← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း (၁၈၉) မူလစွမ်းအင်များကို စုပ်ယူခြင်း၊ ဆင့်ကဲပြောင်းလဲခြင်း၊ အကန့်အသတ်ကျော်လွန် မုဒ်

"အမဲလိုက် မုဒ်၊ အကန့်အသတ်ကျော်လွန် မုဒ်"

ကောင်းကင်ယံတွင် တိုက်ပွဲဝင်နေကြသူများပင်လျှင် စက်ယန္တရားများ၏ အဆက်မပြတ် လည်ပတ်နေသော အသံများကို ကြားလိုက်ကြရလေသည်။ သူတို့က ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ကြရာ မျက်နှာများပေါ်တွင် သတိဝီရိယများ အပြည့်အဝ ရှိနေကြ၏။

ဧရာမ စစ်ယန္တရားကြီးက ကြောက်ရွံ့မှု အရိပ်အယောင်များ ရောနှောနေသော အလွန်အမင်း ဒေါသတကြီး အသံတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

"ကျောက်ရှီး... မင်း ဘာလုပ်လိုက်တာလဲ"

ကျောက်ရှီး၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်ကိုမျှ မမြင်တွေ့ရချေ။ သူမက လက်ကို မြှောက်လိုက်ရုံသာ ဖြစ်ပေသည်။ သူမ၏ အရှေ့တည့်တည့်ရှိ စမတ်ခ်ထံသို့ လက်ညှိုးထိုးလိုက်၏။

"လက်တွေ့ဘဝနဲ့ အတုအယောင်ကို လွဲချော်စေတဲ့ ကိရိယာ။ ငါက မင်းကို တိုက်ခိုက်လို့ မရခဲ့တဲ့ အကြောင်းရင်းက ဒါကြောင့်မို့လို့ပဲ မဟုတ်လား"

သူမ၏ စကားအဆုံးတွင် စမတ်ခ်၏ မျက်နှာက ချက်ချင်းပင် ပို၍ ရုပ်ဆိုးသွားလေတော့သည်။

အဆုံးမဲ့ မျှော်စင်ကြီး၏ အောက်ခြေတွင်။

အမဲလိုက် စက်ယန္တရားနဂါး၏ အကန့်အသတ်ကျော်လွန် မုဒ်က စတင်လည်ပတ်နေပြီ ဖြစ်သည်။

"မော်ဂျူး လည်ပတ်သွားပြီ။ သုံးစွဲမှု အကြီးအကျယ် လျှော့ချခြင်း"

ဝီ...

ယခင်အကြိမ်နှင့် မတူတော့ချေ။ ဤအချိန်တွင် မရေမတွက်နိုင်သော မှောင်မိုက်သည့် ရွှေရောင် အလင်းမှုန်များက လေထဲတွင် ဘယ်ကမှန်းမသိ ပေါ်လာကာ စုဆုံလာကြလေသည်။ ထိုအရာများက ထိုနေရာတွင် အမြဲတမ်း တည်ရှိနေခဲ့သည့်အလား သုံးစွဲမှု အကြီးအကျယ် လျှော့ချခြင်း မော်ဂျူး၏ စွမ်းအားအောက်တွင် စတင် ပေါင်းစည်းလာကြ၏။

"ဒါက..."

စုပ်ယူစမ်း။ စုပ်ယူလိုက်စမ်း။

မှောင်မိုက်သည့် ရွှေရောင် အလင်းမှုန်များက အရပ်မျက်နှာ အသီးသီးမှ အမဲလိုက် စက်ယန္တရားနဂါးဆီသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာကြလေသည်။

ပုံစံများ ပြောင်းလဲသွားကာ အကန့်အသတ်ကျော်လွန် မုဒ်က စတင် လည်ပတ်နေပြီ ဖြစ်၏။ သို့သော် လုံလောက်မှု မရှိသေးချေ။

"ဟင်"

လေထဲရှိ အလင်းမှုန်များက ခန်းခြောက်လာနေလေသည်။ ဤလေဟာနယ်ကြီးက အော်ဟစ်ငိုကြွေးနေ၏။

သုံးစွဲမှု အကြီးအကျယ် လျှော့ချခြင်း၏ စွမ်းအားက ဤကမ္ဘာကြီးထံမှ စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူနေခြင်း ဖြစ်ပေသည်။

"သြော်... ဒါကြောင့်ကိုး။ ရထားဒင်္ဂါးတွေက အရမ်း တန်ဖိုးကြီးနေတာ အံ့ဩစရာတော့ မဟုတ်ဘူးပဲ"

ရထားဒင်္ဂါးများဆိုသည်မှာ အဘယ်အရာ ဖြစ်ကြောင်းကို သူ အကြမ်းဖျင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။

မူလစွမ်းအင်များ သို့မဟုတ် အရာအားလုံးဟု ဆိုရပေမည်။

ရထားဒင်္ဂါးများဆိုသည်မှာ ဤကမ္ဘာကြီး၏ အရာအားလုံးကို ရုပ်လုံးပေါ်စေသော ရလဒ်တစ်ခုပင် ဖြစ်လေ၏။

သုံးစွဲမှု အကြီးအကျယ် လျှော့ချခြင်း မော်ဂျူးက ပစ္စည်းများကို အသုံးပြုရန်အတွက် လေဟာနယ်ထဲမှ ရထားဒင်္ဂါး သုံးစွဲမှုကို လျှော့ချပေးနေခြင်း မဟုတ်ပေ။ ၎င်းအစား လေဟာနယ်တစ်ခုထဲမှ မူလစွမ်းအင်များကို အတင်းအကျပ် စုပ်ယူကာ လိုအပ်သော ရထားဒင်္ဂါးများနှင့် ညီမျှသည့် မှောင်မိုက်သော ရွှေရောင် အလင်းမှုန်များအဖြစ် စုစည်းပေးပြီး လိုအပ်သော ပစ္စည်းများထဲသို့ တိုက်ရိုက် ထည့်သွင်းပေးနေခြင်းသာ ဖြစ်ပေသည်။

