မင်း ကျေနပ်ပြီလား
Vol. 86-89 Ch. 1305
“ယဲ့ဖန် ရှိတဲ့နေရာတိုင်းမှာ ကျွန်မ ရှိနေမယ်”
ယဲ့ဖန် သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ။ သူမ တစ်ဘဝလုံးကို ယဲ့ဖန်နှင့်အတူ ကုန်ဆုံးသွားမည် ဖြစ်သည်။ ယဲ့ဖန် သေသွားခဲ့လျင် သူမ တမလွန်အထိ ယဲ့ဖန်ကို အဖော်ပြုပေမည်။
ထိုစကားကို ကြားသောအခါ စုဝမ်ချင်းနှင့် ချမ်ရှောက်ဖုန်းတို့ ပြိုင်တူ မျက်နှာ မည်းမှောင်သွားကြသည်။
“ကောင်းပြီလေ နင်က သေချင်နေမှတော့ ငါ နင့်ကို မတားတော့ဘူး”
စုဝမ်ချင်းက အေးတိအေးစက် ခနဲ့၍ ဘေး၌ ရပ်နေပြီး ဘာမှမပြောတော့ချေ။ သူမ ဤခွေးမနှင့် ဆင်းရဲသားတို့ ဘယ်လိုသေမလဲ သိချင်နေ၏။
“မိန်းကလေးကျုံး ဒါ ကျုပ် လူကြားထဲမှာ မိန်းကလေးတစ်ယောက်ကို ပထမဆုံးအကြိမ် ချစ်ရေးဆို ဖူးတာပဲဆိုတာ မင်း သိလား၊ ဒါပေမဲ့ မင်းက အရိပ်အကဲ မသိဘဲ ကျုပ်ကို အရှက်ရအောင် လုပ်ခဲ့တဲ့”
ချမ်ရှောက်ဖုန်းက အပြုံးတစ်ဝက်နှင့် ပြောလေသည်။ သူ့အသွင်အပြင်က သိမ်မွေ့ပုံ ပေါ်နေသေးသော်လည်း သူ့ကိုယ်မှ အေးစက်သော အငွေ့အသက်ကို လူတိုင်း ခံစားမိသည်။
“ဒါပေမဲ့ ငါက သဘောထားကြီးတဲ့ လူတစ်ယောက်ပါ၊ မင်း ဒီဆင်းရဲသားနဲ့ လမ်းခွဲမယ်လို့ ကြေညာသရွေ့ ငါ မင်းကို အပြစ်မယူဘူး ဘယ်လိုလဲ”
ချမ်ရှောက်ဖုန်းက ကျုံးလီအာကို အလွန် အေးစက်သော အမူအရာဖြင့် ကြည့်လာသည်။ ယခုတစ်ခေါက် တွင်လည်း ကျုံးလီအာ သူ့ကို ဘယ်လိုမျက်နှာသာ ပေးရမလဲ မသိပါက သူ ကျုံးလီအာကိုပါ အတူ ခံစားစေရန် ဝန်မလေးပါ။
“အိပ်မက် မက်မနေနဲ့၊ ကျွန်မ ယဲ့ဖန်နဲ့ လမ်းမခွဲဘူး”
ကျုံးလီအာ စိတ်ဆိုးမာန်ဆိုး ပြန်ပြောလေသည်။
*သူက ဘယ်သူမို့လို့ ငါ့လာပြီး အမိန့်ပေးနေတာလဲ*
“ဘာမှထပ်ပြောစရာ မရှိတော့ဘူးပေါ့”
ချမ်ရှောက်ဖုန်း ပြုံးနေသည်။
*ဘာမှထပ်ပြောစရာ မရှိတော့ဘူး*
ချမ်ရှောက်ဖုန်း ပြောချင်သော အဓိပ္ပာယ်ကို လူတိုင်း နားလည်သွားကြသည်။ ဤလူငယ်စုံတွဲ သေရမည်ဟု ဆိုလိုနေခြင်းပင်။
ယဲ့ဖန်က ရယ်မော၍ ချမ်ရှောက်ဖုန်းကို စိုက်ကြည့်လေသည်။
