← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အပိုင်း ၂၃၅

"သူဌေး..ယန်ဒါ တက္ကသိုလ်က ပေးလှူမှုတွေနဲ့ ပညာသင်ဆုကိစ္စအတွက် အုပ်စုကို ဆက်သွယ်လာပါတယ်။ ဒဿနိကဗေဒဌာနမှူးက မနက်ဖြန် ဥက္ကဋ္ဌကို ကျောင်းကိုလာပေးဖို့ ဖိတ်ကြားထားပါတယ်"

"ပညာသင်ဆုတွေကို ငါမသုံးတော့ဘူး၊ လိုအပ်တဲ့ ကျောင်းသားတွေကိုပဲ ပေးလိုက်ပါ။ အလှူငွေကတော့ လုံထန်အုပ်စုနာမည်နဲ့ ယန်ဒါကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ လှူမယ်" လ

လင်းဖန် က သူ၏စာကြည့်ခန်းထဲတွင် အေးအေးလူလူ ထိုင်ရင်း ဆိုလိုက်သည်။

"ဒါနဲ့ မနက်ဖြန်က ဘာနေ့မို့လို့ ဌာနမှူးက ငါ့ကို အတင်းပြန်လာခိုင်းနေတာလဲ"

တကယ်တော့ လင်းဖန် ကျောင်းဝင်ခွင့်ရပြီးကတည်းက ဌာနမှူး ရန်ဟိုင်ဖုန်းနဲ့ သဘောတူညီချက် ရယူထားတာ နှစ်နှစ်နီးပါး ရှိပါပြီ။

စာမေးပွဲဖြေချိန်ကလွဲရင် သူ ကျောင်းဝင်းထဲကို ခြေမချသလောက်ပါပဲ။ ယန်ဒါရဲ့ ဒဿနိကဗေဒဌာနဟာ ၁၉၁၄ ခုနှစ်ကတည်းက ပညာရှင်ပေါင်းများစွာ မွေးထုတ်ပေးခဲ့တဲ့ သမိုင်းဝင်ဌာနတစ်ခုဖြစ်ပြီး ပညာရေးပိုင်းမှာလည်း အလွန်လွတ်လပ်တဲ့ စတိုင်ရှိပါတယ်။

စာမေးပွဲရလဒ်ကောင်းနေသရွေ့ ကျောင်းသားကို သိပ်ပြီး ချုပ်ချယ်လေ့မရှိချေ။

"သူဌေးကလည်း မေ့နေတာလား မနက်ဖြန်က ယန်ဒါရဲ့ နှစ်ပတ်လည် ကျောင်းသားသစ်မောင်မယ်ပွဲလေ"

မိုရှင်းယာက မျက်စောင်းလေးထိုးကာ ပြောလိုက်သည်။

"အော်... ဟုတ်သားပဲ။ အဲ့ဒါဆိုရင်တော့ ပြန်သွားရမှာပေါ့။ ဌာနမှူးကို ဖုန်းဆက်လိုက်ပါ၊ ငါ မနက်ဖြန် အရောက်လာခဲ့မယ်လို့"

ယန်ဒါတက္ကသိုလ်ဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ဖြစ်ပြီး အစိုးရအရာရှိကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့တာပါ။

လုံထန်ဂရုအခုလို ချောချောမွေ့မွေ့ တိုးတက်လာတာဟာ ကုမ္ပဏီရဲ့ အစွမ်းအစကြောင့်တင် မဟုတ်ဘဲ ယန်ဒါဒဿနိကဗေဒဌာနရဲ့ ကျောထောက်နောက်ခံ ပံ့ပိုးမှုတွေလည်း ပါဝင်နေတာဖြစ်လို့ လင်းဖန် အနေနဲ့ ဒီကျေးဇူးတရားကို မမေ့ပေ။

နောက်တစ်နေ့ နံနက် ၈ နာရီခွဲအချိန်...

