လောကကို အုပ်စိုးခြင်း
Vol. 78 Ch. 815
နယ်မြေ အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာအရ မမြင်တွေ့နိုင်သော တိုက်ပွဲမျိုး ဖြစ်သည်။
ထျန်းတိ ကျင့်ကြံခြင်းကွင်းပြင် အတွင်းရှိ လူများအနေဖြင့် ထန်ထျန်းနှင့် ကျွင်းချန်ချင်းတို့ကြားမှ တိုက်ပွဲ မည်သို့ဖြစ်ပွားနေသည်ကို အသေးစိတ် မမြင်တွေ့နိုင်ကြပေ။
သို့သော် ထန်ထျန်းက ကျွင်းချန်ချင်း၏ အကျဉ်းချ လက်ညှိုး ကို အောင်မြင်စွာ ဖြိုခွင်းနိုင်ခဲ့ရုံသာမက တိုက်ခိုက်မှုသို့ပါ ကူးပြောင်းကာ ကျွင်းချန်ချင်းကို နေရာတွင်ပင် ပြန်လည် ပိတ်ဆို့ထားနိုင်သည်ကိုမူ သူတို့ ခွဲခြားသိမြင်နိုင်ကြသည်။
"သူ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
လုံကျိုကျိုး သည် အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ ယခင်ဘဝတုန်းက သူသည် ဤအကျဉ်းချ လက်ညှိုးအောက်တွင်ပင် အသက်ပျောက်ခဲ့ရဖူးသည်။
ယခုအခါ ၎င်းကို ထန်ထျန်းက ဖျက်ဆီး ပြလိုက်သည်ကို မြင်ရသဖြင့် တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသလို ခံစားနေရသည်။
"ငါလည်း မသိဘူး"
နေနတ်ဘုရားက ခေါင်းယမ်းလိုက်ပြီး "ကျွင်းချန်ချင်းရဲ့ အကျဉ်းချ လက်ညှိုးဆိုတာ တကယ်တော့ အလွန်ကို ကောင်းကင်အံတုတဲ့ နယ်မြေတစ်ခုပဲ"
"အဲဒီနယ်မြေထဲမှာဆိုရင် သူက ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှုမျိုးပဲ။ အဲဒါကို ဖြိုခွင်းဖို့ဆိုရင် သက်ဆိုင်တယ့် တာအိုကျင့်စဉ် တွေ ရှိမှ ရမယ်"
"ဒါပေမဲ့ ကျွင်းချန်ချင်းက တားမြစ်တာအိုကိုလည်း ပိုင်ဆိုင်ထားပြန်တော့ ဒီနှစ်ခု ပေါင်းစပ်သွားတဲ့အခါ ဘယ်လိုမှ ဖြိုခွင်းလို့မရတဲ့ အနေအထားမျိုး ဖြစ်သွားတာ"
" ဒီနေ့အထိတော့ ကမ္ဘာ့အရှင် တစ်ယောက်ပဲ အဲဒါကို အောင်အောင်မြင်မြင် ဖြိုခွင်းနိုင်ခဲ့တာပဲ ရှိသေးတယ်"
"အခုတော့ ထန်ထျန်းက ဒုတိယမြောက်လူ ဖြစ်လာပြီပေါ့"
ကျွင်းချန်ချင်းမှာ ထန်ထျန်း၏ ပိတ်ဆို့မှုကို ခံထားရသည်ကို မြင်သောအခါ အားလုံးက သက်ပြင်းအသာချနိုင်ခဲ့ကြသည်။
"ကြည့်ရတာ အဲဒီကောင်မှာ တခြား နည်းလမ်းတွေ မရှိတော့ဘူးထင်တယ်"
"ငါတို့... မကြာခင် အောင်မြင်တော့မှာလား"
ဟုန်းမန်ကျိကျွင်း က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
သို့သော်လည်း ချီလင်မိန်းကလေး ကမူ တည်ငြိမ်နေဆဲ ဖြစ်ကာ ပြော၏ယ "ပြောရခက်သေးတယ်"
"မမေ့နဲ့ဦးလေ၊ သူ့လက်ထဲမှာ ကြယ် နှလုံးသား နဲ့ ကြေးနီ ဒယ်ဆောက် အိုး ရှိနေသေးတယ်ဆိုတာ"
" အဲဒါတွေက တကယ့်ကို ကောင်းကင်အံတုနိုင်တဲ့ ရတနာတွေပဲ"
နေနတ်ဘုရားက ခေါင်းအသာယမ်းလျက် "ကြယ် နှလုံးသားက အခုလက်ရှိ ထန်ထျန်းကို မတားနိုင်ဘူး၊ ကြေးနီ ဒယ်ဆောက် အိုးကတော့..."
