← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇) ကျူရှင်းထူနှင့် ကြုံကြိုက်တွေ့ဆုံခြင်း

အဖြူရောင် အလင်းတန်းတစ်ခုက ဖျတ်ခနဲ လင်းလက်သွားခဲ့၏။

ရဲချီယန်က မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် သူ၏ ပတ်ဝန်းကျင်ကို ချက်ချင်း စူးစမ်းလေ့လာလိုက်လေသည်။ တတိယအလွှာရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်အတွက် ကြားခံနယ်မြေမှာ စွန့်ပစ်ခံထားရသော မဟာမိတ်အဖွဲ့ ဌာနချုပ်တစ်ခု ဖြစ်နေပေသည်။ ဤသည်မှာ မွန်ရိုးဂျီနာက ဤအလွှာတွင် ချန်ရစ်ထားခဲ့သော အရေးပေါ် အစီအစဉ်များထဲမှ တစ်ခုဖြစ်လောက်၏။

ဒုတိယအလွှာနှင့်မတူဘဲ ဤနေရာ၏ ကောင်းကင်ယံက အများကြီး ပို၍ အသက်ဝင်နေလေသည်။ ရထားမောင်းနှင်သူများစွာနှင့် ၎င်းတို့၏ ရထားများက လေထဲတွင် ဝဲပျံနေကြပြီး ထာဝရ ညဉ့်ယံ မြို့တော်မှ စစ်သားများနှင့် တိုက်ပွဲဝင်နေကြပေသည်။

စက်ရုပ်များ၊ သားရဲထိန်းကျောင်းသူများနှင့် ပျံသန်းနေသော ဓားများကို ကိုင်ဆောင်ထားသူများပင် ပါဝင်လေ၏...

အမျိုးမျိုးသော မတူညီသည့် စွမ်းအားများက အချင်းချင်း ရင်ဆိုင်တိုက်ခိုက်နေကြသည်။ လွင်တီးခေါင်ပြင်မှာ အဆုံးအစမရှိပေ။ ဤအဆုံးအစမရှိမှု အတွင်း၌ မရေမတွက်နိုင်သော ဘူတာရုံကမ္ဘာများ တည်ရှိနေလေ၏။ ယခင်မှတ်တိုင်တွင် စစ်သည်တော်များ၊ မင်းသမီးများနှင့် နဂါးများ ပါဝင်သော မှော်ကမ္ဘာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း နောက်မှတ်တိုင်တွင်မူ ရှေးဟောင်း သိုင်းလောကကမ္ဘာတစ်ခုထဲသို့ ဝင်ရောက်သွားနိုင်ပေသည်။

သူတို့က ပလက်ဖောင်းများကြားတွင် ခရီးသွားလာကြပြီး ဖြတ်သန်းသွားသော ကမ္ဘာများဆီမှ စွမ်းအားများကို အဆက်မပြတ် စုပ်ယူကြလေသည်။ ကွဲပြားခြားနားသော စွမ်းအားများ ထိပ်တိုက်တွေ့ဆုံကြသောအခါ ပြိုင်ဘက်ကင်းသော အံ့ဖွယ်အရာများကို မွေးဖွားပေးနိုင်ပေသည်။ ဤသည်က အထူးပြုလုပ်ချက် အပြည့်အဝ ပါဝင်သော ရုပ်ရှင်တစ်ကားကို ကြည့်ရှုရသည်ထက် အများကြီး ပို၍ စိတ်ဝင်စားစရာ ကောင်းနေလေ၏။

သူ၏ စိတ်စွမ်းအားများက အမှန်တကယ်ပင် အနည်းငယ် လျော့ကျသွားခဲ့သော်လည်း သူ၏ ပြန်လည်နာလန်ထူမှု အမြန်နှုန်းက သာမန်လူများထက် အများကြီး ပိုမိုမြန်ဆန်လှသောကြောင့် စိုးရိမ်စရာတော့ မရှိပေ။

"ငါလုပ်စရာကိစ္စတွေ ရှိနေတာ နှမြောစရာပဲ၊ အဲဒီလိုမှမဟုတ်ရင် ပေါက်ပေါက်ဆုပ် တစ်ပုံးလောက် ယူပြီး ဒီကနေ ပြဇာတ်ထိုင်ကြည့်ရတာ တကယ်ကို ကောင်းမှာ"

ရဲချီယန်က ခေါင်းကို ရမ်းလိုက်ကာ စွန့်ပစ်ခံ မဟာမိတ်အဖွဲ့ ဌာနချုပ်ထဲမှ ထွက်လာခဲ့လေသည်။ ဆော်လမွန် မြို့တော်၏ မဟာမိတ်အဖွဲ့ နယ်မြေက ပျားအုံတစ်ခုကဲ့သို့ အချင်းချင်း ဆက်သွယ်ထားသော ဆဋ္ဌဂံပုံစံ အကွက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။ ၎င်းတို့ကို တတိယအလွှာ၏ ရေမျက်နှာပြင်ပေါ်တွင် တည်ဆောက်ထားသောကြောင့် အကယ်၍ အန္တရာယ်နှင့် ကြုံတွေ့ရပါက အခြားမဟာမိတ်အဖွဲ့များထံမှ ချက်ချင်း ခွဲထွက်သွားနိုင်လေသည်။

ရဲချီယန် ရှိနေသောနေရာတွင် မကောင်းဆိုးဝါးများ မရှိသော်လည်း ဗဟိုဓာတ်လှေကားနှင့်မူ အလွန်တရာ ဝေးကွာနေပေသည်။ ထို့ပြင်...

