← Chapters

အခန်း (၃၄၃-၃၄၄)

Vol. 18 Ch. 343-344

အခန်း (၃၄၃-၃၄၄)

Vol. 18 Ch. 343-344

အခန်း (၃၄၃)နေရာတိုင်းတွင် ရှိနေကြသည်

ထိုခဏ၌ ကျူးရွှမ်းကျိသည် နံပါတ် ၃ ရွှေမီးဖို၏ အတိတ်ဖြစ်ရပ်တစ်ခုကို အာရုံတွင် မြင်ယောင်လာချေသည်။

ရွှေမီးဖို၏ တံခါးများမှာ ဟက်ဟက်ပက်ပက် ပွင့်ဟနေပြီး ထိုရှေ့တွင် လျှို့ဝှက်ဆန်းပြားသော ကျင့်ကြံသူတစ်ဦးသည် တံစဉ်တစ်ခုကို ကိုင်စွဲလျက် ရပ်တန့်နေပေရာ ယင်းက သားရဲများနှင့် ကျင့်ကြံသူတို့၏ အလောင်းများကို မီးဖိုထဲသို့ တရစပ် ပစ်ထည့်နေသည်။

အလောင်းများမှာ များပြားလှလွန်းလှသဖြင့် ကျူးရွှမ်းကျိပင်လျှင် မျက်မှောင်ကို အနည်းငယ် ကြုတ်မိသွားရသည်။

ထို့နောက် လျှို့ဝှက်အိတ်တစ်ခုထဲမှ ခေါင်းမပါသော ကျင့်ကြံသူတစ်ဦး၏ အလောင်းကို ထုတ်ယူလိုက်ရာ လက်ချောင်းမှ ကျောက်စိမ်းလက်စွပ်တစ်ကွင်းမှာ ကြမ်းပြင်ပေါ်သို့ လျှောကျသွားချေသည်။

ထိုကျင့်ကြံသူသည် သူ၏လက်ကောက်ဝတ်ကို ခပ်ဖွဖွလှုပ်ရှားလိုက်ပြီး တံစဉ်ရိုးဖြင့် ထိုကျောက်စိမ်းရတနာကို သီလျက် ရွှေမီးဖိုကြီးအတွင်းသို့ ထိုးထည့်လိုက်ပြန်သည်။

မီးဖိုအတွင်းရှိ အလောင်းများမှာ ပြည့်လျှံနေပြီဖြစ်သော်လည်း တံစဉ်ရိုးဖြင့် ဖိနှိပ်လိုက်သောအခါ နေရာလွတ်များ ပြန်လည်ထွက်ပေါ်လာ၏။

ထိုသူက တံစဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်ချိန်တွင် ကျောက်စိမ်းလက်စွပ်မှာ မီးဖိုအတွင်း၌ ကျန်ရစ်ခဲ့ချေပြီ။

ရတနာများသာမက ကျင့်ကြံသူတို့၏ ဝတ်စုံများနှင့် အသုံးအဆောင်များကိုပါ ချွတ်ယူခြင်းမရှိဘဲ တစ်ပါတည်း ထည့်သွင်းထားသည်ကို ကျူးရွှမ်းကျိ မြင်တွေ့လိုက်ရပေသည်။

နောက်ဆုံးတွင်မူ ထိုကျင့်ကြံသူသည် မိမိလက်ထဲရှိ တံစဉ်ကိုပါ ရွှေမီးဖိုထဲသို့ ထည့်လိုက်လေတော့သည်။

မီးတောက်များမှာ ဟုန်းဟုန်းတောက်လောင်လာပြီး ပြင်းထန်သော သန့်စင်မှုဖြစ်စဉ်ကို စတင်လေသည်။ သန့်စင်ခြင်းပြီးဆုံးသွားသောအခါ မီးတောက်များ ငြိမ်းသတ်သွားပြီး မီးဖိုတစ်ခုလုံးတွင် အက်ကြောင်းများ ထင်ကျန်ရစ်ချေပြီ။

ထို့နောက် ရွှေမီးဖိုကြီးမှာ အပိုင်းပိုင်းအပြတ်ပြတ် ကွဲအက်သွားပြီး ဖုန်မှုန့်များကြားမှ စက်မှုမြွေနက်ကြီးတစ်ကောင် ထွက်ပေါ်လာကာ ဦးခေါင်းကို မော့ကြည့်နေသည်။

ထိုမြွေကြီးသည် လျှို့ဝှက်ကျင့်ကြံသူထံသို့ ချစ်ခင်မြတ်နိုးစွာဖြင့် တိုးဝှေ့သွားရာ ထိုသူကလည်း မြွေကြီး၏ဦးခေါင်းကို ခပ်ဖွဖွ ပွတ်သပ်ပေးနေသည်။

"ဒါက ကျန်းတန်လျန်ရဲ့ ညဉ့်မိုးစက် မိစ္ဆာစစ်သည်တော်ပဲ"

ကျူးရွှမ်းကျိ၏ စိတ်နှလုံးမှာ အလွန်အမင်း တုန်လှုပ်သွားရချေသည်။

"ဒါဆိုရင် ဒီလျှို့ဝှက်ကျင့်ကြံသူက ဘယ်သူများလဲ"

သူ၏မျက်ဝန်းများမှ ရွှေရောင်အလင်းတန်းများမှာ ပိုမိုပြင်းထန်လာပြီး ထိုသူ၏ ရုပ်သွင်ကို ထိုးဖောက်မြင်နိုင်ရန် ကြိုးစားလိုက်သည်။

ဝေဝါးနေသော ပုံရိပ်များမှာ တဖြည်းဖြည်း ကြည်လင်လာသော်လည်း လူရိပ်လောက်သာ မြင်ရပြီး ထိုသူ၏ကိုယ်ထဲတွင် ခရမ်းရောင်အမှတ်အသားကြီးတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။

ပင်လယ်မျှော့တစ်ကောင်နှင့် တူသော ထိုအမှတ်အသားသည် ထူးဆန်းသော ခရမ်းရောင်အလင်းများကို ထုတ်လွှင့်နေပြီး ယင်း၏ မျက်နှာပြင်ပေါ်တွင် အဖုအထစ်များစွာနှင့် အာရုံခံလက်တံသစ်များ ထွက်ပေါ်နေသည်မှာ ရွံရှာဖွယ်ရာ အင်းဆက်တစ်ကောင်နှင့်ပင် ဆင်တူနေပေရာ ကျူးရွှမ်းကျိ၏ မျက်ဝန်းများကို ပြန်လည်တိုက်ခိုက်လာချေသည်။

ကျူးရွှမ်းကျိသည် မျက်လုံးများကို အမြန်ပိတ်လိုက်ရပြီး ရွှေရောင်အလင်းတန်းများမှာ မျက်ခွံအောက်မှ လျှံထွက်နေသည်။

ခဏမျှ အားထုတ်လိုက်မှသာ ခရမ်းရောင် အငွေ့အသက်များကို ဖယ်ရှားနိုင်တော့သည်။ သူ၏ မျက်ဝန်းများကို ပြန်လည်ဖွင့်လိုက်သောအခါ မျက်နှာရိပ်မျက်နှာကဲမှာ အနည်းငယ် ပြောင်းလဲသွားပြီ ဖြစ်တန်ရာ၏။

"ဒီလူက ဘယ်သူများလဲ။ ကျန်းတန်လျန်များလား"

သူသည် ကျန်းရွှမ်းကောနှင့် ပြောဆိုခဲ့သော စကားများကို ချက်ချင်း ပြန်လည်အမှတ်ရမိသည်။

"လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ကျွန်တော့်အစ်ကိုဝမ်းကွဲ မသေမျိုးနန်းတော်ထဲကို ရောက်သွားတုန်းက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့ဖူးတယ်" ဟု ကျန်းရွှမ်းကောက ပြောခဲ့ဖူးသည်။

"အဲဒီတုန်းက အဲဒီလူက စက်မှုတံစဉ်ကြီးကို ကိုင်ပြီး လူတွေကို အရူးတစ်ယောက်လို လိုက်သတ်နေတာပေါ့။ ကျွန်တော့်အစ်ကိုက မကြည့်ရက်တာနဲ့ပဲ လက်ထိပ်ချင်းတွေ့ပြီး နှိမ်နင်းလိုက်တာ။ အဲဒီကနေမှ ပျက်စီးနေတဲ့ မိစ္ဆာစစ်သည်တော်တစ်ရုပ်နဲ့ စက်မှုပုံစံငယ်တစ်ခု ရလာတာလေ"။