"ဖန်ဆင်းရှင်ရဲ့ ရတနာဆိုတာ တစ်ခါ ပျက်စီးသွားပြီးရင် လုံးဝ ဥဿုံ ပြန်ကောင်းဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ကျွင်းချန်ချင်းက အဲဒါရဲ့ အပြင်ပန်း ပုံသဏ္ဌာန်ကိုပဲ ပြန်ပြင်ထားနိုင်တာ"
" ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် သုံးနိုင်ပေမဲ့ ထန်ထျန်းကို ခြိမ်းခြောက်နိုင်လောက်တဲ့အထိ တိုက်ခိုက် ဖို့တော့ မဖြစ်နိုင်တော့ဘူး"
လုံကျိုကျိုးက ကြောင်စီစီဖြင့် "ဒါဆို ငါတို့ နိုင်ပြီပေါ့ ဟုတ်လား"
"သူ့ကို ဒီအတိုင်း ပိတ်မိအောင် လုပ်ထားနိုင်သရွေ့တော့ သူ့ကို ထာဝရ ဖိနှိပ် ထားနိုင်မယ့် နည်းလမ်းကို ရှာလို့ရမှာပဲ"
"လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီတုန်းကလိုမျိုးပေါ့"
အခြားသူများလည်း ထိုဖြစ်နိုင်ခြေကို စဉ်းစားမိကာ မျက်လုံးများ တောက်ပလာကြသည်။
သို့သော် နေနတ်ဘုရားကမူ ခေါင်းယမ်းနေဆဲ ဖြစ်သည်။
"မဟုတ်ဘူး"
"ကြယ် နှလုံးသားနဲ့ ကြေးနီ ဒယ်ဆောက် အိုးက ထန်ထျန်းကို ခြိမ်းခြောက်မှု မပေးနိုင်တာ မှန်ပေမဲ့ ကျွင်းချန်ချင်းက..."
"သူက ဖန်ဆင်းခြင်း ကောင်းကင် တိုင် ကို ရောက်ခဲ့ဖူးတယ်"
အားလုံး မှင်တက်သွားကြသည်။
ဖန်ဆင်းခြင်း ကောင်းကင် တိုင် ဆိုသည်မှာ ကမ္ဘာဦး အထွတ်အထိပ် နယ်မြေ ၅ ခုထဲမှ တစ်ခုဖြစ်ပြီး အလွန်ပင် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုလည်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာမှာ ဖန်ဆင်းရှင် ရတနာ ၅ ပါး စတင် မွေးဖွားရာ နေရာဖြစ်သောကြောင့် ဖြစ်၏။
ဒဏ္ဍာရီများအရ ထိုနေရာတွင် ကမ္ဘာကြီးကို ဖန်တီးခဲ့သည့် နတ်ဘုရား စွမ်းအားများ ကိန်းဝပ်နေပြီး ထိုစွမ်းအားကို ရရှိခဲ့မည်ဆိုလျှင်...