"ဟင်... သူ မလာဘူးလို့ ပြောထားတာ မဟုတ်ဘူးလား"

ကောင်းကင်ယံတွင် ဧရာမ နဂါးကြီးများစွာက ထာဝရ ညဉ့်ယံ မြို့တော်မှ လူများနှင့် တိုက်ခိုက်နေကြလေသည်။ အဖြူရောင် နဂါးကြီးတစ်ကောင်၏ အပေါ်တွင် လူငယ်လေးတစ်ဦးက ရပ်နေ၏။ သေချာ မမြင်ရသော်လည်း ဤအဖြူရောင် နဂါးကြီး၏ ပုံပန်းသဏ္ဌာန်က လူတိုင်းက နဂါးရူးသွပ်သူဟု ခေါ်ကြသော အင်ပါယာအမိန့်တော် အဖွဲ့အစည်းမှ လင်းယို့ ခေါ် ထိုလူနှင့် အတိအကျ တူညီနေပေသည်။

ဒီကောင်က ကျူရှင်းထူဆီကနေ အကျိုးအမြတ်တစ်ခုခု ကတိရသွားလို့ ဖြစ်ရမယ်။ သူက မလာဘူးလို့ ပြောထားပေမယ့် နောက်ဆုံးတော့လည်း ဒီတိုက်ပွဲမှာ ပါဝင်ဖို့ ပြေးလာခဲ့တာပဲလေ။

ကျူရှင်းထူက အတိအကျ ဘာလုပ်ချင်နေတာလဲ။ ဤတတိယအလွှာတွင် သူမ လုယူစရာ ကတ်ပြား အစီအစဉ် တစ်ခုမျှ မရှိပေ။

"ငါ နည်းနည်း ပိုဝေးတဲ့ လမ်းကနေပဲ သွားလိုက်တော့မယ်"

ရဲချီယန်က ခေါင်းကို ရမ်းလိုက်ကာ CVO လမ်းသရဲကို မောင်းနှင်ရင်း လမ်းကြောင်းပြောင်းလိုက်ပြီး ဗဟိုဓာတ်လှေကား ရှိရာဘက်သို့ ဦးတည်သွားလိုက်လေသည်။

သို့သော် အလွန် တိုက်ဆိုင်လှစွာပင်။

သူက လမ်းတစ်ခုကို ဖြတ်သန်းသွားချိန်တွင် သွေးစုပ်ဖုတ်ကောင် အချို့၏ ဝိုင်းရံမှုကို ခံနေရသော ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို အမှတ်မထင် မြင်တွေ့လိုက်ရ၏။ ထိုသူမှာ ကျူရှင်းထူ ပင်တည်း။

"အာ... မောင်လေးရဲ... မြန်မြန် လာကယ်ပါဦး... ကျွန်မ သေတော့မယ်"

"ငါ ဘာမှ မမြင်လိုက်ဘူး... မင်းတို့ဘာသာ ဆက်လုပ်ကြ"

သေတော့မယ် ဟုတ်လား။

ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်တဲ့ ဟာသလဲ။

အဲဒီ အမိန့် ကတ်ပြား ပိုင်ရှင်ကတောင် သူမကို လမ်းတွေအများကြီး ဖြတ်ပြီး လိုက်ခုတ်နေတာကို မသတ်နိုင်ခဲ့တာ၊ အခုက သွေးစုပ်ဖုတ်ကောင် အုပ်စုလေး တစ်စုတည်းလေ။ သူမက တခြားသူတွေကို လှည့်စားနိုင်ပေမယ့် သူမကိုယ်သူမလည်း လှည့်စားနေတာ ဖြစ်လောက်တယ်။

ဒီလူလိမ်မက ပျင်းနေလို့ ဒီသွေးစုပ်ဖုတ်ကောင်လေးတွေကို ကစားနေတာ သေချာတယ်။

"သတ္တိကြောင်တဲ့ လူသား... ဟားဟား... မင်းလိုမျိုး မျိုးနွယ်မပြောင်းရသေးတဲ့ ရထားမောင်းနှင်သူတွေက ငါတို့ကို မြင်ရင် ထွက်ပြေးဖို့ ရွေးချယ်စရာပဲ ရှိတာလေ။ သွေးစုပ်ဖုတ်ကောင် ဖြစ်လာတာက တကယ်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲ"

"ဒီကောင့် ယာဉ်က မိုက်တယ်ကွ၊ သူ့ကို သတ်ပြီး လုယူကြ"

"တိုက်ခိုက်"

ရဲချီယန်က စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်လေသည်။

သူက တကယ်ကို ဝင်မပါချင်ခဲ့ချေ။ ဒါပေမဲ့... သူတို့ဘာသာ သေလမ်းကို ရှာနေမှတော့ ဘယ်လိုလုပ်ရမလဲ။

မျက်ရည်နီ သို့မဟုတ် ကျီးကန်း လည်း မလိုအပ်သလို သေနတ်ဆွဲထုတ်ရန်လည်း မလိုအပ်ပေ။ ရဲချီယန်က သူ၏ အိတ်ကပ်ထဲမှ သန့်စင်သော မြေစွဲကျောက်တုံးကိုသာ ထုတ်ယူလိုက်လေသည်။

အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွား၏။ စူးစူးဝါးဝါး အော်ဟစ်သံ တစ်ချက်ကိုသာ ကြားလိုက်ရပြီးနောက်... ဤအားနည်းလှသော သွေးစုပ်ဖုတ်ကောင်လေးများက ပြာအဖြစ်သို့ ပြောင်းလဲသွားကြလေတော့သည်။

"ဒီအရာက အချိန်ကုန်သက်သာစေတုန်းပဲ... အင်း... အဆင့်က နည်းနည်း နိမ့်လွန်းနေတာပဲ ရှိတယ်။ နောက်မှ သူ့ရဲ့ အလားအလာကို မြှင့်တင်ဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်"

သန့်စင်သော မြေစွဲကျောက်တုံးကို ဆော့ကစားရင်း ရဲချီယန်က စိတ်ထဲတွင် တိတ်ဆိတ်စွာ တွေးတောနေလေသည်။

ယင်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ကျူရှင်းထူ၏ ပြုံးရွှင်နေသော အကြည့်ကို လျစ်လျူရှုကာ ထွက်ခွာရန် မောင်းနှင်သွားလိုက်၏။

"ဟေ့... ဟေ့... ဟေ့... ကျွန်မကို စောင့်ပါဦး၊ မသွားနဲ့လေ"

"......"

