← Chapters

အသီးသီး လမ်းခွဲကြခြင်း

Vol. 78 Ch. 820

အသီးသီး လမ်းခွဲကြခြင်း

Vol. 78 Ch. 820

​ဟုန်းမန်ကျိကျွင်း၏ ရူးသွပ်လှသော ရယ်သံကြီးမှာ ပျက်စီးနေသော ထျန်းတိ ကျင့်ကြံခြင်းကွင်းပြင် အတွင်း၌ အဆက်မပြတ် ဟိန်းထွက်နေတော့သည်။

​ကျွင်းချန်ချင်းက နတ်ဘုရားအချစ်တော် ကြောင်လေး ကို ခေါ်ဆောင်သွားပြီးနောက်တွင် ဤနေရာရှိ လူအားလုံးမှာ ရယ်စရာ လူပြက်များ ဖြစ်သွားခဲ့ပုံရသည်။

​သူတို့က မျှော်လင့်ချက် အားလုံးကို မဟာပျက်သုဉ်း မြို့ဟောင်း အပေါ်၌လည်းကောင်း၊ ထန်ထျန်း အပေါ်၌လည်းကောင်း ပုံအော ထားခဲ့ကြသည်။

​သို့သော် ရလဒ်က ဘာလဲ၊ ကျွင်းချန်ချင်းက မဟာပျက်သုဉ်း မြို့ဟောင်းကို လုံးဝ မလိုအပ်ပေ၊ နောက်ပြီး ထန်ထျန်း...

​ထန်ထျန်းက သူတို့ဘက်မှာ ရပ်တည်နေသလား သို့မဟုတ် ကျွင်းချန်ချင်း ဘက်မှာလား ဆိုသည်ကိုပင် သူတို့ မဝေခွဲနိုင်တော့ပေ။

​ထို့ထက်ပိုသည်မှာ သူတို့ကိုယ်တိုင်၏ ရပ်တည်မှုက မှန်ကန်နေသလား သို့မဟုတ် မှားယွင်းနေသလား ဆိုသည်ကိုပင် သူတို့ မသိတော့ပေ။

​လနတ်သမီး၊ သဘာဝမိခင်၊ ကမ္ဘာ့အရှင်... တစ်ချိန်က ကမ္ဘာကြီးကို ကာကွယ်ခဲ့ကြသော ထိပ်တန်း ပုဂ္ဂိုလ်ကြီးများမှာ ယခုအခါ သူတို့၏ ဆန့်ကျင်ဘက်တွင် ရပ်တည်သွားကြပြီ ဖြစ်သည်။

​သူတို့နှင့်အတူ တစ်သားတည်း ရှိနေသည်မှာ နေနတ်ဘုရား တစ်ဦးတည်းသာ ကျန်တော့သည်။

​ဒါဆိုလျှင် ဘယ်သူက တကယ် သစ္စာဖောက်လိုက်တာလဲ။

​ဘယ်သူကမှ မှန်ကန်နေတာလဲ။

​ယနေ့တိုင်အောင် သူတို့က ကမ္ဘာကြီးကို ကာကွယ်မည်ဆိုသည့် ကြီးမြတ်သော ရည်မှန်းချက်ဖြင့် ကြိုးစားခဲ့ကြသော်လည်း ယခုအခါ ထိုရည်မှန်းချက်မှာ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

​"ဟားဟားဟားဟား..."

​"ငါတို့တွေ... အားလုံး စွန့်ပစ်ခံလိုက်ရပြီ"

​"သက်ရှိအားလုံး စွန့်ပစ်ခံလိုက်ရပြီ"

ဝူရှန့်​ကျိကျွင်း တစ်ဦးက ခေါင်းငိုက်စိုက်ချကာ နာကျင်စွာဖြင့် ရယ်မောလိုက်သည်။

​"ဘာလို့လဲ"

​"ဒါတွေက ဘာကြောင့် ဒီလို ဖြစ်ပျက်နေရတာလဲ"

​"နေနတ်ဘုရား... ဘာလို့ သဘာဝမိခင်တောင်မှ ကျွင်းချန်ချင်းဘက်ကို ပါသွားရတာလဲ"

