပိုးသားကဲ့သို့ ချောမွတ်သော အထိအတွေ့နှင့် မွှေးပျံ့သော ရနံ့တို့ကလည်း...

“ဒုက္ခပဲ”

လုံယီ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ သူသည် အမျိုးသမီးတစ်ဦးနောက်သို့ အလွယ်တကူ လိုက်မည့်သူမဟုတ်သော်လည်း ပန်းသေနေသည့်လူတစ်ယောက်တော့ မဟုတ်ပေ။

အခြေအနေအရ ဘေးကင်းသောနေရာတွင်ဆိုလျှင် သူသည် ငြင်းဆန်နေမည်မဟုတ်သလို ငြင်းဆန်ရန်လည်း မလိုပေ။

သို့သော် ယခု ပိယောင်ယောင်မှာ အန္တရာယ်ရှိသော စိတ်အာရုံလှည့်စားမှုအတွင်း ပိတ်မိနေခြင်းပင်။ လုံယီအနေဖြင့် သူမ၏အသက်ကို လျစ်လျူရှုပြီး တိရစ္ဆာန်ဆန်သော အပြုအမူမျိုးကို မလုပ်နိုင်ပေ။

ထိုအလှလေး၏ နီမြန်းသော နှုတ်ခမ်းများ တဖြည်းဖြည်း နီးကပ်လာသောအခါ လုံယီသည် စိတ်ထဲတွင် ခဏမျှသာ ဝေခွဲမရဖြစ်သွားပြီး ရှောင်ထွက်မသွားခဲ့ပေ။ သူမ၏ မလိုလားအပ်သော ရင်းနှီးမှုများကို ခဏတာ လျစ်လျူရှုလိုက်ပြီးလုံယီသည် သူ၏စိတ်ကို တည်ငြိမ်အောင်ထားကာ သူ၏ စိတ်ဝိညာဉ်အာရုံဖြစ်သော သိမ်းငှက်အပေါ်သို့သာ အာရုံစိုက်လိုက်သည်။

သိမ်းငှက်၏ အရွယ်အစားမှာ ယခုအခါ ဆယ်ပေကျော်နေပြီဖြစ်ရာ စိတ်အာရုံလှောင်အိမ်ထဲမှ ရုန်းထွက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

“သွားစမ်း”

လုံယီက တိုးညှင်းသော အသံဖြင့် အမိန့်ပေးလိုက်သည်။

ကိကိ

သိမ်းငှက်သည် စိတ်လှုပ်ရှားစွာ အတောင်ပံများကို ခတ်လိုက်ပြီး ဝုန်း ဟူသော အသံနှင့်အတူ လုံယီ၏ စိတ်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။ နောက်တစ်ခဏတွင် သူတို့၏ နှုတ်ခမ်းချင်း ထိတွေ့မှုမှတစ်ဆင့် ပိယောင်ယောင်၏ စိတ်အာရုံထဲသို့ ကူးပြောင်းဝင်ရောက်သွားခဲ့သည်။

လမ်းဘေးဝဲယာတွင် အနီရောင်အုတ်ကြွပ်မိုးထားသော အိမ်များ တန်းစီနေသည့် သာမန်မြို့ကလေးတစ်မြို့တွင် ဝတ်ရုံရှည်များ ဝတ်ထားသော လမ်းသွားလမ်းလာများမှာ မျက်နှာများ ဝေဝါးနေကြသည်။ သူတို့ကြားတွင် ဆံပင်နှစ်ဖက်ခွဲစည်းထားသော မိန်းကလေးငယ်လေးတစ်ဦးမှာ ပျော်ရွှင်စွာ ခုန်ပေါက်ပြေးလွှားနေသည်။

သူမမှာ အသက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်သာ ရှိပုံရပြီး စိမ်းလဲ့ရောင် အင်္ကျီလေးကို ဝတ်ဆင်ထားသည်။ နှာတံလုံးလုံးလေးနှင့် တောက်ပကြည်လင်သော မျက်လုံးနက်ကြီးများရှိသည့် သူမမှာ အနာဂတ်တွင် အလွန်လှပမည့် အလှလေးတစ်ဦး ဖြစ်လာမည်မှာ သေချာသည်။

“သကာရည်စိမ် လိုက်ချီးသီးတွေ လာပြီဟေ့ ချိုချိုလေးတွေ”

“ဆီးသီးယိုတွေ ချဉ်ချဉ်ချိုချို လန်းဆန်းစေတယ်နော်”

“နှင်းဆီမက်မွန်သီး ဒီနေ့မှ လတ်လတ်ဆတ်ဆတ် လုပ်ထားတာ...”

