← Chapters

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန်း (၁၈၃) ဆော်လမွန် မြို့တော်၌ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခြင်း

ညအမှောင်ထု လွှမ်းခြုံထားသော်လည်း ဆော်လမွန် မြို့တော်က တိတ်ဆိတ်ငြိမ်သက်မနေခဲ့ချေ။

စစ်ဆေးရေးမှူး ဌာန၏ ရုံးချုပ်ဖြစ်သော အဆုံးမဲ့ မျှော်စင်ကြီး။

စမတ်ခ်က ဤမျှော်စင်၏ အမြင့်ဆုံးနေရာတွင် မတ်တတ်ရပ်ကာ ဆော်လမွန် မြို့တော်အထက်တွင် ဆိုင်းငံ့နေပြီး အမှန်တကယ် အမြင့်ဆုံးနေရာ၌ တည်ရှိနေသော စစ်ကြောရေးခုံရုံးကို မော့ကြည့်နေလေ၏။ သူ၏ မျက်လုံးများထဲတွင် မုန်းတီးမှုနှင့် မနာလို ဝန်တိုမှုများ အပြည့်အဝ ကိန်းအောင်းနေပေသည်။

"ကျောက်ရှီး... အဲဒီ ကောင်မစုတ်လေး၊ သူမရဲ့ အစွမ်းခွန်အား၊ အဆင့်အတန်းနဲ့ ဂုဏ်သတင်းတွေက ငါ့ကို အမြဲတမ်း ဖိနှိပ်ထားရမယ်တဲ့လား။ ဆော်လမွန် မြို့တော်က ငါတို့ စစ်ဆေးရေးမှူး ဌာန တစ်ခုတည်းနဲ့ပဲ ထိုက်တန်တာ"

စမတ်ခ်၏ အနောက်ဘက်ရှိ စစ်ဆေးရေးမှူးများက တိတ်ဆိတ်စွာ ခေါင်းငုံ့ထားကြသော်လည်း သူတို့၏ မျက်လုံးများထဲတွင်လည်း မကျေနပ်မှုများ ပြည့်နှက်နေပေသည်။

စမတ်ခ် ပြောခဲ့သလိုပင် ဆော်လမွန် မြို့တော်တွင် ကြယ်တစ်ထောင်မြို့တော်ကဲ့သို့ တရားဝင် စစ်တပ်အဖြစ် သူတို့၏ စစ်ဆေးရေးမှူး ဌာန တစ်ခုတည်းသာ ရှိခဲ့ဖူးလေသည်။ သို့ရာတွင် ကျောက်ရှီးက ဤနေရာသို့ ရောက်လာခဲ့ပြီး စစ်ကြောရေးခုံရုံးကို တည်ထောင်ခဲ့၏။ ထိုအချိန်မှစ၍ အဆုံးမဲ့ မျှော်စင်ကြီးကို ဖုံးကွယ်ထားသော အထီးကျန် ကျွန်းဆွယ်ကြီးတစ်ခုက စစ်ဆေးရေးမှူး ဌာန၏ အထက်တွင် တွဲလောင်းကျနေခဲ့လေတော့သည်။

"ဒီတစ်ကြိမ်တော့ အဲဒီ အဘိုးကြီးက ငါ့ကို တားဆီးနိုင်တော့မှာ မဟုတ်ဘူး။ ဆော်လမွန် မြို့တော်က ထာဝရ ငါ့အတွက်ပဲ ဖြစ်လာရမယ်"

စမတ်ခ်၏ မျက်လုံးများက ရူးသွပ်မှုများဖြင့် တောက်ပနေ၏။ သူ၏ ဘေးနားတွင်မူ ခေါင်းအစ ခြေအဆုံး ဖုံးအုပ်ထားကာ ငွေမီးခိုးရောင် အသက်ရှူမျက်နှာဖုံးကို တပ်ဆင်ထားသော အမျိုးသားတစ်ဦးက နောက်ကျိသော လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရာ အနည်းငယ် ကြမ်းတမ်းသော စက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"မင်း ဒါကို တကယ် လုပ်ချင်တာ သေချာရဲ့လား စမတ်ခ်။ ကျောက်ရှီးသာ သေသွားရင် မင်းက ထာဝရ ညဉ့်ယံ မြို့တော်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလိမ့်မယ်လို့ ငါ မထင်ဘူးနော်"

သူကား ကျိန်စာကတ်ပြား အစီအစဉ်များကို စုဆောင်းသူ ကင်မလင်း ဂါလို ပင်တည်း။

အသက်ရှူမျက်နှာဖုံးအောက်မှ ပေါ်ထွက်နေသော သွေးကြောများ ယှက်သန်းနေသည့် မျက်လုံးများက အထူးသဖြင့် ပင်ပန်းနွမ်းနယ်နေပုံရပြီး စမတ်ခ်ကို စိုက်ကြည့်လာကာ သူ၏ လေသံက အနည်းငယ် တုံ့ဆိုင်းနေလေ၏။

"ဂါလို... မင်း အဲဒီ တံဆိပ်တုံးကို ဆုံးရှုံးခဲ့ရတဲ့ အကြောင်းရင်းက ကျောက်ရှီးက အင်ပါယာအမိန့်တော် အဖွဲ့အစည်းက လူတစ်ယောက်ကို လွှတ်ပေးလိုက်လို့ဆိုတာ မမေ့နဲ့။ သူမက ဒီလိုကိစ္စမျိုးကို လုပ်ခဲ့တယ်ဆိုတော့ အင်ပါယာအမိန့်တော် အဖွဲ့အစည်းနဲ့တောင် ရောနှောနေပြီလား မသိနိုင်ဘူး။ မင်းက တံဆိပ်တုံးကို ပြန်မယူချင်တော့ဘူးလား"

"ဒါ့အပြင် မင်းက အင်ပါယာအမိန့်တော် အဖွဲ့အစည်းက သူခိုးကို ကျိန်စာတိုက်ခဲ့သေးတယ်လေ။ အဲဒီလူ သေသွားသရွေ့ မင်းက တံဆိပ်တုံးရဲ့ တည်နေရာကို ရှာတွေ့နိုင်မှာကို။ ဒါပေမဲ့ နောက်ဆုံးမှာ ဘာဖြစ်သွားလဲ။ ကျိန်စာက ပေါက်ကွဲမလာခဲ့ဘူး။ အဲဒီနေ့က ဆော်လမွန် မြို့တော်မှာ ကျောက်ရှီးကလွဲရင် မင်းရဲ့ ကျိန်စာကို ဘယ်သူက ဖယ်ရှားနိုင်ဦးမှာလဲ"