"ဒီမော်ဂျူးက အရင်တုန်းက ငါ စိတ်ကူးထားတာထက် အများကြီး ပိုပြီး အစွမ်းထက်တာပဲ"

သူ ဆက်လက် စုပ်ယူ၍ မရနိုင်တော့ချေ။ ဆက်လုပ်ပါက သူ၏ ခြေအောက်ရှိ မြေပြင်က တည်ငြိမ်မှု ကင်းမဲ့သွားမည် ဖြစ်၏။

ယခုအချိန်၌ပင် ခေတ်ကာလပေါင်းများစွာကို ဖြတ်သန်းခဲ့ရသည့်အလား မာကျောသော မြေပြင်က အထူးသဖြင့် ကျိုးပဲ့လွယ်လာနေလေပြီ။

"နေရာလွတ် တစ်ခုတည်းကနေ ဒင်္ဂါး ရှစ်ဆယ်တောင် စုပ်ယူလို့ မရဘူးလား။ တကယ်ကို အသုံးမကျတာပဲ။ ဒါက အခြေခံအားဖြင့် ဘူတာရုံကမ္ဘာ တစ်ခု ဖြစ်နေလို့များလား"

"ဒါဆိုရင် လွင်တီးခေါင်ပြင်ထဲမှာသာဆိုရင်ရော..."

"နောက်တစ်ခါကျရင် ငါ ထပ်စမ်းကြည့်ရမယ်"

ရဲချီယန်က ခါးသက်သက် ပြုံးလိုက်ကာ လက်ဖျစ်တွက်လိုက်ပြီး လိုအပ်နေသေးသော နောက်ဆုံး ဒင်္ဂါး နှစ်ဆယ့်နှစ်ပြားကို အမဲလိုက် စက်ယန္တရားနဂါးဆီသို့ ပစ်ပေးလိုက်လေသည်။

ရထားဒင်္ဂါးများက မှောင်မိုက်သော ရွှေရောင် အလင်းမှုန်များအဖြစ်သို့ ပြောင်းလဲသွား၏။ အော်ဟစ်ငိုကြွေးနေသော လေဟာနယ်ကြီးက ဤအလင်းမှုန်များကို လိုလားတောင့်တနေသည့်အလား ပင်ကိုယ်အသိစိတ်ဖြင့် စုပ်ယူရန် ကြိုးစားနေလေသည်။ သို့သော် ထိုအချိန်တွင် ရထားစနစ်၏ အလင်းမျက်နှာပြင်က ထိုနေရာတစ်ဝိုက်တွင် ပေါ်ထွက်လာခဲ့၏။

"အကန့်အသတ်ကျော်လွန်ခြင်း" ဟူသော စကားလုံးက ကောင်းကင်ယံအထိ ပြန့်ကျက်သွားလေသည်။

ကမ္ဘာလော။ လေဟာနယ်လော။

သူတို့က ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မည်နည်း။

အမဲလိုက် စက်ယန္တရားနဂါး၊ အကန့်အသတ်ကျော်လွန် မုဒ်။

စတင်လည်ပတ်သွားခဲ့ပြီ။

စက်ယန္တရား နဂါးကြီး၏ ခန္ဓာကိုယ်က အဆပေါင်းများစွာ ကြီးမားလာခဲ့လေသည်။ ၎င်း၏ ဧရာမ ပါးစပ်ကြီးကို ဟလိုက်ရာ အတွင်း၌ ဖုံးကွယ်ထားသော အကန့်အသတ်ကျော်လွန်သော နဂါး၏ ပုံသဏ္ဌာန် ရေးဆွဲထားသည့် လွန်ပူထိပ်ဖူးတစ်ခုက ပေါ်ထွက်လာခဲ့၏။

အလင်းမျက်နှာပြင်တစ်ခု ပေါ်လာခဲ့သည်။ စက်ယန္တရား နဂါးကြီး၏ ဟိန်းဟောက်သံကို ထုတ်လွှတ်ကာ ကောင်းကင်ယံသို့ ခုန်တက်သွားလေသည်။

ရဲချီယန်၏ ရှေ့ရှိ ထိန်းချုပ်ရေးခလုတ်ခုံက ချက်ချင်းပင် အသက်ဝင်လာခဲ့၏။

"ဟင်"

"အရင်တစ်ခေါက်နဲ့ နည်းနည်းတော့ ကွာခြားသွားတယ်"

"ဒါက... အသုံးပြုသူအခန်းလား။ ပြီးတော့ အရမ်း ကြီးတာပဲ..."

ဤတစ်ကြိမ်တွင် အကန့်အသတ်ကျော်လွန် မုဒ်က ယခင်အကြိမ်နှင့် နှိုင်းယှဉ်ပါက ဆင့်ကဲပြောင်းလဲမှုများစွာ ဖြစ်ပေါ်သွားခဲ့ပြီ ဖြစ်သည်။

ယင်း၏ အသွင်အပြင်က ပိုမို ကြီးကျယ်ခမ်းနားလာရုံသာမက ကောင်းကင်ယံရှိ စစ်ယန္တရားကြီးနှင့် ယှဉ်ပြိုင်နိုင်ရန်အလို့ငှာ အရွယ်အစားမှာလည်း သိသိသာသာ ကြီးမားလာခဲ့လေ၏။ ထို့ပြင် စက်ယန္တရား နဂါးကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ထိန်းချုပ်ခန်းတစ်ခုပါ ပေါ်လာခဲ့ပေသည်။

"ဝေါင်း"