“အခြားသူတွေကို အာဏာနဲ့ အနိုင်ကျင့်တယ်၊ ချမ်းသာတဲ့အပြင် အာဏာပါ ရှိတာက ကောင်းသလား”
ထိုစကားကို ကြားသော် သရော်လှောင်ပြောင်သံများ တစ်သံပြီးတစ်သံ ထွက်လာ၏။ ဤစကားက အလွန် အဓိပ္ပာယ် မဲ့လှသည်။ ချမ်းသာ၍ အာဏာရှိခြင်းက ကောင်းပေသည်။ ထို့ထက်ကောင်းသော အရာ ဘာရှိသေး သနည်း။ ဆင်းရဲသားတစ်ယောက်သာ မေးနိုင်သည့် မေးခွန်းမျိုးပင်။
“ငါ့မှာ ပိုက်ဆံနဲ့ အာဏာရှိလို့ မင်းမိန်းမကိုလည်း လုနိုင်သလို မင်းကိုလည်း ဒီနေ့ ဒီတံခါးကနေ အသက်ရှင်လျက် ပြန်မထွက်သွားအောင် လုပ်နိုင်တယ်လေ၊ ပြောစမ်းပါဦး ချမ်းသာပြီး အာဏာရှိတာက မကောင်းဘူးလားလို့”
ချမ်ရှောက်ဖုန်းက သရော်၍ ပြန်ပြောလိုက်သည်။ လက်ရှိတွင် သူသည် မင်းသားခေါင်းဆောင်းကို ခွာချလိုက် လေပြီ။
ထိုအခိုက်တွင် လေထုအခြေအနေက သုညမှတ်သို့ ထိုးကျသွားပြီး ချမ်းစိမ့်လာသည်။ ချမ်ရှောက်ဖုန်း တကယ် ဒေါသထွက်နေပြီဟု လူတိုင်း သတိထားမိသွားသည်။
“အစ်ကို အရေးမပါတာတွေ ပြောမနေနဲ့၊ ဒီလိုအမှိုက်မျိုးက အစ်ကို အချိန်ပေးပြီး စကားပြောနေရမယ့်လူ မဟုတ်ဘူး”
ထိုစဉ် ချမ်ရှောက်ဖန့်က အနားသို့ ရောက်လာပြီး မျက်လုံးများက အဆိပ်ပြင်းသော မြွေတစ်ကောင်သဖွယ် စူးရှနေ၏။
“ငါ ဒီနေ့ ဧည့်သည်ကို ကြိုဆိုချင်ခဲ့တာ၊ ဒါပေမဲ့ သွေးတွေ ပေလာမှာလည်း မလိုချင်ဘူး၊ သူ့ကို အရမ်း လွယ်လွယ်ကူကူ မသေခိုင်းနဲ့”
ထိုသို့ပြောပြီးနောက် ချမ်ရှောက်ဖုန်းက နောက်လှည့်၍ ထွက်သွားလေသည်။ သူ့စကားပြောပုံက ပုရွက်ဆိတ်ကို နင်းသတ်ရန် ပြောနေသလိုပင်။
သို့သော် သူ့စကားအဆုံး၌ ခန်းမတစ်ခုလုံး အေးခဲလာပြီး ဓားများ ဝဲပျံလာသလို ခံစားရကာ လူတိုင်း စိတ်ဓာတ်ကျ၍ ချောက်ချားလာ၏။
*လူ့အသက်တစ်ချောင်းကို ယူခိုင်းတာက အိတ်ထဲက တစ်ခုခု ထုတ်လိုက်သလိုပဲ လွယ်လိုက်တာ*
ချမ်ရှောက်ဖုန်း၌ ခံစားချက် တစ်စိုးတစပင် မကျန်ခဲ့တော့ပေ။ ချမ်ရှောက်ဖုန်းကဲ့သို့ အဆင့်မြင့်သော လူတစ်ယောက်အတွက် ပြဿနာကောင်ကို ရှင်းခြင်းက စကားထဲ ထည့်ပြောရန်ပင် မထိုက်တန်ချေ။ သူ သတ်ချင်ပါက သတ်လိုက်ရုံပင်။