ဂါလိုက တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ခေါင်းငုံ့သွားကာ အချိန်အတော်ကြာပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်တော့သည်။

"မင်းပြောတာ မှန်ပါတယ်။ ငါ ကျောက်ရှီးကို ကျိန်စာတိုက်ပေးမယ်... ဒါပေမဲ့ ဒီကိစ္စ ပြီးသွားရင် မင်း ငါ့ကို ကတိပေးထားတာကို မမေ့နဲ့နော်"

စမတ်ခ်၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွားကာ ပေါ့ပေါ့ပါးပါးပင် လက်ယမ်းပြလိုက်၏။ ဤကတ်ပြား အစီအစဉ် ပိုင်ရှင်များ အလိုချင်ဆုံးအရာက ဘာလဲဆိုသည်ကို သူ အလွန် ကောင်းစွာ သိရှိထားပေသည်။

"စိတ်မပူပါနဲ့၊ ဒီကိစ္စ ပြီးသွားရင် ကျိန်စာကတ်ပြားရဲ့ တည်နေရာကို ရှာဖွေဖို့အတွက် မင်းကို ငါတို့ အစွမ်းကုန် ကူညီပေးပါ့မယ်"

ရှာတွေ့နိုင်၊ မတွေ့နိုင်ဆိုသည်မှာမူ အခြားကိစ္စတစ်ခုသာ ဖြစ်လေ၏။

ညအမှောင်ထုအောက်တွင် တစ်ခုလုံးသော ဆော်လမွန် မြို့တော်ကြီးက ထူးဆန်းသည့် လေထုအောက်တွင် လွှမ်းခြုံခံထားရလေသည်။ ညမထွက်ရအမိန့်များ၊ ရှင်းလင်းရေးများနှင့် အစိုးရရှေ့နေများက ဆော်လမွန် မြို့တော် တစ်ခုလုံးကို ပထမအလွှာမှစတင်၍ ပိတ်ဆို့လာခဲ့ကြ၏။ ဆိုင်များကို ဖွင့်လှစ်ခွင့် မပြုတော့ဘဲ မြို့သူမြို့သား အားလုံးကိုလည်း လမ်းမပေါ်သို့ ထွက်ခွင့် ပိတ်ပင်ထားလိုက်လေသည်။

အပြင်ဘက်မှ ဆော်လမွန် မြို့တော်အတွင်းသို့ ဝင်ရောက်နိုင်သော ဂိတ်တံခါးများကိုပင် ယနေ့တွင် ပိတ်ထားလိုက်ချေပြီ။ မကောင်းဆိုးဝါး အငွေ့အသက်များက မည်းမှောင်နေသော တိမ်တိုက်များအလား မြို့တော်၏ အတုအယောင် ကောင်းကင်ယံကို လွှမ်းခြုံထားလေတော့သည်။

"ဟား"

"ဟင်... ငါ တစ်ရေးလောက်ပဲ အိပ်လိုက်ရသေးတာ၊ အပြင်မှာ ဘာတွေ ဖြစ်နေတာလဲ"

နံနက်စောစောတွင် ရဲချီယန်က သူ၏ ဟိုတယ်မှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ ဆိုင်ရှင်က သူ့ကို အမြန်တားဆီးလာခဲ့၏။

"အို... သခင်လေး၊ အပြင်မထွက်တာ အကောင်းဆုံးပဲနော်။ အပြင်မှာ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ထားတယ်"

"စစ်အုပ်ချုပ်ရေး" ရဲချီယန်က ဆိုင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

လက်နက်ကိုင် စစ်ယန္တရား အမြောက်အမြားက လမ်းထောင့်တိုင်းတွင် နေရာယူထားကြ၏။ ထာဝရ ညဉ့်ယံ မြို့တော်က လူများ ရောက်လာပြီး တိုက်ခိုက်နေကြပြီလား။

ရဲချီယန်က ဟိုတယ်ပိုင်ရှင်ကို အခက်တွေ့အောင် မလုပ်တော့ဘဲ ပဉ္စမထပ်ရှိ သူ၏ အခန်းသို့ ပြန်လာကာ ကြမ်းပြင်မှ မျက်နှာကြက်အထိ အရှည်ရှိသော ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်လေသည်။

"စစ်ဆေးရေးမှူး ဌာနက လူတွေပါလား"

အလင်းမျက်နှာပြင်က ပေါ်လာခဲ့၏။ အင်ပါယာအမိန့်တော် အဖွဲ့အစည်း၏ ချက်ဘောက်စ်ထဲတွင် စကားပြောဆိုမှုတစ်ခု ပေါ်လာခဲ့သည်။

ကျူရှင်းထူ - [ချစ်ရတဲ့ အဖွဲ့ဝင်တို့... ဆော်လမွန် မြို့တော်မှာ ရောက်နေတဲ့သူ ဒါမှမဟုတ် ဆော်လမွန် မြို့တော်ကို လာချင်တဲ့သူ ရှိလား။ ဒီနေရာမှာ အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတွေ ဖြစ်လာတော့မယ်လို့ ကံကြမ္မာက ငါ့ကို ပြောနေတယ်။ တစ်ယောက်ယောက် လိုချင်တဲ့ ကတ်ပြား အစီအစဉ်က ဒီနေရာမှာ ရှိနေနိုင်တယ်လေ... @ဖန်ဟော့ @လင်းယို့]

ဖန်ဟော့ - [တခြားတစ်ယောက်ကို @ လို့ မရဘူးလားလို့ ငါ ပြောထားတယ်လေ။ ပြဿနာရှာချင်တိုင်း ငါ့ကိုပဲ လာရှာနေတော့တာပဲ။ အချိန်မရှိဘူး၊ ငါက ပလက်ဖောင်းကမ္ဘာကို သိမ်းပိုက်နေတာ။ ငါ ထွက်ပြီ၊ ဒီကာလအတွင်း ငါ့ကို လာမရှာနဲ့]

