← Chapters

ခဏနေ မင်းအိပ်ချင်လာမှာပါ

Vol. 20 Ch. 296

ခဏနေ မင်းအိပ်ချင်လာမှာပါ

Vol. 20 Ch. 296

နာရီ၀က်ခန့်ကြာပြီး နောက်ဆုံးတွင် ကျီကျောက် စိတ်ငြိမ်သွားလေသည်။

“ချန်ချန်…. မင်း အပြင်လောကမှာ ဒုက္ခမရောက်အောင် ဂရုစိုက်ရမယ်နော်”

ကျီကျောက်သည် အရပ်ရှည်လာကာ ကြီးပြင်းလာပြီဖြစ်သည့် ကျီချန်အား သတိပေးလိုက်ရင်း နူးညံ့စွာစိုက်ကြည့်လိုက်လေသည်။

“မင်း အစ်မကို လွမ်းရင် စာဆက်ဆက်ရေးနော်”

“ဟုတ်ကဲ့ပါဗျ”

“မင်းကိုယ်မင်း ဂရုစိုက်…. ကိုယ့်ကိုယ်ကို မထိခိုက်စေနဲ့နော်”

“ဟုတ်ကဲ့ပါဗျ”

“အစ်မဆီကို ဆယ်ရက်ခြား တစ်ခါ စာရေးရမယ်နော်”

“ဟုတ်ကဲ့”

“ပြီးတော့ ဆရာစုန့်ကိုလည်း ဒေါသထွက်မိအောင် မလုပ်နဲ့။ သူ့စကားကို ကောင်းကောင်း နားထောင်ရမယ်နော်”

“ဟုတ်ကဲ့”

“အဟမ်း”

ရှန်းယောင်သည် ချောင်းနှစ်ချက်လောက် ဟန့်လိုက်ကာ အသံနိမ့်နိမ့်ဖြင့် အကြံပြုလာလေသည်။

“ကျောက်ကျောက် ဗိုက်မဆာဘူးလားဟင်… ခေါက်ဆွဲ အရင်စားထားရအောင်လေ”

“ကောင်းပါပြီရှင့်”

ကျီကျောက်သည် ခေါက်ဆွဲအေးပန်းကန်အား အလျင်အမြန် ကုန်အောင် စားသောက်ပြီးနောက် ကျီချန်အား ဂရုတစိုက် ညွှန်ကြားလေသည်။

ကျီချန်တစ်ယောက် ငိုက်မျဉ်းစပြုလာသည့် အချိန်မှသာ သူမ ပြောနေသည်များအား ဖြည်းဖြည်းချင်း ရပ်လိုက်လေသည်။

“နောက်ကျနေပြီ၊ အခန်းထဲပြန်အိပ်တော့နော်။ အစ်မ မနက်ကျရင် ဖက်ထုပ်စွပ်ပြုတ် လုပ်ပေးမယ်နော်။”

“ကောင်းပါပြီဗျ” အိပ်ငိုက်နေပြီဖြစ်သည့် ကျီချန်သည် မှင်သေသေဖြင့် ခေါင်းငြိမ့်ပြလေသည်။ ထို့နောက် အပြာဖျော့ရောင် အိတ်လေးအား ယူပြီး လှည့်ပြန်သွားလေသည်။

ကျီကျောက်သည် စားပွဲပေါ်သို့ လှဲချလိုက်ကာ စိတ်ဓာတ်ကျနေပုံပေါ်နေသည်။

ရှန်းယောင်သည် သူမဘေး‌၌ ထိုင်ကျလိုက်ကာ သူမအား တိတ်တဆိတ် အဖော်ပြုနေလေသည်။

“ကျွန်မ ချန်ချန်နဲ့ မခွဲနိုင်ဘူးရှင်”

ကျီကျောက်က သူ့အား ငဲ့ကြည့်ကာ စိတ်ထိခိုက်သည့်ဟန်ဖြင့် တိုင်တန်းလာလေသည်။

“ကျွန်မသာ ရှင်နဲ့ လက်မထပ်ဖြစ်ခဲ့ရင် ကျွန်မ ကျင်းနန်ကို ချန်ချန်နဲ့ အတူ သွားနေလောက်ပြီ”