ထိုစဉ် ချမ်ရှောက်ဖန့်က ရှေ့တိုးလာပြီး ယဲ့ဖန်အား ကြောက်စရာကောင်းသော မျက်လုံးများနှင့် စိုက်ကြည့်၍ ရက်စက်စွာ ပြုံးလေသည်။
“ဟေ့ကောင် ငါ့ချမ်မိသားစုကို လာထိရင် မင်းကံကြမ္မာက သေခြင်းတရားပဲ ရှိမှာကွ”
“ဒါပေမဲ့ မင်း မသေခင် ဘယ်လိုလူမျိုးကို အပြစ်ပြုမိသလဲ ဆိုတာကို မင်း နားလည်လာအောင် ငါ လုပ်ပြမယ်”
သူ့မျက်နှာတွင် ထီမထင်ဟန် အကြည့်တစ်ခု ပေါ်လာသည်။
“မှတ်ထား၊ ငါ့ချမ်မိသားစုက အင်ပါယာရဲ့ နာမည်အကြီးဆုံး မိသားစုနှစ်ခုထဲက တစ်ခုပဲ၊ ယဲ့မိသားစုလိုပဲ အင်ပါယာမှာ နာမည်ကြီးတယ်၊ ယဲ့မိသားစုက သူတို့ရဲ့ အင်အားကြောင့် နာမည်ကြီးပြီးတော့ ငါတို့ ချမ်မိသားစုက ချမ်းသာကြွယ်ဝမှုနဲ့ နာမည်ကြီးတယ်၊ ဒါပေမဲ့ အခု ယဲ့မိသားစုက ပျက်စီးသွားပြီဆိုတော့ အင်ပါယာမှာ နာမည်အကြီးဆုံး မိသားစုက ငါတို့ပဲ ရှိတော့တာကွ”
“ငါတို့ ချမ်မိသားစုက တော်ဝင်မျိုးနွယ်နဲ့ သိပ်ရင်းနှီးတာ၊ ပထမ မင်းသမီးက ငါနဲ့ ငါ့အစ်ကိုကို သူ့မောင်လေးတွေလို သဘောထားတာ၊ ငါတို့ ချမ်မိသားစုက အင်ပါယာမှာ နာမည်ကြီးတော့ ငါနဲ့ ငါ့အစ်ကိုက ချမ်မိသားစုမှာ နှစ်ရာချီအတွင်း တစ်ခါမှ မမြင်ဖူးတဲ့ ပါရမီရှင်တွေလို့ ပြောကြတယ်၊ အသက်ငါးနှစ်မှာ ငါ သိုင်းစကျင့်ပြီးတော့ အသက်ဆယ်နှစ်မှာ ဈာန်ဝင်စားခြင်းအဆင့်ကို ငါ ရောက်နေပြီ၊ အသက် ဆယ့်ငါးနှစ်မှာ ငါတို့နှစ်ယောက်လုံး ဘုရင်အဆင့်ကို ရောက်ပြီးနေပြီ”
*ဘုရင်အဆင့်နှစ်ယောက်လား*
သူ့စကားကိုကြားပြီး လူတိုင်း ကြောက်လန့်သွားကြသည်။
*ထိတ်လန့်စရာ ကောင်းလိုက်တာ၊ ချမ်မိသားစုမှာ ဒီလို ကြီးမားတဲ့ ကံကောင်းမှုတွေ ရှိနေတာပဲ*
ညီအစ်ကိုနှစ်ယောက်လုံးက ဘုရင်အဆင့် ဖြစ်သဖြင့် သူတို့ထဲမှ တစ်ယောက်ကပင် ယဲ့ဖန်အား မြေမြှုပ်စရာ အလောင်း မရှိအောင် သတ်နိုင်ပေသည်။ ချမ်မိသားစုမှ သိုင်းပညာရှင်များပါ လှုပ်ရှားရန် အဘယ်ကြောင့် လိုအပ်မည်နည်း။
ယဲ့ဖန် ဒူးထောက်၍ တောင်းပန်လိမ့်မည်ဟု သူတို့ ထင်ထားခဲ့သော်လည်း ထိုသို့ ဖြစ်မလာပေ။ မထင်မှတ် ထားစွာပင် သူက ပြန်သရော်လာ၏။