​ဝူရှန့်ကျိကျွင်း တစ်ဦးက အံ့ကြိတ်လျက် မျက်နှာ ပျက်ယွင်းစွာဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။

​အခြားသူများ၏ အကြည့်များမှာလည်း နေနတ်ဘုရား ထံသို့ ကျရောက်သွားကြသည်။ ဤသည်မှာ မည်သို့သော ကိစ္စမျိုးလဲဆိုသည်ကို လူတိုင်း နားမလည်နိုင်ကြပေ။

​သို့သော် နေနတ်ဘုရားမှာမူ တိတ်ဆိတ်နေဆဲ ဖြစ်သည်။

​လူတိုင်း၏ အကြည့်များအောက်တွင် သူက ခေါင်းငုံ့လျက် ယဇ်ပလ္လင်ပေါ်ရှိ စားပွဲဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ ထိုင်ချလိုက်သည်။

​စကားတစ်ခွန်းမှ မပြောပေ။

​သူကိုယ်တိုင်လည်း ဘာကြောင့်လဲ ဆိုသည်ကို မသိပေ။

​အခြေအနေများက ဘာကြောင့် ဤကဲ့သို့ ဖြစ်သွားရသည်ကို သူလည်း နားမလည်နိုင်ပေ။

​ချီလင်မိန်းကလေးက မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကို တင်းတင်းစေ့လျက် မေးလိုက်သည်။ "ကျွင်းချန်ချင်းကို တားဆီးဖို့ တခြား နည်းလမ်း ရှိသေးလား"

​အခြားသူများလည်း နေနတ်ဘုရားကို ကြည့်လိုက်ကြသည်။ သူတို့နှင့်အတူ ရှိနေသည့် တစ်ဦးတည်းသော မူလ ဝိညာဉ် ထံမှ တုံ့ပြန်မှုတစ်ခုခုကို သူတို့ မျှော်လင့်နေကြခြင်း ဖြစ်သည်။

​သို့သော် စိတ်မကောင်းစရာမှာ နေနတ်ဘုရားက ခေါင်းခါယမ်းလိုက်ခြင်း ဖြစ်သည်။

​"မရှိတော့ဘူး"

​"မင်းတို့ဘာသာ မင်းတို့ အသက်ရှင်ဖို့ လမ်းရှာကြတော့"

​အရင်တစ်ကြိမ် လူသားဧကရာဇ်နန်းတော် တွင် ရှိစဉ်က နေနတ်ဘုရားသည် မဟာပျက်သုဉ်း မြို့ဟောင်းကို စုပ်ယူပြီး ကျွင်းချန်ချင်းနှင့်အတူ အသေခံ တိုက်ခိုက်မည်ဟု ဆုံးဖြတ်ခဲ့စဉ်ကတည်းကပင် ဤကဲ့သို့ စကားမျိုး မပြောခဲ့ဖူးပေ။

​သို့သော် ယခုတစ်ကြိမ်တွင်မူ ဤသက်ရှိအားလုံး၏ ခေါင်းဆောင်မှာ လုံးဝ လက်လျှော့လိုက်ပြီ ဖြစ်သည်။

​သူ့တွင် တကယ်ပင် ဘာနည်းလမ်းမှ မရှိတော့ပေ။

​"ဟားဟားဟားဟား..."

​ထိုနေရာရှိ ကျိကျွင်း အချို့မှာ ခေါင်းခါယမ်းလျက် ရယ်မောကာ သူတို့၏ ပုံရိပ်များ မှိန်ဖျော့သွားပြီး ထျန်းတိ ကျင့်ကြံခြင်းကွင်းပြင် ထဲမှ လုံးဝ ပျောက်ကွယ်သွားကြတော့သည်။

ဝူရှန့်ကျိကျွင်း​ တစ်ဦးကလည်း နာကျင်စွာ ရယ်မောလျက် ကောင်းကင်သို့ ခုန်တက်ကာ သူ၏ ပင်ကိုယ်ပုံသဏ္ဌာန်ဖြင့် ဟင်းလင်းပြင် ထဲသို့ ပြေးဝင်သွားတော့သည်။

​ထို့နောက်တွင် မူလဝိညာဉ်အကြွင်းအကျန် များ၊ ဝူရှန့်ကျိကျွင်းများ နှင့် အခြား ကျိကျွင်း အများအပြားမှာ တိတ်ဆိတ်စွာဖြင့် ထွက်သွားကြတော့သည်။