ကမ္ဘာ့အရှင်က အကောင်းဆုံး ဥပမာတစ်ခုပင် ဖြစ်သည်။
ကျွင်းချန်ချင်းကလည်း ထို ဖန်ဆင်းခြင်း ကောင်းကင် တိုင်ဆီသို့ ရောက်ရှိခဲ့ဖူးသည်လော။
"ဒါဆို သူက... အဲဒီ ဒဏ္ဍာရီထဲက နတ်ဘုရား စွမ်းအားကို ရခဲ့တာလား"
ဟုန်းမန်ကျိကျွင်းက မေးလိုက်သည်။
နေနတ်ဘုရားက တိုက်ရိုက် အဖြေမပေးဘဲ တိုးညှင်းစွာ ပြောလိုက်သည်။ "ဒီကိစ္စကို ကမ္ဘာ့အရှင် တစ်ယောက်ပဲ သိကောင်းသိလိမ့်မယ်"
"ကျွင်းချန်ချင်းက တခြားသူတွေရဲ့ ရှေ့မှာ အဲဒီလို စွမ်းအားမျိုးကို တစ်ခါမှ မပြဖူးဘူး"
"ဆက်ကြည့်ကြတာပေါ့"
အားလုံး တိတ်ဆိတ်သွားကြပြီး ကောင်းကင်ယံမှ ပုံရိပ်ယောင်ကိုသာ ပြန်လည် အာရုံစိုက်လိုက်ကြသည်။
အချိန်မြစ် အတွင်း၌
ထန်ထျန်းက သူ၏ စိတ်ထဲတွင် သေချာ သိထားသည်မှာ ကြေးနီ ဒယ်ဆောက် အိုး ရှိနေသရွေ့ ကျွင်းချန်ချင်းကို ယခုချက်ချင်း လုံးဝ ဖိနှိပ် ပစ်ရန် မဖြစ်နိုင်သေးပေ။
ထို့ကြောင့် သူက နည်းလမ်းတစ်ခု ပြောင်းလဲကာ ကျွင်းချန်ချင်းကို ကိုယ့်ဘာသာကိုယ် အရှုံးပေးလာအောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။
"မင်းလည်း မြင်တဲ့အတိုင်းပဲ"
"ငါ့ရဲ့ ခွန်အား တိုးတက်မှုက တခြား ကျင့်ကြံသူတွေနဲ့ မတူဘူး"
" အကယ်၍ မင်းက ဒီနေ့ ငါ့ကို အနိုင်မတိုက်နိုင်ဘူးဆိုရင် ကမ္ဘာ့ဘိုးဘေး ကုန်းမြေ ကို မရနိုင်ဘူးဆိုရင် အနာဂတ် မှာလည်း ပိုပြီး မဖြစ်နိုင်တော့ဘူး"
"အဲဒါကြောင့် မင်း ဆက်လုပ်ချင်သေးလို့လား"
ထန်ထျန်းက အေးဆေးစွာ မေးလိုက်သည်။
ကျွင်းချန်ချင်းက ခဏမျှ တိတ်ဆိတ်သွားသည်။
ယခုအခါ သူက လုံးဝ အရှုံးဘက်တွင် ရှိနေသော်လည်း အမြဲတမ်းအတိုင်းပင် တည်ငြိမ်နေဆဲ ဖြစ်သည်။
"ခုနက မင်းသုံးလိုက်တဲ့ နယ်မြေက မင်းဘာသာမင်း နားလည်ခဲ့တာလား"
သူက ရုတ်တရက် မေးလိုက်သည်။
ထန်ထျန်းက ခေါင်းညိတ်ပြသည်။
ကျွင်းချန်ချင်းက ပြုံးလိုက်ပြီး "ကြည့်ရတာ ငါ မင်းအပေါ် ထားခဲ့တဲ့ အကဲခတ်တာက နည်းနည်းလေး လွဲချော်ခဲ့ပုံရတယ်"
" ကျင့်ကြံခြင်းပိုင်းမှာ မင်းက တကယ်ကို အားထုတ်ခဲ့တာပဲ"
ထန်ထျန်းမှာ ပြောစရာပင် မရှိတော့ပေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင်မှ ကျွင်းချန်ချင်းက ထိုအချက်ကို အာရုံစိုက်နေသဖြင့် ဖြစ်၏။
"အရင်ဆုံး ငါမေးတာ ကို ဖြေပါဦး"
"လက်လျှော့မှာလား၊ ဒါမှမဟုတ် ဆက်တိုက်မှာလား"
သူက စကားတွေ အများကြီး မပြော ချင်ပေ။
ကျွင်းချန်ချင်းက ခေါင်းယမ်းလျက် ပြုံးလိုက်သည်။
"သေချာပေါက် အောင်မြင်မယ့် ကိစ္စကို ငါ ဘယ်လိုလုပ် လက်လျှော့မှာလဲ"
"မင်းနဲ့ တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာက အရင်တုန်းက အချိန်တွေကို လွမ်းဆွတ်ချင်လို့ပါပဲ"
"ဒါနဲ့..."