လင်းဖန် ကျောင်းသို့ ကားမောင်းလာစဉ် မိုရှင်းယထံသို့ ကျန်းဖုန်းထံမှ ဖုန်းဝင်လာသည်။

"သူဌေး... သတင်းရတာကတော့ သူဌးကျောင်းကိုလာမယ်ဆိုတာ သိသွားလို့ ပါမောက္ခချုပ် လီယန့်နျန်နဲ့ ဌာနမှူး ရန်ဟိုင်ဖုန်းတို့ကိုယ်တိုင် ကျောင်းပေါက်ဝမှာ လာကြိုနေကြတယ်တဲ့"

ထိုစကားကြောင့် လင်းဖန် မျက်နှာ ပျက်သွားရသည်။

"ဒုက္ခပဲ... တက္ကသိုလ်အကြီးအကဲတွေက ငါ့ကို လာကြိုတယ်ဆိုရင် လူတွေပြောစရာ ဖြစ်ကုန်တော့မှာပေါ့"

"သူဌေးက ယန်ဒါကို ဒေါ်လာ သန်း ၅၀၀ တောင် လှူထားတာလေ။ အဲ့ဒါ ယွမ်မဟုတ်ဘူးနော်၊ အမေရိကန်ဒေါ်လာ။ ဒီလောက်ကြီးမားတဲ့ အလှူငွေအတွက် ပါမောက္ခချုပ်ကိုယ်တိုင် လာကြိုတာဟာ မဆန်းပါဘူး"

မိုရှင်းယာက ဆိုသည်။

အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဆိုသည်မှာ ယွမ်ငွေ ၃ ဘီလီယံခန့် ရှိပြီး ၎င်းမှာ တရုတ်တက္ကသိုလ်များ သမိုင်းတွင်သာမက ကမ္ဘာ့တက္ကသိုလ်များတွင်ပါ အကြီးမားဆုံး အလှူငွေစာရင်းဝင် ဖြစ်သည်။ ယခင်က ဟားဗတ်တက္ကသိုလ်သို့ ချန်ညီအစ်ကိုများက ဒေါ်လာ ၃၅၀ သန်း လှူဒါန်းခဲ့ခြင်းမှာ အကြီးမားဆုံး စံချိန်ဖြစ်ခဲ့သော်လည်း ယခု လင်းဖန် ၏ အလှူက ထိုစံချိန်ကို ကျော်ဖြတ်သွားပြီဖြစ်သည်။

မကြာမီပင် လင်းဖန် စီးနင်းလာသော Rolls-Royce Silver Phantom ကားကြီးသည် Mercedes-Benz G-Class သုံးစီး၏ ခြံရံမှုဖြင့် Yanda တက္ကသိုလ် ပင်မဂိတ်ဝသို့ ဆိုက်ရောက်လာသည်။

ထိုကဲ့သို့ အဖိုးတန်ဇိမ်ခံကားကြီးကို မြင်လိုက်ရသဖြင့် ကျောင်းသားများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ကားတံခါးပွင့်လာပြီး လင်းဖန် ထွက်လာသောအခါ အားလုံး မှင်တက်သွားကြသည်။ သူသည် လုပ်ငန်းရှင်ကြီးတစ်ဦးနှင့် မတူဘဲ ကျောင်းသားတစ်ဦးနှင့်သာ ပိုတူနေသောကြောင့်ဖြစ်သည်။

"ပါမောက္ခချုပ်ခင်ဗျာ... မိတ်ဆက်ပေးပါရစေ။ ဒါကတော့ လုံထန်အုပ်စုရဲ့ ဥက္ကဋ္ဌဖြစ်ပြီး ကျွန်တော်တို့ ဒဿနိကဗေဒဌာနရဲ့ ထူးချွန်ကျောင်းသား လင်းဖန် ပါပဲ"

ဌာနမှူး ရန်ဟိုင်ဖုန်းက ဂုဏ်ယူစွာဖြင့် မိတ်ဆက်ပေးလိုက်သည်။

အသက် ၆၀ အရွယ် ပါမောက္ခချုပ် လီယန့်နျန်က ပြုံးလျက် လင်းဖန် ၏ လက်ကို လှမ်းဆွဲကာ နှုတ်ဆက်သည်။