ကျူးရွှမ်းကျိသည် ထိုစက်မှုပုံစံငယ်ကို ကြည့်ဖူးသော်လည်း ညဉ့်မိုးစက် မိစ္ဆာစစ်သည်တော်များ တည်ဆောက်ပုံကို နားမလည်နိုင်ခဲ့ပေ။ သို့သော် ထိုပုံစံငယ်အတိုင်း အဆင့်ဆင့်လုပ်ဆောင်မည်ဆိုပါက ထိုကဲ့သို့သော စစ်သည်တော်များကို ဖန်တီးနိုင်မည်မှာ အမှန်ပင်ဖြစ်ချေသည်။

"ဒီရွှေမီးဖိုကနေ သန့်စင်လိုက်တဲ့ စက်မှုတံစဉ်က ကျန်းတန်လျန်ရဲ့လက်ထဲမှာ ရှိနေတဲ့ တစ်ခုပဲ ဖြစ်ရမယ်။ အစက အကောင်းကြီးဆိုရင် ဘာလို့ ပျက်စီးသွားရတာလဲ။ အဲဒီတုန်းက ဘာတွေဖြစ်ခဲ့တာလဲ။ ကျန်းရွှမ်းကော ပြောသလို တကယ်ပဲ ဖြစ်ခဲ့တာလား။ ဒါမှမဟုတ် ကျန်းမျိုးနွယ်စုက ကြိုတင်စီစဉ်ထားတဲ့ ပြဇာတ်တစ်ခုပဲလား"

ကျူးရွှမ်းကျိသည် ဆက်လက်၍ မစဉ်းစားတော့ပေ။ သတင်းအချက်အလက်များမှာ လုံလောက်မှု မရှိသေးရာ အရေးကြီးသော သဲလွန်စတစ်ခုကို တွေ့ရှိခဲ့သော်လည်း ပိုမိုနက်နဲသော လျှို့ဝှက်ချက်ကြီးက ဆီးကြိုနေပေသည်။

သူသည် လျှို့ဝှက်ဆောင်များကြားမှ အမြန်ပြေးထွက်လာသည်။ ယခုအခါ သူသည် ရွှေအမြုတေအဆင့်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ရာ လျှို့ဝှက်ဆောင်အတွင်းရှိ အစီအရင်များမှာ သူ၏ရှေ့တွင် ကလေးကစားစရာမျှသာ ဖြစ်ပေသည်။

အတိတ်ကဆိုလျှင် ကျန်းတန်လျန်အား သိရှိသွားစေနိုင်သော်လည်း ယခုအခါတွင်မူ သူသည် အလွယ်တကူ ရိပ်မိစေမည် မဟုတ်ပေ။

"ကြည့်ရတာ ဒီညဉ့်မိုးစက် မိစ္ဆာစစ်သည်တော်တွေက တခြားအလောင်းတွေကို ဝါးမျိုပြီး ကိုယ့်ကိုယ်ကိုယ် အဆင့်မြှင့်တင်နိုင်တဲ့ မိစ္ဆာအငွေ့အသက်တွေ ရှိနေတာပဲ။ ကျန်းတန်လျန် နောက်ပိုင်းမှာ ထပ်မံသန့်စင်လိုက်တဲ့ စစ်သည်တော်တွေက ရန်သူတွေကို သတ်ဖြတ်ပြီး ပိုပြီး အစွမ်းထက်လာတာလည်း ဖြစ်နိုင်တယ်"

"ငါ့ရဲ့ ရွှေမျက်ဝန်းနဲ့တောင် အဲဒီလူရဲ့ မျက်နှာအစစ်ကို မမြင်ရဘဲ ခရမ်းရောင်အမှတ်အသားလောက်ပဲ မြင်ရတယ်ဆိုတော့ ဒါက သာမန်ကိစ္စတော့ မဟုတ်ဘူး။ ငါ့ရဲ့ ရွှေမျက်ဝန်းကိုတောင် ပြန်ပြီး တိုက်ခိုက်နိုင်တယ်ဆိုတော့ ဒီအမှတ်အသားရဲ့ မူလဇစ်မြစ်က ဘာများပါလိမ့်။ ကံကောင်းလို့ ခရမ်းရောင် အငွေ့အသက် အနည်းငယ်ပဲ ခံစားလိုက်ရတာ"

ထိုစဉ် စုန့်ဖူလီသည် ကျူးရွှမ်းကျိ၏ ဝိညာဉ်အာရုံအတွင်းသို့ ရောက်ရှိလာပြီး အနားသို့ အပြန်အလှန် ချဉ်းကပ်လာချေသည်။

ကျူးရွှမ်းကျိက ဝိညာဉ်အာရုံဖြင့်ပင် လှမ်း၍ သတိပေးလိုက်သည်မှာ—

"မိတ်ဆွေစုန့်၊ အဲဒီမှာတင် ရပ်လိုက်တော့။ မင်း ထပ်ပြီး ရှေ့တိုးလာမယ်ဆိုရင် ငါက ရန်သူလို့ သတ်မှတ်ပြီး နှိမ်နင်းရလိမ့်မယ်"

စုန့်ဖူလီက အလျင်အမြန်ပင် ပြန်ပြောသည်မှာ "အကြီးအကဲကျူး၊ ကျွန်တော်က မိတ်ဆွေပါ။ ရန်သူမဟုတ်ပါဘူး။ ဒီညဉ့်မိုးစက် မိစ္ဆာစစ်သည်တော်တွေက သိပ်ကို ကြောက်စရာကောင်းလွန်းလို့ ကျွန်တော်က အရေးကြီးတဲ့ သတင်းတွေ လာပေးတာပါ။ စွန်းလင်ထုံ ဘယ်မှာလဲဆိုတာ သိချင်လို့ပါ"

"အဲဒီလူက ကျွန်တော့်ရဲ့ ရတနာတွေကို ခိုးသွားတာ။ ဒါတွေကို ပြန်ယူချင်လို့ပါ"

ကျူးရွှမ်းကျိသည် စုန့်ဖူလီထံမှ သတင်းများကို လက်ခံရရှိလိုက်ရာ ရူတီသည် ပေါ်ထွက်လာပြီး အစီအရင်တစ်ခုကို ထုတ်လွှတ်လိုက်ပြီဖြစ်ကြောင်း သိလိုက်ရသည်။

သို့သော် ယခုအခါ အခြေအနေများမှာ ပြောင်းလဲသွားပြီဖြစ်ရာ အဘယ်လျှို့ဝှက်ဆောင်အတွင်း၌ တိုက်ပွဲဖြစ်ပွားနေသည်ကို ကျူးရွှမ်းကျိပင်လျှင် အသေအချာ မသိနိုင်တော့ပေ။

သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကြက်လိုက်သော်လည်း လျှို့ဝှက်ဆောင်များ၏ အကာအကွယ်ကြောင့် အတွင်းပိုင်းကို ထိုးဖောက်၍ မရနိုင်ဘဲ ကျင့်ကြံသူတို့၏ တည်ရှိမှုကိုသာ ခပ်ရေးရေး ခံစားရပေသည်။

စုန့်ဖူလီကဲ့သို့ မိမိ၏ အငွေ့အသက်ကို ဖုံးကွယ်ထားသူများဆိုလျှင် ကျူးရွှမ်းကျိပင်လျှင် ရိပ်မိရန် ခဲယဉ်းလှပေသည်။

နဂါးလိပ် မီးလျှံဝိညာဉ်၏ အမြင်မှာမူ ကျင့်ကြံသူတို့နှင့် မတူဘဲ လျှို့ဝှက်ဆောင်အတွင်းရှိ အခြေအနေအားလုံးကို လက်ဝါးပေါ်တွင် တင်ထားသကဲ့သို့ အထင်အရှား မြင်တွေ့နေရချေသည်။

"နင်းကျော့က လှုပ်ရှားလိုက်ပြီပဲ"

"သူက မုန့်ချုံဆီကို တန်းတန်းမတ်မတ် သွားနေတာပဲ။ ဒုက္ခပါပဲ"