"မင်းက ငါ့ကို အထဲဝင်စေချင်တာလား။ ဟားဟား... စိတ်ဝင်စားစရာပဲ"

ကျောက်ရှီးက အဲဒီလို ပြောခဲ့တာ အံ့ဩစရာတော့ မဟုတ်ဘူးပဲ။

"အဲဒီနဂါးက အစ်ကို စိတ်ကူးထားတာထက်တောင် ပိုပြီး ထူးခြားတယ်"

ဒါက ထူးခြားတဲ့ အစိတ်အပိုင်းလား။

အမဲလိုက် စက်ယန္တရားနဂါးက အကန့်အသတ်ကျော်လွန် မုဒ်ထဲသို့ ဝင်ရောက်သွားတိုင်း ၎င်းကိုယ်တိုင် ဆင့်ကဲပြောင်းလဲမှုတစ်ခုကို ပြီးမြောက်သွားစေခြင်း ဖြစ်လောက်ပေသည်။

ကျောက်ရှီး၏ အမဲလိုက် စက်ယန္တရားနဂါးက မည်သည့် အတိုင်းအတာအထိ ဆင့်ကဲပြောင်းလဲသွားခဲ့ပြီနည်း။

ရဲချီယန်၏ မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့် တောက်ပနေလေ၏။

သူက ထိန်းချုပ်ခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ ရှုပ်ထွေးသော ထိန်းချုပ်မှုများ မလိုအပ်ချေ။ အမိန့်ပေးရုံသာ လိုအပ်ပေသည်။

ထိန်းချုပ်ခန်း၏ အတွင်းနံရံကို ညင်သာစွာ ပွတ်သပ်လိုက်ရာ သူကိုယ်တိုင်ပင် ယင်း၏ နှလုံးသား၊ ကာကွယ်ပေးရမည့် အရေးကြီးဆုံးအရာတစ်ခု ဖြစ်လာသကဲ့သို့ ခံစားလိုက်ရလေ၏။

"ရပါတယ်... တခြားသူတွေထက် ပိုနှေးကွေးစွာ ဆင့်ကဲပြောင်းလဲသွားရင်တောင် ကိစ္စမရှိပါဘူး"

"နည်းနည်းလောက် ထပ်စောင့်ပါဦး၊ မင်းရဲ့ သခင်က မင်းကို အဆင့်မြင့် အသွင်ကူးပြောင်းခြင်း လုပ်ပေးနိုင်လောက်တဲ့အထိ အစွမ်းထက်လာမယ့် အချိန်အထိပေါ့"

သူ၏ လက်ထဲတွင်အဆင့်မြင့် အသွင်ကူးပြောင်းခြင်း အောက်တွင်ယင်းက အရာအားလုံးကို ကျော်လွန်သွားပေလိမ့်မည်။

ကျွီ... ဝေါင်း...

ကောင်းကင်ယံအထက်တွင်

စစ်ယန္တရားကြီးကို ထိန်းချုပ်နေသော ဆော်လမွန် မြို့တော်မှ အစိုးရရှေ့နေများက သူတို့၏ ထိန်းချုပ်နိုင်စွမ်းများ လုံးဝ ပျက်စီးသွားပြီဖြစ်ကြောင်း ရုတ်တရက် တွေ့ရှိလိုက်ကြရလေသည်။ စစ်ယန္တရားကြီး၏ မျက်နှာကို ဖုံးအုပ်ထားသော မျက်နှာဖုံးက ရိုက်ခွဲခံလိုက်ရသည့်အလား ကွဲကြေသွားကာ အတွင်းရှိ စက်ယန္တရား အမြုတေကို ဖော်ပြလာခဲ့၏။

"ဝေါင်း"

"ဘာ... ဘာဖြစ်နေတာလဲ။ စစ်ယန္တရားကြီးရဲ့ AI စနစ်က သူ့ဘာသာသူ နိုးထလာတာလား"

"ကျစ်... ငါတို့က AI စနစ်ကို ပိတ်ထားခဲ့ပြီးပြီ မဟုတ်ဘူးလား။ နည်းပညာဌာနက လူတွေ ဘာတွေ လုပ်နေကြတာလဲ"

"ဘော့စ်... ကျွန်တော်တို့ ထိန်းချုပ်လို့ မရတော့ဘူး"

စမတ်ခ်၏ မျက်နှာက ပို၍ပင် ရုပ်ဆိုးသွားလေသည်။

"ကျောက်ရှီး... မင်း ဘာလုပ်လိုက်တာလဲ"

သူမ ဘာလုပ်လိုက်တာလဲ ဟုတ်လား။

ကျောက်ရှီးက စကားမပြောခဲ့ချေ။ အမှန်တကယ်တွင် သူမကိုယ်တိုင်လည်း အနည်းငယ် အံ့ဩနေမိသည်။

"ဒီလောက် မြန်မြန်လား။ ဒါက သူ့ရဲ့ ဒုတိယအကြိမ် အကန့်အသတ်ကျော်လွန်ခြင်းပဲ မဟုတ်ဘူးလား။ သူ့ရဲ့ ဆင့်ကဲပြောင်းလဲမှု အမြန်နှုန်းက ဘာဖြစ်လို့ ဒီလောက်တောင် မြန်နေရတာလဲ"

အခြားသူများ၏ တုံ့ပြန်မှုများ၊ အတွေးများကို ဂရုစိုက်မနေတော့ဘဲ။ အမိန့်ပေးလိုက်လေပြီ။

ပစ်မှတ် - အဆုံးမဲ့ မျှော်စင်၏ အောက်ခြေအလွှာ။

ဤသည်က စစ်ကြောရေးမှူးချုပ် ပုပုလေးနှင့် ထားရှိခဲ့သော တစ်ချက်တည်း တိုက်ခိုက်မည်ဟူသည့် ကတိကို ဖြည့်ဆည်းပေးရန် ဖြစ်ပေသည်။

ပစ်မှတ်ကို လော့ချလိုက်သည်... ချိန်ရွယ်လိုက်သည်...