မိန်းကလေးငယ်သည် လီမိသားစု အသီးအနှံဆိုင် ရှေ့တွင် ရပ်လိုက်သည်။ သူမ၏ရှေ့တွင် မွှေးကြိုင်လှသော အသီးခြောက်မျိုးစုံကို ကိုင်ထားသည့် အနီရောင်ဝတ် အမျိုးသမီးလှလှလေးကို မြင်သောအခါ သူမ သွားရည်ကျလာတော့သည်။

“အစ်မကြီး... သမီး အသီးယို စားချင်တယ်”

“ချစ်စရာကောင်းလိုက်တဲ့ ကလေးမလေး လာလာ... အထဲဝင်ခဲ့လေ”

အနီရောင်ဝတ် အမျိုးသမီးက နွေးထွေးစွာ ကြိုဆို လိုက်သည်။

ထို့နောက်တွင် သူမအား အဆုံးမရှိသော လိုက်ချီးသီးယိုများ၊ မက်မွန်မုန့်များနှင့် အခြားအသီးခြောက်များကို ပေးကျွေးတော့သည်။ မိန်းကလေးငယ်မှာ စားလေ သွားရည်ကျလေ ဖြစ်နေသည်။ သူမသည် ထူးဆန်းစွာပင် ကိုယ်ပူလာသဖြင့် အင်္ကျီကြယ်သီးများကို မဖြုတ်ဘဲ မနေနိုင်အောင် ဖြစ်လာခဲ့သည်။

ကိကိ

ထိုအချိန်တွင် အသီးအနှံဆိုင်အတွင်း၌ သိမ်းငှက်တစ်ကောင် ပေါ်လာသည်။ ၎င်း၏ ဒေါသထွက်နေသော ရွှေရောင်မျက်လုံးများက အနီရောင်ဝတ် အမျိုးသမီးကို စူးစိုက်ကြည့်လိုက်သည်။

မိစ္ဆာမ... နင် လူမဟုတ်ဘူးဆိုတာ ငါ တစ်ချက်ကြည့်ရုံနဲ့ သိတယ်

သိမ်းငှက်က သူမထံသို့ ပြင်းထန်စွာ ထိုးဆိတ်လာသည်ကို မြင်သောအခါ အနီရောင်ဝတ် အမျိုးသမီးသည် ထိတ်လန့်တကြားဖြင့် ကြောက်မက်ဖွယ်ကောင်းသော အနီရောင် မြေခွေးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

၎င်းသည် ထွက်ပြေးရန် ကြိုးစားသော်လည်း သိမ်းငှက်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး အလွယ်တကူပင် အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲခြင်း ခံလိုက်ရတော့သည်။

အနီရောင်မြေခွေး သေဆုံးသွားပြီးနောက် ကြီးမားသော မီးခိုးလုံးကြီးအဖြစ် ပြောင်းလဲသွားကာ ၎င်းကို သိမ်းငှက်က လောဘတကြီး ဝါးမြိုလိုက်ရာ သိမ်းငှက်၏ အရွယ်အစားမှာ ဆယ်ပေ နှစ်လက်မခန့်အထိ အနည်းငယ် ပိုမိုကြီးမားလာခဲ့သည်။

တာဝန်ပြီးဆုံးသွားသောအခါ သိမ်းငှက်သည် ပိယောင်ယောင်၏ စိတ်အာရုံထဲမှ ထွက်ခွာလာပြီး လုံယီ၏ စိတ်ထဲသို့ ပြန်လည် ပျံသန်းဝင်ရောက်သွားခဲ့သည်။

နောက်တစ်ခဏ၌ နဖူးချင်းထိစပ်ကာ အလွန်ပင် ရင်းနှီးလွန်းလှသော အနေအထားတွင် ရှိနေကြသည့် သူတို့နှစ်ဦးမှာ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ကြတော့သည်။