“ဘုရင်အဆင့် နှစ်ယောက်မပြောနဲ့၊ အယောက်တစ်ထောင်ကျော် ရှိနေရင်တောင် ငါ့မျက်လုံးထဲမှာ မင်းတို့က အမှိုက်က အမှိုက်ပဲ”
သူ့စကားကို ကြားပြီး လူတိုင်း အကြီးအကျယ် မျက်နှာပျက်သွားကြသည်။
“အံ့ဩစရာပဲ၊ အခုထိ သေချင်နေတဲ့ လူတွေ ရှိသေးတာပဲ”
“တစ်ဖက်လူက ဘုရင်အဆင့်မှန်း သိပြီးတာတောင် ဒီလို ပြောရဲသေးတာလား၊ ဒီကောင့်ခေါင်းကို မြည်းကန် ထားတာလား”
“ဘုရင်အဆင့်ကို စော်ကားတယ်၊ ဒီကောင် သေဖို့ ဆုံးဖြတ်ထားတာလား”
“အချိန်ဖြုန်းမနေနဲ့ အဲ့ခွေးနှစ်ကောင်ကို မြန်မြန်ရှင်းလိုက်၊ ညစာစားပွဲက ဆက်လုပ်ရဦးမှာ”
ထိုအခိုက်တွင် ချမ်ဖုန်းလင်က စိတ်မရှည်စွာ ပြောလာ၏။ ယဲ့ဖန်၏ မောက်မာသော မျက်နှာထားကို သူ ထပ်မမြင်ချင်တော့ပေ။ ချမ်ရှောက်ဖန့်က အရေးမပါသော စကားများ မပြောတော့ဘဲ ကြောက်စရာကောင်းသော အပြုံးနှင့်အတူ မေးလိုက်သည်။
“ငါ လူသတ်ရင် အမြဲ သူတို့ကို ငါ့ကို ပျော်အောင် လုပ်နိုင်မယ့် အခွင့်အရေး ပေးတယ်၊ သူတို့ ငါ့ကို ကောင်းကောင်း ပျော်အောင် လုပ်နိုင်ရင် ငါ သူတို့ကို ပိုပြီး ပျော်ပျော်ပေးသေခိုင်းတယ်၊ မဟုတ်ရင်တော့ သူတို့ သေတာထက် ဆိုးတာမျိုးနဲ့ ကြုံရတယ်”
“အခုလည်း ငါ မင်းကို အဲ့လို အခွင့်အရေးမျိုး ပေးမယ်၊ ဒါပေမဲ့ မင်းရဲ့ အခွင့်အရေးက တစ်ကြိမ်ပဲ၊ အခု စတော့”
ထိုစကားတွင် ရက်စက်မှုနှင့် သွေးဆာသော အငွေ့အသက်များ ပါဝင်နေ၏။ သူ့အကြည့်က တကယ် လူသတ်ချင်သော အကြည့်သို့ ပြောင်းလဲသွားလေသည်။
လူတိုင်း အသက်အောင့်ထားမိပြီး မျက်နှာများ ဖြူရော်လာကာ
လူတိုင်း အသက်အောင့်ထားမိပြီး မျက်နှာများ ဖြူရော်လာကာ ချမ်ရှောက်ဖန့်အား ကြောက်လန့်တကြား ကြည့်နေကြသည်။
သူတို့အရှေ့မှ လူ၏ လက်ထဲတွင် အသက်ပေါင်း ထောင်ချီ၍ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်သာ ဤသို့သော ကြောက်စရာကောင်းသည့် လူသတ်ချင်သော အငွေ့အသက်မျိုးကို ဖော်ထုတ်နိုင်ခြင်း ဖြစ်လေသည်။
“ကောင်းပြီလေ စကြတာပေါ့”