"ဒီကမ္ဘာရဲ့ နောက်ဆုံး အဆင့်မြင့်ဆုံး စွမ်းအားကို မင်း မမြင်ဖူးသေးဘူး မဟုတ်လား"
ထန်ထျန်း မျက်မှောင်ကြုတ်သွားသည်။
နောက်ဆုံး အဆင့်မြင့်ဆုံး စွမ်းအား လား
အဲဒါက ဘာလဲ
ကျွင်းချန်ချင်းက ချက်ချင်းပင် အဖြေပေးလိုက်သည်။
သူက အကျဉ်းချ လက်ညှိုး ကို ရုပ်သိမ်းလိုက်ပြီး ထန်ထျန်း၏ အနန္တတာအိုနိယာမ နယ်မြေ အတွင်း ပိတ်မိနေသည်ကို အလိုက်သင့် လက်ခံလိုက်သည်။
သို့သော် နောက်တစ်ခဏတွင် ထန်ထျန်း အလွန်ပင် ရင်းနှီးနေသော အော်ရာ တစ်ခုက သူ၏ ကိုယ်မှ ထွက်ပေါ်လာသည်။
၎င်းမှာ ဖန်ဆင်းရှင် ရတနာများ၏ အော်ရာ ဖြစ်သည်။
သို့မဟုတ် ဖန်ဆင်းရှင် ရတနာများ၏ မူလစွမ်းအား ဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။
ခဏချင်းမှာပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက ဝုန်းခနဲ ပေါက်ကွဲထွက်လာတော့သည်။
ထန်ထျန်း၏ အနန္တတာအိုနိယာမ နယ်မြေမှာ မျက်စိတစ်မှိတ်အတွင်း ကြေမွပျက်စီးသွားရသည်။
ထန်ထျန်းက တစ်စုံတစ်ရာ တုံ့ပြန်ရန် ကြိုးစားလိုက်သော်လည်း ကျွင်းချန်ချင်း ထုတ်သုံးလိုက်သော ထိုစွမ်းအားမှာ ဖန်ဆင်းရှင် ရတနာများထက်ပင် ပို၍ သန့်စင်နေသည်ကို တွေ့လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ထိုတားဆီး၍ မရသော စွမ်းအားအောက်၌...
ဝုန်းခနဲ ပေါက်ကွဲပျက်စီးသွားတော့သည်။
"ဘာ... ဘာဖြစ်သွားတာလဲ"
ထျန်းတိ ကျင့်ကြံခြင်းကွင်းပြင်ရှိ လူတိုင်းမှာ ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကြောင့် မှင်တက်သွားကြသည်။
ခုနကတင် သိသိသာသာ အသာစီး ရနေခဲ့သော ထန်ထျန်းက ဘာကြောင့် ရုတ်တရက် ပေါက်ကွဲပျက်စီးသွားရသနည်း။
သို့သော် နောက်တစ်ခဏတွင် ဖော်ပြ၍မရသော ဖိအားကြီးတစ်ခုက ဝေးလံသော ဟင်းလင်းပြင်ထဲမှ ရောက်ရှိလာပြီး စကြာဝဠာ တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။
သက်ရှိအားလုံးက မြင့်မြတ်လွန်းသော အရှိန်အဝါကြီးတစ်ခုကို ခံစားလိုက်ရပြီး သူတို့၏ စိတ်ထဲတွင် အလိုလို ဒူးထောက် အရှုံးပေးလိုသော ဆန္ဒများ ပေါ်ပေါက်လာတော့သည်။
လောကကို အုပ်စိုးခြင်း
နေနတ်ဘုရား၏ မျက်နှာမှာ အလွန်ပင် အုံ့မှိုင်းသွားသည်။
"သူ... တကယ်ပဲ..."