အခန်း။ ၃၆၂

ရှည်လျားသော မျက်တောင်များ ဝန်းရံထားသည့် ထိုလှပသော မျက်ဝန်းအစုံတွင် ပထမ၌ ကြောင်တောင်တောင် ဖြစ်နေသော အရိပ်အယောင်များ ထင်ဟပ်နေပြီးနောက် သူငယ်အိမ်များ ရုတ်တရက် ကျယ်ပြန့်သွားတော့သည်။

“အား”

ပိယောင်ယောင်သည် အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ကို နောက်သို့ အရှိန်အဟုန်ဖြင့် ပစ်ဆုတ်လိုက်ကာ လက်တစ်ဖက်ဖြင့် သူမရှေ့မှ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဝူး

ကံဆိုးစွာပင် သူမ၏ လက်ချက်မှာ လေကိုသာ ထိမှန်သွားပြီး ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ လုံယီ၏ ပုံရိပ်မှာမူ ကိုက်အနည်းငယ် အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ လက်ရှိ စွမ်းရည်နှင့်ဆိုလျှင် ပိယောင်ယောင်၏ ရိုက်ချက်ကို မိနေခြင်းမှာ ဟာသတစ်ခုသာ ဖြစ်ပေလိမ့်မည်။

“နင့်ကို ကယ်တဲ့သူကို ဒီလိုပဲ ဆက်ဆံတာလား”

လုံယီက ဘာပြောရမှန်းမသိဘဲ ပြောလိုက်သည်။

ပိယောင်ယောင်မှာ ငတုံးမဟုတ်ပေ။ အမျိုးသမီးတစ်ဦး၏ သဘာဝအရ တုံ့ပြန်မိခြင်းသာ ဖြစ်သည်။ သေချာစဉ်းစားကြည့်လိုက်သောအခါ လုံယီသည် သူမကို ကယ်တင်ခဲ့ပြီး စိတ်အာရုံလှည့်စားမှု နယ်မြေထဲမှ ဆွဲထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း နားလည်သွားသည်။ ထို့ကြောင့် သူမသည် လုံယီကို ဒေါသတကြီး တစ်ချက်ကြည့်လိုက်ရုံမှလွဲ၍ ကျန်ရှိသော တိုက်ခိုက်မှုများကို ရပ်တန့်လိုက်တော့သည်။

“မလုပ်ချင်ဘူး... ငါ့ကို အတင်းမခိုင်းပါနဲ့”

ဘေးနားမှ နာကျင်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

ယိုချင်းယီသည် မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး မျက်မှောင်ကြုတ်လျက် မျက်နှာတစ်ခုလုံးတွင် မျက်ရည်များ စိုရွှဲနေသည်။ သူမသည် စိတ်အာရုံလှည့်စားမှုအတွင်း မည်သည့်အရာနှင့် ရင်ဆိုင်နေရသည်ကို မသိရပေ။

“မြန်မြန်... ချင်းယီကို ကယ်ပါဦး”

ယိုချင်းယီ အန္တရာယ်ဖြစ်နေသည်ကို မြင်သောအခါ ပိယောင်ယောင်မှာ အစောပိုင်းက အဖြစ်အပျက်ကို ချက်ချင်းမေ့သွားပြီး စိုးရိမ်တကြီး တိုက်တွန်းလေတော့သည်။

“ငါ ကြိုးစားကြည့်မယ်”

လုံယီသည် ယိုချင်းယီအနားသို့ တိုးကပ်သွားပြီး သူ၏နဖူးကို သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွတ်သော နဖူးပြင်နှင့် ထိကပ်လိုက်သည်။ အထိအတွေ့မှာ ရေခဲကဲ့သို့ အေးစိမ့်နေသည်။

သူ၏စိတ်ထဲတွင် သိမ်းငှက်သည် တစ်ဖန် ပျံသန်းထွက်ခွာသွားပြီး အရေပြားချင်း ထိတွေ့မှုမှတစ်ဆင့် ယိုချင်းယီ၏ ကမ္ဘာ ထဲသို့ ဝင်ရောက်သွားခဲ့သည်။

မြင်ကွင်းမှာ ချက်ချင်း ပြောင်းလဲသွားသည်။

လမင်းမှာ မြင့်မားစွာ သာထွန်းနေပြီး အေးစက်သော လေများမှာ တဝုန်းဝုန်း တိုက်ခတ်နေသည်။ ကြီးမားသော အိမ်တော်ကြီးတစ်ခု၏ ဝင်းအတွင်း၌ အနက်ရောင်ဝတ် ဓားကိုင်အစောင့်များမှာ တန်းစီ၍ တည်ငြိမ်စွာ ရပ်နေကြပြီး ကြားထဲတွင်မူ ဖရိုဖရဲဖြစ်နေသော အမျိုးသားတစ်ဦးကို ဒူးထောက် ဖမ်းဆီးထားသည်။