လင်းယို့ - [အစ်မကြီး... ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော် ဇနီးတစ်ယောက် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တာတောင် အစ်မက လျော်ကြေး သိပ်မပေးရသေးဘဲနဲ့ သွားခိုင်းနေတုန်းပဲလား။ ဒါ့အပြင် ဆော်လမွန် မြို့တော်မှာ လုယူစရာ ဘာကျန်တော့လို့လဲ။ အမိန့် ကတ်ပြားတွေ အားလုံးကို ယူသွားကြပြီ မဟုတ်ဘူးလား]

ယခင်အကြိမ်နှင့် နှိုင်းယှဉ်ပါက ကျူရှင်းထူ၏ ဆွဲဆောင်နိုင်စွမ်းမှာ သိသိသာသာ ကျဆင်းသွားခဲ့ပြီဖြစ်ကြောင်း ထင်ရှားနေ၏။ ဖန်ဟော့ ပြောခဲ့သလိုပင် ဤမြို့တော်အတွင်းရှိ အမိန့် ကတ်ပြားများကို ပြန်လည်ရယူပြီးသွားပြီ ဖြစ်ရာ ဤမြို့တော်သို့ လာရောက်ခြင်းက မည်သည့် အကျိုးအမြတ်မျှ ရှိမည်မဟုတ်ချေ။

ရဲချီယန်က ဘာပြောရမှန်းမသိတော့ဘဲ အလင်းမျက်နှာပြင်ကို ပိတ်လိုက်ကာ သူ၏ နဖူးကို ပွတ်သပ်လိုက်လေတော့သည်။

"သူမရဲ့ ကံဆိုးခြင်းတွေက ပျောက်သွားပြီလား။ ဒီလောက်မြန်မြန် ပြဿနာထပ်ရှာဖို့ ထွက်လာပြန်ပြီ"

ဒင်... ဒင်... သတင်းစကားအသစ်များ ရောက်ရှိလာခဲ့၏။

"အဲဒီ လူလိမ်မ လား" ရဲချီယန်က စစ်ဆေးကြည့်ရန် အလင်းမျက်နှာပြင်ကို ဖွင့်လိုက်လေသည်။ သတင်းစကား ပေးပို့လာသူမှာ မွန်ရိုးဂျီနာ ဖြစ်နေ၏။

[မောင်လေးရဲ... အခု ဆော်လမွန် မြို့တော်မှာ ရောက်နေတယ် မဟုတ်လား။ ငြင်းနေစရာ မလိုပါဘူး၊ ကျွန်မက ယဇ်ပူဇော်ခြင်း ကတ်ပြား အသစ်တစ်ခု ရထားလို့ သုံးကြည့်လိုက်တဲ့အခါ မာနတရားရဲ့ စွမ်းအားကို အမှတ်မထင် ခံစားမိလိုက်လို့ပါ။ ဒါနဲ့ အခု ဘယ်အထပ်မှာ ရောက်နေတာလဲ]

သူမက ဤသို့ ပြောလာမှတော့ ရဲချီယန်အနေဖြင့် ငြင်းဆန်နေရန် မလိုအပ်တော့ပေ။

[ပထမထပ်မှာ]

[ကောင်းတာပေါ့။ မှတ်ထားနော်၊ စတုတ္ထထပ်ကို မသွားနဲ့။ အဲဒီမှာ အန္တရာယ်ရှိတဲ့ ကိစ္စတစ်ခု ဖြစ်လာလိမ့်မယ်၊ ပြီးတော့...]

မွန်ရိုးဂျီနာက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောလာ၏။

[မောင်လေးက အဲဒီ စစ်ကြောရေးမှူးချုပ် ကျောက်ရှီးကို သိတယ် မဟုတ်လား]

[သိသလိုလိုပါပဲ၊ အရမ်းကြီးတော့ မရင်းနှီးပါဘူး]

ဝေဝါးသော အဖြေစကားကြောင့် မွန်ရိုးဂျီနာက ဘာမှမတတ်နိုင်စွာ ပြုံးလိုက်မိလေသည်။

[သတိထားတာ ကောင်းပါတယ်၊ ဒါပေမဲ့ မောင်လေးနဲ့ အဲဒီ စစ်ကြောရေးမှူးရဲ့ ဆက်ဆံရေးက တော်တော်လေး ကောင်းမွန်မယ်လို့ ကျွန်မ ထင်တယ်... ဟီးဟီး... ရော့ ဒီမှာ သတင်းအချက်အလက် တစ်ခု။ သူမကို ပြောပြဖို့၊ မပြောပြဖို့ကို မောင်လေးပဲ ဆုံးဖြတ်လိုက်ပါ။ သေချာတာကတော့ သူမ ယုံကြည်မှာ မဟုတ်ဘူးလို့ ကျွန်မကိုယ်တိုင် ထင်မိတယ်]

သူမက အချက်အလက်များ ပါဝင်သော ဓာတ်ပုံတစ်ပုံကို ရဲချီယန်ထံသို့ ပေးပို့လာခဲ့သည်။ အကြောင်းအရာကို ကြည့်ရှုပြီးနောက် သူ၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွား၏။

ကျိန်စာကတ်ပြား ပိုင်ရှင်က ကျောက်ရှီးကို အကွက်ဆင်ချင်နေတာလား။

မြို့တော်ဝန်နဲ့ စစ်ဆေးရေးမှူး ဌာန အကြီးအကဲတို့က ကျောက်ရှီးကို ကျရှုံးစေဖို့ ဒါမှမဟုတ် သေဆုံးစေဖို့ သဘောတူညီမှု ရယူထားကြတယ်တဲ့လား။

ပြီးတော့ ဒီအရာတွေ အားလုံးက ထာဝရ ညဉ့်ယံ မြို့တော်က ဆော်လမွန် မြို့တော်ကို စစ်ပွဲဆင်နွှဲနေချိန်မှာ ဖြစ်လာရမှာလား။

ဆော်လမွန် မြို့တော်ရဲ့ မြို့တော်ဝန်နဲ့ စစ်ဆေးရေးမှူး ဌာန အကြီးအကဲတို့က ရူးများသွားကြပြီလား။

စကားပြောဆိုမှု အဆုံးသတ်သွားပြီးနောက် မွန်ရိုးဂျီနာက တည်နေရာ သြဒီနိတ်တစ်ခုကို ပေးပို့လာခဲ့သည်။ ဆော်လမွန် မြို့တော်၏ ဒုတိယအလွှာရှိ ဗဟိုအဆောက်အအုံတွင် တည်ရှိပြီး အကယ်၍ အန္တရာယ်နှင့် ကြုံတွေ့ရပါက သူမကို ထိုနေရာသို့ သွားရောက် ရှာဖွေနိုင်ပေသည်။