ယဲ့ဖန်က ခေါင်းညိတ်၍ အပိုစကားများ မပြောတော့ဘဲ ခန္ဓာကိုယ်ကို ဖျတ်ခနဲ လှုပ်ရှားလိုက်သည်။ ယဲ့ဖန်၏ လှုပ်ရှားမှုကို မြင်သောအခါ ချမ်ညီအစ်ကို နှစ်ယောက်လုံး ချက်ချင်း မျက်နှာပျက်သွားသည်။
“သတိထား”
ချက်ချင်းဆိုသလိုပင် ချမ်ရှောက်ဖုန်းက ဆောက်တည်ရာမရသော အမူအရာနှင့် ကျယ်လောင်စွာ အော်ဟစ်လေသည်။
“သေချင်နေတာပဲ”
ယဲ့ဖန်က ပုံမှန်မဟုတ်ကြောင်း ချမ်ရှောက်ဖန့် သတိထားမိသော်လည်း ယခုအခါ၌ ယဲ့ဖန်က အနားသို့ ချဉ်းကပ် လာသဖြင့် သူ တိုက်ခိုက်ရပေတော့မည်။
သူသည် လက်နှစ်ဖက်လုံးကို ဆန့်ထုတ်၍ ကျားသစ်နက်က လူ့နှလုံးကို ဖောက်ထုတ်ရန် ကြိုးစားသကဲ့သို့ ယဲ့ဖန်၏ ရင်ဘတ်အား ထိုးဖောက်ရန် ကြိုးစားလေသည်။ သူ့အရှိန်က အလွန် လျင်မြန်လှပြီး လေတိုးသံများပင် ကြားလာရသည်။
ထိုလက်ချောင်းကြားထဲ၌ တာအိုစွမ်းအင် အစအနများ ရှိနေသည်ကို မြင်နေရပြီး ကြောက်စရာကောင်းသော အရှိန်ဖြင့် ယဲ့ဖန်၏ ရင်ဘတ်ထံသို့ တိုးဝင်လာ၏။
နတ်ဘုရား ဖျက်ဆီးခြင်းလက်သည်း။ ၎င်းသိုင်းပညာသည် ချမ်မိသားစု ပိုက်ဆံများစွာပေး၍ ဝယ်ယူခဲ့သော သိုင်းပညာ ဖြစ်ပြီး ပြိုင်ဘက်ကင်းကာ ယခုထက်ထိ လွဲချော်မှု မရှိသေးပေ။
ရန်သူအား အသာလေး ထိန်းချုပ်နိုင်ပြီး တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သည်။ ဘုရင်အဆင့် ဖြစ်နေလျင်တောင်မှ လွယ်လွယ်ကူကူ သတ်ပစ်နိုင်၏။
ဤနှစ်ပိုင်းအတွင်း သူ့သိုင်းကွက်တွင်း၌ သေဆုံးခဲ့သော ဘုရင်အဆင့်များသည် ဆယ်ယောက်ပင် ကျော်နေ လေပြီ။
ချမ်ရှောက်ဖန့် ဤသိုင်းကွက်ကို တန်းထုတ်သုံးရသည့် အကြောင်းရင်းမှာ သူ့ရှေ့မှ ဆင်းရဲသားက ထင်ထားသလို မရိုးရှင်းကြောင်း သိလိုက်သောကြောင့်ပင်။ ထို့ကြောင့် သတိလွတ်၍ မရပေ။
ဤသည်ကိုမြင်မှ ချမ်ရှောက်ဖုန်း စိတ်အေးသွားပြီး တစ်ကိုယ်တည်း ရေရွတ်လေသည်။
“ကြည့်ရတာ ငါ မင်းကို အထင်သေးခဲ့မိတဲ့ပုံပဲ၊ ဒါပေမဲ့ မင်း ငါ့ညီနဲ့ လာတွေ့တာက ကံဆိုးတာပဲ၊ မင်းအတွက် အဆုံးသတ်က သေခြင်းပဲ ရှိနေတော့မှာ”
ထို့နောက် သူသည် ယဲ့ဖန် တစ်စစီ ဖြစ်သွားတော့မည့် မြင်ကွင်းကို မြင်ယောင်ပြီး အလွန် ကျေနပ်ပျော်ရွှင်သော မျက်နှာထား ဖြစ်လာလေသည်။