ထို့နောက်...

အမဲလိုက် အဆုံးစွန်ထိပ်ဖူးကို ပစ်လွှတ်လိုက်လေပြီ။

မှောင်မိုက်သော ရွှေရောင် အလင်းတန်းများက ကောင်းကင်နှင့် မြေပြင်အနှံ့ ဖျတ်ခနဲ လင်းလက်သွားခဲ့၏။

တစ်ခဏအတွင်းမှာပင် အသံများအားလုံး ရပ်တန့်သွားကြသည်။

နောက်တစ်ခဏတွင်မူ ဟိန်းဟောက်သံကြီးတစ်ခုက နားထဲသို့ ပြည့်နှက်ဝင်ရောက်လာခဲ့လေ၏။

အားလုံး၏ အကြည့်များက တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြသည်။ သူတို့က ပွဲကြည့်ပရိသတ်များ ဖြစ်သွားကြသည့်အလားပင်။

တွင်းနက်ကြီး။

အရာအားလုံးကို ဝါးမျိုပစ်လိုက်သော တွင်းနက်ကြီးကဲ့သို့ ထိုအမှောင်ထု၏ အလင်းရောင်က အဆုံးမဲ့ မျှော်စင်၏ အောက်ခြေအလွှာကို တစ်ခဏအတွင်းမှာပင် ဘာမှမရှိတော့သည့် အခြေအနေသို့ ဖျက်ဆီးပစ်လိုက်လေတော့သည်။

တစ်စက္ကန့်... တစ်စက္ကန့်မျှသာ ကြာမြင့်ခဲ့ခြင်း ဖြစ်ပေသည်။

ရဲချီယန်၏ နှလုံးသားက အပြင်းအထန် ခုန်ပေါက်နေပြီး မျက်လုံးများကလည်း စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေ၏။

"ဟား... ကြည့်ရတာ ငါက အရင်တစ်ခေါက်ကထက် တော်တော်လေး ပိုအစွမ်းထက်လာတဲ့ ပုံပဲ"

ယခင်အကြိမ်ကဲ့သို့ပင် ဤလွန်ပူထိပ်ဖူးကို ထိန်းသိမ်းထားနိုင်သော ကြာချိန်မှာ ရဲချီယန်၏ စိတ်စွမ်းအားနှင့် ကိုယ်ခံစွမ်းအားအပေါ် မူတည်နေပေသည်။

ယခင် အကန့်အသတ်ကျော်လွန် မုဒ်အတွင်းက သူက တစ်စက္ကန့်ပင် မခံနိုင်ဘဲ စွမ်းအင်များ ခန်းခြောက်သွားလုနီးပါး ဖြစ်ခဲ့ရ၏။

ယခုမူ တစ်စက္ကန့် ကြာပြီးနောက်တွင် သူ၏ စွမ်းအင်များက အနည်းငယ် ကျန်ရှိနေသေးလေသည်။

အလင်းမျက်နှာပြင်ကို ဆွဲဖွင့်လိုက်ကာ ရဲချီယန်က စစ်ကြောရေးမှူးချုပ် ပုပုလေးထံသို့ သတင်းစကား တစ်စောင် ပေးပို့လိုက်သည်။

[ပြီးသွားပြီ]

ကျောက်ရှီးက စကားမပြောခဲ့သော်လည်း သူမ၏ စာတိုက်ပုံးထဲတွင် အီးမေးလ်အသစ်တစ်ခု ပေါ်လာခဲ့လေ၏။

[စိတ်စွမ်းအား ပြန်လည်ဖြည့်တင်းရေး ဆေးရည် · အထူးဖော်စပ်မှု (အဆင့် ၆) x ၂]

[ချက်ချင်း စိတ်စွမ်းအား ၂၀ ကို ပြန်လည်ဖြည့်တင်းပေးပါမည်]

[ကိုယ်ခံစွမ်းအား ပြန်လည်ဖြည့်တင်းရေး ဆေးရည် · အထူးဖော်စပ်မှု (အဆင့် ၆) x ၂]

[ချက်ချင်း ကိုယ်ခံစွမ်းအား ၂၀ ကို ပြန်လည်ဖြည့်တင်းပေးပါမည်]

"မဆိုးပါဘူး... ဟက်ဟက်... သွားကြစို့ အမဲလိုက် စက်ယန္တရားနဂါး။ နောက်တစ်ဆင့်ကတော့ ပွဲကြည့်ပရိသတ် လုပ်ရမယ့် အချိန်ပဲ"

"ဝေါင်း"

ကောင်းကင်ယံအထက်တွင် ထိန်းချုပ်မှု ကင်းမဲ့သွားသော စစ်ယန္တရားကြီးက အဆုံးမဲ့ မျှော်စင်ဆီသို့ သွားရန် ကြိုးစားနေလေသည်။

သို့သော်...