နဂါးလိပ် မီးလျှံဝိညာဉ်မှာ အလွန်ပင် စိုးရိမ်ပူပန်နေပြီး မုန့်ချုံကို ပိုမိုမြန်မြန် ပြေးရန် တိုက်တွန်းနေတော့သည်။

အကယ်၍ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်သာဆိုလျှင် ဝိညာဉ်အာရုံကို အပြင်သို့ ထုတ်လွှင့်နိုင်မည် မဟုတ်သော်လည်း နင်းကျော့မှာမူ အခြေခံအုတ်မြစ် တည်ဆောက်ပြီးဖြစ်ရာ ပြင်ပအခြေအနေများကို ကောင်းစွာ မြင်တွေ့နေရချေပြီ။

မုန့်မျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ခန္ဓာကိုယ်ကျင့်ကြံသူနှင့် ကျန်းတန်လျန်တို့သည် ဆုံတွေ့သွားကြပြီဖြစ်သည်။

စုန့်ဖူလီသည်လည်း ကျူးရွှမ်းကျိထံမှ ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွားပြီး သူ၏ သဘောထားကို ဖော်ပြလိုက်သည်။

ကျူးရွှမ်းကျိမှာမူ မုန့်မျိုးနွယ်စု ကျင့်ကြံသူနှင့် ကျန်းတန်လျန်တို့ရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေတော့သည်။

တစ်ဖက်တွင်မူ နင်းကျော့သည် ဝိညာဉ်ဖုံးကွယ်ခြင်း အဖူးအငုံကို အသုံးပြုလျက် မုန့်ချုံနောက်သို့ တရစပ် လိုက်လံနေပေသည်။

လျှပ်စစ်အလင်းတန်းများမှာ တဖျတ်ဖျတ်လက်နေသော်လည်း စက်မှုအသံများမှာမူ ထွက်ပေါ်မလာတော့ပေ။

လျှို့ဝှက်ဆောင်များ၏ လုပ်ဆောင်ချက်ကြောင့် စက်မှုယန္တရားများမှာ အပြောင်းအလဲများ ဖြစ်ပေါ်နေပြီး ဒုတိယအကြိမ် နေရာရွှေ့ပြောင်းမှုမှာ ပိုမိုမြန်ဆန်လာချေပြီ။

စုန့်ဖူလီ၊ နင်းကျော့နှင့် မုန့်ချုံတို့မှာ အားသွန်ခွန်စိုက် ပြေးလွှားနေကြသော်လည်း ကျူးရွှမ်းကျိ၊ မုန့်မျိုးနွယ်စု ကျင့်ကြံသူနှင့် ကျန်းတန်လျန်တို့မှာမူ တစ်ဦးနှင့်တစ်ဦး အခန်းတစ်ခန်းမျှသာ ကွာဝေးတော့သည်။

ထိုစဉ် ဒုတိယအကြိမ် နေရာရွှေ့ပြောင်းမှုက လူအားလုံးကို ပြန်လည်ကွဲကွာသွားစေပြန်သည်။

"လျှို့ဝှက်ဆောင် သုံးဆောင်ပဲ ကျန်တော့တာကို" ဟု နဂါးလိပ် မီးလျှံဝိညာဉ်က ဒေါသတကြီးဖြင့် ရေရွတ်လိုက်ပြီး ရာဇပလ္လင်ကို ထုရိုက်နေတော့သည်။

သူ၏ နောက်ကျောရှိ မီးလျှံကြိမ်လုံးမှာလည်း ဒေါသမီးများကြောင့် အလွန်ပင် မြန်ဆန်စွာ လှုပ်ရှားနေချေပြီ။ သူသည် သွားများကို တင်းတင်းကြုတ်လျက် မျက်ဝန်းများမှ မီးတောက်များ ထွက်ပေါ်နေသော်လည်း တိတ်ဆိတ်စွာဖြင့်သာ စောင့်ကြည့်နေသည်။

မီးလျှံတောင်တန်း၏ အပြင်ဘက်တွင်မူ—

"မုန့်ဟု၊ မင်း လူတွေကို အရမ်းမနှိပ်စက်နဲ့ဦး" ဟု ထျန်းချင်နန်းတော်မှ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူက ဟိန်းဟောက်လိုက်သည်။

ထို့နောက် သူသည် ဒိုင်းလွှားတစ်ခုကို ထုတ်ယူလိုက်ရာ ပါးလျလှသော်လည်း မုန့်ဟု၏ ပြင်းထန်သော တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်ပေသည်။

"ဒါက ညဉ့်မိုးစက် မိစ္ဆာစစ်သည်တော်တွေရဲ့ အငွေ့အသက်ပဲ မဟုတ်လား" ဟု မုန့်ဟုက အံ့အားသင့်စွာ ပြောလိုက်သည်။

ထျန်းချင်နန်းတော်မှ ကျင့်ကြံသူက လှောင်ပြုံးပြုံးလျက် "ဒါက ကံကြမ္မာဒိုင်းလွှားလို့ ခေါ်တယ်။ မင်းသာ ဒါကို ဖျက်ဆီးနိုင်မယ်ဆိုရင် ငါ ဘာမှမပြောဘဲ ဆုတ်ခွာပေးမယ်" ဟု ဆိုသည်။

မုန့်ဟုသည် အားကုန်သုံး၍ တိုက်ခိုက်သော်လည်း ထိုဒိုင်းလွှားကို မဖျက်ဆီးနိုင်ဘဲ ခရမ်းရောင် ဒဏ်ရာများသာ ရရှိလာချေသည်။ ယင်းမှာ ဒိုင်းလွှား၏ ပြန်လည်တုံ့ပြန်မှုကြောင့် ရရှိသော ဒဏ်ရာများပင် ဖြစ်ပေသည်။

"ဘယ်လိုလဲ" ဟု ထျန်းချင်နန်းတော်မှ ကျင့်ကြံသူက မေးလိုက်ရာ မုန့်ဟုက သွေးတစ်လုပ်ကို ထွေးထုတ်လိုက်ပြီး "ဘာမှမဟုတ်ဘူး" ဟု ဆိုကာ ထပ်မံတိုက်ခိုက်ပြန်သည်။

ထိုကျင့်ကြံသူ၏ မျက်နှာမှာ ပိုမိုမှောင်ကျလာပြီး အဖွဲ့သားများထံသို့ သတင်းပို့လိုက်သည်မှာ "မုန့်မျိုးနွယ်စုက ချော်ရည်နန်းတော်ကို သိမ်းပိုက်ဖို့ အသေအလဲ ကြိုးစားနေတယ်။ မုန့်ဟုကိုတောင် လွှတ်ထားတာပဲ။

သူတို့က ငါတို့ ထျန်းချင်နန်းတော်ကို ဖယ်ထုတ်ချင်နေကြတာ။ အခု အခြေအနေအရဆိုရင် နန်းတော်ကို ပိုင်ဆိုင်ဖို့အတွက် နောက်ဆုံးအဆင့်ကို ရောက်နေပြီ။ မင်းတို့အားလုံး နန်းတော်ထဲကို ဝင်ပြီး နန်းတော်သခင်နေရာကို ရအောင်ယူကြတော့"

ထိုအဖွဲ့တွင် ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူအပြင် ရွှေအမြုတေအဆင့် နှစ်ဦးနှင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် နှစ်ဦး ပါဝင်ပေသည်။

အမိန့်ရသည်နှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ဦးသည် အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်လိုက်ပြီး အရိပ်နက် မိစ္ဆာကျင့်ကြံသူများအဖြစ် ဟန်ဆောင်ကာ ချော်ရည်နန်းတော်သို့ အမြန်ဦးတည်သွားကြတော့သည်။

ချော်ရည်နန်းတော်၏ အတွင်းပိုင်းတွင်မူ—

မီးလျှံနတ်ဆိုး သားရဲများမှာ ဒီရေအလား တိုးဝှေ့ဝင်ရောက်လာပြီး ကျင့်ကြံသူများမှာ အသေအလဲ ခုခံနေကြရသဖြင့် အကျအဆုံးများပြားလှပေသည်။

စွန်းလင်ထုံမှာမူ ထိုအရေးကို ဂရုမစိုက်ဘဲ လျှို့ဝှက်ဆောင်အတွင်းရှိ အစီအရင်များ အားနည်းသွားသည်ကို သိလိုက်ရသဖြင့် အခြေခံအဆင့် ကျင့်ကြံသူများပင် ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း သိလိုက်ရသည်။

