← Chapters

ကျွန်မမှာ ရှင်ရှိတယ်လေ

Vol. 20 Ch. 294

ကျွန်မမှာ ရှင်ရှိတယ်လေ

Vol. 20 Ch. 294

ကျီထင်အန်းသည် ဦးနှောက်ခြောက်အောင် စဉ်းစားပြီးနောက် တောင်းပန်ရန် နည်းလမ်းကောင်းအား စဉ်းစားလို့ရလာလေသည်။

သူသည် ထမင်းစားပွဲပေါ်ရှိ ချင်မင်ဟုန်၏ ထမင်းပန်းကန်လုံးထဲသို့ ဟင်းများ ဆက်တိုက် ထည့်ပေးနေလေသည်။

မကြာခင်တွင် ချင်မင်ဟုန်အရှေ့ရှိ ဖြူပြာကြွေပန်းကန်လုံးထဲ၌ ဟင်းများ တောင်လို ပုံလာလေသည်။

“ညီအစ်ကိုချင် ဟန်မလုပ်နေပါနဲ့တော့….. များများသုံးဆောင်ပါဗျ”

“လာ…လာ… ဒီဟင်းရည် နောက်တစ်ပန်းကန် ထပ်ထည့်ပါဦးဗျ”

“ဒီပုစွန်အသားလုံးလဲ မဆိုးဘူးဗျ…မြန်မြန် သုံးဆောင်လိုက်ပါဦး”

အလွန်တရာ စိတ်အားထက်သန်နေသည့် ကျီထင်အန်းသည် ချင်မင်ဟုန်၏ မည်းမှောင်လာသည့် အမူအရာအား သတိမပြုမိချေ။

ကျီကျောက်သည် တိတ်တဆိတ် ချောင်းဟန့်ကာ ပြောလိုက်သည်။ “အရာရှိကျီ…. ကျွန်မ ဟင်းချက်လက်ရာကိုလည်း မြည်းစမ်းကြည့်ပါဦးရှင့်”

ရှန်းယောင်သည် အချိန်ကိုက်မှာဘဲ ကျီကျောက်၏ ပန်းကန်လုံးထဲသို့ ဟင်းရည် ဖြည့်ပေးလာလေသည်။

“ကောင်းပါပြီ ကောင်းပါပြီဗျ” နောက်ဆုံးတွင် ကျီထင်အန်းသည် စိတ်ငြိမ်သွားပြီး ဟင်းရည်တစ်ဇွန်းအား ခပ်သောက်ကာ ပြုံးလိုက်လေသည်။

သို့ပေမယ့် သူ ဟင်းရည်တစ်ငုံအား သောက်ပြီးနောက် မျက်ခုံးပင့်မိသွားလေသည်။

“ဒီဟင်းရည်က … ဘာလို့ အရမ်း ဆန်းသစ်နေရတာလဲဗျ”

“ဒီဟင်းရည်ထဲကို ဆောင်းဖရဲသီးနဲ့ ဖရဲခါးတို့ကို အသုံးပြုပြီး ချက်ပြုတ်ထားတယ်။ ပုစွန်ခြောက်တချို့နဲ့ ခုံးသားခြောက်တို့ကိုလည်း ထပ်ထည့်ထားတာကြောင့် အရသာက ဆန်းသစ်နေတာပါ” ကျီကျောက်က ခပ်ဖျော့ဖျော့ပြုံးရင်း ညင်သာစွာ ရှင်းပြပေးသည်။

“အဲ့လောက် ရိုးရှင်းတာလားဗျ” ကျီထင်အန်းမှာ မယုံနိုင်ဖြစ်နေပေသည်။ “ဒီလောက် အရသာရှိတဲ့ စွပ်ပြုတ်ထဲမှာ ပါ၀င်ပစ္စည်းနှစ်မျိုးပဲ သုံးထားတာတဲ့လား”

“အရိုးရှင်းဆုံး ပါ၀င်ပစ္စည်းတွေကိုပဲ အသုံးပြုပြီး အရသာရှိတဲ့ဟင်းလျာ ချက်ပြုတ်နိုင်တယ်ဆိုတာ စားဖိုမှူးတွေရဲ့ သူမတူတဲ့ ဟင်းချက်စွမ်းရည်ကို ပြသနေတာပဲ မဟုတ်ပါလားဗျ” ရှန်း‌ယောင်သည် မပြောဘဲ မနေနိုင်စွာဖြင့် ပြောလိုက်လေသည်။