"ကမ္ဘာကြီးကို ဖန်တီးခဲ့တဲ့ နတ်ဘုရား စွမ်းအားကို ရထားတာပဲ"
အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဒါက ဖန်ဆင်းခြင်း ကောင်းကင် တိုင်က လာတဲ့ စွမ်းအားလား။
ကမ္ဘာ့အရှင်နဲ့ ကျွင်းချန်ချင်းတို့ ဘာလို့ ဒီလောက်အထိ ကောင်းကင်ကို အံတုနိုင်ရသလဲဆိုတာ မဆန်းတော့ပေ။ သူတို့က ဒီကမ္ဘာရဲ့ နောက်ဆုံး အဆင့်မြင့်ဆုံး စွမ်းအားကို လက်ထဲမှာ ဆုပ်ကိုင်ထားကြတာကိုး။
ယခုအချိန်တွင် သူတို့ ဘာပြောရမှန်း မသိတော့ပေ။
ကောင်းကင်ယံကိုသာ ငေးကြည့်ရင်း ဤကဲ့သို့သော အဆင့်မြင့်ဆုံး စွမ်းအားကို ထန်ထျန်း အနေဖြင့် ရင်ဆိုင်နိုင်မည့် နည်းလမ်း ရှိပါစေကြောင်းသာ ဆုတောင်းနေကြရသည်။
ထန်ထျန်းကလည်း သူတို့ကို စိတ်မပျက်စေခဲ့ပေ။
သူ၏ ခန္ဓာကိုယ် လုံးဝ ပျက်စီးသွားပြီးနောက် အသက်ရှူ အနည်းငယ်အတွင်းမှာပင် သူ၏ ပုံရိပ်မှာ မူလနေရာ၌ပင် ပြန်လည် ပေါ်လာခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင် သူ၏ မျက်မှောင်များမှာ တင်းကျပ်နေသည်။
ဤ နောက်ဆုံး အဆင့်မြင့်ဆုံး စွမ်းအား ဆိုသည်မှာ ဘယ်လိုမှ တားဆီး၍ မရနိုင်ပေ။
"ဒီလို စွမ်းအားမျိုးက ဒီလောကမှာ တည်ရှိမနေသင့်ဘူး"
ထန်ထျန်းက တိုးညှင်းစွာ ပြောလိုက်သည်။
ကျွင်းချန်ချင်းက ခပ်ပြုံးပြုံးဖြင့် "ဘယ်သူက မဟုတ်ဘူးလို့ ပြောလို့လဲ"
"ဒါပေမဲ့ အဲဒါက တကယ် တည်ရှိနေတာပဲလေ"
"ဖြစ်နိုင်တာကတော့ ထာဝရ ကို ကျော်လွန်သွားပြီးမှပဲ ဒါကို လုံးဝ နားလည်နိုင်လိမ့်မယ် ထင်တယ်"
ထန်ထျန်း ဘာမှ ပြန်မပြောပေ။
ထိုစွမ်းအားမှာ ဝိညာဉ်စွမ်းအားနှင့် နတ်စွမ်းအား ကဲ့သို့ပင် အဆင့်ချင်း လုံးဝ မတူညီသော တည်ရှိမှုမျိုး ဖြစ်သည်။
သူ့တွင် မည်သို့သော နည်းလမ်းများ ရှိနေပါစေ၊ ထိုစွမ်းအားကို မယှဉ်နိုင်ပေ။
အကယ်၍ ကျွင်းချန်ချင်းက ဤစွမ်းအားကို စိတ်တိုင်းကျ ထုတ်သုံးနိုင်မည်ဆိုလျှင် အခြေအနေမှာ တကယ်ကို မဟန်တော့ပေ။
"ဒါဆို... မင်းက ငါ့ကို လက်လျှော့ဖို့ ဆက်ပြီး တိုက်တွန်းချင်သေးလား"
ကျွင်းချန်ချင်းက လက်ညှိုးကို ဆန့်ထုတ်လိုက်ရာ ဖန်ဆင်းရှင် နတ်စွမ်းအားက ထန်ထျန်းဆီသို့ ထပ်မံ ပြေးဝင်သွားပြန်သည်။
မည်သည့် မတော်တဆမှုမျှ မရှိဘဲ ထန်ထျန်း၏ ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် အမှုန့်အဖြစ်သို့ ပေါက်ကွဲသွားပြန်သည်။
သို့သော် မကြာမီမှာပင် သူက ဟင်းလင်းပြင်ထဲ၌ ပြန်လည် ပေါ်လာပြန်သည်။
မှန်ပါသည်၊ ကျွင်းချန်ချင်းက လက်လျှော့မည် မဟုတ်ပေ။
သို့သော် သူသည်လည်း ထို့အတူပင် လက်လျှော့မည် မဟုတ်။
ဤကဲ့သို့ ထပ်ခါတလဲလဲ သေဆုံးနေရသည့် ကြားထဲမှပင် ထို အဆင့်မြင့်ဆုံး စွမ်းအားကို ဖြိုခွင်းနိုင်မည့် နည်းလမ်းကို သူ ရှာဖွေရပေလိမ့်မည်။