ထိုအမျိုးသား၏ ဆံပင်များမှာ တစ်ဝက်ခန့် ဖြူနေပြီး အသက် ၄၀ သို့မဟုတ် ၅၀ ခန့် ရှိပုံရကာ လက်မောင်းများမှာ ကျိုးပဲ့လျက် သွေးများဖြင့် စိုရွှဲနေသည်။ သူသည် လူသားမဆန်သော နှိပ်စက်မှုများကို ခံထားရသည်မှာ ထင်ရှားလှသည်။

ဒူးထောက်နေသော အမျိုးသား၏ ရှေ့တွင် လူရိပ်နှစ်ခု ရပ်နေပြီး တစ်ဦးမှာ ကြီး၍ တစ်ဦးမှာ ငယ်သည်။ လူကြီးမှာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး တင်းမာသော မျက်နှာဖြင့် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည်။ လူငယ်မှာမူ အသက် ၁၁ နှစ် သို့မဟုတ် ၁၂ နှစ်ခန့်သာ ရှိသေးသည့် မိန်းကလေးငယ်လေး တစ်ဦးဖြစ်သည်။

သူမ၏ ဆံပင်ရှည်များကို စည်းနှောင်ထားပြီး မျက်ခုံးများမှာ မှင်ကဲ့သို့ နက်ကာ မျက်ဝန်းများမှာ ကြယ်ပမာ တောက်ပနေသည်။ နောင်တစ်ချိန်တွင် ထူးကဲသော အလှဘုရင်မတစ်ဦး ဖြစ်လာမည်မှာ ဝေဝါးစွာ မြင်တွေ့နေရသည်။

“ယီယီ... သူ့ကို သတ်လိုက်စမ်း”

အနက်ရောင် ဝတ်စုံနှင့် အမျိုးသားက အေးစက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။

ထို့နောက် အစောင့်တစ်ဦး ရှေ့သို့ တိုးလာပြီး စူးရှသော အနက်ရောင် ဓားမြှောင်တစ်စင်းကို ရိုသေစွာဖြင့် ကမ်းပေးလိုက်သည်။

“ဦးလေးကျုံးက... သမီးကို ငယ်ငယ်ကတည်းက ကြည့်လာခဲ့တာ။ သမီး တကယ် မလုပ်နိုင်

ဘူး...”

မိန်းကလေးငယ်သည် မျက်ရည်များ ဝိုင်းနေသော မျက်ဝန်းများဖြင့် ခေါင်းခါကာ ငြင်းဆန်နေသည်။

“အဲဒီတုန်းက သူက လမ်းဘေးမှာ တောင်းစားနေတာ။ သူ့ကို အိမ်ခေါ်လာပြီး စားစရာ၊ နေစရာ ပေးခဲ့တာ ငါပဲ။ မိန်းမနဲ့ ကလေးတွေရအောင်လည်း လုပ်ပေးခဲ့တယ်။ ဘယ်သူက ထင်မှာလဲ... သူက တကယ်တော့ ယွီ မိသားစုရဲ့ မျိုးဆက်ဖြစ်နေပြီး ဒီနှစ်တွေတစ်လျှောက် ငါတို့ဆီက သတင်းတွေ ဘယ်လောက်တောင် ပေးပို့ခဲ့လဲ မသိဘူး”

ဝတ်စုံရှည်နှင့် အမျိုးသားက ဒေါသတကြီး ဟောက်လိုက်သည်။

“ဒီလို ကျေးဇူးကန်းတဲ့ လူစားမျိုးအတွက် ဘယ်လို တရားမျှတမှုမျိုးကို စဉ်းစားနေဦးမှာလဲ”

“ဦးလေးကျုံး... ဦးလေးက တကယ်ပဲ ကျွန်မတို့ ယိုမိသားစုကို သစ္စာဖောက်ခဲ့တာလား” မိန်းကလေးငယ်က ငိုယိုကာ မေးလိုက်သည်။

“သ... သခင်မလေး ကျွန်တော်... ကျွန်တော် မလုပ်ခဲ့ပါဘူး...”