"ငါ့ကို အရှက်မခွဲနဲ့ အမဲလိုက် စက်ယန္တရားနဂါး"

ကျောက်ရှီးက တိုးတိုးလေး ပြောလိုက်၏။

သူမ၏ ဘေးနားရှိ အပြာနှင့် အဖြူရောင် အမဲလိုက် စက်ယန္တရားနဂါးက ပျံသန်းထွက်သွားကာ ရူးသွပ်နေသော စစ်ယန္တရားကြီးနှင့် ဝင်တိုက်လိုက်လေသည်။

စက်ယန္တရားများ လည်ပတ်နေသော အသံက တစ်ဖန် ပြန်လည် ထွက်ပေါ်လာခဲ့၏။

ဤတစ်ကြိမ်တွင်မူ ကျောက်ရှီးက ထိန်းချုပ်ထားခြင်း ဖြစ်ပေသည်။

"အကန့်အသတ်ကျော်လွန် မုဒ်"

အခန်း (၁၉၀) ကျောက်ရှီး၏ အသွင်ပြောင်းလဲခြင်း၊ ဒုတိယမြောက် လွန်ပူထိပ်ဖူး

စမတ်ခ်၏ မျက်နှာက အလွန်တရာ ရုပ်ဆိုးနေလေ၏။

အဆုံးမဲ့ မျှော်စင်က အမည်မသိ စွမ်းအားတစ်ခုကြောင့် ဖျက်ဆီးခံလိုက်ရသည်။ ဤကျောက်ရှီးက သူ၏ စစ်ယန္တရားကြီးကို တားဆီးရန် ယခင် ထောက်လှမ်းရေး သတင်းများတွင် မည်သည့်အခါမျှ ပါဝင်ခဲ့ခြင်းမရှိသော စက်ယန္တရား နဂါးတစ်ကောင်ကိုပင် ဆင့်ခေါ်လိုက်သေး၏။

မဟုတ်သေးဘူး။ တားဆီးနေတာ မဟုတ်ဘူး။

အပြတ်အသတ် ရိုက်နှက်နေတာပဲ။

"ကျစ်... ထောက်လှမ်းရေးဌာနက လူတွေ ဘာတွေ လုပ်နေကြတာလဲ"

သူ့ကို ကူညီရန် ရောက်လာကြသော ထာဝရ ညဉ့်ယံ မြို့တော်မှ ကျွမ်းကျင်သူများက တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြကာ နောက်ဆုတ်ရန် ရည်ရွယ်ချက် ရှိနေကြလေသည်။

စမတ်ခ်က သွားကို တင်းတင်းကြိတ်လိုက်ပြီး ထိုလူအနည်းငယ်ကို ပြောလိုက်၏။

"မကြောက်ကြနဲ့။ ဒီကောင်မလေးက အသည်းအသန် ရုန်းကန်နေရုံပါပဲ။ သူမက မပျံသန်းနိုင်ဘူးလေ။ ဒါကြောင့် အမြင့်ကို တက်သွားပြီး သူမကို ဆက်ပြီး ဝိုင်းဝန်း သတ်ဖြတ်ကြ။ ဒီမှာ ငါတို့က ခုနစ်ယောက်တောင် ရှိတယ်။ သူမက တစ်ယောက်တည်းလေ။ ခုနစ်ယောက်နဲ့ တစ်ယောက်ဆိုတော့ ကြောက်ရမှာက သူမပဲ ဖြစ်ရမယ်။ ငါနဲ့အတူ တိုက်ခိုက်ကြစမ်း၊ ကျောက်ရှီးကို သတ်နိုင်ရင် ဆော်လမွန် မြို့တော်ရဲ့ ဒုတိယအလွှာကို မင်းတို့အားလုံးကို ပေးမယ်"

စမတ်ခ်နှင့်အတူ ရှိနေသော စစ်ဆေးရေးမှူး ဌာနမှ ကျွမ်းကျင်သူတစ်ဦးက တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း စမတ်ခ်၏ စူးရှသော အကြည့်များကြောင့် စကားကို ရင်ထဲတွင်သာ မြိုချလိုက်ရလေသည်။

လူစုခွဲလိုက်ကြကာ အထက်သို့ တက်သွားကြ၏။

စမတ်ခ်၏ စိတ်နှလုံးထဲတွင်မူ အမှန်တကယ်တော့ မည်သည့် ယုံကြည်မှုမျှ မရှိချေ။

သူက လူများကို ခေါ်ဆောင်လာကာ ကျောက်ရှီးကို စိန်ခေါ်ရဲလောက်အောင် သူ အားကိုးအားထားပြုဆုံး အရာမှာ ထိုစစ်ယန္တရားကြီး မဟုတ်ပေ။ ယင်းက အမှန်တကယ် ပစ္စည်းတစ်ခု ဖြစ်သော အဆုံးမဲ့ မျှော်စင်၏ အောက်ခြေအလွှာပင် ဖြစ်လေသည်။

၎င်းက သူနှင့် အခြားသူများကို လက်တွေ့ဘဝနှင့် ကင်းကွာစေသော အကာအကွယ် ဒိုင်းလွှားတစ်ခုကို တပ်ဆင်ပေးနိုင်ပေသည်။

ရထားဒင်္ဂါးများကို အဆက်မပြတ် ထည့်သွင်းပေးနေသရွေ့။

ပြိုင်ဘက်က မည်မျှပင် အစွမ်းထက်နေပါစေ သူ့ကို တိုက်ခိုက်နိုင်ရန် မဖြစ်နိုင်ချေ။ တစ်နည်းဆိုရသော် ထိုအရာက ပြိုင်ဘက်ကင်းပင် ဖြစ်လေသည်။ သို့တိုင်အောင် အဆုံးမဲ့ မျှော်စင်၏ မာကျောမှုက တစုံတစ်ယောက်၏ဖျက်ဆီးမှုကိုခံရလိမ့်မည်ဟု သူ မည်သည့်အခါမျှ မတွေးတောခဲ့ဖူးချေ။

အခုတော့...