တော်တော် ဒုက္ခပေးတဲ့ မိန်းမပဲ။

အနည်းငယ် ကံဆိုးစေတယ်လို့တောင် ပြောလို့ရတယ်။

ရဲချီယန်က ဤလူမှာ ယခင်က ကံဆိုးခြင်းများ ကူးစက်ခံထားရကြောင်းကို မေ့ပျောက်သွားခြင်း မရှိသေးချေ။ သူမနှင့် အတူရှိနေခြင်းက ကံဆိုးသော ကျောက်လင်နှင့် အတူရှိနေရသကဲ့သို့ ခံစားချက်မျိုးကို အမြဲတမ်း ပေးစွမ်းနေလေသည်။

သို့သော် တားဆီးခံလိုက်ရပြီဖြစ်ရာ သူ ဆက်မထွက်သွားတော့ဘဲ ပြုံးလျက် စကားပြောလိုက်၏။

"ယိုး... ဘော့စ်၊ တိုက်ဆိုင်လိုက်တာ၊ ခင်ဗျားကို ဒီနေရာမှာ အမှတ်မထင် လာတွေ့နေရတယ်။ စောစောက ဘယ်ရောက်နေတာလဲ။ ဘာလို့ ကျွန်တော် မတွေ့လိုက်ရတာလဲ"

ကျူရှင်းထူက မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ကာ သနားစရာကောင်းသော အမူအရာကို ဖန်တီးလိုက်လေသည်။

"အို... ကျွန်မက ခုနလေးတင် အဲဒီ မကောင်းဆိုးဝါးတွေရဲ့ ဝိုင်းရံတာကို ခံလိုက်ရတာလေ။ မောင်လေးရဲ ဒီမှာ ရှိနေလို့သာ တော်တော့တယ်၊ အဲဒီလိုမှမဟုတ်ရင် ဘာတွေဖြစ်သွားမလဲဆိုတာ ကျွန်မ မသိဘူး။ ကျွန်မလို အားနည်းတဲ့ မိန်းမသားတစ်ယောက်က အရေးမပါတဲ့ ကံကြမ္မာရဲ့ အသံလေးကို ကြားနိုင်တာကလွဲရင် တခြားစွမ်းအား ဘာမှမရှိဘူးဆိုတာ မောင်လေး သိသားပဲ"

အရေးမပါတဲ့၊ အားနည်းတဲ့ မိန်းမသား... ဟုတ်လား။

ရဲချီယန်က ဘာပြောရမှန်းပင် မသိတော့ချေ။ တစ်ခါတစ်ရံတွင် ဤပေါ့ပေါ့ပျက်ပျက် လေသံနှင့် နှိုင်းယှဉ်ပါက သူမက ကံကြမ္မာအကြောင်းကို လေးလေးနက်နက် ပြောဆိုနေသော အခြေအနေသို့ ဝင်ရောက်သွားချိန်တွင် ပို၍ သက်သောင့်သက်သာ ရှိသည်ဟုပင် ရဲချီယန် ခံစားရလေသည်။

"ကျွန်တော် လုပ်စရာကိစ္စတွေ ရှိသေးတယ်"

"အင်း... ကြည့်ရတာ သိသာပါတယ်"

"ဒါဆိုရင်..."

"ဟီးဟီး... ကျွန်မ ဗဟိုဓာတ်လှေကားကို သွားချင်လို့။ ကျွန်မ ခုနက ရပ်နေတဲ့နေရာမှာ ဆက်ရပ်နေရင် တစ်ယောက်ယောက်က ကျွန်မကို အဲဒီနေရာဆီ ခေါ်သွားပေးလိမ့်မယ်လို့ ကံကြမ္မာက ပြောပြတယ်။ မောင်လေးရဲ... အဲဒါ မောင်လေးပဲ မဟုတ်လား"

"အဲဒါ မဖြစ်နိုင်လောက်ဘူး။ ခင်ဗျား နည်းနည်းလောက် ထပ်စောင့်ကြည့်ပါလား"

"မောင်လေး သေချာပေါက် စိတ်ဝင်စားမယ့် လျှို့ဝှက်ချက်တစ်ခုကို ကျွန်မ ပြောပြနိုင်တယ်။ အဲဒါကို ကျွန်မကို ဗဟိုဓာတ်လှေကားဆီ ခေါ်သွားပေးတဲ့ ကားခအနေနဲ့ သတ်မှတ်လိုက်ရင်ရော ဘယ်လိုလဲ"

သေချာပေါက် စိတ်ဝင်စားမယ့် လျှို့ဝှက်ချက်တဲ့လား။

သူက ဘာကို စိတ်ဝင်စားနေလို့လဲ။

ရိုးရိုးသားသား ပြောရရင်။

အများကြီးပါပဲ။

အကယ်၍ ဤစကားကို အခြားတစ်ယောက်ထံမှ ကြားရမည်ဆိုလျှင် ရဲချီယန်က လှောင်ပြုံးတစ်ခုသာ ပြုံးလိုက်လောက်ပေသည်။

ဒါပေမဲ့ ကျူရှင်းထူ။

ဤလူလိမ်မက စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသော်လည်း တစ်ခါတစ်ရံတွင် သူမ၏ စကားများက အမှန်တကယ်ပင် အသုံးဝင်လှ၏။ သူ စူးစမ်းချင်စိတ် ဖြစ်သင့်သလား။