"ငါ ပြန်သွားရမယ်" ဟု သူက ပြတ်သားစွာ ပြောလိုက်သည်။

ယန်ချန်ယွီက အံ့အားသင့်စွာဖြင့် "နင်ရူးနေတာလား။ အတွင်းပိုင်းမှာ ရွှေအမြုတေအဆင့်တွေ အများကြီးပဲလေ။ ငါတို့ ပေါ်ထွက်သွားရင် အသတ်ခံရမှာပေါ့။ နင်က ပြိုင်ပွဲကနေ ထွက်လိုက်ရပြီပဲဥစ္စာ။ ဘာလို့ ပြန်သွားချင်ရတာလဲ" ဟု မေးသည်။

စွန်းလင်ထုံက ခေါင်းခါလျက် "ငါ သွားမှဖြစ်မယ်။ ယန်ချန်ယွီ... မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ အခြေအနေမဟန်ရင် အရင်ဆုတ်လိုက်တော့" ဟု ဆိုကာ ပျောက်ကွယ်သွားတော့သည်။

"ဟွန်း... နေဦး" ဟု ယန်ချန်ယွီက တားမြစ်လိုက်ပြီး "ဒီအထိ ရောက်မှတော့ ငါလည်း လိုက်ခဲ့မယ်" ဟု ဆိုသည်။ သူမက အနက်ရောင်ဝတ်စုံများကို ထုတ်ပေးလိုက်ရာ စွန်းလင်ထုံကလည်း "ကောင်းတဲ့ အကြံပဲ" ဟု ဆိုကာ နှစ်ဦးသား အရိပ်နက် မိစ္ဆာကျင့်ကြံသူများအဖြစ် အသွင်ပြောင်းလိုက်ကြလေသည်။

အခြားတစ်နေရာတွင်လည်း ကျိုးနုန်းယင်းသည် သူ၏အစ်ကိုဝမ်းကွဲထံသို့ သတင်းပို့လိုက်ပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်လျက် အရိပ်နက် မိစ္ဆာကျင့်ကြံသူအဖြစ် အသွင်ပြောင်းသွားပြန်သည်။

တစ်ခါတစ်ရံတွင် လူဆိုးအဖြစ် ဟန်ဆောင်ခြင်းက ပိုမိုလွယ်ကူလှပေရာ တရားမျှတသော လမ်းစဉ်ကျင့်ကြံသူအဖြစ် နေထိုင်ခြင်းမှာ အဟန့်အတားများစွာ ရှိနေတတ်ပေသည်။

"နောက်ဆုံးတော့ ငါ့အလှည့် ရောက်လာပြီပေါ့" ဟု လော့ရှန်က ဆိုကာ သူ၏ သရဲစစ်သူကြီးဖြင့် သားရဲများကြားမှ လမ်းဖွင့်လျက် ချော်ရည်နန်းတော်အတွင်းသို့ ဝင်ရောက်လာသည်။

ထိုစဉ် သူသည် အရိပ်နက် မိစ္ဆာကျင့်ကြံသူ တစ်ကျိပ်နီးပါးကို မြင်တွေ့လိုက်ရရာ အလွန်ပင် အံ့အားသင့်သွားရချေသည်။

"ဘာတွေဖြစ်နေတာလဲ။ အခုခေတ်မှာ အရိပ်နက် မိစ္ဆာကျင့်ကြံသူအဖြစ် ဟန်ဆောင်တာက ခေတ်စားနေတာလား"

အခန်း (၃၄၄) အစုလိုက်အပြုံလိုက် တိုက်ပွဲကြီး (အပိုင်း ၁)

မီးလျှံနတ်ဆိုး သားရဲတို့သည် ဒီရေသဖွယ် တစ်ဟုန်ထိုး တိုးဝှေ့လာကြလေရာ အထပ်ထပ် အလွှာလွှာ စုပြုံတိုးဝှေ့ရင်း ချော်ရည်နန်းတော်ဆီသို့ အဆက်မပြတ် ဆင်းသက်လာကြတော့သည်။ ယင်းနောက် မသေမျိုးနန်းတော်၏ အတွင်းစည်းအဝိုင်းကို အရူးအမူး ဝိုင်းရံတိုက်ခိုက်ကြတော့၏။

မီးလျှံတောင်တန်းကြီးမှာလည်း မကြာခဏဆိုသလို တုန်ခါနေချေသည်။ ယင်းမှာ အင်အားပြင်းထန်သော မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ တုန်ခါမှုများပင် ဖြစ်ပေရာ တောင်ထိပ်ထက်၌ မီးခိုးနှင့် ဖုန်မှုန့်များမှာ လိပ်တက်နေတော့သည်။

ယခင်က ကောင်းကင်ယံ၌ ပျံ့နှံ့နေခဲ့သော ချော်ရည်မိစ္ဆာခေါင်းကြီးများမှာ ယခုအခါတွင်မူ ချော်ရည်ပူများထဲသို့ ပြန်လည် နစ်မြုပ်သွားကြလေပြီ။

အကြောင်းမူကား ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူတို့၏ တိုက်ပွဲမှာ ကောင်းကင်ယံထက်၌ အကြိမ်ကြိမ် ဖြစ်ပွားနေသောကြောင့် ဖြစ်၏။

ထိုတိုက်ပွဲများ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများမှာ ထိုချော်ရည်မိစ္ဆာခေါင်းများ ခံနိုင်ရည်ရှိသည်ထက် ပို၍ ပြင်းထန်လွန်းလှပေသည်။

မုန့်ခွေသည် ဝိညာဉ်စွမ်းအား လက်ဝါးကြီးကို အသုံးချကာ ရှေ့တိုးနောက်ဆုတ်ဖြင့် ကျွမ်းကျင်စွာ တိုက်ခိုက်နေလေသည်။

သူသည် အတူတကွ ပူးပေါင်းကာ အဆက်မပြတ် တိုက်ခိုက်လာသော မီးလျှံနတ်ဆိုး သားရဲ သုံးကောင်ဖြစ်သည့် မီးလျှံမြွေများ၊ မီးလျှံနင်း ပုတ်သင်ညိုများနှင့် ချော်ရည်မိစ္ဆာမျောက်ဝံတို့ကို ရင်ဆိုင်နေရချေသည်။ ဤသားရဲ သုံးကောင်လုံးမှာ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိ သားရဲများ ဖြစ်ကြ၏။

မုန့်ခွေသည် မိမိ၏ အင်အားကို အပြည့်အဝ အသုံးမပြုဘဲ ထိန်းထားရင်း သားရဲအုပ်ထဲ၌ ပုန်းကွယ်နေသော အမြီးငါးချောင်းမီးလျှံမြေခွေးကို အကဲခတ် ရှာဖွေနေလေသည်။

ဤမီးလျှံမြေခွေးမှာ ထျန်းချင်နန်းတော်မှ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိ သားရဲထိန်းကျင့်ကြံသူ တစ်ဦး ဖြစ်သည်မှာ ထင်ရှားလှပေရာ တောရိုင်းသားရဲများထက် များစွာ ပို၍ အသိဉာဏ် မြင့်မားလှပေသည်။

ထို့ကြောင့်လည်း ဤမြေခွေးမှာ မီးလျှံနတ်ဆိုး သားရဲ သုံးကောင်ထက် ပို၍ အန္တရာယ်ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေတော့၏။

မီးလျှံတောင်တန်းနှင့် မိုင်အနည်းငယ် အကွာအဝေး၌လည်း မုန့်ဟုမှာ ထျန်းချင်နန်းတော်မှ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူနှင့် အပြင်းအထန် တိုက်ခိုက်နေချေသည်။

ထိုကျင့်ကြံသူမှာ သားရဲထိန်းကျောင်းရာတွင် ကျွမ်းကျင်သူ ဖြစ်သော်လည်း သူ၏ အဓိက သားရဲမှာ မီးလျှံတောင်တန်း၏ အဝင်ဝ၌ ရှိနေသောကြောင့် ယခုအခါတွင် သူသည် ခုခံကာကွယ်ရန်သာ တတ်နိုင်ပြီး တိုက်စစ်ဆင်ရန် ခဲယဉ်းနေတော့သည်။