"ကျစ်... ကိစ္စမရှိဘူး၊ သူမကို သတ်နိုင်သရွေ့တော့ ဆော်လမွန် မြို့တော်မှာ ရှိတဲ့ အရာအားလုံးက ငါ့အတွက် ဖြစ်လာမှာပဲ။ ပြီးရင် ထာဝရ ညဉ့်ယံ မြို့တော်က ဒီမကောင်းဆိုးဝါးတွေကို ငါ ရှင်းပစ်လိုက်မယ်ဆိုရင် ထာဝရ ညဉ့်ယံ မြို့တော်ကလည်း ငါ့ထိန်းချုပ်မှုအောက်ကို ရောက်လာလိမ့်မယ်။ ဆုံးရှုံးမှု အားလုံးက တန်ပါတယ်"

သူက ထိုသို့ တွေးတောလိုက်သော်လည်း ရုတ်တရက်ဆိုသလိုပင် လေထဲတွင် ပျံသန်းနေသော ယာဉ်တစ်စီးပေါ်တွင် ရပ်နေသေးသည့် ကျောက်ရှီး၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ရှိနေသည်ကို သတိပြုမိသွား၏။

သူမက ဘာကို ရယ်နေတာလဲ။

"ငါက တကယ်ကို အထင်သေးခံရတာပဲ။ အင်းလေ... ပုံမှန်ဆိုရင် ငါက မပျံသန်းနိုင်ပါဘူး၊ နည်းနည်းလောက် ပိုမြင့်အောင် ခုန်နိုင်ရုံလောက်ပါပဲ။ ဒါပေမဲ့... ဒီနေ့တော့ ငါ အလုံအလောက် ယူလာခဲ့တယ်"

ကျောက်ရှီးက မျက်လုံးများကို မှိတ်လိုက်ရာ သူမ၏ သယ်ဆောင်ရလွယ်ကူသော နေရာလွတ်ထဲမှ ရထားဒင်္ဂါး ထောင်ပေါင်းများစွာက အပြင်ဘက်သို့ ပြန့်ကျဲထွက်လာခဲ့၏။ ဤရထားဒင်္ဂါးများက ရွှေရောင် အလင်းမှုန်များအဖြစ်သို့ ပြောင်းလဲသွားကာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားကြလေသည်။

"မဖြစ်ဘူး... မဟုတ်သေးဘူး။ သူမကို တားထား"

စမတ်ခ်နှင့် အခြားသူများက အတူတကွ တိုက်ခိုက်လိုက်ကြသည်။

သို့သော် ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်၏။ ကျောက်ရှီး၏ အမဲလိုက် စက်ယန္တရားနဂါးက ထိုစစ်ယန္တရားကြီးကို ကန်ထုတ်လိုက်ကာ အရှေ့သို့ ပျံသန်းလာပြီး ၎င်း၏ ကာကွယ်ရေး မုဒ်ကို ဖွင့်လိုက်လျက် တိုက်ခိုက်မှုများ အားလုံးကို တားဆီးပစ်လိုက်လေသည်။ အချိန်များ လုံလောက်သွားခဲ့ပြီ။

"ဟူး..."

ငွေဖြူရောင် ဆံပင်ရှည်များက မှောင်မိုက်သော ရွှေရောင်ဖြင့် ရောယှက်သွား၏။

ကျောက်ရှီးက ရွှေရောင် လျှပ်စစ်မီးရောင်များဖြင့် ဝန်းရံခံထားရလေသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများက ပြောင်းလဲသွားကာ မျက်လုံးများထဲရှိ အရောင်က ခံစားချက် ကင်းမဲ့နေပြီး သူမအရပ်ထက် အများကြီး ပိုရှည်သော လှံရှည်တစ်လက်က ကျောဘက်တွင် ချိတ်ဆွဲလျက်သား ရှိနေ၏။

နောက်တစ်ခဏတွင်။ ကျောက်ရှီး၏ ပုံရိပ်က စမတ်ခ်၏ အရှေ့တွင် ဖျတ်ခနဲ ပေါ်လာခဲ့သည်။

"မင်း..."

ဖူး...

စမတ်ခ်၏ လက်တစ်ဖက်က သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားလေသည်။

"ဖျက်ဆီးပစ်လိုက်စမ်း"

"ဟား... ဒါက မှော်ဝင် မိန်းကလေးတစ်ယောက် အသွင်ပြောင်းတာနဲ့ တူတယ်မလား။ သူမက အရပ်နည်းနည်းလေးမှ ပိုရှည်မလာတာလေးပဲ ရှိတာ"

ကောင်းမွန်သော မြင်ကွင်းရှိသည့် မိုးမျှော်တိုက်ကြီးတစ်ခုပေါ်သို့ ရဲချီယန်က အမဲလိုက် စက်ယန္တရားနဂါးဖြင့် ရောက်ရှိလာခဲ့၏။

နတ်ဆိုး ကတ်ပြား · မာနတရား ကြောင့် မည်သူ့ကိုမျှ သူ့ကို ရှာဖွေတွေ့ရှိခွင့် မပေးခဲ့ချေ။ နေရာတစ်ခုကို ရှာဖွေလိုက်ကာ နံရံကို မှီလျက် ရဲချီယန်က ဗိုက်စင်သီး တစ်လုံးကို စိတ်အေးလက်အေး စားနေလေသည်။ သူပြောခဲ့သလိုပင် နောက်တစ်ဆင့်က သူ့အတွက် ပွဲကြည့်ပရိသတ် လုပ်ရမည့် အချိန်ပင်တည်း။

သို့သော်လည်း...

"ဟင်... အဲဒါ ဘာကြီးလဲ"

ရဲချီယန်၏ အကြည့်များက အဝေးရှိ အခြား မိုးမျှော်တိုက်ကြီးတစ်ခုပေါ်မှ အနည်းငယ် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို အမှတ်မထင် သတိပြုမိသွား၏။

"ကျူရှင်းထူ... ပြီးတော့ သူ့ဘေးနားက ထူးထူးဆန်းဆန်းကောင်က..."

ကျူရှင်းထူ ပြောခဲ့သည့် စကားကို သူ သတိရလိုက်သည်။

"ကျိန်စာ ကတ်ပြား အစီအစဉ် ပိုင်ရှင်တဲ့လား"

"ဟင်... နေပါဦး။ ဒီလူနှစ်ယောက်က..."