ချမ်ဖုန်းလင်သည် ဂရုမစိုက်သော ဟန်ပန်ဖြင့် သူ့ရေနွေးကြမ်းကိုသာ သောက်နေသည်။ သူ ထိုနေရာသို့ တစ်ချက်ပင် လှည့်မကြည့်ချေ။ သူ့စိတ်ထဲတွင် သူ့သားသည် နဂါးတစ်ကောင် ဖြစ်သဖြင့် ဤအမှိုက်ကောင်ကို သတ်သည်က လွယ်ကူလှသည်ဟု တွက်ထားသည်။
စုဝမ်ချင်းသည်လည်း ယဲ့ဖန် နုတ်နုတ်စင်းခံရပါစေဟု မျှော်လင့်နေသကဲ့သို့ ဝမ်းသာကျေနပ်ဟန် ပြနေသည်။ ချမ်မိသားစုဝင်များအားလုံးသည်လည်း အထင်သေးစွာ လှောင်ရယ်လိုက်ပြီး ယဲ့ဖန်အား သွေးဆာသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ထိုအခိုက်တွင် ယဲ့ဖန်နှင့် ချမ်ရှောက်ဖန့်တို့သည် အချင်းချင်း ထိပ်တိုက်တွေ့နေ၏။ ချမ်ရှောက်ဖန့်က အဆိပ်ပြင်းသော မြွေတစ်ကောင်သဖွယ် ကြောက်စရာကောင်းနေပြီး လက်သည်းနှစ်ဖက်ဖြင့် ယဲ့ဖန်၏ ရင်ဘတ်ကို ထိုးဖောက်လာသည်။
သို့သော် ထိုအခိုက်တွင် ယဲ့ဖန်ကလည်း လက်နှစ်ဖက်ကို ဆန့်ထုတ်လာလေသည်။
“ဘာလဲ ဒီနတ်ဘုရား ဖျက်ဆီးခြင်း လက်သည်းကို မရရအောင် တားမလို့ ကြံနေတာလား၊ သူ့ဦးနှောက်က ချောင်နေတာလား”
ဤသည်ကိုမြင်သော် ချမ်မိသားစုဝင်များအားလုံးက ယဲ့ဖန်၏ မိုက်မဲမှုကို စောင်းပါးရိပ်ခြည် ပြော၍ ရယ်မောကြလေသည်။
နတ်ဘုရား ဖျက်ဆီးခြင်းလက်သည်းသည် အလွန် ပြင်းထန်ပြီး ဘယ်အရာကမှ မခုခံနိုင်ချေ။ ယခင်က ခုခံရန် ကြိုးစားသူများအားလုံး သေဆုံးရသည်ပင်။
*ယဲ့ဖန် မင်း တော်တော် မဆင်မခြင် လုပ်တာပဲ
“တော်တော် မိုက်မဲတာပဲ၊ ငါ မင်းကို သပ်သပ်ရပ်ရပ်လေး သေစေချင်တာကို မင်းက ပြဿနာ ရှာတာပဲ”
“ဂျွတ်”
ထို့နောက်တွင်မူ အားလုံး၏ အကြည့်အောက်၌ ချမ်ရှောက်ဖန့်၏ လက်သည်းက ယဲ့ဖန်ကြောင့် ပြတ်ထွက်သွား လေသည်။
*မဖြစ်နိုင်ဘူး*
ချမ်ရှောက်ဖုန်း၏ လှောင်ပြုံးက ချက်ချင်း အေးခဲသွားသည်။ မားမားမတ်မတ် ထိုင်နေသည့် ချမ်ဖုန်းလင် သည်လည်း ချက်ချင်း ထရပ်လာ၏။ နှစ်ယောက်လုံး၏ မျက်နှာတွင် မယုံနိုင်ဟန်များ ထင်ဟပ်နေသည်။
*နတ်ဘုရား ဖျက်ဆီးခြင်းလက်သည်းက တကယ်ကြီး တားဆီးခံလိုက်ရတာလား*
“မင်း”