ရဲချီယန်က စိတ်ထဲတွင် အလျင်အမြန် တွေးတောလိုက်လေသည်။ ထို့နောက် သူက လက်နှစ်ချောင်းကို ထောင်ပြလိုက်၏။

"နတ်ဆိုး ကတ်ပြား တစ်ခုရဲ့ တည်နေရာ သြဒီနိတ်ကိုပါ ထပ်ပေါင်းပေးရင်ရော ဘယ်လိုလဲ"

"ဟေ့... မောင်လေးက မဖြစ်နိုင်တာကို တောင်းဆိုနေတာပဲ။ တိကျတဲ့ ကတ်ပြား အစီအစဉ် တစ်ခုရဲ့ တည်နေရာ ကိုသြဒီနိတ်ကို ရဖို့ဆိုတာ မလွယ်ကူဘူး၊ နတ်ဆိုး ကတ်ပြား ဆိုရင်တော့ ပြောမနေနဲ့တော့။ စိတ်ချပါ... အဲဒီ လျှို့ဝှက်ချက်က မောင်လေးအတွက် သေချာပေါက် အသုံးဝင်လိမ့်မယ်လို့ ကံကြမ္မာကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်"

"ဒါဆိုလည်း ထားလိုက်ပါတော့။ ဗဟိုဓာတ်လှေကားလေး သွားတာပဲဟာကို၊ ဘော့စ်... ခင်ဗျားဘာသာ သွားလို့ မရဘူးလား။ ဘာလို့ ကျွန်တော့်ကို ခေါ်သွားစေချင်ရတာလဲ"

သူမ ပြောခဲ့သလိုပင် သူက မဖြစ်နိုင်သည်ကို တောင်းဆိုနေခြင်း ဖြစ်ပေသည်။ ကျူရှင်းထူ ပိုင်ဆိုင်ထားသော စွမ်းအားက သေချာပေါက် အားနည်းမည်မဟုတ်ချေ။ သူမက ဗဟိုဓာတ်လှေကားဆီသို့ သွားရန် အဘယ်ကြောင့် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေရမည်နည်း။

"ကျွန်မ အပေါ်ကို တက်လို့မရဘူးလေ။ ဗဟိုဓာတ်လှေကားကနေ စတုတ္ထအလွှာကို သွားတဲ့လမ်းကို လုံးဝ ပိတ်ဆို့ထားလိုက်ပြီ။ စတုတ္ထအလွှာကို တက်သွားလို့ရတဲ့ နောက်ဆုံး ဓာတ်လှေကား တစ်ခုပဲ ကျန်တော့တယ်။ မောင်လေးရဲ... မောင်လေး အဲဒီ စစ်ကြောရေးမှူးချုပ် ပုပုလေးနဲ့က တော်တော်လေး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ် မဟုတ်လား"

"အဆင်ပြေပါတယ်။ ခင်ဗျားကို သိတာထက်တော့ ပိုရင်းနှီးလောက်တယ်"

ကောင်းပြီ၊ ကျူရှင်းထူ ဤစကားများဖြင့် ဘာကို ဆိုလိုချင်သည်ကို သူ နားလည်သွားလောက်ပြီ ဖြစ်သည်။ စတုတ္ထအလွှာသို့ ဝင်ရောက်နိုင်သော ထိုဓာတ်လှေကား လမ်းကြောင်း ရှိနေသေးသည်ဆိုပါက ထိုအရာက ယုံမှားသံသယဖြစ်ဖွယ်မရှိ စစ်ကြောရေးခုံရုံး၏ သီးသန့်အသုံးပြုရန်အတွက်သာ ဖြစ်ပေလိမ့်မည်။

ကျူရှင်းထူက သူ့နောက်သို့ လိုက်ပါရန် ဆုံးဖြတ်ထားပြီး ဖြစ်၏။ CVO လမ်းသရဲက မည်မျှပင် မြန်ဆန်နေပါစေ ဤလူလိမ်မက နောက်မှလိုက်နိုင်ရန် နည်းလမ်းတစ်ခု သေချာပေါက် ရှိနေလိမ့်မည် ဖြစ်သည်။

ဒီလိုမှတော့လည်း... သူက လက်နှစ်ချောင်းကို နောက်တစ်ကြိမ် ထောင်ပြလိုက်လေသည်။

"ကျွန်တော် အခုတလော အသုံးစရိတ် နည်းနည်း များနေတယ်။ ဘော့စ်... နည်းနည်းလောက် ထောက်ပံ့ပေးပါလား"

"ဟီးဟီး... သဘောတူတယ်"

ကျူရှင်းထူက CVO လမ်းသရဲ၏ နောက်ခန်းတွင် ထိုင်လိုက်လေသည်။ သူမ၏ မျက်နှာအမူအရာက တဖြည်းဖြည်း တည်ငြိမ်သွားကာ ရဲချီယန်၏ ကျောပြင်ကို ငေးကြည့်နေစဉ် သူမ၏ မျက်လုံးများထဲတွင် တောက်ပသော ကြယ်ရောင်များ ထွက်ပေါ်လာခဲ့၏။

သူမက သူမတစ်ယောက်တည်းသာ ကြားနိုင်သော အသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"ကံကြမ္မာ... နင်က သူ့အကြောင်း ဘာကိုမှ ငါ့ကို တိုးတိုးလေးတောင် ပြောမပြခဲ့ဘူး"

"သူ့ရဲ့ အနာဂတ်က ဘယ်လို ဖြစ်လာမလဲဆိုတာ ငါ တကယ်ကို စူးစမ်းချင်စိတ် ဖြစ်နေပြီ"