"ကျောင်းသား လင်းဖန်... မင်းရဲ့ ရက်ရောလှတဲ့ အလှူငွေအတွက် ကျောင်းကိုယ်စား ကျေးဇူးတင်ပါတယ်။ ကျောင်းဝင်းထဲကို ပြန်လာတာကိုလည်း နွေးထွေးစွာ ကြိုဆိုပါတယ်"

လင်းဖန် ကလည်း ချက်ချင်းပင် လက်အုပ်ချီ နှုတ်ဆက်ကာ...

"ပါမောက္ခချုပ်ကြီးကလည်းဗျာ၊ ကျွန်တော်က ကျောင်းသားတစ်ယောက်အနေနဲ့ တတ်နိုင်သလောက်လေး လုပ်ပေးတာပါ"

နှိမ့်ချစွာ ဆိုလိုက်သည်။ ပါမောက္ခချုပ် လီယန့်နျန်မှာ နိုင်ငံကျော် ပညာရေးပညာရှင်ကြီး ဖြစ်သဖြင့် လင်းဖန် အနေဖြင့် မည်မျှပင် ချမ်းသာစေကာမူ ဝါရင့်ဆရာကြီးအပေါ် အထူးပင် ရိုသေမှု ထားရှိပါသည်။

ထိုမြင်ကွင်းကို ကြည့်နေကြသည့် ကျောင်းသားများမှာမူ မည်သူမည်ဝါမှန်း မသိကြသော်လည်း ဖုန်းများဖြင့် ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်ပေါ်သို့ ချက်ချင်းပင် တင်လိုက်ကြလေတော့သည်။

.......................................................

အပိုင်း ၂၃၆

"ဆရာများအားလုံး မင်္ဂလာပါခင်ဗျာ"

ချက်ချင်းဆိုသလိုပင် လင်းဖန်သည် ထိုနေရာရှိ ပါမောက္ခများနှင့် ကထိကများအားလုံးကို ရိုသေစွာ နှုတ်ဆက်လိုက်သည်။

ဤနေရာတွင် သူသည် ဆရာသမားကို ရိုသေလေးစားတတ်သည့် အမူအကျင့် (သို့မဟုတ် အရှေ့တိုင်းသားတို့၏) မြင့်မြတ်သော ဓလေ့စရိုက်ကို ပြသလိုက်ခြင်းပင်။

"ကောင်းတယ်... သိပ်ကောင်းတာပဲ! ငါတို့ယန်ဒါမှာ ဒီလို စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက် ရှိနေလိမ့်မယ်လို့ ထင်တောင်မထင်ထားမိဘူး"

ပါမောက္ခချုပ် လီဟဲနျန်က လင်းဖန်ကို ကြည့်ပြီး တချီးကျူးထဲ ချီးကျူးနေတော့သည်။ ၂၁ ရာစုသို့ ရောက်လာသည်နှင့်အမျှ စီးပွားရေးသည် အဆုံးအဖြတ်ပေးနိုင်သော အင်အားတစ်ရပ် ဖြစ်လာခဲ့ပြီး အင်တာနက်စီးပွားရေးကြောင့် ချမ်းသာကြွယ်ဝသူများစွာ ပေါ်ထွက်လာခဲ့သည်။

၁၉၉၉ မှ ၂၀၁၀ အတွင်း ယန်ဒါကျောင်းဆင်းများထဲမှ ဘီလီယံနာ ၇၉ ဦးအထိ ပေါ်ထွက်ခဲ့သဖြင့် ပြည်တွင်းတက္ကသိုလ်များတွင် ထိပ်ဆုံးက ရပ်တည်ခဲ့ဖူးသည်။