​သူတို့ အစွမ်းကုန် ကြိုးစားခဲ့ကြသည်၊ အရာအားလုံးကို ပေးဆပ်ခဲ့ကြသည်၊ သို့သော် ရရှိလာသည့် ရလဒ်မှာ ဤသို့ ဖြစ်နေသည်။

​တကယ်တော့ ထန်ထျန်းက ကျွင်းချန်ချင်းနှင့် တိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့လျှင်ပင် သူတို့အတွက် ဤမျှ လက်ခံရ ခက်ခဲလိမ့်မည် မဟုတ်ပေ။

​အနည်းဆုံးတော့ သူတို့ အစွမ်းကုန် ကြိုးစားခဲ့ကြသည် မဟုတ်ပါလား။

​သို့သော် ယခု ရလဒ်မှာ သူတို့ ကြိုးစားခဲ့သည့် ဦးတည်ချက်မှာ မှားယွင်းနေကြောင်း ဖော်ပြနေသကဲ့သို့ ဖြစ်နေသည်။

​ထိုက်ချန်ကျိကျွင်း အရင်က ပြောခဲ့သလိုပင်။

​အရာအားလုံးမှာ အချည်းနှီးသာ။

​ကြိုးပမ်းမှု အားလုံးမှာ ဘာအဓိပ္ပာယ်မှ မရှိပေ။

​ဒါဆိုလျှင် သူတို့ ဘာလုပ်နိုင်ဦးမှာလဲ။

​ကမ္ဘာကြီး မဖျက်ဆီးခံရခင် အချိန်လေးတွင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည့် နည်းလမ်းကိုသာ ရှာဖွေရတော့မည် ဖြစ်သည်။

​မည်သို့ပင်ဖြစ်စေ ယခုအခါ သူတို့မှာ လက်ဗလာ ဖြစ်နေကြပြီ ဖြစ်သည်။ သူတို့၏ ပိုင်ဆိုင်မှု အားလုံးကို ထန်ထျန်း ထံ ရောင်းချထားခဲ့ကြသည် မဟုတ်ပါလား။

​ထွက်ခွာသွားသူများမှာ ပို၍ ပို၍ များလာသည်။

​နောက်ဆုံးတွင် ပျက်စီးနေသော ကျင့်ကြံခြင်းကွင်းပြင် ထဲ၌ နေနတ်ဘုရား၊ နေ နတ်ဘုရားနန်းတော်မှ သစ္စာခံ များ၊ လုံကျိုကျိုး၊ ချန်တာအို ကျိကျွင်း၊ ဝူချန်းကျိကျွင်း နှင့် ချီလင်မိန်းကလေး တို့သာ ကျန်ရစ်တော့သည်။

​လူတိုင်း တိတ်ဆိတ်နေကြပြီး ဘာပြောရမည်ကို မသိကြပေ။

​ကောင်းကင်ရှိ ပုံရိပ်များမှာလည်း ကျွင်းချန်ချင်း ထွက်သွားသည်နှင့်အမျှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

​အေးစက်သော လေပြင်းများ၏ တဝုန်းဝုန်း မြည်သံများသာ လူတိုင်း၏ ဦးခေါင်းထက်၌ ရံဖန်ရံခါ ထွက်ပေါ်နေတော့သည်။

​အချိန်အတော်ကြာပြီးနောက် နေနတ်ဘုရားက သူ၏ သစ္စာခံ များကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။ "မင်းတို့လည်း သွားကြတော့"

​"စကြာဝဠာကြီး ပျက်စီးသွားရင် နေမင်းကမ္ဘာလည်း လွတ်မှာ မဟုတ်ဘူး"

​"ခိုနားရာ နေရာတစ်ခုကို အမြန်ဆုံး သွားရှာကြတော့"

​ဤစကားကို ကြားသောအခါ နေ နတ်ဘုရားနန်းတော်၏ ခေါင်းဆောင် ဝူရှန့်ကျိကျွင်း မှာ စိုးရိမ်သွားသည်။

​"ကျွန်ုပ်တို့၏ နတ်ဘုရား..."