သူသည် ကျီကျောက်၏ ဟင်းချက်စွမ်းရည်အား မေးခွန်းထုတ်သည့် မည်သူဖြစ်ဖြစ် တစ်ဖက်က မြို့တော်ရဲ့ ရာဇဝတ်သူကြီးပင် ဖြစ်ပါစေ သူ မကြိုက်နှစ်သက်ပေ။

ကျီထင်အန်းသည် သူ၏ စကားလုံးများမှာ အနည်းငယ် စော်ကားရာရောက်သည်ကို သတိထားလိုက်မိသဖြင့် ရှို့တို့ရှန်းတန်း ပြုံးလာလေသည်။

“အမျိုးသမီးရှန်း… ကျုပ်က ခင်ဗျားရဲ့ ဟင်းချက်စွမ်းရည်ကို မေးခွန်းထုတ်တာမျိုး မဟုတ်ရပါဘူးဗျ။ ကျုပ် အနည်းငယ် အံ့သြသွားရုံပါ။ ချွင်းဖုန့်ဆိုင်တန်းရဲ့ အခြေအနေက အတော်လေး ကောင်းကောင်းမွန်မွန် လည့်ပတ်နေတယ်လို့ အရင်ထဲက ကြားဖူးခဲ့တာပါ။ အခုတော့ အကြောင်းအရင်းကို နားလည်လိုက်ပါပြီဗျ”

“အမျိုးသမီးရှန်းရဲ့ ဟင်းချက်လက်ရာက တကယ့်ကို အံ့မခန်းပါပဲဗျာ”

“အရာရှိကျီ ရှင်က အရမ်းချီးကျူးလွန်းနေပါပြီ” ကျီကျောက်သည် အမှုမဲ့အမှတ်မဲ့ ပြောလာလေသည်။

ထို့နောက် အနည်းငယ် ပြောင်းလဲသွားသည့် လေထုမှာ ရှို့တို့ရှန်းတန်း ဖြစ်နေလေသည်။ ထို့ကြောင့် ချင်မင်ဟုန်မှ နှုတ်ဆက်စကား ပြောလာသည့်အခါ ကျီထင်အန်းမှ ဆက်နေရန် မမေးတော့ချေ။

ကျီကျောက်ကတော့ သူမ မထွက်ခွာခင် ကျိုင်းကောင်ကပ်ဆိုး၏ ကြောက်လန့်ဖွယ်အချက်များကို ထပ်ခါထပ်ခါပြောဆိုရင်း ကျီထင်အန်းအား မရေမရာ သတိပေးလေသည်။

ခရိုင်တရားရုံးမှ ထွက်ခွာလာပြီးနောက် သူမ တစ်ခုခု မှားနေသည့် အရိပ်အယောင်အား ခံစားလိုက်ရသည်။ ပြီးတော့ ပုံမှန်မဟုတ်သည့် အရိပ်အယောင်မှာ သူမဘေးရှိ ရှန်းယောင်ဆီမှ လာသလို ခံစားရပေသည်။

“ဘာဖြစ်လို့လဲဟင်”

“ကျောက်ကျောက် မင်း ဒီနေ့ အရာရှိကျီအပေါ် အတော်လေး စိတ်ရှည်သည်းခံနေသလိုပဲ” ရှန်းယောင်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလေသည်။ အချိန်အတော်ကြာ ရုန်းကန်ပြီးနောက် သူ့စိတ်ထဲရှိတာအား ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည်။

“နေ့လယ်စာ သုံးဆောင်နေတဲ့ စောနက အချိန်အခိုက်အတန့်မှာတင် မင်းကိုယ့်ကိုကြည့်တာထက် သူ့ကို ပိုကြည့်နေသလိုပဲ”

ဖူး*

ကျီကျောက် မရယ်ပဲ မနေနိုင်စွာ ရယ်လိုက်မိလေသည်။ သူမ အားပါးတရ ရယ်နေသည်အား ကြည့်လျက် ရှန်းယောင် ပြုံးလိုက်မိသည်။

“ယောက်ျားရှင့်” ရုတ်တရက် ကျီကျောက်သည် သူ့လက်မောင်းအား ဖက်ကာ ပွတ်တီးပွတ်သပ် လုပ်ရင်း အပြုံးလေးဖြင့် ပြောလာလေသည်။