ဆံပင်ဖြူတစ်ဝက်နှင့် အမျိုးသားက သနားစဖွယ် ပြောလိုက်သည်။

“ကျွန်တော် အတိတ်ကို မေ့နေတာ ကြာပါပြီ။ သခင်မလေးရဲ့ ဘေးမှာပဲ အမြဲတမ်း နေသွားချင်ခဲ့တာ... သခင်မလေး ကြီးပြင်းလာတာကို မြင်ချင်တယ်။ အိမ်ထောင်ပြုတာကို မြင်ချင်တယ်...”

“အဖေ... ကြားတယ်မလား”

မိန်းကလေးသည် သူမ၏ အစေခံအတွက် ဆက်လက် တောင်းပန်နေဆဲပင်။

သို့သော်လည်း ဝတ်စုံရှည်နှင့် အမျိုးသားမှာမူ အေးစက်သော မျက်နှာထားအတိုင်း ရှိနေဆဲပင် “နင်က နောင်တစ်ချိန်မှာ ယိုမိသားစုရဲ့ အိမ်တော်သခင်မ ဖြစ်လာမှာ။ မိသားစုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မိန်းမသားဆန်တဲ့ သနားကြင်နာမှုမျိုး ရှိလို့မရဘူး သူပြောတာတွေရဲ့ ၉၉ ရာခိုင်နှုန်းက အမှန်ဖြစ်နေရင်တောင်မှ တစ်ရာခိုင်နှုန်းသော အမှားက ငါတို့ ယိုမိသားစုကို ပျက်စီးသွားစေနိုင်တယ်”

“သတ်လိုက်”

“မလုပ်ဘူး... သမီး မလုပ်ချင်ဘူး သမီးကို အတင်းမခိုင်းပါနဲ့...”

“ယိုမိသားစုရဲ့ ဘိုးဘွားအမွေအနှစ်တွေကို မေ့သွားပြီလား။ ငါတို့ မိသားစုကို ပြန်လည် ထူထောင်မယ်လို့ ကတိမပေးခဲ့ဘူးလား။ သူ့ကို သတ်ခြင်းအားဖြင့်သာ နင် လုပ်နိုင်တယ်ဆိုတာကို သက်သေပြနိုင်လိမ့်မယ်”

အေးစက်သော အသံမှာ စကားလုံးတိုင်းတွင် သွေးစွန်းနေသကဲ့သို့ ရှိနေပြီး မိန်းကလေးငယ်အား ပြစ်မှုကျူးလွန်ရန် ဖိအားပေးနေသည်။

“သူ့ကို သတ်လိုက် ဒါမှ ဘိုးဘွားတွေရဲ့ မျှော်လင့်ချက်ကို နင် မဖျက်ဆီးရာ ရောက်လိမ့်မယ်”

ဝတ်စုံရှည်နှင့် အမျိုးသားသည် ဓားမြှောင်ကို မိန်းကလေး၏ လက်ထဲသို့ အတင်းအဓမ္မ ထည့်ပေးလိုက်ပြီး သူမကို ရှေ့သို့ တွန်းပို့လိုက်သည်။

မိန်းကလေး၏ မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်လျှံနေကာ ရင်းနှီးနေသော ထိုမျက်ဝန်းဝါဝါ သွေးစွန်းစွန်းများကို ကြည့်ရင်း သူမ၏ လက်ထဲမှ ဓားမြှောင်ကို ဖြည်းညှင်းစွာ မြှောက်လိုက်တော့သည်။

မိန်းကလေး၏ ဓားမြှောင်သည် သူ၏အနားသို့ တဖြည်းဖြည်း တိုးကပ်လာပြီး ရင်းနှီးနေသော မျက်ဝန်းအစုံမှာလည်း မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မှိတ်ကျသွားတော့သည်။

ထိုအချိန်တွင် ဝင်းအတွင်းရှိ သစ်ပင်တစ်ပင်ပေါ်၌ ပုန်းအောင်းနေသော သိမ်းငှက်သည် သူ၏ရွှေရောင်မျက်လုံးများဖြင့် ဖြစ်ပျက်နေသမျှကို အေးစက်စွာ စောင့်ကြည့်နေသည်။

၎င်းသည် ဖြစ်ပျက်တော့မည့် အရာအားလုံးကို တားဆီးရန် သစ်ပင်ပေါ်မှ ပျံသန်းထွက်ခွာတော့မည်အပြု