ရဲချီယန်က သူ၏ သူငယ်ချင်းစာရင်းထဲရှိ အမည်များကို ကြည့်ရှုလိုက်၏။ အကြိမ်ကြိမ် စဉ်းစားပြီးနောက် ကျောက်ရှီးထံသို့ သတင်းစကား တစ်စောင် ပေးပို့လိုက်လေသည်။

[မြို့တော်က စစ်အုပ်ချုပ်ရေး ကြေညာခံထားရတယ်၊ အထက်ပိုင်း အလွှာတွေက ပိုပြီး တင်းကျပ်မယ့်ပုံ ပေါ်တယ်။ ငါ့သူငယ်ချင်း တစ်ယောက်က စစ်ဆေးရေးမှူး ဌာနနဲ့ မြို့တော်ဝန်တို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တချို့ ရထားတယ်။ အမှန်ဖြစ်မယ်လို့ အာမမခံနိုင်ပေမယ့် ကြည့်ချင်လား]

စစ်ကြောရေးခုံရုံးရှိ ကျောက်ရှီး၏ ရထားတွဲအတွင်း။

ယူနီဖောင်းကို ဝတ်ဆင်ထားကာ စစ်ကြောရေးမှူးချုပ်၏ သီးသန့် ရင်ထိုးတံဆိပ်ကို ရင်ဘတ်တွင် တပ်ဆင်ထားသော ကျောက်ရှီးက တည့်တည့်မတ်မတ် လျှောက်ထွက်လာခဲ့၏။ သူမ၏ စိတ်အခြေအနေမှာ အကြောင်းပြချက်မရှိဘဲ ဆိုးရွားနေလေသည်။ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ တိမ်ထူထပ်နေ၏။ ယနေ့ ရာသီဥတုက အထူးသဖြင့် သာယာမှုမရှိပုံပေါ်ပေသည်။

အပြင်ဘက်တွင်မူ စစ်ကြောရေးမှူး ဒါဇင်ကျော်ခန့် စောင့်ဆိုင်းနေကြသည်။ ဤအရေအတွက်မှာ စစ်ကြောရေးမှူး စုစုပေါင်း အရေအတွက်နှင့် နှိုင်းယှဉ်ပါက သနားစရာကောင်းလောက်အောင် နည်းပါးလှပေသည်။ အဘယ်ကြောင့်ဆိုသော် စစ်ကြောရေးခုံရုံးရှိ စစ်ကြောရေးမှူးများ အားလုံးက ၎င်းတို့၏ ရထားများကို စွန့်လွှတ်ထားခြင်း မရှိကြသူများ ဖြစ်ပြီး အမှန်တကယ်တွင်လည်း ကျောက်ရှီးက မည်သူ့ကိုမျှ ဆော်လမွန် မြို့တော်၌ အမြဲတမ်း နေထိုင်ရန် အတင်းအကျပ် တောင်းဆိုခဲ့ဖူးခြင်း မရှိသောကြောင့်ပင်။

လွင်တီးခေါင်ပြင်ထဲတွင် ခရီးဆက်ကာ ပိုမို အစွမ်းထက်လာစေရန် လုပ်ဆောင်ခြင်းက စစ်ကြောရေးခုံရုံး၏ ထူးခြားသော လွတ်လပ်ခွင့် ဖြစ်လေသည်။

ဒင်... ဒင်...

ရဲချီယန်၏ သတင်းစကားက ကျောက်ရှီး၏ အာရုံကို ဖမ်းစားသွားခဲ့၏။ သူမက အလင်းမျက်နှာပြင်ကို ဖွင့်လိုက်ကာ စာသားများကို ကြည့်ရှုရင်း တစ်ခဏမျှ တွေဝေသွားလေသည်။

"......"

[မလိုပါဘူး၊ အရေးမကြီးပါဘူး။ မြို့တော်ဝန်က သူမဘာသာသူ ဆုံးဖြတ်ချက် ချပါလိမ့်မယ်]

ဟင်... ဤအကြောင်းပြန်စာကို မြင်လိုက်ရသောအခါ ရဲချီယန်က အချက်တစ်ချက်ကို အတည်ပြုနိုင်ခဲ့လေသည်။

ကျောက်ရှီးက လုံးဝ မသိရှိနေခြင်းမျိုး မဟုတ်ပေ။ သူမက ယင်းကို ထိုမျှလောက်အထိ ရင်ဆိုင်မဖြေရှင်းချင်ရုံသာ ဖြစ်၏။

ဤစစ်ကြောရေးမှူးချုပ်လေးမှာ သူမ၏ အပြင်ပန်းတွင် မြင်တွေ့ရသလောက် ကြံ့ခိုင်မာကျောမှု မရှိကြောင်း ထင်ရှားနေလေတော့သည်။

အခန်း (၁၈၄)

"အပေါ်တက်ဖို့ လမ်းရှာရမယ့် အချိန်ပဲ"

သူတစ်ပါးကို ကတိပေးထားပြီးဖြစ်ရာ အနည်းဆုံးတော့ အောင်မြင်အောင် ကြိုးစားရပေမည်။ မထိုက်တန်သော မျှော်စင်ကြီးကို ဖောက်ခွဲပစ်မည်ဟု သူပြောခဲ့လျှင် သေချာပေါက် ဖောက်ခွဲပစ်ရန် ကြိုးစားရမည်သာ ဖြစ်၏။ သူသည် အော်တိုစ်ကဲ့သို့ လူမဆန်သော မကောင်းဆိုးဝါးတစ်ကောင် မဟုတ်သောကြောင့် ရဲချီယန်အနေဖြင့် ဤနေရာမှ ထွက်ခွာသွားရန် ရည်ရွယ်ချက် မရှိသေးချေ။

"မာနတရားနဲ့ ဖြားယောင်းသွေးဆောင်ခြင်းကို သုံးပြီး အပြင်ထွက်ကြည့်ရအောင်... အင်း"