သို့သော်လည်း သူသည် ကံကြမ္မာဒိုင်းလွှားကို အသုံးပြုကာ တိုက်စစ်နှင့် ခံစစ်ကို ပေါင်းစပ်လျက် မိမိ၏ တာဝန်ကို အခိုင်အမာ ထမ်းဆောင်နေလေရာ မုန့်ဟုအတွက် များစွာ အခက်တွေ့စေပြီး ထိုကျင့်ကြံသူ၏ ခံစစ်ကို ဖောက်ထွက်ရန် ယာယီအားဖြင့် မတတ်နိုင်ဘဲ ရှိနေချေသည်။

ချော်ရည်နန်းတော် အတွင်းပိုင်း၌မူ—

တားမြစ်ချက် အစီအရင်များ အားနည်းသွားပြီ ဖြစ်သောကြောင့် စက်မှုပညာရပ်တွင် ကျွမ်းကျင်မှု မရှိသော ရွှေအမြုတေအဆင့် ကျင့်ကြံသူများပင်လျှင် မသေမျိုးနန်းတော်အတွင်းသို့ ဝင်ထွက်နိုင်ကြပြီ ဖြစ်သည်။

ခေတ္တမျှအတွင်းမှာပင် နေရာအနှံ့အပြားမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဆယ်ဂဏန်းကျော် ထွက်ပေါ်လာကြတော့၏။ သူတို့အားလုံး၏ ပစ်မှတ်မှာ တစ်ခုတည်းပင် ဖြစ်ပေရာ ယင်းမှာ မသေမျိုးနန်းတော်၏ ပင်မဆောင်ပင် ဖြစ်တော့သည်။

သူတို့အနက် အများစုမှာ အနက်ရောင် ဝတ်ရုံများကို ဆင်တူ ဝတ်ဆင်ထားကြလေသည်။ ၎င်းတို့မှာ အရိပ်နက် မိစ္ဆာကျင့်ကြံသူများပင် ဖြစ်ပေရာ ချော်ရည်နန်းတော်အတွင်း၌ မူလကပင် ရွှေအမြုတေအဆင့် ကျင့်ကြံသူ နည်းပါးနေသောကြောင့် ဤမျှ များပြားလှသော အရိပ်နက် မိစ္ဆာကျင့်ကြံသူများကို ဟန့်တားရန် ခဲယဉ်းနေတော့သည်။

စင်စစ်အားဖြင့်မူ မှန်ကန်သော လမ်းစဉ်မှ ကျင့်ကြံသူ အများအပြားမှာလည်း အရိပ်နက် မိစ္ဆာကျင့်ကြံသူများအဖြစ် ဟန်ဆောင်ထားကြခြင်း ဖြစ်၏။

သူတို့မှာ မိမိတို့ဘက်တော်သားများ ဖြစ်ကြောင်း သိရှိကြသဖြင့် တားဆီးခြင်း မပြုဘဲ လွှတ်ပေးလိုက်ကြလေသည်။ ထို့ကြောင့်လည်း ရွှေအမြုတေအဆင့် ကျင့်ကြံသူ အများအပြားမှာ ပင်မဆောင်အနီးသို့ တိုက်ရိုက် ပြေးဝင်သွားနိုင်ကြခြင်း ဖြစ်ပေ၏။

သို့သော်လည်း သူတို့ ဝင်၍ မရနိုင်သေးချေ။ ကြားစခန်းဆောင်၏ ခရမ်းရောင်နှင့် အစိမ်းရောင် လျှပ်စီးတန်းများမှာ အကွက်ငယ်လေးများအကြား ကူးယဉ်နေကြပြီး လျှပ်စစ်ပိုက်ကွန်ကြီးသဖွယ် တစ်ခုနှင့်တစ်ခု ချိတ်ဆက် ယှက်နွယ်နေသောကြောင့် ဖြစ်၏။

ရွှေအမြုတေအဆင့် ကျင့်ကြံသူတို့၏ တိုက်ခိုက်မှုများမှာ လျှပ်စစ်ပိုက်ကွန်ကို ထိမှန်သည်နှင့် ခရမ်းရောင်နှင့် အစိမ်းရောင် လျှပ်စီးများ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး ချော်ရည်နန်းတော်၏ ပြင်ပရှိ မီးလျှံနတ်ဆိုး သားရဲအုပ်ကြီးထဲသို့ ပြန်လည် ပွင့်ထွက်သွားကြလေသည်။

ထိုစဉ် စွန်းလင်ထုံသည် ရုတ်တရက် ခုန်တက်လိုက်ကာ ခရမ်းရောင်နှင့် အစိမ်းရောင် လျှပ်စစ်ပိုက်ကွန်ထဲသို့ တိုက်ရိုက် ခုန်ဝင်လိုက်တော့သည်။ နောက်တစ်ခဏ၌ လျှပ်စစ်စီးကြောင်းမှာ သူ့ကို လွှမ်းခြုံသွားချေ၏။

စွန်းလင်ထုံ သတိပြန်ဝင်လာချိန်တွင်မူ သူသည် လျှပ်စီးကြောင်းနှင့်အတူ ကြားစခန်းဆောင် အကွက်ငယ်တစ်ခုအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူ အများအပြားမှာ ဤမြင်ကွင်းကို တွေ့မြင်သွားကြလေသည်။ အချို့က သူ့ကို အတုယူရန် ကြိုးစားကြသော်လည်း သူတို့၏ ရွှေအမြုတေအဆင့် ကျင့်ကြံမှုမှာ အကြီးမားဆုံးသော အတားအဆီး ဖြစ်နေတော့၏။

ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် သို့မဟုတ် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ရှိသူများသာ ဝင်ရောက်နိုင်မည့် အလားအလာ ရှိနေချေသည်။

ဤအချိန်၌ ရွှေအမြုတေအဆင့် ကျင့်ကြံသူ အများအပြားမှာ မိမိတို့၏ ကျင့်ကြံမှုကို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ပင် လျှော့ချပစ်ချင်စိတ် ပေါက်နေကြတော့သည်။

သူတို့သည် နည်းလမ်းမျိုးစုံဖြင့် အကြိမ်ကြိမ် ကြိုးစားကြသော်လည်း အားလုံးမှာ ကျဆုံးခြင်းနှင့်သာ ရင်ဆိုင်ကြရလေသည်။

နင်းကျိုဖန်၊ ကျိုးနုန်းယင်းနှင့် ကျန်းရွှမ်းကောတို့သည် မိမိတို့ မျိုးနွယ်စုမှ အဆင့်နိမ့် ကျင့်ကြံသူများကို စောင့်ရှောက်ရင်း ပင်မဆောင်အနီးသို့ ရောက်ရှိလာကြသည်။

"မျိုးနွယ်စုခေါင်းဆောင် နင်းကျော့၊ ကျွန်တော်တို့ ကူညီဖို့ ရောက်လာပြီဗျို့" ဟု နင်းရှန့်ကော်၊ နင်းရှန့်ချန်၊ နင်းချန်နှင့် နင်းယုံတို့က ပြိုင်တူ အော်ဟစ်ကာ လျှပ်စစ်စီးကြောင်းနှင့်အတူ ကြားစခန်းဆောင်အတွင်းသို့ ခုန်ဝင်သွားကြလေသည်။

"ချော်ရည်နန်းတော်က အရမ်း ပျက်စီးနေပြီး တားမြစ်ချက်တွေလည်း အားနည်းနေပြီပဲ။ ငါတို့လို ပြုတ်သွားတဲ့ တပည့်တွေတောင် နန်းပလ္လင်ပေါ် ထိုင်လိုက်ရင် နန်းတော်သခင် ဖြစ်လာနိုင်တာပဲ မဟုတ်လား" ဟု မျှော်လင့်ချက် အပြည့်ဖြင့် ကျိုးကျူနှင့် ကျိုးကျဲရှန်တို့မှာလည်း တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလာကြတော့သည်။

နင်းမျိုးနွယ်စု လူအုပ်ထဲတွင်မူ နင်းရှောင်သည် ခေါင်းငုံ့ကာ ဝတ်ရုံစွပ်ကို ဆောင်းလျက် စွန့်စားရန် ဆုံးဖြတ်လိုက်ချေသည်။ သူသည် ပြင်ပလူများနှင့် ပူးပေါင်းခဲ့မှုကြောင့် စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရကာ မျိုးနွယ်စုအတွင်းရှိ သူ၏ အဆင့်အတန်းမှာလည်း များစွာ ထိခိုက်ခဲ့ရ၏။