ဟင်

သိမ်းငှက်သည် အခြေအနေ အရပ်ရပ် ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သဖြင့် ရုတ်တရက် တုံ့ဆိုင်းသွားခဲ့သည်။ မိန်းကလေး၏ ဓားမြှောင်သည် လေထဲတွင် ရပ်တန့်နေပြီး ရှေ့သို့ ဆက်လက် တိုးမလာတော့သည်ကို မြင်လိုက်ရသည်။

“ယိုချင်းယီ... နင် ဘာလုပ်နေတာလဲ”

ဝတ်စုံရှည်နှင့် အာဏာရှိပုံရသော အမျိုးသားမှာ သိသိသာသာ ဒေါသထွက်သွားပုံပင်။

“ကျွန်မ သူ့ကို မသတ်ဘူး”

မိန်းကလေး၏ အသံမှာ တခြားလူတစ်ယောက်အလား ရုတ်တရက် တည်ငြိမ်သွားခဲ့သည်။

“ရှင်က ဘယ်သူလဲဆိုတာ ကျွန်မ မသိပေမဲ့ ကျွန်မရဲ့ ငယ်ဘဝ အမှတ်တရတွေကို ပြန်ဖော်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ယုံကြည်ချက်ကို ပြန်ပြီး ခိုင်မာအောင် ကူညီပေးခဲ့လို့လည်း ရှင့်ကို ကျေးဇူးတင်ရမယ်။ ကျွန်မက ကျွန်မပဲ ဖြစ်ချင်တာ တခြားသူတွေရဲ့ ခိုင်းစေမှုကို ကျွန်မ နောက်ထပ် အဖြစ်မခံတော့ဘူး”

ထိုစကားကို ကြားလိုက်ရသောအခါ ဝတ်စုံရှည်နှင့် အမျိုးသား၏ မျက်နှာတွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ပေါ်လာသည်။ အမှောင်ထဲတွင် ပုန်းနေသော သိမ်းငှက်၏ မျက်လုံးထဲတွင်ပင် ထိတ်လန့်သွားသော အရိပ်အယောင်များ ရှိနေသည်။

မထင်မှတ်ဘဲ ယိုချင်းယီသည် သူမ၏ စိတ်ဓာတ်ခွန်အားကို အသုံးပြုကာ ဤစိတ်အာရုံလှည့်စားမှု နယ်မြေမှ အတင်းအဓမ္မ ရုန်းထွက်နိုင်ခဲ့ခြင်းပင်။

ယိုချင်းယီ စကားပြောပြီးသည်နှင့် ဝတ်စုံရှည်နှင့် အမျိုးသားအပါအဝင် ဘေးပတ်ဝန်းကျင်ရှိ အစောင့်များ၏ ပုံရိပ်မှာ ဝေဝါးသွားတော့သည်။

ဝုန်း

စိတ်အာရုံလှည့်စားမှု နယ်မြေမှာ အပိုင်းပိုင်းအပြတ်ပြတ် ပြိုကွဲသွားခဲ့သည်။ လက်တွေ့လောကတွင် လုံယီနှင့် ယိုချင်းယီတို့သည် မျက်လုံးများကို တစ်ပြိုင်နက်တည်း ဖွင့်လိုက်ကြသည်။

ယိုချင်းယီသည် သူမနှင့် နီးကပ်လွန်းနေသော လုံယီ၏ မျက်နှာကို ကြည့်ရင်း အံ့အားသင့်သွားသော်လည်း ရှောင်ထွက်မသွားဘဲ လုံယီကို စိုက်ကြည့်နေမိသည်။

“ချင်းယီ... နင် နောက်ဆုံးတော့ နိုးလာပြီပဲ”

ဘေးနားမှ ပိယောင်ယောင်၏ အံ့သြဝမ်းသာနေသော အသံကို ကြားမှသာ သူတို့နှစ်ဦးမှာ အလျင်အမြန် ခွာလိုက်ကြသည်။

“ဒီစိတ်အာရုံလှည့်စားမှုက တကယ်ကို လက်တွေ့ကျလွန်းတယ်။ ငါတောင် လွတ်အောင် မနည်းရုန်းခဲ့ရတယ်”