“နေအလင်း‌ရောင်က မြစ်ကမ်းဘေးက ပန်းလေးတွေကို မီးလိုနီအောင် တောက်ပစေတယ်။ နွေဦးလာတဲ့ အချိန်ကျရင် မြစ်ရေတွေက စိမ်းပြာရောင် ဖြစ်တယ်”

ရှန်းယောင်သည် ဒီကဗျာလေးအား အမှတ်ရလိုက်ကာ ပြုံးရင်း သူမ၏ ပါးဖောင်းဖောင်းလေးအား ပွတ်သပ်လိုက်ပြီး ညင်သာစွာ ပြောလေသည်။ “ကျောက်ကျောက်…. မင်း ချန်ချန်နဲ့ အတူ ကျင်းနန်ကို တကယ် လိုက်သွားချင်တယ်ဆိုရင် ကိုယ်တို့တွေ အတူတူ သွားကြမယ်လေ”

“ရှင် အတည်ပြောနေတာလားဟင်” ကျီကျောက်၏ မျက်လုံးများမှာ အလင်းရောင် သန်းလာလေသည်။

“လူကြီးလူကောင်းတစ်ယောက်ရဲ့ ကတိက ရွှေလိုတန်ဖိုးရှိပါသတဲ့ဗျာ” သူမ၏ မျက်နှာပေါ်မှာ တောက်ပသည့် အပြုံးလေးအား ကြည့်ရင်း ရှန်းယောင်ဆီသို့လည်း ကူးစက်လာသဖြင့် ပြုံးလိုက်မိလေသည်။

“ရှန်းယောင်…..ရှင် တကယ် အရမ်းကောင်းတာပဲ” ကျီကျောက်သည် သူမကိုယ်သူမ သူ့လက်မောင်းထဲသို့ ပစ်၀င်ကာ သူ့လည်ပင်းအား ဖက်တွယ်လိုက်လေသည်။

သူ့ရင်ဘတ်ပေါ်သို့ သူမ၏ နားရွက်အား ကပ်လိုက်ကာ သူ၏ ဖြေးဖြေးမှန်မှန်ခုန်နေသည့် နှလုံးခုန်နှုန်းအား နားထောင်လိုက်ရင်း သူမ၏ မျက်လုံးများအား သက်တောင့်သက်သာဖြစ်စွာ မှိတ်လိုက်လေသည်။

“အနာဂတ်မှာ ကျွန်မတို့တွေ ကျင်းနန်ရဲ့ ရှုခင်းတွေကို မြင်နိုင်ဖို့ အခွင့်အရေး ရှာရမယ်” ကျီကျောက်သည် သက်ပြင်းဖျော့ဖျော့ ချလိုက်မိသည်။

“ကျွန်မ ချန်ချန်နဲ့ ထွက်သွားဖို့ မလုပ်နိုင်ပေမဲ့လည်း သူက လူငယ်လေးတစ်ယောက်ပဲလေ။ သူ့ကိုယ်သူ ကြီးပြင်းဖို့ လေ့လာစရာရှိတာတွေ လေ့လာရမယ်။ ဒီလိုအခွင့်အရေးမျိုးက ရှားပါးတဲ့အခွင့်အရေးတစ်ခုပါပဲ”

“ကျောက်ကျောက် တစ်နေ့ကျရင်လေ ကိုယ် မင်းကို တောင်တွေ မြစ်တွေ ကျော်ဖြတ်ပြီး ကျင်းနန်ရဲ့ နွေဦးရာသီ ရှုခင်းနဲ့ မြောက်ဘက်က နှင်းတွေကြည့်ဖို့ ခေါ်သွားပေးပါ့မယ်”

“အင်း…. ကျွန်မ ရှင့်ကို ယုံတယ်”

“နောက်ကျနေပြီ။ ကိုယ်တို့လည်း အိပ်ယာ၀င်ကြရအောင်လေ။”

“ဒါပေမဲ့ ကျွန်မမှ မအိပ်ချင်သေးတာကို…”

“ခဏနေ မင်းအိပ်ချင်လာမှာပါ” ရှန်းယောင်သည် သူမအားကြည့်လျက် တိတ်တဆိတ် ပြုံးလိုက်လေသည်။ ထို့နောက် သူသည် သူမအား မမျှော်လင့်ပဲ ကောက်ပွေ့လိုက်ကာ သူ့နောက်ရှိ အိပ်ခန်းထဲသို့ လျှောက်သွားလိုက်လေသည်။