ကောင်းကင်ယံတွင် ဧရာမ ပုံပျက်ပန်းပျက် လှိုင်းဂယက်ကြီးတစ်ခုက ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့ပြီးနောက် ထိုလှိုင်းဂယက်ကြီးထဲမှတစ်ဆင့် ရထား ရာပေါင်းများစွာက ဆော်လမွန် မြို့တော်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာကြ၏။

"သူတို့ ဒီလောက်မြန်မြန် ရောက်လာကြတာလား"

ယင်းက ထာဝရ ညဉ့်ယံ မြို့တော်၏ စစ်တပ်ဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။

ရထားတံခါးများ ပွင့်ဟသွားခဲ့သည်။

မရေမတွက်နိုင်သော လင်းနို့များ၊ ဖုတ်ကောင်များ၊ ကျောက်ဆစ်ရုပ်တု မကောင်းဆိုးဝါးများနှင့် အခြားသော မကောင်းဆိုးဝါးများက အလုံးအရင်းဖြင့် ထွက်ပေါ်လာကြလေ၏။ ၎င်းတို့၏နောက်တွင်မူ သွေးစုပ်ဖုတ်ကောင်များအဖြစ် ပြောင်းလဲသွားကြသော ရထားမောင်းနှင်သူများ ပါဝင်လာကြသည်။

ထာဝရ ညဉ့်ယံ မြို့တော်သည် ၎င်း၏အမည်နှင့် လိုက်ဖက်လှစွာ လူသားအဖြစ်ကို စွန့်လွှတ်ထားကြသော သွေးစုပ်ဖုတ်ကောင်များအတွက် နိဗ္ဗာန်ဘုံတစ်ခုပင် ဖြစ်ပေသည်။

ဆော်လမွန် မြို့တော်၏ စစ်ဆေးရေးမှူးများက ရန်သူများ မြို့ထဲသို့ တိုက်ရိုက် ဝင်ရောက်လာမည်ဟု လုံးဝ မျှော်လင့်မထားခဲ့ကြသလို ပြင်ပ ကာကွယ်ရေးစနစ်များကို ကျော်ဖြတ်ကာ မည်သို့မည်ပုံ ဝင်ရောက်လာနိုင်ခဲ့သည်ကိုလည်း နားမလည်နိုင်အောင် ဖြစ်နေကြ၏။ ထိတ်လန့်တကြားဖြင့် ပြန်လည်ခုခံ တိုက်ခိုက်ရန် ကြိုးစားကြသော်လည်း အဆုံးအစမရှိသော မကောင်းဆိုးဝါး လှိုင်းတံပိုးကြီး၏ ဝါးမျိုခြင်းကိုသာ ခံလိုက်ကြရလေတော့သည်။

"ဒါက တကယ်ကို... ကောင်းပြီလေ၊ အဲဒီ စစ်ဆေးရေးမှူးတွေအတွက် ငါ ပူစရာမလိုတော့ဘူးပေါ့"

ရဲချီယန်က ခေါင်းကို ခပ်ဖွဖွ ရမ်းလိုက်ကာ ဟိုတယ်၏ ပင်မဝင်ပေါက်မှတစ်ဆင့် လျှောက်ထွက်လာခဲ့သည်။

ဖြားယောင်းသွေးဆောင်ခြင်း၊ မာနတရား။

စွမ်းအားနှစ်ခုစလုံးက ထင်ရှားစွာ ပေါ်ထွက်လာခဲ့၏။ နတ်ဆိုးများ၏ စွမ်းအားက မကောင်းဆိုးဝါးများကို သူနှင့် ဝေးရာသို့ မောင်းနှင်ဖယ်ရှားပေးနေသည်။ သို့သော် မာနတရား၏ စွမ်းအားမှာ အခြားသူများ သူ့ကို မမြင်တွေ့နိုင်အောင်သာ လုပ်ဆောင်ပေးနိုင်ပြီး အမှန်တကယ် ကိုယ်ပျောက်သွားစေခြင်း မဟုတ်ပေ။ နောက်ဆုံးတွင် ထာဝရ ညဉ့်ယံ မြို့တော်၏ စစ်သားများက ဤနေရာကို သတိပြုမိသွားကြဦးမည်သာ ဖြစ်၏။

သူတို့က ရဲချီယန်၏ အသွင်အပြင်နှင့် သူ၏ လှုပ်ရှားမှုများကို ရှင်းလင်းစွာ မမြင်တွေ့နိုင်ကြသော်လည်း ထိုသို့ဖြစ်နေခြင်းကပင် သူ့ကို ပို၍ သိသာထင်ရှားလာစေခဲ့ပေသည်။

ဗဟိုဓာတ်လှေကားအနီးသို့ သူ ချဉ်းကပ်သွားချိန်တွင် လူသားအဖြစ်ကို စွန့်လွှတ်ထားသော ထိုရထားမောင်းနှင်သူများက ရဲချီယန် ယူဆောင်လာသည့် ဤကမ္ဘာကြီးနှင့် မပတ်သက်သော ထူးခြားသည့် သဟဇာတမဖြစ်မှုကို နောက်ဆုံး၌ ခံစားမိသွားကြလေသည်။

သွေးစုပ်ဖုတ်ကောင်များ၊ ဝံပုလွေလူသားများနှင့် ကျောက်ဆစ်ရုပ်တု မကောင်းဆိုးဝါးများ။

လူမဆန်သော ရထားမောင်းနှင်သူ ဒါဇင်ပေါင်းများစွာက သူတို့ ဆင့်ခေါ်ထားသော မကောင်းဆိုးဝါးများကို ဦးဆောင်ကာ သူ့ကို ဝန်းရံလာကြ၏။

စစ်ဆေးရေးမှူးများ၊ သာမန်အရပ်သားများ၊ ရထားမောင်းနှင်သူများနှင့် ဌာနေလူသားများ။

မည်သူပင်ဖြစ်ပါစေ ဤရက်စက်ကြမ်းကြုတ်လှသော စစ်ပွဲကြီးအတွင်း၌ အဆက်မပြတ် သေဆုံးနေကြရလေသည်။ စစ်ယန္တရားတစ်ခု၏ ဘေးနားတွင် ပိမိနေသော စစ်ဆေးရေးမှူးတစ်ဦးက ရဲချီယန်ထံသို့ တုန်ယင်နေသော လက်ကို ဆန့်တန်းကာ မျှော်လင့်ချက်မဲ့နေသော လေသံဖြင့် အသနားခံလာ၏။