ထိုထူးဆန်းသည့်လူက ကတ်ပြား အစီအစဉ်တစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်ကာ ကျူရှင်းထူအပေါ် သူ၏ စွမ်းအားကို အသုံးပြုလိုက်သည်ကို သူ တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။ ထို့နောက် ကျူရှင်းထူ၏ ခန္ဓာကိုယ်က မကောင်းဆိုးဝါး အလင်းတန်းများဖြင့် လွှမ်းခြုံသွား၏။ ထိုထူးဆန်းသည့်လူကလည်း မိုးမျှော်တိုက်ပေါ်မှ ခုန်ချကာ ပျောက်ကွယ်သွားလေတော့သည်။

"......"

ဒင်... ဒင်...

သတင်းစကား ပေးပို့လာသူမှာ မည်သူဖြစ်ကြောင်းကို သူ အကြမ်းဖျင်း ခန့်မှန်းနိုင်သောကြောင့် သိပ်ပြီး နားမထောင်ချင်လှပေ။

ဒင်... ဒင်... ဒင်...

"ကျစ်"

အလင်းမျက်နှာပြင်ကို ဖွင့်လိုက်ရာ သေချာပေါက်ပင် ကျူရှင်းထူက သူ့ထံသို့ သတင်းစကား ပေးပို့လာခြင်း ဖြစ်ပေသည်။

[အို... ကျွန်မ ကျရှုံးသွားပြီ။ ပြီးတော့ ကျိန်စာလည်း တိုက်ခံလိုက်ရတယ်။ ဟင့်ဟင့်... မောင်လေးရဲ၊ ကျွန်မကို မွန်ရိုးဂျီနာနဲ့ ဆက်သွယ်လို့ရအောင် ကူညီပေးလို့ရမလား။ အဲဒီ ပုလင်းလေးက အက်ကွဲနေပြီဆိုတာရယ်၊ ရောင်းပြီးနောက်ပိုင်း ဝန်ဆောင်မှုလေး ကူညီပေးပါလို့ရယ် သူမကို ပြောပြပေးပါ... ဟီးဟီး]

[ခင်ဗျားဘာသာ ဘာလို့ မပြောရတာလဲ]

မိုးမျှော်တိုက်ပေါ်တွင် သူမထံသို့ ပြန်လည် ကပ်တွယ်လာသော ကံဆိုးခြင်းများကို ခံစားလိုက်ရသည့် ကျူရှင်းထူက ဘာမှမတတ်နိုင်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်လေသည်။

[ကျွန်မ ကျိန်စာတိုက် ခံလိုက်ရပြီလေ]

[အော်... ဂုဏ်ယူပါတယ်]

[ကျိန်စာရဲ့ အကြောင်းအရာက အချိန်အတိုင်းအတာ တစ်ခုအတွင်း ကံဆိုးစေဖို့ပဲ။ အခုတောင် ကျွန်မက အလုံအလောက် ကံဆိုးနေပြီဆိုတော့ အခုချိန်သာ ကျွန်မက ဂျီနာဆီကို အကူအညီ သွားတောင်းရင် သူမက သေချာပေါက် ကူညီမှာမဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။ မောင်လေးရဲ... မောင်လေးက ဂျီနာနဲ့ ဆက်ဆံရေး ကောင်းတယ်ဆိုတော့ ကျွန်မကို ကူညီပါဦး]

[ခင်ဗျားကို စတုတ္ထအလွှာအထိ ခေါ်လာပေးတဲ့အတွက် ဆုလာဘ်တောင် မပေးရသေးဘူးလေ။ ပြီးတော့ ခင်ဗျားက အဖွဲ့အစည်းထဲကို ဝင်ဖို့ သူတို့ကို ခေါ်ဆိုဖို့ သွားတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ကျိန်စာတိုက် ခံလိုက်ရတာလဲ။ ကံကြမ္မာရဲ့ စကားကို နားမထောင်တော့ဘူးလား]

ဒီမိန်းမ ပါးစပ်က ထွက်လာတဲ့ စကားတွေက အမှန်တကယ်တော့ ဖြစ်နိုင်ပေမယ့် တစ်ခါတလေမှာတော့ ဇာတ်လမ်းအပြည့်အစုံ မဟုတ်တတ်ဘူး။ သူမရဲ့ အသုံးချမှုကို ခံရပြီး အမှောင်ထဲမှာ မနေချင်ဘူး။

[ကျွန်မ ဘာမှ မပြောရသေးပါဘူး။ သူက ယဇ်ပူဇော်ခြင်း ကတ်ပြား ပိုင်ရှင်က ကျွန်မတို့ထဲက တစ်ယောက်လားလို့ပဲ မေးတာ။ ပြီးတော့ သူက အဖွဲ့အစည်းထဲ ဝင်နိုင်ဖို့အတွက် အဲဒီတံဆိပ်တုံးကို ပြန်ပေးဖို့ တောင်းဆိုတယ်။ တကယ်ပါ... ကျွန်မက လိမ်ပြောတတ်တဲ့ မိန်းမမှ မဟုတ်တာ။ သေချာတာပေါ့... ဂျီနာက ကျွန်မတို့လူပါလို့ သူ့ကို ပြောလိုက်တာပေါ့။ တံဆိပ်တုံးနဲ့ ပတ်သက်ပြီးတော့ ကျွန်မ မသိဘူးလို့ ပြောလိုက်တော့ သူက ဒေါသထွက်သွားတာ]

ဒါကတော့ လိမ်တာမဟုတ်ဘူး။ ကျောက်ရှီးက မွန်ရိုးဂျီနာနဲ့ ဒီကတ်ပြား အစီအစဉ် စုဆောင်းသူတို့ကြားက ပဋိပက္ခကို လုံးဝ မသိခဲ့ဘူးလေ။