"တစ်နေ့ကျရင်... သူက အားလုံးထဲမှာ အထူးခြားဆုံး လူတစ်ယောက် ဖြစ်လာနိုင်မလား"

အခန်း (၁၈၈) ဘယ်အချိန်လဲ... အခု

ခရီးစဉ်က အတားအဆီးမရှိ ဖြောင့်ဖြူးနေခဲ့၏။

မကောင်းဆိုးဝါးများ မရှိတော့ခြင်းမျိုး မဟုတ်ပေ။ ဗဟိုဓာတ်လှေကားဆီသို့ သွားသောလမ်းကို ကျူရှင်းထူက လမ်းပြပေးနေခြင်းသာ ဖြစ်သည်။ အမြဲတမ်း ကံကြမ္မာအကြောင်းကို ပြောဆိုနေတတ်သော လူလိမ်မ တစ်ယောက်အနေဖြင့် သူမ၏ စွမ်းရည်များကို လိုအပ်လာချိန်တွင် အမှန်တကယ်ပင် အသုံးဝင်လှပေသည်။

"ရောက်ပြီ"

ရှေ့တွင် ဗဟိုဓာတ်လှေကား ရှိနေလေသည်။ ယင်းက ထာဝရ ညဉ့်ယံ မြို့တော်နှင့် ဆော်လမွန် မြို့တော်ရှိ မဟာမိတ်အဖွဲ့ အသီးသီးတို့ကြားတွင် အပြင်းထန်ဆုံး တိုက်ပွဲဝင်နေကြသော စစ်မြေပြင်လည်း ဖြစ်ပေသည်။ နှစ်ဖက်စလုံးက အပြန်အလှန် တိုက်ခိုက်နေကြပြီး အသေအပျောက် များပြားနေကြ၏။ သူတို့က ဓာတ်လှေကားတစ်ခုအတွက် တိုက်ခိုက်နေကြသည်နှင့် မတူဘဲ ကမ္ဘာကြီးကို ပြောင်းလဲနိုင်စွမ်းရှိသော ရှားပါးရတနာ တစ်ခုအတွက် တိုက်ခိုက်နေကြသည်နှင့်ပင် တူနေလေသည်။

ဘယ်လို လုပ်ပြီး အထဲကို ဖောက်ဝင်သွားရမလဲ။

ရဲချီယန်က သူ၏ ဘေးနားရှိ ကျူရှင်းထူကို ကြည့်လိုက်သည်။

"ဟီးဟီး... မောင်လေးရဲက ကျွန်မကို အဲဒီ ကံကြမ္မာ ကတ်ပြားလေးကို ပေးမယ်ဆိုရင် ကျွန်မက မောင်လေးကို အထဲရောက်အောင် ခေါ်သွားပေးနိုင်လောက်တယ်။ ပြီးတော့ ကတ်ပြား အစုံလိုက် စုဆောင်းပြီးသွားရင် ရလာမယ့် အထူးစွမ်းအားကိုတောင် မောင်လေးကို ပြပေးနိုင်သေးတယ်... ဘယ်လိုလဲ... မောင်လေးက ဘာလို့..."

"ဟက်ဟက်... ဘော့စ်က ဘာတွေ လာပြောနေတာလဲ။ အဲဒီ ကတ်ပြားက ကျွန်တော့်ဆီမှာမှ မရှိတာကို။ ကျွန်တော့်ဆီမှာ လာတောင်းလို့ ဘယ်ရပါ့မလဲ"

"ကျွတ်ကျွတ်... မပေးချင်ရင်လည်း နေပေါ့။မောင်လေး မယုံဘူးဆိုတာကို ကျွန်မ သိပြီးသားပါ၊ ဒါကြောင့် ကျွန်မ ဘာမှမတတ်နိုင်ဘူး"

ရဲချီယန်က နှုတ်ခမ်းမဲ့လိုက်ကာ ကျူရှင်းထူကို ဆက်ပြီး အာရုံမစိုက်တော့ချေ။

အကြမ်းဖက် အဖွဲ့အစည်းတစ်ခုရဲ့ ဘော့စ်တစ်ယောက်အနေနဲ့ ဒီစစ်မြေပြင်ကို ဖောက်ထွင်းမဝင်ရောက်နိုင်ဘူးလို့ ပြောတာကို သရဲကလွဲရင် ဘယ်သူယုံမှာလဲ။ ဤလူလိမ်မက သူ ဘာလုပ်မည်ကို ကြည့်ရှုချင်နေခြင်းသာ ဖြစ်ပေသည်။

"ထားလိုက်ပါတော့"

သူက လက်ဖျစ်တွက်လိုက်ရာ မာနတရားနှင့် ဖြားယောင်းသွေးဆောင်ခြင်းတို့က တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခဲ့၏။

မော်ဂျူး လည်ပတ်သွားသည်။

အသွင်ယူခြင်း။

သူ၏ မျက်နှာအောက်ပိုင်းကို မျက်နှာဖုံးတစ်ခုက ဖုံးအုပ်သွားပြီး သူ၏ အဝတ်အစားများ နေရာတွင် စစ်ကြောရေးခုံရုံး၏ ယူနီဖောင်းက အစားထိုး ဝင်ရောက်လာခဲ့လေသည်။ ကျူရှင်းထူက သူ့နောက်တွင် ရပ်လျက် ကြည့်ရှုနေ၏။ ရဲချီယန်က စစ်ကြောရေးခုံရုံး၏ အဝတ်အစားများကို ဝတ်ဆင်လိုက်သော်လည်း သူမက မည်သည့် အံ့ဩမှုမျှ မပြသခဲ့ချေ။