ခေါင်ရမ်းပန်းနံ့သင်းနေသည့် အိပ်ရာလေးမှာ နွေးထွေးလှကာ နွေဦးညသည် တိုတောင်းလှပေသည်။ မိုးတိမ်များသည် အရုဏ်တက်ချိန် မရောက်ခင်မှာ ပျောက်ကွယ်သွားလေသည်။

နောက်တစ်ရက်-

ကျီကျောက်သည် မီးဖိုချောင်ထဲသို့ ခါးလေးထောက်ကာ ၀င်လာသည့်အချိန်၌ ကျောက်လန်ဟွာ၏ နှလုံးသားမှာ ယားယံလာလေသည်။

“စန်းလန်… ဒီကောင်စုတ်လေးကတော့ ကိုယ့်ဇနီးကို ဘယ်လိုချစ်ပေးရမယ်ဆိုတာ မသိဘူးပဲ”

“အမေ သမီးအထင်တော့ စန်းလန် ဒီလိုဖြစ်နေတာ အာ့ထောင်ကို အရမ်းချစ်လို့နေမှာပါ” အကြီးဆုံးမရီးရှန်းသည် မုန့်နှစ်နယ်နေရာမှ ရယ်မောကာ စနောက်လာလေသည်။

“အမှန်ပဲ အမေရေ….နောက်ထပ် မြေးတစ်ယောက် ရဖို့သာ စောင့်နေလိုက်တော့”

ဒုတိယမရီးရှန်းသည် မီးဖိုထဲ ထင်းထည့်နေရာမှ အပြုံးလေးဖြင့် ပြောလာလေသည်။

မရီးနှစ်ယောက်ရဲ့ စနောက်စကားများအား ကြားပြီးသည့်နောက် ကျီကျောက်၏ မျက်နှာမှာ ရဲသထက် ပိုရဲလာလေသည်။

“မင်းတို့နှစ်ယောက်ကရော မင်းတို့တွေ ပထမဆုံး လက်ထပ်တဲ့နေ့တွေတုန်းက အချိန်ကို မေ့နေကြပြီလား။ အကြီးဆုံးချွေးမလေး သမီး လက်ထပ်ပြီး တစ်လအကြာမှာ အမေနဲ့အတူ အိပ်ချင်ပါတယ်ဆိုပြီး အတင်း တောင်းဆိုခဲ့တာ မေ့သွားပြီလား။ ဒုတိယချွေးမလေး ထပ်ရယ်မနေနဲ့တော့။ သမီးရော အာ့လန် အိမ်ပြန်နားတဲ့ရက်တိုင်း နောက်ရက်ကြ အိပ်ရာထဲက ထွက်နိုင်တော့လို့လား” ကျောက်လန်ဟွာက အလေးအနက် ပြောလာလေသည်။

ဇနီးသည် သုံးယောက်လုံးမှာ ရှက်သွေးဖြန်းသွားကြရလေသည်။

ရုတ်တရက် လေထုမှာ အနည်းငယ် ရှို့တို့ရှန်းတန်း ဖြစ်လာလေသည်။

“အမေ…. သမီး ဖက်ထုပ်စွပ်ပြုတ် လုပ်ချင်တယ်” ကျောက်လန်ဟွာသည် ချောင်းအသာဟန့်ကာ ထူးဆန်းပြီး ရှို့တို့ရှန်းတန်းဖြစ်နေသည့် တိတ်ဆိတ်မှုအား ဖြိုခွဲလိုက်လေသည်။

“ကောင်းပါပြီ အမေ သမီးကို ပေါင်းအိုးသွားယူပေးမယ်”

“ကျေးဇူးပါ အမေ”

သူမလက်အား ဆေးကြောပြီးသည့်နောက် ကျီကျောက်သည် ဖက်ထုပ်စွပ်ပြုတ်အား စတင်ပြင်ဆင်လေသည်။

ကံကောင်းစွာဖြင့် ကျောက်လန်ဟွာသည် မနေ့ညက စွပ်ပြုတ်ရည်အား ကူညီပြင်ပေးထားသဖြင့် ကျီကျောက်အတွက် ဖက်ထုပ်စွပ်ပြုတ်လုပ်ရာတွင် အခက်အခဲ မရှိပေ။