သို့သော်လည်း ယခုအချိန်အထိ လင်းဖန်နှင့် ယှဉ်နိုင်သူ တစ်ယောက်မှ မရှိသေးပေ။ Baidu ကို တည်ထောင်သူ ရော်ဘင်လီပင်လျှင် နိုင်ငံရပ်ခြား၌ မာစတာဘွဲ့ယူခဲ့ပြီး အလုပ်အတွေ့အကြုံများ ရှိခဲ့သူဖြစ်သည်။

လင်းဖန်ကဲ့သို့ ကျောင်းတက်ရင်းနှင့် ကမ္ဘာကျော် ကုမ္ပဏီကြီးကို တည်ထောင်နိုင်သူမှာ အမှန်တကယ် ရှားပါးလှသည်။

ယခုအခါ လုံထန်အုပ်စုသည် ကမ္ဘာ့ထိပ်သီး နည်းပညာကုမ္ပဏီကြီးများနှင့် ယှဉ်ပြိုင်နိုင်သည့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်နေရာ ယန်ဒါတက္ကသိုလ်အတွက် မည်မျှ ဂုဏ်ယူစရာကောင်းသနည်း။

"ပါမောက္ခချုပ်ရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်က အဲ့လောက်ထိ မဟုတ်ပါဘူးခင်ဗျာ"

လင်းဖန်က နှိမ့်ချစွာ ပြန်ပြောလိုက်သည်။

ထို့နောက် သူက ဒဿနိကဗေဒဌာနမှူး ရန်ဟိုင်ဖုန်းကို ကြည့်ကာ လေးလေးစားစား ဦးညွှတ်လိုက်သည်။ အကယ်၍ ရန်ဟိုင်ဖုန်း၏ ပံ့ပိုးမှုသာမရှိလျှင် သူသည် ယနေ့ကဲ့သို့ ချောချောမွေ့မွေ့ တိုးတက်လာနိုင်မည် မဟုတ်ပေ။

"နှစ်နှစ်အတွင်းမှာ မင်းက နိုင်ငံရဲ့ ထိပ်တန်းလုပ်ငန်းရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါ တကယ်မထင်ထားခဲ့ဘူး"

ရန်ဟိုင်ဖုန်းက ဝမ်းသာအားရ ဆိုသည်။

"ဌာနမှူးကြီးခင်ဗျာ... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ဆရာ့ရဲ့ ကျောင်းသားပါပဲ"

"ကဲ... အထဲဝင်ကြရအောင်၊ ဒီမှာ လူတွေ အရမ်းများလာပြီ"

ပါမောက္ခချုပ်က ဆိုကာ အားလုံးကို ကျောင်းဝင်းအတွင်းသို့ ခေါ်ဆောင်သွားလေတော့သည်။

လင်းဖန် ကျောင်းထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ယန်ဒါ၏ ဖိုရမ်များနှင့် WeChat တို့တွင် သတင်းများ ပျံ့နှံ့သွားသည်။

ကျောင်းသားဆောင် အမှတ် ၁၀၇ တွင်လည်း လင်းဖန်၏ အဆောင်ဖော်သူငယ်ချင်းများ ဖြစ်ကြသော ကျန်ချန်း၊ ချန်စီအန်း နှင့် ဖန်ချန်းကျင်း တို့သည် ဖုန်းကိုယ်စီဖြင့် မှင်တက်နေကြသည်။

လင်းဖန်သည် ၂၀၁၈ ခုနှစ်က လူရည်ချွန်အဖြစ် ကျောင်းဝင်ခဲ့သော်လည်း အဆောင်တွင် မနေဘဲ စာမေးပွဲဖြေချိန်မှသာ ပေါ်လာလေ့ရှိသူ ဖြစ်သည်။

"ဟေ့ကောင်တွေ... ခဏနေဦး၊ အကြီးအကျယ် ဖြစ်နေပြီဟ"

ကျန်ချန်းက အော်ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ဒီမှာကြည့်... ဒါ လင်းဖန် မဟုတ်လား"