“ကျွန်မက ရှင့်ဇနီး ဖြစ်နေပြီလေရှင့်”

ယောက်ျားဆိုသည့် အခေါ်အဝေါ်အား ကြားပြီးနောက် ရှန်းယောင်၏ နားသီးဖျားလေးမှာ ပူလောင်လာလေသည်။

“စောနက စားသောက်နေစဉ်တုန်းက အရာရှိကျီက စကားအများဆုံး စမြည်နေတာလေ။ လူတစ်ယောက်စကားပြောတဲ့အချိန် ထိုသူ့ရဲ့ မျက်လုံးကို ကြည့်တာက အခြေခံလေးစားမှုပဲ မဟုတ်လားရှင်” ကျီကျောက်သည် တည်ငြိမ်စွာ ပြုံးလေသည်။

“ဒါပေမဲ့လေ အရာရှိကျီရဲ့ မျက်လုံးတွေက ကျွန်မယောက်ျားရဲ့ မျက်လုံးတွေလို ကြည့်မကောင်းနေဘူးရှင်”

“တကယ်…. တကယ်လားဟင်” ရှန်းယောင်သည် အပျော်များဖြင့် လွှမ်းခြုံသွားလေသည်။

“ဒါပေါ့ရှင့်….. ကျွန်မရဲ့ ယောက်ျားက အခန့်ညားဆုံးလူပဲ”

ကျီကျောက်သည် သူ့အား ဆက်တိုက်ဆိုသလို မြှောက်ပင့်လာလေသည်။

အဆုံးမှာတော့ ရှန်းယောင်တစ်ယောက် တောင့်မခံနိုင်တော့ပေ။

“ကိုယ်က ကျောက်ကျောက်ရဲ့ မျက်လုံးထဲမှာ အဲ့လောက်တောင် ကြည့်လို့ ကောင်းတာလားဟင်”

“ဒါပေါ့ရှင်” ကျီကျောက်သည် အားတက်သရော ခေါင်းညိမ့်ပြလေသည်။

ရှန်းယောင် မျက်လုံးထဲမှ အပြုံးများမှာ နက်ရှိုင်းလေသည်။ သူသည် သူမ၏ ပါးပြင်လေးအား ညင်သာစွာ ပွတ်သပ်လိုက်မိလေသည်။

“ကျောက်ကျောက် မင်းက အကောင်း‌ဆုံးပဲ”

“ယောကျာ်းရှင့်….. တကယ်တော့ အရာရှိကျီကို စောနက ကြည့်နေတာက နောက်ထပ် အကြောင်းပြချက် ရှိပါသေးတယ်”

ကျီကျောက်သည် တခဏလောက် စဉ်းစားပြီးနောက် သူမ၏ အတွေးများအား ထုတ်ပြောရန် ဆုံးဖြတ်လိုက်ပေသည်။

“အရာရှိကျီက ကျွန်မရဲ့ မိဘအရင်းတွေ ဘယ်သူဆိုတာ သိလောက်မယ်ထင်တယ်”

“ဒါက……” ရှန်းယောင်ရဲ့ အမူအရာမှာ ရုတ်ခြည်း လေးနက်သွားလေသည်။ တခဏလောက် တွေးဆပြီးနောက်တွင် ကျီကျောက်မျက်လုံးများအား စောင်းငဲ့ကြည့်ကာ ညင်သာစွာ မေးလေသည်။

“ကျောက်ကျောက် မင်း…..မိဘအရင်းတွေကို ရှာဖို့ တွေးဖူးတာလားဟင်”

မူလကိုယ် ကျီအာ့ထောင် ငယ်ငယ်တုန်းက အဖွားရှဲ့ဆီမှ သူမ၏ နောက်ကြောင်းဇစ်မြစ်အား မတော်တဆ ကြားခဲ့ရဖူးလေသည်။ အစကတော့ မူလကိုယ်မှာ အချိန်တစ်ခုလောက် ၀မ်းနည်းပူဆွေးခဲ့ရလေသည်။ နောက်တော့ လူအိုကြီးကျီရဲ့ ဂရုစိုက်ပေးမှုအောက်၌ သူမ တဖြည်းဖြည်း စိတ်သက်သာရာရလာလေသည်။

ကျီကျောက်သည် သူမ၏ ခေါင်းအား ခါလိုက်လေသည်။ “တစ်ခါမှ မတွေးခဲ့ဖူးဘူး”

“မသိချင်ဘူးလားဟင်”