"ကယ်... ကျွန်တော့်ကို ကယ်ပါဦး"

သူ၏ အသံက မကောင်းဆိုးဝါး လှိုင်းတံပိုးကြီးထဲတွင် နစ်မြုပ်ပျောက်ကွယ်သွားလေတော့သည်။

ခေါင်းဆောင် သွေးစုပ်ဖုတ်ကောင်တစ်ကောင်က သူ၏ အစွယ်များကို လျှာရှည်ကြီးဖြင့် သပ်လိုက်သည်။

"မင်းကိုယ်ပေါ်မှာ ဘာပစ္စည်းရှိနေတာလဲ။ အဆင့်က နိမ့်မှာမဟုတ်ဘူး မဟုတ်လား။ အဲဒါကို ချွတ်ပြီး ငါတို့ကို ပေးလိုက်စမ်း။ ငါ စိတ်ကောင်းဝင်နေရင် မင်းအတွက် ထွက်ပေါက်တစ်ခု ချန်ထားပေးချင် ပေးမယ်"

"ဟားဟား... အစ်ကိုကြီးရယ်၊ သူနဲ့ စကားတွေ အများကြီး ပြောနေစရာ လိုလို့လား။ သူ့ကို သတ်လိုက်ရင်လည်း ငါတို့ ရမှာပဲဟာကို"

"သတိထားဦး၊ ဒီကောင်ရဲ့ ရထားမောင်းနှင်သူ အဆင့်က နိမ့်ပုံမရဘူး"

"ဟားဟားဟား... မျိုးနွယ်မပြောင်းရသေးတဲ့ ရထားမောင်းနှင်သူ တစ်ယောက်က အနီးအနားမှာ ရထားမရှိဘဲနဲ့ တိုက်ခိုက်ရေးစွမ်းအား ဘယ်လောက်များ ရှိနေမှာမို့လို့လဲ။ ငါတို့ကတော့ အဆုံးအစမရှိ အင်အားတွေ ရှိတယ်ကွ"

လှောင်ပြောင်သရော်မှုများ၊ ကဲ့ရဲ့ရှုတ်ချမှုများနှင့် ရူးသွပ်မှုများ။ လူမဆန်သော မကောင်းဆိုးဝါးများက မြို့တော်အတွင်း၌ အောင်ပွဲခံနေကြလေသည်။

"ဒါလည်း ကောင်းပါတယ်လေ" ရဲချီယန်က တိုးတိုးလေး ရေရွတ်လိုက်၏။

"နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မကောင်းဆိုးဝါးတွေကို သတ်ရတာက ပိုပြီး စိတ်အေးလက်အေး ရှိသေးတယ်"

ဒေါက်။

ဤမျှ ဆူညံနေသော ပတ်ဝန်းကျင်တွင်ပင် သူ၏ လက်ဖျစ်တွက်သံက အလွန် ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာခဲ့သည်။

ဝုန်း

မိုးရွာကျလာလေပြီ။ အနီရောင် မိုးရေများ ဖြစ်ပေသည်။

"ကွာ"

သေခြင်းတရား၏ အရိပ်အယောင်က မကောင်းဆိုးဝါးတိုင်း၏ နှလုံးသားထဲသို့ ရုတ်တရက် ထိုးဖောက်ဝင်ရောက်သွားလေတော့သည်။

"အ... အဲဒါက ဘာကြီးလဲ"

"မကြောက်ကြနဲ့။ အလွန်ဆုံး ဆင့်ခေါ်ထားတဲ့ ပစ္စည်းတစ်ခုပဲ ဖြစ်မှာပါ။ သူ့ကို သတ်လိုက်ရင် သူ့ပစ္စည်းတွေက ငါတို့ဟာ ဖြစ်သွားမှာပဲ"

ကျီးကန်းနတ်ဆိုးနှင့် မျက်ရည်နီ။ နတ်ဆိုးနှစ်ပါးက ရဲချီယန်၏ ဘေးနားတွင် ရပ်တန့်နေကြ၏။

"မျက်ရည်နီ"

သူမက ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။

"ဓားကို ဆွဲထုတ်လိုက်စမ်း"

သခင်ဖြစ်သူ၏ အမိန့်အရ စွဲထင်နေသောမျက်ရည် ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်လေ၏။

ဝှစ်။

ကောင်းကင်ယံမှ ကျဆင်းလာသော မျက်ရည်နီ မိုးရေများနှင့်အတူ ရဲရဲတောက် ဓားစွမ်းအင်တစ်ခုက မြေပြင်အနှံ့ ချက်ချင်း တိုက်ခတ်သွားလေတော့သည်။ ကောင်းကင်သို့ ထိုးတက်သွားသော ဧရာမ အလင်းမျက်နှာပြင်ကြီးက ရှေ့ရှိအရာအားလုံးကို ချက်ချင်း ရှင်းလင်းဖယ်ရှားပစ်လိုက်၏။

မကောင်းဆိုးဝါးများလော။ လူမဆန်သော ရထားမောင်းနှင်သူများလော။ နတ်ဆိုးများ၏ စွမ်းအားအောက်တွင် ၎င်းတို့မှာ ဘာမှမဟုတ်တော့ချေ။ သို့သော်လည်း သူတို့၏ အရေအတွက်က များပြားလွန်းနေသည်မှာ အမှန်ပင်။

ဤနေရာရှိ ဆူညံပွက်လောရိုက်မှုများက အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။ ထာဝရ ညဉ့်ယံ မြို့တော်၏ ရှေ့တန်းတပ်မှူးနှင့် သွေးစုပ်ဖုတ်ကောင် မြို့စားဖြစ်သူ ဘာရယ်ရော့က အခြေအနေကို သတိပြုမိသွားလေ၏။

"အဲဒါ ဘာလဲ။ အဆင့်မြင့် ရထားမောင်းနှင်သူတွေ အားလုံးကို အထက်ပိုင်း အလွှာတွေက မဟာမိတ်အဖွဲ့ ဌာနချုပ်တွေမှာပဲ ပိတ်လှောင်ထားမယ်လို့ စမတ်ခ်က ပြောထားတာ မဟုတ်ဘူးလား။ ဘာလို့ ဒီမှာ လူတစ်ယောက် ရှိနေသေးတာလဲ။ ဟွန်း... ထားပါတော့လေ၊ သူ့ကို သတ်လိုက်ရုံပဲဟာကို"