​သို့သော် သူ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း နေနတ်ဘုရားက လက်မြှောက်ကာ တားဆီးလိုက်သည်။

​"ဒါက အမိန့်ပဲ"

နေ ​နတ်ဘုရားနန်းတော် ခေါင်းဆောင်မှာ မှင်တက်သွားရသည်။

​သူက နေမင်းကို ယုံကြည်ကိုးကွယ်သူ ဖြစ်ပြီး နေနတ်ဘုရားကို နှလုံးသားထဲက တစ်ဦးတည်းသော နတ်ဘုရားအဖြစ် သတ်မှတ်ထားသူ ဖြစ်ရာ ကမ္ဘာကြီး ပျက်စီးသွားလျှင်ပင် နေနတ်ဘုရား၏ ဘေးတွင်သာ ဆက်ရှိနေလိုသူ ဖြစ်သည်။

​သို့သော် သူက နေနတ်ဘုရား၏ အမိန့်ကိုလည်း မဖီဆန်ဝံ့ပေ။

​နေနတ်ဘုရား အနေဖြင့် သူတို့ကို သူနှင့်အတူ ကျွင်းချန်ချင်း၏ လက်ထဲ၌ အသေမခံစေလိုမှန်း သူ သိပါသည်။

​အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် နေမင်းက မည်သို့မျှ ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

​နောက်ဆုံးတွင် နေ နတ်ဘုရားနန်းတော် ခေါင်းဆောင်မှာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက် ဒူးတစ်ဖက် ထောက်လိုက်သည်။

​အခြားသူများလည်း ဒူးထောက်လိုက်ကြသည်။

​"ကျွန်ုပ်တို့ နတ်ဘုရား၏ အမိန့်ကို ကျွန်ုပ် မဖီဆန်ဝံ့ပါ"

​"ဒါပေမဲ့ ဆင့်ခေါ်တဲ့ အခါတိုင်း ကျွန်ုပ်တို့ ပြန်လာပါ့မယ်"

​ထို့နောက် ကျယ်လောင်သော အသံကြီးမှာ ကွင်းပြင်ထဲ၌ ဟိန်းထွက်သွားသည်။

​"ဆင့်ခေါ်တဲ့ အခါတိုင်း ကျွန်ုပ်တို့ ပြန်လာပါ့မယ်"

နေ ​နတ်ဘုရားနန်းတော်မှ လူတိုင်းက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

​နေနတ်ဘုရားက သက်ပြင်းတစ်ချက် ချလိုက်ပြီး လက်ကို ထပ်မံ ဝှေ့ယမ်းပြလိုက်သည်။

​ဘာမှ ထပ်မပြောတော့ပေ။

​ခဏအကြာတွင် နေ နတ်ဘုရားနန်းတော်မှ လူတိုင်းက ဝမ်းနည်းမှုများ ပြည့်နှက်နေသော အကြည့်များဖြင့် ကျင့်ကြံခြင်းကွင်းပြင် ထဲမှ ပျောက်ကွယ်သွားကြတော့သည်။

​ထို့နောက် နေနတ်ဘုရားက ကျန်ရှိနေသော လူများကို ကြည့်လိုက်သည်။

​"မင်းတို့ကော ဒီတစ်ကြိမ်မှာလည်း မသွားကြသေးဘူးလား"

​"တကယ်ကို ဘာအခွင့်အရေးမှ မရှိတော့ဘူးနော်"

​နေနတ်ဘုရားက ပြောလိုက်သည်။

​ချီလင်မိန်းကလေး၏ မျက်နှာတွင် ရှုပ်ထွေးမှုများ ရှိနေပြီး တစ်စုံတစ်ခု ပြောချင်နေသော်လည်း နောက်ဆုံးတွင် ဘာမှ မပြောဖြစ်ခဲ့ပေ။

​သူမက အနက်ရောင် ဝတ်ရုံကို ခြုံကာ ထွက်သွားခဲ့သည်။

​ချန်တာအို ကျိကျွင်း ကမူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ငါ ... ထိုက်ချန် ရဲ့ ဝိညာဉ်ကို ခေါ်သွားချင်တယ်"