“ကောင်းကင်ဘုံရဲ့ အလိုဆန္ဒအရပဲပေါ့” ကျီကျောက်သည် ဖျော့ဖျော့လေး ပြုံးလိုက်သဖြင့် သူမ၏ ချောမွေ့နူးညံ့သည့် မျက်နှာလေးတွင် ပါးချိုင့်ပါးပါးလေး ပေါ်လာသည်မှာ သူမအား ရှိရင်းစွဲထက် ပိုချစ်ဖို့ကောင်းစေသည်။

“ရေစက်ရှိမယ်ဆို အနာဂတ်မှာ သူတို့နဲ့ သေချာပေါက်တွေ့လိမ့်မယ်လို့ ကျွန်မ ခံစားနေရတယ်”

“ဒါ့ပြင် ကျွန်မမှာ အခု ရှင်တို့တွေ ရှိတယ် မဟုတ်လား” ကျီကျောက်သည် ပြုံးလိုက်ကာ သူမလက်ချောင်းများအား ရေတွက်နေလေသည်။

“အဖေနဲ့ အမေက ကျွန်မအပေါ် တအားချစ်ခင်ပေးကြတယ်။ အစ်ကိုကြီး၊ အကြီးဆုံးမရီး၊ ဒုတိယအစ်ကိုနဲ့ ဒုတိယမရီးတို့ကလည်း ကျွန်မကို ကောင်းကောင်း ဂရုစိုက်ပေးကြတယ်။ ချန်ချန်ကလည်း ကျွန်မကို သူ့အစ်မအဖြစ် လေးစားတယ်။ အရေးကြီးဆုံးအရာကတော့ ကျွန်မမှာ ရှင်ရှိနေတယ်လေ”

‘ကျွန်မမှာ ရှင်ရှိတယ်' ဆိုသည့် သာမန်စာကြောင်းလေးမှာ ရှန်းယောင်၏ နှလုံးသားအား တဖြည်းဖြည်း နူးညံ့လာစေသည်။

သူသည် ရုတ်ခြည်း ကျီကျောက်အား လှမ်းဖက်လိုက်ပြီး ခိုင်မာစွာ ပြောလေသည်။

“မှန်တာပေါ့ မင်းမှာ ကိုယ်ရှိတယ်လေ”

“အဟမ်း အဟမ်း” အရှေ့မှာ လျှောက်နေသည့် ချင်မင်ဟုန်သည် ရုတ်တရက် နောက်သို့ လှည့်လိုက်ကာ တစ်ယောက်ကို တစ်ယောက် ဖက်နေကြသည့် လူနှစ်ယောက်အား ကြည့်လိုက်လေသည်။

“နေ့ဖက်အချိန်ကြီးပဲ ရှိပါသေးတယ် ကိုယ့်ကိုယ်ကို ထိန်းကြပါဦး” ချင်မင်ဟုန်က ‌လေးနက်စွာ သတိပေးလာလေ၏။

“အစ်ကိုချင် စိတ်မပူပါနဲ့” ရှန်းယောင်သည် သူ့မျက်ခုံးအားပင့်ကာ ပြုံးလိုက်လေသည်။

“ကျောက်ကျောက်နဲ့ ကျွန်တော်က တရား၀င် လင်မယားတွေပါဗျာ…… သူများတွေကသာ ကျွန်တော်တို့ရဲ့ ရင်းနှီးမှုကို အားကျရမှာပါ”

ချင်မင်ဟုန်သည် ရုတ်တရက် တရား၀င်ဆိုသည့် အသုံးအနှုန်းအား မုန်းတီးမိလေသည်။

“အာ့ထောင် ကိုယ် ကောက်နှံပင်တွေ ကြိုတင်သိုလှောင်တာနဲ့ ပတ်သက်ပြီး နားမလည်သေးတဲ့ အချို့အရာတွေ ရှိနေသေးတယ်။ ကိုယ်တို့တွေ စားသောက်ဆိုင်ကို အရင်ပြန်နှင့်ပြီး ဒီအကြောင်း ဆက်ဆွေးနွေးကြမလား” ချင်မင်ဟုန်က ဖြောင့်မတ်တည်ကြည်စွာ ပြောလာလေသည်။

“ကောင်းပါပြီ….ကျွန်မလည်း အစ်ကိုချင်နဲ့ ဘီယာချက်စက်ရုံ တည်ဆောက်ဖို့ အကြောင်း ပြောချင်နေတာ”