ပိုမိုများပြားသော မကောင်းဆိုးဝါးများနှင့် လူမဆန်သော ရထားမောင်းနှင်သူများက ရဲချီယန်ထံသို့ အလုံးအရင်းဖြင့် ပြေးဝင်လာကြသည်။

"ရိုးရိုးသားသား ပြောရရင် ငါက အထက်ပိုင်း အလွှာတွေကိုပဲ သွားချင်ခဲ့တာ၊ ဒါပေမဲ့ ကိစ္စမရှိပါဘူးလေ"

ရဲချီယန်၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွားကာ အမိန့်ပေးလိုက်လေ၏။

"ကျီးကန်းနတ်ဆိုး"

"သူတို့အတွက် ကြိုတင်သတိပေးသူရဲ့ အသံကို မြည်ဟီးလိုက်စမ်း"

ရူးသွပ်ဖွယ်ရာ ကောင်းသော ဤစစ်မြေပြင်ကြီးထဲတွင် ကျီးကန်းနတ်ဆိုး၏ အော်သံက ပို၍ပင် ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာခဲ့သည်။ သေခြင်းတရား၊ စစ်ပွဲနှင့် ကြောက်ရွံ့ခြင်း။

ဟား။

ဤသည်ကပင် ကျီးကန်းနတ်ဆိုးနှင့် မျက်ရည်နီတို့၏ နတ်ဆိုးအစစ်အမှန် အနှစ်သာရ မဟုတ်ပါလော။ ဤနေရာက နတ်ဆိုးများ၏ အိမ်မြေ ပင်တည်း။

သတ်ဖြတ်ခြင်း... မဟုတ်သေးပေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း။ တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းပင် ဖြစ်လေတော့သည်။

မကောင်းဆိုးဝါးများဖြစ်စေ၊ ရထားမောင်းနှင်သူများဖြစ်စေ ရဲချီယန်၏ လမ်းခုလတ်ကို ပိတ်ဆို့ရဲသူ မှန်သမျှမှာ မျက်ရည်နီနှင့် ကျီးကန်းနတ်ဆိုးတို့၏ ချေမှုန်းဖျက်ဆီးခြင်းကို ခံလိုက်ကြရလေ၏။ အဝေးမှ ချုံခိုတိုက်ခိုက်ရန် ကြိုးစားသူများပင်လျှင် သာမန် တိုက်ခိုက်မှုများဖြင့် လွင့်မျောကြယ် သန့်စင်သော အမှတ်အသား၏ ကာကွယ်ရေးကို မည်သို့လုပ်၍ ဖောက်ထွင်းနိုင်မည်နည်း။

ရှေ့သို့... ရှေ့သို့ဆက်သွား။

မျက်ရည်နီ မိုးရေများက ပိုမို ပြင်းထန်လာခဲ့ပြီး အနက်ရောင် ထီးတစ်လက်ကို ကိုင်ဆောင်ထားသော ရဲချီယန်က စစ်မြေပြင်ကို ဖြတ်သန်းကာ လမ်းလျှောက်နေလေ၏။ သူ လျှောက်လှမ်းသွားသော နေရာတိုင်းက အလုံခြုံဆုံး နေရာတစ်ခု ဖြစ်လာခဲ့ပေသည်။

ဆော်လမွန် မြို့တော်မှ လူများ၊ ဌာနေလူသားများဖြစ်စေ၊ ရထားမောင်းနှင်သူများဖြစ်စေ၊ စစ်ဆေးရေးမှူးများဖြစ်စေ၊ အရပ်သားများဖြစ်စေ အားလုံးက ဤအမည်မသိ အစွမ်းထက်သူ၏ နောက်သို့ လိုက်ပါလာကြလေသည်။ လူအုပ်ကြီးက တစ်စထက်တစ်စ ပိုမို ကြီးမားလာခဲ့၏။ မကောင်းဆိုးဝါးများကလည်း သူတို့ကို ပိုမို ဝန်းရံလာကြသည်။

လူများ သေဆုံးကြပေလိမ့်မည်။ သို့သော် မည်သူကမျှ အခြားနေရာများသို့ ထွက်ပြေးရန် မဝံ့ရဲကြချေ။ ရှေ့မှလူက ကူညီပေးမည်ဟုပင် သူတို့ မမျှော်လင့်ရဲကြပေ။

ရဲချီယန်က ကယ်တင်ရှင်တစ်ဦး ဖြစ်လာရန် မည်သည့်အခါကမျှ တွေးတောခဲ့ဖူးခြင်း မရှိချေ။ သူလုပ်သမျှ အရာအားလုံးက ဗဟိုဓာတ်လှေကားဆီသို့ သွားရောက်ရန်သာ ဖြစ်ပေသည်။ အခြားသူများ လိုက်လာချင်ပါက ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စသာ ဖြစ်၏။

"... ဒီလိုအချိန်မျိုးမှာ ပထမထပ်မှာ ဒီလောက် အစွမ်းထက်တဲ့ ရထားမောင်းနှင်သူ တစ်ယောက်က ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ"

သွေးစုပ်ဖုတ်ကောင် မြို့စား ဘာရယ်ရော့က မှော်တောင်ဝှေးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

"ကျစ်... သဘောတူညီချက်က ဒီလိုမှ မဟုတ်တာ။ ပထမထပ်မှာ ဒီလောက် အစွမ်းထက်တဲ့လူကို ချန်ထားခဲ့ရမယ်တဲ့လား။ စမတ်ခ်... ဒါက တမင်သက်သက် လုပ်တာလား"

ဆော်လမွန် မြို့တော်၏ ပထမထပ်နှင့် ဒုတိယထပ်၏ သုံးပုံတစ်ပုံကို ထာဝရ ညဉ့်ယံ မြို့တော်က စစ်ပွဲဆင်နွှဲပေးခြင်းနှင့် ကျောက်ရှီးကို ဝိုင်းဝန်း သတ်ဖြတ်ရန် အထက်ပိုင်း အလွှာများဆီသို့ အဆင့်မြင့် တိုက်ခိုက်ရေး အင်အားစုများ စေလွှတ်ပေးခြင်းတို့ဖြင့် လဲလှယ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထာဝရ ညဉ့်ယံ မြို့တော်မှ စေလွှတ်လိုက်သော အဆင့်မြင့် တိုက်ခိုက်ရေး အင်အားစုများ အားလုံးက တတိယထပ်နှင့် စတုတ္ထထပ်များသို့ သွားရောက်ကြကာ လက်ရှိတွင် ဆော်လမွန် မြို့တော်၏ မဟာမိတ်အဖွဲ့များနှင့် စစ်ကြောရေးခုံရုံး အဖွဲ့ဝင်များနှင့် တိုက်ခိုက်နေကြလေ၏။