ယိုချင်းယီသည် ရှက်ကိုးရှက်ကန်းဖြင့် သူမ၏ နားထင်မှ ဆံစများကို သပ်တင်လိုက်ပြီး လုံယီနှင့် ပိယောင်ယောင်တို့၏ အကြည့်ကို ခဏတာ ရှောင်ဖယ်လိုက်သည်။

“နင် တကယ်တော်တယ်။ ကိုယ့်အားကိုယ်ကိုးပြီး စိတ်အာရုံလှည့်စားမှုကနေ ရုန်းထွက်နိုင်ခဲ့တာပဲ”

လုံယီက ရိုးသားစွာ ချီးကျူးလိုက်သည်။ သူသည် သိမ်းငှက်နှင့် မြွေနက်ကဲ့သို့သော လှို့ဝှက်ချက်များရှိ၍သာ ဤအဆင့်ကို ခက်ခဲစွာ ကျော်ဖြတ်နိုင်ခဲ့ခြင်းပင်။

ပိယောင်ယောင်မှာ ဂိုဏ်းလူကြီးတစ်ဦး၏ သမီးဖြစ်ပြီး သူမ၏ ရွယ်တူများထက် များစွာသာလွန်သော်လည်း သူမကိုယ်တိုင် မရုန်းထွက်နိုင်ခဲ့ပေ။ ၎င်းကပင် ယိုချင်းယီ၏ ထူးချွန်မှုကို သက်သေပြနေပြီး သူမ၏ အနာဂတ် ကျင့်ကြံခြင်းလမ်းမှာ အကန့်အသတ်မရှိနိုင်ကြောင်း ဖော်ပြနေသည်။

“ဟုတ်တယ် ကတုံးကြီးလုံသာ မကူညီခဲ့ရင်...”

ပိယောင်ယောင်ကလည်း ယိုချင်းယီကို ချီးကျူးရန် ပြင်လိုက်သည်။

သို့သော် သူမ စကားမဆုံးမီမှာပင် ကောင်းကင်မှ စိမ်းလဲ့ရောင် အလင်းတန်းတစ်ခု ကျဆင်းလာပြီး ယိုချင်းယီ၏ ကိုယ်ပေါ်သို့ ဖြာကျသွားရာ သူမမှာ အံ့အားသင့်သွားတော့သည်။ ထိုအလင်းတန်းအတွင်း၌ ယိုချင်းယီ၏ ပုံရိပ်မှာ တဖြည်းဖြည်း ကြည်လင်ရာမှ ဝေဝါးသွားပြီး ခဏချင်းအတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

“ချင်းယီ အပို့ခံလိုက်ရပြီ”

ပိယောင်ယောင်က စိုးရိမ်တကြီး ပြောလိုက်သည်။

“ဒါ ဘာဖြစ်တာလဲ ငါတို့ သူ့ကို ကယ်ဖို့ မြန်မြန်သွားရမယ်”

လုံယီသည်လည်း ဘာဖြစ်သည်ကို တွေးမရသဖြင့် ပိယောင်ယောင်နှင့်အတူ နောက်ထပ် ဝင်ပေါက်ဆီသို့ အမြန် လိုက်သွားတော့သည်။ သူ၏ စိတ်ထဲတွင်မူ ဆယ်ပေ နှစ်လက်မခန့် မြင့်သော သိမ်းငှက်မှာ ယခုအခါတွင် ခေါင်းငိုက်စိုက်ကျလျက် မျက်လုံးများမှာလည်း အလွန်ပင် ပင်ပန်းနွမ်းနယ်နေဟန် ရှိသည်။

သိမ်းငှက်ရဲ့ အဆင့်က မမြင့်သေးဘူးပဲ။ စိတ်အာရုံထဲကနေ ထပ်ခါတလဲလဲ ထွက်ဖို့ ဒါမှမဟုတ် အပြင်မှာ အကြာကြီးနေဖို့ မတတ်နိုင်သေးဘူး။

လုံယီသည် ရုတ်တရက် နားလည်သွားသည်။ ဤအခြေအနေမှာ သိမ်းငှက်၏ ခွန်အား တိုးတက်လာသည်နှင့်အမျှ တဖြည်းဖြည်း ကောင်းမွန်လာမည်ပင်။

“ချင်းယီမရှိဘဲ ကျန်တဲ့ စမ်းသပ်ချက်တွေကို ငါတို့ ပိုပြီး သတိထားပြီး တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်ရတော့မယ်”

ပိယောင်ယောင်က ညည်းတွားလိုက်သည်။

...