လက်ရှိတွင် အထိတ်လန့်ဆုံးသူမှာ ချမ်ရှောက်ဖန့်ပင်။ ယဲ့ဖန်၏ နာနာကျင်ကျင် အော်ဟစ်ကာ ရှုံးနိမ့်သွားရမည့် အဖြစ်ကို သူ မြင်ယောင်နေသော်လည်း လက်တွေ့ရလဒ်က သူ့ကို အပြင်းအထန် ထိုးနှက်သွားလေသည်။
“ဒါနဲ့ မင်းကျေနပ်အောင် လုပ်ဖို့ လုံလောက်လား”
ယဲ့ဖန်က တစ်ခွန်းချင်း ပြောလိုက်ပြီး မျက်လုံးတွင် ဒေါသရိပ်များ ပြည့်နှက်နေ၏။ ကောင်းကင်ကို တုန်လှုပ် စေနိုင်သည့် နတ်ဆိုးနတ်ဘုရားကဲ့သို့ သူ၏ လှုပ်ရှားမှုတိုင်း၌ ဒေါသမိုးကြိုးများ ပါဝင်နေသည်။
ထိုအခိုက်တွင် ချမ်ရှောက်ဖုန်း ကြက်သီးထနေလေသည်။
*ဒီလူ … သူက နတ်ဆိုးပဲ*
“မင်း မပြောဘူးဆိုတော့ မလုံလောက်ဘူးနဲ့တူတယ်၊ ဒါဆိုလည်း ဆက်လုပ်တာပေါ့”
ထိုစကားအဆုံး၌ လက်ပြတ်က ချမ်ရှောက်ဖန့်ဘက်သို့ ပြန်လှည့်လာပြီး ရင်ဘတ်ထဲသို့ ထိုးစိုက်သွားသည်။
တစ်ခုခု ကြေမွပျက်စီးသွားသည့် အသံတစ်သံ ထွက်ပေါ်လာ၏။
*ရက်စက်လွန်းတယ်၊ တစ်ချက်ကလေးတောင် မတုံ့ဆိုင်းဘူး*
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ လူတိုင်း ကြက်သေ သေကာ ကျောက်ရုပ်သဖွယ် မလှုပ်မယှက် ရပ်နေမိပြီး ကြောက်လန့်ကာ ရီဝေသော မျက်လုံးများဖြင့် ကြည့်နေမိကြသည်။
*ဘယ်လိုဖြစ်တာလဲ*
*ဒီလူက ချမ်ရှောက်ဖန့်ကို သတ်လိုက်တာလား*
*ဘုရင်အဆင့်တစ်ယောက်ကို သတ်လိုက်တာလား*
ထို့နောက် ချမ်ရှောက်ဖန့်သည် သွေးအန်လာပြီး သွေးထဲ၌ အသားစများပင် ပါနေ၏။ သူ့နှလုံးသည် ယဲ့ဖန်ကြောင့် သို့မဟုတ် သူ၏ နတ်ဘုရား ဖျက်ဆီးခြင်း လက်သည်းကြောင့် ကြေမွသွားလေသည်။
သူ၏ အမူအရာက လေးလံထိုင်းမှိုင်းနေပြီး တစ်နေ့၌ သူ၏ သိုင်းကွက်အောက်တွင် သေရလိမ့်မည်ဟု ထင်မထားမိပါ။ သူသည် ယဲ့ဖန်အား အရှက်ခွဲခံရသည်ကို မလိုလားဘဲ မုန်းတီးသော အကြည့်ဖြင့် စိုက်ကြည့် လိုက်သည်။
*ဘာလို့ ဒီလူက ငါ့ထက် ပိုရက်စက်နေရတာလဲ*
ယဲ့ဖန်က သူ့ကို အထင်သေးစွာ ကြည့်လိုက်ပြီး သူ့အား ထပ်၍ ခေါင်းမွေးထောင်သွားစေမည့် အသံဖြင့် ပြောလိုက်သည်။
“ဒီလောက်ဆိုရင်ရော မင်း ကျေနပ်ပြီလား”
စာစဉ် ၈၇ ဤတွင် ပြီးပါပြီ။