​ထိုက်ချန်ကျိကျွင်း နှင့် လူသား ဧကရာဇ်နန်းတော်မှ အခြား ဝူရှန့်ကျိကျွင်း လေးဦး၏ ဝိညာဉ်များမှာ ဟုန်းမန်ကျိကျွင်း၏ ချိပ်ပိတ်ခြင်းကို ခံထားရပြီး ဤနေရာ၌ ကျန်ရှိနေသေးသည်။

​အရင်ကမူ ကျွင်းချန်ချင်း ရှုံးနိမ့်သွားသည်ကို ထိုက်ချန်ကျိကျွင်း တို့အား မျက်မြင်ကိုယ်တွေ့ ပြသချင်ခဲ့ကြသည်။

​သို့သော် ရလဒ်မှာ ပြောင်းပြန် ဖြစ်သွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ...

​ယခုအချိန်တွင် သူတို့ကို မည်သူမျှ ဂရုမစိုက်ကြတော့ပေ။

​ချန်တာအို ကျိကျွင်း မှာ ထိုက်ချန်ကျိကျွင်း နှင့် ဆရာတူ တပည့်ချင်း ဖြစ်သဖြင့် သူတို့ကို သတိရပြီး ပြောလိုက်ခြင်း ဖြစ်သည်။

​"ရပါတယ်"

​နေနတ်ဘုရားက ခေါင်းညိတ်လိုက်ပြီး ဝိညာဉ်များကို ချန်တာအို ကျိကျွင်း ထံ လွှဲပြောင်းပေးလိုက်သည်။

​"ငါ ထိုက်ချန် တစ်ယောက်တည်းပဲ လိုတာပါ"

​ချန်တာအို ကျိကျွင်း က ပြောလိုက်သည်။

​နေနတ်ဘုရားက ပြောသည်။ "အားလုံးကို ခေါ်သွားလိုက်ပါ"

​"သူတို့ကို... ကောင်းကောင်း ဆက်ဆံပေးလိုက်ပါ"

​"ဒါဟာ မင်းရဲ့ အနာဂတ်အတွက် လမ်းစတစ်ခု ဖြစ်လာနိုင်မလား ဆိုတာပေါ့"

​ချန်တာအို ကျိကျွင်း က နေနတ်ဘုရား၏ ဆိုလိုရင်းကို နားလည်ပါသည်။ သို့သော် သူလည်း ဘာမှ မပြောတော့ဘဲ ဝိညာဉ်များကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။

​ထို့နောက် နေနတ်ဘုရားက နောက်ဆုံး ကျန်ရစ်သူ နှစ်ဦးကို ကြည့်လိုက်သည်။

​လုံကျိုကျိုးက ပခုံးတွန့်လိုက်ပြီး စားပွဲဘေး၌ ထိုင်လိုက်သည်။

​"ငါ အရင်က ပြောခဲ့သလိုပဲ၊ သွားစရာ နေရာ မရှိဘူး"

​"ဒီမှာပဲ နေတာ ပိုကောင်းပါတယ်၊ ထန်ထျန်းလည်း ပြန်လာဦးမှာပါ"

​"အချိန်မြစ် ထဲမှာ ကျွင်းချန်ချင်းက သူ့ကို ဘာတွေ ပြောခဲ့လဲဆိုတာ ငါ တကယ် သိချင်မိတယ်"

​ဝူချန်းကျိကျွင်း ကလည်း တိတ်ဆိတ်စွာ ထိုင်ချလိုက်သည်။

​"ငါ လည်း သူနဲ့ အတူတူပါပဲ"

​"သွားစရာ နေရာ မရှိဘူး"

​နေနတ်ဘုရားက ထပ်ပြီး မတိုက်တွန်းတော့ပေ။ သူက ကျောက်စိမ်းဖြူဝိုင် နှင့် သူ စုဆောင်းထားသော နတ်အရက် အချို့ကို ထုတ်ယူလိုက်သည်။

​"ကောင်းပြီလေ"

​"ငါတို့ ဒီနေရာမှာပဲ ထန်ထျန်း ပြန်လာမယ့်အချိန်ကို အတူတူ စောင့်ကြတာပေါ့"

​"ဒါမှမဟုတ်ရင်လည်း... သေခြင်းတရား ရောက်လာမယ့် အချိန်ကိုပေါ့"

All Chapters