လုံယီနှင့် ပိယောင်ယောင်တို့ မသိလိုက်သည်မှာ ယိုချင်းယီ အပို့ခံလိုက်ရပြီးနောက် ဆရာကြီး ဟန်ယွဲ့၏ ဂူဗိမာန်အတွင်းရှိ အခြားကျင့်ကြံသူ မည်သူမျှ စိတ်အာရုံလှည့်စားမှု စမ်းသပ်ချက်နှင့် ထပ်မံမတွေ့ကြုံရတော့ပေ။ ဤစမ်းသပ်ချက်မှာ တစ်ကြိမ်သာ အလုပ်လုပ်ပုံပင်။

၎င်းကြောင့်ပင် အခြားထူးချွန်သော တပည့်အဖွဲ့များမှာ လုံယီတို့အဖွဲ့ကို ကျော်တက်သွားကြပြီး လူနှစ်ယောက်သာ ကျန်တော့သည့် လုံယီတို့မှာမူ ကျော်ဖြတ်နိုင်သည့် နည်းလမ်းများ နည်းပါးသွားသဖြင့် သိသိသာသာ နှေးကွေးသွားတော့သည်။

နာရီအနည်းငယ် ကြာပြီးနောက် ဂူဗိမာန်အတွင်းရှိ ကျယ်ပြောလှသော မြေအောက်နေရာတစ်ခုတွင် နက်ပြာရောင် ကျင့်ကြံသူ ဝတ်ရုံကို ဝတ်ဆင်ထားသော သာမန်အသွင်သာရှိသည့် အမျိုးသားတစ်ဦးသည် ဤနေရာသို့ ပထမဆုံး ရောက်ရှိလာသည်။

သူသည် တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် မြေအောက်နေရာ၏ အလယ်ဗဟိုတွင် ရှိနေသော ကြီးမားလှသည့် အမျိုးသမီး ရုပ်တုကြီးထံသို့ အကြည့်ရောက်သွားသည်။

အပြစ်အနာအဆာကင်းသော ကျောက်စိမ်းဖြူနှင့် ထုလုပ်ထားသော ထိုအမျိုးသမီး ရုပ်တုမှာ လက်ထဲတွင် စာလိပ်တစ်ခုကို ကိုင်ဆောင်ထားပြီး အေးစက်ကာ နတ်သက်ကြွေသည့်အလား အရှိန်အဝါမျိုး ရှိနေသည်။

သူမမှာ ဤဂူဗိမာန်၏ အရှင်သခင် ဆရာကြီး ဟန်ယွဲ့ပင်။

ရုပ်တု၏ အောက်တွင် ပစ္စည်းသုံးမျိုး ရှိနေပြီး တစ်ခုချင်းစီကို တစ်ပိုင်းတစ်စ ကြည်လင်သော အဖြူရောင် အလင်းတိုင်များဖြင့် ကာကွယ်ထားသည်။

ဘယ်ဘက်တွင် အရောင်စုံ ဆေးပုလင်းများ ရှိနေပြီး၊ ညာဘက်တွင်မူ အမည်းရောင်နှင့် အဖြူရောင် အလင်းတန်းများ ဖုံးလွှမ်းနေသော အမည်မသိ လက်နက်နှစ်ခု ရှိနေသည်။

အလယ်တွင်မူ စူးရှတောက်ပသော အစိမ်းရောင် အလင်းများ ထွက်ပေါ်နေသည့် စာလိပ်တစ်ခု ရှိနေပြီး ၎င်းကို အလွန်လှပသော အမျိုးသမီးတစ်ဦးက ကိုင်ဆောင်ထားသည်။ သူမ၏ ပုံစံမှာ ရင်းနှီးနေသလိုပင်။

“ယိုချင်းယီလား သူမက စစ်မှန်တဲ့ အမွေအနှစ်ကို ရသွားတာပဲ”

ထိုအမျိုးသားသည် ယိုချင်းယီကို ကာကွယ်ထားသော ခန့်မှန်းရခက်သည့် အစီအရင်ကို ကြည့်ရင်း မျက်နှာတွင် ဝေခွဲမရဖြစ်နေသော အရိပ်အယောင်များ ပေါ်လာတော့သည်။

All Chapters