စစ်ကြောရေးခုံရုံးမှ လူများသာလျှင် ထိုဓာတ်လှေကားထဲသို့ ဝင်ရောက်နိုင်ပေသည်။ အမှန်တကယ်တွင် စတုတ္ထအလွှာသို့ ဝင်ရောက်နိုင်ရန် နည်းလမ်းတစ်ခုတည်းသာ ရှိတော့ကြောင်း ကျူရှင်းထူ ပြောလိုက်ကတည်းက စစ်ကြောရေးမှူး ဟူသော သူ၏ အဆင့်အတန်းကို ဖုံးကွယ်ထားရန် မလိုအပ်တော့ကြောင်း ရဲချီယန် သိရှိခဲ့ပြီး ဖြစ်လေသည်။

မည်သို့ပင်ဆိုစေကာမူ အကြမ်းဖက် အဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးက စစ်ကြောရေးခုံရုံးသို့ မဝင်ရောက်နိုင်ဘူးဟု မည်သူကမျှ ပြောမထားခဲ့ဘူး မဟုတ်ပါလော။ ဤသည်က အကြမ်းဖက် အဖွဲ့အစည်းတစ်ခု၏ လွတ်လပ်ခွင့် ပင်တည်း။

"ဝိုး... အရမ်း ကြည့်ကောင်းတာပဲ။ အဲဒီ စစ်ကြောရေးမှူးချုပ် ပုပုလေးက တကယ်ကို အကြိုက်တွေ့တတ်တာပဲ"

ကျူရှင်းထူက ပြုံးလျက် လက်ခုပ်တီးလိုက်လေသည်။

"သွားကြစို့ မောင်လေးရဲ... အထဲကို ဝင်တိုက်ကြမယ်။ ဒီနေ့က အရမ်းကို စိတ်ဝင်စားစရာကောင်းလိမ့်မယ်လို့ ကံကြမ္မာက ကျွန်မကို ပြောနေတယ်"

စိတ်ဝင်စားစရာကောင်းတယ် ဟုတ်လား။ ဘယ်သူသိမှာလဲ။ သူက လီဗာကို လိမ်ဆွဲလိုက်၏။

လေဟာနယ် လျှပ်စစ်မီးဖိုက CVO လမ်းသရဲထံသို့ စွမ်းအင်များ ထောက်ပံ့ပေးလိုက်လေသည်။ အမြင့်ဆုံး အရှိန်ဖြင့် ရှေ့သို့ အပြေးအလွှား မောင်းနှင်သွား၏။ တောင်ကုန်းတစ်ခုပေါ်မှ ဆင်းလာကာ တိုက်ခိုက်နေသော စစ်သည်တော်တစ်ဦးအလား။ ဧရာမ ဟိန်းဟောက်သံကြီးတစ်ခုက စစ်မြေပြင်အတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။

သွေးစုပ်ဖုတ်ကောင်များဖြစ်စေ၊ လူသားများဖြစ်စေ၊ မကောင်းဆိုးဝါးများဖြစ်စေ၊ ရထားမောင်းနှင်သူများဖြစ်စေ အားလုံးက စစ်ကြောရေးခုံရုံး၏ ယူနီဖောင်းကို ဝတ်ဆင်ထားသော ရဲချီယန် စတုတ္ထအလွှာသို့ သွားသည့် ဓာတ်လှေကားဆီသို့ ဦးတည်မောင်းနှင်လာသည်ကို မြင်တွေ့လိုက်ကြရ၏။

"သူ့ကို တားထား"

အထောက်အပံ့ပေးရန် မည်သူ့ကိုမျှ စတုတ္ထအလွှာသို့ သွားခွင့် မပေးရဟု သွေးစုပ်ဖုတ်ကောင်များက အမိန့်ရရှိထားပြီး ဖြစ်လေသည်။

စစ်ကြောရေးခုံရုံးမှ အဆင့်မြင့် တိုက်ခိုက်ရေးသမား တစ်ဦးတစ်ယောက် ပြန်လာလျှင်တောင်မှ အခြေအနေအပေါ် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်စေနိုင်ပေသည်။ ယနေ့တွင် ကျောက်ရှီး သေချာပေါက် သေဆုံးရမည် ဖြစ်၏။ သူတို့ဘက်မှ အသေအပျောက် များပြားသွားလျှင်တောင်မှ ကိစ္စမရှိပေ။

စစ်ကြောရေးခုံရုံး၏ စွမ်းအားမှာ စစ်ကြောရေးမှူးများ၏ ကိုယ်ပိုင်အရည်အသွေးများကြောင့်သာ မဟုတ်ပေ။ ထိုမော်ဂျူးကြောင့်လည်း ဖြစ်လေသည်။

[စစ်ကြောစီရင်ခြင်း မော်ဂျူး]

သူတို့၏ မျိုးနွယ်ကို သစ္စာဖောက်သူများအတွက် ထိုအပြစ်က ထာဝရ စွဲထင်နေမည် ဖြစ်ပေသည်။

လေထဲတွင်မူ နဂါးအမြောက်အမြားကို ဆင့်ခေါ်ထားသဖြင့် အမုန်းတရားများစွာကို ဆွဲဆောင်ထားသော လင်းယို့က မြေပြင်ပေါ်တွင် အလျင်အမြန် ရွေ့လျားနေသော မော်တော်ဆိုင်ကယ်ကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေလေ၏။ ပို၍ တိတိကျကျဆိုရလျှင် မော်တော်ဆိုင်ကယ်ပေါ်ရှိ ကျူရှင်းထူကို ကြည့်နေခြင်း ဖြစ်ပေသည်။

"မဟုတ်သေးပါဘူး အစ်မကြီးရယ်။ ဟေ့... အပေါ်တက်သွားမယ်ဆိုရင်တောင် ကျွန်တော့်ကို စောင့်ပါဦး၊ ကျွန်တော် ယာဉ်ပေါ် မတက်ရသေးဘူး"

ဘုန်း

CVO လမ်းသရဲမှာ လက်နက်တပ်ဆင်မှု နေရာလွတ်ထဲသို့ ထည့်သွင်းနိုင်သည့်အရာနှင့် တကယ်ကို ထိုက်တန်လှပေသည်။ လမ်းတစ်လျှောက်တွင် ယင်းက ဝင်တိုက်မိခဲ့သော အရာအရေအတွက်မှာ မနည်းလှချေ။

သူက ဗဟိုဓာတ်လှေကားထဲသို့ အရှိန်ဖြင့် ဝင်ရောက်သွားလေသည်။ ရဲချီယန်က မဆိုင်းမတွပင် စတင်လည်ပတ်သည့် ခလုတ်ကို နှိပ်လိုက်၏။

နောက်ဆုံးတွင် စတုတ္ထအလွှာသို့ ရောက်ရှိရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဒင်... ဒင်... ဒင်...