အကြီးဆုံးမရီးရှန်းသည် မုန့်နှစ်နယ်ပြီးပြီ ဖြစ်သည့်အတွက် ကျီကျောက်သည် နုပ်နုပ်စဉ်းထားသည့် အသားများနှင့် ရောနယ်လိုက်လေသည်။ သူမသည် နုပ်နုပ်စဉ်းထားသည့် အသားများနှင့် အမျိုးမျိုးသော

ဟင်းခတ်အမွှေးအကြိုင်များအား ဇလုံအကြီးတစ်လုံးထဲ ထည့်လိုက်ကာ အသားနှင့် အမွှေးအကြိုင်များ လုံး၀ ရောနှောသွားသည်အထိ မွှေလိုက်လေသည်။ ထို့နောက် သူမ ကြိုတင်ပြင်ဆင်ထားသည့် စွပ်ပြုတ်ရည်အား ရောနှယ်ထားသည့် အမွှေးအကြိုင်များပေါ်သို့ လောင်းထည့်ကာ ထပ်နှယ်လိုက်လေသည်။

ကျီကျောက် အဆာပလာများအား ပြင်ဆင်နေချိန်၌ အကြီးဆုံးမရီးရှန်းသည် ဖက်ထုပ်အသားနှစ်အား စလုပ်နေပြီ ဖြစ်လေသည်။

“အာ့ထောင် ပေါင်းအိုးထဲမှာ ဘာလို့ ဆီတစ်ထပ် လူးထားတာလဲ” အကြီးဆုံးမရီးရှန်းသည် သူမ လုပ်နေသည့် အရာအား မြင်သည့်အခါ သိချင်စိတ်ဖြင့် မေးလာလေသည်။

“ပေါင်းအိုးထဲ ဆီလူးထားတာက စွပ်ပြုတ်ရည် ဆူလာတဲ့အခါ ပေါင်းရည်မှာ ဆီဝှေ့နေပြီး ဖက်ထုပ်စွပ်ပြုတ်ကို အရသာပိုရှိစေအောင်ပါ”

“မြို့တော်အနောက်ဖက်ကဆိုင်ကရော ရှောင်လုံပေါင်းလုပ်တဲ့အခါ ဒီနည်းလမ်းကို သုံးပြီး လုပ်တာလားဟင်” ဒုတိယမရီးရှန်းသည် အံ့အားသင့်စွာ ပြောလာလေသည်။ “အဲ့ဒီက ရှောင်လုံပေါင်းက အခြားဆိုင်တွေထက် စားလို့ ပိုကောင်းပေမဲ့ ဈေးနှုန်းကလဲ နှစ်ဆင့် ပိုပေးရတယ်လေ”

“ပေါင်းအိုးတစ်ခုမှာ ရှောင်လုံပေါင်း ခုနှစ်ခုပဲ ဆံ့တယ်။ ပုံမှန်ရောင်းဈေးက တစ်အိုးကို ( ၁၄ ) ဆင့် ရောင်းကြတယ်။ အနောက်လမ်းက ဆိုင်က အခြားဆိုင်တွေထက် ( ၂ ) ဆင့် ပိုတောင်းတာဆိုတော့ တစ်အိုးကို စုစုပေါင်း ( ၁၆ ) ဆင့် ကျတယ်။ ဒါပေမဲ့ သူတို့တွေ ပေါင်းအိုးထဲမှာ သုတ်လိမ်းထားတဲ့ ဆီကလည်း ငွေကုန်ကျပိုများတယ်။ ဒါကြောင့်မို့ အဲ့ဒီမနက်စာဆိုင်က ဈေးကြီးတယ်လို့လည်း ဆိုလို့ မရဘူး”

ကျီကျောက်သည် ပြုံးရင်းဖြင့် ရောင်းဈေးစာရင်းအား အလေးအနက် တွက်ပြလာလေသည်။

“ဒီလိုဆိုတော့လည်း အဓိပ္ပါယ်ရှိသားနော်” ဒုတိယမရီးရှန်းသည် တိတ်တဆိတ် ခေါင်းညိမ့်လိုက်လေသည်။

“ဒီလိုနည်းလမ်းမျိုးကြောင့် ( ၂ ) ဆင့် ပိုဈေးကြီးတာလို့ အစ်မ မထင်ထားမိခဲ့ရုံပါ။ အစ်မက သူတို့မိသားစုရောင်းတဲ့ ရှောင်လုံပေါင်း ဈေးကြီးနေရတဲ့ အကြောင်းရင်းက သူတို့က အသားတွေ အများကြီးသုံးထားလို့ဆိုပြီး ထင်နေတာ”