ပို၍ အရေးကြီးသည်မှာ သူသည် နင်းမျိုးနွယ်စု ခေါင်းဆောင်၏ စွန့်ပစ်ခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်ပေရာ ထို့ကြောင့်လည်း နင်းရှောင်နှင့် သူ၏ ဖခင်မှာ ခါးသီးစွာ လမ်းခွဲခဲ့ကြပြီးနောက် အရာအားလုံးကို သူကိုယ်တိုင်သာ ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သူသည် ခိုင်မာသော စိတ်ဓာတ်ဖြင့် စက်မှုကြားစခန်းဆောင်အတွင်းသို့ ခုန်ဝင်လိုက်တော့၏။

"ရှောင်ဟွေ့... ရှောင်ဟွေ့လေး၊ မြေးမလေး ဒီမှာ ရှိနေတာ မဟုတ်လား။ မကြောက်နဲ့နော်... အဘွား လာရှာနေပြီ" ဟု နင်းရှောင်ဟွေ့၏ အဘွားဖြစ်သူမှာလည်း တတွတ်တွတ် ရေရွတ်ရင်း ကြားစခန်းဆောင်အတွင်းသို့ တိုးဝင်သွားလေသည်။

မုန့်မျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူအချို့၏ လိုက်ပါစောင့်ရှောက်မှုဖြင့် လီဒိုလန်၊ ဖုန်းဖေးတာနှင့် ကွမ်းတျဲစောတို့ ဦးဆောင်သော ပြင်ဆင်ရေးအဖွဲ့မှာလည်း ကြားစခန်းဆောင်အတွင်းသို့ အားလုံး ဝင်ရောက်သွားကြချေပြီ။

လိပ်ခွံကို အသုံးပြုကာ တစ်စုံတစ်ယောက်မှာလည်း တိတ်တဆိတ် ခိုးဝင်သွားလေသည်။ အကြိမ်ကြိမ် မအောင်မမြင် ဖြစ်ပြီးနောက် အရိပ်နက် မိစ္ဆာကျင့်ကြံသူ တစ်ဦးမှာ ရုတ်တရက် လှုပ်ရှားလာတော့၏။

သူသည် ကြားစခန်းဆောင်ကို ထပ်မံ မတိုက်ခိုက်တော့ဘဲ ကြားစခန်းဆောင်အတွင်းသို့ ဝင်ရန် ပြင်ဆင်နေကြသည့် အဆင့်နိမ့် ကျင့်ကြံသူများကို ပစ်မှတ်ထား တိုက်ခိုက်လိုက်လေသည်။

"ငါတောင် ဝင်လို့ မရတာ၊ မင်းတို့လို အဆင့်နိမ့် ကျင့်ကြံသူတွေက ဝင်နိုင်မယ် ဟုတ်လား" ဟု သူက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ၏ ဒေါသတကြီး တိုက်ခိုက်မှုမှာ ကြိုတင်ပြင်ဆင်ထားသော ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ တားဆီးခြင်းကို ခံလိုက်ရချေသည်။

"မိစ္ဆာလမ်းစဉ်က လူယုတ်မာပဲ၊ ကွပ်မျက်ပစ်ရမယ်" ဟု လမ်းမှန်ကျင့်ကြံသူတို့က ဒေါသတကြီး ဟစ်အော်ကာ တိုက်ရိုက် ပြန်လည် တိုက်ခိုက်ကြတော့သည်။ ကြွင်းကျန်သော ကျင့်ကြံသူများမှာလည်း ၎င်းတို့နှင့် အဝေးသို့ အမြန် ရှောင်ခွာသွားကြလေသည်။

ထိုဖြစ်စဉ်အတွင်း ရွှေအမြုတေအဆင့် ကျင့်ကြံသူ အချို့မှာ အနီးနားရှိ မိမိတို့၏ အဖော်များကို အဆက်မပြတ် တိုက်ခိုက်လာကြတော့သည်။ ထျန်းချင်နန်းတော်မှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦးမှာ အရိပ်နက် မိစ္ဆာကျင့်ကြံသူများအဖြစ် ဟန်ဆောင်ကာ ကျန်းရွှမ်းကောကို အတူတကွ တိုက်ခိုက်ကြလေသည်။

အရိပ်နက် မိစ္ဆာကျင့်ကြံသူအဖြစ် ဟန်ဆောင်ထားသော ကျိုးနုန်းယင်းမှာလည်း သူ့ကို တိုက်ခိုက်လာချေရာ သစ္စာဖောက်များမှာ ရန်သူထက်ပင် ပို၍ မုန်းတီးစရာ ကောင်းလှပေသည်။

ကျန်းရွှမ်းကောသည် လက်ထဲတွင် လိပ်ပြာတောင်ပံဓားကို ကိုင်စွဲလျက် အဆင့်တူ ကျင့်ကြံသူ သုံးဦး၏ တိုက်ခိုက်မှုကို တစ်ယောက်တည်း ရင်ဆိုင်နေရသဖြင့် ခါးသီးစွာ ညည်းတွားရင်း တဖြည်းဖြည်း ဆုတ်ခွာနေရတော့သည်။

သူ၏ ဝိညာဉ်အာရုံမှာ နင်းကျိုဖန်ကို လှမ်းမိသွားပြီးနောက် အမြန်ပင် စိတ်ချင်းဆက်ကာ "ညီနောင်နင်း... မင်း ဘာလိုချင်သလဲ ပြောပါ၊ ကျွန်တော့်ရဲ့ လိပ်ပြာတောင်ပံဓားကို ပြန်ပေးလို့ ရမလား" ဟု မေးမြန်းလိုက်လေသည်။

စင်စစ်အားဖြင့်မူ သူသည် ယခင်က ကြားစခန်းဆောင်အတွင်း၌ နင်းကျိုဖန်ကို လိပ်ပြာတောင်ပံဓားဖြင့် ထိုးနှက်ခဲ့ဖူးချေသည်။

ထိုစဉ်က နင်းကျိုဖန်သည် အခွင့်ကောင်းယူကာ လိပ်ပြာတောင်ပံဓားကို သိမ်းဆည်းလိုက်ပြီး အနီးရှိ ကျန်းရွှမ်းကောကိုပါ ဆွဲခေါ်လျက် နောက်ဆုံး တိုက်ပွဲတွင် နှစ်ဦးလုံး ပြုတ်သွားအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

သူတို့ ပြန်လည် ရောက်ရှိလာပြီးနောက် အသီးသီး မိမိတို့ နေရာသို့ ပြန်သွားကြလေသည်။ ကျန်းရွှမ်းကောသည် လိပ်ပြာတောင်ပံဓားကို ပြန်လည် ရယူလိုသော်လည်း မမျှော်လင့်သော အပြောင်းအလဲများကြောင့် ကျန်းမျိုးနွယ်စုမှ အဆင့်နိမ့် ကျင့်ကြံသူများကို ကာကွယ်ရင်း ကြားစခန်းဆောင်ဆီသို့ ဦးတည်ခဲ့ရခြင်း ဖြစ်ပေသည်။

ကြားစခန်းဆောင်အတွင်းရှိ တားမြစ်ချက်များမှာ ကျင့်ကြံမှု အဆင့်အတန်းကို ဟန့်တားထားနိုင်ခြင်း မရှိတော့ဘဲ ကျူးရွှမ်းကျိကဲ့သို့သော ကျင့်ကြံသူများမှာ ရွှေအမြုတေအဆင့်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း အားလုံး သိရှိထားကြသော်လည်း အဆင့်နိမ့် ကျင့်ကြံသူများမှာမူ သူတို့ကို ယှဉ်နိုင်စွမ်း မရှိကြချေ။

သို့သော်လည်း အောင်နိုင်ရန်အတွက် နည်းလမ်းမှာ ကြားစခန်းဆောင်မှ ဖောက်ထွက်ကာ ပင်မဆောင်အတွင်းသို့ ဝင်ရောက်ရန်ပင် ဖြစ်သည်။ မျိုးနွယ်စုကြီး သုံးခုလုံးမှာ ဤမျှအထိ တိုက်ခိုက်လာခဲ့ကြပြီးမှတော့ နောက်ဆုံး အရေးကြီးသော အချိန်တွင် နောက်ဆုတ်သွားကြလိမ့်မည် မဟုတ်ပေ။