ဤပထမထပ်က တစ်ဖက်သတ် အမြတ်ထုတ်ရမည့် နေရာတစ်ခု ဖြစ်သင့်ပေသည်။ သို့သော် မျှော်လင့်မထားဘဲ ဤကောင်က ပေါ်လာခဲ့ချေပြီ။

"သူ့ကို အပေါ်တက်ခွင့် ပေးလို့မဖြစ်ဘူး"

"ဟွန်း... အဲဒီ ဆင့်ခေါ်ခံ သက်ရှိနှစ်ကောင်က အစွမ်းထက်တယ် ဆိုပေမယ့် ဆင့်ခေါ်ခံရတဲ့ အရာတွေပဲလေ။ သခင်ဖြစ်သူကို သတ်လိုက်နိုင်သရွေ့တော့ အကုန်ပြီးသွားမှာပဲ"

ဘာရယ်ရော့၏ မျက်လုံးများက စူးရှသွားကာ သူ၏ နောက်ကွယ်ရှိ အထက်တန်းလွှာ သွေးစုပ်ဖုတ်ကောင် သူကောင်းမျိုး ဆယ့်သုံးဦးက သူနှင့်အတူ အမည်းရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားကြပြီး မကောင်းဆိုးဝါး စစ်တပ်ကြီးကို ဦးဆောင်ကာ ဤနေရာတွင် ရဲချီယန်ကို ဝိုင်းဝန်း သတ်ဖြတ်ရန် ချဉ်းကပ်လာကြလေတော့သည်။

"ငါ့ကို အထင်သေးနေကြပုံပဲ"

"ပြီးတော့ ဒါက အမဲလိုက် ပလက်ဖောင်း အနေနဲ့ သတ်မှတ်လို့ ရမလား"

ပိုမို ဇိမ်ကျကျဝတ်စုံကို ဝတ်ဆင်ထားကာ အထက်တန်းလွှာ မကောင်းဆိုးဝါး သို့မဟုတ် ဘော့စ်ငယ်လေး ဖြစ်ကြောင်း ထင်ရှားနေသော သူ၏ လမ်းကို ပိတ်ဆို့နေသည့် သွေးစုပ်ဖုတ်ကောင်ကို ကြည့်ရှုရင်း ရဲချီယန်က သူ၏ လက်ဝါးကို ဖြန့်လိုက်ကာ အမှန်တရားနှင့် အတုအယောင် စာအုပ်ကို ထုတ်ယူလိုက်လေ၏။

"လူသား... ငါက သွေးစုပ်ဖုတ်ကောင် မြို့စား ဘာရယ်ရော့ပဲ။ မင်းကို သွေးစုပ်ဖုတ်ကောင်တွေဆီ သစ္စာခံဖို့ အခွင့်အရေး တစ်ခုပေးမယ်"

"ရှူး"

ဘာရယ်ရော့၏ စကားများက အတင်းအကျပ် ဖြတ်တောက်ခံလိုက်ရလေသည်။ သူက ဖြားယောင်းသွေးဆောင်ခြင်း၏ စွမ်းအားကို မခုခံနိုင်ခဲ့ချေ။

ရဲချီယန်က အမှန်တရားနှင့် အတုအယောင် စာအုပ်၏ ဒုတိယမြောက် စာမျက်နှာသို့ လှန်လိုက်၏။

"ဆူဆူညံညံ မလုပ်စမ်းပါနဲ့"

"အကြိမ် လေးဆယ့်ခုနစ်ကြိမ်တောင် ထပ်တလဲလဲ ဖြစ်နေမယ့် ပုံပြင်တစ်ပုဒ်ကို မင်းက တိတ်တိတ်ဆိတ်ဆိတ် နားထောင်ရင်ရော ဘယ်လိုလဲ"

ရုပ်ရည်ချောမောသော လူငယ်လေးက သူ့ရှေ့ရှိ သွေးစုပ်ဖုတ်ကောင်ကို ကြည့်ကာ ပြုံးလိုက်လေသည်။

"မင်းက ဘယ်လို ဇာတ်ရုပ်မျိုးမှာ ပါဝင်သင့်တယ်လို့ ထင်လဲ"

စာမျက်နှာကို လှန်လိုက်၏။ ခရမ်းရင့်ရောင် လှိုင်းဂယက်တစ်ခုက အပြင်ဘက်သို့ ပျံ့နှံ့သွားလေတော့သည်။ စိတ်စွမ်းအားများ လျော့ကျသွားကာ သူ၏ ပတ်လည်ရှိ လူများနှင့် မကောင်းဆိုးဝါးများ အားလုံး တစ်ပြိုင်နက်တည်း လျော့နည်းပျောက်ကွယ်သွားကြလေတော့သည်။

[အမှန်တရားနှင့် အတုအယောင် စာအုပ်]

ပထမ စွမ်းရည်။

စိတ်စွမ်းအားကို စားသုံး၍ ရန်သူကို အတုအယောင် မြူနှင်းတောင်ဆီသို့ ဆယ်မိနစ်တိတိ ယာယီ ပြည်နှင်ဒဏ်ပေးပါမည်။ ဤဆယ်မိနစ်အတွင်း နှင်းတောင်ပေါ်ရှိ လူသားစား လူသား အဖြစ်အပျက်က အကြိမ် ၄၇ ကြိမ်တိုင်တိုင် ထပ်တလဲလဲ ဖြစ်ပေါ်နေမည် ဖြစ်သည်။

သွေးစုပ်ဖုတ်ကောင် မြို့စား ဘာရယ်ရော့က စာအုပ်ထဲရှိ ဤပုံပြင်အတွင်း ပထမဆုံး သရုပ်ဆောင်တစ်ဦး ဖြစ်လာပေလိမ့်မည်။

"စားတဲ့သူလား... ဒါမှမဟုတ်"

"အစားခံရမယ့်သူလား"

All Chapters