ကျူရှင်းထူ၏ နားထဲတွင် သူမ၏ သူငယ်ချင်းများထံမှ အသိပေးချက် အသံများ အဆက်မပြတ် ထွက်ပေါ်နေလေသည်။ သူမက ပြုံးလိုက်ကာ အသံကို ပိတ်လိုက်ပြီး လက်နှစ်ဖက်ကို ယှက်ထားလျက် ရဲချီယန်ထံသို့ မျှော်လင့်ချက် တစ်စွန်းတစ်စ ပြည့်နှက်နေသော အကြည့်များဖြင့် ကြည့်လိုက်၏။

"ကျေးဇူးတင်ပါတယ် မောင်လေးရဲ။ မောင်လေးသာ မရှိရင် စတုတ္ထအလွှာကို ရောက်ဖို့ ဒီလောက် လွယ်ကူမှာ မဟုတ်ဘူး။ အော်... ဒါနဲ့ စတုတ္ထအလွှာမှာ ကျွန်မ ဘာလုပ်မလဲဆိုတာကို မောင်လေးစူးစမ်းချင်စိတ် မဖြစ်ဘူးလား"

"မဖြစ်ဘူး"

"ကျိန်စာကတ်ပြား၊ စတုတ္ထအလွှာ။ ကျိန်စာကတ်ပြား အစီအစဉ်ကို ပိုင်ဆိုင်ထားတဲ့ အဲဒီကောင်က နောက်ဆုံးတော့ ထွက်ပေါ်လာဖို့ ဆုံးဖြတ်လိုက်ပြီလေ။ အဖွဲ့အစည်းထဲကို ဝင်ဖို့ သူ့ကို ကျွန်မ ဖိတ်ခေါ်တာကို စောင့်ကြည့်လိုက်ပါ။ သူ သဘောတူမယ်လို့ မောင်လေးထင်လား"

"ငါ မသိဘူး"

"အင်း... သူ သေချာပေါက် သဘောတူမှာပါ"

ကျူရှင်းထူက ရဲချီယန် သူမကို ပြန်ဖြေသည်ဖြစ်စေ၊ မဖြေသည်ဖြစ်စေ ဂရုမစိုက်ဘဲ ခေါင်းညိတ်လိုက်လေသည်။ အထက်သို့ အဆက်မပြတ် တက်သွားနေသော ဓာတ်လှေကားအတွင်း တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့၏။ စတုတ္ထအလွှာသို့ မရောက်မီလေးတွင် ကျူရှင်းထူက စကားစပြောလာသည်။

"တကယ်တော့ ကျွန်မ လိမ်ပြောနေတာ။ ကျွန်မ ဒီကို ဘာလို့ လာခဲ့တာလဲဆိုတာ ကျွန်မကိုယ်တိုင်တောင် မသိဘူး"

သူမ၏ မျက်လုံးများထဲတွင် ကြယ်ရောင်များက စူးရှတောက်ပနေလေ၏။

"ကံကြမ္မာက ကျွန်မကို ပြောနေတယ်"

"ဒီနေရာက အရမ်းကို စိတ်ဝင်စားစရာကောင်းလိမ့်မယ်တဲ့"

ဂျလောက်။ တံခါးများ ပွင့်သွားခဲ့၏။

အပြင်ဘက်တွင်မူ မိုးကြိုးများ ဟိန်းဟောက်နေလေသည်။ ကောင်းကင်ယံအထက်တွင် ဧရာမ စစ်ယန္တရားကြီးတစ်ခုက လေထဲ၌ မြင့်မားစွာ ရပ်တည်နေ၏။ ၎င်း၏ အနောက်ဘက်ရှိ အလင်းရောင်စက်ဝန်းက ရူးသွပ်စွာ လှည့်ပတ်နေပြီး မရေမတွက်နိုင်သော တိုက်ခိုက်မှုများက လူတစ်ဦးတည်းထံသို့သာ ဦးတည်နေလေသည်။

ကျောက်ရှီး။

သူမက ခန္ဓာကိုယ် သေးငယ်သော်ငြား သူမ၏ အငွေ့အသက်များက မည်သည့် ကြောက်ရွံ့မှုကိုမျှ မပြသနေချေ။ သူမ၏ ခန္ဓာကိုယ်အနှံ့တွင် လျှပ်စီးများ လှည့်ပတ်နေ၏။ လေထဲတွင် လွင့်ခါနေသော သူမ၏ ဆံပင်ရှည်များက ငွေဖြူရောင်သို့ ပြောင်းလဲသွားခဲ့လေသည်။ သူမ၏ မျက်လုံးများထဲတွင်မူ ဒေါသများ ပြည့်နှက်နေပေ၏။

"ဆော်လမွန် မြို့တော် စစ်ဆေးရေးမှူး ဌာနက စစ်တမန်။ စစ်ကြောရေးမှူးချုပ်ကို သတ်ဖို့အတွက်တင် ဒီလိုအရာမျိုးကို သူတို့ ထုတ်သုံးလာလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး"

ကျူရှင်းထူက ဘေးနားမှနေ၍ သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဒါက အဆင့် ၁၂ အဆုံးစွန် စစ်ယန္တရားပဲ။ တစ်ခါ ဖွင့်သုံးတိုင်း ရထားဒင်္ဂါး အနည်းဆုံး ၃၀၀၀ ကုန်ကျတယ်။ အို... သူတို့တွေ ဘယ်လောက်တောင် ချမ်းသာကြလဲ"

"......"