သူငယ်ချင်းများအားလုံး ဖုန်းမျက်နှာပြင်ဆီသို့ စုပြုံကြည့်လိုက်ကြသည်။ ထိုနေရာတွင် Rolls-Royce ကားကြီးဘေး၌ ရပ်နေသော လင်းဖန်၏ ပုံရိပ်ကို တွေ့လိုက်ရသည်။

"ဟုတ်တယ်... ဒါ လင်းဖန်ပဲ၊ ဘေးက အမျိုးသမီးက သူ့အတွင်းရေးမှူးလေ"

ချန်စီအန်းက အတည်ပြုသည်။

"ဒါပေမဲ့ ပါမောက္ခချုပ်ကိုယ်တိုင် ထွက်ကြိုရအောင် သူက ဘာများဖြစ်နေလို့လဲ"

"ဟေ့ကောင်တွေ... ဒီအမျိုးသမီးက လုံထန်အုပ်စုရဲ့ ဥက္ကဋ္ဌ လက်ထောက် မဟုတ်လား..ငါ သတင်းစာရှင်းလင်းပွဲမှာ တွေ့ဖူးတယ်"

ဖန်ချန်းကျင်းက ဆိုလိုက်သည်။ သူသည် ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူဖြစ်သဖြင့် သတင်းအချက်အလက်ပိုင်းတွင် အလွန်နှံ့စပ်သူ ဖြစ်သည်။

"မင်းပြောတာဆိုရင်... လုံန်ရဲ့ ဥက္ကဋ္ဌ နာမည်ကလည်း လင်းဖန်ပဲ မဟုတ်လား"

ချန်စီအန်း၏ စကားအဆုံးတွင် အဆောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ သူတို့နှင့် အတူတူ စာမေးပွဲဖြေနေသော သူငယ်ချင်းမှာ ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီး၏ ပိုင်ရှင်ဖြစ်နေသည်ဟူသော အချက်က သူတို့ကို ဆွံ့အသွားစေခဲ့သည်။

ထိုနေ့ နံနက် ၉ နာရီတွင် ယန်ဒါဖိုရမ်၌ သတင်းတစ်ပုဒ် ပေါ်ထွက်လာပြီး ကြည့်ရှုသူပေါင်း သောင်းနှင့်ချီ ရှိသွားခဲ့သည်။

《လုံထန်အုပ်စု၏ ဥက္ကဋ္ဌ လင်းဖန် — ကျွန်ုပ်တို့ကျောင်း၏ သမိုင်းတစ်လျှောက် အထူးချွန်ဆုံးကျောင်းသား၊ ၂၀၁၈ ခုနှစ် ကျောင်းဝင်ခွင့်စာမေးပွဲတွင် အမှတ်ပြည့်ရခဲ့သူ》

သတင်းအချက်အလက်များစွာအရ လုံန်အုပ်စု တည်ထောင်ချိန်နှင့် လင်းဖန် ကျောင်းဝင်ချိန်တို့မှာ တိုက်ဆိုင်နေသဖြင့် ၎င်းတို့မှာ တစ်ဦးတည်းဖြစ်ကြောင်း အားလုံးက ယုံကြည်သွားကြသည်။

"ဘုရားရေ... ငါတို့က နတ်ဘုရားနဲ့ တစ်ကျောင်းတည်း တက်နေတာပဲ..ငါသွားပြီး အကူအညီတောင်းရမလား မသိဘူး"

"မင်းကလည်း... သူ့ဘေးက အတွင်းရေးမှူးလေးကို ကြည့်ဦး၊ မင်းကို သူက လှည့်တောင်ကြည့်မှာ မဟုတ်ဘူး"

"လုံထန်ဥက္ကဋ္ဌနဲ့ သူငယ်ချင်းဖြစ်ရတာ တကယ်ကို ဂုဏ်ယူစရာပဲ"

ကျောင်းသားများသာမက ဆရာများအကြားတွင်လည်း လင်းဖန်၏ အကြောင်းမှာ ရေပန်းအစားဆုံး ဖြစ်လာခဲ့လေတော့သည်။

............................................

All Chapters