တစ်နာရီခန့်ကြာပြီးနောက်_

ရှန်းယောင်သည် သူတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် စကားစမြည်နေကြသည်အား ကြားပြီးနောက် သ၀န်တိုလာမိသည်။

အတိတ်တုန်းက ချင်မင်ဟုန်က အနည်းငယ် မုန်းတီးစရာကောင်းတာကို သူ ဘာဖြစ်လို့ မသိခဲ့ရတာလဲ။

ကံကောင်းစွာဖြင့် သူတို့ပြောနေကြသည့် အစီအစဉ်အား နားလည်သဖြင့် သင့်တင့်လျောက်ပတ်သည့် အကြံပြုချက်များကိုပင် သူပေးနိုင်လေသည်။

ကောင်းကင်မှ မှောင်လာချိန်မှာတော့ သူတို့ စကားဝိုင်းအား အဆုံးသတ်လိုက်လေသည်။

“ဒီကိစ္စမှာ ဘီယာချက်စက်ရုံသာ လည်ပတ်နိုင်ခဲ့ရင် ဒီဘီယာချက်လုပ်ဖို့ ထောက်ပံ့ငွေက ၀ယ်လိုအားထက် အမြဲတမ်း နည်းနေမှာ အမှန်ပဲ” ချင်မင်ဟုန်သည် ကျီကျောက် သရုပ်ဖော်ပြသည့်မြင်ကွင်း၌ ဆွဲဆောင်ခြင်းခံရလေသည်။ ဘီယာသည် ဈေးပေါသည့်အတွက် အလုံးအရင်းဖြင့် ထုတ်လုပ်နိုင်သည်။ ဘီယာ ဈေးကွက်ထဲကို ၀င်ပြီ‌ဆိုတာနဲ့ ရင်းနှီးငွေအား သေချာပေါက် ပြန်ရနိုင်မည်ဖြစ်သည်။ ထို့နောက် ဒီဘီယာက အတော်တန်များသည့် အမြတ်ငွေရစေဖို့ အခွင့်အရေး ဖြစ်ပေလိမ့်မည်။

“ဟုတ်ကဲ့” ကျီကျောက်သည် အခိုင်အမာ ခေါင်းငြိမ့်လိုက်သည်။

“ဒါကြောင့် အစ်ကိုချင်က အရာရှိကျီရဲ့ အကြုံပြချက်ကိုယူပြီး ကောက်နှံပင်တွေကို ကြို၀ယ်ထားလိုက်ပါ။ ဒီနည်းနဲ့ လူတွေကို အကျိုးရှိစေပါလိမ့်မယ်”

“ပြီးတော့ မင်းက ရင်းနှီးမြုပ်နှံချင်တာလား”

“ဟုတ်ကဲ့” ကျီကျောက်က ဆက်လက်ခေါင်းညိတ်ပြလေသည်။

“ရှန်းယောင်နဲ့ ကျွန်မတို့ စုဆောင်းထားတဲ့ငွေ ရှိပါတယ်။ အစကတော့ ဒီငွေတွေနဲ့ ဟင်းချက်စရာ၀ယ်ဖို့ အစီအစဉ်ရှိပေမဲ့ ရှန်းဟယ်ကျေးရွာနဲ့ ရှီလျို့ကျေးရွာအရေးကို ဦးစားပေးရမယ်လေ။ အမြတ်စုငွေအနေနဲ့ကတော့ အရင်တိုင်းပါပဲရှင့်။ ကျွန်မက နည်းပညာ မျှဝေပေးပါ့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘီယာချက်လုပ်တဲ့ နည်းပညာကို သိတာ ကျွန်မပဲ ရှိတာလေ……အစ်ကိုချင်ရော ဘယ်လိုထင်ပါသလဲ”

“သေချာတာပေါ့။ ကိုယ် သဘောတူပါတယ်” ချင်မင်ဟုန်သည် သူ့လက်ထဲမှ ခေါက်ယပ်တောင်အား ဝှေ့ယမ်းကာ အပြုံးလေးဖြင့် ပြောလေသည်။

“ကိုယ်က မင်းခင်ပွန်း မဖြစ်နိုင်ဘူးဆိုရင်တောင် မင်းယုံကြည်ရတဲ့ အစ်ကိုကြီး ဖြစ်နိုင်တာလဲ မဆိုးပါဘူးလေ”

***

All Chapters