မွန်ရိုးဂျီနာကလွဲရင် ရဲချီယန် တစ်ယောက်တည်းသာ ဒီအကြောင်းကို သိတာ။ တံဆိပ်တုံးနဲ့ ပတ်သက်လို့ကတော့ အဲဒီအရာက ရဲချီယန်ရဲ့ လက်ထဲမှာ ရှိနေတာကိုး။

[ကျွန်တော် ပြောမယ် ဘော့စ်... ခင်ဗျားဆီမှာ ကတ်ပြား အစီအစဉ်တွေ အများကြီး ရှိတာကို ကျိန်စာကို ဖယ်ရှားပစ်နိုင်မယ့် ကတ်ပြား တစ်ခုတောင် မရှိဘူးလား]

[အင်း... မရှိဘူး။ ဒါမှမဟုတ် ဒီရက်ပိုင်း ကျွန်မ အရမ်းကို ကံဆိုးနေလို့ ဖြစ်မယ်။ ကျွန်မဆီမှာ အဲဒီလို ကတ်တစ်ခု ရှိခဲ့ပေမယ့် ပျောက်သွားပြီ။ အဲဒါကြောင့် ကူညီပါဦးလို့... ကျေးဇူးပြုပြီးတော့ပါ။ ကျွန်မ ဒီမြို့ကနေ ထွက်သွားရင် အဲဒီလျှို့ဝှက်ချက်ကို ပြောပြပါ့မယ်။ ရော့... ဒါကို ဆုလာဘ်အဖြစ် ယူထားလိုက်ဦး]

ဒင်... ဒင်... စာတိုက်ပုံးထဲသို့ အီးမေးလ်အသစ်တစ်ခု ရောက်ရှိလာခဲ့၏။

[ကံကြမ္မာ၏ လက်ဆောင်] [ဖွင့်လိုက်ပြီးနောက် အချိန်တိုအတွင်း ကံကောင်းခြင်းကို အနည်းငယ် တိုးမြှင့်ပေးပါမည်]

ကံကောင်းခြင်းကို တိုးမြှင့်ပေးမယ် ဟုတ်လား။ သူမဆီမှာ ဒီလိုအရာမျိုးတောင် ရှိနေသေးတာပဲ။

[ဘာလို့ ခင်ဗျားအတွက် မချန်ထားတာလဲ]

[ကျွန်မ သုံးပြီးပြီ။ ကျွန်မ အဲဒါကို အသုံးပြုနေတာ]

ဝုန်း... ကောင်းကင်ယံရှိ ပေါက်ကွဲသံကြီးကြောင့် သူတို့နှစ်ဦး၏ စကားပြောဆိုမှုက ဖြတ်တောက်ခံလိုက်ရလေသည်။

မော့ကြည့်လိုက်ရာ။ ကျောက်ရှီးက စမတ်ခ်၏ ခေါင်းကို ဖြတ်ယူလိုက်ပြီ ဖြစ်၏။ ထိုခေါင်းပေါ်တွင် မသေဆုံးမီက နောက်ဆုံး ကျန်ရစ်ခဲ့သော ထိတ်လန့်ကြောက်ရွံ့မှုများ အပြည့်အဝ ရှိနေဆဲပင်။ သူမက ကျန်ရစ်နေသော ရန်သူများကို အေးစက်စွာ လှမ်းကြည့်လိုက်လေသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ မှောင်မိုက်သော ရွှေရောင်များက ဖြည်းညင်းစွာ မှေးမှိန်လာနေ၏။

ထိုစစ်ယန္တရားကြီးက အရိုက်ခံရလွန်းသဖြင့် ရူးသွပ်သွားခြင်း သို့မဟုတ် ကြောက်ရွံ့သွားခြင်းများ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ၎င်း၏ ထိန်းချုပ်မှု ကင်းမဲ့နေသော အသိဉာဏ်က ပျောက်ကွယ်သွားကာ ယင်း၏ ခန္ဓာကိုယ်အတွင်းရှိ စစ်ဆေးရေးမှူးများ၏ ထိန်းချုပ်မှုအောက်သို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားလေ၏။

သူတို့က လေထဲသို့ ပျံသန်းလာကြပြီး ကျောက်ရှီး၏ လက်ထဲရှိ ခေါင်းကို မြင်တွေ့လိုက်ရသောအခါ ဒေါသများ ပြည့်နှက်သွားကြလေသည်။

"မင်းက သခင်ကြီးကို တကယ် သတ်လိုက်တာပဲ"

"ကျစ်... မင်းနဲ့ အသေနွှဲမယ်ကွ"

"ကိုယ်တိုင် ဖောက်ခွဲပစ်။ ကိုယ်တိုင် ဖောက်ခွဲပစ်။ သခင်ကြီးသာ မရှိရင် ဘယ်သူမှ ဒီမြို့တော်ကို မရစေရဘူး"

သူတို့တွေ... သူတို့တွေက ရူးများသွားကြပြီလား။

ဘယ်သူ သိမှာလဲ။ အဲဒါက ကျောက်ရှီးရဲ့ အမဲလိုက် စက်ယန္တရားနဂါးက သူမအောက်ကို ပြန်ရောက်လာတာပါပဲ။ သူမက နဂါးချိုကို ပွတ်သပ်လိုက်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

"အကန့်အသတ်ကျော်လွန်သော လွန်ပူထိပ်ဖူး"

အလွန်အမင်း တောက်ပသော အလင်းနှင့် အမှောင်ထုက ဤတစ်ကြိမ်တွင် ကောင်းကင်ယံ တစ်ခွင်သို့ လွှမ်းခြုံသွားလေတော့သည်။

All Chapters