“တူညီတဲ့ ပါ၀င်ပစ္စည်းတွေက လူနှစ်ယောက်လက်ထဲမှာ မတူတဲ့ အရသာတွေ ထွက်အောင် လုပ်ဆောင်နိုင်တယ်။ ဒါ့အပြင် အရသာနဲ့ အသုံးပြုထားတဲ့ နည်းလမ်းတွေ ကွာခြားတာကြောင့်လဲ ဖြစ်ပါတယ်။ ဒါက အရမ်းကို သာမန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ” ကျီကျောက်က ပြုံးလိုက်ကာ သူမအား နှစ်သိမ့်ပေးလိုက်သည်။ “ဒါပေမယ့် ဒုတိယမရီး အစ်မသာ ညီမလုပ်ထားတဲ့ ဖက်ထုပ်စွပ်ပြုတ်ကို မြည်းပြီးသွားရင် အခြားသူတွေရဲ့ ချက်ထားတာက လုံး၀ အရသာ မရှိတော့ဘူးလို့ သေချာပေါက် တွေးမိမှာပါနော်”

“ဒါပေါ့ ဒါပေါ့” ဒုတိယမရီးရှန်းသည် ချက်ချင်းခေါင်းငြိမ့်ပြလိုက်ကာ တောက်ပသည့် အပြုံးလေးဖြင့် ပြန်ဖြေလာလေသည်။

ကျီကျောက်သည် ဖက်ထုပ်စွပ်ပြုတ်အပြင် အီကြာကွေးတချို့နှင့် မုန့်ခြောက်တချို့အား ပြင်ဆင်လေသည်။

သူမသည် အဆာပြေမုန့်များအား ဝေစုနှစ်ခုခွဲကာ ကျီချန်အား ပေးလိုက်သည်။

“ဒါက ဆရာစုန့်အတွက် ပေးလိုက်နော်” ကျီကျောက်သည် သူ့အား ကြည့်ကာ အလေးအနက် သတိပေးလာလေသည်။ “ဒါကတော့ မောင်လေးအတွက်”

“အစ်မ” ကျီချန်သည် အင်တင်တင်ဖြင့် သူ့ခေါင်းလေးအား ငုံ့လိုက်ကာ ပြောလာလေသည်။ “ကျွန်တော့်ကို မြို့တော်ကို လိုက်မပို့ပေးတော့ဘူးလားဟင်”

ကျီကျောက်သည် သူ့ခေါင်းလေးအား ပွတ်သပ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလေသည်။

“မင်းကို မိုင်တစ်ထောင် ပို့ပေးပြီးရင် ငါတို့ နှုတ်ဆက်ရလမ့်မယ်။”

ကျီကျောက်သည် သူနဲ့ ခွဲရမှာထက် လိုက်ပို့ရမည်အား ပိုကြောက်သည့်အတွက် သူ့အား လိုက်မပို့သည်က ပိုကောင်းပေသည်။

“ကျွန်…ကျွန်တော် အစ်မနဲ့ မခွဲနိုင်ဘူး” ကျီချန်သည် သူမ၏ လက်မောင်းထဲသို့ ပြေး၀င်ကာ တစ်ဆို့နေသည့် အသံဖြင့် ပြောလေသည်။

“ချန်ချန်….” ကျီကျောက်သည် သူ့အား စိုက်ကြည့်ကာ ညင်သာစွာ နှစ်သိမ့်ပေးလိုက်လေသည်။

“မောင်လေး သိရမှာက ခွဲခြားခြင်းတိုင်းက ပိုကောင်းတဲ့ ပြန်လည် ဆုံဆည်းခြင်းအတွက်တဲ့လေ”

“မိုင်ပေါင်းတစ်သောင်းလောက် ခရီးသွားတာက စာအုပ်ပေါင်းတစ်သောင်း ဖတ်တာထက် ပိုကောင်းတယ်လေ” ကျီကျောက်သည် သူ့ပါးလေးအားဆွဲလျက် ခိုင်မြဲသည့် အကြည့်ဖြင့် ပြောလေသည်။

“နှစ်သစ်ကူးရောက်တဲ့အချိန်ကျရင် အစ်မ မင်းအကြိုက် အသားချောင်းတွေ များများလုပ်ထားပေးမယ်နော်”

***

All Chapters