အဆင့် ၁၂ ပဲလား။

ဒါဆိုရင်တော့ ဘာမှ ထူးခြားတာ မရှိပါဘူးလေ။ အဆုံးမဲ့ မျှော်စင်ကြီးက အရှေ့တည့်တည့်တွင် ရှိနေလေသည်။ ရဲချီယန်၏ အကြည့်များက ကျူရှင်းထူအပေါ်သို့ ကျရောက်သွား၏။

"ဘော့စ်... ခင်ဗျား လုပ်စရာရှိတာ သွားလုပ်သင့်ပြီ မဟုတ်ဘူးလား"

"ကျွန်မက သိပ်အသုံးမဝင်ဘူး ဆိုပေမယ့်လည်း ဒီလောက်မြန်မြန် ကျွန်မကို အထင်မသေးပါနဲ့ဦး။ ကျွန်မလည်း ထိခိုက်ဒဏ်ရာ ရနိုင်တာပဲလေ... ဟီးဟီး... အင်း... ခဏလောက်တော့ နှုတ်ဆက်ခဲ့ပါရစေ။ ဒီည ဒီမြို့တော်ကြီး အဆုံးသတ်သွားလိမ့်မယ်လို့ ကံကြမ္မာက ပြောနေတယ်။ မောင်လေးရဲ... သတိထားနော်"

ကျူရှင်းထူ ထွက်ခွာသွားလေပြီ။ ရဲချီယန်က သူမ၏ စကားများကို နှလုံးသွင်းမနေခဲ့ချေ။ ဤခရီးစဉ်က ကတိတစ်ခုကို ဖြည့်ဆည်းရန်သာ ဖြစ်ပေသည်။ ဒါပါပဲ။

ကတိပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ ထွက်ခွာသွားမည် ဖြစ်၏။ ကျန်ရှိနေသော အချိန်များအတွင်း အခြား မည်သည့်အရာများ ဖြစ်ပျက်နေပါစေ သူနှင့် သက်ဆိုင်ခြင်း မရှိတော့ချေ။

ဒင်... ဒင်... ကောင်းကင်ယံတွင် တိုက်ပွဲဝင်နေသော ကျောက်ရှီးက ဤအသံကို ကြားလိုက်ရလေသည်။

[ဘယ်အချိန်လဲ]

ရိုးရှင်းသော စကားလုံး တစ်ခွန်းတည်းသာ။ ရဲချီယန် စတုတ္ထအလွှာသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို ကျောက်ရှီး နားလည်သွားခဲ့၏။ သူမ၏ မျက်နှာအမူအရာက အထူးတလည် ဝမ်းသာပျော်ရွှင်နေခြင်းမျိုး မရှိချေ။

ပျံသန်းနေသော ယာဉ်တစ်စီးပေါ်တွင် ရပ်လျက် ကောင်းကင်ယံတွင် သူမကို ဝိုင်းရံထားသော သွေးစုပ်ဖုတ်ကောင်များနှင့် စစ်ဆေးရေးမှူး ဌာနမှ စစ်ဆေးရေးမှူးများကို ကြည့်ရှုရင်း သူမက အေးစက်စွာ ပြောလိုက်လေသည်။

"စမတ်ခ်... မင်းကို နောက်ဆုံးအကြိမ် ငါမေးမယ်... မြို့တော်ဝန် ဘယ်မှာလဲ"

သွေးစုပ်ဖုတ်ကောင်များနှင့်အတူ ရှိနေသော စမတ်ခ်၏ မျက်နှာက ရှုံ့မဲ့နေလေ၏။

"သူမက မျှော်စင်ပေါ်ကနေ မင်းကို ကြည့်နေတယ်။ ဟားဟားဟား... ကျောက်ရှီး၊ စိတ်ကူးယဉ်မနေနဲ့တော့။ မင်းကို သတ်ချင်နေတာ ငါတစ်ယောက်တည်း မဟုတ်ဘူး။ မင်းက အရမ်းကို မာနထောင်လွှားလွန်းတယ်။ ဆော်လမွန် မြို့တော်မှာ မင်း ပေါ်မလာခဲ့သင့်ဘူး"

ကျောက်ရှီး၏ မျက်လွှာများက အနည်းငယ် အောက်သို့ ကျဆင်းသွားကာ မျက်လုံးများ၏ အတွင်းပိုင်း၌ ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ပေါ်လာခဲ့၏။ သူမက တိတ်ဆိတ်စွာပင် လက်ချောင်းကို မြှောက်လိုက်ပြီး လေထဲတွင် ခပ်ဖွဖွ အကြိမ်အနည်းငယ် ပုတ်လိုက်လေသည်။

ထို့ကြောင့် ရဲချီယန်က သတင်းစကား တစ်စောင် လက်ခံရရှိသွား၏။

[အခု]

စက်ယန္တရားများ လည်ပတ်နေသော အသံက ကောင်းကင်ယံ တစ်ခွင်၌ ပဲ့တင်ထပ်သွားလေသည်။

ဟိန်းဟောက်သံကြီးတစ်ခုနှင့်အတူ။

အမဲလိုက် စက်ယန္တရားနဂါးက ဤကမ္ဘာကြီးပေါ်တွင် ရပ်တည်လာခဲ့လေတော့သည်။

All Chapters