ထိုမျိုးနွယ်စု ကျင့်ကြံသူများမှာ ကြားစခန်းဆောင် အသီးသီးကို သိမ်းပိုက်နိုင်သည်နှင့် လက်ငင်း သတင်းအချက်အလက်များကို အပြင်သို့ ပေးပို့ကြလိမ့်မည် ဖြစ်သည်။

အကယ်၍ တားမြစ်ချက် အစီအရင်များသာ လုံးဝ ပျက်စီးသွားပါက နန်းတော် စမ်းသပ်မှု အရည်အချင်း မရှိသော ကျင့်ကြံသူများပင်လျှင် အခွင့်အရေးရပါက ပင်မဆောင်အတွင်းသို့ ဝင်ရောက်ကာ နန်းပလ္လင်ထက် စံမြန်းနိုင်မည် ဖြစ်ချေသည်။

နန်းတော်သခင် ရာထူးကို ခိုးယူနိုင်မည့် အလားအလာလည်း ရှိနေသည် မဟုတ်လော။

ဤအချက်ကို ထည့်သွင်း စဉ်းစားကာ မြို့စားမင်းဂေဟာကလည်း ထိုအတိုင်းပင် ကြံစည်နေပေလိမ့်မည်။

အပြင်ဘက်မှ သီးခြား ကျင့်ကြံနေသော ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာလည်း ဤအချက်ကို သဘောပေါက်လာကြသဖြင့် ထိုအဆင့်နိမ့် ကျင့်ကြံသူများကို စတင် တိုက်ခိုက်လာကြတော့၏။

ယင်းမှာ ဒေါသဖြေရုံသက်သက် မဟုတ်ဘဲ မိမိတို့၏ အကျိုးစီးပွားအတွက်လည်း ဖြစ်ချေသည်။

မကြာမီအတွင်းမှာပင် ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာ ပင်မဆောင်ကို ဝိုင်းရံကာ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ကြတော့သည်။

မှော်ရတနာများ၊ မူလသန့်စင်ရတနာများနှင့် ပညာရပ် အမျိုးမျိုးကို တစ်ယောက်ပြီးတစ်ယောက် အသုံးပြုလာကြရာ ကြည့်မဆုံးအောင်ပင် တောက်ပလှပနေတော့၏။

အချို့သော ကျင့်ကြံသူများမှာ ခေတ္တမျှ တိုက်ခိုက်ပြီးနောက် တိုက်ပွဲမှ ဆုတ်ခွာကာ တားမြစ်ချက် မရှိသော သို့မဟုတ် အားနည်းသော နေရာများသို့ သွားရောက်၍ ရတနာများကို လိုက်လံ ရှာဖွေကြတော့သည်။

အချို့မှာမူ ရှင်းလင်းသော ရည်မှန်းချက်ဖြင့် ကြားစခန်းဆောင်ကို အဆက်မပြတ် တိုက်ခိုက်ကာ ပင်မဆောင်အတွင်းသို့ တိုက်ရိုက်ဝင်နိုင်မည့် လမ်းကို ဖော်ရန် ကြိုးစားနေကြလေသည်။

အချို့မှာမူ ကြီးလေးသော တာဝန်များကို ထမ်းဆောင်ထားကြရ၏။ ဥပမာအားဖြင့် ထျန်းချင်နန်းတော်မှ ရွှေအမြုတေအဆင့်ရှိ ဆက်ခံသူ ကျင့်ကြံသူ နှစ်ဦးမှာ သွေးအေးရက်စက်သော သတ်ဖြတ်လိုစိတ်များဖြင့် ကျန်းရွှမ်းကောကို အပြင်းအထန် တိုက်ခိုက်နေကြချေသည်။

ကျိုးနုန်းယင်းမှာမူ ခေတ္တမျှ ဝင်ရောက် တိုက်ခိုက်ပြီးနောက် မိမိဘာသာ ပြန်လည် ဆုတ်ခွာသွားလေသည်။

ကျန်းရွှမ်းကောနှင့် ထျန်းချင်နန်းတော် ကျင့်ကြံသူ နှစ်ဦးတို့၏ တိုက်ပွဲမှာ အလွန် ပြင်းထန်လာသဖြင့် ကျိုးနုန်းယင်းအနေဖြင့် လိုက်ပါ တိုက်ခိုက်ရန် ခက်ခဲလာပြီး အန္တရာယ်လည်း ကြီးမားလှသောကြောင့် ကြိုတင် ဆုတ်ခွာသွားခြင်းပင် ဖြစ်ပေသည်။

"တကယ့်ကို သက်ဝင်လှုပ်ရှားနေတာပဲ၊ ငါတော့ သဘောကျတယ်ဟေ့... ဟားဟားဟား" ဟု လော့ရှန်ကလည်း မသေမျိုးနန်းတော်အတွင်းသို့ ရောက်ရှိလာသော်လည်း အတွင်းစည်းအဝိုင်း တိုက်ပွဲကြီးတွင် မပါဝင်ဘဲ မီးလျှံနတ်ဆိုး သားရဲများကိုသာ အဆက်မပြတ် တိုက်ခိုက်နေလေသည်။

သူသည် မရေမတွက်နိုင်သော သားရဲများကို သတ်ဖြတ်ကာ မိစ္ဆာဝိညာဉ် အမြောက်အမြားကို သိမ်းဆည်းနေချေ၏။

ဝိညာဉ်ဝါးဂိုဏ်းအတွက်မူ ဤဝိညာဉ်များမှာ ကျင့်ကြံရန်အတွက် အကောင်းဆုံးသော အရင်းအမြစ်များ ဖြစ်ကြသည်။

လော့ရှန်သည် ရွှေအမြုတေအဆင့် ကျင့်ကြံသူတို့၏ တိုက်ပွဲများကိုလည်း တိတ်တဆိတ် အကဲခတ်နေပြီး အကယ်၍ တစ်စုံတစ်ဦး အသက်လုနေရသည့် အခြေအနေမျိုး ကြုံလာပါက လူသားကျင့်ကြံသူတို့၏ ဝိညာဉ်များကို ရယူရန်အတွက် ကူညီသတ်ဖြတ်ပေးရန် အသင့်ရှိနေတော့၏။

ရှုကျုံးကျွင်းသည် သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ခန္ဓာကိုယ် အောက်ပိုင်းကို ပြန်လည် တည်ဆောက်ထားရလေသည်။ သူသည် ဒဏ်ရာများကို ကုသရန် အချိန်မရှိသဖြင့် သားရဲအုပ်ကြီးကိုသာ အပြင်းအထန် တိုက်ခိုက်နေချေသည်။

မုန့်မျိုးနွယ်စုတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူ အများဆုံး ရှိနေသဖြင့် ယခုအခါတွင် သူတို့သည် အရပ်မျက်နှာ အသီးသီးမှ တိုးဝင်လာသော မီးလျှံနတ်ဆိုး သားရဲ ဒီရေလှိုင်းကြီးကို အားကိုးရဆုံးသော အမာခံများအဖြစ် အပြင်းအထန် ခုခံနေကြတော့သည်။

ခရမ်းရောင် အာရုဏ်ဆောင်မှ ရွှေအမြုတေအဆင့် ဆက်ခံသူမှာမူ လက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရချေပြီ။ သူသည် အရည်အချင်း မပြည့်မီတော့သော်လည်း နောက်ဆုံး မျှော်လင့်ချက်ကို ဆုပ်ကိုင်လျက် ကြားစခန်းဆောင်ကို အရူးအမူး တိုက်ခိုက်နေဆဲပင် ဖြစ်သည်။

ယန်ချန်ယွီမှာမူ အရိပ်ထဲတွင် ပုန်းကွယ်နေပြီး မည်သည့် လှုပ်ရှားမှုမျှ မပြုသေးချေ။ သူမသည် ပြင်းထန်သော ဒဏ်ရာများ ရရှိထားသဖြင့် တိုက်ပွဲအတွင်း မဝင်ရောက်မီ ဒဏ်ရာများကို ဦးစားပေး ကုသနေခြင်း ဖြစ်ပေသည်။

နေရာတိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေတော့သည်—

သားရဲများနှင့် ကျင့်ကြံသူများအကြား၊ ကျင့်ကြံသူ အချင်းချင်းအကြားတွင် အပြင်းအထန် ယှဉ်ပြိုင်နေကြလေသည်။

ချော်ရည်နန်းတော်ကြီး ပေါက်ကွဲပွင့်ထွက်သွားခဲ့ပြီး လအနည်းငယ်အကြာ ယနေ့တွင်မူ နန်းတော်ကို သိမ်းပိုက်ရန် ကြိုးပမ်းမှုမှာ အရှိန်အဟုန် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိလာခဲ့ချေပြီ။

စက်မှုကြားစခန်းဆောင် အတွင်း၌မူ—

ကျူးရွှမ်းကျိကဲ့သို့သော ကျင့်ကြံသူများမှာ မျက်မှောင်ကြုတ်နေကြတော့၏။ အဆင့်နိမ့် ကျင့်ကြံသူ အမြောက်အမြား ကြားစခန်းဆောင် အသီးသီးသို့ ဝင်ရောက်လာခြင်းကြောင့် သူတို့၏ ဝိညာဉ်အာရုံဖြင့် စောင့်ကြည့်နိုင်စွမ်းမှာ များစွာ လျော့နည်းသွားရလေသည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာလည်း သူတို့၏ အရှိန်အဝါကို ဖုံးကွယ်ကာ ဝိညာဉ်စွမ်းအား သန့်စင်ခြင်း သို့မဟုတ် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ လျှော့ချထားပြီး လူအုပ်ကြားထဲတွင် ရောနှောနေနိုင်ကြသည် မဟုတ်လော။

"မုန့်ချုံ..." မျိုးနွယ်စုခေါင်းဆောင် နင်းကျော့သည် မုန့်ချုံ၏ တည်နေရာကို အသေအချာ စောင့်ကြည့်နေပြီး တစ်ခုပြီးတစ်ခုသော အခန်းများကို အမြန် ဖြတ်ကျော်ကာ သူ့နောက်သို့ ဇွဲနပဲဖြင့် လိုက်လံ ရှာဖွေနေလေသည်။

သူသည် ဝိညာဉ်ဖုံးကွယ်ခြင်း အဖူးအငုံကို အသုံးပြုကာ မိမိ၏ ကိုယ်ရောင်ကိုယ်ဝါကို ဖုံးကွယ်ထားရာ လမ်းခုလတ်၌ နင်းယုံနှင့် တွေ့ဆုံခဲ့သော်လည်း မိမိကိုယ်မိမိ ထုတ်ဖော်ပြသခြင်း မရှိခဲ့ချေ။

တံခါးတစ်ခုကို တွန်းဖွင့်လိုက်တိုင်း လမ်းကြောင်းအသစ်တစ်ခု ပေါ်လာမြဲ ဖြစ်သည်။ သို့သော်လည်း တစ်စုံတစ်ဦးက သူ့ကို တွေ့ရှိသွားလျှင်ပင် ဂရုစိုက်နေတော့မည် မဟုတ်ပေ။

ယခုအချိန်၌ သူသည် ထိုအရာများကို ထည့်တွက်မနေနိုင်တော့ဘဲ မုန့်ချုံသာ ပင်မဆောင်အတွင်းသို့ ဝင်သွားခဲ့ပါက အဆိုးရွားဆုံးသော ရလဒ် ဖြစ်လာပေလိမ့်မည်။

"တောက်... အဓမ္မကောင်တွေ၊ အဓမ္မကောင်တွေ" ဟု နဂါးလိပ် မီးလျှံဝိညာဉ်မှာ နင်းကျော့နှင့် မုန့်ချုံတို့ ပိုမို နီးကပ်လာသည်ကို ကြည့်ရင်း ဒေါသတကြီး ကြိတ်မနိုင်ခဲမရ ဖြစ်နေတော့သည်။

ချော်ရည်နန်းတော်၏ တားမြစ်ချက် အစီအရင်များမှာ များစွာ အားနည်းသွားပြီ ဖြစ်သော်လည်း သူသည် ယခင်ကကဲ့သို့ပင် ချည်နှောင်ခံထားရဆဲ ဖြစ်ပေရာ လွတ်လပ်မှု လုံးဝ မရှိသလောက်ပင် ဖြစ်နေချေသည်။

အခြားတစ်နေရာ၌မူ—

ကျူးကျန်းသည် ကျူးရွှမ်းကျိကို ထပ်မံ ဆက်သွယ်လိုက်လေသည်။ "အစ်ကို... ကျွန်တော့်ရဲ့ ပေါင်းစပ်မှု အောင်မြင်သွားပြီ။ ကျွန်တော့်လက်ထဲမှာ ရွှေမီးဖို နံပါတ် လေး က အကြွင်းအကျန် ပစ္စည်းတစ်ခု ရှိနေတယ်၊ အစ်ကို လိုအပ်သေးရဲ့လား"

"ပို့လိုက်ပါ" ဟု ကျူးရွှမ်းကျိက လှုပ်ရှားနေရင်းပင် ပြန်လည် ဖြေကြားလိုက်၏။

"အရာရှိဆိုင်ရာ ပညာရပ်—အရာရှိ လွှဲပြောင်းခြင်း"

နောက်တစ်ခဏ၌ ကျူးရွှမ်းကျိ၏ လက်ထဲတွင် ထိုပစ္စည်းအပိုင်းအစ ရောက်ရှိလာပြီး သူ၏ ပင်ကိုပါရမီကို ချက်ချင်းပင် အသက်သွင်းလိုက်လေသည်။

ခရမ်းရောင် လျှပ်စီးတန်းများ လွှမ်းခြုံထားသော လျှို့ဝှက်ကျင့်ကြံသူမှာ ကျူးရွှမ်းကျိ၏ မျက်စိရှေ့၌ တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြန်သည်။

ထိုသူမှာ ပြင်းထန်သော ဒဏ်ရာများ ရရှိထားပုံရပြီး ပေါင်တစ်ထောင်ခန့် လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းထားရသကဲ့သို့ ခက်ခဲပင်ပန်းစွာ လှမ်းဖော်နေရချေ၏။

နောက်ဆုံးတွင်မူ သူသည် ရွှေမီးဖို နံပါတ် လေး ဆီသို့ ရောက်ရှိသွားပြီး ယင်းကို ဖွင့်လိုက်လေသည်။ ထို့နောက်တွင်မူ သူသည် မီးဖိုအတွင်းသို့ တိုက်ရိုက် ခုန်ဝင်သွားတော့၏။

မီးလျှံများ တောက်လောင်လာပြီး ရွှေမီးဖိုအတွင်း၌ တိတ်ဆိတ်ခြင်းများ လွှမ်းမိုးသွားလေသည်။ မီးလျှံများ တဖြည်းဖြည်း ငြိမ်သက်သွားချိန်တွင်မူ အထက်ကောင်းကင်ယံမှ ပုံရိပ်တစ်ခု ဆင်းသက်လာပြီး ရွှေမီးဖိုရှေ့၌ ရပ်တန့်လိုက်လေသည်။

မီးဖိုမှာ ပြိုလဲသွားပြီး ပြာပုံများအကြားမှ ဝိညာဉ်သဘာဝ အလင်းလုံးလေးတစ်ခုမှာ အသိုက်သို့ ပြန်လာသော ပျံလွှားလေးသဖွယ် ထိုဆင်းသက်လာသော ပုံရိပ်အတွင်းသို့ တိုးဝင်သွားတော့၏။

ထိုပုံရိပ်မှာ မူလက တောင့်တင်းနေခဲ့သော်လည်း ဝိညာဉ်သဘာဝကို လက်ခံရရှိပြီးနောက်တွင်မူ သက်ဝင်လှုပ်ရှားလာချေပြီ။

ထိုပုံရိပ်က သူ၏ လက်ခြေများကို လှုပ်ရှားကြည့်ရင်း မိမိကိုယ်မိမိ ပြန်လည် အကဲခတ်နေစဉ်မှာပင် သူ့ကို ဖုံးကွယ်ထားသော ဝတ်ရုံစွပ်မှာ လှုပ်ရှားမှုနှင့်အတူ ဖယ်ခွာသွားကာ သူ၏ ရုပ်သွင်အစစ်အမှန်ကို ကျူးရွှမ်းကျိ မြင်တွေ့လိုက်ရလေသည်။

ထိုသူမှာ အခြားသူမဟုတ်ဘဲ ဗုဒ္ဓဘာသာသမားတော် တစ်ဦးသာ ဖြစ်တော့သတည်း။

All Chapters